Chapter (55) Arc 4
မရှိတော့ဘူး
"ဟမ့်... အတင့်ရဲလိုက်တာ... သေးငယ်တဲ့ ငါးလေးတစ်ကောင်က ထုံးထျန်းဧကရာဇ်အင်ပါယာက ထုံးထျန်းကျောင်းတော်ရဲ့ ကျောင်းသားတွေရှေ့မှာ ဂုဏ်ယူဝံ့ကြွား နေတယ်ပေါ့လေ... ဓားချက်ကို ကြည့်လိုက်စမ်း!"
ကျောက်ဟန်လို ခေါ်တဲ့ လူတစ်ယောက်က သူ့လက်တွေကို ခါယမ်းလိုက်တော့သည်။ ထိုအခိုက်တွင် သူ့နောက်ကျောမှာ လွယ်ထားတဲ့ ဓားရှည်က ဖြည်းညှင်းစွာ လွင့်ထွက်လာပြီး လုရွှမ်ဆီ ပြေးဝင်သွားခဲ့သည်။
ဓားပျံ?
မဟုတ်ဘူး။ ဒါက ပတ်ဝန်းကျင်ရဲ့ စွမ်းအားကို ချေးငှားယူလိုက်တာပဲ။ လုရွှမ်၏ မျက်လုံးများတွင် အနည်းငယ် စိတ်ဝင်စားသွားသော အရိပ်အယောင်များ ပေါ်လာသည်။
ထုံးထျန်းကျောင်းတော်ကို မပြောနဲ့ ထုံးထျန်းဧကရာဇ် အင်ပါယာကိုတောင် သူတစ်ခါမှ မကြားဖူးဘူး။ ကြည့်ရတာ အဲဒီဧကရာဇ် အင်ပါယာကို အနှစ်သုံးရာအတွင်း တည်ထောင်ခဲ့ပုံပဲ။
နောက်ခံသိပ် မရှိပေမယ့် ဒီကျောင်းသားတွေရဲ့ အရည်အချင်းတွေက ထူးထူးခြားခြား ဖြစ်နေပါပြီ။ ဒီလူတွေသာ ကြီးပြင်းလာမယ်ဆိုရင် သူတို့ဟာ အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ ကျော်ကြားမှုကို ရနိုင်မှာ မဟုတ်ပါလား။
ထိုအခိုက် ဓားပျံကလည်း အလွန်လျင်မြန်စွာ လာနေလေပြီ။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့မျက်ခုံးမွှေး စပ်ကြားဆီသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။
လုရွှမ် စိတ်ဝိညာဉ်စွမ်းအားကို သူ့ရှေ့မှာ ချထားပြီးပြီ။ သူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို ဆွဲထုတ်၍ တုန်လှုပ်မှုကို အခွင့်ကောင်းယူကာ အင်အားစုနှစ်ခု ရောယှက်နေစဥ် သူ့လက်ချောင်းများကို မြှောက်လျက် ပျံသန်းလာနေသော ဓားကို ဖမ်းဆုပ်ထားလိုက်သည်။
ဒီလှုပ်ရှားမှုက ဘယ်လောက် အံ့ဩစရာ ကောင်းလိုက်သလဲ ဆိုရင် ဓားပျံပိုင်ရှင် ကျောက်ဟန်ပင် မျက်လုံးပြူး မျက်စံပြူးဖြင့် မယုံနိုင်အောင် ဖြစ်သွားရှာသည်။ သူ့ရဲ့ဓားပျံကို ပြန်ခေါ်ပေမယ့် လုပ်လည်း မလုပ်ရဲသေးချေ။
လုရွှမ်ရဲ့ အမြင်မှာတော့ ဒီလူတွေက ဖန်လုံအိမ် အတွင်းက ပန်းများသာ ဖြစ်သည်။ ဒီလိုလူများနှင့် ဆက်ဆံရာတွင် သူတို့ရဲ့ သာလွန်တဲ့ ခွန်အားကို မခွဲခြားသေးဘဲ သူတို့ရဲ့ အတွေ့အကြုံ မရှိသေးတဲ့ ပုံစံကို ကြည့်လိုက်တာနဲ့တင် ကလေး ကစားစရာလို ဖြစ်နေပါပြီ။
"ဒါက စွမ်းအင် ချေးငှားမှုမျိုးပဲ.... ဒါပေမဲ့ လေးနက်လွန်းတယ် ငါတောင် မလုပ်နိုင်ဘူး"
အမျိုးသမီးက တိတ်တိတ်လေး ပြောလိုက်ပြီး လုရွှမ်ကို ကြည့်လိုက်တဲ့ သူမရဲ့ မျက်လုံးထဲမှာ လုရွှမ်သာ မသိနားမလည်တဲ့ လူတစ်ယောက် မဟုတ်တော့ပေ။
လုရွှမ် ဓားပျံကို ပေါ့ပေါ့ဆဆ လှန်လိုက်ပြီးနောက် ကျောက်ဟန်ထံ ပြန်ပစ်ပေးလိုက်သည်။ ကျောက်ဟန် ကြောင်တက်တက်ဖြင့် ကြည့်ကာ တစ်ဖက်လူက အဘယ်ကြောင့် ဒီအခွင့်အရေးကို မယူလဲ ဆိုတာကို အံ့ဩမိသွားသည်။
ကြမ်းတမ်းသော စကားလုံးတချို့ကို ပြောချလိုက်ချင်သော်လည်း အကြောင်းပြချက် မရှိဘဲ တုန်လှုပ်သွားကာ ပါးစပ် ပိတ်လိုက်ရသည်။
"သွားကြစို့.... ယွမ်စံအိမ်သို့ သွားရအောင် စကားမစပ် ယွမ်စံအိမ်က ဘယ်လိုပစ္စည်းကို ပျောက်သွားတာတဲ့လဲ?"
