Perfect Love [onging]

By Butterfly_614

10.4K 1.8K 216

"ဘာလို့ချစ်တာလဲဟင်" "မချစ်ရမနေနိုင်လို့ ချစ်တာ" "ဘာလို႔ခ်စ္တာလဲဟင္" "မခ်စ္ရမေနနိုင္လို႔ ခ်စ္တာ" More

Perfect Love-1
Perfect Love-2
Perfect Love-3
Perfect Love-4
Perfect Love-5
Perfect Love-6
Perfect Love-7
Perfect Love-8
Perfect Love-9
Perfect Love-10
Perfect Love-11
Perfect Love-12
Perfect Love-13
Perfect Love-14
Perfect Love-15
Perfect Love-16
Perfect Love-17
Perfect Love-18
Perfect Love-19
Perfect Love-20
Perfect Love-21
Perfect Love-22
Perfect Love-23
Perfect Love-24
Perfect Love-25
Perfect Love-26
Perfect Love-28
Perfect Love-29
Perfect Love-30
Perfect Love-31
Perfect Love-32
Perfect Love-33
Perfect Love-34

Perfect Love-27

270 53 4
By Butterfly_614

(Unicode)

"လီဝူဂျင်း!"

"ဟော နောက်ဆုံးတော့ မင်းကိုယ့်ဆီရောက်လာပြီပေါ့"

ရှီဝမ် အခန်းတံခါးဖွင့်ကာ ဝုန်းဒိုင်းကျဲဝင်သွားပြီး ဆိုဖာခုံပေါ်မှာထိုင်နေတဲ့ ဝူဂျင်း ရဲ့အနားသွားလိုက်သည်။

"ဒါဘာလဲ! မင်း ဒါဘာလုပ်လိုက်တာလဲ!!"

ရှီဝမ် ကဖုန်းကိုထောင်ပြကာ အလောတကြီးမေးနေပေမယ့် ဝူဂျင်း ရဲ့အာရုံတွေကတော့ နံရံဆီကတီဗွီမှာသာရှိနေပြီး ခပ်ပြုံးပြုံးနှင့်ပင်။

"ငါမေးနေတယ်လေ! မင်း ဒါဘာလုပ်လိုက်တာလဲလို့! ရူးနေတာလား ဟမ်! မင်း ရူးသွားပြီလား!"

".............."

"လီဝူဂျင်း! ငါမေးတာကို မင်းဖြေစမ်း!"

ဒုန်း!

ဝူဂျင်း ရဲ့လက်ထဲကရီမုကို ရှီဝမ် ဆွဲယူကာလွှင့်ပစ်လိုက်တော့ ဝူဂျင်း ရဲ့အာရုံက သူ့ဆီအပြည့်အဝရောက်လာသည်။

"ဟာကွာ၊ ဘာလို့ နာမည်အပြည့်အစုံခေါ်နေတာလဲ အချစ်ရဲ့၊ ဖြည်းဖြည်းပြောလည်းရပါတယ်"

"အခုကိစ္စက ဖြည်းဖြည်းပြောရမှာလား! ဒါက ဖြည်းဖြည်းပြောရမှာလား! ဟမ်!"

"အာ..."

ရှီဝမ် က ဝူဂျင်း ရဲ့လည်ပင်းမှ အင်္ကျီစကိုဆွဲပြီး ထိုင်နေရာမှထစေလိုက်သည်။ထိုအခါ ဝူဂျင်း ကမထချင်ထချင်ဖြင့်ထပြီး ရှီဝမ့် အားငုံကြည့်လိုက်သည်။

"မင်းရူးနေလား! ဘာကိစ္စ ဒီလိုတွေ..ဒီလိုတွေ လျှောက်တင်ရတာလဲ၊ ငါအခုဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲလို့!"

ဝူဂျင်း ရဲ့ကိုယ်လုံးကိုဆွဲကိုင်လှုပ်ရမ်းရင်း ရှီဝမ် ဟာဆောက်တည်ရာမရတဲ့ပုံစံဖြစ်နေသည်။

"ဟက်! မင်းက သူ့ကိုအဲ့လောက်တောင်ဖြစ်နေတယ်ပေါ့၊ အခုလို သူထိခိုက်ရတော့ ဆောက်တည်ရာတွေမရတော့ဘူးပေါ့ ဟက်ဟက်!"

"ဘာ..."

"အခု မင်းက အဲ့လူကို ငါ့ရှေ့မှာစောက်ရမ်းတွေလာချစ်ပြနေတာလား၊ အဲ့လူကိုလေ! အဲ့ဒီ အိမ်ထောင်သည်ယောက်ျားတစ်ယောက်ကိုလေ!"

ခွပ်!

"မင်း တော်လိုက်စမ်း!"

ရှီဝမ် ကလူကောင်သေးပေမယ့် လက်သီးအားကတော့ပြင်းတာမို့ ဝူဂျင်း ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။

ဝူဂျင်း ကလဲကျနေရင်းနဲ့ပဲ နှုတ်ခမ်းထောင့်က သွေးအားလက်မဖြင့်ဖိသုတ်ပြီး အသံထွက်ရယ်လိုက်ပါသည်။

"ဟက်! မင်းက အိမ်ထောင်သည်ယောက်ျားတစ်ယောက်အတွက်နဲ့..."

"တော်..တော်ပါတော့ကွာ၊ မင်း တော်လိုက်ပါတော့!"

ရှီဝမ် ကြမ်းပြင်ပေါ်ဒူးထောက်ချပြီး နားနှစ်ဖက်အားစုံပိတ်ထားလိုက်သည်။သူ့မျက်လုံးထဲမှာ မျက်ရည်စတွေဝေ့သီနေပေမယ့်လည်း သူအော်ဟစ်ငိုဖို့တောင် မတတ်နိုင်တော့လောက်အောင် အဘက်ဘက်မှခံစားချက်တွေပြည့်သိပ်နေရသည်။

"ရှီဝမ်..."

"မင်းကွာ..ဝူဂျင်း ရာ...မင်းလုပ်နိုင်လိုက်တာကွာ...ငါ့အပေါ်ကို မင်း....မင်းလုပ်ရက်လိုက်တာ..ကွာ.."

"ရှီ..ရှီဝမ်.."

ဝူဂျင်း မျက်စိပျက်မျက်နှာပျက်ဖြင့် လဲကျနေရာမှကုန်းထလာပြီး ယူကြုံးမရသလိုပုံစံဖြင့် ခေါင်းငိုက်စိုက်ကျစွာထိုင်နေတဲ့ ရှီဝမ့် အားမထိရက်မကိုင်ရက်သလိုဖြစ်နေသည်။

"ရှီဝမ်...ကိုယ်..."

"ငါကလေ မင်းကိုပြောင်းလဲလာစေချင်တာ၊ လိမ္မာလာစေချင်တာ၊ လူသားဆန်လာစေချင်တာ၊ မင်းသိရဲ့လား!"

"..............."

"မင်းကလေ ငါ့ကိုချစ်တယ်ပြောတယ်၊ စိတ်ကစားတာပါဆိုပြီးတော့လည်း တခြားလူတွေနဲ့ဖောက်ပြန်တယ်၊ မင်းက ငါ့ကိုလွယ်လွယ်သဘောထားပြီး တခြားလူတွေနဲ့ဖောက်ပြန်တိုင်း ငါ့မှာတော့...ငါ့မှာတော့လေ ငါ့ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်းကိုခံစားရတာကွ! မင်းသိရဲ့လား! မင်းကြောင့် ငါခဏခဏရင်နာနေရတာကို!"

ရှီဝမ် ပြောပြောဆိုဆိုဖြင့် ဝူဂျင်း ရဲ့ရင်ဘက်အား အားပါပါထုရိုက်ပစ်လိုက်သည်။

"ငါကမင်းကိုပြောင်းလဲစေချင်လို့၊ ငါမရှိတော့ရင် နောင်တရပြီးတော့ပဲဖြစ်ဖြစ် မင်းပြောင်းလဲလာမလားလို့၊ ငါ့မှာတော့ မျှော်လင့်လိုက်ရတာ၊ မင်းကတော့ အရင်အတိုင်းပဲ! အရင်အတိုင်း အတ္တကြီးတဲ့ကောင်! ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့ကောင်!"

"ရှီဝမ်!"

ရင်ဘက်ကို ထုရိုက်နေတဲ့ ရှီဝမ့် ရဲ့လက်သီးဆုပ်နှစ်ဖက်အား ဝူဂျင်း ဆုပ်ကိုင်ထားပြီး အကြည့်ချင်းဆုံစေလိုက်သည်။

"ဟုတ်တယ် ငါကအဲ့လိုကောင်၊ မင်းမချစ်တော့တဲ့ငါက အဲ့လိုကောင်ပဲ! မင်းရဲ့အချစ်ကို တခြားလူကရသွားတာကို ငါကဒီတိုင်း လက်ပိုက်ထိုင်ကြည့်နေရမှာလား၊ မင်းကိုငါပိုင်တယ်လေ၊ အစကနေအဆုံးထိ မင်းကိုငါပိုင်တယ်! မင်းအနားမှာ ငါကလွဲလို့ဘယ်သူမှမရှိရဘူး!"

"အားး!"

ရှီဝမ် အသံကုန်အော်ဟစ်ကာ ဝူဂျင်း ရဲ့လက်တွေထဲကနေရုန်းထွက်ပစ်လိုက်ပြီး မတ်တပ်ရပ်လိုက်ပါသည်။

"ရှီဝမ်"

"ငါ့ကိုမထိနဲ့အတ္တသမားရဲ့! ငါ့ကိုချစ်တယ်လို့အသံကောင်းဟစ်မနေပါနဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ကောင်ရဲ့! မင်းငါ့ကိုချစ်ရင် ဒီလိုမလုပ်ဘူး၊ မင်းသာ ငါ့ကိုတကယ်ချစ်ရင် ဒီလိုမျိုး ငါ့သိက္ခာကို..."

"မဟုတ်ဘူး၊ ငါက ငါမဟုတ်ဘဲ မင်းချစ်တဲ့လူကိုပဲ..."

"တော်ပါတော့!!"

မော့ကြည့်နေတဲ့ ဝူဂျင်း ကို ရှီဝမ် လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး

"ငါ မင်းကိုချစ်တာ! လီဝူဂျင်း ဆိုတဲ့မင်းကိုပဲ ချစ်ခဲ့တာ! မင်းရဲ့အကျင့်တွေကိုမကြိုက်လို့ ပြင်စေချင်လို့ မင်းရဲ့အကျင့်နဲ့ရေရှည်ဆက်သွားလို့မရမှန်းသိလို့ မင်းနဲ့ ခဏတာခပ်ခွါခွါနေဖို့ ငါဆုံးဖြတ်ခဲ့တာ! ဒီအတောအတွင်း ငါ့ကိုချစ်လွန်းလို့ မင်းနောင်တရပြီးတော့ပဲဖြစ်ဖြစ် မင်းရဲ့အကျင့်လေးတွေပြင်ပါစေလို့ ဘယ်လောက်တောင်ဆုတောင်းခဲ့ရလဲ၊ မင်း ဆေးရုံကိုမလာတဲ့နေ့တွေဆို ဘယ်လောက်တောင်မျှော်လိုက်ရလဲ၊ ငါအဲ့လိုတွေ တစ်ယောက်တည်းဖြစ်ပျက်နေတဲ့အချိန်မှာ မင်းကတော့ မြေခွေးလိုအကြံကိုကြံနေတာပဲ!"

"မင်း...မင်းသူ့ကို ချစ်တယ်လို့ပြောခဲ့တာ..."

"မင်းအထိနာအောင် ငါတခြားလူကိုဆွဲထည့်ခဲ့တာ၊ မင်းသိလား အဲ့ဒီတုန်းက ငါဆွဲထည့်ခဲ့တဲ့လူက ဒေါက်တာ Park မဟုတ်ဘူး၊ မင်းကလွဲပြီး ငါဘယ်သူ့ကိုမှလည်းပြောင်းမချစ်ဖူးဘူး!"

"ဘ...ဘာ.."

ဝူဂျင်း ထိုင်နေရာမှထလာတဲ့အခါ ရှီဝမ့် ရဲ့ခြေလှမ်းတွေနောက်ဆုတ်သွားသည်။

"မင်းလည်းငါ့လို နည်းနည်းလောက်ဖြစ်ဖြစ် ခံစားရပါစေဆိုတဲ့စိတ်တဲ့ ကိုယ်ချင်းစာတတ်အောင် တခြားလူကိုချစ်ဟန်ဆောင်ခဲ့တာ၊ အဲ့ဒီနေ့တုန်းက ငါဟန်ဆောင်ဖို့ဆွဲထည့်ခဲ့တဲ့လူက ဒေါက်တာ Park မဟုတ်ဘူး၊ လူပျို လူလွတ် နောက်ပြီး မင်းပြဿနာမရှာနိုင်လောက်မယ့် ဆရာဝန်တစ်ယောက်ကို ငါလက်ညှိုးထိုးပြခဲ့တာ၊ ဒါကို မင်းက..."

"အဲ့ဒီနေ့က အဲ့နေရာမှာ ဒေါက်တာ Park Chanyeol ကိုငါမြင်ခဲ့တာ!"

