Chapter (46) Arc 4
စစ်ကူတွေ ရောက်လာပြီ
ထွက်လာတဲ့ လမ်းက အတားအဆီး မရှိပေမယ့် ချိုင့်ဝှမ်းရဲ့ ထွက်ပေါက် အရောက်မှာတော့ သူတို့ရှေ့မှာ လူတွေ ထောင်နဲ့ချီ ရှိနေတာကို တွေ့လိုက်ရသည်။
"တိုက်ခိုက်ကြ!"
လုရွှမ် လူတစ်စုကို ခေါ်ထုတ်လာတာကို တွေ့တာနဲ့ တပြိုင်နက် ကျယ်လောင်သော ကြွေးကြော်သံ တစ်သံကို ကြားလိုက်ရပြီး တိုက်ခိုက်မှုများသည် အလင်းတန်း တစ်ခုအဖြစ် ရောက်ရှိလာတော့သည်။
ထိုလူထောင်ပေါင်း များစွာသည် ၎င်းတို့၏ ခွန်အားကို အပြည့်အဝ စုစည်းထားလို့ သူတော်စင်တစ်ပိုင်းနဲ့ အကန့်အသတ်မရှိ နီးကပ်နေပြီဟုပင် လုရွှမ် ခံစားနေရသည်။ သူ့ကိုသာ ထိမှန်ခဲ့ပါက ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်သည်။
လုရွှမ် ထိုအတွေး ဝင်လာတာနဲ့ လက်ဖဝါးကို လှည့်၍ အခင်းအကျင်း တံဆိပ်ပြား တစ်ချပ်ကို လွှင့်ထုတ်လိုက်သည်။ အခင်းအကျင်း တံဆိပ်ပြား အသက်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလင်းတန်းကို ရွှေရောင်မြှားကြီး တစ်စင်းကို ပစ်လွှတ်လိုက်လေ၏။
ပေါက်ကွဲသံနဲ့အတူ ထိုရွှေမြှားဟာ ချက်ချင်းဆိုသလို ရွှေရောင် အလင်းမြှားများ အဖြစ် တစ်ဆင့် ပြန့်ပွားသွားသည်။
သို့သော်လည်း ရွှေရောင်မြှားများ၏ ဝင်ရောက် တိုက်ခိုက်မှုကို ခံရပြီးနောက် ထိုလူများ၏ ပေါင်းစည်းအင်အားမှာ ၃၀%သာ တိုက်ရိုက် အားနည်းသွားခဲ့သည်။
ထိုတိုက်ခိုက်မှု ပြီးပြီးချင်းမှာပဲ လုရွှမ် နောက်ထပ် အခင်းအကျင်း တံဆိပ်ပြားကို ပစ်ထုတ်လိုက်ပြန်သည်။ အလင်းတန်း တစ်ခုက လူတိုင်းရှေ့မှာ ချက်ချင်းပေါ်လာပြီး နောက်တစ်ကြိမ် အကာအကွယ်ကို ထပ်မံ ထိခတ်သွားသည်။
ဝုန်း!
အလင်းတန်းသည် ပေါင်းစည်းအင်အားကို ထိခတ်သွားစဥ် အလင်းတန်း တစ်ခု ကွဲအက်သွားပြီး လုရွှမ်လက်ရှိ ပစ်လွှတ်လိုက်တဲ့ အခင်းအကျင်း တံဆိပ်ပြားသည် ချက်ချင်းဆိုသလို အပိုင်းပိုင်း ကွဲအက်သွားသည်။
သို့သော် တစ်ဖက်လူတွေရဲ့ အင်အားက ၄၀% ထပ်လျော့သွား၏။ သူတို့ရဲ့အင်အားက လက်ရှိ ၃၀%ပဲ ကျန်တော့သည်။
ထို့နောက် လုရွှမ် သူ့နောက်ကျောက အတောင်ပံများကို ဖြန့်ကာ တိုက်ရိုက်ပြေးသွားသည် ။
ဝှစ်!
အလင်းတန်းကို ဝင်တိုက်ပြီးနောက် လုရွှမ်ခန္ဓာကိုယ် တစ်ခုလုံး ခပ်ပြင်းပြင်း လွင့်စင်သွားသလို ပေါင်းစည်းအင်အား အားလုံး ပျောက်ကွယ်သွားကာ သူ့အပေါ် အနည်းငယ်မျှ ခြိမ်းခြောက်မှု မရှိတော့ပေ။
ထိုထိုးနှက်ချက်ကို တားဆီးဖို့က လုရွှမ်ရဲ့ ပန်းတိုင် မဟုတ်ပေ။ လျိုမိသားစု စစ်တပ်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းမှုကို ဖြတ်ကျော်ရန်မှာ သူ၏ပန်းတိုင် ဖြစ်သည်။
ဖီးနစ်အတောင်ပံများ၏ အရှိန်ကြောင့် လျိုမိသားစု၏ ကျွန်စစ်တပ်မှာ သူ့ကို လိုက်မဖမ်းနိုင်ဘဲ သူပြေးဝင်လာတာကိုသာ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။
ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ရုပ်အလောင်းများ အမြင့်သို့ လွင့်ထွက်သွားကာ အရပ်ရပ်သို့ ပြန့်ကျဲသွားခဲ့သည်။
ရှန့်ခုန်းရှေးဟောင်း မြို့တော်ကနေ လုရွှမ် အခင်းအကျင်း တံဆိပ်ပြားတွေ အများကြီး ရလာခဲ့သည်။ အစောက နောက်ထပ် အခင်းအကျင်း တစ်ခုကို အသက်သွင်းလိုက်ပြီ။
ပြင်းထန်တဲ့ စွမ်းအင် ပေါက်ကွဲမှုကြောင့် လုရွှမ် ၃၀မီတာ အကွာက ဧရိယာ တစ်ခုလုံးကို တိုက်ရိုက်ရှင်းလင်းခဲ့ပြီး ရာနဲ့ချီတဲ့ သခင်တွေကို တိုက်ရိုက် လွင့်ထွက်သွားစေခဲ့သည်။ သူတို့လည်း သေလားရှင်လား မသိရသေးချေ။
ထိုကဲ့သို့ ကြီးမားသော ကွာဟချက်ကြီးသည် ချက်ချင်း ပွင့်ထွက်သွားပြီး ရာနှင့်ချီသော သခင်များ ပြင်းထန်စွာ ဒဏ်ရာရသွားတာကြောင့် ကျွန်စစ်တပ်၏ တင်းကျပ်သော ဖွဲ့စည်းမှုမှာလည်း ရုတ်တရက် ပြိုကျသွားသည်။
မော့ကောင်းရွှမ်း နှင့် အခြားလူများသည် လုရွှမ် လမ်းဖောက်သွားတာကို မြင်သောအခါ အမြန်နောက်သို့ လိုက်ကြသည်။
ထိုအချိန်တွင် စူးရှသော ပုလွေသံများ အစီအရီ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် ဖရိုဖရဲ ကျွန်စစ်သားတို့၏ ဖွဲ့စည်းမှုများသည် တဖြည်းဖြည်း စည်းစနစ်တကျ ပြန်ဖြစ်လာသည်။ ဤပုလွေသံများသည် စစ်တပ်၏ အမိန့်ပေးသံများပင် ဖြစ်သည်။
စစ်အမိန့်ကို ဖြန့်ချလိုက်သည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ တပ်များသည် တဖြည်းဖြည်း ပြန်လည် ဖွဲ့စည်းလာကာ ပြင်းထန်သော တိုက်ခိုက်မှုများသည် ပြေးလာသူ အုပ်စုထံ နောက်တစ်ကြိမ် ကျရောက်လာပြန်သည်။
ဖက်တီးလည်း ကျိန်ဆဲလိုက်ပြီး အကာအကွယ် အစီအရင်ကို ထပ်မံ အသက် သွင်းလိုက်တော့သည်။ ဒီအခြေအနေမှာ သတိမထားရင် အားလုံး ကျကုန်လိမ့်မည်။
လုရွှမ် ထိုးစစ်ဆင်နိုင်သော အခင်းအကျင်း တချို့ကို ထပ်မံ ထုတ်ယူပြီး လူအုပ်ဆီသို့ ပစ်ချလိုက်သည်။ ပေါက်ကွဲသံနှင့်အတူ ပတ်ဝန်းကျင် ဧရိယာသည် တစ်ဖန် ရှင်းထွက်သွားခဲ့သည်။
