Chapter (44) Arc 4
ချိုင့်ဝှမ်းအတွင်းသို့
လုရွှမ် နှစ်နာရီလောက် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာပြီးနောက် ကျယ်ပြန့်သော တောင်တန်းတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ ယခုဆို မြို့ထောင်ချီမဟာမိတ်နဲ့ မိုင်ထောင်ချီ ဝေးကွာနေပြီ ဖြစ်သည်။
မော့ကောင်းရွှမ်း နှင့် အခြားသူတို့သည် သုံးရက်အတွင်း မိုင်ထောင်ပေါင်းများစွာ အမဲလိုက်ခြင်း ခံနေရသောကြောင့် ၎င်းတို့ အခြေအနေက ဆိုးရွားနေလောက်သည်။
ချိလော့တောင်သည် ကျယ်ပြောပြီး အကန့်အသတ် မရှိပေ။ တစ်ချက် ကြည့်လိုက်ရုံဖြင့် အဆုံးမသတ်နိုင်သော တောင်ထိပ်များစွာသည် မီတာသောင်းနှင့်ချီ မြင့်ကာ အံ့သြစရာကောင်းလောက်အောင် ဆင်တူလှသည်။
လုရွှမ် နတ်မျက်စိအမှတ်ကို ဖွင့်ထားပြီး ဖြစ်ကာ ကီလိုမီတာ ဒါဇင်များစွာ အကွာက တောင်ထွတ်တစ်ခုပေါ်က လူများစွာကို တွေ့မြင်နိုင်၏။ ၎င်းသည် လျိုမိသားစု၏ ကျွန်စစ်တပ်သာ ဖြစ်ရမည်။
ဖီးနစ် အတောင်ပံများကို အထပ်ထပ် ခါခတ်ကာ ထိုတောင်ထွတ်ဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ တောင်ထွတ်နှင့် နီးကပ်လာသောအခါ လုရွှမ် ဖီးနစ်အတောင်များကို ဖျောက်ထားလိုက်သည်။ ဖီးနစ်အတောင်တွေက ထင်ရှားလွန်းလို့ တခြားလူတွေ သူ့ရောက်လာမှန်း သိသွားနိုင်သည်။
တောင်ထိပ်ပေါ်ရှိ စိမ်းလန်းစိုပြေသော သစ်ပင်များ၏ အကူအညီဖြင့် လုရွှမ်သည် လျိုမိသားစု၏ စစ်တပ်ရှိရာ အရပ်သို့ လျင်မြန်စွာရောက်ရှိလာ၏။ မရောက်ခင် အဝေးမှလိုက်ကာ သူ့ရုပ်ကိုလည်း ဖျက်ထားလိုက်သည်။
ဖြည်းညှင်းစွာ လိုက်လာပြီး သိပ်မကြာခင်မှာ လုရွှမ်သည် လေပြင်း တိုက်ခတ်သွားသလို တခဏချင်း ပြေးထွက်သွား၏။
သူ့နောက်ကွယ်မှ လှုပ်ရှားမှုကို အာရုံခံမိလိုက်တဲ့ အဓိပတိနယ်ပယ်ရှိ ဤကျွန်စစ်သားသည် အလျင်အမြန် လှည့်ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်လိုက်ရဘဲ ရေခဲဂူထဲသို့ ကျသွားသလိုမျိုး ပြင်းထန်သော အင်အားဖြင့် ဖိနှိပ်ခံလိုက်ရကာ ပါးစပ်အပါအဝင် သူ့တစ်ကိုယ်လုံး မလှုပ်ရှားနိုင်ဘဲ ချက်ချင်းပင် အေးခဲသွားသည်။
စိတ်ဝိညာဉ်စွမ်းအားပင်!
