Chapter (26) Arc 4
စစ်မှန်တဲ့ နဂါးနှလုံး
လူတိုင်းမှာ မယုံနိုင်ကြသေးဘဲ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဥ် ခြံဝင်းနံရံ အပြင်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"မင်းငါ့ကို ခိုးဝင် တိုက်ခိုက်ရဲတယ်ပေါ့!"
အစောက အရိုက်ခံလိုက်ရသော လူသည် တစ်ဖန် ပြန်ရောက်လာကာ သူ့မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်သော အရှက်တရားက သူ့ကို ရူးသွပ်သွားစေသည်။
အရိုက်ခံလိုက်ရတာက သူ့မျက်နှာကို ဖောင်းကားသွား စေပေမယ့် သူ့ခန္ဓာကိုယ်က ထိခိုက်မှု သိပ်မရှိသေးချေ။
လုရွှမ်ရဲ့ ခွန်အားက အားနည်းနေတာ မဟုတ်ဘဲ သူ့ရဲ့လက်ဖဝါးက သူ့ခန္ဓာကိုယ် ခွန်အားနဲ့ ဝိညာဉ်စွမ်းအားကို စမ်းသပ်ရန်သာ ဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းအားကို အသုံးမပြုခဲ့ပေ။
လုရွှမ်ရဲ့ ဝိညာဉ်စွမ်းအားက အလွန် လျင်မြန်စွာ ဖိနှိပ်ထားသောကြောင့် တစ်ဖက်လူက သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တာလို့ ထင်သွားခြင်း ဖြစ်သည်။ တစ်ဖက်လူက သူ့ခေါင်းထဲ မူးဝေနေတဲ့အထိ ဖိနှိပ်ခံနေရပြီး လုရွှမ် ရွေ့လျားလာတဲ့ အရှိန်ကလည်း မြန်လွန်း၍ ခိုးဝင် တိုက်ခိုက်ရန် အခွင့်အရေးကို ယူလိုက်သလို ထင်သွားစေသည်။
ထို့အပြင် လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ၁၈အထိ ရောက်နေပြီလို့ ပြောလိုက်ရင်တောင် အဲဒီ တစ်စုံတစ်ယောက်က ယုံကြည်ဖို့ လိုအပ်သေးသည်။
သူ့ရဲ့ စိတ်စွမ်းအား သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ မဟုတ်တော့ဘဲ အဆင့်၉နဲ့ ညီမျှနေပြီ ဖြစ်သည်။
"ခိုးဝင် တိုက်ခိုက်တယ်!"
လုရွှမ် ခေါင်းခါလိုက်သည်။
"မင်း ခိုးဝင်တိုက်ခိုက်တာ မဟုတ်ရင် ဘယ်လိုလုပ် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅က အဆင့်၈ငါ့ကို ရိုက်ထုတ်နိုင်မှာလဲကွ!"
"ဒါဆို မင်းဒီတစ်ခါ အဆင်သင့် ဖြစ်ပြီပေါ့!"
လုရွှမ်က အာရုံစိုက်ရမှာ ပျင်းလွန်းလို့ ခပ်ပေါ့ပေါ့လေး ပြန်ပြောလိုက်သည်။
"ဘာကို အဆင်သင့် ဖြစ်ရမှာလဲ? ဒီတစ်ခါ ငါအလှည့်ပဲကွ!"
ထိုကျင့်ကြံသူက ရုတ်တရက် လုရွှမ်ဆီ ပြေးလာ၍ လက်ဖဝါး စွမ်းအင် တစ်ချက်ဖြင့် လွှဲရိုက်လိုက်သည်။
သူတိုက်ခိုက်တာတာကို မြင်တဲ့အခါ လုရွှမ် နောက်ပြန်မဆုတ်သွားဘဲ တစ်ဖက်လူရဲ့ လက်ဝါး သူ့အနားရောက်ခါနီးမှာ စိတ်စွမ်းအားတွေကို လွှတ်ထုတ်လိုက်သည်။
ဗုန်း!
အားကြီးသော စွမ်းအားတစ်ခုက ပြိုင်ဘက်ကို ဖုံးအုပ်ထားပြန်သည်။ သူ့ရဲ့ လက်ဝါးက လေထဲမှာ အေးခဲနေသလို သို့မဟုတ် ပုလင်းထဲတွင် ပိတ်မိနေသော ပိုးကောင်လေး တစ်ကောင်လို ဘယ်လောက်ပဲ လှုပ်ရှားနေပါစေ လုံးဝ မရွေ့နိုင်ဘဲ ဖြစ်နေသည်။
ဖြောင်း!
ရုတ်တရက် ကောင်လေးရဲ့ လက်ဖဝါးက တက်လာပြန်၏။
အစောကအတိုင်း ပါးရိုက် ခံလိုက်ရသော်လည်း ယခုတစ်ကြိမ်တွင် လုရွှမ် စိတ်စွမ်းအားကို ထပ်လောင်း ထည့်ထားလိုက်သည်။
ဝုန်း!
