စန်းရန်၏စကားကြောင့် မုချန်ယွင်၏အမူအရာမှာ အနည်းငယ်အံ့သြသွားသည့်ပုံစံမျိုးဖြစ်သွား၏။ အနောက်တွင်ရပ်ကျန်နေခဲ့သည့် ဝိန်းရိဖန်ကိုလည်း တစ်ချက်လှမ်းကြည့်မိလိုက်ကာ သူ မထင်မှတ်ထားသည့်ကိစ္စများဖြစ်နေသည့်အတွက် တအံ့တသြဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကိုက ရိဖန်ကျဲနဲ့ ရင်းနှီးနေတာလား"
စန်းရန်၏မျက်လုံးများထဲတွင် မည်သည့်ဖော်ပြချက်မျိုးမှမရှိ ခပ်တည်တည်ဖြင့်သာ စိုက်ကြည့်နေ၏။
"ဒါပေမယ့်လည်း ရင်းနှီးတာ မရင်းနှီးတာတွေက ကိစ္စမရှိပါဘူး"
မုချန်ယွင်၏မျက်ခုံးတစ်စုံက တွန့်ချိုးသွားခဲ့၍ မွေးခါစနွားပေါက်လေးက ကျားကို မကြောက်သည့်သဖွယ် သူ့စကားလုံးတို့ဖြင့် တစ်စုံတစ်ရာကိုလည်းသိသာထင်ရှားအောင် လုပ်ပြနေသေးသည်။ သူ့ခန္ဓာကိုယ်မှာ ယိုင်ထိုးနေသည့်အနေအထားမျိုးဖြစ်နေဆဲဖြစ်သော်ငြား စကားသံများတော့ လုံးဝကြည်လင်၏။
"အစ်ကိုက ကျွန်တော့်ထက် အတွေ့အကြုံများကောင်းများနိုင်ပါတယ် ၊ ဒါပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ ကျွန်တော့်အမြင်မှာတော့ အဓိကအချက်က လူပေါ်ပဲမူတည်တာ ၊ အကွက်တွေဘာတွေနဲ့ မဆိုင်ဘူး"
"လူပေါ်ပဲမူတည်တာ...."
စန်းရန်က ပျင်းတိပျင်းရွဲဖြင့် ;
"ဒါဆို မင်း အခုချက်ချင်း အိမ်ပြန်ရေချိုးပြီးအိပ်လိုက်တော့"
"....."
စန်းရန်က အဓိပ္ပါယ်မရှိ ပေါက်ကရစကားများ ဆက်ပြောနေရမည်ကိုပျင်းလွန်းလှသဖြင့် အနောက်ဘက်သို့လှည့်ကြည့်ပြီး ;
"ဝိန်းရိဖန်"
တိုက်တိုက်ဆိုင်ဆိုင် ဝိန်းရိဖန်ကလည်း သူတို့နောက်သို့ လိုက်လာနေသည့်အချိန်။
"ဘာဖြစ်လို့လဲ"
သူတို့နှစ်ဦး၏မျက်နှာကိုကြည့်ရုံဖြင့်လည်း ယခုလေးတင်ပြောနေကြသည့်စကားများကို ဝိန်းရိဖန် မခန့်မှန်းနိုင်ပါပေ။
မုချန်ယွင် ဘားထဲတွင်ပြောသွားသည့်စကားအရ သူတို့နှစ်ဦးက အချင်းချင်းသိနေကြမည့်ပုံလည်းရသည့်အပြင် စန်းရန်က မုချန်ယွင်အား အထုပ်တစ်ထုပ်လိုဒရွတ်တိုက် ဆွဲခေါ်သွားပါသော်ငြား တစ်ဖက်လူဘက်မှ မကျေမနပ်ဖြစ်နေသည့်ပုံစံမျိုးမရှိသည့်အတွက် သူတို့နှစ်ဦးမှာ တော်တော်လေး ရင်းနှီးပုံလည်းရနေသည်။
ဝိန်းရိဖန်တစ်ယောက် သူမကိုယ်တိုင်က သူတို့နှစ်ဦးကြားထဲ သွားနှောက်ယှက်နေမိသလိုပင် ခံစားလာရတော့သည်။
စန်းရန်က ဝိန်းရိဖန်၏မျက်နှာကို စိုက်ကြည့်နေရင်း ;
"သောက်ထားသေးလား?"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၏။
"နည်းနည်းသောက်ထားတယ်"
စန်းရန် ;
"မတ်တပ်ရပ်နိုင်သေးလား?"
စန်းရန်က အဘယ်ကြောင့်လာမေးနေမှန်း မသိပါသော်ငြား ဝိန်းရိဖန်က အလေးအနက်ဖြင့်ပြန်ဖြေလေ၏။
"ရပ်နိုင်တယ်"
"ဒါဆို တစ်ခုလောက်ကူညီပေး"
စန်းရန်က သူ့အိတ်ကပ်ထဲမှ ကားသော့ကိုထုတ်ပြီး ဝိန်းရိဖန်ထံသို့ပစ်ပေးလိုက်၍ ;
"အရှေ့ကိုအရင်သွားပြီး ကားတံခါးဖွင့်ထားနှင့်"
ဝိန်းရိဖန် ချက်ချင်းလှမ်းဖမ်းလိုက်သည်။
သူမဘက်က စကားမဆိုရသေးခင် စန်းရန်က မုချန်ယွင်၏ အင်္ကျီဦးထုပ်ကို နောက်တစ်ကြိမ်ဆွဲဆုတ်ပြီး ခပ်လျော့လျော့ပြုံးနေသည့်အသံဖြင့် ;
"ကိုယ့်ရဲ့ဒီညီလေးက သောက်ပြီးအမူးလွန်နေတာမလို့ လမ်းတောင်မလျှောက်နိုင်တော့ဘူး"
ဝိန်းရိဖန်က မုချန်ယွင်ကိုလှမ်းကြည့်ပြီး ချိတုံချတုံဖြင့်
"အကူအညီလိုသေးလား?"
"မလိုတော့ဘူး"
စန်းရန်က မုချန်ယွင်ကို အရှေ့သို့ဆောင့်ဆွဲခေါ်သွားသည့်အားမှာ မနည်းလှ ၊ မုချန်ယွင်၏မျက်နှာသည်ပင် နီရဲနေလေပြီ။
"မင်းက လျှပ်ပြာလျှပ်ပြာနဲ့ နမော်နမဲ့ကလည်းနိုင်သေးတယ် ၊ ဘယ်လိုလုပ်ပြီး ကိုယ့်ရဲ့ ဒီခြေတံရှည်လက်တံရှည်တဲ့ညီလေးကို ထိန်းထားပေးနိုင်မှာလဲ"
"....."
စန်းရန်၏အမူအရာကို ဝိန်းရိဖန် တစ်ခဏလောက်ငြိမ်ကြည့်နေပြီးနောက်တွင်တော့ စောဒကမတက်တော့ဘဲနှင့် ;
"ကားက ဘယ်နားမှာရပ်ထားတာလဲ"
စန်းရန် မေးငေါ့ပြလိုက်သည်။
"ဟိုဘက်"
မုချန်ယွင်မှာမူ သူ့ဦးထုပ်နှင့်ကော်လံနေရာကိုဆွဲဆုတ်ခံထားရသဖြင့် အနည်းငယ်မသက်မသာဖြစ်လာတော့၏။ သို့သော်လည်း ဇာတ်က တစ်ဝက်နီးပါးက,လာပြီဖြစ်သည့်အတွက် ဖြတ်ချလိုက်ဖို့ရာလည်း မဖြစ်နိုင်။ သူနှင့် အတော်အလှမ်းဝေးသွားခဲ့သည့်ဝိန်းရိဖန်ကိုလည်း လိုက်ကြည့်မိလိုက်သလို တစ်ချိန်တည်း၌လည်း သူ့နုနုထွတ်ထွတ်အရေပြားလေးကို ဆွဲဖြဲမတတ်ကိုင်ထားသည့် စန်းရန်၏ဒဏ်ကိုလည်း သည်းခံနေရကာ အရက်မူးချင်ယောင်ဆောင်မိသည့်အတွက် နောင်တပင်ရချင်လာတော့သည်။
ကားပါကင်၏အတွင်းဘက်ဆီသို့ ရောက်လာခဲ့သည်။
ဝိန်းရိဖန်က အမြန်လျှောက်သွားခဲ့ပြီး ကားနောက်ခန်းတံခါးကို ဖွင့်ထားပေး၏။
စန်းရန်က သူမ၏အနောက်မှ လိုက်လာပြီး မုချန်ယွင်အား သေသေသပ်သပ် ခပ်ပြတ်ပြတ်ပင် ကားနောက်ခန်းထဲ ထိုးထည့်ပစ်လိုက်သည်။
ဝိန်းရိဖန် ကားသော့ကို ပြန်ပေးလိုက်ပြီး သူမရပ်နေသည့်နေရာ၌သာ မလှုပ်မယှက်လေးရပ်နေ၏။ စန်းရန်က သူမကိုပါ လိုက်ပို့ပေးမပေးချင်ကို မသိသဖြင့် ကိုယ့်ကိုကိုယ် အရှက်ရစေလိမ့်ကိစ္စမျိုးလည်း လိုက်မလုပ်ချင်ပေ။
ထိုအချိန်တွင် မုချန်ယွင်က စကားဆိုလာ၏။
"ရိဖန်ကျဲ....အစ်မ ကားပေါ်မတက်ဘူးလား"
ဝိန်းရိဖန်က စန်းရန်အား ချိတုံချတုံဖြင့် လှမ်းကြည့်လိုက်၏။
ဤအခိုက်အတန့်၌ စန်းရန်က ကားနောက်ခန်းဘေး၌ရပ်နေပြီး သူမကို ငုံ့ကြည့်နေသည့်အချိန်။ သူ့မျက်ဝန်းများဟာ မှင်ရောင်အတိုင်းမည်းနက်နေပြီး မသိမသာမြှောက်ပြလာသည့်မျက်ခုံးများက သူမကိုရန်စနေခြင်းပေ။ ထို့နောက် စကားတစ်ခွန်းမဆိုဘဲ ကားနောက်ခန်းတံခါးကို ပိတ်လိုက်၏။
ငြင်းဆန်လိုက်သည့်အဓိပ္ပါယ်ကြီးမှာ သိသိသာသာ။
ဝိန်းရိဖန်က အချိန်ကိုတစ်ချက်လှမ်းကြည့်လိုက်လျှင်တော့ ၁၀နာရီမထိုးသေး။
အချိန်မှာ သိပ်နောက်မကျသေးဟုဆိုရမည်။ သူမအနေဖြင့် နှုတ်ဆက်စကားဆိုပြီး ထွက်လာတော့မည့်အခိုက်တွင် စန်းရန်က ယာဥ်မောင်းသည့်နေရာဘက်သို့လျှောက်သွားနှင့်ပြီဖြစ်ပြီး ဝါကျတစ်ကြောင်းကိုလည်း ပစ်လွှတ်လိုက်သေး၏။
"အရှေ့မှာထိုင်"
ဤမထင်မှတ်ထားသည့်စကားတစ်ခွန်းက ဝိန်းရိဖန်ကို ကြောင်အမ်းသွားစေခဲ့၏။
"နင် ငါ့ကိုပြောနေတာလား"
စန်းရန်က ကားတံခါးကိုဖွင့်ပြီး ခဏရပ်လိုက်၍ ;
"မဟုတ်ရင်ရော...."
ဝိန်းရိဖန် ;
"အို့....အင်းပါ"
"သူများက အရက်မူးပြီး နေမသာထိုင်မသာဖြစ်နေတာ ၊ အနောက်ခန်းမှာ လှဲခိုင်းထားလိုက် ၊ မင်းက အနားမှာသွားထိုင်ပြီး ဘာကိစ္စနဲ့နှောက်ယှက်နေမှာလဲ"
"...."
ဝိန်းရိဖန် ကားပြတင်းပေါက်မှတဆင့်လှမ်းကြည့်လိုက်လျှင် မုချန်ယွင်၏ဖြူဖျော့နေသည့်အမူအရာကို မြင်လိုက်ရသည့်အတွက် ယနေ့တွင် စန်းရန်က အတော်လေးကိုတွေးတောပေးတတ်ကြောင်း မဆီမဆိုင်ခံစားမိလိုက်သေး၏။
"ဟုတ်တယ်နော့"
ထို့နောက် ဝိန်းရိဖန်က မုချန်ယွင်ကိုလှမ်းကြည့်ရင်း ;
"ဒါဆို အနောက်ခန်းမှာကောင်းကောင်းအနားယူလိုက်နော် ၊ နောက်ဆို ဒီလောက်အများကြီးမသောက်နဲ့တော့"
မုချန်ယွင် ; "...."
ကားပေါ်တက်ပြီးနောက်တွင် စန်းရန်က စကားဆိုလာသည်။
"သူ ဘယ်မှာနေတာလဲ"
ဝိန်းရိဖန်သည်လည်း အသေးစိတ်သိနေခြင်းတော့မဟုတ် ၊ ထို့ကြောင့် သူမ သိထားသည့်အဖြေမျိုးကိုသာ ပေးနိုင်၏။
"နန်းဝူတက္ကသိုလ်ရဲ့နောက်ဆုံးနှစ်ကျောင်းသားဆိုတော့ ကျောင်းထဲမှာပဲနေမယ်ထင်တယ်"
စန်းရန် ;
"ဘယ်အဆောင်လဲ"
"...."