လုရွှမ် သူ့လက်ကို ဆန့်တန်းကာ ကျွန်စစ်သား၏ ခေါင်းနောက်ကို ပွတ်သပ်ရင်း ဝိညာဉ်စွမ်းအားကို မြှင့်တင်လိုက်သည်။ ထိုကျွန်စစ်သားသည် အိပ်ပျော်နေပုံ ရသော်လည်း အမှန်တကယ်တော့ သူသည် လုံးဝသေဆုံးသွားပြီ ဖြစ်သည်။
လုရွှမ် ထိုလူရဲ့ အင်္ကျီတွေကို ပြောင်းလဲ ဝတ်ဆင်ထားလိုက်သည်။
"အစ်ကို.... အဲဒီလူတွေက ဘယ်မှာလဲ? ကျွန်တော်တို့ ရှာနေတာ ရက်အတော်ကြာပြီ... ဒီအတိုင်းဆက်သွားရင် လူတွေ မောပန်းပြီး သေကုန်လိမ့်မယ်"
လုရွှမ်က ကျွန်စစ်သား တစ်ယောက်ဆီ သွား၍ ညည်းညူလိုက်သည်။
“အဆင်ပြေပါတယ်”
ကျွန်စစ်သားက သူ့မျက်နှာပေါ်က အံ့သြတကြီး အကြည့်နဲ့ ပြန်ကြည့်လာ၏။ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ အနည်းဆုံး အဓိပတိနယ်ပယ် ရောက်တဲ့အခါ ရက်အနည်းငယ် လျှောက်ပြီးနောက် ပင်ပန်း နွမ်းနယ်နေတာက သိပ်တော့ မဟုတ်သေးချေ။
ထိုကျွန်စစ်သားက ဆက်ပြောလာ၏။
"အရိပ်လူသတ်ခန်းမက လူတွေက ကျွယ်ဂူချိုင့်ဝှမ်း တစ်ခုထဲမှာ ပိတ်မိနေကြတာတဲ့... ငါတို့က သူတို့ကို လေးဖက်လေးရံကနေ ပိတ်ဆို့ထားပြီး အပြင်ဘက်ကနေ စောင့်ကြည့်နေရမှာ...သူတို့ ထွက်လာတာနဲ့ ထွက်ပြေးမယ့် လမ်းကြောင်းကို ပိတ်ထားလိုက်ရုံပဲ"
ကျွန်တပ်သားများသည် အခြေခံအားဖြင့် တစ်ဦးနှင့်တစ်ဦး မတွေ့ဖူးကြသလို သိခဲလှသည်။
"ဒီအချိန်မှာ သူတို့ မလွတ်မြောက်နိုင်ဖို့ မျှော်လင့်တယ်... အဲဒါဆို ကျွန်တော်တို့ ဒီတောထဲမှာ နေစရာ မလိုတော့ဘူး"
လုရွှမ်က ခပ်မြန်မြန်ပဲ ထောက်ခံလိုက်သည်။
"မဟုတ်ဘူးလေ ညီလေး"
လုရွှမ်ကို ကြည့်ရင်း ကျွန်စစ်သားက ပိုလို့တောင် အံ့သြသွား၏။
"ကျွန်စခန်းထဲ ပြန်သွားရမှာပေါ့... အပြင်ထွက်ရတာ ပိုကောင်းတယ်လေ ပြန်သွားတာ ဘာအကျိုးရှိမှာလဲ"
လုရွှမ်သည် ဤလူအုပ်စု အားလုံးက ကျွန်များ ဖြစ်ကြောင်းကို မေ့သွားကာ ခဏတာ စကားမှားသွား၍ အံ့အားသင့်သွားသည်။
"အဲဒီလူတွေ ဘယ်မှာ ပိတ်မိနေတာလဲ"
လုရွှမ် မေးလိုက်သည်။
"အဲဒီဖက်ကို တစ်လျှောက်လုံး တည့်တည့် လျှောက်သွားလိုက်... လမ်းအဆုံးက ချိုင့်ဝှမ်းမှာ တွေ့လိမ့်မယ်"
ကျွန်စစ်သားက သိပ်သတိမထားမိဘဲ ဆိုလိုက်သည်။ အရိပ်လူသတ်ခန်းမထဲက လူတွေအကုန်လုံး အသတ်ခံခဲ့ရတယ်လို့ ပြောတဲ့အတွက် အဝိုင်းခံထားရတဲ့ သူတွေကလည်း ပိုက်ကွန်ထဲက ငါးတွေလို ဖြစ်နေပြီ။
"ကျွန်တော် သွားကြည့်လိုက်မယ်!"
