Chapter (49) Arc 4
ဆေးဥယျာဉ်
"ခေါင်းဆောင်ကြီး!"
အောက်တွင်ရှိ မရေမတွက်နိုင်သော အဂ္ဂိရတ် ပညာရှင်တို့သည် ဤအရာအားလုံးကို သူတို့ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်များလည်း သွေးတွေ ရွှဲလျက်သား။
လုရွှမ်က သူ့နောက်ကျောက အတောင်များကို လှုပ်ရှားရင်း လေထဲတွင် မတ်တပ်ရပ်လျက် ပါးစပ်ကို ဖွင့်ဟကာ နောက်ထပ် နဂါးရွတ်ဆိုသံကို ရွတ်ဆိုလိုက်ရာ နဂါးရွတ်ဆိုသံကို ခံစားလိုက်ရတဲ့ နဂါးနှလုံး၏ ခုန်သံသည် ပို၍ ပြင်းထန်လာပြီး ထက်မြက်သော တန်ခိုးစွမ်းအားက သူ့တစ်ကိုယ်လုံးကို ပြည့်လျှံလာစေတော့သည်။
နှစ်ပေါင်း ၃၀၀ ကျော် တိတ်ဆိတ် ငြိမ်သက်ခဲ့သွားပြီးနောက် အရင်ဘဝက စိတ်ဝိညာဉ် စွမ်းအင်တွေ ပြည့်နှက်နေသော ရူးသွပ်မှုသည် ပြန်လည်ကောင်းမွန်လာမည့် အရိပ်အယောင်များ ရှိနေပုံပေါ်၏။
လုရွှမ် သူ့လက်များကို ဝေ့ယမ်းလိုက်တဲ့အခါ လေလှိုင်းများ ထွက်ပေါ်လာသည်။ အောက်ဖက်ရှိ အဂ္ဂိရတ်ပညာရှင်များသည် မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး လုံးဝကို ထိတ်လန့်သွားကြသည်။
"ကောင်လေး.... မင်းက ငါတို့ရဲ့ အဂ္ဂိရတ်ပညာရှင် ဥက္ကဌကို သတ်လိုက်တယ်ပေါ့... မင်းတော့ သေပြီသာမှတ်!!"
ဝမ်းနည်းစရာ ကောင်းတဲ့ အသံဟောင်းကြီးက သူ့နောက်ကွယ်က ထွက်ပေါ်လာပြီး အသံက တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။ နောက်ဆုံးကျန်ခဲ့တဲ့ အမြင့်ဆုံး အကြီးအကဲကြီးပဲ ဖြစ်ကာ ဒီအချိန်မှာတော့ သူ့အသက်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးသွားခဲ့လေပြီ။
လုရွှမ် အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ လူသတ်သမားတွေက အမြဲတမ်း လူသတ်နေကြတာပဲ။ အစတုန်းက လူသတ်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ့်အလှည့်ကျ လွတ်မြောက်ချင်တယ်ပေါ့လေ။
သိပ်နောက်ကျသွားပြီ!
"ဘယ်သွားမလို့လဲ!"
အတောင်များကို ခတ်ရင်း လုရွှမ် အလွန်လျင်မြန်စွာ ပြေးလိုက်သွားသည်။
တစ်ဖက်က အဆင့်မြင့် အကြီးအကဲကြီးမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ တွင်သာ ရှိပြီး သူသည် မပျံသန်းနိုင်သောကြောင့် လုရွှမ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ သေတဲ့အထိ တိုက်ပွဲဝင်ရဲတဲ့ သတ္တိတွေ ဆုံးရှုံးခဲ့ရရုံတင် မကဘဲ သူ့နှလုံးသားထဲမှာ အလွန်အမင်း ထိတ်လန့်နေမိပြီ။
လုရွှမ်၏ ကျင့်ကြံမှုအခြေခံသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ကို ရောက်ရှိသွားသောကြောင့် သူ့တွင် ဝိညာဥ်စွမ်းအင်ကို အသုံးပြုရန် ကန့်သတ်ချက် မရှိတော့ပေ။ သူသည် စိတ်ဝိညာဉ်စွမ်းအားနဲ့တောင် မဟုတ်ဘဲ အဆင့်၉ ကျင့်ကြံသူကို ဆန့်ကျင် တိုက်ခိုက်နိုင်ပြီလေ။
သစ်ရွက်စိမ်း နှလုံးသား ထွက်လာသည်နှင့် တပြိုင်နက် ဓားတစ်ချောင်းလို အရှိန်အဝါတွေ ပေါ်ထွက်လာ၏။ ဓားအလင်းက ဟိန်းဟောက်နေတဲ့ နဂါးတစ်ကောင်လိုပင်။
နောက်ဆုံး အကြီးအကဲမှာတော့ တုံ့ပြန်ရန် အချိန်ပင် မရှိသဖြင့် အေးခဲပြီး ပေါက်ကွဲသွားတော့သည်။
လုရွှမ် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ ကြောက်ရွံ့နေကြတဲ့ မျက်လုံးများကို တွေ့ရလေ၏။ သူ့အကြည့်တွေကို မြင်လိုက်ရတာနဲ့ ခဏလေးတောင် မနေဝံ့ကြဘဲ တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
ဒီလူက လူသတ်နတ်ဘုရားပဲ!! သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ တောင်မှ သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး!!