ဝိန်းရိဖန်က သူမ အရင်တစ်ခေါက်အင်တာဗျူးထားဖူးသည့်အချက်အလက်များကို ပြန်တွေးကြည့်ရင်း ;
"အဓိကကျောင်းဆောင်ထင်တာပဲ"
"ဟုတ်တယ်"
မုချန်ယွင် အနောက်မှနေ၍ ဝိုးတိုးဝါးတားဖြင့်စကားဆိုလာ၏။
နောက်တွင်တော့ မည်သူမျှကစားမဆိုတော့ဘဲ ကသိကအောက်နိုင်နိုင် တိတ်ဆိတ်နေခဲ့ကြသည်။
ဝိန်းရိဖန်အနေဖြင့် ဘယ်အရာက ကသိကအောက်နိုင်နေပါကြောင်း သတိမထားနိုင်တော့ဘဲ သောက်ထားခဲ့သည့်အရက်အရှိန်ကြောင့် မူးဝေလာသည့်ခံစားချက်ကြီးသာရှိနေတော့၏။ လက်ရှိအချိန်တွင် အစာအိမ်ထဲတွင် ကမောက်ကမဖြစ်နေပြီး တစ်စုံတစ်ရာက လည်ချောင်းဝထိပျို့တက်လာသည့်ခံစားချက်မျိုးဖြစ်လာကာ နေမသာထိုင်မသာတော့ပေ။
ထို့အပြင် ကားအတွင်း လေလုံနေခဲ့သဖြင့် အရက်နံ့များထောင်းထောင်းထနေသေးသည်။
ထိုအနံ့အသက်ကြောင့်လည်း ပျို့အန်ချင်သည့်စိတ်များ ပြည့်လာရတော့၏။
သည်းညည်းမခံနိုင်တော့သည့်အဆုံးတွင် ဝိန်းရိဖန်က ;
"ငါ ကားပြတင်းပေါက်မှန်ချထားလို့ ရမလား"
စန်းရန်က တစ်ချက်လှမ်းကြည့်လာပြီး ဘာမှမဆို။ လက်တစ်ဖက်ကိုလွှတ်လိုက်ပြီးနောက် သူ့ဘယ်ဘက်အခြမ်းတွင်ရှိသည့် ထိန်းချုပ်ရေးခလုတ်များထဲမှတစ်ခုကို နှိပ်လိုက်သည်။
နောက်တစ်က္ကန့်တွင် ဝိန်းရိဖန်ထိုင်နေသည့်ဘက်မှ ပြတင်းမှန်ကျလာခဲ့၏။
အပြင်ဘက်မှတိုးဝင်လာသည့်လေအေးများထဲတွင် ဖော်ပြရခက်ခဲသောပန်းရနံ့များ ပါလာကာ ဝိန်းရိဖန်က ရုတ်ချည်းဆိုသလို တော်တော်လေးနေသာထိုင်သာရှိသွားခဲ့သဖြင့် ကျေးဇူးတင်စကားဆိုလိုက်၏။ ကားပြတင်းမှန်ဘောင်ကိုမှီရင်း အစာမစားဘဲ အရက်သောက်မိခဲ့သည့်အတွက် အနည်းငယ်နောင်တရသလိုရှိလာကာ အိမ်ပြန်ရောက်ပြီးလျှင် စွပ်ပြုတ်တစ်ခွက်ချက်သောက်မည့်အကြောင်းပါ ကြိုတွေးထားလိုက်သည်။
တိုက်ခတ်နေသည့်လေအေးများနှင့်ထိတွေ့လာသည်နှင့်အမျှ ဝိန်းရိဖန်၏အတွေးများလည်း ရောက်တတ်ရာရာ။
ကြိုဆိုပွဲပါတီတုန်းက မုချန်ယွင်ပြောပြသည့် စန်းရန်ကဒါဇင်နှင့်ချီပြီးအရက်သောက်ထားသည့်တိုင် မျက်နှာမပျက်သွားသည့်အကြောင်းအား ပြန်တွေးကြည့်မိလိုက်ရင်း အကြောင်းအရင်းရေရေရာရာမရှိပါဘဲ အထက်တန်းကျောင်းတုန်းက သူမအရှေ့၌ စန်းရန်အရက်သောက်နေသည့်ပုံစံအား ပထမဆုံးမြင်ဖူးခဲ့သည့်အချိန်ကို ပြန်မြင်ယောင်လာမိ၏။
မှတ်မိသလောက်အရ ထိုနေ့က စုဟောက်အန်း၏မွေးနေ့။
စုဟောက်အန်းက အတန်းထဲမှသူငယ်ချင်းအားလုံးနီးပါး မွေးနေ့ပွဲသို့ဖိတ်ခဲ့ပြီး ထိုထဲတွင် ဝိန်းရိဖန်လည်း အပါအဝင်။
အမှန်တကယ်တွင် ဝိန်းရိဖန်သည် ထိုကဲ့သို့သောအုပ်စုလိုက်ပျော်ပါးသည့်ကိစ္စများ ၊ စုပေါင်းပါတီပွဲများတွင် ပါဝင်ခြင်းမျိုးသိပ်မရှိ ၊ စုဟောက်အန်းက အကြိမ်ကြိမ်အခါခါ လာဖိတ်နေခြင်းကြောင့်သာ ငြင်းရမည်ကိုအားနာပြီး လာခဲ့ခြင်းဖြစ်သည်။
နေရာမှာ 'ရှန့်အန်း' ရပ်ကွက်ထဲမှ KTV တစ်ခုတွင်ဖြစ်သည်။
စုဟောက်အန်းက သီးသန့်ခန်းနံပါတ်ကိုပြောပြထားသဖြင့် ဝိန်းရိဖန်က စားပွဲထိုးလေးကိုမေးမြန်းပြီး အထဲဝင်လာခဲ့၏။ တံခါးတွန်းဖွင့်လိုက်ချင်းပင် သီးသန့်ခန်း၏ဘေးနေရာ၌ ထိုင်နေသည့်စန်းရန်ကို မြင်လိုက်ရ၏။ သူက အနက်ရောင်တီရှပ်ကိုဝတ်ထားပြီး ထိုင်ခုံကိုမှီထားကာ လက်ထဲတွင်အချိုရည်တစ်ခွက်ကိုကိုင်ထားသည်။
သူမကိုမြင်လိုက်သည့်အခါ စန်းရန်က လှည့်ကြည့်လာရင်း နှုတ်ခမ်းထောင့်တွင်လည်း အကွေးလေးတစ်ခုပေါ်အောင် ပြုံးပြလာခဲ့၏။
သူမဘက်မှ ဘာမှမတုံ့ပြန်ရသေးခင် အခြားမိန်းကလေးတစ်ဦးက ဝိန်းရိဖန်အား ဆွဲခေါ်သွားခဲ့ပြီး သူတို့နှစ်ဦးကြားတွင် တစ်ညလုံး စကားပြော ၊ အဆက်အဆံဟူ၍ မရှိခဲ့ပေ။
ဝိန်းရိဖန်က ကြာကြာမနေဖြစ်ဘဲ ည ၉နာရီထိုးခါနီးတွင်တော့ စုဟောက်အန်းအား မွေးနေ့မှာပျော်ရွှင်စေရန် ဆုတောင်းစကားဆိုပေးရင်း နှုတ်ဆက်ပြီးထွက်လာခဲ့၏။ အခြားသူငယ်ချင်း၏အာရုံကိုလည်းမဖျက်လိုသဖြင့် တိတ်တဆိတ်သာအခန်းအပြင်ထွက်လာပြီး KTV ၏အနောက်ဘက်မှတံခါးလေးမှတဆင့် လျှောက်ထွက်လာခဲ့သည်။
လှေကားအတိုင်းဆင်းလာပြီးနောက် အောက်ဘက်တွင် ရင်ပြင်ငယ်အသေးစားလေးတစ်ခုရှိပြီး စားသောက်ဆိုင်များတန်းစီရှိနေသည့်ဘေးတွင် McDonald' ဆိုင်တစ်ဆိုင်။
ဝိန်းရိဖန် အိတ်ကပ်ထဲစမ်းကြည့်ရင်း ဂျုံလေပွေမုန့်(Wheat Whirlwind)တစ်ခုဖြစ်ဖြစ် ဝယ်စားရနိုးနိုး စဥ်းစားနေသည့်အချိန် အရှေ့တွင်မြင်နေသည့်မြင်ကွင်းတစ်ခုလုံးက မှောင်သထက်ပိုမှောင်သွားသလိုခံစားမိလိုက်ရကာ သူမ အလိုလိုခေါင်းမော့ကြည့်လိုက်သည့်အချိန် စန်းရန်၏ မထီမဲ့မြင်ပြုတတ်သောမျက်ခုံးနှင့် တည့်တည့်တိုးသွားခဲ့သည်။
ဝိန်းရိဖန် အံ့သြသွားရင်း ;
"နင်လည်း ပြန်တော့မလို့လား"
စန်းရန်က ပျင်းတိပျင်းရွဲအသံဖြင့် ;
"အင်း"
နှစ်ယောက်သားပြန်ကြရမည်မှာ ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ဝိန်းရိဖန်က ခေါင်းသာငြိမ့်ပြလိုက်၏။
"ဒါဆို တနင်္လာနေ့မှတွေ့မယ် ၊ လမ်းမှာ ဂရုစိုက်ပြီးပြန်ပါ"
စကားပြောပြီးသည်နှင့် ဝိန်းရိဖန်က McDonald' ဆိုင်ဘက်သို့ ခြေဦးလှည့်လိုက်၏။ ခြေလှမ်းနှစ်လှမ်းခန့်မျှပင် လှမ်းရုံရှိနေသေး ၊ သူမ၏ဘေးနားတွင်ရပ်နေသည့် စန်းရန်က အနည်းငယ်ယိုင်ကျလာကာ ဟန်ချက်ညှိလိုက်သည့်အလား သူမ၏လက်မောင်းကိုဖမ်းဆွဲလိုက်သည်။
ဝိန်းရိဖန် ပြန်လှည့်ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ"
စန်းရန်က လက်မလွှတ်ပေးသေးခင် စကားလုံးတစ်ချို့ကို ဝေဝေဝါးဝါးပြောလာခဲ့၏။
"မူးလို့"
ဤစကားကိုကြားလိုက်ရသည့်အခါ ဝိန်းရိဖန် သူ့မျက်နှာအား လှမ်းကြည့်လိုက်၏။ ပုံမှန်နှင့် ဘာမှမကွာ ၊ သူ့မျက်လုံးများက မည်းနက်နေသော်ငြား တောက်ပနေဆဲဖြစ်ပြီး လမ်းမီးတိုင်ထက်မှမီးလုံးများသဖွယ်။ သူမအနေဖြင့် စန်းရန်က ဘာဖြစ်လို့ဖြစ်နေမှန်းပင် မခန့်မှန်းတတ်ပါတော့ချေ။
"နင် ဘာဖြစ်နေတာလဲ"
"မတ်တပ်မရပ်နိုင်တော့လို့"
စန်းရန်က ဝိန်းရိဖန်ကို လှမ်းကြည့်လာကာ လေးလံထိုင်းမှိုင်းနေသည့်ဟန်ဖြင့် ;
"ကူတွဲပေးမှ ရတော့မှာ"
"...."
ဝိန်းရိဖန်က သူ့နားသို့ ချိတုံချတုံဖြင့်ပြန်ကပ်သွားသည့်အခါ သူ့ခန္ဓာကိုယ်ထက်မှ အရက်နံ့ဖျော့ဖျော့ကို ခံစားလိုက်၏။
"နင် အရက်သောက်ထားတာလား"
စန်းရန်က 'အင်း' ဟုအသံတစ်ချက်ပြုလာခဲ့၏။
ဝိန်းရိဖန် ;
"နင် အခုမှ အထက်တန်းကျောင်းသားပဲရှိသေးတာကို ဘာကိစ္စနဲ့ အရက်သောက်ရတာလဲ"
"မှားယူမိလို့....အားလုံးက အနီရောင်ဘူးတွေဆိုတော့ ကိုလာလို့ထင်လိုက်တာ"
"အို့"
ဝိန်းရိဖန်လည်း ဘာလုပ်ပေးရမှန်းမသိ၍ တစ်ခဏမျှစဥ်းစားကြည့်လိုက်ရ၏။
"ငါ စုဟောက်အန်းဆီဖုန်းဆက်ပြီး နင့်ကို လာခေါ်ခိုင်းလိုက်ရမလား ၊ ဒါမှမဟုတ် နင့်မိဘတွေဆီ ဖုန်းဆက်...."
စန်းရန်က သူမ၏စကားကိုဖြတ်ပြောလာ၏။
"သူများတွေကို အနှောက်အယှက်သွားပေးရမှာကိုမကြိုက်ဘူး"
သူများကို အနှောက်အယှက်ပေးရမှာမကြိုက်ဘူး?
ဒါဆို သူမလည်း ပါလောက်မှာပေါ့?
"ဒါဆို နင်...."
ဝိန်းရိဖန် ဟိုဟိုဒီဒီတွေးကြည့်ရင်း မလှမ်းမကမ်းတွင်ရှိနေသည့် လှေကားထစ်များဘက်သို့ ညွှန်ပြ၍ ;
"အရင်ဆုံးထိုင်နေပြီး စိတ်ကြည်သွားအောင်လုပ်လိုက်မလား"
"...."
