ဝိန်းရိဖန် ; "ငါ မကြောက်...."
စန်းရန်ရှိရာလှမ်းကြည့်နေရင်း သူပြောသွားသည့်စကားများထဲမှ 'လည်း' ဆိုသည့်စကားလုံးကို ချက်ချင်းသတိထားမိလိုက်ကာ သုံးစက္ကန့်မျှအသံတိတ်လိုက်တော့၏။ စန်းရန်၏မျက်နှာကိုထောက်ထားပေးလိုခြင်းအလို့ငှာ နောက်ကျန်နေသည့်စကားလုံးကို အတင်းဖြစ်ညှစ်ထုတ်လိုက်တော့သည်။
"....သလားလို့?"
"...."
စန်းရန်က ယခုလို ကြောက်တတ်လိမ့်မည်ဟု ဝိန်းရိဖန်အနေဖြင့် လုံးဝလုံးဝပင် မတွေးထားခဲ့ဖူးပါချေ။
စန်းရန်၏ပုံစံက အမြဲတမ်းအကြောက်အလန့်မရှိသည့်ပုံစံမျိုးဖြစ်ကာ သူမ မှတ်မိသလောက်အရ ဤတစ်ကြိမ်မှာ စန်းရန်အတွက် ပထမဆုံးအကြိမ် သရဲကားကြည့်ဖူးခြင်းလည်း မဟုတ်။
မှတ်ဥာဏ်များထဲတွင် အထက်တန်းပထမနှစ်မှ ကာယအချိန်အား ပြန်အမှတ်ရလိုက်သည်။ ထိုနေ့က မိုးရွာနေခဲ့သဖြင့် ကာယဆရာသည် ကျောင်းတွင်းအားကစားကော်မတီမှတဆင့် အတန်းသားများအား စာသင်ခန်းထဲ၌သာ စာကြည့်နေကြခြင်းဖြစ်ဖြစ် ၊ ရုပ်ရှင်တစ်ခုခုရှာကြည့်နေကြခြင်းဖြစ်ဖြစ် လုပ်နေကြရန် အသိပေးလာခဲ့သည်။
ထိုအချိန်တုန်းက အတန်းထဲရှိ ကွန်ပြူတာမှာ အင်တာနက်မချိတ်ရသေး ၊ ထို့အပြင် ကျောင်းသားတစ်ဦးတည်းထံ၌ ရှိသည့် တစ်ခုတည်းသော USB မှာလည်း သရဲကားတစ်ကားတည်းသာ သိမ်းထားခဲ့ရာ ရွေးချယ်စရာဟူ၍ ဘာဆိုဘာမှမရှိ။ သို့သော် ကျောင်းသားအများစုမှာ စာမကြည့်ချင်ကြသဖြင့် လူနည်းစုလေး၏ငြင်းဆန်မှုကြားမှနေ၍ နောက်ဆုံးတွင် ထိုသရဲကားကြည့်ရန် ရွေးချယ်ဖြစ်ခဲ့ကြသည်။ ထိုအချိန်တွင် ဝိန်းရိဖန်၏နေရာမှာ တတိယလိုင်းတွင်ဖြစ်ပြီး စန်းရန်မှာ စတုတ္ထလိုင်း၏ထောင့်ဖြတ်အနောက်တစ်ခုံတွင်ဖြစ်သည်။
ထိုသရဲကားမှာ သူမကြည့်ဖူးပြီးသား ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေသောကြောင့် ဝိန်းရိဖန်က အိမ်စာများလုပ်နေရင်း တစ်ချက်တစ်ချက်သာ မော့ကြည့်ဖြစ်ခဲ့၏။ မျက်လုံးပင့်ကြည့်မိလိုက်သည့်တစ်ကြိမ်တွင်တော့ ပရိုဂျက်တာပေါ်မှ သရဲမျက်နှာကြီးနှင့် တည့်တိုးဆုံလိုက်မိရာ...
တစ်ချိန်တည်းဆိုသလို အနောက်ခုံများဘက်မှ အာမေဍိတ်သံအကျယ်ကြီးတစ်ချက်လည်း ကြားလိုက်ရတော့၏။
အသံကြားရာ လှမ်းကြည့်မိလိုက်လျှင်
ဖြစ်ချင်တော့ စန်းရန်နှင့် တစ်ခုံတည်းထိုင်သည့်ယောက်ျားလေး။
ထိုအခိုက်အတန့်တွင် ထိုယောက်ျားလေးက သရဲမျက်နှာကြောင့် လန့်ဖြန့်ပြီးနောက်သို့မှီလိုက်ရာမှတဆင့် ထိုင်ခုံလှန်ကျသွားကာ ပြုတ်ကျလုနီးနီးစက္ကန့်ပိုင်းအလိုတွင် ခန္ဓာကိုယ်ဟန်ချက်ကိုပြန်ထိန်းရန်အတွက်လောလောပြာပြာဖြင့် ရမိရရာဆွဲလိုက်သည်မှာ စန်းရန်၏ထိုင်ခုံပင်။
သို့သော် ထိုကောင်လေး၏ခန္ဓာကိုယ်ဝ,နေသောကြောင့် စန်းရန်ကိုပါ နောက်ပြန်လှန်ချသလို ဖြစ်သွားခဲ့တော့သည်။
နှစ်ယောက်သား ပြုတ်ကျသွားသည့်အသံမှာ အုန်းခနဲ။
တစ်တန်းလုံးလည်း အလန့်တကြားဝိုင်းကြည့်လာလျက်။
စန်းရန်၏ပုံစံမှာ ထိုလှုပ်လှုပ်ရှားရှားဖြစ်သွားမှုကြီးကြောင့် လှုပ်နှိုးခံလိုက်ရသလိုဖြစ်သွားပြီး စိတ်ရှုပ်သွားသည့်အလား မျက်မှောင်ကျုံ့ကာ ကြမ်းပြင်ပေါ်မှ ကောက်ထလိုက်၏။
"မင်း ဘာလုပ်တာလဲကွာ"
ကောင်လေးမှာ လန့်ဖြန့်နေဆဲဖြစ်၍ ;
"ငါ-ူး....လန့်လွန်းလို့ သေတော့မယ်"
"...."
ဤစကားကိုကြားလိုက်သည့်အခါ စန်းရန်က ပရိုဂျက်တာကိုတစ်ချက်လှမ်းကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် သရဲမက တီဗွီထဲမှတွားသွားပြီးထွက်လာသည့် မြင်ကွင်းနှင့် တည့်တည့်တိုးလေတော့၏။ သူ့မျက်လုံးများက စူးစိုက်ကြည့်နေပြီး အမူအရာက လုံးဝလုံးဝမပြောင်းပါဘဲနှင့် ;
"မင်းမေကြီးတော်....ဒီလောက်လေးနဲ့ လန့်ရလား"
"...."
ဒါဆို အဲ့တုန်းကစန်းရန်က ကြောက်လို့ အိပ်နေတာလား?
အဲ့လိုပဲဖြစ်ဖို့များတယ်...
စန်းရန်က ဆိုဖာပေါ် လက်ပုတ်ပြထားခြင်းကြောင့် ဝိန်းရိဖန်သည်လည်း သဘာဝကျကျ သူ့ဘေးနား၌ ဝင်ထိုင်လိုက်၏။
ဧည့်ခန်းထဲတွင် ရုပ်ရှင်ဇာတ်လမ်းသံမှလွဲ၍ အခြားအပိုအသံဟူ၍ မရှိ။ စန်းရန်၏ခန္ဓာကိုယ်ထက်မှ ရေချိုးဆပ်ပြာရည်နံ့ခပ်သင်းသင်းလေးရနေပြီး ဇာတ်လမ်းကြည့်နေသည့်တစ်လျှောက်လုံးတွင် သူထံမှ မည်သည့်အသံကိုမှ မကြားရပါသော်ငြား သူ့တည်ရှိနေမှုမှာတော့ အတိုင်းအတာတစ်ခုထိပြင်းပြသိသာနေခဲ့သည်။
ဝိန်းရိဖန် ရေနွေးတစ်ခွက်ငှဲ့လိုက်ပြီး ဇာတ်လမ်းဆက်ကြည့်နေလိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် အာရုံကောင်းကောင်းစူးစိုက်ထား၍မရနိုင်ခဲ့။
တစ်ခဏကြာသွားပြီးနောက်တွင်တော့ ဝိန်းရိဖန်တစ်ယောက် သူမ ထိုင်နေသည့်နေရာမှာ ပုံမှန်ထိုင်နေကျနေရာမဟုတ်မှန်းရိပ်မိလိုက်တော့၏။
နှစ်ယောက်သားကြားရှိအကွာအဝေးမှာ ပုံမှန်ထက်ပိုပြီး နီးကပ်နေလျက်။
ဤအကွာအဝေးကြောင့် ဝိန်းရိဖန်တစ်ယောက် မဆီမဆိုင်ဖြင့် ယနေ့ညစူပါမားကတ်၌ စန်းရန်က သူမ၏ဘေးတွင်ရုတ်တရက်ပေါ်လာသည့်ပုံရိပ်အား ပြန်မြင်ယောင်လာမိတော့၏။
အာမေဍိတ်သံတစ်ခု အပြီး...
ဘေးပတ်ပတ်လည်မှအရာအားလုံးနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည့်အလား...
အေးစိမ့်စိမ့်မိုးစက်များကြောင့် ဖြစ်ပေါ်လာသည့်စိုထိုင်းထိုင်းအငွေ့အသက်များက ယောက်ျားတစ်ဦး၏အသက်ရှူငွေ့များဖြင့် ရုတ်ချည်းဖုံးလွှမ်းခံလိုက်ရတော့၏။ သူမ ခေါင်းမော့ပြီးငေးကြည့်မိလိုက်လျှင် မြူခိုးရေငွေ့များကြားမှ စန်းရန်၏မျက်တောင်မွှေးများဟာ တစ်ပင်ချင်းရေတွက်၍ရနိုင်လောက်သည်အထိ ကြည်လင်သန့်စင်....
စန်းရန်၏ရေခွက်ကို လှမ်းယူလိုက်သည့်လှုပ်ရှားမှုကြောင့် သူမ၏အတွေးများဟာတိခနဲပြတ်တောက်သွားရတော့သည်။
အကွာအဝေးမှာလည်း လျှပ်တပြက် ပို၍နီးကပ်သွားသည့်အချိန်။
အကြောင်းအရင်းမရှိပါဘဲ ဝိန်းရိဖန် စိတ်လှုပ်ရှားလာမိကာ ရုတ်တရက် မတ်တပ်ထရပ်ပစ်လိုက်၏။
စန်းရန် မျက်လုံးပင့်ကြည့်လာခဲ့သည်။
သူ့ဘက်မှ စကားမစခင် ဝိန်းရိဖန်က တည်တည်ငြိမ်ငြိမ်ဖြင့် ;
"ငါ ဒိန်ချဥ်သွားယူမလို့ ၊ နင်ရော သောက်ဦးမလား"
"အို့"
စန်းရန်က အကြည့်လွှဲလိုက်၏။
"မသောက်တော့ဘူး"
ရေခဲသေတ္တာထဲမှ စတော်ဘယ်ရီဒိန်ချဥ်ဘူးတစ်ဘူး ယူပြီးသည့်အခါ ဧည့်ခန်းထဲ ပြန်လာခဲ့၏။ စန်းရန်က ရေသောက်နေပြီး အကြည့်များက တီဗွီပေါ်၌မဟုတ် ၊ ပုံစံက အေးအေးလူလူမျိုးဖြင့်။ ဝိန်းရိဖန်၏လှမ်းလက်စခြေလှမ်းများက တုံ့ခနဲရပ်သွားပြီး ဦးတည်ရာပြောင်းလိုက်ကာ ပုံမှန်ထိုင်နေကျနေရာ၌သာပြန်ထိုင်လိုက်သည်။
သူ့ဘေးနားတွင် မဟုတ်ပါတော့ပေ။
ရုပ်ရှင်ဇာတ်ကားပြီးသွားသည့်အခါ ဝိန်းရိဖန်က ဇာတ်လမ်းနှင့်ပတ်သတ်သည့်အမြင်များကို ဖလှယ်ကြပြီး ယခုလိုအရာမျိုးလောက်ကို ကြောက်မနေသင့်ကြောင်း စသည့် သူ့မာနကိုထိခိုက်သွားစေမည့်စကားများကိုတော့ သိသိသာသာရှောင်ဖယ်ပြီးပြောခဲ့၏။ နောက်တွင် သူမ၏ပစ္စည်းများကို သိမ်းပြီး အိပ်ခန်းထဲသို့ပြန်လာခဲ့လိုက်တော့သည်။
ညအိပ်ဝတ်စုံလဲပြီးသည့်အချိန်တွင် ယနေ့ညကြည့်ထားသည့် ရုပ်ရှင်ဇာတ်လမ်းအကြောင်းအား မသိလိုက်ပါဘဲအလိုလိုထပ်ပြီး တွေးမိလာခဲ့၏။
Websiteထဲတွင် မုချန်ယွင်၏အကြောင်း ရှာဖွေကြည့်မိခြင်း...
ဝိန်းရိဖန်၏လှုပ်ရှားမှုများမှာ နှေးကွေးလာခဲ့ရင်း ယခုအချိန်မှာမှ သတိထားမိလေတော့၏။
တိုက်ဆိုင်မှုတစ်ခုဟု ထင်ရပါသော်လည်း...
မဟုတ်မှလွဲ စန်းရန်က မုချန်ယွင်အကြောင်းရှာကြည့်ထားသည်ကို တွေ့သွားခဲ့၍ ယခုရုပ်ရှင်ကားကို ရှာကြည့်နေခြင်းလား?..
