Chapter (45) Arc 4
ချိုင့်ဝှမ်းထဲကတိုက်ပွဲ
ရှေ့တစ်လမ်းလုံး ငါးမိနစ်ထက် မနည်း လမ်းလျှောက်ပြီးနောက် မော့ကောင်းရွှမ်း အနီးတစ်ဝိုက်တွင် တိုက်ခိုက်နေသော လူတစ်စုကို ရှင်းရှင်းလင်းလင်း တွေ့လာရသည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျွန်စစ်သား ဒါဇင်ပေါင်း များစွာသည် တင်းကျပ်စွာ ဖွဲ့စည်းထားပြီး တိုက်ခိုက်ရေး အင်အားကို အာရုံစိုက်ကာ မော့ကောင်းရွှမ်းနဲ့ အညီအမျှ တိုက်ခိုက်နေကြသည်။
မြေပြင်ပေါ်တွင် ဒါဇင်ပေါင်းများစွာသော ကျွန်စစ်သားများ ရှုပ်ပွနေကာ အားလုံးနီးပါး ဒဏ်ရာပြင်းထန်စွာ ရထားကြသည်။
နောက်ထပ် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျွန်စစ်သားတစ်စု ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် မော့ကောင်းရွှမ်း၏ မျက်လုံးများသည် ရက်စက် ကြမ်းကြုတ်သော အကြည့်များဖြင့် ရုတ်တရက် ကြီးကျယ်ခမ်းနားသော အင်အားကြီး တစ်ခုကို ထုတ်လွှတ်၍ အင်အားစုအဖြစ် ဖွဲ့စည်းထားသော ကျွန်စစ်သားတစ်စုကို တိုက်ခိုက် သတ်ဖြတ်တော့သည်။
ဗုန်း!
ကျယ်လောင်သော အသံတစ်ခုထွက် ပေါ်လာပြီး လုရွှမ် မျက်လုံးရှေ့က ကျွန်စစ်သား နှစ်ယောက်သည် ယိမ်းနွဲ့ လဲကျသွားကာ ပါးစပ်မှ သွေးများကို အန်ထုတ်လိုက်ကြသည်။
ချက်ချင်းပင် တစ်စုံတစ်ယောက်သည် သူတို့ဘက်သို့ လှမ်းအော်လေ၏။
"ဟိုမှာ လူနည်းနေပြီ မြန်မြန် သွားကူလိုက်!"
ထိုစကားကို ကြားတော့ လုရွှမ်၏နောက်မှ ကျွန်စစ်သားများသည် အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လိုက်ကြသည်။ လုရွှမ်သည်လည်း ၎င်းတို့နောက်မှ လိုက်သွားကာ ကျွန်စစ်သားများ မော့ကောင်းရွှမ်းအား တိုက်ခိုက်နေသော ကျွန်စစ်သား အုပ်စုဆီသို့ လျင်မြန်စွာ လျှောက်သွားလေသည်။
လမ်းလျှောက်ရင်း လုရွှမ်မှာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ မော့ကောင်းရွှမ်း၏ မျက်နှာသည် အစောက ရိုက်ချက်ကို ထိုးနှက်ပြီးနောက် အနည်းငယ် ဖျော့တော့သွားကာ မတ်တပ်ရပ်ရင်းပင် အသက်ပြင်းပြင်း ရှူလိုက်နေရသည်။
သူ့ နောက်ကျောဘက်ကို ကြည့်ရင်း လုရွှမ်ရဲ့ နှလုံးလည်း ရုတ်တရက် တင်းကျပ်သွားသည်။
သူ့အနောက်တွင် အကာအကွယ် ပုံစံတစ်ခုက ထိုးဖောက်ခံနေရပြီး ဖက်တီးသည် အဆက်မပြတ် တိုက်ခိုက်ရင်း အကာအကွယ် ပုံစံကိုလည်း ကြည့်ကာ အော်ဟစ်ဆဲဆိုနေသည်။
အကာအကွယ် ပုံစံအတွင်းတွင် ဟန်ရွှယ်၊ မင်းသမီးလော့ရုံနှင့် မော့ချုံတို့ အနည်းငယ်သာ ရှိကာ ချန်စစ်ယန် ၊ မုယန်ဖုန်းနဲ့ ဖက်တီးရဲ့ အစောင့်ကိုတော့ မတွေ့ရချေ။
"ကောင်လေး... မင်းက အနေအထား မှားပြီး ရပ်နေတာကွ!"
လုရွှမ် တပ်ဖွဲ့စည်းပုံထဲသို့ ပြေးဝင်သွားတာနဲ့ ချက်ချင်းပင် လူတစ်ယောက်ယောက် သူ့ကို ခက်ခက်ခဲခဲ ကြည့်ကာ အော်လိုက်သည်။ တပ်သားများဖြင့် ဖွဲ့စည်းထားခြင်းသည် ရန်သူ့အင်အားကို အာရုံစိုက်ထားရ၏။
ထို့အပြင် ကျွန်စစ်သားတိုင်းသည် မတူညီသော နည်းလမ်းဖြင့် စစ်တပ်ဖွဲ့စည်းခြင်းကို တည်ထောင်ခဲ့ကြပြီး လုရွှမ်သည် သူမည်သည့်နေရာတွင် ရပ်တည်ရမည်ကို မသိဘဲ ပြေးဝင်သွားလေသည်။
"မြန်မြန်လုပ်စမ်း!"
