(Unicode)
"ဒေါက်တာ Park ကအိမ်ထောင်သည်လေ"
"အဲ့သတင်းကြားတော့ကြားလိုက်ပေမယ့် ဟုတ်သလိုလို မဟုတ်သလိုလိုဖြစ်နေတာ"
"မင်္ဂလာပွဲကို private ပဲလုပ်သွားတာ၊ အိမ်ထောင်ဖက်ကယောက်ျားလေးလို့လည်းကြားတယ်နော်၊ သတင်းထဲမှာသေချာတော့ ဖော်မပြထားဘူး"
"သတင်းတော့မတွေ့လိုက်မိဘူး၊ ဒီတိုင်း ကြားပဲကြားမိတာ"
"သတင်းဌာနတစ်ခုကိုပဲဖိတ်တာတဲ့၊ သတင်းတောင်မှ private ဆန်ဆန်ရေးခိုင်းတာ"
"အဲ့ဒါဆိုရင်တော့ ယောက်ျားလေးဖြစ်ဖို့များတယ်နော်၊ အဲ့ဒါကြောင့် လျှို့ဝှက်နေတာပေါ့"
"အဲ့လိုတော့ မဟုတ်လောက်ပါဘူး၊ Park family တစ်ခုလုံးကတောင် လက်ခံတဲ့မင်္ဂလာပွဲပဲဟာ၊ ဒီတိုင်း လူအများကြီးနဲ့မဆောင်ချင်လို့နေမှာပေါ့"
"အော....အဲ့ဒါလည်းဟုတ်တာပဲ"
"ငါ့မင်္ဂလာဆောင်ကျရင်လည်း ငါရယ်ငါ့ယောက်ျားရယ် နှစ်ဖက်မိဘရယ်ပဲ၊ အဲ့ဒါဆို အကျွေးအမွေးအတွက်အကုန်အကျမရှိတော့ဘူးပေါ့ ဟီးဟီး"
"အောင်မယ် ငါ့ကိုမဖိတ်လို့ကတော့ မင်္ဂလာပွဲမှာကန့်ကွက်ပါတယ်လာလုပ်မှာ ဟွန့်!"
"ဟင်းဟင်း! အကျင့်လေးက!"
တမင်နားထောင်နေတာမဟုတ်ပေမယ့် ရှင်းရှင်းလင်းလင်းကြားနေရတဲ့ nurse အစ်မနှစ်ယောက်ရဲ့စကားတွေကြောင့် ဒေါက်တာ Park မှာအိမ်ထောင်ရှိမှန်း ရှီဝမ် သိလိုက်ရသည်။အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့လူတစ်ယောက်အဖို့ အိမ်ထောင်ရှိတာကမဆန်းပါလေ။ဒေါက်တာ Park လိုလူကိုပိုင်ဆိုင်ခွင့်ရတဲ့လူကတော့ ကံကောင်းတာပါပဲ။
"ဒါနဲ့ ငါတို့ ရှီဝမ်လေးမှာရော ရည်းစားရှိလား"
"အဲ..ဗျာ..."
"ဒီအသက်အရွယ်ပဲရောက်နေပြီ ရှိမှာပေါ့ဟဲ့၊ နောက်ပြီး ရုပ်လေးကလည်းချောချောနဲ့"
အစ်မနှစ်ယောက်ရဲ့စကားဝိုင်းက သူ့ဘက်လှည့်လာတာမို့ ရှီဝမ် အီလည်လည်လေးပြုံးလိုက်မိသည်။အခုနေ ရည်းစားရှိလားလို့မေးလာခဲ့ရင်တော့ သေချာပေါက်မရှိဘူးလို့ပဲဖြေရမှာပေါ့။ဝူဂျင်း ရဲ့ရှေ့ဆက်ပြီးလုပ်ရပ်တွေက ရှီဝမ့် ရဲ့ relationship အခြေအနေအပေါ် တိုက်ရိုက်သက်ရောက်ပါသည်။
"အခုတော့မရှိပါဘူးဗျ"
"ဟယ် ငယ်ငယ်ချောချောလေးနဲ့ ရည်းစားရှိသင့်တာပေါ့"
"ကြိုက်နေတဲ့လူတွေတော့ ပုံနေတာပဲမလား၊ ရှီဝမ် intern စဆင်းတဲ့နေ့ကတည်းက နှလုံးအထူးကုဌာနမှာ တခြားဌာနကကောင်မလေးတွေခြေချင်းလိမ်နေကြတာလေ"
"အိမ်းး အဲ့ဒီငယ်ငယ်ရွယ်ရွယ်ကလေးမတွေကတော့ပြောမနေနဲ့တော့၊ အရင်ကဆို သားဖွားမီးယပ်ဌာနလည်းမလွတ်ဘူး၊ အခု ဒေါက်တာ Park ကအိမ်ထောင်ကျသွားလို့သာ၊ သူတို့ခြေလိမ်နေကျကတော့ ဆေးရုံနေရာအနှံ့ပါပဲ၊ ဌာနတိုင်းလိုလိုမှာ ဆွဲအားပြင်းတဲ့တစ်ယောက်နှစ်ယောက်တော့ရှိကြတယ်မလား"
"ဟုတ်ပ၊ နင်ပြောမှပဲ ငါတောင် အထွေထွေဘက်မရောက်ဖြစ်တာကြာပြီ သွားဦးမှပဲ"
"အေး နင်သွားလည်း ဒေါက်တာ Hanwool ဆီကနေ သူ့လက်ထောက်ဆီရောက်နေတဲ့အကြည့်ထဲက နည်းနည်းလေးတောင်ရမှာမဟုတ်ဘူး"
"ဪ..အေးပါ ကြေကွဲရတာပေါ့"
nurse အစ်မနှစ်ယောက်က ရှီဝမ့် ကိုစကားဝိုင်းထဲထည့်ထားပေမယ့် သူတို့အချင်းချင်းပဲပြောနေကြတာမို့ ရှီဝမ် ဟိုကြည့်ဒီကြည့်ဖြင့်သာ လိုက်နားထောင်နေမိတော့သည်။
:
"လုပ်သက်ကဖြင့်အရပ်ထက်ကျော်နေပြီကို ဆေးထိုးအပ်က လက်ကိုချော်ထိုးမိတုန်း"
"ဒေါက်တာနော်!"
ပက်ခနဲနေအောင်ထွက်လာတဲ့အော်သံကြောင့် Hanwool နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။
"ကဲ ရပြီ"
"အင်! အပ်လေးပဲထိုးမိတာပါ၊ စည်းထားတဲ့ပက်တီးက အဝတ်ချုပ်လို့ရတယ်၊ အနာကပ်ပလာစတာလောက်ကပ်လည်းရတာကို"
ပက်တီးအထုံးရှိနေတဲ့ ကိုယ့်လက်ညှိုးကိုယ်ကြည့်ပြီး Yunho အီလည်လည်ဖြင့်ပြောလိုက်ပါသည်။
"မပိုနဲ့၊ အပ်ကထိုးခွဲသလိုဖြစ်သွားတာလေ၊ ဆရာဝန်တစ်ယောက်ဆိုတာ ရောဂါပိုးကိုတခြားလူတွေထက်ပိုပြီးဂရုစိုက်ရတယ်"
ပြောပြောဆိုဆိုဖြင့် Hanwool ရဲ့လက်သီးဆုပ်က Yunho ရဲ့ခေါင်းပေါ်ကို အတိအကျရောက်သွားခဲ့သည်။မနာပေမယ့်လည်း Yunho နှာခေါင်းအသာရှုံ့လိုက်မိသည်။ကိုယ့်ထက်အသက်ကြီးတဲ့လူကို ချစ်သူတော်ထားတော့လည်း တစ်ခါတလေ ဆုံးမခံရတာပေါ့။
"ကိုကို"
"အင်း"
ဆေးပစ္စည်းတွေပြန်သိမ်းနေတဲ့ Hanwool ရဲ့ပြန်ထူးသံက ခပ်တိုးတိုးသာ။Yunho ကနှုတ်ခမ်းတသပ်သပ်ဖြစ်နေပေမယ့်လည်း အတော်ကြာတဲ့အထိ ဘာစကားမှထွက်မလာတဲ့အခါ Hanwool ရဲ့အကြည့်တွေက Yunho ဆီရောက်သွားသည်။
"ဘာပြောမလို့လဲ ပြောလေ"
"ဟိုလေ...."
"အင်း"
"အာ ဟိုဟာ...Baekhyun က ကိုယ်ဝန်ဆောင်နိုင်တာ ကောင်းလိုက်တာနော်၊ နောက်ဆို ဒေါက်တာ Park ရယ် Baekhyun ရယ် ကလေးလေးရယ်ဆိုပြီး မိသားစုလေးဖြစ်သွားတော့မှာ၊ ပျော်စရာကြီးပဲ"
"ကိုယ်တော့ကလေးမလိုချင်ပါဘူး"
"ဟင်..."
Hanwool ရဲ့စကားကခပ်ပြတ်ပြတ်မို့ Yunho ဆွံ့အသွားရသည်။
"တစ်အချက် ကလေးမွေးထားပြီး အဲ့ကလေးရဲ့အစစအရာရာကိုတွေးပူမနေချင်ဘူး၊ နှစ်အချက် မင်းဆီကအချစ်တွေကို ကိုယ်တစ်ယောက်တည်းပဲလိုချင်တယ်၊ သုံးအချက် ကိုယ်ရွေးချယ်ထားတဲ့မင်းက ယောက်ျားလေး"
"............."
"ဘာလဲ၊ Hoလေးက ကလေးလိုချင်လို့လား"
"ဟို..ကိုကို့အတွက်.."