နောက်ဆုံး လှုပ်ရှားလိုက်တဲ့ ဓားစွမ်းရည်ကို မြင်ပြီး လုရွှမ်ကို ပို၍ပင် ကြောက်သွားကြသူ အနည်းစုလည်း ရှိသေးသည်။
မြေပြင်ပေါ်သို့ ဆင်းသက်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ အဖွဲ့ဝင်များကို ငုံ့ကြည့်လိုက်သည်။ သူသတ်ချင်တာက သူ့ကိုခြိမ်းခြောက်နေတဲ့ လူတွေကိုပဲ။ ဒီလူတွေက ကြောက်လန့်နေကြပြီမို့ သတ်ပစ်ဖို့အထိ မလိုအပ်တော့ချေ။
အဂ္ဂိရတ်ဆရာအသင်းမှ ထွက်ခွာပြီးနောက် ဆေးဥယျာဉ် ရှိရာသို့ ပျံသန်းလာခဲ့သည်။
ပေရွှီးတောင်ဝင်အင်ပါယာက ဆေးဥယျာဉ်နှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ အကိုင်းအခက်က များစွာကြီးမားသည်။ အဂ္ဂိရတ်ပညာရှင် အဖွဲ့က အခင်းအကျင်းနဲ့ နှိုင်းယှဉ်ပါက ဒီနေရာရဲ့ အကာအကွယ် ပို၍လေးနက် ရှုပ်ထွေးပြီး ၎င်းသည် ကမ္ဘာကြီးရဲ့ သဘာဝနဲ့ တစ်ဝက်တစ်ပျက် ပေါင်းစပ်နေပြီ ဖြစ်သည်။
လုရွှမ် ဒါကိုမြင်သောအခါ လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။
ဆေးဥယျာဉ်သည် ဆေးဝါးများကို အဓိက အာရုံစိုက်ထားသောကြောင့် သဘာဝ လောကနှင့် အလွန်နီးစပ်ရန် လိုအပ်ပါသည်။
လုရွှမ် ချဉ်းကပ်လာတာကို မြင်တော့ အစေခံ နှစ်ယောက်က ချက်ချင်းပဲ ပေါ်လာ၏။ သူတို့က လုရွှမ်ကို တလေးတစား ဦးညွတ်လိုက်ကာ တံခါးမကြီးကို ဖွင့်ပေးလိုက်သည်။
တံခါးအတွင်းဖက်က ကမ္ဘာရဲ့ ဝိညာဥ်ချီတွေဟာ အပြင်ကထက် များစွာ သန့်စင်လေ၏။ လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်စဥ် သူ့တစ်ကိုယ်လုံးရှိ ချွေးပေါက်များ ပွင့်လာပြီး ယခင်က လူသတ်ချင်ခဲ့သော ရောင်ဝါများ အလွန်ငြိမ်သက်သွားခဲ့သည်။
"ကောင်းကင်က မြေကြီးနောက်ကို လိုက်... မြေကြီးက လူတွေနောက်လိုက်၊ လူတွေက တောက်ဓမ္မလမ်းစဥ်ကို လိုက်... တောက်ဓမ္မလမ်းစဥ်က သဘာဝအတိုင်း လိုက်... ဆေးဥယျာဉ်က သဘာဝရဲ့ အခြေခံသဘောတရားတွေကို ကျွမ်းကျင်တာပဲ"
"ဟမ့် လူသတ်သမား တစ်ယောက်က ငါတို့ဆေးဥယျာဉ်ရဲ့ သဘာဝနည်းလမ်းနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ?"
ဂရုမစိုက်သော အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူ့ရှေ့တွင် ပျံဝဲနေသော ဝေါယာဥ်တစ်ခုကို မြင်လိုက်ရသည်။ တစ်ကယ်တော့ ဝေါယာဥ်ကို ကိုင်ဆောင်ထားတာက အမျိုးသမီး လေးယောက်ဖြစ်ပြီး အသားအရေ လှပသော လူငယ်လေး တစ်ဦးက ထိုဝေါယာဥ်ပေါ်တွင် လဲလျောင်းနေ၏။
အနီရောင် ပန်းတစ်ပွင့်ဟာ သူ့လက်ဖဝါးမှာ လှုပ်ယမ်းနေပြီး သူ့နှာခေါင်းဖျားကို ဖြတ်ပြေးနေသည်။ သူဟာ ယောက်ျားပီသတဲ့ ပုံစံပေမယ့် ကနွဲ့ကလျနဲ့ ဆွဲဆောင်မှုရှိတဲ့ ခံစားချက်ကိုလည်း ပေးစွမ်းနေသေးသည်။
လုရွှမ် မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး
"ယောက်ျားမိန်းမ ခန္ဓာကိုယ်နဲ့ လူ?"
သူ့အရင်ဘဝတုန်းက သူဟာ အဆင့်အတန်း မြင့်မြင့် နေခဲ့သူ ဖြစ်ပြီး ဂိုဏ်းကြီးခြောက်ခုနဲ့ အင်အားစုများစွာရဲ့ လျှို့ဝှက်ချက်များစွာကိုလည်း သဘာဝကျကျ သိထားခဲ့ပါတယ်။ ဒီလို ဆေးဥယျာဥ်မှာသာ တွေ့ရတတ်တဲ့ ယောကျ်ားမိန်းမ လိင်နှစ်ခုပါသော ကောလဟာလ တစ်မျိုးကိုလည်း ကြားဖူးနားဝ ရှိခဲ့၏။
ထိုသို့သော ယင်နှင့်ယန် စွမ်းအင်နှစ်မျိုး ရှိသော လူမျိုးများသည် သဘာဝနှင့် အနီးစပ်ဆုံး ဖြစ်ပြီး ဝိညာဥ်အပင်များဖြင့် မွေးဖွားလာကြသည်။ သူသည် ဒဏ္ဍာရီ တစ်ခုမျှသာဟု အမြဲထင်ခဲ့သော်လည်း အမှန်တကယ် တွေ့ဆုံရမည်ဟု မမျှော်လင့်ထားပေ။
သို့သော် ကမ္ဘာကြီးထဲတွင် အဆုံးမရှိသော ယင်းစွမ်းအင်နှင့် ယန်စွမ်းအင်တို့ ရှိသည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်သည် ၎င်းကို မည်သို့ခံနိုင်ရည် ရှိနိုင်မည်နည်း။ ဒီလိုလူမျိုးက ယင်းနှင့်ယန် အကြားက မတည်ငြိမ်မှုကြောင့် စိတ်ဓာတ်နှင့် စရိုက်ကလည်း ကွဲလွဲမှုရှိနေတတ်သည်။
လုရွှမ်သည် တစ်ဖက်လူကို ဂရုမစိုက်ဘဲ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"အတင့်ရဲလိုက်တာ!"