လုရွှမ် ရယ်ပြီး ထိုဘက်ကို လျှောက်သွားလေ၏။
သူ့ရဲ့ ပြေးထွက်လာတဲ့ ပုံစံကို မြင်တော့ စစ်သားက ခေါင်းခါလေတော့သည်။
"ဒီကောင်သေဖို့ အလျင်လိုနေတာလား? အဲဒီလူတွေကို ဝိုင်းထားပေမယ့် တိုက်ပွဲက အရမ်းပြင်းထန်တယ်လို့ ကြားတယ်... ဒီလိုမြင်ကွင်းမျိုးက ငါတို့လို အဓိပတိနယ်ပယ်တွေ လုံးဝ ဝင်ရောလို့ မရဘူး"
လမ်းတစ်လျှောက် တွေ့မြင်သမျှ ကျွန်တပ်သားများသည် လျိုမိသားစု ကျွန်ဈေးကွက်ထဲက လူများဖြစ်လေသည်။ ကျွန်များကို အထူးနည်းလမ်းဖြင့် ထိန်းချုပ်ထားကာ သူတို့၏ အသက်နှင့် သေခြင်းကိုလည်း လျိုမိသားစုက လုံးလုံးလျားလျား ထိန်းချုပ်ထားသည်။
ဤလူများသည် လျိုမိသားစု၏ အမိန့်ကို မနာခံဘဲ မနေရဲသလို အာခံရဲတဲ့ သတ္တိမရှိကြပေ။ မရေမတွက်နိုင်သော လူများဟာ လုရွှမ် ဖြတ်လာတာကို တွေ့လိုက်ကြပေမယ့် မေးခွန်းတွေ မမေးသလို တားလည်း မတားကြပေ။
မကြာမီတွင် လုရွှမ်၏ မျက်စိရှေ့တွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ နယ်ပယ်က လူတွေ ချိုင့်ဝှမ်းတစ်ခု၏ အဝင်ဝ တစ်ဝိုက်တွင် စုရုံးကြနေပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးနေသံများကို နက်ရှိုင်းစွာ ကြားလိုက်ရသည်။
လူအုပ်ကြီးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ နောက်ကျောဘက်သို့ ရောက်သွားသည်။ မကြာမီတွင် ချိုင့်ဝှမ်း အဝင်ဝတွင် ရပ်နေသော ကျင့်ကြံသူတစ်ယောက် ထွက်လာ၏။
"မင်းတို့တွေ... ဝင်သွား!"
စကားပြော သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူဖြစ်ကာ ကျွန်စစ်သား ရှစ်ဦးကို ရွေးချယ်လိုက်သည်။ လုရွှမ်ကို တွေ့တော့ ထိုလူက သိသိသာသာ အံ့သြသွားခဲ့သည်။
ဤနေရာ၌ ရပ်တည်နိုင်သူများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈တွင် ရှိကြသည်။ အဆင့်၇က ဘယ်အချိန်က ရုတ်တရက် ပေါ်လာပါလိမ့်။ ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့ ဒီကျေးကျွန်တွေဟာ အမြောက်စာတွေပဲလို့ သိပ်ဂရုမစိုက်ခဲ့ဘူး။
"ဟုတ်ကဲ့!"
လုရွှမ် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ကျွန်စစ်သား တချို့နောက်မှ လိုက်ကာ ချိုင့်ဝှမ်းဆီသို့ လျှောက်သွားလိုက်သည်။
"မင်းတို့တွေ ဒီကိုလာခဲ့!"
သူတို့ဝင်သွားတာကို မြင်တော့ အစောကလူကြီးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ လူတစ်ခုကို ထပ်ခေါ်လိုက်သည်။ အဆင့်၈ ဆိုတာက တော်ဝင်အင်ပါယာမှာ ထိပ်တန်း ဆိုသော်လည်း ဧကရာဇ်အင်ပါယာမှာတော့ ဘာမှမဟုတ်ချေ။
လျိုမိသားစုသည် အထက် ဧကရာဇ်အင်ပါယာ၏ တပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိပြီး အဆင့်၈ ကျင့်ကြံသူဖြစ်တဲ့ ကျွန်များလည်း ပြတ်တောက်မှု မရှိပေ။ နောက်ဆုံးတွင် ဧကရာဇ်အင်ပါယာများကြားက စစ်ပွဲများတွင် အဆင့်၈ သုံ့ပန်းများက အရေအတွက် များတယ်လေ။
အဆင့်၈ ကျွန်စစ်သား အနည်းငယ် နောက်ကိုလိုက်ကင်း လမ်းတစ်လျှောက်တွင် အလောင်းများစွာ လဲလျောင်းနေတာကို မြင်တွေ့ရပြီး တိုက်ပွဲက အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့ပုံပင်။
ချိုင့်ဝှမ်း၏ နှစ်ဘက်စလုံးတွင် မြင့်မားသော ကျောက်နံရံများ ရှိပြီး အလယ်တွင် ဆယ်မီတာကျော် ကျယ်သော လမ်းတစ်ခု ရှိသည်။ တစ်ချက်ကြည့်လိုက်ရင်ကို ကျင့်ကြံသူများက နေရာတိုင်းတွင် ရှိနေသည်။
အရှေ့ဖက်က တိုက်ပွဲသံများက ပိုမိုရှင်းလင်းလာသည်။
ထိုအချိန်တွင် အရှေ့မှ ကျွန်စစ်သားများသည် ရုတ်တရက် ရပ်တန့်သွားကာ ပထမလူက လုရွှမ်ကို လှည့်ကြည့်လိုက်ရင်း သူ့မျက်လုံးများ တောက်ပသွား၏။
လုရွှမ် မျက်မှောင်ကြုတ်သွား၏။ သူဝင်လာတာကို ဒီလူတွေ ရှာတွေ့သွားတာ ဖြစ်နိုင်ပါ့မလား။
"မင်း!" ခေါင်းဆောင်က လုရွှမ်ကို ရုတ်တရက် လက်ညှိုးထိုးပြပြီး
"ရှေ့ထွက်လာခဲ့!"