ရှီဝမ် ပါးပေါ်ကမျက်ရည်တွေကိုပွတ်ဆွဲသုတ်လိုက်ပြီး ဝူဂျင်း ကိုမျက်နှာလွှဲထားလိုက်သည်။

"အဲ့တော့ ငါချစ်တယ်လို့ပြောတဲ့ တခြားလူအပေါ် မင်းက အောက်တန်းကျကျတုံ့ပြန်တယ်ပေါ့"

".............."

"ငါ့သိက္ခာကိုယ်လည်းမငဲ့ တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာကိုလည်းထည့်မတွက်ဘဲ မင်းစိတ်ကျေနပ်ဖို့ကိုပဲလုပ်တယ်ပေါ့"

"..............."

"ဟားး ငါ ဘယ်လိုလူမျိုးကို ချစ်ခဲ့မိတာလဲ"

"ရှီ..ရှီဝမ်.."

ချက်ချင်းဆိုသလို ဝူဂျင်း ကအနားရောက်လာတော့ ရှီဝမ် တစ်ဖက်ကိုလှည့်ရှောင်လိုက်ပြီး ကြမ်းပြင်ပေါ်က သူ့ရဲ့ဖုန်းအားကောက်ယူလိုက်သည်။

"ဘာတဲ့ "ကျွန်တော့်ချစ်သူကိုမြူဆွယ်နေတဲ့ ဂုဏ်သရေရှိပါရဂူကြီး" ဟက်! မင်းသိလား မင်းအခုတင်ထားတဲ့ပုံကလေ အဲ့ဒီနေ့တုန်းက အဲ့အခန်းထဲမှာ တခြား nurse တွေလည်းရှိတယ်၊ ငါဆေးကုပေးနေတဲ့ နှလုံးရောဂါသည်ကိုယ်ဝန်ဆောင်အစ်မက ကလေးမွေးပြီးပြီးချင်းဆုံးသွားလို့ ငါဝမ်းနည်းနေတုန်း ဒေါက်တာ Park ကငါ့ပုခုံးတစ်ဖက်ကို အားပေးသလိုပုတ်ပေးခဲ့ရုံလေးပဲ"

"..............."

"မင်း...မင်းသိနေရက်နဲ့ကွာ"

ဘာမှပြန်မဖြေတဲ့ ဝူဂျင်း ကြောင့် ရှီဝမ် လက်သီးကိုတင်းတင်းဆုပ်ထားမိတော့သည်။

"ငါလေ မင်းဘာလုပ်လုပ် မင်းကိုချစ်တဲ့စိတ်နဲ့ အကြိမ်ကြိမ်ခွင့်လွှတ်ခဲ့တယ်၊ စုံလုံးကန်းပြီးတော့ကို ခွင့်လွှတ်ခဲ့တယ်၊ အခုမှ ငါသေချာသဘောပေါက်လိုက်တာက မင်းက ခွင့်လွှတ်မှုတွေနဲ့မတန်ဘူးပဲ ဟက်!"

"မ..မဟုတ်..."

"ငါအသိတော့ နောက်မကျသေးဘူးမလား"

"ရှီဝမ်.."

"ဒီတစ်ခေါက် ကိစ္စမှာ မင်းက ငါ့အပြင် လူတကာလေးစားအားကျရတဲ့ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုပါ ထိပါးလိုက်တယ်၊ အဲ့ဒီလူက ဒီလို အပြောအဆိုတွေခံရမယ့်လူမဟုတ်ဘူး! မင်းကြောင့်နဲ့...မင်းရဲ့အတ္တကြီးတဲ့လုပ်ရပ်ကြောင့်နဲ့၊ တောက်!"

"................"

"မင်းနဲ့ငါနဲ့ တကယ်ပြီးပြီ ဝူဂျင်း"

"ရှီဝမ်!"

ရှီဝမ် အိမ်အပေါက်ဝဆီကိုခြေလှမ်းတွေဦးတည်လိုက်တော့ ဝူဂျင်း ကအနောက်ကနေအတင်းလိုက်ဆွဲသည်။

"ရှီဝမ်! ကိုယ်...ကိုယ်..."

"မင်းနဲ့ပတ်သတ်ပြီးငါ့မှာ မျှော်လင့်ချက်မရှိတော့ဘူး၊ ငါ့ကိုလွှတ်!"

"မ..မသွားပါနဲ့...!"

ဝူဂျင်း ကအနောက်ကနေအတင်းဖမ်းချုပ်ထားတော့ ရှီဝမ် အားကုန်သုံးပြီးရုန်းသည်။

"ငါ့ကိုလွှတ် ဝူဂျင်း၊ ငါတကယ် မင်းနဲ့မပတ်သတ်ချင်တော့ဘူး၊ မင်းရဲ့အတ္တတွေ အကျင့်ဆိုးတွေကို တော်တော်ကြောက်လန့်သွားပါပြီ၊ မင်းကိုစောက်ရမ်းချစ်တဲ့ငါ့ကိုတောင် အခုလိုမျိုး စိတ်ပျက်သွားအောင်လုပ်နိုင်တဲ့ မင်းရဲ့အတ္တကြီးတဲ့အကျင့်တွေ! ငါတကယ်စိတ်ကုန်သွားပြီ၊ မင်းအပေါ်ငါ့စိတ်တွေပြတ်နိုင်သွားပြီကွာ!"

ရှီဝမ် ရဲ့စကားတွေဟာပြတ်သားလွန်းနေတော့ ဝူဂျင်း တုန်လှုပ်ခြောက်ချားသွားရသည်မှာ အကြီးအကျယ်။ရှီဝမ် မရှိဘဲ သူနေနိုင်ဖို့ဆိုတာ သေမှဖြစ်လိမ့်မည်။

"ကိုယ် မှားသွားပါတယ်!"

"လီဝူဂျင်း!"

"မှားသွားပါတယ်! ကိုယ် မှားသွားပါတယ်!"

ကြမ်းပြင်မှာဒူးထောက်ချပြီး ဝူဂျင်း က ရှီဝမ် ရဲ့ခါးသိမ်သိမ်ကိုတင်းတင်းဖက်ထားသည်။ဆောက်တည်ရာမရစွာ တသွင်သွင်စီးကျနေတဲ့ ဝူဂျင်း ရဲ့မျက်ရည်တွေကြောင့် ရှီဝမ် ရဲ့ခါးနားကအင်္ကျီစဟာလည်းရွှဲရွှဲစိုနေလေပြီ။

"တောင်းပန်ပါတယ်ကွာ...အားး ကိုယ်မှားသွားပါတယ်! ကိုယ့်ကိုမထားခဲ့ပါနဲ့!"

"ငါ့ကို..လွှတ်.."

"ဟင့်အင်း! မထားခဲ့ပါနဲ့! နောက်မလုပ်တော့ပါဘူးကွာ၊ နောက်ဆို အတ္တမကြီးတော့ပါဘူး! မင်းမကြိုက်တာမှန်သမျှဘာမှမလုပ်တော့ပါဘူး! ကိုယ်..ကိုယ် စိတ်မကစားတော့ပါဘူး! အားး အပျော်လည်းမရှာတော့ပါဘူး! ကတိ! ကတိပေးတယ်! ကိုယ်ကတိပေးပါတယ် ရှီဝမ် အချစ်ရာ..."

ဝူဂျင်း ကရှိုက်သံတွေကြောင့် စကားမပြောနိုင်တဲ့အခါ နာနာကျင်ကျင်အော်ဟစ်သည်။ထိုအော်သံတွေကြောင့် ရှီဝမ့် ရဲ့ခြေထောက်တွေလည်းခွေယိုင်လုမတက်ပင်။သို့ပေမယ့် ရှီဝမ် စိတ်တင်းထားသည်။အလိုချင်ဆုံးကတိစကားတစ်ခွန်းဟာ လုံးဝလက်လျော့လိုက်တဲ့အချိန်မှရလာခဲ့တာ။

"ကိုယ်ကတိပေးပါတယ်..ကွာ...နောက်မလုပ်တော့ပါဘူး၊ မထားခဲ့ပါနဲ့..ကိုယ် မင်းမရှိဘဲမနေနိုင်လို့ပါ အချစ်ရယ်..."

"မင်းလုပ်လိုက်တဲ့ပြဿနာကအကြီးကြီးပဲ! အင့်!"

ရှီဝမ် ဘယ်လိုရုန်းရုန်း ဝူဂျင်း ကတင်းတင်းကြပ်ကြပ်ဖက်ထားစဲ။

"ပြန်ဖြေရှင်းပေးမယ်! ကိုယ်ပြန်ဖြေရှင်းပေးမှာမို့ မထားခဲ့ပါနဲ့၊ အကုန်လုံးကိုတောင်းပန်မယ်လေ၊ အကုန်လုံးကိုတောင်းပန်ပါ့မယ်ကွာ..."

"..............."

ရှီဝမ် ငြိမ်သက်သွားတဲ့အခါ ဝူဂျင်း ကရှုံးပွဲချအော်ငိုပါတော့သည်။

.................................................................................

LOEY hospital ၏ဥက္ကဌရုံးခန်းထဲ၌ Park မိသားစုလူစုံနေကြသည်။

"အခုဖြစ်တဲ့ကိစ္စက တမင်သက်သက်လုပ်ကြံတယ်ဆိုတာသိသာနေတာပဲ"

"အမေကတော့ အမေ့သားကိုယုံတယ်၊ သားက ဒီလိုကိစ္စမျိုးကို စိတ်ကူးထဲတောင်ထည့်မှာမဟုတ်ဘူး"

"အခု သတင်းကမီးခိုးကြွက်လျှောက်ဖြစ်နေတော့ သတင်းစတင်တဲ့လူမှမဟုတ်ရင် တခြားလူဖြေရှင်းလည်းအပိုဖြစ်နေမှာ၊ သတင်းရေးတဲ့လူက ရှီဝမ် ဆိုတဲ့လူငယ်နဲ့ပတ်သတ်နေတာမို့ သူကနေတစ်ဆင့်ဆက်သွယ်ရမှာပဲ"

Chanyeol ခေါင်းတညိမ့်ညိမ့်လုပ်ပြီး မိသားစုကိုကြည့်လိုက်သည်။

"ကျွန်တော့်ကြောင့်ဖြစ်တာဆိုတော့ ကျွန်တော်အကုန်လုံးကို တာဝန်ယူပြီးဖြေရှင်းပေးပါ့မယ်၊ အဖေတို့ အမေတို့စိတ်မပူပါနဲ့"

"အို သားရယ်၊ တကယ်မဟုတ်တဲ့ကိစ္စတစ်ခုအတွက် အမေတို့စိတ်မပူပါဘူး၊ သားသာစိတ်အေးအေးနဲ့ဖြေရှင်း၊ ဟုတ်ပြီလား"

"ကျွန်တော့်ဆီဦးတည်လာတဲ့ ပြဿနာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်အများကြီး စိတ်အေးပါတယ် အမေ"

"သတင်းတွေကပျံ့နေတာဆိုတော့ Hyuneeလေးမတွေ့လောက်ပါဘူးနော်"

အစ်မရဲ့စကားကြောင့် Chanyeol ခဏတာငြိမ်သက်သွားမိသည်။

"Baekhyunee ကဖုန်းဝယ်ပေးထားပေမယ့်လည်း သိပ်မသုံးဘူး၊ TVပဲကြည့်နေတာ၊ သိလောက်စရာအကြောင်းကနည်းပါတယ်၊ အမှန်မဟုတ်ပေမယ့်လည်း ဒီလုပ်ကြံသတင်းကို Baekhyunee ကိုတော့မသိစေချင်ဘူး"

ခဏတာလေးတောင် ကောင်လေးစိတ်မကောင်းဖြစ်သွားမှာကို Chanyeol မလိုချင်ပါ။ထို့အတွက်တော့ အခုကိစ္စကို အစအနလေးတောင်မကျန်အောင်အမြန်ရှင်းပစ်ရမည်။

"ကျွန်တော် အခုပဲစလုပ်လိုက်ပါ့မယ်၊ ခွင့်ပြုပါဦး"

"အင်း ကောင်းကောင်းလုပ်"

Chanyeol ရုံးခန်းထဲကနေပြန်ထွက်လာခဲ့ပြီး နှလုံးအထူးကုဌာနဆီကိုဦးတည်လိုက်ပါသည်။

:

နှလုံးအထူးကုဌာနသွားရာ လျှောက်လမ်းမှာတင် ရှီဝမ် နှင့်အတူ ဘေးနားမှာတောင့်တောင့်ကြီးရပ်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

Chanyeol ကိုတွေ့တာနဲ့ ထိုနှစ်ယောက်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

"ဒေါက်..ဒေါက်တာ Park"

"အင်း ရှီဝမ်"

ထိုနှစ်ယောက်အနားမှာ Chanyeol ဖြည်းဖြည်းမှန်မှန်ပဲသွားရပ်လိုက်သည်။လျှောက်လမ်းက လူသွားလူလာနည်းတာမို့ Chanyeol တို့သုံးယောက်သာ မျက်နှာချင်းဆိုင်ရှိနေကြပါသည်။

"ဒီဘက်က ဝူဂျင်း ပါ၊ ဟို...အခုဖြစ်နေတဲ့ပြဿနာရဲ့အရင်းအမြစ်ပါ"

ရှီဝမ် ပြောပြီးပြီးချင်း ခေါင်းငုံ့ချထားမိသည်။တခြားလူတစ်ယောက်က ဝူဂျင်း ကိုပြောလာမယ့်စကားတွေအား စိတ်ဒုန်းဒုန်းချပြီးနားထောင်ရဦးမှာပင်။ကိုယ့်လူက အမှားကြီးမှားထားတာမလား။

"ကိုယ်တို့တစ်ခါထက်မကတွေ့ဖူးကြပါတယ်"

"................"

