Chapter (47) Arc 4
ရန်သူတစ်သိန်းကို အနိုင်ယူခြင်း ဒဏ္ဍာရီ
ယခင်က ဟန်ရွှယ်နှင့် အခြားသူများကို ချည်နှောင်ထားမှုကြောင့် သူ့ရဲ့ နည်းလမ်းများစွာကို အသုံးမချနိုင်ခဲ့ပေ။ ယခုအချိန်တွင် ၎င်းတို့ ပြန်လည်ဆုတ်ခွာ သွားသည့်အတွက် ကိုင်တွယ်ရ လွယ်ကူသွားပြီ။
လုရွှမ်၏ မျက်လုံးများသည် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေး သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွား၏။
"သူ ဘာလုပ်မလို့လဲ?"
သားရဲခန်းမမှ ခန်းမသခင်ဟယ်နှင့် ဆေးဥယျာဉ်တာဝန်ခံ အမျိုးသမီးတို့သည် ဘေးချင်းကပ်လျက် ရပ်ကာ ကျွန်တပ်သား တစ်သိန်းနောက်ကို တစ်ယောက်တည်း လိုက်သွားသည်ကို မြင်သောအခါ တညီတညွတ်တည်း မေးလိုက်ကြသည်။
"သူတို့ကို ဒုက္ခနည်းနည်း သွားပေးတာ ဖြစ်မယ်!"
"သူတစ်ယောက်တည်းနဲ့လား?"
ခန်းမသခင်ဟယ်က အံ့သြစွာနဲ့ သူ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
သူ့မျက်စိရှေ့က အဆုံးမရှိလု နီးပါးရှိသော ကျွန်များ၏ စစ်တပ်ကို ကြည့်လိုက်မိသည်။ သူသည် သားရဲခန်းမ၏ နောက်ခံကြောင့်သာ မဟုတ်ပါက လျိုမိသားစုရဲ့ ရန်သူဖြစ်ဖို့ ဘယ်သောအခါမှ သတ္တိရှိလိမ့်မည် မဟုတ်ပေ။
လုရွှမ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ တွင်သာရှိ၍ ရုတ်တရတ် အလျင်စလို ပြေးတက်သွားတာက မွေးကင်းစ နွားသငယ်လေး ကျားပါးစပ်ထဲ ပြေးဝင်သွားတာနဲ့ မတူပေဘူးလား။
ဆေးဥယျာဉ် တာဝန်ခံ အမျိုးသမီး၏ မျက်လုံးများတွင် နားမလည်နိုင်သော အကြည့်များဖြင့်သာ။ စကားမပြောသော်လည်း နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်လျက် သရော်လှောင်ပြောင်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
တကယ်ကို ဘယ်လို အသက်ရှင်ရမှန်း မသိတဲ့ ကောင်လေးပဲ။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လျိုမိသားစု တပ်ဖွဲ့ဝင်များကို ချုပ်နှောင်ဖို့အတွက် နောက်တစ်ကြိမ် လှုပ်ရှားရန် အစီအစဉ် မရှိကြသေးပေ။
ဒီနေရာက အဆင့်နိမ့် တော်ဝင်အင်ပါယာ မဟုတ်ဘဲ မြို့ထောင်ချီမဟာမိတ် ဖြစ်သည်။ အင်အားကြီးသူတွေ စုဝေးကြရာ နေရာပင်။ သားရဲခန်းမနဲ့ ဆေးဥယျာဥ်က ဝန်းရံထားတဲ့ လူတစ်ယောက်ကို လျိုမိသားစုက မထိပါးရဲတာ သဘာဝကျသည်။
ဒါပေမဲ့ သူတို့ဖက်ကို ဆက်ပြီးကူညီပေးပါလို့ တောင်းဆိုချင်ရင်တော့ မာနမကြီးနေဖို့ လိုပါသေးသည်။
ဖီးနစ်အတောင်ပံများနှင့် ရွှေအရှိန်တို့ရဲ့ အမြန်နှုန်းနဲ့အတူ လုရွှမ်သည် အံဩစရာ ကောင်းလောက်အောင် အလင်းတန်းအဖြစ် ပြေးထွက်သွားကာ လျိုကျန့်ဖုန်းနှင့် အခြားလျိုမိသားစု၏ အကြီးအကဲများထံ ပြေးသွားခဲ့သည်။
လျိုကျန့်ဖုန်းသည် ကောင်းကင်တွင် လွှင့်သူအား သတိပြုမိပြီး သူ့နောက်မှ လိုက်လာတာကို တွေ့ရတော့ အံ့သြမဆုံးနိုင် ဖြစ်သွားသည်။
သူ့အမြင်အရတော့ လုရွှမ်ဟာ စက်ဆုပ်ဖွယ်ကောင်းအောင် ဖုံးကွယ်ထားနိုင်တဲ့ လူရွှင်တော်တစ်ယောက်သာ ဖြစ်ပေမယ့် ယခုတော့ သူ့မှာ ကျောထောက် နောက်ခံရှိတာနဲ့ပဲ ပြောင်ပြောင်မြောက်မြောက် ခုန်ထွက်လာတော့တာပဲ။
ဒီကောင်လေး သူတို့ဘိုးဘေးကို သတ်သွားခဲ့တဲ့အတွက် လျိုမိသားစုအတွက် အလွန်အမင်း အရှက်ကွဲခဲ့ရ၏။ လျိုကျန့်ဖုန်း သူ့နှလုံးသားထဲက ဒေါသတွေကို ထိန်းချုပ်ရင်။
"ကောင်လေး... သားရဲခန်းမနဲ့ ဆေးဥယျာဥ်ကြောင့် ဒီသခင်ကြီးက မင်းအသက်ကို ခဏ ချန်ထားပေးတာ... မင်းက ငါ့နောက်ကိုတောင် လိုက်လာရဲတယ်ဆိုတော့ သေချင်နေတာလား?"