နောက်တစ်က္ကန့်တွင် ဝိန်းရိဖန်က စန်းရန် ရေချိုးပြီးခါစတုန်းက ပြောသည့်စကားကို ပြန်ကြားယောင်လာမိပြန်တော့၏။
---"သရဲကားတစ်ကားလောက် ညွှန်းကြည့် ၊ အိပ်ချင်စိတ်ဖြစ်လာတာမျိုး"
ဝိန်းရိဖန် ကြောင်အမ်းမိသွားကာ ပေါက်ကရအတွေးများကို ချက်ချင်းရပ်ပစ်လိုက်တော့သည်။
-----
နောက်တစ်နေ့တွင်။
ဝိန်းရိဖန်က အဝတ်အစားလဲပြီး မနက်စာစားရန်အတွက် ဧည့်ခန်းထဲသို့ ထွက်လာခဲ့၏။ ကော်ဖီစားပွဲအောက်မှ နို့မှုန့်ကို ထုတ်ယူလိုက်သည့်အချိန် ဘေးနေရာမှ ဆိုဖာတွင် လစ်လပ်နေကြောင်း မျက်ဝန်းထောင့်မှတဆင့်ဖမ်းကြည့်မိလိုက်ကာ ကျင့်သားမရသည့်ခံစားချက်တစ်ခု ဖြစ်တည်လာခဲ့ရသည်။
နှစ်ယောက်သား အိမ်ခန်းမျှနေကြသည့် ဤအချိန်များအတွင်းတွင် စန်းရန်၏နေ့စဥ်လုပ်ငန်းဆောင်တာများက ပုံသေမဟုတ်မှန်း သတိထားမိခဲ့ပါသည်။ သူ့အိပ်ချိန်များက စောလည်းစောတတ်သလို နောက်ကျလေ့လည်းရှိကာ တစ်ခါတစ်ရံ နေ့လည်ခင်း၌ပင် အိပ်နေတတ်သေးသည်။ သို့သည့်တိုင် ဘယ်လောက်ထိညနက်နောက်ကျပြီးမှအိပ်သည်ဖြစ်စေ မနက်စောစော ထလာလေ့ရှိစမြဲ။
နေ့တိုင်းနေ့တိုင်း ဝိန်းရိဖန် အိပ်ခန်းထဲမှထွက်လာသည့်အချိန်တွင် စန်းရန်က အိပ်ချင်မူးတူးဖြင့် ဆိုဖာပေါ်လှဲထိုင်ပြီး ဖုန်းကစားနေတတ်သည်။
အိပ်ငိုက်ပြီး ပျင်းရိနေသည့်ပုံစံမျိုးပင်။
အရင်တစ်ခေါက် ဝမ်လင်လင်နှင့်အချိန်ကြာကြာမနေဖြစ်ခဲ့ကြောင့် ဝိန်းရိဖန်အနေဖြင့် အထူးတလည်ခံစားမိခဲ့ခြင်းမရှိသော်ငြား ယခုအချိန်တွင်တော့ ဝိန်းရိဖန်သည် နောက်ထပ်တစ်လလောက်နေလျှင် စန်းရန် ပြောင်းသွားတော့မည့်အကြောင်း ၊ သူမအနေဖြင့် အိမ်ခန်းငှားဖော်အသစ်နှင့်သင့်တင့်လျောက်ပတ်အောင် နေရဦးမည်ဖြစ်ကြောင်း တွေးမိကာ စိတ်ခံစားချက်များက အနည်းငယ်ဂဏာမငြိမ်ဖြစ်လာရတော့သည်။
'မပျော်ရွှင်ဘူး'ဆိုသည့် စကားမျိုးလည်း သုံး၍မရသလို မည်သို့ဖော်ပြရမည်မှန်းလည်း မသိပါပေ။
ဝိန်းရိဖန် မျက်တောင်ခတ်လိုက်မိ၏။
သည်လိုဖြစ်ရခြင်းမှာ ပုံမှန်သဘာဝပင်...
ဘယ်လိုပင်ဖြစ်စေ နှစ်လကျော်ကျော် အတူတူနေခဲ့ကြသည်မဟုတ်လား...
ပထမဆုံးအကြိမ်လည်းဖြစ်နေတာကြောင့် နောက်တစ်ခါ အိမ်ခန်းငှားဖော်နှင့်လမ်းခွဲကြသည့်အခါမျိုးတွေမှာ လိုက်လျောညီထွေဖြစ်၍နေသားကျသွားအောင် အမြန်ဆုံးအတွေ့အကြုံယူသွားနိုင်ပါလိမ့်မည်။
မီးဖိုချောင်ထဲဝင်လာပြီး မီးကင်စက်သုံးရင်း ပေါင်မုန့်သုံးလေးချပ်ကင်လိုက်၏။ ထမင်းစားပွဲဆီသို့ လျှောက်လာသည့်အချိန် ရေချိုးခန်းထဲမှထွက်လာသည့်စန်းရန်ကို မြင်လိုက်ရပြီး အခုလေးတင်မှ မျက်နှာသစ်ပြီးပုံရကာ မျက်နှာတစ်ခုလုံး စိုနေလေသည်။
ထမင်းစားပွဲမှဖြတ်သွားသည့်အချိန်တွင် စန်းရန်က သူမ၏မနက်စာအား လှမ်းကြည့်သွားသေး၏။
ဝိန်းရိဖန်က ယဥ်ကျေးသမှုဖြင့် ;
"နင် စားဦးမလား"
"အာ.."
စန်းရန်၏ခြေလှမ်းများက ချက်ချင်းရပ်သွားပြီး အားမနာတမ်း ကုလားထိုင်ဆွဲယူပြီး ထိုင်လိုက်၏။
"ဒါဆိုရင်တော့ ကျေးဇူးပါပဲ"
"...."
သူမရှေ့တွင်ချထားသည့် နွားနို့ခွက်ကိုလှမ်းကြည့်ရင်း စားသောက်ဆိုင်၌ အမှာစာတင်နေသည့်အလား စန်းရန်က စားပွဲကိုခေါက်၍ ;
"နွားနို့လည်းတစ်ခွက်ယူမယ် ကျေးဇူးပါ"
ဝိန်းရိဖန် ; "...."
ဘယ်လိုပင်ဖြစ်ဖြစ် ကြီးကြီးမားမားကိစ္စလည်းမဟုတ်သည့်အတွက် ဝိန်းရိဖန်က ကော်ဖီစားပွဲဆီသို့ပြန်လျှောက်ကာ ကျန်နေသည့်ရေနွေးဖြင့် နို့မှုန့်တစ်ခွက်ဖျော်ပေးလိုက်၏။ ဖန်ခွက်အား မယူတော့မည့်အခိုက်တွင် စန်းရန်က နေရာမှထ၍ ကော်ဖီစားပွဲဆီသို့လျှောက်လာကာ သစ်သီးစီရီယယ်တစ်ထုပ်ကို လှမ်းယူလိုက်သည်။
အထုပ်ကိုဖောက် ၊ သူ့နွားနို့ခွက်ကိုယူပြီး ထမင်းစားပွဲဆီပြန်လျှောက်သွားပြန်သည်။
ဝိန်းရိဖန်က ကြောင်အမ်း၍ကြည့်နေရင်း သူ့နောက်မှလိုက်လာခဲ့၏။
နှစ်ယောက်သား၏ထိုင်ခုံနေရာချထားပုံမှာ ဘေးချင်းကပ်ရပ်။
ဖန်ခွက်များကလည်း ဘေးချင်းယှဥ်ထားလျက်။
ဝိန်းရိဖန် ထိုင်လိုက်သည့်အချိန်တွင်တော့ သူမဘေးရှိ စန်းရန်မှာ မတ်တပ်ရပ်နေဆဲဖြစ်ပြီး အထုပ်ထဲမှ စီရီယယ်များအား သူမ၏ဖန်ခွက်ထဲသို့ ဇွန်းဖြင့်ခပ်ထည့်ပေးနေလေသည်။ ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်၍ ;
"နင် ခွက်မှားနေပြီ"
စန်းရန်က 'အမ်' ဟု အသံတစ်ချက်ပြုပြီးမှသတိရသွားသည့်ပုံစံမျိုးဖြင့် သူ့ဖန်ခွက်ထဲသို့ စီရီယယ် သွန်ထည့်လိုက်၏။
အခုလေးတင်မှနိုးလာသည့်အတွက် စိတ်ကြည်ကြည်လင်လင်ဖြစ်ပုံမရသေးသည်ဟု တွေးလိုက်ပြီး ဝိန်းရိဖန်က အာရုံသိပ်မစိုက်ဖြစ်ပေ။ ဖန်ခွက်အား ဇွန်းဖြင့်မွှေလိုက်ပြီး စီရီယယ်ပါသည့်နွားနို့အား မော့သောက်လိုက်တော့၏။
"နင် အိမ်ပြင်တဲ့ဘက်ကိုမေးပြီးသွားပြီလား"
"ဟိုဘက်က ဖုန်းမကိုင်ဘူး ၊ နောက်နှစ်ရက်နေရင် ကိုယ်တိုင်သွားကြည့်မလို့"
ဝိန်းရိဖန်က စကားအဖြစ်သာပြောခြင်းဖြစ်သည့်အတွက် စိတ်လောနေခြင်းမရှိ၏။
"အင်း"
---------
အင်္ဂါနေ့မနက်ခင်းတွင်။
ဝိန်းရိဖန် အလုပ်သွားဖို့အတွက် အပြင်ထွက်လာခဲ့သည်။ မြေအောက်ရထားဂိတ်၌စောင့်နေရင်း လက်ကိုင်ဖုန်းအား ကြည့်မိသည့်အချိန် ကျောက်ယွမ့်တုံပို့ထားသည့် မက်ဆေ့များကို မြင်လိုက်ရသည်။
ကျောက်ယွမ့်တုံအိမ်မှ ပြန်လာခဲ့သည့်နေ့ကတည်းက ဝိန်းရိဖန်ထံသို့ မက်ဆေ့ပေါင်းစွာ ပို့ခဲ့ခြင်းဖြစ်သည်။ ကျောက်ယွမ့်တုံဘက်မှ မလုပ်ရဲခြင်းကြောင့်လည်းဖြစ်နိုင်ကာ ဖုန်းခေါ်ဆိုလာမှုမရှိပါဘဲ စကားလုံးများဖြင့်သာ အခြေအနေကို ရှင်းပြနေခဲ့ခြင်းဖြစ်သည်။
ဝိန်းရိဖန် စာပြန်ခြင်းမရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိတ်ရှုပ်လာရကာ မက်ဆေ့ဘောက်အား အသံပိတ်ထား၏။
မြေအောက်ရထားရောက်သည့်အချိန်တွင် ဝိန်းရိဖန်က အိတ်ကပ်ထဲသို့ ဖုန်းပြန်ထည့်လိုက်ကာ နေရာယူပြီးပြီးချင်းပင် ဖုန်းသံမြည်လာခဲ့၏။ ခေါ်ဆိုသူနံပါတ်က နန်းဝူမြို့နံပါတ်ဖြစ်နေသည့်အတွက် လက်ခံဖြေဆိုလိုက်၏။
"မင်္ဂလာပါ ၊ ကျေးဇူးပြု၍ လူကြီးမင်းက..?"
"ရွှမ်းကျန့်....ဒေါ်လေးပါ"
ချယ်ယန့်ချင်၏ မြူးမြူးထူးထူးအသံက ဖုန်းတစ်ဖက်မှထွက်ပေါ်လာ၏။
"ဒီကလေးမလေးကတော့ တကယ်ပါပဲ ၊ တကယ်လို့သာ အဲ့နေ့က မတွေ့ဖြစ်ခဲ့ကြရင် သမီးရင်ထဲမှာ ဒေါ်လေးကို အဲ့လောက်ထိအပြစ်မြင်နေမယ်မှန်း ဒေါ်လေးသိမှာမဟုတ်ဘူး ၊ ဒေါ်လေးတို့ စကားကောင်းကောင်းပဲပြောကြရအောင် ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လေးက သမီးကို နှစ်တွေအကြာကြီး စောင့်ရှောက်ပေးခဲ့တာပဲလေ ၊ ပြီးတော့ အဲ့ဒါတွေအားလုံးကလည်း သမီးဘက်က အထင်လွှဲ...."
"...."
ဝိန်းရိဖန်က အဆုံးထိနားမထောင်ဘဲ ဖုန်းချပစ်ကာ တစ်ခါတည်း Blacklist ထဲထည့်ပစ်လိုက်၏။
ဝိန်းရိဖန် ယီဟယ်တက္ကသိုလ်တက်နေသည့်နှစ်များမှစ နန်းဝူမြို့သို့ အလုပ်လုပ်ရန်ပြန်ရောက်လာသည့်အချိန်ထိ ကြားကာလထဲတွင် ဖုန်းနံပါတ်ပေါင်းများစွာပြောင်းခဲ့ရပြီးပြီ။ ယခုလိုလုပ်ထားခြင်းကြောင့်လည်း ချယ်ယန့်ချင်က သူမထံသို့ ဆက်သွယ်ဖို့ရာ နည်းလမ်းမရှိနိုင်ပေ။
ထို့ကြောင့် ဤဖုန်းနံပါတ်ရနိုင်မည့်တစ်ခုတည်းသောလမ်းမှာ ကျောက်ယွမ့်တုံပေးမှသာ ချယ်ယန့်ချင်ထံရောက်မည်ဖြစ်၏။
ချယ်ယန့်ချင်က နန်းဝူ၌ ဘယ်လောက်ကြာကြာနေပြီးမှ ပေယွီသို့ ပြန်မည်မှန်းလည်းမသိ ၊ ဝိန်းရိဖန်စိတ်ထဲ မတင်မကျဖြင့်စိတ်ရှုပ်လာရသဖြင့် စိတ်ခံစားချက်ကိုအမြန်ထိန်းပြီး အတွေးမလွန်စေရန်ကြိုးစားလိုက်သည်။
နန်းဝူက မြို့ကြီးဖြစ်သည့်အတွက် အမှတ်တမဲ့တွေ့နိုင်သည့်တိုက်ဆိုင်မှုမျိုးမှာ အခွင့်နည်းနည်းလေးသာ ရှိမည်လည်းဖြစ်၏။
ထို့အပြင် နန်းဝူမြို့သို့ ပြန်ရောက်ပြီးသည့်နောက် ဝိန်းရိဖန်အနေဖြင့် ကျောက်ယွမ့်တုံအား သူမ၏လက်ရှိအခြေအနေ ၊ နေရပ်လိပ်စာနှင့် အလုပ်ဌာနများအား ဘာမှမပြောပြထားသည့်အတွက် သူတို့ဘက်မှရှာတွေ့သွားနိုင်ဖို့ရာလည်း မလွယ်နိုင်ချေ။
ဝိန်းရိဖန်အတွက်တော့ ဤဇာတ်ကွက်ဟာ အရေးမပါသည့်ဇာတ်ဝင်ခန်းတစ်ခုအဖြစ် သတ်မှတ်လိုက်တော့၏။
ဌာနသို့ရောက်လာပြီး နေရာ၌ထိုင်လိုက်လိုက်ချင်းပင် ဖုကျွမ့်က အနားသို့ပြေးလာပြီး ;
"ရိဖန်ကျဲ ၊ ကျန့်လောင်ရှစ် အလုပ်ထွက်သွားပြီ"
"ကျန့်လောင်ရှစ်?....အခုတလော ဘာလို့ လူတွေအများကြီးအလုပ်ထွက်ကုန်ကြတာလဲ"
ဝါရင့်သတင်းထောက်တစ်ဦးက အပူထိန်းခွက်ကိုကိုင်ထားရင်း အနားမှဖြတ်လျှောက်သွားသည့်အခိုက်တွင် ဝိန်းရိဖန်၏စကားကိုကြားလိုက်ပြီး စကားအမှန်ပြင်ပေးရန်ရောက်လာခဲ့၏။
"လူတွေက အမြဲတမ်း အလုပ်ထွက်နေကြတာပါ"
ထို့နောက် ဗုဒ္ဓ၏အလယ်အလတ်လမ်းစဥ်နောက်သို့ လိုက်ပါစီးမျောသွားပါတော့၏။
"...."