ဧရာမ တောင်ကြီးတစ်တောင်က ထိုလူရဲ့ မျက်နှာကို ဝင်ရောက် ရိုက်ထုတ်လိုက်သည့်နှယ့် တစ်ကိုယ်လုံး ဝေ့ယမ်းသွားသည်။ ဒီတစ်ခါတော့ အရင်ကလို ကံမကောင်းတော့ဘဲ သူ့ခမျာ ချက်ချင်း သွေးတွေ ထွက်လာပြီး ခေါင်းကလည်း ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။
လေထဲမှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးနောက် ထိုလူဟာ မြေပြင်ပေါ် လဲကျသွားပြီး မလှုပ်မယှက် ဖြစ်သွားသည်။
သူနဲ့ရင်းနှီးနေတဲ့ ကျင့်ကြံသူ တစ်ဦးသည် ချက်ချင်း ပြေးချလာပြီး လဲကျနေတဲ့လူကို သေသေချာချာ စမ်းသပ်လိုက်တော့မှ စိတ်သက်သာရာ ရသွားခဲ့သည်။
ကံကောင်းစွာနဲ့ မသေသေးချေ။
ဒီအခြေအနေမှာ လူနှစ်ယောက်ကြား သေရေးရှင်ရေး ကိစ္စမျိုး ကြုံလာခဲ့ရင် သေချာပေါက် တစ်ဖက်လူက သူ့မိတ်ဆွေကို အသေသတ်သွားလို့ ရ၏။
ဒဏ်ရာများကို ကုသနိုင်သော အဂ္ဂိရတ်ဆေး တစ်လုံးကို ထိုအဆင့်၈ ကျင့်ကြံသူ၏ ပါးစပ်ထဲ ထည့်ကျွေးလိုက်ပြီးနောက် ထိုလူသည် ဂနာမငြိမ်သော မျက်လုံးများကို ဖွင့်လျက် သတိရလာခဲ့သည်။
"ဘယ်သူများ မျှမျှတတ ဆက်ပြိုင်ချင်သေးလဲ?"
လုရွှမ်သည် စင်မြင့် အလယ်တွင် ရပ်ကာ မေးလိုက်သည်။
"ဟားဟား... ညီလေးလုက ဘာတွေ ပြောနေတာလဲ? မင်းက ရှီးမန်ဝေ့ကို သတ်လိုက်တာလေ... အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် နေရာက သေချာပေါက် မင်းအတွက်ပဲ ဖြစ်သင့်တာပေါ့"
"ဟုတ်ပါတယ် ညီလေးလု...ညီလေးက တကယ်ကို အစွမ်းထက်ပါတယ်.. မင်းနဲ့ပြိုင်ချင်တဲ့ လူတွေထဲမှာဆို ကျုပ်အရင် ငြင်းမှာပဲ!"
"ဒါပဲလေ...ကျုပ်လည်း ဒီကိစ္စအတွက် ညီလေးလုက အသင့်တော်ဆုံးလို့ ထင်တယ်"
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူတိုင်းသည် ရုတ်ရုတ်သဲသဲ ဖြစ်လာကြပြီး ၎င်းတို့၏ အခေါ်အဝေါ်များကို ညီအစ်ကိုလုဟုပင် ပြောင်းလဲခဲ့သည်။
ရောက်လာတဲ့ လူတွေထဲမှာ ဘယ်သူကမှ ငတုံးတွေ မဟုတ်ကြပါဘူး။ လုရွှမ်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလမှလူကို အနိုင်ယူနိုင်ကြောင်း အသေအချာကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
သူတို့အားလုံးဟာ တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ ပါဝင်နေပြီး ကွာဟချက်ကတော့ အခြေခံအားဖြင့်တော့ သိပ်မကြီးပါ။ သူတို့ရဲ့ ခွန်အားက ဒီကောင်လေးထက် ပိုသန်မာနေပေမယ့်လည်း သေသေချာချာ နှိုင်းယှဥ်ပြီး စဥ်းစားကြည့်ရရင် ဒီလူကို လွယ်လွယ်နဲ့ မသတ်နိုင်ဘူးဆိုတာ တွေ့ရ၏။
တစ်နည်းအားဖြင့် ပြောရရင် ဒီကောင်လေးက သူတို့ကို ချက်ချင်း သတ်ပစ်နိုင်စွမ်း ရှိလေသည်။
"ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပါပြီ!"
အခင်းဖြစ်ပွားရာ နေရာရှိ လူတိုင်းက သဘောတူကြပြီး လူတိုင်းကန့်ကွက်ခြင်း မရှိတော့သောအခါ ယန်လိထန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။
"အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် နေရာကို အစ်ကိုလုက ဆက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ယွမ်စံအိမ်မှာ ပွဲကြီးတစ်ခု လုပ်ပေးပါ့မယ်... အားလုံး ဒီမှာပဲနေကြပါ!"
ယန်လိထန်းက သူ့ဆန္ဒအတိုင်း ပြုံးပြလိုက်ရင်း ခပ်ကျယ်ကျယ် အော်လိုက်သည်။ ပွဲကိုတော့ ဒီမှာ ကျင်းပမှာ မဟုတ်သလို အစည်းအဝေး ခန်းမထဲမှာ ကျင်းပမှာလည်း မဟုတ်ပါဘူး။
ယွမ်စံအိမ်၏ အနောက်ဘက် ဥယျာဉ်ထဲတွင် စားပွဲပေါင်း တစ်ဒါဇင်ကျော်နဲ့ တိုင်းနိုင်ငံအသီးသီးမှ အထူးထုတ်ကုန်များကို သောက်သုံးရေတွေလို ပေါများစွာ ပြင်ဆင်ထားလေသည်။
နောက်ဖေးပန်းခြံထဲ ဝင်လိုက်တာနဲ့ လုရွှမ် စိတ်ထဲကနေ ကျီးကန်းရဲ့ အော်သံကို ရုတ်တရက်ကြားလိုက်ရ၏။
"လုရွှမ်... တကယ့်နဂါးရဲ့နှလုံး!! နဂါးနှလုံးက ဒီအနီးနားမှာပဲ!"