"တစ်ယောက်ယောက်က သေချင်နေပေမယ့်... အဲဒါ ငါတော့ မဟုတ်ဘူး!"
လုရွှမ် ဆိုလိုက်သည်။
လျိုမိသားစု၏ ကျွန်စစ်တပ်သည် ယခုအချိန်တွင် ဝရုန်းသုန်းကား ဖြစ်နေပြီး မောက်မာမှု အနည်းငယ်ရှိ၍ လုရွှမ် ၎င်းတို့ကို လုံးဝဂရုမစိုက်ဘဲ လျိုကျန့်ဖုန်း ဦးဆောင်လာသော လျိုမိသားစု ခေါင်းဆောင်များကို စူးစူးဝါးဝါး စိုက်ကြည့်နေလိုက်သည်။
တော်ဝင်အင်ပါယာရဲ့ ပထမနေရာက မိသားစုမှာ မျှော်လင့်ထားတဲ့ အတိုင်း အုပ်ချုပ်သူများကပင် အနည်းဆုံး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ဖြစ်ပြီး လျိုကျန့်ဖုန်း ကိုယ်တိုင်ကလည်း အဆင့်၉ကို ရောက်ရှိထားသည်။
သူအခုလို ကျွန်စစ်တပ်ကို ပြန်လည် ရုတ်သိမ်းသွညးတာက ဆေးဥယျာဉ်နဲ့ သားရဲခန်းမကို မျက်နှာသာ တချို့ပေးလိုက်တာလို့ ဆိုနိုင်လေ၏။
ဒါပေမဲ့ သူက လျိုမိသားစုရဲ့ ဘိုးဘေးတွေကိုတောင် သတ်ခဲ့တာပဲလေ။ ဒါကြောင့် သူဘာလို့ ဒါကို ဂရုစိုက်နေရမှာလဲ။
သူ့လက်များကို ဝေ့ယမ်းလိုက်ရင်း အခင်းအကျင်း တံဆိပ်ပြားများ တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်သည်။ စိတ်ဝိညာဉ်ကို ထိန်းချုပ်ခြင်း၊ တားမြစ်ဝိညာဥ် အခင်းအကျင်း၊ တောက်ပအလင်း အခင်းအကျင်း စသော အခင်းအကျင်း မျိုးစုံက လျိုမိသားစု၏ အုပ်ချုပ်ခံလူများ ပတ်ပတ်လည်ကို ထိမှန်သွားသည်။
လျိုမိသားစု၏ ခွန်အားသည် ထိုကျွန်များသာဖြစ်သည်။ ဤသခင်များသာ ခေါင်းဖြတ်ခံရပါက ဦးခေါင်းမပါသော မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေမည် ဖြစ်ပြီး ကျွန်များကလည်း လူကို ကိုက်နိုင်တော့မည် မဟုတ်ပေ။
အခိုးအငွေ့တွေ တဖျပ်ဖျပ် လွင့်ထွက်လာပြီး အရာအားလုံးကို တခဏချင်း ဖုံးလွှမ်းသွားတော့သည်။
ဒြပ်စင်ငါးပါး၏ စွမ်းအားဖြင့် ယင်နှင့် ယန်ချီတို့သည် အခင်းအကျင်း အတွင်း ကူးခတ်နေသော ငါးတွေလို မရေမတွက်နိုင်တဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင်များကို သယ်ဆောင်လာ၏။ စွမ်းအင်ဒီရေသည် တဟုန်းဟုန်း တောက်ကာ မီးတောက်များက မိုးခြိမ်းသံတွေလို ထွက်ပေါ်လာသည်။
"ငါမမြင်ရတော့ဘူး... ဒါက ဘယ်လို အခင်းအကျင်း ပုံစံမျိုးလဲ? မိုးကြိုး!! အား.....!"
"ထူးဆန်းလိုက်တာ ငါ့စိတ်ဝိညာဉ် စွမ်းအားတွေ ပျောက်ကွယ်သွားသလိုပဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"ငါ့ခန္ဓာကိုယ် မလှုပ်နိုင်တော့ဘူး... ဘာဖြစ်နေတာလဲ?"
....
အခင်းအကျင်း အတွင်း ထိတ်လန့် တုန်လှုပ်သော အသံများဟာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး အော်ဟစ်သံများက မသေခင်အထိ ရုန်းကန်နေသလိုပင်။
ဝိုင်းရံထားသော ကျွန်များသည် စွမ်းအင် အလုံးအရင်းနှင့် ဖုံးလွှမ်းသွားခြင်း ခံရမည်ကို စိုးရိမ်၍ စောစောစီးစီး ဆုတ်ခွာသွားကြသည်။
လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်က ကဲ့ရဲ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤအခင်းအကျင်းများထဲမှ တချို့ကို ရှန့်ခုန်းရှေးဟောင်းမြို့ရှိ မြို့သခင်စံအိမ်ရဲ့ ရတနာအခန်းထဲမှ ထုတ်ယူလာခဲ့တာ ဖြစ်ကာ အများစုမှာ သူတော်စင်တစ်ပိုင်းများသာ သန့်ရှင်းနိုင်သော ရှေးဟောင်းပစ္စည်းများ ပါရှိလေသည်။
အခင်းအကျင်း တံဆိပ်ပြားတွေရဲ့ သက်တမ်းက အင်မတန် ရင့်နေပြီမို့ သူတို့ရဲ့ စွမ်းအင်ကလည်း တစ်ဝက်လောက် ပျက်စီးလုနီးပါး ဖြစ်နေပြီ။ မဖြစ်မနေ အခြေအနေကြောင့်သာ မဟုတ်ရင် သူကိုယ်တိုင်လည်း ထုတ်သုံးပစ်မှာ မဟုတ်ပေ။
အမှန်မှာ လက်ရှိ အခင်းအကျင်းရဲ့ စွမ်းအားနဲ့ဆို သူတော်စင်တစ်ပိုင်းကို မရောက်သေးသရွေ့ အခင်းအကျင်းထဲက ထွက်ခွာနိုင်မည် မဟုတ်တော့ချေ။
လုရွှမ် သူ့ခန္ဓာကိုယ်ကို ဥက္ကာပျံ တစ်လုံး ကောင်းကင်က ကြွေကျလာသလို အခင်းအကျင်းထဲ ပြေးဝင်သွားသည်။ ဒီလိုတွေကို သတ်မယ် ဆိုကတည်းက အရိပ်အယောင်လေးတောင် မချန်ထားခဲ့သင့်ပေ။
ဝှစ်!