"ကိုယ့်အတွက်ဆိုရင်တော့ ထားလိုက်တော့၊ မင်းတစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး တစ်ဘဝလုံးဖြစ်သန်းသွားချင်လို့"
Yunho ရဲ့မျက်နှာလေးဟာရဲခနဲ။ကိုကိုဟာ Yunho ရဲ့စိတ်နှလုံးကို အချိန်တိုင်းလိုလိုအေးချမ်းစေတာအမှန်ပါ။
"ဒေါက် ဒေါက် ဒေါက်"
အခန်းတံခါးခေါက်သံမဟုတ်ဘဲ ပါးစပ်ကနေထွက်လာတဲ့အသံကြောင့် Hanwool နှင့် Yunho တို့ရဲ့အကြည့်တွေက အခန်းဝဆီရောက်သွားခဲ့သည်။ထိုအခါတွေ့လိုက်ရတဲ့လူက ဒေါက်တာ Park Chanyeol။
"အခန်းတံခါးကဟနေလို့"
Chanyeol ကပြောပြောဆိုဆိုဖြင့် အခန်းထဲကိုဝင်လာပြီး နှစ်ယောက်ရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။
"မင်္ဂလာပါ ဒေါက်တာ Park"
"မင်္ဂလာပါ Yunho"
"ဆေးစားများမှားလာတာလား"
အထွေထွေဘက်ကို Chanyeol မရောက်ဖြစ်တာကြာပြီမို့ Hanwool ကထိုသို့ဆိုခြင်းဖြစ်သည်။Chanyeol ခေါင်းခါကာ ခပ်ဟဟရယ်လိုက်ပြီး
"မဟုတ်ပါဘူးကွာ၊ မီးဖွားဖို့ရက်ပိုင်းပဲလိုတော့တဲ့ ကိုယ်ဝန်ဆောင်ကအဖျားရှိနေလို့ ဒီဘက်ရောက်နေတာလေ၊ အဲ့ဒါကို အခြေအနေလာကြည့်ရင်းနဲ့ မင်းဆီဝင်လာတာ"
"ဪ ငါကြည့်ရသလောက်တော့ အခြေအနေကောင်းပါတယ်"
"အင်း ဒီညနေဆိုနေရာပြန်ပြောင်းလို့ရပြီလို့ တာဝန်ကျဒေါက်တာကပြောလိုက်တယ်"
Chanyeol ရဲ့စကားကို Hanwool ကခေါင်းတညိမ့်ညိမ့်လုပ်လိုက်သည်။Chanyeol လက်ကနာရီကိုကြည့်လိုက်ပြီး
"နေ့လယ်စာစားချိန်တောင်ရောက်နေပြီ ငါတို့နေ့လယ်စာအတူတူစားကြမလား၊ Yunho ရောပဲ"
"ဟုတ်ကဲ့ ဒေါက်တာ Park"
"အေး သွားကြတာပေါ့"
သုံးယောက်သားအခန်းအပြင်ကိုထွက်လာကြရင်း Yunho ရဲ့လက်ကပက်တီးကိုတွေ့ပြီး Chanyeol မေးလိုက်သည်က
"Yunho ရဲ့လက်ညှိုးမှာ ဘာစွပ်ထားတာလဲ"
"ဗျာ..."
"ဆေးထိုးအပ်ထိုးမိလို့ ငါပက်တီးစည်းပေးထားတာပါကွာ"
"ဪ...သည်းခံလိုက်ပါ Yunho ရယ်၊ သူက ဆရာဝန်သာဆိုတယ် ပက်တီးသိပ်မစည်းတတ်ဘူး"
"အာ...ဟုတ်ကဲ့"
"ဟမ် အခု ငါစည်းပေးထားတာက ဘာဖြစ်နေလို့လဲ၊ အများကြီးတောင်လုံခြုံသေး"
Hanwool ရဲ့စကားကို Chanyeol စိတ်လေလေဖြင့်ခေါင်းခါလိုက်မိသလို Yunho ကလည်းအနည်းငယ်လေးနေတဲ့ သူ့လက်ညှိုးသူထောင်ကြည့်ပြီးသက်ပြင်းအသာချလိုက်ပါသည်။
"Baekhyun ရောအဆင်ပြေနေတယ်မလား"
"အရမ်းပြေတယ်၊ လိမ္မာတဲ့ကောင်လေးမို့ ငါစိတ်ပူစရာမရှိအောင်နေပေးတယ်၊ တကယ်ကိုချစ်ဖို့ကောင်းတဲ့ကောင်လေးပါ"
"ဪ အေးပါ အေးပါ"
ဆက်မေးနေရင် Chanyeol ရဲ့မပြီးဆုံးနိုင်တဲ့အချစ်ဒဿနတွေထွက်လာတော့မှာမို့ Hanwool စကားစသာဖြတ်လိုက်ပါတော့သည်။
:
"ရှီဝမ်!"
"အမ်! မင်း!"
ဟိုတစ်နေ့ကဖြစ်တဲ့ကိစ္စပြီးကတည်းက တစ်ပတ်လောက်ပျောက်သွားတဲ့ ဝူဂျင်း ဟာအခု ရှီဝမ့် ရဲ့အရှေ့မှာပြန်ပေါ်လာသည်။ခန္ဓာကိုယ်ကပိန်သွားပုံပေါ်ပြီး မျက်နှာတစ်ဝိုက်မှာလည်း ဒဏ်ရာသေးသေးတွေတွေ့နေရပါသည်။ဝူဂျင်း စိတ်ညစ်ညစ်ဖြင့်ရန်ပတ်ဖြစ်ထားတာပဲဖြစ်လိမ့်မည်။အဲ့ဒါတွေမကြိုက်တာ။
"ဘာလဲ! ငါနေ့လယ်စာသွားစားမလို့"
"ဒါဆို အတူတူသွားစားမယ်လေ"
"မင်းနဲ့ငါနဲ့က ဘာဆိုင်လို့အတူတူသွားစားရမှာလဲ"
"ကျစ်! ဘယ်နှရက်တောင်ရှိနေပြီလဲ၊ စိတ်ဆိုးပြေပါတော့ကွာ"
"ဘာ..စိတ်ဆိုးပြေပါတော့ဟုတ်လား ဟက်!"
ဝူဂျင်း ရဲ့မျက်နှာကိုသေသေချာချာစိုက်ကြည့်ပြီး ရှီဝမ် နာနာကျင်ကျင်ရယ်ပစ်လိုက်သည်။သူအပြစ်တွေလုပ်တိုင်း ရှီဝမ် ဆိုတဲ့ကောင်က စိတ်ဆိုးတတ်ရုံလေးပဲလို့ထင်နေတာလား။ဒီလိုနဲ့ စိတ်ကုန်မိတော့မှာပဲ။
"တစ်ခါနှစ်ခါမဟုတ်ဘူး ဝူဂျင်း၊ မင်းကငါ့အနာကျက်လောက်ပြီဆိုတိုင်း ထထဖောက်တယ်၊ ကြာတော့ ငါ့နှလုံးသားတစ်ခုလုံး အပ်ချရာမရှိလောက်အောင် အမာရွတ်တွေပြည့်နေပြီ၊ အမြဲတမ်းအဲ့လိုချည်းပဲဆိုတော့ ငါစိတ်ကုန်ချင်လာပြီကွ! စိတ်ကုန်ချင်လာပြီ..."
ရှီဝမ် မျက်ရည်တွေဝဲလာတော့ ဝူဂျင်း ကပွေ့ဖက်ပေးဖို့ပြင်သည်။သို့ပေမယ့် ရှီဝမ် ကအထိမခံဘဲရှောင်လိုက်ပါသည်။
"ငါ့ကိုမထိပါနဲ့"
"ကိုယ်ပြောတာနားထောင်ပေးဦးကွာ နော်"
ဝူဂျင်း ကအားထုတ်ကြိုးပမ်းပြီး ရှီဝမ့် ရဲ့ပုခုံးနှစ်ဖက်ကိုမိမိရရဆုပ်ကိုင်ထားလိုက်သည်။
"မင်းကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်တာသိရဲ့သားနဲ့ကွာ၊ မင်းကိုပဲချစ်တာ၊ အကုန်လုံးထက်ပိုပြီး မင်းကိုပဲချစ်တာပါကွာ၊ မင်းမှမဟုတ်ရင် တကယ်မဖြစ်ဘူး သိရဲ့လား"
"ဖြစ်ပါတယ်၊ မင်းစိတ်ဝင်စားစရာတွေ့တိုင်း ဖောက်ပြန်နေကြပဲလေ"
"မဟုတ်ဘူး ချစ်လို့မဟုတ်ဘူး၊ ဒီတိုင်း အပျော်သဘောနဲ့..."
"တော်လိုက်ပါတော့!"
ဝူဂျင်း ရဲ့လက်ထဲကနေ ရှီဝမ် အားကုန်ရုန်းချလိုက်သည်။အခုအချိန်ထိ ဝူဂျင်း ကအကြောင်းပြချက်တွေပေးနေတုန်း။အရင်ကတည်းက ရှီဝမ် လိုချင်တဲ့ကတိစကားကိုတစ်ခါမှမပေးခဲ့ဖူးပါ။အဲ့ဒါတောင်မှ ရှီဝမ် ကစုံလုံးကန်းပြီးအကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့တာ။ဝူဂျင်း ကကတိပေးပြီးရင်တည်တတ်တဲ့လူဖြစ်ပေမယ့် အပျော်မရှာတော့ပါဘူးဆိုတဲ့ကတိကိုတော့ အခုအချိန်ထိပေးမလာသေးတာပါ။ဟင့်အင်း ဒီတစ်ခါတော့ ရှီဝမ် အရင်လိုမလွယ်တော့ဘူး။
"မင်းကငါ့ကိုချစ်တယ်ပြောပြီး အပျော်ရှာတယ်၊ ငါရှိနေရက်နဲ့အပျော်ရှာတာဆိုတော့ ဖောက်ပြန်တာပဲ၊ ငါကတော့ မင်းလိုမဟုတ်ဘူး၊ အကျင့်စာရိတ္တကောင်းတဲ့ယောက်ျားတစ်ယောက်မို့ မင်းနဲ့ပြတ်ပြီးမှပဲ အပျော်ရှာမှာ"
"ဘာ!"
