Chapter (35) Arc 4
ခရမ်းရောင်မီးခို အဆိပ်
ဒေါက်! ဒေါက်!
မြို့ထောင်ချီမဟာမိတ် အဂ္ဂိရတ်ပညာရှင် အဖွဲ့ရှိ အခန်းတစ်ခန်းထဲတွင် အဂ္ဂိရတ်ဆရာ တစ်ဦးသည် အဂ္ဂိရတ်သန့်စင်နေစဥ် အတွင်း တံခါးခေါက်သံကို ကြားလိုက်ရသည်။
"ဘာကိစ္စရှိလို့လဲ?"
ထိုအဂ္ဂိရတ်ပညာရှင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဒုဥက္ကဌကို သတင်းပို့ပါတယ်... လျိုမိသားစုက လျိုယွင်ဖုန်း ရောက်လာပါတယ်"
အပြင်မှ လူတစ်ဦးက အသံတိုးတိုးဖြင့် သတင်းပို့လာလေသည်။
"ကောင်းပြီ... ခဏ စောင့်ခိုင်းထားလိုက် ငါချက်ချင်း လာခဲ့မယ်"
လျိုမိသားစုထံမှ လူလာကြောင်း ကြားလိုက်ရတဲ့အခါ ဒုဥက္ကဌက ချက်ချင်း တုံ့ပြန်လိုက်သည်။
လျိုယွင်ဖုန်း ဆိုသည်မှာ မကြာသေးခင်က လုရွှမ် တိုက်ခိုက်ရန် အမိန့်ပေးခဲ့သော အဆင့်၈ ကျင့်ကြံသူ ဖြစ်သည်။ အရပ်ရှည်ပြီး သန်မာသော လူများစွာသည် ဒုဥက္ကဌ ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပဲ မတ်တတ်ထရပ်လိုက်သည်။
"ဒုဥက္ကဌချန်!"
"ယွင်ဖုန်း အားမနာပါနဲ့... စကားမစပ် မင်းငါ့ကို ဘာအတွက် တွေ့ချင်တာလဲ"
ဒုဥက္ကဌချန်မှ မေးလိုက်သည်။
"အစောတုန်းက လုရွှမ် ကျုပ်တို့ လျိုအိမ်ကို ဒုက္ခပေးဖို့ ရောက်လာတာ ကောင်းကင်မှာ ပြန့်ကျဲနေတဲ့ အဆိပ်ငွေ့တွေကြောင့် သူ အဆိပ်မိသွားပြီ!"
လျိုယွင်ဖုန်း ချက်ချင်း ပြန်ပြောလိုက်သည်။
"ကောင်းတယ်... ခရမ်းရောင် အဆိပ်ငွေ့ပဲ... သူက သူတော်စင်တစ်ပိုင်း မဟုတ်သေးသရွေ့ သေကို သေလိမ့်မယ်!"
ဒုဥက္ကဌချန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး
"လုရွှမ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ပဲ ရှိသေးတာလေ... မကြာခင်မှာပဲ သူသေသွားတဲ့ သတင်းကို မင်းကြားရလိမ့်မယ်"
ခရမ်းရောင် အဆိပ်ငွေ့ဆိုတာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ခုလို့ ဆိုနိုင်၏။
မြို့ထောင်ချီမဟာမိတ်လို ရုပ်ထွေးတဲ့ နေရာမျိုးမှာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ဟာလည်း အခြေအနေ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတတ်သည်။ လျိုမိသားစုရဲ့ ဘိုးဘေးတွေတောင် မဖြေရှင်းနိုင်တဲ့ တည်ရှိမှု တစ်ခုရှိလာတာနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့အနေနဲ့ တန်ပြန် အရေးယူမှုများ ပြုလုပ်ကြသည်။
အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို တိုးတက်စေပြီး နယ်ပယ်ကို ချိုးဖျက်နိုင်သည့် ဆေးလုံးများကို သန့်စင်ပေးနိုင်သလို အမျိုးမျိုးသော အဆိပ်ဆေးများကိုလည်း သန့်စင်ပေးနိုင်သည်။
ခရမ်းရောင် အဆိပ်ငွေ့တွေဟာ ဆိုရင် သူတော်စင်တစ်ပိုင်း ထက်နိမ့်တဲ့ လူတွေကိုပင် သေဆုံးစေနိုင်၏။ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှာတောင် ဖြေဆေး ၃လုံးပဲ ရှိလေသည်။ ဒီအဆိပ်ပြင်း မီးခိုးမျိုးကို မြို့ထောင်ချီမဟာမိတ်ရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့တောင် မိမိတို့ဘာသာ မသန့်စင်နိုင်ကြပေ။
အဆိပ်ပြင်း မီးခိုးမျိုးကို အမြောက်အမြား သန့်စင်နိုင်သည်နှင့် တစ်ပြိုင်နက် မြို့ထောင်ချီမဟာမိတ်ရှိ အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် မဖြေရှင်းနိုင်သော ပြဿနာများ ဖြစ်လာနိုင်ပြီး စီးပွားရေးလည်း လုံးဝ ပျက်စီးစေနိုင်သည်။
ဒီအခြေအနေကို အထက်ပိုင်း ဌာနချူပ်က မမြင်ချင်သလို ဖြစ်လာအောင်လည်း ခွင့်မပြုထားချေ။