ဖုကျွမ့် ;
"ဟုတ်တယ်နော် ၊ ကျွန်တော် ရောက်လာပြီးတဲ့နောက်မှာကို ဘယ်နှယောက်လောက် အလုပ်ထွက်သွားကြပြီးပြီလဲ ၊ အရင်နှစ်က 'အစ်မလင်' အလုပ်ထွက်သွားတာမလား ၊ ပြီးတော့ သိပ်မကြာခင်က 'ချန်ကော' လည်းထွက်သွားသေးတယ် ၊ အခုတလော အဖွဲ့ထဲမှာ လူအင်အားနည်းနေပြီ ၊ ကျွန်တော် ခုဏလေးကမှ ဒါရိုက်တာပြောနေတာကို ခိုးနားထောင်လာသေးတယ် ၊ ကြည့်ရတာ လူသစ်ထပ်ခေါ်တော့မှာလားမသိဘူး"
ဝိန်းရိဖန် ;
"အဲ့လိုဆို ပိုတောင်ကောင်းသေးတာပေါ့"
"အတွေ့အကြုံရှိတဲ့သူရော ကျောင်းဘက်ကလူရောခေါ်လောက်မယ်ထင်တာပဲ ၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ကျွန်တော် နန်းဝူရုပ်မြင်သံကြားဌာနမှာ အလုပ်သင်ဆင်းနေမှန်းသတင်းကြားလို့ဆိုပြီး လွန်ခဲ့တဲ့ရက်ကတောင် လူသစ်ခေါ်သေးလား မေးနေသေးတယ်"
"ဒါဆို သူ့ကို အကြောင်းပြန်ပေးလိုက်လေ"
ဖုကျွမ့် ;
"ကျွန်တော် သူ့ကို ပြောတောင်ပြောပြပြီးလို့ အင်တာဗျူးဖြေဖို့တောင် ပြင်ဆင်နေလောက်ပြီ"
နှစ်ဦးသား စကားအနည်းငယ်ဆက်ပြောပြီးနောက်တွင်တော့ စကားစဖြတ်လိုက်ကာ ကွန်ပြူတာကိုယ်စီဖွင့်ပြီး အလုပ်လုပ်ကြတော့သည်။
အလုပ်ရှုပ်သည့်တစ်နေ့တာအပြီး ဝိန်းရိဖန် အိမ်ပြန်ရောက်သည့်အချိန်တွင် ည ၁၀နာရီပင် ထိုးနေပြီ။
မည်းမှောင်ပြီးတိတ်ဆိတ်နေသည့်အိမ်ခန်းအား မီးဖွင့်လိုက်ချင်းပင် ဝိန်းရိဖန်၏ဖုန်းမက်ဆေ့သံမြည်လာခဲ့၏။ ဖွင့်ကြည့်လိုက်လျှင် Wechat မှတဆင့် စာပို့လာသည့်သူမှာ စန်းရန် ;
[ နောက်ကျမှပြန်ရောက်မယ် ]
ဝိန်းရိဖန် ; [ ကောင်းပြီ ]
------
ဘားထဲ၌ ကိစ္စအနည်းငယ်ပေါ်လာသဖြင့် ည ၂နာရီထိုးသည့်အချိန်မှသာ စန်းရန် အိမ်ပြန်ရောက်လာခဲ့၏။ ငြင်ငြင်သာသာလှုပ်ရှား၍ဝင်လာပြီး အိမ်တံခါးကိုလည်း အသာအယာပြန်ပိတ်လိုက်သည်။ အိမ်အဝင်ဝမှလှမ်းကြည့်လိုက်လျှင် စင်္ကြံလမ်း မီးလုံးသာ ဖွင့်ထားပြီး ဧည့်ခန်းထဲမှမီးချောင်းအားလုံး မှိတ်ထားသည်။
စန်းရန်က မီးမဖွင့်ဘဲ မီးဖိုချောင်ထဲသို့တိုက်ရိုက်ဝင်သွားကာ ရေခဲရေတစ်ဘူးယူပြီး ဧည့်ခန်းဆီသို့ ပြန်လျှောက်လာခဲ့သည်။
ရေဘူးအဖုံး ဖွင့်ဖွင့်လိုက်ချင်းတွင်။
အိပ်ခန်းကြီးဘက်မှတံခါးဖွင့်သံကို ကြားလိုက်ရသည်။
စန်းရန်၏မျက်ခုံးများ ပင့်မြှောက်သွားခဲ့ကာ သိပ်မကြာလိုက်ခင်အတွင်း ညအိပ်ဝတ်စုံဝတ်ထားသည့်ဝိန်းရိဖန်မှာ သူ့မြင်ကွင်းထဲ ပေါ်လာခဲ့၏။ စကားတစ်ခွန်းမဆို ၊ မည်သည့်အမူအရာမျိုးမှမပါသည့်မျက်နှာဖြင့် ဆိုဖာဘက်သို့လျှောက်လာကာ ငြိမ်ငြိမ်လေးထိုင်နေလေသည်။
"...."
မြင်နေရသူ စန်းရန်အတွက် အနည်းငယ်ကသိကအောက်နိုင်လာသဖြင့် ဝိန်းရိဖန်အား လှမ်းကြည့်ပြီး ;
"မင်း ဘာလုပ်နေတာလဲ"
ဝိန်းရိဖန်ထံမှ စကားတစ်ခွန်း ပြန်မလာ။
စန်းရန်က ဆက်၍ ;
"အိပ်မပျော်လို့လား"
ကြည့်ရသည်မှာ သူမထံမှ 'အင်း' ဆိုသည့်အသံတိုးတိုးလေးတစ်ခု ထွက်လာသလိုလို။
"ဒါဆို မီးသွားဖွင့်လိုက်လေ"
စန်းရန်က ဆိုဖာပေါ်လှဲမှီလိုက်ရင်း သူမကိုကြည့်နေရသည်မှာလည်း တစ်ခုခုမူမမှန်သလိုခံစားမိနေသဖြင့်
"မင်း ကိုယ့်ကို အထူးတလည် ထွက်လာကြိုဖို့မလိုပါဘူးကွာ ၊ ညသန်းခေါင်ကြီးမှာ လူကိုလန့်အောင်လို့..."
သူ့စကားမဆုံးခင် ဝိန်းရိဖန်က မတ်တပ်ထရပ်လိုက်၏။
သူ့အထင်တွင် ဝိန်းရိဖန်က စကားနားထောင်ပြီးမီးသွားဖွင့်မည်ဟု ထင်နေမိကာ စန်းရန်က ကျန်နေသည့်စကားတို့ကိုဆက်မပြောတော့ဘဲ ရေသောက်ရင်း လှမ်းကြည့်နေလိုက်၏။ မထင်မှတ်ထားသည့်အတိုင်း ဝိန်းရိဖန်က သူ့စကားအား လေအဖြစ်သာသတ်မှတ်ထားပုံရ၍ တစ်ဖက်သို့လှည့်ပြီး အိပ်ခန်းဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။
တူနေသည်မှာ စိတ်ဝိဥာဥ်လွင့်နေသည့်ပုံစံမျိုးနှင့်။
နောက်ဆယ်စက္ကန့်တွင် စင်္ကြံလမ်းဘက်မှ အိပ်ခန်းတံခါးပိတ်သံကိုကြားလိုက်ရ၏။
"...."
စန်းရန် ; "?"
နောက်တစ်နေ့သည်ကား ပိတ်ရက်ဖြစ်သည့်အတွက် ဝိန်းရိဖန်တစ်ယောက် အိပ်ရာနိုးနိုးချင်းမထသေး။
အိပ်ရာထက်၌ နာရီပိုင်းကြာသည်အထိ လူးလိမ့်နေလိုက်သေးသည်။
အချိန်ကျသည့်အခါတွင်မှ အိမ်ရာထပြီး ကျုံးစစ်ချောင်နှင့်သွားတွေ့ရန် ရေချိုးသန့်စင်အဝတ်အစားလဲလိုက်သည်။
သိပ်မကြာခင်ရက်များတုန်းက ကျုံးစစ်ချောင်ဘက်မှ သူမ၏ပိတ်ရက်တွင် နှစ်ယောက်တည်းအပြင်လျှောက်လည်ရန် အချိန်းအချက်ပြုထားခဲ့သည်။ အိမ်အဝင်ဝသို့ရောက်ပြီး ဖိနပ်စီးကာ အပြင်ထွက်တော့မည့်အချိန်တွင် မီးဖိုချောင်ထဲမှထွက်လာသည့် စန်းရန်က သူမ၏မြင်ကွင်းထဲသို့ သိသိသာသာရောက်လာခဲ့၏။ ဗြောင်ကျကျမျက်နှာအမူအရာမျိုးဖြင့် လာရပ်နေသည့်သူ၏မျက်ဝန်းက အဓိပ္ပါယ်ပါပါဖြင့်လှမ်းကြည့်နေပြီး သူမထံမှ စကားတစ်ခွန်းခွန်းကိုစောင့်နေသည့်ပုံစံမျိုးပင်။
ဝိန်းရိဖန်က အိမ်သော့ကိုလှမ်းယူရင်း ;
"နင် မနေ့က ဘယ်အချိန်ပြန်ရောက်တာလဲ"
စန်းရန်က မျက်မှောင်ကျုံ့လိုက်သည်။
"မင်း မသိဘူးလား"
"မသိဘူးလေ"
စန်းရန်၏ပုံစံက ထူးဆန်းသလိုဖြစ်နေသည်ဟု ခံစားနေမိရင်း ဝိန်းရိဖန် ရှင်းပြလိုက်၏။
"ငါ မနေ့ညက စောစောအိပ်တာမလို့ နင် ပြန်လာတဲ့အသံကို မကြားလိုက်ဘူး"
"...."
တစ်ဖက်လူက ဘာမှပြန်မပြောလာသည့်အတွက် ဝိန်းရိဖန်က အိမ်တံခါးဖွင့်ရင်း စကားဆိုလိုက်သည်။
"ဒါဆို ငါ အပြင်သွားပြီနော်"
စန်းရန်က တစ်စုံတစ်ခုကိုတွေးနေသည့်အလား ငြိမ်သက်နေကာ စက္ကန့်ပိုင်းကြာပြီးမှ သူမအား ပြန်လှမ်းကြည့်လာပြီး 'အင်း' ဟုသာအထိုက်အလျောက်ပြန်ဖြေလာခဲ့သည်။
-------
ဝိန်းရိဖန် နှင့် ကျုံးစစ်ချောင်တို့ ဆုံသွားခဲ့သည်မှာ မြေအောက်ရထားဂိတ်တွင်။
နှစ်ယောက်စလုံး နေ့လည်စာမစားရသေးသဖြင့် အနီးဆုံးခေါက်ဆွဲဆိုင်တစ်ဆိုင်၌သာ နေ့လည်စာဝင်စားလိုက်ကြသည်။ ခေါက်ဆွဲစောင့်နေသည့်အချိန်အတွင်း ဝိန်းရိဖန်က အိတ်ထဲသယ်လာသည့် လက်မှတ်စာအုပ်ကို ထုတ်လိုက်၍
"နင် ဒီသရုပ်ဆောင်ကို သိလား"
ကျုံးစစ်ချောင်က လှမ်းယူကာ အချိန်အတော်ကြာစိုက်ကြည့်နေပြီးမှ
"ဘာစာလုံးတွေလဲ?"
"...."
ဝိန်းရိဖန် ;
"မုချန်ယွင်"
"မသိဘူး"
"ဒီတစ်ခုကို ငါအရင်တစ်ခေါက် အင်တာဗျူးလိုက်ရင်းနဲ့ရခဲ့တာ ၊ အဲ့တစ်ယောက်က ငါ့ကို သူ့ Fan လို့ထင်ပြီး လက်မှတ်ထိုးပေးလိုက်တယ်လေ"
ဝိန်းရိဖန်က ဆက်၍
"ငါ နောက်မှ ရှာကြည့်လိုက်တော့ 《အိပ်မက်ကအနိုးမှာ သရဲအတွေ့》ဇာတ်လမ်းထဲက သရဲကောင် ဖြစ်နေတာ"
"《အိပ်မက်ကအနိုးမှာ သရဲအတွေ့》ထဲက သရဲကောင်?"
ကျုံးစစ်ချောင်က တဟားဟားအော်ရယ်လိုက်ပြီး ;
"ဒါဆို အသက်သုံးဆယ့်ရှစ်နှစ်လောက်ရှိမယ့် သရုပ်ဆောင်ကြီးပေါ့"
ဝိန်းရိဖန်က သက်ပြင်းချလိုက်၏။
"သူများက စေတနာနဲ့လက်မှတ်ထိုးပေးထားတာကို လွှင့်ပစ်လိုက်လို့လည်းမကောင်းဘူး ၊ အင်းပါ....ငါ့ဟာငါ စာအုပ်အသစ်ပြောင်းသုံးလိုက်တော့မယ်"
နှစ်ဦးသားက စကားခေါင်းစဥ်တစ်ခုပြီးတစ်ခုပြောင်းသွားကာ စကားပြောလုံးဝမပြတ်။
"ဒါနဲ့..."
ကျုံးစစ်ချောင်က စကားအစချီလိုက်၏။
"ရှေ့ရက်တုန်းက ငါ့တူလေး အဖျားကြီးလို့ဆိုပြီး ငါ့ယောင်းမနဲ့အတူ ဆေးရုံသွားပြခဲ့ကြသေးတယ် ၊ အဲ့တုန်းက ငါ ဘယ်သူနဲ့တွေ့ခဲ့တယ်လို့ထင်လဲ"
"ဘယ်သူနဲ့တွေ့တာလဲ"
"ငါ 'ချွေးကျင့်ယွီ' နဲ့တွေ့တာပါဆို ၊ အဲ့ဒါနဲ့ ငါတို့နှစ်ယောက် ခဏလောက်စကားပြောဖြစ်ကြသေးတယ် ၊ အခု သူ(မ)က အိမ်ထောင်ကျပြီးသွားလို့ ဒုတိယကလေးတောင်ရနေပြီ"
ကျုံးစစ်ချောင်က အချိန်ကုန်မြန်လွန်းသည့်အကြောင်းတွေးကာ သက်ပြင်းချ၍ ;
"သူနဲ့ပတ်သတ်ပြီး ငါ ကောင်းကောင်းကြီးမှတ်မိနေတာတစ်ခုက သူ အထက်တန်းတုန်းက စန်းရန်ကို သေလောက်အောင်သဘောကျတာကိုပဲ ၊ အသည်းအသန်လိုက်တာလေ"
ဝိန်းရိဖန်သည်လည်း ထိုတစ်ယောက်နှင့်ပတ်သတ်၍ မှတ်မှတ်ရရရှိခဲ့ဖူးပါသည်။
"အိုင်း..ဒီကိစ္စကိုပြောရင်း ငါ အရမ်းသိချင်တဲ့ကိစ္စတစ်ခုလည်းရှိသေးတယ် ၊ ငါ နင့်ကို ဘယ်တုန်းကမှလည်းမမေးခဲ့ဖူးတဲ့မေးခွန်းတစ်ခုပေါ့"
ဝိန်းရိဖန် ;
"ဘာလဲ"
"နင် အရင်တုန်းက တကယ်ကြီး စန်းရန်ကို လုံးဝ သဘောမကျခဲ့ဖူးတာလား"
"...."
