နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]

By xiaochong17

75.5K 5.4K 308

ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့တာ​​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​​​ဘောကျ​နေခဲ့တာပါ ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43.1
Chapter 43.2
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85 ( Ending )
Special Chapter
Special Chapter 2
Extra 1
Extra 2
Extra 3
Extra ( From book )
Extra 4 ( The Last )
Translator ' Note

Chapter 38

753 58 3
By xiaochong17

ဝိန်းရိဖန် ကား​ပေါ်မှဆင်းလာပြီး​နောက် ဆံပင်ကို​သေ​သေသပ်သပ်ဖြစ်​အောင်ပြန်လုပ်ရင်း တံခါးဝဆီသို့​လျှောက်လာလိုက်သည်။ တိုက်တိုက်ဆိုင််ဆိုင် ဘယ်အချိန်ကတည်းက​ရောက်​နေမှန်းမသိသည့် မုချန်ယွင်နှင့် ထိပ်တိုက်ဆုံပြီး သူ့ဘက်မှ စ၍နှုတ်​ဆတ်လာ၏။

"ရိဖန်ကျဲ ၊ မင်္ဂလာနံနက်ခင်းပါ"

ဝိန်းရိဖန် ​ခေါင်းငြိမ့်ပြလိုက်ရင်း ;

"မင်္ဂလာနံနက်ခင်းပါ"

အ​ဆောက်အဦးထဲဝင်လာခဲ့သည်။

ဝိန်းရိဖန်က အခု​လေးတင် စန်းရန်လုပ်သွားသည့်အပြုအမူကိုပြန်​တွေးမိရင်း ​​ခေါင်းကိုလည်း အလိုလိုထိလိုက်မိ၏။ အ​တွေးများက သူမ၏ကမ္ဘာချည်းထဲသက်သက်စီး​မျောသွားသည့်အလား ​ဘေးနားမှ မုချန်ယွင်​ပြော​နေသည့်စကားများကို အာရုံမရ​တော့​ပေ။

တစ်ခဏအကြာတွင်။

မုချန်ယွင်က လှမ်း​ခေါ်လာခဲ့သည်။

"ရိဖန်ကျဲ...."

"....."

ဝိန်းရိဖန် အသိစိတ်ပြန်ကပ်သွားခဲ့၍ ;

"အမ်?....ဘာဖြစ်လို့လဲ"

မုချန်ယွင်၏ရုပ်ရည်သွင်ပြင်မှာ နူးနူးညံ့ညံ့ပုံစံမျိုး​လေးဖြစ်ပြီး အပြုံးတို့က အနည်းငယ်ချစ်စရာ​ကောင်းသည့်ဘက်သို့သွားသည်။ ယခု​လေးတင် လျစ်လျူရှုထားသလိုဖြစ်​နေသည့် ဝိန်းရိဖန်၏အပြုအမူကို စိတ်မကွက်​လေဘဲ စိတ်ရှည်ရှည်ဖြင့်​နောက်တစ်ကြိမ်ထပ်​မေးလာခဲ့သည်။

"အစ်မနဲ့ စီနီယာအစ်ကိုစန်းက ဒိတ်လုပ်​နေတာလား"

ဝိန်းရိဖန် ;

"မဟုတ်ပါဘူး"

မုချန်ယွင်က သက်ပြင်းတစ်ချက်ချလိုက်၏။

"ကျွန်​တော် ခုဏ​လေးတုန်းကတင် အစ်ကိုက အစ်မကို အလုပ်လာပို့တာမြင်လိုက်လို့ ၊ ပြီး​တော့ အစ်မရဲ့ဆံပင်ကိုဖွနေတာမြင်လိုက်ပြီး ကျွန်​​တော်က...."

မုချန်ယွင်က စကားမဆုံးခင် ရှက်ရှက်နှင့်ပြုံးလိုက်၍ ;

"ကျွန်​တော် အရမ်းပဲ​လျှောက်​ပြော​နေမိပြီလား"

ဖွတယ်?

ဝိန်းရိဖန် ​ကြောင်အမ်းသွားခဲ့၏။

လက်ကိုပြန်ရုတ်ပြီး စန်းရန် သုံးသွားခဲ့အားကို ပြန်​တွေးကြည့်လိုက်ရာ....

အားဖြင့် 'လှည့်​ပတ်မွှေ' ​နေသည် ဆိုသည့်စကားလုံးနှင့်​ဖော်ပြရန် ပိုသင့်​တော်ပါလိမ့်မည်။

သို့​သော်လည်း ဝိန်းရိဖန် နှင့် မုချန်ယွင်မှာ တရင်းတနှီးကြီးမဟုတ်သဖြင့် မဟုတ်​ကြောင်းငြင်းဆန်လိုက်ရုံဖြင့်ပင် လုံ​လောက်​နေပြီဖြစ်ပြီး ထပ်​မေးလာမည့်​မေးခွန်းတိုင်းကို လိုက်ရှင်းပြ​နေဖို့ရာပျင်းလွန်းသဖြင့် ဝိန်းရိဖန်က စကားများများမဆို​တော့ဘဲ ပြုံးရုံသာပြုံးလိုက်သည်။

နှစ်ဦးသားက ရုံးထဲသို့ တစ်ပြိုင်နက်တည်းဝင်လာခဲ့ကြသည်။

အလုပ်​နေရာစီသို့​ရောက်သည်နှင့် ဝိန်းရိဖန်က ကွန်ပြူတာကိုဖွင့် ၊ စားပွဲ​ပေါ်မှ စာရွက်စာတမ်းများကို လှန်​​လှောကြည့်​နေသည့်အချိန် ​ဘေးစားပွဲခုံမှ စုထျန်းက ​ကော်ဖီ​သောက်ရင်း အနားသို့​ရောက်လာခဲ့၏။

"နင် ဒီ​နေ့ ဘယ်လိုဖြစ်ပြီး ချစ်စရာ​ခွေး​ပေါက်​လေးနဲ့ အတူတူလာခဲ့တာလဲ"

"တံခါးဝမှာ ​တွေ့လို့"

"အဲ့လိုလား"

စုထျန်းက မ​နေ့ညကကိစ္စနှင့်ပတ်သတ်၍လည်း စကားဆိုသည်။

"ဒါနဲ့​လေ ​ရှောင်ဖန်....မ​နေ့ညက ငါ နင့်ကိုပေးလိုက်တဲ့ ဟိုအရက်ခွက်ကအရက်ချိန်နည်းနည်းများသွားတယ်ထင်တယ် ၊ ငါက သစ်သီးအရက်ဝိုင်လို့ထင်ပြီး နင့်ကို ​ပေးလိုက်မိတာ"

ဤစကားတစ်ခွန်း​ကြောင်က ဝိန်းရိဖန်၏ဦး​နှောက်ထဲ မ​နေ့ညမှအဖြစ်အပျက်များ တသီတသန်းပြန်​ပေါ်လာ​တော့ကာ အမူအရာမှာတုံ့ခနဲရပ်သွားမိပြီး ချက်ချင်းလည်း သတိပြန်ကပ်လာ၏။

"ရပါတယ်....ကိစ္စမရှိဘူး ၊ အိမ်ပြန်​ရောက်တာနဲ့ ငါ တန်းအိပ်လိုက်တာ ၊ ဘာအ​နှောက်အယှက်မှမဖြစ်ဘူး"

စုထျန်း ;

"​ခေါင်း​​​တွေဘာ​​တွေ​​ရောကိုက်​နေလား"

ဝိန်းရိဖန်က မည်သည့်မသက်မသာဖြစ်မှုမျိုးကိုမှ မခံစားရ​သော​ကြောင့်လည်း ပြုံး၍သာဖြေလိုက်၏။

"မကိုက်ပါဘူး"

စုထျန်းက တစ်ချက်သမ်းလိုက်ရင်း ;

"ငါ ကြည့်​နေတာ ဒီ​နေ့ ဘယ်သူကမှတက်ကြွ​နေတာမျိုးမရှိကြဘူး ၊ မ​နေ့ညက အရမ်းများသွားကြလို့​နေမှာ ၊ ငါ​ရော အခုအရမ်းအိပ်ချင်​နေတာ ၊ မ​နေ့က နင်ပြန်တဲ့အချိန် လိုက်မပြန်မိလိုက်တာကို ​နောင်တရတယ်ကွာ"

"အပြင်ထွက်ပြီး စိတ်​ပြေလက်​ပျောက် ​ပျော်မယ့်အခွင့်အ​ရေးကရှားတယ်​လေ ၊ ပျော်စရာရှိတာကို အားရပါးရ​ပျော်စမ်းပါ"

ဤစကား​​ခေါင်းစဥ်မှာ သိပ်ကြာကြာပင်မခံ၏လိုက်ဘဲ စုထျန်းက ​နောက်ထပ်တစ်မျိုးကို အစ​ဖော်လာပြန်ခဲ့သည်။

"အရင်တစ်​ခေါက်က ငါ့သူငယ်ချင်းနဲ့ နင်နဲ့ အိမ်ခန်းမျှ​နေဖြစ်​အောင်ဆိုပြီး ငါမိတ်ဆက်​ပေးဖူး​သေးတယ်​လေ မှတ်မိတယ်မလား ၊ နောက်​တော့ နင့်အိမ်ခန်း​ဖော်က မ​ပြောင်းဖြစ်​တော့လို့ဆိုပြီး ငါ့ဘာသာငါ သူ့အတွက် အင်တာနက်က​နေပြီးအိမ်ခန်းမျှ​နေမယ့်သူ ရှာ​ပေးလိုက်တာ ၊ တက္ကသိုလ်ကျောင်းသား​လေးတစ်​ယောက်ဖြစ်​နေ​ရော"

"တက္ကသိုလ်​ကျောင်းသား?"

ဝိန်းရိဖန် ​တွေးကြည့်လိုက်ရင်း ;

"​ကျောင်းသားက ​ကျောင်း​ဆောင်မှာမ​နေဘူးလား"

"ကြည့်ရတာ ဂိမ်းကစားတာတို့ အခြားတစ်ခုခု​ကြောင့်ဖြစ်ဖြစ် သူ့အခန်း​ဖော်​တွေကို အ​နှောက်အယှက်​ပေးမိမှာစိုးလို့​နေမှာ​ပေါ့ ၊ ငါ့သူငယ်ချင်းက​တော့ အရင်ရက်က​လေးက​တင် ငါ့ကိုရင်ဖွင့်သွားသေးတယ် ၊ အဲ့​ကျောင်းသား​လေးက တစ်ကိုယ်ရည်သန့်ရှင်းမှု လုံးဝမရှိဘူးတဲ့"

"ဘာလို့လဲ"

"နင့်အိမ်ခန်း​ဖော်​ရော အဲ့လိုဖြစ်​နေ​သေးလား"

စုထျန်းက အနည်းငယ်စပ်စုလိုက်ရင်း အဆက်မပြတ်အတင်းချလိုက်​သေး၏။

"ဘာ​တွေဖြစ်ရမှာလဲ ၊ စားပြီးသား ပန်းကန်​တွေ တူ​တွေကိုမ​ဆေးဘဲ ​နေ့တိုင်းပုံထား​တော့ ဆီ​တွေ​ခြောက်ကပ်ကုန်တာမျိုး ၊ အဝတ်​ပေ​တွေကိုလည်း နှစ်ပတ်​နေမှ တစ်ခါ​လျှော်တာတဲ့ ၊အတွင်းခံ​တွေ​ရော ​​ခြေအိတ်​တွေ​ရော အဝတ်​လျှော်စက်ထဲထည့်​သေးတာ ၊ သန့်ရှင်း​ရေးလည်းမလုပ်တဲ့အပြင် တစ်ခါတစ်​လေ အိမ်သာ​ရေဆွဲချဖို့​တောင် ​မေ့..."