တစ်ဖက်လူများ အလျင်စလိုနေချိန်တွင် မော့ကောင်းရွှမ်းသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ လေပြင်း အဖြစ်သို့ ပြောင်းလဲ၍ ထိုကျွန်များ၏ အသက်များကို မဆင်မခြင် ရိတ်သိမ်းသွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ပတ်ဝန်းကျင်သည် ဖရိုဖရဲ ထပ်ဖြစ်ခဲ့ရပြန်သည်။ ပတ်ဝန်းကျင်က လူတွေ တော်တော်များများက အရပ်ရပ်ကို ထွက်ပြေးခဲ့ကြပေမယ့် ပုလွေသံနဲ့ လူတွေက အလယ်မှာ စုရုံးဖို့ အမိန့်ပေးလာပြန်၏။
တခဏချင်းမှာပဲ လုရွှမ်ရဲ့အဖွဲ့ကို ဝန်းရံထားတဲ့ စစ်သားတွေဟာ ပရမ်းပတာ ဖြစ်သွားခဲ့ပြန်ပြီး လုရွှမ်နဲ့ တခြားသူတွေက ရှေ့ကိုတိုးဖို့ အခွင့်အရေး ယူလိုက်ကြပြန်သည်။
ဒီအတိုင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက် လုရွှမ်နဲ့ မော့ကောင်းရွှမ်းတို့ရဲ့ လက်ချက်ကြောင့် သေဆုံးသွားသော ကျွန်စစ်သား အရေအတွက်မှာ နှစ်ထောင်မှ သုံးထောင်အထိ ရှိမည်ဟု ခန့်မှန်းရသော်လည်း အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်လသော် အနားစွန်းမှာ အလွန်မှောင်နေသေးတဲ့ လူတွေကို တွေ့ရပြန်သည်။
လျိုမိသားစု၏ ကျွန်စစ်တပ် အရွယ်အစားသည် အလွန်ကြီးမားသဖြင့် လုရွှမ်တို့ကို စိတ်ပျက်လက်ပျက် ဖြစ်လညစေသည်။ တော်ဝင်အင်ပါယာ နံပါတ်တစ်မိသားစု ဖြစ်လာသည်မှာ အံ့သြစရာ မရှိတော့ပေ။ သူ့တပ်လေးနဲ့တင် ဖိအားမရှိဘဲ အထက်တန်းစားနိုင်ငံ တော်တော်များများကို သုတ်သင်ပစ်နိုင်သည်။
လုရွှမ်သည် သူ့ရှေ့မှလမ်းကို ဖွင့်လိုက်ပြီး ဖက်တီးက အလယ်မှနေ၍ အကာအကွယ် အစီအရင် တစ်ခုကို အချိန်မီ ပြင်ဆင်ပေးသည်။ မော့ကောင်းရွှမ်းက နောက်မှလိုက်၍ လူအများအပြားကို လမ်းတစ်လျှောက်တွင် အပြင်းအထန် တိုက်ခိုက်နေ၏။
ဤသို့ဖြင့် တစ်နာရီနီးပါး ကြာသွားခဲ့သည်။
အပြင်းအထန် တိုက်ခိုက်ပြီး တစ်နာရီ ကြာပြီးနောက် ဖက်တီးမှာ အကာအကွယ် ဖွဲ့စည်းမှုကိုသာ တွန်းအားပေးသောကြောင့် သူ၏ ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားပြီး မျက်နှာသည်လည်း ဖျော့တော့လာသည်။ လုရွှမ် ပုလင်းတစ်လုံးကို ထုတ်၍ ပစ်ချပေးလိုက်သည်။
"မြန်မြန် ပြန်ကုသလိုက်!"
လုရွှမ် တစ်ချက် အော်ပြီးတာနဲ့ အခင်းအကျင်း တံဆိပ်ပြား တစ်ခုကို ထုတ်၍ လျိုမိသားစု၏ စစ်တပ်ထဲသို့ ပစ်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် မီတာ ၁၀၀အထိ ရှည်လျားသော မီးနဂါးတစ်ကောင်သည် ရှည်လျားသော သွားများနှင့် ခြေသည်းများ ဝေ့ယမ်းကာ လှည့်ပတ်ပျံသန်းသွားသည်။
မီးနဂါးသည် လုရွှမ်နှင့် အခြားသူများ၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ခန့် လှည့်ပတ်ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ကျွန်စစ်သားများ မီးလောင်သေဆုံးသွားခဲ့သည်။ သို့သော် မီးနဂါး၏ စွမ်းအားသည် အလွန်ကြီးကျယ်လှသော်လည်း အချိန်ကတော့ မကြီးကျယ်လှ မဟုတ်ပေ။
"မြန်မြန်သွား!!"
နဂါးမီး အခင်းအကျင်းက လောင်ကျွမ်းနေပြီး လှုပ်ရှားမှု အကွာအဝေးကို ချဲ့ထွင်ပေးနေပြီမို့ လုရွှမ် အော်လိုက်သည်။
လျိုမိသားစု၏ ကျွန်စစ်တပ်သည် အင်အား ၁ သိန်း ရှိပြီး ထိုကဲ့သို့ အရှိန်ဖြင့် သတ်ရန် အနည်းဆုံး ရက်အနည်းငယ် အချိန်ယူရမှာ ဖြစ်ပြီး ဤအသုတ်ကို သတ်ပြီးနောက်မှာလည်း ကျွန်စစ်တပ်အသစ် စေလွှတ်လာနိုင်သည်။
ဘိုးဘေးတွေကို သတ်ပစ်တဲ့ မုန်းတီးမှုက တုနှိုင်းမရအောင် ဖြစ်နေပြီ။ ဒါကြောင့် သူတို့မသေမချင်း လိုက်သတ်နေလောက်သည်။
အခု အရေးကြီးတာက ဖက်တီးနဲ့ တခြားသူတွေကို ဘယ်လို ခေါ်ထုတ်သွားရမလဲ ဆိုတာပင်။
လုရွှမ် အဆက်မပြတ် တွက်ချက်နေချိန်တွင် ရုတ်တရက် ဆူဆူညံညံ အသံများ ထွက်ပေါ်လာပြီး လျိုမိသားစု ကျွန်စစ်တပ်၏ နောက်ကွယ်တွင် ပရမ်းပတာ ဖြစ်နေတာကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
မကြာခင်မှာပဲ ဝိညာဥ်သားရဲတွေရဲ့ ဟောက်သံတွေက ဆူညံသံတွေလို ထွက်ပေါ်လာခဲ့လေသည်။
အလယ်မှာရှိတဲ့ မုယန်ဖုန်းရဲ့ အသံက ထွက်လာခဲ့၏။
"လောင်မော့... ခဏထောင့်ထား! သားရဲခန်းမက လူတွေ ကျုပ်တို့ကို ကူညီဖို့ လာနေပြီ!"
ခဏကြာတော့ ဒေါသတကြီး အော်သံက ဆက်ထွက်လာ၏။
"ခန်းမသခင်ဟယ်... ခင်ဗျား ဒါက ဘာကို ဆိုလိုချင်တာလဲ? ကျုပ်တို့လျိုစစ်တပ်ကို တိုက်ခိုက်ဖို့ သားရဲတစ်အုပ်ကို ဦးဆောင်ပြီး တိုက်ဖို့ ကြိုးစားနေတာလား?"
"အရှေ့မှာ ရှိနေတာက ကျုပ်တို့သားရဲခန်းမရဲ့ မိတ်ဆွေတွေပဲ....လျိုကျန့်ဖုန်း ခင်ဗျား ကျုပ်တို့သားရဲခန်းမရဲ့ မိတ်ဆွေတွေကို ဝိုင်းထားတာက ကျုပ်တို့ သားရဲခန်းမနဲ့ ရန်သူဖြစ်ချင်နေတာလား?"
ကြီးကျယ် ခမ်းနားတဲ့ အသံတစ်ခုကလည်း နောက်ဆက်တွဲ အနေနဲ့ ထွက်လာခဲ့သည်။
"မော့ချုံ သားရဲခန်းမက လူတွေနဲ့ စကားပြောနိုင်မယ်လို့ မထင်ထာခဲ့ဘူး!"