ကျောက်စိမ်းပြားထဲရှိ လုရွှမ်သည် အဆိပ်ဖြေဆေး အများအပြားကို ဆက်တိုက် သန့်စင်သော်ငြား ၎င်းတို့ကို သောက်သုံးပြီး နောက်တွင် အဆိပ်ပြေသွားခြင်း မရှိခဲ့ချေ။
သူ့ခမျာ တဖြည်းဖြည်း ဒေါသထွက်လာသလို အားကိုးရာမဲ့ လာခဲ့သည်။
ယခု သူ့တွင် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုရှိပြီး မြင့်မားသော အဆင့်ရှိ အဆိပ်ဖြေဆေးကို သန့်စင်နိုင်ပါက ခန္ဓာကိုယ်ထဲက အဆိပ်ကို လုံးလုံး ချေဖျက်ပစ်နိုင်ပြီ။
ဒါမှမဟုတ် သူ့လက်ထဲမှာ ပိုအဆင့်မြင့်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ ရှိနေခဲ့ရင် လက်ရှိမိနေတဲ့ အဆိပ်အတောက်တွေကို ချေဖျက်နိုင်တဲ့ ဆေးကို သန့်စင်နိုင်လောက်သည်။
သို့သော် ယခုမှာ ထိုအခြေအနေ နှစ်ခုနှင့် လုံးဝ ကိုက်ညီမနေချေ။
လက်ရှိ အချိန်၌ အကောင်းဆုံး နည်းလမ်းမှာ အဆိပ်ဖြေဆေး အမြောက်အမြားကို သန့်စင်ပြီး အဆိပ်သင့်မှုအား ခေတ္တတားဆီးရန်သာ ဖြစ်တော့သည်။
ထိုအကြောင်းကို တွေးရင်း လုရွှမ် စိတ်ဓာတ်ကျသွားသည်။ အနာဂတ်မှာ သူနဲ့အတူ တစ်ကမ္ဘာလုံးက အဆိပ်ဖြေဆေး အမြောက်အမြား ယူသွားပြီး အဆိပ်တစ်ခုမိတိုင်း ဖြေဆေးသောက်ရမယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဒါက စိတ်ပျက်စရာ ကောင်းလွန်းတယ် မဟုတ်ဘူးလား။
"လူမိုက်! တကယ်လူမိုက်ပဲ!"
လုရွှမ် ရှုံးနိမ့်သွားချိန်မှာပဲ ကျီးကန်းဟာ ကျောက်စိမ်းပြားထဲမှ တဖျတ်ဖျတ် ပျံသန်းလာခဲ့သည်။
"ကျီးကန်း မင်းမှာ ဘာနည်းလမ်းရှိလဲ"
လုရွှမ် မျက်မှောင် ကြုတ်လိုက်သည်။ အဆိပ်ခတ်ခံရတဲ့ အချိန်မှာတောင် ဒီသေနာကျီးကန်းက ရွဲ့စောင်း ပြောနေသေးသည်။
"မင်းကို ငတုံးလို့ ခေါ်တာ မဆန်းပါဘူး... တကယ် တုံးလွန်းတယ်!" ကျီးကန်းက ဆိုလေ၏။
"ဒါက အဆိပ်သက်သက်ပဲ မဟုတ်လား? ပြဿနာကြီးလည်း မဟုတ်ဘဲနဲ့"
"မင်းငါ့ကို အဆိပ်ဖြေပေးနိုင်လား?"
လုရွှမ် ရုတ်တရက် အလွန်ဝမ်းသာသွားသည်။ ဒီကျီးကန်းက ဘယ်ကနေ ရောက်လာမှန်း မသိပေမယ့် ရှန့်ခုန်းချိုင့်ဝှမ်းကနေ ထွက်လာပြီးနောက် သူသိလိုက်တာက ဒီကျီးကန်းမှာ လျိုဝှက်ချက်တွေ တော်တော် များနေတယ် ဆိုတာပင်။
ကျီးကန်း သူ့ကို အဆိပ်ဖြေပေးနိုင်တာလား?
"စစ်မှန်တဲ့ နဂါးနှလုံးသား! နဂါးနှလုံးလေ!"
ကျီးကန်းက ကျယ်လောင်စွာ အော်လေသည်။
"နဂါးနှလုံးနဲ့ ပေါင်းစပ်လိုက်ရင် မင်းမှာ တကယ့်နဂါးနဲ့တူတဲ့ နှလုံးသား ရှိလာမယ်... မင်းရဲ့ခန္ဓာကိုယ်ကလည်း အရမ်း တိုးတက်လာလိမ့်မယ်.... ဒီအဆိပ်လောက်က စိုးရိမ်စရာ မရှိသလို မိနစ်ပိုင်းအတွင်း ပျောက်ကင်းသွားလိမ့်မယ်"
လုရွှမ်လည်း အံ့အားသင့်သွားသည်။
အဆိပ်သည် ကျင့်ကြံမှုအဆင့်အောက် အစွန်းဆုံးကို ရောက်သွားရင် ကျင့်ကြံသူအတွက် လုံးဝ အသုံးမဝင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံမှုနယ်ပယ်သည် အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားတဲ့ ကိုယ်ခန္ဓာဟာ ပုံစံ ပြောင်းလဲသွားပြီး အဆိပ်တွေဟာ လူ့ခန္ဓာကိုယ်ထဲက လုပ်ငန်းဆောင်တာများကို ဖျက်ဆီးရန် နည်းလမ်း မရှိနိုင်တော့ပေ။
နဂါးနှလုံးနဲ့ တကယ့်နဂါးရဲ့ ခန္ဓာကိုယ်ဟာ သာမန်လူသားများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သည်။ သူ့မှာ နဂါးအစစ်ရဲ့ နှလုံးသားတစ်ခု ရှိသွားရင် ဒီအဆိပ်အတောက်ကို မိနစ်ပိုင်းအတွင်း အပြီးအပိုင် ရှင်းထုတ်သွားနိုင်မှာ ဖြစ်သည်။
"မင်းဘာကို စောင့်နေတာလဲ? နဂါးသွေးသံကို မြန်မြန်တူးပြီး နဂါးနှလုံးကို ထုတ်ယူလိုက်တော့လေ!"