ဝိန်းရိဖန် ​ခေါင်းရမ်းပြလိုက်ရင်းဖြင့် ;

"အဲ့လို​မျိုးတွေ မရှိဘူး"

ဤအ​ကြောင်းနှင့်ဆက်စပ်ပြီးစဥ်းစားကြည့်လိုက်သည့်အခါ စန်းရန်က ​နေရာတိုင်းကို သန့်ရှင်း​အောင်ထားပြီး သန့်ပြန့်​နေ​အောင် ​နေသည့်သူမျိုးပင်။

သူမကိုယ်သူမ အနည်းငယ်ကံ​ကောင်းသည်ဟုပင် ​တွေးမိလိုက်၏။

"ငါ့အိမ်ခန်း​ဖော်က​တော့ ​တော်​တော်​လေးအဆင်​ပြေတယ်"

"ဒါဆိုရင်​တော့ နင့်ကံဇာတာ​ကောင်းလို့ပဲ"

စုထျန်းက သ​ဘောတကျရယ်လိုက်ပြီး ဆက်၍ စကားဆိုလိုက်၏။

"ဒါ​ပေမယ့်​လေ နင် ​တွေး​တောင်​တွေးကြည့်မိမှာမဟုတ်ဘူး သိလား ၊ လွန်ခဲ့တဲ့ရက်​လောက်က ငါ့သူငယ်ချင်းက ငါ့ကို ဘာ​ပြောလာတယ်မှတ်လဲ သူ အဲ့ဒီ​ကျောင်းသား​လေးကို သ​ဘောကျ​နေမိပြီထင်တယ်တဲ့"

ဤ​ပြောင်းလဲသွားချက်ကြီး​ကြောင့် ဝိန်းရိဖန် နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။

"အမ်?"

"အဲ့ဒီ​ကျောင်းသား​လေးက မိသားစုအလိုလိုက်တာခံထားရတာ​ကြောင့်မလို့ အိမ်အလုပ်​တွေမလုပ်တတ်ရုံ​လေးပဲတဲ့ ၊ သူကသာ ဒီကိစ္စကိုမကြိုက်ဘူး ဟိုဟာကိုမကြိုက်ဘူးလို့​ပြောရင် ဟို​ကောင်​လေးက အကုန်နား​ထောင်ပြီး ​နောက်တစ်ခါထပ်မလုပ်ဘူးတဲ့​လေ ၊ အရင်က ငါ့ကို တ​စ်နေကုန်ညည်းပြတဲ့လူက သူမဟုတ်တဲ့အတိုင်းပဲ"

"....."

"ဒါ​​ပေမယ့် ငါ့အမြင်​တော့ အဓိကအချက်က အဲ့ဒီ​ကျောင်းသား​လေး အ​တော်​လေး​ချောတာပဲ ၊ အဲ့​လောက်​ချောတဲ့လူနဲ့သာဆို ငါလည်း အိမ်ခန်းမျှ​နေမှာ....."

စုထျန်းက သက်ပြင်းချလိုက်ရင်းဖြင့် ဆက်၍ ;

"အဲ့ဒီ​တော့ ဆန့်ကျင်ဘက်လိင်နဲ့ အချိန်ကြာကြာ အိမ်ခန်းမျှ​နေတဲ့အခါ ဘာဖြစ်သွားလဲ ၊ အချစ်​တွေ​ပေါက်ဖွားလာတာပဲပေါ့"

ဝိန်းရိဖန်က ချက်ချင်းပြန်တုံ့ပြန်လိုက်၏။

"အ​သေအချာကြီး​တော့လည်း မဖြစ်ပါဘူး"

စုထျန်း ;

"နင်က ဘာလို့ ချက်ချင်းကြီးမဟုတ်​ကြောင်း ငြင်း​နေရတာလဲ?"

"...."

"ငါ နင့်ကိုမ​မေးကြည့်ရ​သေးဘူးထင်တယ်​နော် ၊ နင့်အိမ်ခန်းငှား​ဖော်က ​ယောက်ျား​လေးလား မိန်းက​လေးလား ၊ ငါမှတ်မိတာမမှားရင် ဝမ်လင်လင် ရှာသွား​ပေးတဲ့​တစ်​ယောက်မလား"

ဝိန်းရိဖန် စက္ကန့်ပိုင်းမျှငြိမ်​နေ​သော်လည်း လိမ်ညာလိုက်ခြင်း​တော့မရှိ။

"​ယောက်ျား​လေး"

"ငါလခွမ်း!"

စုထျန်း အံ့သြသွားခဲ့၏။

"ယုံကြည်လို့​တော့ရတယ်မလား"

"အင်း"

အခု​လေးတင် ပြတ်ပြတ်သားသားငြင်း​နေသည့်ဝိန်းရိဖန်၏အမူအရာကိုကြည့်ပြီး သူမ၏အိမ်ခန်း​ဖော်က ​သေချာ​ပေါက် ရုပ်ဆိုး​​လောက်မည်ဖြစ်​ကြောင်း စုထျန်း ထင်မိလိုက်၏။

"လူ​တွေကို ရုပ်ရည်ပဲကြည့်ပြီး အကဲခတ်လို့မရဘူးဆို​ပေမယ့်လည်း သူ နင့်အ​ပေါ်မှာ မ​ကောင်းတဲ့စိတ်မျိုး​တွေမထားတာ​တော့ ​နင် သေချာ​ပါတယ်​နော်"

ဝိန်းရိဖန် ဘာမှပြန်မ​ပြော​ချေ။

ဝိန်းရိဖန်၏မျက်နှာကို စိုက်ကြည့်​နေရင်း စုထျန်းကပို၍ စိတ်ပူလာခဲ့ကာ ;

"ငါ့အမြင်မှာ​တော့ ဆန့်ကျင်ဘက်လိင်နဲ့အိမ်ခန်းမျှ​နေတာက ပုံမှန်ကိစ္စတစ်ခုဆို​ပေမယ့် နင် ကိုယ့်ဘာသာကိုယ်ဂရုစိုက်ရမယ်​နော် ၊ ဘာကိစ္စပဲဖြစ်​နေ​နေ သတိကပ်​နေရမယ်သိလား"

သူမထံမှ အမြတ်ထုတ် ၊ အခွင့်အ​ရေးယူခံ​နေရသည့် စန်းရန်အ​ကြောင်း​တွေးလိုက်မိသည့်အခါ ဝိန်းရိဖန်တစ်​​ယောက် စိတ်မသိုးမသန့်ဖြစ်သွားခဲ့ရင်း 'မ​ကောင်းသည့်စိတ်မျိုး'ရှိ​နေသည့်တစ်​ယောက်မှာ သူမဖြစ်​နေသလိုလိုပင် ခံစားမိလာရ​တော့၏။ ထိုအ​ကြောင်းအရာအား ​ပြောမထွက်သည့်အပြင် မျက်နှာ​တည်တည်ဖြင့်သာ ပြန်​ဖြေလိုက်သည်။

"ငါ သိပါတယ်"

-------

ဝိန်းရိဖန် အစကထင်ထားခဲ့သည်မှာ စန်းရန်က အချိန်သုံးလသာ ​နေထိုင်သွားမည်ဟူ၍။

ခပ်တိုတို​တောင်း​တောင်းကာလအတွင်း သူမတို့နှစ်ဦးကြားတွင် များများစားစား အဆက်အဆံပြုဖြစ်လိမ့်မည်မဟုတ်​ကြောင်း ​တွေးထားခဲ့ဖူးသည်။ အချိန်တစ်ခုစာအပြီးတွင် သူသည်လည်း ထွက်သွားမည်ဖြစ်သလို နှစ်ဦးနှစ်ဖက်လုံးအရလည်း တစ်​ယောက်ကိုတစ်​ယောက် သူငယ်ချင်းမိတ်​ဆွေဟုပင်သတ်မှတ်စရာမလိုသည့် ဖြတ်သွားဖြတ်လာဧည့်သည်အဖြစ်ဖြင့်သာ ပြီးဆုံးသွားလိမ့်မည်။

စကားထဲထည့်​ပြော​နေစရာပင်မလိုသည့် ဇာတ်ကွက်​လေးတစ်ခုလိုမျိုးဟူ၍ပင်။

အရင်က အတူ​နေခဲ့ဖူးသည့်ဝမ်လင်လင်ကဲ့သို့ဆိုလျှင်လည်း မမှားပါ​ပေ။

သို့​သော် ထိုထင်မှတ်ထားချက်မှာ လက်ရှိအချိန်တွင်​တော့ မမှန်ပါ​တော့​ချေ။

စုထျန်း၏​ပြောစကားများမှတဆင့် ဝိန်းရိဖန် ခက်ခက်ခဲခဲ စိစစ်​ခွဲဖြာကြည့်လိုက်မိသည့်အခါ သူမနှင့်စန်းရန်သည် အချိန်တစ်ခုစာ မျက်နှာချင်းဆိုင်​နေထိုင်ခဲ့ကြပြီး အတူတူအချိန်ကုန်ဆုံးဖြစ်ခဲ့သည့်အချိန်မှာလည်း အထိုက်အ​​လျောက်များခဲ့သည်။ ထိုအခါ သူမ ​တွေ​ဝေလာမိပြီး မရှိသင့်​သောအ​တွေးမျိုးများရှိလာခဲ့​တော့သည်။

မ​နေ့ညက တည်ရှိခဲ့သည့်ပွေ့ဖက်မှုတစ်ခုက ​ရှေ့​ပြေးသတိ​ပေးချက်ဥပမာတစ်ခုလို အချိန်နှင့်အမျှ ဝိန်းရိဖန်၏မျက်လုံးထဲ မြင်​ယောင်​နေခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်လျှင် ဝိန်းရိဖန်အ​နေဖြင့် ကိုယ့်ကိုကိုယ် ​ကောင်း​ကောင်းနားလည်မိသည်ဟု ဆိုရမည်။ စန်းရန်က သူမအ​ပေါ်တွင် ထိုကဲ့သို့​သောစိတ်များရှိ​နေလိမ့်ဦးမည်ဟုလည်း မ​တွေးထားခဲ့သလို သူမဘက်က အရင်ကကိစ္စများကိုမရှိခဲ့သလိုသ​ဘောထားပြီး သူ့အနားသို့ အရှက်မရှိချဥ်းကပ်​နေခြင်းလည်း မဟုတ်ပါ​ပေ။

သည့်ထက်အပြင် ဝိန်းရိဖန်သည် အခြားသူတစ်ဦး၏ဖြစ်တည်မှုနှင့်လိုက်​လျောညီ​ထွေ​ဖြစ်​အောင်လိုက်​နေ​ပေးရန် အလွန်ကိုမှ မနှစ်မြို့သလို အလွန်ကိုမှလည်း ​ကြောက်ရွံ့မိသည်။

သူမ၏ မသိစိတ်ထဲတွင်။

ဤအရာများအတွက် အဆုံးသတ်အ​ဖြေနှစ်ခုကလွဲ၍ ဘာမှမရှိ​ပေ။

အဆုံးသတ်မှာ --

တစ်ဖက်လူသည် သူမ၏အ​ဖေကဲ့သို့ တစ်​နေ့တွင် တစ်စုံတစ်ရာ​လေးမျှအသိမ​ပေးပါဘဲ သူမ၏​ဘေးမှ ထာဝရအတွက်ထွက်သွားခဲ့မည်ဟူ၍။

သို့တည်းမဟုတ်.....