လုရွှမ် မေးလိုက်သည်။
ဘယ်သူကမှ စကားမပြောရဲပေ။ လုရွှမ်လည်း ဂရုမစိုက်ဘဲ ရှေ့ကို ဆက်ပြေးသွားခဲ့သည်။ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ကိုးယောက်လည်း လုရွှမ်ရဲ့ နောက်ကို လိုက်သွားကြတော့သည်။
လုရွှမ်သည် ယွမ်စံအိမ်ကြီးနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်သောအခါ ယွမ်စံအိမ်၏ တံခါးသည် ယခုအချိန်တွင် ပိတ်သွားပြီးဖြစ်ကြောင်း သိလိုက်ရသည်။ အဝေးမှ လှမ်းကြည့်လိုက်ရာ မှုန်မှိုင်းကာ ဆိတ်သုဉ်းသွားသလို ခံစားနေရ၏။
တစ်ခုခု ဖြစ်သွားတာလား?
ယန်လိထန်း အပေါ်မှာတော့ လုရွှမ်ဟာ ခံစားချက် ကောင်းနေတုန်းပါပဲ။ တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ ပထမနေရာ ရထားပေမယ့် သူ့မှာ ကြံ့ခိုင်မှု မရှိသလို မောက်မာမှုလည်း သိပ်မရှိဘူး ဆိုတာ သူသိတယ်လေ။
လုရွှမ် သူ့နောက်က လူအနည်းငယ်ကို ကြည့်လိုက်ရန် ခေါင်းကို လှည့်ကြည့်လိုက်သည်။ ယခုအချိန်တွင် ဒီလူအနည်းငယ်ရဲ့ လက္ခဏာများကို သူသိနေပြီ ဖြစ်သည်။
လူကောင်သေးသေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးကို ကျိုးကျိုးဟု ခေါ်၍ သူမသည် ထုံးထျန်းကျောင်းတော်က ပါရမီရှင်လေး ဖြစ်ကာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် ၉ ဖြစ်၏။
ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာရှိ အမျိုးသမီးသည် ယခုတစ်ကြိမ်တွင် ၎င်းတို့၏ လေ့ကျင့်ရေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်ပြီး ယန်ရှီးဟု ခေါ်တွင်သည်။ သူမသည် ဒီလူ၉ယောက် အနက်မှ တန်ခိုးအကြီးဆုံးလည်း ဖြစ်သည်။
ယန်ရှီးက ဦးစွာ ဆင်းသက်ကာ တံခါးကို ခေါက်လိုက်ရာ အဘိုးအိုတစ်ယောက် ထွက်လာပြီး လူတိုင်းကို ကြိုဆိုလာသည်။ လုရွှမ်ကို မြင်တော့ ရုတ်တရက် ဒေါသ မျက်လုံးများ ပြူးထွက်ကာ သူ့လက်ထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ လုရွှမ်ကို ဓားဖြင့် ထိုးချလိုက်သည်။
ယန်ရှီးလည်း အဖိုးအိုကို ဝင်ကာရင်း လုရွှမ်ကို စိုက်ကြည့်လိုက်ကာ
"ဒါက ယွမ်စံအိမ်ရဲ့ အိမ်စောင့်အသစ် ဖြစ်တဲ့ ဦးလေးဟဲပေါ်ပါ"
လုရွှမ် ဟဲပေါ်၏ လက်မောင်းတွင် ဖုံးအုပ်ထားသော အနက်ရောင် ပိတ်စကို မြင်လိုက်ရတော့ သူ့နှလုံးသား တုန်လှုပ်သွားကာ သူအရင်က ခံစားခဲ့ရတဲ့ အထီးကျန်မှုကို ပြန်သတိရသွားသည်။
"အစ်ကိုယန် တစ်ခုခု ဖြစ်သွားတာလား?"
"မင်းက ငါ့သခင်ကို သတ်လိုက်တာပဲ... ဒီအချိန်မှာတောင် မင်းက ဟန်ဆောင်နေတုန်းပဲပေါ့ ဟမ့် သခင်မလေး.... သခင်အတွက် လက်စားချေဖို့ သူ့ကို သတ်ပစ်ရမယ်!!"
ဟဲပေါ်က ရှုံ့ချအော်ဟစ်လိုက်သည်။
ယန်ရှီး၏ မျိုးရိုးအမည်မှာ ယန်ဖြစ်ပြီး ယန်လိထန်းနဲ့ ဆက်ဆံရေးကို ခန့်မှန်းထားမိသော်လည်း သူ့ရဲ့ ညီမငယ် ဖြစ်နေမယ်လို့ မမျှော်လင့်ထားပေ။
"ဟဲပေါ်... ပေါက်ကရတွေ မပြောနဲ့.... လုရွှမ်က အစ်ကို့ကိုသတ်တဲ့ လူသတ်သမားတော့ မဟုတ်ဘူး"
ယန်ရှီးက ထိုကျွန်ဟောင်းကြီးကို နှစ်သိမ့်ပြီးနောက် လူကို သူ့ဘာသာသူ ထွက်သွားခွင့်ပေးလိုက်သည်။ ထိုလူမှာ ဒေါသတကြီး ထွက်သွားသော်လည်း လုရွှမ်ကို ရံဖန်ရံခါ ပြန်ကြည့်လာသေးသည်။
"ဘာပဲဖြစ်ဖြစ် အစ်ကိုယန်ကို နံ့သာပေါင်းနဲ့ ပူဇော်လို့ ရမလား?"
