ပြန်လည်မွေးဖွားလာသောဧကရာဇ် (b...

By hinnthawethadar

34.6K 3.7K 36

Arc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ More

Arc 3🗡161🗡တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်
Arc 3🗡162🗡လုရွှမ်ပါးစပ်ဖွင့်ပြီ
Arc 3🗡163🗡အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)
Arc 3🗡164🗡အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)
Arc 3🗡165🗡ရှေးဟောင်းမြို့ထဲဝင်ပြီ
Arc 3🗡166🗡ရတနာမှန်သမျှ ငါ့လက်ထဲမှာ စုစည်းစေ (ပထမပိုင်း)
Arc 3🗡167🗡ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)
Arc 3🗡168🗡ရှောင်းချင်ထျန်း မျက်နှာပျက်သွားပြီ
Arc 3🗡169🗡လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)
Arc 3🗡170🗡လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)
Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)
Arc 3🗡172🗡ရတနာထွက်လာပြီ (ဒုတိယပိုင်း)
Arc 3🗡173🗡နတ်ဘုရားလက်ဝါး
Arc 3🗡174🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)
Arc 3🗡175🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)
Arc 3🗡176🗡ရှန့်ခုန်းမြေပုံ
Arc 3🗡177🗡ဝူအဆင့်၁၀ (ပထမပိုင်း)
Arc 3🗡178🗡ဝူအဆင့်၁၀ (ဒုတိယပိုင်း)
Arc 3🗡179🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်
Arc 3🗡180🗡စောင့်ဆိုင်းခြင်း (ပထမပိုင်း)
Arc 3🗡181🗡စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡182🗡အဆိပ်ခတ်ထားတာလား?
Arc 3🗡183🗡ဧရာမအလှည့်အပြောင်း (ပထမပိုင်း)
Arc 3🗡184🗡ဧရာမအလှည့်အပြောင်း (ဒုတိယပိုင်း)
Arc 3🗡185🗡ရှေးဟောင်းသစ်ရွက်စိမ်း
Arc 3🗡186🗡အရွက်စိမ်းသစ်ပင်ရဲ့ နှလုံးသား
Arc 3🗡187🗡သန့်စင်ခြင်း
Arc 3🗡188🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)
Arc 3🗡189🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡190🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (တတိယပိုင်း)
Arc 3🗡191🗡ယင်းယန်အမိန့်
Arc 3🗡192🗡တကယ်ပဲ အရမ်းရက်စက်တာလား?
Arc 3🗡193🗡ယင်းယန်ရေကန်ထဲဝင်ခြင်း
Arc 3🗡194🗡 ဧရိယာ၃
Arc 3🗡195🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင်၄ ကျိုချင်းနယ်ပယ်
Arc 3🗡196🗡ငါလည်း သူ့ကို သတ်ချင်တယ်!
Arc 3🗡197🗡အားကြီးသော တောင်​ဖောက်နဂါး (ပထမပိုင်း)
Arc 3🗡198🗡အားကြီးသောတောင်ဖောက်နဂါး (ဒုတိယပိုင်း)
Arc 3🗡199🗡အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)
Arc 3🗡200🗡အားလုံးကို သတ်ပစ်လိုက်တာ!
Arc 3🗡201🗡စိတ်စွမ်းအား ၁၅
Arc 3🗡202🗡 ကျောင်းအုပ်ကြီးကိုကန်ကျောက်ခြင်း
Arc 3🗡203🗡အိုးယန်ရွှမ်းကို သတ်လိုက်
Arc 3🗡204🗡စစ်သေနာပတိဟူရှောက်ကို သတ်ပစ်ပြီ
Arc 3🗡205🗡မင်းသမီးလော့ရုံရဲ့ ခန့်မှန်းချက်
Arc 3🗡206🗡ကျန်းရှောက်ချန်ပြန်လာပြီ
Arc 3🗡207🗡အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား
Arc 3🗡208🗡ရှောင်းမိသားစုကလူများ
Arc 3🗡209🗡ဟန်ရောင်ရဲ့ဆရာ
Arc 3🗡210🗡စိန်ခေါ်စာ
Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ
Arc 3🗡212🗡ဝှက်ဖဲကဘာလဲ?
Arc 3🗡213🗡ပြိုင်ပွဲစင်မြင့်
Arc 3🗡214🗡လှောင်အိမ် စွမ်းအင်လမ်းကြောင်း
Arc 3🗡215🗡တောင့်တင်းမှုမှ ပျော့ပျောင်းမှုသို့
Arc 3🗡216🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ပထမပိုင်း)
Arc 3🗡217🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ဒုတိယပိုင်း)
Arc 3🗡218🗡အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)
Arc 3🗡219🗡စိတ်စွမ်းအား ၁၆
Arc 3🗡220🗡အရှက်မရှိကြသူများ
Arc 3🗡221🗡ကာကွယ်မှု အခင်းအကျင်းကြီး
Arc 3🗡222🗡ထပ်ခါထပ်ခါ သတ်ပြီ
Arc 3🗡223🗡ပျံသန်းသွားခြင်း
Arc 3🗡224🗡ဘိုးဘေးများကိုအံ့သြစေသူ
Arc 3🗡225🗡ရတနာအခန်း
Arc 3🗡226🗡နဂါးရုပ်တု
Arc 3🗡227🗡စစ်သူရဲများ
Arc 3🗡228🗡ကျောင်းအုပ်အသစ်
Arc 3🗡229🗡ထွက်ခွာရန်ပြင်ဆင်ခြင်း
Arc 3🗡230🗡တိမ်တိုက်ငှက်
Arc 4🗡1🗡တြိဂံဧရိယာ
Arc 4🗡2🗡မှော်တစ်ထောင်စံအိမ်
Arc 4🗡3🗡ဓားအပိုင်းအစ
Arc 4🗡4🗡ရှီးမန်ကျွင့်
Arc 4🗡5🗡သတ်ဖြတ်ပြီ
Arc 4🗡6🗡အရိပ်လူသတ်ခန်းမ
Arc 4🗡7🗡တံခါးဝကို ရောက်ရှိခြင်း
Arc 4🗡8🗡အစိမ်းရောင်ဓားအလင်း
Arc 4🗡9🗡ဝိညာဥ်အစားအစာ
Arc 4🗡10🗡ခူးရုန်မြက်
Arc 4🗡11🗡သန့်စင်ဖို့စတင်ခြင်း
Arc 4🗡12🗡ထွက်ခွာခြင်း
Arc 4🗡13🗡လမ်းညွှန်တံဆိပ်ပြား
Arc 4🗡14🗡ထိုက်ကျိရဲ့ရှေ့ပြေးပုံစံ
Arc 4🗡15🗡သတ်ဖြတ်လေပြီ
Arc 4🗡16🗡တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်
Arc 4🗡17🗡ပြေးပြီ
Arc 4🗡18🗡စိတ်စွမ်းအား ထိုးဖောက်သွားပြီ
Arc 4🗡19🗡စက္ကန့်အပိုင်းအတွင်းသတ်ခြင်း
Arc 4🗡20🗡မြို့ကိုပြန်ခြင်း