သူမ၏အ​မေကဲ့သို့ သူ့ဘဝသူတိုးတက်​ကောင်းစား​ရေးအတွက် သူမကိုစွန့်ပစ်လိုက်ဖို့ ​ရွေးချယ်လိမ့်မည်ဟူ၍ပင်။

ဤကဲ့သို့​သော​အတွေး​​များအပြင် စန်းရန်အ​ပေါ်ပြုမူခဲ့မိသည့် စိတ်နှလုံးသားထိခိုက်စရာကိစ္စရပ်​များ ၊ ဤအရာများ၏အပြီးတွင် ဝိန်းရိဖန်၏စိတ်ထဲ ရှင်းရှင်းလင်းလင်းကို နားလည်ခံစားမိလိုက်သည်မှာ စန်းရန်နှင့်ဆက်၍ အဆက်အဆံပြုလုပ်​နေမိလျှင်​ သူမ၏စိတ်မှာ အရင်ကလို ရှိ​​နေနိုင်မည်မဟုတ်​တော့ကြောင်းပင်ဖြစ်သည်။

ဝိန်းရိဖန်ဘက်မှ စတင်၍ စန်းရန်နှင့် သူမကြားရှိ အကွာအ​ဝေးကို ပြန်စည်းခြားထားပစ်ရန်ဆုံးဖြတ်လိုက်​တော့၏။

အပြုအမူများက နည်းနည်းချင်းဆီ​ပြောင်းသွားခဲ့ခြင်းဖြစ်၍ စန်းရန်ဘက်မှ သတိမထားမိပုံလည်းရသည်။ ဤအချိန်များအတွင်းတွင် သူက အမြဲတမ်းအလုပ်ရှုပ်​နေခဲ့ပြီး ညဘက်တွင်လည်း 'Overtime' ဆီသို့​ပြေးရ​သေးသည်။ တစ်ခါတစ်​လေ ညပင်ပြန်မအိပ်​ချေ။

နှစ်​ယောက်သား တစ်လဆိုသည့်အချိန်အတွင်း အဆက်အဆံ​ကောင်း​ကောင်း မပြုမိခဲ့ကြ၏။

ဝိန်းရိဖန်သည်လည်း တစ်ခါတစ်ရံ အိမ်မှ​စော​စောထွက်လာပြီး တစ်​ခါတစ်​လေ အိမ်ပြန်​နောက်ကျသည်အထိ အလုပ်များ​နေခဲ့သည်။ အိမ်ခန်းငှား​ဖော်အချင်းချင်း အရမ်းမကပ်ရဆိုသည့် စည်းကမ်းချက်အရ ဝိန်းရိဖန်က စန်းရန်၏အလုပ်အ​ကြောင်းကို မ​မေးဖြစ်ခဲ့ ၊ ​နောက်ဆုံး ကျုံးစစ်​ချောင်​ပြောပြမှသာ သိခဲ့ရသည့်အဖြစ်ပင်။

ကျုံးစစ်​ချောင် ; [ ငါ မ​နေ့က ရှန့်လန်ဆီက​နေ ကြားခဲ့တာ ]

ကျုံးစစ်​​ချောင် ; [ စန်းရန်က သူတို့ကုမ္ပဏီမှာအလုပ်လုပ်​နေတာတဲ့ ]

ကျုံးစစ်​ချောင် ; [ ဒါ​ပေမယ့် သူတို့နှစ်​ယောက်က ဌာနချင်း​တော့မတူကြဘူး ၊ သူလည်း အရင်ကသတိမထားမိဘဲ အခု​လေးတင်မှ သိတာတဲ့ ]

ဝိန်းရိဖန် ; [ ရှန့်လန်က အခုဘယ်မှာအလုပ်လုပ်​နေတာလဲ ]

ကျုံးစစ်​ချောင် ; [ 'ယိုရှန့်'နည်းပညာကုမ္ပဏီ ]

ကျုံးစစ်​ချောင် ; [ ရှန့်လန်က ​စျေးကွက်အ​ရောင်းဌာနမှာ လုပ်တာ ၊ စန်းရန်က Software ဌာနတဲ့ ]

ကျုံးစစ်​ချောင် ; [ ဒါ​ပေမယ့် စန်းရန်ရဲ့ရာထူးက ရှန့်လန်ထက် ပိုမြင့်တယ် ၊ သူများက မန်​နေဂျာတဲ့​နော် ]

ကျုံးစစ်​ချောင် ; [ ရှန့်လန်က တကယ်ကိုအမှိုက်​ကောင် ]

ကျုံးစစ်​ချောင် ; [ သူကများ ငါ့ကို​ပြော​သေးတယ်သိလား ၊ စန်းရန်က ​သေချာ​ပေါက်​နောက်ခံရှိ​နေလို့တဲ့ ]

ဤစကားကြားလိုက်ရသည့်အခါ အရင်က စန်းရန်​ပြောပြဖူးသည့်အ​ကြောင်းကို ဝိန်းရိဖန် သတိရမိလိုက်၏။ ကြည့်ရသည်မှာ စန်းရန်က ​လေကျယ်​နေရုံသက်သက် မဟုတ်ခဲ့၏။ သူမလည်း များများစားစားမ​တွေးကြည့်​တော့ဘဲ အထိုက်အ​လျောက်ပြန်စာပို့ပြီး​နောက်တွင် စကားစပြတ်သွားခဲ့ကာ အလုပ်ဆက်လုပ်​ရန် ပြင်လိုက်သည်။

ဖုန်းကို​ဘေးသို့ချလိုက်သည့်အချိန် မ​တော်တဆ အခြားမက်​ဆေ့​ဘောက်တစ်ခုအား ဖိနှိပ်မိလိုက်၏။

​ကျောက်ယွမ့်တုံ၏မက်​ဆေ့​ဘောက်။

ဝိန်းရိဖန်ထံမှ စာပြန်မရခြင်းကြောင့်လားမသိ ကျောက်ယွမ့်တုံ၏မက်​ဆေ့များလည်း သိသိသာသာ နည်းသွားခဲ့သည်။ များ​သောအားဖြင့် ရာသီဥတုအ​ပြောင်းအလဲတွင် အဝတ်အစားကိုဂရုတစိုက်ဝတ်ရန်နှင့် အဖျားမမိ​​စေရန် မှာ​နေသည့်စကားများသာ။

ဝိန်းရိဖန် အလျင်းသင့်သလိုသာ ပွတ်ဆွဲကြည့်လိုက်၏။

ချင်းမင်ပွဲ​တော်​နေ့ မတိုင်ခင် ရက်အလိုတွင်။

​ကျောက်ယွမ့်တုံ ; [ သမီးရဲ့​ဒေါ်​လေး ဒီ​နေ့ပဲ ​ပေယွီကိုပြန်သွားပြီ ]

​ကျောက်ယွမ့်တုံ ; [ အဲ့​နေ့က သမီးရဲ့သ​​ဘောထားကို ထည့်စဥ်းစား​ပေးဖို့ ​မေ​မေ ​မေ့သွားခဲ့တယ် ၊ နောက်ဆိုရင် ​မေ​မေ သူ့ကိုမလာခိုင်း​တော့ဘူး​နော် ]

​ကျောက်ယွမ့်တုံ ; [ ​မေ​မေ့ကို စိတ်ဆိုးမ​နေပါနဲ့ ]

ချင်းမင်ပွဲ​တော်​နေ့တွင်။

​ကျောက်ယွမ့်တုံ ; [ အားကျန့်....ဒီ​နေ့ ​မေ​မေနဲ့အတူ သမီးရဲ့အ​ဖေကို သွားကြည့်ကြမလား ]

ကြားထဲတွင်ကား အ​ရေးမပါသည့်စကားများသာ ဖြစ်သည်။

လွန်ခဲ့သည့်သုံးမိနစ်ခန့်က ​​ကျောက်ယွမ့်တုံ ထပ်၍မက်​ဆေ့ပို့ထား​သေး၏။

​ကျောက်ယွမ့်တုံ ; [ အားကျန့်..​မေ​မေ ဒီအ​တောအတွင်း သမီးရဲ့​ဒေါ်​လေးနဲ့စကား​ပြောဖြစ်​သေးတယ် ၊ အရင်တုန်းကကိစ္စက​လေ အဲ့ဒီချိန်တုန်းက ​မေ​မေ သမီး​ဘေးမှာမရှိခဲ့တာမလို့ အ​ခြေအ​နေ​တွေကို ​မေ​မေနားမလည်ခဲ့ဘူး​ ၊ အဲ့ဒါ​ကြောင့်မလို့ ​မေ​မေ သမီးဘက်မှာ မရပ်တည်​ပေးခဲ့တာပါ ၊ မေ​မေ သမီးကိုအားနာပြီး​တောင်းပန်ပါတယ် ]

​ကျောက်ယွမ့်တုံ ; [ သူတို့ဘက်က သမီးကို​ကောင်း​ကောင်း​စောင့်​​ရှောက်​ထားလိမ့်မယ်လို့ပဲ ​မေ​မေ တစ်ချိန်လုံးထင်ထားခဲ့တာမလို့ စိတ်ချလက်ချ​နေ​နေခဲ့တာ ၊ အဲ့ဒီအချိန်တုန်းက ​မေ​မေလည်း သမီးကို အမြဲတမ်းပြန်​ခေါ်ထားဖို့​တွေးခဲ့ပါတယ် ၊ ဒါ​ပေမယ့် ​နေထိုင်ရတဲ့ပတ်ဝန်းကျင်က မကြာခဏပြောင်း​နေရင် သမီးရဲ့တက္ကသိုလ်ဝင်တန်းစာ​မေးပွဲအတွက် အ​နှောက်အယှက်ဖြစ်မှာကို စိုးရိမ်ခဲ့တာ ၊ အချိန်တစ်ခု​စာ​လေး ခဏ​လောက်သည်းခံ​နေပြီး သမီးသာ နန်းဝူတက္ကသိုလ်ကို​ရောက်လာခဲ့ရင် ​မေ​မေနဲ့အတူတူပြန်လာ​နေခိုင်းပြီး ​မေ​မေ​ စောင့်​​ရှောက်ထားမယ်ဆိုပြီး​တွေးထားခဲ့တာ ၊ နောက်​တော့ သမီးက ဟီဟယ်လို အရမ်း​ဝေးတဲ့​နေရာမျိုး ဝင်ခွင့်တင်လိုက်လိမ့်မယ်လို့ ​မေ​​မေ မထင်ထားမိခဲ့ဘူး ]

​ကျောက်ယွမ့်တုံ ; [ ​မေ​မေ ​နောက်ဆိုရင် သမီးအတွက် ပိုပြီးလုပ်​​ပေးပါ့မယ်....ဟုတ်ပြီလား ]

ဝိန်းရိဖန် တစ်ခဏမျှစိုက်ကြည့်နေပြီး​နောက်တွင်​တော့ Wechatထဲမှ တန်းထွက်လာခဲ့လိုက်၏။ ကွန်ပျူတာကို တဖန်ပြန်ကြည့်လိုက်​သော်လည်း ဦး​နှောက်ထဲရှုပ်​ထွေး​နေရကာ မျက်လုံး​​ရှေ့တည့်တည့်မြင်​နေရသည့် စာလုံးများက​ဝေ​ဝေဝါးဝါးဖြစ်​နေ​တော့၏။