လုရွှမ် ဆိုလိုက်သည်။
ယန်ရှီးက အသံတစ်ချက်ပြု၍ လုရွှမ်ကို ဝမ်းနည်းခြင်း ခန်းမဆီ ခေါ်သွားခဲ့သည်။ ရုပ်အလောင်းကို ခန်းမရှေ့တွင် ထားရှိထားပြီး ယန်လိထန်းသည် ၎င်း၏နှလုံးပေါ်တွင် ဓားအမှတ်အသားဖြင့် လုံခြုံစွာ လှဲလျောင်းနေ၏။
လုရွှမ်သည် ယန်လိထန်း၏ ရင်ဘတ်ပေါ်သို့ သူ့လက်ဖဝါးကို ညင်သာစွာ ဖိလိုက်ပြီး ဓားသွားကို ချက်ချင်း ခံစားကြည့်လိုက်သည်။ ယန်လိထန်း သေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သော်လည်း ဓားအငွေ့အသက်မှာ မပျောက်သေးပေ။
"မြို့ထောင်ချီမဟာမိတ်မှာ ကျွန်မအစ်ကိုကို သတ်နိုင်တဲ့လူ များများစားစား မရှိဘူး"
ယန်ရှီး ပြောပြီးတော့ အသံတိတ်သွားခဲ့သည်။ သူမ၏ သဘောထားသည် အတော်ပင် တည်ငြိမ်နေသော်လည်း လုရွှမ်အား သူမ၏ သံသယစာရင်းထဲက လုံးဝ မထုတ်ခဲ့ပေ။
လုရွှမ်က သက်ပြင်းချလိုက်ပြီး ယန်ရှီးကို ပြန်ကြည့်လိုက်သည်။
"ငါသိသလောက် မင်းအစ်ကိုကို သတ်နိုင်တဲ့လူက မနည်းပါဘူး.... အပြင်လူဆို ပြောမနေနဲ့တော့... သခင်မလေးယန်ရှီးလည်း ဒီအချက်ကို ကောင်းကောင်း သိမှာပါ.... ဒါဆိုဘာလို့ စိတ်ရှုပ်သလို ဟန်ဆောင်နေရတာလဲ? မင်းအစောက ရတနာတစ်ခု ပျောက်သွားလို့ စုံစမ်းနေတယ်လို့ ပြောခဲ့တယ်... အဲဒါက ဒီအတိုင်း မုသားပြောခဲ့တာပဲ မဟုတ်လား?"
ဒီယွမ်စံအိမ်ကြီးမှာ ရတနာလို့ ခေါ်ဆိုနိုင်တဲ့ အရာကတော့ ဥယျာဉ် နောက်ဘက်မှာရှိတဲ့ နဂါးနှလုံးပဲ ရှိတယ်လေ။
နဂါးနှလုံး တည်နေရာကို တစ်စုံတစ်ယောက်က သတိပြုမိသွားပြီး နဂါးနှလုံး ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသဖြင့် ယန်လိထန်ူအပေါ် သူ့ဒေါသကို ပြေပျောက်စေခဲ့တာ ဖြစ်ရမည်။
လုရွှမ် ကျောက်စိမ်းနက်ထဲမှ ပျင်းရိနေသော ကျီးကန်ကို အမြန် ဆက်သွယ်လိုက်သည်။
"စိတ်မပူပါနဲ့... ဒီမှာ ထူးဆန်းတဲ့ ရတနာတစ်ခု ရှိနေတာကို တစ်စုံတစ်ယောက်ကသာ သိနိုင်ခဲ့ရင် မင်းရဲ့ ခန္ဓာကိုယ်ထဲ ထူးဆန်းတဲ့ ရတနာသိုက်ကို ဟိုးအရင်ကတည်းက ရှာတွေ့ပြီးလောက်ပြီပေါ့.... မင်းဒီနေရာမှာ လုံခြုံစွာနဲ့ နေနိုင်မယ်လို့ ထင်နေလား?"
"ကျွန်မနောက်က လိုက်ခဲ့!"
