Chapter (52) Arc 4
မိမိဘာသာသေလမ်းရှာခြင်း
"မလုပ်နဲ့!"
ဟန်ရွှယ်တို့ မိန်းကလေးတွေ တစ်ဖွဲ့လုံး နာကျင်စွာ အော်လိုက်ကြသည်။
ချန်စစ်ယန်လည်း နောက်ဆုံးတွင် နိုးလာခဲ့သည်။ သူမ၏ ခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆သို့ ဖြတ်သွားခဲ့ပြီ။ သူမ နိုးလာသောအခါတွင် လုရွှမ်ရဲ့ နှလုံးနေရာကို ငါးရောင်ခြယ်မြှား ပစ်သွင်းလိုက်တာကို တွေ့လိုက်ရသည်။
သူမ၏ နှလုံးသားသည် ခဏတာ ရှက်ရွံ့သွားပြီး ဒူးထောက် ထိုင်ချလိုက်သည်။ မျက်ရည်များက ချက်ချင်းပင် ပါးပြင်ပေါ်သို့ စီးကျလာခဲ့တော့သည်။
မြှားသည် အလင်းစီးကြောင်းကဲ့သို့ အလွန်လျင်မြန်ပြီး ကောင်းကင်နှင့် မြေကြီးကို တစ်ချက်ချင်း ထိုးဖောက်ကာ လုရွှမ်၏ နှလုံးသား နေရာထဲကို ထိုးဖောက် ဝင်ရောက်သွားကာ လေထဲတွင် ရပ်တန့်သွားသည်။
သခင်လေးဟန်ရွှီးတို့ အံ့အား သင့်သွားသည်။ ဒါအဓိပ္ပာယ် မရှိဘူးလေ။ ဝိညာဥ်ချီတွေ စုစည်းထားတဲ့ လေးဟာ မြှားတစ်စင်းကို ပစ်လွှတ်လိုက်တာနဲ့ ပစ်မှတ်ကို သတ်ပစ်ပြီး ကောင်းကင်နဲ့ မြေကြီးအတွင်း သဘာဝအတိုင်း ပျံ့လွင့်သွားလိမ့်မယ်။
အဝေးမှ ကြည့်နေသော လူအုပ်ကြီးသည်လည်း သူတို့ဘက်ခြမ်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ သူတို့သည် အသိပညာ နည်းပါးသော်လည်း အခုအချိန်အထိ ကျင့်ကြံခဲ့သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အမြင်အာရုံမှာ ထူးထူးခြားခြား ဖြစ်နေပါပြီ။
လုရွှမ်မှာ သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းခံခဲ့ရသော်လည်း ထူးထူးခြားခြား လွန်ကဲလွန်းသည့် သူ့နှလုံးမှ သွေးတစ်စက်မှ ထွက်မလာပေ။
သခင်လေး ဟန်ရွှီးတစ်ယောက် မျက်မှောင်ကြုတ်လျက် သတိကပ်သွားစဥ် လေပြင်းတစ်ချက် တိုက်ခတ်သွားကာ လုရွှမ်၏ ရုပ်သွင်သည် အမှုန်အမွှား အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့လွင့်သွားသည်။
လေထု အလယ်မှာ ရပ်နေတဲ့ ငါးရောင်ခြယ်မြှားက ရုတ်တရက် ရွေ့လျားသွား၏။
မြှားက စက်ဝိုင်းပုံစံ လှည့်ကာ ဟန်ရွှီးဆီသို့ အပြင်းအထန် ပစ်ခတ်ခံလိုက်ရသည်။ ပစ်ခတ်လိုက်တဲ့ အမြန်နှုန်းက ယခင်ကထက်ပင် ပိုမြန်နေ၏။ တခဏချင်းမှာပဲ ငယ်ရွယ်တဲ့ သခင်လေး ဟန်ရွှီးရဲ့ ခန္ဓာကိုယ်ကို ငါးရောင်ခြယ်မြှားက ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
သွေးတွေ ပါးစပ်ထဲ ထွက်ကျလာပြီး သူ့ခန္ဓာကိုယ်ထဲမှာ အပေါက်ကြီးတစ်ခု ပေါက်ထွက်သွားခဲ့သည်။
ငါးရောင်ခြယ် နေရောင်မြှား ပျောက်ကွယ်သွားသည်နှင့် သခင်လေး ဟန်ရွှီးသည် ထိတ်လန့်တကြားဖြင့် လှည့်ပတ်ကြည့်ရင်း အော်ဟစ်လိုက်၏။ အသံက နှလုံးသားထဲကို ထိုးဖောက်သွားတော့ မလိုပင် စူးရှလွန်းလှသည်။
"မင်းက လူလား တစ္ဆေလား? မင်းဘယ်မှာလဲ? အခု ထွက်လာခဲ့စမ်း!"