ဝိန်းရိဖန် ရုတ်တရက်ကြောင်အမ်းသွားရ၏။
"ဘာဖြစ်လို့မေးတာလဲ"
"ဘာဖြစ်လို့လဲဆို စန်းရန်က ချောလို့လေဟာ ၊ ပြီးတော့ မျက်လုံးထဲ အကြည့်ခံတဲ့ပုံစံမျိုး"
ကျုံးစစ်ချောင်က ပါးနှစ်ဖက်က်ို ဖိအုပ်၍ ;
"ပြီးတော့လည်း ငါ သူနဲ့စကားအများကြီးမပြောခဲ့ဖူးပေမယ့် သူ နင့်ကို အရမ်းသဘောကျတာကိုတော့ ငါသိတယ် ၊ နင့်ကိုဆို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပေးတာ"
ဤစကားတစ်ခွန်း အပြင် ခုဏလေးက ကျုံးစစ်ချောင်ပြောလိုက်သည့် အမည်နာမတစ်ခု တို့ကြောင့် ဝိန်းရိဖန် တစ်ခဏစာ မိန်းမောတွေဝေသွားရတော့သည်။
အတွေးများကလည်း အတိတ်မှပုံရိပ်များဆီသို့ ဦးဆောင်ဆွဲခေါ်ခံလိုက်ရ၏။
စန်းရန်က မျက်မှန်နှင့်ကောင်လေးအား ထိုသို့ရန်လိုပြုမူထားပြီးနောက်တွင် အတန်းထဲ၌ မည်သူကမှ သူတို့နှစ်ယောက်၏ကောလဟလအတင်းများအကြောင်းကို ဆက်မပြောကြတော့ဘဲ ပေါက်ကရသတင်းများလည်း ထပ်မရှိတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ဝိန်းရိဖန်က ပေါင်းရသင်းရလွယ်ကူမှန်း အခြားသူငယ်ချင်းများသိလာကြသည် ၊ သို့သော်လည်း အကျင့်စရိုက်ပုံစံလေးက နှေးနှေးကွေးကွေးဖြစ်နေတတ်ရုံလေးသာ။ ရုပ်ရည်မှာ တမူထူးခြား၍ကြည့်ကောင်းနေပြီး စိတ်နေသဘောထားမှာလည်း သိမ်မွေ့တတ်သည့်အတွက်ကြောင့်ဖြင့် လူအတော်အများက သူမအား စကားစပြောလာကြကာ ဖြေးဖြေးချင်းနှင့် ရင်းနှီးသည့်အတန်းဖော်သူငယ်ချင်းများ ရှိလာခဲ့သည်။
သို့သော် ရေရေရာရာ မမှတ်မိတော့သည့်အချိန်တစ်ခုမှစ၍ ဝိန်းရိဖန်အပေါ် ဆက်ဆံတတ်သည့် စန်းရန်၏အကျင့်များမှာ လုံးလုံးလျားလျားပြောင်းလဲသွားခဲ့၏။ သူက မည်သည့်ကိစ္စမျိုးကိုပဲလုပ်လုပ် ပေါ်ပေါ်ထင်ထင်လုပ်တတ်လာပြီး ဖုံးကွယ်ထားရန် ဆန္ဒမရှိသည့်အလား ပြောင်တင်းလာခဲ့သည်။
မည်သည့်ကိစ္စကိုမဆို အားလုံးသိသာမည့်အရပ်မျိုး၌ ပွင့်ပွင့်လင်းလင်းလုပ်နေခြင်းပင်။
ထို့ကြောင့် အတန်းဖော်သူငယ်ချင်းများက သူမနှင့်စန်းရန်မှာချစ်သူတွေ ဟုတ်မဟုတ်ကို တိတ်တဆိတ်မေးလာကြတော့၏။
ထိုအချိန်များတုန်းက သူမကိုယ်တိုင်တောင် ဘာဖြစ်လို့ဖြစ်နေမှန်းမသိခဲ့။
စန်းရန်၏အကျင့်စရိုက်အရ ယခုလိုအတွေးမျိုးရှိနိုင်မည်လည်းမဟုတ်သလို ၊ သူ့မျက်နှာကိုခဝါချပြီး လိုက်ဖြေရှင်းပြဖို့ဆိုသည်မှာ ပိုလို့ပင်မဖြစ်နိုင်ပါချေ။ ထို့ကြောင့် ဤမေးခွန်းများကိုကြားလိုက်ရတိုင်း သူမအနေဖြင့် ပြုံးပြပြီး ငြင်းဆန်ရုံသာလုပ်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဤစကားခေါင်းစဥ်က အတန်းထဲ၌ တီးတိုးပြောနေခဲ့ကြသည့် တစ်ခုတည်းသောကိစ္စဖြစ်လာခဲ့ကာ မကြာလိုက်ခင်အချိန်အတွင်း သည်စကားက အခြားတန်းခွဲမှ 'ချွေးကျင့်ယွီ' ထံသို့ရောက်သွားခဲ့၏။
သူတို့တန်းခွဲထဲမှ လူတော်တော်များများက သည်မိန်းကလေးအား မျက်မှန်းတန်းမိကြမည်မှာမလွဲ ၊ အဘယ်ကြောင့်ဆိုသော် ချွေးကျင့်ယွီက လက်ဆောင်ပစ္စည်းများလာပေး၍ဖြစ်စေ အကြောင်းမရှိအကြောင်းရှာပြီးစကားလာပြော၍ဖြစ်စေ စန်းရန်ထံသို့ မကြာခဏရောက်ရောက်လာပြီး သဘောကျနေသည့်အကြောင်းကို တက်တက်ကြွကြွဖော်ပြနေခဲ့ခြင်းကြောင့်။
စန်းရန်ထံမှ အငြင်းခံလိုက်ရပြီးနောက်တွင်လည်း တစ်စက်လေးမှ လက်လျော့သွားခြင်းမရှိ။
ဤကိစ္စအားသိသွားပြီးသည့်နောက် ချွေးကျင့်ယွီက အတန်းတံခါးပေါက်ဝဆီသို့ တန်းရောက်လာခဲ့သည်။
မှတ်မိသလောက်အရ အတန်းနှစ်ခုကြားထဲတွင် ဖြစ်၏။
ထို့နေ့က အားကစားချိန်အပြီး ကျောင်းသားများ စာသင်ခန်းကိုယ်စီဆီသို့ပြန်လာသည့်အချိန် ဝိန်းရိဖန်က နောက်ဆုံးမှလျှောက်လာသည့်သူဖြစ်ရာ စာသင်ခန်းတံခါးနားသို့ရောက်ခါနီးတွင် စန်းရန်သွားနေသည့်လမ်းအား ချွေးကျင့်ယွီပိတ်ရပ်လိုက်သည်ကို မြင်လိုက်ရသည်။
ချွေးကျင့်ယွီသည်လည်း အသက်အရွယ်တစ်ခုတွင်ရှိသင့်သောအလှတရားတို့နှင့်ပြည့်စုံသည့် သတ္တိရှိရှိအမျိုးသမီးလေးတစ်ဦးပင်။
"စန်းရန်....ငါ သူများတွေဆီကကြားထားတာ ၊ နင်တို့အတန်းထဲက အက,ကျောင်းသူကို နင် လိုက်နေတာဆို"
စန်းရန်က လက်ထဲတွင် ကိုလာဘူးတစ်ဘူးကိုင်ထားပြီး လမ်းပိတ်ရပ်နေခြင်းကြောင့် စိတ်မရှည်ဖြစ်နေသည့်အမူအရာ။
"မင်းအပူပါလို့လား"
"ငါက သိချင်လို့မေးကြည့်ရုံလေးပါ ၊ သူများတွေအားလုံးပြောနေကြတာ နင်က သူ့ကိုသဘောကျနေတာတဲ့"
ချွေးကျင့်ယွီက စန်းရန်၏အနောက်ဘက်၌ရပ်နေသည့် ဝိန်းရိဖန်အားသတိထားမိလိုက်ကာ ရုတ်တရက်ပြုံးလိုက်ရင်းဖြင့် ;
"ဒါပေမယ့်လည်း ငါက သူများပြောနေတာကို ဒီတိုင်းကြားလာလို့ပါ ၊ နင် စိတ်မကြည်မလင်မဖြစ်နဲ့ဦး"
ဤစကားကိုကြားသည့်အခါ စန်းရန်က ချွေးကျင့်ယွီအား လှမ်းကြည့်လိုက်၏။ ချွေးကျင့်ယွီ၏အကြည့်များဦးတည်ရာအတိုင်း နောက်လှည့်ကြည့်လိုက်လျှင် ဝိန်းရိဖန်ဆီသို့ အကြည့်များရောက်လာခဲ့သည်။
သူမအား လှမ်းမြင်လိုက်အခါ စန်းရန်၏နှုတ်ခမ်းပါးက ခပ်လျော့လျော့ဖြစ်သွားရင်း လှစ်ခနဲကွေးတက်၍ပြုံးပြလာခဲ့၏။
ပြတင်းပေါက်အပြင်ဘက်မှဝင်ရောက်လာသည့်နေရောင်ခြည်မှာ သူ့ခန္ဓာကိုယ်ပေါ်သို့ ရွှေဝါရောင်အလင်းတန်းများ ဖြာကျပေးထားသဖြင့် တလက်လက်တောက်ပနေသလိုမျိုးနှင့် ဆင်တူနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ဝိန်းရိဖန်သိလိုက်သည်ရမှာ စန်းရန် စိတ်လိုလက်ရပြုံးပြလာသည့်အခါမျိုးတွင် သူ့ညာဘက်ပါးပေါ်၌ ပါးချိုင့်ရာလေးတစ်ခု ပေါ်လာကြောင်းပင် ဖြစ်၏။
"ဒီလိုစကားမျိုးတွေက လျှောက်ပြောနေကြတာ ဘယ်နှကြိမ်လောက်တောင်ရှိနေပြီမလို့လဲ ၊ တအား ပျင်းစရာကောင်းတာပဲ"
ချွေးကျင့်ယွီက ဆက်၍ ;
"အားလုံးပေါက်ကရတွေလျှောက်ပြောနေကြတာမှန်း ငါသိပါတယ် ၊ ဒီအတိုင်း နင့်ကို တစ်ချက်မေးကြည့်ချင်လို့"
စန်းရန်က မျက်ခုံးကိုပင့်မြှောက်ပြကာ ချွေးကျင့်ယွီအားစိုက်ကြည့်၍ စကားပြောသည့်လေသံက တစ်ဖက်သားကိုရိုက်ချတော့မည့်ထိုလေသံပင်ဖြစ်၏။
"ငါက မဟုတ်ဘူးလို့ ငြင်းနေလို့လား"
*************
~~Zawgyi~~
ဝိန္းရိဖန္ ; "ငါ မေၾကာက္...."
စန္းရန္ရွိရာလွမ္းၾကည့္ေနရင္း သူေျပာသြားသည့္စကားမ်ားထဲမွ 'လည္း' ဆိုသည့္စကားလုံးကို ခ်က္ခ်င္းသတိထားမိလိုက္ကာ သုံးစကၠန့္မွ်အသံတိတ္လိုက္ေတာ့၏။ စန္းရန္၏မ်က္ႏွာကိုေထာက္ထားေပးလိုျခင္းအလို႔ငွာ ေနာက္က်န္ေနသည့္စကားလုံးကို အတင္းျဖစ္ညွစ္ထုတ္လိုက္ေတာ့သည္။
"....သလားလို႔?"
"...."
စန္းရန္က ယခုလို ေၾကာက္တတ္လိမ့္မည္ဟု ဝိန္းရိဖန္အေနျဖင့္ လုံးဝလုံးဝပင္ မေတြးထားခဲ့ဖူးပါေခ်။
စန္းရန္၏ပုံစံက အၿမဲတမ္းအေၾကာက္အလန့္မရွိသည့္ပုံစံမ်ိဳးျဖစ္ကာ သူမ မွတ္မိသေလာက္အရ ဤတစ္ႀကိမ္မွာ စန္းရန္အတြက္ ပထမဆုံးအႀကိမ္ သရဲကားၾကည့္ဖူးျခင္းလည္း မဟုတ္။
မွတ္ဥာဏ္မ်ားထဲတြင္ အထက္တန္းပထမႏွစ္မွ ကာယအခ်ိန္အား ျပန္အမွတ္ရလိုက္သည္။ ထိုေန႕က မိုး႐ြာေနခဲ့သျဖင့္ ကာယဆရာသည္ ေက်ာင္းတြင္းအားကစားေကာ္မတီမွတဆင့္ အတန္းသားမ်ားအား စာသင္ခန္းထဲ၌သာ စာၾကည့္ေနၾကျခင္းျဖစ္ျဖစ္ ၊ ႐ုပ္ရွင္တစ္ခုခုရွာၾကည့္ေနၾကျခင္းျဖစ္ျဖစ္ လုပ္ေနၾကရန္ အသိေပးလာခဲ့သည္။
ထိုအခ်ိန္တုန္းက အတန္းထဲရွိ ကြန္ျပဴတာမွာ အင္တာနက္မခ်ိတ္ရေသး ၊ ထို႔အျပင္ ေက်ာင္းသားတစ္ဦးတည္းထံ၌ ရွိသည့္ တစ္ခုတည္းေသာ USB မွာလည္း သရဲကားတစ္ကားတည္းသာ သိမ္းထားခဲ့ရာ ေ႐ြးခ်ယ္စရာဟူ၍ ဘာဆိုဘာမွမရွိ။ သို႔ေသာ္ ေက်ာင္းသားအမ်ားစုမွာ စာမၾကည့္ခ်င္ၾကသျဖင့္ လူနည္းစုေလး၏ျငင္းဆန္မႈၾကားမွေန၍ ေနာက္ဆုံးတြင္ ထိုသရဲကားၾကည့္ရန္ ေ႐ြးခ်ယ္ျဖစ္ခဲ့ၾကသည္။ ထိုအခ်ိန္တြင္ ဝိန္းရိဖန္၏ေနရာမွာ တတိယလိုင္းတြင္ျဖစ္ၿပီး စန္းရန္မွာ စတုတၳလိုင္း၏ေထာင့္ျဖတ္အေနာက္တစ္ခုံတြင္ျဖစ္သည္။
ထိုသရဲကားမွာ သူမၾကည့္ဖူးၿပီးသား ဇာတ္လမ္းတစ္ပုဒ္ျဖစ္ေနေသာေၾကာင့္ ဝိန္းရိဖန္က အိမ္စာမ်ားလုပ္ေနရင္း တစ္ခ်က္တစ္ခ်က္သာ ေမာ့ၾကည့္ျဖစ္ခဲ့၏။ မ်က္လုံးပင့္ၾကည့္မိလိုက္သည့္တစ္ႀကိမ္တြင္ေတာ့ ပရိုဂ်က္တာေပၚမွ သရဲမ်က္ႏွာႀကီးႏွင့္ တည့္တိုးဆုံလိုက္မိရာ...