အနီရောင် ပန်းပွင့်ကိုင်ထားသော သခင်လေးက အော်ဟစ်လိုက်ပြီး သူ့အသံက ပျော့ပျောင်းပျောင်းဖြင့်။
"မင်းက ဘယ်သူလဲ? မင်း ဒီသခင်လေးကို လျှော့တွက်နေတာလား? ဒီသခင်မလေးကို မြန်မြန် တောင်းပန်လိုက်စမ်း!"
ဆိုလာတဲ့ စကားသံဟာ တခဏအတွင်းမှာပဲ ကြည်လင် ပြတ်သားလာပြီး မိန်းမတစ်ယောက်ရဲ့ အသံအဖြစ် ပြောင်းလဲသွားတော့သည်။ လုရွှမ် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်သွားရှာ၏။ သူသည် ဒီလိုလူမျိုးကို ခုခံနိုင်စွမ်း မရှိပေ။
ပန်းနီသခင်လေး။ မဟုတ်ဘူး ဒီအချိန်မှာ ပန်းနီသခင်မလေးလို့ ခေါ်ရမယ်။ သူမရဲ့ ဒေါသကို မပြမီ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ထို့နောက် ရှက်ပြီး လုရွှမ်ဆီ လေမှုတ်ထုတ်ရင်း
"သခင်လေး.... ရှင်က အရမ်းချောတာပဲ လာပြီး ပန်းနီကို အဖော်ပြုလို့ရမလား?"
နံဘေးရှိ အစေခံ နှစ်ယောက်မှာ တုန်တုန်ယင်ယင် စောင့်ဆိုင်းနေကြပြီး ခေါင်းငုံ့ထားကာ ချောင်းကြည့်ရန် လုံးဝ မဝံ့မရဲ ဖြစ်နေကြပုံမှာ ဤပန်းနီရဲရဲကို အလွန်ကြောက်ကြပုံပင်။
လုရွှမ် အသာ ချောင်းဆိုးလိုက်ပြီး ထိုသူ့ကို အမြန်ခေါ်ထုတ်သွားဖို့ အမျိုးသမီး နှစ်ယောက်ကို အချက်ပြလိုက်တော့သည်။
"ဟမ့်... မျက်နှာသာပေးတာကို မလိုချင်တဲ့ကောင်ပဲ! မင်းက လုရွှမ်ထင်တယ်... မင်းနာမည်ကို ငါကြားဖူးတယ် စွင်းလင် အပြင်က ခေါ်လာတဲ့ မိန်းမတွေက မင်းရဲ့မိန်းမတွေမလား... မင်းရဲ့ အလှလေးတွေက ပန်းနီမိန်းကလေးရဲ့ ဆံပင်ကိုတောင် မယှဥ်နိုင်ဘူး"
"အမှန်ပဲ... ပန်းနီမိန်းကလေးက လှပတင့်တယ်တယ်... သူတို့က တော်ဝင် အင်ပါယာမှာ နာမည်ကြီးနေရင်တောင် ဧကရာဇ်အင်ပါယာမှာ နာမည်ကြီးတဲ့ ပန်းနီမိန်းကလေးနဲ့ ယှဥ်လိုက်ရင် ရေတွင်းအောက်ခြေက ဖားသာသာပဲ ရှိတယ်... ကမ္ဘာကြီးရဲ့ ကျယ်ပြောမှုကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ?"
ဝေါယာဥ် နောက်ကွယ်မှာနေ၍ ငှက်မွေးယပ်တောင် တစ်ချောင်းကို ဝှေ့ယမ်းနေသော လူငယ်တစ်ယောက် ထွက်လာခဲ့သည်။
"ဟမ့်... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ လေးပါလား... ပန်းနီမိန်းကလေးရဲ့ အတွင်းဆောင်ထဲ ဝင်ထွက်နိုင်မယ်လို့ ထင်နေတာလား?"
လုရွှမ်ကတော့ ထိုစကားတွေအတွက် ခပ်ဖွဖွလေးပဲ ရယ်မောလိုက်သည်။ ဒီကမ္ဘာမှာ ကိုယ့်ကိုကိုယ် ဖြောင့်မတ်တယ်လို့ ထင်တဲ့သူတွေ အများကြီးပါပဲ။ ဒါပေမဲ့ တစ်ဖက်က လူငယ်လေးရဲ့ ခွန်အားက ထူးကဲလှသည်။
သူသည် ငယ်ရွယ်သော်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၉သို့ ရောက်ရှိထားပြီး ပြည့်စုံသောကာလကို မရောက်သော်လည်း သူ့တွင် ကိုယ်ပိုင်နည်းလမ်းများ ရှိပုံရသည်။ ထို့ကြောင့် ၎င်းဟာ ဧကရာဇ်အင်ပါယာ မိသားစုကြီး တစ်ခုထဲက သားဖြစ်သည်မှာ သိသာ ထင်ရှားလေ၏။
"သွားပြီ...."
လုရွှမ် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။
ဒါက ဆေးဥယျာဉ် ဖြစ်ပေမယ့် ပန်းနီရော ဒီလူငယ်လေးရောက စွင်းလင်ကို မျက်လုံးထဲ ထည့်ထားပုံ မပေါ်ချေ။ လုရွှမ်ကတော့ ပြတ်ပြတ်သားသား ရှိပြီး စွင်းလင်လို သန်မာတဲ့လူနဲ့ ရန်သူဖြစ်အောင် မလုပ်ချင်ပါဘူး။
"ဟမ့်.... သွားရအောင် ငါကခွင့်ပြုလို့လား? ငါ့အတွက် ဒူးထောက်လိုက်စမ်း!"