ယန်ရှီးက ပြောပြီး လူအုပ်စုကို ဦးဆောင်၍ ဥယျာဉ် အနောက်ဘက်ဆီ ရောက်လာခဲ့သည်။
နောက်ဖေး ဥယျာဉ်သည် အပျက်အစီး အဖြစ်သို့ ပြောင်းလဲသွားကာ ရေကန်ငယ် တစ်ခုလုံးသည် တွင်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ ရေကန်ဘေးရှိ ရွှေနဂါးရုပ်တုကို ဖယ်ထုတ်လိုက်ပြီး ကျောက်တုံးများ အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားတဲ့ ခြေရာလက်ရာတွေသာ ကျန်ရစ်ခဲ့သည်။
လုရွှမ်ကတော့ ဖျက်စီးသွားသူက ဘယ်သူပဲ ဖြစ်ပါစေ ရယ်စရာလေး တစ်ခုလို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုလူသည် ဤနေရာက လျှို့ဝှက်ချက်ကို မတွေ့မိခဲ့ပေ။
ဤနေရာမှ လူများကို အပိုင်းပိုင်း အရိုက်ခံရတာကို ပုံစံအရဆိုရင် ရတနာကို လိုက်ရှာနေပုံရသည်။ သို့သော် လုရွှမ်၏ အမြင်အရတော့ ထိုသူသာ သူ့ဒေါသကို ရှင်းရှင်းလင်းလင်း ဖြေဖျောက်ဖို့ အခုလိုလုပ်လိုက်တာပင်။
"လက်အောက်ငယ်သားတွေရဲ့ စကားအရ ရှင်ဒီကိုရောက်တိုင်း အနောက်က ဥယျာဉ်ကို သွားတယ်... ပြန်ထွက်လာတော့ ရှင့်ရဲ့စွမ်းအားတွေက တဟုန်ထိုး ခုန်တက်သွားတယ်တဲ့... ကျွန်မအမြင်တော့ ရှင်ကျွန်မအစ်ကို ပိုင်ဆိုင်တဲ့ ရတနာတွေကို ရသွားခဲ့တာ သေချာတယ်"
ထိုစကားကို ကြားတော့ လုရွှမ် ပိုလို့တောင် ရယ်ချင်သွား၏။ ရတနာက ဒီမှာရှိတယ်။ ဒါပေမဲ့ နဂါးနှလုံးသားကို သူသိမ်းယူသွားပေမယ့် ဘယ်သူမှ မသိနိုင်ဘူးလေ။ ဒီကျောက်တုံးတွေက နဂါးနှလုံးဆီက နှစ်တွေ အကြာကြီး လွှမ်းမိုးခံခဲ့ရလို့ အနည်းနဲ့ အများတော့ ထူးခြားနေမှာပဲ။
ဒီနေရာအကြောင်းကို အာရုံစူးစိုက်ပြီး နားလည်နိုင်တဲ့ အရည်အချင်းတွေ လုံလုံလောက်လောက် ရှိရင် ကောင်းချီးတွေတောင် ရနိုင်သေးတယ်။ အထူးသဖြင့် ယန်ရှီးပင်။
သူမကိုယ်တိုင်က ကောင်းကင်ကံကြမ္မာရဲ့ ဓမ္မခန္ဓာကိုယ် ရှိပြီး သူမကိုယ်တိုင်တောင် ခံစားလို့ မရနိုင်ဘူးဆိုရင် သူမမှာ အရည်အချင်း မရှိလို့လားပေါ့။
ယခု သူတို့သည် လွန်စွာ လွန်ကဲသော ရတနာများ ခိုးယူခံရခြင်း အကြောင်း ဇာတ်လမ်းကိုပင် ဖန်တီးခဲ့ကြသေးသည်။
ပထမဦးစွာ ပြောရလျှင် ရတနာများသည် အသိဉာဏ်ရှိသည်ဟု မဆိုလိုချေ။ ယန်လိထန်းဟာ ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး နဂါးနှလုံးသား၏ နက်နဲသော အရာကို ရှာဖွေတွေ့ရှိခြင်း မရှိပေ။
ဒုတိယ အနေနဲ့ကတော့ လက်ရှိအခြေအနေတွေကို ကြည့်ရင် ယန်လိထန်းဟာ သူရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ချေ။
"ထားလိုက်ပါ... မင်းအစ်ကို့ကို မျက်နှာသာ ပေးတဲ့အနေနဲ့ မင်းကို အကြံတစ်ခု ပေးပါရစေ.... ဒီမှာ ဘာရတနာတွေမှ မရှိဘူး ဒါပေမဲ့ သေးငယ်တဲ့ သဘာဝစွမ်းအင်တွေကိုတော့ ဖုံးကွယ်ထားတယ်.... ငါ့ရဲ့ ခွန်အားတွေ ဘာကြောင့် ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာကို မင်း သံသယ ဖြစ်နေရင် စိတ်အေးအေးထားပြီး ခံစားကြည့်လိုက်ပါ...."
Chapter (55) Arc 4
မရွိေတာ့ဘူး
"ဟမ့္... အတင့္ရဲလိုက္တာ... ေသးငယ္တဲ့ ငါးေလးတစ္ေကာင္က ထုံးထ်န္းဧကရာဇ္အင္ပါယာက ထုံးထ်န္းေက်ာင္းေတာ္ရဲ႕ ေက်ာင္းသားေတြေရွ႕မွာ ဂုဏ္ယူဝံ့ႂကြား ေနတယ္ေပါ့ေလ... ဓားခ်က္ကို ၾကည့္လိုက္စမ္း!"
ေက်ာက္ဟန္လို ေခၚတဲ့ လူတစ္ေယာက္က သူ႕လက္ေတြကို ခါယမ္းလိုက္ေတာ့သည္။ ထိုအခိုက္တြင္ သူ႕ေနာက္ေက်ာမွာ လြယ္ထားတဲ့ ဓားရွည္က ျဖည္းညွင္းစြာ လြင့္ထြက္လာၿပီး လု႐ႊမ္ဆီ ေျပးဝင္သြားခဲ့သည္။
ဓားပ်ံ?
