မျက်ဝန်းနှစ်စုံမှာ မျက်နှာချင်းဆိုင်ဆုံလျက်သား။
ဤအခိုက်အတန့်တွင် နောက်ခံတီဗွီက လူစကားကိုနားလည်နေသည့်အလား ပူးပေါင်းပါဝင်ပေးစွာဖြင့် အသံတိတ်သွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခွင်ကလည်း အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်နေပြီး သေမတတ်ရှက်စရာကောင်းနေသည့်လေဟာပြင်ထဲသို့ ထိုးကျသွားပါလေရော့သည်။
ဝိန်းရိဖန်က ကြောင်အမ်းပြီးစိုက်ကြည့်နေမိသည့်သူမ၏အကြည့်များကို တည်တည်ငြိမ်ငြိမ်ပြန်ရုတ်သိမ်းလိုက်၏။
အတွင်းထဲမှစိတ်ခံစားချက်များမှာတော့ လေပြင်းမုန်တိုင်းဝင်လာသည့်သဖွယ် ဝုန်းဒိုင်းကျဲနေတော့သည်။
ကိုယ့်ကို , ဖက် , သွားတယ်။
ကိုယ့်ကို , နမ်း , သွားသေးတယ်။
ဖက်တယ်။
နမ်းတယ်။
"...."
ဤစကားလုံးနှစ်လုံးက ဝိန်းရိဖန်တစ်ကိုယ်လုံးအား တဟုန်းဟုန်းတောက်ပြီးပေါက်ကွဲလာစေမိလုနီးနီး။
သူမ၏ပါးပြင်နှစ်ဖက်စလုံးဟာ ပူတက်လာခဲ့မှန်း ဝိန်းရိဖန် ရှင်းရှင်းလင်းလင်းခံစားနေမိကာ ထိုအခြင်းအရာက လုံးဝထိန်းချုပ်၍မရပါတော့ပေ။ သူမအနေဖြင့် တည်ငြိမ်ဖို့ရာ ၊ စိတ်ငြိမ်ဖို့ရာကြိုးစားပြီး ပြဿနာ၏ဖြစ်နိုင်ချေများကို ခွဲခွဲခြားခြားသုံးသပ်ကြည့်ချင်ပါသေးသည်။
ထို့အပြင် စန်းရန်ကိုလည်း ဆီလျော်မည့်အဖြေတစ်ခု ပေးရဦးမည်မဟုတ်လား။
သို့သော် စန်းရန်က သူမအား ထိုသို့လုပ်နေဖို့ရန် အချိန်လုံးဝမပေးပါဘဲ သူမအား လှမ်းကြည့်နေလျက်သားဖြင့် ;
"မဟုတ်သေးပါဘူး ၊ မင်း ဘာဖြစ်လို့ မျက်နှာတွေနီနေတာလဲ"
ဝိန်းရိဖန်က တည်တည်ငြိမ်ငြိမ်ဖြင့် ;
"အို့....နီနေတာလား"
ကုန်းမြေတိုက်ကြီး အသစ်တစ်ခု ပေါ်လာသည့်အလား စန်းရန်က သူမကိုသာစိုက်ကြည့်နေ၏။
"အင်း"
"ငါ ညနေတုန်းက အရမ်းစပ်တဲ့ဟာတွေ စားခဲ့လို့ဖြစ်တာနေမှာ"
ဝိန်းရိဖန်၏မျက်နှာမှာ အတည်ငြိမ်တစ်ချက်မပျက် ၊ တုံ့ဆိုင်းနေခြင်းလည်း လုံးဝမရှိပါဘဲနှင့် ;
"ခုဏတုန်းက ငါ့သူငယ်ချင်းလည်း ငါ့မျက်နှာနီနေတယ်လို့ ပြောသွားသေးတယ်"
စန်းရန်က နှုတ်ခမ်းကိုလျော့လျော့လေးကွေးလိုက်ကာ လုံးဝ မယုံသည့်အမူအရာမျိုးဖြင့် ;
"လက်စသတ်တော့ အဲ့လိုကိုး....."
စန်းရန် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဝိန်းရိဖန် ဂရုမစိုက်နိုင်တော့ပေ ၊ ဤပြဿနာက ဤနေရာတွင် ပြီးပြီဖြစ်သည်။ အံ့သြသွားမှုကြီးအပြီးတွင် သူမ အသေအချာပြန်တွေးကြည့်မိရာ စန်းရန်၏စကားများက တစ်နေရာရာတွင်မဖြစ်နိုင်သလိုခံစားလာမိတော့၏။
အကယ်၍ သူ့ဘက်မှ ဖက်သွားသည့်ပြဿနာတစ်ခုတည်းသာဆိုလာခဲ့လျှင် ဝိန်းရိဖန်အနေဖြင့် ဖြစ်နိုင်ခြေရှိကြောင်း လက်ခံနိုင်ပါဦးမည်။
ထို့အပြင် ဤအပြုအမူက ကြီးကြီးမားမားဟူ၍တွက်မရ။
သို့သော် ထပ်ပြောလာသည့် နမ်း....
ဝိန်းရိဖန်အတွက်တော့ အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် သူ့ကို လာရိုက်သွားပါသည်ကမှ သူပြောသွားသည့်စကားထက် ယုတ္တိရှိပါဦးမည်။
"ဒီကိစ္စကလေ....နင် ပြောတာ...."
ဝိန်းရိဖန်၏အသံတို့က ခပ်တိုးတိုးလေးသာ ကျန်နေတော့ပြီး ;
"အရမ်းချဲ့ကားလွန်းသလို ဖြစ်မနေဘူးလား ၊ ငါ့ဘက်က အိပ်နေရင်းလမ်းလျှောက်တဲ့အချိန်မှာ မတော်တဆ နင့်ကို ဝင်တိုက်မိပြီး ခန္ဓာကိုယ်ကိုထိမိသွားတာမျိုးနေမှာပါ"
"အို့ ၊ မင်း ဆိုလိုချင်တာက...."
စန်းရန်၏အသံက အေးအေးလူလူနှင့် တည့်တိုးဆန်ဆန်ပြောလာခဲ့သည်။
"ကိုယ်ကပဲ မင်းကို တမင်သက်သက်စွပ်စွဲနေတယ်လို့လား"
"...."
ဝိန်းရိဖန်က ချက်ချင်း ;
"ငါပြောတာ အဲ့လိုအဓိပ္ပါယ်မဟုတ်ဘူးလေ"
"ကိုယ်ကလည်း မင်းကို စွပ်စွဲချင်နေတာမျိုး မဟုတ်ပါဘူး"
စန်းရန်၏ဆံပင်တို့က သူ့နဖူးထက်၌ဝဲကျနေပြီး အသွင်အပြင်ကပေါ့ပေါ့ပါးပါးဖြင့် ;
"ဒါပေမယ့် အခုလက်ရှိမှာ ကိုယ်က အခွင့်အရေးယူခံထားရတဲ့ဘက်ကနော် ၊ မင်း ကိုယ့်ကို တစ်ခွန်းမကျန်ပြန်ခံပြောပြီး အပြစ်တင်နေတာတော့မဖြစ်သင့်ဘူးလေ....ဟုတ်တယ်မလား"
ဝိန်းရိဖန်က ဘာဆိုဘာမှမမှတ်မိသည့်သူဖြစ်သည့်အတွက် ယခုအချိန်တွင်တော့ ဆွံအနေသည့်သူတစ်ယောက်ကဂျင်းဆင်းမြစ်ကိုက်စားနေသည့်ခံစားချက်ကြီးသာ ဖြစ်တည်နေပါတော့၏။ ဤစကားတစ်ခွန်းက တော်တော်လေးမသင့်လျော်မှန်းသိပါသည့်တိုင် မပြောဘဲမနေနိုင်တော့၏။
"ဒီလိုပြဿနာမျိုးရှိထားတဲ့ဟာကို နင် ဘာလို့ ငါ့ကို မပြောဘဲနေရတာလဲ"
"ဘာတုန်းက မပြောဘဲနေလို့လဲ ၊ ကိုယ်ပြောတဲ့အချိန်တုန်းက မင်းပဲ အရေးကြီးတဲ့အခြေအနေမလို့ဆို"
"...."
"ကိုယ်ကလေ....အဲ့လောက်ထိ သဘောထားသေးသူမျိုးလည်း မဟုတ်ပါဘူး"
ဤစကားတစ်ခွန်းက ဝိန်းရိဖန်အား ကြောင်အမ်းသွားအောင် ပြုလုပ်နိုင်လိုက်၏။ ပြန်တွေးကြည့်လိုက်လျှင် ကျောက်ယွမ့်တုံအိမ်မှပြန်လာသည့်နောက်တစ်နေ့ မနက်ခင်းတွင် အိပ်ရာနိုးပြီးနောက် စန်းရန်ထံမှ မရှင်းမလင်းပို့ထားသည့် လက်မ Emoji ကို ရထားခဲ့သည်မဟုတ်လား။
ဝိန်းရိဖန် အသံတိတ်သွားခဲ့ရင်း ကိုယ့်ကိုကိုယ်အား စပြီးသံသယဝင်လာတော့၏။
စန်းရန်၏မကျေမနပ်ဖြစ်နေသည့်ဓါးထက်ထက်များက ဆက်၍ ;
"ဒါနဲ့လေ ဒါမျိုးကို ဘယ်လိုခေါ်တာပါလိမ့်"
ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်၏။
"နေ့ဘက် တွေးထားတဲ့အတွေးတွေကို ညဘက်မှာ အကောင်အထည်ဖော်...."
စန်းရန်ကအသံနေအသံထားကို သိသိသာသာဆွဲချပြီး ကျန်သည့်စကားလုံးများအား တမင်ပြောင်းပြောပစ်လိုက်၏။
"အိပ်နေရင်းလမ်းထလျှောက်မိတာများလား?"
ဝိန်းရိဖန်က သည်းညည်းခံထားရင်းဖြင့် ;
"ငါ နင့်ကို တစ်ခုလောက်မေးလို့ရလား"
စန်းရန် ;
"ပြော"
ဤကိစ္စကို သူစပြောလာကတည်းက ဝိန်းရိဖန်က သည်မေးခွန်းကို မေးချင်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မေးခွန်းက ကသိကအောက်နိုင်လှသည့်ဖြစ်ရာ လက်ရှိအခြေအနေထက်ပိုဆိုးသွားပြီး ရှက်စရာကောင်းနေမည်မှာမလွဲပေ။ ထို့ကြောင့် ဝိန်းရိဖန်က ထုတ်ပြောလိုက်ဖို့ရာ ဝန်လေးနေခဲ့ခြင်း။
သို့သော် ယခုအချိန်တွင်တော့ သူ့ပုံစံကြောင့် အောင့်အည်းမထားနိုင်တော့ဘဲ ;
"ငါ နင့်ရဲ့ ဘယ်နားလေးကိုနမ်းမိသွားတာလဲ...."
"...."
စန်းရန်၏အမူအရာများ ရုတ်ချည်းရပ်တန့်သွားခဲ့တော့၏။
မရေရာမပြတ်သားခြင်းများက ဤစကားတစ်ခွန်းနှင့်အတူ လေထဲတွင်ပျောက်ရှသွားခဲ့အလား လှုပ်လှုပ်ရှားရှားဖြစ်လာရကာ မတည်ငြိမ်စပြုလာတော့သည်။
စကားတစ်ခွန်းအဆုံးတွင် ဝိန်းရိဖန်သည်လည်း အတော်လေးနောင်တရသွားခဲ့သည်ပင်။ သို့သော်လည်း စကားလုံးများက ရေအစင်လိုကြည်လင်အောင် ထုတ်ပြောထားပြီးပြီဖြစ်သည့်အတွက် ပြန်ထုတ်သိမ်း၍မရနိုင် ၊ သူမ၏ဦးနှောက်ထဲတွင် မျဥ်းကြောင်းကြီးတစ်ခုသာရှိနေတော့ပြီး သူမ၏မျက်ဝန်းများမှာတော့ စန်းရန်အပေါ်၌သာ ကပ်ညှိထားမိကာ တည်တည်ငြိမ်ငြိမ် စိတ်ရှည်လက်ရှည်စောင့်ပေးနေသည့်အမူအရာမျိုး ဟန်ဆောင်နေလိုက်သည်။
စန်းရန်က မျက်တောင်များပင့်ကြည့်လာသည်နှင့်အတူ သူ့ညာဘက်ပါးပြင်တစ်နေရာအား အလျင်းသင့်သလို ထောက်ပြလာခဲ့သည်။
"ဘာလို့လဲ"
"နင် လက်ညှိုးထိုးပြနေတဲ့ နေရာက ငါတို့နှစ်ယောက်ရဲ့အရပ်ကွာခြားပုံနဲ့ဆိုရင် ငါ့အမြင်မှာတော့ ငါ..."(နမ်း)
ဝိန်းရိဖန်က နှစ်စက္ကန့်မျှရပ်သွားပြီး ထိုစကားလုံးကိုပြောမထွက်တော့သည့်အတွက် အခြားစကားလုံးပြောင်းသုံးလိုက်၏။
"လှမ်းထိဖို့ မမှီဘူးထင်တယ်နော်"
စန်းရန်က တစ်ခဏကြာကြာ သူမအား စိုက်ကြည့်နေပြီးနောက် သဘောကြီးကြီးခွင့်လွှတ်ပေးနိုင်သည့်အသံမျိုးဖြင့် ;
"ရပါတယ်လေ ၊ ဝန်မခံလည်း ဘာမှမဖြစ်ပါဘူး"
"...."
ဝိန်းရိဖန်က ရုတ်တရက်မတ်တပ်ထရပ်လိုက်၏။
"ဒါမှမဟုတ်"
စန်းရန် မော့ကြည့်လိုက်၏။
နောက်တစ်စက္ကန့်တွင် ဝိန်းရိဖန်က စကားထပ်ဆိုလာခဲ့သည်။
"ငါတို့နှစ်ယောက် နောက်တစ်ခါ ပြန်လုပ်ကြည့်ကြမလား"
"...."