တစ်ဖက်လူငယ်က သူ့ငှက်မွေးယပ်တောင်ကို ဝေ့ယမ်းရင်း လုရွှမ်ရဲ့ နောက်ကျောဆီကို စွမ်းအင်လှိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။ ငှက်မွေးယပ်တောင်၏ အစွန်အဖျားသည် ရက်စက်မှုများ ပြည့်နှက်နေသော အရှိန်အဝါဖြင့် ပြေးထွက်သွားလေ၏။
လုရွှမ် မလှုပ်ရှားဘဲ သူ၏ ဆင်သံချပ် ရွှေကိုယ်ထည်ကို အရှိန်မြှင့်တင်ကာ လူငယ်လေးရဲ့ သခင်ငယ်၏ ထိုးနှက်ချက်ကို အသာလေးပဲ ခံယူလိုက်သည်။
တစ်ဖက်က အရှိန်အဝါကိုမြင်တော့ လူငယ်လေးလည်း တုန်လှုပ်သွားပြီး မယုံနိုင်အောင် ဖြစ်သွားရှာ၏။ ရုတ်တရက် သူသည် ကြီးမားသော ပင်လယ်ကြီးလို ကြီးမားတဲ့ စွမ်းအားတစ်ခုက သူ့ငှက်မွေးယပ်တောင်ကို တားဆီးထားကြောင်း ခံစားလိုက်ရပြီး ကလစ်ဆိုတဲ့ အသံတစ်ချက်နဲ့ အတူ ငှက်မွှေးယပ်တောင်မှာ ကျိုးကြေသွားခဲ့လေသည်။
"လူငယ်လေး... ငါ ဆေးဥယျာဉ်ရဲ့ သခင်မကို မျက်နှာသာပေးတဲ့ အနေနဲ့ ဒီတစ်ကြိမ် လွှတ်ပေးလိုက်မယ်.... နောက်တစ်ခါ ဆိုရင်တော့ ကျိုးကြေသွားမှာက မင်းရဲ့ ငှက်မွေးယပ်တောင် မဖြစ်နိုင်တော့ဘူး"
လူငယ်လေးမှာ သူ့လက်ဖဝါးများ ထုံကျင်ကာ ရှက်စိတ်နှင့် ဒေါသများ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်စွာ ပြန်အော်ဟစ်လိုက်တော့သည်။
"ကောင်လေး... မင်းနာမည်ကို ဒီသခင်လေး မှတ်ထားလိုက်ပြီ... ဒီသခင်လေးက မင်းကို တစ်အိမ်လုံးကို သတ်ပစ်မယ်ကွ..."
စကားဆုံးတော့ လုရွှမ်သည် လျှပ်စီးကြောင်း ဖြတ်ပြေးသွားသည်နှင့် ဖျက်ခနဲ လှုပ်ရှားလိုက်ပြီး ထိုသခင်လေးရဲ့ လည်ပင်းကို ဆွဲညှစ်၍ မြှောက်ထားလိုက်တော့သည်။
လုရွှမ်မှာ နတ်ဆိုးတစ်ကောင် သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာသည့်နှယ် ချက်ချင်း အေးစက်သွား၏။
"မင်းဘာပြောလိုက်တယ်??"
"သခင်လေးလုရွှမ်... ကျေးဇူးပြုပြီး သနားညှာတာပေးပါ!"
ရင်းနှီးနေသော အသံတစ်ခု ထွက်လာပြီး ပြန့်ကျဲနေသော ခြေသံများက သူတို့ဆီသို့ ပြေးလာကြသည်။ ၎င်းမှာ မြို့ထောင်ချီမဟာမိတ်၏ ဆေးဥယျာဉ်ပိုင်ရှင် စွင်းလင် ဖြစ်ပြီး ၎င်း၏တပည့်မများ နှင့်အတူ အပြေးအလွှား ရောက်လာခဲ့လေသည်။
Chapter (49) Arc 4
ေဆးဥယ်ာဥ္
"ေခါင္းေဆာင္ႀကီး!"
ေအာက္တြင္ရွိ မေရမတြက္နိုင္ေသာ အဂၢိရတ္ ပညာရွင္တို႔သည္ ဤအရာအားလုံးကို သူတို႔ကိုယ္တိုင္ မ်က္ျမင္ ေတြ႕ခဲ့ရၿပီး သူတို႔၏ ခႏၶာကိုယ္မ်ားလည္း ေသြးေတြ ႐ႊဲလ်က္သား။
လု႐ႊမ္က သူ႕ေနာက္ေက်ာက အေတာင္မ်ားကို လႈပ္ရွားရင္း ေလထဲတြင္ မတ္တပ္ရပ္လ်က္ ပါးစပ္ကို ဖြင့္ဟကာ ေနာက္ထပ္ နဂါး႐ြတ္ဆိုသံကို ႐ြတ္ဆိုလိုက္ရာ နဂါး႐ြတ္ဆိုသံကို ခံစားလိုက္ရတဲ့ နဂါးႏွလုံး၏ ခုန္သံသည္ ပို၍ ျပင္းထန္လာၿပီး ထက္ျမက္ေသာ တန္ခိုးစြမ္းအားက သူ႕တစ္ကိုယ္လုံးကို ျပည့္လွ်ံလာေစေတာ့သည္။
ႏွစ္ေပါင္း ၃၀၀ ေက်ာ္ တိတ္ဆိတ္ ၿငိမ္သက္ခဲ့သြားၿပီးေနာက္ အရင္ဘဝက စိတ္ဝိညာဥ္ စြမ္းအင္ေတြ ျပည့္ႏွက္ေနေသာ ႐ူးသြပ္မႈသည္ ျပန္လည္ေကာင္းမြန္လာမည့္ အရိပ္အေယာင္မ်ား ရွိေနပုံေပၚ၏။
လု႐ႊမ္ သူ႕လက္မ်ားကို ေဝ့ယမ္းလိုက္တဲ့အခါ ေလလွိုင္းမ်ား ထြက္ေပၚလာသည္။ ေအာက္ဖက္ရွိ အဂၢိရတ္ပညာရွင္မ်ားသည္ ေျမျပင္ေပၚတြင္ ဒူးေထာက္ ထိုင္ခ်လိဳက္ၿပီး လုံးဝကို ထိတ္လန႔္သြားၾကသည္။
"ေကာင္ေလး.... မင္းက ငါတို႔ရဲ႕ အဂၢိရတ္ပညာရွင္ ဥကၠဌကို သတ္လိုက္တယ္ေပါ့... မင္းေတာ့ ေသၿပီသာမွတ္!!"