မဟုတ္ဘူး။ ဒါက ပတ္ဝန္းက်င္ရဲ႕ စြမ္းအားကို ေခ်းငွားယူလိုက္တာပဲ။ လု႐ႊမ္၏ မ်က္လုံးမ်ားတြင္ အနည္းငယ္ စိတ္ဝင္စားသြားေသာ အရိပ္အေယာင္မ်ား ေပၚလာသည္။
ထုံးထ်န္းေက်ာင္းေတာ္ကို မေျပာနဲ႕ ထုံးထ်န္းဧကရာဇ္ အင္ပါယာကိုေတာင္ သူတစ္ခါမွ မၾကားဖူးဘူး။ ၾကည့္ရတာ အဲဒီဧကရာဇ္ အင္ပါယာကို အႏွစ္သုံးရာအတြင္း တည္ေထာင္ခဲ့ပုံပဲ။
ေနာက္ခံသိပ္ မရွိေပမယ့္ ဒီေက်ာင္းသားေတြရဲ႕ အရည္အခ်င္းေတြက ထူးထူးျခားျခား ျဖစ္ေနပါၿပီ။ ဒီလူေတြသာ ႀကီးျပင္းလာမယ္ဆိုရင္ သူတို႔ဟာ အနာဂတ္မွာ ႀကီးက်ယ္ခမ္းနားတဲ့ ေက်ာ္ၾကားမႈကို ရနိုင္မွာ မဟုတ္ပါလား။
ထိုအခိုက္ ဓားပ်ံကလည္း အလြန္လ်င္ျမန္စြာ လာေနေလၿပီ။ မ်က္စိတစ္မွိတ္ အတြင္းမွာပင္ သူ႕မ်က္ခုံးေမႊး စပ္ၾကားဆီသို႔ ခ်ဥ္းကပ္လာေနၿပီ ျဖစ္သည္။
လု႐ႊမ္ စိတ္ဝိညာဥ္စြမ္းအားကို သူ႕ေရွ႕မွာ ခ်ထားၿပီးၿပီ။ သူသည္ သူ၏ ဝိညာဥ္စြမ္းအင္ကို ဆြဲထုတ္၍ တုန္လႈပ္မႈကို အခြင့္ေကာင္းယူကာ အင္အားစုႏွစ္ခု ေရာယွက္ေနစဥ္ သူ႕လက္ေခ်ာင္းမ်ားကို ျမႇောက္လ်က္ ပ်ံသန္းလာေနေသာ ဓားကို ဖမ္းဆုပ္ထားလိုက္သည္။
ဒီလႈပ္ရွားမႈက ဘယ္ေလာက္ အံ့ဩစရာ ေကာင္းလိုက္သလဲ ဆိုရင္ ဓားပ်ံပိုင္ရွင္ ေက်ာက္ဟန္ပင္ မ်က္လုံးျပဴး မ်က္စံျပဴးျဖင့္ မယုံနိုင္ေအာင္ ျဖစ္သြားရွာသည္။ သူ႕ရဲ႕ဓားပ်ံကို ျပန္ေခၚေပမယ့္ လုပ္လည္း မလုပ္ရဲေသးေခ်။
လု႐ႊမ္ရဲ႕ အျမင္မွာေတာ့ ဒီလူေတြက ဖန္လုံအိမ္ အတြင္းက ပန္းမ်ားသာ ျဖစ္သည္။ ဒီလိုလူမ်ားႏွင့္ ဆက္ဆံရာတြင္ သူတို႔ရဲ႕ သာလြန္တဲ့ ခြန္အားကို မခြဲျခားေသးဘဲ သူတို႔ရဲ႕ အေတြ႕အႀကဳံ မရွိေသးတဲ့ ပုံစံကို ၾကည့္လိုက္တာနဲ႕တင္ ကေလး ကစားစရာလို ျဖစ္ေနပါၿပီ။
"ဒါက စြမ္းအင္ ေခ်းငွားမႈမ်ိဳးပဲ.... ဒါေပမဲ့ ေလးနက္လြန္းတယ္ ငါေတာင္ မလုပ္နိုင္ဘူး"
အမ်ိဳးသမီးက တိတ္တိတ္ေလး ေျပာလိုက္ၿပီး လု႐ႊမ္ကို ၾကည့္လိုက္တဲ့ သူမရဲ႕ မ်က္လုံးထဲမွာ လု႐ႊမ္သာ မသိနားမလည္တဲ့ လူတစ္ေယာက္ မဟုတ္ေတာ့ေပ။
လု႐ႊမ္ ဓားပ်ံကို ေပါ့ေပါ့ဆဆ လွန္လိုက္ၿပီးေနာက္ ေက်ာက္ဟန္ထံ ျပန္ပစ္ေပးလိုက္သည္။ ေက်ာက္ဟန္ ေၾကာင္တက္တက္ျဖင့္ ၾကည့္ကာ တစ္ဖက္လူက အဘယ္ေၾကာင့္ ဒီအခြင့္အေရးကို မယူလဲ ဆိုတာကို အံ့ဩမိသြားသည္။
ၾကမ္းတမ္းေသာ စကားလုံးတခ်ိဳ႕ကို ေျပာခ်လိဳက္ခ်င္ေသာ္လည္း အေၾကာင္းျပခ်က္ မရွိဘဲ တုန္လႈပ္သြားကာ ပါးစပ္ ပိတ္လိုက္ရသည္။
"သြားၾကစို႔.... ယြမ္စံအိမ္သို႔ သြားရေအာင္ စကားမစပ္ ယြမ္စံအိမ္က ဘယ္လိုပစၥည္းကို ေပ်ာက္သြားတာတဲ့လဲ?"