လုရွှမ်ဟာ အခင်းအကျင်း ထိန်းချုပ်သူ ဖြစ်လို့ အခင်းအကျင်းရဲ့ စွမ်းအားက သူ့အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိ၏။ ရွှေအရှိန်ရဲ့ အကူအညီနဲ့ဆို အခင်းအကျင်းက သူ့အပေါ် လုံးဝကို သက်ရောက်မှု မရှိတော့ပေ။
အခင်းအကျင်းထဲက လျိုမိသားစုဝင်များရဲ့ အမြင်တွင် သူသည် နတ်ဘုရားနှင့် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး အရှေ့ဘက်သို့ တဖျပ်ဖျပ် ခတ်ကာ အနောက်ဘက်မှာ ပေါ်လာကာ ပျောက်ကွယ်သွားပြန်သည်။
သူ့ပုံသဏ္ဌာန်ကို ဘယ်သူမှ သတိမထားမိခင်မှာ သစ်သား အပိုင်းအစဟာ လူတစ်ယောက်ရဲ့ ဦးခေါင်းကို ထိုးဖောက် ဝင်ရောက်ပြီးနေပြီ။
သစ်သားနှလုံးသား! ဝိညာဉ်သခင် စွမ်းအား!
မြို့ထောင်ချီမဟာမိတ်မှာတုန်းက ဝိညာဥ်သခင်ရဲ့ စွမ်းရည်တွေကို မဟုတ်ဘဲ ဝိညာဉ်စွမ်းအားကိုပဲ အမြဲလိုလို အသုံးပြုခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူသည် လူသတ်ရန် ရည်ရွယ်ချက် ရှိပြီး အခင်းအကျင်းကလည်း ဖုံးအုပ်ထားသောကြောင့် ၎င်းကို ထိန်းသိမ်းထားမည် မဟုတ်တော့ပေ။
အော်ဟစ်သံများက ပို၍ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ စိတ်ပျက်အားငယ်လာတဲ့ အပြင်ဘက်ရှိ ကျွန်စစ်တပ်၏ ဝိညာဉ်များပင် တုန်လှုပ်သွားကာ သူတို့၏ နှလုံးသားများလည်း အေးခဲသွားခဲ့သည်။
ခပ်လှမ်းလှမ်းတွင်တော့ သားရဲခန်းမဟယ်နှင့် ဆေးဥယျာဉ် တာဝန်ခံ အမျိုးသမီးသည် မယုံကြည်နိုင်မှု အပြည့်ဖြင့် အသက်ရှုကြပ်လာကာ မျက်လုံးများပြူးလျက် လျင်မြန်စွာ စိုက်ကြည့်နေရသည်။
ဒီအခင်းအကျင်းကို ဘယ်လိုများ အသက်သွင်းလိုက်လို့ ဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလဲ?
သူတို့သည် တိုက်ပွဲနေရာနှင့် ဝေးကွာနေသေးသော်လည်း အကြွင်းအကျန် အခင်းအကျင်းမှ ပေါက်ထွက်လာသော ရောင်ဝါကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ဆဲပင်။ သူတို့၏ ဝိညာဉ်စွမ်းအားကို အမှန်တကယ် ထိခိုက်စေနိုင်ပြီး ကိုယ်ခံပညာ၏ နှလုံးသားမှာပင် ကမောက်ကမ ဖြစ်လာစေသည်။
သူက ဘယ်သူများလဲ!
"သူက လုရွှမ်ပဲ!"
ဟန်ရွှယ်က ပြောလေသည်။
ဒီလူနှစ်ယောက်ဟာ အစတုန်းက အဲဒီလို မတွေးထားမိပေမယ့် သူမကတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် သူတို့စိတ်ထဲက မေးခွန်းပတွက် စိတ်ဓာတ်ပြင်းပြစွာ မိတ်ဆက်လိုက်ပေ၏။
ခန်းမသခင်ဟယ် နဲ့ ဆေးဥယျာဉ် သခင်မတို့ရဲ့ မျက်နှာမှာ အနည်းငယ် ရှက်စရာကောင်းတဲ့ အမူအရာတွေ ရှိလာပြီး စကားတစ်ခွန်းမှ မပြောဖြစ်ကြတော့ချေ။
...