"ဟုတ်တယ်၊ မင်းဆီမှာပဲပိတ်မိနေတဲ့ငါက အခုတော့ ပျော်ဖို့အချိန်တန်ပြီပေါ့"
"ရှီဝမ်!"
ဝူဂျင်း ကအံကြိတ်ထားတဲ့အသံဖြင့် ရှီဝမ့် ကိုသတိပေးသလိုခေါ်လာခဲ့သည်။အရင်လိုတုန်ဆင်းမယ်များထင်နေတာလား။
"ကျစ်! မင်းနဲ့နေရတာ ငါ့အချိန်တွေအလကားကုန်တယ်၊ နေ့လယ်စာ...အင့်! ရားး"
"အွန့်!"
ရုတ်တရက်ဆိုသလို ဝူဂျင်း က ရှီဝမ့် ကိုဖမ်းချုပ်ပြီး ရမ်းကားလာပါတော့သည်။ပူထူနေတဲ့နှုတ်ခမ်းနှင့်အတူ ရှီဝမ့် ရဲ့ရင်ခုန်သံတွေဟာလည်းဆူညံလျှက်။အနမ်းတွေမဝေမျှရတာကြာနေပြီမလား။
အမ်! မဟုတ်သေးပါဘူး!
"အင့်! ဖယ်စမ်း! ငါမင်းကိုမုန်းမိတော့မယ်နော်! အွန့်! မဟုတ်ဘူး! မဟုတ်ဘူး! ငါမင်းကိုမချစ်တော့ဘူး!"
ရုတ်ချည်းဆိုသလို ရပ်တန့်သွားတဲ့ ဝူဂျင်း ရဲ့အပြုအမူတွေကြောင့် ရှီဝမ် လည်းနီရဲနေတဲ့မျက်နှာကို ဒေါသအသွင်ယူရပါတော့သည်။
"မင်းငါ့ကိုအရှက်ခွဲနေတာလား! တော်သေးတာပေါ့ ဒီနေရာကလူပြတ်လို့!"
"ငါမင်းကိုချစ်တယ် ရှီဝမ်"
"ငါကတော့မင်းကို မ..မချစ်တော့ဘူး! ဖယ်စမ်းကွာ!"
"မင်းငါ့ကိုမချစ်လို့ဘယ်သူ့ကိုချစ်မှာလဲကွာ! မင်းကိုယ့်ကိုချစ်ပါတယ် ကိုယ်သိတယ်"
အမ်! အဲ့လောက်သေချာနေရလားကွ! ရှီဝမ် မျက်တောင်တဖြတ်ဖြတ်ဖြင့်အကြည့်လွှဲလိုက်တော့ မြင်ကွင်းထဲလူတစ်ယောက်ကဝင်လာသည်။ထိုလူက ရှီဝမ် တို့ရှိနေတဲ့ဘက်ကိုလျှောက်လာတာဖြစ်သည်။တွေ့ကြသေးတာပေါ့ ဘဝင်မြင့်နေတဲ့ ဝူဂျင်း ဆိုတဲ့ကောင်။
"ဘာ..ဘာဖြစ်လဲ! မင်းကိုမချစ်လည်း ငါ့မှာချစ်ရမယ့်သူရှိသားပဲ"
"ဘာ!"
"ဟိုးမှာ လာနေတာတွေ့လား၊ အဲ့ဒါ ငါချစ်နေတဲ့လူပဲ၊ အမ်းး သိပ်တော့မကြာသေးဘူး ငါသူ့ကိုချစ်မိသွားတာ"
ပြောပြီးပြီးချင်း ရှီဝမ် မျက်နှာပူပူဖြင့် ခေါင်းငုံ့ချထားမိတော့သည်။ရှီဝမ် ပြဿနာထဲဆွဲထည့်ပြီးပြောလိုက်မိသူက ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ဗလတောင့်တောင့်ဖြင့် လက်ဝှေ့ပွဲတွေလည်းဝင်ပြိုင်ဖူးတယ်လို့နာမည်ကြီးတာမို့ သိပ်တော့ပြဿနာမရှိလောက်ဘူးမလား။ဝူဂျင်း ပြဿနာရှာဖို့မလွယ်လောက်တဲ့လူမျိုးလေ။
သို့သော် ရှီဝမ် မသိလိုက်တာက သူဆွဲထည့်ပြီးပြောလိုက်တဲ့ဆရာဝန်ဟာ လမ်းချိုးမှာတင်နောက်ပြန်လှည့်သွားပြီး ထိုလူ့နေရာမှာ ခပ်ဖြည်းဖြည်းလမ်းလျှောက်လာတဲ့ သားဖွားမီးယပ်ပါရဂူ ဒေါက်တာ Park Chanyeol ကအစားဝင်သွားခဲ့တာကိုပင်။
ရှီဝမ် လက်ညှိုးထိုးပြရာကို ဝူဂျင်း ကြည့်လိုက်တော့ အဝေးကနေကြည့်တာတောင်ထင်းနေတဲ့ရုပ်ရည်ဖြင့် အရပ်ရှည်ရှည်ဆရာဝန်တစ်ယောက်ကိုတွေ့လိုက်ရသည်။အစက ရှီဝမ် လျှောက်ပြောတယ်ထင်ပေမယ့်လည်း တစ်ဖက်လူကိုတွေ့လိုက်ရတဲ့အခါမှာတော့ သဘောကျမိလောက်စရာလူမို့ ဝူဂျင်း ရဲ့မျက်လုံးတွေခက်ထန်သွားတော့သည်။
"သိပြီမလား၊ ငါမင်းကိုမချစ်တော့ဘူး၊ ဖယ်ပေးတော့!"
"နေဦး!"
ကျောခိုင်းထားရာမှလှည့်မကြည့်ဘဲ ရှီဝမ် ရပ်နေလိုက်သည်။
"မင်းကိုငါတစ်ခါပိုင်ပြီးသွားပြီမို့ မင်းကတစ်သက်လုံးငါ့ပိုင်ဆိုင်မှုပဲ"
"..............."
"ငါမဟုတ်ဘဲ မင်းရဲ့အချစ်ကိုရတဲ့ဘယ်သူမဆို နောင်တကောင်းကောင်းရစေရမယ်"
"တော်စမ်းပါ!"
ထိုသို့သာ ခပ်မာမာပြောပြီး ရှီဝမ် ထွက်လာခဲ့လိုက်တော့သည်။သနားညှာတာသောအားဖြင့် လက်ဝှေ့သမားနှင့်တွေ့ပြီး ဝူဂျင်း သွားကျွတ်မလာဖို့တော့ကြိုဆုတောင်းပေးလိုက်ပါသည်။မှတ်လောက်သားလောက်ဖြစ်သွားပါစေ။
:
"မင်္ဂလာပါ ဒေါက်တာ"
"မင်္ဂလာပါ"
အရှေ့မှာပိတ်ရပ်နေသူကို Chanyeol မသိပေမယ့်လည်း အလိုက်သင့်ပြန်နှုတ်ဆက်လိုက်သည်။
"ဒေါက်တာက ဘယ်ဌာနကလဲမသိဘူး"
"သားဖွားမီးယပ်ဌာနကပါ"
"နာမည်ကရောဗျ"
"Park Chanyeol ပါ၊ သိချင်တာတစ်ခုခုများရှိလို့လား"
"အာ ကျွန်တော်က နှလုံးအထူးကုဌာနမှာ internဆင်းနေတဲ့ ဆရာဝန်တစ်ယောက်ကိုလာရှာတာပါ"
"နှလုံးအထူးကုဌာနက ဟိုးဘက်အဆောင်ပါ"
"သူ့နာမည်က ရှီဝမ် တဲ့၊ ဒေါက်တာ သိရဲ့လားမသိဘူး"
Chanyeol စဉ်းစားကြည့်လိုက်တော့ ရှီဝမ် ဆိုတဲ့ကောင်လေးရဲ့ရုပ်က အတွေးထဲပေါ်လာသည်။ဆေးရုံမှာ internလာဆင်းနေတဲ့လူက သုံးယောက်သာရှိတာမို့ ထိုကောင်လေးကိုသိပါသည်။Chanyeol နှင့်တိုက်မိဖူးတဲ့တစ်ယောက်။
"ဪ...အင်း သိတယ်"
"ကျွန်တော်ကသူ့ချစ်သူလေ၊ နာမည်က ဝူဂျင်း ပါ"
Chanyeol မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။
"ဪ အင်း"
"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး၊ နောက်မှ ထပ်တွေ့ကြတာပေါ့"
ထို ဝူဂျင်း ဆိုတဲ့ကောင်လေးဟာ နှုတ်ဆက်ပြီးထွက်သွားတော့ Chanyeol လည်းလမ်းဆက်လျှောက်လာလိုက်သည်။အခုအချိန် Chanyeol ရဲ့စိတ်တွေကလတ်တလောမှာမရှိဘဲ ညနေအိမ်ပြန်ချိန်ဆီမှာပဲရှိနေတာမို့ တခြားဘာကိစ္စကိုမှသေချာမတွေးတောနိုင်ပါ။
.................................................................................