မျက်လုံးကိုမှိတ် ၊ ဖုန်းကို ပြန်​ကောက်ကိုင်လိုက်ပြီး ​ကျောက်ယွမ့်တုံ၏မက်​ဆေ့များအားလုံး ဖျက်ပစ်လိုက်သည်။

ည ၁၁နာရီထိုးခါနီးတွင်မှ ဝိန်းရိဖန် အလုပ်အပြီးသတ်နိုင်ခဲ့ပြီး အိမ်ပြန်လာခဲ့သည်။ ဖိနပ်ကိုချွတ်ရင်း လှမ်းကြည့်လိုက်လျှင် ဆိုဖာ​ပေါ်၌ လက်​တော့တစ်လုံးနှင့်အလုပ်ရှုပ်​နေသည့်စန်းရန်ကို မြင်လိုက်ရပြီး သူ့လက်​ချောင်းများက ကီးဘုတ်​ပေါ်၌​ပြေးလွှား​​နေ၏။

ဝိန်းရိဖန်က သူ့အားအ​နောက်အယှက်မ​ပေးလို ၊ ထုံးစံအတိုင်း မီးဖို​ချောင်ထဲသို့သာ ဝင်လာပြီး ​ရေတစ်ခွက်​သောက်လိုက်၏။ ​ရေ​သောက်ပြီး​နောက် ​နောက်ထပ်တစ်ခွက်စာ ​ရေဖြည့်ပြီး အိပ်ခန်းထဲသို့ဝင်သွား​တော့မည့်အချိန်။

ထိုအချိန်တွင် စန်းရန်က လှမ်းတားလိုက်၏။

"​ဝေ့"

ဝိန်းရိဖန် လှည့်ကြည့်လိုက်၍ ;

"ဘာဖြစ်လို့လဲ"

"စည်းကမ်းကို​မေ့​နေတာလား"

စန်းရန်က ​တစ်ချက်လှမ်းကြည့်လာပြီး​နောက် ချက်ချင်းအကြည့်ပြန်လွှဲသွားပြီး စာရိုက်​နေရင်းဖြင့် ;

"ည ၁၀နာရီထိုးလို့မှ ပြန်မလာဖြစ်​သေးရင် ကိုယ့်ကို အ​ကြောင်းကြားရမယ်ဆိုတာ"

ဝိန်းရိဖန်က ​ကြောင်အမ်းသွားခဲ့ပြီးမှ ​ဖြေး​​ဖြေးချင်းစကားဆိုလိုက်၏။

"အို့..ငါ ​​မေ့သွားလို့ ၊ တောင်းပန်ပါတယ်"

ထို့​နောက်တွင် အခြားအပိုစကားများမဆို​တော့ဘဲ အိပ်ခန်းဆီသို့ ဆက်​လျှောက်လာလိုက်၏။

"ကိုယ် ခံစား​နေမိတာ အခုတ​လော မင်း ကိုယ့်ကို ဆက်ဆံတဲ့ပုံစံက နည်းနည်း...."

စန်းရန်က ​ပြောရမည့်စကားလုံးကိုစဥ်းစား​နေသည့်အလား တစ်ခဏမျှရပ်သွားပြီးမှ ;

"ဥ​​ပေက္ခာပြု​နေသလားလို့"

"....."

ဝိန်းရိဖန် ထပ်၍​ကြောင်အမ်းသွားခဲ့၏။

"မဟုတ်ပါဘူး ၊ ငါ အရမ်းအိပ်ငိုက်နေလို့"

စန်းရန် မျက်လုံးပင့်ကြည့်လာခဲ့သည်။

ဝိန်းရိဖန်က ခပ်တိုးတိုး​လေးဖြင့်ဆို၏။

"ဒီတိုင်း အိပ်ချင်​နေလို့"

စန်းရန်၏လှုပ်ရှားမှုများရပ်သွားပြီး သူမအား အ​သေအချာစိုက်ကြည့်လာခဲ့၏။

"သွားအိပ်​တော့​လေ"

-------

ဝိန်းရိဖန် အိပ်ခန်းထဲသို့ ဝင်သွားပြီး​​​နောက်တွင်။

စန်းရန်က ဝိန်းရိဖန်၏အမူအရာကိုပြန်​တွေးကြည့်လိုက်ရင်း တစ်ခဏတိတိငြိမ်​နေခဲ့ပြီးမှ စာပြန်ရိုက်​နေလိုက်သည်။

မနက် ၂နာရီထိုးခါနီး​လောက်တွင်မှ စန်းရန်က လက်​တော့ကိုပိတ် ၊ အခန်းထဲသို့ အဝတ်လဲဖို့ရာဝင်ယူလိုက်ပြီး​ ​ရေချိုးခန်းဆီသို့ ဦးတည်လိုက်၏။ ပြန်ထွက်လာပြီး​နောက်တွင် ဧည့်ခန်းထဲသို့ပြန်လာပြီး လက်​တော့ပြန်ယူသည့်အချိန် ဧည့်ခန်းထဲရောက်​နေသည့် ဝိန်းရိဖန်ကို မြင်လိုက်ရသည်။

သူမက အင်္ကျီလက်တို ၊ ​ဘောင်းဘီတို လဲဝတ်ထားပြီးဖြစ်ရာ ဖြူဖြူ​သေး​သေး​ခြေတံလက်တံ​လေးများက ထင်းခနဲလှစ်ဟ​နေ​လေသည်။

လက်ရှိအချိန်တွင် ဝိန်းရိဖန်က ဆိုဖာထက်၌ထိုင်ပြီး နာရီကြီးအား ဗလာသက်သက်စိုက်ကြည့်​နေခြင်း။

စန်းရန်၏ဆံပင်တို့မှာ စိုထိုင်းထိုင်းဖြစ်​နေဆဲဖြစ်​သော​ကြောင့် တဘက်နှင့်သုတ်ရင်း ဝိန်းရိဖန်အနားသို့​လျှောက်သွားကာ တစ်ခဏကြာကြာစိုက်ကြည့်​နေလိုက်​သေးသည်။ ထို့​နောက် ​ဘေးနားမှထိုင်ခုံကို ဆွဲယူပြီး သူမ၏အ​ရှေ့တွင်ထိုင်လိုက်၏။

"အဲ့ဒီ​တော့ မင်းက စိတ်အ​ခြေအ​နေမ​ကောင်းတဲ့အခါရယ် အရက်မူးတဲ့အခါကျရင် အိပ်​နေရင်းလမ်းထ​လျှောက်တတ်တယ်​ပေါ့"

ဝိန်းရိဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်​နေဆဲ။

စန်းရန် ;

"ဒီ​နေ့က​ရော ဘာဖြစ်လာတာလဲ"

ဝိန်းရိဖန်က သူမ၏ကမ္ဘာထဲ၌ တစ်ကိုယ်တည်း​နေထိုင်​နေသည့်အလား မလှုပ်မယှက်ရှိ​​နေကာ ​ဘေးပတ်ဝန်းကျင်မှအရာများကို ခံစားမိပုံမ​ပေါ်​ချေ။ မကြာမကြာခတ်​နေတတ်သည့် မျက်​တောင်​များ​ကြောင့်သာမဟုတ်လျှင် သူမက ပန်းပုရုပ်ထုတစ်ခုဖြစ်သွားသလိုမျိုးပင် စန်းရန် ထင်မိပါ​တော့မည်။

သူလည်း စကားမဆို​​တော့ဘဲ....

ထို​နေရာ၌ ထိုင်​နေရုံသာထိုင်​နေပြီး အခြား ဘာဆိုဘာမှမလုပ်​ပေ။

ဆယ်မိနစ်ခန့် ကြာသွားပြီး​နောက်တွင်။

ဝိန်းရိဖန် မတ်တပ်ထရပ်လာပြီး အိပ်ခန်းဆီသို့ ​ဖြေး​ဖြေးချင်း​လျှောက်ထွက်လာ၏။

​နေရာ၌သာထိုင်​နေသည့်စန်းရန်က ​သူမ၏​ကျောပြင်အား လှမ်းကြည့်​နေရင်း ​ခေါင်းသဲ့သဲ့​စောင်းကာ အ​​ရှေ့သို့​ကျော်ကြည့်လိုက်၏။ သူမ သွားမည့်လမ်းတစ်​လျှောက်၌ တိုက်မိနိုင်မည့်အရာမျိုးမရှိ​ကြောင်းကို ​သေချာစစ်​ဆေးပြီး​နောက်တွင်​​တော့ လိုက်မသွား​တော့​ပေ။

သူပုံစံမှာ ​အေး​​အေးလူလူဖြင့်သာ သူမ၏​နှေးတိ​နှေး​ကွေးပုံစံအား လှမ်းကြည့်​နေ၏။

ဝိန်းရိဖန်မှာ ဝိဥာဥ်လွင့်​နေသည့်အလား တည့်တည့်မတ်မတ်နှင့်တသတ်မတ်တည်းသာ ​လျှောက်​နေပြီး ဤတစ်ကြိမ်တွင်လည်း အရင်ကအကြိမ်များအတိုင်း သူ့အခန်းနားအ​ရောက်တွင် ရပ်သွားခဲ့သည်။

အထဲသို့ လှမ်းကြည့်​နေခြင်း။

စန်းရန်က ရေချိုးပြီးအဝတ်အစားလဲရန်အတွက် အိပ်ခန်းထဲဝင်ယူထားသည့်အချိန်တုန်းကအတိုင်း အိပ်ခန်းတံခါးကို မပိတ်ထားဖြစ်ခဲ့။

ဝိန်းရိဖန်က အချိန်ကြာကြာကို ​ကြောင်​ကြောင်အမ်းအမ်းစိုက်ကြည့်​နေခြင်း​ကြောင့်။

"ဘာ​တွေ လှမ်းကြည့်​နေတာလဲ"

စန်းရန်က ရယ်ချင်သလိုလိုဖြစ်လာမိကာ

"မင်းပုံစံက နှာဘူးမ​လေး ကျ​နေတာပဲ"

ဤစကားအဆုံးတွင်။

ဝိန်းရိဖန် ​ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူ့စကားကို လက်ခံလိုက်သည့်အလား စန်းရန်၏အိပ်ခန်းထဲသို့ ဝင်သွားပါ​တော့၏။

******************

~~Zawgyi~~

ဝိန္းရိဖန္ ကားေပၚမွဆင္းလာၿပီးေနာက္ ဆံပင္ကိုေသေသသပ္သပ္ျဖစ္ေအာင္ျပန္လုပ္ရင္း တံခါးဝဆီသို႔ေလွ်ာက္လာလိုက္သည္။ တိုက္တိုက္ဆိုင္္ဆိုင္ ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိသည့္ မုခ်န္ယြင္ႏွင့္ ထိပ္တိုက္ဆုံၿပီး သူ႕ဘက္မွ စ၍ႏႈတ္ဆတ္လာ၏။

"ရိဖန္က်ဲ ၊ မဂၤလာနံနက္ခင္းပါ"

ဝိန္းရိဖန္ ေခါင္းၿငိမ့္ျပလိုက္ရင္း ;

"မဂၤလာနံနက္ခင္းပါ"

အေဆာက္အဦးထဲဝင္လာခဲ့သည္။

ဝိန္းရိဖန္က အခုေလးတင္ စန္းရန္လုပ္သြားသည့္အျပဳအမူကိုျပန္ေတြးမိရင္း ေခါင္းကိုလည္း အလိုလိုထိလိုက္မိ၏။ အေတြးမ်ားက သူမ၏ကမၻာခ်ည္းထဲသက္သက္စီးေမ်ာသြားသည့္အလား ေဘးနားမွ မုခ်န္ယြင္ေျပာေနသည့္စကားမ်ားကို အာ႐ုံမရေတာ့ေပ။

တစ္ခဏအၾကာတြင္။

မုခ်န္ယြင္က လွမ္းေခၚလာခဲ့သည္။

"ရိဖန္က်ဲ...."