နောက်ဆုံးအော်သံ ရုတ်ခြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ အလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ လွင့်ပျံလာကာ လျိုမိသားစု ကျွန်စစ်တပ်၏ ဦးခေါင်းထက်တွင် စက်ဝိုင်းပုံစံကြီး ပေါ်လာခဲ့သည်။
မြေပြင်ပေါ်ရှိ မြူမှုန်များ ပြောင်းလဲသွားသည်။ အလင်းရောင်မျိုးစုံ ထွန်းတောက်လာကာ ပေါက်ကွဲသံများ နောက်တဖန် ထွက်ပေါ်လာပြန်၏။ အခင်းအကျင်းထဲတွင် ပါးပါးလှီးထားသော အသားစများနှင့် သွေးမြစ်များ ရောနှောသွားသည်။
လျိုမိသားစု အားလုံး မသေရင် လုရွှမ် ထွက်လာမှာ မဟုတ်ဘူးလို့ တွေးထားမိကြပေမယ့် လက်ရှိ ကြေကွဲဖွယ် အခြေအနေကတော့ လူတိုင်းကို ထိတ်လန့်စေမိဆဲပင်။
ခေါင်းပေါင်း တစ်ဒါဇင်ကျော်ကို တစ်ချက်တည်းနဲ့ ဖြတ်တောက်သွားခြင်းပင် မဟုတ်ပါလား။
ဒါက ဘာကိုဆိုလိုတာလဲ? လျိုမိသားစုကို အမြစ်ပြတ် ဖျက်ဆီးပစ်မလို့လား?
လျိုမိသားစု၏ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံးကို သုတ်သင်ရှင်းလင်းခဲ့ပြီး ကျွန်များကြားတွင် ပုန်းအောင်းနေသော အလယ်အလတ်တန်းစား လူများသည် ၎င်းတို့အားဖြင့် တားဆီးရန် ဝံ့ကြွားလာခဲ့ကြသေးသည်။
ထိုမြင်ကွင်းက သားရဲခန်းမက ခန်းမသခင်ဟယ်နှင့် ဆေးဥယျာဥ်က ဆေးဝါးသခင်မတို့ နှစ်ဦးကို အံ့သြထိတ်လန့်စေခဲ့သည်။
လူတစ်သိန်းကို လူတစ်ယောက်က အနိုင်ယူခဲ့တဲ့ ဒဏ္ဍာရီကို ယနေ့မှာပဲ မွေးဖွားခဲ့လေပြီ။
ပျံသန်းလာတဲ့ ကောင်လေးကို ကြည့်လိုက်တော့ သူတို့နှစ်ယောက်ရဲ့ အရင်က မောက်မာမှုတွေ ပျောက်ကွယ်သွားကာ မျက်နှာပေါ်က အပြုံးတွေနဲ့ အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့နဲ့ လုရွှမ် ပဋိပက္ခဖြစ်ပြီး လုရွှမ်က ထိုအဖွဲ့အစည်းကို အရှက်ရစေခဲ့ကြောင်း ကြားခဲ့ရသော်လည်း တစ်လျှောက်လုံး ကောလဟာလတစ်ခုသာ ထင်မြင်ခဲ့ကြသည်။ အခုတော့ အမှန်ဖြစ်ကြောင်း နားလည်သွားလေပြီ။
နှစ်ယောက်သား တုန်လှုပ် ခြောက်ခြားနေချိန် တစ်ဖက်ကလည်း အနည်းငယ် ဝမ်းသာသလို ခံစားလိုက်ရသည်။ သူတို့က ရန်သူ မဟုတ်ဘဲ စစ်ကူပေးဖို့ လာခဲ့တဲ့လူတွေ ဖြစ်နေလို့ပင်။
Chapter (47) Arc 4
ရန္သူတစ္သိန္းကို အနိုင္ယူျခင္း ဒ႑ာရီ
ယခင္က ဟန္႐ႊယ္ႏွင့္ အျခားသူမ်ားကို ခ်ည္ႏွောင္ထားမႈေၾကာင့္ သူ႕ရဲ႕ နည္းလမ္းမ်ားစြာကို အသုံးမခ်နိဳင္ခဲ့ေပ။ ယခုအခ်ိန္တြင္ ၎တို႔ ျပန္လည္ဆုတ္ခြာ သြားသည့္အတြက္ ကိုင္တြယ္ရ လြယ္ကူသြားၿပီ။
လု႐ႊမ္၏ မ်က္လုံးမ်ားသည္ ေအးစက္ေသာ အလင္းတစ္ခ်က္ ျဖတ္ေျပး သြားကာ မ်က္စိတစ္မွိတ္ အတြင္းမွာပင္ ေပ်ာက္ကြယ္သြား၏။
"သူ ဘာလုပ္မလို႔လဲ?"
သားရဲခန္းမမွ ခန္းမသခင္ဟယ္ႏွင့္ ေဆးဥယ်ာဥ္တာဝန္ခံ အမ်ိဳးသမီးတို႔သည္ ေဘးခ်င္းကပ္လ်က္ ရပ္ကာ ကြၽန္တပ္သား တစ္သိန္းေနာက္ကို တစ္ေယာက္တည္း လိုက္သြားသည္ကို ျမင္ေသာအခါ တညီတၫြတ္တည္း ေမးလိုက္ၾကသည္။
"သူတို႔ကို ဒုကၡနည္းနည္း သြားေပးတာ ျဖစ္မယ္!"
"သူတစ္ေယာက္တည္းနဲ႕လား?"