ဝမ္းနည္းစရာ ေကာင္းတဲ့ အသံေဟာင္းႀကီးက သူ႕ေနာက္ကြယ္က ထြက္ေပၚလာၿပီး အသံက တျဖည္းျဖည္း မွိန္ေဖ်ာ့သြားခဲ့သည္။ ေနာက္ဆုံးက်န္ခဲ့တဲ့ အျမင့္ဆုံး အႀကီးအကဲႀကီးပဲ ျဖစ္ကာ ဒီအခ်ိန္မွာေတာ့ သူ႕အသက္အတြက္ အရာအားလုံးကို စြန႔္လႊတ္ၿပီး ထြက္ေျပးသြားခဲ့ေလၿပီ။
လု႐ႊမ္ ေအးစက္စြာ ႏွာမႈတ္ထုတ္လိုက္သည္။ လူသတ္သမားေတြက အၿမဲတမ္း လူသတ္ေနၾကတာပဲ။ အစတုန္းက လူသတ္ရတာ ေပ်ာ္စရာေကာင္းေပမယ့္ ကိုယ့္အလွည့္က် လြတ္ေျမာက္ခ်င္တယ္ေပါ့ေလ။
သိပ္ေနာက္က်သြားၿပီ!
"ဘယ္သြားမလို႔လဲ!"
အေတာင္မ်ားကို ခတ္ရင္း လု႐ႊမ္ အလြန္လ်င္ျမန္စြာ ေျပးလိုက္သြားသည္။
တစ္ဖက္က အဆင့္ျမင့္ အႀကီးအကဲႀကီးမွာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉ တြင္သာ ရွိၿပီး သူသည္ မပ်ံသန္းနိုင္ေသာေၾကာင့္ လု႐ႊမ္နဲ႕ ဘယ္လိုလုပ္ ယွဥ္နိုင္ပါ့မလဲ။ ေသတဲ့အထိ တိုက္ပြဲဝင္ရဲတဲ့ သတၱိေတြ ဆုံးရႈံးခဲ့ရ႐ုံတင္ မကဘဲ သူ႕ႏွလုံးသားထဲမွာ အလြန္အမင္း ထိတ္လန႔္ေနမိၿပီ။
လု႐ႊမ္၏ က်င့္ႀကံမႈအေျခခံသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၇ကို ေရာက္ရွိသြားေသာေၾကာင့္ သူ႕တြင္ ဝိညာဥ္စြမ္းအင္ကို အသုံးျပဳရန္ ကန႔္သတ္ခ်က္ မရွိေတာ့ေပ။ သူသည္ စိတ္ဝိညာဥ္စြမ္းအားနဲ႕ေတာင္ မဟုတ္ဘဲ အဆင့္၉ က်င့္ႀကံသူကို ဆန႔္က်င္ တိုက္ခိုက္နိုင္ၿပီေလ။
သစ္႐ြက္စိမ္း ႏွလုံးသား ထြက္လာသည္ႏွင့္ တၿပိဳင္နက္ ဓားတစ္ေခ်ာင္းလို အရွိန္အဝါေတြ ေပၚထြက္လာ၏။ ဓားအလင္းက ဟိန္းေဟာက္ေနတဲ့ နဂါးတစ္ေကာင္လိုပင္။
ေနာက္ဆုံး အႀကီးအကဲမွာေတာ့ တုံ႕ျပန္ရန္ အခ်ိန္ပင္ မရွိသျဖင့္ ေအးခဲၿပီး ေပါက္ကြဲသြားေတာ့သည္။
လု႐ႊမ္ ပတ္ပတ္လည္ကို လွမ္းၾကည့္လိုက္ရာ ေၾကာက္႐ြံ႕ေနၾကတဲ့ မ်က္လုံးမ်ားကို ေတြ႕ရေလ၏။ သူ႕အၾကည့္ေတြကို ျမင္လိုက္ရတာနဲ႕ ခဏေလးေတာင္ မေနဝံ့ၾကဘဲ တစ္ေယာက္ၿပီးတစ္ေယာက္ လ်င္ျမန္စြာ ထြက္ေျပးသြားၾကသည္။
ဒီလူက လူသတ္နတ္ဘုရားပဲ!! ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၉ ေတာင္မွ သူ႕ရဲ႕ၿပိဳင္ဘက္ မဟုတ္ဘူး!!