ကြီးမားသော စိတ်ဝိညာဉ် စွမ်းအင်၏ ရိုက်ခတ်သံတစ်ချက် ကောင်းကင်မှ ရုတ်တရက် ပေါ်လာပြီး သူ့မျက်နှာကို ထုရိုက်ကာ မြေပြင်ပေါ်သို့ ခေါက်လိုက်ပြီးနောက် ခြေတစ်ချောင်းက လေထဲမှ ထွက်လာကာ သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် နင်းချပစ်သည်။
သခင်လေး ဟန်ရွှီးသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူ့ရင်ဘတ်က အပေါက်ကြီးထဲမှ သွေးများပင် မြေပြင်ပေါ်သို့ ဖြန်းခနဲ ထွက်ကျလာခဲ့သည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးတွေက ယောက်ယှက်ခတ်နေကာ လုရွှမ်ရဲ့ ပုံသဏ္ဌာန်ကို ရှာဖို့ ကြိုးစားပေမယ့် ဘာကိုမှ မတွေ့ရတော့ပေ။
အံကြိတ်လိုက်ပြီး ဟန်ရွှီးသည် ရုတ်တရက် လွင့်ပျံတက်လာပြီး ကောင်းကင်ပေါ်သို့ လှိမ့်တက်လာကာ လွတ်မြောက်ရန် ကြိုးပမ်းသော်လည်း ခပ်ဝေးဝေးကို မသွားနိုင်မီတွင် ဓားရှည်တစ်လက်သည် ကောင်းကင်၌ ရုတ်တရက် ထွက်ပေါ်လာပြီး အေးစက်သော အလင်းရောင်နှင့်အတူ သူ့ခေါင်းကို ဖြတ်ချပစ်ခဲ့သည်။
အရပ်လေးမျက်နှာမှ လူတိုင်းဟာ သခင်လေး ဟန်ရွှီးရဲ့ မျက်လုံးတွေ ပြူးကျယ်ပြီး အလွန်အမင်း ကြောက်ရွံ့တုန်လှုပ် နေခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရလေသည်။
လေထုထဲရှိ ကြွယ်ဝသော ဝိညာဥ်ချီများ ရုတ်တရက် ကွယ်ပျောက်သွားပြီး ဓားရှည် တစ်ချောင်းနဲ့အတူ လုရွှမ် ပေါ်လာခဲ့သည်။
သူသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်ကာ အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ဘယ်သူမှ သူ့မျက်လုံးကို စေ့စေ့မကြည့်ဝံ့ကြပေ။
"သနားညှာတာပေးဖို့ ကျွန်မပြောခဲ့တယ် မဟုတ်ဘူးလား?"
စွင်းလင် ပျံသန်းလာပြီးတော့ သေဆုံးသွားတဲ့ သခင်လေး ဟန်ရွှီးကို ထိတ်လန့်တကြားဖြင့် ကြည့်နေမိသည်။
လုရွှမ်ကတော့ သူ့လက်ကို ပေါ့ပေါ့ဆဆ ယမ်းလိုက်ရင်း ဓားရှည်မှ သွေးစက်များကို လျှောကျသွားစေကာ ဓားသည် အညစ်အကြေးမရှိ ပြောင်စင်သွားသည်။
"ဒါက လမ်းမှာ လာရှုပ်နေတဲ့ ငါးလေးတစ်ကောင်ပါပဲ.... မင်းမသတ်ရင် သူကမင်းကို သတ်လိမ့်မယ်"
လုရွှမ်က ပြောလိုက်သည်။
"သူက ဖုန်းရွှယ်ဧကရာဇ်အင်ပါယာ ဟန်မိသားစုကလူ"
"ဟန်မိသားစု?? ငါမကြားဖူးဘူး"
စွင်းလင်မှာ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ လုရွှမ်တစ်ယောက် မိန်းကလေးများထံ လျှောက်သွားကာ ကုသဆေးကို ကြောက်ရွံ့နေဟန်မရှိဘဲ ထုတ်ပေးနေပုံကိုသာ ကြည့်နေမိတော့သည်။
ဒီလူငယ်ရဲ့ အထောက်အထားက ပိုပိုပြီး မထင်မရှား ဖြစ်လာပြီ။ ဘယ်လို နောက်ခံမျိုးက ဒီလောက် အစွမ်းထက်တဲ့ ပါရမီရှင်ကို ပြုစုပျိုးထောင်နိုင်တယ် ဆိုတာပဲ စဥ်းစားမိလာ၏။
ချန်စစ်ယန်ကတော့ လုရွှမ် ရင်ခွင်ထဲ ချက်ချင်း ပစ်ဝင်လိုက်သည်။ သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာကာ လုရွှမ်လက်ကို တင်းတင်း ဆုပ်ကိုင်ထားကာ လုံးဝ မလွှတ်ချဝံ့ပေ။
"အခု အခုနက... ကျွန်မတကယ်ထင်ခဲ့တာ..."
စကားတစ်ခွန်းမှ ဆက်မပြောနိုင်တော့ချေ။ တစ်စုံတစ်ခုက သူမကို တားဆီးလာမည်ကို စိုးရိမ်၍ ရှိုက်ကြီးတငင် ငိုနေမိသည်။
လုရွှမ်လည်း ချန်စစ်ယန်ရဲ့ အပြုအမူအပေါ် သူ့စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရကာ
"ဒါက သေးငယ်တဲ့ လှည့်ကွက်လေး တစ်ခုပါပဲ.... ဘာမှမဟုတ်ဘူး"
သခင်လေး ဟန်ရွှီးဆိုတဲ့ လူက ကိုယ့်ဘာသာ သေလမ်းရှာသွားတာပင်။ လေထုထဲက ဝိညာဥ်ချီတွေကို ပေါင်းစည်းပြီး လေးညှို့တံနှင့် ငါးရောင်ခြယ်မြှား ပြုလုပ်လိုက်ကတည်းက ဒီလူ သူ့ကိုယ်သူ သေလမ်းရှာနေပြီ ဖြစ်ကြောင်း လုရွှမ် သိလိုက်ပြီးပြီ။
သူ၏ယခင်ဘဝတွင် ကောင်းကင်ပြာ လေးနှင့် နေရောင်မြှားများ ပစ်လွှတ်ခြင်းသည် သူ၏တရားဝင် လက်နက် ဖြစ်ခဲ့သည်ကို သိထားရမည်။ ဟန်ရွှီးသည် သူ့ရှေ့တွင် ဤအရာနှင့် လာကစားနေသောကြောင့် သူသေချင်နေတာဟုသာ ပြောနိုင်၏။
လုရွှမ်၏ ခွန်အားသည် ယခုအချိန်တွင် မပြင်းထန်သော်လည်း ယေဘုယျလမ်းကြောင်း၏ အခြေခံမူများကို နားမလည်သေးသော်လည်း သူ့မှာ အတွေ့အကြုံများ ရှိနေဆဲဖြစ်သည်။
ငါးရောင်ခြယ် နေရောင်မြှားသည် လေးညှိ့မှ ထွက်သွားတဲ့ အချိန်ကတည်းက သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားခဲ့ပြီး အရာအားလုံးသည် သူ့လက်ထဲမှာ အသာလေး ကစားလိုက်ခြင်းပင်။
ထို့အပြင် ဤဘဝတွင်၊ ရွှေစီးဆင်းမှု အရှိန်ဖြင့် အသက် ကယ်တင်နိုင်မှု ခွန်အားမှာ အလွန်တိုးမြင့်လာခဲ့ပြီ။ ဟန်ရွှီးသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ခွန်အားကို ပြသနေဆဲ ဖြစ်သော်လည်း ဒြပ်စင်ငါးပါးတို့သည် သဲလွန်စ မရှိဘဲ ကွယ်ပျောက်သွားကုန်၏။
ထိုအချိန်တွင် ပြတ်သားသော လက်ခုပ်တီးသံများနှင့် နူးညံ့သိမ်မွေ့သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
"ကိုကိုလုရွှမ်က အရမ်းတော်တာပဲ!"
