ဝိန်းရိဖန်၏နှုတ်ခမ်းပါးတို့ဟာ နွေးထွေးခြောက်ကပ်နေသဖြင့် အမှတ်တံဆိပ်တစ်ခုခတ်နှိပ်လိုက်သည့်အလား အရေပြားပေါ်၌ ပြင်းပြင်းပြပြတောက်လောင်သွားခဲ့သည်။
အသက်ရှူငွေ့များက ပေါ့ပါးသေးမျှင်ပြီး ချောချောမွေ့မွေ့ဖြင့်သဘာဝကျလွန်းကာ ငှက်မွှေးတစ်ခုလေထဲဝဲပျံနေသည့်နှယ်။ သူမ၏ခန္ဓာကိုယ်ထက်မှ နှင်းဆီရနံ့ခပ်ဖျော့ဖျော့ကိုခံစားနေမိပြီး ရိုးတွင်းချင်ဆီများထဲ၌စိုက်ပျိုးထားသည့်သဖွယ် ဘေးပတ်ဝန်းကျင်လေးမျက်နှာတခွင် ထုတ်လွှင့်ပျံ့နှံ့နေကာ တစ်ဖက်လူ၏စိတ်အာရုံကို သိသိသာသာရိပါးနေလေသည်။
အကွာအဝေးတစ်ခုမှာ အနီးကပ်ဆုံးဖြစ်နေပြီး သူမ၏မျက်တောင်မွှေးများခတ်လိုက်ချိန်တိုင်းတွင် သူ့မျက်နှာပေါ် ပွတ်ဆွဲသွားသည်မှာဖြတ်ခနဲ။ အထိအတွေ့အာရုံမှာ တဖွဖွတိုးဝင်နေသည့်ခံစားမှုများကြောင့် ပို၍ပြင်းပြလာပြီး တစ်စထက်တစ်စ သူ့အား ဆိုးဆိုးရွားရွားကို ကုတ်ခြစ်ဆွဲဆုတ်နေပါတော့သည်။
စန်းရန်၏လက်နှစ်ဖက်မှာ ထိန်းချုပ်မှုမရှိနိုင်တော့သည့်အတိုင်း အလိုလိုမြှောက်လာမိပြီး ချက်ချင်းဆိုသလိုလည်း လေဟာပြင်ထဲ၌သာ ရပ်တန့်ပစ်လိုက်၏။ မျက်လုံးကိုမှိတ် ၊ သူ့စိတ်ဆန္ဒများကို အစွမ်းကုန်ထိန်းချုပ်ထားပြီး လက်ဖဝါးနှစ်ဖက်မှသည် လက်သီးဆုတ်များအဖြစ် တင်းနေအောင်ဆုတ်လိုက်ကာ တဖြည်းဖြည်းဖြင့် လက်ပြန်ရုတ်လိုက်၏။
သူ လူတစ်ယောက်လို ပြုမူချင်ပါသေးသည်။
ယခုလို မရှောင်ဖယ်ဘဲနေခဲ့သည့်အပြုအမူတစ်ခုတည်းကပင် ဘာမှမသိသည့်သူထံမှအခွင့်အရေးယူနေခြင်းအတွက် လုံလောက်သင့်ပြီမဟုတ်လား။
ဤအချိန်အတွင်းတွင် ဝိန်းရိဖန်က ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းပြန်မတ်လိုက်ပြီးမှ သူနှင့်အကွာအဝေးတစ်ခုခြားလိုက်သည်။
သူမ၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှရှိမနေ ၊ တည်ငြိမ်လွန်းသည့်မျက်နှာထားကမသိလျှင် အခုလေးတင်ခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းထောင့်ကိုနမ်းသွားခဲ့သည့်သူက သူမ မဟုတ်သလိုမျိုးပင်။ မျက်လုံးရှေ့ရှိမြင်ကွင်းမှာ လွန်ခဲ့သောမိနစ်ပိုင်းမှ ပုံစံအတိုင်း ပြန်ပြောင်းသွားခဲ့၏။
ဘာမှမဖြစ်သွားသည့်အခြေအနေမျိုး။
"ဝေ့....ဝိန်းရွှမ်းကျန့်"
စန်းရန်က ဝိန်းရိဖန်အား လှမ်းကြည့်ပြီး ခြောက်ကပ်ကပ်နိုင်လှသည့်အသံတို့ဖြင့် ;
"မင်း အခုလေးတင် ကိုယ့်ကိုနမ်းသွားတယ်"
"....."
ကြည့်ရသည်မှာ အချိန်ပြည့်သွားခဲ့ပုံရပြီး ဝိန်းရိဖန် မတ်တပ်ထရပ်၍အိပ်ခန်းဆီသို့ လျှောက်သွားခဲ့သည်။
အခုလေးကလို စာအုပ်စင်နှင့်ထပ်တိုက်မိမည်ကိုစိုးရိမ်၍ စန်းရန်လည်း မတ်တပ်ထရပ်လိုက်၏။ သူ့စကားသံတို့မှာ သူမနိုးသွားမည်ကိုစိုးရိမ်နေသည့်အလား တိုးဖျငြင်သာနေခဲ့၍ ;
"ဒါက လူကိုနမ်းပြီး ထွက်ပြေးတော့မလို့လား"
ဝိန်းရိဖန်က နှေးနှေးကွေးကွေးသာလျှောက်နေခဲ့ပြီး သူ့အိပ်ခန်းနားမှဖြတ်သွားခါနီးတွင်တော့ တစ်ခဏပြန်ရပ်သွားခဲ့သည်။
"ဒါပေမယ့် ကိုယ်ဆိုတဲ့လူက ဒီအတိုင်းတော့ အခွင့်အရေးယူမခံနိုင်ဘူးနော်"
စန်းရန်က နံရံကိုမှီရပ်နေပြီး သူမ၏လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေရင်း
"မင်း ကိုယ့်ကိုအကြွေးတစ်ခါတင်သွားပြီ"
"....."
ဝိန်းရိဖန် အိပ်ခန်းကြီးဆီသို့ ဆက်၍လျှောက်လာခဲ့သည်။
မည်သည့်အရာကိုမှ ဝင်မတိုက်နိုင်တော့ကြောင်း အသေအချာအတည်ပြုပြီးမှသာ နောက်မှလိုက်ကြည့်ပေးနေသည့် စန်းရန်၏ခြေလှမ်းများ ရပ်တန့်ပစ်လိုက်၏။ သူ့မျက်ဝန်းများထဲရှိ အဓိပ္ပါယ်မှာ မသဲမကွဲ ၊ ကျန်နေသေးသည့်စကားလုံးတို့ကိုလည်း ဖြေးဖြေးချင်းဆိုလာခဲ့သည်။
"မင်း နိုးလာတဲ့အချိန်ကျမှပဲ ကိုယ့်ကို ပြန်ပေးပေါ့"
------
အိပ်ရေးပျက်ထားခြင်းကြောင့်လားမသိ ဝိန်းရိဖန်သည် နောက်တစ်နေ့ မနက် ၁၀နာရီဝန်းကျင်မှသာ နှိုးစက်မြည်သံကြောင့် အိပ်ရာနိုးလာခဲ့သည်။ အိပ်မှုန်စုံမွှားဖြင့် နှိုးစက်ကိုပိတ် ၊ အိပ်ရာထဲပြန်လှဲနေကာ တော်တော်ကြာပြီးသွားမှ ခက်ခက်ခဲခဲထထိုင်လိုက်သည်။
သူမ၏အမူအရာတို့မှာ နွေးနွေးထွေးထွေးရှိလှပြီး ပုံမှန်ဖြစ်သောအကျင့်တစ်ခုအရ တံခါးဝဆီတစ်ချက်လှမ်းကြည့်ပြီးနောက် ဘာမှမဖြစ်ထားသည့်အတိုင်း ချက်ချင်းအကြည့်ပြန်လွှဲလိုက်သေးသည်။
နောက်သုံးစက္ကန့်အကြာတွင် ဝိန်းရိဖန်၏မျက်လုံးက ပို၍ပွင့်လာကာ တံခါးရှေ့မှနေရာတစ်ဝိုက်အား ပြန်ကြည့်မိလိုက်၏။ ထိုနေရာတွင် ဗလာချည်းသက်သက် ၊ သူမ ချထားသည့်ထိုင်ခုံက ရှိမနေ။ မျက်တောင်များလှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး အိပ်ရာထဲမှရုတ်ချည်း ကောက်ထကာ ဘေးပတ်ပတ်လည်ကိုဝေ့ဝဲကြည့်တော့သည်။
ကြာကြာပင်မကြည့်လိုက်ရဘဲ ထိုင်ခုံက မှန်တင်ခုံဘေး၌ရှိနေကြောင်းကို တွေ့လိုက်ရ၏။ သူ ရှိနေရမည့်နေရာတစ်ခုတွင် ပြန်ရောက်နေပြီး ဘာမှအမှားအယွင်းဖြစ်မနေသည့်ပုံစံမျိုးပင်။
ဝိန်းရိဖန် အတွေအတွေအဝေဝေဖြစ်သွားခဲ့၏။
မဟုတ်မှလွဲ မနေ့ညက သူမ အိပ်ချင်လွန်းနေခဲ့၍ ထိုင်ခုံကိုရွေ့ထားခဲ့ပါသည်ဟု စိတ်ထင်နေမိခြင်းလား။
ဒါမှမဟုတ် အိပ်နေရင်းလမ်းထလျှောက်ခြင်းလား။
ဤအခိုက်အတန့်တွင် ဝိန်းရိဖန်တစ်ယောက် အိပ်ခန်းထဲ၌ ကင်မရာတပ်ဆင်ထားချင်လာပြီး သူမ အိပ်နေရင်းလမ်းထလျှောက်သည့်အချိန်လုပ်မိသည့်အရာများကို မှတ်တမ်းတင်ချင်လာမိတော့သည်။ သို့မှသာ ဖြစ်သွားခဲ့သည့်လုပ်ရပ်များနှင့်ပတ်သတ်၍ ဘာမှမသိနေခြင်းမျိုး မဖြစ်တော့မည်။
အကယ်၍များ တစ်ခုခု အမှန်တကယ်ဖြစ်ခဲ့လျှင်တောင် အနည်းဆုံးအနေဖြင့် ပြဿနာကိုဖြေရှင်းပေးရန် စဥ်းစားချိန်ရပါဦးမည်။ အိပ်ရာထက်မှထလာပြီး မနေ့ညက ထိုင်ခုံရွှေ့မရွှေ့ကိစ္စအား အသေအချာစဥ်းစားရင်း ရေချိုးခန်းထဲဝင်လာခဲ့သည်။
သို့သော် ဤပြဿနာမှာ စဥ်းစားလေလေ မသေချာလေလေ။
ပြင်ဆင်ပြီးနောက်တွင် ဝိန်းရိဖန် အိပ်ခန်းထဲမှထွက်လာခဲ့သည်။ အချိန်လည်း နောက်ကျနေပြီဖြစ်သောကြောင့် အသင့်စား၍ရမည့်ဆန်းဒဝစ်ချ်တစ်ခုယူပြီး အိမ်ပြင်ထွက်ရန် စီစဥ်ထားသော်ငြား မီးဖိုချောင်ထဲဝင်ဝင်ချင်းပင် ခေါက်ဆွဲပြုတ်နေသည့်စန်းရန်နှင့် တည့်တည့်တိုးလေသည်။
သူမ၏ ခြေလှမ်းများ တုံ့ခနဲရပ်သွားသလို....