"ဘာ!" လုရွှမ်ရဲ့ အမူအရာလည်း ပြောင်းသွားသည်။
နောက်ဆုံးအကြိမ်က ဖီးနစ်အမွေးသည် ဝူယန်တော်ဝင် အင်ပါယာနန်းတော်ထဲတွင် ပေါ်လာခဲ့ပြီး ယခုတစ်ကြိမ်တွင် နဂါးနှလုံးသည် ယွမ်စံအိမ်တွင် ပေါ်လာခဲ့သည်။ ဤရှားပါးရတနာများသည် အလွန် လျှို့ဝှက်ထားသည့် နေရာများတွင် ရှိနေခြင်းလား။
"အနောက်ဖက်ကို လမ်းလျှောက်သွားလိုက်... အတိအကျ တည်နေရာကို သိရင် ငါပြောမယ်!"
ကျီးကန်းသည် သူ့အသံကို ကျောက်စိမ်းပြားမှ တဆင့် လုရွှမ်၏ အသိစိတ်ဆီသို့ တိုက်ရိုက် ပေးပို့နေသည်။
"ညီလေးလု.... ဘယ်သွားမလို့လဲ?"
ရွှီရှင့်လုံ လှည့်ကြည့်သော် လုရွှမ်က မထိုင်သေးဘဲ လှည့်ပတ်သွားနေတာကို တွေ့လိုက်တာကြောင့် သူ မမေးဘဲ မနေနိုင်ခဲ့ချေ။
"အစ်ကိုရွှီ.... ကျုပ်အတွက် နေရာတစ်နေရာလောက် ယူထားပေးပါ ကျုပ်ခဏ လမ်းလျှောက်ပြီး လိုက်လာခဲ့မယ်"
လုရွှမ်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
"ကောင်းပါပြီ.... ဝေးဝေးမသွားဖို့တော့ သတိပေးချင်တယ်...ယွမ်စံအိမ်ကြီးမှာ အခင်းအကျင်း အစီအရင်တွေ ရှိတယ်... အကာအကွယ် အခင်းအကျင်း တစ်ခုကို ထိမိရင် ဒုက္ခဖြစ်လိမ့်မယ်"
ရွှီရှင့်လုံက မျက်မှောင်ကြုတ်ပြီး သတိပေးလာသည်။
ယွမ်စံအိမ်သည် မြို့ထောင်ချီမဟာမိတ်၏ အရေးကြီးဆုံး နေရာဖြစ်ပြီး ကြီးမားသော အစီအရင်များကို သူတော်စင် တစ်ပိုင်းမှ စီစဉ်ပေးထားသည်။ ထိမိလိုက်တာနဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားရှိရင်တောင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားမည် ဖြစ်သည်။
"အင်း!"
လုရွှမ်လည်း ခေါင်းညိတ်လိုက်ပြီး ကျီးကန်းရဲ့ ညွှန်ကြားချက်အတိုင်း လျှောက်ထွက်လာခဲ့သည်။
"ဟုတ်ပြီ... ဘယ်ဘက်ကို ဆယ်မီတာ ဆက်သွားလိုက်..အဲဒါ နဂါးနှလုံးရဲ့ တည်နေရာပဲ!"
ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ကျီးကန်းရဲ့ အသံထွက်ပေါ်လာသည်။
လုရွှမ် သူ့မျက်လုံးများကို ပင့်လျက် အပေါ်ကို ကြည့်လိုက်ရာ ရေကန်အလယ်တွင် ရွှေနဂါး ရုပိတု၏ ဦးခေါင်းက ထွက်ပြူနေပြီး နဂါး၏ပါးစပ်မှ ရေစီးကြောင်း တစ်ခုက ပန်းထွက်နေတာကို တွေ့လိုက်ရသည်။
"စစ်မှန်တဲ့ နဂါးနှလုံးက ဒီရွှေနဂါး ရုပ်တုထဲမှာ ဖြစ်နိုင်တယ်"
လုရွှမ် တိတ်တဆိတ် မှန်းဆလိုက်သည်။
တည်နေရာကို အတည်ပြုပြီးနောက် လုရွှမ်သည် ၎င်းကိုရယူရန် အလျင်စလို မလုပ်ခဲ့ဘဲ ပွဲစရန် စောင့်ဆိုင်းနေသည့် ရွှီရှင့်လုံတို့ ရှိရာ စားပွဲဆီသို့ ပြန်သွားခဲ့သည်။