မော့ကောင်းရွှမ်းသည် နှစ်ဘက်ကြား အငြင်းအခုံ စကားသံများကို ကြားရသောအခါ ချက်ချင်းပင် ပျော်ရွှင်သွားခဲ့သည်။
"ဟားဟား... နောက်ဆုံးတော့ ဒုက္ခက လွတ်ပြီကွ!!"
ဖက်တီးကလည်း ကောင်းကင်ကို မော့ကြည့်ပြီး ရယ်မောလိုက်လေသည်။
အချိန်အတော်ကြာ လိုက်ဖမ်းခံခဲ့ရတာကို တကယ် စိတ်ပျက်နေမိ၏။ အထူးသဖြင့် အထက် ဧကရာဇ်အင်ပါယာကနေ ဆင်းသက်လာတဲ့ သူ့လိုလူက ဒီတပ်တွေဆီက အစုလိုက် အပြုံလိုက် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံနေရတာကို အမှန်တကယ် ဆိုးရွားလှသည်။
ဒီမယဉ်ကျေးတဲ့ လူတွေရဲ့ လိုက်ဖမ်းပြီး အသတ်ခံနေခဲ့ရတာ ကြာနေပြီမလို့ သူ တကယ်ကို စိတ်ဓာတ်ကျနေပါပြီ။
"မင်း သူတို့ကို အကာအကွယ်ပေးထား... ငါသွားကြည့်လိုက်မယ်!"
လုရွှမ် မော့ကောင်းရွှမ်းကို လှည့်ပြီး အမိန့်ပေးလိုက်သည်။ စကားများ ဆိုပြီးသည်နှင့် ဖီးနစ်အတောင်များသည် လုရွှမ်၏နောက်တွင် ပြန့်ကျဲသွားပြီး အငြင်းအခုံ စကားသံဆီသို့ ပျံသန်းသွားခဲ့သည်။
မကြာမီတွင် လုရွှမ်သည် ဆယ်မီတာကျော် မြင့်သော ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များဖြင့် ၎င်း၏တစ်ကိုယ်လုံး သံမဏိဖြင့် ပြုလုပ်ထားသည့် မျောက်ဝံ၏ ပခုံးပေါ်၌ ရပ်နေတာသူကို တွေ့လိုက်ရသည်။
ထိုလူသည် မရေမတွက်နိုင်သော သားရဲနက်ကောင်များ အရှေ့တွင်ရပ်လျက် လျိုမိသားစုနှင့် အဆင်မပြေ ဖြစ်နေသော မျောက်ဝံ၏ ပခုံးပေါ်မှ လူတစ်ဦးကို တွေ့လိုက်ရသည်။
ရက်စက်ကြမ်းကြုတ်သော မျောက်ဝံ၏ ပခုံးပေါ်တွင် ရပ်နေသော လူကို မျက်နှာချင်းဆိုင်ထားသည့် လူမှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်လေသည်။ သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျွန်စစ်သား ခုနစ်ယောက်သို့မဟုတ် ရှစ်ယောက်ခန့်က အနက်ရောင် ဝတ်ရုံနဲ့လူကို ဝိုင်းရံကာ သူ၏ခန္ဓာကိုယ်ကို အပြည့်အဝ ကာကွယ်ပေးထားသည်။
"အဓိပ္ပာယ် မရှိတာ! ဒီလူအုပ်စုက ပေရွှီး တော်ဝင်အင်ပါယာကနေ မကြာသေးခင်ကမှ ရောက်လာတာ... သူတို့အကုန်လုံး မြို့ထောင်ချီမဟာမိတ်ကို ပထမဆုံးအကြိမ် ရောက်လာတာပဲ....ဘယ်တုန်းက ခင်ဗျားတို့ သားရဲခန်းမရဲ့ သူငယ်ချင်း ဖြစ်သွားတာလဲ?"
လျိုမိသားစုမှ အနက်ရောင်ဝတ် အမျိုးသားကလည်း အလွန် မဖော်ရွေသော လေသံဖြင့် အော်ပြောလိုက်သည်။
"ငါက ဟုတ်တယ်ဆို ဟုတ်လို့ပဲ!"
ခန်းမသခင်ဟယ်ရဲ့ လေသံကလည်း တင်းတင်းမာမာနဲ့
"မင်းနောက်မဆုတ်ရင် မင်းရဲ့ ရှုပ်လွန်းတဲ့ ကျွန်တွေကို သတ်ဖို့ သားရဲအုပ်ကို အမိန့်ပေးလိုက်မှ ငါ့ကို အပြစ်မတင်နဲ့!"
"မင်း!"
လျိုမိသားစုမှ အမျိုးသားသည်လည်း ဒေါသထွက်သွားသည်။
သားရဲခန်းမသည် တိမ်ပင်လယ် နယ်မြေရှိ အင်အားကြီး တစ်ခုလည်း ဖြစ်တဲ့အပြင် သားရဲမျိုးနွယ်နဲ့လည်း မဟာမိတ်ဖြစ်သည်။ သားရဲခန်းမသည် တိုက်ပွဲ သားရဲတိရစ္ဆာန်များ၊ ဝိညာဉ်သားရဲများ စသည်တို့ကို ရောင်းချနိုင်ပြီး သားရဲ အမျိုးအစား အားလုံးကိုလည်း ကျွေးမွေးမွေးမြူနိုင်သည်။
သားရဲများနှင့် ဝိညာဉ်သားရဲများ၏ လွှမ်းမိုးမှုမှာ အင်အားကြီးသောကြောင့် သားရဲခန်းမ၏ စွမ်းအားသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့ထက်လည်း ယုတ်ညံ့မည် မဟုတ်ပေ။
လျိုမိသားစုကို သားရဲခန်းမ တစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက နိုင်ငံ၏ နံပါတ်တစ် မိသားစုဟု လူသိများသော်လည်း လုံးဝ မဖော်ပြထိုက်တော့ပေ။ နှစ်ဖက်စလုံးက တူညီတဲ့ အဆင့်မှာ ရှိနေကြတာ မဟုတ်ဘူးလေ။
မြို့ထောင်ချီမဟာမိတ်မှ သားရဲကောင်များကို မွေးမြူပြီး မောင်းနှင်နိုင်သည့် သားရဲခန်းမများပင်လျှင် လျိုမိသားစု၏ ကျွန်စစ်တပ်ကို ခြိမ်းခြောက်ရန် လုံလောက်နေလေပြီ။
မကြာမီတွင် လုရွှမ်၏ မျက်လုံးထဲတွင် အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်လျက် အနည်းငယ်သည် ရုပ်ရည်ကောင်းမွန်သည့် အမျိုးသမီးများသည် ပြောင်မြောက်သော စွမ်းရည်ဖြင့် လေထဲမှ ခုန်ဆင်းလာကြသည်။
"အထဲမှာရှိတဲ့ လူတွေက ကျွန်မတို့ဆေးဥယျာဉ်ရဲ့ အရေးကြီး ဧည့်သည်တွေပဲ... ရှင်တို့ရဲ့ လျိုမိသားစုက အခိုင်အမာ တိုက်ခိုက်နေမယ်ဆိုရင် အနာဂတ်မှာ ကျွန်မတို့ဆေးဥယျာဉ်ထဲက ဆေးဖက်ဝင်အပင် တစ်ပင်ကိုတောင် ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး!"
အမျိုးသမီးတစ်ဦး၏ လေသံမှာ တည်ငြိမ်အေးချမ်း လှသော်လည်း သူမ၏အသံမှာ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်၏ နားထဲသို့ ပျံ့နှံ့သွားခဲ့သည်။
"ကောင်းပြီ ကောင်းပြီ!"