သူမ၏နွေးနွေးထွေးထွေးစကားတစ်ခွန်းအပြီးတွင် ;
"ငါ အရင်ပြန်နှင့်တော့မယ်နော်"
စိတ်ဆိုးသွားခြင်းလား ဒါမှမဟုတ် ရယ်စရာကောင်းသွား၍လားမသိ စန်းရန်က သူမကို စိုက်ကြည့်နေ၏။ စိတ်တိုနေသည့်ပုံနှင့်ပိုတူပြီး တစ်ခဏအကြာ၌ လက်ရမ်းပြလာခဲ့သည်။
"ရတယ်....ပြန်တော့"
ဤစကားကို ကြားရပြီးနောက် ဝိန်းရိဖန်က McDonald' ဆီသို့ ပြန်ဦးတည်လိုက်၏။ သိပ်မကြာလိုက်ပါဘဲ သူမ ပြန်လှည့်ကြည့်လိုက်သည့်အခိုက်တွင် စန်းရန်က ထိုလှေကားထစ်ပေါ်၌ထိုင်နေသည့်မြင်ကွင်းအား မြင်လိုက်ရသည်။ သူ့ပုံစံမှာ ခပ်လျော့လျော့ထိုင်ချထားပြီး အနက်ရောင်ဆံပင်တို့က နဖူးရှေ့၌ ဝဲကျနေ၏။ ခေါင်းငုံ့ထားခြင်းကြောင့် သူ့မျက်လုံးများကိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ကြည့်ရသည်မှာ ပြန်စရာအိမ်မရှိသည့် သနားစရာအိမ်ခြေရာမဲ့လေးပင် တူနေတော့သည်။
ဝိန်းရိဖန် အကြည့်လွှဲလိုက်ပြီး အရှေ့သို့ဆက်လျှောက်လာခဲ့သည်။ ဘယ်လောက်မှပင်မကြာလိုက်ပါဘဲ ခြေလှမ်းများကိုရပ် ၊ သက်ပြင်းချပြီး သူ့ဆီသို့ ပြန်လျှောက်လာလိုက်သည်။
"စန်းရန်"
စန်းရန်က မော့ကြည့်မလာဘဲ 'အင်း' ဟုသာဝိုးတိုးဝါးတားအသံတစ်ခုဖြင့် တုံ့ပြန်လာသည်။
ယခုလိုကိစ္စမျိုးတွင်တော့ ဝိန်းရိဖန်လည်း အနည်းငယ်လမ်းပျောက်ရကာ မဖြေရှင်းတတ် ၊ ကိုယ့်ကိုကိုယ်ပင် ဖြစ်ဖြစ်မြှောက်မြှောက်မစောင့်ရှောက်နိုင်တတ်သေးသည်ဖြစ်ရာ အခြားသူကိုစောင့်ရှောင်ဖို့ ပို၍ပင် မတတ်နိုင်ချေ။ ထို့ကြောင့် တတ်နိုင်သည့်အခြေအနေတစ်ခုကိုသာ စကားဆိုလိုက်၏။
"နင် လမ်းလျှောက်နိုင်သေးလား ၊ ငါ နင့်ကို ဘတ်စ်ကားမှတ်တိုင်နားထိ လိုက်ပို့ပေးမယ်"
ထိုအခါ စန်းရန်က ခေါင်းမော့လာပြီးနောက် သုံးလေးစက္ကန့်အကြာတွင် သူမဆီသို့ လက်ဆန့်ထုတ်ပေးလာ၏။
"မတ်တပ်မရပ်နိုင်တော့ဘူး"
ဝိန်းရိဖန် နှုတ်ခမ်းကိုကိုက်ပြီး သူ့လက်ကောက်ဝတ်ကိုဆုတ်ကိုင်ကာ မတ်တပ်ရပ်နိုင်ရန်အတွက် ဆွဲထူပေးလိုက်သည်။
နည်းနည်းလေးမျှ မလှုပ်လာပေ။
သူမ အားထည့်ပြီး ထပ်ဆွဲထူလိုက်၏။
ထပ်ပြီး မလှုပ်မယှက်သာရှိနေဆဲ။
ဝိန်းရိဖန် အားလျော့သွားရကာ ခန္ဓာကိုယ်ကို တစ်ဝက်ထိုင်ချလုနီးနီးထိ ငုံ့လိုက်၍ ;
"ငါ အပေါ်တက်ပြီး စုဟောက်အန်းကိုပဲ သွားခေါ်လိုက်တော့မယ်"
စန်းရန်က သူမအား လှမ်းကြည့်လာလေပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ;
"မင်း နည်းနည်းပိုပြီးအားစိုက်လိုက်လေ"
"ငါ နင့်ကိုဆွဲမထူနိုင်ဘူး..အရမ်းလေးတယ်"
ဝိန်းရိဖန်က သူ့အား နောက်တစ်ကြိမ်ဆွဲထူလိုက်သည့်အခါတွင်တော့ ;
"နင် ကြည့်...."
စကားပင်မဆုံးသေး ၊ ဤတစ်ကြိမ်တွင် စန်းရန်က လွယ်လွယ်လေးဖြင့် ပါလာခဲ့၏။
ဝိန်းရိဖန်လည်း ကြောင်အမ်းသွားလျက်။
စန်းရန်က မတ်တပ်ရပ်နေပြီး အမိန့်ပေးမပျက်သေးဘဲ ;
"သွားမယ်လေ ၊ မှတ်တိုင်ဆီ"
"...."
ဝိန်းရိဖန်က အတော်လေးထူးဆန်းသလိုခံစားမိပါသော်ငြား ဘယ်နေရာကမှားယွင်းနေကြောင်း တိတိကျကျမသိ ၊ ထို့ကြောင့် ကြောင်တောင်တောင်လေးဖြင့်သာ စကားဆိုလိုက်သည်။
"ငါ ဘယ်လိုမျိုးထိန်းပေးရမှာလဲ"
စန်းရန် ;
"ပုခုံးတစ်ဖက် ငှား"
အခုလေးတင် နေ့တစ်ဝက်လောက်ကြာအောင် ဆွဲထူပြီးမှ မတ်တပ်ရပ်နိုင်သည့်ကိစ္စအား ပြန်တွေးကြည့်မိလိုက်သည့်အခါ ဝိန်းရိဖန် အနည်းငယ်သဘောမတူချင်တော့ပေ။ သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးသာ သူမပေါ်သို့ မှီကျလာလျှင် သူမ၏တစ်ကိုယ်လုံးပါပျောက်သွားလိမ့်မည်။
"ငါ နင့်လက်မောင်းကိုပဲ တွဲပြီး ထိန်းထားပေးလို့မရဘူးလား"
စန်းရန်က ပြုံးလိုက်၏။
"ဒါဆို နှစ်ဖက်စလုံး ထိန်းထားပေးမှာလား"
ဝိန်းရိဖန်က နားမလည်။
"ဘယ်လိုလုပ်ပြီးနှစ်ဖက်စလုံးကို ထိန်းလို့ရမှာလဲ"
သူမ၏ဦးနှောက်ထဲ နှစ်ဖက်စလုံးကိုတွဲပြီးထိန်းပေးရမည့်ပုံစံအား ပုံဖော်ကြည့်လိုက်ရာ ဖက်ထားလိုက်သည်နှင့် ဘာမှမခြားပေ။
"တစ်ဖက်တည်းပဲ ထိန်းပေးထားရင်"
စန်းရန်က နှုတ်ခမ်းကိုစေ့ထားလျက်ဖြင့် ;
"ကျန်တဲ့တစ်ဖက်က မတ်မတ်မရပ်နိုင်ဘူး"
"...."
ဝိန်းရိဖန် အတော်ကြာအောင်တွေးကြည့်နေပြီးမှ ခက်ခက်ခဲခဲဖြင့်လက်ခံလိုက်ရတော့၏။ သွားရမည့်လမ်းခရီးမှာလည်း သိပ်မဝေး ၊ အရက်မူးနေသည့်သူတစ်ယောက်ကို ယခုလိုနေရာမျိုး၌ပစ်ထားခဲ့လျှင်လည်း မြင်မကောင်းပါပေ။
သူမ အနားသို့ကပ်သွားလိုက်၏။
"ဒါဆိုလည်း နင် ကိုင်ထားလိုက်"
စကားပြောနေသည့်အချိန်တုန်းက အပြောင်အပျက်လုပ်နေသည့်စန်းရန်မှာ တကယ်တမ်းလက်တွေ့စစ်မြေပြင်ပေါ်သို့ ရောက်သွားသည့်အချိန်တွင်တော့ အချိန်ဆွဲနေသည့်အလား နှေးကွေးသွားခဲ့ပြီး တော်တော်နှင့်လက်မမြှောက်လာတော့ချေ။
နောက်ဆုံးတွင် စောင့်နေရသည့်ဝိန်းရိဖန်ကသာ ကူကယ်ရာမဲ့စွာဖြင့်သူ့လက်မောင်းကိုဆွဲယူပြီး သူမ၏ပုခုံးပေါ် တင်ပေးလိုက်တော့သည်။
သူမဘက်က ထင်ယောင်ထင်မှားဖြစ်ရုံလားတော့မသိ ၊ စန်းရန်၏ခန္ဓာကိုယ်မှာ အနည်းငယ်တောင့်တောင့်ကြီးဖြစ်နေပြီး သူမထင်ထားသလိုမျိုး အလေးတုံးကြီးတစ်ခုသဖွယ် မှီချလာခြင်းမျိုးမရှိ။
သူမသည်လည်း မသိလိုက်ပါဘဲ သူ့မျက်နှာအား ခဏခဏမော့ကြည့်မိလိုက်ပါသေး၏။
တိုတောင်းလွန်းသည့်လမ်းတစ်ထောက်စာ လျှောက်လာသည့်အပြီးတွင်။
စန်းရန်၏ခန္ဓာကိုယ်က မသိမသာလေးတုန်ယင်နေကြောင်း ဝိန်းရိဖန် ရုတ်တရက်ခံစားမိရာ နောက်တွင် အောင့်အည်းမနေနိုင်တော့သည့်အတိုင်း ရယ်သံသဲ့သဲ့ထွက်လာခဲ့တော့သည်။ သူမ မော့ကြည့်မိလိုက်လျှင် မျက်ဝန်းများက သူ့နှုတ်ခမ်းထောင့်စွန်းမှ ပါးချိုင့်နေရာနှင့် တစ်တန်းထဲရှိနေပြီး အပေါ်ထပ်တိုးပြီးကြည့်လိုက်လျှင်မူ တွေ့ရသည်မှာ သူ့မျက်ခုံးများ။
သူ့ဘာသာသူ သဘောတကျရယ်နေခြင်းဖြစ်ပြီး မှုတ်ထုတ်လာသည့်အသက်ရှုငွေ့များက သူမ၏လည်တိုင်ပေါ် ဖြတ်ပြေးသွားသယောင်ယောင်။
သူ့ပုံစံက အမှန်တကယ်ကို အရက်မူးသမားနှင့်တူလာသည့်အတွက် ဝိန်းရိဖန် တည့်တိုးဆန်ဆန်သာမေးကြည့်လိုက်သည်။
"နင် ဘာရယ်နေတာလဲ"
စန်းရန်က ရယ်နေဆဲသာဖြစ်ပြီး ;
"ဘာမှမဟုတ်ပါဘူး"
"...."
သူမ အထူးအဆန်းလိုလှမ်းကြည့်ပြီးနောက် ရှေ့သို့သာ ဆက်ပြီးတွဲခေါ်လာခဲ့သည်။
မှတ်တိုင်နားသို့ရောက်ခါနီးတွင် စန်းရန်က သူမ၏နာမည်အား ရုတ်တရက်ခေါ်လာခဲ့သည်။
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန် ;
"အမ်?"
"ငါ မင်းကိုပြောစရာတစ်ခုရှိတယ်"
"ဘာကြီးလဲ"
"ခုဏတုန်းက အမှတ်မှားသွားလို့"
စန်းရန်က နှုတ်ခမ်းကိုကွေးညွှတ်ပြီး စကားသံတို့က သိသိသာသာနိမ့်သွားရင်း မျက်နှာသည်လည်း သူ့ကိုယ်ပိုင်ဟန်ဖြစ်သော တစ်လောကလုံးကိုဂရုမစိုက်သည့်မျက်နှာထားမျိုး ပြန်ဖြစ်သွားခဲ့၍ ;
"ငါ ဒီနေ့ညသောက်ခဲ့တာ ကိုလာချည်းပဲ"
-------
သတိမထားခဲ့စဥ်မှာပင် နန်းဝူတက္ကသိုလ်၏ဂိတ်ပေါက်ဝသို့ ရောက်လာခဲ့သည်။
ကားထဲတွင်အနားယူခဲ့ခြင်းကြောင့်လည်း မုချန်ယွင် အနည်းငယ်လန်းလန်းဆန်းဆန်းဖြစ်လာခဲ့သည်။ ကားပေါ်မှဆင်းပြီးနောက် မုချန်ယွင်က ပြုံးပြရင်း စန်းရန်မှ သူ့အား ဘယ်လိုဘယ်ပုံလိုက်ပို့သည့်အကြောင်းကို စကားတစ်ခွန်းမှမဟ ၊ ကျေးဇူးတင်စကားဆိုပြီးသာ ဝင်သွားခဲ့သည်။
ဝိန်းရိဖန်က လက်ရမ်းပြနှုတ်ဆက်ပြီး နန်းဝူတက္ကသိုလ်၏ဂိတ်ပေါက်ဝကြီးအား တစ်ခဏလှမ်းကြည့်မိနေသေးသည်။
တစ်ဖက်သို့လှည့်ကြည့်မိလိုက်သည့်အချိန်တွင်တော့ စန်းရန်၏အကြည့်များနှင့် တိုက်တိုက်ဆိုင်ဆိုင်ဆုံသွားခဲ့၏။
သူမ ချက်ချင်းအကြည့်လွှဲလိုက်ပြီး နောက်ထပ် တိတ်ဆိတ်နေသောခရီးတစ်ထောက် ဖြစ်ခဲ့ပြန်သည်။
တစ်လျှောက်လုံးတွင် စန်းရန်က မေးခွန်းတစ်ခုသာ မေးလာခဲ့၏။
"မင်းရဲ့ အလုပ်ကမိတ်ဆွေလား?"
