Chapter (28) Arc 4
နဂါးဦးခေါင်း ရေကန်
ယွမ်စံအိမ်အား ယခုလိုအင်အားဖြင့် တိုက်ခိုက်မှုသည် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူးသော အရာတစ်ခု ဖြစ်သည်။ နံနက် မိုးလင်းချိန်တွင် မြို့ထောင်ချီမဟာမိတ် အဖွဲ့အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အလွန်ထိခိုက် လွယ်သော အနံ့ခံအာရုံ ရှိသူတချို့သည် မြို့ထောင်ချီမဟာမိတ်တွင် ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားနိုင်ကြောင်း ခံစားလာရသညအ။
လုရွှမ် အတွက်ကတော့ မနေ့ညကဟာမှာ အသေးအဖွဲ့ ကိစ္စမျှသာဖြစ်ပြီး နောက်နေ့မနက်တွင် ပုံမှန်အတိုင်း ဆက်လက် သွားလာနေခဲ့သည်။
အရိပ်လူသတ်ခန်းမရဲ့ အရေးကိစ္စများ အားလုံးကို မော့ကောင်းရွှမ်းထံ လွှဲပြောင်း ပေးခဲ့ပြီမို့ သူ့အတွက် ကိုင်တွယ် ဖြေရှင်းစရာ ဘာမှ သိပ်မရှိတော့ပေ။
ဘာမှလုပ်စရာ မရှိသလို တလမ်းလုံး လျှောက်လာခဲ့ရာ မကြာမီတွင် ယွမ်စံအိမ်သို့ ရောက်လာသည်။
"ဘယ်သူလဲ? ဒါက ယွမ်စံအိမ်.... မင်းမှာ ဘာမှလုပ်စရာ မရှိရင် ရှောင်ထွက်သွားတာ အကောင်းဆုံးပဲ!"
အစောင့်တစ်ယောက်က လုရွှမ်ကို ရှင်းရှင်းလင်းလင်း မသိထားဘဲ သူ့ကိုမြင်တာနဲ့ အသံကျယ်ကျယ်နဲ့ အော်လိုက်သည်။
"လုရွှမ် အလည်လာတယ်လို့ ယန်လိထန်းကို အကြောင်းကြားလိုက်ပါ"
လုရွှမ် စိတ်ထဲမထားဘဲ ပြောလိုက်သည်။
"လုရွှမ်!"
"အရိပ်လူသတ်ခန်းမရဲ့ ခေါင်းဆောင်အသစ်!"
"လျိုမိသားစုရဲ့ ဘိုးဘေးကိုလည်း သူသတ်လိုက်တာ ဆိုပဲကွ!"
ချက်ချင်းဆိုသလို အစောင့်အကြပ် တော်တော်များများဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မတိုင်ခင်က လုရွှမ်ကို ကြိမ်းမောင်းခဲ့တဲ့ အစောင့်မှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ လုရွှမ်ကို မသိပေမယ့် ဒီနာမည်ကိုတော့ မကြာခဏ ကြားနေရတယ်လေ။
"ဆရာကြီးလုကိုး!" အစောင့်က ချက်ချင်း လေသံကို ပြောင်းလိုက်ပြီး
"ခဏစောင့်ပါ... ဒီငယ်သားက ချက်ချင်း သတင်းပို့လိုက်ပါ့မယ်!"
ပြောပြီးသည်နှင့် သူသည် အလျင်အမြန် သတင်းပို့ရန် ပြေးထွက်သွား၏။ လုရွှမ် ဒေါသကိုတော့ မဆွရဲပါ။ လုရွှမ်က လူသတ်တဲ့နေရာမှာ ရက်စက်ကြောင်း ကောလဟာလများ ထွက်နေသည်။ သူ့ကို ကြိမ်းမောင်းမိခဲ့လို့ စိတ်ဆိုးပြီး သူ့ကို သတ်ပစ်ရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။
မြန်မြန် သတင်းပို့လိုက်တာ အကောင်းဆုံးပဲ။
အစောင့် ဝင်သွားပြီး သိပ်မကြာခင်မှာပဲ ယန်လိထန်းရဲ့ ပုံရိပ်က တံခါးဝမှာ ပေါ်လာခဲ့သည်။ လုရွှမ်ကို မြင်တာနဲ့ ချက်ချင်းပြုံးပြီး
"အစ်ကိုလု လာ လာ.... လာမယ်ဆို ကျွန်တော်ကိုယ်တိုင် လာကြိုမှာပေါ့ဗျာ ကျေးဇူးပြုပြီး အထဲဝင်ပါ"
"စံအိမ်သခင်က ယဉ်ကျေးလွန်းနေပါပြီ!"
လုရွှမ်လည်း ရယ်မောပြီး အထဲကို လိုက်ဝင်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လုရွှမ် လက်ကောက်ဝတ်ကို လှည့်ကာ ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်၏။
"ဒါက မြို့ထောင်ချီမဟာမိတ်ကို ပထမဆုံး ရောက်ဖူးတာပဲ... တချို့စည်းမျဉ်းတွေကို အများကြီး မသိပါဘူး။ မနေ့က ညီအစ်ကိုယန်ရဲ့ မိတ်ဆက်ပေးမှုကြောင့် အရိပ်လူသတ်ခန်းမကို ထိန်းချုပ်နိုင်ခဲ့တဲ့ အတွက် တကယ်ကို ကံကောင်းခဲ့ပါတယ်.... ဒီစိတ်ဝိညာဥ်ဆေးက ကျုပ်ရဲ့စိတ်ရင်း အစိတ်အပိုင်းကို ဖော်ပြတဲ့ အရာတစ်ခုပါ ကျေးဇူးပြုပြီး ညီအစ်ကိုယန်က လက်ခံပေးပါ"
"စိတ်ဝိညာဉ်ဆေး!"