စန်းရန်ကလည်း သူမကို တစ်ချက်လှမ်းကြည့်လာ၏။
လေထုအခြေအနေမှာ ကသိကအောက်နိုင်လျက်။
အရင်ရက်များတွင်ရှိနေခဲ့သည့် သူမကိုယ်ပေါ်မှာ ကသိကအောက်နိုင်မှုများက ယခုအချိန်တွင် စန်းရန်ကိုယ်ပေါ်သို့ လွှဲပြောင်းသွားခဲ့ပုံရသည်။ သို့သော် သူ့အမူအရာက မည်သည့်ခံစားချက်မျိုးကိုမှ ဖော်ပြနေခြင်းမရှိ ၊ သူ့ဘက်က စကားစပြောလာခြင်းလည်းမရှိသည့်အတွက် သူမဘက်ကသာ ထင်ယောင်ထင်မှားဖြစ်နေရသလိုလို။
ဝိန်းရိဖန်က ရေခဲသေတ္တာကိုပိတ်လိုက်ရင်း တွန့်တွန့်ဆုတ်ဆုတ်ဖြင့်
"ငါ မနေ့ညက...."
စန်းရန်က ခေါက်ဆွဲအိုးအား တူဖြင့်မွှေနေခြင်းဖြစ်သည်။
သူမ၏စကားသံတို့က သိသိသာသာတိုးဖျသွားခဲ့၍ ;
"အိပ်နေရင်းလမ်းထလျှောက်သေးလား"
စန်းရန်က အေးအေးလူလူဖြင့်သာ 'အင်း' ဟု အသံပြုလိုက်၏။
"ဒါဆို ငါ ဘာမှတော့မလုပ်မိဘူးမလား?"
စန်းရန်ဘက်မှ အဖြေကိုမစောင့်ဘဲ ၊ ဝိန်းရိဖန်က အရင်ကပြောခဲ့ဖူးသည့်စကားများကို ပြန်ဆွဲယူလာခဲ့ပြီး ;
"ငါ နင့်ကို အရင်ကပြောခဲ့ဖူးသလိုမျိုး ငါ အိပ်နေရင်းလမ်းထလျှောက်တာကိုတွေ့ရင် ငါ့ကိုမမြင်ရတဲ့လေလိုမျိုးပဲ သဘောထားလိုက်နော် ၊ တကယ်လို့ ငါက နင့်အနားကပ်လာလို့ရှိရင် ချက်ချင်းရှောင်သွားလိုက်"
ဤစကားအဆုံးတွင် စန်းရန်က မီးဖိုကိုပိတ်လိုက်၏။
"ကိုယ်ကတောင် ဘာမှမပြောရသေးဘဲနဲ့ မင်းက ဘာဖြစ်လို့ ဆက်ဆံရေးကို ဒီလောက်ထိရှင်းရှင်းလင်းလင်းတွေဖြတ်တောက်ချင်နေရတာလဲ"
ဝိန်းရိဖန် ;
"ဆက်ဆံရေးကိုရှင်းသွားအောင်လုပ်နေတာမဟုတ်ဘူးလေ ၊ ငါက နင့်ကို သတိပေးနေတာ"
စန်းရန်က ခေါက်ဆွဲအိုးကို မ,ယူလိုက်ရင်း ;
"စားဦးမလား"
ဝိန်းရိဖန်က အချိန်မှာအရမ်းနောက်ကျနေပြီဖြစ်၍ မစားတော့မည့်အကြောင်း ဆိုလိုက်ချင်သော်ငြား အိုးထဲမှခေါက်ဆွဲများကိုကြည့်လိုက်ပြီး တွေဝေသွားခဲ့၏။ ဤအချိန်ပင်ရောက်နေပြီဖြစ်ကာ ထပ်နောက်ကျလည်း မထူးပါတော့ချေ။
"စားမယ်"
စန်းရန် ;
"ကိုယ့်ဘာသာကိုယ် ပန်းကန်ယူခဲ့"
ဝိန်းရိဖန်က ပန်းကန်စင်ထဲမှ ပန်းကန်လုံးနှစ်လုံးကိုထုတ်လာပြီး စန်းရန်၏အမြီးသဖွယ် အနောက်မှတကောက်ကောက်လိုက်၍ ;
"ဒါဆို ငါ မနေ့ညတုန်းက ဘာတွေလုပ်မိသွားသေးလဲ ၊ နင် အဲ့ချိန်ထိ မအိပ်သေးတာလား"
မနေ့ညက ညနှစ်နာရီထိုးခါနီးမှ အိပ်ရာဝင်ခဲ့ကြောင်းကိုတော့ သူမ မှတ်မိပါသေးသည်။
စန်းရန် ;
"ညသန်းခေါင် သန့်စင်ခန်းဝင်တာ"
ဝိန်းရိဖန်က ထိုင်ခုံတွင်အကျအနထိုင်လိုက်ပြီး ထပ်ပြောလာမည့်စကားလုံးများကို စိတ်ရှည်ရှည်ဖြင့်စောင့်နေလေသည်။ သို့သော် သူ့မျက်နှာရရေးကိုသာ အာရုံစိုက်နေသည့်သူက အချိန်ကြာသည်အထိ စကားထပ်၍ဆိုမလာ ၊ ထို့ကြောင့် သူမဘက်က စ၍ ;
"ငါ မနေ့ညကရော....ဟို....မဆီလျော်တဲ့အပြုအမူတွေ လုပ်မိသေးလား"
မျက်နှာရဖို့ရာအတွက် ပြင်ဆင်ပြီးသွားသည့်လူက သူမ၏အရှေ့သို့ရောက်လာကာ စန်းရန်က သူမအား ခပ်လျော့လျော့ပြုံး၍ကြည့်လာ၏။
"မနေ့ညကလား?"
ဝိန်းရိဖန် ;
"အင်း"
စန်းရန်က သုံးလေးစက္ကန့်မျှရပ်သွားပြီး ပြန်တွေးကြည့်နေသည့်ပုံစံမျိုးဖြင့် ;
"အရင်ကလိုမျိုးတွေတော့ မလုပ်ပါဘူး"
ဝိန်းရိဖန် သက်ပြင်းချလိုက်မိ၏။
သူက ဆက်၍ ;
"ဒါပေမယ့်..."
ဝိန်းရိဖန် ချက်ချင်း ခေါင်းပြန်ထောင်ခဲ့၏။
စန်းရန်က ပြုံးပြလာပြီး ;
"အရင်ကထက်ကိုလွန်တဲ့ဟာတွေ လုပ်ထားတာ"
ဝိန်းရိဖန် ; "?"
သူမ၏ ဖြစ်သွားခဲ့သည့်မျက်နှာအမူအရာကို ကြည့်နေသည့်စန်းရန်က မျက်ခုံးပင့်မြှောက်ပြလာ၏။
"မဖြူစင်တဲ့အတွေးတွေ ခေါင်းထဲတန်းပေါ်လာတဲ့မျက်နှာမျိုး မလုပ်ပြပါနဲ့"
"...."
သူမ အဲ့လိုတွေးဖို့ စိတ်တောင်မကူးထားဘူး!!!
ဝိန်းရိဖန်တစ်ယောက် မကြာခင်ရူးသွားနိုင်လောက်မည့် ကိုယ့်စိတ်ကိုကိုယ် အရင်ဆုံးတည်ငြိမ်အောင် လုပ်လိုက်၏။ မျက်နှာအသွင်အပြင်တည်ငြိမ်လာသည်နှင့်အမျှ ဤပြဿနာမှာ ကြီးကြီးမားမားမဟုတ်နိုင်လောက်ကြောင်း ခံစားလာမိပြီး နှုတ်ခမ်းပါးကိုတင်းတင်းစေ့လျက်
"အဲ့တော့?"
"အသေးစိတ်ကိုတော့ ကိုယ် မပြောပြတော့ဘူးနော်"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့် ;
"မင်း နားထောင်ပြီးသွားရင် ကမ္ဘာကြီးပြိုကျသွားသလိုမျိုး ခံစားသွားရမှာကို ကိုယ်စိုးရိမ်လို့ ၊ ငါ့မှာ ဒီလိုမျိုးအခြမ်းလည်း ရှိနေပါလားဆိုပြီး ကိုယ့်ကိုကိုယ် မယုံကြည်နိုင်ဖြစ်နေမှာ"
"...."
စန်းရန် ;
"ကိုယ်ကလေ....အဲ့လိုမျိုးထိ ဂရုတစိုက်တွေးပေးတတ်ပြီး သည်းညည်းခံတတ်တဲ့လူ"
"ကိစ္စမရှိဘူး ၊ နင် ပြောကြည့်"
ဝိန်းရိဖန် တံတွေးမြိုချရင်း ;
"ငါ လက်ခံနိုင်တယ်"
စန်းရန် သူမအား လှမ်းကြည့်လိုက်၏။ အကြည့်များက သူမ၏မျက်ဝန်းများမှတဆင့် အောက်သို့ဆင်းသွားပြီး တစ်နေရာ၌ အခြေချလိုက်ကာ သူ့မျက်ဝန်းများက နက်သထက်နက်လာရင်း နှုတ်ခမ်းပါးများကပါ ရေးရေးလေးကွေးတက်လာခဲ့သည်။ အကြည့်များကိုလွှဲလိုက်ပြီးနောက် အသံနေအသံထားက လုံးဝတည်ငြိမ်ပြီး သူ့ပုံစံက အလွန်အမင်းကိုအနိုင်ကျင့်ခံထားရသည့်ပုံစံမျိုးဖြင့် ;
"ထားလိုက်ပါတော့ ၊ ကိုယ် ပြောမထွက်ဘူး"
ဝိန်းရိဖန် ; "....."
နင့်ရဲ့ ဒီအကျင့်နဲ့
နင့်မေကြီးတော်ကြီးက , ပြောမထွက်တဲ့ , စကား , ရှိသေးတယ်လား!
"ကိုယ် ပြောစရာတော့ရှိတယ်"
စန်းရန်က လက်ချောင်းထိပ်များဖြင့် စားပွဲခုံကိုခေါက်လိုက်၏။
"အခုတလောမှာ ကိုယ်က စိတ်ကြည်နေတာမလို့ အချိန်တစ်ခုစာအထိ ဒီကိစ္စနဲ့ပတ်သတ်ပြီး လျစ်လျူရှုထားပေးမှာပါ "
"...."