အသံက ကြည်လင် ပြတ်သားပြီး အပြစ်ကင်းစင်သလို ချစ်ခြင်းဆန်မှု အပြည့်ဖြင့်။
လုရွှမ်ရဲ့ အမူအရာ ပြောင်းလဲသွားပြီး သူ လှည့်ကြည့်လိုက်သောအခါ စကားပြောသော သူသည် အမှန်တကယ်ပင် ပန်းနီမိန်းကလေး ဖြစ်နေ၏။
ယခုအချိန်တွင် သူမသည် ပို၍ သိမ်မွေ့ပြီး ချစ်စရာကောင်းလာကာ သူမတွင် ယောက်ျားပီသမှုများ မရှိတော့ပေ။ သူမကို ကြည့်ရှုသူတိုင်းက ချစ်စရာကောင်းပြီး လှပသော မိန်းကလေးဟုပင် ထင်မြင်ကြလိမ့်မည်။
"ဟီးဟီး ကိုကိုလုရွှမ်... ကိုကို ကျွန်မရဲ့ လက်ငါးချောင်း တောင်ထဲကနေ ပြေးမလွတ်ပါဘူး.... ရှင့်ရဲ့ ခွန်အားတွေ တိုးလာတဲ့အခါမှ ဒီလူရှင့်ကို စားတော့မယ်... မကောင်းဘူးလား?"
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပြတ်သားတဲ့ အသံလေး ဆွဲဆောင်မှုရှိစွာ ဆိုနေလေသည်။
လုရွှမ်သည် အနီရောင်ပန်းပွင့်ကို မျက်လုံးနှစ်ဖက်လုံးဖြင့် စိုက်ကြည့်ရာ ပန်းနီမိန်းကလေး၏ မျက်နှာသည် ရှက်ရွံ့မှုပြကာ ပါးပြင်များကို လက်နှစ်ဖက်ဖြင့် အုပ်ကာ တင်းတင်းမာမာ ပြောလာလေ၏။
"ဟွန့် ကိုကိုလုရွှမ်.... သူများကို ဘယ်လိုတောင် ကြည့်နေတာလဲ? အရမ်းရှက်တာပဲ...."
"မင်းရဲ့ ကျိုယွမ်နယ်ပယ်ကို ပြီးပြည့်စုံအောင် အသွင်ပြောင်းပြီးရင် မင်းကို ငါသတ်ပစ်မယ်"
စကားပြီးသောအခါ လုရွှမ်သည် စွင်းလင်အား တစ်ချက် နှုတ်ဆက်၍ ထွက်သွားရန် မိန်းကလေးငါးဦးကို လက်ပြလိုက်သည်။
သို့သော် ပန်းနီမိန်းကလေးရဲ့ မျက်နှာကတော့ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ။ သူမ၏ မျက်နှာသည် သရဲတစ္ဆေလို တင်းမာနေသလို တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေ၏။
သူမ၏ မျက်လုံးများသည် လူသတ်ချင်နေတဲ့ ရောင်ဝါများ ပြည့်နှက်နေကာ စွင်းလင်ကို စူးစိုက်ကြည့်လိုက်သည်။
"ငါ့ရဲ့ လျှို့ဝှက်ချက်ကို ပြောပြလိုက်တာလား?"
စွင်းလင်က ခေါင်းခါလိုက်ပြီး
"ငါသာ နင့်နေရာမှာဆိုရင် သူ့ကိုမြင်တာနဲ့ လစ်ထွက်သွားမိမှာ"
ပြောပြီးတာနဲ့ ချက်ချင်း လှည့်ထွက်သွားတော့သည်။
ဝုန်း!