လုရွှမ် လက်ထဲက စိတ်ဝိညာဉ်ဆေးကို မြင်လိုက်ရတော့ ယန်လိထန်းလည်း အနည်းငယ် အံ့သြသွားမိသည်။
စိတ်ဝိညာဥ်ဆေး ဆိုတာ မြို့ထောင်ချီမဟာမိတ်ရဲ့ အဂ္ဂိရတ်ဆရာအသင်းကသာ သန့်စင်နိုင်ပြီး နှစ်၅၀မှာ တစ်ကြိမ်သာ ရရှိနိုင်သည်။ သန့်စင်တဲ့ အခါတိုင်းလည်း အများစုကို ဌာနချုပ်မှ သိမ်းသွားကာ အနည်းငယ်ကိုသာ သူတို့ဘာသာ ဖြန့်ဝေနိုင်သည်။
ဒီပစ္စည်းကို သန့်စင်ပြီးတိုင်း ရနိုင်ချေက အလွန်နည်းပါးလှသည်။ ယွမ်စံအိမ်က စံအိမ်သခင် ဆိုရင်တောင် လွယ်ကူမှာ မဟုတ်ချေ။
ယွမ်စံအိမ်သည် မြို့ထောင်ချီမဟာမိတ်မှာ အမြင့်ဆုံး အာဏာပိုင် ဖြစ်သော်လည်း အဂ္ဂိရတ်ဆရာအသင်းရဲ့ ဌာနချုပ် ရှေ့မှာတော့ အရေးမပါသေးသဖြင့် ၎င်းတို့ကို ထိုလူများက အာရုံစိုက်ရန် မလိုအပ်ပေ။
"အစ်ကိုလု... ဒါကျွန်တော့်ကို ပေးချင်တာ သေချာရဲ့လား?"
ယန်လိထန်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဒီလက်ဆောင်က အရမ်းတန်ဖို့ ရှိလွန်းတယ်လေ။
ခူးရုန်မြက်ပင် တစ်ပင်သည် ထောင်ပေါင်းများစွာသော ဝိညာဉ်ကျောက်တုံးများလို တန်ဖိုးရှိပြီး စိတ်ဝိညာဉ်ဆေးရဲ့ တန်ဖိုးမှာလည်း မြို့ထောင်ချီမဟာမိတ်လို နေရာမျိုးမှာ ဝိညာဉ်ကျောက်များနဲ့ လုံးဝ အဖိုးမဖြတ်နိုင်ပေ။
တချို့သော မိသားစုကြီးများ အတွက် စိတ်ဝိညာဉ် အားဖြည့်ဆေးလုံးသည် အဆင့်မြင့် အဂ္ဂိရတ်ဆရာ၊ လက်နက်သန့်စင်သူ သို့မဟုတ် အခင်းအကျင်း ပညာရှင်များကိုပါ ပြုစုပျိုးထောင် ပေးနိုင်သည်။
ထိုသို့သော အထူးကျွမ်းကျင်သူများ အတွက် ရာထူးတိုးမြှင့်ခြင်းသည် မိသားစု တစ်ခုလုံး၏ စွမ်းအားကို မြင့်မားသော အဆင့်သို့ အပြည့်အဝမြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်လေသည်။
"စိတ်မပူပါနဲ့... အဲဒါက စိတ်ဝိညာဉ်ကို အာဟာရဖြည့်စေတဲ့ ဆေးတစ်လုံးပါပဲ"
လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်မှာ စိတ်ဝိညာဉ်ဆေးလုံး ဒါဇင်များစွာ ရှိနေဆဲ ဖြစ်ပြီး တစ်လုံးကို ထုတ်ပေးလိုက်တာလောက်ကတော့ နှမြောစရာ မရှိချေ။
"ကောင်းပြီ... အစ်ကိုလု အစ်ကို အကူအညီလိုရင် ကျုပ်ကို တိုက်ရိုက်သာ ပြောလိုက်... တခြားနေရာတွေ မှာတော့ မပြောဝံ့ပေမယ့် မြို့ထောင်ချီမဟာမိတ်မှာတော့ ကျုပ်က အင်အားတစ်ခုတော့ ရှိပါတယ်"
ယန်လိထန်း မတွန့်ဆုတ်တော့ဘဲ စိတ်ဝိညာဥ်ဆေးကို လက်ခံလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကတော့ သူ့မျက်လုံးများထဲတွင် ဖျတ်ခနဲ ဖျတ်ခနဲ တောက်ပလျက်။
"အစ်ကိုယန်နဲ့ တတ်နိုင်သမျှ တွဲလုပ်နိုင်ရင် လုံလောက်ပါပြီ... မနေ့က ပွဲက ကျုပ်အတွက် မျက်စိပွင့်စရာတွေ အများကြီး ရခဲ့တယ်... အစ်ကိုယန်ရဲ့ မြို့ထောင်ချီမဟာမိတ်မှာ ထူးခြားတဲ့ ကုန်ပစ္စည်းတွေ အများကြီး ရှိမယ်လို့ တစ်ခါမှ မထင်ထားဘူး"
လုရွှမ်က ရယ်လျက် ဆိုလေ၏။
"ဒါဆို သွားရအောင်...နောက်ထပ် တစ်ခုလောက် သောက်ကြတာပေါ့!"