လု႐ႊမ္ ေမးလိုက္သည္။
ဘယ္သူကမွ စကားမေျပာရဲေပ။ လု႐ႊမ္လည္း ဂ႐ုမစိုက္ဘဲ ေရွ႕ကို ဆက္ေျပးသြားခဲ့သည္။ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ၿပီးေနာက္ ကိုးေယာက္လည္း လု႐ႊမ္ရဲ႕ ေနာက္ကို လိုက္သြားၾကေတာ့သည္။
လု႐ႊမ္သည္ ယြမ္စံအိမ္ႀကီးႏွင့္ အလြန္ရင္းႏွီးသူ ျဖစ္သည္။ သူ ေျမျပင္ေပၚသို႔ ဆင္းသက္ေသာအခါ ယြမ္စံအိမ္၏ တံခါးသည္ ယခုအခ်ိန္တြင္ ပိတ္သြားၿပီးျဖစ္ေၾကာင္း သိလိုက္ရသည္။ အေဝးမွ လွမ္းၾကည့္လိုက္ရာ မႈန္မွိုင္းကာ ဆိတ္သုဥ္းသြားသလို ခံစားေနရ၏။
တစ္ခုခု ျဖစ္သြားတာလား?
ယန္လိထန္း အေပၚမွာေတာ့ လု႐ႊမ္ဟာ ခံစားခ်က္ ေကာင္းေနတုန္းပါပဲ။ ေတာ္ဝင္အင္ပါယာ ထိပ္သီးစာရင္းမွာ ပထမေနရာ ရထားေပမယ့္ သူ႕မွာ ႀကံ့ခိုင္မႈ မရွိသလို ေမာက္မာမႈလည္း သိပ္မရွိဘူး ဆိုတာ သူသိတယ္ေလ။
လု႐ႊမ္ သူ႕ေနာက္က လူအနည္းငယ္ကို ၾကည့္လိုက္ရန္ ေခါင္းကို လွည့္ၾကည့္လိုက္သည္။ ယခုအခ်ိန္တြင္ ဒီလူအနည္းငယ္ရဲ႕ လကၡဏာမ်ားကို သူသိေနၿပီ ျဖစ္သည္။
လူေကာင္ေသးေသးနဲ႕ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးကို က်ိဳးက်ိဳးဟု ေခၚ၍ သူမသည္ ထုံးထ်န္းေက်ာင္းေတာ္က ပါရမီရွင္ေလး ျဖစ္ကာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္ ၉ ျဖစ္၏။
ေကာင္းကင္ကံၾကမၼာ ဓမၼခႏၶာရွိ အမ်ိဳးသမီးသည္ ယခုတစ္ႀကိမ္တြင္ ၎တို႔၏ ေလ့က်င့္ေရးအဖြဲ႕၏ ေခါင္းေဆာင္ ျဖစ္ၿပီး ယန္ရွီးဟု ေခၚတြင္သည္။ သူမသည္ ဒီလူ၉ေယာက္ အနက္မွ တန္ခိုးအႀကီးဆုံးလည္း ျဖစ္သည္။
ယန္ရွီးက ဦးစြာ ဆင္းသက္ကာ တံခါးကို ေခါက္လိုက္ရာ အဘိုးအိုတစ္ေယာက္ ထြက္လာၿပီး လူတိုင္းကို ႀကိဳဆိုလာသည္။ လု႐ႊမ္ကို ျမင္ေတာ့ ႐ုတ္တရက္ ေဒါသ မ်က္လုံးမ်ား ျပဴးထြက္ကာ သူ႕လက္ထဲမွ ဓားျမႇောင္တစ္ေခ်ာင္းကို ထုတ္ကာ လု႐ႊမ္ကို ဓားျဖင့္ ထိုးခ်လိဳက္သည္။
ယန္ရွီးလည္း အဖိုးအိုကို ဝင္ကာရင္း လု႐ႊမ္ကို စိုက္ၾကည့္လိုက္ကာ
"ဒါက ယြမ္စံအိမ္ရဲ႕ အိမ္ေစာင့္အသစ္ ျဖစ္တဲ့ ဦးေလးဟဲေပၚပါ"
လု႐ႊမ္ ဟဲေပၚ၏ လက္ေမာင္းတြင္ ဖုံးအုပ္ထားေသာ အနက္ေရာင္ ပိတ္စကို ျမင္လိုက္ရေတာ့ သူ႕ႏွလုံးသား တုန္လႈပ္သြားကာ သူအရင္က ခံစားခဲ့ရတဲ့ အထီးက်န္မႈကို ျပန္သတိရသြားသည္။
"အစ္ကိုယန္ တစ္ခုခု ျဖစ္သြားတာလား?"
"မင္းက ငါ့သခင္ကို သတ္လိုက္တာပဲ... ဒီအခ်ိန္မွာေတာင္ မင္းက ဟန္ေဆာင္ေနတုန္းပဲေပါ့ ဟမ့္ သခင္မေလး.... သခင္အတြက္ လက္စားေခ်ဖိဳ႕ သူ႕ကို သတ္ပစ္ရမယ္!!"
ဟဲေပၚက ရႈံ႕ခ်ေအာ္ဟစ္လိုက္သည္။
ယန္ရွီး၏ မ်ိဳးရိုးအမည္မွာ ယန္ျဖစ္ၿပီး ယန္လိထန္းနဲ႕ ဆက္ဆံေရးကို ခန႔္မွန္းထားမိေသာ္လည္း သူ႕ရဲ႕ ညီမငယ္ ျဖစ္ေနမယ္လို႔ မေမွ်ာ္လင့္ထားေပ။
"ဟဲေပၚ... ေပါက္ကရေတြ မေျပာနဲ႕.... လု႐ႊမ္က အစ္ကို႔ကိုသတ္တဲ့ လူသတ္သမားေတာ့ မဟုတ္ဘူး"
ယန္ရွီးက ထိုကြၽန္ေဟာင္းႀကီးကို ႏွစ္သိမ့္ၿပီးေနာက္ လူကို သူ႕ဘာသာသူ ထြက္သြားခြင့္ေပးလိုက္သည္။ ထိုလူမွာ ေဒါသတႀကီး ထြက္သြားေသာ္လည္း လု႐ႊမ္ကို ရံဖန္ရံခါ ျပန္ၾကည့္လာေသးသည္။
"ဘာပဲျဖစ္ျဖစ္ အစ္ကိုယန္ကို နံ႕သာေပါင္းနဲ႕ ပူေဇာ္လို႔ ရမလား?"