တစ္ခ်ိန္တည္းဆိုသလို အေနာက္ခုံမ်ားဘက္မွ အာေမဍိတ္သံအက်ယ္ႀကီးတစ္ခ်က္လည္း ၾကားလိုက္ရေတာ့၏။
အသံၾကားရာ လွမ္းၾကည့္မိလိုက္လွ်င္
ျဖစ္ခ်င္ေတာ့ စန္းရန္ႏွင့္ တစ္ခုံတည္းထိုင္သည့္ေယာက္်ားေလး။
ထိုအခိုက္အတန့္တြင္ ထိုေယာက္်ားေလးက သရဲမ်က္ႏွာေၾကာင့္ လန့္ျဖန့္ၿပီးေနာက္သို႔မွီလိုက္ရာမွတဆင့္ ထိုင္ခုံလွန္က်သြားကာ ျပဳတ္က်လဳနီးနီးစကၠန့္ပိုင္းအလိုတြင္ ခႏၶာကိုယ္ဟန္ခ်က္ကိုျပန္ထိန္းရန္အတြက္ေလာေလာျပာျပာျဖင့္ ရမိရရာဆြဲလိုက္သည္မွာ စန္းရန္၏ထိုင္ခုံပင္။
သို႔ေသာ္ ထိုေကာင္ေလး၏ခႏၶာကိုယ္ဝ,ေနေသာေၾကာင့္ စန္းရန္ကိုပါ ေနာက္ျပန္လွန္ခ်သလို ျဖစ္သြားခဲ့ေတာ့သည္။
ႏွစ္ေယာက္သား ျပဳတ္က်သြားသည့္အသံမွာ အုန္းခနဲ။
တစ္တန္းလုံးလည္း အလန့္တၾကားဝိုင္းၾကည့္လာလ်က္။
စန္းရန္၏ပုံစံမွာ ထိုလႈပ္လႈပ္ရွားရွားျဖစ္သြားမႈႀကီးေၾကာင့္ လႈပ္ႏွိုးခံလိုက္ရသလိုျဖစ္သြားၿပီး စိတ္ရႈပ္သြားသည့္အလား မ်က္ေမွာင္က်ဳံ႕ကာ ၾကမ္းျပင္ေပၚမွ ေကာက္ထလိုက္၏။
"မင္း ဘာလုပ္တာလဲကြာ"
ေကာင္ေလးမွာ လန့္ျဖန့္ေနဆဲျဖစ္၍ ;
"ငါ-ူး....လန့္လြန္းလို႔ ေသေတာ့မယ္"
"...."
ဤစကားကိုၾကားလိုက္သည့္အခါ စန္းရန္က ပရိုဂ်က္တာကိုတစ္ခ်က္လွမ္းၾကည့္လိုက္ရာ တိုက္တိုက္ဆိုင္ဆိုင္ သရဲမက တီဗြီထဲမွတြားသြားၿပီးထြက္လာသည့္ ျမင္ကြင္းႏွင့္ တည့္တည့္တိုးေလေတာ့၏။ သူ႕မ်က္လုံးမ်ားက စူးစိုက္ၾကည့္ေနၿပီး အမူအရာက လုံးဝလုံးဝမေျပာင္းပါဘဲႏွင့္ ;
"မင္းေမႀကီးေတာ္....ဒီေလာက္ေလးနဲ႕ လန့္ရလား"
"...."
ဒါဆို အဲ့တုန္းကစန္းရန္က ေၾကာက္လို႔ အိပ္ေနတာလား?
အဲ့လိုပဲျဖစ္ဖို႔မ်ားတယ္...
စန္းရန္က ဆိုဖာေပၚ လက္ပုတ္ျပထားျခင္းေၾကာင့္ ဝိန္းရိဖန္သည္လည္း သဘာဝက်က် သူ႕ေဘးနား၌ ဝင္ထိုင္လိုက္၏။
ဧည့္ခန္းထဲတြင္ ႐ုပ္ရွင္ဇာတ္လမ္းသံမွလြဲ၍ အျခားအပိုအသံဟူ၍ မရွိ။ စန္းရန္၏ခႏၶာကိုယ္ထက္မွ ေရခ်ိဳးဆပ္ျပာရည္နံ႕ခပ္သင္းသင္းေလးရေနၿပီး ဇာတ္လမ္းၾကည့္ေနသည့္တစ္ေလွ်ာက္လုံးတြင္ သူထံမွ မည္သည့္အသံကိုမွ မၾကားရပါေသာ္ျငား သူ႕တည္ရွိေနမႈမွာေတာ့ အတိုင္းအတာတစ္ခုထိျပင္းျပသိသာေနခဲ့သည္။
ဝိန္းရိဖန္ ေရႏြေးတစ္ခြက္ငွဲ႕လိုက္ၿပီး ဇာတ္လမ္းဆက္ၾကည့္ေနလိုက္၏။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္ အာ႐ုံေကာင္းေကာင္းစူးစိုက္ထား၍မရနိုင္ခဲ့။
တစ္ခဏၾကာသြားၿပီးေနာက္တြင္ေတာ့ ဝိန္းရိဖန္တစ္ေယာက္ သူမ ထိုင္ေနသည့္ေနရာမွာ ပုံမွန္ထိုင္ေနက်ေနရာမဟုတ္မွန္းရိပ္မိလိုက္ေတာ့၏။
ႏွစ္ေယာက္သားၾကားရွိအကြာအေဝးမွာ ပုံမွန္ထက္ပိုၿပီး နီးကပ္ေနလ်က္။
ဤအကြာအေဝးေၾကာင့္ ဝိန္းရိဖန္တစ္ေယာက္ မဆီမဆိုင္ျဖင့္ ယေန႕ညစူပါမားကတ္၌ စန္းရန္က သူမ၏ေဘးတြင္႐ုတ္တရက္ေပၚလာသည့္ပုံရိပ္အား ျပန္ျမင္ေယာင္လာမိေတာ့၏။
အာေမဍိတ္သံတစ္ခု အၿပီး...
ေဘးပတ္ပတ္လည္မွအရာအားလုံးႏွင့္ အဆက္အသြယ္ျပတ္သြားခဲ့သည့္အလား...
ေအးစိမ့္စိမ့္မိုးစက္မ်ားေၾကာင့္ ျဖစ္ေပၚလာသည့္စိုထိုင္းထိုင္းအေငြ႕အသက္မ်ားက ေယာက္်ားတစ္ဦး၏အသက္ရႉေငြ႕မ်ားျဖင့္ ႐ုတ္ခ်ည္းဖုံးလႊမ္းခံလိုက္ရေတာ့၏။ သူမ ေခါင္းေမာ့ၿပီးေငးၾကည့္မိလိုက္လွ်င္ ျမဴခိုးေရေငြ႕မ်ားၾကားမွ စန္းရန္၏မ်က္ေတာင္ေမႊးမ်ားဟာ တစ္ပင္ခ်င္းေရတြက္၍ရနိုင္ေလာက္သည္အထိ ၾကည္လင္သန့္စင္....
စန္းရန္၏ေရခြက္ကို လွမ္းယူလိုက္သည့္လႈပ္ရွားမႈေၾကာင့္ သူမ၏အေတြးမ်ားဟာတိခနဲျပတ္ေတာက္သြားရေတာ့သည္။
အကြာအေဝးမွာလည္း လွ်ပ္တျပက္ ပို၍နီးကပ္သြားသည့္အခ်ိန္။
အေၾကာင္းအရင္းမရွိပါဘဲ ဝိန္းရိဖန္ စိတ္လႈပ္ရွားလာမိကာ ႐ုတ္တရက္ မတ္တပ္ထရပ္ပစ္လိုက္၏။
စန္းရန္ မ်က္လုံးပင့္ၾကည့္လာခဲ့သည္။
သူ႕ဘက္မွ စကားမစခင္ ဝိန္းရိဖန္က တည္တည္ၿငိမ္ၿငိမ္ျဖင့္ ;
"ငါ ဒိန္ခ်ဥ္သြားယူမလို႔ ၊ နင္ေရာ ေသာက္ဦးမလား"
"အို႔"
စန္းရန္က အၾကည့္လႊဲလိုက္၏။
"မေသာက္ေတာ့ဘူး"
ေရခဲေသတၱာထဲမွ စေတာ္ဘယ္ရီဒိန္ခ်ဥ္ဘူးတစ္ဘူး ယူၿပီးသည့္အခါ ဧည့္ခန္းထဲ ျပန္လာခဲ့၏။ စန္းရန္က ေရေသာက္ေနၿပီး အၾကည့္မ်ားက တီဗြီေပၚ၌မဟုတ္ ၊ ပုံစံက ေအးေအးလူလူမ်ိဳးျဖင့္။ ဝိန္းရိဖန္၏လွမ္းလက္စေျခလွမ္းမ်ားက တုံ႕ခနဲရပ္သြားၿပီး ဦးတည္ရာေျပာင္းလိုက္ကာ ပုံမွန္ထိုင္ေနက်ေနရာ၌သာျပန္ထိုင္လိုက္သည္။
သူ႕ေဘးနားတြင္ မဟုတ္ပါေတာ့ေပ။
႐ုပ္ရွင္ဇာတ္ကားၿပီးသြားသည့္အခါ ဝိန္းရိဖန္က ဇာတ္လမ္းႏွင့္ပတ္သတ္သည့္အျမင္မ်ားကို ဖလွယ္ၾကၿပီး ယခုလိုအရာမ်ိဳးေလာက္ကို ေၾကာက္မေနသင့္ေၾကာင္း စသည့္ သူ႕မာနကိုထိခိုက္သြားေစမည့္စကားမ်ားကိုေတာ့ သိသိသာသာေရွာင္ဖယ္ၿပီးေျပာခဲ့၏။ ေနာက္တြင္ သူမ၏ပစၥည္းမ်ားကို သိမ္းၿပီး အိပ္ခန္းထဲသို႔ျပန္လာခဲ့လိုက္ေတာ့သည္။
ညအိပ္ဝတ္စုံလဲၿပီးသည့္အခ်ိန္တြင္ ယေန႕ညၾကည့္ထားသည့္ ႐ုပ္ရွင္ဇာတ္လမ္းအေၾကာင္းအား မသိလိုက္ပါဘဲအလိုလိုထပ္ၿပီး ေတြးမိလာခဲ့၏။
Websiteထဲတြင္ မုခ်န္ယြင္၏အေၾကာင္း ရွာေဖြၾကည့္မိျခင္း...
ဝိန္းရိဖန္၏လႈပ္ရွားမႈမ်ားမွာ ႏွေးေကြးလာခဲ့ရင္း ယခုအခ်ိန္မွာမွ သတိထားမိေလေတာ့၏။
တိုက္ဆိုင္မႈတစ္ခုဟု ထင္ရပါေသာ္လည္း...
မဟုတ္မွလြဲ စန္းရန္က မုခ်န္ယြင္အေၾကာင္းရွာၾကည့္ထားသည္ကို ေတြ႕သြားခဲ့၍ ယခု႐ုပ္ရွင္ကားကို ရွာၾကည့္ေနျခင္းလား?..
ေနာက္တစ္ကၠန့္တြင္ ဝိန္းရိဖန္က စန္းရန္ ေရခ်ိဳးၿပီးခါစတုန္းက ေျပာသည့္စကားကို ျပန္ၾကားေယာင္လာမိျပန္ေတာ့၏။
---"သရဲကားတစ္ကားေလာက္ ၫႊန္းၾကည့္ ၊ အိပ္ခ်င္စိတ္ျဖစ္လာတာမ်ိဳး"
ဝိန္းရိဖန္ ေၾကာင္အမ္းမိသြားကာ ေပါက္ကရအေတြးမ်ားကို ခ်က္ခ်င္းရပ္ပစ္လိုက္ေတာ့သည္။
-----
ေနာက္တစ္ေန႕တြင္။
ဝိန္းရိဖန္က အဝတ္အစားလဲၿပီး မနက္စာစားရန္အတြက္ ဧည့္ခန္းထဲသို႔ ထြက္လာခဲ့၏။ ေကာ္ဖီစားပြဲေအာက္မွ နို႔မႈန့္ကို ထုတ္ယူလိုက္သည့္အခ်ိန္ ေဘးေနရာမွ ဆိုဖာတြင္ လစ္လပ္ေနေၾကာင္း မ်က္ဝန္းေထာင့္မွတဆင့္ဖမ္းၾကည့္မိလိုက္ကာ က်င့္သားမရသည့္ခံစားခ်က္တစ္ခု ျဖစ္တည္လာခဲ့ရသည္။
ႏွစ္ေယာက္သား အိမ္ခန္းမွ်ေနၾကသည့္ ဤအခ်ိန္မ်ားအတြင္းတြင္ စန္းရန္၏ေန႕စဥ္လုပ္ငန္းေဆာင္တာမ်ားက ပုံေသမဟုတ္မွန္း သတိထားမိခဲ့ပါသည္။ သူ႕အိပ္ခ်ိန္မ်ားက ေစာလည္းေစာတတ္သလို ေနာက္က်ေလ့လည္းရွိကာ တစ္ခါတစ္ရံ ေန႕လည္ခင္း၌ပင္ အိပ္ေနတတ္ေသးသည္။ သို႔သည့္တိုင္ ဘယ္ေလာက္ထိညနက္ေနာက္က်ၿပီးမွအိပ္သည္ျဖစ္ေစ မနက္ေစာေစာ ထလာေလ့ရွိစၿမဲ။
ေန႕တိုင္းေန႕တိုင္း ဝိန္းရိဖန္ အိပ္ခန္းထဲမွထြက္လာသည့္အခ်ိန္တြင္ စန္းရန္က အိပ္ခ်င္မူးတူးျဖင့္ ဆိုဖာေပၚလွဲထိုင္ၿပီး ဖုန္းကစားေနတတ္သည္။
အိပ္ငိုက္ၿပီး ပ်င္းရိေနသည့္ပုံစံမ်ိဳးပင္။
အရင္တစ္ေခါက္ ဝမ္လင္လင္ႏွင့္အခ်ိန္ၾကာၾကာမေနျဖစ္ခဲ့ေၾကာင့္ ဝိန္းရိဖန္အေနျဖင့္ အထူးတလည္ခံစားမိခဲ့ျခင္းမရွိေသာ္ျငား ယခုအခ်ိန္တြင္ေတာ့ ဝိန္းရိဖန္သည္ ေနာက္ထပ္တစ္လေလာက္ေနလွ်င္ စန္းရန္ ေျပာင္းသြားေတာ့မည့္အေၾကာင္း ၊ သူမအေနျဖင့္ အိမ္ခန္းငွားေဖာ္အသစ္ႏွင့္သင့္တင့္ေလ်ာက္ပတ္ေအာင္ ေနရဦးမည္ျဖစ္ေၾကာင္း ေတြးမိကာ စိတ္ခံစားခ်က္မ်ားက အနည္းငယ္ဂဏာမၿငိမ္ျဖစ္လာရေတာ့သည္။
'မေပ်ာ္႐ႊင္ဘူး'ဆိုသည့္ စကားမ်ိဳးလည္း သုံး၍မရသလို မည္သို႔ေဖာ္ျပရမည္မွန္းလည္း မသိပါေပ။
ဝိန္းရိဖန္ မ်က္ေတာင္ခတ္လိုက္မိ၏။
သည္လိုျဖစ္ရျခင္းမွာ ပုံမွန္သဘာဝပင္...