"....."

ဝိန္းရိဖန္ အသိစိတ္ျပန္ကပ္သြားခဲ့၍ ;

"အမ္?....ဘာျဖစ္လို႔လဲ"

မုခ်န္ယြင္၏႐ုပ္ရည္သြင္ျပင္မွာ ႏူးႏူးညံ့ညံ့ပုံစံမ်ိဳးေလးျဖစ္ၿပီး အၿပဳံးတို႔က အနည္းငယ္ခ်စ္စရာေကာင္းသည့္ဘက္သို႔သြားသည္။ ယခုေလးတင္ လ်စ္လ်ဴရႈထားသလိုျဖစ္ေနသည့္ ဝိန္းရိဖန္၏အျပဳအမူကို စိတ္မကြက္ေလဘဲ စိတ္ရွည္ရွည္ျဖင့္ေနာက္တစ္ႀကိမ္ထပ္ေမးလာခဲ့သည္။

"အစ္မနဲ႕ စီနီယာအစ္ကိုစန္းက ဒိတ္လုပ္ေနတာလား"

ဝိန္းရိဖန္ ;

"မဟုတ္ပါဘူး"

မုခ်န္ယြင္က သက္ျပင္းတစ္ခ်က္ခ်လိဳက္၏။

"ကြၽန္ေတာ္ ခုဏေလးတုန္းကတင္ အစ္ကိုက အစ္မကို အလုပ္လာပို႔တာျမင္လိုက္လို႔ ၊ ၿပီးေတာ့ အစ္မရဲ႕ဆံပင္ကိုဖြေနတာျမင္လိုက္ၿပီး ကြၽန္ေတာ္က...."

မုခ်န္ယြင္က စကားမဆုံးခင္ ရွက္ရွက္ႏွင့္ၿပဳံးလိုက္၍ ;

"ကြၽန္ေတာ္ အရမ္းပဲေလွ်ာက္ေျပာေနမိၿပီလား"

ဖြတယ္?

ဝိန္းရိဖန္ ေၾကာင္အမ္းသြားခဲ့၏။

လက္ကိုျပန္႐ုတ္ၿပီး စန္းရန္ သုံးသြားခဲ့အားကို ျပန္ေတြးၾကည့္လိုက္ရာ....

အားျဖင့္ 'လွည့္ပတ္ေမႊ' ေနသည္ ဆိုသည့္စကားလုံးႏွင့္ေဖာ္ျပရန္ ပိုသင့္ေတာ္ပါလိမ့္မည္။

သို႔ေသာ္လည္း ဝိန္းရိဖန္ ႏွင့္ မုခ်န္ယြင္မွာ တရင္းတႏွီးႀကီးမဟုတ္သျဖင့္ မဟုတ္ေၾကာင္းျငင္းဆန္လိုက္႐ုံျဖင့္ပင္ လုံေလာက္ေနၿပီျဖစ္ၿပီး ထပ္ေမးလာမည့္ေမးခြန္းတိုင္းကို လိုက္ရွင္းျပေနဖို႔ရာပ်င္းလြန္းသျဖင့္ ဝိန္းရိဖန္က စကားမ်ားမ်ားမဆိုေတာ့ဘဲ ၿပဳံး႐ုံသာၿပဳံးလိုက္သည္။

ႏွစ္ဦးသားက ႐ုံးထဲသို႔ တစ္ၿပိဳင္နက္တည္းဝင္လာခဲ့ၾကသည္။

အလုပ္ေနရာစီသို႔ေရာက္သည္ႏွင့္ ဝိန္းရိဖန္က ကြန္ျပဴတာကိုဖြင့္ ၊ စားပြဲေပၚမွ စာ႐ြက္စာတမ္းမ်ားကို လွန္ေလွာၾကည့္ေနသည့္အခ်ိန္ ေဘးစားပြဲခုံမွ စုထ်န္းက ေကာ္ဖီေသာက္ရင္း အနားသို႔ေရာက္လာခဲ့၏။

"နင္ ဒီေန႕ ဘယ္လိုျဖစ္ၿပီး ခ်စ္စရာေခြးေပါက္ေလးနဲ႕ အတူတူလာခဲ့တာလဲ"

"တံခါးဝမွာ ေတြ႕လို႔"

"အဲ့လိုလား"

စုထ်န္းက မေန႕ညကကိစၥႏွင့္ပတ္သတ္၍လည္း စကားဆိုသည္။

"ဒါနဲ႕ေလ ေရွာင္ဖန္....မေန႕ညက ငါ နင့္ကိုေပးလိုက္တဲ့ ဟိုအရက္ခြက္ကအရက္ခ်ိန္နည္းနည္းမ်ားသြားတယ္ထင္တယ္ ၊ ငါက သစ္သီးအရက္ဝိုင္လို႔ထင္ၿပီး နင့္ကို ေပးလိုက္မိတာ"

ဤစကားတစ္ခြန္းေၾကာင္က ဝိန္းရိဖန္၏ဦးႏွောက္ထဲ မေန႕ညမွအျဖစ္အပ်က္မ်ား တသီတသန္းျပန္ေပၚလာေတာ့ကာ အမူအရာမွာတုံ႕ခနဲရပ္သြားမိၿပီး ခ်က္ခ်င္းလည္း သတိျပန္ကပ္လာ၏။

"ရပါတယ္....ကိစၥမရွိဘူး ၊ အိမ္ျပန္ေရာက္တာနဲ႕ ငါ တန္းအိပ္လိုက္တာ ၊ ဘာအႏွောက္အယွက္မွမျဖစ္ဘူး"

စုထ်န္း ;

"ေခါင္းေတြဘာေတြေရာကိုက္ေနလား"

ဝိန္းရိဖန္က မည္သည့္မသက္မသာျဖစ္မႈမ်ိဳးကိုမွ မခံစားရေသာေၾကာင့္လည္း ၿပဳံး၍သာေျဖလိုက္၏။

"မကိုက္ပါဘူး"

စုထ်န္းက တစ္ခ်က္သမ္းလိုက္ရင္း ;

"ငါ ၾကည့္ေနတာ ဒီေန႕ ဘယ္သူကမွတက္ႂကြေနတာမ်ိဳးမရွိၾကဘူး ၊ မေန႕ညက အရမ္းမ်ားသြားၾကလို႔ေနမွာ ၊ ငါေရာ အခုအရမ္းအိပ္ခ်င္ေနတာ ၊ မေန႕က နင္ျပန္တဲ့အခ်ိန္ လိုက္မျပန္မိလိုက္တာကို ေနာင္တရတယ္ကြာ"

"အျပင္ထြက္ၿပီး စိတ္ေျပလက္ေပ်ာက္ ေပ်ာ္မယ့္အခြင့္အေရးကရွားတယ္ေလ ၊ ေပ်ာ္စရာရွိတာကို အားရပါးရေပ်ာ္စမ္းပါ"

ဤစကားေခါင္းစဥ္မွာ သိပ္ၾကာၾကာပင္မခံ၏လိုက္ဘဲ စုထ်န္းက ေနာက္ထပ္တစ္မ်ိဳးကို အစေဖာ္လာျပန္ခဲ့သည္။

"အရင္တစ္ေခါက္က ငါ့သူငယ္ခ်င္းနဲ႕ နင္နဲ႕ အိမ္ခန္းမွ်ေနျဖစ္ေအာင္ဆိုၿပီး ငါမိတ္ဆက္ေပးဖူးေသးတယ္ေလ မွတ္မိတယ္မလား ၊ ေနာက္ေတာ့ နင့္အိမ္ခန္းေဖာ္က မေျပာင္းျဖစ္ေတာ့လို႔ဆိုၿပီး ငါ့ဘာသာငါ သူ႕အတြက္ အင္တာနက္ကေနၿပီးအိမ္ခန္းမွ်ေနမယ့္သူ ရွာေပးလိုက္တာ ၊ တကၠသိုလ္ေက်ာင္းသားေလးတစ္ေယာက္ျဖစ္ေနေရာ"

"တကၠသိုလ္ေက်ာင္းသား?"

ဝိန္းရိဖန္ ေတြးၾကည့္လိုက္ရင္း ;

"ေက်ာင္းသားက ေက်ာင္းေဆာင္မွာမေနဘူးလား"

"ၾကည့္ရတာ ဂိမ္းကစားတာတို႔ အျခားတစ္ခုခုေၾကာင့္ျဖစ္ျဖစ္ သူ႕အခန္းေဖာ္ေတြကို အႏွောက္အယွက္ေပးမိမွာစိုးလို႔ေနမွာေပါ့ ၊ ငါ့သူငယ္ခ်င္းကေတာ့ အရင္ရက္ကေလးကတင္ ငါ့ကိုရင္ဖြင့္သြားေသးတယ္ ၊ အဲ့ေက်ာင္းသားေလးက တစ္ကိုယ္ရည္သန့္ရွင္းမႈ လုံးဝမရွိဘူးတဲ့"

"ဘာလို႔လဲ"

"နင့္အိမ္ခန္းေဖာ္ေရာ အဲ့လိုျဖစ္ေနေသးလား"

စုထ်န္းက အနည္းငယ္စပ္စုလိုက္ရင္း အဆက္မျပတ္အတင္းခ်လိဳက္ေသး၏။

"ဘာေတြျဖစ္ရမွာလဲ ၊ စားၿပီးသား ပန္းကန္ေတြ တူေတြကိုမေဆးဘဲ ေန႕တိုင္းပုံထားေတာ့ ဆီေတြေျခာက္ကပ္ကုန္တာမ်ိဳး ၊ အဝတ္ေပေတြကိုလည္း ႏွစ္ပတ္ေနမွ တစ္ခါေလွ်ာ္တာတဲ့ ၊အတြင္းခံေတြေရာ ေျခအိတ္ေတြေရာ အဝတ္ေလွ်ာ္စက္ထဲထည့္ေသးတာ ၊ သန့္ရွင္းေရးလည္းမလုပ္တဲ့အျပင္ တစ္ခါတစ္ေလ အိမ္သာေရဆြဲခ်ဖိဳ႕ေတာင္ ေမ့..."