"ဒါပေမယ့် နောက်ဆိုရင်တော့ ကိုယ် မင်းကို တစ်ခုချင်းစီ တစ်ခုချင်းစီ ပြန်ပေးခိုင်းမှာ"
ဝိန်းရိဖန်အတွက်တော့ အကြွေးတင်နေသည့်ခံစားချက်ကြီးအား အမှန်တကယ်မနှစ်မြို့လှသဖြင့် ;
"အခုပြန်ပေးလို့မရဘူးလား"
စန်းရန်က ခန္ဓာကိုယ်ကိုအနောက်သို့မှီချလိုက်ရင်း ;
"အခုက အချိန်မကျသေးဘူး"
ဝိန်းရိဖန် ;
"ဒါဆို ဘယ်လိုမျိုးပြန်ပေးရမှာလဲ"
စန်းရန်က ပြန်မဖြေ။
လက်ရှိအခြေအနေကြီးကြောင့် ဝိန်းရိဖန်က မဆီမဆိုင်ဖြင့် အရင်တစ်ခေါက် 'Overtime' ဘားကိုသွားသည့်အချိန်တုန်းက ပါးစပ်မှလွတ်ခနဲထွက်သွားသည့် 'စန်းထို့ဖန်(သင်္ကတခေါင်းကြီး)' ဆိုသည့်စကားလုံးကို အမှတ်ရလိုက်၏။ ထိုအချိန်တုန်းက စန်းရန်ဘက်မှပင် သူမက သူ့အား အပျော်ငှားယူနေသည်ဟု ထင်သွားခဲ့သေးသည်။
('ထို့ဖန်'က အဓိပ္ပါယ်ကောက်ရင် အခကြေးငွေယူပြီးလိုက်တဲ့ ဟိုလိုကောင်လေးမျိုးကို ပြောချင်တာ)
လက်ရှိတွင် သူမလုပ်ထားမိလောက်မည့်အပြုအမူမှာလည်း 'အပျော်မြည်းစား'နေသည်နှင့်ပင် တူနေပြီဖြစ်ရာ အကြီးအကျယ်အမြတ်ထုတ်နေခြင်းမဟုတ်ရုံတမယ်။
သူမဘက်က မကောင်းတတ်သည့်ကိစ္စမျိုးကိုလုပ်ထားသည့်အတွက် သူ့အား စိတ်ထိခိုက်သွားရသည့်နစ်နာကြေးမျိုး ပေးရမည်မဟုတ်လား။
ဖြစ်နိုင်ချေအများဆုံးမှာ သည်လိုအဓိပ္ပါယ်ပင်ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဝိန်းရိဖန်က သူမလုပ်ထားမိသည့်အပြုအမူမျိုးအတွက် ဘယ်လိုပြန်ပေးရမည်ကိုလည်း စဥ်းစား၍မရဖြစ်နေသောကြောင့် ချက်ကျလက်ကျအဖြစ်ဆုံး ဖြေရှင်းချက်တစ်ခုကိုသာ တွေးကြည့်နိုင်ခဲ့ပြီး ချိတုံချတုံဖြင့်
"ဟို....ပြန်ပေးရမှာက ပိုက်ဆံနဲ့လား"
စန်းရန်၏အမူအရာမှာ တုံ့ခနဲရပ်တန့်သွားခဲ့တော့သည်။
"ဟိုဟာလေ....နင် အရင်ဆုံး အကြွေးမှတ်ထားပေးလို့ရလား"
ဝိိန်းရိဖန်က လက်ရှိအချိန်တွင် အနည်းငယ်အရှက်ရလာမိပါသော်လည်း အထူးတလည် အောင့်အည်းမနေချင်တော့ဘဲ ;
"နောက်ကျမှ နင် ငါ့ကို ပြန်သတိပေး"
စန်းရန်သည် ဝိန်းရိဖန်အား စူးစိုက်၍သာကြည့်နေပြီး ဤအကြောင်းအရာနှင့်ပတ်သတ်၍စကားမဆိုလာတော့ဘဲ စိတ်မရှည့်တော့သည့်အမူအရာဖြင့် ;
"မြန်မြန်စား"
-----
ထို့နောက်တွင်တော့ အခြေအနေများက ပြောင်းပြန်သဘောဖြစ်သွားခဲ့သည်။
ဝိန်းရိဖန်သည် အရင်တစ်ခေါက်တည်းက အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် သူ့ကိုနမ်းသွားခဲ့သည့်အကြောင်းကို ကြားထားပြီးပြီဖြစ်၍ သူမအနေဖြင့် ယုံနိုင်သည်ဖြစ်စေ မယုံနိုင်သည်ဖြစ်စေ လက်ခံထားနိုင်ခဲ့ပြီ။
စန်းရန်ကိုယ်တိုင်က ဤတစ်ကြိမ်တွင် သူမက အရင်ကထက်ပိုဆိုးသည့်ကိစ္စကိုလုပ်ထားကြောင်း ပြောလာပါသော်လည်း စန်းရန်ကအမြဲတမ်းလျှောက်ပြောနေတတ်သည့်ဖြစ်သည့်အတွက် ဝိန်းရိဖန်လည်း ကိုယ့်ကိုကိုယ် အရမ်းလွန်လွန်ကျူးကျူးလုပ်ထားမိလောက်မည်မဟုတ်ကြောင်း ယုံကြည်ပါသေးသည်။
အရင်တစ်ခေါက်က သူ့ကို နမ်းမိသည့်ကိစ္စမှာ သူ့ဘက်မှ ကြိုတင်ပြင်ဆင်ချိန်မရလိုက်ခြင်းကြောင့် ဟု သတ်မှတ်၍ရသော်လည်း ယခုတစ်ကြိမ်မှာမူ သူမထံ၌ အိပ်နေရင်းလမ်းထလျှောက်တတ်သည့်အကျင့်ရှိကြောင်း စန်းရန်သိထားပြီးဖြစ်ကာ အကယ်၍ တရားလွန်ကိစ္စမျိုးများလုပ်လိုက်လျှင်တောင် သူ မရှောင်ဖယ်နိုင်သည်မျိုးမှာ မဖြစ်နိုင်ချေ။
ဝိန်းရိဖန် ဤတစ်ကြိမ် အိပ်နေရင်းလမ်းထလျှောက်သည့်ကိစ္စအား ရေးကြီးခွင်ကျယ်မလုပ်တော့၏။
ပြောင်းပြန်အနေဖြင့် စန်းရန်ဘက်တွင်မူ ပို၍ထူးဆန်းလာပြီး သူ့အခြေအနေမှာ သူမ၏အရင်ကဖြစ်ပျက်နေသည့်ပုံစံနှင့်ပင် သွားဆင်တူနေလေသည်။ သူမ၏နှေးနှေးကွေးကွေးသာတုန့်ပြန်နားလည်တတ်သည့်အကျင့်ကြောင့် တော်တော်လေးကြာမှ တွေးကြည့်မိလိုက်သည့်တစ်ခုမှာ သူမဘက်က နမ်းမိလိုက်သည့်ကိစ္စက စန်းရန်အတွက် ယခုလိုမျိုးထိလက်မခံနိုင်ဖြစ်သွားစေခြင်းလား။
ညအိပ်ရာမဝင်ခင်တိုင်း ထိုင်ခုံကို တံခါးရှေ့၌အသေအချာထားမထား အစစ်အဆေးပြုခြင်းကြောင့် သူမ၏အိပ်နေရင်းလမ်းထလျှောက်သည့်အကြိမ်ရေမှာ တော်တော်ကြာမှ တစ်ကြိမ်တစ်လေဖြစ်တတ်ပြီး သိပ်မများကြောင်း အကြမ်းဖျင်းခန့်မှန်း၍ရခဲ့သည်။ ထို့အပြင် စန်းရန်သည်လည်း ထိုကိစ္စကိုမကြာခဏပြောနေခြင်းမျိုးမရှိသဖြင့် သူမ တဖြည်းဖြည်းနှင့်စိတ်သက်သာရာရခဲ့သည်။
အထူးတလည်သတိမထားမိပါဘဲ ဧပြီလ၏ လကုန်ခါနီးရက်များဆီသို့ ရောက်လာခဲ့သည်။
ဟိုးအရင်က ဖုကျွမ့်ပြောဖူးသည့် ဌာနအတွင်း ဝန်ထမ်းသစ်ခန့်မည့်ကိစ္စမှာ အကြောင်းထူးလာခြင်းမရှိသည့်အတွက် ဝိန်းရိဖန်ကိုယ်တိုင် သတင်းမမှားဟုပင်ထင်လိုက်မိကာ မေ့ပျောက်လုနီးနီး။
တနင်္လာနေ့ နေ့လည်ခင်းတွင်။
ဝိန်းရိဖန်နှင့်ဖုကျွမ့်တို့ အပြင်ဘက်မှ အင်တာဗျူးပြီး ပြန်လာသည့်အချိန် ဌာနထဲ၌ မျက်နှာသစ်နှစ်ဦးကို တွေ့လိုက်ရ၏။
တစ်ဦးမှာ အမျိုးသား ၊ တစ်ဦးမှာ အမျိုးသမီး ဖြစ်ပြီး နှစ်ယောက်စလုံးက ကျောင်းသားအရွယ်လေးများနှင့်တူလွန်းသည်။ လမ်းပြပေးမည့်ဆရာလည်းမရှိသေးသည့်အတွက် သူတို့နှစ်ဦးမှာ လက်ရှိအချိန်တွင် ဘာမှလုပ်စရာမရှိသေးဘဲ နေရာ၌သာထိုင်ပြီး စာတမ်းများ ဖတ်နေလေသည်။
ဖုကျွမ့်က သူတို့ထဲမှတစ်ဦးနှင့် ရင်းနှီးပုံရပြီး လှမ်းနှုတ်ဆက်လိုက်၏။
"မုချန်ယွင်"
ဤနာမည်ကြားလိုက်သည့်အခါ ဝိန်းရိဖန် ချက်ချင်းဆိုသလို ကောင်လေး၏မျက်နှာအား လှမ်းကြည့်မိလိုက်ပြီး ထိုအခါမှသာ သူမကို လက်မှတ်ထိုးပေးဖူးသည့်ကောင်လေးမှန်း အမှတ်ရလိုက်သည်။ ခေါင်းကိုတစ်ဖက်လှည့် ၊ ဖုကျွမ့်ကို လှမ်းကြည့်၍ ;
"အသိတွေလား"
"ဟုတ်တယ် ၊ ကျွန်တော့်သူငယ်ချင်း ၊ နာမည်က မုချန်ယွင်တဲ့"
ဖုကျွမ့်က တက်တက်ကြွကြွဖြင့် မိတ်ဆက်ပေးလာခဲ့၏။
"ကျွန်တော် အရင်က အစ်မကိုပြောပြဖူးတဲ့ ဌာနမှာလူခေါ်သေးလားလို့ မေးတဲ့တစ်ယောက်လေ ၊ သူက ကျွန်တော်တို့မေဂျာမှာ အရမ်းနာမည်ကြီးတာနော် ၊ ရုပ်ရှင်တောင်ရိုက်ဖူးသေးတယ်....ဆရာကြီး.."
သူတို့နှစ်ဦး၏စကားများကို နားစွန်နားဖျားကြားသွားသည့် မုချန်ယွင်က မတ်တပ်ထရပ်ပြီး နှုတ်ဆက်ရန်အနားသို့လျှောက်လာခဲ့သည်။
"စီနီယာ မင်္ဂလာပါ ၊ ကျွန်တော်က အလုပ်သင်အသစ်လေး မုချန်ယွင်ပါ"
"ရိဖန်ကျဲ မဟုတ်ရင် ဝိန်းကျဲ လို့ခေါ်လို့ရတယ် ၊ မင်းသာ စီနီယာလို့ လိုက်ခေါ်နေရင် ဒီမှာရှိတဲ့လူတွေအားလုံး မင်းရဲ့စီနီယာတွေချည်းပဲမလို့ ဘယ်သူ့ခေါ်လို့ခေါ်မှန်းမသိဖြစ်နေလိမ့်မယ်"
ဖုကျွမ့်က သူ့ကိုယ်သူလည်း ရင်ဘတ်ပုတ်ပြ၍ ;
"ငါလည်း မင်းစီနီယာပဲ"
မုချန်ယွင်က ဝိန်းရိဖန်ဆီသို့ ခွင့်တောင်းသည့်အမူအရာမျိုးဖြင့်လှမ်းကြည့်လာခဲ့၏။
"ဘယ်လိုခေါ်ခေါ်ရတယ်"
ဝိန်းရိဖန်က တဆက်တည်းဆိုသလိုဖြင့် ;
"အစ်မတို့ အရင်ကတွေ့ဖူးကြတယ်မလား"
"ဟုတ်"
မုချန်ယွင် ရှက်ပြုံးပြုံးလာ၏။
"ရိဖန်ကျဲက ကျွန်တော့်ရဲ့ Fan ဖြစ်နေလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး"
"...."