စစ်မှန်တဲ့ နဂါးနှလုံးသည် ဤနေရာတွင်ရှိနေပြီ။ ၎င်းအား ပိတ်ဆို့ထားရန် အထူးအခင်းအကျင်း တစ်ခု ပြုလုပ်ထားပြီး တစ်စုံတစ်ယောက်ကလည်း ဒီအကြောင်းကို သိလိမ့်မည်။ အလျင်စလို လှုပ်ရှားလိုက်ရင် သူ့ရဲ့ လက်ရှိခွန်အားနဲ့ ရတနာကို ရနိုင်မယ်လို အာမခံနိုင်မှာ မဟုတ်ချေ။
စားပွဲတွင် မြို့ထောင်ချီမဟာမိတ် ယွမ်စံအိမ်ရဲ့ လွန်ကဲစွာ ပြင်ဆင်ထားမှုကို တွေ့လိုက်ရသည်။
အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့် တော်ဝင်အင်ပါယာမှ မရေမတွက်နိုင်သော အထူးထုတ်ကုန်များနှင့် လုရွှမ် သူ့ယခင်ဘဝက နာမည်များကိုသာ ကြားသိခဲ့ရပြီး မမြင်ဖူးခဲ့တဲ့ အထူးအစားအစာ တချို့ကိုပါ နှစ်မျိုးသုံးမျိုး တွေ့ရလေသည်။
မြို့ထောင်ချီမဟာမိတ်။ အဆင့်အတန်း မြင့်သော နိုင်ငံပေါင်း သုံးထောင်၏ စုစည်းဖြန့်ဝေရာ နေရာသည် မရေမတွက်နိုင်သော ရှားပါး ရတနာများကို သဘာဝကျကျ စုဆောင်းထားနိုင်သည်။
ပွဲအပြီးတွင် လုရွှမ် မြို့ထောင်ချီမဟာမိတ်၏ ပုံစံများကို ပိုမို နားလည်လာခဲ့သည်။ ရွှီရှင့်လုံနှင့် မှော်တစ်ထောင်စံအိမ်ကို ပြန်လာခဲ့ပြီးနောက် လုရွှမ် လူသတ်အရိပ်ခန်းမသို့ တိုက်ရိုက် ထွက်လာခဲ့သည်။
အရိပ်လူသတ်ခန်းမမှ လူများ သည် ၎င်းတို့အုပ်စု ရောက်ရှိလာသည်ကို မြင်သောအခါ အရပ်ရပ်သို့ ချက်ချင်း ထွက်ပြေးသွားကြသည်။
ခန်းမသခင် နေရာအတွက် ဒီလူတွေကို အကြောင်းကြားခြင်း မရှိသေးသောကြောင်း သူတို့မှာ မသိကြသေးချေ။ မြို့ထောင်ချီမဟာမိတ်က လူအားလုံးကလည်း သူတို့နည်းတူ လုရွှမ်ဟာ ရှီးမန်ဝေ့ကို သတ်နိုင်တဲ့အထိ ကြောက်စရာကောင်းကြောင်းသာ သိထားသည်။
လူတွေ ထွက်ပြေးသွားတာကို မြင်သော်လည်း လုရွှမ် ၎င်းတို့အား ရပ်တန့်ခိုင်းရန် စိတ်မ၀င်စားခဲ့ပေ။
အရိပ်လူသတ်ခန်းမကို သိမ်းပိုက်ရခြင်း အကြောင်းရင်းမှာ သူသည် ဝင်ငွေဟုခေါ်သော လောဘကြောင့် မဟုတ်ဘဲ မြို့ထောင်ချီမဟာမိတ်တွင် သူ့ကိုယ်ပိုင် နယ်မြေ ရှိနေရင် သူ့လုပ်ရပ် အားလုံးကို တခြားသူများ သတိမပြုမိစေရန် ဖြစ်သည်။
မှော်တစ်ထောင်စံအိမ်မှာ နေခြင်းဟာ အကာအကွယ် အခင်းအကျင်းကို ရွှီရှင့်လုံက အမြဲ ထိန်းချုပ်ထားလို့ တခြားလူက သူ့ကို ထိန်းချုပ်ထားသလို အမြဲ ခံစားနေရသည်။
ဒီနေရာမှာ အရိပ်လူသတ်ခန်းမရဲ့ အကာအကွယ် အစီအရင်ရှိပြီး ဒါကို သူ ထိန်းချုပ်ထားနိုင်ရင် အစီအရင် ဗဟိုအချက်အချာဖြင့် ဒီနေရာကို အလုံခြုံဆုံး နေရာဟု သတ်မှတ်နိုင်သည်။
Chapter (26) Arc 4
စစ္မွန္တဲ့ နဂါးႏွလုံး
လူတိုင္းမွာ မယုံနိုင္ၾကေသးဘဲ တစ္ေယာက္တစ္ေပါက္ ေျပာဆိုေနၾကစဥ္ ၿခံဝင္းနံရံ အျပင္ဘက္ကေန အသံတစ္သံ ထြက္ေပၚလာခဲ့သည္။
"မင္းငါ့ကို ခိုးဝင္ တိုက္ခိုက္ရဲတယ္ေပါ့!"