ေနာက္ဆုံး လႈပ္ရွားလိုက္တဲ့ ဓားစြမ္းရည္ကို ျမင္ၿပီး လု႐ႊမ္ကို ပို၍ပင္ ေၾကာက္သြားၾကသူ အနည္းစုလည္း ရွိေသးသည္။
ေျမျပင္ေပၚသို႔ ဆင္းသက္ကာ ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနေသာ အဂၢိရတ္ပညာရွင္ အဖြဲ႕မွ အဖြဲ႕ဝင္မ်ားကို ငုံ႕ၾကည့္လိုက္သည္။ သူသတ္ခ်င္တာက သူ႕ကိုၿခိမ္းေျခာက္ေနတဲ့ လူေတြကိုပဲ။ ဒီလူေတြက ေၾကာက္လန့္ေနၾကၿပီမို႔ သတ္ပစ္ဖို႔အထိ မလိုအပ္ေတာ့ေခ်။
အဂၢိရတ္ဆရာအသင္းမွ ထြက္ခြာၿပီးေနာက္ ေဆးဥယ်ာဥ္ ရွိရာသို႔ ပ်ံသန္းလာခဲ့သည္။
ေပ႐ႊီးေတာင္ဝင္အင္ပါယာက ေဆးဥယ်ာဥ္ႏွင့္ ႏွိုင္းယွဥ္ပါက ဤေနရာရွိ အကိုင္းအခက္က မ်ားစြာႀကီးမားသည္။ အဂၢိရတ္ပညာရွင္ အဖြဲ႕က အခင္းအက်င္းနဲ႕ ႏွိုင္းယွဥ္ပါက ဒီေနရာရဲ႕ အကာအကြယ္ ပို၍ေလးနက္ ရႈပ္ေထြးၿပီး ၎သည္ ကမၻာႀကီးရဲ႕ သဘာဝနဲ႕ တစ္ဝက္တစ္ပ်က္ ေပါင္းစပ္ေနၿပီ ျဖစ္သည္။
လု႐ႊမ္ ဒါကိုျမင္ေသာအခါ လွ်ို႔ဝွက္စြာ ေခါင္းညိတ္လိုက္သည္။
ေဆးဥယ်ာဥ္သည္ ေဆးဝါးမ်ားကို အဓိက အာ႐ုံစိုက္ထားေသာေၾကာင့္ သဘာဝ ေလာကႏွင့္ အလြန္နီးစပ္ရန္ လိုအပ္ပါသည္။
လု႐ႊမ္ ခ်ဥ္းကပ္လာတာကို ျမင္ေတာ့ အေစခံ ႏွစ္ေယာက္က ခ်က္ခ်င္းပဲ ေပၚလာ၏။ သူတို႔က လု႐ႊမ္ကို တေလးတစား ဦးၫြတ္လိုက္ကာ တံခါးမႀကီးကို ဖြင့္ေပးလိုက္သည္။
တံခါးအတြင္းဖက္က ကမၻာရဲ႕ ဝိညာဥ္ခ်ီေတြဟာ အျပင္ကထက္ မ်ားစြာ သန့္စင္ေလ၏။ လု႐ႊမ္ အသက္ျပင္းျပင္း ရႉလိုက္စဥ္ သူ႕တစ္ကိုယ္လုံးရွိ ေခြၽးေပါက္မ်ား ပြင့္လာၿပီး ယခင္က လူသတ္ခ်င္ခဲ့ေသာ ေရာင္ဝါမ်ား အလြန္ၿငိမ္သက္သြားခဲ့သည္။
"ေကာင္းကင္က ေျမႀကီးေနာက္ကို လိုက္... ေျမႀကီးက လူေတြေနာက္လိုက္၊ လူေတြက ေတာက္ဓမၼလမ္းစဥ္ကို လိုက္... ေတာက္ဓမၼလမ္းစဥ္က သဘာဝအတိုင္း လိုက္... ေဆးဥယ်ာဥ္က သဘာဝရဲ႕ အေျခခံသေဘာတရားေတြကို ကြၽမ္းက်င္တာပဲ"
"ဟမ့္ လူသတ္သမား တစ္ေယာက္က ငါတို႔ေဆးဥယ်ာဥ္ရဲ႕ သဘာဝနည္းလမ္းနဲ႕ ေကာင္းကင္နဲ႕ ေျမႀကီးရဲ႕ နိယာမကို ဘယ္လိုလုပ္ နားလည္နိုင္မွာလဲ?"
ဂ႐ုမစိုက္ေသာ အသံတစ္ခု ထြက္ေပၚလာၿပီး လု႐ႊမ္ကို မ်က္ေမွာင္ၾကဳတ္သြားေစသည္။ သူ႕ေရွ႕တြင္ ပ်ံဝဲေနေသာ ေဝါယာဥ္တစ္ခုကို ျမင္လိုက္ရသည္။ တစ္ကယ္ေတာ့ ေဝါယာဥ္ကို ကိုင္ေဆာင္ထားတာက အမ်ိဳးသမီး ေလးေယာက္ျဖစ္ၿပီး အသားအေရ လွပေသာ လူငယ္ေလး တစ္ဦးက ထိုေဝါယာဥ္ေပၚတြင္ လဲေလ်ာင္းေန၏။
အနီေရာင္ ပန္းတစ္ပြင့္ဟာ သူ႕လက္ဖဝါးမွာ လႈပ္ယမ္းေနၿပီး သူ႕ႏွာေခါင္းဖ်ားကို ျဖတ္ေျပးေနသည္။ သူဟာ ေယာက္်ားပီသတဲ့ ပုံစံေပမယ့္ ကႏြဲ႕ကလ်နဲ႕ ဆြဲေဆာင္မႈရွိတဲ့ ခံစားခ်က္ကိုလည္း ေပးစြမ္းေနေသးသည္။
လု႐ႊမ္ မ်က္လုံးမ်ား အနည္းငယ္ ေတာက္ပသြားၿပီး
"ေယာက္်ားမိန္းမ ခႏၶာကိုယ္နဲ႕ လူ?"
သူ႕အရင္ဘဝတုန္းက သူဟာ အဆင့္အတန္း ျမင့္ျမင့္ ေနခဲ့သူ ျဖစ္ၿပီး ဂိုဏ္းႀကီးေျခာက္ခုနဲ႕ အင္အားစုမ်ားစြာရဲ႕ လွ်ို႔ဝွက္ခ်က္မ်ားစြာကိုလည္း သဘာဝက်က် သိထားခဲ့ပါတယ္။ ဒီလို ေဆးဥယ်ာဥ္မွာသာ ေတြ႕ရတတ္တဲ့ ေယာက်္ားမိန္းမ လိင္ႏွစ္ခုပါေသာ ေကာလဟာလ တစ္မ်ိဳးကိုလည္း ၾကားဖူးနားဝ ရွိခဲ့၏။
ထိုသို႔ေသာ ယင္ႏွင့္ယန္ စြမ္းအင္ႏွစ္မ်ိဳး ရွိေသာ လူမ်ိဳးမ်ားသည္ သဘာဝႏွင့္ အနီးစပ္ဆုံး ျဖစ္ၿပီး ဝိညာဥ္အပင္မ်ားျဖင့္ ေမြးဖြားလာၾကသည္။ သူသည္ ဒ႑ာရီ တစ္ခုမွ်သာဟု အၿမဲထင္ခဲ့ေသာ္လည္း အမွန္တကယ္ ေတြ႕ဆုံရမည္ဟု မေမွ်ာ္လင့္ထားေပ။
သို႔ေသာ္ ကမၻာႀကီးထဲတြင္ အဆုံးမရွိေသာ ယင္းစြမ္းအင္ႏွင့္ ယန္စြမ္းအင္တို႔ ရွိသည္။ ထို႔ေၾကာင့္ လူ႕ခႏၶာကိုယ္သည္ ၎ကို မည္သို႔ခံနိုင္ရည္ ရွိနိုင္မည္နည္း။ ဒီလိုလူမ်ိဳးက ယင္းႏွင့္ယန္ အၾကားက မတည္ၿငိမ္မႈေၾကာင့္ စိတ္ဓာတ္ႏွင့္ စရိုက္ကလည္း ကြဲလြဲမႈရွိေနတတ္သည္။
လု႐ႊမ္သည္ တစ္ဖက္လူကို ဂ႐ုမစိုက္ဘဲ ေခါင္းကို အနည္းငယ္ ခါယမ္းလိုက္သည္။
"အတင့္ရဲလိုက္တာ!"