ဖုကျွမ့် ;
"အစ်မ သူ့ရဲ့ရုပ်ရှင်ကိုကြည့်ဖူးတာလား"
ဝိန်းရိဖန်က သုံးစက္ကန့်မျှငြိမ်နေပြီး အထူးတလည်ရှင်းပြမနေဘဲ ;
"အင်း"
နောက်ထပ် အလုပ်သင်ကျောင်းသူလေးပါ အနားသို့ရောက်လာ၏။ သူမ၏အပြုအမူများက ပို၍တက်တက်ကြွကြွရှိပြီး ပြုံးလိုက်သည့်အခါ သွားတက်လေးပါ ပေါ်လာသေးသည်။
"ဘာရုပ်ရှင်လဲ ၊ ငါကြည့်ဖူးလားသိအောင်လို့ ပြောကြည့်ကြည့်"
မည်သူမှအဖြေပြန်မပေးခင် ထိုကောင်မလေးကပဲဆက်၍ ;
"ဟုတ်သားပဲ ၊ ကျွန်မ နာမည်က 'ဖန်လိ' ပါ ၊ စီနီယာ....နောက်ဆိုရင် ကျွန်မလည်း ရိဖန်ကျဲ လို့ပဲခေါ်မယ်နော်"
ဝိန်းရိဖန် အသံတစ်ချက်တုံ့ပြန်လိုက်ပြီးနောက် သူတို့နှင့် စကားဆက်မပြောတော့ဘဲ အလုပ်နေရာသို့ပြန်လာခဲ့၏။ ကွန်ပြူတာကိုဖွင့်နေရင်း ဖန်လိက လက်ကိုင်ဖုန်းကိုထုတ်ပြီး ဖုကျွမ့် ၊ မုချန်ယွင်တို့နှင့် Wechat အကောင့် Add နေကြမှန်း လှမ်းမြင်နေရသည်။
တစ်ခဏကြာတွင်။
ဝိန်းရိဖန် အချက်အလက်ဖိုင်တွဲကိုဖွင့်ကြည့်လိုက်သည့်အချိန် ဘေးနားမှ အလင်းရောင်မှိန်ကျသွားမှန်းခံစားမိလိုက်သဖြင့် ခေါင်းမော့ကြည့်လိုက်ရာ မုချန်ယွင်က သူမ၏ဘေးနား၌ လာရပ်နေပြီး ယဥ်ယဥ်ကျေးကျေးဖြင့်
"ရိဖန်ကျဲ ၊ ကျွန်တော် အစ်မရဲ့ Wechat ကို add လို့ရမလား"
ဖန်လိသည်လည်း ရောက်လာပြီး ဘေးနားတွင်ရပ်နေလျက်။
ဝိန်းရိဖန် ဖုန်းကိုလှမ်းယူပြီး ခေါင်းငြိမ့်ပြလိုက်၏။
"ရတယ်"
သူငယ်ချင်းအဖြစ် လက်ခံပေးပြီးနောက်တွင် ဝိန်းရိဖန်က Wechat ထဲမှ မက်ဆေ့များအား စစ်ဆေးကြည့်လိုက်၏။ သိပ်မကြာသေးခင်ကမှ ယခုလက်ရှိအိမ်ခန်းပိုင်ရှင်ပို့ထားသည့် မက်ဆေ့တစ်စောင်ရှိနေပြီး သူမအား ယခုလအတွက် အိမ်ခန်းလခ တောင်းနေခြင်းဖြစ်သည်။
ဤမက်ဆေ့ကိုမြင်မှသာ အိမ်ခန်းလခပေးရဦးမည်ကို သတိရလာတော့၏။ အလုပ်များလွန်းနေသည့်အတွက် ဘာဆိုဘာမှလည်းမမှတ်မိပါတော့ချေ။
ဝိန်းရိဖန်က အားနာသည့်အကြောင်း စကားအမြန်ဆိုလိုက်ပြီး Online Banking စနစ်ဖြင့် ချက်ချင်းငွေလွှဲပေးလိုက်၏။ ငွေလွှဲပြီးနောက် စန်းရန်၏မက်ဆေ့ဘောက်ထဲသို့ ဝင်၍
[ ဒီလအတွက် အိမ်ခန်းလခ ပေးရတော့မယ် ]
ဝိန်းရိဖန် ; [ ငါ့ကို Alipay ကနေပဲ လွှဲပေးလိုက်လို့ရတယ် ]
နောက်တွင်တော့ ဖုန်းချထားလိုက်ပြီး စာမူကြမ်းများ ရေးနေလိုက်၏။
မိနစ်ဝက်ကြာပြီးသွားနောက်တွင်။
ဖုန်းမျက်နှာပြင် မီးလင်းလာ၏။
ကွန်ပြူတာကိုကြည့်နေရင်း ဝိန်းရိဖန်က ဖုန်းကိုကောက်ယူအား လော့ခ်ဖြည်လိုက်၏။
ဖန်သားပြင်ထက်ရှိ အသိပေးစာမှာ စန်းရန်ငွေလွှဲထားသည့်အကြောင်း။
ဝိန်းရိဖန်က ထုံးစံအတိုင်း ငွေလွှဲထားသည့်ပမာဏကို စစ်ကြည့်လိုက်သည်။
---စန်းရန်မှ သင့်အား ယွမ် ၃၀၀၀၀ ငွေလွှဲထားပါသည်။
Alipay အကောင့်ထဲမှထွက် ၊ Wechat ထဲသို့ဝင်ပြီး လက်ခံရရှိကြောင်း စာပို့တော့မည့်အခိုက်တွင် တစ်ခုခုမဟုတ်ကြောင်း သတိထားမိလိုက်ကာ Alipay အကောင့်ထဲပြန်ဝင်ပြီး စန်းရန် ငွေလွှဲထားသည့်ပမာဏကို ပြန်စစ်ကြည့်လိုက်သည်။
ဝိန်းရိဖန် အသံတိတ်ဖြင့် သုညအလုံးရေကို ရေတွက်ကြည့်လိုက်၏။
တစ် , နှစ် , သုံး , လေး ....
" ? "
သုည လေးလုံး။
ဒါဆို သောင်းဂဏန်းဖြစ်သွားပြီမလား။
တစ်လကိုမှ ယွမ် ၃၀၀၀ ပဲပေးရမှာလေ....
အကယ်၍ နောက်ထပ် သုံးလေးလ ပိုနေမယ်ဆိုရင်တောင် ယွမ် ၃၀၀၀၀ ထိ လွှဲစရာမှမလို....
ဝိန်းရိဖန်က Screenshot ရိုက်ပြီး Wechat မှတဆင့် ပို့ပေးလိုက်၏။
[ နင် ဘာလို့ဒီလောက်အများကြီးလွှဲလာတာလဲ ]
စန်းရန်က ချက်ချင်းပြန်စာပို့လာ၍ ;
[ ဟမ် ]
တစ်မိနစ်နီးပါးကြာသွားပြီးနောက်။
စန်းရန် ; [ အို့ ]
စန်းရန် ; [ သုညတစ်လုံး ပိုရိုက်မိသွားတာပဲ ]
"...."
ဝိန်းရိဖန် ; ပိုက်ဆံရှိတဲ့သူတွေများ တကယ်ကိုပဲ တမူထူးခြားပါဘိ....
အကယ်၍ သူမကသာ မပြောပြလျှင် သူ့ဘက်က လုံးဝမသိလိုက်မည့်ပုံစံမျိုး။
ဝိန်းရိဖန် ; [ ဒါဆို ငါ နင့်ကို ပြန်လွှဲပေးလိုက်မယ်နော် ]
စန်းရန် ; [ ရပြီ ]
စန်းရန် ; [ နောက်တစ်ကြိမ်အတွက်ပါ ယူထားလိုက် ]
ဝိန်းရိဖန်အနေဖြင့် စန်းရန်က တစ်လလောက်သာ ပိုနေမည်ဟုထင်မှတ်ထားခြင်းဖြစ်ရာ ဤစကားကြောင့် အနည်းငယ်ကြောင်အမ်းသွားခဲ့၏။ ထို့ကြောင့် တွေးကြည့်နေရင်း မနေနိုင်အောင်မေးကြည့်လိုက်၏။
[ နင် အလွန်ဆုံး ဘယ်နှလကြာကြာနေမှာလဲ ]
စန်းရန် ; [ ? ]
အဖြေက မသဲမကွဲဖြစ်နေသဖြင့် ဝိန်းရိဖန်က ဆက်၍
[ ငါ အတည်ပြုထားချင်လို့ ]
ဝိန်းရိဖန် ; [ မေးကြည့်ထားမှ ဘယ်အချိန်မှာ အိမ်ခန်းငှားဖော်အသစ်ထပ်ရှာမလဲဆိုတာ ဆုံးဖြတ်လို့ရမှာ ]
ဤတစ်ကြိမ်တွင် စန်းရန်က ချက်ချင်းပြန်စာမပို့လာပေ။
မိနစ်ပိုင်းကြာပြီးသွားမှ အသံမက်ဆေ့တစ်ခုပို့လာခဲ့၏။
စန်းရန်၏အသံမှာ လေးလေးပင်ပင်ရှိနေပြီး
"မင်း ကိုယ့်အပေါ်တင်နေတဲ့အကြွေး ပြန်ဆပ်ပြီးတဲ့အချိန်ထိ"
"...."
ဝိန်းရိဖန် နားမလည်ချေ။
[ ဘာအကြွေးလဲ ]
နောက်ထပ် အသံမက်ဆေ့တစ်ခု။
စန်းရန် ; "ဘာလဲ ၊ ကိုယ် မင်းကို ပြန်သတိပေးနေရဦးမှာလား"
ဝိန်းရိဖန် စဥ်းစားမရသေး။
ဤတစ်ကြိမ်တွင် စန်းရန်က စပြီး မက်ဆေ့ပို့လာခဲ့၏။
တစ်သီတသန်းရောက်ချလာသည့် မက်ဆေ့များက.....
တူအကြီးကြီးတစ်လက်နှင့်တူလေပြီး.....
သူမ၏ဦးနှောက်ထဲသို့ တစ်လုံးချင်းစီ ရိုက်ထည့်နေသည်နှင့်ပင် တူနေပါတော့သည်။
[ မင်း ]
[ ညသန်းခေါင်တုန်းက ]
[ စဥ်းစားတွေးခေါ်နိုင်စွမ်းကို စိတ်ဆန္ဒတွေက အနိုင်ပိုင်းပြီး ]
[ ကိုယ့်ကို အပိုင်ရယူဖို့ ]
[ ကြံစည်တယ် ]
*****************
~~Zawgyi~~
ဝိန္းရိဖန္၏ႏႈတ္ခမ္းပါးတို႔ဟာ ႏြေးေထြးေျခာက္ကပ္ေနသျဖင့္ အမွတ္တံဆိပ္တစ္ခုခတ္ႏွိပ္လိုက္သည့္အလား အေရျပားေပၚ၌ ျပင္းျပင္းျပျပေတာက္ေလာင္သြားခဲ့သည္။
အသက္ရႉေငြ႕မ်ားက ေပါ့ပါးေသးမွ်င္ၿပီး ေခ်ာေခ်ာေမြ႕ေမြ႕ျဖင့္သဘာဝက်လြန္းကာ ငွက္ေမႊးတစ္ခုေလထဲဝဲပ်ံေနသည့္ႏွယ္။ သူမ၏ခႏၶာကိုယ္ထက္မွ ႏွင္းဆီရနံ႕ခပ္ေဖ်ာ့ေဖ်ာ့ကိုခံစားေနမိၿပီး ရိုးတြင္းခ်င္ဆီမ်ားထဲ၌စိုက္ပ်ိဳးထားသည့္သဖြယ္ ေဘးပတ္ဝန္းက်င္ေလးမ်က္ႏွာတခြင္ ထုတ္လႊင့္ပ်ံ့ႏွံ႕ေနကာ တစ္ဖက္လူ၏စိတ္အာ႐ုံကို သိသိသာသာရိပါးေနေလသည္။
အကြာအေဝးတစ္ခုမွာ အနီးကပ္ဆုံးျဖစ္ေနၿပီး သူမ၏မ်က္ေတာင္ေမႊးမ်ားခတ္လိုက္ခ်ိန္တိုင္းတြင္ သူ႕မ်က္ႏွာေပၚ ပြတ္ဆြဲသြားသည္မွာျဖတ္ခနဲ။ အထိအေတြ႕အာ႐ုံမွာ တဖြဖြတိုးဝင္ေနသည့္ခံစားမႈမ်ားေၾကာင့္ ပို၍ျပင္းျပလာၿပီး တစ္စထက္တစ္စ သူ႕အား ဆိုးဆိုး႐ြား႐ြားကို ကုတ္ျခစ္ဆြဲဆုတ္ေနပါေတာ့သည္။
စန္းရန္၏လက္ႏွစ္ဖက္မွာ ထိန္းခ်ဳပ္မႈမရွိနိုင္ေတာ့သည့္အတိုင္း အလိုလိုျမႇောက္လာမိၿပီး ခ်က္ခ်င္းဆိုသလိုလည္း ေလဟာျပင္ထဲ၌သာ ရပ္တန့္ပစ္လိုက္၏။ မ်က္လုံးကိုမွိတ္ ၊ သူ႕စိတ္ဆႏၵမ်ားကို အစြမ္းကုန္ထိန္းခ်ဳပ္ထားၿပီး လက္ဖဝါးႏွစ္ဖက္မွသည္ လက္သီးဆုတ္မ်ားအျဖစ္ တင္းေနေအာင္ဆုတ္လိုက္ကာ တျဖည္းျဖည္းျဖင့္ လက္ျပန္႐ုတ္လိုက္၏။
သူ လူတစ္ေယာက္လို ျပဳမူခ်င္ပါေသးသည္။
ယခုလို မေရွာင္ဖယ္ဘဲေနခဲ့သည့္အျပဳအမူတစ္ခုတည္းကပင္ ဘာမွမသိသည့္သူထံမွအခြင့္အေရးယူေနျခင္းအတြက္ လုံေလာက္သင့္ၿပီမဟုတ္လား။
ဤအခ်ိန္အတြင္းတြင္ ဝိန္းရိဖန္က ခႏၶာကိုယ္ကိုျဖည္းျဖည္းခ်င္းျပန္မတ္လိုက္ၿပီးမွ သူႏွင့္အကြာအေဝးတစ္ခုျခားလိုက္သည္။
သူမ၏မ်က္ႏွာထက္တြင္ မည္သည့္အမူအရာမ်ိဳးမွရွိမေန ၊ တည္ၿငိမ္လြန္းသည့္မ်က္ႏွာထားကမသိလွ်င္ အခုေလးတင္ေခါင္းငုံ႕ၿပီး သူ႕ႏႈတ္ခမ္းေထာင့္ကိုနမ္းသြားခဲ့သည့္သူက သူမ မဟုတ္သလိုမ်ိဳးပင္။ မ်က္လုံးေရွ႕ရွိျမင္ကြင္းမွာ လြန္ခဲ့ေသာမိနစ္ပိုင္းမွ ပုံစံအတိုင္း ျပန္ေျပာင္းသြားခဲ့၏။
ဘာမွမျဖစ္သြားသည့္အေျခအေနမ်ိဳး။
"ေဝ့....ဝိန္း႐ႊမ္းက်န့္"
စန္းရန္က ဝိန္းရိဖန္အား လွမ္းၾကည့္ၿပီး ေျခာက္ကပ္ကပ္နိုင္လွသည့္အသံတို႔ျဖင့္ ;
"မင္း အခုေလးတင္ ကိုယ့္ကိုနမ္းသြားတယ္"
"....."