ပန်းနီမိန်ကလေးက သူမရဲ့ ခြေထောက်တွေကို ပြင်းပြင်းထန်ထန် နင်းချလိုက်လေ၏။ အလင်းတန်း သုံးရောင်ရှိတဲ့ ဓားတစ်ချောင်းဟာ လေထုထဲမှ ထွက်ပေါ်လာပြီး သူ့ဘေးက အစေခံ အမျိုးသမီးကို အပိုင်းပိုင်း ခွဲပစ်လိုက်တော့သည်။
"ငါ့ကို ထွက်သွားခိုင်းမယ်? မင်းမှာ ခွန်အားရှိမရှိ ကြည့်ရသေးတာပေါ့"
ဆေးဥယျာဉ်တွင် သုံးရက် ကြာနေထိုင်ပြီးနောက် လူတစ်စုသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကာ ခွန်အားများလည်း ပြန်လည်ရရှိလာကြသည်။
လုရွှမ်၏ အကန့်အသတ်မရှိ ဆေးလုံး ထောက်ပံ့မှုအောက်တွင် ၎င်းတို့၏ ခွန်အားသည် မတိုးတက်သေးသော်လည်း ကျင့်ကြံမှုကဆော့ များစွာ အားကောင်းလာခဲ့သည်။
ဟန်ရွှယ်တို့ မိန်းကလေးများသည် ၎င်းတို့၏ အင်အား ကွာဟချက်ကို ရှင်းရှင်းလင်းလင်း သိခဲ့ကြပြီး လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက အပြင်းအထန် လေ့ကျင့်၍ လုရွှမ်အား အသိအမှတ် ပြုလာစေခဲ့သည်။
သူ့အရင်ဘဝက အတွေ့အကြုံတွေက သူ့ကို ရှင်းရှင်းလင်းလင်း သိစေခဲ့ပြီးပြီ။ လမ်းတလျှောက်မှာ အတိတ်က သူငယ်ချင်းများစွာကလည်း တဖြည်းဖြည်းနဲ့ ကွဲကွာလာခဲ့ရသည်။
တကယ်တော့ လူတစ်ယောက်မှာ နစ်နာမှုတွေနဲ့ မုန်းတီးမှုတွေ ဘယ်လောက်များများ ရှိနိုင်ပါစေ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ လူတိုင်းရဲ့ အရှိန်အဟုန်က မတူညီခြင်းပင်။
အတူတူ လျှောက်လှမ်းချင်တယ် ဆိုရင်တော့ ကျင့်ကြံမှုမှာလည်း တိုးတက်မှု မြန်ဆန်အောင် လိုက်လျှောက်ရလိမ့်မည်။
အပြင်မှ ရုန်းရင်းဆန်ခတ်မှုကို လျစ်လျူရှုရင်း နောက်ဆုံးတွင် လုရွှမ်သည် စွင်းလင် နေထိုင်ရာ တစ်ဖက်သို့ ရောက်လာခဲ့သည်။
စွင်းလင်၏ နေအိမ်သည် ဆိတ်ငြိမ်ပြီး အံဝင်ခွင်ကျရှိသော အဆောက်အအုံငယ် တစ်ခုဖြစ်ကာ ဆေးဥယျာဉ်၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုနေရာသည် ဝိညာဥ်ချီများနှင့် ပြည့်နှက်နေ၏။
မဝေးလှသော ဝင်းငယ်တွင် မြေသွေးကြော နှလုံးစပျစ်နွယ်ပင်သည် သဘာဝ စွမ်းအင်နှင့် ရောယှက်နေပါသည်။ ထိုကဲ့သို့သော လေထုထဲတွင် လေ့ကျင့်ခြင်းသည် သဘာဝအတိုင်း ကျင့်ကြံမှုကို နားလည်ခြင်းအတွက် များစွာသော ကောင်းချီးများ ခံစားရနိုင်ည်။
လုရွှမ် လှည့်ပတ် လျှောက်ကြည့်ရင်း လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။ ဒီနေရာက ရောင်ဝါဟာ သဘာဝအတိုင်း ဖွဲ့စည်းထားဆဲ ဖြစ်ပြီး ပို၍ပင် အဖိုးတန်လှသည်။
Chapter (52) Arc 4
မိမိဘာသာေသလမ္းရွာျခင္း
"မလုပ္နဲ႕!"
ဟန္႐ႊယ္တို႔ မိန္းကေလးေတြ တစ္ဖြဲ႕လုံး နာက်င္စြာ ေအာ္လိုက္ၾကသည္။
ခ်န္စစ္ယန္လည္း ေနာက္ဆုံးတြင္ နိုးလာခဲ့သည္။ သူမ၏ ခြန္အားသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၆သို႔ ျဖတ္သြားခဲ့ၿပီ။ သူမ နိုးလာေသာအခါတြင္ လု႐ႊမ္ရဲ႕ ႏွလုံးေနရာကို ငါးေရာင္ျခယ္ျမႇား ပစ္သြင္းလိုက္တာကို ေတြ႕လိုက္ရသည္။
သူမ၏ ႏွလုံးသားသည္ ခဏတာ ရွက္႐ြံ႕သြားၿပီး ဒူးေထာက္ ထိုင္ခ်လိဳက္သည္။ မ်က္ရည္မ်ားက ခ်က္ခ်င္းပင္ ပါးျပင္ေပၚသို႔ စီးက်လာခဲ့ေတာ့သည္။
ျမႇားသည္ အလင္းစီးေၾကာင္းကဲ့သို႔ အလြန္လ်င္ျမန္ၿပီး ေကာင္းကင္ႏွင့္ ေျမႀကီးကို တစ္ခ်က္ခ်င္း ထိုးေဖာက္ကာ လု႐ႊမ္၏ ႏွလုံးသား ေနရာထဲကို ထိုးေဖာက္ ဝင္ေရာက္သြားကာ ေလထဲတြင္ ရပ္တန႔္သြားသည္။