Arc 4🗡21🗡ဖောက်ခွဲသတ်ဖြတ်ခြင်း အခင်းအကျင်း
Arc 4🗡22🗡စိတ်ဝိညာဥ်ဆေး
Arc 4🗡23🗡စုပေါင်းအောင်မြင်မှု
Arc 4🗡24🗡ယွမ်စံအိမ်၏စံအိမ်သခင်
Arc 4🗡25🗡လက်ဝါးတစ်ချက်တည်း
Arc 4🗡26🗡စစ်မှန်တဲ့ နဂါးနှလုံး
Arc 4🗡27🗡ယွမ်စံအိမ်အား ညအချိန်တွင် ဝင်ရောက်စီးနင်းခြင်း
Arc 4🗡28🗡နဂါးဦးခေါင်း ရေကန်
Arc 4🗡29🗡နဂါးသွေးသံ
Arc 4🗡30🗡အရှိန်တင်မယ်
Arc 4🗡31🗡လူသတ်သမားကို ဆွဲဆောင်ခြင်း
Arc 4🗡32🗡ကျွန်ဈေးကွက်
Arc 4🗡33🗡ပြိုကျသွားပြီ
Arc 4🗡34🗡အဆိပ်မိခြင်း
Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်
Arc 4🗡36🗡သွေးကြောများ တိုးမြှင့်လာပြီ
Arc 4🗡37🗡တတိယနန်းတော်ပင်လယ်
Arc 4🗡38🗡နှစ်လ
Arc 4🗡39🗡 မျှော်စင်ကိုးထပ်
Arc 4🗡40🗡နောက်ထပ်နှစ်လုံးလောက်
Arc 4🗡41🗡သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆
Arc 4🗡43🗡ချိလော့တောင်
Arc 4🗡44🗡ချိုင့်ဝှမ်းအတွင်းသို့
Arc 4🗡45🗡ချိုင့်ဝှမ်းထဲကတိုက်ပွဲ
Arc 4🗡46🗡စစ်ကူတွေ ရောက်လာပြီ
Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ
Arc 4🗡48🗡အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီ
Arc 4🗡49🗡ဆေးဥယျာဉ်
Arc 4🗡50🗡ပန်းနီမိန်းကလေး
Arc 4🗡51🗡ဝိညာဥ်ချီပေါင်းစည်းမှု
Arc 4🗡52🗡မိမိဘာသာသေလမ်းရှာခြင်း
Arc 4🗡53🗡ဖရိုဖရဲဖြစ်လာပြီ
Arc 4🗡54🗡ကောင်းကင်ကံကြမ္မာဓမ္မခန္ဓာကိုယ်
Arc 4🗡55🗡မ​ရှိတော့ဘူး
Arc 4🗡56🗡အခွင့်အလမ်း
Arc 4🗡57🗡လူအုပ်ကြီးရှေ့မှာ
Arc 4🗡58🗡သွေးပိုးကောင်
Arc 4🗡59🗡လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်ခြင်း
Arc 4🗡60🗡ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်
Arc 4🗡61🗡မြန့်ရှန်ပန်း
Arc 4🗡62🗡လူထောင်ပေါင်းများစွာ စုဝေးကြရာ
Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ
Arc 4🗡64🗡မောက်မာသော ထျန်မိသားစု
Arc 4🗡65🗡လက်ဝါးစွမ်းအင်
Arc 4🗡66🗡ဆရာတူဦးလေးလို့ခေါ်
Arc 4🗡67🗡 လူလိမ်
Arc 4🗡68🗡မျက်နှာဖြူ ပညာရှင်
Arc 4🗡69🗡အခင်းအကျင်းထဲ ပိတ်မိနေပြီ
Arc 4🗡70🗡စီစဉ်ရခြင်းအကြောင်းရင်း
Arc 4🗡71🗡 နိယာမနတ်သူငယ်
Arc 4🗡72🗡ယွမ်စံအိမ်နဲ့ဆက်ဆံရေး
Arc 4🗡73🗡ထူးဆန်းသောအဘွားကြီး
Arc 4🗡74🗡တောက်ပနေသောတိမ်တိုက်
Arc 4🗡75🗡အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ
Arc 4🗡76🗡မိုးကြိုးလျှပ်စီးကြောင်း
Arc 4🗡77🗡နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်
Arc 4🗡78🗡မိမိကိုယ်ကို နှိပ်စက်ခြင်း
Arc 4🗡79🗡လိမ်လည်လှည့်စားမှု
Arc 4🗡80🗡ဘယ်သူက ပိုပါးနပ်မလဲ
Arc 4🗡81🗡အသက်ရှင်ရာလမ်း
Arc 4🗡82🗡 ထွက်ခွာခြင်းနှင့် နေရစ်ခြင်း
Arc 4🗡83🗡အားလုံးသေကုန်ပြီ
Arc 4🗡84🗡လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ
Arc 4🗡85🗡နတ်ဆေးလုံးမြို့
Arc 4🗡86🗡ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်
Arc 4🗡87🗡မြို့သခင်ကျောင်းကျန့်
Arc 4🗡88🗡မြို့သခင်ရဲ့သရုပ်ဆောင်မှု
Arc 4🗡89🗡ရွှီချင့်ရဲ့သူတော်စင်တစ်ပိုင်း အသွင်အပြင်
Arc 4🗡90🗡လုရွှမ်ရဲ့ကျိန်ဆိုချက်
Arc 4🗡91🗡အံ့ဖွယ်လူသား
Arc 4🗡92🗡ကျောင်းကျန့် လက်နက်ချလိုက်ပြီ
Arc 4🗡93🗡ယဲ့ကူ
Arc 4🗡94🗡အသက်ရှင်လျက်သေရခြင်း
Arc 4🗡95🗡ဆွဲဆောင်ခြင်း
Arc 4🗡96🗡တစ်ဖက်သတ် လူသတ်ပွဲ
Arc 4🗡97🗡ပွေရှုပ်တဲ့ မြို့သခင်
Arc 4🗡98🗡တစ်ယောက်သေ တစ်ယောက်လက်ခံ
Arc 4🗡99🗡တစ်နှစ်
Arc 4🗡100🗡ကျောင်းတော်ကြီးလေးခု
Arc 4🗡101🗡နဂါးဝိညာဉ်မြက်
Arc 4🗡102🗡ကြောက်စရာကောင်းသောလူ
Arc 4🗡103🗡စုပ်ယူပြီးပြီ
Arc 4🗡104🗡လက်ဝါးတစ်ချက်၏စွမ်းအား
Arc 4🗡105🗡သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်
Arc 4🗡106🗡ယွိလင်းလုံ
Arc 4🗡107🗡လေပြင်းလက်ဝါး
Arc 4🗡108🗡လူသတ်ဓားရဲ့အစွမ်း
Arc 4🗡109🗡သတ်လိုက်
Arc 4🗡110🗡အခင်းအကျင်းထဲကျ​ရောက်ခြင်း
Arc 4🗡111🗡​သာလွန်သောဖြစ်တည်မှု
Arc 4🗡112🗡ခိုးဝင်တိုက်ခိုက်မှု
Arc 4🗡113🗡သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိခြင်း
Arc 4🗡114🗡ခေါ်ယူခြင်း
Arc 4🗡115🗡ရှန်းလင်တည်းခိုခန်း
Arc 4🗡116🗡အနီရောင်ဝတ်စုံနဲ့ မိန်းကလေး
Arc 4🗡117🗡ပိုင်ရှင်အမျိုးသမီး
Arc 4🗡118🗡ပိုက်ဆံဆုံးရှုံးရပြီ
Arc 4🗡119🗡လွမ့်ထျန်းသစ်တော
Arc 4🗡120🗡အသက်သခင် ကျေးဇူးရှင်
Arc 4🗡121🗡သားရဲကင်ရနံ့
Arc 4🗡122🗡သားရဲဒီရေ
Arc 4🗡123🗡လျှိုဝှက်မှော်အခင်းအကျင်း
Arc 4🗡124🗡ဒြပ်စင်ငါးခုသမင်
Arc 4🗡125🗡အနက်ရောင်လမ်းကျဉ်း
Arc 4🗡126🗡ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ
Arc 4🗡127🗡အဒေါ်နဲ့တူမ
Arc 4🗡128🗡ကံဆိုးမှု
Arc 4🗡129🗡နဂါးအရိုးကြီး
Arc 4🗡130🗡ကြီးနိုင်ငယ်ညှင်း

Arc 4🗡42🗡သူတော်စင်တစ်ပိုင်း

166 20 0
By hinnthawethadar

Chapter (42) Arc 4
သူတော်စင်တစ်ပိုင်း

ဗုန်း!