ကျီးကန်းသည် လုရွှမ် ပတ်ပတ်လည်ကို လှည့်ပတ်ပျံသန်း နေသည်။
"မလောပါနဲ့... ငါ နောက်ထပ် အဆိပ်ဖြေဆေးတွေကို သန့်စင်တဲ့အထိ စောင့်ရအောင်!"
လုရွှမ် မျက်လုံးများ တောက်ပလျက် ဆိုလာသည်။
ခန္ဓာကိုယ်ထဲရှိ အဆိပ်ဖြေဆေး ပမာဏ မလုံလောက်ပါက နဂါးနှလုံးကို တူးဖော်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အဆိပ်ကသူ့ကို ပြဿနာ ရှာလာနိုင်သည်။
"မြန်မြန်လုပ် မြန်မြန်!"
ကျီးကန်းက နှစ်ကြိမ် ဆက်တိုက် တိုက်တွန်းလာ၏။
ဆေးမီးဖိုကို ဖွင့်လိုက်ပြီး လုရွှမ် လိုအပ်သည့် ဆေးဖက်ဝင် ပစ္စည်းများကို ပစ်ချလိုက်သည်။ အနည်းငယ် ပိုစျေးကြီးသော ဆေးဖက်ဝင်ပစ္စည်းများ နှစ်မျိုးသုံးမျိုးမှလွဲ၍ ကျန်များသည် အလွန်အသုံးများသော ဆေးပင်များသာ ဖြစ်သည်။
ကျောက်စိမ်းပြား၏ နေရာသည် အလွန်ကျယ်ဝန်းပြီး အရေးပေါ် အသုံးပြုရန် အတွက် အရန်ပစ္စည်းများ များစွာ ရှိလို့ အဆိပ်ဖြေဆေး သန့်စင်ရန်ဖို့က ပြည့်စုံလုံလောက်ပါသည်။
တစ်နာရီ ကြာပြီးနောက်
လုရွှမ်သည် ကျောက်စိမ်းပြား နေရာလွတ်ထဲတွင် အဆိပ်ဖြေဆေးကို အိတ်ကြီးတစ်လုံး သန့်စင်လို့ ပြီးသွား၏။ မော့ကောင်းရွှမ်းနဲ့ တခြားသူတွေကို နှုတ်ဆက်ကာ ယွမ်စံအိမ်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။
"ခန်းမသခင်လု!"
ယွမ်စံအိမ်ကြီး၏ အစောင့်များသည် လုရွှမ် ချဉ်းကပ်လာတာကို မြင်တဲ့အခါ လေးစားစွာ ဂါဝရပြုကြသည်။ ဒီတစ်ခါတော့ ဘယ်သူမှ မအော်ရဲကြတော့ချေ။
လုရွှမ်လည်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ယွမ်စံအိမ်ကြီးထဲသို့ လှမ်းဝင်ကာ အနောက်ဘက် ဥယျာဉ်ဆီသို့ တိုက်ရိုက် လျှောက်လာခဲ့သည်။
နဂါးဦးခေါင်းရှိရာ ရေကန်ရှေ့ကို ရောက်သွားတော့ ယန်လိထန်းက
"လုရွှမ်.. မနက်အစောကြီး နယ်မြေကို အလှဆင်ဖို့ ရောက်လာပြီလား!"
"ဟုတ်တယ် အစ်ကိုယန် ခင်ဗျားရဲ့နေရာကို ခဏလောက် ငှားပေးပါဦး!"