ဘယ္လိုပင္ျဖစ္ေစ ႏွစ္လေက်ာ္ေက်ာ္ အတူတူေနခဲ့ၾကသည္မဟုတ္လား...
ပထမဆုံးအႀကိမ္လည္းျဖစ္ေနတာေၾကာင့္ ေနာက္တစ္ခါ အိမ္ခန္းငွားေဖာ္ႏွင့္လမ္းခြဲၾကသည့္အခါမ်ိဳးေတြမွာ လိုက္ေလ်ာညီေထြျဖစ္၍ေနသားက်သြားေအာင္ အျမန္ဆုံးအေတြ႕အႀကဳံယူသြားနိုင္ပါလိမ့္မည္။
မီးဖိုေခ်ာင္ထဲဝင္လာၿပီး မီးကင္စက္သုံးရင္း ေပါင္မုန့္သုံးေလးခ်ပ္ကင္လိုက္၏။ ထမင္းစားပြဲဆီသို႔ ေလွ်ာက္လာသည့္အခ်ိန္ ေရခ်ိဳးခန္းထဲမွထြက္လာသည့္စန္းရန္ကို ျမင္လိုက္ရၿပီး အခုေလးတင္မွ မ်က္ႏွာသစ္ၿပီးပုံရကာ မ်က္ႏွာတစ္ခုလုံး စိုေနေလသည္။
ထမင္းစားပြဲမွျဖတ္သြားသည့္အခ်ိန္တြင္ စန္းရန္က သူမ၏မနက္စာအား လွမ္းၾကည့္သြားေသး၏။
ဝိန္းရိဖန္က ယဥ္ေက်းသမႈျဖင့္ ;
"နင္ စားဦးမလား"
"အာ.."
စန္းရန္၏ေျခလွမ္းမ်ားက ခ်က္ခ်င္းရပ္သြားၿပီး အားမနာတမ္း ကုလားထိုင္ဆြဲယူၿပီး ထိုင္လိုက္၏။
"ဒါဆိုရင္ေတာ့ ေက်းဇူးပါပဲ"
"...."
သူမေရွ႕တြင္ခ်ထားသည့္ ႏြားနို႔ခြက္ကိုလွမ္းၾကည့္ရင္း စားေသာက္ဆိုင္၌ အမွာစာတင္ေနသည့္အလား စန္းရန္က စားပြဲကိုေခါက္၍ ;
"ႏြားနို႔လည္းတစ္ခြက္ယူမယ္ ေက်းဇူးပါ"
ဝိန္းရိဖန္ ; "...."
ဘယ္လိုပင္ျဖစ္ျဖစ္ ႀကီးႀကီးမားမားကိစၥလည္းမဟုတ္သည့္အတြက္ ဝိန္းရိဖန္က ေကာ္ဖီစားပြဲဆီသို႔ျပန္ေလွ်ာက္ကာ က်န္ေနသည့္ေရႏြေးျဖင့္ နို႔မႈန့္တစ္ခြက္ေဖ်ာ္ေပးလိုက္၏။ ဖန္ခြက္အား မယူေတာ့မည့္အခိုက္တြင္ စန္းရန္က ေနရာမွထ၍ ေကာ္ဖီစားပြဲဆီသို႔ေလွ်ာက္လာကာ သစ္သီးစီရီယယ္တစ္ထုပ္ကို လွမ္းယူလိုက္သည္။
အထုပ္ကိုေဖာက္ ၊ သူ႕ႏြားနို႔ခြက္ကိုယူၿပီး ထမင္းစားပြဲဆီျပန္ေလွ်ာက္သြားျပန္သည္။
ဝိန္းရိဖန္က ေၾကာင္အမ္း၍ၾကည့္ေနရင္း သူ႕ေနာက္မွလိုက္လာခဲ့၏။
ႏွစ္ေယာက္သား၏ထိုင္ခုံေနရာခ်ထားပုံမွာ ေဘးခ်င္းကပ္ရပ္။
ဖန္ခြက္မ်ားကလည္း ေဘးခ်င္းယွဥ္ထားလ်က္။
ဝိန္းရိဖန္ ထိုင္လိုက္သည့္အခ်ိန္တြင္ေတာ့ သူမေဘးရွိ စန္းရန္မွာ မတ္တပ္ရပ္ေနဆဲျဖစ္ၿပီး အထုပ္ထဲမွ စီရီယယ္မ်ားအား သူမ၏ဖန္ခြက္ထဲသို႔ ဇြန္းျဖင့္ခပ္ထည့္ေပးေနေလသည္။ ဝိန္းရိဖန္ ေခါင္းေမာ့ၾကည့္လိုက္၍ ;
"နင္ ခြက္မွားေနၿပီ"
စန္းရန္က 'အမ္' ဟု အသံတစ္ခ်က္ျပဳၿပီးမွသတိရသြားသည့္ပုံစံမ်ိဳးျဖင့္ သူ႕ဖန္ခြက္ထဲသို႔ စီရီယယ္ သြန္ထည့္လိုက္၏။
အခုေလးတင္မွနိုးလာသည့္အတြက္ စိတ္ၾကည္ၾကည္လင္လင္ျဖစ္ပုံမရေသးသည္ဟု ေတြးလိုက္ၿပီး ဝိန္းရိဖန္က အာ႐ုံသိပ္မစိုက္ျဖစ္ေပ။ ဖန္ခြက္အား ဇြန္းျဖင့္ေမႊလိုက္ၿပီး စီရီယယ္ပါသည့္ႏြားနို႔အား ေမာ့ေသာက္လိုက္ေတာ့၏။
"နင္ အိမ္ျပင္တဲ့ဘက္ကိုေမးၿပီးသြားၿပီလား"
"ဟိုဘက္က ဖုန္းမကိုင္ဘူး ၊ ေနာက္ႏွစ္ရက္ေနရင္ ကိုယ္တိုင္သြားၾကည့္မလို႔"
ဝိန္းရိဖန္က စကားအျဖစ္သာေျပာျခင္းျဖစ္သည့္အတြက္ စိတ္ေလာေနျခင္းမရွိ၏။
"အင္း"
---------
အဂၤါေန႕မနက္ခင္းတြင္။
ဝိန္းရိဖန္ အလုပ္သြားဖို႔အတြက္ အျပင္ထြက္လာခဲ့သည္။ ေျမေအာက္ရထားဂိတ္၌ေစာင့္ေနရင္း လက္ကိုင္ဖုန္းအား ၾကည့္မိသည့္အခ်ိန္ ေက်ာက္ယြမ့္တုံပို႔ထားသည့္ မက္ေဆ့မ်ားကို ျမင္လိုက္ရသည္။
ေက်ာက္ယြမ့္တုံအိမ္မွ ျပန္လာခဲ့သည့္ေန႕ကတည္းက ဝိန္းရိဖန္ထံသို႔ မက္ေဆ့ေပါင္းစြာ ပို႔ခဲ့ျခင္းျဖစ္သည္။ ေက်ာက္ယြမ့္တုံဘက္မွ မလုပ္ရဲျခင္းေၾကာင့္လည္းျဖစ္နိုင္ကာ ဖုန္းေခၚဆိုလာမႈမရွိပါဘဲ စကားလုံးမ်ားျဖင့္သာ အေျခအေနကို ရွင္းျပေနခဲ့ျခင္းျဖစ္သည္။
ဝိန္းရိဖန္ စာျပန္ျခင္းမရွိခဲ့ေသာ္လည္း အခ်ိန္ၾကာလာသည္ႏွင့္အမွ် စိတ္ရႈပ္လာရကာ မက္ေဆ့ေဘာက္အား အသံပိတ္ထား၏။
ေျမေအာက္ရထားေရာက္သည့္အခ်ိန္တြင္ ဝိန္းရိဖန္က အိတ္ကပ္ထဲသို႔ ဖုန္းျပန္ထည့္လိုက္ကာ ေနရာယူၿပီးၿပီးခ်င္းပင္ ဖုန္းသံျမည္လာခဲ့၏။ ေခၚဆိုသူနံပါတ္က နန္းဝူၿမိဳ႕နံပါတ္ျဖစ္ေနသည့္အတြက္ လက္ခံေျဖဆိုလိုက္၏။
"မဂၤလာပါ ၊ ေက်းဇူးျပဳ၍ လူႀကီးမင္းက..?"
"႐ႊမ္းက်န့္....ေဒၚေလးပါ"
ခ်ယ္ယန့္ခ်င္၏ ျမဴးျမဴးထူးထူးအသံက ဖုန္းတစ္ဖက္မွထြက္ေပၚလာ၏။
"ဒီကေလးမေလးကေတာ့ တကယ္ပါပဲ ၊ တကယ္လို႔သာ အဲ့ေန႕က မေတြ႕ျဖစ္ခဲ့ၾကရင္ သမီးရင္ထဲမွာ ေဒၚေလးကို အဲ့ေလာက္ထိအျပစ္ျမင္ေနမယ္မွန္း ေဒၚေလးသိမွာမဟုတ္ဘူး ၊ ေဒၚေလးတို႔ စကားေကာင္းေကာင္းပဲေျပာၾကရေအာင္ ၊ ဘယ္လိုပဲျဖစ္ျဖစ္ ေဒၚေလးက သမီးကို ႏွစ္ေတြအၾကာႀကီး ေစာင့္ေရွာက္ေပးခဲ့တာပဲေလ ၊ ၿပီးေတာ့ အဲ့ဒါေတြအားလုံးကလည္း သမီးဘက္က အထင္လႊဲ...."
"...."
ဝိန္းရိဖန္က အဆုံးထိနားမေထာင္ဘဲ ဖုန္းခ်ပစ္ကာ တစ္ခါတည္း Blacklist ထဲထည့္ပစ္လိုက္၏။
ဝိန္းရိဖန္ ယီဟယ္တကၠသိုလ္တက္ေနသည့္ႏွစ္မ်ားမွစ နန္းဝူၿမိဳ႕သို႔ အလုပ္လုပ္ရန္ျပန္ေရာက္လာသည့္အခ်ိန္ထိ ၾကားကာလထဲတြင္ ဖုန္းနံပါတ္ေပါင္းမ်ားစြာေျပာင္းခဲ့ရၿပီးၿပီ။ ယခုလိုလုပ္ထားျခင္းေၾကာင့္လည္း ခ်ယ္ယန့္ခ်င္က သူမထံသို႔ ဆက္သြယ္ဖို႔ရာ နည္းလမ္းမရွိနိုင္ေပ။
ထို႔ေၾကာင့္ ဤဖုန္းနံပါတ္ရနိုင္မည့္တစ္ခုတည္းေသာလမ္းမွာ ေက်ာက္ယြမ့္တုံေပးမွသာ ခ်ယ္ယန့္ခ်င္ထံေရာက္မည္ျဖစ္၏။
ခ်ယ္ယန့္ခ်င္က နန္းဝူ၌ ဘယ္ေလာက္ၾကာၾကာေနၿပီးမွ ေပယြီသို႔ ျပန္မည္မွန္းလည္းမသိ ၊ ဝိန္းရိဖန္စိတ္ထဲ မတင္မက်ျဖင့္စိတ္ရႈပ္လာရသျဖင့္ စိတ္ခံစားခ်က္ကိုအျမန္ထိန္းၿပီး အေတြးမလြန္ေစရန္ႀကိဳးစားလိုက္သည္။
နန္းဝူက ၿမိဳ႕ႀကီးျဖစ္သည့္အတြက္ အမွတ္တမဲ့ေတြ႕နိုင္သည့္တိုက္ဆိုင္မႈမ်ိဳးမွာ အခြင့္နည္းနည္းေလးသာ ရွိမည္လည္းျဖစ္၏။
ထို႔အျပင္ နန္းဝူၿမိဳ႕သို႔ ျပန္ေရာက္ၿပီးသည့္ေနာက္ ဝိန္းရိဖန္အေနျဖင့္ ေက်ာက္ယြမ့္တုံအား သူမ၏လက္ရွိအေျခအေန ၊ ေနရပ္လိပ္စာႏွင့္ အလုပ္ဌာနမ်ားအား ဘာမွမေျပာျပထားသည့္အတြက္ သူတို႔ဘက္မွရွာေတြ႕သြားနိုင္ဖို႔ရာလည္း မလြယ္နိုင္ေခ်။
ဝိန္းရိဖန္အတြက္ေတာ့ ဤဇာတ္ကြက္ဟာ အေရးမပါသည့္ဇာတ္ဝင္ခန္းတစ္ခုအျဖစ္ သတ္မွတ္လိုက္ေတာ့၏။
ဌာနသို႔ေရာက္လာၿပီး ေနရာ၌ထိုင္လိုက္လိုက္ခ်င္းပင္ ဖုကြၽမ့္က အနားသို႔ေျပးလာၿပီး ;
"ရိဖန္က်ဲ ၊ က်န့္ေလာင္ရွစ္ အလုပ္ထြက္သြားၿပီ"
"က်န့္ေလာင္ရွစ္?....အခုတေလာ ဘာလို႔ လူေတြအမ်ားႀကီးအလုပ္ထြက္ကုန္ၾကတာလဲ"
ဝါရင့္သတင္းေထာက္တစ္ဦးက အပူထိန္းခြက္ကိုကိုင္ထားရင္း အနားမွျဖတ္ေလွ်ာက္သြားသည့္အခိုက္တြင္ ဝိန္းရိဖန္၏စကားကိုၾကားလိုက္ၿပီး စကားအမွန္ျပင္ေပးရန္ေရာက္လာခဲ့၏။
"လူေတြက အၿမဲတမ္း အလုပ္ထြက္ေနၾကတာပါ"
ထို႔ေနာက္ ဗုဒၶ၏အလယ္အလတ္လမ္းစဥ္ေနာက္သို႔ လိုက္ပါစီးေမ်ာသြားပါေတာ့၏။
"...."