တိုက်ခိုက်လိုသော စိတ်ကို ခဏလောက် ပြန်ထိန်းလိုက်သည်။ မော့ကောင်းရွှမ်း နှင့် အခြားသူများကို မတွေ့ရသေးဘဲ သူမည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ရန် အဆင်မပြေပေ။
"ဘာဖြစ်လို့လဲ"
လုရွှမ် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ တစ်ဖက်လူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈လေးသာ ဖြစ်ပြီး သူ့ရဲ့ကြောက်ရွံ့မှုနှင့် မထိုက်တန်ပေ။
"ကောင်လေး... မင်းရှေ့ကိုလာခဲ့"
ထိုလူက လုရွှမ်ကို ပြင်းထန်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ တိုက်ပွဲ၏ နယ်ပယ်ထဲသို့ ဝင်တော့မည် ဖြစ်၍ ဤလူက လုရွှမ်ကို ဒိုင်းကာအဖြစ်သုံးရန် သူ့ရှေ့တွင် မတ်တပ်ရပ်စေလိုသည်မှာ ထင်ရှားပါသည်။
"ငါရှေ့မှာရပ်နိုင်တယ် ဒါပေမဲ့ မင်းငါ့ နောက်ကျောကို ဓားနဲ့ မထိုးရဘူး"
လုရွှမ်က အနည်းငယ် စိတ်လှုပ်ရှားဟန် ဆောင်၍ ဆိုလေသည်။
"ဟားဟား!" ထိုအဆင့်၈ ကျွန်တပ်သားက ရယ်မောလိုက်ကာ။
"စိတ်မပူပါနဲ့... မင်းကို ဓားနဲ့ထိုးချင်ရင် ငါတို့ မင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ပြီပေါ့!"
စကားအများကြီး မပြောချင်တော့တဲ့ လုရွှမ်ကလည်း ခေါင်းညိတ်လိုက်သည်။ သူအရမ်း နာခံနေတာကို မြင်လိုက်ရတော့ ကျွန်တပ်သားက အရမ်းကို ဂုဏ်ယူနေတော့သည်။
လုရွှမ် သူ့ရဲ့ အထောက်အထားတွေကို ထုတ်ဖော်ပြီး မလိုအပ်တဲ့ ပြဿနာတွေကို မပြသရွေ့တော့ သူတို့ရဲ့ လုပ်ရပ်တွေကို ဂရုမစိုက်ချင်ပေ။ မော့ကောင်းရွှမ်း နဲ့ တခြားသူတွေကို တွေ့တဲ့အခါမှ သူတို့နောက်ကွယ်က ဒီလူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်နိုင်တယ်လေ။
Chapter (44) Arc 4
ခ်ိဳင့္ဝွမ္းအတြင္းသို႔
လု႐ႊမ္ ႏွစ္နာရီေလာက္ အရွိန္ျပင္းျပင္းျဖင့္ ပ်ံသန္းလာၿပီးေနာက္ က်ယ္ျပန႔္ေသာ ေတာင္တန္းတစ္ခု သူ႕မ်က္စိေရွ႕တြင္ ေပၚလာသည္။ ယခုဆို ၿမိဳ႕ေထာင္ခ်ီမဟာမိတ္နဲ႕ မိုင္ေထာင္ခ်ီ ေဝးကြာေနၿပီ ျဖစ္သည္။