လု႐ႊမ္ ဆိုလိုက္သည္။
ယန္ရွီးက အသံတစ္ခ်က္ျပဳ၍ လု႐ႊမ္ကို ဝမ္းနည္းျခင္း ခန္းမဆီ ေခၚသြားခဲ့သည္။ ႐ုပ္အေလာင္းကို ခန္းမေရွ႕တြင္ ထားရွိထားၿပီး ယန္လိထန္းသည္ ၎၏ႏွလုံးေပၚတြင္ ဓားအမွတ္အသားျဖင့္ လုံၿခဳံစြာ လွဲေလ်ာင္းေန၏။
လု႐ႊမ္သည္ ယန္လိထန္း၏ ရင္ဘတ္ေပၚသို႔ သူ႕လက္ဖဝါးကို ညင္သာစြာ ဖိလိုက္ၿပီး ဓားသြားကို ခ်က္ခ်င္း ခံစားၾကည့္လိုက္သည္။ ယန္လိထန္း ေသသည္မွာ ႏွစ္ရက္ရွိၿပီ ျဖစ္ေသာ္လည္း ဓားအေငြ႕အသက္မွာ မေပ်ာက္ေသးေပ။
"ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ ကြၽန္မအစ္ကိုကို သတ္နိုင္တဲ့လူ မ်ားမ်ားစားစား မရွိဘူး"
ယန္ရွီး ေျပာၿပီးေတာ့ အသံတိတ္သြားခဲ့သည္။ သူမ၏ သေဘာထားသည္ အေတာ္ပင္ တည္ၿငိမ္ေနေသာ္လည္း လု႐ႊမ္အား သူမ၏ သံသယစာရင္းထဲက လုံးဝ မထုတ္ခဲ့ေပ။
လု႐ႊမ္က သက္ျပင္းခ်လိဳက္ၿပီး ယန္ရွီးကို ျပန္ၾကည့္လိုက္သည္။
"ငါသိသေလာက္ မင္းအစ္ကိုကို သတ္နိုင္တဲ့လူက မနည္းပါဘူး.... အျပင္လူဆို ေျပာမေနနဲ႕ေတာ့... သခင္မေလးယန္ရွီးလည္း ဒီအခ်က္ကို ေကာင္းေကာင္း သိမွာပါ.... ဒါဆိုဘာလို႔ စိတ္ရႈပ္သလို ဟန္ေဆာင္ေနရတာလဲ? မင္းအေစာက ရတနာတစ္ခု ေပ်ာက္သြားလို႔ စုံစမ္းေနတယ္လို႔ ေျပာခဲ့တယ္... အဲဒါက ဒီအတိုင္း မုသားေျပာခဲ့တာပဲ မဟုတ္လား?"
ဒီယြမ္စံအိမ္ႀကီးမွာ ရတနာလို႔ ေခၚဆိုနိုင္တဲ့ အရာကေတာ့ ဥယ်ာဥ္ ေနာက္ဘက္မွာရွိတဲ့ နဂါးႏွလုံးပဲ ရွိတယ္ေလ။
နဂါးႏွလုံး တည္ေနရာကို တစ္စုံတစ္ေယာက္က သတိျပဳမိသြားၿပီး နဂါးႏွလုံး ေပ်ာက္ကြယ္သြားတာကို ေတြ႕လိုက္ရသျဖင့္ ယန်လိထန်ူအပေါ် သူ႕ေဒါသကို ေျပေပ်ာက္ေစခဲ့တာ ျဖစ္ရမည္။
လု႐ႊမ္ ေက်ာက္စိမ္းနက္ထဲမွ ပ်င္းရိေနေသာ က်ီးကန္ကို အျမန္ ဆက္သြယ္လိုက္သည္။
"စိတ္မပူပါနဲ႕... ဒီမွာ ထူးဆန္းတဲ့ ရတနာတစ္ခု ရွိေနတာကို တစ္စုံတစ္ေယာက္ကသာ သိနိုင္ခဲ့ရင္ မင္းရဲ႕ ခႏၶာကိုယ္ထဲ ထူးဆန္းတဲ့ ရတနာသိုက္ကို ဟိုးအရင္ကတည္းက ရွာေတြ႕ၿပီးေလာက္ၿပီေပါ့.... မင္းဒီေနရာမွာ လုံၿခဳံစြာနဲ႕ ေနနိုင္မယ္လို႔ ထင္ေနလား?"
"ကြၽန္မေနာက္က လိုက္ခဲ့!"