ကောင်းကောင်း မရပ်နေရင် မော့ကောင်းရွှမ်းသာ ပြန်ကောင်းလာပါက သူတို့အားလုံးအတွက် အန္တရာယ်ရှိလိမ့်မယ်။
ဤကျွန်စစ်သား အုပ်စု သတိမထားမိချိန် လုရွှမ်၏ မျက်လုံးများထဲတွင် စူးရှသောအလင်းတန်းတစ်ခု လင်းလက်လာပြီး သူ့တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအားများ ရုတ်ရုတ်သဲသဲဖြင့် ထွက်ပေါ်လာကာ သူ့အနားတွင် တပ်ဖွဲ့စည်းထားသော ကျွန်စစ်သားတစ်စုကို ချက်ချင်းပင် ဖုံးအုပ်လိုက်သည်။
ကျွန်စစ်သား အုပ်စုကို စိတ်ဝိညာဉ် စွမ်းအားဖြင့် ဖိနှိပ်ထားချိန်တွင် လုရွှမ် လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာခဲ့သည်။
လူနှင့်ဓား ပေါင်းစည်းမှု!
ဓားရှည်သည် မုန်တိုင်းလို အရှိန်အဟုန်ဖြင့် အရူးအမူး လှုပ်ရှားနေသည်။ သူ့ပတ်ဝန်းကျင်ရှိ စစ်သည်တစ်စုကို လုံးလုံးလျားလျား နှိမ်နှင်းပစ်လိုက်သည်။ သူတို့သည် လုံးဝ မခုခံနိုင်ဘဲ ဓားရှည်အောက်မှာ အဆုံးသတ်သွားရလေသည်။
နဂါးနှလုံးနဲ့ ပေါင်းစည်းခဲ့ရာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇အထိ မြှင့်တင်ခဲ့ကာ လူသားနှင့် ဓား ပေါင်းစပ်ခြင်း၏ ထူးခြားသော စွမ်းရည်ကို အသုံးပြု၍ လုရွှမ်၏ အရှိန်သည် တွေးကြည့်လို့ မရအောင်ကို မြန်ဆန်လွန်းလှသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဖွဲ့စည်းထားသော စစ်သည်များ၏ မျက်ခုံးကြားတွင် သွေးတစ်စက် ပေါ်လာပြီး ၎င်းတို့၏ မျက်လုံးများ ဗလာကျင်းသွားကာ နဖူးပေါ်မှ သွေးများ စီးကျလာခဲ့သည်။
လုရွှမ် အနီးဝန်းကျင်ရှိ စစ်သားများသည် တစ်ချိန်တည်းတွင် မြေပြင်ပေါ်သို့ လဲကျသွား၏။ ရပ်နေသူ အားလုံးလည်း အံ့အားသင့်သွားကြသည်။ လျိုမိသားစုရဲ့ ကျွန်စစ်တပ် သာမက မော့ကောင်းရွှမ်းလည်း နားမလည် နိုင်လောက်အောင် ကြောင်အနေမိသည်။
ပြိုင်ဘက်က ဘာကြောင့် မျက်စိတစ်မှိတ်အတွင်းမှာ စတင် တိုက်ခိုက်ခဲ့တာလဲ? တခဏအတွင်းမှာပဲ သူတစ်ယောက်တည်းပဲ ကျန်တော့တယ်လေ။ ဒါက ဘာဖြစ်နေတာလဲ?
"မင်းက ဘယ်သူလဲ!"
တိုက်ခိုက်မှုကို ညွှန်ကြားရသည့် လျိုမိသားစု၏ အကြီးအကဲမှာ သွေးအန်လုမတတ် ဒေါသထွက်လာကာ ပြတ်ပြတ်သားသား မေးလိုက်သည်။
"လုရွှမ်!"
အဓိပ္ပာယ်မဲ့ စကားတွေပြောဖို့ ပျင်းလွန်းတဲ့ လုရွှမ်က ဆိုလိုက်သည်။ သူ့ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်တဲ့အခါ သူ့ကိုယ်ပေါ်က ချပ်ဝတ်တန်ဆာက တိုက်ရိုက် လွင့်ထွက်သွားပြီး အသွင်စစ်က ပေါ်လာခဲ့သည်။
"သခင်လေး!"
မော့ကောင်းရွှမ်း သူ့ရှေ့က စစ်တပ်တွင် ကျန်ခဲ့သော နောက်ဆုံးလူမှာ လုရွှမ် ဖြစ်နေတာကို မြင်လိုက်ရတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"သူဌေး! ဟားဟား... သူဌေး သေမှာ မဟုတ်ဘူးဆိုတာ သိသားပဲ!"