"ဦး"
Chanyeol အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ကောင်လေးဆီကနေ ခေါ်သံလေးထွက်လာသည်။
"အိပ်ရာကနိုးနေတာကြာပြီလား ကောင်လေး"
အမေးနှင့်အတူ ထိုင်နေတဲ့ကောင်လေးရဲ့ဘေးနားမှာ Chanyeol သွားထိုင်လိုက်တော့ ကောင်လေးက မျက်နှာချင်းဆိုင်နံရံမှာရှိတဲ့ TVဖန်သားပြင်အားလက်ညှိုးလေးထိုးပြပါသည်။
"ရုပ်ရှင်ကြည့်နေတာလား၊ ကာတွန်းကားလား"
လက်ထဲကအိတ်ကိုစားပွဲပေါ်ချလိုက်ပြီး လွတ်လပ်သွားပြီဖြစ်တဲ့လက်ဖြင့် ကောင်လေးရဲ့ခါးကြားကိုလက်လျှိုဝင်ကာ Chanyeol သိုင်းဖက်ထားလိုက်သည်။
ထိုအခါ ကောင်လေးရဲ့ခေါင်းလုံးလုံးလေးဟာလည်း Chanyeol ရဲ့ရင်ဘက်ပေါ်မှီတွယ်လာခဲ့သည်။အခုနောက်ပိုင်း ကလေးအဖေလေးက Chanyeol နှင့်ပိုပြီးနီးကပ်လာတာသိသိသာသာမို့ အများကြီးကျေနပ်ရပါသည်။
"ဟုတ်တယ် ဦး၊ Pooh ကားလေ၊ TVလိုင်းကပြန်ပြနေလို့၊ ကျွန်တော်ကြိုက်တယ်"
"ဗိုက်ထဲက ကလေးလေးရော ကြိုက်တာလား"
လက်ဖဝါးပြင်ဖြင့် ဗိုက်ကလေးကိုပွတ်သပ်ရင်း Chanyeol မေးကြည့်လိုက်တော့ ကောင်လေးက အသံသဲ့သဲ့လေးဖြင့်ရယ်ပြီး Chanyeol ရဲ့လက်ဖမိုးပေါ်ထပ်ကိုင်လာပါသည်။
"အွန်း အွန်း ကလေးလေးကလည်းကြိုက်တယ်ထင်တယ်၊ ဒီကားကြည့်နေရတော့ ဒီနေ့မအိပ်ချင်ဘူး သိလား ဦး"
"ဟုတ်လား၊ အဲ့ဒါဆို ဒီနေ့နေ့လယ်မအိပ်ထားဘူးပေါ့"
"ဟုတ်"
"အင်း၊ ညကြမှအိပ်ရာစောစောဝင်ကြတာပေါ့"
"ဟုတ်ကဲ့"
"ရွှတ်!"
ခေါင်းလုံးလုံးလေးကိုငုံ့နမ်းလိုက်တော့ ကောင်လေးဟာ Chanyeol ရဲ့ရင်ခွင်ထဲပိုတိုးဝင်လာသလို။
ထို့နောက် အသံတွေတိတ်ဆိတ်စွာနဲ့ပဲ ရင်ခွင်ထဲကကောင်လေးကိုထွေးပိုက်ပြီး Chanyeol လည်းကာတွန်းကားကြည့်လိုက်တော့သည်။ချစ်ဖို့ကောင်းတဲ့ဝက်ဝံလေးကလည်း ကောင်လေးနဲ့တူတာပါပဲ။
:
ညစာစားဝိုင်းကတော့ ဒီရက်ပိုင်း အမြဲတမ်းလိုလို မိသားစုစုံစုံလင်လင်ရှိနေပါသည်။
"Hyuneeလေး စားကောင်းရဲ့လား"
"စားကောင်းရဲ့လား Baekhyun"
အဖေနှင့်အမေတို့က ဝိုင်းမေးကြတော့ ကောင်လေးဟာ ပလုတ်ပလောင်းစားနေရင်းမှ ခေါင်းလေးတဆတ်ဆတ်ညိမ့်ပြရှာသည်။မှဲ့နက်လေးရှိရာ နှုတ်ခမ်းပါးထောင့်မှာပေနေတဲ့အဆီတချို့ကို Chanyeol ကပဲလက်မဖြင့်ဖိသုတ်ပေးလိုက်ရသည်။
"ကောင်းကောင်းစားနိုင်လို့တော်သေးတာပေါ့၊ အနံ့ရရင်အံချင်တာတို့ဘာတို့ဖြစ်သေးလား Hyunee"
"မဖြစ်တော့ဘူးဗျ"
"ဒါဆို တော်သေးတာပေါ့၊ ဗိုက်ထဲက လိမ္မာတဲ့တူလေးပဲ"
အစ်မရဲ့စကားကြောင့် Chanyeol ရော ကောင်လေးပါ သဘောတကျပြုံးလိုက်မိကြသည်။
"မနက်ဖြန် Hyunee ကိုဆေးရုံခေါ်သွားမယ့်ရက်မလား Yeollie"
ကောင်လေးကိုနှစ်ပတ်တစ်ခါဆေးရုံခေါ်သွားပြီး ပုံမှန်စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်သည်။သာမာန်လိုမဟုတ်တော့ သာမာန်ထက်ပိုပြီး Chanyeol ကဲသဲမိတာအလွန်တော့မဟုတ်ပါ။
"ဟုတ်တယ် အမေ၊ မနက်ဖြန်နေ့လယ်လောက် Baekhyunee ကိုပါရဂူနဲ့တွေ့ပေးဖို့စီစဉ်ထားတယ်"
"အင်းပါ၊ ဘယ်လိုရလဒ်ပဲရှိရှိအမေတို့ကိုပြောပြဦးနော်"
"ဟုတ်ကဲ့ အမေ"
"ဒါဆို မနက်ဖြန် Hyuneeလေး ဒေါ်ဒေါ်ပတ်ရဲ့ဌာနကိုဝင်လာခဲ့ဦးလေ"
"ဟုတ်ကဲ့ ဒေါ်ဒေါ်ပတ်"
"Baekhyun ပင်ပန်းနေပါဦးမယ်သမီးရယ်"
"အဖေကလည်း ဌာနနှစ်ခုကဘယ်လောက်မှလည်းမဝေးပါဘူး"
"အိမ်း ဒါဆို Chanyeol၊ အဖေ့ဌာနကိုလည်းဝင်ခဲ့လိုက်ကြဦး"
"အာ ဟုတ်ကဲ့"
"အဲ့ဒါဆိုရင်တော့ လာလတ်စနဲ့အမေ့ဆီလည်းဝင်လာခဲ့ကြဦး၊ ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါဗျာ"
Chanyeol ခေါင်းခါလျှက်သာရယ်လိုက်မိတော့သည်။Park family ဟာသူတို့အိမ်သားအသစ်လေးကိုပွဲထုတ်ချင်နေကြတာသိသာပါသည်။
ထိုသို့ဖြင့် ညစာစားဝိုင်းက ထုံးစံအတိုင်း ကောင်လေးကို ဝိုင်းဝန်းပြီးဂရုစိုက်ပေးကြမှုဖြင့်သာပြီးဆုံးသွားတော့သည်။Chanyeol ရဲ့တစ်ဦးတည်းသောလေးဟာ တကယ့်ကိုအချစ်ခံလေးပါပဲ။
.................................................................................
(ဆက်ရန်)
(၁၇.၁၂.၂၀၂၃)
သင်တန်းကစာတွေအရမ်းများနေလို့ စာရေးတဲ့ဘက်ကိုမလှည့်နိုင်တာပါ၊ စာဖတ်သူတို့က အလုပ်ရှိရင်တောင် မိနစ်ပိုင်းလောက်အချိန်ပေးပြီးဖတ်ရင် တစ်ပိုင်းပြီးတယ်ဆိုပေမယ့်၊ ရေးရတဲ့လူကကျ စကားလုံးတွေပုံဖော်ဖို့အချိန်တော်တော်ယူရတာမို့ မအားလပ်ဘဲကျန့်ကြာမိတဲ့အခါ နားလည်ပေးကြပါနော်🫶🏻
(Zawgyi)
"ေဒါက္တာ Park ကအိမ္ေထာင္သည္ေလ"
"အဲ့သတင္းၾကားေတာ့ၾကားလိုက္ေပမယ့္ ဟုတ္သလိုလို မဟုတ္သလိုလိုျဖစ္ေနတာ"
"မဂၤလာပြဲကို private ပဲလုပ္သြားတာ၊ အိမ္ေထာင္ဖက္ကေယာက္်ားေလးလို႔လည္းၾကားတယ္ေနာ္၊ သတင္းထဲမွာေသခ်ာေတာ့ ေဖာ္မျပထားဘူး"
"သတင္းေတာ့မေတြ႕လိုက္မိဘူး၊ ဒီတိုင္း ၾကားပဲၾကားမိတာ"
"သတင္းဌာနတစ္ခုကိုပဲဖိတ္တာတဲ့၊ သတင္းေတာင္မွ private ဆန္ဆန္ေရးခိုင္းတာ"
"အဲ့ဒါဆိုရင္ေတာ့ ေယာက္်ားေလးျဖစ္ဖို႔မ်ားတယ္ေနာ္၊ အဲ့ဒါေၾကာင့္ လၽွို႔ဝွက္ေနတာေပါ့"
"အဲ့လိုေတာ့ မဟုတ္ေလာက္ပါဘူး၊ Park family တစ္ခုလုံးကေတာင္ လက္ခံတဲ့မဂၤလာပြဲပဲဟာ၊ ဒီတိုင္း လူအမ်ားႀကီးနဲ႔မေဆာင္ခ်င္လို႔ေနမွာေပါ့"
"ေအာ....အဲ့ဒါလည္းဟုတ္တာပဲ"
"ငါ့မဂၤလာေဆာင္က်ရင္လည္း ငါရယ္ငါ့ေယာက္်ားရယ္ ႏွစ္ဖက္မိဘရယ္ပဲ၊ အဲ့ဒါဆို အေကၽြးအေမြးအတြက္အကုန္အက်မရွိေတာ့ဘူးေပါ့ ဟီးဟီး"
"ေအာင္မယ္ ငါ့ကိုမဖိတ္လို႔ကေတာ့ မဂၤလာပြဲမွာကန့္ကြက္ပါတယ္လာလုပ္မွာ ဟြန့္!"