ၾကည့္ရသည္မွာ အခ်ိန္ျပည့္သြားခဲ့ပုံရၿပီး ဝိန္းရိဖန္ မတ္တပ္ထရပ္၍အိပ္ခန္းဆီသို႔ ေလွ်ာက္သြားခဲ့သည္။
အခုေလးကလို စာအုပ္စင္ႏွင့္ထပ္တိုက္မိမည္ကိုစိုးရိမ္၍ စန္းရန္လည္း မတ္တပ္ထရပ္လိုက္၏။ သူ႕စကားသံတို႔မွာ သူမနိုးသြားမည္ကိုစိုးရိမ္ေနသည့္အလား တိုးဖ်ျငင္သာေနခဲ့၍ ;
"ဒါက လူကိုနမ္းၿပီး ထြက္ေျပးေတာ့မလို႔လား"
ဝိန္းရိဖန္က ႏွေးႏွေးေကြးေကြးသာေလွ်ာက္ေနခဲ့ၿပီး သူ႕အိပ္ခန္းနားမွျဖတ္သြားခါနီးတြင္ေတာ့ တစ္ခဏျပန္ရပ္သြားခဲ့သည္။
"ဒါေပမယ့္ ကိုယ္ဆိုတဲ့လူက ဒီအတိုင္းေတာ့ အခြင့္အေရးယူမခံနိုင္ဘူးေနာ္"
စန္းရန္က နံရံကိုမွီရပ္ေနၿပီး သူမ၏လႈပ္ရွားမႈတိုင္းကိုလိုက္ၾကည့္ေနရင္း
"မင္း ကိုယ့္ကိုအေႂကြးတစ္ခါတင္သြားၿပီ"
"....."
ဝိန္းရိဖန္ အိပ္ခန္းႀကီးဆီသို႔ ဆက္၍ေလွ်ာက္လာခဲ့သည္။
မည္သည့္အရာကိုမွ ဝင္မတိုက္နိုင္ေတာ့ေၾကာင္း အေသအခ်ာအတည္ျပဳၿပီးမွသာ ေနာက္မွလိုက္ၾကည့္ေပးေနသည့္ စန္းရန္၏ေျခလွမ္းမ်ား ရပ္တန့္ပစ္လိုက္၏။ သူ႕မ်က္ဝန္းမ်ားထဲရွိ အဓိပ္ပါယ်မှာ မသဲမကြဲ ၊ က်န္ေနေသးသည့္စကားလုံးတို႔ကိုလည္း ေျဖးေျဖးခ်င္းဆိုလာခဲ့သည္။
"မင္း နိုးလာတဲ့အခ်ိန္က်မွပဲ ကိုယ့္ကို ျပန္ေပးေပါ့"
------
အိပ္ေရးပ်က္ထားျခင္းေၾကာင့္လားမသိ ဝိန္းရိဖန္သည္ ေနာက္တစ္ေန႕ မနက္ ၁၀နာရီဝန္းက်င္မွသာ ႏွိုးစက္ျမည္သံေၾကာင့္ အိပ္ရာနိုးလာခဲ့သည္။ အိပ္မႈန္စုံမႊားျဖင့္ ႏွိုးစက္ကိုပိတ္ ၊ အိပ္ရာထဲျပန္လွဲေနကာ ေတာ္ေတာ္ၾကာၿပီးသြားမွ ခက္ခက္ခဲခဲထထိုင္လိုက္သည္။
သူမ၏အမူအရာတို႔မွာ ႏြေးႏြေးေထြးေထြးရွိလွၿပီး ပုံမွန္ျဖစ္ေသာအက်င့္တစ္ခုအရ တံခါးဝဆီတစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ဘာမွမျဖစ္ထားသည့္အတိုင္း ခ်က္ခ်င္းအၾကည့္ျပန္လႊဲလိုက္ေသးသည္။
ေနာက္သုံးစကၠန့္အၾကာတြင္ ဝိန္းရိဖန္၏မ်က္လုံးက ပို၍ပြင့္လာကာ တံခါးေရွ႕မွေနရာတစ္ဝိုက္အား ျပန္ၾကည့္မိလိုက္၏။ ထိုေနရာတြင္ ဗလာခ်ည္းသက္သက္ ၊ သူမ ခ်ထားသည့္ထိုင္ခုံက ရွိမေန။ မ်က္ေတာင္မ်ားလႈပ္လႈပ္ရွားရွားျဖစ္ကုန္ၿပီး အိပ္ရာထဲမွ႐ုတ္ခ်ည္း ေကာက္ထကာ ေဘးပတ္ပတ္လည္ကိုေဝ့ဝဲၾကည့္ေတာ့သည္။
ၾကာၾကာပင္မၾကည့္လိုက္ရဘဲ ထိုင္ခုံက မွန္တင္ခုံေဘး၌ရွိေနေၾကာင္းကို ေတြ႕လိုက္ရ၏။ သူ ရွိေနရမည့္ေနရာတစ္ခုတြင္ ျပန္ေရာက္ေနၿပီး ဘာမွအမွားအယြင္းျဖစ္မေနသည့္ပုံစံမ်ိဳးပင္။
ဝိန္းရိဖန္ အေတြအေတြအေဝေဝျဖစ္သြားခဲ့၏။
မဟုတ္မွလြဲ မေန႕ညက သူမ အိပ္ခ်င္လြန္းေနခဲ့၍ ထိုင္ခုံကိုေ႐ြ႕ထားခဲ့ပါသည္ဟု စိတ္ထင္ေနမိျခင္းလား။
ဒါမွမဟုတ္ အိပ္ေနရင္းလမ္းထေလွ်ာက္ျခင္းလား။
ဤအခိုက္အတန့္တြင္ ဝိန္းရိဖန္တစ္ေယာက္ အိပ္ခန္းထဲ၌ ကင္မရာတပ္ဆင္ထားခ်င္လာၿပီး သူမ အိပ္ေနရင္းလမ္းထေလွ်ာက္သည့္အခ်ိန္လုပ္မိသည့္အရာမ်ားကို မွတ္တမ္းတင္ခ်င္လာမိေတာ့သည္။ သို႔မွသာ ျဖစ္သြားခဲ့သည့္လုပ္ရပ္မ်ားႏွင့္ပတ္သတ္၍ ဘာမွမသိေနျခင္းမ်ိဳး မျဖစ္ေတာ့မည္။
အကယ္၍မ်ား တစ္ခုခု အမွန္တကယ္ျဖစ္ခဲ့လွ်င္ေတာင္ အနည္းဆုံးအေနျဖင့္ ျပႆနာကိုေျဖရွင္းေပးရန္ စဥ္းစားခ်ိန္ရပါဦးမည္။ အိပ္ရာထက္မွထလာၿပီး မေန႕ညက ထိုင္ခုံေ႐ႊ႕မေ႐ႊ႕ကိစၥအား အေသအခ်ာစဥ္းစားရင္း ေရခ်ိဳးခန္းထဲဝင္လာခဲ့သည္။
သို႔ေသာ္ ဤျပႆနာမွာ စဥ္းစားေလေလ မေသခ်ာေလေလ။
ျပင္ဆင္ၿပီးေနာက္တြင္ ဝိန္းရိဖန္ အိပ္ခန္းထဲမွထြက္လာခဲ့သည္။ အခ်ိန္လည္း ေနာက္က်ေနၿပီျဖစ္ေသာေၾကာင့္ အသင့္စား၍ရမည့္ဆန္းဒဝစ္ခ်္တစ္ခုယူၿပီး အိမ္ျပင္ထြက္ရန္ စီစဥ္ထားေသာ္ျငား မီးဖိုေခ်ာင္ထဲဝင္ဝင္ခ်င္းပင္ ေခါက္ဆြဲျပဳတ္ေနသည့္စန္းရန္ႏွင့္ တည့္တည့္တိုးေလသည္။
သူမ၏ ေျခလွမ္းမ်ား တုံ႕ခနဲရပ္သြားသလို....
စန္းရန္ကလည္း သူမကို တစ္ခ်က္လွမ္းၾကည့္လာ၏။
ေလထုအေျခအေနမွာ ကသိကေအာက္နိုင္လ်က္။
အရင္ရက္မ်ားတြင္ရွိေနခဲ့သည့္ သူမကိုယ္ေပၚမွာ ကသိကေအာက္နိုင္မႈမ်ားက ယခုအခ်ိန္တြင္ စန္းရန္ကိုယ္ေပၚသို႔ လႊဲေျပာင္းသြားခဲ့ပုံရသည္။ သို႔ေသာ္ သူ႕အမူအရာက မည္သည့္ခံစားခ်က္မ်ိဳးကိုမွ ေဖာ္ျပေနျခင္းမရွိ ၊ သူ႕ဘက္က စကားစေျပာလာျခင္းလည္းမရွိသည့္အတြက္ သူမဘက္ကသာ ထင္ေယာင္ထင္မွားျဖစ္ေနရသလိုလို။
ဝိန္းရိဖန္က ေရခဲေသတၱာကိုပိတ္လိုက္ရင္း တြန့္တြန့္ဆုတ္ဆုတ္ျဖင့္
"ငါ မေန႕ညက...."