အကာအကွယ် အခင်းအကျင်းထဲက ဖက်တီးလည်း စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ထအော်လိုက်သည်။ ဟန်ရွှယ်နဲ့ အကာအကွယ်ထဲက လူတွေလည်း ဝမ်းသာသွားကြသည်။
"လုရွှမ်ပဲ... သူ့ကို သတ်လိုက်!"
လျိုမိသားစုမှ တာဝန်ခံက အော်လိုက်သည်။
ဒီစကားတွေ ပြောပြီးတာနဲ့ လုရွှမ်က လှည့်ပြီး သူ့ကို ဓားကိုတစ်ချက် ဝေ့ယမ်းလိုက်၏။ လျိုမိသားစု၏ တာဝန်ခံသည် သူ့မျက်လုံးများထဲ အေးစက်သွားပြီး လည်ချောင်းက နာကျင်လာတာကိုသာ ခံစားခဲ့ရသည်။ အဲဒီနောက် ချက်ချင်းပဲ အသက်ရှုသံတွေ ရပ်တန့်လာသလိုပင် ဖြစ်လာသည်။
သူ့လည်ချောင်းကို လက်ဖြင့် အုပ်ထားတဲ့ တာဝန်ခံဟာ လုရွှမ်ကို ခက်ခက်ခဲခဲ လက်ညှိုးထိုးရင်း သူ့မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသော အကြည့်ဖြင့်သာ တုံ့ပြန်နိုင်ခဲ့ပြီး မြေပြင်ပေါ် လဲကျသွားပြီး အသက်ရှုရပ်သွားတော့သည်။
လုရွှမ်ကို သတ်ချင်တယ်လို့ ပြောပြီးကတည်းက အသက်ရှုတောင် မဝလိုက်ပေ။
ကာကွယ်ရေး အခင်းအကျင်းကို တိုက်ခိုက်ဆဲ ဖြစ်သော လျိုမိသားစု၏ ကျွန်စစ်သားများသည် ဒီအဖြစ်အပျက်ကို မြင်တော့ ၎င်းတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ စကားနှစ်ခွန်းတောင် မပြောဘဲ ချိုင့်ဝှမ်းထဲမှ ရိုင်းစိုင်းစွာ ပြေးထွက်သွားကြတော့သည်။
လူတချို့က မြေပြင်ကို တိုက်ရိုက်ကန်ပြီး ကောင်းကင်ပေါ်ကို ခုန်တက်ကြလေသည်။ သနားစရာ ကောင်းတာက သူတို့ ခုန်ထွက်ခါနီးမှာပဲ အပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက် ထိုးနှက် တိုက်ခိုက်ခံလိုက်ရပြီး ပြန်လဲကျလာကြတော့သည်။
လျိုမိသားစု အစောင့်တွေက ကျွန်စစ်သားတွေ လွတ်မြောက်ချင်နေတာကို မြင်လိုက်ရတော့ သူတို့ကို ဓားစာခံအဖြစ် ချန်ထားခဲ့လိုကြသည်။ ထို့ကြောင့် ကျွန်စစ်သားတွေကို ချန်ထားခဲ့ပြီးနောက် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူများ ထွက်ပြေးသွားကြလေသည်။
မကြာခင်မှာပဲ မော့ကောင်းရွှမ်းနဲ့ အတူ ဖက်တီးတို့အဖွဲ့လည်း အကာအကွယ် အခင်းအကျင်းထဲက ထွက်လာကြသည်။ လုရွှမ် မော့ကောင်းရွှမ်းဆီ လျှောက်လာရင်း။
"မုယန်ဖုန်းနဲ့ မော့ချုံတို့ရော?"
သူ့အနားရောက်လာတာကို မြင်တော့ ဖက်တီးက အကာအကွယ် ပုံစံကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး လုရွှမ်ဆီကို ပြေးလာခဲ့သည်။
"သူဌေး... စိတ်မပူပါနဲ့ သူတို့စစ်ကူတွေကို သွားခေါ်ကြတာ!"
လုရွှမ်ရဲ့ ကျင့်ကြံမှုအခြေခံက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ဖြစ်ပြီး အဆင့်သိပ်မမြင့်သော်လည်း လုရွှမ် ရှိနေရင် သူ့ကိုယ်သူ စိတ်အေးလက်အေး ဖြစ်သွားသလို ခံစားရသည်။
ကောင်းကင်ကြီး ပြိုလဲသွားရင်တောင် ဒီလူငယ်လေးရှေ့မှာ ဘာမှမဖြစ်သလိုပင်။
"စစ်ကူခေါ်တယ်??"