သူတော်စင်တစ်ပိုင်းကို ထောင်ချောက် ဆင်နိုင်တဲ့ ထောင်ချောက် အခင်းအကျင်း ဖွဲ့စည်းပုံဟာ ချက်ချင်း ကွဲအက်သွားတဲ့ အသံတွေ ထွက်လာပြီး အဂ္ဂိရတ်ပညာရှင်အဖွဲ့ တစ်ခုလုံးရဲ့ အကာအကွယ် အခင်းအကျင်းမှာ စတင် ပျက်စီးလာ၏။

အခုလေးတင် ရိုက်လိုက်တဲ့ သူ့ရဲ့ရိုက်ချက် ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံမှု ကာလကို ကျော်လွန်သွားပြီ။ ဒါကြောင့် ဒါဟာ သူတော်စင် တစ်ပိုင်းရဲ့ ခွန်အားလို့ ဆိုနိုင်လေပြီ။

သူ့ရဲ့ထိုးနှက်မှုက ကောင်းကင်သို့ ပျံတက်သွားကာ သူ့ကိုပိတ်ထားတဲ့ ယာယီ အကာအကွယ်ပုံစံကို ချိုးဖျက်လိုက်သည်။ ၎င်းသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ အကာအကွယ် အခင်းအကျင်းမို့ ဒါကို ဖျက်စီးလိုက်တာက အဖွဲ့အစည်း တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သလိုပင်။

ဥက္ကဌ၏ အကာအကွယ် ခင်းကျင်းမှုမှာ ခဏကြာအောင် တောက်ပနေသော်ငြား ထိုးနှက်မှုကို ခံရပြီးနောက် အလင်းရောင်သည် သာမန်ထက် အနည်းငယ် မှိန်လာခဲ့သည်။

ဒီမြင်ကွင်းကို မြင်တော့ ဒီအကာအကွယ် ပုံစံက နည်းနည်း အားနည်းသွားပြီး သူ့အတွက် ခြိမ်းခြောက်မှု မရှိတော့ကြောင်း လုရွှမ် သိလိုက်သည်။ သူလိုချင်တဲ့ အချိန်တိုင်း ထွက်သွားနိုင်ပြီ။

ဒီလိုဖြစ်လာပြီ ဆိုရင်တော့ အတိုးနည်းနည်းလောက် ထည့်သွင်း ယူလိုက်တာပေါ့။

ဖီးနစ် အတောင်ပံများကို ဖြန့်ကာ လေထဲသို့ ပျံတက်လာခဲ့သည်။

သူ့လက်ချက်ကြောင့် အကာအကွယ်ပုံစံ လုံးဝမှိန်ဖျော့သွားသည်ကို တွေ့လိုက်ရတဲ့အခါ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ကျင့်ကြံသူများသည် လုံးဝ ရပ်မနေရဲတော့ဘဲ အရပ်ရပ်သို့ ပြေးထွက်သွားကြသည်။

ဤတိုက်ခိုက်မှုမျိုးနဲ့ဆို လုရွှမ် တစ်ချက် ရိုက်လိုက်တာနဲ့ သေသွားနိုင်ကြောင်း ကောင်းစွာ သိလိုက်ပြီ ဖြစ်သည်။

သူတို့လည်း တကယ်ကို ထိတ်လန့်နေရပါပြီ။

အဆင့်နှစ်ဆင့်သို့ တိုးမြှင့်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးရှိ စွမ်းအားကို အထွတ်အထိပ်သို့ မြှင့်တင်၍ အခင်းအကျင်းကို ထိုးဖောက်သွားခဲ့သည်။ အခု လုရွှမ်ကို ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်သလောက်ပင်။

ထွက်ပြေးသွားတဲ့ လူအုပ်ကို တစ်ချက်သာ ကြည့်လိုက်သည်။ လုရွှမ် သူ့မျက်လုံးတွေကို လှည့်ပြီး အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ အလယ်မှာ တည်ထားတဲ့ ကိုးထပ်မျှော်စင်ကို စိုက်ကြည့်လိုက်သည်။

ကိုးထပ်မျှော်စင်သည် အဂ္ဂိရတ်အဖွဲ့၏ သင်္ကေတ တစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော အဂ္ဂိရတ်ဆေး ပညာရှင်များကို ​ဆေးလုံးသန့်စင်သည့်နေရာ ဖြစ်သောကြောင့် အဂ္ဂိရတ်အဖွဲ့၏ အရင်းအမြစ်များစွာကို ဤနေရာတွင် စုစည်းထားကြောင်း သူသိသည်။

မရေမတွက်နိုင်သော ဆေးဖက်ဝင်ပစ္စည်းများ၊ မရေမတွက်နိုင်သော ဆေးပြင်းမီးဖိုများ ရှိပြီး တချို့သော ဆေးမီးဖိုများ၏ တန်ဖိုးကို ဝိညာဉ်ကျောက်များဖြင့်ပင် တိုင်းတာ၍ မရနိုင်ပေ။

ကိုးထပ်မျှော်စင်သည် အဂ္ဂိရတ်သမားများ၏ သင်္ကေတ ဖြစ်သည်သာမက အဂ္ဂိရတ်သမားများ၏ ပိုင်ဆိုင်မှု တည်နေရာဖြစ်ပြီး ဝိညာဉ်ရေးရာ မှတ်တိုင်လည်း ဖြစ်​​သေးသည်။

လုရွှမ်သည် သူ့အောက်ရှိ နေရာတိုင်းတွင် လည်ပတ် ပြေးလွှားနေသော လူအုပ်ကြီးကို လျစ်လျူရှုကာ အတောင်ပံများ ဖြန့်၍ ကိုးထပ်မျှော်စင်ဆီသို့ ပျံသန်းသွားခဲ့သည်။

ပထမ လက်ဝါးချက်က ကိုးထပ်မျှော်စင်ပေါ်သို့ စီးဆင်းသွားပြီး အဆက်မပြတ် ကွဲအက်လာသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အကာအကွယ်အတွက် တာဝန်ရှိတဲ့ အခင်းအကျင်း အစိတ်အပိုင်းသည် အကြွင်းမဲ့အင်အားအောက်တွင် ကွဲအက်လာခဲ့သည်။