"အသစ်ဝင်လာတဲ့ အလုပ်သင် ၊ နင်နဲ့လည်း ရင်းနှီးတဲ့ ဂျူနီယာညီလေးမလား"
စန်းရန် ;
"ဟုတ်တယ်ပဲဆိုပါတော့"
တဖြည်းဖြည်းနှင့် အိမ်ရာ၏မြေအောက်ကားပါကင်ဆီသို့ ရောက်လာခဲ့ကြသည်။
ဝိန်းရိဖန်၏ခြေတစ်လှမ်း မြေကြီးပေါ်ချလိုက်သည့်အခါတွင်တော့ သူမ သောက်ထားသည့်အရက်ရှိန်မှာ အတော်လေးပြင်းကြောင်း ခံစားမိလိုက်တော့၏။ လက်ရှိတွင် လေပေါ်မြောက်နေသည့်ခံစားချက်ကြီးနှင့်အတူ ကမ္ဘာကြီးမှာ ချာချာလည်လျက်။
စန်းရန်က ဝိန်းရိဖန်က အနည်းငယ်နောက်ကျပြီးမှ ကားပေါ်မှဆင်းလာခြင်းဖြစ်ပြီး ကားတံခါးလော့ခတ်ပြီးနောက် ဝိန်းရိဖန်၏အခြေအနေကို သတိထားမိလိုက်၏။
"ဘာဖြစ်လို့လဲ"
စန်းရန်၏အသံကိုကြားလိုက်သည့်အခိုက် ဝိန်းရိဖန်၏စိတ်ထဲ မဆီမဆိုင် မြင်ယောင်လာသည့်မြင်ကွင်းမှာ မုချန်ယွင်၏နီရဲနေသောလည်ပင်းပင်။ လက်နှစ်ဖက်ကိုမြှောက်ကာ သူမ၏ဆွယ်တာအင်္ကျီခေါင်းစွပ်ကို မသိမသာလှမ်းကိုင်လိုက်၍ ;
"ဘာမှမဖြစ်ဘူး...."
"....."
ဝိန်းရိဖန်၏အပြုအမူမှာ စန်းရန်အတွက် အတော်လေးထူးဆန်းနေပါသော်ငြား သူမ၏မျက်နှာထက်တွင်တော့ တစ်ခုခုပုံမှန်မဟုတ်သည့်အရာမျိုးကို မတွေ့။ တစ်ခဏကြာကြာစိုက်ကြည့်နေပြီးနောက်တွင်တော့ အကြည့်လွှဲကာ ဓါတ်လှေကားဆီသို့ လျှောက်လာခဲ့သည်။
ဝိန်းရိဖန်က သူ့အနောက်မှ နှေးနှေးကွေးကွေးဖြင့်သာ လိုက်သွားလိုက်၏။
ဓါတ်လှေကားထဲသို့ စန်းရန် အရင်ဝင်သွားပြီးမှ ဝိန်းရိဖန်က နောက်မှလိုက်လာပြီး အတွင်းအကျဆုံးနေရာကိုယူကာ ဓါတ်လှေကားနံရံကို မှီရပ်နေလိုက်၏။
ဆယ့်ခြောက်လွှာသို့ ရောက်သည့်အချိန်တွင်။
ဓါတ်လှေကားပွင့်သွားခဲ့၍ ဝိန်းရိဖန်က အပြင်လျှောက်ထွက်ရန်ပြင်လိုက်သည့်အချိန်တွင် အချိန်အကြာကြီးမတ်တပ်ရပ်လာရခြင်းကြောင့်လားမသိ ခြေထောက်များ ခါတိုင်းနှင့်မတူအောင်နုံးချိပြီး ညွှတ်ကျလာခဲ့သည်။ တစ်ချိန်တည်းဆိုသလို စန်းရန်ကလည်း သူမဘက်သို့လှည့်လာပြီး တစ်ခုခုပြောချင်နေသည့်ပုံစံ။ သူ့စကားသံကို မကြားလိုက်ရခင် ဝိန်းရိဖန်က အရှေ့သို့ယိုင်ကျသွားခဲ့ပြီး အထိန်းအကွပ်မဲ့သွားခဲ့သည့်အလား တစ်ဖက်က သူ့လက်မောင်းကိုလှမ်းကိုင်လိုက်ကာ အခြားတစ်ဖက်က နက်ကတိုင်လ်ကို လှမ်းဆွဲလိုက်၏။ မျက်နှာသည်လည်း သူ့ရင်ဘတ်ထဲ ဝင်တိုက်လျက်။
တစ်ဖြတ်စာအချိန်ကလေးအတွင်း ပတ်ဝန်းကျင်တွင်ရှိသမျှသောရနံ့တို့အား သူ့ခန္ဓာကိုယ်ထက်မှ စန္ဒကူးရနံ့များက လွှမ်းခြုံသွားခဲ့တော့၏။
စန်းရန်၏ခန္ဓာကိုယ်မှာ အောက်သို့ကိုင်းကျလာခဲ့သည်။
သူမက အလိုလိုခေါင်းပြန်မော့လိုက်သည့်အချိန် သူမ၏နှာခေါင်းထိပ်နှင့် သူ၏မေးဖျားတို့က ဖြတ်ခနဲပွတ်ဆွဲသွားနောက် နောက်သို့လည်းခြေတစ်လှမ်းဆုတ်လိုက်၏။
ဓါတ်လှေကားတံခါးမှာ ပြန်ပိတ်သွားပြီး.....
မြင်နေရသည့်အရာအားလုံးက တုံ့ခနဲရပ်တန့်သွားသလိုလို။
ပထမဆုံးတုံ့ပြန်လိုက်သည့်သူမှာ စန်းရန်။ စန်းရန်က ခပ်မတ်မတ်ပြန်ရပ်လိုက်ကာ ဝိန်းရိဖန်ဆွဲလိုက်မိသည့်နက်ကတိုင်လ်ကိုဖြည်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ဓါတ်လှေကားခလုတ်အား ပြန်နှိပ်လိုက်၏။ နောက်တွင် အဓိပ္ပါယ်ပါပါ ခေါင်းစောင်းကြည့်လာပြီး
"ဒီတစ်ခေါက်ကရော ဘာအကြောင်းပြချက်နဲ့လဲ"
ဝိန်းရိဖန် ;
"တောင်းပန်ပါတယ် ၊ ငါ နည်းနည်းယိုင်သွားခဲ့လို့"
"ခုဏက မင်းကို မေးတုန်းကတော့...."
စန်းရန်က နောက်ထပ်အဓိပ္ပါယ်ပါပါနှင့် ;
"မတ်တပ်ရပ်နိုင်သေးတယ်ဆို"
"...."
တိတ်ဆိတ်သွားသည်မှာ သုံးစက္ကန့်။
တိတ်ဆိတ်လွန်းနေသည့် ဓါတ်လှေကားထဲတွင် စန်းရန်က ရုတ်တရက်လှမ်းခေါ်လာခဲ့သည်။
"ဝိန်းရိဖန်"
ဝိန်းရိဖန်က ဖြည်းဖြည်းချင်းခေါင်းမော့ကြည့်လာခဲ့သည်။
"အာ?"
စန်းရန်က သူမအား စိုက်ကြည့်နေပြီး မျက်ခုံးပင့်ပြလိုက်၏။
"မင်း ကိုယ့်ကို လိုက်ချင်နေတာလား"
"...."
ဝိန်းရိဖန်၏ဦးနှောက်တစ်ခုလုံး ကမောက်ကမဖြစ်နေပြီး အချိန်တစ်ခုစာထိ စိတ်နှင့်ကိုယ် မကပ်သေးချေ။
"ဘာကြီး...."
"အဲ့လိုရည်ရွယ်ချက်မျိုးရှိနေရင် မင်း နည်းနည်းပါးပါးတည့်တိုးဆန်ဆန်လုပ်စမ်းပါ ၊ ပြောမရရင်.."
စန်းရန်က ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းချလိုက်ပြီး ဝိန်းရိဖန်နှင့် မျက်လုံးချင်းဆုံလိုက်၏။ ကျန်နေသည့်စကားလုံးများကိုတော့သိသိသာသာအချိန်ဆွဲပြီးမှ ဖြေးဖြေးချင်းဖြင့်
"ကိုယ် စဥ်းစားပေးရင်ပေးမှာပေါ့"
နှစ်ယောက်သားကြားရှိအကွာအဝေးမှာ ဘာမှသိပ်မကျန်တော့ချေ။
ယောက်ျားလေး၏ ရင်းနှီးသောအသက်ရှူငွေ့များက နေရာတိုင်းကိုဖိနှိပ်လာပြီး မျက်ခုံးနှစ်ခုက ထိစပ်တော့မယောင်ယောင်။
သူ့မျက်ဝန်းအိမ်များက ပါးလွလွလေးသာဖြစ်ပြီး မျက်ဝန်းထောင့်များက ခပ်ရေးရေးမြှောက်တက်နေကာ မွေးရာပါသည့်စူးရှခြင်းအငွေ့အသက်များ ဝန်းရံနေသေးသည်။ လူကိုစိုက်ကြည့်သည့်အခါမျိုးတွင် အကဲဖြတ်စစ်ဆေးခံရသည့်ပုံစံ ၊ မထီမဲ့မြင်ပြုတတ်သည့်သဏ္ဍာန် ၊ အမြင့်၌သာထောင်လွှားပြသည့်အရိပ်အယောင် ၊ လျစ်လျူရှုတတ်သောအေးစက်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ခံစားသွားရအောင် စေစားနိုင်သေးသည်။
လက်ရှိအချိန်တွင် ခန္ဓာကိုယ်ကိုကိုင်းကာ မလှမ်းမကမ်းအကွာအဝေးမှနေပြီး သူမကို စူးစိုက်ကြည့်နေပါ၏။
ဝိန်းရိဖန်က ဓါတ်လှေကားနံရံကို မှီထားရင်း သူ့မျက်ဝန်းများထံမှရှောင်မပြေးဘဲ တည့်တည့်ပြန်ကြည့်လိုက်၏။ သူမ၏စိတ်အစဥ်မှာ လက်ရှိတွင်နောက်ကျိနေပြီး သေသေချာချာလှည့်ပတ်ပြီးမတွေးနိုင်ပါသေးချေ ၊ သို့သော် စန်းရန်၏ဤစကားက ကောင်းသောကမ်းလှမ်းခြင်းတစ်ခုမဟုတ်မှန်းတော့ ခံစားနေမိသေးသဖြင့် ;
"အခုလောလောဆယ်တော့ အဲ့လိုအစီအစဥ်မရှိထားသေးဘူး"
စန်းရန်က ခပ်မတ်မတ်ပြန်ရပ်လိုက်ကာ ကွေးနေသည့်နှုတ်ခမ်းပါးလေးမှာလည်းမရပ်သွားခဲ့သလို ကြားနေရသမျှကို ယုံကြည်ကောင်းနိုးနိုးပင် မသဲကွဲတော့ချေ။
တစ်ခဏပြန်ငြိမ်သွားသည့် ဝိန်းရိဖန်က အတားအဆီးမရှိတော့ဘဲ စကားတစ်ချို့ကို တရားဝင်ကြေညာလာခဲ့သည်။
"နောက်ရှိလာတဲ့အချိန်ကျရင်.....ငါ နင့်ကိုလာအသိပေးမယ်"
"...."
**************
~~Zawgyi~~
စန္းရန္၏စကားေၾကာင့္ မုခ်န္ယြင္၏အမူအရာမွာ အနည္းငယ္အံ့ၾသသြားသည့္ပုံစံမ်ိဳးျဖစ္သြား၏။ အေနာက္တြင္ရပ္က်န္ေနခဲ့သည့္ ဝိန္းရိဖန္ကိုလည္း တစ္ခ်က္လွမ္းၾကည့္မိလိုက္ကာ သူ မထင္မွတ္ထားသည့္ကိစၥမ်ားျဖစ္ေနသည့္အတြက္ တအံ့တၾသျဖင့္ ေမးလိုက္သည္။
"စီနီယာအစ္ကိုက ရိဖန္က်ဲနဲ႕ ရင္းႏွီးေနတာလား"
စန္းရန္၏မ်က္လုံးမ်ားထဲတြင္ မည္သည့္ေဖာ္ျပခ်က္မ်ိဳးမွမရွိ ခပ္တည္တည္ျဖင့္သာ စိုက္ၾကည့္ေန၏။
"ဒါေပမယ့္လည္း ရင္းႏွီးတာ မရင္းႏွီးတာေတြက ကိစၥမရွိပါဘူး"
မုခ်န္ယြင္၏မ်က္ခုံးတစ္စုံက တြန့္ခ်ိဳးသြားခဲ့၍ ေမြးခါစႏြားေပါက္ေလးက က်ားကို မေၾကာက္သည့္သဖြယ္ သူ႕စကားလုံးတို႔ျဖင့္ တစ္စုံတစ္ရာကိုလည္းသိသာထင္ရွားေအာင္ လုပ္ျပေနေသးသည္။ သူ႕ခႏၶာကိုယ္မွာ ယိုင္ထိုးေနသည့္အေနအထားမ်ိဳးျဖစ္ေနဆဲျဖစ္ေသာ္ျငား စကားသံမ်ားေတာ့ လုံးဝၾကည္လင္၏။
"အစ္ကိုက ကြၽန္ေတာ့္ထက္ အေတြ႕အႀကဳံမ်ားေကာင္းမ်ားနိုင္ပါတယ္ ၊ ဒါေပမယ့္ ဒီလိုကိစၥမ်ိဳးဆိုတာ ကြၽန္ေတာ့္အျမင္မွာေတာ့ အဓိကအခ်က္က လူေပၚပဲမူတည္တာ ၊ အကြက္ေတြဘာေတြနဲ႕ မဆိုင္ဘူး"
"လူေပၚပဲမူတည္တာ...."
စန္းရန္က ပ်င္းတိပ်င္း႐ြဲျဖင့္ ;
"ဒါဆို မင္း အခုခ်က္ခ်င္း အိမ္ျပန္ေရခ်ိဳးၿပီးအိပ္လိုက္ေတာ့"
"....."