ဖုကြၽမ့္ ;
"ဟုတ္တယ္ေနာ္ ၊ ကြၽန္ေတာ္ ေရာက္လာၿပီးတဲ့ေနာက္မွာကို ဘယ္ႏွေယာက္ေလာက္ အလုပ္ထြက္သြားၾကၿပီးၿပီလဲ ၊ အရင္ႏွစ္က 'အစ္မလင္' အလုပ္ထြက္သြားတာမလား ၊ ၿပီးေတာ့ သိပ္မၾကာခင္က 'ခ်န္ေကာ' လည္းထြက္သြားေသးတယ္ ၊ အခုတေလာ အဖြဲ႕ထဲမွာ လူအင္အားနည္းေနၿပီ ၊ ကြၽန္ေတာ္ ခုဏေလးကမွ ဒါရိုက္တာေျပာေနတာကို ခိုးနားေထာင္လာေသးတယ္ ၊ ၾကည့္ရတာ လူသစ္ထပ္ေခၚေတာ့မွာလားမသိဘူး"
ဝိန္းရိဖန္ ;
"အဲ့လိုဆို ပိုေတာင္ေကာင္းေသးတာေပါ့"
"အေတြ႕အႀကဳံရွိတဲ့သူေရာ ေက်ာင္းဘက္ကလူေရာေခၚေလာက္မယ္ထင္တာပဲ ၊ ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ဆို ကြၽန္ေတာ္ နန္းဝူ႐ုပ္ျမင္သံၾကားဌာနမွာ အလုပ္သင္ဆင္းေနမွန္းသတင္းၾကားလို႔ဆိုၿပီး လြန္ခဲ့တဲ့ရက္ကေတာင္ လူသစ္ေခၚေသးလား ေမးေနေသးတယ္"
"ဒါဆို သူ႕ကို အေၾကာင္းျပန္ေပးလိုက္ေလ"
ဖုကြၽမ့္ ;
"ကြၽန္ေတာ္ သူ႕ကို ေျပာေတာင္ေျပာျပၿပီးလို႔ အင္တာဗ်ဴးေျဖဖို႔ေတာင္ ျပင္ဆင္ေနေလာက္ၿပီ"
ႏွစ္ဦးသား စကားအနည္းငယ္ဆက္ေျပာၿပီးေနာက္တြင္ေတာ့ စကားစျဖတ္လိုက္ကာ ကြန္ျပဴတာကိုယ္စီဖြင့္ၿပီး အလုပ္လုပ္ၾကေတာ့သည္။
အလုပ္ရႈပ္သည့္တစ္ေန႕တာအၿပီး ဝိန္းရိဖန္ အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ ည ၁၀နာရီပင္ ထိုးေနၿပီ။
မည္းေမွာင္ၿပီးတိတ္ဆိတ္ေနသည့္အိမ္ခန္းအား မီးဖြင့္လိုက္ခ်င္းပင္ ဝိန္းရိဖန္၏ဖုန္းမက္ေဆ့သံျမည္လာခဲ့၏။ ဖြင့္ၾကည့္လိုက္လွ်င္ Wechat မွတဆင့္ စာပို႔လာသည့္သူမွာ စန္းရန္ ;
[ ေနာက္က်မွျပန္ေရာက္မယ္ ]
ဝိန္းရိဖန္ ; [ ေကာင္းၿပီ ]
------
ဘားထဲ၌ ကိစၥအနည္းငယ္ေပၚလာသျဖင့္ ည ၂နာရီထိုးသည့္အခ်ိန္မွသာ စန္းရန္ အိမ္ျပန္ေရာက္လာခဲ့၏။ ျငင္ျငင္သာသာလႈပ္ရွား၍ဝင္လာၿပီး အိမ္တံခါးကိုလည္း အသာအယာျပန္ပိတ္လိုက္သည္။ အိမ္အဝင္ဝမွလွမ္းၾကည့္လိုက္လွ်င္ စၾကၤံလမ္း မီးလုံးသာ ဖြင့္ထားၿပီး ဧည့္ခန္းထဲမွမီးေခ်ာင္းအားလုံး မွိတ္ထားသည္။
စန္းရန္က မီးမဖြင့္ဘဲ မီးဖိုေခ်ာင္ထဲသို႔တိုက္ရိုက္ဝင္သြားကာ ေရခဲေရတစ္ဘူးယူၿပီး ဧည့္ခန္းဆီသို႔ ျပန္ေလွ်ာက္လာခဲ့သည္။
ေရဘူးအဖုံး ဖြင့္ဖြင့္လိုက္ခ်င္းတြင္။
အိပ္ခန္းႀကီးဘက္မွတံခါးဖြင့္သံကို ၾကားလိုက္ရသည္။
စန္းရန္၏မ်က္ခုံးမ်ား ပင့္ျမႇောက္သြားခဲ့ကာ သိပ္မၾကာလိုက္ခင္အတြင္း ညအိပ္ဝတ္စုံဝတ္ထားသည့္ဝိန္းရိဖန္မွာ သူ႕ျမင္ကြင္းထဲ ေပၚလာခဲ့၏။ စကားတစ္ခြန္းမဆို ၊ မည္သည့္အမူအရာမ်ိဳးမွမပါသည့္မ်က္ႏွာျဖင့္ ဆိုဖာဘက္သို႔ေလွ်ာက္လာကာ ၿငိမ္ၿငိမ္ေလးထိုင္ေနေလသည္။
"...."
ျမင္ေနရသူ စန္းရန္အတြက္ အနည္းငယ္ကသိကေအာက္နိုင္လာသျဖင့္ ဝိန္းရိဖန္အား လွမ္းၾကည့္ၿပီး ;
"မင္း ဘာလုပ္ေနတာလဲ"
ဝိန္းရိဖန္ထံမွ စကားတစ္ခြန္း ျပန္မလာ။
စန္းရန္က ဆက္၍ ;
"အိပ္မေပ်ာ္လို႔လား"
ၾကည့္ရသည္မွာ သူမထံမွ 'အင္း' ဆိုသည့္အသံတိုးတိုးေလးတစ္ခု ထြက္လာသလိုလို။
"ဒါဆို မီးသြားဖြင့္လိုက္ေလ"
စန္းရန္က ဆိုဖာေပၚလွဲမွီလိုက္ရင္း သူမကိုၾကည့္ေနရသည္မွာလည္း တစ္ခုခုမူမမွန္သလိုခံစားမိေနသျဖင့္
"မင္း ကိုယ့္ကို အထူးတလည္ ထြက္လာႀကိဳဖို႔မလိုပါဘူးကြာ ၊ ညသန္းေခါင္ႀကီးမွာ လူကိုလန့္ေအာင္လို႔..."
သူ႕စကားမဆုံးခင္ ဝိန္းရိဖန္က မတ္တပ္ထရပ္လိုက္၏။
သူ႕အထင္တြင္ ဝိန္းရိဖန္က စကားနားေထာင္ၿပီးမီးသြားဖြင့္မည္ဟု ထင္ေနမိကာ စန္းရန္က က်န္ေနသည့္စကားတို႔ကိုဆက္မေျပာေတာ့ဘဲ ေရေသာက္ရင္း လွမ္းၾကည့္ေနလိုက္၏။ မထင္မွတ္ထားသည့္အတိုင္း ဝိန္းရိဖန္က သူ႕စကားအား ေလအျဖစ္သာသတ္မွတ္ထားပုံရ၍ တစ္ဖက္သို႔လွည့္ၿပီး အိပ္ခန္းဆီသို႔ ဦးတည္ေလွ်ာက္သြားခဲ့သည္။
တူေနသည္မွာ စိတ္ဝိဥာဥ္လြင့္ေနသည့္ပုံစံမ်ိဳးႏွင့္။
ေနာက္ဆယ္စကၠန့္တြင္ စၾကၤံလမ္းဘက္မွ အိပ္ခန္းတံခါးပိတ္သံကိုၾကားလိုက္ရ၏။
"...."
စန္းရန္ ; "?"
ေနာက္တစ္ေန႕သည္ကား ပိတ္ရက္ျဖစ္သည့္အတြက္ ဝိန္းရိဖန္တစ္ေယာက္ အိပ္ရာနိုးနိုးခ်င္းမထေသး။
အိပ္ရာထက္၌ နာရီပိုင္းၾကာသည္အထိ လူးလိမ့္ေနလိုက္ေသးသည္။
အခ်ိန္က်သည့္အခါတြင္မွ အိမ္ရာထၿပီး က်ဳံးစစ္ေခ်ာင္ႏွင့္သြားေတြ႕ရန္ ေရခ်ိဳးသန့္စင္အဝတ္အစားလဲလိုက္သည္။
သိပ္မၾကာခင္ရက္မ်ားတုန္းက က်ဳံးစစ္ေခ်ာင္ဘက္မွ သူမ၏ပိတ္ရက္တြင္ ႏွစ္ေယာက္တည္းအျပင္ေလွ်ာက္လည္ရန္ အခ်ိန္းအခ်က္ျပဳထားခဲ့သည္။ အိမ္အဝင္ဝသို႔ေရာက္ၿပီး ဖိနပ္စီးကာ အျပင္ထြက္ေတာ့မည့္အခ်ိန္တြင္ မီးဖိုေခ်ာင္ထဲမွထြက္လာသည့္ စန္းရန္က သူမ၏ျမင္ကြင္းထဲသို႔ သိသိသာသာေရာက္လာခဲ့၏။ ေျဗာင္က်က်မ်က္ႏွာအမူအရာမ်ိဳးျဖင့္ လာရပ္ေနသည့္သူ၏မ်က္ဝန္းက အဓိပ္ပါယ်ပါပါဖြင့်လှမ်းကြည့်ေနၿပီး သူမထံမွ စကားတစ္ခြန္းခြန္းကိုေစာင့္ေနသည့္ပုံစံမ်ိဳးပင္။
ဝိန္းရိဖန္က အိမ္ေသာ့ကိုလွမ္းယူရင္း ;
"နင္ မေန႕က ဘယ္အခ်ိန္ျပန္ေရာက္တာလဲ"
စန္းရန္က မ်က္ေမွာင္က်ဳံ႕လိုက္သည္။
"မင္း မသိဘူးလား"
"မသိဘူးေလ"
စန္းရန္၏ပုံစံက ထူးဆန္းသလိုျဖစ္ေနသည္ဟု ခံစားေနမိရင္း ဝိန္းရိဖန္ ရွင္းျပလိုက္၏။
"ငါ မေန႕ညက ေစာေစာအိပ္တာမလို႔ နင္ ျပန္လာတဲ့အသံကို မၾကားလိုက္ဘူး"
"...."
တစ္ဖက္လူက ဘာမွျပန္မေျပာလာသည့္အတြက္ ဝိန္းရိဖန္က အိမ္တံခါးဖြင့္ရင္း စကားဆိုလိုက္သည္။
"ဒါဆို ငါ အျပင္သြားၿပီေနာ္"
စန္းရန္က တစ္စုံတစ္ခုကိုေတြးေနသည့္အလား ၿငိမ္သက္ေနကာ စကၠန့္ပိုင္းၾကာၿပီးမွ သူမအား ျပန္လွမ္းၾကည့္လာၿပီး 'အင္း' ဟုသာအထိုက္အေလ်ာက္ျပန္ေျဖလာခဲ့သည္။
-------
ဝိန္းရိဖန္ ႏွင့္ က်ဳံးစစ္ေခ်ာင္တို႔ ဆုံသြားခဲ့သည္မွာ ေျမေအာက္ရထားဂိတ္တြင္။
ႏွစ္ေယာက္စလုံး ေန႕လည္စာမစားရေသးသျဖင့္ အနီးဆုံးေခါက္ဆြဲဆိုင္တစ္ဆိုင္၌သာ ေန႕လည္စာဝင္စားလိုက္ၾကသည္။ ေခါက္ဆြဲေစာင့္ေနသည့္အခ်ိန္အတြင္း ဝိန္းရိဖန္က အိတ္ထဲသယ္လာသည့္ လက္မွတ္စာအုပ္ကို ထုတ္လိုက္၍
"နင္ ဒီသ႐ုပ္ေဆာင္ကို သိလား"
က်ဳံးစစ္ေခ်ာင္က လွမ္းယူကာ အခ်ိန္အေတာ္ၾကာစိုက္ၾကည့္ေနၿပီးမွ
"ဘာစာလုံးေတြလဲ?"
"...."
ဝိန္းရိဖန္ ;
"မုခ်န္ယြင္"
"မသိဘူး"
"ဒီတစ္ခုကို ငါအရင္တစ္ေခါက္ အင္တာဗ်ဴးလိုက္ရင္းနဲ႕ရခဲ့တာ ၊ အဲ့တစ္ေယာက္က ငါ့ကို သူ႕ Fan လို႔ထင္ၿပီး လက္မွတ္ထိုးေပးလိုက္တယ္ေလ"
ဝိန္းရိဖန္က ဆက္၍
"ငါ ေနာက္မွ ရွာၾကည့္လိုက္ေတာ့ အိပ္မက္ကအနိုးမွာ သရဲအေတြ႕ဇာတ္လမ္းထဲက သရဲေကာင္ ျဖစ္ေနတာ"
"အိပ္မက္ကအနိုးမွာ သရဲအေတြ႕ထဲက သရဲေကာင္?"
က်ဳံးစစ္ေခ်ာင္က တဟားဟားေအာ္ရယ္လိုက္ၿပီး ;
"ဒါဆို အသက္သုံးဆယ့္ရွစ္ႏွစ္ေလာက္ရွိမယ့္ သ႐ုပ္ေဆာင္ႀကီးေပါ့"
ဝိန္းရိဖန္က သက္ျပင္းခ်လိဳက္၏။
"သူမ်ားက ေစတနာနဲ႕လက္မွတ္ထိုးေပးထားတာကို လႊင့္ပစ္လိုက္လို႔လည္းမေကာင္းဘူး ၊ အင္းပါ....ငါ့ဟာငါ စာအုပ္အသစ္ေျပာင္းသုံးလိုက္ေတာ့မယ္"
ႏွစ္ဦးသားက စကားေခါင္းစဥ္တစ္ခုၿပီးတစ္ခုေျပာင္းသြားကာ စကားေျပာလုံးဝမျပတ္။
"ဒါနဲ႕..."