လုရွှမ် ပြောပြီးနောက် ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။ ယန်လိထန်းလည်း ခဏတာ အံ့အားသင့်သွား၏။
ဒီညီအစ်ကိုလုရဲ့ အလေ့အကျင့်က နည်းနည်း ထူးဆန်းလှသည်။ အစက သူလာမယ်လို့ ပြောပေမယ့် ရောက်လာရင် နှုတ်ဆက်စကားတွေ ဖလှယ်ဦးမယ် ထင်နေတာ။ မထင်မှတ်ပဲ သူ့အမေးကို ပြန်ဖြေပြီးတာနဲ့ ရေကန်ထဲကို ခုန်ဆင်းသွားတော့သည်။
တကယ်တော့ လုရွှမ်ဟာ ကျင့်ကြံရေးမှာ အရူးတစ်ပိုင်း ဖြစ်နေတာ မဟုတ်ဘဲ သူ့မှာ အလေးအနက် ထားရမယ့် ကိစ္စ ရှိနေတာကြောင့်ပင့။
နဂါးနှလုံးကို စောစော စုပ်ယူကာ အဆိပ်အတောက်များကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားနိုင်ရင် ဖြေဆေး ထုတ်စရာမလိုဘဲ သာမန်လူတစ်ဦး ပြန်ဖြစ်နိုင်ပြီ။
ရေကန်ထဲသို့ ဝင်ရောက်ပြီးနောက် လုရွှမ်သည် ရွှေအရှိန် စီးဆင်းမှုကို တိုက်ရိုက် ဖွင့်ထုတ်လိုက်ပြီး ယန်လိထန်းပင် မတွေးနိုင်သော အရှိန်ဖြင့် အလွန်လျင်မြန်စွာ ထိုးဆင်းသွားလေ၏။
မီတာတစ်သောင်း၊ မီတာနှစ်သောင်း။
မီတာတစ်သိန်း၊ မီတာနှစ်သိန်း။
မီတာတစ်သန်း၊ မီတာနှစ်သန်း။
မီတာသုံးသန်း။
လုရွှမ် သူ့ခြေထောက်တွေကို မြေကြီးပေါ်မှာ တင်းတင်းကြပ်ကြပ် ခြေကုပ်ယူလိုက်သည်။ သူ့ရှေ့မှာ ဆယ်မီတာလောက် နက်တဲ့ အပေါက်တစ်ခုကို တူးထုတ်လိုက်သည်။
ဒီနေရာက သူထွက်သွားတုန်းကလိုပဲ ရေအနက်က မီတာ သုံးသန်းရှိပြီး ဒီပတ်ဝန်းကျင်မှာ အသက်ရှင်သန်ဖို့တော့ ခက်ခဲလှသည်။ ရွှေအရှိန်သာ မရှိရင် သူတော်စင်တစ်ပိုင်းတွေတောင် ဆင်းနိုင်မှာ မဟုတ်ချေ။
သူ့လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်သည်နှင့် လက်ထဲတွင် မိုးနတ်ဘုရားဓားရဲ့ အပိုင်းအစ ပေါ်လာခဲ့သည်။ ထို့နောက် ကြက်ဥအရွယ်ရှိ နဂါးသွေးသံကို စတင်တူးထုတ်တော့သည်။ မြေပြင်သည် အနည်းငယ် နိမ့်ဆင်းလာပြီး နဂါး နှလုံးနှင့် နီးကပ်လာသယောင်ပင်။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာပြီး လုရွှမ်လည်း ဘယ်လောက်ကြာသွားလဲ ဆိုတာကို မရေတွက်နိုင်တော့ချေ။ အမြင့်ကို မော့ကြည့်လိုက်တော့ နဂါးသွေးသံတုံး တစ်ခုလုံးကို မီတာ ၅၀ ကျော်အထိ တူးဖော်ပြီးသွားပြီ။
ဤအချိန်တွင် ကျီးကန်းတစ်ကောင်မှ မလိုအပ်တော့ဘဲ လုရွှမ် အောက်မှ ပေါက်ထွက်လာသော အစွမ်းထက်တဲ့ စွမ်းအင်ကို ခံစားရနိုင်လေပြီ။
အခါအားလျော်စွာ ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်ကို တစ်ချက် ရလိုက်တိုင်း လုရွှမ် သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေတဲ့ ယွမ်ချီတွေကို ခံစားနိုင်ပြီး အဆိပ်၏ သက်ရောက်မှုမှာလည်း ခဏရပ်သွားသလို ခံစားရသည်။
Chapter (35) Arc 4
ခရမ္းေရာင္မီးခို အဆိပ္
ေဒါက္! ေဒါက္!
ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ အဂၢိရတ္ပညာရွင္ အဖြဲ႕ရွိ အခန္းတစ္ခန္းထဲတြင္ အဂၢိရတ္ဆရာ တစ္ဦးသည္ အဂၢိရတ္သန့္စင္ေနစဥ္ အတြင္း တံခါးေခါက္သံကို ၾကားလိုက္ရသည္။
"ဘာကိစၥရွိလို႔လဲ?"
ထိုအဂၢိရတ္ပညာရွင္က ေပါ့ေပါ့ပါးပါး ေမးလိုက္သည္။
"ဒုဥကၠဌကို သတင္းပို႔ပါတယ္... လ်ိဳမိသားစုက လ်ိဳယြင္ဖုန္း ေရာက္လာပါတယ္"
အျပင္မွ လူတစ္ဦးက အသံတိုးတိုးျဖင့္ သတင္းပို႔လာေလသည္။
"ေကာင္းၿပီ... ခဏ ေစာင့္ခိုင္းထားလိုက္ ငါခ်က္ခ်င္း လာခဲ့မယ္"
လ်ိဳမိသားစုထံမွ လူလာေၾကာင္း ၾကားလိုက္ရတဲ့အခါ ဒုဥကၠဌက ခ်က္ခ်င္း တုံ႕ျပန္လိုက္သည္။
လ်ိဳယြင္ဖုန္း ဆိုသည္မွာ မၾကာေသးခင္က လု႐ႊမ္ တိုက္ခိုက္ရန္ အမိန႔္ေပးခဲ့ေသာ အဆင့္၈ က်င့္ႀကံသူ ျဖစ္သည္။ အရပ္ရွည္ၿပီး သန္မာေသာ လူမ်ားစြာသည္ ဒုဥကၠဌ ေရာက္လာသည္ကို ျမင္သည္ႏွင့္ ခ်က္ခ်င္းပဲ မတ္တတ္ထရပ္လိုက္သည္။
"ဒုဥကၠဌခ်န္!"