စန္းရန္က အဓိပ္ပါယ်မရှိ ေပါက္ကရစကားမ်ား ဆက္ေျပာေနရမည္ကိုပ်င္းလြန္းလွသျဖင့္ အေနာက္ဘက္သို႔လွည့္ၾကည့္ၿပီး ;
"ဝိန္းရိဖန္"
တိုက္တိုက္ဆိုင္ဆိုင္ ဝိန္းရိဖန္ကလည္း သူတို႔ေနာက္သို႔ လိုက္လာေနသည့္အခ်ိန္။
"ဘာျဖစ္လို႔လဲ"
သူတို႔ႏွစ္ဦး၏မ်က္ႏွာကိုၾကည့္႐ုံျဖင့္လည္း ယခုေလးတင္ေျပာေနၾကသည့္စကားမ်ားကို ဝိန္းရိဖန္ မခန့္မွန္းနိုင္ပါေပ။
မုခ်န္ယြင္ ဘားထဲတြင္ေျပာသြားသည့္စကားအရ သူတို႔ႏွစ္ဦးက အခ်င္းခ်င္းသိေနၾကမည့္ပုံလည္းရသည့္အျပင္ စန္းရန္က မုခ်န္ယြင္အား အထုပ္တစ္ထုပ္လိုဒ႐ြတ္တိုက္ ဆြဲေခၚသြားပါေသာ္ျငား တစ္ဖက္လူဘက္မွ မေက်မနပ္ျဖစ္ေနသည့္ပုံစံမ်ိဳးမရွိသည့္အတြက္ သူတို႔ႏွစ္ဦးမွာ ေတာ္ေတာ္ေလး ရင္းႏွီးပုံလည္းရေနသည္။
ဝိန္းရိဖန္တစ္ေယာက္ သူမကိုယ္တိုင္က သူတို႔ႏွစ္ဦးၾကားထဲ သြားႏွောက္ယွက္ေနမိသလိုပင္ ခံစားလာရေတာ့သည္။
စန္းရန္က ဝိန္းရိဖန္၏မ်က္ႏွာကို စိုက္ၾကည့္ေနရင္း ;
"ေသာက္ထားေသးလား?"
ဝိန္းရိဖန္က ေခါင္းၿငိမ့္ျပ၏။
"နည္းနည္းေသာက္ထားတယ္"
စန္းရန္ ;
"မတ္တပ္ရပ္နိုင္ေသးလား?"
စန္းရန္က အဘယ္ေၾကာင့္လာေမးေနမွန္း မသိပါေသာ္ျငား ဝိန္းရိဖန္က အေလးအနက္ျဖင့္ျပန္ေျဖေလ၏။
"ရပ္နိုင္တယ္"
"ဒါဆို တစ္ခုေလာက္ကူညီေပး"
စန္းရန္က သူ႕အိတ္ကပ္ထဲမွ ကားေသာ့ကိုထုတ္ၿပီး ဝိန္းရိဖန္ထံသို႔ပစ္ေပးလိုက္၍ ;
"အေရွ႕ကိုအရင္သြားၿပီး ကားတံခါးဖြင့္ထားႏွင့္"
ဝိန္းရိဖန္ ခ်က္ခ်င္းလွမ္းဖမ္းလိုက္သည္။
သူမဘက္က စကားမဆိုရေသးခင္ စန္းရန္က မုခ်န္ယြင္၏ အကၤ်ီဦးထုပ္ကို ေနာက္တစ္ႀကိမ္ဆြဲဆုတ္ၿပီး ခပ္ေလ်ာ့ေလ်ာ့ၿပဳံးေနသည့္အသံျဖင့္ ;
"ကိုယ့္ရဲ႕ဒီညီေလးက ေသာက္ၿပီးအမူးလြန္ေနတာမလို႔ လမ္းေတာင္မေလွ်ာက္နိုင္ေတာ့ဘူး"
ဝိန္းရိဖန္က မုခ်န္ယြင္ကိုလွမ္းၾကည့္ၿပီး ခ်ိတုံခ်တဳံျဖင့္
"အကူအညီလိုေသးလား?"
"မလိုေတာ့ဘူး"
စန္းရန္က မုခ်န္ယြင္ကို အေရွ႕သို႔ေဆာင့္ဆြဲေခၚသြားသည့္အားမွာ မနည္းလွ ၊ မုခ်န္ယြင္၏မ်က္ႏွာသည္ပင္ နီရဲေနေလၿပီ။
"မင္းက လွ်ပ္ျပာလွ်ပ္ျပာနဲ႕ နေမာ္နမဲ့ကလည္းနိုင္ေသးတယ္ ၊ ဘယ္လိုလုပ္ၿပီး ကိုယ့္ရဲ႕ ဒီေျခတံရွည္လက္တံရွည္တဲ့ညီေလးကို ထိန္းထားေပးနိုင္မွာလဲ"
"....."
စန္းရန္၏အမူအရာကို ဝိန္းရိဖန္ တစ္ခဏေလာက္ၿငိမ္ၾကည့္ေနၿပီးေနာက္တြင္ေတာ့ ေစာဒကမတက္ေတာ့ဘဲႏွင့္ ;
"ကားက ဘယ္နားမွာရပ္ထားတာလဲ"
စန္းရန္ ေမးေငါ့ျပလိုက္သည္။
"ဟိုဘက္"
မုခ်န္ယြင္မွာမူ သူ႕ဦးထုပ္ႏွင့္ေကာ္လံေနရာကိုဆြဲဆုတ္ခံထားရသျဖင့္ အနည္းငယ္မသက္မသာျဖစ္လာေတာ့၏။ သို႔ေသာ္လည္း ဇာတ္က တစ္ဝက္နီးပါးက,လာၿပီျဖစ္သည့္အတြက္ ျဖတ္ခ်လိဳက္ဖို႔ရာလည္း မျဖစ္နိုင္။ သူႏွင့္ အေတာ္အလွမ္းေဝးသြားခဲ့သည့္ဝိန္းရိဖန္ကိုလည္း လိုက္ၾကည့္မိလိုက္သလို တစ္ခ်ိန္တည္း၌လည္း သူ႕ႏုႏုထြတ္ထြတ္အေရျပားေလးကို ဆြဲၿဖဲမတတ္ကိုင္ထားသည့္ စန္းရန္၏ဒဏ္ကိုလည္း သည္းခံေနရကာ အရက္မူးခ်င္ေယာင္ေဆာင္မိသည့္အတြက္ ေနာင္တပင္ရခ်င္လာေတာ့သည္။
ကားပါကင္၏အတြင္းဘက္ဆီသို႔ ေရာက္လာခဲ့သည္။
ဝိန္းရိဖန္က အျမန္ေလွ်ာက္သြားခဲ့ၿပီး ကားေနာက္ခန္းတံခါးကို ဖြင့္ထားေပး၏။
စန္းရန္က သူမ၏အေနာက္မွ လိုက္လာၿပီး မုခ်န္ယြင္အား ေသေသသပ္သပ္ ခပ္ျပတ္ျပတ္ပင္ ကားေနာက္ခန္းထဲ ထိုးထည့္ပစ္လိုက္သည္။
ဝိန္းရိဖန္ ကားေသာ့ကို ျပန္ေပးလိုက္ၿပီး သူမရပ္ေနသည့္ေနရာ၌သာ မလႈပ္မယွက္ေလးရပ္ေန၏။ စန္းရန္က သူမကိုပါ လိုက္ပို႔ေပးမေပးခ်င္ကို မသိသျဖင့္ ကိုယ့္ကိုကိုယ္ အရွက္ရေစလိမ့္ကိစၥမ်ိဳးလည္း လိုက္မလုပ္ခ်င္ေပ။
ထိုအခ်ိန္တြင္ မုခ်န္ယြင္က စကားဆိုလာ၏။
"ရိဖန္က်ဲ....အစ္မ ကားေပၚမတက္ဘူးလား"
ဝိန္းရိဖန္က စန္းရန္အား ခ်ိတုံခ်တဳံျဖင့္ လွမ္းၾကည့္လိုက္၏။
ဤအခိုက္အတန့္၌ စန္းရန္က ကားေနာက္ခန္းေဘး၌ရပ္ေနၿပီး သူမကို ငုံ႕ၾကည့္ေနသည့္အခ်ိန္။ သူ႕မ်က္ဝန္းမ်ားဟာ မွင္ေရာင္အတိုင္းမည္းနက္ေနၿပီး မသိမသာျမႇောက္ျပလာသည့္မ်က္ခုံးမ်ားက သူမကိုရန္စေနျခင္းေပ။ ထို႔ေနာက္ စကားတစ္ခြန္းမဆိုဘဲ ကားေနာက္ခန္းတံခါးကို ပိတ္လိုက္၏။
ငြင်းဆန်လိုက်သည့်အဓိပ္ပါယ်ကြီးမှာ သိသိသာသာ။
ဝိန္းရိဖန္က အခ်ိန္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္လွ်င္ေတာ့ ၁၀နာရီမထိုးေသး။
အခ်ိန္မွာ သိပ္ေနာက္မက်ေသးဟုဆိုရမည္။ သူမအေနျဖင့္ ႏႈတ္ဆက္စကားဆိုၿပီး ထြက္လာေတာ့မည့္အခိုက္တြင္ စန္းရန္က ယာဥ္ေမာင္းသည့္ေနရာဘက္သို႔ေလွ်ာက္သြားႏွင့္ၿပီျဖစ္ၿပီး ဝါက်တစ္ေၾကာင္းကိုလည္း ပစ္လႊတ္လိုက္ေသး၏။
"အေရွ႕မွာထိုင္"
ဤမထင္မွတ္ထားသည့္စကားတစ္ခြန္းက ဝိန္းရိဖန္ကို ေၾကာင္အမ္းသြားေစခဲ့၏။
"နင္ ငါ့ကိုေျပာေနတာလား"
စန္းရန္က ကားတံခါးကိုဖြင့္ၿပီး ခဏရပ္လိုက္၍ ;
"မဟုတ္ရင္ေရာ...."
ဝိန္းရိဖန္ ;
"အို႔....အင္းပါ"
"သူမ်ားက အရက္မူးၿပီး ေနမသာထိုင္မသာျဖစ္ေနတာ ၊ အေနာက္ခန္းမွာ လွဲခိုင္းထားလိုက္ ၊ မင္းက အနားမွာသြားထိုင္ၿပီး ဘာကိစၥနဲ႕ႏွောက္ယွက္ေနမွာလဲ"
"...."
ဝိန္းရိဖန္ ကားျပတင္းေပါက္မွတဆင့္လွမ္းၾကည့္လိုက္လွ်င္ မုခ်န္ယြင္၏ျဖဴေဖ်ာ့ေနသည့္အမူအရာကို ျမင္လိုက္ရသည့္အတြက္ ယေန႕တြင္ စန္းရန္က အေတာ္ေလးကိုေတြးေတာေပးတတ္ေၾကာင္း မဆီမဆိုင္ခံစားမိလိုက္ေသး၏။
"ဟုတ္တယ္ေနာ့"
ထို႔ေနာက္ ဝိန္းရိဖန္က မုခ်န္ယြင္ကိုလွမ္းၾကည့္ရင္း ;
"ဒါဆို အေနာက္ခန္းမွာေကာင္းေကာင္းအနားယူလိုက္ေနာ္ ၊ ေနာက္ဆို ဒီေလာက္အမ်ားႀကီးမေသာက္နဲ႕ေတာ့"
မုခ်န္ယြင္ ; "...."
ကားေပၚတက္ၿပီးေနာက္တြင္ စန္းရန္က စကားဆိုလာသည္။
"သူ ဘယ္မွာေနတာလဲ"
ဝိန္းရိဖန္သည္လည္း အေသးစိတ္သိေနျခင္းေတာ့မဟုတ္ ၊ ထို႔ေၾကာင့္ သူမ သိထားသည့္အေျဖမ်ိဳးကိုသာ ေပးနိုင္၏။
"နန္းဝူတကၠသိုလ္ရဲ႕ေနာက္ဆုံးႏွစ္ေက်ာင္းသားဆိုေတာ့ ေက်ာင္းထဲမွာပဲေနမယ္ထင္တယ္"
စန္းရန္ ;
"ဘယ္အေဆာင္လဲ"
"...."