သခင္ေလးဟန္႐ႊီးတို႔ အံ့အား သင့္သြားသည္။ ဒါအဓိပၸာယ္ မရွိဘူးေလ။ ဝိညာဥ္ခ်ီေတြ စုစည္းထားတဲ့ ေလးဟာ ျမႇားတစ္စင္းကို ပစ္လႊတ္လိုက္တာနဲ႕ ပစ္မွတ္ကို သတ္ပစ္ၿပီး ေကာင္းကင္နဲ႕ ေျမႀကီးအတြင္း သဘာဝအတိုင္း ပ်ံ့လြင့္သြားလိမ့္မယ္။
အေဝးမွ ၾကည့္ေနေသာ လူအုပ္ႀကီးသည္လည္း သူတို႔ဘက္ျခမ္းကို အံ့အားသင့္စြာ စိုက္ၾကည့္ေနၾကသည္။ သူတို႔သည္ အသိပညာ နည္းပါးေသာ္လည္း အခုအခ်ိန္အထိ က်င့္ႀကံခဲ့သူေတြ ျဖစ္တာေၾကာင့္ သူတို႔ရဲ႕ အျမင္အာ႐ုံမွာ ထူးထူးျခားျခား ျဖစ္ေနပါၿပီ။
လု႐ႊမ္မွာ သူ႕ခႏၶာကိုယ္ကို ေဖာက္ထြင္းခံခဲ့ရေသာ္လည္း ထူးထူးျခားျခား လြန္ကဲလြန္းသည့္ သူ႕ႏွလုံးမွ ေသြးတစ္စက္မွ ထြက္မလာေပ။
သခင္ေလး ဟန္႐ႊီးတစ္ေယာက္ မ်က္ေမွာင္ၾကဳတ္လ်က္ သတိကပ္သြားစဥ္ ေလျပင္းတစ္ခ်က္ တိုက္ခတ္သြားကာ လု႐ႊမ္၏ ႐ုပ္သြင္သည္ အမႈန္အမႊား အျဖစ္သို႔ ေျပာင္းလဲသြားၿပီး ေကာင္းကင္ႏွင့္ ေျမႀကီးၾကားတြင္ ပ်ံ့လြင့္သြားသည္။
ေလထု အလယ္မွာ ရပ္ေနတဲ့ ငါးေရာင္ျခယ္ျမႇားက ႐ုတ္တရက္ ေ႐ြ႕လ်ားသြား၏။
ျမႇားက စက္ဝိုင္းပုံစံ လွည့္ကာ ဟန္႐ႊီးဆီသို႔ အျပင္းအထန္ ပစ္ခတ္ခံလိုက္ရသည္။ ပစ္ခတ္လိုက္တဲ့ အျမန္ႏႈန္းက ယခင္ကထက္ပင္ ပိုျမန္ေန၏။ တခဏခ်င္းမွာပဲ ငယ္႐ြယ္တဲ့ သခင္ေလး ဟန္႐ႊီးရဲ႕ ခႏၶာကိုယ္ကို ငါးေရာင္ျခယ္ျမႇားက ထိုးေဖာက္ ဝင္ေရာက္သြားခဲ့သည္။
ေသြးေတြ ပါးစပ္ထဲ ထြက္က်လာၿပီး သူ႕ခႏၶာကိုယ္ထဲမွာ အေပါက္ႀကီးတစ္ခု ေပါက္ထြက္သြားခဲ့သည္။
ငါးေရာင္ျခယ္ ေနေရာင္ျမႇား ေပ်ာက္ကြယ္သြားသည္ႏွင့္ သခင္ေလး ဟန္႐ႊီးသည္ ထိတ္လန႔္တၾကားျဖင့္ လွည့္ပတ္ၾကည့္ရင္း ေအာ္ဟစ္လိုက္၏။ အသံက ႏွလုံးသားထဲကို ထိုးေဖာက္သြားေတာ့ မလိုပင္ စူးရွလြန္းလွသည္။
"မင္းက လူလား တစ္ေဆလား? မင္းဘယ္မွာလဲ? အခု ထြက္လာခဲ့စမ္း!"
ႀကီးမားေသာ စိတ္ဝိညာဥ္ စြမ္းအင္၏ ရိုက္ခတ္သံတစ္ခ်က္ ေကာင္းကင္မွ ႐ုတ္တရက္ ေပၚလာၿပီး သူ႕မ်က္ႏွာကို ထုရိုက္ကာ ေျမျပင္ေပၚသို႔ ေခါက္လိုက္ၿပီးေနာက္ ေျခတစ္ေခ်ာင္းက ေလထဲမွ ထြက္လာကာ သူ႕ရင္ဘတ္ကို ျပင္းျပင္းထန္ထန္ နင္းခ်ပစ္သည္။
သခင္ေလး ဟန္႐ႊီးသည္ ေသြးတစ္လုတ္ကို ေထြးထုတ္လိုက္ၿပီး သူ႕ရင္ဘတ္က အေပါက္ႀကီးထဲမွ ေသြးမ်ားပင္ ေျမျပင္ေပၚသို႔ ျဖန္းခနဲ ထြက္က်လာခဲ့သည္။
သူ႕မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး မ်က္လုံးေတြက ေယာက္ယွက္ခတ္ေနကာ လု႐ႊမ္ရဲ႕ ပုံသဏၭာန္ကို ရွာဖို႔ ႀကိဳးစားေပမယ့္ ဘာကိုမွ မေတြ႕ရေတာ့ေပ။
အံႀကိတ္လိုက္ၿပီး ဟန္႐ႊီးသည္ ႐ုတ္တရက္ လြင့္ပ်ံတက္လာၿပီး ေကာင္းကင္ေပၚသို႔ လွိမ့္တက္လာကာ လြတ္ေျမာက္ရန္ ႀကိဳးပမ္းေသာ္လည္း ခပ္ေဝးေဝးကို မသြားနိုင္မီတြင္ ဓားရွည္တစ္လက္သည္ ေကာင္းကင္၌ ႐ုတ္တရက္ ထြက္ေပၚလာၿပီး ေအးစက္ေသာ အလင္းေရာင္ႏွင့္အတူ သူ႕ေခါင္းကို ျဖတ္ခ်ပစ္ခဲ့သည္။
အရပ္ေလးမ်က္ႏွာမွ လူတိုင္းဟာ သခင္ေလး ဟန္႐ႊီးရဲ႕ မ်က္လုံးေတြ ျပဴးက်ယ္ၿပီး အလြန္အမင္း ေၾကာက္႐ြံ႕တုန္လႈပ္ ေနခဲ့ေၾကာင္း ရွင္းရွင္းလင္းလင္း ျမင္ခဲ့ရေလသည္။
ေလထုထဲရွိ ႂကြယ္ဝေသာ ဝိညာဥ္ခ်ီမ်ား ႐ုတ္တရက္ ကြယ္ေပ်ာက္သြားၿပီး ဓားရွည္ တစ္ေခ်ာင္းနဲ႕အတူ လု႐ႊမ္ ေပၚလာခဲ့သည္။
သူသည္ ေျမျပင္ေပၚသို႔ ျဖည္းညွင္းစြာ ဆင္းသက္ကာ အလင္းေရာင္မ်ား ျဖာထြက္ေနသကဲ့သို႔ ပတ္ဝန္းက်င္ကို ၾကည့္လိုက္တဲ့အခါ ဘယ္သူမွ သူ႕မ်က္လုံးကို ေစ့ေစ့မၾကည့္ဝံ့ၾကေပ။
"သနားညွာတာေပးဖို႔ ကြၽန္မေျပာခဲ့တယ္ မဟုတ္ဘူးလား?"