ေမာ့ေကာင္း႐ႊမ္း ႏွင့္ အျခားသူတို႔သည္ သုံးရက္အတြင္း မိုင္ေထာင္ေပါင္းမ်ားစြာ အမဲလိုက္ျခင္း ခံေနရေသာေၾကာင့္ ၎တို႔ အေျခအေနက ဆိုး႐ြားေနေလာက္သည္။
ခ်ိေလာ့ေတာင္သည္ က်ယ္ေျပာၿပီး အကန႔္အသတ္ မရွိေပ။ တစ္ခ်က္ ၾကည့္လိုက္႐ုံျဖင့္ အဆုံးမသတ္နိုင္ေသာ ေတာင္ထိပ္မ်ားစြာသည္ မီတာေသာင္းႏွင့္ခ်ီ ျမင့္ကာ အံ့ၾသစရာေကာင္းေလာက္ေအာင္ ဆင္တူလွသည္။
လု႐ႊမ္ နတ္မ်က္စိအမွတ္ကို ဖြင့္ထားၿပီး ျဖစ္ကာ ကီလိုမီတာ ဒါဇင္မ်ားစြာ အကြာက ေတာင္ထြတ္တစ္ခုေပၚက လူမ်ားစြာကို ေတြ႕ျမင္နိုင္၏။ ၎သည္ လ်ိဳမိသားစု၏ ကြၽန္စစ္တပ္သာ ျဖစ္ရမည္။
ဖီးနစ္ အေတာင္ပံမ်ားကို အထပ္ထပ္ ခါခတ္ကာ ထိုေတာင္ထြတ္ဆီသို႔ လ်င္ျမန္စြာ ပ်ံသန္းလာခဲ့သည္။ ေတာင္ထြတ္ႏွင့္ နီးကပ္လာေသာအခါ လု႐ႊမ္ ဖီးနစ္အေတာင္မ်ားကို ေဖ်ာက္ထားလိုက္သည္။ ဖီးနစ္အေတာင္ေတြက ထင္ရွားလြန္းလို႔ တျခားလူေတြ သူ႕ေရာက္လာမွန္း သိသြားနိုင္သည္။
ေတာင္ထိပ္ေပၚရွိ စိမ္းလန္းစိုေျပေသာ သစ္ပင္မ်ား၏ အကူအညီျဖင့္ လု႐ႊမ္သည္ လ်ိဳမိသားစု၏ စစ္တပ္ရွိရာ အရပ္သို႔ လ်င္ျမန္စြာေရာက္ရွိလာ၏။ မေရာက္ခင္ အေဝးမွလိုက္ကာ သူ႕႐ုပ္ကိုလည္း ဖ်က္ထားလိုက္သည္။
ျဖည္းညွင္းစြာ လိုက္လာၿပီး သိပ္မၾကာခင္မွာ လု႐ႊမ္သည္ ေလျပင္း တိုက္ခတ္သြားသလို တခဏခ်င္း ေျပးထြက္သြား၏။
သူ႕ေနာက္ကြယ္မွ လႈပ္ရွားမႈကို အာ႐ုံခံမိလိုက္တဲ့ အဓိပတိနယ္ပယ္ရွိ ဤကြၽန္စစ္သားသည္ အလ်င္အျမန္ လွည့္ၾကည့္လိုက္ေသာ္လည္း ဘာကိုမွ မျမင္လိုက္ရဘဲ ေရခဲဂူထဲသို႔ က်သြားသလိုမ်ိဳး ျပင္းထန္ေသာ အင္အားျဖင့္ ဖိႏွိပ္ခံလိုက္ရကာ ပါးစပ္အပါအဝင္ သူ႕တစ္ကိုယ္လုံး မလႈပ္ရွားနိုင္ဘဲ ခ်က္ခ်င္းပင္ ေအးခဲသြားသည္။
စိတ္ဝိညာဥ္စြမ္းအားပင္!
လု႐ႊမ္ သူ႕လက္ကို ဆန႔္တန္းကာ ကြၽန္စစ္သား၏ ေခါင္းေနာက္ကို ပြတ္သပ္ရင္း ဝိညာဥ္စြမ္းအားကို ျမႇင့္တင္လိုက္သည္။ ထိုကြၽန္စစ္သားသည္ အိပ္ေပ်ာ္ေနပုံ ရေသာ္လည္း အမွန္တကယ္ေတာ့ သူသည္ လုံးဝေသဆုံးသြားၿပီ ျဖစ္သည္။