ဝိန္းရိဖန္က သူမ အရင္တစ္ေခါက္အင္တာဗ်ဴးထားဖူးသည့္အခ်က္အလက္မ်ားကို ျပန္ေတြးၾကည့္ရင္း ;
"အဓိကေက်ာင္းေဆာင္ထင္တာပဲ"
"ဟုတ္တယ္"
မုခ်န္ယြင္ အေနာက္မွေန၍ ဝိုးတိုးဝါးတားျဖင့္စကားဆိုလာ၏။
ေနာက္တြင္ေတာ့ မည္သူမွ်ကစားမဆိုေတာ့ဘဲ ကသိကေအာက္နိုင္နိုင္ တိတ္ဆိတ္ေနခဲ့ၾကသည္။
ဝိန္းရိဖန္အေနျဖင့္ ဘယ္အရာက ကသိကေအာက္နိုင္ေနပါေၾကာင္း သတိမထားနိုင္ေတာ့ဘဲ ေသာက္ထားခဲ့သည့္အရက္အရွိန္ေၾကာင့္ မူးေဝလာသည့္ခံစားခ်က္ႀကီးသာရွိေနေတာ့၏။ လက္ရွိအခ်ိန္တြင္ အစာအိမ္ထဲတြင္ ကေမာက္ကမျဖစ္ေနၿပီး တစ္စုံတစ္ရာက လည္ေခ်ာင္းဝထိပ်ိဳ႕တက္လာသည့္ခံစားခ်က္မ်ိဳးျဖစ္လာကာ ေနမသာထိုင္မသာေတာ့ေပ။
ထို႔အျပင္ ကားအတြင္း ေလလုံေနခဲ့သျဖင့္ အရက္နံ႕မ်ားေထာင္းေထာင္းထေနေသးသည္။
ထိုအနံ႕အသက္ေၾကာင့္လည္း ပ်ိဳ႕အန္ခ်င္သည့္စိတ္မ်ား ျပည့္လာရေတာ့၏။
သည္းညည္းမခံနိုင္ေတာ့သည့္အဆုံးတြင္ ဝိန္းရိဖန္က ;
"ငါ ကားျပတင္းေပါက္မွန္ခ်ထားလို႔ ရမလား"
စန္းရန္က တစ္ခ်က္လွမ္းၾကည့္လာၿပီး ဘာမွမဆို။ လက္တစ္ဖက္ကိုလႊတ္လိုက္ၿပီးေနာက္ သူ႕ဘယ္ဘက္အျခမ္းတြင္ရွိသည့္ ထိန္းခ်ဳပ္ေရးခလုတ္မ်ားထဲမွတစ္ခုကို ႏွိပ္လိုက္သည္။
ေနာက္တစ္ကၠန့္တြင္ ဝိန္းရိဖန္ထိုင္ေနသည့္ဘက္မွ ျပတင္းမွန္က်လာခဲ့၏။
အျပင္ဘက္မွတိုးဝင္လာသည့္ေလေအးမ်ားထဲတြင္ ေဖာ္ျပရခက္ခဲေသာပန္းရနံ႕မ်ား ပါလာကာ ဝိန္းရိဖန္က ႐ုတ္ခ်ည္းဆိုသလို ေတာ္ေတာ္ေလးေနသာထိုင္သာရွိသြားခဲ့သျဖင့္ ေက်းဇူးတင္စကားဆိုလိုက္၏။ ကားျပတင္းမွန္ေဘာင္ကိုမွီရင္း အစာမစားဘဲ အရက္ေသာက္မိခဲ့သည့္အတြက္ အနည္းငယ္ေနာင္တရသလိုရွိလာကာ အိမ္ျပန္ေရာက္ၿပီးလွ်င္ စြပ္ျပဳတ္တစ္ခြက္ခ်က္ေသာက္မည့္အေၾကာင္းပါ ႀကိဳေတြးထားလိုက္သည္။
တိုက္ခတ္ေနသည့္ေလေအးမ်ားႏွင့္ထိေတြ႕လာသည္ႏွင့္အမွ် ဝိန္းရိဖန္၏အေတြးမ်ားလည္း ေရာက္တတ္ရာရာ။
ႀကိဳဆိုပြဲပါတီတုန္းက မုခ်န္ယြင္ေျပာျပသည့္ စန္းရန္ကဒါဇင္ႏွင့္ခ်ီၿပီးအရက္ေသာက္ထားသည့္တိုင္ မ်က္ႏွာမပ်က္သြားသည့္အေၾကာင္းအား ျပန္ေတြးၾကည့္မိလိုက္ရင္း အေၾကာင္းအရင္းေရေရရာရာမရွိပါဘဲ အထက္တန္းေက်ာင္းတုန္းက သူမအေရွ႕၌ စန္းရန္အရက္ေသာက္ေနသည့္ပုံစံအား ပထမဆုံးျမင္ဖူးခဲ့သည့္အခ်ိန္ကို ျပန္ျမင္ေယာင္လာမိ၏။
မွတ္မိသေလာက္အရ ထိုေန႕က စုေဟာက္အန္း၏ေမြးေန႕။
စုေဟာက္အန္းက အတန္းထဲမွသူငယ္ခ်င္းအားလုံးနီးပါး ေမြးေန႕ပြဲသို႔ဖိတ္ခဲ့ၿပီး ထိုထဲတြင္ ဝိန္းရိဖန္လည္း အပါအဝင္။
အမွန္တကယ္တြင္ ဝိန္းရိဖန္သည္ ထိုကဲ့သို႔ေသာအုပ္စုလိုက္ေပ်ာ္ပါးသည့္ကိစၥမ်ား ၊ စုေပါင္းပါတီပြဲမ်ားတြင္ ပါဝင္ျခင္းမ်ိဳးသိပ္မရွိ ၊ စုေဟာက္အန္းက အႀကိမ္ႀကိမ္အခါခါ လာဖိတ္ေနျခင္းေၾကာင့္သာ ျငင္းရမည္ကိုအားနာၿပီး လာခဲ့ျခင္းျဖစ္သည္။
ေနရာမွာ 'ရွန့္အန္း' ရပ္ကြက္ထဲမွ KTV တစ္ခုတြင္ျဖစ္သည္။
စုေဟာက္အန္းက သီးသန့္ခန္းနံပါတ္ကိုေျပာျပထားသျဖင့္ ဝိန္းရိဖန္က စားပြဲထိုးေလးကိုေမးျမန္းၿပီး အထဲဝင္လာခဲ့၏။ တံခါးတြန္းဖြင့္လိုက္ခ်င္းပင္ သီးသန့္ခန္း၏ေဘးေနရာ၌ ထိုင္ေနသည့္စန္းရန္ကို ျမင္လိုက္ရ၏။ သူက အနက္ေရာင္တီရွပ္ကိုဝတ္ထားၿပီး ထိုင္ခုံကိုမွီထားကာ လက္ထဲတြင္အခ်ိဳရည္တစ္ခြက္ကိုကိုင္ထားသည္။
သူမကိုျမင္လိုက္သည့္အခါ စန္းရန္က လွည့္ၾကည့္လာရင္း ႏႈတ္ခမ္းေထာင့္တြင္လည္း အေကြးေလးတစ္ခုေပၚေအာင္ ၿပဳံးျပလာခဲ့၏။
သူမဘက္မွ ဘာမွမတုံ႕ျပန္ရေသးခင္ အျခားမိန္းကေလးတစ္ဦးက ဝိန္းရိဖန္အား ဆြဲေခၚသြားခဲ့ၿပီး သူတို႔ႏွစ္ဦးၾကားတြင္ တစ္ညလုံး စကားေျပာ ၊ အဆက္အဆံဟူ၍ မရွိခဲ့ေပ။
ဝိန္းရိဖန္က ၾကာၾကာမေနျဖစ္ဘဲ ည ၉နာရီထိုးခါနီးတြင္ေတာ့ စုေဟာက္အန္းအား ေမြးေန႕မွာေပ်ာ္႐ႊင္ေစရန္ ဆုေတာင္းစကားဆိုေပးရင္း ႏႈတ္ဆက္ၿပီးထြက္လာခဲ့၏။ အျခားသူငယ္ခ်င္း၏အာ႐ုံကိုလည္းမဖ်က္လိုသျဖင့္ တိတ္တဆိတ္သာအခန္းအျပင္ထြက္လာၿပီး KTV ၏အေနာက္ဘက္မွတံခါးေလးမွတဆင့္ ေလွ်ာက္ထြက္လာခဲ့သည္။
ေလွကားအတိုင္းဆင္းလာၿပီးေနာက္ ေအာက္ဘက္တြင္ ရင္ျပင္ငယ္အေသးစားေလးတစ္ခုရွိၿပီး စားေသာက္ဆိုင္မ်ားတန္းစီရွိေနသည့္ေဘးတြင္ McDonald' ဆိုင္တစ္ဆိုင္။
ဝိန္းရိဖန္ အိတ္ကပ္ထဲစမ္းၾကည့္ရင္း ဂ်ဳံေလေပြမုန့္(Wheat Whirlwind)တစ္ခုျဖစ္ျဖစ္ ဝယ္စားရနိုးနိုး စဥ္းစားေနသည့္အခ်ိန္ အေရွ႕တြင္ျမင္ေနသည့္ျမင္ကြင္းတစ္ခုလုံးက ေမွာင္သထက္ပိုေမွာင္သြားသလိုခံစားမိလိုက္ရကာ သူမ အလိုလိုေခါင္းေမာ့ၾကည့္လိုက္သည့္အခ်ိန္ စန္းရန္၏ မထီမဲ့ျမင္ျပဳတတ္ေသာမ်က္ခုံးႏွင့္ တည့္တည့္တိုးသြားခဲ့သည္။
ဝိန္းရိဖန္ အံ့ၾသသြားရင္း ;
"နင္လည္း ျပန္ေတာ့မလို႔လား"
စန္းရန္က ပ်င္းတိပ်င္း႐ြဲအသံျဖင့္ ;
"အင္း"
ႏွစ္ေယာက္သားျပန္ၾကရမည္မွာ ဆန့္က်င္ဘက္ျဖစ္ေနေသာေၾကာင့္ ဝိန္းရိဖန္က ေခါင္းသာၿငိမ့္ျပလိုက္၏။
"ဒါဆို တနလၤာေန႕မွေတြ႕မယ္ ၊ လမ္းမွာ ဂ႐ုစိုက္ၿပီးျပန္ပါ"
စကားေျပာၿပီးသည္ႏွင့္ ဝိန္းရိဖန္က McDonald' ဆိုင္ဘက္သို႔ ေျခဦးလွည့္လိုက္၏။ ေျခလွမ္းႏွစ္လွမ္းခန့္မွ်ပင္ လွမ္း႐ုံရွိေနေသး ၊ သူမ၏ေဘးနားတြင္ရပ္ေနသည့္ စန္းရန္က အနည္းငယ္ယိုင္က်လာကာ ဟန္ခ်က္ညွိလိုက္သည့္အလား သူမ၏လက္ေမာင္းကိုဖမ္းဆြဲလိုက္သည္။
ဝိန္းရိဖန္ ျပန္လွည့္ၾကည့္လိုက္၏။
"ဘာျဖစ္လို႔လဲ"
စန္းရန္က လက္မလႊတ္ေပးေသးခင္ စကားလုံးတစ္ခ်ိဳ႕ကို ေဝေဝဝါးဝါးေျပာလာခဲ့၏။
"မူးလို႔"
ဤစကားကိုၾကားလိုက္ရသည့္အခါ ဝိန္းရိဖန္ သူ႕မ်က္ႏွာအား လွမ္းၾကည့္လိုက္၏။ ပုံမွန္ႏွင့္ ဘာမွမကြာ ၊ သူ႕မ်က္လုံးမ်ားက မည္းနက္ေနေသာ္ျငား ေတာက္ပေနဆဲျဖစ္ၿပီး လမ္းမီးတိုင္ထက္မွမီးလုံးမ်ားသဖြယ္။ သူမအေနျဖင့္ စန္းရန္က ဘာျဖစ္လို႔ျဖစ္ေနမွန္းပင္ မခန့္မွန္းတတ္ပါေတာ့ေခ်။
"နင္ ဘာျဖစ္ေနတာလဲ"
"မတ္တပ္မရပ္နိုင္ေတာ့လို႔"
စန္းရန္က ဝိန္းရိဖန္ကို လွမ္းၾကည့္လာကာ ေလးလံထိုင္းမွိုင္းေနသည့္ဟန္ျဖင့္ ;
"ကူတြဲေပးမွ ရေတာ့မွာ"
"...."
ဝိန္းရိဖန္က သူ႕နားသို႔ ခ်ိတုံခ်တဳံျဖင့္ျပန္ကပ္သြားသည့္အခါ သူ႕ခႏၶာကိုယ္ထက္မွ အရက္နံ႕ေဖ်ာ့ေဖ်ာ့ကို ခံစားလိုက္၏။
"နင္ အရက္ေသာက္ထားတာလား"
စန္းရန္က 'အင္း' ဟုအသံတစ္ခ်က္ျပဳလာခဲ့၏။
ဝိန္းရိဖန္ ;
"နင္ အခုမွ အထက္တန္းေက်ာင္းသားပဲရွိေသးတာကို ဘာကိစၥနဲ႕ အရက္ေသာက္ရတာလဲ"
"မွားယူမိလို႔....အားလုံးက အနီေရာင္ဘူးေတြဆိုေတာ့ ကိုလာလို႔ထင္လိုက္တာ"
"အို႔"
ဝိန္းရိဖန္လည္း ဘာလုပ္ေပးရမွန္းမသိ၍ တစ္ခဏမွ်စဥ္းစားၾကည့္လိုက္ရ၏။
"ငါ စုေဟာက္အန္းဆီဖုန္းဆက္ၿပီး နင့္ကို လာေခၚခိုင္းလိုက္ရမလား ၊ ဒါမွမဟုတ္ နင့္မိဘေတြဆီ ဖုန္းဆက္...."
စန္းရန္က သူမ၏စကားကိုျဖတ္ေျပာလာ၏။
"သူမ်ားေတြကို အႏွောက္အယွက္သြားေပးရမွာကိုမႀကိဳက္ဘူး"
သူမ်ားကို အႏွောက္အယွက္ေပးရမွာမႀကိဳက္ဘူး?
ဒါဆို သူမလည္း ပါေလာက္မွာေပါ့?
"ဒါဆို နင္...."
ဝိန္းရိဖန္ ဟိုဟိုဒီဒီေတြးၾကည့္ရင္း မလွမ္းမကမ္းတြင္ရွိေနသည့္ ေလွကားထစ္မ်ားဘက္သို႔ ၫႊန္ျပ၍ ;
"အရင္ဆုံးထိုင္ေနၿပီး စိတ္ၾကည္သြားေအာင္လုပ္လိုက္မလား"
"...."