က်ဳံးစစ္ေခ်ာင္က စကားအစခ်ီလိုက္၏။
"ေရွ႕ရက္တုန္းက ငါ့တူေလး အဖ်ားႀကီးလို႔ဆိုၿပီး ငါ့ေယာင္းမနဲ႕အတူ ေဆး႐ုံသြားျပခဲ့ၾကေသးတယ္ ၊ အဲ့တုန္းက ငါ ဘယ္သူနဲ႕ေတြ႕ခဲ့တယ္လို႔ထင္လဲ"
"ဘယ္သူနဲ႕ေတြ႕တာလဲ"
"ငါ 'ေခြၽးက်င့္ယြီ' နဲ႕ေတြ႕တာပါဆို ၊ အဲ့ဒါနဲ႕ ငါတို႔ႏွစ္ေယာက္ ခဏေလာက္စကားေျပာျဖစ္ၾကေသးတယ္ ၊ အခု သူ(မ)က အိမ္ေထာင္က်ၿပီးသြားလို႔ ဒုတိယကေလးေတာင္ရေနၿပီ"
က်ဳံးစစ္ေခ်ာင္က အခ်ိန္ကုန္ျမန္လြန္းသည့္အေၾကာင္းေတြးကာ သက္ျပင္းခ်၍ ;
"သူနဲ႕ပတ္သတ္ၿပီး ငါ ေကာင္းေကာင္းႀကီးမွတ္မိေနတာတစ္ခုက သူ အထက္တန္းတုန္းက စန္းရန္ကို ေသေလာက္ေအာင္သေဘာက်တာကိုပဲ ၊ အသည္းအသန္လိုက္တာေလ"
ဝိန္းရိဖန္သည္လည္း ထိုတစ္ေယာက္ႏွင့္ပတ္သတ္၍ မွတ္မွတ္ရရရွိခဲ့ဖူးပါသည္။
"အိုင္း..ဒီကိစၥကိုေျပာရင္း ငါ အရမ္းသိခ်င္တဲ့ကိစၥတစ္ခုလည္းရွိေသးတယ္ ၊ ငါ နင့္ကို ဘယ္တုန္းကမွလည္းမေမးခဲ့ဖူးတဲ့ေမးခြန္းတစ္ခုေပါ့"
ဝိန္းရိဖန္ ;
"ဘာလဲ"
"နင္ အရင္တုန္းက တကယ္ႀကီး စန္းရန္ကို လုံးဝ သေဘာမက်ခဲ့ဖူးတာလား"
"...."
ဝိန္းရိဖန္ ႐ုတ္တရက္ေၾကာင္အမ္းသြားရ၏။
"ဘာျဖစ္လို႔ေမးတာလဲ"
"ဘာျဖစ္လို႔လဲဆို စန္းရန္က ေခ်ာလို႔ေလဟာ ၊ ၿပီးေတာ့ မ်က္လုံးထဲ အၾကည့္ခံတဲ့ပုံစံမ်ိဳး"
က်ဳံးစစ္ေခ်ာင္က ပါးနှစ်ဖက်က်ို ဖိအုပ္၍ ;
"ၿပီးေတာ့လည္း ငါ သူနဲ႕စကားအမ်ားႀကီးမေျပာခဲ့ဖူးေပမယ့္ သူ နင့္ကို အရမ္းသေဘာက်တာကိုေတာ့ ငါသိတယ္ ၊ နင့္ကိုဆို အရမ္းေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးတာ"
ဤစကားတစ္ခြန္း အျပင္ ခုဏေလးက က်ဳံးစစ္ေခ်ာင္ေျပာလိုက္သည့္ အမည္နာမတစ္ခု တို႔ေၾကာင့္ ဝိန္းရိဖန္ တစ္ခဏစာ မိန္းေမာေတြေဝသြားရေတာ့သည္။
အေတြးမ်ားကလည္း အတိတ္မွပုံရိပ္မ်ားဆီသို႔ ဦးေဆာင္ဆြဲေခၚခံလိုက္ရ၏။
စန္းရန္က မ်က္မွန္ႏွင့္ေကာင္ေလးအား ထိုသို႔ရန္လိုျပဳမူထားၿပီးေနာက္တြင္ အတန္းထဲ၌ မည္သူကမွ သူတို႔ႏွစ္ေယာက္၏ေကာလဟလအတင္းမ်ားအေၾကာင္းကို ဆက္မေျပာၾကေတာ့ဘဲ ေပါက္ကရသတင္းမ်ားလည္း ထပ္မရွိေတာ့ေပ။
အခ်ိန္ၾကာလာသည္ႏွင့္အမွ် ဝိန္းရိဖန္က ေပါင္းရသင္းရလြယ္ကူမွန္း အျခားသူငယ္ခ်င္းမ်ားသိလာၾကသည္ ၊ သို႔ေသာ္လည္း အက်င့္စရိုက္ပုံစံေလးက ႏွေးႏွေးေကြးေကြးျဖစ္ေနတတ္႐ုံေလးသာ။ ႐ုပ္ရည္မွာ တမူထူးျခား၍ၾကည့္ေကာင္းေနၿပီး စိတ္ေနသေဘာထားမွာလည္း သိမ္ေမြ႕တတ္သည့္အတြက္ေၾကာင့္ျဖင့္ လူအေတာ္အမ်ားက သူမအား စကားစေျပာလာၾကကာ ေျဖးေျဖးခ်င္းႏွင့္ ရင္းႏွီးသည့္အတန္းေဖာ္သူငယ္ခ်င္းမ်ား ရွိလာခဲ့သည္။
သို႔ေသာ္ ေရေရရာရာ မမွတ္မိေတာ့သည့္အခ်ိန္တစ္ခုမွစ၍ ဝိန္းရိဖန္အေပၚ ဆက္ဆံတတ္သည့္ စန္းရန္၏အက်င့္မ်ားမွာ လုံးလုံးလ်ားလ်ားေျပာင္းလဲသြားခဲ့၏။ သူက မည္သည့္ကိစၥမ်ိဳးကိုပဲလုပ္လုပ္ ေပၚေပၚထင္ထင္လုပ္တတ္လာၿပီး ဖုံးကြယ္ထားရန္ ဆႏၵမရွိသည့္အလား ေျပာင္တင္းလာခဲ့သည္။
မည္သည့္ကိစၥကိုမဆို အားလုံးသိသာမည့္အရပ္မ်ိဳး၌ ပြင့္ပြင့္လင္းလင္းလုပ္ေနျခင္းပင္။
ထို႔ေၾကာင့္ အတန္းေဖာ္သူငယ္ခ်င္းမ်ားက သူမႏွင့္စန္းရန္မွာခ်စ္သူေတြ ဟုတ္မဟုတ္ကို တိတ္တဆိတ္ေမးလာၾကေတာ့၏။
ထိုအခ်ိန္မ်ားတုန္းက သူမကိုယ္တိုင္ေတာင္ ဘာျဖစ္လို႔ျဖစ္ေနမွန္းမသိခဲ့။
စန္းရန္၏အက်င့္စရိုက္အရ ယခုလိုအေတြးမ်ိဳးရွိနိုင္မည္လည္းမဟုတ္သလို ၊ သူ႕မ်က္ႏွာကိုခဝါခ်ၿပီး လိုက္ေျဖရွင္းျပဖို႔ဆိုသည္မွာ ပိုလို႔ပင္မျဖစ္နိုင္ပါေခ်။ ထို႔ေၾကာင့္ ဤေမးခြန္းမ်ားကိုၾကားလိုက္ရတိုင္း သူမအေနျဖင့္ ၿပဳံးျပၿပီး ျငင္းဆန္႐ုံသာလုပ္နိုင္ခဲ့သည္။
ကံေကာင္းေထာက္မစြာျဖင့္ ဤစကားေခါင္းစဥ္က အတန္းထဲ၌ တီးတိုးေျပာေနခဲ့ၾကသည့္ တစ္ခုတည္းေသာကိစၥျဖစ္လာခဲ့ကာ မၾကာလိုက္ခင္အခ်ိန္အတြင္း သည္စကားက အျခားတန္းခြဲမွ 'ေခြၽးက်င့္ယြီ' ထံသို႔ေရာက္သြားခဲ့၏။
သူတို႔တန္းခြဲထဲမွ လူေတာ္ေတာ္မ်ားမ်ားက သည္မိန္းကေလးအား မ်က္မွန္းတန္းမိၾကမည္မွာမလြဲ ၊ အဘယ္ေၾကာင့္ဆိုေသာ္ ေခြၽးက်င့္ယြီက လက္ေဆာင္ပစၥည္းမ်ားလာေပး၍ျဖစ္ေစ အေၾကာင္းမရွိအေၾကာင္းရွာၿပီးစကားလာေျပာ၍ျဖစ္ေစ စန္းရန္ထံသို႔ မၾကာခဏေရာက္ေရာက္လာၿပီး သေဘာက်ေနသည့္အေၾကာင္းကို တက္တက္ႂကြႂကြေဖာ္ျပေနခဲ့ျခင္းေၾကာင့္။
စန္းရန္ထံမွ အျငင္းခံလိုက္ရၿပီးေနာက္တြင္လည္း တစ္စက္ေလးမွ လက္ေလ်ာ့သြားျခင္းမရွိ။
ဤကိစၥအားသိသြားၿပီးသည့္ေနာက္ ေခြၽးက်င့္ယြီက အတန္းတံခါးေပါက္ဝဆီသို႔ တန္းေရာက္လာခဲ့သည္။
မွတ္မိသေလာက္အရ အတန္းႏွစ္ခုၾကားထဲတြင္ ျဖစ္၏။
ထို႔ေန႕က အားကစားခ်ိန္အၿပီး ေက်ာင္းသားမ်ား စာသင္ခန္းကိုယ္စီဆီသို႔ျပန္လာသည့္အခ်ိန္ ဝိန္းရိဖန္က ေနာက္ဆုံးမွေလွ်ာက္လာသည့္သူျဖစ္ရာ စာသင္ခန္းတံခါးနားသို႔ေရာက္ခါနီးတြင္ စန္းရန္သြားေနသည့္လမ္းအား ေခြၽးက်င့္ယြီပိတ္ရပ္လိုက္သည္ကို ျမင္လိုက္ရသည္။
ေခြၽးက်င့္ယြီသည္လည္း အသက္အ႐ြယ္တစ္ခုတြင္ရွိသင့္ေသာအလွတရားတို႔ႏွင့္ျပည့္စုံသည့္ သတၱိရွိရွိအမ်ိဳးသမီးေလးတစ္ဦးပင္။
"စန္းရန္....ငါ သူမ်ားေတြဆီကၾကားထားတာ ၊ နင္တို႔အတန္းထဲက အက,ေက်ာင္းသူကို နင္ လိုက္ေနတာဆို"
စန္းရန္က လက္ထဲတြင္ ကိုလာဘူးတစ္ဘူးကိုင္ထားၿပီး လမ္းပိတ္ရပ္ေနျခင္းေၾကာင့္ စိတ္မရွည္ျဖစ္ေနသည့္အမူအရာ။
"မင္းအပူပါလို႔လား"
"ငါက သိခ်င္လို႔ေမးၾကည့္႐ုံေလးပါ ၊ သူမ်ားေတြအားလုံးေျပာေနၾကတာ နင္က သူ႕ကိုသေဘာက်ေနတာတဲ့"
ေခြၽးက်င့္ယြီက စန္းရန္၏အေနာက္ဘက္၌ရပ္ေနသည့္ ဝိန္းရိဖန္အားသတိထားမိလိုက္ကာ ႐ုတ္တရက္ၿပဳံးလိုက္ရင္းျဖင့္ ;
"ဒါေပမယ့္လည္း ငါက သူမ်ားေျပာေနတာကို ဒီတိုင္းၾကားလာလို႔ပါ ၊ နင္ စိတ္မၾကည္မလင္မျဖစ္နဲ႕ဦး"
ဤစကားကိုၾကားသည့္အခါ စန္းရန္က ေခြၽးက်င့္ယြီအား လွမ္းၾကည့္လိုက္၏။ ေခြၽးက်င့္ယြီ၏အၾကည့္မ်ားဦးတည္ရာအတိုင္း ေနာက္လွည့္ၾကည့္လိုက္လွ်င္ ဝိန္းရိဖန္ဆီသို႔ အၾကည့္မ်ားေရာက္လာခဲ့သည္။
သူမအား လွမ္းျမင္လိုက္အခါ စန္းရန္၏ႏႈတ္ခမ္းပါးက ခပ္ေလ်ာ့ေလ်ာ့ျဖစ္သြားရင္း လွစ္ခနဲေကြးတက္၍ၿပဳံးျပလာခဲ့၏။
ျပတင္းေပါက္အျပင္ဘက္မွဝင္ေရာက္လာသည့္ေနေရာင္ျခည္မွာ သူ႕ခႏၶာကိုယ္ေပၚသို႔ ေ႐ႊဝါေရာင္အလင္းတန္းမ်ား ျဖာက်ေပးထားသျဖင့္ တလက္လက္ေတာက္ပေနသလိုမ်ိဳးႏွင့္ ဆင္တူေနခဲ့သည္။ ထိုအခိုက္အတန့္တြင္ ဝိန္းရိဖန္သိလိုက္သည္ရမွာ စန္းရန္ စိတ္လိုလက္ရၿပဳံးျပလာသည့္အခါမ်ိဳးတြင္ သူ႕ညာဘက္ပါးေပၚ၌ ပါးခ်ိဳင့္ရာေလးတစ္ခု ေပၚလာေၾကာင္းပင္ ျဖစ္၏။
"ဒီလိုစကားမ်ိဳးေတြက ေလွ်ာက္ေျပာေနၾကတာ ဘယ္ႏွႀကိမ္ေလာက္ေတာင္ရွိေနၿပီမလို႔လဲ ၊ တအား ပ်င္းစရာေကာင္းတာပဲ"
ေခြၽးက်င့္ယြီက ဆက္၍ ;
"အားလုံးေပါက္ကရေတြေလွ်ာက္ေျပာေနၾကတာမွန္း ငါသိပါတယ္ ၊ ဒီအတိုင္း နင့္ကို တစ္ခ်က္ေမးၾကည့္ခ်င္လို႔"
စန္းရန္က မ်က္ခုံးကိုပင့္ျမႇောက္ျပကာ ေခြၽးက်င့္ယြီအားစိုက္ၾကည့္၍ စကားေျပာသည့္ေလသံက တစ္ဖက္သားကိုရိုက္ခ်ေတာ့မည့္ထိုေလသံပင္ျဖစ္၏။
"ငါက မဟုတ္ဘူးလို႔ ျငင္းေနလို႔လား"
*************