အဂ္ဂိရတ်ပညာရှင် အဖွဲ့တစ်ခုလုံးရဲ့ အကာအကွယ် စွမ်းရည်ဟာ အဆင့်များစွာ ကျဆင်းသွားခဲ့ပြီမလို့ သူ့ရဲ့တိုက်ခိုက်မှုကို ရပ်တန့်စေဖို့ လုံးဝ မဖြစ်နိုင်တော့ပါ။

ထို့နောက် ချက်ချင်းပင် လက်ဝါး စွမ်းအင်သည် လျော့မသွားဘဲ မျှော်စင်ပေါ်သို့ ထပ်မံ ထိုးကျသွားသည်။

ဤတစ်ကြိမ်တွင် ကိုးထပ်မျှော်စင်မှ ထွင်းထုထားသည့် မရေမတွက်နိုင်သော အားဖြည့် အခင်းအကျင်း ပုံစံများသည် အကာအကွယ် အခင်းအကျင်းကို ဖြတ်ကျော်ခံလိုက်ရလို့ ခံနိုင်ရည် လျော့ကျလာသည်။

သို့သော် တစ်ချက်တည်းနဲ့ မဖြေရှင်းနိုင်ပါက လက်နှစ်ဖက် ထပ်သုံးရလည်း သိပ်တော့ အရေးမကြီးပါ။ လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးပြီး သူ့လက်ဝါးစွမ်းအင်ကို ထပ်မံ ပစ်သွင်းလိုက်သည်။

သေးငယ်သော အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာ၏။ အက်ကြောင်းများဟာ လူသားမျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့ရာ ကိုးထပ်မျှော်စင်ရှိ အက်ကြောင်းများသည်လည်း ပိုရှည်လာပြီး ပိုကြီးလာသည်။

ဗုန်း!

ကိုးထပ်မျှော်စင် ပြိုကျသွားပြီး ကောင်းကင်တစ်ခုလုံး မီးခိုးမြူများနှင့် ဖုံးလွှမ်းသွားလေသည်။

ကိုးထပ်မျှော်စင်ကို ဖြိုချပြီးတာနဲ့ လုရွှမ်လှည့်၍ အဆင့်အနည်းငယ် ​မြင့်သည့် အခြားအဆောက်အအုံ ဆီသို့ ပြေးထွက်သွားခဲ့သည်။ အဆောက်အဦက အဆင့်မြင့်လေ အခြေခံကျလေ ဖြစ်သည်။

လျိုမိသားစုနှင့် အဂ္ဂိရတ်ပညာရှင် အဖွဲ့က သူ့ရဲ့ အရိပ်လူသတ်ခန်းမကို မြေပြင်ပေါ်သို့ ဖြိုခွဲလိုက်သောကြောင့် သူ့ဖက်ကလည်း အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို မြေကြီးထဲ ရောက်တဲ့အထိ ဖြိုခွဲပစ်ရမည်။

ဝုန်း!

ဒီတစ်ကြိမ်မှာတော့ လုရွှမ်ရဲ့ လက်ဝါး တစ်ချက်တည်းနဲ့တင် အထပ်မြင့် အဆောက်အအုံက ပြိုကျသွားခဲ့သည်။ ထိုအဆောက်အအုံသည် ကိုးထပ်မျှော်စင် ကဲ့သို့ အရေးကြီးတဲ့ အရာမဟုတ်ချေ။

သူ့တွင်ရှိသော အားဖြည့် အခင်းအကျင်း အဆင့်သည် သဘာဝကျကျကို များစွာ နိမ့်ကျနေသည်။

"စိတ်ပျက်စရာပဲ!! မင်း သေချင်နေတာပဲ!"

အဂ္ဂိရတ်ပညာရှင်အဖွဲ့ရဲ့ ဥက္ကဌ ​ပြန်ပေါ်လာခဲ့သည်။ သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်း မျိုးစုံကို ထားခဲ့ရာ အဆောက်အအုံ သည်းခြေအိတ်လေး ပြိုကျသွားတာကို ကြည့်ပြီး အလွန်အမင်း ဒေါသထွက်လာတော့သည်။

အဆောက်အအုံထဲတွင် ပေါက်ကွဲစေတတ်သော ဆေးလုံး သို့မဟုတ် မီးဖိုများ မရှိလို့ ပုံမှန်အားဖြင့် အားကောင်းတဲ့ အားဖြည့် အခင်းအကျင်းတွေ ထားဖို့ မလိုအပ်ပေ။ အခုတော့ ၎င်းဟာ လက်ဝါးတစ်ချက်တည်းနဲ့ ဖျက်စီးခံလိုက်ရပြီ။

ဥက္ကဌကြီးမှာ နှလုံးသွေးတစ်လုတ်ပင် ထိုးအန်မိလေ၏။

အဂ္ဂိရတ်ဆေးနဲ့ ဆေးပင်တွေ ဒီအတိုင်း ​ဖျက်စီးခံလိုက်ရတာလား? ဒါ အဂ္ဂိရတ်ပညာရှင် တစ်ဖွဲ့လုံးရဲ့ အရင်းအမြစ်တွေ ပြုတ်လုနီးပါး ဖြစ်နေပြီကွ!

"သေလိုက်တော့!"

ဥက္ကဌ ထွက်လာတာကို မြင်တော့ လုရွှမ်က အေးစက်စွာ အော်ပြီး တည့်တည့် ပြေးဝင်သွားလေသည်။

သူပျံသန်းလာတာကို မြင်တော့ အဖြူရောင်ဝတ်ရုံနဲ့ ဥက္ကဌကြီးသည် ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူပြီး ခက်ခက်ခဲခဲ ဖိချလိုက်သည်။

ကျောက်စိမ်းပြား ကွဲအက်သွားကာ ရုတ်တရက် ထူးဆန်းသော စွမ်းအင် အတက်အကျများ ပျံ့နှံ့သွားခဲ့သည်။ လုရွှမ်လည်း မျက်မှောင်ကြုတ်သွား၏။

သူဟာ ဒီစွမ်းအင် အတက်အကျနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။ အခင်းအကျင်းကို အသက်သွင်းလိုက်တာနဲ့ တခြားနေရာက လူတွေကို ရောက်လာအောင် ခေါ်ယူနိုင်တဲ့ ရှေးဟောင်းအခင်းအကျင်း ဖြစ်သည်။

ထိုအခိုက်တွင် ဥက္ကဌရဲ့ ပတ်ပတ်လည် နေရာဟာ ခဏတာ တုန်ခါသွားပြီး ပုံရိပ်လေးခုသည် ခပ်ဝါးဝါးကနေ တခဏချင်း ရှင်းလင်းသွားကာ ဆံပင်ဖြူဖြူနဲ့ အဘိုးကြီး လေးယောက် ပေါ်လာခဲ့သည်။

အံ့ဩစရာမှာ ၎င်းတို့အားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလအထိ ရောက်ရှိနေကြခြင်းပင်။

"ခေါင်းဆောင်မာ...(ဥက္ကဌကြီး)"

"လောင်မာ"

"ဘာဖြစ်တာလဲ? ဘာလို့ ကျုပ်တို့ကို ဆင့်ခေါ်လိုက်တာလဲ?"

လူကြီးတွေက ပေါ်လာတာနဲ့ စတင်မေးမြန်းတော့သည်။

"အကြီးအကဲတို့ လေးယောက်... ဒီနေရာမှာ ကြီးကြီးမားမား ဖြစ်သွားပြီ ခင်ဗျားတို့ ကြည့်လိုက်!"