စန္းရန္က ေခါက္ဆြဲအိုးအား တူျဖင့္ေမႊေနျခင္းျဖစ္သည္။
သူမ၏စကားသံတို႔က သိသိသာသာတိုးဖ်သြားခဲ့၍ ;
"အိပ္ေနရင္းလမ္းထေလွ်ာက္ေသးလား"
စန္းရန္က ေအးေအးလူလူျဖင့္သာ 'အင္း' ဟု အသံျပဳလိုက္၏။
"ဒါဆို ငါ ဘာမွေတာ့မလုပ္မိဘူးမလား?"
စန္းရန္ဘက္မွ အေျဖကိုမေစာင့္ဘဲ ၊ ဝိန္းရိဖန္က အရင္ကေျပာခဲ့ဖူးသည့္စကားမ်ားကို ျပန္ဆြဲယူလာခဲ့ၿပီး ;
"ငါ နင့္ကို အရင္ကေျပာခဲ့ဖူးသလိုမ်ိဳး ငါ အိပ္ေနရင္းလမ္းထေလွ်ာက္တာကိုေတြ႕ရင္ ငါ့ကိုမျမင္ရတဲ့ေလလိုမ်ိဳးပဲ သေဘာထားလိုက္ေနာ္ ၊ တကယ္လို႔ ငါက နင့္အနားကပ္လာလို႔ရွိရင္ ခ်က္ခ်င္းေရွာင္သြားလိုက္"
ဤစကားအဆုံးတြင္ စန္းရန္က မီးဖိုကိုပိတ္လိုက္၏။
"ကိုယ္ကေတာင္ ဘာမွမေျပာရေသးဘဲနဲ႕ မင္းက ဘာျဖစ္လို႔ ဆက္ဆံေရးကို ဒီေလာက္ထိရွင္းရွင္းလင္းလင္းေတြျဖတ္ေတာက္ခ်င္ေနရတာလဲ"
ဝိန္းရိဖန္ ;
"ဆက္ဆံေရးကိုရွင္းသြားေအာင္လုပ္ေနတာမဟုတ္ဘူးေလ ၊ ငါက နင့္ကို သတိေပးေနတာ"
စန္းရန္က ေခါက္ဆြဲအိုးကို မ,ယူလိုက္ရင္း ;
"စားဦးမလား"
ဝိန္းရိဖန္က အခ်ိန္မွာအရမ္းေနာက္က်ေနၿပီျဖစ္၍ မစားေတာ့မည့္အေၾကာင္း ဆိုလိုက္ခ်င္ေသာ္ျငား အိုးထဲမွေခါက္ဆြဲမ်ားကိုၾကည့္လိုက္ၿပီး ေတြေဝသြားခဲ့၏။ ဤအခ်ိန္ပင္ေရာက္ေနၿပီျဖစ္ကာ ထပ္ေနာက္က်လည္း မထူးပါေတာ့ေခ်။
"စားမယ္"
စန္းရန္ ;
"ကိုယ့္ဘာသာကိုယ္ ပန္းကန္ယူခဲ့"
ဝိန္းရိဖန္က ပန္းကန္စင္ထဲမွ ပန္းကန္လုံးႏွစ္လုံးကိုထုတ္လာၿပီး စန္းရန္၏အၿမီးသဖြယ္ အေနာက္မွတေကာက္ေကာက္လိုက္၍ ;
"ဒါဆို ငါ မေန႕ညတုန္းက ဘာေတြလုပ္မိသြားေသးလဲ ၊ နင္ အဲ့ခ်ိန္ထိ မအိပ္ေသးတာလား"
မေန႕ညက ညႏွစ္နာရီထိုးခါနီးမွ အိပ္ရာဝင္ခဲ့ေၾကာင္းကိုေတာ့ သူမ မွတ္မိပါေသးသည္။
စန္းရန္ ;
"ညသန္းေခါင္ သန့္စင္ခန္းဝင္တာ"
ဝိန္းရိဖန္က ထိုင္ခုံတြင္အက်အနထိုင္လိုက္ၿပီး ထပ္ေျပာလာမည့္စကားလုံးမ်ားကို စိတ္ရွည္ရွည္ျဖင့္ေစာင့္ေနေလသည္။ သို႔ေသာ္ သူ႕မ်က္ႏွာရေရးကိုသာ အာ႐ုံစိုက္ေနသည့္သူက အခ်ိန္ၾကာသည္အထိ စကားထပ္၍ဆိုမလာ ၊ ထို႔ေၾကာင့္ သူမဘက္က စ၍ ;
"ငါ မေန႕ညကေရာ....ဟို....မဆီေလ်ာ္တဲ့အျပဳအမူေတြ လုပ္မိေသးလား"
မ်က္ႏွာရဖို႔ရာအတြက္ ျပင္ဆင္ၿပီးသြားသည့္လူက သူမ၏အေရွ႕သို႔ေရာက္လာကာ စန္းရန္က သူမအား ခပ္ေလ်ာ့ေလ်ာ့ၿပဳံး၍ၾကည့္လာ၏။
"မေန႕ညကလား?"
ဝိန္းရိဖန္ ;
"အင္း"
စန္းရန္က သုံးေလးစကၠန့္မွ်ရပ္သြားၿပီး ျပန္ေတြးၾကည့္ေနသည့္ပုံစံမ်ိဳးျဖင့္ ;
"အရင္ကလိုမ်ိဳးေတြေတာ့ မလုပ္ပါဘူး"
ဝိန္းရိဖန္ သက္ျပင္းခ်လိဳက္မိ၏။
သူက ဆက္၍ ;
"ဒါေပမယ့္..."
ဝိန္းရိဖန္ ခ်က္ခ်င္း ေခါင္းျပန္ေထာင္ခဲ့၏။
စန္းရန္က ၿပဳံးျပလာၿပီး ;
"အရင္ကထက္ကိုလြန္တဲ့ဟာေတြ လုပ္ထားတာ"
ဝိန္းရိဖန္ ; "?"
သူမ၏ ျဖစ္သြားခဲ့သည့္မ်က္ႏွာအမူအရာကို ၾကည့္ေနသည့္စန္းရန္က မ်က္ခုံးပင့္ျမႇောက္ျပလာ၏။
"မျဖဴစင္တဲ့အေတြးေတြ ေခါင္းထဲတန္းေပၚလာတဲ့မ်က္ႏွာမ်ိဳး မလုပ္ျပပါနဲ႕"
"...."
သူမ အဲ့လိုေတြးဖို႔ စိတ္ေတာင္မကူးထားဘူး!!!
ဝိန္းရိဖန္တစ္ေယာက္ မၾကာခင္႐ူးသြားနိုင္ေလာက္မည့္ ကိုယ့္စိတ္ကိုကိုယ္ အရင္ဆုံးတည္ၿငိမ္ေအာင္ လုပ္လိုက္၏။ မ်က္ႏွာအသြင္အျပင္တည္ၿငိမ္လာသည္ႏွင့္အမွ် ဤျပႆနာမွာ ႀကီးႀကီးမားမားမဟုတ္နိုင္ေလာက္ေၾကာင္း ခံစားလာမိၿပီး ႏႈတ္ခမ္းပါးကိုတင္းတင္းေစ့လ်က္
"အဲ့ေတာ့?"
"အေသးစိတ္ကိုေတာ့ ကိုယ္ မေျပာျပေတာ့ဘူးေနာ္"
စန္းရန္က ပ်င္းတိပ်င္း႐ြဲျဖင့္ ;
"မင္း နားေထာင္ၿပီးသြားရင္ ကမၻာႀကီးၿပိဳက်သြားသလိုမ်ိဳး ခံစားသြားရမွာကို ကိုယ္စိုးရိမ္လို႔ ၊ ငါ့မွာ ဒီလိုမ်ိဳးအျခမ္းလည္း ရွိေနပါလားဆိုၿပီး ကိုယ့္ကိုကိုယ္ မယုံၾကည္နိုင္ျဖစ္ေနမွာ"
"...."
စန္းရန္ ;
"ကိုယ္ကေလ....အဲ့လိုမ်ိဳးထိ ဂ႐ုတစိုက္ေတြးေပးတတ္ၿပီး သည္းညည္းခံတတ္တဲ့လူ"
"ကိစၥမရွိဘူး ၊ နင္ ေျပာၾကည့္"
ဝိန္းရိဖန္ တံေတြးၿမိဳခ်ရင္း ;
"ငါ လက္ခံနိုင္တယ္"
စန္းရန္ သူမအား လွမ္းၾကည့္လိုက္၏။ အၾကည့္မ်ားက သူမ၏မ်က္ဝန္းမ်ားမွတဆင့္ ေအာက္သို႔ဆင္းသြားၿပီး တစ္ေနရာ၌ အေျခခ်လိဳက္ကာ သူ႕မ်က္ဝန္းမ်ားက နက္သထက္နက္လာရင္း ႏႈတ္ခမ္းပါးမ်ားကပါ ေရးေရးေလးေကြးတက္လာခဲ့သည္။ အၾကည့္မ်ားကိုလႊဲလိုက္ၿပီးေနာက္ အသံေနအသံထားက လုံးဝတည္ၿငိမ္ၿပီး သူ႕ပုံစံက အလြန္အမင္းကိုအနိုင္က်င့္ခံထားရသည့္ပုံစံမ်ိဳးျဖင့္ ;
"ထားလိုက္ပါေတာ့ ၊ ကိုယ္ ေျပာမထြက္ဘူး"
ဝိန္းရိဖန္ ; "....."
နင့္ရဲ႕ ဒီအက်င့္နဲ႕
နင့္ေမႀကီးေတာ္ႀကီးက , ေျပာမထြက္တဲ့ , စကား , ရွိေသးတယ္လား!
"ကိုယ္ ေျပာစရာေတာ့ရွိတယ္"
စန္းရန္က လက္ေခ်ာင္းထိပ္မ်ားျဖင့္ စားပြဲခုံကိုေခါက္လိုက္၏။
"အခုတေလာမွာ ကိုယ္က စိတ္ၾကည္ေနတာမလို႔ အခ်ိန္တစ္ခုစာအထိ ဒီကိစၥနဲ႕ပတ္သတ္ၿပီး လ်စ္လ်ဴရႈထားေပးမွာပါ "
"...."