ခန္းမသခင္ဟယ္က အံ့ၾသစြာနဲ႕ သူ႕ေခါင္းကို အနည္းငယ္ ခါယမ္းလိုက္သည္။
သူ႕မ်က္စိေရွ႕က အဆုံးမရွိလု နီးပါးရွိေသာ ကြၽန္မ်ား၏ စစ္တပ္ကို ၾကည့္လိုက္မိသည္။ သူသည္ သားရဲခန္းမ၏ ေနာက္ခံေၾကာင့္သာ မဟုတ္ပါက လ်ိဳမိသားစုရဲ႕ ရန္သူျဖစ္ဖို႔ ဘယ္ေသာအခါမွ သတၱိရွိလိမ့္မည္ မဟုတ္ေပ။
လု႐ႊမ္သည္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၇ တြင္သာရွိ၍ ႐ုတ္တရတ္ အလ်င္စလို ေျပးတက္သြားတာက ေမြးကင္းစ ႏြားသငယ္ေလး က်ားပါးစပ္ထဲ ေျပးဝင္သြားတာနဲ႕ မတူေပဘူးလား။
ေဆးဥယ်ာဥ္ တာဝန္ခံ အမ်ိဳးသမီး၏ မ်က္လုံးမ်ားတြင္ နားမလည္နိုင္ေသာ အၾကည့္မ်ားျဖင့္သာ။ စကားမေျပာေသာ္လည္း ႏႈတ္ခမ္းေထာင့္က အနည္းငယ္ ေကြးၫြတ္လ်က္ သေရာ္ေလွာင္ေျပာင္မႈ အရိပ္အေယာင္မ်ား ေပၚလြင္ေနသည္။
တကယ္ကို ဘယ္လို အသက္ရွင္ရမွန္း မသိတဲ့ ေကာင္ေလးပဲ။
ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ လ်ိဳမိသားစု တပ္ဖြဲ႕ဝင္မ်ားကို ခ်ဳပ္ႏွောင္ဖို႔အတြက္ ေနာက္တစ္ႀကိမ္ လႈပ္ရွားရန္ အစီအစဥ္ မရွိၾကေသးေပ။
ဒီေနရာက အဆင့္နိမ့္ ေတာ္ဝင္အင္ပါယာ မဟုတ္ဘဲ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ ျဖစ္သည္။ အင္အားႀကီးသူေတြ စုေဝးၾကရာ ေနရာပင္။ သားရဲခန္းမနဲ႕ ေဆးဥယ်ာဥ္က ဝန္းရံထားတဲ့ လူတစ္ေယာက္ကို လ်ိဳမိသားစုက မထိပါးရဲတာ သဘာဝက်သည္။
ဒါေပမဲ့ သူတို႔ဖက္ကို ဆက္ၿပီးကူညီေပးပါလို႔ ေတာင္းဆိုခ်င္ရင္ေတာ့ မာနမႀကီးေနဖို႔ လိုပါေသးသည္။
ဖီးနစ္အေတာင္ပံမ်ားႏွင့္ ေ႐ႊအရွိန္တို႔ရဲ႕ အျမန္ႏႈန္းနဲ႕အတူ လု႐ႊမ္သည္ အံဩစရာ ေကာင္းေလာက္ေအာင္ အလင္းတန္းအျဖစ္ ေျပးထြက္သြားကာ လ်ိဳက်န့္ဖုန္းႏွင့္ အျခားလ်ိဳမိသားစု၏ အႀကီးအကဲမ်ားထံ ေျပးသြားခဲ့သည္။
လ်ိဳက်န့္ဖုန္းသည္ ေကာင္းကင္တြင္ လႊင့္သူအား သတိျပဳမိၿပီး သူ႕ေနာက္မွ လိုက္လာတာကို ေတြ႕ရေတာ့ အံ့ၾသမဆုံးနိုင္ ျဖစ္သြားသည္။
သူ႕အျမင္အရေတာ့ လု႐ႊမ္ဟာ စက္ဆုပ္ဖြယ္ေကာင္းေအာင္ ဖုံးကြယ္ထားနိုင္တဲ့ လူ႐ႊင္ေတာ္တစ္ေယာက္သာ ျဖစ္ေပမယ့္ ယခုေတာ့ သူ႕မွာ ေက်ာေထာက္ ေနာက္ခံရွိတာနဲ႕ပဲ ေျပာင္ေျပာင္ေျမာက္ေျမာက္ ခုန္ထြက္လာေတာ့တာပဲ။
ဒီေကာင္ေလး သူတို႔ဘိုးေဘးကို သတ္သြားခဲ့တဲ့အတြက္ လ်ိဳမိသားစုအတြက္ အလြန္အမင္း အရွက္ကြဲခဲ့ရ၏။ လ်ိဳက်န့္ဖုန္း သူ႕ႏွလုံးသားထဲက ေဒါသေတြကို ထိန္းခ်ဳပ္ရင္။
"ေကာင္ေလး... သားရဲခန္းမနဲ႕ ေဆးဥယ်ာဥ္ေၾကာင့္ ဒီသခင္ႀကီးက မင္းအသက္ကို ခဏ ခ်န္ထားေပးတာ... မင္းက ငါ့ေနာက္ကိုေတာင္ လိုက္လာရဲတယ္ဆိုေတာ့ ေသခ်င္ေနတာလား?"
"တစ္ေယာက္ေယာက္က ေသခ်င္ေနေပမယ့္... အဲဒါ ငါေတာ့ မဟုတ္ဘူး!"