အနီေရာင္ ပန္းပြင့္ကိုင္ထားေသာ သခင္ေလးက ေအာ္ဟစ္လိုက္ၿပီး သူ႕အသံက ေပ်ာ့ေပ်ာင္းေပ်ာင္းျဖင့္။
"မင္းက ဘယ္သူလဲ? မင္း ဒီသခင္ေလးကို ေလွ်ာ့တြက္ေနတာလား? ဒီသခင္မေလးကို ျမန္ျမန္ ေတာင္းပန္လိုက္စမ္း!"
ဆိုလာတဲ့ စကားသံဟာ တခဏအတြင္းမွာပဲ ၾကည္လင္ ျပတ္သားလာၿပီး မိန္းမတစ္ေယာက္ရဲ႕ အသံအျဖစ္ ေျပာင္းလဲသြားေတာ့သည္။ လု႐ႊမ္ အနည္းငယ္ တုန္တုန္ယင္ယင္ ျဖစ္သြားရွာ၏။ သူသည္ ဒီလိုလူမ်ိဳးကို ခုခံနိုင္စြမ္း မရွိေပ။
ပန္းနီသခင္ေလး။ မဟုတ္ဘူး ဒီအခ်ိန္မွာ ပန္းနီသခင္မေလးလို႔ ေခၚရမယ္။ သူမရဲ႕ ေဒါသကို မျပမီ မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္။ ထို႔ေနာက္ ရွက္ၿပီး လု႐ႊမ္ဆီ ေလမႈတ္ထုတ္ရင္း
"သခင္ေလး.... ရွင္က အရမ္းေခ်ာတာပဲ လာၿပီး ပန္းနီကို အေဖာ္ျပဳလို႔ရမလား?"
နံေဘးရွိ အေစခံ ႏွစ္ေယာက္မွာ တုန္တုန္ယင္ယင္ ေစာင့္ဆိုင္းေနၾကၿပီး ေခါင္းငုံ႕ထားကာ ေခ်ာင္းၾကည့္ရန္ လုံးဝ မဝံ့မရဲ ျဖစ္ေနၾကပုံမွာ ဤပန္းနီရဲရဲကို အလြန္ေၾကာက္ၾကပုံပင္။
လု႐ႊမ္ အသာ ေခ်ာင္းဆိုးလိုက္ၿပီး ထိုသူ႕ကို အျမန္ေခၚထုတ္သြားဖို႔ အမ်ိဳးသမီး ႏွစ္ေယာက္ကို အခ်က္ျပလိုက္ေတာ့သည္။
"ဟမ့္... မ်က္ႏွာသာေပးတာကို မလိုခ်င္တဲ့ေကာင္ပဲ! မင္းက လု႐ႊမ္ထင္တယ္... မင္းနာမည္ကို ငါၾကားဖူးတယ္ စြင္းလင္ အျပင္က ေခၚလာတဲ့ မိန္းမေတြက မင္းရဲ႕မိန္းမေတြမလား... မင္းရဲ႕ အလွေလးေတြက ပန္းနီမိန္းကေလးရဲ႕ ဆံပင္ကိုေတာင္ မယွဥ္နိုင္ဘူး"
"အမွန္ပဲ... ပန္းနီမိန္းကေလးက လွပတင့္တယ္တယ္... သူတို႔က ေတာ္ဝင္ အင္ပါယာမွာ နာမည္ႀကီးေနရင္ေတာင္ ဧကရာဇ္အင္ပါယာမွာ နာမည္ႀကီးတဲ့ ပန္းနီမိန္းကေလးနဲ႕ ယွဥ္လိုက္ရင္ ေရတြင္းေအာက္ေျခက ဖားသာသာပဲ ရွိတယ္... ကမၻာႀကီးရဲ႕ က်ယ္ေျပာမႈကို ဘယ္လိုလုပ္ ျမင္နိုင္မွာလဲ?"
ေဝါယာဥ္ ေနာက္ကြယ္မွာေန၍ ငွက္ေမြးယပ္ေတာင္ တစ္ေခ်ာင္းကို ေဝွ႕ယမ္းေနေသာ လူငယ္တစ္ေယာက္ ထြက္လာခဲ့သည္။
"ဟမ့္... ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇ ေလးပါလား... ပန္းနီမိန္းကေလးရဲ႕ အတြင္းေဆာင္ထဲ ဝင္ထြက္နိုင္မယ္လို႔ ထင္ေနတာလား?"