"ဒါေပမယ့္ ေနာက္ဆိုရင္ေတာ့ ကိုယ္ မင္းကို တစ္ခုခ်င္းစီ တစ္ခုခ်င္းစီ ျပန္ေပးခိုင္းမွာ"
ဝိန္းရိဖန္အတြက္ေတာ့ အေႂကြးတင္ေနသည့္ခံစားခ်က္ႀကီးအား အမွန္တကယ္မႏွစ္ၿမိဳ႕လွသျဖင့္ ;
"အခုျပန္ေပးလို႔မရဘူးလား"
စန္းရန္က ခႏၶာကိုယ္ကိုအေနာက္သို႔မွီခ်လိဳက္ရင္း ;
"အခုက အခ်ိန္မက်ေသးဘူး"
ဝိန္းရိဖန္ ;
"ဒါဆို ဘယ္လိုမ်ိဳးျပန္ေပးရမွာလဲ"
စန္းရန္က ျပန္မေျဖ။
လက္ရွိအေျခအေနႀကီးေၾကာင့္ ဝိန္းရိဖန္က မဆီမဆိုင္ျဖင့္ အရင္တစ္ေခါက္ 'Overtime' ဘားကိုသြားသည့္အခ်ိန္တုန္းက ပါးစပ္မွလြတ္ခနဲထြက္သြားသည့္ 'စန္းထို႔ဖန္(သကၤတေခါင္းႀကီး)' ဆိုသည့္စကားလုံးကို အမွတ္ရလိုက္၏။ ထိုအခ်ိန္တုန္းက စန္းရန္ဘက္မွပင္ သူမက သူ႕အား အေပ်ာ္ငွားယူေနသည္ဟု ထင္သြားခဲ့ေသးသည္။
('ထို႔ဖန္'က အဓိပ္ပါယ်ေကာက္ရင္ အခေၾကးေငြယူၿပီးလိုက္တဲ့ ဟိုလိုေကာင္ေလးမ်ိဳးကို ေျပာခ်င္တာ)
လက္ရွိတြင္ သူမလုပ္ထားမိေလာက္မည့္အျပဳအမူမွာလည္း 'အေပ်ာ္ျမည္းစား'ေနသည္ႏွင့္ပင္ တူေနၿပီျဖစ္ရာ အႀကီးအက်ယ္အျမတ္ထုတ္ေနျခင္းမဟုတ္႐ုံတမယ္။
သူမဘက္က မေကာင္းတတ္သည့္ကိစၥမ်ိဳးကိုလုပ္ထားသည့္အတြက္ သူ႕အား စိတ္ထိခိုက္သြားရသည့္နစ္နာေၾကးမ်ိဳး ေပးရမည္မဟုတ္လား။
ျဖစ္နိုင္ေခ်အမ်ားဆုံးမွာ သည်လိုအဓိပ္ပါယ်ပင်ဖြစ်ေပလိမ့္မည္။
ထို႔အျပင္ ဝိန္းရိဖန္က သူမလုပ္ထားမိသည့္အျပဳအမူမ်ိဳးအတြက္ ဘယ္လိုျပန္ေပးရမည္ကိုလည္း စဥ္းစား၍မရျဖစ္ေနေသာေၾကာင့္ ခ်က္က်လက္က်အျဖစ္ဆုံး ေျဖရွင္းခ်က္တစ္ခုကိုသာ ေတြးၾကည့္နိုင္ခဲ့ၿပီး ခ်ိတုံခ်တဳံျဖင့္
"ဟို....ျပန္ေပးရမွာက ပိုက္ဆံနဲ႕လား"
စန္းရန္၏အမူအရာမွာ တုံ႕ခနဲရပ္တန့္သြားခဲ့ေတာ့သည္။
"ဟိုဟာေလ....နင္ အရင္ဆုံး အေႂကြးမွတ္ထားေပးလို႔ရလား"
ဝိိန္းရိဖန္က လက္ရွိအခ်ိန္တြင္ အနည္းငယ္အရွက္ရလာမိပါေသာ္လည္း အထူးတလည္ ေအာင့္အည္းမေနခ်င္ေတာ့ဘဲ ;
"ေနာက္က်မွ နင္ ငါ့ကို ျပန္သတိေပး"
စန္းရန္သည္ ဝိန္းရိဖန္အား စူးစိုက္၍သာၾကည့္ေနၿပီး ဤအေၾကာင္းအရာႏွင့္ပတ္သတ္၍စကားမဆိုလာေတာ့ဘဲ စိတ္မရွည့္ေတာ့သည့္အမူအရာျဖင့္ ;
"ျမန္ျမန္စား"
-----
ထို႔ေနာက္တြင္ေတာ့ အေျခအေနမ်ားက ေျပာင္းျပန္သေဘာျဖစ္သြားခဲ့သည္။
ဝိန္းရိဖန္သည္ အရင္တစ္ေခါက္တည္းက အိပ္ေနရင္းလမ္းထေလွ်ာက္သည့္အခ်ိန္ သူ႕ကိုနမ္းသြားခဲ့သည့္အေၾကာင္းကို ၾကားထားၿပီးၿပီျဖစ္၍ သူမအေနျဖင့္ ယုံနိုင္သည္ျဖစ္ေစ မယုံနိုင္သည္ျဖစ္ေစ လက္ခံထားနိုင္ခဲ့ၿပီ။
စန္းရန္ကိုယ္တိုင္က ဤတစ္ႀကိမ္တြင္ သူမက အရင္ကထက္ပိုဆိုးသည့္ကိစၥကိုလုပ္ထားေၾကာင္း ေျပာလာပါေသာ္လည္း စန္းရန္ကအၿမဲတမ္းေလွ်ာက္ေျပာေနတတ္သည့္ျဖစ္သည့္အတြက္ ဝိန္းရိဖန္လည္း ကိုယ့္ကိုကိုယ္ အရမ္းလြန္လြန္က်ဴးက်ဴးလုပ္ထားမိေလာက္မည္မဟုတ္ေၾကာင္း ယုံၾကည္ပါေသးသည္။
အရင္တစ္ေခါက္က သူ႕ကို နမ္းမိသည့္ကိစၥမွာ သူ႕ဘက္မွ ႀကိဳတင္ျပင္ဆင္ခ်ိန္မရလိုက္ျခင္းေၾကာင့္ ဟု သတ္မွတ္၍ရေသာ္လည္း ယခုတစ္ႀကိမ္မွာမူ သူမထံ၌ အိပ္ေနရင္းလမ္းထေလွ်ာက္တတ္သည့္အက်င့္ရွိေၾကာင္း စန္းရန္သိထားၿပီးျဖစ္ကာ အကယ္၍ တရားလြန္ကိစၥမ်ိဳးမ်ားလုပ္လိုက္လွ်င္ေတာင္ သူ မေရွာင္ဖယ္နိုင္သည္မ်ိဳးမွာ မျဖစ္နိုင္ေခ်။
ဝိန္းရိဖန္ ဤတစ္ႀကိမ္ အိပ္ေနရင္းလမ္းထေလွ်ာက္သည့္ကိစၥအား ေရးႀကီးခြင္က်ယ္မလုပ္ေတာ့၏။
ေျပာင္းျပန္အေနျဖင့္ စန္းရန္ဘက္တြင္မူ ပို၍ထူးဆန္းလာၿပီး သူ႕အေျခအေနမွာ သူမ၏အရင္ကျဖစ္ပ်က္ေနသည့္ပုံစံႏွင့္ပင္ သြားဆင္တူေနေလသည္။ သူမ၏ႏွေးႏွေးေကြးေကြးသာတုန့္ျပန္နားလည္တတ္သည့္အက်င့္ေၾကာင့္ ေတာ္ေတာ္ေလးၾကာမွ ေတြးၾကည့္မိလိုက္သည့္တစ္ခုမွာ သူမဘက္က နမ္းမိလိုက္သည့္ကိစၥက စန္းရန္အတြက္ ယခုလိုမ်ိဳးထိလက္မခံနိုင္ျဖစ္သြားေစျခင္းလား။
ညအိပ္ရာမဝင္ခင္တိုင္း ထိုင္ခုံကို တံခါးေရွ႕၌အေသအခ်ာထားမထား အစစ္အေဆးျပဳျခင္းေၾကာင့္ သူမ၏အိပ္ေနရင္းလမ္းထေလွ်ာက္သည့္အႀကိမ္ေရမွာ ေတာ္ေတာ္ၾကာမွ တစ္ႀကိမ္တစ္ေလျဖစ္တတ္ၿပီး သိပ္မမ်ားေၾကာင္း အၾကမ္းဖ်င္းခန့္မွန္း၍ရခဲ့သည္။ ထို႔အျပင္ စန္းရန္သည္လည္း ထိုကိစၥကိုမၾကာခဏေျပာေနျခင္းမ်ိဳးမရွိသျဖင့္ သူမ တျဖည္းျဖည္းႏွင့္စိတ္သက္သာရာရခဲ့သည္။
အထူးတလည္သတိမထားမိပါဘဲ ဧၿပီလ၏ လကုန္ခါနီးရက္မ်ားဆီသို႔ ေရာက္လာခဲ့သည္။
ဟိုးအရင္က ဖုကြၽမ့္ေျပာဖူးသည့္ ဌာနအတြင္း ဝန္ထမ္းသစ္ခန့္မည့္ကိစၥမွာ အေၾကာင္းထူးလာျခင္းမရွိသည့္အတြက္ ဝိန္းရိဖန္ကိုယ္တိုင္ သတင္းမမွားဟုပင္ထင္လိုက္မိကာ ေမ့ေပ်ာက္လုနီးနီး။
တနလၤာေန႕ ေန႕လည္ခင္းတြင္။
ဝိန္းရိဖန္ႏွင့္ဖုကြၽမ့္တို႔ အျပင္ဘက္မွ အင္တာဗ်ဴးၿပီး ျပန္လာသည့္အခ်ိန္ ဌာနထဲ၌ မ်က္ႏွာသစ္ႏွစ္ဦးကို ေတြ႕လိုက္ရ၏။
တစ္ဦးမွာ အမ်ိဳးသား ၊ တစ္ဦးမွာ အမ်ိဳးသမီး ျဖစ္ၿပီး ႏွစ္ေယာက္စလုံးက ေက်ာင္းသားအ႐ြယ္ေလးမ်ားႏွင့္တူလြန္းသည္။ လမ္းျပေပးမည့္ဆရာလည္းမရွိေသးသည့္အတြက္ သူတို႔ႏွစ္ဦးမွာ လက္ရွိအခ်ိန္တြင္ ဘာမွလုပ္စရာမရွိေသးဘဲ ေနရာ၌သာထိုင္ၿပီး စာတမ္းမ်ား ဖတ္ေနေလသည္။
ဖုကြၽမ့္က သူတို႔ထဲမွတစ္ဦးႏွင့္ ရင္းႏွီးပုံရၿပီး လွမ္းႏႈတ္ဆက္လိုက္၏။
"မုခ်န္ယြင္"
ဤနာမည္ၾကားလိုက္သည့္အခါ ဝိန္းရိဖန္ ခ်က္ခ်င္းဆိုသလို ေကာင္ေလး၏မ်က္ႏွာအား လွမ္းၾကည့္မိလိုက္ၿပီး ထိုအခါမွသာ သူမကို လက္မွတ္ထိုးေပးဖူးသည့္ေကာင္ေလးမွန္း အမွတ္ရလိုက္သည္။ ေခါင္းကိုတစ္ဖက္လွည့္ ၊ ဖုကြၽမ့္ကို လွမ္းၾကည့္၍ ;
"အသိေတြလား"
"ဟုတ္တယ္ ၊ ကြၽန္ေတာ့္သူငယ္ခ်င္း ၊ နာမည္က မုခ်န္ယြင္တဲ့"
ဖုကြၽမ့္က တက္တက္ႂကြႂကြျဖင့္ မိတ္ဆက္ေပးလာခဲ့၏။
"ကြၽန္ေတာ္ အရင္က အစ္မကိုေျပာျပဖူးတဲ့ ဌာနမွာလူေခၚေသးလားလို႔ ေမးတဲ့တစ္ေယာက္ေလ ၊ သူက ကြၽန္ေတာ္တို႔ေမဂ်ာမွာ အရမ္းနာမည္ႀကီးတာေနာ္ ၊ ႐ုပ္ရွင္ေတာင္ရိုက္ဖူးေသးတယ္....ဆရာႀကီး.."
သူတို႔ႏွစ္ဦး၏စကားမ်ားကို နားစြန္နားဖ်ားၾကားသြားသည့္ မုခ်န္ယြင္က မတ္တပ္ထရပ္ၿပီး ႏႈတ္ဆက္ရန္အနားသို႔ေလွ်ာက္လာခဲ့သည္။
"စီနီယာ မဂၤလာပါ ၊ ကြၽန္ေတာ္က အလုပ္သင္အသစ္ေလး မုခ်န္ယြင္ပါ"
"ရိဖန္က်ဲ မဟုတ္ရင္ ဝိန္းက်ဲ လို႔ေခၚလို႔ရတယ္ ၊ မင္းသာ စီနီယာလို႔ လိုက္ေခၚေနရင္ ဒီမွာရွိတဲ့လူေတြအားလုံး မင္းရဲ႕စီနီယာေတြခ်ည္းပဲမလို႔ ဘယ္သူ႕ေခၚလို႔ေခၚမွန္းမသိျဖစ္ေနလိမ့္မယ္"
ဖုကြၽမ့္က သူ႕ကိုယ္သူလည္း ရင္ဘတ္ပုတ္ျပ၍ ;
"ငါလည္း မင္းစီနီယာပဲ"
မုခ်န္ယြင္က ဝိန္းရိဖန္ဆီသို႔ ခြင့္ေတာင္းသည့္အမူအရာမ်ိဳးျဖင့္လွမ္းၾကည့္လာခဲ့၏။
"ဘယ္လိုေခၚေခၚရတယ္"
ဝိန္းရိဖန္က တဆက္တည္းဆိုသလိုျဖင့္ ;
"အစ္မတို႔ အရင္ကေတြ႕ဖူးၾကတယ္မလား"
"ဟုတ္"
မုခ်န္ယြင္ ရွက္ၿပဳံးၿပဳံးလာ၏။
"ရိဖန္က်ဲက ကြၽန္ေတာ့္ရဲ႕ Fan ျဖစ္ေနလိမ့္မယ္လို႔ တကယ္မထင္ထားမိဘူး"
"...."