"ဟုတ်တယ်မလား ဝူဂျင်း"

ဝူဂျင်း ကို ရှီဝမ် ကြည့်လိုက်တော့ ဝူဂျင်း ကဒေါက်တာ Park ကိုသာကြည့်နေပြီး ခေါင်းကိုဖြည်းညှင်းစွာညိမ့်ပြသည်။

"ပြောလိုက်လေ ဝူဂျင်း"

ရှီဝမ် တံတောင်ဖြင့်ထိပြီးသတိပေးလိုက်တော့ ဝူဂျင်း ကသက်ပြင်းအရင်ချလိုက်ပြီးမှ

"တောင်း..တောင်းပန်ပါတယ် ဒေါက်တာ Park၊ ကျွန်တော် မဆင်ခြင်ဘဲ အမှားလုပ်လိုက်မိပါတယ်၊ ကျွန်တော် ပြန်ဖြေရှင်းပြီးသွားပါပြီ၊ အကုန်လုံးက ကျွန်တော့်ရဲ့အတ္တအမှားတွေချည်းပဲ၊ ဒေါက်တာ Park ကိုအနူးအညွှတ်တောင်းပန်ပါတယ်"

ဝူဂျင်း ကဖုန်းကိုထောင်ပြပြီးလေးလေးနက်နက်ပြောလိုက်သည်။

ထို့နောက် ဝူဂျင်း ရော ရှီဝမ် ရော Chanyeol ပြောလာမယ့်စကားတွေကို အသင့်အနေအထားဖြင့် စောင့်နေကြပါသည်။

Chanyeol ထိုလူငယ်နှစ်ယောက်ကို သေချာကြည့်လိုက်သည်။အမှားကိုသိပြီး ပြန်ပြင်ဆင်တဲ့လူတစ်ယောက်အတွက် နောက်ထပ်အခွင့်အရေးဆိုတာရှိသင့်သည်။

"အင်း၊ ချစ်သူရည်းစားတွေကြားထဲမှာ အမျိုးမျိုးသောပြဿနာတွေဆိုတာဖြစ်တတ်ပါတယ်၊ အခုကိစ္စကိုသင်ခန်းစာယူပြီး နောက်ဆို ဆင်ခြင်ပေါ့"

"ဟုတ်..ဟုတ်ကဲ့ပါ! ဒေါက်တာ Park၊ ကျွန်တော်တို့ဆင်ခြင်မယ်လို့ကတိပေးပါတယ်ဗျ၊ ဝူဂျင်း မင်းလည်းပေးလိုက်လေ!"

"အာ..ဟုတ်ကဲ့၊ ကတိပေးပါတယ်"

ရှီဝမ် ကပြာပြာသလဲဖြင့် အကြိမ်ကြိမ်ဦးညွှတ်တော့ ဝူဂျင်း ကလည်းထိုပုံစံအတိုင်းလိုက်လုပ်သည်။Chanyeol ထိုလူငယ်နှစ်ယောက်ကိုကြည့်ပြီး အသာပြုံးလိုက်မိသည်။ကိစ္စကအခုလိုအမြန်ပြီးသွားတော့ အများကြီးအဆင်ပြေပါသည်။

Ring Ring Ring

ထိုအချိန် Chanyeol ရဲ့ဖုန်းမည်သံထွက်လာသည်။နံပါတ်ကိုကြည့်လိုက်တော့ အိမ်ဖုန်းကဆက်နေတာပင်။Chanyeol ဖုန်းကိုအမြန်လက်ခံလိုက်သည်။

"ဟဲလို"

"Chanyeollie!"

တစ်ဖက်က ဒေါ်လေးမီရဲ့အသံဟာ ပြာပြာသလဲ။

"ပြောပါ ဒေါ်လေးမီ"

"..................."

ဒေါ်လေးမီဆီက စကားတွေကိုကြားပြီးတဲ့အခါမှာတော့ Chanyeol ရဲ့မျက်ခုံးတွေတွန့်ချိုးသွားပြီး နက်မှောင်တဲ့မျက်ဝန်းတစ်စုံဟာ ဝူဂျင်း အားစူးရဲစွာစိုက်ကြည့်လိုက်ပါတော့သည်။

.................................................................................

"Chanyeollie!"

Chanyeol ရောက်တာနဲ့ ဒေါ်လေးမီက ပြာပြာသလဲထွက်ခေါ်သည်။

"ကောင်လေး ဘယ်မှာလဲ! ဒေါ်လေးမီ"

"အပေါ်ထပ်တက်သွားတယ်ကွဲ့"

"ကျွန်တော် ကောင်လေးဆီသွားမယ်"

"Chanyeollie! Hyuneeလေးက အပေါ်တက်သွားတာသိပ်မကြာသေးဘူး၊ ဘာကိစ္စတွေရှိလို့လဲမသိပေမယ့် သေချာလေးမေးပြီးဖြေရှင်းပေးပါဦးကွယ်၊ ကလေးက အရမ်းငိုနေတာကွဲ့၊ စာသင်ပေးမယ့်ဆရာလည်းပြန်သွားပြီရယ်"

"ကျွန်တော်သိပြီ"

Chanyeol အပေါ်ထပ်တက်သွားတော့ ဒေါ်လေးမီကရင်တမမဖြင့် အောက်ထပ်မှာကျန်ခဲ့ပါသည်။

:

ဒေါက်! ဒေါက်!

"ကောင်လေး"

"................"

"ကိုယ်ပါ၊ ဝင်ခဲ့မယ်နော်"

အသိပေးပြီးတော့မှ Chanyeol အခန်းထဲဝင်သွားလိုက်တော့ နံရံကပ်ဗီဒိုရှေ့မှာ မတ်တပ်ရပ်နေတဲ့ကောင်လေးကိုတွေ့လိုက်ရသည်။

"ကောင်လေး"

Chanyeol ရဲ့ခေါ်သံကြားတော့ ဆတ်ခနဲလှည့်ကြည့်လာပြီးမှ ခေါင်းလေးကိုပြန်လှည့်သွားပါသည်။ခဏတာလေးဆိုပေမယ့်လည်း တွေ့လိုက်ရတဲ့မျက်နှာနုနုမှာ မျက်ရည်စတွေနှင့်။

လက်ထဲကအိတ်ကိုချပြီး ကောင်လေးရဲ့အနားကို Chanyeol အလျင်စလိုသွားကာ ခန္ဓာကိုယ်လေးအား ပုခုံးကနေဆွဲကိုင်လှည့်လိုက်တော့ ခေါင်းလေးငုံ့ပြီးပါလာသည်။မျက်နှာနုနုကို မမြင်မြင်ရအောင် Chanyeol ငုံ့ကြည့်လိုက်ပြီး

"ဖုန်းကြည့်နေရင်းငိုတယ်ဆို၊ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော၊ ဖုန်းထဲမှာ ဘာတွေ့လို့လဲ"

"အင့်!"

Chanyeol မေးလိုက်တော့ ကောင်လေးကရှိုက်သံလေးထွက်ပြီး ခေါင်းလေးခါပြသည်။ထိုရှိုက်သံက Chanyeol အတွက်တော့မီးစပင်။

"ကိုယ့်ကိုအမှန်တိုင်းပြောပါ၊ မဖုံးကွယ်နဲ့၊ အဲ့ဒါမှ ဖြေရှင်းစရာရှိရင်ဖြေရှင်းလို့ရမှာပေါ့၊ ပြဿနာတစ်ခုဆိုတာ ရင်ဆိုင်ပြီးဖြေရှင်းမှ အဆင်ပြေမယ်ဆိုတာကို ကောင်လေးလည်းသိတယ်မလား"

"..............."

မျက်နှာလေးကို ပါးနှစ်ဖက်ကနေအုပ်မိုးကိုင်ကာ ပင့်မော့ပြီးအကြည့်ချင်းဆုံစေလိုက်တော့ မျက်ရည်လည်ရွှဲဖြစ်နေတဲ့ ကောင်လေးက Chanyeol ကိုဝမ်းနည်းတကြီးကြည့်နေသည်။မျက်တောင်တစ်ချက်ခတ်လိုက်ရင်တောင် ပျောက်ကွယ်သွားမှာစိုးနေသည့်အလား။

ပါးပြင်နုနုပေါ်ကမျက်ရည်စတွေကို Chanyeol တယုတယသုတ်ပေးလိုက်ပြီး

"အင်း၊ ကိုယ့်ကိုပြောနော်၊ တစ်ခုခုဆို ကောင်လေးက ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောလိမ့်မယ်လို့ကိုယ်ယုံတယ်"

"ဟင့်!"

"ကောင်လေးလည်း ကိုယ့်ကိုယုံတယ်ဆိုရင် အခု ဘာတွေဖြစ်နေလည်း သေချာပြောပြပါနော်"

"ကျွန်...ကျွန်တော်.."

"ခဏလေး၊ ကိုယ်ချီမယ်နော်"

"အင့်!"

ကောင်လေးကို အသာပွေ့ချီပြီး Chanyeol ဆိုဖာခုံမှာထိုင်ချလိုက်ပြီးနောက် ကောင်လေးကိုတော့ ပေါင်ပေါ်မှာဘေးတစောင်းထိုင်စေကာ ခါးလေးကနေထိန်းဖက်ထားလိုက်သည်။

"ရပြီ၊ ပြောလို့ရပြီဗျာ"

"ဦး...ကျွန်..ကျွန်တော်လေ..."

"အွန်း.."

ကောင်လေးက Chanyeol ကိုမကြည့်ဘဲ ခေါင်းလေးသာငုံ့ထားပြီး လက်ချောင်းသွယ်သွယ်လေးတွေကိုအချင်းအချင်းဆုပ်နယ်နေသည်။

"ကျွန်တော်...သတင်းတစ်ခုတွေ့လိုက်တယ်၊ ဦးက...ဦးက ကောင်လေးတစ်ယောက်ကို ဂရုစိုက်ပေးတယ်၊ ကြင်ကြင်နာနာလည်းဆက်ဆံတယ်၊ အဲ့ဒါ...ကျွန်တော်..."

ရှိုက်လာပြန်တဲ့ကောင်လေးကြောင့် ခါးသိမ်သိမ်ကို Chanyeol ပိုတိုးလို့ဖက်ထားလိုက်သည်။

"အဲ့ဒီအကြောင်းမဟုတ်ဘဲ၊ ကောင်လေး အခု ဘယ်လိုခံစားနေရလဲဆိုတာ ကိုယ့်ကိုပြောပြ၊ ပွင့်ပွင့်လင်းလင်းပြောပြ၊ အဲ့အကြောင်းကိုတော့ ပြီးမှရှင်းပြမယ်"

"ဟင့်! ကျွန်တော်လေ...ဦးက အဲ့ကောင်လေးကိုချစ်ပြီး ကျွန်တော့်ကိုမချစ်တော့ရင် ကျွန်တော်တို့ကလေးလေးဘယ်လိုလုပ်မလဲလို့ စဉ်းစားမိပြီး စိတ်ပူတယ်၊ နောက်..နောက်ပြီး အရမ်းဝမ်းနည်းလွန်းလို့ ဖွားဖွားတို့ဆီပြန်နေဖို့လည်းစဉ်းစားမိတယ်၊ ကျွန်တော် အ..အရမ်းဝမ်းနည်းတယ်၊ ဦးက..တခြားလူကိုကြင်နာတာ အရမ်းဝမ်းနည်းဖို့ကောင်းတယ်၊ ကျွန်တော် ဦးရဲ့အနားမှာ နေခွင့်မရှိတော့မှာ အရမ်းကြောက်တယ်.."

"ဒါပေမယ့် ဦးကိုယုံတယ်လေ၊ ဦးကိုယုံတော့ ဖြစ်နိုင်လား မဖြစ်နိုင်လား ကျွန်တော်အများကြီးစဉ်းစားဖြစ်တယ်၊ မဖြစ်နိုင်ဘူးလို့ထင်တယ်၊ ဒါပေမယ့်..ဒါပေမယ့် စဉ်းစားရင်း စဉ်းစားရင်းနဲ့ ကျွန်တော့်ခေါင်းတွေရှုပ်ထွေးလာတယ်...ကျွန်တော်...ကျွန်တော် အရမ်းပင်ပန်းတာပဲဗျာ...ဦးပျော်နေတာပဲ ကျွန်တော်ကမြင်ချင်တာ...အဲ့ဒါကြောင့်..အဲ့ဒါကြောင့် ကျွန်တော်က..."

"ကောင်လေးရယ်..."