လျိုမိသားစု၏ တာဝန်ခံက ဒေါသတကြီး ရယ်မောလိုက်သည်။ ဆေးဥယျာဉ်က ဆေးဖက်ဝင်ပစ္စည်းများကို ပြတ်ပြတ်သားသား မပေးလာရင်တော့ ကျေးကျွန်များကို ထိန်းချုပ်ဖို့ ဆေးကို သန့်စင်တဲ့အခါ သူတို့အတွက် အလွန် ဒုက္ခများလာလိမ့်မည်။
ဤဆေးဖက်ဝင် ပစ္စည်းများကို ပြတ်တောက်သွားပါက လျိုမိသားစု တစ်ခုလုံး၏ အင်အားသည် လျင်မြန်စွာ ကျဆင်းလာမည် ဖြစ်သည်။
ဆေးဖက်ဝင်ပစ္စည်းများ ထောက်ပံ့ပေးခြင်း မရှိတော့ပါက အခြေခံ အဂ္ဂိရတ်ဆေး အများအပြားကိုပင် သန့်စင်၍ မရနိုင်ချေ။ ၎င်းတို့ကို အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ဝယ်ယူနိုင်သော်လည်း ဈေးနှုန်းကတော့ သည်းမခံနိုင်စရာ ကောင်းလှသည်။
"စဉ်းစားဖို့ အသက်ရှူချိန် ဆယ်ချက်လောက် ပေးမယ်....ပြီးရင်တော့ ကျုပ်တို့ သားရဲတွေရဲ့ တိုက်ခိုက်မှုက စတင်ရတော့မှာပဲ"
ခန်းမသခင်ဟယ်က အေးစက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတော့သည်။
"ကျုပ် ဝန်ခံပါတယ်!... ကျုပ်တို့ရဲ့ လျိုမိသားစုက ခင်ဗျားတို့ရဲ့ သားရဲခန်းမနဲ့ ဆေးဥယျာဉ်ကို ဝင်ရှုပ်ဖို့အထိ မတတ်နိုင်ဘူး... ဒါဆို အဆင်ပြေပြီလား!"
လျိုမိသားစုရဲ့ အကြီးအကဲက ဒေါသတကြီး အော်ပြောလိုက်လေ၏။ ပြီးနောက် လျို့မိသားစု ကျွန်စစ်တပ် တစ်ခုလုံးသည် မြို့ထောင်ချီမဟာမိတ် ရှိရာ ဦးတည်ရာဘက်ကို တဖြည်းဖြည်း ရွေ့လျားသွားတာကို မြင်လိုက်ရ၏။
ဤသည်မှာ ၎င်းတို့၏ ထိုးစစ်ကို စွန့်လွှတ်ရန်နှင့် ၎င်းတို့၏ တပ်များကို ဆုတ်ခွာရန် စစ်တပ် အမိန့်သာ ဖြစ်သည်။
လျိုမိသားစု၏ ကျွန်တပ် စတင်ဆုတ်ခွာ သွားသောအခါတွင် မော့ကောင်းရွှမ်း နဲ့ ဖက်တီးတို့လည်း လျင်မြန်စွာ ရောက်လာတာကို တွေ့လိုက်ရသည်။ မကြာမီတွင် မော့ချုံနှင့် ချန်စစ်ယန်တို့လည်း လုရွှမ်ရဲ့ မြင်ကွင်းထဲမှာ ပေါ်လာခဲ့သည်။
"နင်တို့ အဆင်ပြေကြတယ်နော်!"
မော့ချုံနှင့် ချန်စစ်ယန်တို့သည် လူအုပ်ကို ကြည့်ပြီး စိုးရိမ်မှု အပြည့်ဖြင့် ကြည့်ကာ ဆိုလိုက်သည်။ သူတို့ နောက်ကျသွားမှာကို ကြောက်နေခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ တစ်ဖက်က တောင့်ထားနိုင်ခဲ့သည်။
လုရွှမ် ကောင်းကင်ကနေ ဆင်းသက်လာတာကို မြင်တော့ ဟန်ရွှယ်နဲ့ တခြားသူတွေကလည်း ထိတ်လန့်မှုကြားမှ အနည်းငယ် သက်သာလာခဲ့၏။
"လုရွှမ် အချိန်မီ ပေါ်လာလို့ပေါ့.... မဟုတ်ရင် အကြီးအကဲမော့လည်း မထိန်းထားနိုင်တော့ဘူး ငါတို့အားလုံး ဒီမှာပဲ ပြီးသွားလိမ့်မယ်!"
ဒီစကားတွေကို ကြားတော့ မော့ချုံက လုရွှမ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ပြီး
"ရှင့်ကြောင့်ပဲ... ထွက်သွားတာလည်း အကြာကြီး ကျွန်မတို့ကို အနိုင်ကျင့်ခံရပြီး မောင်းထုတ်ခံရအောင် လုပ်တာ!"
"စိတ်မပူပါနဲ့!"
လုရွှမ်သည် လျိုမိသားစု စစ်တပ် ဆုတ်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ ရုတ်တရက် သူ့မျက်လုံးများ အေးစက်သွားကာ
"မင်းတို့အတွက် အတိုး နည်းနည်းလောက် စုထားလိုက်မယ်... နောက်မှ ဖြည်းဖြည်းချင်း စာရင်း ရှင်းကြတာပေါ့!"
ဤစကားကို ပြောပြီးနောက် လုရွှမ်သည် သူ၏အတောင်များကို နောက်တစ်ဖန် ဖြန့်ချလိုက်ကာ လျိုမိသားစု တပ်ဆုတ်သွားသည့် လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။
Chapter (46) Arc 4
စစ္ကူေတြ ေရာက္လာၿပီ
ထြက္လာတဲ့ လမ္းက အတားအဆီး မရွိေပမယ့္ ခ်ိဳင့္ဝွမ္းရဲ႕ ထြက္ေပါက္ အေရာက္မွာေတာ့ သူတို႔ေရွ႕မွာ လူေတြ ေထာင္နဲ႕ခ်ီ ရွိေနတာကို ေတြ႕လိုက္ရသည္။
"တိုက္ခိုက္ၾက!"
လု႐ႊမ္ လူတစ္စုကို ေခၚထုတ္လာတာကို ေတြ႕တာနဲ႕ တၿပိဳင္နက္ က်ယ္ေလာင္ေသာ ေႂကြးေၾကာ္သံ တစ္သံကို ၾကားလိုက္ရၿပီး တိုက္ခိုက္မႈမ်ားသည္ အလင္းတန္း တစ္ခုအျဖစ္ ေရာက္ရွိလာေတာ့သည္။
ထိုလူေထာင္ေပါင္း မ်ားစြာသည္ ၎တို႔၏ ခြန္အားကို အျပည့္အဝ စုစည္းထားလို႔ သူေတာ္စင္တစ္ပိုင္းနဲ႕ အကန႔္အသတ္မရွိ နီးကပ္ေနၿပီဟုပင္ လု႐ႊမ္ ခံစားေနရသည္။ သူ႕ကိုသာ ထိမွန္ခဲ့ပါက ျပင္းထန္စြာ ဒဏ္ရာရရွိနိုင္သည္။
လု႐ႊမ္ ထိုအေတြး ဝင္လာတာနဲ႕ လက္ဖဝါးကို လွည့္၍ အခင္းအက်င္း တံဆိပ္ျပား တစ္ခ်ပ္ကို လႊင့္ထုတ္လိုက္သည္။ အခင္းအက်င္း တံဆိပ္ျပား အသက္ဝင္လာတာနဲ႕ တစ္ၿပိဳင္နက္ အလင္းတန္းကို ေ႐ႊေရာင္ျမႇားႀကီး တစ္စင္းကို ပစ္လႊတ္လိုက္ေလ၏။
ေပါက္ကြဲသံနဲ႕အတူ ထိုေ႐ႊျမႇားဟာ ခ်က္ခ်င္းဆိုသလို ေ႐ႊေရာင္ အလင္းျမႇားမ်ား အျဖစ္ တစ္ဆင့္ ျပန့္ပြားသြားသည္။
သို႔ေသာ္လည္း ေ႐ႊေရာင္ျမႇားမ်ား၏ ဝင္ေရာက္ တိုက္ခိုက္မႈကို ခံရၿပီးေနာက္ ထိုလူမ်ား၏ ေပါင္းစည္းအင္အားမွာ ၃၀%သာ တိုက္ရိုက္ အားနည္းသြားခဲ့သည္။
ထိုတိုက္ခိုက္မႈ ၿပီးၿပီးခ်င္းမွာပဲ လု႐ႊမ္ ေနာက္ထပ္ အခင္းအက်င္း တံဆိပ္ျပားကို ပစ္ထုတ္လိုက္ျပန္သည္။ အလင္းတန္း တစ္ခုက လူတိုင္းေရွ႕မွာ ခ်က္ခ်င္းေပၚလာၿပီး ေနာက္တစ္ႀကိမ္ အကာအကြယ္ကို ထပ္မံ ထိခတ္သြားသည္။
ဝုန္း!