ဖုကြၽမ့္ ;
"အစ္မ သူ႕ရဲ႕႐ုပ္ရွင္ကိုၾကည့္ဖူးတာလား"
ဝိန္းရိဖန္က သုံးစကၠန့္မွ်ၿငိမ္ေနၿပီး အထူးတလည္ရွင္းျပမေနဘဲ ;
"အင္း"
ေနာက္ထပ္ အလုပ္သင္ေက်ာင္းသူေလးပါ အနားသို႔ေရာက္လာ၏။ သူမ၏အျပဳအမူမ်ားက ပို၍တက္တက္ႂကြႂကြရွိၿပီး ၿပဳံးလိုက္သည့္အခါ သြားတက္ေလးပါ ေပၚလာေသးသည္။
"ဘာ႐ုပ္ရွင္လဲ ၊ ငါၾကည့္ဖူးလားသိေအာင္လို႔ ေျပာၾကည့္ၾကည့္"
မည္သူမွအေျဖျပန္မေပးခင္ ထိုေကာင္မေလးကပဲဆက္၍ ;
"ဟုတ္သားပဲ ၊ ကြၽန္မ နာမည္က 'ဖန္လိ' ပါ ၊ စီနီယာ....ေနာက္ဆိုရင္ ကြၽန္မလည္း ရိဖန္က်ဲ လို႔ပဲေခၚမယ္ေနာ္"
ဝိန္းရိဖန္ အသံတစ္ခ်က္တုံ႕ျပန္လိုက္ၿပီးေနာက္ သူတို႔ႏွင့္ စကားဆက္မေျပာေတာ့ဘဲ အလုပ္ေနရာသို႔ျပန္လာခဲ့၏။ ကြန္ျပဴတာကိုဖြင့္ေနရင္း ဖန္လိက လက္ကိုင္ဖုန္းကိုထုတ္ၿပီး ဖုကြၽမ့္ ၊ မုခ်န္ယြင္တို႔ႏွင့္ Wechat အေကာင့္ Add ေနၾကမွန္း လွမ္းျမင္ေနရသည္။
တစ္ခဏၾကာတြင္။
ဝိန္းရိဖန္ အခ်က္အလက္ဖိုင္တြဲကိုဖြင့္ၾကည့္လိုက္သည့္အခ်ိန္ ေဘးနားမွ အလင္းေရာင္မွိန္က်သြားမွန္းခံစားမိလိုက္သျဖင့္ ေခါင္းေမာ့ၾကည့္လိုက္ရာ မုခ်န္ယြင္က သူမ၏ေဘးနား၌ လာရပ္ေနၿပီး ယဥ္ယဥ္ေက်းေက်းျဖင့္
"ရိဖန္က်ဲ ၊ ကြၽန္ေတာ္ အစ္မရဲ႕ Wechat ကို add လို႔ရမလား"
ဖန္လိသည္လည္း ေရာက္လာၿပီး ေဘးနားတြင္ရပ္ေနလ်က္။
ဝိန္းရိဖန္ ဖုန္းကိုလွမ္းယူၿပီး ေခါင္းၿငိမ့္ျပလိုက္၏။
"ရတယ္"
သူငယ္ခ်င္းအျဖစ္ လက္ခံေပးၿပီးေနာက္တြင္ ဝိန္းရိဖန္က Wechat ထဲမွ မက္ေဆ့မ်ားအား စစ္ေဆးၾကည့္လိုက္၏။ သိပ္မၾကာေသးခင္ကမွ ယခုလက္ရွိအိမ္ခန္းပိုင္ရွင္ပို႔ထားသည့္ မက္ေဆ့တစ္ေစာင္ရွိေနၿပီး သူမအား ယခုလအတြက္ အိမ္ခန္းလခ ေတာင္းေနျခင္းျဖစ္သည္။
ဤမက္ေဆ့ကိုျမင္မွသာ အိမ္ခန္းလခေပးရဦးမည္ကို သတိရလာေတာ့၏။ အလုပ္မ်ားလြန္းေနသည့္အတြက္ ဘာဆိုဘာမွလည္းမမွတ္မိပါေတာ့ေခ်။
ဝိန္းရိဖန္က အားနာသည့္အေၾကာင္း စကားအျမန္ဆိုလိုက္ၿပီး Online Banking စနစ္ျဖင့္ ခ်က္ခ်င္းေငြလႊဲေပးလိုက္၏။ ေငြလႊဲၿပီးေနာက္ စန္းရန္၏မက္ေဆ့ေဘာက္ထဲသို႔ ဝင္၍
[ ဒီလအတြက္ အိမ္ခန္းလခ ေပးရေတာ့မယ္ ]
ဝိန္းရိဖန္ ; [ ငါ့ကို Alipay ကေနပဲ လႊဲေပးလိုက္လို႔ရတယ္ ]
ေနာက္တြင္ေတာ့ ဖုန္းခ်ထားလိုက္ၿပီး စာမူၾကမ္းမ်ား ေရးေနလိုက္၏။
မိနစ္ဝက္ၾကာၿပီးသြားေနာက္တြင္။
ဖုန္းမ်က္ႏွာျပင္ မီးလင္းလာ၏။
ကြန္ျပဴတာကိုၾကည့္ေနရင္း ဝိန္းရိဖန္က ဖုန္းကိုေကာက္ယူအား ေလာ့ခ္ျဖည္လိုက္၏။
ဖန္သားျပင္ထက္ရွိ အသိေပးစာမွာ စန္းရန္ေငြလႊဲထားသည့္အေၾကာင္း။
ဝိန္းရိဖန္က ထုံးစံအတိုင္း ေငြလႊဲထားသည့္ပမာဏကို စစ္ၾကည့္လိုက္သည္။
---စန္းရန္မွ သင့္အား ယြမ္ ၃၀၀၀၀ ေငြလႊဲထားပါသည္။
Alipay အေကာင့္ထဲမွထြက္ ၊ Wechat ထဲသို႔ဝင္ၿပီး လက္ခံရရွိေၾကာင္း စာပို႔ေတာ့မည့္အခိုက္တြင္ တစ္ခုခုမဟုတ္ေၾကာင္း သတိထားမိလိုက္ကာ Alipay အေကာင့္ထဲျပန္ဝင္ၿပီး စန္းရန္ ေငြလႊဲထားသည့္ပမာဏကို ျပန္စစ္ၾကည့္လိုက္သည္။
ဝိန္းရိဖန္ အသံတိတ္ျဖင့္ သုညအလုံးေရကို ေရတြက္ၾကည့္လိုက္၏။
တစ္ , ႏွစ္ , သုံး , ေလး ....
" ? "
သုည ေလးလုံး။
ဒါဆို ေသာင္းဂဏန္းျဖစ္သြားၿပီမလား။
တစ္လကိုမွ ယြမ္ ၃၀၀၀ ပဲေပးရမွာေလ....
အကယ္၍ ေနာက္ထပ္ သုံးေလးလ ပိုေနမယ္ဆိုရင္ေတာင္ ယြမ္ ၃၀၀၀၀ ထိ လႊဲစရာမွမလို....
ဝိန္းရိဖန္က Screenshot ရိုက္ၿပီး Wechat မွတဆင့္ ပို႔ေပးလိုက္၏။
[ နင္ ဘာလို႔ဒီေလာက္အမ်ားႀကီးလႊဲလာတာလဲ ]
စန္းရန္က ခ်က္ခ်င္းျပန္စာပို႔လာ၍ ;
[ ဟမ္ ]
တစ္မိနစ္နီးပါးၾကာသြားၿပီးေနာက္။
စန္းရန္ ; [ အို႔ ]
စန္းရန္ ; [ သုညတစ္လုံး ပိုရိုက္မိသြားတာပဲ ]
"...."
ဝိန္းရိဖန္ ; ပိုက္ဆံရွိတဲ့သူေတြမ်ား တကယ္ကိုပဲ တမူထူးျခားပါဘိ....
အကယ္၍ သူမကသာ မေျပာျပလွ်င္ သူ႕ဘက္က လုံးဝမသိလိုက္မည့္ပုံစံမ်ိဳး။
ဝိန္းရိဖန္ ; [ ဒါဆို ငါ နင့္ကို ျပန္လႊဲေပးလိုက္မယ္ေနာ္ ]
စန္းရန္ ; [ ရၿပီ ]
စန္းရန္ ; [ ေနာက္တစ္ႀကိမ္အတြက္ပါ ယူထားလိုက္ ]
ဝိန္းရိဖန္အေနျဖင့္ စန္းရန္က တစ္လေလာက္သာ ပိုေနမည္ဟုထင္မွတ္ထားျခင္းျဖစ္ရာ ဤစကားေၾကာင့္ အနည္းငယ္ေၾကာင္အမ္းသြားခဲ့၏။ ထို႔ေၾကာင့္ ေတြးၾကည့္ေနရင္း မေနနိုင္ေအာင္ေမးၾကည့္လိုက္၏။
[ နင္ အလြန္ဆုံး ဘယ္ႏွလၾကာၾကာေနမွာလဲ ]
စန္းရန္ ; [ ? ]
အေျဖက မသဲမကြဲျဖစ္ေနသျဖင့္ ဝိန္းရိဖန္က ဆက္၍
[ ငါ အတည္ျပဳထားခ်င္လို႔ ]
ဝိန္းရိဖန္ ; [ ေမးၾကည့္ထားမွ ဘယ္အခ်ိန္မွာ အိမ္ခန္းငွားေဖာ္အသစ္ထပ္ရွာမလဲဆိုတာ ဆုံးျဖတ္လို႔ရမွာ ]
ဤတစ္ႀကိမ္တြင္ စန္းရန္က ခ်က္ခ်င္းျပန္စာမပို႔လာေပ။
မိနစ္ပိုင္းၾကာၿပီးသြားမွ အသံမက္ေဆ့တစ္ခုပို႔လာခဲ့၏။
စန္းရန္၏အသံမွာ ေလးေလးပင္ပင္ရွိေနၿပီး
"မင္း ကိုယ့္အေပၚတင္ေနတဲ့အေႂကြး ျပန္ဆပ္ၿပီးတဲ့အခ်ိန္ထိ"
"...."
ဝိန္းရိဖန္ နားမလည္ေခ်။
[ ဘာအေႂကြးလဲ ]
ေနာက္ထပ္ အသံမက္ေဆ့တစ္ခု။
စန္းရန္ ; "ဘာလဲ ၊ ကိုယ္ မင္းကို ျပန္သတိေပးေနရဦးမွာလား"
ဝိန္းရိဖန္ စဥ္းစားမရေသး။
ဤတစ္ႀကိမ္တြင္ စန္းရန္က စၿပီး မက္ေဆ့ပို႔လာခဲ့၏။
တစ္သီတသန္းေရာက္ခ်လာသည့္ မက္ေဆ့မ်ားက.....
တူအႀကီးႀကီးတစ္လက္ႏွင့္တူေလၿပီး.....
သူမ၏ဦးႏွောက္ထဲသို႔ တစ္လုံးခ်င္းစီ ရိုက္ထည့္ေနသည္ႏွင့္ပင္ တူေနပါေတာ့သည္။
[ မင္း ]
[ ညသန္းေခါင္တုန္းက ]
[ စဥ္းစားေတြးေခၚနိုင္စြမ္းကို စိတ္ဆႏၵေတြက အနိုင္ပိုင္းၿပီး ]
[ ကိုယ့္ကို အပိုင္ရယူဖို႔ ]
[ ႀကံစည္တယ္ ]
*****************