လု႐ႊမ္ ဆိုလိုက္သည္။
လ်ိဳမိသားစု၏ ကြၽန္စစ္တပ္သည္ ယခုအခ်ိန္တြင္ ဝ႐ုန္းသုန္းကား ျဖစ္ေနၿပီး ေမာက္မာမႈ အနည္းငယ္ရွိ၍ လု႐ႊမ္ ၎တို႔ကို လုံးဝဂ႐ုမစိုက္ဘဲ လ်ိဳက်န့္ဖုန္း ဦးေဆာင္လာေသာ လ်ိဳမိသားစု ေခါင္းေဆာင္မ်ားကို စူးစူးဝါးဝါး စိုက္ၾကည့္ေနလိုက္သည္။
ေတာ္ဝင္အင္ပါယာရဲ႕ ပထမေနရာက မိသားစုမွာ ေမွ်ာ္လင့္ထားတဲ့ အတိုင္း အုပ္ခ်ဳပ္သူမ်ားကပင္ အနည္းဆုံး ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ ျဖစ္ၿပီး လ်ိဳက်န့္ဖုန္း ကိုယ္တိုင္ကလည္း အဆင့္၉ကို ေရာက္ရွိထားသည္။
သူအခုလို ကြၽန္စစ္တပ္ကို ျပန္လည္ ႐ုတ္သိမ္းသြညးတာက ေဆးဥယ်ာဥ္နဲ႕ သားရဲခန္းမကို မ်က္ႏွာသာ တခ်ိဳ႕ေပးလိုက္တာလို႔ ဆိုနိုင္ေလ၏။
ဒါေပမဲ့ သူက လ်ိဳမိသားစုရဲ႕ ဘိုးေဘးေတြကိုေတာင္ သတ္ခဲ့တာပဲေလ။ ဒါေၾကာင့္ သူဘာလို႔ ဒါကို ဂ႐ုစိုက္ေနရမွာလဲ။
သူ႕လက္မ်ားကို ေဝ့ယမ္းလိုက္ရင္း အခင္းအက်င္း တံဆိပ္ျပားမ်ား တစ္ခုၿပီးတစ္ခု ပစ္လႊတ္လိုက္သည္။ စိတ္ဝိညာဥ္ကို ထိန္းခ်ဳပ္ျခင္း၊ တားျမစ္ဝိညာဥ္ အခင္းအက်င္း၊ ေတာက္ပအလင္း အခင္းအက်င္း စေသာ အခင္းအက်င္း မ်ိဳးစုံက လ်ိဳမိသားစု၏ အုပ္ခ်ဳပ္ခံလူမ်ား ပတ္ပတ္လည္ကို ထိမွန္သြားသည္။
လ်ိဳမိသားစု၏ ခြန္အားသည္ ထိုကြၽန္မ်ားသာျဖစ္သည္။ ဤသခင္မ်ားသာ ေခါင္းျဖတ္ခံရပါက ဦးေခါင္းမပါေသာ ေႁမြတစ္ေကာင္ကဲ့သို႔ ျဖစ္ေနမည္ ျဖစ္ၿပီး ကြၽန္မ်ားကလည္း လူကို ကိုက္နိုင္ေတာ့မည္ မဟုတ္ေပ။
အခိုးအေငြ႕ေတြ တဖ်ပ္ဖ်ပ္ လြင့္ထြက္လာၿပီး အရာအားလုံးကို တခဏခ်င္း ဖုံးလႊမ္းသြားေတာ့သည္။
ျဒပ္စင္ငါးပါး၏ စြမ္းအားျဖင့္ ယင္ႏွင့္ ယန္ခ်ီတို႔သည္ အခင္းအက်င္း အတြင္း ကူးခတ္ေနေသာ ငါးေတြလို မေရမတြက္နိုင္တဲ့ ထင္ေယာင္ထင္မွား ပုံရိပ္ေယာင္မ်ားကို သယ္ေဆာင္လာ၏။ စြမ္းအင္ဒီေရသည္ တဟုန္းဟုန္း ေတာက္ကာ မီးေတာက္မ်ားက မိုးၿခိမ္းသံေတြလို ထြက္ေပၚလာသည္။
"ငါမျမင္ရေတာ့ဘူး... ဒါက ဘယ္လို အခင္းအက်င္း ပုံစံမ်ိဳးလဲ? မိုးႀကိဳး!! အား.....!"
"ထူးဆန္းလိုက္တာ ငါ့စိတ္ဝိညာဥ္ စြမ္းအားေတြ ေပ်ာက္ကြယ္သြားသလိုပဲ... ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ?"
"ငါ့ခႏၶာကိုယ္ မလႈပ္နိုင္ေတာ့ဘူး... ဘာျဖစ္ေနတာလဲ?"
....