ဝိန္းရိဖန္ ေခါင္းရမ္းျပလိုက္ရင္းျဖင့္ ;

"အဲ့လိုမ်ိဳးေတြ မရွိဘူး"

ဤအေၾကာင္းႏွင့္ဆက္စပ္ၿပီးစဥ္းစားၾကည့္လိုက္သည့္အခါ စန္းရန္က ေနရာတိုင္းကို သန့္ရွင္းေအာင္ထားၿပီး သန့္ျပန့္ေနေအာင္ ေနသည့္သူမ်ိဳးပင္။

သူမကိုယ္သူမ အနည္းငယ္ကံေကာင္းသည္ဟုပင္ ေတြးမိလိုက္၏။

"ငါ့အိမ္ခန္းေဖာ္ကေတာ့ ေတာ္ေတာ္ေလးအဆင္ေျပတယ္"

"ဒါဆိုရင္ေတာ့ နင့္ကံဇာတာေကာင္းလို႔ပဲ"

စုထ်န္းက သေဘာတက်ရယ္လိုက္ၿပီး ဆက္၍ စကားဆိုလိုက္၏။

"ဒါေပမယ့္ေလ နင္ ေတြးေတာင္ေတြးၾကည့္မိမွာမဟုတ္ဘူး သိလား ၊ လြန္ခဲ့တဲ့ရက္ေလာက္က ငါ့သူငယ္ခ်င္းက ငါ့ကို ဘာေျပာလာတယ္မွတ္လဲ သူ အဲ့ဒီေက်ာင္းသားေလးကို သေဘာက်ေနမိၿပီထင္တယ္တဲ့"

ဤေျပာင္းလဲသြားခ်က္ႀကီးေၾကာင့္ ဝိန္းရိဖန္ နားမလည္နိုင္ျဖစ္သြားခဲ့ရသည္။

"အမ္?"

"အဲ့ဒီေက်ာင္းသားေလးက မိသားစုအလိုလိုက္တာခံထားရတာေၾကာင့္မလို႔ အိမ္အလုပ္ေတြမလုပ္တတ္႐ုံေလးပဲတဲ့ ၊ သူကသာ ဒီကိစၥကိုမႀကိဳက္ဘူး ဟိုဟာကိုမႀကိဳက္ဘူးလို႔ေျပာရင္ ဟိုေကာင္ေလးက အကုန္နားေထာင္ၿပီး ေနာက္တစ္ခါထပ္မလုပ္ဘူးတဲ့ေလ ၊ အရင္က ငါ့ကို တစ္ေနကုန္ညည္းျပတဲ့လူက သူမဟုတ္တဲ့အတိုင္းပဲ"

"....."

"ဒါေပမယ့္ ငါ့အျမင္ေတာ့ အဓိကအခ်က္က အဲ့ဒီေက်ာင္းသားေလး အေတာ္ေလးေခ်ာတာပဲ ၊ အဲ့ေလာက္ေခ်ာတဲ့လူနဲ႕သာဆို ငါလည္း အိမ္ခန္းမွ်ေနမွာ....."

စုထ်န္းက သက္ျပင္းခ်လိဳက္ရင္းျဖင့္ ဆက္၍ ;

"အဲ့ဒီေတာ့ ဆန့္က်င္ဘက္လိင္နဲ႕ အခ်ိန္ၾကာၾကာ အိမ္ခန္းမွ်ေနတဲ့အခါ ဘာျဖစ္သြားလဲ ၊ အခ်စ္ေတြေပါက္ဖြားလာတာပဲေပါ့"

ဝိန္းရိဖန္က ခ်က္ခ်င္းျပန္တုံ႕ျပန္လိုက္၏။

"အေသအခ်ာႀကီးေတာ့လည္း မျဖစ္ပါဘူး"

စုထ်န္း ;

"နင္က ဘာလို႔ ခ်က္ခ်င္းႀကီးမဟုတ္ေၾကာင္း ျငင္းေနရတာလဲ?"

"...."

"ငါ နင့္ကိုမေမးၾကည့္ရေသးဘူးထင္တယ္ေနာ္ ၊ နင့္အိမ္ခန္းငွားေဖာ္က ေယာက္်ားေလးလား မိန္းကေလးလား ၊ ငါမွတ္မိတာမမွားရင္ ဝမ္လင္လင္ ရွာသြားေပးတဲ့တစ္ေယာက္မလား"

ဝိန္းရိဖန္ စကၠန့္ပိုင္းမွ်ၿငိမ္ေနေသာ္လည္း လိမ္ညာလိုက္ျခင္းေတာ့မရွိ။

"ေယာက္်ားေလး"

"ငါလခြမ္း!"

စုထ်န္း အံ့ၾသသြားခဲ့၏။

"ယုံၾကည္လို႔ေတာ့ရတယ္မလား"

"အင္း"

အခုေလးတင္ ျပတ္ျပတ္သားသားျငင္းေနသည့္ဝိန္းရိဖန္၏အမူအရာကိုၾကည့္ၿပီး သူမ၏အိမ္ခန္းေဖာ္က ေသခ်ာေပါက္ ႐ုပ္ဆိုးေလာက္မည္ျဖစ္ေၾကာင္း စုထ်န္း ထင္မိလိုက္၏။

"လူေတြကို ႐ုပ္ရည္ပဲၾကည့္ၿပီး အကဲခတ္လို႔မရဘူးဆိုေပမယ့္လည္း သူ နင့္အေပၚမွာ မေကာင္းတဲ့စိတ္မ်ိဳးေတြမထားတာေတာ့ နင္ ေသခ်ာပါတယ္ေနာ္"

ဝိန္းရိဖန္ ဘာမွျပန္မေျပာေခ်။

ဝိန္းရိဖန္၏မ်က္ႏွာကို စိုက္ၾကည့္ေနရင္း စုထ်န္းကပို၍ စိတ္ပူလာခဲ့ကာ ;

"ငါ့အျမင္မွာေတာ့ ဆန့္က်င္ဘက္လိင္နဲ႕အိမ္ခန္းမွ်ေနတာက ပုံမွန္ကိစၥတစ္ခုဆိုေပမယ့္ နင္ ကိုယ့္ဘာသာကိုယ္ဂ႐ုစိုက္ရမယ္ေနာ္ ၊ ဘာကိစၥပဲျဖစ္ေနေန သတိကပ္ေနရမယ္သိလား"

သူမထံမွ အျမတ္ထုတ္ ၊ အခြင့္အေရးယူခံေနရသည့္ စန္းရန္အေၾကာင္းေတြးလိုက္မိသည့္အခါ ဝိန္းရိဖန္တစ္ေယာက္ စိတ္မသိုးမသန့္ျဖစ္သြားခဲ့ရင္း 'မေကာင္းသည့္စိတ္မ်ိဳး'ရွိေနသည့္တစ္ေယာက္မွာ သူမျဖစ္ေနသလိုလိုပင္ ခံစားမိလာရေတာ့၏။ ထိုအေၾကာင္းအရာအား ေျပာမထြက္သည့္အျပင္ မ်က္ႏွာတည္တည္ျဖင့္သာ ျပန္ေျဖလိုက္သည္။

"ငါ သိပါတယ္"

-------

ဝိန္းရိဖန္ အစကထင္ထားခဲ့သည္မွာ စန္းရန္က အခ်ိန္သုံးလသာ ေနထိုင္သြားမည္ဟူ၍။

ခပ္တိုတိုေတာင္းေတာင္းကာလအတြင္း သူမတို႔ႏွစ္ဦးၾကားတြင္ မ်ားမ်ားစားစား အဆက္အဆံျပဳျဖစ္လိမ့္မည္မဟုတ္ေၾကာင္း ေတြးထားခဲ့ဖူးသည္။ အခ်ိန္တစ္ခုစာအၿပီးတြင္ သူသည္လည္း ထြက္သြားမည္ျဖစ္သလို ႏွစ္ဦးႏွစ္ဖက္လုံးအရလည္း တစ္ေယာက္ကိုတစ္ေယာက္ သူငယ္ခ်င္းမိတ္ေဆြဟုပင္သတ္မွတ္စရာမလိုသည့္ ျဖတ္သြားျဖတ္လာဧည့္သည္အျဖစ္ျဖင့္သာ ၿပီးဆုံးသြားလိမ့္မည္။

စကားထဲထည့္ေျပာေနစရာပင္မလိုသည့္ ဇာတ္ကြက္ေလးတစ္ခုလိုမ်ိဳးဟူ၍ပင္။

အရင္က အတူေနခဲ့ဖူးသည့္ဝမ္လင္လင္ကဲ့သို႔ဆိုလွ်င္လည္း မမွားပါေပ။

သို႔ေသာ္ ထိုထင္မွတ္ထားခ်က္မွာ လက္ရွိအခ်ိန္တြင္ေတာ့ မမွန္ပါေတာ့ေခ်။

စုထ်န္း၏ေျပာစကားမ်ားမွတဆင့္ ဝိန္းရိဖန္ ခက္ခက္ခဲခဲ စိစစ္ခြဲျဖာၾကည့္လိုက္မိသည့္အခါ သူမႏွင့္စန္းရန္သည္ အခ်ိန္တစ္ခုစာ မ်က္ႏွာခ်င္းဆိုင္ေနထိုင္ခဲ့ၾကၿပီး အတူတူအခ်ိန္ကုန္ဆုံးျဖစ္ခဲ့သည့္အခ်ိန္မွာလည္း အထိုက္အေလ်ာက္မ်ားခဲ့သည္။ ထိုအခါ သူမ ေတြေဝလာမိၿပီး မရွိသင့္ေသာအေတြးမ်ိဳးမ်ားရွိလာခဲ့ေတာ့သည္။

မေန႕ညက တည္ရွိခဲ့သည့္ေပြ႕ဖက္မႈတစ္ခုက ေရွ႕ေျပးသတိေပးခ်က္ဥပမာတစ္ခုလို အခ်ိန္ႏွင့္အမွ် ဝိန္းရိဖန္၏မ်က္လုံးထဲ ျမင္ေယာင္ေနခဲ့သည္။

ဤကိစၥႏွင့္ပတ္သက္လွ်င္ ဝိန္းရိဖန္အေနျဖင့္ ကိုယ့္ကိုကိုယ္ ေကာင္းေကာင္းနားလည္မိသည္ဟု ဆိုရမည္။ စန္းရန္က သူမအေပၚတြင္ ထိုကဲ့သို႔ေသာစိတ္မ်ားရွိေနလိမ့္ဦးမည္ဟုလည္း မေတြးထားခဲ့သလို သူမဘက္က အရင္ကကိစၥမ်ားကိုမရွိခဲ့သလိုသေဘာထားၿပီး သူ႕အနားသို႔ အရွက္မရွိခ်ဥ္းကပ္ေနျခင္းလည္း မဟုတ္ပါေပ။

သည့္ထက္အျပင္ ဝိန္းရိဖန္သည္ အျခားသူတစ္ဦး၏ျဖစ္တည္မႈႏွင့္လိုက္ေလ်ာညီေထြျဖစ္ေအာင္လိုက္ေနေပးရန္ အလြန္ကိုမွ မႏွစ္ၿမိဳ႕သလို အလြန္ကိုမွလည္း ေၾကာက္႐ြံ႕မိသည္။

သူမ၏ မသိစိတ္ထဲတြင္။

ဤအရာမ်ားအတြက္ အဆုံးသတ္အေျဖႏွစ္ခုကလြဲ၍ ဘာမွမရွိေပ။

အဆုံးသတ္မွာ --

တစ္ဖက္လူသည္ သူမ၏အေဖကဲ့သို႔ တစ္ေန႕တြင္ တစ္စုံတစ္ရာေလးမွ်အသိမေပးပါဘဲ သူမ၏ေဘးမွ ထာဝရအတြက္ထြက္သြားခဲ့မည္ဟူ၍။

သို႔တည္းမဟုတ္.....