ခေါင်းဆောင်မာ သို့မဟုတ် ဥက္ကဌမာသည် နာကျင်စွာဖြင့် လက်ညှိုးထိုး ညွှန်ပြလိုက်သည်။ လက်ကိုဆန့်တန်းရာ အရာကို အဆင့်၉ ကျင့်ကြံသူ လေးဦးတို့ လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်နှာများ ချက်ချင်း ဆိုသလိုပင် ရုပ်ဆိုးသွားတော့သည်။

"ဘယ်သူလဲ?"

"ဘယ်သူလဲ! အဂ္ဂိရတ်ဆရာ အသင်းကို ပြဿနာ ရှာရဲတယ်ပေါ့ ဟုတ်လား!"

"သေရမယ်!"

သူတို့သည် ဒီနေရာကို အမြဲပြောင်းရွှေ့ နေထိုင်နေကြတာ မဟုတ်သော်လည်း ငယ်စဉ်ကတည်းက အဂ္ဂိရတ်ပညာရှင် အဖွဲ့တွင် ကြီးပြင်းလာခဲ့ကြပြီး ဒီနေရာက အပင်နဲ့ သစ်ရွက်တိုင်းကို အလွန်ချစ်ခင်ကြသည်။

ကိုးထပ်မျှော်စင်နှင့် သိုလှောင်အဆောက်အအုံသည် သူတို့အတွက် အမှတ်တရကောင်း များစွာကို သိမ်းဆည်းထားခဲ့ဖူးသည်။ ဤအဆောက်အအုံ နှစ်ခုလုံး ပျက်စီးသွားသောအခါတွင် တုန်လှုပ် ခြောက်ခြားမှုနဲ့အတူ ဒေါသပါ ထွက်လာခဲ့ရသည်။

ပိုပြင်းထန်တဲ့ ဒေါသနဲ့ အသက်ကြီးသူ တစ်ယောက်က ခုန်ပြီး လုရွှမ်ကို ဝင်တိုက်တော့သည်။

"သတိထား!"

ခေါင်းဆောင်မာလည်း ကမန်းကတန်း သတိပေးလိုက်သည်။ တစ်ဖက်က လက်သီး တစ်ချက်တည်းဖြင့် အကာအကွယ် ဖွဲ့စည်းမှုကို ဖြတ်ကျော်နိုင်သူ တစ်ဦးဖြစ်၏။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူ ဖြစ်နေလည်း သတိထားရလိမ့်မည်။

"လာတာကောင်းတယ်!"

လုရွှမ် မျက်ခုံးတစ်ချက် ပင့်၍ လက်သီးချက်ဖြင့် ပြန်နှုတ်ဆက်လိုက်သည်။

လက်သီးချက်သည် တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသော်လည်း တစ်ဖက်ရှိ အဆင့်၉ ပြီးပြည့်စုံသော ကာလက လူကတော့ တော်တော်လေး ခုခံအား ကောင်းနေတာကို တွေ့လိုက်ရသည်။

ဗုန်း!

ပေါက်ကွဲသံနှင့်အတူ လက်သီးနှစ်ခု တိုက်မိသွားစဥ် လုရွှမ်ပင် ခဏတာ အံ့သြသွားခဲ့သည်။ အဂ္ဂိရတ်ပညာ အသင်းကြီး၏ အဆင့်မြင့် အကြီးအကဲသည် လျိုမိသားစု၏ ဘိုးဘေးထက် များစွာပို၍ အားကောင်းနေ၏။

အဆင့်၉ နယ်ပယ်ကို ဖြတ်ကျော်ပြီး သူတော်စင် တစ်ပိုင်းသို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှသည်။ ထို့ကြောင့် အဆင့်၉ ပြီးပြည့်စုံသော ကာလတွင် လေ့ကျင့်သူ အများအပြား ရှိသလိုပဲ တိုက်ခိုက်ရေး စွမ်းအားကလည်း အလွန်ကွဲပြား​ကြသည်။

လူတော်တော်များများက သူတို့မသေမချင်း သူတော်စင် တစ်ပိုင်း နယ်ပယ်ထဲကို ခြေမချနိုင်တဲ့အတွက် အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉တွင် ရပ်တန့်နေတတ်ပြီး တူညီတဲ့ နယ်ပယ်မှာတောင် တကယ့်တိုက်ပွဲရဲ့ ထိရောက်မှုဟာ ကွဲပြားတတ်သေး၏။

လျိုမိသားစု ဘိုးဘေးတောင် သူ့ရှေ့က အဂ္ဂိရတ်ပညာအသင်းရဲ့ ဒီအကြီးအကဲ တွေ့ဆုံပါက ထွက်ပြေးရန်မှတပါး ရွေးချယ်စရာ မရှိနိုင်ပေ။

သို့သော် လုရွှမ်သည် နဂါးနှလုံးသားအစစ်နှင့် ပေါင်းစပ်ပြီးနောက် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အလွန်တိုးတက်လာခဲ့သည်။ ပေါင်းစပ်ပြီးနောက် တတိယ နန်းတော်ပင်လယ်ပေါ်လာပြီး သူ၏နယ်ပယ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇သို့ ရောက်ရှိသွားခဲ့ပြီ။

နှစ်ယောက်သား အချင်းချင်း ထိုးမိကြရာတွင် လုရွှမ် မလှုပ်မယှက်ပင်။ ထိုးနှက်မှုကြောင့် အထွဋ်အမြတ် အကြီးအကဲကြီးကသာ နောက်ပြန်ဆုတ်သွားကာ သူ့မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့၏။




Chapter (42) Arc 4
သူေတာ္စင္တစ္ပိုင္း

ဗုန္း!

သူေတာ္စင္တစ္ပိုင္းကို ေထာင္ေခ်ာက္ ဆင္နိုင္တဲ့ ေထာင္ေခ်ာက္ အခင္းအက်င္း ဖြဲ႕စည္းပုံဟာ ခ်က္ခ်င္း ကြဲအက္သြားတဲ့ အသံေတြ ထြက္လာၿပီး အဂၢိရတ္ပညာရွင္အဖြဲ႕ တစ္ခုလုံးရဲ႕ အကာအကြယ္ အခင္းအက်င္းမွာ စတင္ ပ်က္စီးလာ၏။

အခုေလးတင္ ရိုက္လိုက္တဲ့ သူ႕ရဲ႕ရိုက္ခ်က္ ခြန္အားက ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉ ၿပီးျပည့္စုံမႈ ကာလကို ေက်ာ္လြန္သြားၿပီ။ ဒါေၾကာင့္ ဒါဟာ သူေတာ္စင္ တစ္ပိုင္းရဲ႕ ခြန္အားလို႔ ဆိုနိုင္ေလၿပီ။

သူ႕ရဲ႕ထိုးႏွက္မႈက ေကာင္းကင္သို႔ ပ်ံတက္သြားကာ သူ႕ကိုပိတ္ထားတဲ့ ယာယီ အကာအကြယ္ပုံစံကို ခ်ိဳးဖ်က္လိုက္သည္။ ၎သည္ အဂၢိရတ္ပညာရွင္ အဖြဲ႕ရဲ႕ အကာအကြယ္ အခင္းအက်င္းမို႔ ဒါကို ဖ်က္စီးလိုက္တာက အဖြဲ႕အစည္း တစ္ခုလုံးရဲ႕ တစ္စိတ္တစ္ပိုင္းကို တိုက္ရိုက္ ဖ်က္ဆီးပစ္လိုက္သလိုပင္။