အခင္းအက်င္း အတြင္း ထိတ္လန႔္ တုန္လႈပ္ေသာ အသံမ်ားဟာ ေၾကာက္႐ြံ႕မႈမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး ေအာ္ဟစ္သံမ်ားက မေသခင္အထိ ႐ုန္းကန္ေနသလိုပင္။
ဝိုင္းရံထားေသာ ကြၽန္မ်ားသည္ စြမ္းအင္ အလုံးအရင္းႏွင့္ ဖုံးလႊမ္းသြားျခင္း ခံရမည္ကို စိုးရိမ္၍ ေစာေစာစီးစီး ဆုတ္ခြာသြားၾကသည္။
လု႐ႊမ္ရဲ႕ ႏႈတ္ခမ္းေထာင့္က ကဲ့ရဲ႕သံတစ္ခု ထြက္ေပၚလာခဲ့သည္။ ဤအခင္းအက်င္းမ်ားထဲမွ တခ်ိဳ႕ကို ရွန့္ခုန္းေရွးေဟာင္းၿမိဳ႕ရွိ ၿမိဳ႕သခင္စံအိမ္ရဲ႕ ရတနာအခန္းထဲမွ ထုတ္ယူလာခဲ့တာ ျဖစ္ကာ အမ်ားစုမွာ သူေတာ္စင္တစ္ပိုင္းမ်ားသာ သန႔္ရွင္းနိုင္ေသာ ေရွးေဟာင္းပစၥည္းမ်ား ပါရွိေလသည္။
အခင္းအက်င္း တံဆိပ္ျပားေတြရဲ႕ သက္တမ္းက အင္မတန္ ရင့္ေနၿပီမို႔ သူတို႔ရဲ႕ စြမ္းအင္ကလည္း တစ္ဝက္ေလာက္ ပ်က္စီးလုနီးပါး ျဖစ္ေနၿပီ။ မျဖစ္မေန အေျခအေနေၾကာင့္သာ မဟုတ္ရင္ သူကိုယ္တိုင္လည္း ထုတ္သုံးပစ္မွာ မဟုတ္ေပ။
အမွန္မွာ လက္ရွိ အခင္းအက်င္းရဲ႕ စြမ္းအားနဲ႕ဆို သူေတာ္စင္တစ္ပိုင္းကို မေရာက္ေသးသေ႐ြ႕ အခင္းအက်င္းထဲက ထြက္ခြာနိုင္မည္ မဟုတ္ေတာ့ေခ်။
လု႐ႊမ္ သူ႕ခႏၶာကိုယ္ကို ဥကၠာပ်ံ တစ္လုံး ေကာင္းကင္က ေႂကြက်လာသလို အခင္းအက်င္းထဲ ေျပးဝင္သြားသည္။ ဒီလိုေတြကို သတ္မယ္ ဆိုကတည္းက အရိပ္အေယာင္ေလးေတာင္ မခ်န္ထားခဲ့သင့္ေပ။
ဝွစ္!
လု႐ႊမ္ဟာ အခင္းအက်င္း ထိန္းခ်ဳပ္သူ ျဖစ္လို႔ အခင္းအက်င္းရဲ႕ စြမ္းအားက သူ႕အေပၚ အနည္းငယ္သာ သက္ေရာက္မႈရွိ၏။ ေ႐ႊအရွိန္ရဲ႕ အကူအညီနဲ႕ဆို အခင္းအက်င္းက သူ႕အေပၚ လုံးဝကို သက္ေရာက္မႈ မရွိေတာ့ေပ။
အခင္းအက်င္းထဲက လ်ိဳမိသားစုဝင္မ်ားရဲ႕ အျမင္တြင္ သူသည္ နတ္ဘုရားႏွင့္ နတ္ဆိုးအျဖစ္သို႔ ေျပာင္းလဲသြားပုံရၿပီး အေရွ႕ဘက္သို႔ တဖ်ပ္ဖ်ပ္ ခတ္ကာ အေနာက္ဘက္မွာ ေပၚလာကာ ေပ်ာက္ကြယ္သြားျပန္သည္။
သူ႕ပုံသဏၭာန္ကို ဘယ္သူမွ သတိမထားမိခင္မွာ သစ္သား အပိုင္းအစဟာ လူတစ္ေယာက္ရဲ႕ ဦးေခါင္းကို ထိုးေဖာက္ ဝင္ေရာက္ၿပီးေနၿပီ။
သစ္သားႏွလုံးသား! ဝိညာဥ္သခင္ စြမ္းအား!
ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာတုန္းက ဝိညာဥ္သခင္ရဲ႕ စြမ္းရည္ေတြကို မဟုတ္ဘဲ ဝိညာဥ္စြမ္းအားကိုပဲ အၿမဲလိုလို အသုံးျပဳခဲ့သည္။ ယခုတစ္ႀကိမ္တြင္ေတာ့ သူသည္ လူသတ္ရန္ ရည္႐ြယ္ခ်က္ ရွိၿပီး အခင္းအက်င္းကလည္း ဖုံးအုပ္ထားေသာေၾကာင့္ ၎ကို ထိန္းသိမ္းထားမည္ မဟုတ္ေတာ့ေပ။
ေအာ္ဟစ္သံမ်ားက ပို၍ပို၍ ေၾကာက္မက္ဖြယ္ ေကာင္းလာသည္။ စိတ္ပ်က္အားငယ္လာတဲ့ အျပင္ဘက္ရွိ ကြၽန္စစ္တပ္၏ ဝိညာဥ္မ်ားပင္ တုန္လႈပ္သြားကာ သူတို႔၏ ႏွလုံးသားမ်ားလည္း ေအးခဲသြားခဲ့သည္။
ခပ္လွမ္းလွမ္းတြင္ေတာ့ သားရဲခန္းမဟယ္ႏွင့္ ေဆးဥယ်ာဥ္ တာဝန္ခံ အမ်ိဳးသမီးသည္ မယုံၾကည္နိုင္မႈ အျပည့္ျဖင့္ အသက္ရႈၾကပ္လာကာ မ်က္လုံးမ်ားျပဴးလ်က္ လ်င္ျမန္စြာ စိုက္ၾကည့္ေနရသည္။
ဒီအခင္းအက်င္းကို ဘယ္လိုမ်ား အသက္သြင္းလိုက္လို႔ ဒီေလာက္ေတာင္ ေၾကာက္စရာ ေကာင္းေနတာလဲ?
သူတို႔သည္ တိုက္ပြဲေနရာႏွင့္ ေဝးကြာေနေသးေသာ္လည္း အႂကြင္းအက်န္ အခင္းအက်င္းမွ ေပါက္ထြက္လာေသာ ေရာင္ဝါကို ရွင္းရွင္းလင္းလင္း ခံစားနိုင္ဆဲပင္။ သူတို႔၏ ဝိညာဥ္စြမ္းအားကို အမွန္တကယ္ ထိခိုက္ေစနိုင္ၿပီး ကိုယ္ခံပညာ၏ ႏွလုံးသားမွာပင္ ကေမာက္ကမ ျဖစ္လာေစသည္။
သူက ဘယ္သူမ်ားလဲ!