လု႐ႊမ္ ထိုလူရဲ႕ အကၤ်ီေတြကို ေျပာင္းလဲ ဝတ္ဆင္ထားလိုက္သည္။
"အစ္ကို.... အဲဒီလူေတြက ဘယ္မွာလဲ? ကြၽန္ေတာ္တို႔ ရွာေနတာ ရက္အေတာ္ၾကာၿပီ... ဒီအတိုင္းဆက္သြားရင္ လူေတြ ေမာပန္းၿပီး ေသကုန္လိမ့္မယ္"
လု႐ႊမ္က ကြၽန္စစ္သား တစ္ေယာက္ဆီ သြား၍ ညည္းၫူလိုက္သည္။
အဆင္ေျပပါတယ္
ကြၽန္စစ္သားက သူ႕မ်က္ႏွာေပၚက အံ့ၾသတႀကီး အၾကည့္နဲ႕ ျပန္ၾကည့္လာ၏။ က်င့္ႀကံသူ တစ္ေယာက္အေနနဲ႕ အနည္းဆုံး အဓိပတိနယ္ပယ္ ေရာက္တဲ့အခါ ရက္အနည္းငယ္ ေလွ်ာက္ၿပီးေနာက္ ပင္ပန္း ႏြမ္းနယ္ေနတာက သိပ္ေတာ့ မဟုတ္ေသးေခ်။
ထိုကြၽန္စစ္သားက ဆက္ေျပာလာ၏။
"အရိပ္လူသတ္ခန္းမက လူေတြက ကြၽယ္ဂူခ်ိဳင့္ဝွမ္း တစ္ခုထဲမွာ ပိတ္မိေနၾကတာတဲ့... ငါတို႔က သူတို႔ကို ေလးဖက္ေလးရံကေန ပိတ္ဆို႔ထားၿပီး အျပင္ဘက္ကေန ေစာင့္ၾကည့္ေနရမွာ...သူတို႔ ထြက္လာတာနဲ႕ ထြက္ေျပးမယ့္ လမ္းေၾကာင္းကို ပိတ္ထားလိုက္႐ုံပဲ"
ကြၽန္တပ္သားမ်ားသည္ အေျခခံအားျဖင့္ တစ္ဦးႏွင့္တစ္ဦး မေတြ႕ဖူးၾကသလို သိခဲလွသည္။
"ဒီအခ်ိန္မွာ သူတို႔ မလြတ္ေျမာက္နိုင္ဖို႔ ေမွ်ာ္လင့္တယ္... အဲဒါဆို ကြၽန္ေတာ္တို႔ ဒီေတာထဲမွာ ေနစရာ မလိုေတာ့ဘူး"
လု႐ႊမ္က ခပ္ျမန္ျမန္ပဲ ေထာက္ခံလိုက္သည္။
"မဟုတ္ဘူးေလ ညီေလး"
လု႐ႊမ္ကို ၾကည့္ရင္း ကြၽန္စစ္သားက ပိုလို႔ေတာင္ အံ့ၾသသြား၏။
"ကြၽန္စခန္းထဲ ျပန္သြားရမွာေပါ့... အျပင္ထြက္ရတာ ပိုေကာင္းတယ္ေလ ျပန္သြားတာ ဘာအက်ိဳးရွိမွာလဲ"
လု႐ႊမ္သည္ ဤလူအုပ္စု အားလုံးက ကြၽန္မ်ား ျဖစ္ေၾကာင္းကို ေမ့သြားကာ ခဏတာ စကားမွားသြား၍ အံ့အားသင့္သြားသည္။
"အဲဒီလူေတြ ဘယ္မွာ ပိတ္မိေနတာလဲ"
လု႐ႊမ္ ေမးလိုက္သည္။
"အဲဒီဖက္ကို တစ္ေလွ်ာက္လုံး တည့္တည့္ ေလွ်ာက္သြားလိုက္... လမ္းအဆုံးက ခ်ိဳင့္ဝွမ္းမွာ ေတြ႕လိမ့္မယ္"
ကြၽန္စစ္သားက သိပ္သတိမထားမိဘဲ ဆိုလိုက္သည္။ အရိပ္လူသတ္ခန္းမထဲက လူေတြအကုန္လုံး အသတ္ခံခဲ့ရတယ္လို႔ ေျပာတဲ့အတြက္ အဝိုင္းခံထားရတဲ့ သူေတြကလည္း ပိုက္ကြန္ထဲက ငါးေတြလို ျဖစ္ေနၿပီ။
"ကြၽန္ေတာ္ သြားၾကည့္လိုက္မယ္!"