ဥကၠဌ၏ အကာအကြယ္ ခင္းက်င္းမႈမွာ ခဏၾကာေအာင္ ေတာက္ပေနေသာ္ျငား ထိုးႏွက္မႈကို ခံရၿပီးေနာက္ အလင္းေရာင္သည္ သာမန္ထက္ အနည္းငယ္ မွိန္လာခဲ့သည္။

ဒီျမင္ကြင္းကို ျမင္ေတာ့ ဒီအကာအကြယ္ ပုံစံက နည္းနည္း အားနည္းသြားၿပီး သူ႕အတြက္ ၿခိမ္းေျခာက္မႈ မရွိေတာ့ေၾကာင္း လု႐ႊမ္ သိလိုက္သည္။ သူလိုခ်င္တဲ့ အခ်ိန္တိုင္း ထြက္သြားနိုင္ၿပီ။

ဒီလိုျဖစ္လာၿပီ ဆိုရင္ေတာ့ အတိုးနည္းနည္းေလာက္ ထည့္သြင္း ယူလိုက္တာေပါ့။

ဖီးနစ္ အေတာင္ပံမ်ားကို ျဖန႔္ကာ ေလထဲသို႔ ပ်ံတက္လာခဲ့သည္။

သူ႕လက္ခ်က္ေၾကာင့္ အကာအကြယ္ပုံစံ လုံးဝမွိန္ေဖ်ာ့သြားသည္ကို ေတြ႕လိုက္ရတဲ့အခါ အဂၢိရတ္ပညာရွင္ အဖြဲ႕မွ က်င့္ႀကံသူမ်ားသည္ လုံးဝ ရပ္မေနရဲေတာ့ဘဲ အရပ္ရပ္သို႔ ေျပးထြက္သြားၾကသည္။

ဤတိုက္ခိုက္မႈမ်ိဳးနဲ႕ဆို လု႐ႊမ္ တစ္ခ်က္ ရိုက္လိုက္တာနဲ႕ ေသသြားနိုင္ေၾကာင္း ေကာင္းစြာ သိလိုက္ၿပီ ျဖစ္သည္။

သူတို႔လည္း တကယ္ကို ထိတ္လန႔္ေနရပါၿပီ။

အဆင့္ႏွစ္ဆင့္သို႔ တိုးျမႇင့္လိုက္ၿပီးေနာက္ သူ႕တစ္ကိုယ္လုံးရွိ စြမ္းအားကို အထြတ္အထိပ္သို႔ ျမႇင့္တင္၍ အခင္းအက်င္းကို ထိုးေဖာက္သြားခဲ့သည္။ အခု လု႐ႊမ္ကို ျပန္တိုက္ခိုက္ဖို႔က မျဖစ္နိုင္သေလာက္ပင္။

ထြက္ေျပးသြားတဲ့ လူအုပ္ကို တစ္ခ်က္သာ ၾကည့္လိုက္သည္။ လု႐ႊမ္ သူ႕မ်က္လုံးေတြကို လွည့္ၿပီး အဂၢိရတ္ပညာရွင္ အဖြဲ႕ရဲ႕ အလယ္မွာ တည္ထားတဲ့ ကိုးထပ္ေမွ်ာ္စင္ကို စိုက္ၾကည့္လိုက္သည္။

ကိုးထပ္ေမွ်ာ္စင္သည္ အဂၢိရတ္အဖြဲ႕၏ သေကၤတ တစ္ခုျဖစ္ၿပီး မေရမတြက္နိုင္ေသာ အဂၢိရတ္ေဆး ပညာရွင္မ်ားကို ေဆးလုံးသန႔္စင္သည့္ေနရာ ျဖစ္ေသာေၾကာင့္ အဂၢိရတ္အဖြဲ႕၏ အရင္းအျမစ္မ်ားစြာကို ဤေနရာတြင္ စုစည္းထားေၾကာင္း သူသိသည္။

မေရမတြက္နိုင္ေသာ ေဆးဖက္ဝင္ပစၥည္းမ်ား၊ မေရမတြက္နိုင္ေသာ ေဆးျပင္းမီးဖိုမ်ား ရွိၿပီး တခ်ိဳ႕ေသာ ေဆးမီးဖိုမ်ား၏ တန္ဖိုးကို ဝိညာဥ္ေက်ာက္မ်ားျဖင့္ပင္ တိုင္းတာ၍ မရနိုင္ေပ။

ကိုးထပ္ေမွ်ာ္စင္သည္ အဂၢိရတ္သမားမ်ား၏ သေကၤတ ျဖစ္သည္သာမက အဂၢိရတ္သမားမ်ား၏ ပိုင္ဆိုင္မႈ တည္ေနရာျဖစ္ၿပီး ဝိညာဥ္ေရးရာ မွတ္တိုင္လည္း ျဖစ္ေသးသည္။

လု႐ႊမ္သည္ သူ႕ေအာက္ရွိ ေနရာတိုင္းတြင္ လည္ပတ္ ေျပးလႊားေနေသာ လူအုပ္ႀကီးကို လ်စ္လ်ဴရႈကာ အေတာင္ပံမ်ား ျဖန႔္၍ ကိုးထပ္ေမွ်ာ္စင္ဆီသို႔ ပ်ံသန္းသြားခဲ့သည္။

ပထမ လက္ဝါးခ်က္က ကိုးထပ္ေမွ်ာ္စင္ေပၚသို႔ စီးဆင္းသြားၿပီး အဆက္မျပတ္ ကြဲအက္လာသည့္ အသံတစ္ခု ထြက္ေပၚလာ၏။ အကာအကြယ္အတြက္ တာဝန္ရွိတဲ့ အခင္းအက်င္း အစိတ္အပိုင္းသည္ အႂကြင္းမဲ့အင္အားေအာက္တြင္ ကြဲအက္လာခဲ့သည္။

အဂၢိရတ္ပညာရွင္ အဖြဲ႕တစ္ခုလုံးရဲ႕ အကာအကြယ္ စြမ္းရည္ဟာ အဆင့္မ်ားစြာ က်ဆင္းသြားခဲ့ၿပီမလို႔ သူ႕ရဲ႕တိုက္ခိုက္မႈကို ရပ္တန႔္ေစဖို႔ လုံးဝ မျဖစ္နိုင္ေတာ့ပါ။

ထို႔ေနာက္ ခ်က္ခ်င္းပင္ လက္ဝါး စြမ္းအင္သည္ ေလ်ာ့မသြားဘဲ ေမွ်ာ္စင္ေပၚသို႔ ထပ္မံ ထိုးက်သြားသည္။

ဤတစ္ႀကိမ္တြင္ ကိုးထပ္ေမွ်ာ္စင္မွ ထြင္းထုထားသည့္ မေရမတြက္နိုင္ေသာ အားျဖည့္ အခင္းအက်င္း ပုံစံမ်ားသည္ အကာအကြယ္ အခင္းအက်င္းကို ျဖတ္ေက်ာ္ခံလိုက္ရလို႔ ခံနိုင္ရည္ ေလ်ာ့က်လာသည္။

သို႔ေသာ္ တစ္ခ်က္တည္းနဲ႕ မေျဖရွင္းနိုင္ပါက လက္ႏွစ္ဖက္ ထပ္သုံးရလည္း သိပ္ေတာ့ အေရးမႀကီးပါ။ လု႐ႊမ္ ေပါ့ေပါ့ပါးပါး ၿပဳံးၿပီး သူ႕လက္ဝါးစြမ္းအင္ကို ထပ္မံ ပစ္သြင္းလိုက္သည္။

ေသးငယ္ေသာ အက္ကြဲေၾကာင္းမ်ားစြာ ေပၚထြက္လာ၏။ အက္ေၾကာင္းမ်ားဟာ လူသားမ်က္စိျဖင့္ ျမင္နိုင္ေသာ အရွိန္အဟုန္ျဖင့္ ႀကီးထြားလာခဲ့ရာ ကိုးထပ္ေမွ်ာ္စင္ရွိ အက္ေၾကာင္းမ်ားသည္လည္း ပိုရွည္လာၿပီး ပိုႀကီးလာသည္။

ဗုန္း!