စန်းရန်က ရယ်မိလိုက်၏။
"မင်း ကိုယ့်ကို နောက်တစ်ကြိမ်ထပ်ပြီး အခွင့်အရေးယူချင်တယ်ပေါ့"
"ငါ့ဘက်က နင့်ကို တကယ်ထိမှာမဟုတ်ဘူးလေ"
ဝိန်းရိဖန်က စိတ်ရှည်ရှည်ဖြင့် ;
"ငါ့စိတ်ထဲမှာ နင်ပြောတာက ဖြစ်နိုင်ခြေနည်းတယ်ထင်နေလို့ ၊ တစ်ချက်လောက် အတည်ပြုကြည့်ချင်တာ ၊ အဲ့ဒါမှ နောက်ဆို နင် ဒီမှာဆက်နေသွားတဲ့အချိန်ကျရင် နင့်လုံခြုံရေးအတွက် ဘာမှစိတ်ပူစရာမလိုဘူးဆိုတဲ့ ခံစားချက်မျိုးရှိနေအောင်လို့"
"....."
ဝိန်းရိဖန် ;
"နင် ခဏလောက် မတ်တပ်ရပ်ပေးပါလား"
စန်းရန်က ဆိုဖာပေါ်မှီနေထိုင်နေရင်း အသာအယာခေါင်းမော့ကာ ဝိန်းရိဖန်အား လှမ်းကြည့်နေလိုက်၏။ သူ့ဘက်က မည်သည့်အပိုစကားမှမဆိုလာတော့ဘဲ လက်ကိုင်ဖုန်းအား ဘေးသို့ချလိုက်ကာ ပူးပေါင်းပေးသည့်သဘောဖြင့် မတ်တပ်ရပ်ပေးလာခဲ့သည်။
နှစ်ယောက်သား၏အခြေအနေမှာ ကပြောင်းကပြန်။
စန်းရန်က သူမထက် ခေါင်းတစ်လုံးစာပိုမြင့်နေသည့်အတွက် သူမ၏ဦးခေါင်းထိပ်က သူ့မေးဖျားထိမိလုနီးနီးသာရှိသည်။ သူ့လှုပ်ရှားမှုအတိုင်း ဝိန်းရိဖန်အကြည့်များက ခြေမှအစ ခေါင်းအဆုံး သူခေါင်းငုံ့ထားရာမှ ခေါင်းထောင်ပေးလာသည်အထိ လိုက်ကြည့်နေသည်။
ဤအခြေအနေအရဆိုလျှင် သူပြောသည့်နေရာအား လုံးဝ မထိနိုင်ပါပေ။
"တွေ့လား"
ဝိန်းရိဖန်က စန်းရန်၏နှုတ်ခမ်းထောင့်စွန်းကို စိုက်ကြည့်နေပြီး စိတ်သက်သာရာလည်းရသွားခဲ့၍ ;
"ငါ ထိလို့မမှီပါဘူးဆို ၊ အဲ့ဒါကြောင့်မလို့ တစ်နေရာရာက အထင်လွဲစရာရှိနေတာနေမှာ ၊ ငါ့ဘက် ခြေဖျားထောက်ရင်ထောက် မဟုတ်ရင် နင် ခေါင်းငုံ့ပေးလာမှ...."
ဝိန်းရိဖန်က စကားပြောနေရင်း ခေါင်းမော့ကြည့်လိုက်ရာ စန်းရန်၏အကြည့်များနှင့် ဆုံစည်းသွားခဲ့ပါတော့၏။
သူမ၏အမူအရာမှာ တုံ့ခနဲရပ်သွားရင်း သူတို့နှစ်ယောက်ကြားရှိအကွာအဝေးမှာ အတော်လေးကိုမှနီးကပ်နေပြီဖြစ်ကြောင်း အခုချိန်မှသတိထားမိလိုက်ကာ ပတ်ဝန်းကျင်တစ်ခွင်မှာ တောင့်ခနဲ တင်းခနဲ။
ကြည့်ရသည်မှာ နောက်တစ်စက္ကန့်တွင် သူမ ရှေ့တွင်ရှိနေသည့် အမျိုးသားက သူမပြောသည့်အတိုင်း အမှန်တကယ်ခေါင်းငုံ့လာတော့မည့်ပုံမျိုးပင်။
ဝိန်းရိဖန် အကြည့်လွဲလိုက်မိပြီး နှလုံးခုန်သံများက ရှင်းပြမရအောင်မြန်ဆန်လာခဲ့တော့၏။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ဤပြဿနာနှင့်ပတ်သတ်၍ ထပ်ပြီးအဖြေမရှာချင်ပါတော့ချေ။
"ဒါကလည်း ငါ ခန့်မှန်းချက်ချည်းသပ်သပ်ပါ"
စန်းရန်၏မျက်ဝန်းများက မည်းနက်နေပြီး အဆုံးအစမဲ့သောညနက်ကြီးနှင့်ပင် တူနေခဲ့သည်။
"နင့်ဘက်ကလည်း ငါ့ကို လိမ်ပြောနေစရာအကြောင်းမှမရှိတာ ၊ ဒီအပြုအမူက ငါ့ထိန်းချုပ်မှုအောက်မှာမရှိလို့ဆိုပေမယ့်လည်း ငါ့ဘက်က နင့်ကို တောင်းပန်ပါတယ်"
ဝိန်းရိဖန်က တစ်ခဏမျှပြန်တွေးကြည့်လိုက်၍ ;
"တကယ်လို့ နောက်ဆို ဒီလိုအခြေအနေမျိုးထပ်ဖြစ်လာခဲ့ရင် နင် ငါ့ကို တန်းပြီးသာ တွန်းထုတ်ပစ်လိုက်"
"...."
ဝိန်းရိဖန်က တော်တော်ကြာအောင် ငြိမ်သွားခဲ့ပြီးမှ ;
"ကိုယ့်ကိုကိုယ် သေချာကာကွယ်"
စကားလုံးတသီတသန်းပြောဆိုပြီးသည်နှင့်နောက်တွင် ဝိန်းရိဖန် အိပ်ခန်းထဲပြန်လာခဲ့တော့သည်။ အိပ်ခန်းတံခါးကို ပိတ်ပြီး တံခါးဘောင်ကိုမှီထားမိရင်းက အခုလေးတင်ပြောခဲ့သည့်စကားများထဲတွင် အဘယ်လိုပေါက်ကရများပါသွားသေးသည့်အကြောင်းအား ပြန်သုံးသပ်မိလိုက်၏။
တစ်ခုချင်းစီ စဥ်းစားကြည့်ပြီး မည်သည့်နေရာမှပြဿနာမရှိတော့ကြောင်း သေချာမှာသာ ဝိန်းရိဖန် အသိစိတ်ပြန်ကပ်သွားသည့်အတိုင်း အိပ်ရာဆီသို့လျှောက်လာခဲ့သည်။
အိပ်ရာထက်လှဲချပြီး မျက်နှာကျက်အားစိုက်ကြည့်ရင်း စန်းရန် လက်ညှိုးထိုးပြသည့်နေရာကိုလည်း ပြန်မြင်ယောင်လာခဲ့သည်။
သူ့ ပါးချိုင့်ရှိသည့်နေရာပင်။
"...."
အိုင်း။
တကယ်ဖြစ်သွားတာတော့ မဟုတ်လောက်ပါဘူးမလား။
တက္ကသိုလ်တက်နေသည့်လေးနှစ်တာကာလအတွင်း အကြိမ်ရေမည်မျှမှန်းမရေတွက်နိုင်လောက်အောင် အိပ်နေရင်းလမ်းထလျှောက်ခဲ့ဖူးသော်လည်း အိပ်ခန်းဖော်သူငယ်ချင်းများထံမှ သူမသည် အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် အခြားသူအား ဖက်လားနမ်းလား လုပ်သည်ဟူ၍ မကြားခဲ့ဖူး...
သို့သော်လည်း အရင်ကဆိုလျှင်....
အမှန်တကယ်....
စန်းရန်၏ထိုပါးချိုင့်လေးအား....
အရမ်းကိုမှ သဘောကျခဲ့ရပါသည်။
လက်ရှိအချိန်တွင်တော့ ဝိန်းရိဖန်အတွက် ဘာဆိုဘာမှရေရေရာရာမရှိတော့ချေ။ ခံစားနေမိသည်မှာလည်း သူမ၏ဦးနှောက်ကြီးတစ်ခုလုံးက နွယ်ပင်များလိုရှုပ်ယှက်ခတ်နေပြီး ဘာမှလည်းစဥ်းစားမရတော့၏။ နောက်တွင် ဝိန်းရိဖန် ဆတ်ခနဲကောက်ထလိုက်ကာ စာကြည့်စားပွဲရှေ့မှထိုင်ခုံကိုယူပြီး တံခါးဝတွင်ပိတ်ထားလိုက်သည်။
ရှေ့လျှောက်ရက်များတွင်တော့ ဝိန်းရိဖန် အိပ်ရာနိုးနိုးချင်းလုပ်တတ်သည်မှာ တံခါး၌ပိတ်ချထားသည့်ထိုင်ခုံက နေရာပျက်ယွင်းမှုရှိမရှိ စစ်ဆေးရခြင်းပင်။ လောလောပြာပြာနှင့်လှမ်းကြည့်ပြီးတိုင်း ပုံမှန်မဟုတ်သည့်အရာတစ်ခုခုကို မတွေ့မှသာ စိတ်လျော့နိုင်သည်ဆိုလည်း မမှား။
စန်းရန်ပြောသည့်စကားက အမှန်လား ၊ အမှားလား ဆိုသည်မှာ အတည်မပြုနိုင်ခဲ့သော်လည်း ဝိန်းရိဖန်အနေဖြင့် သူမလုပ်မိထားသည့်ကိစ္စကြီးအတွက် အတော်လေးစိတ်မသာမယာဖြစ်ခဲ့ရသည်။ သူ့ကိုမြင်ရသည့်အခါတိုင်းလည်း စိတ်ထဲ၌ အလိုလိုမသိုးမသန့်ဖြစ်လာပြီး ကသိကအောက်နိုင်စိတ်များက အကြောင်းမရှိဘဲပေါ်ပေါ်လာတတ်တော့သည်။
ရလဒ်မှာတော့ စန်းရန်နှင့်အိမ်ခန်းမျှနေရသည်မှာ အရင်ကထက် ပို၍နေရထိုင်ရခက်လာခြင်းပင်။
သို့သော်လည်း စန်းရန်၏ပုံစံမှာမူ လုံးဝဂရုမစိုက်သည့်ပုံစံမျိုးဖြစ်ကာ ဘာမှမဖြစ်ခဲ့သည့်အတိုင်း သူ့အမူအရာတို့မှာ ပြောင်းလဲသွားခြင်းမရှိ။ ထို့ကြောင့်လည်း ဝိန်းရိဖန်ဘက်က သူမ၏အမူအရာများကို အလွန်အကျွံလုပ်ပြနေခြင်းမျိုး မလုပ်ခဲ့၏။
သူမအနေဖြင့်တော့ နောက်တစ်ကြိမ် အိပ်နေရင်းလမ်းထလျှောက်လျှင် ထပ်တူညီသည့်ကိစ္စ သို့မဟုတ် ဒီထက်ပိုဆိုးမည့်ကိစ္စများ မလုပ်မိလာစေရန်သာ ဆုတောင်းနေလိုက်တော့သည်။
မျက်စိတစ်မှိတ်စာအတွင်း မတ်လတစ်လ အချိန်ကုန်လွန်သွားခဲ့၏။
ဝိန်းရိဖန်က သည်တစ်ကြိမ်တွင် ဒါရိုက်တာထံမှ ဦးစွာခွင့်ရက်တောင်းယူခဲ့သည်။ သည်နေ့က ချင်းမင်ပွဲတော်နေ့(သင်္ချိုင်းကန်တော့ပွဲ) ၊ ဝိန်းရိဖန်က တစ်ညလုံးအိပ်မပျော်နိုင်ဖြစ်နေခဲ့သဖြင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းအချို့အား ရှာကြည့်နေပြီး မနက်မိုးသောက်လင်းခါနီးလောက်မှ တစ်မှေးအိပ်ပျော်သွားခဲ့သည်။
သို့သော်လည်း နှစ်နာရီပြည့်အောင်ပင် မအိပ်လိုက်ရဘဲ အလိုလိုနိုးလာခဲ့၏။
အိပ်ရာပေါ်မှဆင်း ၊ ရေချိုးသန့်စင်ပြီးနောက် အဝတ်ဗီဒိုထဲမှ အနက်ရောင်ဆွယ်တာကိုထုတ်ဝတ်ကာ အိပ်ခန်းထဲမှထွက်လာခဲ့သည်။ ပုံမှန်ထက် အိပ်ရာစောထခြင်းဖြစ်သောကြောင့် စန်းရန်က အိပ်နေဆဲဖြစ်ပုံရကာ ဧည့်ခန်းထဲ၌ လူရိပ်ယောင်မတွေ့ရချေ။
အပြင်ဘက်တွင် တိမ်ထူထပ်နေသဖြင့်လည်း အိမ်ထဲသို့ဝင်လာသည့်အလင်းရောင်မှာ ခပ်ဖျော့ဖျော့။
ဝိန်းရိဖန်က အစားစားချင်စိတ်မျိုးမရှိ၍ ရေခဲသေတ္တာထဲမှ နွားနို့ဘူးတစ်ဘူးကိုယူပြီးသာ အပြင်ထွက်လာတော့သည်။
သွားရမည့်လမ်းခရီးကိုတစ်ချက်ကြည့်ပြီးနောက် ဝိန်းရိဖန်က အနီးဆုံးဘတ်စ်ကားဖြင့်သာ နန်းဝူးမြို့ပြင် ဆင်ခြေဖုံးရှိ သင်္ချိုင်း ဆီသို့သွားခဲ့၏။
အရင့်အရင်အကြိမ်များတုန်းက ဝိနိးရိဖန် လာသည့်အချိန်တွင် ကျောက်ယွမ့်တုံ သို့မဟုတ် ဘကြီး ၊ ဘွားဘွားတို့နှင့်အတူလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်များတုန်းက သူတို့ကိုယ်တိုင် ဤနေရာထိ ကားမောင်းလာခဲ့ကြခြင်းဖြစ်ပြီး သည်တစ်ကြိမ်ကသာ သူမကိုယ်တိုင် ဘတ်စ်ကားဖြင့် လာခဲ့ခြင်းဖြစ်၏။
တည်နေရာက မြို့ထဲနှင့်အတော်လေးအလှမ်းဝေးပြီး ဘတ်စ်ကားနှင့်ဆိုလျှင် အသွားအပြန် အချိန် လေး၊ငါးနာရီလောက်ယူလိမ့်မည်။
ကားပေါ်မှဆင်းလာပြီးနောက် တစ်ကီလိုမီတာနီးနီး လမ်းလျှောက်ရသေးသည်။ ဤဆင်ခြေဖုံးနေရာတွင် ဆောက်လက်စလုပ်ငန်းများရှိပြီး လမ်းမကြီးသည်လည်း အချိုင့်အခွက်များအပြည့်။ တိတိကျကျသတ်မှတ်ထားသည့် ကားပါကင်မရှိသဖြင့် ကားများက ကြုံသလိုသာထိုးရပ်ထားကြ၏။
ဝိန်းရိဖန်က လက်ကိုင်ဖုန်းထဲမှညွှန်ပြနေသည့်ဦးတည်ရာအတိုင်း လျှောက်လာခဲ့သည်။
သင်္ချိုင်းမြေသို့ရောက်ပြီးချိန်တွင်။
ရိုးရိုးရှင်းရှင်း ဝင်ခွင့်စာတစ်ခုတင်ပြီးနောက် အရိုးပြာတိုက်ထဲသို့ ဝင်လာခဲ့လိုက်၏။
ကော်ရစ်တာကြီး၏ရှည်လျားပုံမှာ အဆုံးမရှိသည့်အလား ၊ ဘေးနှစ်ဖက်စလုံးကိုကြည့်လျှင် ဘီဒိုအမြင့်ကြီးများကိုအတန်းလိုက်စီထားပြီး အထဲတွင် မရေမတွက်နိုင်လှသောကြွေလွင့်သွားသူတို့၏အရိုးပြာများကို ထိန်းသိမ်းပေးထားသည်။ ဝိန်းရိဖန် တိတ်တဆိတ်သာဝင်လာခဲ့ပြီး အတန်းများထဲမှ လိုင်းတစ်နေရာတွင် ရပ်လိုက်၏။
ဖြေးဖြေးချင်းလျှောက်သွားရင်း 'ဝိန်းလျန်ဇယ်' ဆိုသည့်အမည်အား ဂရုတစိုက်ရှာကြည့်လိုက်သည်။
နောက်ဆုံးတစ်ခေါက်လာတွေ့ခဲ့သည့်အချိန်မှာ နှစ်တွေလတွေ မည်မျှပင်ကြာသွားခဲ့ပြီမှန်း မမှတ်မိပါတော့ချေ။
ဝိန်းရိဖန်က အမည်နာမတစ်ခုအား စိုက်ကြည့်နေမိပြီး ခပ်ဖွဖွလေးရေရွတ်လိုက်ဖို့ရာ အချိန်အတော်ကြာယူလိုက်ရ၍
"ဖေဖေ"
"...."