အေစာက အရိုက္ခံလိုက္ရေသာ လူသည္ တစ္ဖန္ ျပန္ေရာက္လာကာ သူ႕မ်က္ႏွာေပၚတြင္ ေဒါသမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး ျပင္းထန္ေသာ အရွက္တရားက သူ႕ကို ႐ူးသြပ္သြားေစသည္။
အရိုက္ခံလိုက္ရတာက သူ႕မ်က္ႏွာကို ေဖာင္းကားသြား ေစေပမယ့္ သူ႕ခႏၶာကိုယ္က ထိခိုက္မႈ သိပ္မရွိေသးေခ်။
လု႐ႊမ္ရဲ႕ ခြန္အားက အားနည္းေနတာ မဟုတ္ဘဲ သူ႕ရဲ႕လက္ဖဝါးက သူ႕ခႏၶာကိုယ္ ခြန္အားနဲ႕ ဝိညာဥ္စြမ္းအားကို စမ္းသပ္ရန္သာ ျဖစ္ၿပီး တိုက္ခိုက္ေရး စြမ္းအားကို အသုံးမျပဳခဲ့ေပ။
လု႐ႊမ္ရဲ႕ ဝိညာဥ္စြမ္းအားက အလြန္ လ်င္ျမန္စြာ ဖိႏွိပ္ထားေသာေၾကာင့္ တစ္ဖက္လူက သူ႕အား ခိုးေၾကာင္ခိုးဝွက္ တိုက္ခိုက္လိုက္တာလို႔ ထင္သြားျခင္း ျဖစ္သည္။ တစ္ဖက္လူက သူ႕ေခါင္းထဲ မူးေဝေနတဲ့အထိ ဖိႏွိပ္ခံေနရၿပီး လု႐ႊမ္ ေ႐ြ႕လ်ားလာတဲ့ အရွိန္ကလည္း ျမန္လြန္း၍ ခိုးဝင္ တိုက္ခိုက္ရန္ အခြင့္အေရးကို ယူလိုက္သလို ထင္သြားေစသည္။
ထို႔အျပင္ လု႐ႊမ္ရဲ႕ စိတ္ဝိညာဥ္စြမ္းအားက ၁၈အထိ ေရာက္ေနၿပီလို႔ ေျပာလိုက္ရင္ေတာင္ အဲဒီ တစ္စုံတစ္ေယာက္က ယုံၾကည္ဖို႔ လိုအပ္ေသးသည္။
သူ႕ရဲ႕ စိတ္စြမ္းအား ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၅ မဟုတ္ေတာ့ဘဲ အဆင့္၉နဲ႕ ညီမွ်ေနၿပီ ျဖစ္သည္။
"ခိုးဝင္ တိုက္ခိုက္တယ္!"
လု႐ႊမ္ ေခါင္းခါလိုက္သည္။
"မင္း ခိုးဝင္တိုက္ခိုက္တာ မဟုတ္ရင္ ဘယ္လိုလုပ္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၅က အဆင့္၈ငါ့ကို ရိုက္ထုတ္နိုင္မွာလဲကြ!"
"ဒါဆို မင္းဒီတစ္ခါ အဆင္သင့္ ျဖစ္ၿပီေပါ့!"
လု႐ႊမ္က အာ႐ုံစိုက္ရမွာ ပ်င္းလြန္းလို႔ ခပ္ေပါ့ေပါ့ေလး ျပန္ေျပာလိုက္သည္။
"ဘာကို အဆင္သင့္ ျဖစ္ရမွာလဲ? ဒီတစ္ခါ ငါအလွည့္ပဲကြ!"
ထိုက်င့္ႀကံသူက ႐ုတ္တရက္ လု႐ႊမ္ဆီ ေျပးလာ၍ လက္ဖဝါး စြမ္းအင္ တစ္ခ်က္ျဖင့္ လႊဲရိုက္လိုက္သည္။
သူတိုက္ခိုက္တာတာကို ျမင္တဲ့အခါ လု႐ႊမ္ ေနာက္ျပန္မဆုတ္သြားဘဲ တစ္ဖက္လူရဲ႕ လက္ဝါး သူ႕အနားေရာက္ခါနီးမွာ စိတ္စြမ္းအားေတြကို လႊတ္ထုတ္လိုက္သည္။
ဗုန္း!
အားႀကီးေသာ စြမ္းအားတစ္ခုက ၿပိဳင္ဘက္ကို ဖုံးအုပ္ထားျပန္သည္။ သူ႕ရဲ႕ လက္ဝါးက ေလထဲမွာ ေအးခဲေနသလို သို႔မဟုတ္ ပုလင္းထဲတြင္ ပိတ္မိေနေသာ ပိုးေကာင္ေလး တစ္ေကာင္လို ဘယ္ေလာက္ပဲ လႈပ္ရွားေနပါေစ လုံးဝ မေ႐ြ႕နိုင္ဘဲ ျဖစ္ေနသည္။
ေျဖာင္း!
႐ုတ္တရက္ ေကာင္ေလးရဲ႕ လက္ဖဝါးက တက္လာျပန္၏။
အေစာကအတိုင္း ပါးရိုက္ ခံလိုက္ရေသာ္လည္း ယခုတစ္ႀကိမ္တြင္ လု႐ႊမ္ စိတ္စြမ္းအားကို ထပ္ေလာင္း ထည့္ထားလိုက္သည္။
ဝုန္း!
ဧရာမ ေတာင္ႀကီးတစ္ေတာင္က ထိုလူရဲ႕ မ်က္ႏွာကို ဝင္ေရာက္ ရိုက္ထုတ္လိုက္သည့္ႏွယ့္ တစ္ကိုယ္လုံး ေဝ့ယမ္းသြားသည္။ ဒီတစ္ခါေတာ့ အရင္ကလို ကံမေကာင္းေတာ့ဘဲ သူ႕ခမ်ာ ခ်က္ခ်င္း ေသြးေတြ ထြက္လာၿပီး ေခါင္းကလည္း ေပါက္ကြဲလုနီးပါး ျဖစ္လာသည္။
ေလထဲမွာ အႀကိမ္ေပါင္းမ်ားစြာ လွည့္ပတ္ၿပီးေနာက္ ထိုလူဟာ ေျမျပင္ေပၚ လဲက်သြားၿပီး မလႈပ္မယွက္ ျဖစ္သြားသည္။
သူနဲ႕ရင္းႏွီးေနတဲ့ က်င့္ႀကံသူ တစ္ဦးသည္ ခ်က္ခ်င္း ေျပးခ်လာၿပီး လဲက်ေနတဲ့လူကို ေသေသခ်ာခ်ာ စမ္းသပ္လိုက္ေတာ့မွ စိတ္သက္သာရာ ရသြားခဲ့သည္။
ကံေကာင္းစြာနဲ႕ မေသေသးေခ်။
ဒီအေျခအေနမွာ လူႏွစ္ေယာက္ၾကား ေသေရးရွင္ေရး ကိစၥမ်ိဳး ႀကဳံလာခဲ့ရင္ ေသခ်ာေပါက္ တစ္ဖက္လူက သူ႕မိတ္ေဆြကို အေသသတ္သြားလို႔ ရ၏။
ဒဏ္ရာမ်ားကို ကုသနိုင္ေသာ အဂၢိရတ္ေဆး တစ္လုံးကို ထိုအဆင့္၈ က်င့္ႀကံသူ၏ ပါးစပ္ထဲ ထည့္ေကြၽးလိုက္ၿပီးေနာက္ ထိုလူသည္ ဂနာမၿငိမ္ေသာ မ်က္လုံးမ်ားကို ဖြင့္လ်က္ သတိရလာခဲ့သည္။
"ဘယ္သူမ်ား မွ်မွ်တတ ဆက္ၿပိဳင္ခ်င္ေသးလဲ?"