"ယြင္ဖုန္း အားမနာပါနဲ႕... စကားမစပ္ မင္းငါ့ကို ဘာအတြက္ ေတြ႕ခ်င္တာလဲ"
ဒုဥကၠဌခ်န္မွ ေမးလိုက္သည္။
"အေစာတုန္းက လု႐ႊမ္ က်ဳပ္တို႔ လ်ိဳအိမ္ကို ဒုကၡေပးဖို႔ ေရာက္လာတာ ေကာင္းကင္မွာ ျပန႔္က်ဲေနတဲ့ အဆိပ္ေငြ႕ေတြေၾကာင့္ သူ အဆိပ္မိသြားၿပီ!"
လ်ိဳယြင္ဖုန္း ခ်က္ခ်င္း ျပန္ေျပာလိုက္သည္။
"ေကာင္းတယ္... ခရမ္းေရာင္ အဆိပ္ေငြ႕ပဲ... သူက သူေတာ္စင္တစ္ပိုင္း မဟုတ္ေသးသေ႐ြ႕ ေသကို ေသလိမ့္မယ္!"
ဒုဥကၠဌခ်န္က ထပ္ခါတလဲလဲ ေခါင္းညိတ္ၿပီး
"လု႐ႊမ္က ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၅ပဲ ရွိေသးတာေလ... မၾကာခင္မွာပဲ သူေသသြားတဲ့ သတင္းကို မင္းၾကားရလိမ့္မယ္"
ခရမ္းေရာင္ အဆိပ္ေငြ႕ဆိုတာ အဂၢိရတ္ပညာရွင္ အဖြဲ႕ရဲ႕ ဝွက္ဖဲေတြထဲက တစ္ခုလို႔ ဆိုနိုင္၏။
ၿမိဳ႕ေထာင္ခ်ီမဟာမိတ္လို ႐ုပ္ေထြးတဲ့ ေနရာမ်ိဳးမွာ အဂၢိရတ္ပညာရွင္ အဖြဲ႕ဟာလည္း အေျခအေန အမ်ိဳးမ်ိဳးနဲ႕ ရင္ဆိုင္ရတတ္သည္။ လ်ိဳမိသားစုရဲ႕ ဘိုးေဘးေတြေတာင္ မေျဖရွင္းနိုင္တဲ့ တည္ရွိမႈ တစ္ခုရွိလာတာနဲ႕ အဂၢိရတ္ပညာရွင္ အဖြဲ႕အေနနဲ႕ တန္ျပန္ အေရးယူမႈမ်ား ျပဳလုပ္ၾကသည္။
အဂၢိရတ္ပညာရွင္ တစ္ဦးသည္ က်င့္ႀကံသူမ်ား၏ က်င့္ႀကံမႈကို တိုးတက္ေစၿပီး နယ္ပယ္ကို ခ်ိဳးဖ်က္နိုင္သည့္ ေဆးလုံးမ်ားကို သန႔္စင္ေပးနိုင္သလို အမ်ိဳးမ်ိဳးေသာ အဆိပ္ေဆးမ်ားကိုလည္း သန႔္စင္ေပးနိုင္သည္။
ခရမ္းေရာင္ အဆိပ္ေငြ႕ေတြဟာ ဆိုရင္ သူေတာ္စင္တစ္ပိုင္း ထက္နိမ့္တဲ့ လူေတြကိုပင္ ေသဆုံးေစနိုင္၏။ အဂၢိရတ္ပညာရွင္ အဖြဲ႕မွာေတာင္ ေျဖေဆး ၃လုံးပဲ ရွိေလသည္။ ဒီအဆိပ္ျပင္း မီးခိုးမ်ိဳးကို ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ အဂၢိရတ္ပညာရွင္ အဖြဲ႕ေတာင္ မိမိတို႔ဘာသာ မသန့္စင္နိုင္ၾကေပ။
အဆိပ္ျပင္း မီးခိုးမ်ိဳးကို အေျမာက္အျမား သန႔္စင္နိုင္သည္ႏွင့္ တစ္ၿပိဳင္နက္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရွိ အဂၢိရတ္ပညာရွင္ အဖြဲ႕သည္ မေျဖရွင္းနိုင္ေသာ ျပႆနာမ်ား ျဖစ္လာနိုင္ၿပီး စီးပြားေရးလည္း လုံးဝ ပ်က္စီးေစနိုင္သည္။
ဒီအေျခအေနကို အထက္ပိုင္း ဌာနခ်ဴပ္က မျမင္ခ်င္သလို ျဖစ္လာေအာင္လည္း ခြင့္မျပဳထားေခ်။
ေက်ာက္စိမ္းျပားထဲရွိ လု႐ႊမ္သည္ အဆိပ္ေျဖေဆး အမ်ားအျပားကို ဆက္တိုက္ သန႔္စင္ေသာ္ျငား ၎တို႔ကို ေသာက္သုံးၿပီး ေနာက္တြင္ အဆိပ္ေျပသြားျခင္း မရွိခဲ့ေခ်။
သူ႕ခမ်ာ တျဖည္းျဖည္း ေဒါသထြက္လာသလို အားကိုးရာမဲ့ လာခဲ့သည္။
ယခု သူ႕တြင္ ပိုမိုျမင့္မားေသာ နယ္ပယ္တစ္ခုရွိၿပီး ျမင့္မားေသာ အဆင့္ရွိ အဆိပ္ေျဖေဆးကို သန႔္စင္နိုင္ပါက ခႏၶာကိုယ္ထဲက အဆိပ္ကို လုံးလုံး ေခ်ဖ်က္ပစ္နိုင္ၿပီ။