လုရွှမ် အနည်းငယ် အံ့သြသင့်သွားသည်။ မြို့ထောင်ချီမဟာမိတ်မှာ သူတို့ရဲ့ စစ်ကူတွေ ရှိနေသေးတာလား။
"မုယန်ဖုန်းနဲ့ ချန်စစ်ယန်တို့က ဆေးဥယျာဉ်ကို သွားတယ်... လောင်ချောင်က မော့ချုံကို သားရဲခန်းမဆီ ခေါ်သွားတယ်"
ဖက်တီးက ပြုံးလျက်ပြောသည်။
"လောင်ချောင်?"
"ကျွန်တော့်ရဲ့ ကိုယ်ရံတော်ပါ... ချောင်ဝူကျင်းလို့ ခေါ်တယ်"
ဖက်တီးက မြန်မြန်ပဲ ရှင်းပြလိုက်သည်။
လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။
သူတို့ အဆင်ပြေနေသရွေ့ ကောင်းပါ၏။ လက်ရှိ အခြေအနေက လျိုမိသားစုရဲ့ ကျွန်စစ်တပ် လက်ကနေ ဘယ်လို ရုန်းထွက်ရမလဲ ဆိုတာပဲ။
ဦးခေါင်းထက်ရှိ ကျောက်နံရံပေါ်ရှိ ရုပ်ပုံများသည် ရွေ့လျားနေပြီး တစ်ဖက် တစ်ချက်စီတွင်ရှိ ကျောက်နံရံပေါ်တွင်လည်း တွက်ကပ်လာသူ ကျင့်ကြံသူများ ပိုမိုများပြားလာတာကို တွေ့လိုက်ရသည်။
လုရွှမ် သူနဲ့ မော့ကောင်းရွှမ်းက အပေါ်ကနေ ဖြတ်သွားနိုင်တယ် ဆိုတာ ကောင်းကောင်း သိပေမယ့် ဖက်တီးနဲ့ ဟန်ရွှယ်ကတော့ ဒုက္ခရောက်မှာပဲ။
"ငါက ရှေ့ကတိုက်မယ်... ဖက်တီးက အလယ်မှာနေ မော့ကောင်းရွှမ်းက အနောက်မှာကနေလိုက် အတူတူ တိုက်ခိုက်ရအောင်!"
လျိုမိသားစုရဲ့ စစ်တပ်က အပြင်မှာ စည်းရုံးနေရဆဲဆိုတဲ့ အချက်ကို အခွင့်ကောင်းယူပြီး လုရွှမ်က အမြန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ!" ဖက်တီး ချက်ချင်းပင် သဘောတူသည်။
"ဟုတ်ကဲ့ပါ သခင်လေး!"
မော့ကောင်းရွှမ်းလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လျက် ဆိုလိုက်သည်။
ချိုင့်ဝှမ်းသို့ သွားရာလမ်းတွင် စောင့်ကြပ်နေသော လျိုမိသားစု အားလုံး ပျောက်ကွယ်သွားကြသည်။ အကြောင်းမှာ လုရွှမ်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူများကို ဓားတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ပစ်လိုက်ခြင်းကြောင့်ပင်။
ကျွန်များသည်လည်း လူသားများ ဖြစ်လေသည်။ သူတို့သေရမှာကို သိနေမှတော့ ဒီနေရာမှာ ဘာလို့များ ရပ်နေနိုင်တော့မှာလဲ။
Chapter (45) Arc 4
ခ်ိဳင့္ထဲကတိုက္ပြဲ
ေရွ႕တစ္လမ္းလုံး ငါးမိနစ္ထက္ မနည္း လမ္းေလွ်ာက္ၿပီးေနာက္ ေမာ့ေကာင္း႐ႊမ္း အနီးတစ္ဝိုက္တြင္ တိုက္ခိုက္ေနေသာ လူတစ္စုကို ရွင္းရွင္းလင္းလင္း ေတြ႕လာရသည္။ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ ကြၽန္စစ္သား ဒါဇင္ေပါင္း မ်ားစြာသည္ တင္းက်ပ္စြာ ဖြဲ႕စည္းထားၿပီး တိုက္ခိုက္ေရး အင္အားကို အာ႐ုံစိုက္ကာ ေမာ့ေကာင္း႐ႊမ္းနဲ႕ အညီအမွ် တိုက္ခိုက္ေနၾကသည္။
ေျမျပင္ေပၚတြင္ ဒါဇင္ေပါင္းမ်ားစြာေသာ ကြၽန္စစ္သားမ်ား ရႈပ္ပြေနကာ အားလုံးနီးပါး ဒဏ္ရာျပင္းထန္စြာ ရထားၾကသည္။
ေနာက္ထပ္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္က ကြၽန္စစ္သားတစ္စု ေရာက္ရွိလာသည္ကို ျမင္လိုက္ရသျဖင့္ ေမာ့ေကာင္း႐ႊမ္း၏ မ်က္လုံးမ်ားသည္ ရက္စက္ ၾကမ္းၾကဳတ္ေသာ အၾကည့္မ်ားျဖင့္ ႐ုတ္တရက္ ႀကီးက်ယ္ခမ္းနားေသာ အင္အားႀကီး တစ္ခုကို ထုတ္လႊတ္၍ အင္အားစုအျဖစ္ ဖြဲ႕စည္းထားေသာ ကြၽန္စစ္သားတစ္စုကို တိုက္ခိုက္ သတ္ျဖတ္ေတာ့သည္။
ဗုန္း!