"အီးးဟီးး ဦးး"

စကားဆုံးတာနဲ့ ကောင်လေးဟာ Chanyeol ရဲ့လည်တိုင်ကိုတင်းတင်းဖက်ပြီး ရှိုက်ကြီးတငင်အော်ငိုပါတော့သည်။ကောင်လေးက သူလေးအတွက်တောင်မဟုတ်ဘဲ ကလေးလေးအတွက် အရင်စဉ်းစားပေးနေတာကိုသိရတော့ Chanyeol ရဲ့ရင်ထဲနင့်နေအောင်ခံစားရသည်။နောက်ပြီး ကောင်လေးက Chanyeol ကိုယုံပေးဖို့လည်းကြိုးစားရှာသေးသည်။သူလေးမြင်တွေ့နေတာတွေကိုတောင် လျစ်လျူရှုပြီးတော့ပေါ့။

ကောင်လေးရဲ့ သူ့အပေါ်အချစ်တွေကိုထင်ထင်ရှားရှားမြင်လိုက်ရတော့ Chanyeol မှာဝမ်းနည်းဝမ်းသာ။သို့သော် ကလေးအဖေလေး အရမ်းဝမ်းနည်းနေတာမြင်ရတဲ့အခါ Chanyeol ကိုယ့်ကိုယ်ကိုယ်ဒေါသထွက်မိလာသည်။ဒီကိစ္စဟာ Chanyeol ရဲ့အမှားမဟုတ်တာသိပေမယ့်လည်း ကိုယ့်ကြောင့် ကောင်လေး ဝမ်းနည်းနေရပြီ။

"အင်း အင်း တိတ်တော့နော်၊ ကောင်လေးက အရမ်းဝမ်းနည်းနေရင် စတော်ချယ်ရီလေးကလည်းစိတ်မကောင်းဖြစ်နေတော့မှာပေါ့ကွာ"

"အီးးဟီးး"

"ကိုယ်လည်းရင်နာရတာမို့ တိတ်တော့နော်၊ ကိုယ်အကုန်ရှင်းပြမှာမို့ မငိုပါနဲ့တော့ကွယ်၊ ကောင်လေးကသာ ကိုယ့်ကိုယုံပေးနော်"

"ဟင့်ဟင့်!"

"ယုံပေးဖို့အများကြီးကြိုးစားပေးတဲ့အတွက်လည်း ကိုယ်က ကျေးဇူးတင်ပါတယ်ဗျာ"

"ဦး....ဟင့်!"

"အင်း၊ ကိုယ်ရှိပါတယ်"

အငိုမတိတ်တဲ့ကောင်လေးကို ဖက်တွယ်ရင်း Chanyeol မိနစ်အတော်ကြာပွေ့ဖက်ချော့မြူလိုက်တော့မှ ကောင်လေးဟာ ရှိုက်သံသဲ့သဲ့လေးတွေသာထွက်တော့ပြီး အငိုတိတ်သွားခဲ့ပါသည်။

"စိတ်ငြိမ်ပြီဆိုရင် ကိုယ်ရှင်းပြတာတွေကို သေချာလေးနားထောင်ပေးနော်၊ နောင်တမရစေရဘူးလို့ အာမခံတယ်"

"ဟုတ်...ကဲ့"

ရင်ခွင်ထဲကကိုယ်လုံးလေးကိုဖက်တွယ်ရင်း မမျှော်လင့်ဘဲဝင်မွှေခဲ့တဲ့ လေပြင်းမုန်တိုင်းငြိမ်သက်ပြီး သာယာတဲ့ရာသီဥတုလေးဖြစ်အောင် Chanyeol ကြိုးပမ်းလိုက်တော့သည်။

:

"ကိုယ့်အတွက် ဒီဘဝမှာတော့ ကောင်လေးတစ်ယောက်တည်းပဲ"

".............."

ခန္ဓာကိုယ်နွေးနွေးလေးဟာ Chanyeol ရဲ့ရင်ခွင်ထဲ ပိုတိုးလို့ဝင်လာခဲ့သည်။

"သတင်းကိုဘယ်လိုလုပ်ပြီးတွေ့တာလဲ၊ ကိုယ့်ကိုပြောပါဦး"

"အ..အမှန်တော့ သတင်းတွေ့တာမဟုတ်ဘူး ဦး"

"ဘယ်လို..."

"သတင်းကိုပို့လာလို့ ကျွန်တော်က ဝင်ကြည့်လိုက်တာဗျ၊ အဲ့...အဲ့မှာလေ သူများတွေက စာတွေအများကြီးရေးထားကြတာ၊ သူတို့က ဦးကိုမုန်းနေတဲ့အတိုင်းပဲ၊ မကောင်းတွေလည်းပြောကြတယ်၊ ကျွန်တော့်စိတ်တွေ အရမ်းပူထူသွားခဲ့တာ.."

ကောင်လေးရဲ့ နှဖူးပြင်ဖွေးဖွေးပေါ်က ဆံနွယ်စတွေကို Chanyeol အသာသပ်တင်ပေးမိသည်။

"အခုတော့ စိတ်အေးရပါပြီ၊ ခုနက ဦးပြတဲ့သတင်းမှာ သူတို့က ဦးကို ပြန်တောင်းပန်ထားကြတာလေ၊ ဦး မထိခိုက်တော့ဘူး"

"ကိုယ့်အတွက်အများကြီးစိတ်ပူပေးလို့ ချစ်တယ် ကောင်လေး"

ရွှတ်!

စတော်ဘယ်ရီခင်းလိုရဲတက်လာတဲ့ပါးပြင်လေးတစ်ဖက်ကို Chanyeol နမ်းရှိုက်လိုက်တော့ ကောင်လေးဟာ သူ့ပါးပြင်လေးသူပွတ်ပြီးပြုံးနေသည်။ကလေးအဖေလေးရဲ့စိတ်လေး ပြန်ကျန်းမာသွားပြီပဲ။

"ဒါနဲ့ သတင်းကို ဘယ်သူကပို့တာလဲ၊ ကောင်လေးရဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကလား"

"............."

"ဟင်...ဘယ်သူပို့တာလဲ"

"ဟို...အစ်ကိုဝူဂျင်းက ပို့..ပို့လိုက်တာပါ"

ရုတ်ချည်းဆိုသလို Chanyeol ရဲ့မျက်ခုံးတွေ တွန့်ချိုးသွားခဲ့သည်။

"ဟုတ်လား၊ ဒါဆို ကိုယ်မသိသေးတာတွေရှိသေးတာပဲ၊ ကိုယ့်ကိုပြောပြပါဦး ကောင်လေးရဲ့"

"အာ...အဲ့ဒါက...."

ကောင်လေးပြောပြတာတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ Chanyeol တစ်စုံတစ်ရာကိုတွေးတောပြီး ခေါင်းတဆတ်ဆတ်ညိမ့်လိုက်ပါတော့သည်။

.................................................................................

"ဟဲလို ရှီဝမ် လား၊ ကိုယ် Park Chanyeol ပါ"

"အာ..ဟုတ်ကဲ့ ဒေါက်တာ Park၊ ဘာကိစ္စများရှိလို့..."

"ကိုယ်မင်းကို အကြံတစ်ခုပေးရမယ်ဆိုရင်တော့ ဝူဂျင်း ကိုအခွင့်အရေးမြန်မြန်ပြန်မပေးသင့်ဘူး၊ စောင့်ကြည့်သင့်တယ်၊ အင်း ကာလတစ်ခုထားပြီးတော့ပဲဖြစ်ဖြစ်၊ သူသာတကယ်ပြောင်းလဲနေပြီဆိုရင် မင်းနဲ့အတူမရှိရရင်တောင် သူအဆင်ပြေနေမှာပါ၊ သူတကယ် အတ္တမကြီးတော့ဘူးဆိုရင်ပေါ့၊ ရေရှည်အတွက် အချိန်ကာလတစ်ခုကိုတော့ရင်းနှီးသင့်တယ်လေ၊ ဟုတ်တယ်မလား၊ ကိုယ်ကအကြံပေးတာပါ"

".............."

တစ်ဖက်ကချသွားတဲ့ဖုန်းကိုကြည့်ပြီး ရှီဝမ် ငြိမ်သက်စွာထိုင်နေမိသည်။

ထိုအချိန်မှာပဲ ရေချိုးခန်းထဲကနေ ဝူဂျင်း ပြန်ထွက်လာသည်။

"ကိုယ်ပြီးပြီ သွားချိုးတော့"

"ငါ...ငါ ပြန်တော့မယ်.."

"ဟင်..."

ရေသုတ်နေတဲ့ ဝူဂျင်း ရဲ့လက်တွေရပ်တန့်သွားပြီး ရှီဝမ့် အနားတိုးလာသည်။

"ဘာဖြစ်လို့လဲ၊ ဘယ်ကိုပြန်မှာလဲ၊ မင်းပဲ ကိုယ်နဲ့အရင်လို အတူတူပြန်နေမယ်ဆို"

"ငါငှါးထားတဲ့အခန်းက နှစ်လလောက်ကျန်သေးတယ်၊ လောလောဆယ်အဲ့မှာနေလိုက်ဦးမယ်၊ ဒီအတောအတွင်း အဲ့မှာနေရင်းမင်းကိုလည်းစောင့်ကြည့်နေမယ်၊ မင်း တကယ်ပြောင်းလဲလားကိုပေါ့"

"ဒါပေမယ့်...."

"မင်းသာ တကယ်ပြောင်းလဲပြီဆို ဘာမှစိတ်ပူစရာမရှိပါဘူး၊ အခုဟာက စောင့်ကြည့်ကာလပေါ့၊ ဒီကာလကို မင်းကျော်ဖြတ်နိုင်ရင် ငါမင်းနဲ့တကယ်ပြန်တွဲမယ်၊ အခုတော့ ပြန်လိုက်ဦးမယ်"

"ရှီဝမ်.."

"မစိုးရိမ်ပါနဲ့ မင်းငါ့ကိုတွေ့ချင်ရင် အချိန်မရွေးလာတွေ့လို့ရတယ်၊ သွားပြီ၊ ကောင်းကောင်းနေ"

"အာ...ရှီဝမ်!"

အိတ်ဆွဲပြီးအခန်းထဲကပြေးထွက်သွားသူကြောင့် ဝူဂျင်း စိတ်ညစ်ညူးစွာနဲ့ပဲ ခုတင်ပေါ်ထိုင်ကျန်နေခဲ့ရပါသည်။

:

"ကောင်းကောင်းအိပ်ပါ စတော်ချယ်ရီလေး မွ!"

ဗိုက်လေးကိုအနမ်းပေးပြီးတော့မှ Chanyeol အိပ်ရာမှာလှဲပြီး တစ်ဦးတည်းသောလေးကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်သည်။

"ကိုယ့်ကလေးအဖေလေးလည်း ကောင်းကောင်းအိပ်ပါ"

"ဟုတ်၊ ဦးရောပဲ ကောင်းကောင်းအိပ်ပါဗျ"

နှဖူးပြင်နွေးနွေးလေးကို အချိန်အတော်ကြာ ဖိကပ်နမ်းရှိုက်တော့ ကောင်လေးကလည်း ပြုံးပြုံးလေးဖြင့်ငြိမ်ခံသည်။ထို့နောက်မှ နှစ်ယောက်သား အနွေးဓာတ်တွေမျှဝေရင်း အိပ်စက်အနားယူရန်ပြင်လိုက်ကြပါတော့သည်။

တိမ်ညိုတွေကင်းစင်သွားတဲ့ ကောင်းကင်ပြင်ဟာ အေးချမ်းသာယာလျှက်ပင်။

.................................................................................

(ဆက်ရန်)
(၇.၁.၂၀၂၄)





(Zawgyi)

"လီဝူဂ်င္း!"

"ေဟာ ေနာက္ဆုံးေတာ့ မင္းကိုယ့္ဆီေရာက္လာၿပီေပါ့"

ရွီဝမ္ အခန္းတံခါးဖြင့္ကာ ဝုန္းဒိုင္းက်ဲဝင္သြားၿပီး ဆိုဖာခုံေပၚမွာထိုင္ေနတဲ့ ဝူဂ်င္း ရဲ့အနားသြားလိုက္သည္။

"ဒါဘာလဲ! မင္း ဒါဘာလုပ္လိုက္တာလဲ!!"

ရွီဝမ္ ကဖုန္းကိုေထာင္ျပကာ အေလာတႀကီးေမးေနေပမယ့္ ဝူဂ်င္း ရဲ့အာ႐ုံေတြကေတာ့ နံရံဆီကတီဗြီမွာသာရွိေနၿပီး ခပ္ျပဳံးျပဳံးႏွင့္ပင္။

"ငါေမးေနတယ္ေလ! မင္း ဒါဘာလုပ္လိုက္တာလဲလို႔! ႐ူးေနတာလား ဟမ္! မင္း ႐ူးသြားၿပီလား!"

".............."

"လီဝူဂ်င္း! ငါေမးတာကို မင္းေျဖစမ္း!"

ဒုန္း!

ဝူဂ်င္း ရဲ့လက္ထဲကရီမုကို ရွီဝမ္ ဆြဲယူကာလႊင့္ပစ္လိုက္ေတာ့ ဝူဂ်င္း ရဲ့အာ႐ုံက သူ႔ဆီအျပည့္အဝေရာက္လာသည္။

"ဟာကြာ၊ ဘာလို႔ နာမည္အျပည့္အစုံေခၚေနတာလဲ အခ်စ္ရဲ့၊ ျဖည္းျဖည္းေျပာလည္းရပါတယ္"

"အခုကိစၥက ျဖည္းျဖည္းေျပာရမွာလား! ဒါက ျဖည္းျဖည္းေျပာရမွာလား! ဟမ္!"

"အာ..."