"ဟင္းဟင္း! အက်င့္ေလးက!"
တမင္နားေထာင္ေနတာမဟုတ္ေပမယ့္ ရွင္းရွင္းလင္းလင္းၾကားေနရတဲ့ nurse အစ္မႏွစ္ေယာက္ရဲ့စကားေတြေၾကာင့္ ေဒါက္တာ Park မွာအိမ္ေထာင္ရွိမွန္း ရွီဝမ္ သိလိုက္ရသည္။အရြယ္တစ္ခုေရာက္ေနၿပီျဖစ္တဲ့လူတစ္ေယာက္အဖို႔ အိမ္ေထာင္ရွိတာကမဆန္းပါေလ။ေဒါက္တာ Park လိုလူကိုပိုင္ဆိုင္ခြင့္ရတဲ့လူကေတာ့ ကံေကာင္းတာပါပဲ။
"ဒါနဲ႔ ငါတို႔ ရွီဝမ္ေလးမွာေရာ ရည္းစားရွိလား"
"အဲ..ဗ်ာ..."
"ဒီအသက္အရြယ္ပဲေရာက္ေနၿပီ ရွိမွာေပါ့ဟဲ့၊ ေနာက္ၿပီး ႐ုပ္ေလးကလည္းေခ်ာေခ်ာနဲ႔"
အစ္မႏွစ္ေယာက္ရဲ့စကားဝိုင္းက သူ႔ဘက္လွည့္လာတာမို႔ ရွီဝမ္ အီလည္လည္ေလးျပဳံးလိုက္မိသည္။အခုေန ရည္းစားရွိလားလို႔ေမးလာခဲ့ရင္ေတာ့ ေသခ်ာေပါက္မရွိဘူးလို႔ပဲေျဖရမွာေပါ့။ဝူဂ်င္း ရဲ့ေရွ႕ဆက္ၿပီးလုပ္ရပ္ေတြက ရွီဝမ့္ ရဲ့ relationship အေျခအေနအေပၚ တိုက္ရိုက္သက္ေရာက္ပါသည္။
"အခုေတာ့မရွိပါဘူးဗ်"
"ဟယ္ ငယ္ငယ္ေခ်ာေခ်ာေလးနဲ႔ ရည္းစားရွိသင့္တာေပါ့"
"ႀကိဳက္ေနတဲ့လူေတြေတာ့ ပုံေနတာပဲမလား၊ ရွီဝမ္ intern စဆင္းတဲ့ေန႔ကတည္းက ႏွလုံးအထူးကုဌာနမွာ တျခားဌာနကေကာင္မေလးေတြေျခခ်င္းလိမ္ေနၾကတာေလ"
"အိမ္းး အဲ့ဒီငယ္ငယ္ရြယ္ရြယ္ကေလးမေတြကေတာ့ေျပာမေနနဲ႔ေတာ့၊ အရင္ကဆို သားဖြားမီးယပ္ဌာနလည္းမလြတ္ဘူး၊ အခု ေဒါက္တာ Park ကအိမ္ေထာင္က်သြားလို႔သာ၊ သူတို႔ေျခလိမ္ေနက်ကေတာ့ ေဆး႐ုံေနရာအႏွံ့ပါပဲ၊ ဌာနတိုင္းလိုလိုမွာ ဆြဲအားျပင္းတဲ့တစ္ေယာက္ႏွစ္ေယာက္ေတာ့ရွိၾကတယ္မလား"
"ဟုတ္ပ၊ နင္ေျပာမွပဲ ငါေတာင္ အေထြေထြဘက္မေရာက္ျဖစ္တာၾကာၿပီ သြားဦးမွပဲ"
"ေအး နင္သြားလည္း ေဒါက္တာ Hanwool ဆီကေန သူ႔လက္ေထာက္ဆီေရာက္ေနတဲ့အၾကည့္ထဲက နည္းနည္းေလးေတာင္ရမွာမဟုတ္ဘူး"
"ဪ..ေအးပါ ေၾကကြဲရတာေပါ့"
nurse အစ္မႏွစ္ေယာက္က ရွီဝမ့္ ကိုစကားဝိုင္းထဲထည့္ထားေပမယ့္ သူတို႔အခ်င္းခ်င္းပဲေျပာေနၾကတာမို႔ ရွီဝမ္ ဟိုၾကည့္ဒီၾကည့္ျဖင့္သာ လိုက္နားေထာင္ေနမိေတာ့သည္။
:
"လုပ္သက္ကျဖင့္အရပ္ထက္ေက်ာ္ေနၿပီကို ေဆးထိုးအပ္က လက္ကိုေခ်ာ္ထိုးမိတုန္း"
"ေဒါက္တာေနာ္!"
ပက္ခနဲေနေအာင္ထြက္လာတဲ့ေအာ္သံေၾကာင့္ Hanwool ႏွုတ္ခမ္းတြန့္႐ုံျပဳံးလိုက္မိသည္။
"ကဲ ရၿပီ"
"အင္! အပ္ေလးပဲထိုးမိတာပါ၊ စည္းထားတဲ့ပက္တီးက အဝတ္ခ်ဳပ္လို႔ရတယ္၊ အနာကပ္ပလာစတာေလာက္ကပ္လည္းရတာကို"
ပက္တီးအထုံးရွိေနတဲ့ ကိုယ့္လက္ညႇိုးကိုယ္ၾကည့္ၿပီး Yunho အီလည္လည္ျဖင့္ေျပာလိုက္ပါသည္။
"မပိုနဲ႔၊ အပ္ကထိုးခြဲသလိုျဖစ္သြားတာေလ၊ ဆရာဝန္တစ္ေယာက္ဆိုတာ ေရာဂါပိုးကိုတျခားလူေတြထက္ပိုၿပီးဂ႐ုစိုက္ရတယ္"
ေျပာေျပာဆိုဆိုျဖင့္ Hanwool ရဲ့လက္သီးဆုပ္က Yunho ရဲ့ေခါင္းေပၚကို အတိအက်ေရာက္သြားခဲ့သည္။မနာေပမယ့္လည္း Yunho ႏွာေခါင္းအသာရွုံ႔လိုက္မိသည္။ကိုယ့္ထက္အသက္ႀကီးတဲ့လူကို ခ်စ္သူေတာ္ထားေတာ့လည္း တစ္ခါတေလ ဆုံးမခံရတာေပါ့။
"ကိုကို"
"အင္း"
ေဆးပစၥည္းေတြျပန္သိမ္းေနတဲ့ Hanwool ရဲ့ျပန္ထူးသံက ခပ္တိုးတိုးသာ။Yunho ကႏွုတ္ခမ္းတသပ္သပ္ျဖစ္ေနေပမယ့္လည္း အေတာ္ၾကာတဲ့အထိ ဘာစကားမွထြက္မလာတဲ့အခါ Hanwool ရဲ့အၾကည့္ေတြက Yunho ဆီေရာက္သြားသည္။
"ဘာေျပာမလို႔လဲ ေျပာေလ"
"ဟိုေလ...."
"အင္း"
"အာ ဟိုဟာ...Baekhyun က ကိုယ္ဝန္ေဆာင္နိုင္တာ ေကာင္းလိုက္တာေနာ္၊ ေနာက္ဆို ေဒါက္တာ Park ရယ္ Baekhyun ရယ္ ကေလးေလးရယ္ဆိုၿပီး မိသားစုေလးျဖစ္သြားေတာ့မွာ၊ ေပ်ာ္စရာႀကီးပဲ"
"ကိုယ္ေတာ့ကေလးမလိုခ်င္ပါဘူး"
"ဟင္..."
Hanwool ရဲ့စကားကခပ္ျပတ္ျပတ္မို႔ Yunho ဆြံ႕အသြားရသည္။
"တစ္အခ်က္ ကေလးေမြးထားၿပီး အဲ့ကေလးရဲ့အစစအရာရာကိုေတြးပူမေနခ်င္ဘူး၊ ႏွစ္အခ်က္ မင္းဆီကအခ်စ္ေတြကို ကိုယ္တစ္ေယာက္တည္းပဲလိုခ်င္တယ္၊ သုံးအခ်က္ ကိုယ္ေရြးခ်ယ္ထားတဲ့မင္းက ေယာက္်ားေလး"
"............."
"ဘာလဲ၊ Hoေလးက ကေလးလိုခ်င္လို႔လား"
"ဟို..ကိုကို႔အတြက္.."