က်ယ္ေလာင္ေသာ အသံတစ္ခုထြက္ ေပၚလာၿပီး လု႐ႊမ္ မ်က္လုံးေရွ႕က ကြၽန္စစ္သား ႏွစ္ေယာက္သည္ ယိမ္းႏြဲ႕ လဲက်သြားကာ ပါးစပ္မွ ေသြးမ်ားကို အန္ထုတ္လိုက္ၾကသည္။
ခ်က္ခ်င္းပင္ တစ္စုံတစ္ေယာက္သည္ သူတို႔ဘက္သို႔ လွမ္းေအာ္ေလ၏။
"ဟိုမွာ လူနည္းေနၿပီ ျမန္ျမန္ သြားကူလိုက္!"
ထိုစကားကို ၾကားေတာ့ လု႐ႊမ္၏ေနာက္မွ ကြၽန္စစ္သားမ်ားသည္ အရွိန္အဟုန္ျဖင့္ အရွိန္ျမႇင့္လိုက္ၾကသည္။ လု႐ႊမ္သည္လည္း ၎တို႔ေနာက္မွ လိုက္သြားကာ ကြၽန္စစ္သားမ်ား ေမာ့ေကာင္း႐ႊမ္းအား တိုက္ခိုက္ေနေသာ ကြၽန္စစ္သား အုပ္စုဆီသို႔ လ်င္ျမန္စြာ ေလွ်ာက္သြားေလသည္။
လမ္းေလွ်ာက္ရင္း လု႐ႊမ္မွာ တစ္ခုခု မွားေနၿပီဟု ခံစားလိုက္ရသည္။ ေမာ့ေကာင္း႐ႊမ္း၏ မ်က္ႏွာသည္ အေစာက ရိုက္ခ်က္ကို ထိုးႏွက္ၿပီးေနာက္ အနည္းငယ္ ေဖ်ာ့ေတာ့သြားကာ မတ္တပ္ရပ္ရင္းပင္ အသက္ျပင္းျပင္း ရႉလိုက္ေနရသည္။
သူ႕ ေနာက္ေက်ာဘက္ကို ၾကည့္ရင္း လု႐ႊမ္ရဲ႕ ႏွလုံးလည္း ႐ုတ္တရက္ တင္းက်ပ္သြားသည္။
သူ႕အေနာက္တြင္ အကာအကြယ္ ပုံစံတစ္ခုက ထိုးေဖာက္ခံေနရၿပီး ဖက္တီးသည္ အဆက္မျပတ္ တိုက္ခိုက္ရင္း အကာအကြယ္ ပုံစံကိုလည္း ၾကည့္ကာ ေအာ္ဟစ္ဆဲဆိုေနသည္။
အကာအကြယ္ ပုံစံအတြင္းတြင္ ဟန္႐ႊယ္၊ မင္းသမီးေလာ့႐ုံႏွင့္ ေမာ့ခ်ဳံတို႔ အနည္းငယ္သာ ရွိကာ ခ်န္စစ္ယန္ ၊ မုယန္ဖုန္းနဲ႕ ဖက္တီးရဲ႕ အေစာင့္ကိုေတာ့ မေတြ႕ရေခ်။
"ေကာင္ေလး... မင္းက အေနအထား မွားၿပီး ရပ္ေနတာကြ!"
လု႐ႊမ္ တပ္ဖြဲ႕စည္းပုံထဲသို႔ ေျပးဝင္သြားတာနဲ႕ ခ်က္ခ်င္းပင္ လူတစ္ေယာက္ေယာက္ သူ႕ကို ခက္ခက္ခဲခဲ ၾကည့္ကာ ေအာ္လိုက္သည္။ တပ္သားမ်ားျဖင့္ ဖြဲ႕စည္းထားျခင္းသည္ ရန္သူ႕အင္အားကို အာ႐ုံစိုက္ထားရ၏။
ထို႔အျပင္ ကြၽန္စစ္သားတိုင္းသည္ မတူညီေသာ နည္းလမ္းျဖင့္ စစ္တပ္ဖြဲ႕စည္းျခင္းကို တည္ေထာင္ခဲ့ၾကၿပီး လု႐ႊမ္သည္ သူမည္သည့္ေနရာတြင္ ရပ္တည္ရမည္ကို မသိဘဲ ေျပးဝင္သြားေလသည္။
"ျမန္ျမန္လုပ္စမ္း!"