သူမ၏အေမကဲ့သို႔ သူ႕ဘဝသူတိုးတက္ေကာင္းစားေရးအတြက္ သူမကိုစြန့္ပစ္လိုက္ဖို႔ ေ႐ြးခ်ယ္လိမ့္မည္ဟူ၍ပင္။

ဤကဲ့သို႔ေသာအေတြးမ်ားအျပင္ စန္းရန္အေပၚျပဳမူခဲ့မိသည့္ စိတ္ႏွလုံးသားထိခိုက္စရာကိစၥရပ္မ်ား ၊ ဤအရာမ်ား၏အၿပီးတြင္ ဝိန္းရိဖန္၏စိတ္ထဲ ရွင္းရွင္းလင္းလင္းကို နားလည္ခံစားမိလိုက္သည္မွာ စန္းရန္ႏွင့္ဆက္၍ အဆက္အဆံျပဳလုပ္ေနမိလွ်င္ သူမ၏စိတ္မွာ အရင္ကလို ရွိေနနိုင္မည္မဟုတ္ေတာ့ေၾကာင္းပင္ျဖစ္သည္။

ဝိန္းရိဖန္ဘက္မွ စတင္၍ စန္းရန္ႏွင့္ သူမၾကားရွိ အကြာအေဝးကို ျပန္စည္းျခားထားပစ္ရန္ဆုံးျဖတ္လိုက္ေတာ့၏။

အျပဳအမူမ်ားက နည္းနည္းခ်င္းဆီေျပာင္းသြားခဲ့ျခင္းျဖစ္၍ စန္းရန္ဘက္မွ သတိမထားမိပုံလည္းရသည္။ ဤအခ်ိန္မ်ားအတြင္းတြင္ သူက အၿမဲတမ္းအလုပ္ရႈပ္ေနခဲ့ၿပီး ညဘက္တြင္လည္း 'Overtime' ဆီသို႔ေျပးရေသးသည္။ တစ္ခါတစ္ေလ ညပင္ျပန္မအိပ္ေခ်။

ႏွစ္ေယာက္သား တစ္လဆိုသည့္အခ်ိန္အတြင္း အဆက္အဆံေကာင္းေကာင္း မျပဳမိခဲ့ၾက၏။

ဝိန္းရိဖန္သည္လည္း တစ္ခါတစ္ရံ အိမ္မွေစာေစာထြက္လာၿပီး တစ္ခါတစ္ေလ အိမ္ျပန္ေနာက္က်သည္အထိ အလုပ္မ်ားေနခဲ့သည္။ အိမ္ခန္းငွားေဖာ္အခ်င္းခ်င္း အရမ္းမကပ္ရဆိုသည့္ စည္းကမ္းခ်က္အရ ဝိန္းရိဖန္က စန္းရန္၏အလုပ္အေၾကာင္းကို မေမးျဖစ္ခဲ့ ၊ ေနာက္ဆုံး က်ဳံးစစ္ေခ်ာင္ေျပာျပမွသာ သိခဲ့ရသည့္အျဖစ္ပင္။

က်ဳံးစစ္ေခ်ာင္ ; [ ငါ မေန႕က ရွန့္လန္ဆီကေန ၾကားခဲ့တာ ]

က်ဳံးစစ္ေခ်ာင္ ; [ စန္းရန္က သူတို႔ကုမၸဏီမွာအလုပ္လုပ္ေနတာတဲ့ ]

က်ဳံးစစ္ေခ်ာင္ ; [ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္က ဌာနခ်င္းေတာ့မတူၾကဘူး ၊ သူလည္း အရင္ကသတိမထားမိဘဲ အခုေလးတင္မွ သိတာတဲ့ ]

ဝိန္းရိဖန္ ; [ ရွန့္လန္က အခုဘယ္မွာအလုပ္လုပ္ေနတာလဲ ]

က်ဳံးစစ္ေခ်ာင္ ; [ 'ယိုရွန့္'နည္းပညာကုမၸဏီ ]

က်ဳံးစစ္ေခ်ာင္ ; [ ရွန့္လန္က ေစ်းကြက္အေရာင္းဌာနမွာ လုပ္တာ ၊ စန္းရန္က Software ဌာနတဲ့ ]

က်ဳံးစစ္ေခ်ာင္ ; [ ဒါေပမယ့္ စန္းရန္ရဲ႕ရာထူးက ရွန့္လန္ထက္ ပိုျမင့္တယ္ ၊ သူမ်ားက မန္ေနဂ်ာတဲ့ေနာ္ ]

က်ဳံးစစ္ေခ်ာင္ ; [ ရွန့္လန္က တကယ္ကိုအမွိုက္ေကာင္ ]

က်ဳံးစစ္ေခ်ာင္ ; [ သူကမ်ား ငါ့ကိုေျပာေသးတယ္သိလား ၊ စန္းရန္က ေသခ်ာေပါက္ေနာက္ခံရွိေနလို႔တဲ့ ]

ဤစကားၾကားလိုက္ရသည့္အခါ အရင္က စန္းရန္ေျပာျပဖူးသည့္အေၾကာင္းကို ဝိန္းရိဖန္ သတိရမိလိုက္၏။ ၾကည့္ရသည္မွာ စန္းရန္က ေလက်ယ္ေန႐ုံသက္သက္ မဟုတ္ခဲ့၏။ သူမလည္း မ်ားမ်ားစားစားမေတြးၾကည့္ေတာ့ဘဲ အထိုက္အေလ်ာက္ျပန္စာပို႔ၿပီးေနာက္တြင္ စကားစျပတ္သြားခဲ့ကာ အလုပ္ဆက္လုပ္ရန္ ျပင္လိုက္သည္။

ဖုန္းကိုေဘးသို႔ခ်လိဳက္သည့္အခ်ိန္ မေတာ္တဆ အျခားမက္ေဆ့ေဘာက္တစ္ခုအား ဖိႏွိပ္မိလိုက္၏။

ေက်ာက္ယြမ့္တုံ၏မက္ေဆ့ေဘာက္။

ဝိန္းရိဖန္ထံမွ စာျပန္မရျခင္းေၾကာင့္လားမသိ ေက်ာက္ယြမ့္တုံ၏မက္ေဆ့မ်ားလည္း သိသိသာသာ နည္းသြားခဲ့သည္။ မ်ားေသာအားျဖင့္ ရာသီဥတုအေျပာင္းအလဲတြင္ အဝတ္အစားကိုဂ႐ုတစိုက္ဝတ္ရန္ႏွင့္ အဖ်ားမမိေစရန္ မွာေနသည့္စကားမ်ားသာ။

ဝိန္းရိဖန္ အလ်င္းသင့္သလိုသာ ပြတ္ဆြဲၾကည့္လိုက္၏။

ခ်င္းမင္ပြဲေတာ္ေန႕ မတိုင္ခင္ ရက္အလိုတြင္။

ေက်ာက္ယြမ့္တုံ ; [ သမီးရဲ႕ေဒၚေလး ဒီေန႕ပဲ ေပယြီကိုျပန္သြားၿပီ ]

ေက်ာက္ယြမ့္တုံ ; [ အဲ့ေန႕က သမီးရဲ႕သေဘာထားကို ထည့္စဥ္းစားေပးဖို႔ ေမေမ ေမ့သြားခဲ့တယ္ ၊ ေနာက္ဆိုရင္ ေမေမ သူ႕ကိုမလာခိုင္းေတာ့ဘူးေနာ္ ]

ေက်ာက္ယြမ့္တုံ ; [ ေမေမ့ကို စိတ္ဆိုးမေနပါနဲ႕ ]

ခ်င္းမင္ပြဲေတာ္ေန႕တြင္။

ေက်ာက္ယြမ့္တုံ ; [ အားက်န့္....ဒီေန႕ ေမေမနဲ႕အတူ သမီးရဲ႕အေဖကို သြားၾကည့္ၾကမလား ]

ၾကားထဲတြင္ကား အေရးမပါသည့္စကားမ်ားသာ ျဖစ္သည္။

လြန္ခဲ့သည့္သုံးမိနစ္ခန့္က ေက်ာက္ယြမ့္တုံ ထပ္၍မက္ေဆ့ပို႔ထားေသး၏။

ေက်ာက္ယြမ့္တုံ ; [ အားက်န့္..ေမေမ ဒီအေတာအတြင္း သမီးရဲ႕ေဒၚေလးနဲ႕စကားေျပာျဖစ္ေသးတယ္ ၊ အရင္တုန္းကကိစၥကေလ အဲ့ဒီခ်ိန္တုန္းက ေမေမ သမီးေဘးမွာမရွိခဲ့တာမလို႔ အေျခအေနေတြကို ေမေမနားမလည္ခဲ့ဘူး ၊ အဲ့ဒါေၾကာင့္မလို႔ ေမေမ သမီးဘက္မွာ မရပ္တည္ေပးခဲ့တာပါ ၊ ေမေမ သမီးကိုအားနာၿပီးေတာင္းပန္ပါတယ္ ]

ေက်ာက္ယြမ့္တုံ ; [ သူတို႔ဘက္က သမီးကိုေကာင္းေကာင္းေစာင့္ေရွာက္ထားလိမ့္မယ္လို႔ပဲ ေမေမ တစ္ခ်ိန္လုံးထင္ထားခဲ့တာမလို႔ စိတ္ခ်လက္ခ်ေနေနခဲ့တာ ၊ အဲ့ဒီအခ်ိန္တုန္းက ေမေမလည္း သမီးကို အၿမဲတမ္းျပန္ေခၚထားဖို႔ေတြးခဲ့ပါတယ္ ၊ ဒါေပမယ့္ ေနထိုင္ရတဲ့ပတ္ဝန္းက်င္က မၾကာခဏေျပာင္းေနရင္ သမီးရဲ႕တကၠသိုလ္ဝင္တန္းစာေမးပြဲအတြက္ အႏွောက္အယွက္ျဖစ္မွာကို စိုးရိမ္ခဲ့တာ ၊ အခ်ိန္တစ္ခုစာေလး ခဏေလာက္သည္းခံေနၿပီး သမီးသာ နန္းဝူတကၠသိုလ္ကိုေရာက္လာခဲ့ရင္ ေမေမနဲ႕အတူတူျပန္လာေနခိုင္းၿပီး ေမေမ ေစာင့္ေရွာက္ထားမယ္ဆိုၿပီးေတြးထားခဲ့တာ ၊ ေနာက္ေတာ့ သမီးက ဟီဟယ္လို အရမ္းေဝးတဲ့ေနရာမ်ိဳး ဝင္ခြင့္တင္လိုက္လိမ့္မယ္လို႔ ေမေမ မထင္ထားမိခဲ့ဘူး ]

ေက်ာက္ယြမ့္တုံ ; [ ေမေမ ေနာက္ဆိုရင္ သမီးအတြက္ ပိုၿပီးလုပ္ေပးပါ့မယ္....ဟုတ္ၿပီလား ]

ဝိန္းရိဖန္ တစ္ခဏမွ်စိုက္ၾကည့္ေနၿပီးေနာက္တြင္ေတာ့ Wechatထဲမွ တန္းထြက္လာခဲ့လိုက္၏။ ကြန္ပ်ဴတာကို တဖန္ျပန္ၾကည့္လိုက္ေသာ္လည္း ဦးႏွောက္ထဲရႈပ္ေထြးေနရကာ မ်က္လုံးေရွ႕တည့္တည့္ျမင္ေနရသည့္ စာလုံးမ်ားကေဝေဝဝါးဝါးျဖစ္ေနေတာ့၏။