အလင္းတန္းသည္ ေပါင္းစည္းအင္အားကို ထိခတ္သြားစဥ္ အလင္းတန္း တစ္ခု ကြဲအက္သြားၿပီး လု႐ႊမ္လက္ရွိ ပစ္လႊတ္လိုက္တဲ့ အခင္းအက်င္း တံဆိပ္ျပားသည္ ခ်က္ခ်င္းဆိုသလို အပိုင္းပိုင္း ကြဲအက္သြားသည္။
သို႔ေသာ္ တစ္ဖက္လူေတြရဲ႕ အင္အားက ၄၀% ထပ္ေလ်ာ့သြား၏။ သူတို႔ရဲ႕အင္အားက လက္ရွိ ၃၀%ပဲ က်န္ေတာ့သည္။
ထို႔ေနာက္ လု႐ႊမ္ သူ႕ေနာက္ေက်ာက အေတာင္ပံမ်ားကို ျဖန႔္ကာ တိုက္ရိုက္ေျပးသြားသည္ ။
ဝွစ္!
အလင္းတန္းကို ဝင္တိုက္ၿပီးေနာက္ လု႐ႊမ္ခႏၶာကိုယ္ တစ္ခုလုံး ခပ္ျပင္းျပင္း လြင့္စင္သြားသလို ေပါင္းစည္းအင္အား အားလုံး ေပ်ာက္ကြယ္သြားကာ သူ႕အေပၚ အနည္းငယ္မွ် ၿခိမ္းေျခာက္မႈ မရွိေတာ့ေပ။
ထိုထိုးႏွက္ခ်က္ကို တားဆီးဖို႔က လု႐ႊမ္ရဲ႕ ပန္းတိုင္ မဟုတ္ေပ။ လ်ိဳမိသားစု စစ္တပ္မွ ဖြဲ႕စည္းထားေသာ ဖြဲ႕စည္းမႈကို ျဖတ္ေက်ာ္ရန္မွာ သူ၏ပန္းတိုင္ ျဖစ္သည္။
ဖီးနစ္အေတာင္ပံမ်ား၏ အရွိန္ေၾကာင့္ လ်ိဳမိသားစု၏ ကြၽန္စစ္တပ္မွာ သူ႕ကို လိုက္မဖမ္းနိုင္ဘဲ သူေျပးဝင္လာတာကိုသာ ကူကယ္ရာမဲ့ ၾကည့္ေနခဲ့ရသည္။
ျပင္းထန္ေသာ ေပါက္ကြဲသံ ထြက္ေပၚလာၿပီး မေရမတြက္နိုင္ေသာ ႐ုပ္အေလာင္းမ်ား အျမင့္သို႔ လြင့္ထြက္သြားကာ အရပ္ရပ္သို႔ ျပန႔္က်ဲသြားခဲ့သည္။
ရွန့္ခုန္းေရွးေဟာင္း ၿမိဳ႕ေတာ္ကေန လု႐ႊမ္ အခင္းအက်င္း တံဆိပ္ျပားေတြ အမ်ားႀကီး ရလာခဲ့သည္။ အေစာက ေနာက္ထပ္ အခင္းအက်င္း တစ္ခုကို အသက္သြင္းလိုက္ၿပီ။
ျပင္းထန္တဲ့ စြမ္းအင္ ေပါက္ကြဲမႈေၾကာင့္ လု႐ႊမ္ ၃၀မီတာ အကြာက ဧရိယာ တစ္ခုလုံးကို တိုက္ရိုက္ရွင္းလင္းခဲ့ၿပီး ရာနဲ႕ခ်ီတဲ့ သခင္ေတြကို တိုက္ရိုက္ လြင့္ထြက္သြားေစခဲ့သည္။ သူတို႔လည္း ေသလားရွင္လား မသိရေသးေခ်။
ထိုကဲ့သို႔ ႀကီးမားေသာ ကြာဟခ်က္ႀကီးသည္ ခ်က္ခ်င္း ပြင့္ထြက္သြားၿပီး ရာႏွင့္ခ်ီေသာ သခင္မ်ား ျပင္းထန္စြာ ဒဏ္ရာရသြားတာေၾကာင့္ ကြၽန္စစ္တပ္၏ တင္းက်ပ္ေသာ ဖြဲ႕စည္းမႈမွာလည္း ႐ုတ္တရက္ ၿပိဳက်သြားသည္။
ေမာ့ေကာင္း႐ႊမ္း ႏွင့္ အျခားလူမ်ားသည္ လု႐ႊမ္ လမ္းေဖာက္သြားတာကို ျမင္ေသာအခါ အျမန္ေနာက္သို႔ လိုက္ၾကသည္။
ထိုအခ်ိန္တြင္ စူးရွေသာ ပုေလြသံမ်ား အစီအရီ ထြက္ေပၚလာၿပီး ပတ္ဝန္းက်င္တြင္ ဖရိုဖရဲ ကြၽန္စစ္သားတို႔၏ ဖြဲ႕စည္းမႈမ်ားသည္ တျဖည္းျဖည္း စည္းစနစ္တက် ျပန္ျဖစ္လာသည္။ ဤပုေလြသံမ်ားသည္ စစ္တပ္၏ အမိန႔္ေပးသံမ်ားပင္ ျဖစ္သည္။
စစ္အမိန႔္ကို ျဖန႔္ခ်လိဳက္သည္ႏွင့္အမွ် ပတ္ဝန္းက်င္ရွိ တပ္မ်ားသည္ တျဖည္းျဖည္း ျပန္လည္ ဖြဲ႕စည္းလာကာ ျပင္းထန္ေသာ တိုက္ခိုက္မႈမ်ားသည္ ေျပးလာသူ အုပ္စုထံ ေနာက္တစ္ႀကိမ္ က်ေရာက္လာျပန္သည္။
ဖက္တီးလည္း က်ိန္ဆဲလိုက္ၿပီး အကာအကြယ္ အစီအရင္ကို ထပ္မံ အသက္ သြင္းလိုက္ေတာ့သည္။ ဒီအေျခအေနမွာ သတိမထားရင္ အားလုံး က်ကဳန္လိမ့္မည္။
လု႐ႊမ္ ထိုးစစ္ဆင္နိုင္ေသာ အခင္းအက်င္း တခ်ိဳ႕ကို ထပ္မံ ထုတ္ယူၿပီး လူအုပ္ဆီသို႔ ပစ္ခ်လိဳက္သည္။ ေပါက္ကြဲသံႏွင့္အတူ ပတ္ဝန္းက်င္ ဧရိယာသည္ တစ္ဖန္ ရွင္းထြက္သြားခဲ့သည္။
တစ္ဖက္လူမ်ား အလ်င္စလိုေနခ်ိန္တြင္ ေမာ့ေကာင္း႐ႊမ္းသည္ ဓားရွည္တစ္လက္ကို ကိုင္ေဆာင္ကာ ေလျပင္း အျဖစ္သို႔ ေျပာင္းလဲ၍ ထိုကြၽန္မ်ား၏ အသက္မ်ားကို မဆင္မျခင္ ရိတ္သိမ္းသြားခဲ့သည္။
မ်က္စိတစ္မွိတ္ အတြင္းမွာပင္ ပတ္ဝန္းက်င္သည္ ဖရိုဖရဲ ထပ္ျဖစ္ခဲ့ရျပန္သည္။ ပတ္ဝန္းက်င္က လူေတြ ေတာ္ေတာ္မ်ားမ်ားက အရပ္ရပ္ကို ထြက္ေျပးခဲ့ၾကေပမယ့္ ပုေလြသံနဲ႕ လူေတြက အလယ္မွာ စု႐ုံးဖို႔ အမိန႔္ေပးလာျပန္၏။
တခဏခ်င္းမွာပဲ လု႐ႊမ္ရဲ႕အဖြဲ႕ကို ဝန္းရံထားတဲ့ စစ္သားေတြဟာ ပရမ္းပတာ ျဖစ္သြားခဲ့ျပန္ၿပီး လု႐ႊမ္နဲ႕ တျခားသူေတြက ေရွ႕ကိုတိုးဖို႔ အခြင့္အေရး ယူလိုက္ၾကျပန္သည္။