သူမ၏ႏြေးႏြေးေထြးေထြးစကားတစ္ခြန္းအၿပီးတြင္ ;
"ငါ အရင္ျပန္ႏွင့္ေတာ့မယ္ေနာ္"
စိတ္ဆိုးသြားျခင္းလား ဒါမွမဟုတ္ ရယ္စရာေကာင္းသြား၍လားမသိ စန္းရန္က သူမကို စိုက္ၾကည့္ေန၏။ စိတ္တိုေနသည့္ပုံႏွင့္ပိုတူၿပီး တစ္ခဏအၾကာ၌ လက္ရမ္းျပလာခဲ့သည္။
"ရတယ္....ျပန္ေတာ့"
ဤစကားကို ၾကားရၿပီးေနာက္ ဝိန္းရိဖန္က McDonald' ဆီသို႔ ျပန္ဦးတည္လိုက္၏။ သိပ္မၾကာလိုက္ပါဘဲ သူမ ျပန္လွည့္ၾကည့္လိုက္သည့္အခိုက္တြင္ စန္းရန္က ထိုေလွကားထစ္ေပၚ၌ထိုင္ေနသည့္ျမင္ကြင္းအား ျမင္လိုက္ရသည္။ သူ႕ပုံစံမွာ ခပ္ေလ်ာ့ေလ်ာ့ထိုင္ခ်ထားၿပီး အနက္ေရာင္ဆံပင္တို႔က နဖူးေရွ႕၌ ဝဲက်ေန၏။ ေခါင္းငုံ႕ထားျခင္းေၾကာင့္ သူ႕မ်က္လုံးမ်ားကိုေတာ့ ရွင္းရွင္းလင္းလင္းမျမင္ရေပ။
ၾကည့္ရသည္မွာ ျပန္စရာအိမ္မရွိသည့္ သနားစရာအိမ္ေျခရာမဲ့ေလးပင္ တူေနေတာ့သည္။
ဝိန္းရိဖန္ အၾကည့္လႊဲလိုက္ၿပီး အေရွ႕သို႔ဆက္ေလွ်ာက္လာခဲ့သည္။ ဘယ္ေလာက္မွပင္မၾကာလိုက္ပါဘဲ ေျခလွမ္းမ်ားကိုရပ္ ၊ သက္ျပင္းခ်ၿပီး သူ႕ဆီသို႔ ျပန္ေလွ်ာက္လာလိုက္သည္။
"စန္းရန္"
စန္းရန္က ေမာ့ၾကည့္မလာဘဲ 'အင္း' ဟုသာဝိုးတိုးဝါးတားအသံတစ္ခုျဖင့္ တုံ႕ျပန္လာသည္။
ယခုလိုကိစၥမ်ိဳးတြင္ေတာ့ ဝိန္းရိဖန္လည္း အနည္းငယ္လမ္းေပ်ာက္ရကာ မေျဖရွင္းတတ္ ၊ ကိုယ့္ကိုကိုယ္ပင္ ျဖစ္ျဖစ္ျမႇောက္ျမႇောက္မေစာင့္ေရွာက္နိုင္တတ္ေသးသည္ျဖစ္ရာ အျခားသူကိုေစာင့္ေရွာင္ဖို႔ ပို၍ပင္ မတတ္နိုင္ေခ်။ ထို႔ေၾကာင့္ တတ္နိုင္သည့္အေျခအေနတစ္ခုကိုသာ စကားဆိုလိုက္၏။
"နင္ လမ္းေလွ်ာက္နိုင္ေသးလား ၊ ငါ နင့္ကို ဘတ္စ္ကားမွတ္တိုင္နားထိ လိုက္ပို႔ေပးမယ္"
ထိုအခါ စန္းရန္က ေခါင္းေမာ့လာၿပီးေနာက္ သုံးေလးစကၠန့္အၾကာတြင္ သူမဆီသို႔ လက္ဆန့္ထုတ္ေပးလာ၏။
"မတ္တပ္မရပ္နိုင္ေတာ့ဘူး"
ဝိန္းရိဖန္ ႏႈတ္ခမ္းကိုကိုက္ၿပီး သူ႕လက္ေကာက္ဝတ္ကိုဆုတ္ကိုင္ကာ မတ္တပ္ရပ္နိုင္ရန္အတြက္ ဆြဲထူေပးလိုက္သည္။
နည္းနည္းေလးမွ် မလႈပ္လာေပ။
သူမ အားထည့္ၿပီး ထပ္ဆြဲထူလိုက္၏။
ထပ္ၿပီး မလႈပ္မယွက္သာရွိေနဆဲ။
ဝိန္းရိဖန္ အားေလ်ာ့သြားရကာ ခႏၶာကိုယ္ကို တစ္ဝက္ထိုင္ခ်လဳနီးနီးထိ ငုံ႕လိုက္၍ ;
"ငါ အေပၚတက္ၿပီး စုေဟာက္အန္းကိုပဲ သြားေခၚလိုက္ေတာ့မယ္"
စန္းရန္က သူမအား လွမ္းၾကည့္လာေလၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္ ;
"မင္း နည္းနည္းပိုၿပီးအားစိုက္လိုက္ေလ"
"ငါ နင့္ကိုဆြဲမထူနိုင္ဘူး..အရမ္းေလးတယ္"
ဝိန္းရိဖန္က သူ႕အား ေနာက္တစ္ႀကိမ္ဆြဲထူလိုက္သည့္အခါတြင္ေတာ့ ;
"နင္ ၾကည့္...."
စကားပင္မဆုံးေသး ၊ ဤတစ္ႀကိမ္တြင္ စန္းရန္က လြယ္လြယ္ေလးျဖင့္ ပါလာခဲ့၏။
ဝိန္းရိဖန္လည္း ေၾကာင္အမ္းသြားလ်က္။
စန္းရန္က မတ္တပ္ရပ္ေနၿပီး အမိန့္ေပးမပ်က္ေသးဘဲ ;
"သြားမယ္ေလ ၊ မွတ္တိုင္ဆီ"
"...."
ဝိန္းရိဖန္က အေတာ္ေလးထူးဆန္းသလိုခံစားမိပါေသာ္ျငား ဘယ္ေနရာကမွားယြင္းေနေၾကာင္း တိတိက်က်မသိ ၊ ထို႔ေၾကာင့္ ေၾကာင္ေတာင္ေတာင္ေလးျဖင့္သာ စကားဆိုလိုက္သည္။
"ငါ ဘယ္လိုမ်ိဳးထိန္းေပးရမွာလဲ"
စန္းရန္ ;
"ပုခုံးတစ္ဖက္ ငွား"
အခုေလးတင္ ေန႕တစ္ဝက္ေလာက္ၾကာေအာင္ ဆြဲထူၿပီးမွ မတ္တပ္ရပ္နိုင္သည့္ကိစၥအား ျပန္ေတြးၾကည့္မိလိုက္သည့္အခါ ဝိန္းရိဖန္ အနည္းငယ္သေဘာမတူခ်င္ေတာ့ေပ။ သူ႕ခႏၶာကိုယ္ႀကီးတစ္ခုလုံးသာ သူမေပၚသို႔ မွီက်လာလွ်င္ သူမ၏တစ္ကိုယ္လုံးပါေပ်ာက္သြားလိမ့္မည္။
"ငါ နင့္လက္ေမာင္းကိုပဲ တြဲၿပီး ထိန္းထားေပးလို႔မရဘူးလား"
စန္းရန္က ၿပဳံးလိုက္၏။
"ဒါဆို ႏွစ္ဖက္စလုံး ထိန္းထားေပးမွာလား"
ဝိန္းရိဖန္က နားမလည္။
"ဘယ္လိုလုပ္ၿပီးႏွစ္ဖက္စလုံးကို ထိန္းလို႔ရမွာလဲ"
သူမ၏ဦးႏွောက္ထဲ ႏွစ္ဖက္စလုံးကိုတြဲၿပီးထိန္းေပးရမည့္ပုံစံအား ပုံေဖာ္ၾကည့္လိုက္ရာ ဖက္ထားလိုက္သည္ႏွင့္ ဘာမွမျခားေပ။
"တစ္ဖက္တည္းပဲ ထိန္းေပးထားရင္"
စန္းရန္က ႏႈတ္ခမ္းကိုေစ့ထားလ်က္ျဖင့္ ;
"က်န္တဲ့တစ္ဖက္က မတ္မတ္မရပ္နိုင္ဘူး"
"...."
ဝိန္းရိဖန္ အေတာ္ၾကာေအာင္ေတြးၾကည့္ေနၿပီးမွ ခက္ခက္ခဲခဲျဖင့္လက္ခံလိုက္ရေတာ့၏။ သြားရမည့္လမ္းခရီးမွာလည္း သိပ္မေဝး ၊ အရက္မူးေနသည့္သူတစ္ေယာက္ကို ယခုလိုေနရာမ်ိဳး၌ပစ္ထားခဲ့လွ်င္လည္း ျမင္မေကာင္းပါေပ။
သူမ အနားသို႔ကပ္သြားလိုက္၏။
"ဒါဆိုလည္း နင္ ကိုင္ထားလိုက္"
စကားေျပာေနသည့္အခ်ိန္တုန္းက အေျပာင္အပ်က္လုပ္ေနသည့္စန္းရန္မွာ တကယ္တမ္းလက္ေတြ႕စစ္ေျမျပင္ေပၚသို႔ ေရာက္သြားသည့္အခ်ိန္တြင္ေတာ့ အခ်ိန္ဆြဲေနသည့္အလား ႏွေးေကြးသြားခဲ့ၿပီး ေတာ္ေတာ္ႏွင့္လက္မျမႇောက္လာေတာ့ေခ်။
ေနာက္ဆုံးတြင္ ေစာင့္ေနရသည့္ဝိန္းရိဖန္ကသာ ကူကယ္ရာမဲ့စြာျဖင့္သူ႕လက္ေမာင္းကိုဆြဲယူၿပီး သူမ၏ပုခုံးေပၚ တင္ေပးလိုက္ေတာ့သည္။
သူမဘက္က ထင္ေယာင္ထင္မွားျဖစ္႐ုံလားေတာ့မသိ ၊ စန္းရန္၏ခႏၶာကိုယ္မွာ အနည္းငယ္ေတာင့္ေတာင့္ႀကီးျဖစ္ေနၿပီး သူမထင္ထားသလိုမ်ိဳး အေလးတုံးႀကီးတစ္ခုသဖြယ္ မွီခ်လာျခင္းမ်ိဳးမရွိ။
သူမသည္လည္း မသိလိုက္ပါဘဲ သူ႕မ်က္ႏွာအား ခဏခဏေမာ့ၾကည့္မိလိုက္ပါေသး၏။
တိုေတာင္းလြန္းသည့္လမ္းတစ္ေထာက္စာ ေလွ်ာက္လာသည့္အၿပီးတြင္။
စန္းရန္၏ခႏၶာကိုယ္က မသိမသာေလးတုန္ယင္ေနေၾကာင္း ဝိန္းရိဖန္ ႐ုတ္တရက္ခံစားမိရာ ေနာက္တြင္ ေအာင့္အည္းမေနနိုင္ေတာ့သည့္အတိုင္း ရယ္သံသဲ့သဲ့ထြက္လာခဲ့ေတာ့သည္။ သူမ ေမာ့ၾကည့္မိလိုက္လွ်င္ မ်က္ဝန္းမ်ားက သူ႕ႏႈတ္ခမ္းေထာင့္စြန္းမွ ပါးခ်ိဳင့္ေနရာႏွင့္ တစ္တန္းထဲရွိေနၿပီး အေပၚထပ္တိုးၿပီးၾကည့္လိုက္လွ်င္မူ ေတြ႕ရသည္မွာ သူ႕မ်က္ခုံးမ်ား။
သူ႕ဘာသာသူ သေဘာတက်ရယ္ေနျခင္းျဖစ္ၿပီး မႈတ္ထုတ္လာသည့္အသက္ရႈေငြ႕မ်ားက သူမ၏လည္တိုင္ေပၚ ျဖတ္ေျပးသြားသေယာင္ေယာင္။
သူ႕ပုံစံက အမွန္တကယ္ကို အရက္မူးသမားႏွင့္တူလာသည့္အတြက္ ဝိန္းရိဖန္ တည့္တိုးဆန္ဆန္သာေမးၾကည့္လိုက္သည္။
"နင္ ဘာရယ္ေနတာလဲ"
စန္းရန္က ရယ္ေနဆဲသာျဖစ္ၿပီး ;
"ဘာမွမဟုတ္ပါဘူး"
"...."
သူမ အထူးအဆန္းလိုလွမ္းၾကည့္ၿပီးေနာက္ ေရွ႕သို႔သာ ဆက္ၿပီးတြဲေခၚလာခဲ့သည္။
မွတ္တိုင္နားသို႔ေရာက္ခါနီးတြင္ စန္းရန္က သူမ၏နာမည္အား ႐ုတ္တရက္ေခၚလာခဲ့သည္။
"ဝိန္း႐ႊမ္းက်န့္"
ဝိန္းရိဖန္ ;
"အမ္?"
"ငါ မင္းကိုေျပာစရာတစ္ခုရွိတယ္"
"ဘာႀကီးလဲ"
"ခုဏတုန္းက အမွတ္မွားသြားလို႔"
စန္းရန္က ႏႈတ္ခမ္းကိုေကြးၫႊတ္ၿပီး စကားသံတို႔က သိသိသာသာနိမ့္သြားရင္း မ်က္ႏွာသည္လည္း သူ႕ကိုယ္ပိုင္ဟန္ျဖစ္ေသာ တစ္ေလာကလုံးကိုဂ႐ုမစိုက္သည့္မ်က္ႏွာထားမ်ိဳး ျပန္ျဖစ္သြားခဲ့၍ ;
"ငါ ဒီေန႕ညေသာက္ခဲ့တာ ကိုလာခ်ည္းပဲ"
-------
သတိမထားခဲ့စဥ္မွာပင္ နန္းဝူတကၠသိုလ္၏ဂိတ္ေပါက္ဝသို႔ ေရာက္လာခဲ့သည္။
ကားထဲတြင္အနားယူခဲ့ျခင္းေၾကာင့္လည္း မုခ်န္ယြင္ အနည္းငယ္လန္းလန္းဆန္းဆန္းျဖစ္လာခဲ့သည္။ ကားေပၚမွဆင္းၿပီးေနာက္ မုခ်န္ယြင္က ၿပဳံးျပရင္း စန္းရန္မွ သူ႕အား ဘယ္လိုဘယ္ပုံလိုက္ပို႔သည့္အေၾကာင္းကို စကားတစ္ခြန္းမွမဟ ၊ ေက်းဇူးတင္စကားဆိုၿပီးသာ ဝင္သြားခဲ့သည္။
ဝိန္းရိဖန္က လက္ရမ္းျပႏႈတ္ဆက္ၿပီး နန္းဝူတကၠသိုလ္၏ဂိတ္ေပါက္ဝႀကီးအား တစ္ခဏလွမ္းၾကည့္မိေနေသးသည္။
တစ္ဖက္သို႔လွည့္ၾကည့္မိလိုက္သည့္အခ်ိန္တြင္ေတာ့ စန္းရန္၏အၾကည့္မ်ားႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ဆုံသြားခဲ့၏။
သူမ ခ်က္ခ်င္းအၾကည့္လႊဲလိုက္ၿပီး ေနာက္ထပ္ တိတ္ဆိတ္ေနေသာခရီးတစ္ေထာက္ ျဖစ္ခဲ့ျပန္သည္။
တစ္ေလွ်ာက္လုံးတြင္ စန္းရန္က ေမးခြန္းတစ္ခုသာ ေမးလာခဲ့၏။
"မင္းရဲ႕ အလုပ္ကမိတ္ေဆြလား?"