စြင္းလင္ ပ်ံသန္းလာၿပီးေတာ့ ေသဆုံးသြားတဲ့ သခင္ေလး ဟန္႐ႊီးကို ထိတ္လန႔္တၾကားျဖင့္ ၾကည့္ေနမိသည္။
လု႐ႊမ္ကေတာ့ သူ႕လက္ကို ေပါ့ေပါ့ဆဆ ယမ္းလိုက္ရင္း ဓားရွည္မွ ေသြးစက္မ်ားကို ေလွ်ာက်သြားေစကာ ဓားသည္ အညစ္အေၾကးမရွိ ေျပာင္စင္သြားသည္။
"ဒါက လမ္းမွာ လာရႈပ္ေနတဲ့ ငါးေလးတစ္ေကာင္ပါပဲ.... မင္းမသတ္ရင္ သူကမင္းကို သတ္လိမ့္မယ္"
လု႐ႊမ္က ေျပာလိုက္သည္။
"သူက ဖုန္း႐ႊယ္ဧကရာဇ္အင္ပါယာ ဟန္မိသားစုကလူ"
"ဟန္မိသားစု?? ငါမၾကားဖူးဘူး"
စြင္းလင္မွာ စကားတစ္ခြန္းမွ မေျပာနိုင္ေတာ့ေပ။ လု႐ႊမ္တစ္ေယာက္ မိန္းကေလးမ်ားထံ ေလွ်ာက္သြားကာ ကုသေဆးကို ေၾကာက္႐ြံ႕ေနဟန္မရွိဘဲ ထုတ္ေပးေနပုံကိုသာ ၾကည့္ေနမိေတာ့သည္။
ဒီလူငယ္ရဲ႕ အေထာက္အထားက ပိုပိုၿပီး မထင္မရွား ျဖစ္လာၿပီ။ ဘယ္လို ေနာက္ခံမ်ိဳးက ဒီေလာက္ အစြမ္းထက္တဲ့ ပါရမီရွင္ကို ျပဳစုပ်ိဳးေထာင္နိုင္တယ္ ဆိုတာပဲ စဥ္းစားမိလာ၏။
ခ်န္စစ္ယန္ကေတာ့ လု႐ႊမ္ ရင္ခြင္ထဲ ခ်က္ခ်င္း ပစ္ဝင္လိုက္သည္။ သူမ၏ မ်က္လုံးမ်ားထဲမွ မ်က္ရည္မ်ား စီးက်လာကာ လု႐ႊမ္လက္ကို တင္းတင္း ဆုပ္ကိုင္ထားကာ လုံးဝ မလႊတ္ခ်ဝံ့ေပ။
"အခု အခုနက... ကြၽန္မတကယ္ထင္ခဲ့တာ..."