ဒီအတိုင္း အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ လု႐ႊမ္နဲ႕ ေမာ့ေကာင္း႐ႊမ္းတို႔ရဲ႕ လက္ခ်က္ေၾကာင့္ ေသဆုံးသြားေသာ ကြၽန္စစ္သား အေရအတြက္မွာ ႏွစ္ေထာင္မွ သုံးေထာင္အထိ ရွိမည္ဟု ခန႔္မွန္းရေသာ္လည္း အျပင္ဘက္ကို တစ္ခ်က္ ၾကည့္လိုက္လေသာ္ အနားစြန္းမွာ အလြန္ေမွာင္ေနေသးတဲ့ လူေတြကို ေတြ႕ရျပန္သည္။
လ်ိဳမိသားစု၏ ကြၽန္စစ္တပ္ အ႐ြယ္အစားသည္ အလြန္ႀကီးမားသျဖင့္ လု႐ႊမ္တို႔ကို စိတ္ပ်က္လက္ပ်က္ ျဖစ္လညေစသည္။ ေတာ္ဝင္အင္ပါယာ နံပါတ္တစ္မိသားစု ျဖစ္လာသည္မွာ အံ့ၾသစရာ မရွိေတာ့ေပ။ သူ႕တပ္ေလးနဲ႕တင္ ဖိအားမရွိဘဲ အထက္တန္းစားနိုင္ငံ ေတာ္ေတာ္မ်ားမ်ားကို သုတ္သင္ပစ္နိုင္သည္။
လု႐ႊမ္သည္ သူ႕ေရွ႕မွလမ္းကို ဖြင့္လိုက္ၿပီး ဖက္တီးက အလယ္မွေန၍ အကာအကြယ္ အစီအရင္ တစ္ခုကို အခ်ိန္မီ ျပင္ဆင္ေပးသည္။ ေမာ့ေကာင္း႐ႊမ္းက ေနာက္မွလိုက္၍ လူအမ်ားအျပားကို လမ္းတစ္ေလွ်ာက္တြင္ အျပင္းအထန္ တိုက္ခိုက္ေန၏။
ဤသို႔ျဖင့္ တစ္နာရီနီးပါး ၾကာသြားခဲ့သည္။
အျပင္းအထန္ တိုက္ခိုက္ၿပီး တစ္နာရီ ၾကာၿပီးေနာက္ ဖက္တီးမွာ အကာအကြယ္ ဖြဲ႕စည္းမႈကိုသာ တြန္းအားေပးေသာေၾကာင့္ သူ၏ ဝိညာဥ္စြမ္းအားမ်ား ကုန္ဆုံးသြားၿပီး မ်က္ႏွာသည္လည္း ေဖ်ာ့ေတာ့လာသည္။ လု႐ႊမ္ ပုလင္းတစ္လုံးကို ထုတ္၍ ပစ္ခ်ေပးလိုက္သည္။
"ျမန္ျမန္ ျပန္ကုသလိုက္!"
လု႐ႊမ္ တစ္ခ်က္ ေအာ္ၿပီးတာနဲ႕ အခင္းအက်င္း တံဆိပ္ျပား တစ္ခုကို ထုတ္၍ လ်ိဳမိသားစု၏ စစ္တပ္ထဲသို႔ ပစ္ခ်လိဳက္သည္။ ခ်က္ခ်င္းဆိုသလိုပင္ မီတာ ၁၀၀အထိ ရွည္လ်ားေသာ မီးနဂါးတစ္ေကာင္သည္ ရွည္လ်ားေသာ သြားမ်ားႏွင့္ ေျခသည္းမ်ား ေဝ့ယမ္းကာ လွည့္ပတ္ပ်ံသန္းသြားသည္။
မီးနဂါးသည္ လု႐ႊမ္ႏွင့္ အျခားသူမ်ား၏ ပတ္ပတ္လည္တြင္ လွည့္ပတ္ေနၿပီး ႏွစ္မိနစ္ သို႔မဟုတ္ သုံးမိနစ္ခန႔္ လွည့္ပတ္ၿပီးေနာက္ အနီးပတ္ဝန္းက်င္ရွိ ကြၽန္စစ္သားမ်ား မီးေလာင္ေသဆုံးသြားခဲ့သည္။ သို႔ေသာ္ မီးနဂါး၏ စြမ္းအားသည္ အလြန္ႀကီးက်ယ္လွေသာ္လည္း အခ်ိန္ကေတာ့ မႀကီးက်ယ္လွ မဟုတ္ေပ။
"ျမန္ျမန္သြား!!"
နဂါးမီး အခင္းအက်င္းက ေလာင္ကြၽမ္းေနၿပီး လႈပ္ရွားမႈ အကြာအေဝးကို ခ်ဲ့ထြင္ေပးေနၿပီမို႔ လု႐ႊမ္ ေအာ္လိုက္သည္။
လ်ိဳမိသားစု၏ ကြၽန္စစ္တပ္သည္ အင္အား ၁ သိန္း ရွိၿပီး ထိုကဲ့သို႔ အရွိန္ျဖင့္ သတ္ရန္ အနည္းဆုံး ရက္အနည္းငယ္ အခ်ိန္ယူရမွာ ျဖစ္ၿပီး ဤအသုတ္ကို သတ္ၿပီးေနာက္မွာလည္း ကြၽန္စစ္တပ္အသစ္ ေစလႊတ္လာနိုင္သည္။
ဘိုးေဘးေတြကို သတ္ပစ္တဲ့ မုန္းတီးမႈက တုႏွိုင္းမရေအာင္ ျဖစ္ေနၿပီ။ ဒါေၾကာင့္ သူတို႔မေသမခ်င္း လိုက္သတ္ေနေလာက္သည္။
အခု အေရးႀကီးတာက ဖက္တီးနဲ႕ တျခားသူေတြကို ဘယ္လို ေခၚထုတ္သြားရမလဲ ဆိုတာပင္။
လု႐ႊမ္ အဆက္မျပတ္ တြက္ခ်က္ေနခ်ိန္တြင္ ႐ုတ္တရက္ ဆူဆူညံညံ အသံမ်ား ထြက္ေပၚလာၿပီး လ်ိဳမိသားစု ကြၽန္စစ္တပ္၏ ေနာက္ကြယ္တြင္ ပရမ္းပတာ ျဖစ္ေနတာကို အေဝးမွ လွမ္းျမင္လိုက္ရသည္။
မၾကာခင္မွာပဲ ဝိညာဥ္သားရဲေတြရဲ႕ ေဟာက္သံေတြက ဆူညံသံေတြလို ထြက္ေပၚလာခဲ့ေလသည္။
အလယ္မွာရွိတဲ့ မုယန္ဖုန္းရဲ႕ အသံက ထြက္လာခဲ့၏။
"ေလာင္ေမာ့... ခဏေထာင့္ထား! သားရဲခန္းမက လူေတြ က်ဳပ္တို႔ကို ကူညီဖို႔ လာေနၿပီ!"
ခဏၾကာေတာ့ ေဒါသတႀကီး ေအာ္သံက ဆက္ထြက္လာ၏။
"ခန္းမသခင္ဟယ္... ခင္ဗ်ား ဒါက ဘာကို ဆိုလိုခ်င္တာလဲ? က်ဳပ္တို႔လ်ိဳစစ္တပ္ကို တိုက္ခိုက္ဖို႔ သားရဲတစ္အုပ္ကို ဦးေဆာင္ၿပီး တိုက္ဖို႔ ႀကိဳးစားေနတာလား?"
"အေရွ႕မွာ ရွိေနတာက က်ဳပ္တို႔သားရဲခန္းမရဲ႕ မိတ္ေဆြေတြပဲ....လ်ိဳက်န့္ဖုန္း ခင္ဗ်ား က်ဳပ္တို႔သားရဲခန္းမရဲ႕ မိတ္ေဆြေတြကို ဝိုင္းထားတာက က်ဳပ္တို႔ သားရဲခန္းမနဲ႕ ရန္သူျဖစ္ခ်င္ေနတာလား?"