"သူက လု႐ႊမ္ပဲ!"
ဟန္႐ႊယ္က ေျပာေလသည္။
ဒီလူႏွစ္ေယာက္ဟာ အစတုန္းက အဲဒီလို မေတြးထားမိေပမယ့္ သူမကေတာ့ ရွင္းရွင္းလင္းလင္း ျမင္လိုက္ရၿပီးေနာက္ သူတို႔စိတ္ထဲက ေမးခြန္းပတြက္ စိတ္ဓာတ္ျပင္းျပစြာ မိတ္ဆက္လိုက္ေပ၏။
ခန္းမသခင္ဟယ္ နဲ႕ ေဆးဥယ်ာဥ္ သခင္မတို႔ရဲ႕ မ်က္ႏွာမွာ အနည္းငယ္ ရွက္စရာေကာင္းတဲ့ အမူအရာေတြ ရွိလာၿပီး စကားတစ္ခြန္းမွ မေျပာျဖစ္ၾကေတာ့ေခ်။
...
ေနာက္ဆုံးေအာ္သံ ႐ုတ္ျခည္း ေပ်ာက္ကြယ္သြားသည္ႏွင့္အမွ် အလင္းတန္း တစ္ခုသည္ ေကာင္းကင္ယံသို႔ လြင့္ပ်ံလာကာ လ်ိဳမိသားစု ကြၽန္စစ္တပ္၏ ဦးေခါင္းထက္တြင္ စက္ဝိုင္းပုံစံႀကီး ေပၚလာခဲ့သည္။
ေျမျပင္ေပၚရွိ ျမဴမႈန္မ်ား ေျပာင္းလဲသြားသည္။ အလင္းေရာင္မ်ိဳးစုံ ထြန္းေတာက္လာကာ ေပါက္ကြဲသံမ်ား ေနာက္တဖန္ ထြက္ေပၚလာျပန္၏။ အခင္းအက်င္းထဲတြင္ ပါးပါးလွီးထားေသာ အသားစမ်ားႏွင့္ ေသြးျမစ္မ်ား ေရာႏွောသြားသည္။
လ်ိဳမိသားစု အားလုံး မေသရင္ လု႐ႊမ္ ထြက္လာမွာ မဟုတ္ဘူးလို႔ ေတြးထားမိၾကေပမယ့္ လက္ရွိ ေၾကကြဲဖြယ္ အေျခအေနကေတာ့ လူတိုင္းကို ထိတ္လန႔္ေစမိဆဲပင္။
ေခါင္းေပါင္း တစ္ဒါဇင္ေက်ာ္ကို တစ္ခ်က္တည္းနဲ႕ ျဖတ္ေတာက္သြားျခင္းပင္ မဟုတ္ပါလား။
ဒါက ဘာကိုဆိုလိုတာလဲ? လ်ိဳမိသားစုကို အျမစ္ျပတ္ ဖ်က္ဆီးပစ္မလို႔လား?
လ်ိဳမိသားစု၏ စစ္တပ္ထိပ္ပိုင္း ေခါင္းေဆာင္မ်ား အားလုံးကို သုတ္သင္ရွင္းလင္းခဲ့ၿပီး ကြၽန္မ်ားၾကားတြင္ ပုန္းေအာင္းေနေသာ အလယ္အလတ္တန္းစား လူမ်ားသည္ ၎တို႔အားျဖင့္ တားဆီးရန္ ဝံ့ႂကြားလာခဲ့ၾကေသးသည္။
ထိုျမင္ကြင္းက သားရဲခန္းမက ခန္းမသခင္ဟယ္ႏွင့္ ေဆးဥယ်ာဥ္က ေဆးဝါးသခင္မတို႔ ႏွစ္ဦးကို အံ့ၾသထိတ္လန႔္ေစခဲ့သည္။
လူတစ္သိန္းကို လူတစ္ေယာက္က အနိုင္ယူခဲ့တဲ့ ဒ႑ာရီကို ယေန႕မွာပဲ ေမြးဖြားခဲ့ေလၿပီ။
ပ်ံသန္းလာတဲ့ ေကာင္ေလးကို ၾကည့္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ အရင္က ေမာက္မာမႈေတြ ေပ်ာက္ကြယ္သြားကာ မ်က္ႏွာေပၚက အၿပဳံးေတြနဲ႕ အလ်င္အျမန္ ႏႈတ္ဆက္လိုက္ၾကသည္။
အဂၢိရတ္ပညာရွင္ အဖြဲ႕နဲ႕ လု႐ႊမ္ ပဋိပကၡျဖစ္ၿပီး လု႐ႊမ္က ထိုအဖြဲ႕အစည္းကို အရွက္ရေစခဲ့ေၾကာင္း ၾကားခဲ့ရေသာ္လည္း တစ္ေလွ်ာက္လုံး ေကာလဟာလတစ္ခုသာ ထင္ျမင္ခဲ့ၾကသည္။ အခုေတာ့ အမွန္ျဖစ္ေၾကာင္း နားလည္သြားေလၿပီ။
ႏွစ္ေယာက္သား တုန္လႈပ္ ေျခာက္ျခားေနခ်ိန္ တစ္ဖက္ကလည္း အနည္းငယ္ ဝမ္းသာသလို ခံစားလိုက္ရသည္။ သူတို႔က ရန္သူ မဟုတ္ဘဲ စစ္ကူေပးဖို႔ လာခဲ့တဲ့လူေတြ ျဖစ္ေနလို႔ပင္။