ရွီဝမ္ က ဝူဂ်င္း ရဲ့လည္ပင္းမွ အကၤ်ီစကိုဆြဲၿပီး ထိုင္ေနရာမွထေစလိုက္သည္။ထိုအခါ ဝူဂ်င္း ကမထခ်င္ထခ်င္ျဖင့္ထၿပီး ရွီဝမ့္ အားငုံၾကည့္လိုက္သည္။

"မင္း႐ူးေနလား! ဘာကိစၥ ဒီလိုေတြ..ဒီလိုေတြ ေလၽွာက္တင္ရတာလဲ၊ ငါအခုဘယ္လိုလုပ္ရမလဲ၊ ဘယ္လိုလုပ္ရမလဲလို႔!"

ဝူဂ်င္း ရဲ့ကိုယ္လုံးကိုဆြဲကိုင္လွုပ္ရမ္းရင္း ရွီဝမ္ ဟာေဆာက္တည္ရာမရတဲ့ပုံစံျဖစ္ေနသည္။

"ဟက္! မင္းက သူ႔ကိုအဲ့ေလာက္ေတာင္ျဖစ္ေနတယ္ေပါ့၊ အခုလို သူထိခိုက္ရေတာ့ ေဆာက္တည္ရာေတြမရေတာ့ဘူးေပါ့ ဟက္ဟက္!"

"ဘာ..."

"အခု မင္းက အဲ့လူကို ငါ့ေရွ႕မွာေစာက္ရမ္းေတြလာခ်စ္ျပေနတာလား၊ အဲ့လူကိုေလ! အဲ့ဒီ အိမ္ေထာင္သည္ေယာက္်ားတစ္ေယာက္ကိုေလ!"

ခြပ္!

"မင္း ေတာ္လိုက္စမ္း!"

ရွီဝမ္ ကလူေကာင္ေသးေပမယ့္ လက္သီးအားကေတာ့ျပင္းတာမို႔ ဝူဂ်င္း ၾကမ္းျပင္ေပၚ ပစ္လဲက်သြားသည္။

ဝူဂ်င္း ကလဲက်ေနရင္းနဲ႔ပဲ ႏွုတ္ခမ္းေထာင့္က ေသြးအားလက္မျဖင့္ဖိသုတ္ၿပီး အသံထြက္ရယ္လိုက္ပါသည္။

"ဟက္! မင္းက အိမ္ေထာင္သည္ေယာက္်ားတစ္ေယာက္အတြက္နဲ႔..."

"ေတာ္..ေတာ္ပါေတာ့ကြာ၊ မင္း ေတာ္လိုက္ပါေတာ့!"

ရွီဝမ္ ၾကမ္းျပင္ေပၚဒူးေထာက္ခ်ၿပီး နားႏွစ္ဖက္အားစုံပိတ္ထားလိုက္သည္။သူ႔မ်က္လုံးထဲမွာ မ်က္ရည္စေတြေဝ့သီေနေပမယ့္လည္း သူေအာ္ဟစ္ငိုဖို႔ေတာင္ မတတ္နိုင္ေတာ့ေလာက္ေအာင္ အဘက္ဘက္မွခံစားခ်က္ေတြျပည့္သိပ္ေနရသည္။

"ရွီဝမ္..."

"မင္းကြာ..ဝူဂ်င္း ရာ...မင္းလုပ္နိုင္လိုက္တာကြာ...ငါ့အေပၚကို မင္း....မင္းလုပ္ရက္လိုက္တာ..ကြာ.."

"ရွီ..ရွီဝမ္.."

ဝူဂ်င္း မ်က္စိပ်က္မ်က္ႏွာပ်က္ျဖင့္ လဲက်ေနရာမွကုန္းထလာၿပီး ယူၾကဳံးမရသလိုပုံစံျဖင့္ ေခါင္းငိုက္စိုက္က်စြာထိုင္ေနတဲ့ ရွီဝမ့္ အားမထိရက္မကိုင္ရက္သလိုျဖစ္ေနသည္။

"ရွီဝမ္...ကိုယ္..."

"ငါကေလ မင္းကိုေျပာင္းလဲလာေစခ်င္တာ၊ လိမၼာလာေစခ်င္တာ၊ လူသားဆန္လာေစခ်င္တာ၊ မင္းသိရဲ့လား!"

"..............."

"မင္းကေလ ငါ့ကိုခ်စ္တယ္ေျပာတယ္၊ စိတ္ကစားတာပါဆိုၿပီးေတာ့လည္း တျခားလူေတြနဲ႔ေဖာက္ျပန္တယ္၊ မင္းက ငါ့ကိုလြယ္လြယ္သေဘာထားၿပီး တျခားလူေတြနဲ႔ေဖာက္ျပန္တိုင္း ငါ့မွာေတာ့...ငါ့မွာေတာ့ေလ ငါ့ရင္ထဲကေန နက္နက္ရွိုင္းရွိုင္းကိုခံစားရတာကြ! မင္းသိရဲ့လား! မင္းေၾကာင့္ ငါခဏခဏရင္နာေနရတာကို!"

ရွီဝမ္ ေျပာေျပာဆိုဆိုျဖင့္ ဝူဂ်င္း ရဲ့ရင္ဘက္အား အားပါပါထုရိုက္ပစ္လိုက္သည္။

"ငါကမင္းကိုေျပာင္းလဲေစခ်င္လို႔၊ ငါမရွိေတာ့ရင္ ေနာင္တရၿပီးေတာ့ပဲျဖစ္ျဖစ္ မင္းေျပာင္းလဲလာမလားလို႔၊ ငါ့မွာေတာ့ ေမၽွာ္လင့္လိုက္ရတာ၊ မင္းကေတာ့ အရင္အတိုင္းပဲ! အရင္အတိုင္း အတၱႀကီးတဲ့ေကာင္! ကိုယ့္အတြက္ပဲကိုယ္ၾကည့္တဲ့ေကာင္!"

"ရွီဝမ္!"

ရင္ဘက္ကို ထုရိုက္ေနတဲ့ ရွီဝမ့္ ရဲ့လက္သီးဆုပ္ႏွစ္ဖက္အား ဝူဂ်င္း ဆုပ္ကိုင္ထားၿပီး အၾကည့္ခ်င္းဆုံေစလိုက္သည္။

"ဟုတ္တယ္ ငါကအဲ့လိုေကာင္၊ မင္းမခ်စ္ေတာ့တဲ့ငါက အဲ့လိုေကာင္ပဲ! မင္းရဲ့အခ်စ္ကို တျခားလူကရသြားတာကို ငါကဒီတိုင္း လက္ပိုက္ထိုင္ၾကည့္ေနရမွာလား၊ မင္းကိုငါပိုင္တယ္ေလ၊ အစကေနအဆုံးထိ မင္းကိုငါပိုင္တယ္! မင္းအနားမွာ ငါကလြဲလို႔ဘယ္သူမွမရွိရဘူး!"

"အားး!"

ရွီဝမ္ အသံကုန္ေအာ္ဟစ္ကာ ဝူဂ်င္း ရဲ့လက္ေတြထဲကေန႐ုန္းထြက္ပစ္လိုက္ၿပီး မတ္တပ္ရပ္လိုက္ပါသည္။

"ရွီဝမ္"

"ငါ့ကိုမထိနဲ႔အတၱသမားရဲ့! ငါ့ကိုခ်စ္တယ္လို႔အသံေကာင္းဟစ္မေနပါနဲ႔ ကိုယ့္ကိုယ္ကိုယ္ခ်စ္တဲ့ေကာင္ရဲ့! မင္းငါ့ကိုခ်စ္ရင္ ဒီလိုမလုပ္ဘူး၊ မင္းသာ ငါ့ကိုတကယ္ခ်စ္ရင္ ဒီလိုမ်ိဳး ငါ့သိကၡာကို..."

"မဟုတ္ဘူး၊ ငါက ငါမဟုတ္ဘဲ မင္းခ်စ္တဲ့လူကိုပဲ..."

"ေတာ္ပါေတာ့!!"

ေမာ့ၾကည့္ေနတဲ့ ဝူဂ်င္း ကို ရွီဝမ္ လက္ညႇိုးေငါက္ေငါက္ထိုးလိုက္ၿပီး

"ငါ မင္းကိုခ်စ္တာ! လီဝူဂ်င္း ဆိုတဲ့မင္းကိုပဲ ခ်စ္ခဲ့တာ! မင္းရဲ့အက်င့္ေတြကိုမႀကိဳက္လို႔ ျပင္ေစခ်င္လို႔ မင္းရဲ့အက်င့္နဲ႔ေရရွည္ဆက္သြားလို႔မရမွန္းသိလို႔ မင္းနဲ႔ ခဏတာခပ္ခြါခြါေနဖို႔ ငါဆုံးျဖတ္ခဲ့တာ! ဒီအေတာအတြင္း ငါ့ကိုခ်စ္လြန္းလို႔ မင္းေနာင္တရၿပီးေတာ့ပဲျဖစ္ျဖစ္ မင္းရဲ့အက်င့္ေလးေတြျပင္ပါေစလို႔ ဘယ္ေလာက္ေတာင္ဆုေတာင္းခဲ့ရလဲ၊ မင္း ေဆး႐ုံကိုမလာတဲ့ေန႔ေတြဆို ဘယ္ေလာက္ေတာင္ေမၽွာ္လိုက္ရလဲ၊ ငါအဲ့လိုေတြ တစ္ေယာက္တည္းျဖစ္ပ်က္ေနတဲ့အခ်ိန္မွာ မင္းကေတာ့ ေျမေခြးလိုအႀကံကိုႀကံေနတာပဲ!"

"မင္း...မင္းသူ႔ကို ခ်စ္တယ္လို႔ေျပာခဲ့တာ..."

"မင္းအထိနာေအာင္ ငါတျခားလူကိုဆြဲထည့္ခဲ့တာ၊ မင္းသိလား အဲ့ဒီတုန္းက ငါဆြဲထည့္ခဲ့တဲ့လူက ေဒါက္တာ Park မဟုတ္ဘူး၊ မင္းကလြဲၿပီး ငါဘယ္သူ႔ကိုမွလည္းေျပာင္းမခ်စ္ဖူးဘူး!"

"ဘ...ဘာ.."

ဝူဂ်င္း ထိုင္ေနရာမွထလာတဲ့အခါ ရွီဝမ့္ ရဲ့ေျခလွမ္းေတြေနာက္ဆုတ္သြားသည္။

"မင္းလည္းငါ့လို နည္းနည္းေလာက္ျဖစ္ျဖစ္ ခံစားရပါေစဆိုတဲ့စိတ္တဲ့ ကိုယ္ခ်င္းစာတတ္ေအာင္ တျခားလူကိုခ်စ္ဟန္ေဆာင္ခဲ့တာ၊ အဲ့ဒီေန႔တုန္းက ငါဟန္ေဆာင္ဖို႔ဆြဲထည့္ခဲ့တဲ့လူက ေဒါက္တာ Park မဟုတ္ဘူး၊ လူပ်ိဳ လူလြတ္ ေနာက္ၿပီး မင္းျပႆနာမရွာနိုင္ေလာက္မယ့္ ဆရာဝန္တစ္ေယာက္ကို ငါလက္ညႇိုးထိုးျပခဲ့တာ၊ ဒါကို မင္းက..."

"အဲ့ဒီေန႔က အဲ့ေနရာမွာ ေဒါက္တာ Park Chanyeol ကိုငါျမင္ခဲ့တာ!"

ရွီဝမ္ ပါးေပၚကမ်က္ရည္ေတြကိုပြတ္ဆြဲသုတ္လိုက္ၿပီး ဝူဂ်င္း ကိုမ်က္ႏွာလႊဲထားလိုက္သည္။

"အဲ့ေတာ့ ငါခ်စ္တယ္လို႔ေျပာတဲ့ တျခားလူအေပၚ မင္းက ေအာက္တန္းက်က်တုံ႔ျပန္တယ္ေပါ့"

".............."

"ငါ့သိကၡာကိုယ္လည္းမငဲ့ တစ္ဖက္လူရဲ့ ဂုဏ္သိကၡာကိုလည္းထည့္မတြက္ဘဲ မင္းစိတ္ေက်နပ္ဖို႔ကိုပဲလုပ္တယ္ေပါ့"

"..............."

"ဟားး ငါ ဘယ္လိုလူမ်ိဳးကို ခ်စ္ခဲ့မိတာလဲ"

"ရွီ..ရွီဝမ္.."

ခ်က္ခ်င္းဆိုသလို ဝူဂ်င္း ကအနားေရာက္လာေတာ့ ရွီဝမ္ တစ္ဖက္ကိုလွည့္ေရွာင္လိုက္ၿပီး ၾကမ္းျပင္ေပၚက သူ႔ရဲ့ဖုန္းအားေကာက္ယူလိုက္သည္။

"ဘာတဲ့ "ကၽြန္ေတာ့္ခ်စ္သူကိုျမဴဆြယ္ေနတဲ့ ဂုဏ္သေရရွိပါရဂူႀကီး" ဟက္! မင္းသိလား မင္းအခုတင္ထားတဲ့ပုံကေလ အဲ့ဒီေန႔တုန္းက အဲ့အခန္းထဲမွာ တျခား nurse ေတြလည္းရွိတယ္၊ ငါေဆးကုေပးေနတဲ့ ႏွလုံးေရာဂါသည္ကိုယ္ဝန္ေဆာင္အစ္မက ကေလးေမြးၿပီးၿပီးခ်င္းဆုံးသြားလို႔ ငါဝမ္းနည္းေနတုန္း ေဒါက္တာ Park ကငါ့ပုခုံးတစ္ဖက္ကို အားေပးသလိုပုတ္ေပးခဲ့႐ုံေလးပဲ"

"..............."