ယန္ရွီးက ေျပာၿပီး လူအုပ္စုကို ဦးေဆာင္၍ ဥယ်ာဥ္ အေနာက္ဘက္ဆီ ေရာက္လာခဲ့သည္။
ေနာက္ေဖး ဥယ်ာဥ္သည္ အပ်က္အစီး အျဖစ္သို႔ ေျပာင္းလဲသြားကာ ေရကန္ငယ္ တစ္ခုလုံးသည္ တြင္းႀကီး တစ္ခုအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီ။ ေရကန္ေဘးရွိ ေ႐ႊနဂါး႐ုပ္တုကို ဖယ္ထုတ္လိုက္ၿပီး ေက်ာက္တုံးမ်ား အစိတ္စိတ္ အမႊာမႊာ ကြဲထြက္သြားတဲ့ ေျခရာလက္ရာေတြသာ က်န္ရစ္ခဲ့သည္။
လု႐ႊမ္ကေတာ့ ဖ်က္စီးသြားသူက ဘယ္သူပဲ ျဖစ္ပါေစ ရယ္စရာေလး တစ္ခုလို ႐ုတ္တရက္ ခံစားလိုက္ရသည္။ ထိုလူသည္ ဤေနရာက လွ်ို႔ဝွက္ခ်က္ကို မေတြ႕မိခဲ့ေပ။
ဤေနရာမွ လူမ်ားကို အပိုင္းပိုင္း အရိုက္ခံရတာကို ပုံစံအရဆိုရင္ ရတနာကို လိုက္ရွာေနပုံရသည္။ သို႔ေသာ္ လု႐ႊမ္၏ အျမင္အရေတာ့ ထိုသူသာ သူ႕ေဒါသကို ရွင္းရွင္းလင္းလင္း ေျဖေဖ်ာက္ဖို႔ အခုလိုလုပ္လိုက္တာပင္။
"လက္ေအာက္ငယ္သားေတြရဲ႕ စကားအရ ရွင္ဒီကိုေရာက္တိုင္း အေနာက္က ဥယ်ာဥ္ကို သြားတယ္... ျပန္ထြက္လာေတာ့ ရွင့္ရဲ႕စြမ္းအားေတြက တဟုန္ထိုး ခုန္တက္သြားတယ္တဲ့... ကြၽန္မအျမင္ေတာ့ ရွင္ကြၽန္မအစ္ကို ပိုင္ဆိုင္တဲ့ ရတနာေတြကို ရသြားခဲ့တာ ေသခ်ာတယ္"
ထိုစကားကို ၾကားေတာ့ လု႐ႊမ္ ပိုလို႔ေတာင္ ရယ္ခ်င္သြား၏။ ရတနာက ဒီမွာရွိတယ္။ ဒါေပမဲ့ နဂါးႏွလုံးသားကို သူသိမ္းယူသြားေပမယ့္ ဘယ္သူမွ မသိနိုင္ဘူးေလ။ ဒီေက်ာက္တုံးေတြက နဂါးႏွလုံးဆီက ႏွစ္ေတြ အၾကာႀကီး လႊမ္းမိုးခံခဲ့ရလို႔ အနည္းနဲ႕ အမ်ားေတာ့ ထူးျခားေနမွာပဲ။
ဒီေနရာအေၾကာင္းကို အာ႐ုံစူးစိုက္ၿပီး နားလည္နိုင္တဲ့ အရည္အခ်င္းေတြ လုံလုံေလာက္ေလာက္ ရွိရင္ ေကာင္းခ်ီးေတြေတာင္ ရနိုင္ေသးတယ္။ အထူးသျဖင့္ ယန္ရွီးပင္။
သူမကိုယ္တိုင္က ေကာင္းကင္ကံၾကမၼာရဲ႕ ဓမၼခႏၶာကိုယ္ ရွိၿပီး သူမကိုယ္တိုင္ေတာင္ ခံစားလို႔ မရနိုင္ဘူးဆိုရင္ သူမမွာ အရည္အခ်င္း မရွိလို႔လားေပါ့။
ယခု သူတို႔သည္ လြန္စြာ လြန္ကဲေသာ ရတနာမ်ား ခိုးယူခံရျခင္း အေၾကာင္း ဇာတ္လမ္းကိုပင္ ဖန္တီးခဲ့ၾကေသးသည္။
ပထမဦးစြာ ေျပာရလွ်င္ ရတနာမ်ားသည္ အသိဉာဏ္ရွိသည္ဟု မဆိုလိုေခ်။ ယန္လိထန္းဟာ ဤေနရာတြင္ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ၿပီး နဂါးႏွလုံးသား၏ နက္နဲေသာ အရာကို ရွာေဖြေတြ႕ရွိျခင္း မရွိေပ။
ဒုတိယ အေနနဲ႕ကေတာ့ လက္ရွိအေျခအေနေတြကို ၾကည့္ရင္ ယန္လိထန္းဟာ သူရင္ဆိုင္ခဲ့ရတဲ့ အေျခအေနကို ေကာင္းေကာင္း မကာကြယ္နိုင္ခဲ့ေခ်။
"ထားလိုက္ပါ... မင္းအစ္ကို႔ကို မ်က္ႏွာသာ ေပးတဲ့အေနနဲ႕ မင္းကို အႀကံတစ္ခု ေပးပါရေစ.... ဒီမွာ ဘာရတနာေတြမွ မရွိဘူး ဒါေပမဲ့ ေသးငယ္တဲ့ သဘာဝစြမ္းအင္ေတြကိုေတာ့ ဖုံးကြယ္ထားတယ္.... ငါ့ရဲ႕ ခြန္အားေတြ ဘာေၾကာင့္ ဒီေလာက္ ျမန္ျမန္ဆန္ဆန္ တိုးတက္လာတာကို မင္း သံသယ ျဖစ္ေနရင္ စိတ္ေအးေအးထားၿပီး ခံစားၾကည့္လိုက္ပါ...."