"ရွှမ်းကျန့် ပြန်ရောက်လာပြီ"
ဤသည်မှာ ပြန်ဖြေမည့်သူမရှိမည့် ခေါ်ဆိုလိုက်သံတစ်ခု။
ထိုအချိန်တုန်းကဆိုလျှင် ဝိန်းရိဖန်အတွက် လုံးဝမယုံကြည်ရဲခဲ့သည့်ကိစ္စတစ်ခု။ အခုကလေးကတင် အကောင်းကြီးရှိနေသည့်လူတစ်ယောက်က အဘယ်ကြောင့် အေးစက်နေသည့်ခန္ဓာကိုယ်ကြီးအဖြစ် ရုတ်တရက်ပြောင်းလဲသွားရပါသနည်း။ အရပ်မြင့်မြင့် သန်သန်မာမာကြီးရှိသည့်အဖေက ဘယ်လိုမကောင်းသည့်အတတ်များဖြင့်ပြုစားခံလိုက်ရသောကြောင့် ယခုလို ပုလင်းသေးသေးလေးထဲ ထည့်၍ရသွားခဲ့ပါသနည်း။
ပြန်မဖြေပေးမည့်သူ မရှိခဲ့၏။
သူမအတွက် ဤအရာများဟာ အိပ်မက်တစ်ခုလိုသာဖြစ်နေခဲ့ပြီး
နိုးထလာသည်နှင့် ပျောက်ကွယ်သွားမည့်အရာများလိုလို။
သို့သော် ဤအိပ်မက်ဆိုးက အချိန်ပြည့်မက်နေခဲ့ပြီး ဘယ်လိုပင်ကြိုးစားပြီးရုန်းကန်ခဲ့ပါစေ လုံးဝမနိုးထလာနိုင်တော့၏။
ဝိန်းရိဖန် နေရာ၌သာရပ်ပြီး စကားတစ်ခွန်းမဆိုဘဲ အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့သည်။ အချိန်တစ်ခုကြာသွားပြီးချိန်တွင် သူမ၏မျက်တောင်များလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အရိုးပြာပိုင်ရှင်၏နာမည်ရေးကဒ်ပြားမှာ ဘေးနားမှကဒ်ပြားများနှင့်ယှဥ်လိုက်လျှင် ပို၍ဖုန်ထူနေကြောင်း သတိထားမိလိုက်သည်။
ကြည့်ရသည်မှာ လာရောက်အောက်မေ့လွမ်းဆွတ်ပေးမည့်သူမရှိသည်မှာ ကြာလှခဲ့ပုံပင်။
ကျောက်ယွမ့်တုံက မိသားစုအသစ်တစ်ခုရှိသွားသည့်အတွက် သုံးလေးနှစ်ကြာလျှင်တောင် တစ်ခေါက်လောက်မှလာကြည့်လိမ့်မည်မဟုတ်။ ဘွားဘွားနှင့်ဘကြီးတို့မိသားစုသည်လည်း ပေယွီသို့ ပြောင်းသွားပြီဖြစ်၍ ဤကိစ္စလေးတစ်ခုဖြင့် နန်းဝူသို့လာကြလိမ့်မည်မဟုတ်ပေ။
နာမည်ရေးကဒ်ပြားပေါ်မှ 'ဝိန်းလျန်ဇယ်'၏အပြုံးတစ်ခုဟာ တစ်သက်စာလုံးအတွက် ထိုအခိုက်အတန့်လေးတွင်ရပ်တန့်ပေးထားခဲ့ပြီ။ နောက်ထပ်လည်း ခံစားချက်ပုံရိပ်တွေ ပြောင်းလဲပြတော့မည်မဟုတ်၏။
ဝိန်းရိဖန်၏မျက်လုံးများ တဖြည်းဖြည်းရဲတက်လာရကာ မျက်တောင်များကိုခပ်ပြင်းပြင်းခတ်နေမိရင်း ဖုန်မှုန့်များကို သုတ်ယူပစ်လိုက်သည်။
-----
အိမ်ပြန်ရောက်သည့်အချိန်မှာ ခါတိုင်းအလုပ်ဆင်းချိန်များထက် အနည်းငယ်စောလျက်။
ဝိန်းရိဖန်က ထုံးစံအတိုင်း ဧည့်ခန်းနှင့်အိပ်ခန်းငယ်ဘက်သို့ လှည့်ပတ်ကြည့်နေမိ၏ ၊ စန်းရန် ပြန်လာသေးပုံမရပေ။ ထို့နောက် မီးဖိုချောင်ထဲဝင်လာခဲ့သည်။ တစ်နေ့လုံးလည်း ဘာမှမစားရသေးသဖြင့် သူမ၏အစာအိမ်က အခုချိန်၌ နေမသာထိုင်မသာဖြစ်ခါစပြုလာခဲ့၏။
ဝိန်းရိဖန်က ချက်ရလွယ်သည့်ဆန်ပြုတ်ကို အရင်ဆုံးပြုတ်လိုက်ပြီး ရေခဲသေတ္တာထဲမှ အသားငါးဟင်းရွက်တစ်ချို့ကိုထုတ်ကာ ဆန်ပြုတ်နှင့်လိုက်ဖက်မည့် ဟင်းရည်တစ်ခွက်ချက်ရန် ပြင်လိုက်သည်။
ရေပိုက်ကိုဖွင့် ၊ သခွားသီးကိုအခွံပြီး ဆေးကြောလိုက်၏။ မီးဖိုချောင်ဓါးကိုယူပြီး အစိတ်သေးသေးလေးများအဖြစ် စနစ်တကျလှီးဖြတ်ပြီးနောက် ရေခဲသေတ္တာထဲမှ ငါးအရေခွံဘူးကိုယူကာ နှစ်ခုစာအတန်းလိုက်ချစီထားလိုက်သည်။
ချက်ပြုတ်ပြီးခါနီးတွင် စန်းရန်က အပြင်မှပြန်ရောက်လာပြီး သူ့ကုတ်အင်္ကျီကိုချွတ်ရင်း မီးဖိုချောင်ဘက်သို့လှမ်းကြည့်၍ ;
"ဒီနေ့ အလုပ်ပြေးလာတာလား"
"လုပ်စရာမရှိတာနဲ့ စောစောပြန်လာလိုက်တာ ၊ နင် ညစာစားပြီးပြီလား"
"မစားရသေးဘူး"
"ဒါဆို အတူတူစားမယ်လေ ၊ ငါ အများကြီးချက်ထားတယ်"
ဝိန်းရိဖန်က ဂတ်စ်မီးဖိုပိတ်လိုက်ကာ ဟင်းရည်အိုးကိုချ၍ ;
"ဒါပေမယ့် ညစာကို ဆန်ပြုတ်ပဲစားမှာဆိုတော့ နင် ဗိုက်ပြည့်ပါ့မလားတော့ မသိဘူး ၊ ဒါမှမဟုတ် နင် တခြားဟင်း ထပ်ချက်လိုက်မလား"
စန်းရန်က မီးဖိုချောင်ထဲဝင်လာခဲ့ပြီး သူ့အင်္ကျီလက်အားခေါက်တင်ကာ ဆန်ပြုတ်အိုးကို လှမ်းယူပေးလိုက်၏။
"ပျင်းတယ်"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
နှစ်ယောက်သားက ညစာကို တိတ်တိတ်ဆိတ်ဆိတ်သာ စားနေကြခြင်း။
အရင်စားပြီးသည့်သူက ထုံးစံအတိုင်း စန်းရန်ပင် ဖြစ်သော်လည်း သည်တစ်ကြိမ်တွင် သူက ဧည့်ခန်းထဲသို့ထထွက်မသွားဘဲ နေရာ၌သာထိုင်ပြီးဖုန်းကစားနေ၏။ ဝိန်းရိဖန်က ဆန်ပြုတ်ကို မြန်မြန်ဆန်ဆန်လက်စသတ်ပြီးနောက် မတ်တပ်ထရပ်လိုက်၍ ;
"ဒါဆို စားပွဲကို နင် ရှင်းလိုက်တော့နော်"
အရင်က ညစာကို စန်းရန်ကသာ ချက်လေ့ပြီး ပိုချက်ထားသည့်အရာများအားလုံး သူမကိုသာ စားခိုင်းခဲ့သည်။ ဤစကားက နားထောင်ကြည့်လျှင်တော့ သူမကို အကူအညီတောင်းနေသည့်ပုံစံမျိုးဖြစ်သော်ငြား 'အခြားသူ၏အစားကိုယူလျှင် ထိုက်သင့်လျောက်ပတ်သည့်ကျေးဇူးတစ်ခုကို ပြန်ပေးရမည်' ဆိုသည့်အသိတရားအရ ဝိန်းရိဖန်ဘက်က အကြိမ်တိုင်း စားပွဲရှင်းသိမ်းဆည်းပေးခဲ့သည်။ ထို့အပြင် အိမ်ထဲတွင်ပန်းကန်ဆေးစက်ရှိသဖြင့် စားပွဲရှင်းသိမ်းဆည်းပေးရုံကလွဲ၍ အခြားဘာမှလုပ်စရာမလိုပေ။
စန်းရန်က မျှမျှတတသဘောမျိုးဖြင့် ;
"ဖြစ်တယ်"
ဝိန်းရိဖန် အိပ်ခန်းထဲသို့ဝင်လာပြီး ရေချိုးသန့်စင်ပြီးသည်နှင့် အိပ်ရာပေါ်လှဲအိပ်လိုက်တော့၏။
တစ်ညလုံး နှစ်နာရီတည်းသာ အိပ်ခဲ့ပါသော်လည်း ဘာကြောင့်မှန်းမသိ အိပ်ချင်စိတ်ကရှိမနေ။ အိပ်ရာထက်၌ ဟိုလူးဒီလိမ့်လုပ်နေပြီးနောက် အတင်းအကြပ်အိပ်မည့်အစီအစဥ်အားလက်လျော့လိုက်ကာ အိပ်ရာထက်မှထ ၊ ကွန်ပြူတာကိုဖွင့်ပြီး ကျန်နေသေးသည့်စာမူများ ရေးနေလိုက်သည်။
ည နှစ်နာရီထိုးသည့်အချိန်ကျမှ ဝိန်းရိဖန် ငိုက်မျည်းလာရကာ ဖွင့်ရခက်လာသည့်မျက်လုံးများကိုပိတ်ရင်း အိပ်ရာထက်လှဲချတော့မည့်အခိုက် တစ်ခုခုကိုသတိရသွားခဲ့၍ တစ်ဖက်သို့လှည့် ၊ ထိုင်ခုံကိုယူပြီးတံခါးဝ၌ချကာ အပြင်ထွက်၍ရမည့်တစ်ခုတည်းသောလမ်းကို ပိတ်ထားလိုက်သည်။
----
ည သုံးနာရီ။
စန်းရန် နောက်ဆုံးဂိမ်းတစ်ပွဲအပြီးတွင် မီးဖိုချောင်ထဲသွားပြီး ရေခဲရေတစ်ဘူးထုတ်လိုက်၏။ အဖုံးကိုဖွင့် ၊ သုံးလေးငုံခန့်မော့သောက်ပြီးနောက် အိပ်ခန်းထဲသွားတော့မည့်အချိန်တွင် အပြင်ဘက်နားဆီမှ အသံများကိုကြားလိုက်ရသည်။
သူ့မျက်တောင်များ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကာ အပြင်လျှောက်ထွက်လာ၏။
စင်္ကြံလမ်းအတိုင်းလျှောက်လာသည့်ဝိန်းရိဖန်က သူ့ပုံရိပ်ကိုမမြင်သည့်အလား ခြေလှမ်းတစ်ချက်လေးမှတွန့်မသွားဘဲ နှေးနှေးကွေးကွေးဖြင့် လျှောက်လာလေသည်။ သူမ၏အမူအရာမှာလည်း ပျင်းရိလေးကန်နေသည့်ပုံစံမျိုးဖြစ်ကာ သူလှမ်းကြည့်လိုက်သည့်အချိန်တွင် သူမက ဘေးနားမှစာအုပ်စင်အား ဝင်တိုက်လုနီးနီး။
စန်းရန်၏မျက်ခုံး တစ်ချက်မြင့်တက်သွား၍ သူမ၏ဘေးနားသို့ အမြန်လျှောက်သွားလိုက်ကာ သူမ၏နဖူးနှင့်တိုက်မိတော့မည့်နေရာ၌ သူ့လက်ဖဝါးခံပေးလိုက်၏။ တပြိုင်နက်တည်းဆိုသလို ဝိန်းရိဖန်၏နဖူးသည် သူ့လက်ဖဝါးကို ဝင်ဆောင့်မိသွားခဲ့သည်။