ဒါမွမဟုတ္ သူ႕လက္ထဲမွာ ပိုအဆင့္ျမင့္တဲ့ ေဆးဖက္ဝင္ ပစၥည္းေတြ ရွိေနခဲ့ရင္ လက္ရွိမိေနတဲ့ အဆိပ္အေတာက္ေတြကို ေခ်ဖ်က္နိုင္တဲ့ ေဆးကို သန႔္စင္နိုင္ေလာက္သည္။
သို႔ေသာ္ ယခုမွာ ထိုအေျခအေန ႏွစ္ခုႏွင့္ လုံးဝ ကိုက္ညီမေနေခ်။
လက္ရွိ အခ်ိန္၌ အေကာင္းဆုံး နည္းလမ္းမွာ အဆိပ္ေျဖေဆး အေျမာက္အျမားကို သန့္စင္ၿပီး အဆိပ္သင့္မႈအား ေခတၱတားဆီးရန္သာ ျဖစ္ေတာ့သည္။
ထိုအေၾကာင္းကို ေတြးရင္း လု႐ႊမ္ စိတ္ဓာတ္က်သြားသည္။ အနာဂတ္မွာ သူနဲ႕အတူ တစ္ကမၻာလုံးက အဆိပ္ေျဖေဆး အေျမာက္အျမား ယူသြားၿပီး အဆိပ္တစ္ခုမိတိုင္း ေျဖေဆးေသာက္ရမယ္ ဆိုတာ ျဖစ္နိုင္ပါ့မလား။
ဒါက စိတ္ပ်က္စရာ ေကာင္းလြန္းတယ္ မဟုတ္ဘူးလား။
"လူမိုက္! တကယ္လူမိုက္ပဲ!"
လု႐ႊမ္ ရႈံးနိမ့္သြားခ်ိန္မွာပဲ က်ီးကန္းဟာ ေက်ာက္စိမ္းျပားထဲမွ တဖ်တ္ဖ်တ္ ပ်ံသန္းလာခဲ့သည္။
"က်ီးကန္း မင္းမွာ ဘာနည္းလမ္းရွိလဲ"
လု႐ႊမ္ မ်က္ေမွာင္ ၾကဳတ္လိုက္သည္။ အဆိပ္ခတ္ခံရတဲ့ အခ်ိန္မွာေတာင္ ဒီေသနာက်ီးကန္းက ႐ြဲ႕ေစာင္း ေျပာေနေသးသည္။
"မင္းကို ငတုံးလို႔ ေခၚတာ မဆန္းပါဘူး... တကယ္ တုံးလြန္းတယ္!" က်ီးကန္းက ဆိုေလ၏။
"ဒါက အဆိပ္သက္သက္ပဲ မဟုတ္လား? ျပႆနာႀကီးလည္း မဟုတ္ဘဲနဲ႕"
"မင္းငါ့ကို အဆိပ္ေျဖေပးနိုင္လား?"
လု႐ႊမ္ ႐ုတ္တရက္ အလြန္ဝမ္းသာသြားသည္။ ဒီက်ီးကန္းက ဘယ္ကေန ေရာက္လာမွန္း မသိေပမယ့္ ရွန့္ခုန္းခ်ိဳင့္ဝွမ္းကေန ထြက္လာၿပီးေနာက္ သူသိလိုက္တာက ဒီက်ီးကန္းမွာ လ်ိဳဝွက္ခ်က္ေတြ ေတာ္ေတာ္ မ်ားေနတယ္ ဆိုတာပင္။
က်ီးကန္း သူ႕ကို အဆိပ္ေျဖေပးနိုင္တာလား?
"စစ္မွန္တဲ့ နဂါးႏွလုံးသား! နဂါးႏွလုံးေလ!"
က်ီးကန္းက က်ယ္ေလာင္စြာ ေအာ္ေလသည္။
"နဂါးႏွလုံးနဲ႕ ေပါင္းစပ္လိုက္ရင္ မင္းမွာ တကယ့္နဂါးနဲ႕တူတဲ့ ႏွလုံးသား ရွိလာမယ္... မင္းရဲ႕ခႏၶာကိုယ္ကလည္း အရမ္း တိုးတက္လာလိမ့္မယ္.... ဒီအဆိပ္ေလာက္က စိုးရိမ္စရာ မရွိသလို မိနစ္ပိုင္းအတြင္း ေပ်ာက္ကင္းသြားလိမ့္မယ္"
လု႐ႊမ္လည္း အံ့အားသင့္သြားသည္။
အဆိပ္သည္ က်င့္ႀကံမႈအဆင့္ေအာက္ အစြန္းဆုံးကို ေရာက္သြားရင္ က်င့္ႀကံသူအတြက္ လုံးဝ အသုံးမဝင္ေတာ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ က်င့္ႀကံမႈနယ္ပယ္သည္ အတိုင္းအတာ တစ္ခုအထိ ေရာက္ရွိသြားတဲ့ ကိုယ္ခႏၶာဟာ ပုံစံ ေျပာင္းလဲသြားၿပီး အဆိပ္ေတြဟာ လူ႕ခႏၶာကိုယ္ထဲက လုပ္ငန္းေဆာင္တာမ်ားကို ဖ်က္ဆီးရန္ နည္းလမ္း မရွိနိုင္ေတာ့ေပ။
နဂါးႏွလုံးနဲ႕ တကယ့္နဂါးရဲ႕ ခႏၶာကိုယ္ဟာ သာမန္လူသားမ်ားထက္ အဆေပါင္းမ်ားစြာ သာလြန္ေကာင္းမြန္သည္။ သူ႕မွာ နဂါးအစစ္ရဲ႕ ႏွလုံးသားတစ္ခု ရွိသြားရင္ ဒီအဆိပ္အေတာက္ကို မိနစ္ပိုင္းအတြင္း အၿပီးအပိုင္ ရွင္းထုတ္သြားနိုင္မွာ ျဖစ္သည္။
"မင္းဘာကို ေစာင့္ေနတာလဲ? နဂါးေသြးသံကို ျမန္ျမန္တူးၿပီး နဂါးႏွလုံးကို ထုတ္ယူလိုက္ေတာ့ေလ!"