လုရွှမ်က သူ့ကို မျက်နှာသာပေးဖို့ ရည်ရွယ်ထားခဲ့တာကြောင့် ယန်လိထန်းလည်း မငြင်းဆန်တော့ချေ။ ဒါက စားသောက်ခြင်းမျှသာ ဖြစ်ပြီး မြို့ထောင်ချီမဟာမိတ်မှာ အရပ်ရပ်မှ အထူးပစ္စည်းများ ပြတ်တောက်မှု မရှိချေ။
တကယ်တော့ သူက မြို့ထောင်ချီမဟာမိတ်ရဲ့ မျက်နှာပြင်ပေါ်မှာ အမြင့်ဆုံး စွမ်းအင်ကို ထိန်းချုပ်ထားလို့ နေရာများစွာမှာတော့ အဆင်ပြေရန် သူ့ကိုလိုအပ်ကြသည်။
"မနေ့က ပွဲကျင်းပတဲ့ နေရာက အရမ်းလှတဲ့ ရှုခင်းတွေ ရှိတယ်... ငါ အရမ်းကြိုက်တယ် အဲဒီကိုပဲ သွားကြရအောင်!"
လုရွှမ်လည်း ရွှင်လန်းစွာနဲ့ ပြောလိုက်သည်။
ဒီလူက ဒီနေရာကို စားဖို့သောက်ဖို့ လာခဲ့တာ မဟုတ်ဘူးလေ။ သူ့စိတ်ထဲမှာ နဂါးနှလုံးကို စိတ်မချနိုင်လို့ မနေနိုင်မထိုင်နိုင် လာကြည့်ရတာလေ။
"အဲဒါ အဆင်ပြေပါတယ်!"
ယန်လိထန်းက ချက်ချင်း သဘောတူလိုက်၏။
မနေ့တနေ့က သူတို့သည် ယွမ်စံအိမ်၏ အနောက်ဘက် ဥယျာဉ်တွင် ဧည့်ခံပွဲတစ်ခု ကျင်းပခဲ့တဲ့ နေရာမှာပဲ သူတို့နှစ်ယောက်သား မျက်နှာချင်းဆိုင် သောက်ကြသည်။ နန်းဆောင်ငယ် အတွင်းရှိ ရေကန်မှ ထွက်လာသော ရွှေရေပိုက်ကို ကြည့်ရင်း လုရွှမ် ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ
"အစ်ကိုယန်.... ဒီနဂါးခေါင်းရေပိုက်က ပစ္စည်းကောင်းလေးပဲ... ခင်ဗျား ဘယ်ကရတာလဲ"
"အိုး?"
လုရွှမ်ရဲ့ မေးခွန်းကို ကြားတော့ ယန်လိထန်း ခဏလောက် အေးခဲသွားပြီး
"အစ်ကိုလုက အဲဒီရေပန်းကို ဆိုလိုတာလား?"
"မှန်ပါတယ်... အဲဒီရေပန်းပဲ နဂါးခေါင်းနဲ့ ရေပန်း"
"အိုး... ဒါကြီးရှိနေတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ လောက်ကတည်းပဲ... ဘယ်လောက်တောင် ရှိပြီလဲတော့ မသိဘူး... ယွမ်စံအိမ် အရင်ကတည်း ရှိခဲ့ပုံရတယ်။ ဘယ်အချိန်လဲ ဆိုတာကို ကျွန်တော်လည်း အတိအကျ မသိဘူး... ယွမ်စံအိမ်ရဲ့ အရင်စံအိမ်သခင်က ဒီရွှေနဂါးကြောင့် ဒီမှာဆောက်ခဲ့တာလို့ ပြောကြတယ်... အဲဒီအောက်မှာ သဘာဝ ရေတွင်းတစ်ခု ရှိတယ် ဒါမှ ရေတွေ ဆက်စီးဆင်းနေနိုင်တာပေါ့"
ယန်လိထန်းက ပြောလေ၏။
"ဒီရွှေနဂါးကို ကျုပ် သဘောကျတယ်... စံအိမ်သခင် ကျုပ်ကို ရောင်းပေးလို့ရမလား?"
သူတကယ် မသိနားမလည်ပုံ ပေါက်နေတာကို မြင်တော့ လုရွှမ် အစမ်းသဘောနဲ့ မေးကြည့်လိုက်သည်။
"အစ်ကိုလု.... ခင်ဗျား ဖယ်ထုတ်ယူလို့ရရင် အဆင်ပြေပါတယ် အဲဒါက အလှဆင်မှု တစ်ခုပဲလေ... ဒါပေမဲ့ အစ်ကိုလုကို သတိမပေးမိဘူးလို့တောင် အပြစ်မတင်နဲ့နော် အဲဒီရွှေနဂါးကြီးက ဖယ်ရခက်တယ်"
လုရွှမ်ရဲ့ စကားကို ကြားတော့ ယန်ထိလန်းက မကျေနပ်တာ မရှိဘဲ ပြုံးကာ ခေါင်းခါပြလိုက်သည်။
"မဖြစ်နိုင်ပါဘူး!" လုရွှမ် အံ့အားသင့်စွာဖြင့်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြိုးစားခဲ့ပေမယ့် သူက လှုပ်တောင် မလှုပ်ဘူး!"