"မင္း...မင္းသိေနရက္နဲ႔ကြာ"

ဘာမွျပန္မေျဖတဲ့ ဝူဂ်င္း ေၾကာင့္ ရွီဝမ္ လက္သီးကိုတင္းတင္းဆုပ္ထားမိေတာ့သည္။

"ငါေလ မင္းဘာလုပ္လုပ္ မင္းကိုခ်စ္တဲ့စိတ္နဲ႔ အႀကိမ္ႀကိမ္ခြင့္လႊတ္ခဲ့တယ္၊ စုံလုံးကန္းၿပီးေတာ့ကို ခြင့္လႊတ္ခဲ့တယ္၊ အခုမွ ငါေသခ်ာသေဘာေပါက္လိုက္တာက မင္းက ခြင့္လႊတ္မွုေတြနဲ႔မတန္ဘူးပဲ ဟက္!"

"မ..မဟုတ္..."

"ငါအသိေတာ့ ေနာက္မက်ေသးဘူးမလား"

"ရွီဝမ္.."

"ဒီတစ္ေခါက္ ကိစၥမွာ မင္းက ငါ့အျပင္ လူတကာေလးစားအားက်ရတဲ့ လူတစ္ေယာက္ရဲ့ဂုဏ္သိကၡာကိုပါ ထိပါးလိုက္တယ္၊ အဲ့ဒီလူက ဒီလို အေျပာအဆိုေတြခံရမယ့္လူမဟုတ္ဘူး! မင္းေၾကာင့္နဲ႔...မင္းရဲ့အတၱႀကီးတဲ့လုပ္ရပ္ေၾကာင့္နဲ႔၊ ေတာက္!"

"................"

"မင္းနဲ႔ငါနဲ႔ တကယ္ၿပီးၿပီ ဝူဂ်င္း"

"ရွီဝမ္!"

ရွီဝမ္ အိမ္အေပါက္ဝဆီကိုေျခလွမ္းေတြဦးတည္လိုက္ေတာ့ ဝူဂ်င္း ကအေနာက္ကေနအတင္းလိုက္ဆြဲသည္။

"ရွီဝမ္! ကိုယ္...ကိုယ္..."

"မင္းနဲ႔ပတ္သတ္ၿပီးငါ့မွာ ေမၽွာ္လင့္ခ်က္မရွိေတာ့ဘူး၊ ငါ့ကိုလႊတ္!"

"မ..မသြားပါနဲ႔...!"

ဝူဂ်င္း ကအေနာက္ကေနအတင္းဖမ္းခ်ဳပ္ထားေတာ့ ရွီဝမ္ အားကုန္သုံးၿပီး႐ုန္းသည္။

"ငါ့ကိုလႊတ္ ဝူဂ်င္း၊ ငါတကယ္ မင္းနဲ႔မပတ္သတ္ခ်င္ေတာ့ဘူး၊ မင္းရဲ့အတၱေတြ အက်င့္ဆိုးေတြကို ေတာ္ေတာ္ေၾကာက္လန့္သြားပါၿပီ၊ မင္းကိုေစာက္ရမ္းခ်စ္တဲ့ငါ့ကိုေတာင္ အခုလိုမ်ိဳး စိတ္ပ်က္သြားေအာင္လုပ္နိုင္တဲ့ မင္းရဲ့အတၱႀကီးတဲ့အက်င့္ေတြ! ငါတကယ္စိတ္ကုန္သြားၿပီ၊ မင္းအေပၚငါ့စိတ္ေတြျပတ္နိုင္သြားၿပီကြာ!"

ရွီဝမ္ ရဲ့စကားေတြဟာျပတ္သားလြန္းေနေတာ့ ဝူဂ်င္း တုန္လွုပ္ေျခာက္ခ်ားသြားရသည္မွာ အႀကီးအက်ယ္။ရွီဝမ္ မရွိဘဲ သူေနနိုင္ဖို႔ဆိုတာ ေသမွျဖစ္လိမ့္မည္။

"ကိုယ္ မွားသြားပါတယ္!"

"လီဝူဂ်င္း!"

"မွားသြားပါတယ္! ကိုယ္ မွားသြားပါတယ္!"

ၾကမ္းျပင္မွာဒူးေထာက္ခ်ၿပီး ဝူဂ်င္း က ရွီဝမ္ ရဲ့ခါးသိမ္သိမ္ကိုတင္းတင္းဖက္ထားသည္။ေဆာက္တည္ရာမရစြာ တသြင္သြင္စီးက်ေနတဲ့ ဝူဂ်င္း ရဲ့မ်က္ရည္ေတြေၾကာင့္ ရွီဝမ္ ရဲ့ခါးနားကအကၤ်ီစဟာလည္းရႊဲရႊဲစိုေနေလၿပီ။

"ေတာင္းပန္ပါတယ္ကြာ...အားး ကိုယ္မွားသြားပါတယ္! ကိုယ့္ကိုမထားခဲ့ပါနဲ႔!"

"ငါ့ကို..လႊတ္.."

"ဟင့္အင္း! မထားခဲ့ပါနဲ႔! ေနာက္မလုပ္ေတာ့ပါဘူးကြာ၊ ေနာက္ဆို အတၱမႀကီးေတာ့ပါဘူး! မင္းမႀကိဳက္တာမွန္သမၽွဘာမွမလုပ္ေတာ့ပါဘူး! ကိုယ္..ကိုယ္ စိတ္မကစားေတာ့ပါဘူး! အားး အေပ်ာ္လည္းမရွာေတာ့ပါဘူး! ကတိ! ကတိေပးတယ္! ကိုယ္ကတိေပးပါတယ္ ရွီဝမ္ အခ်စ္ရာ..."

ဝူဂ်င္း ကရွိုက္သံေတြေၾကာင့္ စကားမေျပာနိုင္တဲ့အခါ နာနာက်င္က်င္ေအာ္ဟစ္သည္။ထိုေအာ္သံေတြေၾကာင့္ ရွီဝမ့္ ရဲ့ေျခေထာက္ေတြလည္းေခြယိုင္လုမတက္ပင္။သို႔ေပမယ့္ ရွီဝမ္ စိတ္တင္းထားသည္။အလိုခ်င္ဆုံးကတိစကားတစ္ခြန္းဟာ လုံးဝလက္ေလ်ာ့လိုက္တဲ့အခ်ိန္မွရလာခဲ့တာ။

"ကိုယ္ကတိေပးပါတယ္..ကြာ...ေနာက္မလုပ္ေတာ့ပါဘူး၊ မထားခဲ့ပါနဲ႔..ကိုယ္ မင္းမရွိဘဲမေနနိုင္လို႔ပါ အခ်စ္ရယ္..."

"မင္းလုပ္လိုက္တဲ့ျပႆနာကအႀကီးႀကီးပဲ! အင့္!"

ရွီဝမ္ ဘယ္လို႐ုန္း႐ုန္း ဝူဂ်င္း ကတင္းတင္းၾကပ္ၾကပ္ဖက္ထားစဲ။

"ျပန္ေျဖရွင္းေပးမယ္! ကိုယ္ျပန္ေျဖရွင္းေပးမွာမို႔ မထားခဲ့ပါနဲ႔၊ အကုန္လုံးကိုေတာင္းပန္မယ္ေလ၊ အကုန္လုံးကိုေတာင္းပန္ပါ့မယ္ကြာ..."

"..............."

ရွီဝမ္ ၿငိမ္သက္သြားတဲ့အခါ ဝူဂ်င္း ကရွုံးပြဲခ်ေအာ္ငိုပါေတာ့သည္။

.................................................................................

LOEY hospital ၏ဥကၠဌ႐ုံးခန္းထဲ၌ Park မိသားစုလူစုံေနၾကသည္။

"အခုျဖစ္တဲ့ကိစၥက တမင္သက္သက္လုပ္ႀကံတယ္ဆိုတာသိသာေနတာပဲ"

"အေမကေတာ့ အေမ့သားကိုယုံတယ္၊ သားက ဒီလိုကိစၥမ်ိဳးကို စိတ္ကူးထဲေတာင္ထည့္မွာမဟုတ္ဘူး"

"အခု သတင္းကမီးခိုးႂကြက္ေလၽွာက္ျဖစ္ေနေတာ့ သတင္းစတင္တဲ့လူမွမဟုတ္ရင္ တျခားလူေျဖရွင္းလည္းအပိုျဖစ္ေနမွာ၊ သတင္းေရးတဲ့လူက ရွီဝမ္ ဆိုတဲ့လူငယ္နဲ႔ပတ္သတ္ေနတာမို႔ သူကေနတစ္ဆင့္ဆက္သြယ္ရမွာပဲ"

Chanyeol ေခါင္းတညိမ့္ညိမ့္လုပ္ၿပီး မိသားစုကိုၾကည့္လိုက္သည္။

"ကၽြန္ေတာ့္ေၾကာင့္ျဖစ္တာဆိုေတာ့ ကၽြန္ေတာ္အကုန္လုံးကို တာဝန္ယူၿပီးေျဖရွင္းေပးပါ့မယ္၊ အေဖတို႔ အေမတို႔စိတ္မပူပါနဲ႔"

"အို သားရယ္၊ တကယ္မဟုတ္တဲ့ကိစၥတစ္ခုအတြက္ အေမတို႔စိတ္မပူပါဘူး၊ သားသာစိတ္ေအးေအးနဲ႔ေျဖရွင္း၊ ဟုတ္ၿပီလား"

"ကၽြန္ေတာ့္ဆီဦးတည္လာတဲ့ ျပႆနာျဖစ္တဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္အမ်ားႀကီး စိတ္ေအးပါတယ္ အေမ"

"သတင္းေတြကပ်ံ႕ေနတာဆိုေတာ့ Hyuneeေလးမေတြ႕ေလာက္ပါဘူးေနာ္"

အစ္မရဲ့စကားေၾကာင့္ Chanyeol ခဏတာၿငိမ္သက္သြားမိသည္။

"Baekhyunee ကဖုန္းဝယ္ေပးထားေပမယ့္လည္း သိပ္မသုံးဘူး၊ TVပဲၾကည့္ေနတာ၊ သိေလာက္စရာအေၾကာင္းကနည္းပါတယ္၊ အမွန္မဟုတ္ေပမယ့္လည္း ဒီလုပ္ႀကံသတင္းကို Baekhyunee ကိုေတာ့မသိေစခ်င္ဘူး"

ခဏတာေလးေတာင္ ေကာင္ေလးစိတ္မေကာင္းျဖစ္သြားမွာကို Chanyeol မလိုခ်င္ပါ။ထို႔အတြက္ေတာ့ အခုကိစၥကို အစအနေလးေတာင္မက်န္ေအာင္အျမန္ရွင္းပစ္ရမည္။

"ကၽြန္ေတာ္ အခုပဲစလုပ္လိုက္ပါ့မယ္၊ ခြင့္ျပဳပါဦး"

"အင္း ေကာင္းေကာင္းလုပ္"

Chanyeol ႐ုံးခန္းထဲကေနျပန္ထြက္လာခဲ့ၿပီး ႏွလုံးအထူးကုဌာနဆီကိုဦးတည္လိုက္ပါသည္။

:

ႏွလုံးအထူးကုဌာနသြားရာ ေလၽွာက္လမ္းမွာတင္ ရွီဝမ္ ႏွင့္အတူ ေဘးနားမွာေတာင့္ေတာင့္ႀကီးရပ္ေနတဲ့ေကာင္ေလးတစ္ေယာက္ကိုေတြ႕လိုက္ရသည္။

Chanyeol ကိုေတြ႕တာနဲ႔ ထိုႏွစ္ေယာက္လုံး လွုပ္လွုပ္ရွားရွားျဖစ္သြားၾကသည္။

"ေဒါက္..ေဒါက္တာ Park"

"အင္း ရွီဝမ္"

ထိုႏွစ္ေယာက္အနားမွာ Chanyeol ျဖည္းျဖည္းမွန္မွန္ပဲသြားရပ္လိုက္သည္။ေလၽွာက္လမ္းက လူသြားလူလာနည္းတာမို႔ Chanyeol တို႔သုံးေယာက္သာ မ်က္ႏွာခ်င္းဆိုင္ရွိေနၾကပါသည္။

"ဒီဘက္က ဝူဂ်င္း ပါ၊ ဟို...အခုျဖစ္ေနတဲ့ျပႆနာရဲ့အရင္းအျမစ္ပါ"

ရွီဝမ္ ေျပာၿပီးၿပီးခ်င္း ေခါင္းငုံ႔ခ်ထားမိသည္။တျခားလူတစ္ေယာက္က ဝူဂ်င္း ကိုေျပာလာမယ့္စကားေတြအား စိတ္ဒုန္းဒုန္းခ်ၿပီးနားေထာင္ရဦးမွာပင္။ကိုယ့္လူက အမွားႀကီးမွားထားတာမလား။

"ကိုယ္တို႔တစ္ခါထက္မကေတြ႕ဖူးၾကပါတယ္"

"................"