ႀကီးက်ယ္ ခမ္းနားတဲ့ အသံတစ္ခုကလည္း ေနာက္ဆက္တြဲ အေနနဲ႕ ထြက္လာခဲ့သည္။
"ေမာ့ခ်ဳံ သားရဲခန္းမက လူေတြနဲ႕ စကားေျပာနိုင္မယ္လို႔ မထင္ထာခဲ့ဘူး!"
ေမာ့ေကာင္း႐ႊမ္းသည္ ႏွစ္ဘက္ၾကား အျငင္းအခုံ စကားသံမ်ားကို ၾကားရေသာအခါ ခ်က္ခ်င္းပင္ ေပ်ာ္႐ႊင္သြားခဲ့သည္။
"ဟားဟား... ေနာက္ဆုံးေတာ့ ဒုကၡက လြတ္ၿပီကြ!!"
ဖက္တီးကလည္း ေကာင္းကင္ကို ေမာ့ၾကည့္ၿပီး ရယ္ေမာလိုက္ေလသည္။
အခ်ိန္အေတာ္ၾကာ လိုက္ဖမ္းခံခဲ့ရတာကို တကယ္ စိတ္ပ်က္ေနမိ၏။ အထူးသျဖင့္ အထက္ ဧကရာဇ္အင္ပါယာကေန ဆင္းသက္လာတဲ့ သူ႕လိုလူက ဒီတပ္ေတြဆီက အစုလိုက္ အၿပဳံလိုက္ သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ခံေနရတာကို အမွန္တကယ္ ဆိုး႐ြားလွသည္။
ဒီမယဥ္ေက်းတဲ့ လူေတြရဲ႕ လိုက္ဖမ္းၿပီး အသတ္ခံေနခဲ့ရတာ ၾကာေနၿပီမလို႔ သူ တကယ္ကို စိတ္ဓာတ္က်ေနပါၿပီ။
"မင္း သူတို႔ကို အကာအကြယ္ေပးထား... ငါသြားၾကည့္လိုက္မယ္!"
လု႐ႊမ္ ေမာ့ေကာင္း႐ႊမ္းကို လွည့္ၿပီး အမိန့္ေပးလိုက္သည္။ စကားမ်ား ဆိုၿပီးသည္ႏွင့္ ဖီးနစ္အေတာင္မ်ားသည္ လု႐ႊမ္၏ေနာက္တြင္ ျပန႔္က်ဲသြားၿပီး အျငင္းအခုံ စကားသံဆီသို႔ ပ်ံသန္းသြားခဲ့သည္။
မၾကာမီတြင္ လု႐ႊမ္သည္ ဆယ္မီတာေက်ာ္ ျမင့္ေသာ ရက္စက္ၾကမ္းၾကဳတ္သည့္ အေငြ႕အသက္မ်ားျဖင့္ ၎၏တစ္ကိုယ္လုံး သံမဏိျဖင့္ ျပဳလုပ္ထားသည့္ ေမ်ာက္ဝံ၏ ပခုံးေပၚ၌ ရပ္ေနတာသူကို ေတြ႕လိုက္ရသည္။
ထိုလူသည္ မေရမတြက္နိုင္ေသာ သားရဲနက္ေကာင္မ်ား အေရွ႕တြင္ရပ္လ်က္ လ်ိဳမိသားစုႏွင့္ အဆင္မေျပ ျဖစ္ေနေသာ ေမ်ာက္ဝံ၏ ပခုံးေပၚမွ လူတစ္ဦးကို ေတြ႕လိုက္ရသည္။
ရက္စက္ၾကမ္းၾကဳတ္ေသာ ေမ်ာက္ဝံ၏ ပခုံးေပၚတြင္ ရပ္ေနေသာ လူကို မ်က္ႏွာခ်င္းဆိုင္ထားသည့္ လူမွာ အနက္ေရာင္ဝတ္႐ုံကို ဝတ္ဆင္ထားသည့္ အမ်ိဳးသားတစ္ဦး ျဖစ္ေလသည္။ ေသမ်ိဳး အသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ ကြၽန္စစ္သား ခုနစ္ေယာက္သို႔မဟုတ္ ရွစ္ေယာက္ခန့္က အနက္ေရာင္ ဝတ္႐ုံနဲ႕လူကို ဝိုင္းရံကာ သူ၏ခႏၶာကိုယ္ကို အျပည့္အဝ ကာကြယ္ေပးထားသည္။
"အဓိပၸာယ္ မရွိတာ! ဒီလူအုပ္စုက ေပ႐ႊီး ေတာ္ဝင္အင္ပါယာကေန မၾကာေသးခင္ကမွ ေရာက္လာတာ... သူတို႔အကုန္လုံး ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ကို ပထမဆုံးအႀကိမ္ ေရာက္လာတာပဲ....ဘယ္တုန္းက ခင္ဗ်ားတို႔ သားရဲခန္းမရဲ႕ သူငယ္ခ်င္း ျဖစ္သြားတာလဲ?"
လ်ိဳမိသားစုမွ အနက္ေရာင္ဝတ္ အမ်ိဳးသားကလည္း အလြန္ မေဖာ္ေ႐ြေသာ ေလသံျဖင့္ ေအာ္ေျပာလိုက္သည္။
"ငါက ဟုတ္တယ္ဆို ဟုတ္လို႔ပဲ!"
ခန္းမသခင္ဟယ္ရဲ႕ ေလသံကလည္း တင္းတင္းမာမာနဲ႕
"မင္းေနာက္မဆုတ္ရင္ မင္းရဲ႕ ရႈပ္လြန္းတဲ့ ကြၽန္ေတြကို သတ္ဖို႔ သားရဲအုပ္ကို အမိန့္ေပးလိုက္မွ ငါ့ကို အျပစ္မတင္နဲ႕!"
"မင္း!"
လ်ိဳမိသားစုမွ အမ်ိဳးသားသည္လည္း ေဒါသထြက္သြားသည္။
သားရဲခန္းမသည္ တိမ္ပင္လယ္ နယ္ေျမရွိ အင္အားႀကီး တစ္ခုလည္း ျဖစ္တဲ့အျပင္ သားရဲမ်ိဳးႏြယ္နဲ႕လည္း မဟာမိတ္ျဖစ္သည္။ သားရဲခန္းမသည္ တိုက္ပြဲ သားရဲတိရစ္ဆာန္မ်ား၊ ဝိညာဥ္သားရဲမ်ား စသည္တို႔ကို ေရာင္းခ်နိဳင္ၿပီး သားရဲ အမ်ိဳးအစား အားလုံးကိုလည္း ေကြၽးေမြးေမြးျမဴနိုင္သည္။
သားရဲမ်ားႏွင့္ ဝိညာဥ္သားရဲမ်ား၏ လႊမ္းမိုးမႈမွာ အင္အားႀကီးေသာေၾကာင့္ သားရဲခန္းမ၏ စြမ္းအားသည္ အဂၢိရတ္ပညာရွင္ အဖြဲ႕ထက္လည္း ယုတ္ညံ့မည္ မဟုတ္ေပ။
လ်ိဳမိသားစုကို သားရဲခန္းမ တစ္ခုလုံးႏွင့္ ႏွိုင္းယွဥ္ပါက နိုင္ငံ၏ နံပါတ္တစ္ မိသားစုဟု လူသိမ်ားေသာ္လည္း လုံးဝ မေဖာ္ျပထိုက္ေတာ့ေပ။ ႏွစ္ဖက္စလုံးက တူညီတဲ့ အဆင့္မွာ ရွိေနၾကတာ မဟုတ္ဘူးေလ။
ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွ သားရဲေကာင္မ်ားကို ေမြးျမဴၿပီး ေမာင္းႏွင္နိုင္သည့္ သားရဲခန္းမမ်ားပင္လွ်င္ လ်ိဳမိသားစု၏ ကြၽန္စစ္တပ္ကို ၿခိမ္းေျခာက္ရန္ လုံေလာက္ေနေလၿပီ။
မၾကာမီတြင္ လု႐ႊမ္၏ မ်က္လုံးထဲတြင္ အျဖဴေရာင္ ဝတ္႐ုံမ်ား ဝတ္ဆင္လ်က္ အနည္းငယ္သည္ ႐ုပ္ရည္ေကာင္းမြန္သည့္ အမ်ိဳးသမီးမ်ားသည္ ေျပာင္ေျမာက္ေသာ စြမ္းရည္ျဖင့္ ေလထဲမွ ခုန္ဆင္းလာၾကသည္။
"အထဲမွာရွိတဲ့ လူေတြက ကြၽန္မတို႔ေဆးဥယ်ာဥ္ရဲ႕ အေရးႀကီး ဧည့္သည္ေတြပဲ... ရွင္တို႔ရဲ႕ လ်ိဳမိသားစုက အခိုင္အမာ တိုက္ခိုက္ေနမယ္ဆိုရင္ အနာဂတ္မွာ ကြၽန္မတို႔ေဆးဥယ်ာဥ္ထဲက ေဆးဖက္ဝင္အပင္ တစ္ပင္ကိုေတာင္ ဘယ္ေတာ့မွ ရနိုင္မွာ မဟုတ္ဘူး!"