"ဒါဆို ကျုပ်စမ်းကြည့်မယ်"
လုရွှမ်က လုံးဝ မယုံကြည့်နိုင်သည့်နှယ် ဆိုလိုက်သည်။
"ရပါတယ်... အစ်ကိုလု အစွမ်းကုန် ကြိုးစားကြည့်လို့ရတယ်"
သေရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ယန်လိထန်းက ဝိုင်တစ်ငုံ သောက်လိုက်ကာ ပေါ့ပေါ့ပါးပါးလေး ဆိုလိုက်သည်။
လုရွှမ် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ရေစပ်ရှိရာသို့ အမြန် သွားလိုက်သည်။ နဂါးခေါင်းကို ကြည့်လိုက်တော့ အနည်းငယ် စိတ်လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ ဖီးနစ်အမွေးကြောင့် ဖြစ်လာတဲ့ အလှည့်အပြောင်းတွေ အားလုံးကို တွေးကြည့်တော့ နဂါးနှလုံးကို တွေ့ဖို့ ဒီလောက်ရိုးရှင်းမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ဒါက ရွှေနဂါး ရုပ်တုတစ်ကောင်မျှသာ ဖြစ်သည်။ သူ့ရဲ့လက်ရှိခွန်အားနဲ့ဆို ရွှေထက်အဆတစ်ရာ ပိုလေးတဲ့ ရွှေနဲ့ ပြုလုပ်ထားရင်တောင် ထိုအရာကို ထိုအရာကို အလွယ်တကူ ရွေ့ပြောင်းနိုင်သည်။
ရေကန်ဟု ဆိုပေမယ့် တကယ်တော့ ဧကဒါဇင်ပေါင်းများစွာ လွှမ်းခြုံထားတဲ့ ရေပြင်ကြီး ဖြစ်သည်။ နဂါးခေါင်းကလည်း ရေထဲကနေ ပြူးထွက်နေတာတောင် စားပွဲနှစ်လုံးစာလောက် ကျယ်လေ၏။
ဒီစကေးအရဆိုရင် နဂါးကိုယ်ထည် တစ်ခုလုံးရဲ့ အရှည်မှာ မီတာ ၁၀၀ ကျော် ရှိမည်ဟု ခန့်မှန်းရသည်။
ရေကန်ဆီသို့ လျှောက်သွားသောအခါ ယန်လိထန်းသည် သူ့နောက်တွင် ရှိနေဆဲဖြစ်ပြီး
"အစ်ကိုလု သတိထားပါ... ရေက အရမ်းနက်တယ်!"
"ကိစ္စမရှိပါဘူး!"
လုရွှမ် သူအဆင်ပြေကြောင်း ကတိတစ်ခု ပေးကာ ရေထဲသို့ ခုန်ချလိုက်သည်။ ဧကဆယ်ဂဏန်းရှိသော ရေကန်ငယ် တစ်ခုသာ ဖြစ်လို့ ဘယ်လောက်များ နက်နိုင်မှာလဲ။
ရေထဲသို့ဝင်ပြီးနောက် နဂါးဦးခေါင်းဆီသို့ ကူးခတ်ကာ ရေကန် အောက်ခြေကို ဆက်လက်ကူးခတ်၍ နဂါးရုပ်တု တစ်ခုလုံးကို တူး၍ ယူဆောင်သွားမည်ဟု ရည်ရွယ်ထားလိုက်သည်။
ခဏကြာ ရေကူးပြီးနောက် လုရွှမ်ရဲ့ မူလအစီအစဥ်ကို ပျောက်ကွယ်သွားစေတဲ့ အရာတစ်ခုက သူ့ကို အံ့အားသင့် သွားစေခဲ့သည်။ မီတာတစ်ထောင်လောက် ငုတ်ပြီးတာတောင် ရေကန်ရဲ့ အောက်ခြေကို မမြင်ရသေးပေ။
၎င်းသည် သေးငယ်သော ရေကန်တစ်ခု ဖြစ်သော်လည်း အမှန်တကယ်မှာ နားမလည်နိုင်လောက်အောင်ပင် နက်ရှိုင်းလွန်းလှ၏။
Chapter (28) Arc 4
နဂါးဦးေခါင္း ေရကန္
ယြမ္စံအိမ္အား ယခုလိုအင္အားျဖင့္ တိုက္ခိုက္မႈသည္ ႏွစ္ေပါင္းမ်ားစြာအတြင္း မႀကဳံစဖူးေသာ အရာတစ္ခု ျဖစ္သည္။ နံနက္ မိုးလင္းခ်ိန္တြင္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ အဖြဲ႕အတြင္း လ်င္ျမန္စြာ ပ်ံ့ႏွံ႕သြားခဲ့သည္။
အလြန္ထိခိုက္ လြယ္ေသာ အနံ႕ခံအာ႐ုံ ရွိသူတခ်ိဳ႕သည္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္တြင္ ႀကီးႀကီးမားမား တစ္ခုခု ျဖစ္သြားနိုင္ေၾကာင္း ခံစားလာရသညအ။
လု႐ႊမ္ အတြက္ကေတာ့ မေန႕ညကဟာမွာ အေသးအဖြဲ႕ ကိစၥမွ်သာျဖစ္ၿပီး ေနာက္ေန႕မနက္တြင္ ပုံမွန္အတိုင္း ဆက္လက္ သြားလာေနခဲ့သည္။
အရိပ္လူသတ္ခန္းမရဲ႕ အေရးကိစၥမ်ား အားလုံးကို ေမာ့ေကာင္း႐ႊမ္းထံ လႊဲေျပာင္း ေပးခဲ့ၿပီမို႔ သူ႕အတြက္ ကိုင္တြယ္ ေျဖရွင္းစရာ ဘာမွ သိပ္မရွိေတာ့ေပ။
ဘာမွလုပ္စရာ မရွိသလို တလမ္းလုံး ေလွ်ာက္လာခဲ့ရာ မၾကာမီတြင္ ယြမ္စံအိမ္သို႔ ေရာက္လာသည္။
"ဘယ္သူလဲ? ဒါက ယြမ္စံအိမ္.... မင္းမွာ ဘာမွလုပ္စရာ မရွိရင္ ေရွာင္ထြက္သြားတာ အေကာင္းဆုံးပဲ!"