လှုပ်ရှားမှုများက တုံ့ခနဲ ရပ်သွားခဲ့၍။
နောက်စက္ကန့်ပိုင်းတွင် ဝိန်းရိဖန်က ဦးတည်ရာပြောင်းသွားကာ ဆိုဖာဆီသို့ လျှောက်သွားပြန်သည်။
စန်းရန်က လက်ကိုပြန်ရုတ်ပြီး တစ်ဖက်ကလည်းရေသောက်ရင်း တစ်ဖက်က ဝိန်းရိဖန်၏လှုပ်ရှားမှုများကို ဂရုတစိုက်လိုက်ကြည့်နေ၏။
အရင်တစ်ခေါက်နှင့် အလားတူစွာ။
ဝိန်းရိဖန်က ဆိုဖာပေါ်၌ထိုင်လိုက်ပြီး ဗလာကျင်းသည့်အကြည့်များဖြင့် လေဟာပြင်ကိုစိုက်ကြည့်နေခြင်း။
စန်းရန်က အနားသို့လျှောက်သွားလိုက်ပြီး သူအရင်ထိုင်နေကျနေရာ၌မထိုင်ဘဲ ဘေးနားရှိနေသည့်ထိုင်ခုံတစ်ခုအား အလျင်းသင့်သလိုဆွဲယူကာ သူမ၏အရှေ့တည့်တည့်တွင် ထိုင်လျက်။
ဧည့်ခန်းထဲရှိ မီးရောင်များက မှိန်ပျပျ ၊ စန်းရန်သည်လည်း အထူးတလည်မီးထဖွင့်နေခြင်းမျိုးမရှိ။ အပြင်ဘက်မှဝင်လာသည့် လရောင်နှင့်အတူ စင်္ကြံလမ်းပေါ်၌ထွန်းထားသည့်မီးလုံးလေးများဖြင့်ပင် အိမ်အတွင်း၌ လုံးဝမှောင်မိုက်နေခြင်းမရှိချေ။
ပတ်ဝန်းကျင်မှာ အလွန်တရာ တိတ်ဆိတ်လွန်းနေခဲ့ပြီး....
စန်းရန် ရေသောက်နေသည့်အသံတစ်ခုတည်းသာ ရှိသည်။
အတိအကျမသိသည့်အချိန်တစ်ခုစာအပြီးတွင် အနား၌ရှိနေသည့်စန်းရန်ကို သတိထားမိသွားသည့်အလား ဝိန်းရိဖန်၏မျက်တောင်များက အောက်စိုက်ချလာ၏။ မြင်နေရသော်လည်း တွေးတောနိုင်သည့်အခြေအနေမျိုးမဟုတ်သဖြင့် ထပ်၍သာ ငြိမ်ပြီးစိုက်ကြည့်နေခြင်းမျိုး။
မှိန်ပျပျမီးရောင်အောက်မှ ညနက်ကြီးထဲတွင် ယခုလိုစိုက်ကြည့်ခံနေရသည်က အနည်းငယ်ခြောက်ခြားစရာကောင်းလွန်းသည်ဟု ထင်ပုံရသော်ငြား စန်းရန်က ရယ်ချင်စိတ်သာဖြစ်လာခဲ့၍
"နောက်ဆုံးတော့ ကိုယ့်ကို မြင်သွားပြီလား"
ဝိန်းရိဖန်က စကားမဆို ၊ မျက်လုံးများသာ လှုပ်လှုပ်ရှားရှားနေပြီး အကြည့်များက သူ့ညာဘက်နှုတ်ခမ်းထောင့်တွင် ရပ်သွားခဲ့သည်။
စန်းရန်က စနောက်ကစားလိုသည့်အမူအကျင့်ဟန်ပန်မျိုးဖြင့်
"ဘာကြည့်နေတာလဲ ဟမ်"
သူမဘက်မှ အကြည့်များထပ်မရွေ့တော့သည်ကို မြင်လိုက်ရသည့်အခါ စန်းရန်က ရုတ်တရက်ဆိုသလို ထိုနေရာက သူ၏ ထိုမိန်းကလေးဆန်လွန်းသောပါးချိုင့်ရှိသည့်နေရာမှန်း သတိရမိလိုက်ကာ မျက်နှာထက်ကအပြုံးကို အတင်းပြုတ်ရုတ်သိမ်းရန်ပြင်လိုက်တော့၏။ သို့သော် တစ်ချိန်တည်းဆိုသလို ဆိုဖာပေါ် အလှုပ်အယှက်မရှိဘဲ ငြိမ်ငြိမ်လေးထိုင်နေသည့်ဝိန်းရိဖန်က ရုတ်တရက် ကိုယ်ကိုင်းချလာခဲ့လေတော့၏။
ဟုတ်ပါ၏၊ သူရှိနေသည့် နေရာဆီ။
လှုပ်ရှားမှုက နှေးနှေးကွေးကွေးဖြစ်သော်ငြား ရည်ရွယ်ချက်ရှိသည့်ဟန်မျိုး။
သူမ၏အကြည့်တို့မှာ သူ့ညာဘက်နှုတ်ခမ်းထောင့်ကိုသာ ကြည့်နေဆဲ။
အကွာအဝေးမှာလည်း တဖြည်းဖြည်းနီးကပ်လာလျက်သားနှင့်။
တစ်စုံတစ်ရာကို မျှော်လင့်နေသည့်အလား စန်းရန်သည်လည်း သူမကို ပြန်စိုက်ကြည့်နေခဲ့ကာ လည်စလုတ်က အထက်မှအောက်သို့ ဖြည်းဖြည်းချင်းလှုပ်ရှားသွားခဲ့၏။ သူ့ဘက်မှစ၍ တစ်ခုခုကိုလည်းဦးဆောင်မလုပ်ပါသလို တစ်စက်ကလေးမှလည်းရှောင်ဖယ်လိုက်ခြင်းမရှိ ၊ သူရှိနေသည့်ပုံစံအတိုင်း ငြိမ်နေရုံလေးသာ။
ချုံခိုတိုက်ခိုက်မည့်သူတစ်ဦးက အမှောင်ရိပ်ထဲပုန်းလျှိုးနေသည့် ပုံစံမျိုးပင်။
သို့သော် တိုက်ခိုက်သူမှာ စိတ်အရှည်လွန်နေပြီး သူမဘက်မှ အခွင့်အရေးစယူမည်ကိုစောင့်နေသည့်အတိုင်း တစ်စစနှင့် ကိုယ့်ကိုကိုယ်ပေးပို့ဆက်သနေပါတော့သည်။
ဝိန်းရိဖန်က လက်ကိုမြှောက်ပြီး သူ့ပုခုံးပေါ်တင်လိုက်၏။
ဤအခိုက်အတန့်လေးတွင် အချိန်နာရီများအားလုံး နှေးကွေးသွားသည့်အလား။
တစ်စက္ကန့်ဆိုသည်မှာ တစ်နှစ်ဆိုသည့်အချိန်ထက်ပင် ကြာရှည်လွန်းသည့်အတိုင်း။
စန်းရန် မျက်လွှာအောက်သို့စိုက်ကြည့်လိုက်သည်။
ကြည့်နေခဲ့သည်မှာ သူ့အား နေ့နေ့ညညတောင့်တစွဲလမ်းအောင်ပြုလုပ်နိုင်စွမ်းလွန်းသည့် မျက်ခုံးတစ်စုံ ၊ စုတ်တံတစ်ချောင်းသဖွယ် ထူထဲလွန်းသည့် မျက်တောင်မွှေးများက သူ့နှလုံးသားတစ်ခုလုံးကို ကုတ်ခြစ်နေသလိုပါပင်။ တော်ဝင်မျက်နှာကျလေးလိုနူးညံ့ပြီး ဖြူဖွေးနေသည့်အသားအရည်ကလည်း တဖက်သို့ဖောက်ထွင်းမြင်ရလုနီးနီး။
ဝေဝါးနေသည့် မြင်ကွင်းတစ်ခုသဖွယ်ဖြစ်နေသည့်အချိန်တွင်။
နောက်တစ်စက္ကန့်၌ သူမျှော်လင့်ထားမိသည့်အတိုင်း....
စန်းရန် ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည်မှာ အရာတစ်ခုက သူ့ညာဘက်နှုတ်ခမ်းထောင့်စွန်းအား လာရောက်ထိတွေ့သွားခဲ့ခြင်းပင် ဖြစ်သည်။
**************
~~Zawgyi~~
မ်က္ဝန္းႏွစ္စုံမွာ မ်က္ႏွာခ်င္းဆိုင္ဆုံလ်က္သား။
ဤအခိုက္အတန့္တြင္ ေနာက္ခံတီဗြီက လူစကားကိုနားလည္ေနသည့္အလား ပူးေပါင္းပါဝင္ေပးစြာျဖင့္ အသံတိတ္သြားခဲ့သည္။ ပတ္ဝန္းက်င္တစ္ခြင္ကလည္း အပ္က်သံပင္ၾကားရေလာက္သည္အထိ တိတ္ဆိတ္ေနၿပီး ေသမတတ္ရွက္စရာေကာင္းေနသည့္ေလဟာျပင္ထဲသို႔ ထိုးက်သြားပါေလေရာ့သည္။
ဝိန္းရိဖန္က ေၾကာင္အမ္းၿပီးစိုက္ၾကည့္ေနမိသည့္သူမ၏အၾကည့္မ်ားကို တည္တည္ၿငိမ္ၿငိမ္ျပန္႐ုတ္သိမ္းလိုက္၏။
အတြင္းထဲမွစိတ္ခံစားခ်က္မ်ားမွာေတာ့ ေလျပင္းမုန္တိုင္းဝင္လာသည့္သဖြယ္ ဝုန္းဒိုင္းက်ဲေနေတာ့သည္။
ကိုယ့္ကို , ဖက္ , သြားတယ္။
ကိုယ့္ကို , နမ္း , သြားေသးတယ္။
ဖက္တယ္။
နမ္းတယ္။
"...."
ဤစကားလုံးႏွစ္လုံးက ဝိန္းရိဖန္တစ္ကိုယ္လုံးအား တဟုန္းဟုန္းေတာက္ၿပီးေပါက္ကြဲလာေစမိလုနီးနီး။
သူမ၏ပါးျပင္ႏွစ္ဖက္စလုံးဟာ ပူတက္လာခဲ့မွန္း ဝိန္းရိဖန္ ရွင္းရွင္းလင္းလင္းခံစားေနမိကာ ထိုအျခင္းအရာက လုံးဝထိန္းခ်ဳပ္၍မရပါေတာ့ေပ။ သူမအေနျဖင့္ တည္ၿငိမ္ဖို႔ရာ ၊ စိတ္ၿငိမ္ဖို႔ရာႀကိဳးစားၿပီး ျပႆနာ၏ျဖစ္နိုင္ေခ်မ်ားကို ခြဲခြဲျခားျခားသုံးသပ္ၾကည့္ခ်င္ပါေသးသည္။
ထို႔အျပင္ စန္းရန္ကိုလည္း ဆီေလ်ာ္မည့္အေျဖတစ္ခု ေပးရဦးမည္မဟုတ္လား။
သို႔ေသာ္ စန္းရန္က သူမအား ထိုသို႔လုပ္ေနဖို႔ရန္ အခ်ိန္လုံးဝမေပးပါဘဲ သူမအား လွမ္းၾကည့္ေနလ်က္သားျဖင့္ ;
"မဟုတ္ေသးပါဘူး ၊ မင္း ဘာျဖစ္လို႔ မ်က္ႏွာေတြနီေနတာလဲ"
ဝိန္းရိဖန္က တည္တည္ၿငိမ္ၿငိမ္ျဖင့္ ;
"အို႔....နီေနတာလား"
ကုန္းေျမတိုက္ႀကီး အသစ္တစ္ခု ေပၚလာသည့္အလား စန္းရန္က သူမကိုသာစိုက္ၾကည့္ေန၏။
"အင္း"
"ငါ ညေနတုန္းက အရမ္းစပ္တဲ့ဟာေတြ စားခဲ့လို႔ျဖစ္တာေနမွာ"
ဝိန္းရိဖန္၏မ်က္ႏွာမွာ အတည္ၿငိမ္တစ္ခ်က္မပ်က္ ၊ တုံ႕ဆိုင္းေနျခင္းလည္း လုံးဝမရွိပါဘဲႏွင့္ ;
"ခုဏတုန္းက ငါ့သူငယ္ခ်င္းလည္း ငါ့မ်က္ႏွာနီေနတယ္လို႔ ေျပာသြားေသးတယ္"
စန္းရန္က ႏႈတ္ခမ္းကိုေလ်ာ့ေလ်ာ့ေလးေကြးလိုက္ကာ လုံးဝ မယုံသည့္အမူအရာမ်ိဳးျဖင့္ ;
"လက္စသတ္ေတာ့ အဲ့လိုကိုး....."