"ဟုတ္တယ္မလား ဝူဂ်င္း"

ဝူဂ်င္း ကို ရွီဝမ္ ၾကည့္လိုက္ေတာ့ ဝူဂ်င္း ကေဒါက္တာ Park ကိုသာၾကည့္ေနၿပီး ေခါင္းကိုျဖည္းညႇင္းစြာညိမ့္ျပသည္။

"ေျပာလိုက္ေလ ဝူဂ်င္း"

ရွီဝမ္ တံေတာင္ျဖင့္ထိၿပီးသတိေပးလိုက္ေတာ့ ဝူဂ်င္း ကသက္ျပင္းအရင္ခ်လိုက္ၿပီးမွ

"ေတာင္း..ေတာင္းပန္ပါတယ္ ေဒါက္တာ Park၊ ကၽြန္ေတာ္ မဆင္ျခင္ဘဲ အမွားလုပ္လိုက္မိပါတယ္၊ ကၽြန္ေတာ္ ျပန္ေျဖရွင္းၿပီးသြားပါၿပီ၊ အကုန္လုံးက ကၽြန္ေတာ့္ရဲ့အတၱအမွားေတြခ်ည္းပဲ၊ ေဒါက္တာ Park ကိုအႏူးအညႊတ္ေတာင္းပန္ပါတယ္"

ဝူဂ်င္း ကဖုန္းကိုေထာင္ျပၿပီးေလးေလးနက္နက္ေျပာလိုက္သည္။

ထို႔ေနာက္ ဝူဂ်င္း ေရာ ရွီဝမ္ ေရာ Chanyeol ေျပာလာမယ့္စကားေတြကို အသင့္အေနအထားျဖင့္ ေစာင့္ေနၾကပါသည္။

Chanyeol ထိုလူငယ္ႏွစ္ေယာက္ကို ေသခ်ာၾကည့္လိုက္သည္။အမွားကိုသိၿပီး ျပန္ျပင္ဆင္တဲ့လူတစ္ေယာက္အတြက္ ေနာက္ထပ္အခြင့္အေရးဆိုတာရွိသင့္သည္။

"အင္း၊ ခ်စ္သူရည္းစားေတြၾကားထဲမွာ အမ်ိဳးမ်ိဳးေသာျပႆနာေတြဆိုတာျဖစ္တတ္ပါတယ္၊ အခုကိစၥကိုသင္ခန္းစာယူၿပီး ေနာက္ဆို ဆင္ျခင္ေပါ့"

"ဟုတ္..ဟုတ္ကဲ့ပါ! ေဒါက္တာ Park၊ ကၽြန္ေတာ္တို႔ဆင္ျခင္မယ္လို႔ကတိေပးပါတယ္ဗ်၊ ဝူဂ်င္း မင္းလည္းေပးလိုက္ေလ!"

"အာ..ဟုတ္ကဲ့၊ ကတိေပးပါတယ္"

ရွီဝမ္ ကျပာျပာသလဲျဖင့္ အႀကိမ္ႀကိမ္ဦးညႊတ္ေတာ့ ဝူဂ်င္း ကလည္းထိုပုံစံအတိုင္းလိုက္လုပ္သည္။Chanyeol ထိုလူငယ္ႏွစ္ေယာက္ကိုၾကည့္ၿပီး အသာျပဳံးလိုက္မိသည္။ကိစၥကအခုလိုအျမန္ၿပီးသြားေတာ့ အမ်ားႀကီးအဆင္ေျပပါသည္။

Ring Ring Ring

ထိုအခ်ိန္ Chanyeol ရဲ့ဖုန္းမည္သံထြက္လာသည္။နံပါတ္ကိုၾကည့္လိုက္ေတာ့ အိမ္ဖုန္းကဆက္ေနတာပင္။Chanyeol ဖုန္းကိုအျမန္လက္ခံလိုက္သည္။

"ဟဲလို"

"Chanyeollie!"

တစ္ဖက္က ေဒၚေလးမီရဲ့အသံဟာ ျပာျပာသလဲ။

"ေျပာပါ ေဒၚေလးမီ"

"..................."

ေဒၚေလးမီဆီက စကားေတြကိုၾကားၿပီးတဲ့အခါမွာေတာ့ Chanyeol ရဲ့မ်က္ခုံးေတြတြန့္ခ်ိဳးသြားၿပီး နက္ေမွာင္တဲ့မ်က္ဝန္းတစ္စုံဟာ ဝူဂ်င္း အားစူးရဲစြာစိုက္ၾကည့္လိုက္ပါေတာ့သည္။

.................................................................................

"Chanyeollie!"

Chanyeol ေရာက္တာနဲ႔ ေဒၚေလးမီက ျပာျပာသလဲထြက္ေခၚသည္။

"ေကာင္ေလး ဘယ္မွာလဲ! ေဒၚေလးမီ"

"အေပၚထပ္တက္သြားတယ္ကြဲ႕"

"ကၽြန္ေတာ္ ေကာင္ေလးဆီသြားမယ္"

"Chanyeollie! Hyuneeေလးက အေပၚတက္သြားတာသိပ္မၾကာေသးဘူး၊ ဘာကိစၥေတြရွိလို႔လဲမသိေပမယ့္ ေသခ်ာေလးေမးၿပီးေျဖရွင္းေပးပါဦးကြယ္၊ ကေလးက အရမ္းငိုေနတာကြဲ႕၊ စာသင္ေပးမယ့္ဆရာလည္းျပန္သြားၿပီရယ္"

"ကၽြန္ေတာ္သိၿပီ"

Chanyeol အေပၚထပ္တက္သြားေတာ့ ေဒၚေလးမီကရင္တမမျဖင့္ ေအာက္ထပ္မွာက်န္ခဲ့ပါသည္။

:

ေဒါက္! ေဒါက္!

"ေကာင္ေလး"

"................"

"ကိုယ္ပါ၊ ဝင္ခဲ့မယ္ေနာ္"

အသိေပးၿပီးေတာ့မွ Chanyeol အခန္းထဲဝင္သြားလိုက္ေတာ့ နံရံကပ္ဗီဒိုေရွ႕မွာ မတ္တပ္ရပ္ေနတဲ့ေကာင္ေလးကိုေတြ႕လိုက္ရသည္။

"ေကာင္ေလး"

Chanyeol ရဲ့ေခၚသံၾကားေတာ့ ဆတ္ခနဲလွည့္ၾကည့္လာၿပီးမွ ေခါင္းေလးကိုျပန္လွည့္သြားပါသည္။ခဏတာေလးဆိုေပမယ့္လည္း ေတြ႕လိုက္ရတဲ့မ်က္ႏွာႏုႏုမွာ မ်က္ရည္စေတြႏွင့္။

လက္ထဲကအိတ္ကိုခ်ၿပီး ေကာင္ေလးရဲ့အနားကို Chanyeol အလ်င္စလိုသြားကာ ခႏၶာကိုယ္ေလးအား ပုခုံးကေနဆြဲကိုင္လွည့္လိုက္ေတာ့ ေခါင္းေလးငုံ႔ၿပီးပါလာသည္။မ်က္ႏွာႏုႏုကို မျမင္ျမင္ရေအာင္ Chanyeol ငုံ႔ၾကည့္လိုက္ၿပီး

"ဖုန္းၾကည့္ေနရင္းငိုတယ္ဆို၊ ဘာျဖစ္လို႔လဲ ကိုယ့္ကိုေျပာ၊ ဖုန္းထဲမွာ ဘာေတြ႕လို႔လဲ"

"အင့္!"

Chanyeol ေမးလိုက္ေတာ့ ေကာင္ေလးကရွိုက္သံေလးထြက္ၿပီး ေခါင္းေလးခါျပသည္။ထိုရွိုက္သံက Chanyeol အတြက္ေတာ့မီးစပင္။

"ကိုယ့္ကိုအမွန္တိုင္းေျပာပါ၊ မဖုံးကြယ္နဲ႔၊ အဲ့ဒါမွ ေျဖရွင္းစရာရွိရင္ေျဖရွင္းလို႔ရမွာေပါ့၊ ျပႆနာတစ္ခုဆိုတာ ရင္ဆိုင္ၿပီးေျဖရွင္းမွ အဆင္ေျပမယ္ဆိုတာကို ေကာင္ေလးလည္းသိတယ္မလား"

"..............."

မ်က္ႏွာေလးကို ပါးႏွစ္ဖက္ကေနအုပ္မိုးကိုင္ကာ ပင့္ေမာ့ၿပီးအၾကည့္ခ်င္းဆုံေစလိုက္ေတာ့ မ်က္ရည္လည္ရႊဲျဖစ္ေနတဲ့ ေကာင္ေလးက Chanyeol ကိုဝမ္းနည္းတႀကီးၾကည့္ေနသည္။မ်က္ေတာင္တစ္ခ်က္ခတ္လိုက္ရင္ေတာင္ ေပ်ာက္ကြယ္သြားမွာစိုးေနသည့္အလား။

ပါးျပင္ႏုႏုေပၚကမ်က္ရည္စေတြကို Chanyeol တယုတယသုတ္ေပးလိုက္ၿပီး

"အင္း၊ ကိုယ့္ကိုေျပာေနာ္၊ တစ္ခုခုဆို ေကာင္ေလးက ကိုယ့္ကိုပြင့္ပြင့္လင္းလင္းေျပာလိမ့္မယ္လို႔ကိုယ္ယုံတယ္"

"ဟင့္!"

"ေကာင္ေလးလည္း ကိုယ့္ကိုယုံတယ္ဆိုရင္ အခု ဘာေတြျဖစ္ေနလည္း ေသခ်ာေျပာျပပါေနာ္"

"ကၽြန္...ကၽြန္ေတာ္.."

"ခဏေလး၊ ကိုယ္ခ်ီမယ္ေနာ္"

"အင့္!"

ေကာင္ေလးကို အသာေပြ႕ခ်ီၿပီး Chanyeol ဆိုဖာခုံမွာထိုင္ခ်လိုက္ၿပီးေနာက္ ေကာင္ေလးကိုေတာ့ ေပါင္ေပၚမွာေဘးတေစာင္းထိုင္ေစကာ ခါးေလးကေနထိန္းဖက္ထားလိုက္သည္။

"ရၿပီ၊ ေျပာလို႔ရၿပီဗ်ာ"

"ဦး...ကၽြန္..ကၽြန္ေတာ္ေလ..."

"အြန္း.."

ေကာင္ေလးက Chanyeol ကိုမၾကည့္ဘဲ ေခါင္းေလးသာငုံ႔ထားၿပီး လက္ေခ်ာင္းသြယ္သြယ္ေလးေတြကိုအခ်င္းအခ်င္းဆုပ္နယ္ေနသည္။

"ကၽြန္ေတာ္...သတင္းတစ္ခုေတြ႕လိုက္တယ္၊ ဦးက...ဦးက ေကာင္ေလးတစ္ေယာက္ကို ဂ႐ုစိုက္ေပးတယ္၊ ၾကင္ၾကင္နာနာလည္းဆက္ဆံတယ္၊ အဲ့ဒါ...ကၽြန္ေတာ္..."

ရွိုက္လာျပန္တဲ့ေကာင္ေလးေၾကာင့္ ခါးသိမ္သိမ္ကို Chanyeol ပိုတိုးလို႔ဖက္ထားလိုက္သည္။

"အဲ့ဒီအေၾကာင္းမဟုတ္ဘဲ၊ ေကာင္ေလး အခု ဘယ္လိုခံစားေနရလဲဆိုတာ ကိုယ့္ကိုေျပာျပ၊ ပြင့္ပြင့္လင္းလင္းေျပာျပ၊ အဲ့အေၾကာင္းကိုေတာ့ ၿပီးမွရွင္းျပမယ္"

"ဟင့္! ကၽြန္ေတာ္ေလ...ဦးက အဲ့ေကာင္ေလးကိုခ်စ္ၿပီး ကၽြန္ေတာ့္ကိုမခ်စ္ေတာ့ရင္ ကၽြန္ေတာ္တို႔ကေလးေလးဘယ္လိုလုပ္မလဲလို႔ စဥ္းစားမိၿပီး စိတ္ပူတယ္၊ ေနာက္..ေနာက္ၿပီး အရမ္းဝမ္းနည္းလြန္းလို႔ ဖြားဖြားတို႔ဆီျပန္ေနဖို႔လည္းစဥ္းစားမိတယ္၊ ကၽြန္ေတာ္ အ..အရမ္းဝမ္းနည္းတယ္၊ ဦးက..တျခားလူကိုၾကင္နာတာ အရမ္းဝမ္းနည္းဖို႔ေကာင္းတယ္၊ ကၽြန္ေတာ္ ဦးရဲ့အနားမွာ ေနခြင့္မရွိေတာ့မွာ အရမ္းေၾကာက္တယ္.."

"ဒါေပမယ့္ ဦးကိုယုံတယ္ေလ၊ ဦးကိုယုံေတာ့ ျဖစ္နိုင္လား မျဖစ္နိုင္လား ကၽြန္ေတာ္အမ်ားႀကီးစဥ္းစားျဖစ္တယ္၊ မျဖစ္နိုင္ဘူးလို႔ထင္တယ္၊ ဒါေပမယ့္..ဒါေပမယ့္ စဥ္းစားရင္း စဥ္းစားရင္းနဲ႔ ကၽြန္ေတာ့္ေခါင္းေတြရွုပ္ေထြးလာတယ္...ကၽြန္ေတာ္...ကၽြန္ေတာ္ အရမ္းပင္ပန္းတာပဲဗ်ာ...ဦးေပ်ာ္ေနတာပဲ ကၽြန္ေတာ္ကျမင္ခ်င္တာ...အဲ့ဒါေၾကာင့္..အဲ့ဒါေၾကာင့္ ကၽြန္ေတာ္က..."