အေစာင့္တစ္ေယာက္က လု႐ႊမ္ကို ရွင္းရွင္းလင္းလင္း မသိထားဘဲ သူ႕ကိုျမင္တာနဲ႕ အသံက်ယ္က်ယ္နဲ႕ ေအာ္လိုက္သည္။
"လု႐ႊမ္ အလည္လာတယ္လို႔ ယန္လိထန္းကို အေၾကာင္းၾကားလိုက္ပါ"
လု႐ႊမ္ စိတ္ထဲမထားဘဲ ေျပာလိုက္သည္။
"လု႐ႊမ္!"
"အရိပ္လူသတ္ခန္းမရဲ႕ ေခါင္းေဆာင္အသစ္!"
"လ်ိဳမိသားစုရဲ႕ ဘိုးေဘးကိုလည္း သူသတ္လိုက္တာ ဆိုပဲကြ!"
ခ်က္ခ်င္းဆိုသလို အေစာင့္အၾကပ္ ေတာ္ေတာ္မ်ားမ်ားဟာ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားသည္။ မတိုင္ခင္က လု႐ႊမ္ကို ႀကိမ္းေမာင္းခဲ့တဲ့ အေစာင့္မွာလည္း ျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားေတာ့သည္။ လု႐ႊမ္ကို မသိေပမယ့္ ဒီနာမည္ကိုေတာ့ မၾကာခဏ ၾကားေနရတယ္ေလ။
"ဆရာႀကီးလုကိုး!" အေစာင့္က ခ်က္ခ်င္း ေလသံကို ေျပာင္းလိုက္ၿပီး
"ခဏေစာင့္ပါ... ဒီငယ္သားက ခ်က္ခ်င္း သတင္းပို႔လိုက္ပါ့မယ္!"
ေျပာၿပီးသည္ႏွင့္ သူသည္ အလ်င္အျမန္ သတင္းပို႔ရန္ ေျပးထြက္သြား၏။ လု႐ႊမ္ ေဒါသကိုေတာ့ မဆြရဲပါ။ လု႐ႊမ္က လူသတ္တဲ့ေနရာမွာ ရက္စက္ေၾကာင္း ေကာလဟာလမ်ား ထြက္ေနသည္။ သူ႕ကို ႀကိမ္းေမာင္းမိခဲ့လို႔ စိတ္ဆိုးၿပီး သူ႕ကို သတ္ပစ္ရင္ ဘယ္သူမွ ကယ္နိုင္မွာ မဟုတ္ဘူး။
ျမန္ျမန္ သတင္းပို႔လိုက္တာ အေကာင္းဆုံးပဲ။
အေစာင့္ ဝင္သြားၿပီး သိပ္မၾကာခင္မွာပဲ ယန္လိထန္းရဲ႕ ပုံရိပ္က တံခါးဝမွာ ေပၚလာခဲ့သည္။ လု႐ႊမ္ကို ျမင္တာနဲ႕ ခ်က္ခ်င္းၿပဳံးၿပီး
"အစ္ကိုလု လာ လာ.... လာမယ္ဆို ကြၽန္ေတာ္ကိုယ္တိုင္ လာႀကိဳမွာေပါ့ဗ်ာ ေက်းဇူးျပဳၿပီး အထဲဝင္ပါ"
"စံအိမ္သခင္က ယဥ္ေက်းလြန္းေနပါၿပီ!"
လု႐ႊမ္လည္း ရယ္ေမာၿပီး အထဲကို လိုက္ဝင္သြားခဲ့သည္။ ေျခလွမ္းအနည္းငယ္ လွမ္းၿပီးေနာက္ လု႐ႊမ္ လက္ေကာက္ဝတ္ကို လွည့္ကာ ေဆးလုံး တစ္လုံးကို ထုတ္ယူလိုက္၏။
"ဒါက ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ကို ပထမဆုံး ေရာက္ဖူးတာပဲ... တခ်ိဳ႕စည္းမ်ဥ္းေတြကို အမ်ားႀကီး မသိပါဘူး။ မေန႕က ညီအစ္ကိုယန္ရဲ႕ မိတ္ဆက္ေပးမႈေၾကာင့္ အရိပ္လူသတ္ခန္းမကို ထိန္းခ်ဳပ္နိုင္ခဲ့တဲ့ အတြက္ တကယ္ကို ကံေကာင္းခဲ့ပါတယ္.... ဒီစိတ္ဝိညာဥ္ေဆးက က်ဳပ္ရဲ႕စိတ္ရင္း အစိတ္အပိုင္းကို ေဖာ္ျပတဲ့ အရာတစ္ခုပါ ေက်းဇူးျပဳၿပီး ညီအစ္ကိုယန္က လက္ခံေပးပါ"
"စိတ္ဝိညာဥ္ေဆး!"