ေကာင္းေကာင္း မရပ္ေနရင္ ေမာ့ေကာင္း႐ႊမ္းသာ ျပန္ေကာင္းလာပါက သူတို႔အားလုံးအတြက္ အႏၱရာယ္ရွိလိမ့္မယ္။
ဤကြၽန္စစ္သား အုပ္စု သတိမထားမိခ်ိန္ လု႐ႊမ္၏ မ်က္လုံးမ်ားထဲတြင္ စူးရွေသာအလင္းတန္းတစ္ခု လင္းလက္လာၿပီး သူ႕တစ္ကိုယ္လုံးရွိ ဝိညာဥ္စြမ္းအားမ်ား ႐ုတ္႐ုတ္သဲသဲျဖင့္ ထြက္ေပၚလာကာ သူ႕အနားတြင္ တပ္ဖြဲ႕စည္းထားေသာ ကြၽန္စစ္သားတစ္စုကို ခ်က္ခ်င္းပင္ ဖုံးအုပ္လိုက္သည္။
ကြၽန္စစ္သား အုပ္စုကို စိတ္ဝိညာဥ္ စြမ္းအားျဖင့္ ဖိႏွိပ္ထားခ်ိန္တြင္ လု႐ႊမ္ လက္ထဲတြင္ ဓားရွည္တစ္ေခ်ာင္း ေပၚလာခဲ့သည္။
လူႏွင့္ဓား ေပါင္းစည္းမႈ!
ဓားရွည္သည္ မုန္တိုင္းလို အရွိန္အဟုန္ျဖင့္ အ႐ူးအမူး လႈပ္ရွားေနသည္။ သူ႕ပတ္ဝန္းက်င္ရွိ စစ္သည္တစ္စုကို လုံးလုံးလ်ားလ်ား ႏွိမ္ႏွင္းပစ္လိုက္သည္။ သူတို႔သည္ လုံးဝ မခုခံနိုင္ဘဲ ဓားရွည္ေအာက္မွာ အဆုံးသတ္သြားရေလသည္။
နဂါးႏွလုံးနဲ႕ ေပါင္းစည္းခဲ့ရာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၇အထိ ျမႇင့္တင္ခဲ့ကာ လူသားႏွင့္ ဓား ေပါင္းစပ္ျခင္း၏ ထူးျခားေသာ စြမ္းရည္ကို အသုံးျပဳ၍ လု႐ႊမ္၏ အရွိန္သည္ ေတြးၾကည့္လို႔ မရေအာင္ကို ျမန္ဆန္လြန္းလွသည္။
မ်က္စိတစ္မွိတ္ အတြင္းမွာပင္ ဖြဲ႕စည္းထားေသာ စစ္သည္မ်ား၏ မ်က္ခုံးၾကားတြင္ ေသြးတစ္စက္ ေပၚလာၿပီး ၎တို႔၏ မ်က္လုံးမ်ား ဗလာက်င္းသြားကာ နဖူးေပၚမွ ေသြးမ်ား စီးက်လာခဲ့သည္။
လု႐ႊမ္ အနီးဝန္းက်င္ရွိ စစ္သားမ်ားသည္ တစ္ခ်ိန္တည္းတြင္ ေျမျပင္ေပၚသို႔ လဲက်သြား၏။ ရပ္ေနသူ အားလုံးလည္း အံ့အားသင့္သြားၾကသည္။ လ်ိဳမိသားစုရဲ႕ ကြၽန္စစ္တပ္ သာမက ေမာ့ေကာင္း႐ႊမ္းလည္း နားမလည္ နိုင္ေလာက္ေအာင္ ေၾကာင္အေနမိသည္။
ၿပိဳင္ဘက္က ဘာေၾကာင့္ မ်က္စိတစ္မွိတ္အတြင္းမွာ စတင္ တိုက္ခိုက္ခဲ့တာလဲ? တခဏအတြင္းမွာပဲ သူတစ္ေယာက္တည္းပဲ က်န္ေတာ့တယ္ေလ။ ဒါက ဘာျဖစ္ေနတာလဲ?
"မင္းက ဘယ္သူလဲ!"
တိုက္ခိုက္မႈကို ၫႊန္ၾကားရသည့္ လ်ိဳမိသားစု၏ အႀကီးအကဲမွာ ေသြးအန္လုမတတ္ ေဒါသထြက္လာကာ ျပတ္ျပတ္သားသား ေမးလိုက္သည္။
"လု႐ႊမ္!"
အဓိပၸာယ္မဲ့ စကားေတြေျပာဖို႔ ပ်င္းလြန္းတဲ့ လု႐ႊမ္က ဆိုလိုက္သည္။ သူ႕ခႏၶာကိုယ္ကို တစ္ခ်က္ လႈပ္ရွားလိုက္တဲ့အခါ သူ႕ကိုယ္ေပၚက ခ်ပ္ဝတ္တန္ဆာက တိုက္ရိုက္ လြင့္ထြက္သြားၿပီး အသြင္စစ္က ေပၚလာခဲ့သည္။
"သခင္ေလး!"
ေမာ့ေကာင္း႐ႊမ္း သူ႕ေရွ႕က စစ္တပ္တြင္ က်န္ခဲ့ေသာ ေနာက္ဆုံးလူမွာ လု႐ႊမ္ ျဖစ္ေနတာကို ျမင္လိုက္ရေတာ့ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္သည္။
"သူေဌး! ဟားဟား... သူေဌး ေသမွာ မဟုတ္ဘူးဆိုတာ သိသားပဲ!"