က်ီးကန္းသည္ လု႐ႊမ္ ပတ္ပတ္လည္ကို လွည့္ပတ္ပ်ံသန္း ေနသည္။
"မေလာပါနဲ႕... ငါ ေနာက္ထပ္ အဆိပ္ေျဖေဆးေတြကို သန႔္စင္တဲ့အထိ ေစာင့္ရေအာင္!"
လု႐ႊမ္ မ်က္လုံးမ်ား ေတာက္ပလ်က္ ဆိုလာသည္။
ခႏၶာကိုယ္ထဲရွိ အဆိပ္ေျဖေဆး ပမာဏ မလုံေလာက္ပါက နဂါးႏွလုံးကို တူးေဖာ္ၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတဲ့ အခ်ိန္မွာ အဆိပ္ကသူ႕ကို ျပႆနာ ရွာလာနိုင္သည္။
"ျမန္ျမန္လုပ္ ျမန္ျမန္!"
က်ီးကန္းက ႏွစ္ႀကိမ္ ဆက္တိုက္ တိုက္တြန္းလာ၏။
ေဆးမီးဖိုကို ဖြင့္လိုက္ၿပီး လု႐ႊမ္ လိုအပ္သည့္ ေဆးဖက္ဝင္ ပစၥည္းမ်ားကို ပစ္ခ်လိဳက္သည္။ အနည္းငယ္ ပိုေစ်းႀကီးေသာ ေဆးဖက္ဝင္ပစၥည္းမ်ား ႏွစ္မ်ိဳးသုံးမ်ိဳးမွလြဲ၍ က်န္မ်ားသည္ အလြန္အသုံးမ်ားေသာ ေဆးပင္မ်ားသာ ျဖစ္သည္။
ေက်ာက္စိမ္းျပား၏ ေနရာသည္ အလြန္က်ယ္ဝန္းၿပီး အေရးေပၚ အသုံးျပဳရန္ အတြက္ အရန္ပစၥည္းမ်ား မ်ားစြာ ရွိလို႔ အဆိပ္ေျဖေဆး သန႔္စင္ရန္ဖို႔က ျပည့္စုံလုံေလာက္ပါသည္။
တစ္နာရီ ၾကာၿပီးေနာက္
လု႐ႊမ္သည္ ေက်ာက္စိမ္းျပား ေနရာလြတ္ထဲတြင္ အဆိပ္ေျဖေဆးကို အိတ္ႀကီးတစ္လုံး သန့္စင္လို႔ ၿပီးသြား၏။ ေမာ့ေကာင္း႐ႊမ္းနဲ႕ တျခားသူေတြကို ႏႈတ္ဆက္ကာ ယြမ္စံအိမ္သို႔ တန္းတန္းမတ္မတ္ ထြက္လာခဲ့သည္။
"ခန္းမသခင္လု!"
ယြမ္စံအိမ္ႀကီး၏ အေစာင့္မ်ားသည္ လု႐ႊမ္ ခ်ဥ္းကပ္လာတာကို ျမင္တဲ့အခါ ေလးစားစြာ ဂါဝရျပဳၾကသည္။ ဒီတစ္ခါေတာ့ ဘယ္သူမွ မေအာ္ရဲၾကေတာ့ေခ်။
လု႐ႊမ္လည္း အနည္းငယ္ ေခါင္းညိတ္လိုက္ၿပီး ယြမ္စံအိမ္ႀကီးထဲသို႔ လွမ္းဝင္ကာ အေနာက္ဘက္ ဥယ်ာဥ္ဆီသို႔ တိုက္ရိုက္ ေလွ်ာက္လာခဲ့သည္။
နဂါးဦးေခါင္းရွိရာ ေရကန္ေရွ႕ကို ေရာက္သြားေတာ့ ယန္လိထန္းက
"လု႐ႊမ္.. မနက္အေစာႀကီး နယ္ေျမကို အလွဆင္ဖို႔ ေရာက္လာၿပီလား!"
"ဟုတ္တယ္ အစ္ကိုယန္ ခင္ဗ်ားရဲ႕ေနရာကို ခဏေလာက္ ငွားေပးပါဦး!"