လု႐ႊမ္ လက္ထဲက စိတ္ဝိညာဥ္ေဆးကို ျမင္လိုက္ရေတာ့ ယန္လိထန္းလည္း အနည္းငယ္ အံ့ၾသသြားမိသည္။
စိတ္ဝိညာဥ္ေဆး ဆိုတာ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ အဂၢိရတ္ဆရာအသင္းကသာ သန့္စင္နိုင္ၿပီး ႏွစ္၅၀မွာ တစ္ႀကိမ္သာ ရရွိနိုင္သည္။ သန႔္စင္တဲ့ အခါတိုင္းလည္း အမ်ားစုကို ဌာနခ်ဳပ္မွ သိမ္းသြားကာ အနည္းငယ္ကိုသာ သူတို႔ဘာသာ ျဖန႔္ေဝနိုင္သည္။
ဒီပစၥည္းကို သန႔္စင္ၿပီးတိုင္း ရနိုင္ေခ်က အလြန္နည္းပါးလွသည္။ ယြမ္စံအိမ္က စံအိမ္သခင္ ဆိုရင္ေတာင္ လြယ္ကူမွာ မဟုတ္ေခ်။
ယြမ္စံအိမ္သည္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ အျမင့္ဆုံး အာဏာပိုင္ ျဖစ္ေသာ္လည္း အဂၢိရတ္ဆရာအသင္းရဲ႕ ဌာနခ်ဳပ္ ေရွ႕မွာေတာ့ အေရးမပါေသးသျဖင့္ ၎တို႔ကို ထိုလူမ်ားက အာ႐ုံစိုက္ရန္ မလိုအပ္ေပ။
"အစ္ကိုလု... ဒါကြၽန္ေတာ့္ကို ေပးခ်င္တာ ေသခ်ာရဲ႕လား?"
ယန္လိထန္း အနည္းငယ္ တုံ႕ဆိုင္းသြားသည္။ ဒီလက္ေဆာင္က အရမ္းတန္ဖို႔ ရွိလြန္းတယ္ေလ။
ခူး႐ုန္ျမက္ပင္ တစ္ပင္သည္ ေထာင္ေပါင္းမ်ားစြာေသာ ဝိညာဥ္ေက်ာက္တုံးမ်ားလို တန္ဖိုးရွိၿပီး စိတ္ဝိညာဥ္ေဆးရဲ႕ တန္ဖိုးမွာလည္း ၿမိဳ႕ေထာင္ခ်ီမဟာမိတ္လို ေနရာမ်ိဳးမွာ ဝိညာဥ္ေက်ာက္မ်ားနဲ႕ လုံးဝ အဖိုးမျဖတ္နိုင္ေပ။
တခ်ိဳ႕ေသာ မိသားစုႀကီးမ်ား အတြက္ စိတ္ဝိညာဥ္ အားျဖည့္ေဆးလုံးသည္ အဆင့္ျမင့္ အဂၢိရတ္ဆရာ၊ လက္နက္သန႔္စင္သူ သို႔မဟုတ္ အခင္းအက်င္း ပညာရွင္မ်ားကိုပါ ျပဳစုပ်ိဳးေထာင္ ေပးနိုင္သည္။
ထိုသို႔ေသာ အထူးကြၽမ္းက်င္သူမ်ား အတြက္ ရာထူးတိုးျမႇင့္ျခင္းသည္ မိသားစု တစ္ခုလုံး၏ စြမ္းအားကို ျမင့္မားေသာ အဆင့္သို႔ အျပည့္အဝျမႇင့္တင္ေပးနိုင္ျခင္းပင္ ျဖစ္ေလသည္။
"စိတ္မပူပါနဲ႕... အဲဒါက စိတ္ဝိညာဥ္ကို အာဟာရျဖည့္ေစတဲ့ ေဆးတစ္လုံးပါပဲ"
လု႐ႊမ္က ၿပဳံးၿပီး ေျပာလိုက္သည္။
သူ႕ခႏၶာကိုယ္ေပၚမွာ စိတ္ဝိညာဥ္ေဆးလုံး ဒါဇင္မ်ားစြာ ရွိေနဆဲ ျဖစ္ၿပီး တစ္လုံးကို ထုတ္ေပးလိုက္တာေလာက္ကေတာ့ ႏွေျမာစရာ မရွိေခ်။
"ေကာင္းၿပီ... အစ္ကိုလု အစ္ကို အကူအညီလိုရင္ က်ဳပ္ကို တိုက္ရိုက္သာ ေျပာလိုက္... တျခားေနရာေတြ မွာေတာ့ မေျပာဝံ့ေပမယ့္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာေတာ့ က်ဳပ္က အင္အားတစ္ခုေတာ့ ရွိပါတယ္"
ယန္လိထန္း မတြန႔္ဆုတ္ေတာ့ဘဲ စိတ္ဝိညာဥ္ေဆးကို လက္ခံလိုက္ၿပီး အၿပဳံးျဖင့္ ေျပာလိုက္သည္။ စိတ္လႈပ္ရွားမႈ အရိပ္အေယာင္မ်ားကေတာ့ သူ႕မ်က္လုံးမ်ားထဲတြင္ ဖ်တ္ခနဲ ဖ်တ္ခနဲ ေတာက္ပလ်က္။
"အစ္ကိုယန္နဲ႕ တတ္နိုင္သမွ် တြဲလုပ္နိုင္ရင္ လုံေလာက္ပါၿပီ... မေန႕က ပြဲက က်ဳပ္အတြက္ မ်က္စိပြင့္စရာေတြ အမ်ားႀကီး ရခဲ့တယ္... အစ္ကိုယန္ရဲ႕ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ ထူးျခားတဲ့ ကုန္ပစၥည္းေတြ အမ်ားႀကီး ရွိမယ္လို႔ တစ္ခါမွ မထင္ထားဘူး"
လု႐ႊမ္က ရယ္လ်က္ ဆိုေလ၏။
"ဒါဆို သြားရေအာင္...ေနာက္ထပ္ တစ္ခုေလာက္ ေသာက္ၾကတာေပါ့!"