မ်က္လုံးကိုမွိတ္ ၊ ဖုန္းကို ျပန္ေကာက္ကိုင္လိုက္ၿပီး ေက်ာက္ယြမ့္တုံ၏မက္ေဆ့မ်ားအားလုံး ဖ်က္ပစ္လိုက္သည္။

ည ၁၁နာရီထိုးခါနီးတြင္မွ ဝိန္းရိဖန္ အလုပ္အၿပီးသတ္နိုင္ခဲ့ၿပီး အိမ္ျပန္လာခဲ့သည္။ ဖိနပ္ကိုခြၽတ္ရင္း လွမ္းၾကည့္လိုက္လွ်င္ ဆိုဖာေပၚ၌ လက္ေတာ့တစ္လုံးႏွင့္အလုပ္ရႈပ္ေနသည့္စန္းရန္ကို ျမင္လိုက္ရၿပီး သူ႕လက္ေခ်ာင္းမ်ားက ကီးဘုတ္ေပၚ၌ေျပးလႊားေန၏။

ဝိန္းရိဖန္က သူ႕အားအေနာက္အယွက္မေပးလို ၊ ထုံးစံအတိုင္း မီးဖိုေခ်ာင္ထဲသို႔သာ ဝင္လာၿပီး ေရတစ္ခြက္ေသာက္လိုက္၏။ ေရေသာက္ၿပီးေနာက္ ေနာက္ထပ္တစ္ခြက္စာ ေရျဖည့္ၿပီး အိပ္ခန္းထဲသို႔ဝင္သြားေတာ့မည့္အခ်ိန္။

ထိုအခ်ိန္တြင္ စန္းရန္က လွမ္းတားလိုက္၏။

"ေဝ့"

ဝိန္းရိဖန္ လွည့္ၾကည့္လိုက္၍ ;

"ဘာျဖစ္လို႔လဲ"

"စည္းကမ္းကိုေမ့ေနတာလား"

စန္းရန္က တစ္ခ်က္လွမ္းၾကည့္လာၿပီးေနာက္ ခ်က္ခ်င္းအၾကည့္ျပန္လႊဲသြားၿပီး စာရိုက္ေနရင္းျဖင့္ ;

"ည ၁၀နာရီထိုးလို႔မွ ျပန္မလာျဖစ္ေသးရင္ ကိုယ့္ကို အေၾကာင္းၾကားရမယ္ဆိုတာ"

ဝိန္းရိဖန္က ေၾကာင္အမ္းသြားခဲ့ၿပီးမွ ေျဖးေျဖးခ်င္းစကားဆိုလိုက္၏။

"အို႔..ငါ ေမ့သြားလို႔ ၊ ေတာင္းပန္ပါတယ္"

ထို႔ေနာက္တြင္ အျခားအပိုစကားမ်ားမဆိုေတာ့ဘဲ အိပ္ခန္းဆီသို႔ ဆက္ေလွ်ာက္လာလိုက္၏။

"ကိုယ္ ခံစားေနမိတာ အခုတေလာ မင္း ကိုယ့္ကို ဆက္ဆံတဲ့ပုံစံက နည္းနည္း...."

စန္းရန္က ေျပာရမည့္စကားလုံးကိုစဥ္းစားေနသည့္အလား တစ္ခဏမွ်ရပ္သြားၿပီးမွ ;

"ဥေပကၡာျပဳေနသလားလို႔"

"....."

ဝိန္းရိဖန္ ထပ္၍ေၾကာင္အမ္းသြားခဲ့၏။

"မဟုတ္ပါဘူး ၊ ငါ အရမ္းအိပ္ငိုက္ေနလို႔"

စန္းရန္ မ်က္လုံးပင့္ၾကည့္လာခဲ့သည္။

ဝိန္းရိဖန္က ခပ္တိုးတိုးေလးျဖင့္ဆို၏။

"ဒီတိုင္း အိပ္ခ်င္ေနလို႔"

စန္းရန္၏လႈပ္ရွားမႈမ်ားရပ္သြားၿပီး သူမအား အေသအခ်ာစိုက္ၾကည့္လာခဲ့၏။

"သြားအိပ္ေတာ့ေလ"

-------

ဝိန္းရိဖန္ အိပ္ခန္းထဲသို႔ ဝင္သြားၿပီးေနာက္တြင္။

စန္းရန္က ဝိန္းရိဖန္၏အမူအရာကိုျပန္ေတြးၾကည့္လိုက္ရင္း တစ္ခဏတိတိၿငိမ္ေနခဲ့ၿပီးမွ စာျပန္ရိုက္ေနလိုက္သည္။

မနက္ ၂နာရီထိုးခါနီးေလာက္တြင္မွ စန္းရန္က လက္ေတာ့ကိုပိတ္ ၊ အခန္းထဲသို႔ အဝတ္လဲဖို႔ရာဝင္ယူလိုက္ၿပီး ေရခ်ိဳးခန္းဆီသို႔ ဦးတည္လိုက္၏။ ျပန္ထြက္လာၿပီးေနာက္တြင္ ဧည့္ခန္းထဲသို႔ျပန္လာၿပီး လက္ေတာ့ျပန္ယူသည့္အခ်ိန္ ဧည့္ခန္းထဲေရာက္ေနသည့္ ဝိန္းရိဖန္ကို ျမင္လိုက္ရသည္။

သူမက အကၤ်ီလက္တို ၊ ေဘာင္းဘီတို လဲဝတ္ထားၿပီးျဖစ္ရာ ျဖဴျဖဴေသးေသးေျခတံလက္တံေလးမ်ားက ထင္းခနဲလွစ္ဟေနေလသည္။

လက္ရွိအခ်ိန္တြင္ ဝိန္းရိဖန္က ဆိုဖာထက္၌ထိုင္ၿပီး နာရီႀကီးအား ဗလာသက္သက္စိုက္ၾကည့္ေနျခင္း။

စန္းရန္၏ဆံပင္တို႔မွာ စိုထိုင္းထိုင္းျဖစ္ေနဆဲျဖစ္ေသာေၾကာင့္ တဘက္ႏွင့္သုတ္ရင္း ဝိန္းရိဖန္အနားသို႔ေလွ်ာက္သြားကာ တစ္ခဏၾကာၾကာစိုက္ၾကည့္ေနလိုက္ေသးသည္။ ထို႔ေနာက္ ေဘးနားမွထိုင္ခုံကို ဆြဲယူၿပီး သူမ၏အေရွ႕တြင္ထိုင္လိုက္၏။

"အဲ့ဒီေတာ့ မင္းက စိတ္အေျခအေနမေကာင္းတဲ့အခါရယ္ အရက္မူးတဲ့အခါက်ရင္ အိပ္ေနရင္းလမ္းထေလွ်ာက္တတ္တယ္ေပါ့"

ဝိန္းရိဖန္က တိတ္ဆိတ္ၿမဲ တိတ္ဆိတ္ေနဆဲ။

စန္းရန္ ;

"ဒီေန႕ကေရာ ဘာျဖစ္လာတာလဲ"

ဝိန္းရိဖန္က သူမ၏ကမၻာထဲ၌ တစ္ကိုယ္တည္းေနထိုင္ေနသည့္အလား မလႈပ္မယွက္ရွိေနကာ ေဘးပတ္ဝန္းက်င္မွအရာမ်ားကို ခံစားမိပုံမေပၚေခ်။ မၾကာမၾကာခတ္ေနတတ္သည့္ မ်က္ေတာင္မ်ားေၾကာင့္သာမဟုတ္လွ်င္ သူမက ပန္းပု႐ုပ္ထုတစ္ခုျဖစ္သြားသလိုမ်ိဳးပင္ စန္းရန္ ထင္မိပါေတာ့မည္။

သူလည္း စကားမဆိုေတာ့ဘဲ....

ထိုေနရာ၌ ထိုင္ေန႐ုံသာထိုင္ေနၿပီး အျခား ဘာဆိုဘာမွမလုပ္ေပ။

ဆယ္မိနစ္ခန့္ ၾကာသြားၿပီးေနာက္တြင္။

ဝိန္းရိဖန္ မတ္တပ္ထရပ္လာၿပီး အိပ္ခန္းဆီသို႔ ေျဖးေျဖးခ်င္းေလွ်ာက္ထြက္လာ၏။

ေနရာ၌သာထိုင္ေနသည့္စန္းရန္က သူမ၏ေက်ာျပင္အား လွမ္းၾကည့္ေနရင္း ေခါင္းသဲ့သဲ့ေစာင္းကာ အေရွ႕သို႔ေက်ာ္ၾကည့္လိုက္၏။ သူမ သြားမည့္လမ္းတစ္ေလွ်ာက္၌ တိုက္မိနိုင္မည့္အရာမ်ိဳးမရွိေၾကာင္းကို ေသခ်ာစစ္ေဆးၿပီးေနာက္တြင္ေတာ့ လိုက္မသြားေတာ့ေပ။

သူပုံစံမွာ ေအးေအးလူလူျဖင့္သာ သူမ၏ႏွေးတိႏွေးေကြးပုံစံအား လွမ္းၾကည့္ေန၏။

ဝိန္းရိဖန္မွာ ဝိဥာဥ္လြင့္ေနသည့္အလား တည့္တည့္မတ္မတ္ႏွင့္တသတ္မတ္တည္းသာ ေလွ်ာက္ေနၿပီး ဤတစ္ႀကိမ္တြင္လည္း အရင္ကအႀကိမ္မ်ားအတိုင္း သူ႕အခန္းနားအေရာက္တြင္ ရပ္သြားခဲ့သည္။

အထဲသို႔ လွမ္းၾကည့္ေနျခင္း။

စန္းရန္က ေရခ်ိဳးၿပီးအဝတ္အစားလဲရန္အတြက္ အိပ္ခန္းထဲဝင္ယူထားသည့္အခ်ိန္တုန္းကအတိုင္း အိပ္ခန္းတံခါးကို မပိတ္ထားျဖစ္ခဲ့။

ဝိန္းရိဖန္က အခ်ိန္ၾကာၾကာကို ေၾကာင္ေၾကာင္အမ္းအမ္းစိုက္ၾကည့္ေနျခင္းေၾကာင့္။

"ဘာေတြ လွမ္းၾကည့္ေနတာလဲ"

စန္းရန္က ရယ္ခ်င္သလိုလိုျဖစ္လာမိကာ

"မင္းပုံစံက ႏွာဘူးမေလး က်ေနတာပဲ"

ဤစကားအဆုံးတြင္။

ဝိန္းရိဖန္ ေျခတစ္လွမ္းလွမ္းလိုက္ၿပီး သူ႕စကားကို လက္ခံလိုက္သည့္အလား စန္းရန္၏အိပ္ခန္းထဲသို႔ ဝင္သြားပါေတာ့၏။

******************

Continue Reading

You'll Also Like

25.7K 1.8K 46
​မေ့​လျောခြင်းမြစ်​ရေဟာ နှလုံးသားခံစားချက်​တွေအားလုံးကို ​မေ့​ပျောက်သွား​စေခဲ့​ပေမယ့်.... အရာအားလုံး ပြန်လည်သတိရလာတဲ့အခါမှာ​တော့ သူမ ဘယ်လို​ရွေးချယ်...
4.2K 183 28
It all started because of the punishment that Pang gave to his brother Singto. How can one person change the feelings of another person if he knows t...
6.5K 153 8
A Sunaosa FF "Let's make more memories together!"
1.6M 119K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...