လု႐ႊမ္သည္ စင္ျမင့္ အလယ္တြင္ ရပ္ကာ ေမးလိုက္သည္။
"ဟားဟား... ညီေလးလုက ဘာေတြ ေျပာေနတာလဲ? မင္းက ရွီးမန္ေဝ့ကို သတ္လိုက္တာေလ... အရိပ္လူသတ္ခန္းမရဲ႕ ခန္းမသခင္ ေနရာက ေသခ်ာေပါက္ မင္းအတြက္ပဲ ျဖစ္သင့္တာေပါ့"
"ဟုတ္ပါတယ္ ညီေလးလု...ညီေလးက တကယ္ကို အစြမ္းထက္ပါတယ္.. မင္းနဲ႕ၿပိဳင္ခ်င္တဲ့ လူေတြထဲမွာဆို က်ဳပ္အရင္ ျငင္းမွာပဲ!"
"ဒါပဲေလ...က်ဳပ္လည္း ဒီကိစၥအတြက္ ညီေလးလုက အသင့္ေတာ္ဆုံးလို႔ ထင္တယ္"
တစ္ခဏမွ် တိတ္ဆိတ္သြားၿပီးေနာက္ လူတိုင္းသည္ ႐ုတ္႐ုတ္သဲသဲ ျဖစ္လာၾကၿပီး ၎တို႔၏ အေခၚအေဝၚမ်ားကို ညီအစ္ကိုလုဟုပင္ ေျပာင္းလဲခဲ့သည္။
ေရာက္လာတဲ့ လူေတြထဲမွာ ဘယ္သူကမွ ငတုံးေတြ မဟုတ္ၾကပါဘူး။ လု႐ႊမ္က ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ ၿပီးျပည့္စုံေသာ ကာလမွလူကို အနိုင္ယူနိုင္ေၾကာင္း အေသအခ်ာကို ျမင္ေတြ႕ခဲ့ရၿပီးၿပီ ျဖစ္သည္။
သူတို႔အားလုံးဟာ ေတာ္ဝင္အင္ပါယာ ထိပ္သီးစာရင္းမွာ ပါဝင္ေနၿပီး ကြာဟခ်က္ကေတာ့ အေျခခံအားျဖင့္ေတာ့ သိပ္မႀကီးပါ။ သူတို႔ရဲ႕ ခြန္အားက ဒီေကာင္ေလးထက္ ပိုသန္မာေနေပမယ့္လည္း ေသေသခ်ာခ်ာ ႏွိုင္းယွဥ္ၿပီး စဥ္းစားၾကည့္ရရင္ ဒီလူကို လြယ္လြယ္နဲ႕ မသတ္နိုင္ဘူးဆိုတာ ေတြ႕ရ၏။
တစ္နည္းအားျဖင့္ ေျပာရရင္ ဒီေကာင္ေလးက သူတို႔ကို ခ်က္ခ်င္း သတ္ပစ္နိုင္စြမ္း ရွိေလသည္။
"ဒါဆို ဒီလိုပဲ ဆုံးျဖတ္လိုက္ပါၿပီ!"
အခင္းျဖစ္ပြားရာ ေနရာရွိ လူတိုင္းက သေဘာတူၾကၿပီး လူတိုင္းကန႔္ကြက္ျခင္း မရွိေတာ့ေသာအခါ ယန္လိထန္းသည္ ခ်က္ခ်င္းပင္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္လိုက္သည္။
"အရိပ္လူသတ္ခန္းမရဲ႕ ခန္းမသခင္ ေနရာကို အစ္ကိုလုက ဆက္ခံလိုက္ၿပီ ျဖစ္တဲ့အတြက္ ဂုဏ္ျပဳတဲ့ အေနနဲ႕ ယြမ္စံအိမ္မွာ ပြဲႀကီးတစ္ခု လုပ္ေပးပါ့မယ္... အားလုံး ဒီမွာပဲေနၾကပါ!"