ကိုးထပ္ေမွ်ာ္စင္ ၿပိဳက်သြားၿပီး ေကာင္းကင္တစ္ခုလုံး မီးခိုးျမဴမ်ားႏွင့္ ဖုံးလႊမ္းသြားေလသည္။

ကိုးထပ္ေမွ်ာ္စင္ကို ၿဖိဳခ်ၿပီးတာနဲ႕ လု႐ႊမ္လွည့္၍ အဆင့္အနည္းငယ္ ျမင့္သည့္ အျခားအေဆာက္အအုံ ဆီသို႔ ေျပးထြက္သြားခဲ့သည္။ အေဆာက္အဦက အဆင့္ျမင့္ေလ အေျခခံက်ေလ ျဖစ္သည္။

လ်ိဳမိသားစုႏွင့္ အဂၢိရတ္ပညာရွင္ အဖြဲ႕က သူ႕ရဲ႕ အရိပ္လူသတ္ခန္းမကို ေျမျပင္ေပၚသို႔ ၿဖိဳခြဲလိုက္ေသာေၾကာင့္ သူ႕ဖက္ကလည္း အဂၢိရတ္ပညာရွင္ အဖြဲ႕ကို ေျမႀကီးထဲ ေရာက္တဲ့အထိ ၿဖိဳခြဲပစ္ရမည္။

ဝုန္း!

ဒီတစ္ႀကိမ္မွာေတာ့ လု႐ႊမ္ရဲ႕ လက္ဝါး တစ္ခ်က္တည္းနဲ႕တင္ အထပ္ျမင့္ အေဆာက္အအုံက ၿပိဳက်သြားခဲ့သည္။ ထိုအေဆာက္အအုံသည္ ကိုးထပ္ေမွ်ာ္စင္ ကဲ့သို႔ အေရးႀကီးတဲ့ အရာမဟုတ္ေခ်။

သူ႕တြင္ရွိေသာ အားျဖည့္ အခင္းအက်င္း အဆင့္သည္ သဘာဝက်က်ကိဳ မ်ားစြာ နိမ့္က်ေနသည္။

"စိတ္ပ်က္စရာပဲ!! မင္း ေသခ်င္ေနတာပဲ!"

အဂၢိရတ္ပညာရွင္အဖြဲ႕ရဲ႕ ဥကၠဌ ျပန္ေပၚလာခဲ့သည္။ သူ႕ရဲ႕ ေဆးဘက္ဆိုင္ရာ ပစၥည္း မ်ိဳးစုံကို ထားခဲ့ရာ အေဆာက္အအုံ သည္းေျခအိတ္ေလး ၿပိဳက်သြားတာကို ၾကည့္ၿပီး အလြန္အမင္း ေဒါသထြက္လာေတာ့သည္။

အေဆာက္အအုံထဲတြင္ ေပါက္ကြဲေစတတ္ေသာ ေဆးလုံး သို႔မဟုတ္ မီးဖိုမ်ား မရွိလို႔ ပုံမွန္အားျဖင့္ အားေကာင္းတဲ့ အားျဖည့္ အခင္းအက်င္းေတြ ထားဖို႔ မလိုအပ္ေပ။ အခုေတာ့ ၎ဟာ လက္ဝါးတစ္ခ်က္တည္းနဲ႕ ဖ်က္စီးခံလိုက္ရၿပီ။

ဥကၠဌႀကီးမွာ ႏွလုံးေသြးတစ္လုတ္ပင္ ထိုးအန္မိေလ၏။

အဂၢိရတ္ေဆးနဲ႕ ေဆးပင္ေတြ ဒီအတိုင္း ဖ်က္စီးခံလိုက္ရတာလား? ဒါ အဂၢိရတ္ပညာရွင္ တစ္ဖြဲ႕လုံးရဲ႕ အရင္းအျမစ္ေတြ ျပဳတ္လုနီးပါး ျဖစ္ေနၿပီကြ!

"ေသလိုက္ေတာ့!"

ဥကၠဌ ထြက္လာတာကို ျမင္ေတာ့ လု႐ႊမ္က ေအးစက္စြာ ေအာ္ၿပီး တည့္တည့္ ေျပးဝင္သြားေလသည္။

သူပ်ံသန္းလာတာကို ျမင္ေတာ့ အျဖဴေရာင္ဝတ္႐ုံနဲ႕ ဥကၠဌႀကီးသည္ ေက်ာက္စိမ္းျပား တစ္ခ်ပ္ကို ထုတ္ယူၿပီး ခက္ခက္ခဲခဲ ဖိခ်လိဳက္သည္။

ေက်ာက္စိမ္းျပား ကြဲအက္သြားကာ ႐ုတ္တရက္ ထူးဆန္းေသာ စြမ္းအင္ အတက္အက်မ်ား ပ်ံ့ႏွံ႕သြားခဲ့သည္။ လု႐ႊမ္လည္း မ်က္ေမွာင္ၾကဳတ္သြား၏။

သူဟာ ဒီစြမ္းအင္ အတက္အက်ႏွင့္ အလြန္ရင္းႏွီးသူ ျဖစ္သည္။ အခင္းအက်င္းကို အသက္သြင္းလိုက္တာနဲ႕ တျခားေနရာက လူေတြကို ေရာက္လာေအာင္ ေခၚယူနိုင္တဲ့ ေရွးေဟာင္းအခင္းအက်င္း ျဖစ္သည္။

ထိုအခိုက္တြင္ ဥကၠဌရဲ႕ ပတ္ပတ္လည္ ေနရာဟာ ခဏတာ တုန္ခါသြားၿပီး ပုံရိပ္ေလးခုသည္ ခပ္ဝါးဝါးကေန တခဏခ်င္း ရွင္းလင္းသြားကာ ဆံပင္ျဖဴျဖဴနဲ႕ အဘိုးႀကီး ေလးေယာက္ ေပၚလာခဲ့သည္။

အံ့ဩစရာမွာ ၎တို႔အားလုံးသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၉ ၿပီးျပည့္စုံေသာ ကာလအထိ ေရာက္ရွိေနၾကျခင္းပင္။

"ေခါင္းေဆာင္မာ...(ဥကၠဌႀကီး)"

"ေလာင္မာ"

"ဘာျဖစ္တာလဲ? ဘာလို႔ က်ဳပ္တို႔ကို ဆင့္ေခၚလိုက္တာလဲ?"