လု႐ႊမ္ ရယ္ၿပီး ထိုဘက္ကို ေလွ်ာက္သြားေလ၏။
သူ႕ရဲ႕ ေျပးထြက္လာတဲ့ ပုံစံကို ျမင္ေတာ့ စစ္သားက ေခါင္းခါေလေတာ့သည္။
"ဒီေကာင္ေသဖို႔ အလ်င္လိုေနတာလား? အဲဒီလူေတြကို ဝိုင္းထားေပမယ့္ တိုက္ပြဲက အရမ္းျပင္းထန္တယ္လို႔ ၾကားတယ္... ဒီလိုျမင္ကြင္းမ်ိဳးက ငါတို႔လို အဓိပတိနယ္ပယ္ေတြ လုံးဝ ဝင္ေရာလို႔ မရဘူး"
လမ္းတစ္ေလွ်ာက္ ေတြ႕ျမင္သမွ် ကြၽန္တပ္သားမ်ားသည္ လ်ိဳမိသားစု ကြၽန္ေဈးကြက္ထဲက လူမ်ားျဖစ္ေလသည္။ ကြၽန္မ်ားကို အထူးနည္းလမ္းျဖင့္ ထိန္းခ်ဳပ္ထားကာ သူတို႔၏ အသက္ႏွင့္ ေသျခင္းကိုလည္း လ်ိဳမိသားစုက လုံးလုံးလ်ားလ်ား ထိန္းခ်ဳပ္ထားသည္။
ဤလူမ်ားသည္ လ်ိဳမိသားစု၏ အမိန႔္ကို မနာခံဘဲ မေနရဲသလို အာခံရဲတဲ့ သတၱိမရွိၾကေပ။ မေရမတြက္နိုင္ေသာ လူမ်ားဟာ လု႐ႊမ္ ျဖတ္လာတာကို ေတြ႕လိုက္ၾကေပမယ့္ ေမးခြန္းေတြ မေမးသလို တားလည္း မတားၾကေပ။
မၾကာမီတြင္ လု႐ႊမ္၏ မ်က္စိေရွ႕တြင္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ နယ္ပယ္က လူေတြ ခ်ိဳင့္ဝွမ္းတစ္ခု၏ အဝင္ဝ တစ္ဝိုက္တြင္ စု႐ုံးၾကေနၿပီး တိုးတိုးတိတ္တိတ္ ေဆြးႏြေးေနသံမ်ားကို နက္ရွိုင္းစြာ ၾကားလိုက္ရသည္။
လူအုပ္ႀကီးဆီသို႔ ျဖည္းညွင္းစြာ ခ်ဥ္းကပ္လာကာ ေနာက္ေက်ာဘက္သို႔ ေရာက္သြားသည္။ မၾကာမီတြင္ ခ်ိဳင့္ဝွမ္း အဝင္ဝတြင္ ရပ္ေနေသာ က်င့္ႀကံသူတစ္ေယာက္ ထြက္လာ၏။
"မင္းတို႔ေတြ... ဝင္သြား!"
စကားေျပာ သူသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈ က်င့္ႀကံသူျဖစ္ကာ ကြၽန္စစ္သား ရွစ္ဦးကို ေ႐ြးခ်ယ္လိုက္သည္။ လု႐ႊမ္ကို ေတြ႕ေတာ့ ထိုလူက သိသိသာသာ အံ့ၾသသြားခဲ့သည္။
ဤေနရာ၌ ရပ္တည္နိုင္သူမ်ားသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈တြင္ ရွိၾကသည္။ အဆင့္၇က ဘယ္အခ်ိန္က ႐ုတ္တရက္ ေပၚလာပါလိမ့္။ ဒါေပမဲ့ သူ႕မ်က္လုံးထဲမွာေတာ့ ဒီေက်းကြၽန္ေတြဟာ အေျမာက္စာေတြပဲလို႔ သိပ္ဂ႐ုမစိုက္ခဲ့ဘူး။
"ဟုတ္ကဲ့!"
လု႐ႊမ္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ ကြၽန္စစ္သား တခ်ိဳ႕ေနာက္မွ လိုက္ကာ ခ်ိဳင့္ဝွမ္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။
"မင္းတို႔ေတြ ဒီကိုလာခဲ့!"
သူတို႔ဝင္သြားတာကို ျမင္ေတာ့ အေစာကလူႀကီးက ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈ လူတစ္ခုကို ထပ္ေခၚလိုက္သည္။ အဆင့္၈ ဆိုတာက ေတာ္ဝင္အင္ပါယာမွာ ထိပ္တန္း ဆိုေသာ္လည္း ဧကရာဇ္အင္ပါယာမွာေတာ့ ဘာမွမဟုတ္ေခ်။
လ်ိဳမိသားစုသည္ အထက္ ဧကရာဇ္အင္ပါယာ၏ တပ္ဖြဲ႕မ်ားႏွင့္ အဆက္အသြယ္ရွိၿပီး အဆင့္၈ က်င့္ႀကံသူျဖစ္တဲ့ ကြၽန္မ်ားလည္း ျပတ္ေတာက္မႈ မရွိေပ။ ေနာက္ဆုံးတြင္ ဧကရာဇ္အင္ပါယာမ်ားၾကားက စစ္ပြဲမ်ားတြင္ အဆင့္၈ သုံ႕ပန္းမ်ားက အေရအတြက္ မ်ားတယ္ေလ။
အဆင့္၈ ကြၽန္စစ္သား အနည္းငယ္ ေနာက္ကိုလိုက္ကင္း လမ္းတစ္ေလွ်ာက္တြင္ အေလာင္းမ်ားစြာ လဲေလ်ာင္းေနတာကို ျမင္ေတြ႕ရၿပီး တိုက္ပြဲက အလြန္စိတ္လႈပ္ရွားဖြယ္ ေကာင္းခဲ့ပုံပင္။
ခ်ိဳင့္ဝွမ္း၏ ႏွစ္ဘက္စလုံးတြင္ ျမင့္မားေသာ ေက်ာက္နံရံမ်ား ရွိၿပီး အလယ္တြင္ ဆယ္မီတာေက်ာ္ က်ယ္ေသာ လမ္းတစ္ခု ရွိသည္။ တစ္ခ်က္ၾကည့္လိုက္ရင္ကို က်င့္ႀကံသူမ်ားက ေနရာတိုင္းတြင္ ရွိေနသည္။
အေရွ႕ဖက္က တိုက္ပြဲသံမ်ားက ပိုမိုရွင္းလင္းလာသည္။
ထိုအခ်ိန္တြင္ အေရွ႕မွ ကြၽန္စစ္သားမ်ားသည္ ႐ုတ္တရက္ ရပ္တန႔္သြားကာ ပထမလူက လု႐ႊမ္ကို လွည့္ၾကည့္လိုက္ရင္း သူ႕မ်က္လုံးမ်ား ေတာက္ပသြား၏။
လု႐ႊမ္ မ်က္ေမွာင္ၾကဳတ္သြား၏။ သူဝင္လာတာကို ဒီလူေတြ ရွာေတြ႕သြားတာ ျဖစ္နိုင္ပါ့မလား။
"မင္း!" ေခါင္းေဆာင္က လု႐ႊမ္ကို ႐ုတ္တရက္ လက္ညွိုးထိုးျပၿပီး
"ေရွ႕ထြက္လာခဲ့!"