စန္းရန္ ယုံသည္ျဖစ္ေစ မယုံသည္ျဖစ္ေစ ဝိန္းရိဖန္ ဂ႐ုမစိုက္နိုင္ေတာ့ေပ ၊ ဤျပႆနာက ဤေနရာတြင္ ၿပီးၿပီျဖစ္သည္။ အံ့ၾသသြားမႈႀကီးအၿပီးတြင္ သူမ အေသအခ်ာျပန္ေတြးၾကည့္မိရာ စန္းရန္၏စကားမ်ားက တစ္ေနရာရာတြင္မျဖစ္နိုင္သလိုခံစားလာမိေတာ့၏။
အကယ္၍ သူ႕ဘက္မွ ဖက္သြားသည့္ျပႆနာတစ္ခုတည္းသာဆိုလာခဲ့လွ်င္ ဝိန္းရိဖန္အေနျဖင့္ ျဖစ္နိုင္ေျခရွိေၾကာင္း လက္ခံနိုင္ပါဦးမည္။
ထို႔အျပင္ ဤအျပဳအမူက ႀကီးႀကီးမားမားဟူ၍တြက္မရ။
သို႔ေသာ္ ထပ္ေျပာလာသည့္ နမ္း....
ဝိန္းရိဖန္အတြက္ေတာ့ အိပ္ေနရင္းလမ္းထေလွ်ာက္သည့္အခ်ိန္ သူ႕ကို လာရိုက္သြားပါသည္ကမွ သူေျပာသြားသည့္စကားထက္ ယုတၱိရွိပါဦးမည္။
"ဒီကိစၥကေလ....နင္ ေျပာတာ...."
ဝိန္းရိဖန္၏အသံတို႔က ခပ္တိုးတိုးေလးသာ က်န္ေနေတာ့ၿပီး ;
"အရမ္းခ်ဲ့ကားလြန္းသလို ျဖစ္မေနဘူးလား ၊ ငါ့ဘက္က အိပ္ေနရင္းလမ္းေလွ်ာက္တဲ့အခ်ိန္မွာ မေတာ္တဆ နင့္ကို ဝင္တိုက္မိၿပီး ခႏၶာကိုယ္ကိုထိမိသြားတာမ်ိဳးေနမွာပါ"
"အို႔ ၊ မင္း ဆိုလိုခ်င္တာက...."
စန္းရန္၏အသံက ေအးေအးလူလူႏွင့္ တည့္တိုးဆန္ဆန္ေျပာလာခဲ့သည္။
"ကိုယ္ကပဲ မင္းကို တမင္သက္သက္စြပ္စြဲေနတယ္လို႔လား"
"...."
ဝိန္းရိဖန္က ခ်က္ခ်င္း ;
"ငါေျပာတာ အဲ့လိုအဓိပ္ပါယ်မဟုတ်ဘူးေလ"
"ကိုယ္ကလည္း မင္းကို စြပ္စြဲခ်င္ေနတာမ်ိဳး မဟုတ္ပါဘူး"
စန္းရန္၏ဆံပင္တို႔က သူ႕နဖူးထက္၌ဝဲက်ေနၿပီး အသြင္အျပင္ကေပါ့ေပါ့ပါးပါးျဖင့္ ;
"ဒါေပမယ့္ အခုလက္ရွိမွာ ကိုယ္က အခြင့္အေရးယူခံထားရတဲ့ဘက္ကေနာ္ ၊ မင္း ကိုယ့္ကို တစ္ခြန္းမက်န္ျပန္ခံေျပာၿပီး အျပစ္တင္ေနတာေတာ့မျဖစ္သင့္ဘူးေလ....ဟုတ္တယ္မလား"
ဝိန္းရိဖန္က ဘာဆိုဘာမွမမွတ္မိသည့္သူျဖစ္သည့္အတြက္ ယခုအခ်ိန္တြင္ေတာ့ ဆြံအေနသည့္သူတစ္ေယာက္ကဂ်င္းဆင္းျမစ္ကိုက္စားေနသည့္ခံစားခ်က္ႀကီးသာ ျဖစ္တည္ေနပါေတာ့၏။ ဤစကားတစ္ခြန္းက ေတာ္ေတာ္ေလးမသင့္ေလ်ာ္မွန္းသိပါသည့္တိုင္ မေျပာဘဲမေနနိုင္ေတာ့၏။
"ဒီလိုျပႆနာမ်ိဳးရွိထားတဲ့ဟာကို နင္ ဘာလို႔ ငါ့ကို မေျပာဘဲေနရတာလဲ"
"ဘာတုန္းက မေျပာဘဲေနလို႔လဲ ၊ ကိုယ္ေျပာတဲ့အခ်ိန္တုန္းက မင္းပဲ အေရးႀကီးတဲ့အေျခအေနမလို႔ဆို"
"...."
"ကိုယ္ကေလ....အဲ့ေလာက္ထိ သေဘာထားေသးသူမ်ိဳးလည္း မဟုတ္ပါဘူး"
ဤစကားတစ္ခြန္းက ဝိန္းရိဖန္အား ေၾကာင္အမ္းသြားေအာင္ ျပဳလုပ္နိုင္လိုက္၏။ ျပန္ေတြးၾကည့္လိုက္လွ်င္ ေက်ာက္ယြမ့္တုံအိမ္မွျပန္လာသည့္ေနာက္တစ္ေန႕ မနက္ခင္းတြင္ အိပ္ရာနိုးၿပီးေနာက္ စန္းရန္ထံမွ မရွင္းမလင္းပို႔ထားသည့္ လက္မ Emoji ကို ရထားခဲ့သည္မဟုတ္လား။
ဝိန္းရိဖန္ အသံတိတ္သြားခဲ့ရင္း ကိုယ့္ကိုကိုယ္အား စၿပီးသံသယဝင္လာေတာ့၏။
စန္းရန္၏မေက်မနပ္ျဖစ္ေနသည့္ဓါးထက္ထက္မ်ားက ဆက္၍ ;
"ဒါနဲ႕ေလ ဒါမ်ိဳးကို ဘယ္လိုေခၚတာပါလိမ့္"
ဝိန္းရိဖန္ ေခါင္းေမာ့ၾကည့္လိုက္၏။
"ေန႕ဘက္ ေတြးထားတဲ့အေတြးေတြကို ညဘက္မွာ အေကာင္အထည္ေဖာ္...."
စန္းရန္ကအသံေနအသံထားကို သိသိသာသာဆြဲခ်ၿပီး က်န္သည့္စကားလုံးမ်ားအား တမင္ေျပာင္းေျပာပစ္လိုက္၏။
"အိပ္ေနရင္းလမ္းထေလွ်ာက္မိတာမ်ားလား?"
ဝိန္းရိဖန္က သည္းညည္းခံထားရင္းျဖင့္ ;
"ငါ နင့္ကို တစ္ခုေလာက္ေမးလို႔ရလား"
စန္းရန္ ;
"ေျပာ"
ဤကိစၥကို သူစေျပာလာကတည္းက ဝိန္းရိဖန္က သည္ေမးခြန္းကို ေမးခ်င္ေနခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ေမးခြန္းက ကသိကေအာက္နိုင္လွသည့္ျဖစ္ရာ လက္ရွိအေျခအေနထက္ပိုဆိုးသြားၿပီး ရွက္စရာေကာင္းေနမည္မွာမလြဲေပ။ ထို႔ေၾကာင့္ ဝိန္းရိဖန္က ထုတ္ေျပာလိုက္ဖို႔ရာ ဝန္ေလးေနခဲ့ျခင္း။
သို႔ေသာ္ ယခုအခ်ိန္တြင္ေတာ့ သူ႕ပုံစံေၾကာင့္ ေအာင့္အည္းမထားနိုင္ေတာ့ဘဲ ;
"ငါ နင့္ရဲ႕ ဘယ္နားေလးကိုနမ္းမိသြားတာလဲ...."
"...."
စန္းရန္၏အမူအရာမ်ား ႐ုတ္ခ်ည္းရပ္တန့္သြားခဲ့ေတာ့၏။
မေရရာမျပတ္သားျခင္းမ်ားက ဤစကားတစ္ခြန္းႏွင့္အတူ ေလထဲတြင္ေပ်ာက္ရွသြားခဲ့အလား လႈပ္လႈပ္ရွားရွားျဖစ္လာရကာ မတည္ၿငိမ္စျပဳလာေတာ့သည္။
စကားတစ္ခြန္းအဆုံးတြင္ ဝိန္းရိဖန္သည္လည္း အေတာ္ေလးေနာင္တရသြားခဲ့သည္ပင္။ သို႔ေသာ္လည္း စကားလုံးမ်ားက ေရအစင္လိုၾကည္လင္ေအာင္ ထုတ္ေျပာထားၿပီးၿပီျဖစ္သည့္အတြက္ ျပန္ထုတ္သိမ္း၍မရနိုင္ ၊ သူမ၏ဦးႏွောက္ထဲတြင္ မ်ဥ္းေၾကာင္းႀကီးတစ္ခုသာရွိေနေတာ့ၿပီး သူမ၏မ်က္ဝန္းမ်ားမွာေတာ့ စန္းရန္အေပၚ၌သာ ကပ္ညွိထားမိကာ တည္တည္ၿငိမ္ၿငိမ္ စိတ္ရွည္လက္ရွည္ေစာင့္ေပးေနသည့္အမူအရာမ်ိဳး ဟန္ေဆာင္ေနလိုက္သည္။
စန္းရန္က မ်က္ေတာင္မ်ားပင့္ၾကည့္လာသည္ႏွင့္အတူ သူ႕ညာဘက္ပါးျပင္တစ္ေနရာအား အလ်င္းသင့္သလို ေထာက္ျပလာခဲ့သည္။
"ဘာလို႔လဲ"
"နင္ လက္ညွိုးထိုးျပေနတဲ့ ေနရာက ငါတို႔ႏွစ္ေယာက္ရဲ႕အရပ္ကြာျခားပုံနဲ႕ဆိုရင္ ငါ့အျမင္မွာေတာ့ ငါ..."(နမ္း)
ဝိန္းရိဖန္က ႏွစ္စကၠန့္မွ်ရပ္သြားၿပီး ထိုစကားလုံးကိုေျပာမထြက္ေတာ့သည့္အတြက္ အျခားစကားလုံးေျပာင္းသုံးလိုက္၏။
"လွမ္းထိဖို႔ မမွီဘူးထင္တယ္ေနာ္"
စန္းရန္က တစ္ခဏၾကာၾကာ သူမအား စိုက္ၾကည့္ေနၿပီးေနာက္ သေဘာႀကီးႀကီးခြင့္လႊတ္ေပးနိုင္သည့္အသံမ်ိဳးျဖင့္ ;
"ရပါတယ္ေလ ၊ ဝန္မခံလည္း ဘာမွမျဖစ္ပါဘူး"
"...."
ဝိန္းရိဖန္က ႐ုတ္တရက္မတ္တပ္ထရပ္လိုက္၏။
"ဒါမွမဟုတ္"
စန္းရန္ ေမာ့ၾကည့္လိုက္၏။
ေနာက္တစ္စကၠန့္တြင္ ဝိန္းရိဖန္က စကားထပ္ဆိုလာခဲ့သည္။
"ငါတို႔ႏွစ္ေယာက္ ေနာက္တစ္ခါ ျပန္လုပ္ၾကည့္ၾကမလား"
"...."
စန္းရန္က ရယ္မိလိုက္၏။
"မင္း ကိုယ့္ကို ေနာက္တစ္ႀကိမ္ထပ္ၿပီး အခြင့္အေရးယူခ်င္တယ္ေပါ့"
"ငါ့ဘက္က နင့္ကို တကယ္ထိမွာမဟုတ္ဘူးေလ"
ဝိန္းရိဖန္က စိတ္ရွည္ရွည္ျဖင့္ ;
"ငါ့စိတ္ထဲမွာ နင္ေျပာတာက ျဖစ္နိုင္ေျခနည္းတယ္ထင္ေနလို႔ ၊ တစ္ခ်က္ေလာက္ အတည္ျပဳၾကည့္ခ်င္တာ ၊ အဲ့ဒါမွ ေနာက္ဆို နင္ ဒီမွာဆက္ေနသြားတဲ့အခ်ိန္က်ရင္ နင့္လုံၿခဳံေရးအတြက္ ဘာမွစိတ္ပူစရာမလိုဘူးဆိုတဲ့ ခံစားခ်က္မ်ိဳးရွိေနေအာင္လို႔"
"....."