"ကိုယ့္အတြက္ဆိုရင္ေတာ့ ထားလိုက္ေတာ့၊ မင္းတစ္ေယာက္တည္းကိုပဲ အာ႐ုံစိုက္ၿပီး တစ္ဘဝလုံးျဖစ္သန္းသြားခ်င္လို႔"
Yunho ရဲ့မ်က္ႏွာေလးဟာရဲခနဲ။ကိုကိုဟာ Yunho ရဲ့စိတ္ႏွလုံးကို အခ်ိန္တိုင္းလိုလိုေအးခ်မ္းေစတာအမွန္ပါ။
"ေဒါက္ ေဒါက္ ေဒါက္"
အခန္းတံခါးေခါက္သံမဟုတ္ဘဲ ပါးစပ္ကေနထြက္လာတဲ့အသံေၾကာင့္ Hanwool ႏွင့္ Yunho တို႔ရဲ့အၾကည့္ေတြက အခန္းဝဆီေရာက္သြားခဲ့သည္။ထိုအခါေတြ႕လိုက္ရတဲ့လူက ေဒါက္တာ Park Chanyeol။
"အခန္းတံခါးကဟေနလို႔"
Chanyeol ကေျပာေျပာဆိုဆိုျဖင့္ အခန္းထဲကိုဝင္လာၿပီး ႏွစ္ေယာက္ရဲ့မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္လိုက္သည္။
"မဂၤလာပါ ေဒါက္တာ Park"
"မဂၤလာပါ Yunho"
"ေဆးစားမ်ားမွားလာတာလား"
အေထြေထြဘက္ကို Chanyeol မေရာက္ျဖစ္တာၾကာၿပီမို႔ Hanwool ကထိုသို႔ဆိုျခင္းျဖစ္သည္။Chanyeol ေခါင္းခါကာ ခပ္ဟဟရယ္လိုက္ၿပီး
"မဟုတ္ပါဘူးကြာ၊ မီးဖြားဖို႔ရက္ပိုင္းပဲလိုေတာ့တဲ့ ကိုယ္ဝန္ေဆာင္ကအဖ်ားရွိေနလို႔ ဒီဘက္ေရာက္ေနတာေလ၊ အဲ့ဒါကို အေျခအေနလာၾကည့္ရင္းနဲ႔ မင္းဆီဝင္လာတာ"
"ဪ ငါၾကည့္ရသေလာက္ေတာ့ အေျခအေနေကာင္းပါတယ္"
"အင္း ဒီညေနဆိုေနရာျပန္ေျပာင္းလို႔ရၿပီလို႔ တာဝန္က်ေဒါက္တာကေျပာလိုက္တယ္"
Chanyeol ရဲ့စကားကို Hanwool ကေခါင္းတညိမ့္ညိမ့္လုပ္လိုက္သည္။Chanyeol လက္ကနာရီကိုၾကည့္လိုက္ၿပီး
"ေန႔လယ္စာစားခ်ိန္ေတာင္ေရာက္ေနၿပီ ငါတို႔ေန႔လယ္စာအတူတူစားၾကမလား၊ Yunho ေရာပဲ"
"ဟုတ္ကဲ့ ေဒါက္တာ Park"
"ေအး သြားၾကတာေပါ့"
သုံးေယာက္သားအခန္းအျပင္ကိုထြက္လာၾကရင္း Yunho ရဲ့လက္ကပက္တီးကိုေတြ႕ၿပီး Chanyeol ေမးလိုက္သည္က
"Yunho ရဲ့လက္ညႇိုးမွာ ဘာစြပ္ထားတာလဲ"
"ဗ်ာ..."
"ေဆးထိုးအပ္ထိုးမိလို႔ ငါပက္တီးစည္းေပးထားတာပါကြာ"
"ဪ...သည္းခံလိုက္ပါ Yunho ရယ္၊ သူက ဆရာဝန္သာဆိုတယ္ ပက္တီးသိပ္မစည္းတတ္ဘူး"
"အာ...ဟုတ္ကဲ့"
"ဟမ္ အခု ငါစည္းေပးထားတာက ဘာျဖစ္ေနလို႔လဲ၊ အမ်ားႀကီးေတာင္လုံျခဳံေသး"
Hanwool ရဲ့စကားကို Chanyeol စိတ္ေလေလျဖင့္ေခါင္းခါလိုက္မိသလို Yunho ကလည္းအနည္းငယ္ေလးေနတဲ့ သူ႔လက္ညႇိုးသူေထာင္ၾကည့္ၿပီးသက္ျပင္းအသာခ်လိုက္ပါသည္။
"Baekhyun ေရာအဆင္ေျပေနတယ္မလား"
"အရမ္းေျပတယ္၊ လိမၼာတဲ့ေကာင္ေလးမို႔ ငါစိတ္ပူစရာမရွိေအာင္ေနေပးတယ္၊ တကယ္ကိုခ်စ္ဖို႔ေကာင္းတဲ့ေကာင္ေလးပါ"
"ဪ ေအးပါ ေအးပါ"
ဆက္ေမးေနရင္ Chanyeol ရဲ့မၿပီးဆုံးနိုင္တဲ့အခ်စ္ဒႆနေတြထြက္လာေတာ့မွာမို႔ Hanwool စကားစသာျဖတ္လိုက္ပါေတာ့သည္။
:
"ရွီဝမ္!"
"အမ္! မင္း!"
ဟိုတစ္ေန႔ကျဖစ္တဲ့ကိစၥၿပီးကတည္းက တစ္ပတ္ေလာက္ေပ်ာက္သြားတဲ့ ဝူဂ်င္း ဟာအခု ရွီဝမ့္ ရဲ့အေရွ႕မွာျပန္ေပၚလာသည္။ခႏၶာကိုယ္ကပိန္သြားပုံေပၚၿပီး မ်က္ႏွာတစ္ဝိုက္မွာလည္း ဒဏ္ရာေသးေသးေတြေတြ႕ေနရပါသည္။ဝူဂ်င္း စိတ္ညစ္ညစ္ျဖင့္ရန္ပတ္ျဖစ္ထားတာပဲျဖစ္လိမ့္မည္။အဲ့ဒါေတြမႀကိဳက္တာ။
"ဘာလဲ! ငါေန႔လယ္စာသြားစားမလို႔"
"ဒါဆို အတူတူသြားစားမယ္ေလ"
"မင္းနဲ႔ငါနဲ႔က ဘာဆိုင္လို႔အတူတူသြားစားရမွာလဲ"
"က်စ္! ဘယ္ႏွရက္ေတာင္ရွိေနၿပီလဲ၊ စိတ္ဆိုးေျပပါေတာ့ကြာ"
"ဘာ..စိတ္ဆိုးေျပပါေတာ့ဟုတ္လား ဟက္!"
ဝူဂ်င္း ရဲ့မ်က္ႏွာကိုေသေသခ်ာခ်ာစိုက္ၾကည့္ၿပီး ရွီဝမ္ နာနာက်င္က်င္ရယ္ပစ္လိုက္သည္။သူအျပစ္ေတြလုပ္တိုင္း ရွီဝမ္ ဆိုတဲ့ေကာင္က စိတ္ဆိုးတတ္႐ုံေလးပဲလို႔ထင္ေနတာလား။ဒီလိုနဲ႔ စိတ္ကုန္မိေတာ့မွာပဲ။
"တစ္ခါႏွစ္ခါမဟုတ္ဘူး ဝူဂ်င္း၊ မင္းကငါ့အနာက်က္ေလာက္ၿပီဆိုတိုင္း ထထေဖာက္တယ္၊ ၾကာေတာ့ ငါ့ႏွလုံးသားတစ္ခုလုံး အပ္ခ်ရာမရွိေလာက္ေအာင္ အမာရြတ္ေတြျပည့္ေနၿပီ၊ အျမဲတမ္းအဲ့လိုခ်ည္းပဲဆိုေတာ့ ငါစိတ္ကုန္ခ်င္လာၿပီကြ! စိတ္ကုန္ခ်င္လာၿပီ..."
ရွီဝမ္ မ်က္ရည္ေတြဝဲလာေတာ့ ဝူဂ်င္း ကေပြ႕ဖက္ေပးဖို႔ျပင္သည္။သို႔ေပမယ့္ ရွီဝမ္ ကအထိမခံဘဲေရွာင္လိုက္ပါသည္။
"ငါ့ကိုမထိပါနဲ႔"
"ကိုယ္ေျပာတာနားေထာင္ေပးဦးကြာ ေနာ္"
ဝူဂ်င္း ကအားထုတ္ႀကိဳးပမ္းၿပီး ရွီဝမ့္ ရဲ့ပုခုံးႏွစ္ဖက္ကိုမိမိရရဆုပ္ကိုင္ထားလိုက္သည္။
"မင္းကလြဲၿပီး ဘယ္သူ႔ကိုမွမခ်စ္နိုင္တာသိရဲ့သားနဲ႔ကြာ၊ မင္းကိုပဲခ်စ္တာ၊ အကုန္လုံးထက္ပိုၿပီး မင္းကိုပဲခ်စ္တာပါကြာ၊ မင္းမွမဟုတ္ရင္ တကယ္မျဖစ္ဘူး သိရဲ့လား"
"ျဖစ္ပါတယ္၊ မင္းစိတ္ဝင္စားစရာေတြ႕တိုင္း ေဖာက္ျပန္ေနၾကပဲေလ"
"မဟုတ္ဘူး ခ်စ္လို႔မဟုတ္ဘူး၊ ဒီတိုင္း အေပ်ာ္သေဘာနဲ႔..."
"ေတာ္လိုက္ပါေတာ့!"
ဝူဂ်င္း ရဲ့လက္ထဲကေန ရွီဝမ္ အားကုန္႐ုန္းခ်လိုက္သည္။အခုအခ်ိန္ထိ ဝူဂ်င္း ကအေၾကာင္းျပခ်က္ေတြေပးေနတုန္း။အရင္ကတည္းက ရွီဝမ္ လိုခ်င္တဲ့ကတိစကားကိုတစ္ခါမွမေပးခဲ့ဖူးပါ။အဲ့ဒါေတာင္မွ ရွီဝမ္ ကစုံလုံးကန္းၿပီးအႀကိမ္ႀကိမ္ခြင့္လႊတ္ေပးခဲ့တာ။ဝူဂ်င္း ကကတိေပးၿပီးရင္တည္တတ္တဲ့လူျဖစ္ေပမယ့္ အေပ်ာ္မရွာေတာ့ပါဘူးဆိုတဲ့ကတိကိုေတာ့ အခုအခ်ိန္ထိေပးမလာေသးတာပါ။ဟင့္အင္း ဒီတစ္ခါေတာ့ ရွီဝမ္ အရင္လိုမလြယ္ေတာ့ဘူး။
"မင္းကငါ့ကိုခ်စ္တယ္ေျပာၿပီး အေပ်ာ္ရွာတယ္၊ ငါရွိေနရက္နဲ႔အေပ်ာ္ရွာတာဆိုေတာ့ ေဖာက္ျပန္တာပဲ၊ ငါကေတာ့ မင္းလိုမဟုတ္ဘူး၊ အက်င့္စာရိတၱေကာင္းတဲ့ေယာက္်ားတစ္ေယာက္မို႔ မင္းနဲ႔ျပတ္ၿပီးမွပဲ အေပ်ာ္ရွာမွာ"
"ဘာ!"