လု႐ႊမ္ကေတာ့ ထိုစကားေတြအတြက္ ခပ္ဖြဖြေလးပဲ ရယ္ေမာလိုက္သည္။ ဒီကမၻာမွာ ကိုယ့္ကိုကိုယ္ ေျဖာင့္မတ္တယ္လို႔ ထင္တဲ့သူေတြ အမ်ားႀကီးပါပဲ။ ဒါေပမဲ့ တစ္ဖက္က လူငယ္ေလးရဲ႕ ခြန္အားက ထူးကဲလွသည္။
သူသည္ ငယ္႐ြယ္ေသာ္လည္း ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္၏ အဆင့္၉သို႔ ေရာက္ရွိထားၿပီး ျပည့္စုံေသာကာလကို မေရာက္ေသာ္လည္း သူ႕တြင္ ကိုယ္ပိုင္နည္းလမ္းမ်ား ရွိပုံရသည္။ ထို႔ေၾကာင့္ ၎ဟာ ဧကရာဇ္အင္ပါယာ မိသားစုႀကီး တစ္ခုထဲက သားျဖစ္သည္မွာ သိသာ ထင္ရွားေလ၏။
"သြားၿပီ...."
လု႐ႊမ္ သူ႕လက္ကို ေဝ့ယမ္းလိုက္သည္။
ဒါက ေဆးဥယ်ာဥ္ ျဖစ္ေပမယ့္ ပန္းနီေရာ ဒီလူငယ္ေလးေရာက စြင္းလင္ကို မ်က္လုံးထဲ ထည့္ထားပုံ မေပၚေခ်။ လု႐ႊမ္ကေတာ့ ျပတ္ျပတ္သားသား ရွိၿပီး စြင္းလင္လို သန္မာတဲ့လူနဲ႕ ရန္သူျဖစ္ေအာင္ မလုပ္ခ်င္ပါဘူး။
"ဟမ့္.... သြားရေအာင္ ငါကခြင့္ျပဳလို႔လား? ငါ့အတြက္ ဒူးေထာက္လိုက္စမ္း!"
တစ္ဖက္လူငယ္က သူ႕ငွက္ေမြးယပ္ေတာင္ကို ေဝ့ယမ္းရင္း လု႐ႊမ္ရဲ႕ ေနာက္ေက်ာဆီကို စြမ္းအင္လွိုင္းတစ္ခု ပစ္လႊတ္လိုက္သည္။ ငွက္ေမြးယပ္ေတာင္၏ အစြန္အဖ်ားသည္ ရက္စက္မႈမ်ား ျပည့္ႏွက္ေနေသာ အရွိန္အဝါျဖင့္ ေျပးထြက္သြားေလ၏။
လု႐ႊမ္ မလႈပ္ရွားဘဲ သူ၏ ဆင္သံခ်ပ္ ေ႐ႊကိုယ္ထည္ကို အရွိန္ျမႇင့္တင္ကာ လူငယ္ေလးရဲ႕ သခင္ငယ္၏ ထိုးႏွက္ခ်က္ကို အသာေလးပဲ ခံယူလိုက္သည္။
တစ္ဖက္က အရွိန္အဝါကိုျမင္ေတာ့ လူငယ္ေလးလည္း တုန္လႈပ္သြားၿပီး မယုံနိုင္ေအာင္ ျဖစ္သြားရွာ၏။ ႐ုတ္တရက္ သူသည္ ႀကီးမားေသာ ပင္လယ္ႀကီးလို ႀကီးမားတဲ့ စြမ္းအားတစ္ခုက သူ႕ငွက္ေမြးယပ္ေတာင္ကို တားဆီးထားေၾကာင္း ခံစားလိုက္ရၿပီး ကလစ္ဆိုတဲ့ အသံတစ္ခ်က္နဲ႕ အတူ ငွက္ေမႊးယပ္ေတာင္မွာ က်ိဳးေၾကသြားခဲ့ေလသည္။
"လူငယ္ေလး... ငါ ေဆးဥယ်ာဥ္ရဲ႕ သခင္မကို မ်က္ႏွာသာေပးတဲ့ အေနနဲ႕ ဒီတစ္ႀကိမ္ လႊတ္ေပးလိုက္မယ္.... ေနာက္တစ္ခါ ဆိုရင္ေတာ့ က်ိဳးေၾကသြားမွာက မင္းရဲ႕ ငွက္ေမြးယပ္ေတာင္ မျဖစ္နိုင္ေတာ့ဘူး"
လူငယ္ေလးမွာ သူ႕လက္ဖဝါးမ်ား ထုံက်င္ကာ ရွက္စိတ္ႏွင့္ ေဒါသမ်ား ေပါက္ကြဲထြက္လာၿပီး က်ယ္ေလာင္စြာ ျပန္ေအာ္ဟစ္လိုက္ေတာ့သည္။
"ေကာင္ေလး... မင္းနာမည္ကို ဒီသခင္ေလး မွတ္ထားလိုက္ၿပီ... ဒီသခင္ေလးက မင္းကို တစ္အိမ္လုံးကို သတ္ပစ္မယ္ကြ..."
စကားဆုံးေတာ့ လု႐ႊမ္သည္ လွ်ပ္စီးေၾကာင္း ျဖတ္ေျပးသြားသည္ႏွင့္ ဖ်က္ခနဲ လႈပ္ရွားလိုက္ၿပီး ထိုသခင္ေလးရဲ႕ လည္ပင္းကို ဆြဲညွစ္၍ ျမႇောက္ထားလိုက္ေတာ့သည္။
လု႐ႊမ္မွာ နတ္ဆိုးတစ္ေကာင္ သူ႕ခႏၶာကိုယ္ထဲမွ ခုန္ထြက္လာသည့္ႏွယ္ ခ်က္ခ်င္း ေအးစက္သြား၏။
"မင္းဘာေျပာလိုက္တယ္??"
"သခင္ေလးလု႐ႊမ္... ေက်းဇူးျပဳၿပီး သနားညွာတာေပးပါ!"
ရင္းႏွီးေနေသာ အသံတစ္ခု ထြက္လာၿပီး ျပန႔္က်ဲေနေသာ ေျခသံမ်ားက သူတို႔ဆီသို႔ ေျပးလာၾကသည္။ ၎မွာ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္၏ ေဆးဥယ်ာဥ္ပိုင္ရွင္ စြင္းလင္ ျဖစ္ၿပီး ၎၏တပည့္မမ်ား ႏွင့္အတူ အေျပးအလႊား ေရာက္လာခဲ့ေလသည္။