ယန္လိထန္းက သူ႕ဆႏၵအတိုင္း ၿပဳံးျပလိုက္ရင္း ခပ္က်ယ္က်ယ္ ေအာ္လိုက္သည္။ ပြဲကိုေတာ့ ဒီမွာ က်င္းပမွာ မဟုတ္သလို အစည္းအေဝး ခန္းမထဲမွာ က်င္းပမွာလည္း မဟုတ္ပါဘူး။
ယြမ္စံအိမ္၏ အေနာက္ဘက္ ဥယ်ာဥ္ထဲတြင္ စားပြဲေပါင္း တစ္ဒါဇင္ေက်ာ္နဲ႕ တိုင္းနိုင္ငံအသီးသီးမွ အထူးထုတ္ကုန္မ်ားကို ေသာက္သုံးေရေတြလို ေပါမ်ားစြာ ျပင္ဆင္ထားေလသည္။
ေနာက္ေဖးပန္းၿခံထဲ ဝင္လိုက္တာနဲ႕ လု႐ႊမ္ စိတ္ထဲကေန က်ီးကန္းရဲ႕ ေအာ္သံကို ႐ုတ္တရက္ၾကားလိုက္ရ၏။
"လု႐ႊမ္... တကယ့္နဂါးရဲ႕ႏွလုံး!! နဂါးႏွလုံးက ဒီအနီးနားမွာပဲ!"
"ဘာ!" လု႐ႊမ္ရဲ႕ အမူအရာလည္း ေျပာင္းသြားသည္။
ေနာက္ဆုံးအႀကိမ္က ဖီးနစ္အေမြးသည္ ဝူယန္ေတာ္ဝင္ အင္ပါယာနန္းေတာ္ထဲတြင္ ေပၚလာခဲ့ၿပီး ယခုတစ္ႀကိမ္တြင္ နဂါးႏွလုံးသည္ ယြမ္စံအိမ္တြင္ ေပၚလာခဲ့သည္။ ဤရွားပါးရတနာမ်ားသည္ အလြန္ လွ်ို႔ဝွက္ထားသည့္ ေနရာမ်ားတြင္ ရွိေနျခင္းလား။
"အေနာက္ဖက္ကို လမ္းေလွ်ာက္သြားလိုက္... အတိအက် တည္ေနရာကို သိရင္ ငါေျပာမယ္!"
က်ီးကန္းသည္ သူ႕အသံကို ေက်ာက္စိမ္းျပားမွ တဆင့္ လု႐ႊမ္၏ အသိစိတ္ဆီသို႔ တိုက္ရိုက္ ေပးပို႔ေနသည္။
"ညီေလးလု.... ဘယ္သြားမလို႔လဲ?"
႐ႊီရွင့္လုံ လွည့္ၾကည့္ေသာ္ လု႐ႊမ္က မထိုင္ေသးဘဲ လွည့္ပတ္သြားေနတာကို ေတြ႕လိုက္တာေၾကာင့္ သူ မေမးဘဲ မေနနိုင္ခဲ့ေခ်။
"အစ္ကို႐ႊီ.... က်ဳပ္အတြက္ ေနရာတစ္ေနရာေလာက္ ယူထားေပးပါ က်ဳပ္ခဏ လမ္းေလွ်ာက္ၿပီး လိုက္လာခဲ့မယ္"
လု႐ႊမ္က ေပါ့ေပါ့ပါးပါး ရွင္းျပလိုက္သည္။
"ေကာင္းပါၿပီ.... ေဝးေဝးမသြားဖို႔ေတာ့ သတိေပးခ်င္တယ္...ယြမ္စံအိမ္ႀကီးမွာ အခင္းအက်င္း အစီအရင္ေတြ ရွိတယ္... အကာအကြယ္ အခင္းအက်င္း တစ္ခုကို ထိမိရင္ ဒုကၡျဖစ္လိမ့္မယ္"
႐ႊီရွင့္လုံက မ်က္ေမွာင္ၾကဳတ္ၿပီး သတိေပးလာသည္။
ယြမ္စံအိမ္သည္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္၏ အေရးႀကီးဆုံး ေနရာျဖစ္ၿပီး ႀကီးမားေသာ အစီအရင္မ်ားကို သူေတာ္စင္ တစ္ပိုင္းမွ စီစဥ္ေပးထားသည္။ ထိမိလိုက္တာနဲ႕ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉နဲ႕ ယွဥ္နိုင္တဲ့ စြမ္းအားရွိရင္ေတာင္ ခ်က္ခ်င္းဆိုသလို ေပ်ာက္ကြယ္သြားမည္ ျဖစ္သည္။
"အင္း!"
လု႐ႊမ္လည္း ေခါင္းညိတ္လိုက္ၿပီး က်ီးကန္းရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ေလွ်ာက္ထြက္လာခဲ့သည္။
"ဟုတ္ၿပီ... ဘယ္ဘက္ကို ဆယ္မီတာ ဆက္သြားလိုက္..အဲဒါ နဂါးႏွလုံးရဲ႕ တည္ေနရာပဲ!"