"ဟုတ္တယ္၊ မင္းဆီမွာပဲပိတ္မိေနတဲ့ငါက အခုေတာ့ ေပ်ာ္ဖို႔အခ်ိန္တန္ၿပီေပါ့"
"ရွီဝမ္!"
ဝူဂ်င္း ကအံႀကိတ္ထားတဲ့အသံျဖင့္ ရွီဝမ့္ ကိုသတိေပးသလိုေခၚလာခဲ့သည္။အရင္လိုတုန္ဆင္းမယ္မ်ားထင္ေနတာလား။
"က်စ္! မင္းနဲ႔ေနရတာ ငါ့အခ်ိန္ေတြအလကားကုန္တယ္၊ ေန႔လယ္စာ...အင့္! ရားး"
"အြန့္!"
႐ုတ္တရက္ဆိုသလို ဝူဂ်င္း က ရွီဝမ့္ ကိုဖမ္းခ်ဳပ္ၿပီး ရမ္းကားလာပါေတာ့သည္။ပူထူေနတဲ့ႏွုတ္ခမ္းႏွင့္အတူ ရွီဝမ့္ ရဲ့ရင္ခုန္သံေတြဟာလည္းဆူညံလၽွက္။အနမ္းေတြမေဝမၽွရတာၾကာေနၿပီမလား။
အမ္! မဟုတ္ေသးပါဘူး!
"အင့္! ဖယ္စမ္း! ငါမင္းကိုမုန္းမိေတာ့မယ္ေနာ္! အြန့္! မဟုတ္ဘူး! မဟုတ္ဘူး! ငါမင္းကိုမခ်စ္ေတာ့ဘူး!"
႐ုတ္ခ်ည္းဆိုသလို ရပ္တန့္သြားတဲ့ ဝူဂ်င္း ရဲ့အျပဳအမူေတြေၾကာင့္ ရွီဝမ္ လည္းနီရဲေနတဲ့မ်က္ႏွာကို ေဒါသအသြင္ယူရပါေတာ့သည္။
"မင္းငါ့ကိုအရွက္ခြဲေနတာလား! ေတာ္ေသးတာေပါ့ ဒီေနရာကလူျပတ္လို႔!"
"ငါမင္းကိုခ်စ္တယ္ ရွီဝမ္"
"ငါကေတာ့မင္းကို မ..မခ်စ္ေတာ့ဘူး! ဖယ္စမ္းကြာ!"
"မင္းငါ့ကိုမခ်စ္လို႔ဘယ္သူ႔ကိုခ်စ္မွာလဲကြာ! မင္းကိုယ့္ကိုခ်စ္ပါတယ္ ကိုယ္သိတယ္"
အမ္! အဲ့ေလာက္ေသခ်ာေနရလားကြ! ရွီဝမ္ မ်က္ေတာင္တျဖတ္ျဖတ္ျဖင့္အၾကည့္လႊဲလိုက္ေတာ့ ျမင္ကြင္းထဲလူတစ္ေယာက္ကဝင္လာသည္။ထိုလူက ရွီဝမ္ တို႔ရွိေနတဲ့ဘက္ကိုေလၽွာက္လာတာျဖစ္သည္။ေတြ႕ၾကေသးတာေပါ့ ဘဝင္ျမင့္ေနတဲ့ ဝူဂ်င္း ဆိုတဲ့ေကာင္။
"ဘာ..ဘာျဖစ္လဲ! မင္းကိုမခ်စ္လည္း ငါ့မွာခ်စ္ရမယ့္သူရွိသားပဲ"
"ဘာ!"
"ဟိုးမွာ လာေနတာေတြ႕လား၊ အဲ့ဒါ ငါခ်စ္ေနတဲ့လူပဲ၊ အမ္းး သိပ္ေတာ့မၾကာေသးဘူး ငါသူ႔ကိုခ်စ္မိသြားတာ"
ေျပာၿပီးၿပီးခ်င္း ရွီဝမ္ မ်က္ႏွာပူပူျဖင့္ ေခါင္းငုံ႔ခ်ထားမိေတာ့သည္။ရွီဝမ္ ျပႆနာထဲဆြဲထည့္ၿပီးေျပာလိုက္မိသူက ကေလးအထူးကုဆရာဝန္တစ္ေယာက္ျဖစ္ၿပီး ဗလေတာင့္ေတာင့္ျဖင့္ လက္ေဝွ႕ပြဲေတြလည္းဝင္ၿပိဳင္ဖူးတယ္လို႔နာမည္ႀကီးတာမို႔ သိပ္ေတာ့ျပႆနာမရွိေလာက္ဘူးမလား။ဝူဂ်င္း ျပႆနာရွာဖို႔မလြယ္ေလာက္တဲ့လူမ်ိဳးေလ။
သို႔ေသာ္ ရွီဝမ္ မသိလိုက္တာက သူဆြဲထည့္ၿပီးေျပာလိုက္တဲ့ဆရာဝန္ဟာ လမ္းခ်ိဳးမွာတင္ေနာက္ျပန္လွည့္သြားၿပီး ထိုလူ႔ေနရာမွာ ခပ္ျဖည္းျဖည္းလမ္းေလၽွာက္လာတဲ့ သားဖြားမီးယပ္ပါရဂူ ေဒါက္တာ Park Chanyeol ကအစားဝင္သြားခဲ့တာကိုပင္။
ရွီဝမ္ လက္ညႇိုးထိုးျပရာကို ဝူဂ်င္း ၾကည့္လိုက္ေတာ့ အေဝးကေနၾကည့္တာေတာင္ထင္းေနတဲ့႐ုပ္ရည္ျဖင့္ အရပ္ရွည္ရွည္ဆရာဝန္တစ္ေယာက္ကိုေတြ႕လိုက္ရသည္။အစက ရွီဝမ္ ေလၽွာက္ေျပာတယ္ထင္ေပမယ့္လည္း တစ္ဖက္လူကိုေတြ႕လိုက္ရတဲ့အခါမွာေတာ့ သေဘာက်မိေလာက္စရာလူမို႔ ဝူဂ်င္း ရဲ့မ်က္လုံးေတြခက္ထန္သြားေတာ့သည္။
"သိၿပီမလား၊ ငါမင္းကိုမခ်စ္ေတာ့ဘူး၊ ဖယ္ေပးေတာ့!"
"ေနဦး!"
ေက်ာခိုင္းထားရာမွလွည့္မၾကည့္ဘဲ ရွီဝမ္ ရပ္ေနလိုက္သည္။
"မင္းကိုငါတစ္ခါပိုင္ၿပီးသြားၿပီမို႔ မင္းကတစ္သက္လုံးငါ့ပိုင္ဆိုင္မွုပဲ"
"..............."
"ငါမဟုတ္ဘဲ မင္းရဲ့အခ်စ္ကိုရတဲ့ဘယ္သူမဆို ေနာင္တေကာင္းေကာင္းရေစရမယ္"
"ေတာ္စမ္းပါ!"
ထိုသို႔သာ ခပ္မာမာေျပာၿပီး ရွီဝမ္ ထြက္လာခဲ့လိုက္ေတာ့သည္။သနားညႇာတာေသာအားျဖင့္ လက္ေဝွ႕သမားႏွင့္ေတြ႕ၿပီး ဝူဂ်င္း သြားကၽြတ္မလာဖို႔ေတာ့ႀကိဳဆုေတာင္းေပးလိုက္ပါသည္။မွတ္ေလာက္သားေလာက္ျဖစ္သြားပါေစ။
:
"မဂၤလာပါ ေဒါက္တာ"
"မဂၤလာပါ"
အေရွ႕မွာပိတ္ရပ္ေနသူကို Chanyeol မသိေပမယ့္လည္း အလိုက္သင့္ျပန္ႏွုတ္ဆက္လိုက္သည္။
"ေဒါက္တာက ဘယ္ဌာနကလဲမသိဘူး"
"သားဖြားမီးယပ္ဌာနကပါ"
"နာမည္ကေရာဗ်"
"Park Chanyeol ပါ၊ သိခ်င္တာတစ္ခုခုမ်ားရွိလို႔လား"
"အာ ကၽြန္ေတာ္က ႏွလုံးအထူးကုဌာနမွာ internဆင္းေနတဲ့ ဆရာဝန္တစ္ေယာက္ကိုလာရွာတာပါ"
"ႏွလုံးအထူးကုဌာနက ဟိုးဘက္အေဆာင္ပါ"
"သူ႔နာမည္က ရွီဝမ္ တဲ့၊ ေဒါက္တာ သိရဲ့လားမသိဘူး"
Chanyeol စဥ္းစားၾကည့္လိုက္ေတာ့ ရွီဝမ္ ဆိုတဲ့ေကာင္ေလးရဲ့႐ုပ္က အေတြးထဲေပၚလာသည္။ေဆး႐ုံမွာ internလာဆင္းေနတဲ့လူက သုံးေယာက္သာရွိတာမို႔ ထိုေကာင္ေလးကိုသိပါသည္။Chanyeol ႏွင့္တိုက္မိဖူးတဲ့တစ္ေယာက္။
"ဪ...အင္း သိတယ္"
"ကၽြန္ေတာ္ကသူ႔ခ်စ္သူေလ၊ နာမည္က ဝူဂ်င္း ပါ"
Chanyeol မ်က္ခုံးတစ္ခ်က္ပင့္လိုက္မိသည္။
"ဪ အင္း"
"ဒါဆို ကၽြန္ေတာ့္ကိုခြင့္ျပဳပါဦး၊ ေနာက္မွ ထပ္ေတြ႕ၾကတာေပါ့"
ထို ဝူဂ်င္း ဆိုတဲ့ေကာင္ေလးဟာ ႏွုတ္ဆက္ၿပီးထြက္သြားေတာ့ Chanyeol လည္းလမ္းဆက္ေလၽွာက္လာလိုက္သည္။အခုအခ်ိန္ Chanyeol ရဲ့စိတ္ေတြကလတ္တေလာမွာမရွိဘဲ ညေနအိမ္ျပန္ခ်ိန္ဆီမွာပဲရွိေနတာမို႔ တျခားဘာကိစၥကိုမွေသခ်ာမေတြးေတာနိုင္ပါ။
.................................................................................