စကားတစ္ခြန္းမွ ဆက္မေျပာနိုင္ေတာ့ေခ်။ တစ္စုံတစ္ခုက သူမကို တားဆီးလာမည္ကို စိုးရိမ္၍ ရွိုက္ႀကီးတငင္ ငိုေနမိသည္။
လု႐ႊမ္လည္း ခ်န္စစ္ယန္ရဲ႕ အျပဳအမူအေပၚ သူ႕စိတ္ထဲတြင္ အနည္းငယ္ တုန္လႈပ္သြားသလို ခံစားလိုက္ရကာ
"ဒါက ေသးငယ္တဲ့ လွည့္ကြက္ေလး တစ္ခုပါပဲ.... ဘာမွမဟုတ္ဘူး"
သခင္ေလး ဟန္႐ႊီးဆိုတဲ့ လူက ကိုယ့္ဘာသာ ေသလမ္းရွာသြားတာပင္။ ေလထုထဲက ဝိညာဥ္ခ်ီေတြကို ေပါင္းစည္းၿပီး ေလးညွို႔တံႏွင့္ ငါးေရာင္ျခယ္ျမႇား ျပဳလုပ္လိုက္ကတည္းက ဒီလူ သူ႕ကိုယ္သူ ေသလမ္းရွာေနၿပီ ျဖစ္ေၾကာင္း လု႐ႊမ္ သိလိုက္ၿပီးၿပီ။
သူ၏ယခင္ဘဝတြင္ ေကာင္းကင္ျပာ ေလးႏွင့္ ေနေရာင္ျမႇားမ်ား ပစ္လႊတ္ျခင္းသည္ သူ၏တရားဝင္ လက္နက္ ျဖစ္ခဲ့သည္ကို သိထားရမည္။ ဟန္႐ႊီးသည္ သူ႕ေရွ႕တြင္ ဤအရာႏွင့္ လာကစားေနေသာေၾကာင့္ သူေသခ်င္ေနတာဟုသာ ေျပာနိုင္၏။
လု႐ႊမ္၏ ခြန္အားသည္ ယခုအခ်ိန္တြင္ မျပင္းထန္ေသာ္လည္း ေယဘုယ်လမ္းေၾကာင္း၏ အေျခခံမူမ်ားကို နားမလည္ေသးေသာ္လည္း သူ႕မွာ အေတြ႕အႀကဳံမ်ား ရွိေနဆဲျဖစ္သည္။
ငါးေရာင္ျခယ္ ေနေရာင္ျမႇားသည္ ေလးညွိ့မွ ထြက္သြားတဲ့ အခ်ိန္ကတည္းက သူ႕ရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကို က်ေရာက္သြားခဲ့ၿပီး အရာအားလုံးသည္ သူ႕လက္ထဲမွာ အသာေလး ကစားလိုက္ျခင္းပင္။
ထို႔အျပင္ ဤဘဝတြင္၊ ေ႐ႊစီးဆင္းမႈ အရွိန္ျဖင့္ အသက္ ကယ္တင္နိုင္မႈ ခြန္အားမွာ အလြန္တိုးျမင့္လာခဲ့ၿပီ။ ဟန္႐ႊီးသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ ခြန္အားကို ျပသေနဆဲ ျဖစ္ေသာ္လည္း ျဒပ္စင္ငါးပါးတို႔သည္ သဲလြန္စ မရွိဘဲ ကြယ္ေပ်ာက္သြားကုန္၏။
ထိုအခ်ိန္တြင္ ျပတ္သားေသာ လက္ခုပ္တီးသံမ်ားႏွင့္ ႏူးညံ့သိမ္ေမြ႕ေသာ အသံတစ္သံက ထြက္ေပၚလာခဲ့သည္။
"ကိုကိုလု႐ႊမ္က အရမ္းေတာ္တာပဲ!"
အသံက ၾကည္လင္ ျပတ္သားၿပီး အျပစ္ကင္းစင္သလို ခ်စ္ျခင္းဆန္မႈ အျပည့္ျဖင့္။
လု႐ႊမ္ရဲ႕ အမူအရာ ေျပာင္းလဲသြားၿပီး သူ လွည့္ၾကည့္လိုက္ေသာအခါ စကားေျပာေသာ သူသည္ အမွန္တကယ္ပင္ ပန္းနီမိန္းကေလး ျဖစ္ေန၏။
ယခုအခ်ိန္တြင္ သူမသည္ ပို၍ သိမ္ေမြ႕ၿပီး ခ်စ္စရာေကာင္းလာကာ သူမတြင္ ေယာက္်ားပီသမႈမ်ား မရွိေတာ့ေပ။ သူမကို ၾကည့္ရႈသူတိုင္းက ခ်စ္စရာေကာင္းၿပီး လွပေသာ မိန္းကေလးဟုပင္ ထင္ျမင္ၾကလိမ့္မည္။
"ဟီးဟီး ကိုကိုလု႐ႊမ္... ကိုကို ကြၽန္မရဲ႕ လက္ငါးေခ်ာင္း ေတာင္ထဲကေန ေျပးမလြတ္ပါဘူး.... ရွင့္ရဲ႕ ခြန္အားေတြ တိုးလာတဲ့အခါမွ ဒီလူရွင့္ကို စားေတာ့မယ္... မေကာင္းဘူးလား?"
ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႕ ျပတ္သားတဲ့ အသံေလး ဆြဲေဆာင္မႈရွိစြာ ဆိုေနေလသည္။
လု႐ႊမ္သည္ အနီေရာင္ပန္းပြင့္ကို မ်က္လုံးႏွစ္ဖက္လုံးျဖင့္ စိုက္ၾကည့္ရာ ပန္းနီမိန္းကေလး၏ မ်က္ႏွာသည္ ရွက္႐ြံ႕မႈျပကာ ပါးျပင္မ်ားကို လက္ႏွစ္ဖက္ျဖင့္ အုပ္ကာ တင္းတင္းမာမာ ေျပာလာေလ၏။
"ဟြန့္ ကိုကိုလု႐ႊမ္.... သူမ်ားကို ဘယ္လိုေတာင္ ၾကည့္ေနတာလဲ? အရမ္းရွက္တာပဲ...."
"မင္းရဲ႕ က်ိဳယြမ္နယ္ပယ္ကို ၿပီးျပည့္စုံေအာင္ အသြင္ေျပာင္းၿပီးရင္ မင္းကို ငါသတ္ပစ္မယ္"
စကားၿပီးေသာအခါ လု႐ႊမ္သည္ စြင္းလင္အား တစ္ခ်က္ ႏႈတ္ဆက္၍ ထြက္သြားရန္ မိန္းကေလးငါးဦးကို လက္ျပလိုက္သည္။
သို႔ေသာ္ ပန္းနီမိန္းကေလးရဲ႕ မ်က္ႏွာကေတာ့ သိသိသာသာ ေျပာင္းလဲသြားခဲ့ၿပီ။ သူမ၏ မ်က္ႏွာသည္ သရဲတစ္ေဆလို တင္းမာေနသလို တစ္ကိုယ္လုံး တုန္တုန္ယင္ယင္ ျဖစ္ေန၏။
သူမ၏ မ်က္လုံးမ်ားသည္ လူသတ္ခ်င္ေနတဲ့ ေရာင္ဝါမ်ား ျပည့္ႏွက္ေနကာ စြင္းလင္ကို စူးစိုက္ၾကည့္လိုက္သည္။
"ငါ့ရဲ႕ လွ်ို႔ဝွက္ခ်က္ကို ေျပာျပလိုက္တာလား?"