လု႐ႊမ္က သူ႕ကို မ်က္ႏွာသာေပးဖို႔ ရည္႐ြယ္ထားခဲ့တာေၾကာင့္ ယန္လိထန္းလည္း မျငင္းဆန္ေတာ့ေခ်။ ဒါက စားေသာက္ျခင္းမွ်သာ ျဖစ္ၿပီး ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ အရပ္ရပ္မွ အထူးပစၥည္းမ်ား ျပတ္ေတာက္မႈ မရွိေခ်။
တကယ္ေတာ့ သူက ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ မ်က္ႏွာျပင္ေပၚမွာ အျမင့္ဆုံး စြမ္းအင္ကို ထိန္းခ်ဳပ္ထားလို႔ ေနရာမ်ားစြာမွာေတာ့ အဆင္ေျပရန္ သူ႕ကိုလိုအပ္ၾကသည္။
"မေန႕က ပြဲက်င္းပတဲ့ ေနရာက အရမ္းလွတဲ့ ရႈခင္းေတြ ရွိတယ္... ငါ အရမ္းႀကိဳက္တယ္ အဲဒီကိုပဲ သြားၾကရေအာင္!"
လု႐ႊမ္လည္း ႐ႊင္လန္းစြာနဲ႕ ေျပာလိုက္သည္။
ဒီလူက ဒီေနရာကို စားဖို႔ေသာက္ဖို႔ လာခဲ့တာ မဟုတ္ဘူးေလ။ သူ႕စိတ္ထဲမွာ နဂါးႏွလုံးကို စိတ္မခ်နိဳင္လို႔ မေနနိုင္မထိုင္နိုင္ လာၾကည့္ရတာေလ။
"အဲဒါ အဆင္ေျပပါတယ္!"
ယန္လိထန္းက ခ်က္ခ်င္း သေဘာတူလိုက္၏။
မေန႕တေန႕က သူတို႔သည္ ယြမ္စံအိမ္၏ အေနာက္ဘက္ ဥယ်ာဥ္တြင္ ဧည့္ခံပြဲတစ္ခု က်င္းပခဲ့တဲ့ ေနရာမွာပဲ သူတို႔ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ ေသာက္ၾကသည္။ နန္းေဆာင္ငယ္ အတြင္းရွိ ေရကန္မွ ထြက္လာေသာ ေ႐ႊေရပိုက္ကို ၾကည့္ရင္း လု႐ႊမ္ ေပါ့ေပါ့ပါးပါး ဟန္ေဆာင္ကာ
"အစ္ကိုယန္.... ဒီနဂါးေခါင္းေရပိုက္က ပစၥည္းေကာင္းေလးပဲ... ခင္ဗ်ား ဘယ္ကရတာလဲ"
"အိုး?"
လု႐ႊမ္ရဲ႕ ေမးခြန္းကို ၾကားေတာ့ ယန္လိထန္း ခဏေလာက္ ေအးခဲသြားၿပီး
"အစ္ကိုလုက အဲဒီေရပန္းကို ဆိုလိုတာလား?"
"မွန္ပါတယ္... အဲဒီေရပန္းပဲ နဂါးေခါင္းနဲ႕ ေရပန္း"
"အိုး... ဒါႀကီးရွိေနတာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာ ေလာက္ကတည္းပဲ... ဘယ္ေလာက္ေတာင္ ရွိၿပီလဲေတာ့ မသိဘူး... ယြမ္စံအိမ္ အရင္ကတည္း ရွိခဲ့ပုံရတယ္။ ဘယ္အခ်ိန္လဲ ဆိုတာကို ကြၽန္ေတာ္လည္း အတိအက် မသိဘူး... ယြမ္စံအိမ္ရဲ႕ အရင္စံအိမ္သခင္က ဒီေ႐ႊနဂါးေၾကာင့္ ဒီမွာေဆာက္ခဲ့တာလို႔ ေျပာၾကတယ္... အဲဒီေအာက္မွာ သဘာဝ ေရတြင္းတစ္ခု ရွိတယ္ ဒါမွ ေရေတြ ဆက္စီးဆင္းေနနိုင္တာေပါ့"
ယန္လိထန္းက ေျပာေလ၏။
"ဒီေ႐ႊနဂါးကို က်ဳပ္ သေဘာက်တယ္... စံအိမ္သခင္ က်ဳပ္ကို ေရာင္းေပးလို႔ရမလား?"
သူတကယ္ မသိနားမလည္ပုံ ေပါက္ေနတာကို ျမင္ေတာ့ လု႐ႊမ္ အစမ္းသေဘာနဲ႕ ေမးၾကည့္လိုက္သည္။
"အစ္ကိုလု.... ခင္ဗ်ား ဖယ္ထုတ္ယူလို႔ရရင္ အဆင္ေျပပါတယ္ အဲဒါက အလွဆင္မႈ တစ္ခုပဲေလ... ဒါေပမဲ့ အစ္ကိုလုကို သတိမေပးမိဘူးလို႔ေတာင္ အျပစ္မတင္နဲ႕ေနာ္ အဲဒီေ႐ႊနဂါးႀကီးက ဖယ္ရခက္တယ္"
လု႐ႊမ္ရဲ႕ စကားကို ၾကားေတာ့ ယန္ထိလန္းက မေက်နပ္တာ မရွိဘဲ ၿပဳံးကာ ေခါင္းခါျပလိုက္သည္။
"မျဖစ္နိုင္ပါဘူး!" လု႐ႊမ္ အံ့အားသင့္စြာျဖင့္။
"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ႀကိဳးစားခဲ့ေပမယ့္ သူက လႈပ္ေတာင္ မလႈပ္ဘူး!"