အကာအကြယ္ အခင္းအက်င္းထဲက ဖက္တီးလည္း စိတ္လႈပ္ရွားစြာျဖင့္ ဝမ္းသာအားရ ထေအာ္လိုက္သည္။ ဟန္႐ႊယ္နဲ႕ အကာအကြယ္ထဲက လူေတြလည္း ဝမ္းသာသြားၾကသည္။
"လု႐ႊမ္ပဲ... သူ႕ကို သတ္လိုက္!"
လ်ိဳမိသားစုမွ တာဝန္ခံက ေအာ္လိုက္သည္။
ဒီစကားေတြ ေျပာၿပီးတာနဲ႕ လု႐ႊမ္က လွည့္ၿပီး သူ႕ကို ဓားကိုတစ္ခ်က္ ေဝ့ယမ္းလိုက္၏။ လ်ိဳမိသားစု၏ တာဝန္ခံသည္ သူ႕မ်က္လုံးမ်ားထဲ ေအးစက္သြားၿပီး လည္ေခ်ာင္းက နာက်င္လာတာကိုသာ ခံစားခဲ့ရသည္။ အဲဒီေနာက္ ခ်က္ခ်င္းပဲ အသက္ရႈသံေတြ ရပ္တန့္လာသလိုပင္ ျဖစ္လာသည္။
သူ႕လည္ေခ်ာင္းကို လက္ျဖင့္ အုပ္ထားတဲ့ တာဝန္ခံဟာ လု႐ႊမ္ကို ခက္ခက္ခဲခဲ လက္ညွိုးထိုးရင္း သူ႕မ်က္ႏွာေပၚတြင္ မေက်မနပ္ျဖစ္ေနေသာ အၾကည့္ျဖင့္သာ တုံ႕ျပန္နိုင္ခဲ့ၿပီး ေျမျပင္ေပၚ လဲက်သြားၿပီး အသက္ရႈရပ္သြားေတာ့သည္။
လု႐ႊမ္ကို သတ္ခ်င္တယ္လို႔ ေျပာၿပီးကတည္းက အသက္ရႈေတာင္ မဝလိုက္ေပ။
ကာကြယ္ေရး အခင္းအက်င္းကို တိုက္ခိုက္ဆဲ ျဖစ္ေသာ လ်ိဳမိသားစု၏ ကြၽန္စစ္သားမ်ားသည္ ဒီအျဖစ္အပ်က္ကို ျမင္ေတာ့ ၎တို႔၏ အမူအရာမ်ား သိသိသာသာ ေျပာင္းလဲသြားသည္။ စကားႏွစ္ခြန္းေတာင္ မေျပာဘဲ ခ်ိဳင့္ဝွမ္းထဲမွ ရိုင္းစိုင္းစြာ ေျပးထြက္သြားၾကေတာ့သည္။
လူတခ်ိဳ႕က ေျမျပင္ကို တိုက္ရိုက္ကန္ၿပီး ေကာင္းကင္ေပၚကို ခုန္တက္ၾကေလသည္။ သနားစရာ ေကာင္းတာက သူတို႔ ခုန္ထြက္ခါနီးမွာပဲ အေပၚကေန တစ္ေယာက္ၿပီး တစ္ေယာက္ ထိုးႏွက္ တိုက္ခိုက္ခံလိုက္ရၿပီး ျပန္လဲက်လာၾကေတာ့သည္။
လ်ိဳမိသားစု အေစာင့္ေတြက ကြၽန္စစ္သားေတြ လြတ္ေျမာက္ခ်င္ေနတာကို ျမင္လိုက္ရေတာ့ သူတို႔ကို ဓားစာခံအျဖစ္ ခ်န္ထားခဲ့လိုၾကသည္။ ထို႔ေၾကာင့္ ကြၽန္စစ္သားေတြကို ခ်န္ထားခဲ့ၿပီးေနာက္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ က်င့္ႀကံသူမ်ား ထြက္ေျပးသြားၾကေလသည္။
မၾကာခင္မွာပဲ ေမာ့ေကာင္း႐ႊမ္းနဲ႕ အတူ ဖက္တီးတို႔အဖြဲ႕လည္း အကာအကြယ္ အခင္းအက်င္းထဲက ထြက္လာၾကသည္။ လု႐ႊမ္ ေမာ့ေကာင္း႐ႊမ္းဆီ ေလွ်ာက္လာရင္း။
"မုယန္ဖုန္းနဲ႕ ေမာ့ခ်ဳံတို႔ေရာ?"
သူ႕အနားေရာက္လာတာကို ျမင္ေတာ့ ဖက္တီးက အကာအကြယ္ ပုံစံကို ခ်က္ခ်င္း ႐ုတ္သိမ္းလိုက္ၿပီး လု႐ႊမ္ဆီကို ေျပးလာခဲ့သည္။
"သူေဌး... စိတ္မပူပါနဲ႕ သူတို႔စစ္ကူေတြကို သြားေခၚၾကတာ!"