"အသစ္ဝင္လာတဲ့ အလုပ္သင္ ၊ နင္နဲ႕လည္း ရင္းႏွီးတဲ့ ဂ်ဴနီယာညီေလးမလား"
စန္းရန္ ;
"ဟုတ္တယ္ပဲဆိုပါေတာ့"
တျဖည္းျဖည္းႏွင့္ အိမ္ရာ၏ေျမေအာက္ကားပါကင္ဆီသို႔ ေရာက္လာခဲ့ၾကသည္။
ဝိန္းရိဖန္၏ေျခတစ္လွမ္း ေျမႀကီးေပၚခ်လိဳက္သည့္အခါတြင္ေတာ့ သူမ ေသာက္ထားသည့္အရက္ရွိန္မွာ အေတာ္ေလးျပင္းေၾကာင္း ခံစားမိလိုက္ေတာ့၏။ လက္ရွိတြင္ ေလေပၚေျမာက္ေနသည့္ခံစားခ်က္ႀကီးႏွင့္အတူ ကမၻာႀကီးမွာ ခ်ာခ်ာလည္လ်က္။
စန္းရန္က ဝိန္းရိဖန္က အနည္းငယ္ေနာက္က်ၿပီးမွ ကားေပၚမွဆင္းလာျခင္းျဖစ္ၿပီး ကားတံခါးေလာ့ခတ္ၿပီးေနာက္ ဝိန္းရိဖန္၏အေျခအေနကို သတိထားမိလိုက္၏။
"ဘာျဖစ္လို႔လဲ"
စန္းရန္၏အသံကိုၾကားလိုက္သည့္အခိုက္ ဝိန္းရိဖန္၏စိတ္ထဲ မဆီမဆိုင္ ျမင္ေယာင္လာသည့္ျမင္ကြင္းမွာ မုခ်န္ယြင္၏နီရဲေနေသာလည္ပင္းပင္။ လက္ႏွစ္ဖက္ကိုျမႇောက္ကာ သူမ၏ဆြယ္တာအကၤ်ီေခါင္းစြပ္ကို မသိမသာလွမ္းကိုင္လိုက္၍ ;
"ဘာမွမျဖစ္ဘူး...."
"....."
ဝိန္းရိဖန္၏အျပဳအမူမွာ စန္းရန္အတြက္ အေတာ္ေလးထူးဆန္းေနပါေသာ္ျငား သူမ၏မ်က္ႏွာထက္တြင္ေတာ့ တစ္ခုခုပုံမွန္မဟုတ္သည့္အရာမ်ိဳးကို မေတြ႕။ တစ္ခဏၾကာၾကာစိုက္ၾကည့္ေနၿပီးေနာက္တြင္ေတာ့ အၾကည့္လႊဲကာ ဓါတ္ေလွကားဆီသို႔ ေလွ်ာက္လာခဲ့သည္။
ဝိန္းရိဖန္က သူ႕အေနာက္မွ ႏွေးႏွေးေကြးေကြးျဖင့္သာ လိုက္သြားလိုက္၏။
ဓါတ္ေလွကားထဲသို႔ စန္းရန္ အရင္ဝင္သြားၿပီးမွ ဝိန္းရိဖန္က ေနာက္မွလိုက္လာၿပီး အတြင္းအက်ဆဳံးေနရာကိုယူကာ ဓါတ္ေလွကားနံရံကို မွီရပ္ေနလိုက္၏။
ဆယ့္ေျခာက္လႊာသို႔ ေရာက္သည့္အခ်ိန္တြင္။
ဓါတ္ေလွကားပြင့္သြားခဲ့၍ ဝိန္းရိဖန္က အျပင္ေလွ်ာက္ထြက္ရန္ျပင္လိုက္သည့္အခ်ိန္တြင္ အခ်ိန္အၾကာႀကီးမတ္တပ္ရပ္လာရျခင္းေၾကာင့္လားမသိ ေျခေထာက္မ်ား ခါတိုင္းႏွင့္မတူေအာင္ႏုံးခ်ိၿပီး ၫႊတ္က်လာခဲ့သည္။ တစ္ခ်ိန္တည္းဆိုသလို စန္းရန္ကလည္း သူမဘက္သို႔လွည့္လာၿပီး တစ္ခုခုေျပာခ်င္ေနသည့္ပုံစံ။ သူ႕စကားသံကို မၾကားလိုက္ရခင္ ဝိန္းရိဖန္က အေရွ႕သို႔ယိုင္က်သြားခဲ့ၿပီး အထိန္းအကြပ္မဲ့သြားခဲ့သည့္အလား တစ္ဖက္က သူ႕လက္ေမာင္းကိုလွမ္းကိုင္လိုက္ကာ အျခားတစ္ဖက္က နက္ကတိုင္လ္ကို လွမ္းဆြဲလိုက္၏။ မ်က္ႏွာသည္လည္း သူ႕ရင္ဘတ္ထဲ ဝင္တိုက္လ်က္။
တစ္ျဖတ္စာအခ်ိန္ကေလးအတြင္း ပတ္ဝန္းက်င္တြင္ရွိသမွ်ေသာရနံ႕တို႔အား သူ႕ခႏၶာကိုယ္ထက္မွ စႏၵကူးရနံ႕မ်ားက လႊမ္းၿခဳံသြားခဲ့ေတာ့၏။
စန္းရန္၏ခႏၶာကိုယ္မွာ ေအာက္သို႔ကိုင္းက်လာခဲ့သည္။
သူမက အလိုလိုေခါင္းျပန္ေမာ့လိုက္သည့္အခ်ိန္ သူမ၏ႏွာေခါင္းထိပ္ႏွင့္ သူ၏ေမးဖ်ားတို႔က ျဖတ္ခနဲပြတ္ဆြဲသြားေနာက္ ေနာက္သို႔လည္းေျခတစ္လွမ္းဆုတ္လိုက္၏။
ဓါတ္ေလွကားတံခါးမွာ ျပန္ပိတ္သြားၿပီး.....
ျမင္ေနရသည့္အရာအားလုံးက တုံ႕ခနဲရပ္တန့္သြားသလိုလို။
ပထမဆုံးတုံ႕ျပန္လိုက္သည့္သူမွာ စန္းရန္။ စန္းရန္က ခပ္မတ္မတ္ျပန္ရပ္လိုက္ကာ ဝိန္းရိဖန္ဆြဲလိုက္မိသည့္နက္ကတိုင္လ္ကိုျဖည္ခ်လိဳက္ၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္ ဓါတ္ေလွကားခလုတ္အား ျပန္ႏွိပ္လိုက္၏။ ေနာက္တြင္ အဓိပ္ပါယ်ပါပါ ေခါင္းေစာင္းၾကည့္လာၿပီး
"ဒီတစ္ေခါက္ကေရာ ဘာအေၾကာင္းျပခ်က္နဲ႕လဲ"
ဝိန္းရိဖန္ ;
"ေတာင္းပန္ပါတယ္ ၊ ငါ နည္းနည္းယိုင္သြားခဲ့လို႔"
"ခုဏက မင္းကို ေမးတုန္းကေတာ့...."
စန္းရန္က နောက်ထပ်အဓိပ္ပါယ်ပါပါနှင့် ;
"မတ္တပ္ရပ္နိုင္ေသးတယ္ဆို"
"...."
တိတ္ဆိတ္သြားသည္မွာ သုံးစကၠန့္။
တိတ္ဆိတ္လြန္းေနသည့္ ဓါတ္ေလွကားထဲတြင္ စန္းရန္က ႐ုတ္တရက္လွမ္းေခၚလာခဲ့သည္။
"ဝိန္းရိဖန္"
ဝိန္းရိဖန္က ျဖည္းျဖည္းခ်င္းေခါင္းေမာ့ၾကည့္လာခဲ့သည္။
"အာ?"
စန္းရန္က သူမအား စိုက္ၾကည့္ေနၿပီး မ်က္ခုံးပင့္ျပလိုက္၏။
"မင္း ကိုယ့္ကို လိုက္ခ်င္ေနတာလား"
"...."
ဝိန္းရိဖန္၏ဦးႏွောက္တစ္ခုလုံး ကေမာက္ကမျဖစ္ေနၿပီး အခ်ိန္တစ္ခုစာထိ စိတ္ႏွင့္ကိုယ္ မကပ္ေသးေခ်။
"ဘာႀကီး...."
"အဲ့လိုရည္႐ြယ္ခ်က္မ်ိဳးရွိေနရင္ မင္း နည္းနည္းပါးပါးတည့္တိုးဆန္ဆန္လုပ္စမ္းပါ ၊ ေျပာမရရင္.."
စန္းရန္က ခႏၶာကိုယ္ကို ေရွ႕သို႔ကိုင္းခ်လိဳက္ၿပီး ဝိန္းရိဖန္ႏွင့္ မ်က္လုံးခ်င္းဆုံလိုက္၏။ က်န္ေနသည့္စကားလုံးမ်ားကိုေတာ့သိသိသာသာအခ်ိန္ဆြဲၿပီးမွ ေျဖးေျဖးခ်င္းျဖင့္
"ကိုယ္ စဥ္းစားေပးရင္ေပးမွာေပါ့"
ႏွစ္ေယာက္သားၾကားရွိအကြာအေဝးမွာ ဘာမွသိပ္မက်န္ေတာ့ေခ်။
ေယာက္်ားေလး၏ ရင္းႏွီးေသာအသက္ရႉေငြ႕မ်ားက ေနရာတိုင္းကိုဖိႏွိပ္လာၿပီး မ်က္ခုံးႏွစ္ခုက ထိစပ္ေတာ့မေယာင္ေယာင္။
သူ႕မ်က္ဝန္းအိမ္မ်ားက ပါးလြလြေလးသာျဖစ္ၿပီး မ်က္ဝန္းေထာင့္မ်ားက ခပ္ေရးေရးျမႇောက္တက္ေနကာ ေမြးရာပါသည့္စူးရွျခင္းအေငြ႕အသက္မ်ား ဝန္းရံေနေသးသည္။ လူကိုစိုက္ၾကည့္သည့္အခါမ်ိဳးတြင္ အကဲျဖတ္စစ္ေဆးခံရသည့္ပုံစံ ၊ မထီမဲ့ျမင္ျပဳတတ္သည့္သ႑ာန္ ၊ အျမင့္၌သာေထာင္လႊားျပသည့္အရိပ္အေယာင္ ၊ လ်စ္လ်ဴရႈတတ္ေသာေအးစက္ျခင္းတို႔ကို တစ္ၿပိဳင္နက္တည္း ခံစားသြားရေအာင္ ေစစားနိုင္ေသးသည္။
လက္ရွိအခ်ိန္တြင္ ခႏၶာကိုယ္ကိုကိုင္းကာ မလွမ္းမကမ္းအကြာအေဝးမွေနၿပီး သူမကို စူးစိုက္ၾကည့္ေနပါ၏။
ဝိန္းရိဖန္က ဓါတ္ေလွကားနံရံကို မွီထားရင္း သူ႕မ်က္ဝန္းမ်ားထံမွေရွာင္မေျပးဘဲ တည့္တည့္ျပန္ၾကည့္လိုက္၏။ သူမ၏စိတ္အစဥ္မွာ လက္ရွိတြင္ေနာက္က်ိေနၿပီး ေသေသခ်ာခ်ာလွည့္ပတ္ၿပီးမေတြးနိုင္ပါေသးေခ် ၊ သို႔ေသာ္ စန္းရန္၏ဤစကားက ေကာင္းေသာကမ္းလွမ္းျခင္းတစ္ခုမဟုတ္မွန္းေတာ့ ခံစားေနမိေသးသျဖင့္ ;
"အခုေလာေလာဆယ္ေတာ့ အဲ့လိုအစီအစဥ္မရွိထားေသးဘူး"
စန္းရန္က ခပ္မတ္မတ္ျပန္ရပ္လိုက္ကာ ေကြးေနသည့္ႏႈတ္ခမ္းပါးေလးမွာလည္းမရပ္သြားခဲ့သလို ၾကားေနရသမွ်ကို ယုံၾကည္ေကာင္းနိုးနိုးပင္ မသဲကြဲေတာ့ေခ်။
တစ္ခဏျပန္ၿငိမ္သြားသည့္ ဝိန္းရိဖန္က အတားအဆီးမရွိေတာ့ဘဲ စကားတစ္ခ်ိဳ႕ကို တရားဝင္ေၾကညာလာခဲ့သည္။
"ေနာက္ရွိလာတဲ့အခ်ိန္က်ရင္.....ငါ နင့္ကိုလာအသိေပးမယ္"
"...."
**************