ဆယ္မိနစ္ခန႔္ လမ္းေလွ်ာက္ၿပီးေနာက္ က်ီးကန္းရဲ႕ အသံထြက္ေပၚလာသည္။
လု႐ႊမ္ သူ႕မ်က္လုံးမ်ားကို ပင့္လ်က္ အေပၚကို ၾကည့္လိုက္ရာ ေရကန္အလယ္တြင္ ေ႐ႊနဂါး ႐ုပိတု၏ ဦးေခါင္းက ထြက္ျပဴေနၿပီး နဂါး၏ပါးစပ္မွ ေရစီးေၾကာင္း တစ္ခုက ပန္းထြက္ေနတာကို ေတြ႕လိုက္ရသည္။
"စစ္မွန္တဲ့ နဂါးႏွလုံးက ဒီေ႐ႊနဂါး ႐ုပ္တုထဲမွာ ျဖစ္နိုင္တယ္"
လု႐ႊမ္ တိတ္တဆိတ္ မွန္းဆလိုက္သည္။
တည္ေနရာကို အတည္ျပဳၿပီးေနာက္ လု႐ႊမ္သည္ ၎ကိုရယူရန္ အလ်င္စလို မလုပ္ခဲ့ဘဲ ပြဲစရန္ ေစာင့္ဆိုင္းေနသည့္ ႐ႊီရွင့္လုံတို႔ ရွိရာ စားပြဲဆီသို႔ ျပန္သြားခဲ့သည္။
စစ္မွန္တဲ့ နဂါးႏွလုံးသည္ ဤေနရာတြင္ရွိေနၿပီ။ ၎အား ပိတ္ဆို႔ထားရန္ အထူးအခင္းအက်င္း တစ္ခု ျပဳလုပ္ထားၿပီး တစ္စုံတစ္ေယာက္ကလည္း ဒီအေၾကာင္းကို သိလိမ့္မည္။ အလ်င္စလို လႈပ္ရွားလိုက္ရင္ သူ႕ရဲ႕ လက္ရွိခြန္အားနဲ႕ ရတနာကို ရနိုင္မယ္လို အာမခံနိုင္မွာ မဟုတ္ေခ်။
စားပြဲတြင္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ ယြမ္စံအိမ္ရဲ႕ လြန္ကဲစြာ ျပင္ဆင္ထားမႈကို ေတြ႕လိုက္ရသည္။
အဆင့္ျမင့္၊ အလယ္အလတ္ႏွင့္ အဆင့္နိမ့္ ေတာ္ဝင္အင္ပါယာမွ မေရမတြက္နိုင္ေသာ အထူးထုတ္ကုန္မ်ားႏွင့္ လု႐ႊမ္ သူ႕ယခင္ဘဝက နာမည္မ်ားကိုသာ ၾကားသိခဲ့ရၿပီး မျမင္ဖူးခဲ့တဲ့ အထူးအစားအစာ တခ်ိဳ႕ကိုပါ ႏွစ္မ်ိဳးသုံးမ်ိဳး ေတြ႕ရေလသည္။
ၿမိဳ႕ေထာင္ခ်ီမဟာမိတ္။ အဆင့္အတန္း ျမင့္ေသာ နိုင္ငံေပါင္း သုံးေထာင္၏ စုစည္းျဖန႔္ေဝရာ ေနရာသည္ မေရမတြက္နိုင္ေသာ ရွားပါး ရတနာမ်ားကို သဘာဝက်က် စုေဆာင္းထားနိုင္သည္။
ပြဲအၿပီးတြင္ လု႐ႊမ္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္၏ ပုံစံမ်ားကို ပိုမို နားလည္လာခဲ့သည္။ ႐ႊီရွင့္လုံႏွင့္ ေမွာ္တစ္ေထာင္စံအိမ္ကို ျပန္လာခဲ့ၿပီးေနာက္ လု႐ႊမ္ လူသတ္အရိပ္ခန္းမသို႔ တိုက္ရိုက္ ထြက္လာခဲ့သည္။
အရိပ္လူသတ္ခန္းမမွ လူမ်ား သည္ ၎တို႔အုပ္စု ေရာက္ရွိလာသည္ကို ျမင္ေသာအခါ အရပ္ရပ္သို႔ ခ်က္ခ်င္း ထြက္ေျပးသြားၾကသည္။
ခန္းမသခင္ ေနရာအတြက္ ဒီလူေတြကို အေၾကာင္းၾကားျခင္း မရွိေသးေသာေၾကာင္း သူတို႔မွာ မသိၾကေသးေခ်။ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္က လူအားလုံးကလည္း သူတို႔နည္းတူ လု႐ႊမ္ဟာ ရွီးမန္ေဝ့ကို သတ္နိုင္တဲ့အထိ ေၾကာက္စရာေကာင္းေၾကာင္းသာ သိထားသည္။
လူေတြ ထြက္ေျပးသြားတာကို ျမင္ေသာ္လည္း လု႐ႊမ္ ၎တို႔အား ရပ္တန႔္ခိုင္းရန္ စိတ္မ၀င္စားခဲ့ေပ။
အရိပ္လူသတ္ခန္းမကို သိမ္းပိုက္ရျခင္း အေၾကာင္းရင္းမွာ သူသည္ ဝင္ေငြဟုေခၚေသာ ေလာဘေၾကာင့္ မဟုတ္ဘဲ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္တြင္ သူ႕ကိုယ္ပိုင္ နယ္ေျမ ရွိေနရင္ သူ႕လုပ္ရပ္ အားလုံးကို တျခားသူမ်ား သတိမျပဳမိေစရန္ ျဖစ္သည္။
ေမွာ္တစ္ေထာင္စံအိမ္မွာ ေနျခင္းဟာ အကာအကြယ္ အခင္းအက်င္းကို ႐ႊီရွင့္လုံက အၿမဲ ထိန္းခ်ဳပ္ထားလို႔ တျခားလူက သူ႕ကို ထိန္းခ်ဳပ္ထားသလို အၿမဲ ခံစားေနရသည္။
ဒီေနရာမွာ အရိပ္လူသတ္ခန္းမရဲ႕ အကာအကြယ္ အစီအရင္ရွိၿပီး ဒါကို သူ ထိန္းခ်ဳပ္ထားနိုင္ရင္ အစီအရင္ ဗဟိုအခ်က္အခ်ာျဖင့္ ဒီေနရာကို အလုံၿခဳံဆုံး ေနရာဟု သတ္မွတ္နိုင္သည္။