ဝိန္းရိဖန္ ;
"နင္ ခဏေလာက္ မတ္တပ္ရပ္ေပးပါလား"
စန္းရန္က ဆိုဖာေပၚမွီေနထိုင္ေနရင္း အသာအယာေခါင္းေမာ့ကာ ဝိန္းရိဖန္အား လွမ္းၾကည့္ေနလိုက္၏။ သူ႕ဘက္က မည္သည့္အပိုစကားမွမဆိုလာေတာ့ဘဲ လက္ကိုင္ဖုန္းအား ေဘးသို႔ခ်လိဳက္ကာ ပူးေပါင္းေပးသည့္သေဘာျဖင့္ မတ္တပ္ရပ္ေပးလာခဲ့သည္။
ႏွစ္ေယာက္သား၏အေျခအေနမွာ ကေျပာင္းကျပန္။
စန္းရန္က သူမထက္ ေခါင္းတစ္လုံးစာပိုျမင့္ေနသည့္အတြက္ သူမ၏ဦးေခါင္းထိပ္က သူ႕ေမးဖ်ားထိမိလုနီးနီးသာရွိသည္။ သူ႕လႈပ္ရွားမႈအတိုင္း ဝိန္းရိဖန္အၾကည့္မ်ားက ေျခမွအစ ေခါင္းအဆုံး သူေခါင္းငုံ႕ထားရာမွ ေခါင္းေထာင္ေပးလာသည္အထိ လိုက္ၾကည့္ေနသည္။
ဤအေျခအေနအရဆိုလွ်င္ သူေျပာသည့္ေနရာအား လုံးဝ မထိနိုင္ပါေပ။
"ေတြ႕လား"
ဝိန္းရိဖန္က စန္းရန္၏ႏႈတ္ခမ္းေထာင့္စြန္းကို စိုက္ၾကည့္ေနၿပီး စိတ္သက္သာရာလည္းရသြားခဲ့၍ ;
"ငါ ထိလို႔မမွီပါဘူးဆို ၊ အဲ့ဒါေၾကာင့္မလို႔ တစ္ေနရာရာက အထင္လြဲစရာရွိေနတာေနမွာ ၊ ငါ့ဘက္ ေျခဖ်ားေထာက္ရင္ေထာက္ မဟုတ္ရင္ နင္ ေခါင္းငုံ႕ေပးလာမွ...."
ဝိန္းရိဖန္က စကားေျပာေနရင္း ေခါင္းေမာ့ၾကည့္လိုက္ရာ စန္းရန္၏အၾကည့္မ်ားႏွင့္ ဆုံစည္းသြားခဲ့ပါေတာ့၏။
သူမ၏အမူအရာမွာ တုံ႕ခနဲရပ္သြားရင္း သူတို႔ႏွစ္ေယာက္ၾကားရွိအကြာအေဝးမွာ အေတာ္ေလးကိုမွနီးကပ္ေနၿပီျဖစ္ေၾကာင္း အခုခ်ိန္မွသတိထားမိလိုက္ကာ ပတ္ဝန္းက်င္တစ္ခြင္မွာ ေတာင့္ခနဲ တင္းခနဲ။
ၾကည့္ရသည္မွာ ေနာက္တစ္စကၠန့္တြင္ သူမ ေရွ႕တြင္ရွိေနသည့္ အမ်ိဳးသားက သူမေျပာသည့္အတိုင္း အမွန္တကယ္ေခါင္းငုံ႕လာေတာ့မည့္ပုံမ်ိဳးပင္။
ဝိန္းရိဖန္ အၾကည့္လြဲလိုက္မိၿပီး ႏွလုံးခုန္သံမ်ားက ရွင္းျပမရေအာင္ျမန္ဆန္လာခဲ့ေတာ့၏။ ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားကာ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္ၿပီး ဤျပႆနာႏွင့္ပတ္သတ္၍ ထပ္ၿပီးအေျဖမရွာခ်င္ပါေတာ့ေခ်။
"ဒါကလည္း ငါ ခန့္မွန္းခ်က္ခ်ည္းသပ္သပ္ပါ"
စန္းရန္၏မ်က္ဝန္းမ်ားက မည္းနက္ေနၿပီး အဆုံးအစမဲ့ေသာညနက္ႀကီးႏွင့္ပင္ တူေနခဲ့သည္။
"နင့္ဘက္ကလည္း ငါ့ကို လိမ္ေျပာေနစရာအေၾကာင္းမွမရွိတာ ၊ ဒီအျပဳအမူက ငါ့ထိန္းခ်ဳပ္မႈေအာက္မွာမရွိလို႔ဆိုေပမယ့္လည္း ငါ့ဘက္က နင့္ကို ေတာင္းပန္ပါတယ္"
ဝိန္းရိဖန္က တစ္ခဏမွ်ျပန္ေတြးၾကည့္လိုက္၍ ;
"တကယ္လို႔ ေနာက္ဆို ဒီလိုအေျခအေနမ်ိဳးထပ္ျဖစ္လာခဲ့ရင္ နင္ ငါ့ကို တန္းၿပီးသာ တြန္းထုတ္ပစ္လိုက္"
"...."
ဝိန္းရိဖန္က ေတာ္ေတာ္ၾကာေအာင္ ၿငိမ္သြားခဲ့ၿပီးမွ ;
"ကိုယ့္ကိုကိုယ္ ေသခ်ာကာကြယ္"
စကားလုံးတသီတသန္းေျပာဆိုၿပီးသည္ႏွင့္ေနာက္တြင္ ဝိန္းရိဖန္ အိပ္ခန္းထဲျပန္လာခဲ့ေတာ့သည္။ အိပ္ခန္းတံခါးကို ပိတ္ၿပီး တံခါးေဘာင္ကိုမွီထားမိရင္းက အခုေလးတင္ေျပာခဲ့သည့္စကားမ်ားထဲတြင္ အဘယ္လိုေပါက္ကရမ်ားပါသြားေသးသည့္အေၾကာင္းအား ျပန္သုံးသပ္မိလိုက္၏။
တစ္ခုခ်င္းစီ စဥ္းစားၾကည့္ၿပီး မည္သည့္ေနရာမွျပႆနာမရွိေတာ့ေၾကာင္း ေသခ်ာမွာသာ ဝိန္းရိဖန္ အသိစိတ္ျပန္ကပ္သြားသည့္အတိုင္း အိပ္ရာဆီသို႔ေလွ်ာက္လာခဲ့သည္။
အိပ္ရာထက္လွဲခ်ၿပီး မ်က္ႏွာက်က္အားစိုက္ၾကည့္ရင္း စန္းရန္ လက္ညွိုးထိုးျပသည့္ေနရာကိုလည္း ျပန္ျမင္ေယာင္လာခဲ့သည္။
သူ႕ ပါးခ်ိဳင့္ရွိသည့္ေနရာပင္။
"...."
အိုင္း။
တကယ္ျဖစ္သြားတာေတာ့ မဟုတ္ေလာက္ပါဘူးမလား။
တကၠသိုလ္တက္ေနသည့္ေလးႏွစ္တာကာလအတြင္း အႀကိမ္ေရမည္မွ်မွန္းမေရတြက္နိုင္ေလာက္ေအာင္ အိပ္ေနရင္းလမ္းထေလွ်ာက္ခဲ့ဖူးေသာ္လည္း အိပ္ခန္းေဖာ္သူငယ္ခ်င္းမ်ားထံမွ သူမသည္ အိပ္ေနရင္းလမ္းထေလွ်ာက္သည့္အခ်ိန္ အျခားသူအား ဖက္လားနမ္းလား လုပ္သည္ဟူ၍ မၾကားခဲ့ဖူး...
သို႔ေသာ္လည္း အရင္ကဆိုလွ်င္....
အမွန္တကယ္....
စန္းရန္၏ထိုပါးခ်ိဳင့္ေလးအား....
အရမ္းကိုမွ သေဘာက်ခဲ့ရပါသည္။
လက္ရွိအခ်ိန္တြင္ေတာ့ ဝိန္းရိဖန္အတြက္ ဘာဆိုဘာမွေရေရရာရာမရွိေတာ့ေခ်။ ခံစားေနမိသည္မွာလည္း သူမ၏ဦးႏွောက္ႀကီးတစ္ခုလုံးက ႏြယ္ပင္မ်ားလိုရႈပ္ယွက္ခတ္ေနၿပီး ဘာမွလည္းစဥ္းစားမရေတာ့၏။ ေနာက္တြင္ ဝိန္းရိဖန္ ဆတ္ခနဲေကာက္ထလိုက္ကာ စာၾကည့္စားပြဲေရွ႕မွထိုင္ခုံကိုယူၿပီး တံခါးဝတြင္ပိတ္ထားလိုက္သည္။
ေရွ႕ေလွ်ာက္ရက္မ်ားတြင္ေတာ့ ဝိန္းရိဖန္ အိပ္ရာနိုးနိုးခ်င္းလုပ္တတ္သည္မွာ တံခါး၌ပိတ္ခ်ထားသည့္ထိုင္ခုံက ေနရာပ်က္ယြင္းမႈရွိမရွိ စစ္ေဆးရျခင္းပင္။ ေလာေလာျပာျပာႏွင့္လွမ္းၾကည့္ၿပီးတိုင္း ပုံမွန္မဟုတ္သည့္အရာတစ္ခုခုကို မေတြ႕မွသာ စိတ္ေလ်ာ့နိုင္သည္ဆိုလည္း မမွား။
စန္းရန္ေျပာသည့္စကားက အမွန္လား ၊ အမွားလား ဆိုသည္မွာ အတည္မျပဳနိုင္ခဲ့ေသာ္လည္း ဝိန္းရိဖန္အေနျဖင့္ သူမလုပ္မိထားသည့္ကိစၥႀကီးအတြက္ အေတာ္ေလးစိတ္မသာမယာျဖစ္ခဲ့ရသည္။ သူ႕ကိုျမင္ရသည့္အခါတိုင္းလည္း စိတ္ထဲ၌ အလိုလိုမသိုးမသန့္ျဖစ္လာၿပီး ကသိကေအာက္နိုင္စိတ္မ်ားက အေၾကာင္းမရွိဘဲေပၚေပၚလာတတ္ေတာ့သည္။
ရလဒ္မွာေတာ့ စန္းရန္ႏွင့္အိမ္ခန္းမွ်ေနရသည္မွာ အရင္ကထက္ ပို၍ေနရထိုင္ရခက္လာျခင္းပင္။
သို႔ေသာ္လည္း စန္းရန္၏ပုံစံမွာမူ လုံးဝဂ႐ုမစိုက္သည့္ပုံစံမ်ိဳးျဖစ္ကာ ဘာမွမျဖစ္ခဲ့သည့္အတိုင္း သူ႕အမူအရာတို႔မွာ ေျပာင္းလဲသြားျခင္းမရွိ။ ထို႔ေၾကာင့္လည္း ဝိန္းရိဖန္ဘက္က သူမ၏အမူအရာမ်ားကို အလြန္အကြၽံလုပ္ျပေနျခင္းမ်ိဳး မလုပ္ခဲ့၏။
သူမအေနျဖင့္ေတာ့ ေနာက္တစ္ႀကိမ္ အိပ္ေနရင္းလမ္းထေလွ်ာက္လွ်င္ ထပ္တူညီသည့္ကိစၥ သို႔မဟုတ္ ဒီထက္ပိုဆိုးမည့္ကိစၥမ်ား မလုပ္မိလာေစရန္သာ ဆုေတာင္းေနလိုက္ေတာ့သည္။
မ်က္စိတစ္မွိတ္စာအတြင္း မတ္လတစ္လ အခ်ိန္ကုန္လြန္သြားခဲ့၏။
ဝိန္းရိဖန္က သည္တစ္ႀကိမ္တြင္ ဒါရိုက္တာထံမွ ဦးစြာခြင့္ရက္ေတာင္းယူခဲ့သည္။ သည္ေန႕က ခ်င္းမင္ပြဲေတာ္ေန႕(သခၤ်ိဳင္းကန္ေတာ့ပြဲ) ၊ ဝိန္းရိဖန္က တစ္ညလုံးအိပ္မေပ်ာ္နိုင္ျဖစ္ေနခဲ့သျဖင့္ သည္းထိတ္ရင္ဖိုဇာတ္လမ္းအခ်ိဳ႕အား ရွာၾကည့္ေနၿပီး မနက္မိုးေသာက္လင္းခါနီးေလာက္မွ တစ္ေမွးအိပ္ေပ်ာ္သြားခဲ့သည္။
သို႔ေသာ္လည္း ႏွစ္နာရီျပည့္ေအာင္ပင္ မအိပ္လိုက္ရဘဲ အလိုလိုနိုးလာခဲ့၏။
အိပ္ရာေပၚမွဆင္း ၊ ေရခ်ိဳးသန့္စင္ၿပီးေနာက္ အဝတ္ဗီဒိုထဲမွ အနက္ေရာင္ဆြယ္တာကိုထုတ္ဝတ္ကာ အိပ္ခန္းထဲမွထြက္လာခဲ့သည္။ ပုံမွန္ထက္ အိပ္ရာေစာထျခင္းျဖစ္ေသာေၾကာင့္ စန္းရန္က အိပ္ေနဆဲျဖစ္ပုံရကာ ဧည့္ခန္းထဲ၌ လူရိပ္ေယာင္မေတြ႕ရေခ်။
အျပင္ဘက္တြင္ တိမ္ထူထပ္ေနသျဖင့္လည္း အိမ္ထဲသို႔ဝင္လာသည့္အလင္းေရာင္မွာ ခပ္ေဖ်ာ့ေဖ်ာ့။
ဝိန္းရိဖန္က အစားစားခ်င္စိတ္မ်ိဳးမရွိ၍ ေရခဲေသတၱာထဲမွ ႏြားနို႔ဘူးတစ္ဘူးကိုယူၿပီးသာ အျပင္ထြက္လာေတာ့သည္။