လု႐ႊမ္ရဲ႕ က်င့္ႀကံမႈအေျခခံက ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇ ျဖစ္ၿပီး အဆင့္သိပ္မျမင့္ေသာ္လည္း လု႐ႊမ္ ရွိေနရင္ သူ႕ကိုယ္သူ စိတ္ေအးလက္ေအး ျဖစ္သြားသလို ခံစားရသည္။
ေကာင္းကင္ႀကီး ၿပိဳလဲသြားရင္ေတာင္ ဒီလူငယ္ေလးေရွ႕မွာ ဘာမွမျဖစ္သလိုပင္။
"စစ္ကူေခၚတယ္??"
လု႐ႊမ္ အနည္းငယ္ အံ့ၾသသင့္သြားသည္။ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ သူတို႔ရဲ႕ စစ္ကူေတြ ရွိေနေသးတာလား။
"မုယန္ဖုန္းနဲ႕ ခ်န္စစ္ယန္တို႔က ေဆးဥယ်ာဥ္ကို သြားတယ္... ေလာင္ေခ်ာင္က ေမာ့ခ်ဳံကို သားရဲခန္းမဆီ ေခၚသြားတယ္"
ဖက္တီးက ၿပဳံးလ်က္ေျပာသည္။
"ေလာင္ေခ်ာင္?"
"ကြၽန္ေတာ့္ရဲ႕ ကိုယ္ရံေတာ္ပါ... ေခ်ာင္ဝူက်င္းလို႔ ေခၚတယ္"
ဖက္တီးက ျမန္ျမန္ပဲ ရွင္းျပလိုက္သည္။
လု႐ႊမ္လည္း ေခါင္းညိတ္လိုက္သည္။
သူတို႔ အဆင္ေျပေနသေ႐ြ႕ ေကာင္းပါ၏။ လက္ရွိ အေျခအေနက လ်ိဳမိသားစုရဲ႕ ကြၽန္စစ္တပ္ လက္ကေန ဘယ္လို ႐ုန္းထြက္ရမလဲ ဆိုတာပဲ။
ဦးေခါင္းထက္ရွိ ေက်ာက္နံရံေပၚရွိ ႐ုပ္ပုံမ်ားသည္ ေ႐ြ႕လ်ားေနၿပီး တစ္ဖက္ တစ္ခ်က္စီတြင္ရွိ ေက်ာက္နံရံေပၚတြင္လည္း တြက္ကပ္လာသူ က်င့္ႀကံသူမ်ား ပိုမိုမ်ားျပားလာတာကို ေတြ႕လိုက္ရသည္။
လု႐ႊမ္ သူနဲ႕ ေမာ့ေကာင္း႐ႊမ္းက အေပၚကေန ျဖတ္သြားနိုင္တယ္ ဆိုတာ ေကာင္းေကာင္း သိေပမယ့္ ဖက္တီးနဲ႕ ဟန္႐ႊယ္ကေတာ့ ဒုကၡေရာက္မွာပဲ။
"ငါက ေရွ႕ကတိုက္မယ္... ဖက္တီးက အလယ္မွာေန ေမာ့ေကာင္း႐ႊမ္းက အေနာက္မွာကေနလိုက္ အတူတူ တိုက္ခိုက္ရေအာင္!"
လ်ိဳမိသားစုရဲ႕ စစ္တပ္က အျပင္မွာ စည္း႐ုံးေနရဆဲဆိုတဲ့ အခ်က္ကို အခြင့္ေကာင္းယူၿပီး လု႐ႊမ္က အျမန္ ဆုံးျဖတ္လိုက္သည္။
"ေကာင္းၿပီ!" ဖက္တီး ခ်က္ခ်င္းပင္ သေဘာတူသည္။
"ဟုတ္ကဲ့ပါ သခင္ေလး!"
ေမာ့ေကာင္း႐ႊမ္းလည္း တည္တည္ၿငိမ္ၿငိမ္နဲ႕ ၾကည့္လ်က္ ဆိုလိုက္သည္။
ခ်ိဳင့္ဝွမ္းသို႔ သြားရာလမ္းတြင္ ေစာင့္ၾကပ္ေနေသာ လ်ိဳမိသားစု အားလုံး ေပ်ာက္ကြယ္သြားၾကသည္။ အေၾကာင္းမွာ လု႐ႊမ္သည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈ က်င့္ႀကံသူမ်ားကို ဓားတစ္ေခ်ာင္းတည္းျဖင့္ သတ္ျဖတ္ပစ္လိုက္ျခင္းေၾကာင့္ပင္။
ကြၽန္မ်ားသည္လည္း လူသားမ်ား ျဖစ္ေလသည္။ သူတို႔ေသရမွာကို သိေနမွေတာ့ ဒီေနရာမွာ ဘာလို႔မ်ား ရပ္ေနနိုင္ေတာ့မွာလဲ။