အမ်ိဳးသမီးတစ္ဦး၏ ေလသံမွာ တည္ၿငိမ္ေအးခ်မ္း လွေသာ္လည္း သူမ၏အသံမွာ ေသာင္းႏွင့္ခ်ီေသာ တပ္ဖြဲ႕ဝင္၏ နားထဲသို႔ ပ်ံ့ႏွံ႕သြားခဲ့သည္။
"ေကာင္းၿပီ ေကာင္းၿပီ!"
လ်ိဳမိသားစု၏ တာဝန္ခံက ေဒါသတႀကီး ရယ္ေမာလိုက္သည္။ ေဆးဥယ်ာဥ္က ေဆးဖက္ဝင္ပစၥည္းမ်ားကို ျပတ္ျပတ္သားသား မေပးလာရင္ေတာ့ ေက်းကြၽန္မ်ားကို ထိန္းခ်ဳပ္ဖို႔ ေဆးကို သန႔္စင္တဲ့အခါ သူတို႔အတြက္ အလြန္ ဒုကၡမ်ားလာလိမ့္မည္။
ဤေဆးဖက္ဝင္ ပစၥည္းမ်ားကို ျပတ္ေတာက္သြားပါက လ်ိဳမိသားစု တစ္ခုလုံး၏ အင္အားသည္ လ်င္ျမန္စြာ က်ဆင္းလာမည္ ျဖစ္သည္။
ေဆးဖက္ဝင္ပစၥည္းမ်ား ေထာက္ပံ့ေပးျခင္း မရွိေတာ့ပါက အေျခခံ အဂၢိရတ္ေဆး အမ်ားအျပားကိုပင္ သန႔္စင္၍ မရနိုင္ေခ်။ ၎တို႔ကို အဂၢိရတ္ပညာရွင္ အဖြဲ႕မွ ဝယ္ယူနိုင္ေသာ္လည္း ေဈးႏႈန္းကေတာ့ သည္းမခံနိုင္စရာ ေကာင္းလွသည္။
"စဥ္းစားဖို႔ အသက္ရႉခ်ိန္ ဆယ္ခ်က္ေလာက္ ေပးမယ္....ၿပီးရင္ေတာ့ က်ဳပ္တို႔ သားရဲေတြရဲ႕ တိုက္ခိုက္မႈက စတင္ရေတာ့မွာပဲ"
ခန္းမသခင္ဟယ္က ေအးစက္တဲ့ မ်က္ႏွာထားနဲ႕ ေျပာလိုက္ပါေတာ့သည္။
"က်ဳပ္ ဝန္ခံပါတယ္!... က်ဳပ္တို႔ရဲ႕ လ်ိဳမိသားစုက ခင္ဗ်ားတို႔ရဲ႕ သားရဲခန္းမနဲ႕ ေဆးဥယ်ာဥ္ကို ဝင္ရႈပ္ဖို႔အထိ မတတ္နိုင္ဘူး... ဒါဆို အဆင္ေျပၿပီလား!"
လ်ိဳမိသားစုရဲ႕ အႀကီးအကဲက ေဒါသတႀကီး ေအာ္ေျပာလိုက္ေလ၏။ ၿပီးေနာက္ လ်ိဳ႕မိသားစု ကြၽန္စစ္တပ္ တစ္ခုလုံးသည္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ ရွိရာ ဦးတည္ရာဘက္ကို တျဖည္းျဖည္း ေ႐ြ႕လ်ားသြားတာကို ျမင္လိုက္ရ၏။
ဤသည္မွာ ၎တို႔၏ ထိုးစစ္ကို စြန႔္လႊတ္ရန္ႏွင့္ ၎တို႔၏ တပ္မ်ားကို ဆုတ္ခြာရန္ စစ္တပ္ အမိန႔္သာ ျဖစ္သည္။
လ်ိဳမိသားစု၏ ကြၽန္တပ္ စတင္ဆုတ္ခြာ သြားေသာအခါတြင္ ေမာ့ေကာင္း႐ႊမ္း နဲ႕ ဖက္တီးတို႔လည္း လ်င္ျမန္စြာ ေရာက္လာတာကို ေတြ႕လိုက္ရသည္။ မၾကာမီတြင္ ေမာ့ခ်ဳံႏွင့္ ခ်န္စစ္ယန္တို႔လည္း လု႐ႊမ္ရဲ႕ ျမင္ကြင္းထဲမွာ ေပၚလာခဲ့သည္။
"နင္တို႔ အဆင္ေျပၾကတယ္ေနာ္!"
ေမာ့ခ်ဳံႏွင့္ ခ်န္စစ္ယန္တို႔သည္ လူအုပ္ကို ၾကည့္ၿပီး စိုးရိမ္မႈ အျပည့္ျဖင့္ ၾကည့္ကာ ဆိုလိုက္သည္။ သူတို႔ ေနာက္က်သြားမွာကို ေၾကာက္ေနခဲ့ေပမယ့္ ကံေကာင္းေထာက္မစြာနဲ႕ တစ္ဖက္က ေတာင့္ထားနိုင္ခဲ့သည္။
လု႐ႊမ္ ေကာင္းကင္ကေန ဆင္းသက္လာတာကို ျမင္ေတာ့ ဟန္႐ႊယ္နဲ႕ တျခားသူေတြကလည္း ထိတ္လန႔္မႈၾကားမွ အနည္းငယ္ သက္သာလာခဲ့၏။
"လု႐ႊမ္ အခ်ိန္မီ ေပၚလာလို႔ေပါ့.... မဟုတ္ရင္ အႀကီးအကဲေမာ့လည္း မထိန္းထားနိုင္ေတာ့ဘူး ငါတို႔အားလုံး ဒီမွာပဲ ၿပီးသြားလိမ့္မယ္!"
ဒီစကားေတြကို ၾကားေတာ့ ေမာ့ခ်ဳံက လု႐ႊမ္ကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္လိုက္ၿပီး
"ရွင့္ေၾကာင့္ပဲ... ထြက္သြားတာလည္း အၾကာႀကီး ကြၽန္မတို႔ကို အနိုင္က်င့္ခံရၿပီး ေမာင္းထုတ္ခံရေအာင္ လုပ္တာ!"
"စိတ္မပူပါနဲ႕!"
လု႐ႊမ္သည္ လ်ိဳမိသားစု စစ္တပ္ ဆုတ္ခြာသြားသည့္ လမ္းေၾကာင္းကို ၾကည့္လိုက္ရာ ႐ုတ္တရက္ သူ႕မ်က္လုံးမ်ား ေအးစက္သြားကာ
"မင္းတို႔အတြက္ အတိုး နည္းနည္းေလာက္ စုထားလိုက္မယ္... ေနာက္မွ ျဖည္းျဖည္းခ်င္း စာရင္း ရွင္းၾကတာေပါ့!"
ဤစကားကို ေျပာၿပီးေနာက္ လု႐ႊမ္သည္ သူ၏အေတာင္မ်ားကို ေနာက္တစ္ဖန္ ျဖန႔္ခ်လိဳက္ကာ လ်ိဳမိသားစု တပ္ဆုတ္သြားသည့္ လမ္းေၾကာင္းအတိုင္း လိုက္သြားခဲ့သည္။