သြားရမည့္လမ္းခရီးကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ ဝိန္းရိဖန္က အနီးဆုံးဘတ္စ္ကားျဖင့္သာ နန္းဝူးၿမိဳ႕ျပင္ ဆင္ေျခဖုံးရွိ သခၤ်ိဳင္း ဆီသို႔သြားခဲ့၏။
အရင့္အရင္အႀကိမ္မ်ားတုန္းက ဝိနိးရိဖန္ လာသည့္အခ်ိန္တြင္ ေက်ာက္ယြမ့္တုံ သို႔မဟုတ္ ဘႀကီး ၊ ဘြားဘြားတို႔ႏွင့္အတူလာခဲ့ျခင္းျဖစ္သည္။ ထိုအခ်ိန္မ်ားတုန္းက သူတို႔ကိုယ္တိုင္ ဤေနရာထိ ကားေမာင္းလာခဲ့ၾကျခင္းျဖစ္ၿပီး သည္တစ္ႀကိမ္ကသာ သူမကိုယ္တိုင္ ဘတ္စ္ကားျဖင့္ လာခဲ့ျခင္းျဖစ္၏။
တည္ေနရာက ၿမိဳ႕ထဲႏွင့္အေတာ္ေလးအလွမ္းေဝးၿပီး ဘတ္စ္ကားႏွင့္ဆိုလွ်င္ အသြားအျပန္ အခ်ိန္ ေလး၊ငါးနာရီေလာက္ယူလိမ့္မည္။
ကားေပၚမွဆင္းလာၿပီးေနာက္ တစ္ကီလိုမီတာနီးနီး လမ္းေလွ်ာက္ရေသးသည္။ ဤဆင္ေျခဖုံးေနရာတြင္ ေဆာက္လက္စလုပ္ငန္းမ်ားရွိၿပီး လမ္းမႀကီးသည္လည္း အခ်ိဳင့္အခြက္မ်ားအျပည့္။ တိတိက်က်သတ္မွတ္ထားသည့္ ကားပါကင္မရွိသျဖင့္ ကားမ်ားက ႀကဳံသလိုသာထိုးရပ္ထားၾက၏။
ဝိန္းရိဖန္က လက္ကိုင္ဖုန္းထဲမွၫႊန္ျပေနသည့္ဦးတည္ရာအတိုင္း ေလွ်ာက္လာခဲ့သည္။
သခၤ်ိဳင္းေျမသို႔ေရာက္ၿပီးခ်ိန္တြင္။
ရိုးရိုးရွင္းရွင္း ဝင္ခြင့္စာတစ္ခုတင္ၿပီးေနာက္ အရိုးျပာတိုက္ထဲသို႔ ဝင္လာခဲ့လိုက္၏။
ေကာ္ရစ္တာႀကီး၏ရွည္လ်ားပုံမွာ အဆုံးမရွိသည့္အလား ၊ ေဘးႏွစ္ဖက္စလုံးကိုၾကည့္လွ်င္ ဘီဒိုအျမင့္ႀကီးမ်ားကိုအတန္းလိုက္စီထားၿပီး အထဲတြင္ မေရမတြက္နိုင္လွေသာေႂကြလြင့္သြားသူတို႔၏အရိုးျပာမ်ားကို ထိန္းသိမ္းေပးထားသည္။ ဝိန္းရိဖန္ တိတ္တဆိတ္သာဝင္လာခဲ့ၿပီး အတန္းမ်ားထဲမွ လိုင္းတစ္ေနရာတြင္ ရပ္လိုက္၏။
ေျဖးေျဖးခ်င္းေလွ်ာက္သြားရင္း 'ဝိန္းလ်န္ဇယ္' ဆိုသည့္အမည္အား ဂ႐ုတစိုက္ရွာၾကည့္လိုက္သည္။
ေနာက္ဆုံးတစ္ေခါက္လာေတြ႕ခဲ့သည့္အခ်ိန္မွာ ႏွစ္ေတြလေတြ မည္မွ်ပင္ၾကာသြားခဲ့ၿပီမွန္း မမွတ္မိပါေတာ့ေခ်။
ဝိန္းရိဖန္က အမည္နာမတစ္ခုအား စိုက္ၾကည့္ေနမိၿပီး ခပ္ဖြဖြေလးေရ႐ြတ္လိုက္ဖို႔ရာ အခ်ိန္အေတာ္ၾကာယူလိုက္ရ၍
"ေဖေဖ"
"...."
"႐ႊမ္းက်န့္ ျပန္ေရာက္လာၿပီ"
ဤသည္မွာ ျပန္ေျဖမည့္သူမရွိမည့္ ေခၚဆိုလိုက္သံတစ္ခု။
ထိုအခ်ိန္တုန္းကဆိုလွ်င္ ဝိန္းရိဖန္အတြက္ လုံးဝမယုံၾကည္ရဲခဲ့သည့္ကိစၥတစ္ခု။ အခုကေလးကတင္ အေကာင္းႀကီးရွိေနသည့္လူတစ္ေယာက္က အဘယ္ေၾကာင့္ ေအးစက္ေနသည့္ခႏၶာကိုယ္ႀကီးအျဖစ္ ႐ုတ္တရက္ေျပာင္းလဲသြားရပါသနည္း။ အရပ္ျမင့္ျမင့္ သန္သန္မာမာႀကီးရွိသည့္အေဖက ဘယ္လိုမေကာင္းသည့္အတတ္မ်ားျဖင့္ျပဳစားခံလိုက္ရေသာေၾကာင့္ ယခုလို ပုလင္းေသးေသးေလးထဲ ထည့္၍ရသြားခဲ့ပါသနည္း။
ျပန္မေျဖေပးမည့္သူ မရွိခဲ့၏။
သူမအတြက္ ဤအရာမ်ားဟာ အိပ္မက္တစ္ခုလိုသာျဖစ္ေနခဲ့ၿပီး
နိုးထလာသည္ႏွင့္ ေပ်ာက္ကြယ္သြားမည့္အရာမ်ားလိုလို။
သို႔ေသာ္ ဤအိပ္မက္ဆိုးက အခ်ိန္ျပည့္မက္ေနခဲ့ၿပီး ဘယ္လိုပင္ႀကိဳးစားၿပီး႐ုန္းကန္ခဲ့ပါေစ လုံးဝမနိုးထလာနိုင္ေတာ့၏။
ဝိန္းရိဖန္ ေနရာ၌သာရပ္ၿပီး စကားတစ္ခြန္းမဆိုဘဲ အခ်ိန္အၾကာႀကီးတိတ္ဆိတ္ေနခဲ့သည္။ အခ်ိန္တစ္ခုၾကာသြားၿပီးခ်ိန္တြင္ သူမ၏မ်က္ေတာင္မ်ားလႈပ္လႈပ္ရွားရွားျဖစ္သြားၿပီး အရိုးျပာပိုင္ရွင္၏နာမည္ေရးကဒ္ျပားမွာ ေဘးနားမွကဒ္ျပားမ်ားႏွင့္ယွဥ္လိုက္လွ်င္ ပို၍ဖုန္ထူေနေၾကာင္း သတိထားမိလိုက္သည္။
ၾကည့္ရသည္မွာ လာေရာက္ေအာက္ေမ့လြမ္းဆြတ္ေပးမည့္သူမရွိသည္မွာ ၾကာလွခဲ့ပုံပင္။
ေက်ာက္ယြမ့္တုံက မိသားစုအသစ္တစ္ခုရွိသြားသည့္အတြက္ သုံးေလးႏွစ္ၾကာလွ်င္ေတာင္ တစ္ေခါက္ေလာက္မွလာၾကည့္လိမ့္မည္မဟုတ္။ ဘြားဘြားႏွင့္ဘႀကီးတို႔မိသားစုသည္လည္း ေပယြီသို႔ ေျပာင္းသြားၿပီျဖစ္၍ ဤကိစၥေလးတစ္ခုျဖင့္ နန္းဝူသို႔လာၾကလိမ့္မည္မဟုတ္ေပ။
နာမည္ေရးကဒ္ျပားေပၚမွ 'ဝိန္းလ်န္ဇယ္'၏အၿပဳံးတစ္ခုဟာ တစ္သက္စာလုံးအတြက္ ထိုအခိုက္အတန့္ေလးတြင္ရပ္တန့္ေပးထားခဲ့ၿပီ။ ေနာက္ထပ္လည္း ခံစားခ်က္ပုံရိပ္ေတြ ေျပာင္းလဲျပေတာ့မည္မဟုတ္၏။
ဝိန္းရိဖန္၏မ်က္လုံးမ်ား တျဖည္းျဖည္းရဲတက္လာရကာ မ်က္ေတာင္မ်ားကိုခပ္ျပင္းျပင္းခတ္ေနမိရင္း ဖုန္မႈန့္မ်ားကို သုတ္ယူပစ္လိုက္သည္။
-----
အိမ္ျပန္ေရာက္သည့္အခ်ိန္မွာ ခါတိုင္းအလုပ္ဆင္းခ်ိန္မ်ားထက္ အနည္းငယ္ေစာလ်က္။
ဝိန္းရိဖန္က ထုံးစံအတိုင္း ဧည့္ခန္းႏွင့္အိပ္ခန္းငယ္ဘက္သို႔ လွည့္ပတ္ၾကည့္ေနမိ၏ ၊ စန္းရန္ ျပန္လာေသးပုံမရေပ။ ထို႔ေနာက္ မီးဖိုေခ်ာင္ထဲဝင္လာခဲ့သည္။ တစ္ေန႕လုံးလည္း ဘာမွမစားရေသးသျဖင့္ သူမ၏အစာအိမ္က အခုခ်ိန္၌ ေနမသာထိုင္မသာျဖစ္ခါစျပဳလာခဲ့၏။
ဝိန္းရိဖန္က ခ်က္ရလြယ္သည့္ဆန္ျပဳတ္ကို အရင္ဆုံးျပဳတ္လိုက္ၿပီး ေရခဲေသတၱာထဲမွ အသားငါးဟင္း႐ြက္တစ္ခ်ိဳ႕ကိုထုတ္ကာ ဆန္ျပဳတ္ႏွင့္လိုက္ဖက္မည့္ ဟင္းရည္တစ္ခြက္ခ်က္ရန္ ျပင္လိုက္သည္။
ေရပိုက္ကိုဖြင့္ ၊ သခြားသီးကိုအခြံၿပီး ေဆးေၾကာလိုက္၏။ မီးဖိုေခ်ာင္ဓါးကိုယူၿပီး အစိတ္ေသးေသးေလးမ်ားအျဖစ္ စနစ္တက်လွီးျဖတ္ၿပီးေနာက္ ေရခဲေသတၱာထဲမွ ငါးအေရခြံဘူးကိုယူကာ ႏွစ္ခုစာအတန္းလိုက္ခ်စီထားလိုက္သည္။
ခ်က္ျပဳတ္ၿပီးခါနီးတြင္ စန္းရန္က အျပင္မွျပန္ေရာက္လာၿပီး သူ႕ကုတ္အကၤ်ီကိုခြၽတ္ရင္း မီးဖိုေခ်ာင္ဘက္သို႔လွမ္းၾကည့္၍ ;
"ဒီေန႕ အလုပ္ေျပးလာတာလား"
"လုပ္စရာမရွိတာနဲ႕ ေစာေစာျပန္လာလိုက္တာ ၊ နင္ ညစာစားၿပီးၿပီလား"
"မစားရေသးဘူး"
"ဒါဆို အတူတူစားမယ္ေလ ၊ ငါ အမ်ားႀကီးခ်က္ထားတယ္"
ဝိန္းရိဖန္က ဂတ္စ္မီးဖိုပိတ္လိုက္ကာ ဟင္းရည္အိုးကိုခ်၍ ;
"ဒါေပမယ့္ ညစာကို ဆန္ျပဳတ္ပဲစားမွာဆိုေတာ့ နင္ ဗိုက္ျပည့္ပါ့မလားေတာ့ မသိဘူး ၊ ဒါမွမဟုတ္ နင္ တျခားဟင္း ထပ္ခ်က္လိုက္မလား"
စန္းရန္က မီးဖိုေခ်ာင္ထဲဝင္လာခဲ့ၿပီး သူ႕အကၤ်ီလက္အားေခါက္တင္ကာ ဆန္ျပဳတ္အိုးကို လွမ္းယူေပးလိုက္၏။
"ပ်င္းတယ္"
ဝိန္းရိဖန္ ေခါင္းၿငိမ့္ျပလိုက္၏။
ႏွစ္ေယာက္သားက ညစာကို တိတ္တိတ္ဆိတ္ဆိတ္သာ စားေနၾကျခင္း။
အရင္စားၿပီးသည့္သူက ထုံးစံအတိုင္း စန္းရန္ပင္ ျဖစ္ေသာ္လည္း သည္တစ္ႀကိမ္တြင္ သူက ဧည့္ခန္းထဲသို႔ထထြက္မသြားဘဲ ေနရာ၌သာထိုင္ၿပီးဖုန္းကစားေန၏။ ဝိန္းရိဖန္က ဆန္ျပဳတ္ကို ျမန္ျမန္ဆန္ဆန္လက္စသတ္ၿပီးေနာက္ မတ္တပ္ထရပ္လိုက္၍ ;
"ဒါဆို စားပြဲကို နင္ ရွင္းလိုက္ေတာ့ေနာ္"