"ဒါဆို က်ဳပ္စမ္းၾကည့္မယ္"
လု႐ႊမ္က လုံးဝ မယုံၾကည့္နိုင္သည့္ႏွယ္ ဆိုလိုက္သည္။
"ရပါတယ္... အစ္ကိုလု အစြမ္းကုန္ ႀကိဳးစားၾကည့္လို႔ရတယ္"
ေသရည္ခြက္ကို ေကာက္ကိုင္လိုက္ၿပီး ယန္လိထန္းက ဝိုင္တစ္ငုံ ေသာက္လိုက္ကာ ေပါ့ေပါ့ပါးပါးေလး ဆိုလိုက္သည္။
လု႐ႊမ္ သူ႕ခႏၶာကိုယ္ကို လႈပ္ရွားလိုက္ၿပီး ေရစပ္ရွိရာသို႔ အျမန္ သြားလိုက္သည္။ နဂါးေခါင္းကို ၾကည့္လိုက္ေတာ့ အနည္းငယ္ စိတ္လႈပ္ရွားသြားသလို ခံစားလိုက္ရသည္။ ဖီးနစ္အေမြးေၾကာင့္ ျဖစ္လာတဲ့ အလွည့္အေျပာင္းေတြ အားလုံးကို ေတြးၾကည့္ေတာ့ နဂါးႏွလုံးကို ေတြ႕ဖို႔ ဒီေလာက္ရိုးရွင္းမယ္လို႔ မေမွ်ာ္လင့္ထားခဲ့ေပ။
ဒါက ေ႐ႊနဂါး ႐ုပ္တုတစ္ေကာင္မွ်သာ ျဖစ္သည္။ သူ႕ရဲ႕လက္ရွိခြန္အားနဲ႕ဆို ေ႐ႊထက္အဆတစ္ရာ ပိုေလးတဲ့ ေ႐ႊနဲ႕ ျပဳလုပ္ထားရင္ေတာင္ ထိုအရာကို ထိုအရာကို အလြယ္တကူ ေ႐ြ႕ေျပာင္းနိုင္သည္။
ေရကန္ဟု ဆိုေပမယ့္ တကယ္ေတာ့ ဧကဒါဇင္ေပါင္းမ်ားစြာ လႊမ္းၿခဳံထားတဲ့ ေရျပင္ႀကီး ျဖစ္သည္။ နဂါးေခါင္းကလည္း ေရထဲကေန ျပဴးထြက္ေနတာေတာင္ စားပြဲႏွစ္လုံးစာေလာက္ က်ယ္ေလ၏။
ဒီစေကးအရဆိုရင္ နဂါးကိုယ္ထည္ တစ္ခုလုံးရဲ႕ အရွည္မွာ မီတာ ၁၀၀ ေက်ာ္ ရွိမည္ဟု ခန႔္မွန္းရသည္။
ေရကန္ဆီသို႔ ေလွ်ာက္သြားေသာအခါ ယန္လိထန္းသည္ သူ႕ေနာက္တြင္ ရွိေနဆဲျဖစ္ၿပီး
"အစ္ကိုလု သတိထားပါ... ေရက အရမ္းနက္တယ္!"
"ကိစၥမရွိပါဘူး!"
လု႐ႊမ္ သူအဆင္ေျပေၾကာင္း ကတိတစ္ခု ေပးကာ ေရထဲသို႔ ခုန္ခ်လိဳက္သည္။ ဧကဆယ္ဂဏန္းရွိေသာ ေရကန္ငယ္ တစ္ခုသာ ျဖစ္လို႔ ဘယ္ေလာက္မ်ား နက္နိုင္မွာလဲ။
ေရထဲသို႔ဝင္ၿပီးေနာက္ နဂါးဦးေခါင္းဆီသို႔ ကူးခတ္ကာ ေရကန္ ေအာက္ေျခကို ဆက္လက္ကူးခတ္၍ နဂါး႐ုပ္တု တစ္ခုလုံးကို တူး၍ ယူေဆာင္သြားမည္ဟု ရည္႐ြယ္ထားလိုက္သည္။
ခဏၾကာ ေရကူးၿပီးေနာက္ လု႐ႊမ္ရဲ႕ မူလအစီအစဥ္ကို ေပ်ာက္ကြယ္သြားေစတဲ့ အရာတစ္ခုက သူ႕ကို အံ့အားသင့္ သြားေစခဲ့သည္။ မီတာတစ္ေထာင္ေလာက္ ငုတ္ၿပီးတာေတာင္ ေရကန္ရဲ႕ ေအာက္ေျခကို မျမင္ရေသးေပ။
၎သည္ ေသးငယ္ေသာ ေရကန္တစ္ခု ျဖစ္ေသာ္လည္း အမွန္တကယ္မွာ နားမလည္နိုင္ေလာက္ေအာင္ပင္ နက္ရွိုင္းလြန္းလွ၏။