တိုက္ခိုက္လိုေသာ စိတ္ကို ခဏေလာက္ ျပန္ထိန္းလိုက္သည္။ ေမာ့ေကာင္း႐ႊမ္း ႏွင့္ အျခားသူမ်ားကို မေတြ႕ရေသးဘဲ သူမည္သူမည္ဝါ ျဖစ္ေၾကာင္း ထုတ္ေဖာ္ရန္ အဆင္မေျပေပ။
"ဘာျဖစ္လို႔လဲ"
လု႐ႊမ္ ေပါ့ေပါ့ပါးပါး ေမးလိုက္သည္။ တစ္ဖက္လူက ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ေလးသာ ျဖစ္ၿပီး သူ႕ရဲ႕ေၾကာက္႐ြံ႕မႈႏွင့္ မထိုက္တန္ေပ။
"ေကာင္ေလး... မင္းေရွ႕ကိုလာခဲ့"
ထိုလူက လု႐ႊမ္ကို ျပင္းထန္စြာ စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။ တိုက္ပြဲ၏ နယ္ပယ္ထဲသို႔ ဝင္ေတာ့မည္ ျဖစ္၍ ဤလူက လု႐ႊမ္ကို ဒိုင္းကာအျဖစ္သုံးရန္ သူ႕ေရွ႕တြင္ မတ္တပ္ရပ္ေစလိုသည္မွာ ထင္ရွားပါသည္။
"ငါေရွ႕မွာရပ္နိုင္တယ္ ဒါေပမဲ့ မင္းငါ့ ေနာက္ေက်ာကို ဓားနဲ႕ မထိုးရဘူး"
လု႐ႊမ္က အနည္းငယ္ စိတ္လႈပ္ရွားဟန္ ေဆာင္၍ ဆိုေလသည္။
"ဟားဟား!" ထိုအဆင့္၈ ကြၽန္တပ္သားက ရယ္ေမာလိုက္ကာ။
"စိတ္မပူပါနဲ႕... မင္းကို ဓားနဲ႕ထိုးခ်င္ရင္ ငါတို႔ မင္းကို ဒီမွာပဲ အဆုံးသတ္လိုက္ၿပီေပါ့!"
စကားအမ်ားႀကီး မေျပာခ်င္ေတာ့တဲ့ လု႐ႊမ္ကလည္း ေခါင္းညိတ္လိုက္သည္။ သူအရမ္း နာခံေနတာကို ျမင္လိုက္ရေတာ့ ကြၽန္တပ္သားက အရမ္းကို ဂုဏ္ယူေနေတာ့သည္။
လု႐ႊမ္ သူ႕ရဲ႕ အေထာက္အထားေတြကို ထုတ္ေဖာ္ၿပီး မလိုအပ္တဲ့ ျပႆနာေတြကို မျပသေ႐ြ႕ေတာ့ သူတို႔ရဲ႕ လုပ္ရပ္ေတြကို ဂ႐ုမစိုက္ခ်င္ေပ။ ေမာ့ေကာင္း႐ႊမ္း နဲ႕ တျခားသူေတြကို ေတြ႕တဲ့အခါမွ သူတို႔ေနာက္ကြယ္က ဒီလူေတြကို ညွဥ္းပန္းႏွိပ္စက္ၿပီး သတ္ပစ္နိုင္တယ္ေလ။