လူႀကီးေတြက ေပၚလာတာနဲ႕ စတင္ေမးျမန္းေတာ့သည္။

"အႀကီးအကဲတို႔ ေလးေယာက္... ဒီေနရာမွာ ႀကီးႀကီးမားမား ျဖစ္သြားၿပီ ခင္ဗ်ားတို႔ ၾကည့္လိုက္!"

ေခါင္းေဆာင္မာ သို႔မဟုတ္ ဥကၠဌမာသည္ နာက်င္စြာျဖင့္ လက္ညွိုးထိုး ၫႊန္ျပလိုက္သည္။ လက္ကိုဆန႔္တန္းရာ အရာကို အဆင့္၉ က်င့္ႀကံသူ ေလးဦးတို႔ လွည့္ၾကည့္လိုက္ရာ သူတို႔၏ မ်က္ႏွာမ်ား ခ်က္ခ်င္း ဆိုသလိုပင္ ႐ုပ္ဆိုးသြားေတာ့သည္။

"ဘယ္သူလဲ?"

"ဘယ္သူလဲ! အဂၢိရတ္ဆရာ အသင္းကို ျပႆနာ ရွာရဲတယ္ေပါ့ ဟုတ္လား!"

"ေသရမယ္!"

သူတို႔သည္ ဒီေနရာကို အၿမဲေျပာင္းေ႐ႊ႕ ေနထိုင္ေနၾကတာ မဟုတ္ေသာ္လည္း ငယ္စဥ္ကတည္းက အဂၢိရတ္ပညာရွင္ အဖြဲ႕တြင္ ႀကီးျပင္းလာခဲ့ၾကၿပီး ဒီေနရာက အပင္နဲ႕ သစ္႐ြက္တိုင္းကို အလြန္ခ်စ္ခင္ၾကသည္။

ကိုးထပ္ေမွ်ာ္စင္ႏွင့္ သိုေလွာင္အေဆာက္အအုံသည္ သူတို႔အတြက္ အမွတ္တရေကာင္း မ်ားစြာကို သိမ္းဆည္းထားခဲ့ဖူးသည္။ ဤအေဆာက္အအုံ ႏွစ္ခုလုံး ပ်က္စီးသြားေသာအခါတြင္ တုန္လႈပ္ ေျခာက္ျခားမႈနဲ႕အတူ ေဒါသပါ ထြက္လာခဲ့ရသည္။

ပိုျပင္းထန္တဲ့ ေဒါသနဲ႕ အသက္ႀကီးသူ တစ္ေယာက္က ခုန္ၿပီး လု႐ႊမ္ကို ဝင္တိုက္ေတာ့သည္။

"သတိထား!"

ေခါင္းေဆာင္မာလည္း ကမန္းကတန္း သတိေပးလိုက္သည္။ တစ္ဖက္က လက္သီး တစ္ခ်က္တည္းျဖင့္ အကာအကြယ္ ဖြဲ႕စည္းမႈကို ျဖတ္ေက်ာ္နိုင္သူ တစ္ဦးျဖစ္၏။ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉ က်င့္ႀကံသူ ျဖစ္ေနလည္း သတိထားရလိမ့္မည္။

"လာတာေကာင္းတယ္!"

လု႐ႊမ္ မ်က္ခုံးတစ္ခ်က္ ပင့္၍ လက္သီးခ်က္ျဖင့္ ျပန္ႏႈတ္ဆက္လိုက္သည္။

လက္သီးခ်က္သည္ တုန္လႈပ္ ေခ်ာက္ခ်ားဖြယ္ ေကာင္းေသာ အရွိန္အဟုန္ျဖင့္ ေျပးထြက္သြားေသာ္လည္း တစ္ဖက္ရွိ အဆင့္၉ ၿပီးျပည့္စုံေသာ ကာလက လူကေတာ့ ေတာ္ေတာ္ေလး ခုခံအား ေကာင္းေနတာကို ေတြ႕လိုက္ရသည္။

ဗုန္း!

ေပါက္ကြဲသံႏွင့္အတူ လက္သီးႏွစ္ခု တိုက္မိသြားစဥ္ လု႐ႊမ္ပင္ ခဏတာ အံ့ၾသသြားခဲ့သည္။ အဂၢိရတ္ပညာ အသင္းႀကီး၏ အဆင့္ျမင့္ အႀကီးအကဲသည္ လ်ိဳမိသားစု၏ ဘိုးေဘးထက္ မ်ားစြာပို၍ အားေကာင္းေန၏။

အဆင့္၉ နယ္ပယ္ကို ျဖတ္ေက်ာ္ၿပီး သူေတာ္စင္ တစ္ပိုင္းသို႔ ဝင္ေရာက္ရန္ အလြန္ခက္ခဲလွသည္။ ထို႔ေၾကာင့္ အဆင့္၉ ၿပီးျပည့္စုံေသာ ကာလတြင္ ေလ့က်င့္သူ အမ်ားအျပား ရွိသလိုပဲ တိုက္ခိုက္ေရး စြမ္းအားကလည္း အလြန္ကြဲျပားၾကသည္။

လူေတာ္ေတာ္မ်ားမ်ားက သူတို႔မေသမခ်င္း သူေတာ္စင္ တစ္ပိုင္း နယ္ပယ္ထဲကို ေျခမခ်နိဳင္တဲ့အတြက္ အသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၉တြင္ ရပ္တန့္ေနတတ္ၿပီး တူညီတဲ့ နယ္ပယ္မွာေတာင္ တကယ့္တိုက္ပြဲရဲ႕ ထိေရာက္မႈဟာ ကြဲျပားတတ္ေသး၏။

လ်ိဳမိသားစု ဘိုးေဘးေတာင္ သူ႕ေရွ႕က အဂၢိရတ္ပညာအသင္းရဲ႕ ဒီအႀကီးအကဲ ေတြ႕ဆုံပါက ထြက္ေျပးရန္မွတပါး ေ႐ြးခ်ယ္စရာ မရွိနိုင္ေပ။

သို႔ေသာ္ လု႐ႊမ္သည္ နဂါးႏွလုံးသားအစစ္ႏွင့္ ေပါင္းစပ္ၿပီးေနာက္ သူ႕ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ခြန္အားသည္ အလြန္တိုးတက္လာခဲ့သည္။ ေပါင္းစပ္ၿပီးေနာက္ တတိယ နန္းေတာ္ပင္လယ္ေပၚလာၿပီး သူ၏နယ္ပယ္သည္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၇သို႔ ေရာက္ရွိသြားခဲ့ၿပီ။

ႏွစ္ေယာက္သား အခ်င္းခ်င္း ထိုးမိၾကရာတြင္ လု႐ႊမ္ မလႈပ္မယွက္ပင္။ ထိုးႏွက္မႈေၾကာင့္ အထြဋ္အျမတ္ အႀကီးအကဲႀကီးကသာ ေနာက္ျပန္ဆုတ္သြားကာ သူ႕မ်က္ႏွာမွာလည္း ျဖဴေဖ်ာ့သြားခဲ့၏။

Continue Reading

You'll Also Like

46.3K 4.7K 97
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
1.9M 97.3K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
437K 18.2K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
4.6M 350K 91
Betrayed by the people she once loved, cared for, and protected, Queen Gatria is determined to make everyone suffer and feel her wrath. With the inte...