"ဦး"
Chanyeol အိမ္ထဲဝင္လိုက္တာနဲ႔ ဧည့္ခန္းထဲမွာထိုင္ေနတဲ့ေကာင္ေလးဆီကေန ေခၚသံေလးထြက္လာသည္။
"အိပ္ရာကနိုးေနတာၾကာၿပီလား ေကာင္ေလး"
အေမးႏွင့္အတူ ထိုင္ေနတဲ့ေကာင္ေလးရဲ့ေဘးနားမွာ Chanyeol သြားထိုင္လိုက္ေတာ့ ေကာင္ေလးက မ်က္ႏွာခ်င္းဆိုင္နံရံမွာရွိတဲ့ TVဖန္သားျပင္အားလက္ညႇိုးေလးထိုးျပပါသည္။
"႐ုပ္ရွင္ၾကည့္ေနတာလား၊ ကာတြန္းကားလား"
လက္ထဲကအိတ္ကိုစားပြဲေပၚခ်လိုက္ၿပီး လြတ္လပ္သြားၿပီျဖစ္တဲ့လက္ျဖင့္ ေကာင္ေလးရဲ့ခါးၾကားကိုလက္လၽွိုဝင္ကာ Chanyeol သိုင္းဖက္ထားလိုက္သည္။
ထိုအခါ ေကာင္ေလးရဲ့ေခါင္းလုံးလုံးေလးဟာလည္း Chanyeol ရဲ့ရင္ဘက္ေပၚမွီတြယ္လာခဲ့သည္။အခုေနာက္ပိုင္း ကေလးအေဖေလးက Chanyeol ႏွင့္ပိုၿပီးနီးကပ္လာတာသိသိသာသာမို႔ အမ်ားႀကီးေက်နပ္ရပါသည္။
"ဟုတ္တယ္ ဦး၊ Pooh ကားေလ၊ TVလိုင္းကျပန္ျပေနလို႔၊ ကၽြန္ေတာ္ႀကိဳက္တယ္"
"ဗိုက္ထဲက ကေလးေလးေရာ ႀကိဳက္တာလား"
လက္ဖဝါးျပင္ျဖင့္ ဗိုက္ကေလးကိုပြတ္သပ္ရင္း Chanyeol ေမးၾကည့္လိုက္ေတာ့ ေကာင္ေလးက အသံသဲ့သဲ့ေလးျဖင့္ရယ္ၿပီး Chanyeol ရဲ့လက္ဖမိုးေပၚထပ္ကိုင္လာပါသည္။
"အြန္း အြန္း ကေလးေလးကလည္းႀကိဳက္တယ္ထင္တယ္၊ ဒီကားၾကည့္ေနရေတာ့ ဒီေန႔မအိပ္ခ်င္ဘူး သိလား ဦး"
"ဟုတ္လား၊ အဲ့ဒါဆို ဒီေန႔ေန႔လယ္မအိပ္ထားဘူးေပါ့"
"ဟုတ္"
"အင္း၊ ညၾကမွအိပ္ရာေစာေစာဝင္ၾကတာေပါ့"
"ဟုတ္ကဲ့"
"ရႊတ္!"
ေခါင္းလုံးလုံးေလးကိုငုံ႔နမ္းလိုက္ေတာ့ ေကာင္ေလးဟာ Chanyeol ရဲ့ရင္ခြင္ထဲပိုတိုးဝင္လာသလို။
ထို႔ေနာက္ အသံေတြတိတ္ဆိတ္စြာနဲ႔ပဲ ရင္ခြင္ထဲကေကာင္ေလးကိုေထြးပိုက္ၿပီး Chanyeol လည္းကာတြန္းကားၾကည့္လိုက္ေတာ့သည္။ခ်စ္ဖို႔ေကာင္းတဲ့ဝက္ဝံေလးကလည္း ေကာင္ေလးနဲ႔တူတာပါပဲ။
:
ညစာစားဝိုင္းကေတာ့ ဒီရက္ပိုင္း အျမဲတမ္းလိုလို မိသားစုစုံစုံလင္လင္ရွိေနပါသည္။
"Hyuneeေလး စားေကာင္းရဲ့လား"
"စားေကာင္းရဲ့လား Baekhyun"
အေဖႏွင့္အေမတို႔က ဝိုင္းေမးၾကေတာ့ ေကာင္ေလးဟာ ပလုတ္ပေလာင္းစားေနရင္းမွ ေခါင္းေလးတဆတ္ဆတ္ညိမ့္ျပရွာသည္။မွဲ႕နက္ေလးရွိရာ ႏွုတ္ခမ္းပါးေထာင့္မွာေပေနတဲ့အဆီတခ်ိဳ႕ကို Chanyeol ကပဲလက္မျဖင့္ဖိသုတ္ေပးလိုက္ရသည္။
"ေကာင္းေကာင္းစားနိုင္လို႔ေတာ္ေသးတာေပါ့၊ အနံ႔ရရင္အံခ်င္တာတို႔ဘာတို႔ျဖစ္ေသးလား Hyunee"
"မျဖစ္ေတာ့ဘူးဗ်"
"ဒါဆို ေတာ္ေသးတာေပါ့၊ ဗိုက္ထဲက လိမၼာတဲ့တူေလးပဲ"
အစ္မရဲ့စကားေၾကာင့္ Chanyeol ေရာ ေကာင္ေလးပါ သေဘာတက်ျပဳံးလိုက္မိၾကသည္။
"မနက္ျဖန္ Hyunee ကိုေဆး႐ုံေခၚသြားမယ့္ရက္မလား Yeollie"
ေကာင္ေလးကိုႏွစ္ပတ္တစ္ခါေဆး႐ုံေခၚသြားၿပီး ပုံမွန္စစ္ေဆးမွုေတြျပဳလုပ္မွာျဖစ္သည္။သာမာန္လိုမဟုတ္ေတာ့ သာမာန္ထက္ပိုၿပီး Chanyeol ကဲသဲမိတာအလြန္ေတာ့မဟုတ္ပါ။
"ဟုတ္တယ္ အေမ၊ မနက္ျဖန္ေန႔လယ္ေလာက္ Baekhyunee ကိုပါရဂူနဲ႔ေတြ႕ေပးဖို႔စီစဥ္ထားတယ္"
"အင္းပါ၊ ဘယ္လိုရလဒ္ပဲရွိရွိအေမတို႔ကိုေျပာျပဦးေနာ္"
"ဟုတ္ကဲ့ အေမ"
"ဒါဆို မနက္ျဖန္ Hyuneeေလး ေဒၚေဒၚပတ္ရဲ့ဌာနကိုဝင္လာခဲ့ဦးေလ"
"ဟုတ္ကဲ့ ေဒၚေဒၚပတ္"
"Baekhyun ပင္ပန္းေနပါဦးမယ္သမီးရယ္"
"အေဖကလည္း ဌာနႏွစ္ခုကဘယ္ေလာက္မွလည္းမေဝးပါဘူး"
"အိမ္း ဒါဆို Chanyeol၊ အေဖ့ဌာနကိုလည္းဝင္ခဲ့လိုက္ၾကဦး"
"အာ ဟုတ္ကဲ့"
"အဲ့ဒါဆိုရင္ေတာ့ လာလတ္စနဲ႔အေမ့ဆီလည္းဝင္လာခဲ့ၾကဦး၊ ဟုတ္ၿပီလား"
"ဟုတ္ကဲ့ပါဗ်ာ"
Chanyeol ေခါင္းခါလၽွက္သာရယ္လိုက္မိေတာ့သည္။Park family ဟာသူတို႔အိမ္သားအသစ္ေလးကိုပြဲထုတ္ခ်င္ေနၾကတာသိသာပါသည္။
ထိုသို႔ျဖင့္ ညစာစားဝိုင္းက ထုံးစံအတိုင္း ေကာင္ေလးကို ဝိုင္းဝန္းၿပီးဂ႐ုစိုက္ေပးၾကမွုျဖင့္သာၿပီးဆုံးသြားေတာ့သည္။Chanyeol ရဲ့တစ္ဦးတည္းေသာေလးဟာ တကယ့္ကိုအခ်စ္ခံေလးပါပဲ။
.................................................................................
(ဆက္ရန္)
(၁၇.၁၂.၂၀၂၃)
သင္တန္းကစာေတြအရမ္းမ်ားေနလို႔ စာေရးတဲ့ဘက္ကိုမလွည့္နိုင္တာပါ၊ စာဖတ္သူတို႔က အလုပ္ရွိရင္ေတာင္ မိနစ္ပိုင္းေလာက္အခ်ိန္ေပးၿပီးဖတ္ရင္ တစ္ပိုင္းၿပီးတယ္ဆိုေပမယ့္၊ ေရးရတဲ့လူကက် စကားလုံးေတြပုံေဖာ္ဖို႔အခ်ိန္ေတာ္ေတာ္ယူရတာမို႔ မအားလပ္ဘဲက်န့္ၾကာမိတဲ့အခါ နားလည္ေပးၾကပါေနာ္🫶🏻