အရင္က ညစာကို စန္းရန္ကသာ ခ်က္ေလ့ၿပီး ပိုခ်က္ထားသည့္အရာမ်ားအားလုံး သူမကိုသာ စားခိုင္းခဲ့သည္။ ဤစကားက နားေထာင္ၾကည့္လွ်င္ေတာ့ သူမကို အကူအညီေတာင္းေနသည့္ပုံစံမ်ိဳးျဖစ္ေသာ္ျငား 'အျခားသူ၏အစားကိုယူလွ်င္ ထိုက္သင့္ေလ်ာက္ပတ္သည့္ေက်းဇူးတစ္ခုကို ျပန္ေပးရမည္' ဆိုသည့္အသိတရားအရ ဝိန္းရိဖန္ဘက္က အႀကိမ္တိုင္း စားပြဲရွင္းသိမ္းဆည္းေပးခဲ့သည္။ ထို႔အျပင္ အိမ္ထဲတြင္ပန္းကန္ေဆးစက္ရွိသျဖင့္ စားပြဲရွင္းသိမ္းဆည္းေပး႐ုံကလြဲ၍ အျခားဘာမွလုပ္စရာမလိုေပ။
စန္းရန္က မွ်မွ်တတသေဘာမ်ိဳးျဖင့္ ;
"ျဖစ္တယ္"
ဝိန္းရိဖန္ အိပ္ခန္းထဲသို႔ဝင္လာၿပီး ေရခ်ိဳးသန့္စင္ၿပီးသည္ႏွင့္ အိပ္ရာေပၚလွဲအိပ္လိုက္ေတာ့၏။
တစ္ညလုံး ႏွစ္နာရီတည္းသာ အိပ္ခဲ့ပါေသာ္လည္း ဘာေၾကာင့္မွန္းမသိ အိပ္ခ်င္စိတ္ကရွိမေန။ အိပ္ရာထက္၌ ဟိုလူးဒီလိမ့္လုပ္ေနၿပီးေနာက္ အတင္းအၾကပ္အိပ္မည့္အစီအစဥ္အားလက္ေလ်ာ့လိုက္ကာ အိပ္ရာထက္မွထ ၊ ကြန္ျပဴတာကိုဖြင့္ၿပီး က်န္ေနေသးသည့္စာမူမ်ား ေရးေနလိုက္သည္။
ည ႏွစ္နာရီထိုးသည့္အခ်ိန္က်မွ ဝိန္းရိဖန္ ငိုက္မ်ည္းလာရကာ ဖြင့္ရခက္လာသည့္မ်က္လုံးမ်ားကိုပိတ္ရင္း အိပ္ရာထက္လွဲခ်ေတာ့မည့္အခိုက္ တစ္ခုခုကိုသတိရသြားခဲ့၍ တစ္ဖက္သို႔လွည့္ ၊ ထိုင္ခုံကိုယူၿပီးတံခါးဝ၌ခ်ကာ အျပင္ထြက္၍ရမည့္တစ္ခုတည္းေသာလမ္းကို ပိတ္ထားလိုက္သည္။
----
ည သုံးနာရီ။
စန္းရန္ ေနာက္ဆုံးဂိမ္းတစ္ပြဲအၿပီးတြင္ မီးဖိုေခ်ာင္ထဲသြားၿပီး ေရခဲေရတစ္ဘူးထုတ္လိုက္၏။ အဖုံးကိုဖြင့္ ၊ သုံးေလးငုံခန့္ေမာ့ေသာက္ၿပီးေနာက္ အိပ္ခန္းထဲသြားေတာ့မည့္အခ်ိန္တြင္ အျပင္ဘက္နားဆီမွ အသံမ်ားကိုၾကားလိုက္ရသည္။
သူ႕မ်က္ေတာင္မ်ား လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားကာ အျပင္ေလွ်ာက္ထြက္လာ၏။
စၾကၤံလမ္းအတိုင္းေလွ်ာက္လာသည့္ဝိန္းရိဖန္က သူ႕ပုံရိပ္ကိုမျမင္သည့္အလား ေျခလွမ္းတစ္ခ်က္ေလးမွတြန့္မသြားဘဲ ႏွေးႏွေးေကြးေကြးျဖင့္ ေလွ်ာက္လာေလသည္။ သူမ၏အမူအရာမွာလည္း ပ်င္းရိေလးကန္ေနသည့္ပုံစံမ်ိဳးျဖစ္ကာ သူလွမ္းၾကည့္လိုက္သည့္အခ်ိန္တြင္ သူမက ေဘးနားမွစာအုပ္စင္အား ဝင္တိုက္လုနီးနီး။
စန္းရန္၏မ်က္ခုံး တစ္ခ်က္ျမင့္တက္သြား၍ သူမ၏ေဘးနားသို႔ အျမန္ေလွ်ာက္သြားလိုက္ကာ သူမ၏နဖူးႏွင့္တိုက္မိေတာ့မည့္ေနရာ၌ သူ႕လက္ဖဝါးခံေပးလိုက္၏။ တၿပိဳင္နက္တည္းဆိုသလို ဝိန္းရိဖန္၏နဖူးသည္ သူ႕လက္ဖဝါးကို ဝင္ေဆာင့္မိသြားခဲ့သည္။
လႈပ္ရွားမႈမ်ားက တုံ႕ခနဲ ရပ္သြားခဲ့၍။
ေနာက္စကၠန့္ပိုင္းတြင္ ဝိန္းရိဖန္က ဦးတည္ရာေျပာင္းသြားကာ ဆိုဖာဆီသို႔ ေလွ်ာက္သြားျပန္သည္။
စန္းရန္က လက္ကိုျပန္႐ုတ္ၿပီး တစ္ဖက္ကလည္းေရေသာက္ရင္း တစ္ဖက္က ဝိန္းရိဖန္၏လႈပ္ရွားမႈမ်ားကို ဂ႐ုတစိုက္လိုက္ၾကည့္ေန၏။
အရင္တစ္ေခါက္ႏွင့္ အလားတူစြာ။
ဝိန္းရိဖန္က ဆိုဖာေပၚ၌ထိုင္လိုက္ၿပီး ဗလာက်င္းသည့္အၾကည့္မ်ားျဖင့္ ေလဟာျပင္ကိုစိုက္ၾကည့္ေနျခင္း။
စန္းရန္က အနားသို႔ေလွ်ာက္သြားလိုက္ၿပီး သူအရင္ထိုင္ေနက်ေနရာ၌မထိုင္ဘဲ ေဘးနားရွိေနသည့္ထိုင္ခုံတစ္ခုအား အလ်င္းသင့္သလိုဆြဲယူကာ သူမ၏အေရွ႕တည့္တည့္တြင္ ထိုင္လ်က္။
ဧည့္ခန္းထဲရွိ မီးေရာင္မ်ားက မွိန္ပ်ပ် ၊ စန္းရန္သည္လည္း အထူးတလည္မီးထဖြင့္ေနျခင္းမ်ိဳးမရွိ။ အျပင္ဘက္မွဝင္လာသည့္ လေရာင္ႏွင့္အတူ စၾကၤံလမ္းေပၚ၌ထြန္းထားသည့္မီးလုံးေလးမ်ားျဖင့္ပင္ အိမ္အတြင္း၌ လုံးဝေမွာင္မိုက္ေနျခင္းမရွိေခ်။
ပတ္ဝန္းက်င္မွာ အလြန္တရာ တိတ္ဆိတ္လြန္းေနခဲ့ၿပီး....
စန္းရန္ ေရေသာက္ေနသည့္အသံတစ္ခုတည္းသာ ရွိသည္။
အတိအက်မသိသည့္အခ်ိန္တစ္ခုစာအၿပီးတြင္ အနား၌ရွိေနသည့္စန္းရန္ကို သတိထားမိသြားသည့္အလား ဝိန္းရိဖန္၏မ်က္ေတာင္မ်ားက ေအာက္စိုက္ခ်လာ၏။ ျမင္ေနရေသာ္လည္း ေတြးေတာနိုင္သည့္အေျခအေနမ်ိဳးမဟုတ္သျဖင့္ ထပ္၍သာ ၿငိမ္ၿပီးစိုက္ၾကည့္ေနျခင္းမ်ိဳး။
မွိန္ပ်ပ်မီးေရာင္ေအာက္မွ ညနက္ႀကီးထဲတြင္ ယခုလိုစိုက္ၾကည့္ခံေနရသည္က အနည္းငယ္ေျခာက္ျခားစရာေကာင္းလြန္းသည္ဟု ထင္ပုံရေသာ္ျငား စန္းရန္က ရယ္ခ်င္စိတ္သာျဖစ္လာခဲ့၍
"ေနာက္ဆုံးေတာ့ ကိုယ့္ကို ျမင္သြားၿပီလား"
ဝိန္းရိဖန္က စကားမဆို ၊ မ်က္လုံးမ်ားသာ လႈပ္လႈပ္ရွားရွားေနၿပီး အၾကည့္မ်ားက သူ႕ညာဘက္ႏႈတ္ခမ္းေထာင့္တြင္ ရပ္သြားခဲ့သည္။
စန္းရန္က စေနာက္ကစားလိုသည့္အမူအက်င့္ဟန္ပန္မ်ိဳးျဖင့္
"ဘာၾကည့္ေနတာလဲ ဟမ္"
သူမဘက္မွ အၾကည့္မ်ားထပ္မေ႐ြ႕ေတာ့သည္ကို ျမင္လိုက္ရသည့္အခါ စန္းရန္က ႐ုတ္တရက္ဆိုသလို ထိုေနရာက သူ၏ ထိုမိန္းကေလးဆန္လြန္းေသာပါးခ်ိဳင့္ရွိသည့္ေနရာမွန္း သတိရမိလိုက္ကာ မ်က္ႏွာထက္ကအၿပဳံးကို အတင္းျပဳတ္႐ုတ္သိမ္းရန္ျပင္လိုက္ေတာ့၏။ သို႔ေသာ္ တစ္ခ်ိန္တည္းဆိုသလို ဆိုဖာေပၚ အလႈပ္အယွက္မရွိဘဲ ၿငိမ္ၿငိမ္ေလးထိုင္ေနသည့္ဝိန္းရိဖန္က ႐ုတ္တရက္ ကိုယ္ကိုင္းခ်လာခဲ့ေလေတာ့၏။
ဟုတ္ပါ၏၊ သူရွိေနသည့္ ေနရာဆီ။
လႈပ္ရွားမႈက ႏွေးႏွေးေကြးေကြးျဖစ္ေသာ္ျငား ရည္႐ြယ္ခ်က္ရွိသည့္ဟန္မ်ိဳး။
သူမ၏အၾကည့္တို႔မွာ သူ႕ညာဘက္ႏႈတ္ခမ္းေထာင့္ကိုသာ ၾကည့္ေနဆဲ။
အကြာအေဝးမွာလည္း တျဖည္းျဖည္းနီးကပ္လာလ်က္သားႏွင့္။
တစ္စုံတစ္ရာကို ေမွ်ာ္လင့္ေနသည့္အလား စန္းရန္သည္လည္း သူမကို ျပန္စိုက္ၾကည့္ေနခဲ့ကာ လည္စလုတ္က အထက္မွေအာက္သို႔ ျဖည္းျဖည္းခ်င္းလႈပ္ရွားသြားခဲ့၏။ သူ႕ဘက္မွစ၍ တစ္ခုခုကိုလည္းဦးေဆာင္မလုပ္ပါသလို တစ္စက္ကေလးမွလည္းေရွာင္ဖယ္လိုက္ျခင္းမရွိ ၊ သူရွိေနသည့္ပုံစံအတိုင္း ၿငိမ္ေန႐ုံေလးသာ။
ခ်ဳံခိုတိုက္ခိုက္မည့္သူတစ္ဦးက အေမွာင္ရိပ္ထဲပုန္းလွ်ိုးေနသည့္ ပုံစံမ်ိဳးပင္။
သို႔ေသာ္ တိုက္ခိုက္သူမွာ စိတ္အရွည္လြန္ေနၿပီး သူမဘက္မွ အခြင့္အေရးစယူမည္ကိုေစာင့္ေနသည့္အတိုင္း တစ္စစႏွင့္ ကိုယ့္ကိုကိုယ္ေပးပို႔ဆက္သေနပါေတာ့သည္။
ဝိန္းရိဖန္က လက္ကိုျမႇောက္ၿပီး သူ႕ပုခုံးေပၚတင္လိုက္၏။
ဤအခိုက္အတန့္ေလးတြင္ အခ်ိန္နာရီမ်ားအားလုံး ႏွေးေကြးသြားသည့္အလား။
တစ္စကၠန့္ဆိုသည္မွာ တစ္ႏွစ္ဆိုသည့္အခ်ိန္ထက္ပင္ ၾကာရွည္လြန္းသည့္အတိုင္း။
စန္းရန္ မ်က္လႊာေအာက္သို႔စိုက္ၾကည့္လိုက္သည္။
ၾကည့္ေနခဲ့သည္မွာ သူ႕အား ေန႕ေန႕ညညေတာင့္တစြဲလမ္းေအာင္ျပဳလုပ္နိုင္စြမ္းလြန္းသည့္ မ်က္ခုံးတစ္စုံ ၊ စုတ္တံတစ္ေခ်ာင္းသဖြယ္ ထူထဲလြန္းသည့္ မ်က္ေတာင္ေမႊးမ်ားက သူ႕ႏွလုံးသားတစ္ခုလုံးကို ကုတ္ျခစ္ေနသလိုပါပင္။ ေတာ္ဝင္မ်က္ႏွာက်ေလးလိုႏူးညံ့ၿပီး ျဖဴေဖြးေနသည့္အသားအရည္ကလည္း တဖက္သို႔ေဖာက္ထြင္းျမင္ရလုနီးနီး။
ေဝဝါးေနသည့္ ျမင္ကြင္းတစ္ခုသဖြယ္ျဖစ္ေနသည့္အခ်ိန္တြင္။
ေနာက္တစ္စကၠန့္၌ သူေမွ်ာ္လင့္ထားမိသည့္အတိုင္း....
စန္းရန္ ရွင္းရွင္းလင္းလင္းခံစားမိလိုက္သည္မွာ အရာတစ္ခုက သူ႕ညာဘက္ႏႈတ္ခမ္းေထာင့္စြန္းအား လာေရာက္ထိေတြ႕သြားခဲ့ျခင္းပင္ ျဖစ္သည္။
*************