စြင္းလင္က ေခါင္းခါလိုက္ၿပီး
"ငါသာ နင့္ေနရာမွာဆိုရင္ သူ႕ကိုျမင္တာနဲ႕ လစ္ထြက္သြားမိမွာ"
ေျပာၿပီးတာနဲ႕ ခ်က္ခ်င္း လွည့္ထြက္သြားေတာ့သည္။
ဝုန္း!
ပန္းနီမိန္ကေလးက သူမရဲ႕ ေျခေထာက္ေတြကို ျပင္းျပင္းထန္ထန္ နင္းခ်လိဳက္ေလ၏။ အလင္းတန္း သုံးေရာင္ရွိတဲ့ ဓားတစ္ေခ်ာင္းဟာ ေလထုထဲမွ ထြက္ေပၚလာၿပီး သူ႕ေဘးက အေစခံ အမ်ိဳးသမီးကို အပိုင္းပိုင္း ခြဲပစ္လိုက္ေတာ့သည္။
"ငါ့ကို ထြက္သြားခိုင္းမယ္? မင္းမွာ ခြန္အားရွိမရွိ ၾကည့္ရေသးတာေပါ့"
ေဆးဥယ်ာဥ္တြင္ သုံးရက္ ၾကာေနထိုင္ၿပီးေနာက္ လူတစ္စုသည္ ၎တို႔၏ ခႏၶာကိုယ္ကို ထိန္းသိမ္းကာ ခြန္အားမ်ားလည္း ျပန္လည္ရရွိလာၾကသည္။
လု႐ႊမ္၏ အကန႔္အသတ္မရွိ ေဆးလုံး ေထာက္ပံ့မႈေအာက္တြင္ ၎တို႔၏ ခြန္အားသည္ မတိုးတက္ေသးေသာ္လည္း က်င့္ႀကံမႈကေဆာ့ မ်ားစြာ အားေကာင္းလာခဲ့သည္။
ဟန္႐ႊယ္တို႔ မိန္းကေလးမ်ားသည္ ၎တို႔၏ အင္အား ကြာဟခ်က္ကို ရွင္းရွင္းလင္းလင္း သိခဲ့ၾကၿပီး လြန္ခဲ့သည့္ ရက္အနည္းငယ္ ကတည္းက အျပင္းအထန္ ေလ့က်င့္၍ လု႐ႊမ္အား အသိအမွတ္ ျပဳလာေစခဲ့သည္။
သူ႕အရင္ဘဝက အေတြ႕အႀကဳံေတြက သူ႕ကို ရွင္းရွင္းလင္းလင္း သိေစခဲ့ၿပီးၿပီ။ လမ္းတေလွ်ာက္မွာ အတိတ္က သူငယ္ခ်င္းမ်ားစြာကလည္း တျဖည္းျဖည္းနဲ႕ ကြဲကြာလာခဲ့ရသည္။
တကယ္ေတာ့ လူတစ္ေယာက္မွာ နစ္နာမႈေတြနဲ႕ မုန္းတီးမႈေတြ ဘယ္ေလာက္မ်ားမ်ား ရွိနိုင္ပါေစ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္ကေတာ့ လူတိုင္းရဲ႕ အရွိန္အဟုန္က မတူညီျခင္းပင္။
အတူတူ ေလွ်ာက္လွမ္းခ်င္တယ္ ဆိုရင္ေတာ့ က်င့္ႀကံမႈမွာလည္း တိုးတက္မႈ ျမန္ဆန္ေအာင္ လိုက္ေလွ်ာက္ရလိမ့္မည္။
အျပင္မွ ႐ုန္းရင္းဆန္ခတ္မႈကို လ်စ္လ်ဴရႈရင္း ေနာက္ဆုံးတြင္ လု႐ႊမ္သည္ စြင္းလင္ ေနထိုင္ရာ တစ္ဖက္သို႔ ေရာက္လာခဲ့သည္။
စြင္းလင္၏ ေနအိမ္သည္ ဆိတ္ၿငိမ္ၿပီး အံဝင္ခြင္က်ရွိေသာ အေဆာက္အအုံငယ္ တစ္ခုျဖစ္ကာ ေဆးဥယ်ာဥ္၏ အလယ္ဗဟိုတြင္ တည္ရွိသည္။ ထိုေနရာသည္ ဝိညာဥ္ခ်ီမ်ားႏွင့္ ျပည့္ႏွက္ေန၏။
မေဝးလွေသာ ဝင္းငယ္တြင္ ေျမေသြးေၾကာ ႏွလုံးစပ်စ္ႏြယ္ပင္သည္ သဘာဝ စြမ္းအင္ႏွင့္ ေရာယွက္ေနပါသည္။ ထိုကဲ့သို႔ေသာ ေလထုထဲတြင္ ေလ့က်င့္ျခင္းသည္ သဘာဝအတိုင္း က်င့္ႀကံမႈကို နားလည္ျခင္းအတြက္ မ်ားစြာေသာ ေကာင္းခ်ီးမ်ား ခံစားရနိုင္ည္။
လု႐ႊမ္ လွည့္ပတ္ ေလွ်ာက္ၾကည့္ရင္း လွ်ို႔ဝွက္စြာ ေခါင္းညိတ္လိုက္သည္။ ဒီေနရာက ေရာင္ဝါဟာ သဘာဝအတိုင္း ဖြဲ႕စည္းထားဆဲ ျဖစ္ၿပီး ပို၍ပင္ အဖိုးတန္လွသည္။