လု႐ႊမ္ ေျပာၿပီးေနာက္ ေရကန္ထဲသို႔ ခုန္ဆင္းသြားသည္။ ယန္လိထန္းလည္း ခဏတာ အံ့အားသင့္သြား၏။
ဒီညီအစ္ကိုလုရဲ႕ အေလ့အက်င့္က နည္းနည္း ထူးဆန္းလွသည္။ အစက သူလာမယ္လို႔ ေျပာေပမယ့္ ေရာက္လာရင္ ႏႈတ္ဆက္စကားေတြ ဖလွယ္ဦးမယ္ ထင္ေနတာ။ မထင္မွတ္ပဲ သူ႕အေမးကို ျပန္ေျဖၿပီးတာနဲ႕ ေရကန္ထဲကို ခုန္ဆင္းသြားေတာ့သည္။
တကယ္ေတာ့ လု႐ႊမ္ဟာ က်င့္ႀကံေရးမွာ အ႐ူးတစ္ပိုင္း ျဖစ္ေနတာ မဟုတ္ဘဲ သူ႕မွာ အေလးအနက္ ထားရမယ့္ ကိစၥ ရွိေနတာေၾကာင့္ပင့။
နဂါးႏွလုံးကို ေစာေစာ စုပ္ယူကာ အဆိပ္အေတာက္မ်ားကို တတ္နိုင္သမွ် အျမန္ဆုံး ဖယ္ရွားနိုင္ရင္ ေျဖေဆး ထုတ္စရာမလိုဘဲ သာမန္လူတစ္ဦး ျပန္ျဖစ္နိုင္ၿပီ။
ေရကန္ထဲသို႔ ဝင္ေရာက္ၿပီးေနာက္ လု႐ႊမ္သည္ ေ႐ႊအရွိန္ စီးဆင္းမႈကို တိုက္ရိုက္ ဖြင့္ထုတ္လိုက္ၿပီး ယန္လိထန္းပင္ မေတြးနိုင္ေသာ အရွိန္ျဖင့္ အလြန္လ်င္ျမန္စြာ ထိုးဆင္းသြားေလ၏။
မီတာတစ္ေသာင္း၊ မီတာႏွစ္ေသာင္း။
မီတာတစ္သိန္း၊ မီတာႏွစ္သိန္း။
မီတာတစ္သန္း၊ မီတာႏွစ္သန္း။
မီတာသုံးသန္း။
လု႐ႊမ္ သူ႕ေျခေထာက္ေတြကို ေျမႀကီးေပၚမွာ တင္းတင္းၾကပ္ၾကပ္ ေျခကုပ္ယူလိုက္သည္။ သူ႕ေရွ႕မွာ ဆယ္မီတာေလာက္ နက္တဲ့ အေပါက္တစ္ခုကို တူးထုတ္လိုက္သည္။
ဒီေနရာက သူထြက္သြားတုန္းကလိုပဲ ေရအနက္က မီတာ သုံးသန္းရွိၿပီး ဒီပတ္ဝန္းက်င္မွာ အသက္ရွင္သန္ဖို႔ေတာ့ ခက္ခဲလွသည္။ ေ႐ႊအရွိန္သာ မရွိရင္ သူေတာ္စင္တစ္ပိုင္းေတြေတာင္ ဆင္းနိုင္မွာ မဟုတ္ေခ်။
သူ႕လက္ေကာက္ဝတ္ကို တစ္ခ်က္ လွည့္လိုက္သည္ႏွင့္ လက္ထဲတြင္ မိုးနတ္ဘုရားဓားရဲ႕ အပိုင္းအစ ေပၚလာခဲ့သည္။ ထို႔ေနာက္ ၾကက္ဥအ႐ြယ္ရွိ နဂါးေသြးသံကို စတင္တူးထုတ္ေတာ့သည္။ ေျမျပင္သည္ အနည္းငယ္ နိမ့္ဆင္းလာၿပီး နဂါး ႏွလုံးႏွင့္ နီးကပ္လာသေယာင္ပင္။
အခ်ိန္ေတြ တေ႐ြ႕ေ႐ြ႕ ကုန္ဆုံးလာၿပီး လု႐ႊမ္လည္း ဘယ္ေလာက္ၾကာသြားလဲ ဆိုတာကို မေရတြက္နိုင္ေတာ့ေခ်။ အျမင့္ကို ေမာ့ၾကည့္လိုက္ေတာ့ နဂါးေသြးသံတုံး တစ္ခုလုံးကို မီတာ ၅၀ ေက်ာ္အထိ တူးေဖာ္ၿပီးသြားၿပီ။
ဤအခ်ိန္တြင္ က်ီးကန္းတစ္ေကာင္မွ မလိုအပ္ေတာ့ဘဲ လု႐ႊမ္ ေအာက္မွ ေပါက္ထြက္လာေသာ အစြမ္းထက္တဲ့ စြမ္းအင္ကို ခံစားရနိုင္ေလၿပီ။
အခါအားေလ်ာ္စြာ ေပါက္ကြဲထြက္လာတဲ့ စြမ္းအင္ကို တစ္ခ်က္ ရလိုက္တိုင္း လု႐ႊမ္ သူ႕ခႏၶာကိုယ္ထဲကို စိမ့္ဝင္ေနတဲ့ ယြမ္ခ်ီေတြကို ခံစားနိုင္ၿပီး အဆိပ္၏ သက္ေရာက္မႈမွာလည္း ခဏရပ္သြားသလို ခံစားရသည္။