"ေကာင္ေလးရယ္..."

"အီးးဟီးး ဦးး"

စကားဆုံးတာနဲ႔ ေကာင္ေလးဟာ Chanyeol ရဲ့လည္တိုင္ကိုတင္းတင္းဖက္ၿပီး ရွိုက္ႀကီးတငင္ေအာ္ငိုပါေတာ့သည္။ေကာင္ေလးက သူေလးအတြက္ေတာင္မဟုတ္ဘဲ ကေလးေလးအတြက္ အရင္စဥ္းစားေပးေနတာကိုသိရေတာ့ Chanyeol ရဲ့ရင္ထဲနင့္ေနေအာင္ခံစားရသည္။ေနာက္ၿပီး ေကာင္ေလးက Chanyeol ကိုယုံေပးဖို႔လည္းႀကိဳးစားရွာေသးသည္။သူေလးျမင္ေတြ႕ေနတာေတြကိုေတာင္ လ်စ္လ်ဴရွုၿပီးေတာ့ေပါ့။

ေကာင္ေလးရဲ့ သူ႔အေပၚအခ်စ္ေတြကိုထင္ထင္ရွားရွားျမင္လိုက္ရေတာ့ Chanyeol မွာဝမ္းနည္းဝမ္းသာ။သို႔ေသာ္ ကေလးအေဖေလး အရမ္းဝမ္းနည္းေနတာျမင္ရတဲ့အခါ Chanyeol ကိုယ့္ကိုယ္ကိုယ္ေဒါသထြက္မိလာသည္။ဒီကိစၥဟာ Chanyeol ရဲ့အမွားမဟုတ္တာသိေပမယ့္လည္း ကိုယ့္ေၾကာင့္ ေကာင္ေလး ဝမ္းနည္းေနရၿပီ။

"အင္း အင္း တိတ္ေတာ့ေနာ္၊ ေကာင္ေလးက အရမ္းဝမ္းနည္းေနရင္ စေတာ္ခ်ယ္ရီေလးကလည္းစိတ္မေကာင္းျဖစ္ေနေတာ့မွာေပါ့ကြာ"

"အီးးဟီးး"

"ကိုယ္လည္းရင္နာရတာမို႔ တိတ္ေတာ့ေနာ္၊ ကိုယ္အကုန္ရွင္းျပမွာမို႔ မငိုပါနဲ႔ေတာ့ကြယ္၊ ေကာင္ေလးကသာ ကိုယ့္ကိုယုံေပးေနာ္"

"ဟင့္ဟင့္!"

"ယုံေပးဖို႔အမ်ားႀကီးႀကိဳးစားေပးတဲ့အတြက္လည္း ကိုယ္က ေက်းဇူးတင္ပါတယ္ဗ်ာ"

"ဦး....ဟင့္!"

"အင္း၊ ကိုယ္ရွိပါတယ္"

အငိုမတိတ္တဲ့ေကာင္ေလးကို ဖက္တြယ္ရင္း Chanyeol မိနစ္အေတာ္ၾကာေပြ႕ဖက္ေခ်ာ့ျမဴလိုက္ေတာ့မွ ေကာင္ေလးဟာ ရွိုက္သံသဲ့သဲ့ေလးေတြသာထြက္ေတာ့ၿပီး အငိုတိတ္သြားခဲ့ပါသည္။

"စိတ္ၿငိမ္ၿပီဆိုရင္ ကိုယ္ရွင္းျပတာေတြကို ေသခ်ာေလးနားေထာင္ေပးေနာ္၊ ေနာင္တမရေစရဘူးလို႔ အာမခံတယ္"

"ဟုတ္...ကဲ့"

ရင္ခြင္ထဲကကိုယ္လုံးေလးကိုဖက္တြယ္ရင္း မေမၽွာ္လင့္ဘဲဝင္ေမႊခဲ့တဲ့ ေလျပင္းမုန္တိုင္းၿငိမ္သက္ၿပီး သာယာတဲ့ရာသီဥတုေလးျဖစ္ေအာင္ Chanyeol ႀကိဳးပမ္းလိုက္ေတာ့သည္။

:

"ကိုယ့္အတြက္ ဒီဘဝမွာေတာ့ ေကာင္ေလးတစ္ေယာက္တည္းပဲ"

".............."

ခႏၶာကိုယ္ေႏြးေႏြးေလးဟာ Chanyeol ရဲ့ရင္ခြင္ထဲ ပိုတိုးလို႔ဝင္လာခဲ့သည္။

"သတင္းကိုဘယ္လိုလုပ္ၿပီးေတြ႕တာလဲ၊ ကိုယ့္ကိုေျပာပါဦး"

"အ..အမွန္ေတာ့ သတင္းေတြ႕တာမဟုတ္ဘူး ဦး"

"ဘယ္လို..."

"သတင္းကိုပို႔လာလို႔ ကၽြန္ေတာ္က ဝင္ၾကည့္လိုက္တာဗ်၊ အဲ့...အဲ့မွာေလ သူမ်ားေတြက စာေတြအမ်ားႀကီးေရးထားၾကတာ၊ သူတို႔က ဦးကိုမုန္းေနတဲ့အတိုင္းပဲ၊ မေကာင္းေတြလည္းေျပာၾကတယ္၊ ကၽြန္ေတာ့္စိတ္ေတြ အရမ္းပူထူသြားခဲ့တာ.."

ေကာင္ေလးရဲ့ ႏွဖူးျပင္ေဖြးေဖြးေပၚက ဆံႏြယ္စေတြကို Chanyeol အသာသပ္တင္ေပးမိသည္။

"အခုေတာ့ စိတ္ေအးရပါၿပီ၊ ခုနက ဦးျပတဲ့သတင္းမွာ သူတို႔က ဦးကို ျပန္ေတာင္းပန္ထားၾကတာေလ၊ ဦး မထိခိုက္ေတာ့ဘူး"

"ကိုယ့္အတြက္အမ်ားႀကီးစိတ္ပူေပးလို႔ ခ်စ္တယ္ ေကာင္ေလး"

ရႊတ္!

စေတာ္ဘယ္ရီခင္းလိုရဲတက္လာတဲ့ပါးျပင္ေလးတစ္ဖက္ကို Chanyeol နမ္းရွိုက္လိုက္ေတာ့ ေကာင္ေလးဟာ သူ႔ပါးျပင္ေလးသူပြတ္ၿပီးျပဳံးေနသည္။ကေလးအေဖေလးရဲ့စိတ္ေလး ျပန္က်န္းမာသြားၿပီပဲ။

"ဒါနဲ႔ သတင္းကို ဘယ္သူကပို႔တာလဲ၊ ေကာင္ေလးရဲ့ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကလား"

"............."

"ဟင္...ဘယ္သူပို႔တာလဲ"

"ဟို...အစ္ကိုဝူဂ်င္းက ပို႔..ပို႔လိုက္တာပါ"

႐ုတ္ခ်ည္းဆိုသလို Chanyeol ရဲ့မ်က္ခုံးေတြ တြန့္ခ်ိဳးသြားခဲ့သည္။

"ဟုတ္လား၊ ဒါဆို ကိုယ္မသိေသးတာေတြရွိေသးတာပဲ၊ ကိုယ့္ကိုေျပာျပပါဦး ေကာင္ေလးရဲ့"

"အာ...အဲ့ဒါက...."

ေကာင္ေလးေျပာျပတာေတြကို နားေထာင္ၿပီးတဲ့ေနာက္မွာေတာ့ Chanyeol တစ္စုံတစ္ရာကိုေတြးေတာၿပီး ေခါင္းတဆတ္ဆတ္ညိမ့္လိုက္ပါေတာ့သည္။

.................................................................................

"ဟဲလို ရွီဝမ္ လား၊ ကိုယ္ Park Chanyeol ပါ"

"အာ..ဟုတ္ကဲ့ ေဒါက္တာ Park၊ ဘာကိစၥမ်ားရွိလို႔..."

"ကိုယ္မင္းကို အႀကံတစ္ခုေပးရမယ္ဆိုရင္ေတာ့ ဝူဂ်င္း ကိုအခြင့္အေရးျမန္ျမန္ျပန္မေပးသင့္ဘူး၊ ေစာင့္ၾကည့္သင့္တယ္၊ အင္း ကာလတစ္ခုထားၿပီးေတာ့ပဲျဖစ္ျဖစ္၊ သူသာတကယ္ေျပာင္းလဲေနၿပီဆိုရင္ မင္းနဲ႔အတူမရွိရရင္ေတာင္ သူအဆင္ေျပေနမွာပါ၊ သူတကယ္ အတၱမႀကီးေတာ့ဘူးဆိုရင္ေပါ့၊ ေရရွည္အတြက္ အခ်ိန္ကာလတစ္ခုကိုေတာ့ရင္းႏွီးသင့္တယ္ေလ၊ ဟုတ္တယ္မလား၊ ကိုယ္ကအႀကံေပးတာပါ"

".............."

တစ္ဖက္ကခ်သြားတဲ့ဖုန္းကိုၾကည့္ၿပီး ရွီဝမ္ ၿငိမ္သက္စြာထိုင္ေနမိသည္။

ထိုအခ်ိန္မွာပဲ ေရခ်ိဳးခန္းထဲကေန ဝူဂ်င္း ျပန္ထြက္လာသည္။

"ကိုယ္ၿပီးၿပီ သြားခ်ိဳးေတာ့"

"ငါ...ငါ ျပန္ေတာ့မယ္.."

"ဟင္..."

ေရသုတ္ေနတဲ့ ဝူဂ်င္း ရဲ့လက္ေတြရပ္တန့္သြားၿပီး ရွီဝမ့္ အနားတိုးလာသည္။

"ဘာျဖစ္လို႔လဲ၊ ဘယ္ကိုျပန္မွာလဲ၊ မင္းပဲ ကိုယ္နဲ႔အရင္လို အတူတူျပန္ေနမယ္ဆို"

"ငါငွါးထားတဲ့အခန္းက ႏွစ္လေလာက္က်န္ေသးတယ္၊ ေလာေလာဆယ္အဲ့မွာေနလိုက္ဦးမယ္၊ ဒီအေတာအတြင္း အဲ့မွာေနရင္းမင္းကိုလည္းေစာင့္ၾကည့္ေနမယ္၊ မင္း တကယ္ေျပာင္းလဲလားကိုေပါ့"

"ဒါေပမယ့္...."

"မင္းသာ တကယ္ေျပာင္းလဲၿပီဆို ဘာမွစိတ္ပူစရာမရွိပါဘူး၊ အခုဟာက ေစာင့္ၾကည့္ကာလေပါ့၊ ဒီကာလကို မင္းေက်ာ္ျဖတ္နိုင္ရင္ ငါမင္းနဲ႔တကယ္ျပန္တြဲမယ္၊ အခုေတာ့ ျပန္လိုက္ဦးမယ္"

"ရွီဝမ္.."

"မစိုးရိမ္ပါနဲ႔ မင္းငါ့ကိုေတြ႕ခ်င္ရင္ အခ်ိန္မေရြးလာေတြ႕လို႔ရတယ္၊ သြားၿပီ၊ ေကာင္းေကာင္းေန"

"အာ...ရွီဝမ္!"

အိတ္ဆြဲၿပီးအခန္းထဲကေျပးထြက္သြားသူေၾကာင့္ ဝူဂ်င္း စိတ္ညစ္ညဴးစြာနဲ႔ပဲ ခုတင္ေပၚထိုင္က်န္ေနခဲ့ရပါသည္။

:

"ေကာင္းေကာင္းအိပ္ပါ စေတာ္ခ်ယ္ရီေလး မြ!"

ဗိုက္ေလးကိုအနမ္းေပးၿပီးေတာ့မွ Chanyeol အိပ္ရာမွာလွဲၿပီး တစ္ဦးတည္းေသာေလးကိုရင္ခြင္ထဲထည့္ဖက္ထားလိုက္သည္။

"ကိုယ့္ကေလးအေဖေလးလည္း ေကာင္းေကာင္းအိပ္ပါ"

"ဟုတ္၊ ဦးေရာပဲ ေကာင္းေကာင္းအိပ္ပါဗ်"

ႏွဖူးျပင္ေႏြးေႏြးေလးကို အခ်ိန္အေတာ္ၾကာ ဖိကပ္နမ္းရွိုက္ေတာ့ ေကာင္ေလးကလည္း ျပဳံးျပဳံးေလးျဖင့္ၿငိမ္ခံသည္။ထို႔ေနာက္မွ ႏွစ္ေယာက္သား အေႏြးဓာတ္ေတြမၽွေဝရင္း အိပ္စက္အနားယူရန္ျပင္လိုက္ၾကပါေတာ့သည္။

တိမ္ညိဳေတြကင္းစင္သြားတဲ့ ေကာင္းကင္ျပင္ဟာ ေအးခ်မ္းသာယာလၽွက္ပင္။

.................................................................................

(ဆက္ရန္)
(၇.၁.၂၀၂၄)

Continue Reading

You'll Also Like

51.6K 3.9K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
25.3K 2.2K 72
ဖတ်ကြည့်နော်😉😉
82.1K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
565K 49.3K 29
Taekook Fanfiction Jeon Kim Own creation