Perfect Love [onging]

By Butterfly_614

10.4K 1.8K 216

"ဘာလို့ချစ်တာလဲဟင်" "မချစ်ရမနေနိုင်လို့ ချစ်တာ" "ဘာလို႔ခ်စ္တာလဲဟင္" "မခ်စ္ရမေနနိုင္လို႔ ခ်စ္တာ" More

Perfect Love-1
Perfect Love-2
Perfect Love-3
Perfect Love-4
Perfect Love-5
Perfect Love-6
Perfect Love-7
Perfect Love-8
Perfect Love-9
Perfect Love-10
Perfect Love-11
Perfect Love-12
Perfect Love-13
Perfect Love-14
Perfect Love-15
Perfect Love-16
Perfect Love-17
Perfect Love-18
Perfect Love-19
Perfect Love-20
Perfect Love-21
Perfect Love-22
Perfect Love-24
Perfect Love-25
Perfect Love-26
Perfect Love-27
Perfect Love-28
Perfect Love-29
Perfect Love-30
Perfect Love-31
Perfect Love-32
Perfect Love-33
Perfect Love-34

Perfect Love-23

308 55 3
By Butterfly_614

(Unicode)

"ပျောက်တော်မူကြီး ပေါ်လာပါပြီဗျာ"

ရုံးခန်းထဲထိဝင်လာပြီး အသံဆာဆာဖြင့် Hanwool က Chanyeol ကိုစနောက်လာသည်။

Chanyeol ခပ်ပြုံးပြုံးဖြင့် အလုပ်ခုံမှထလိုက်ပြီး Hanwool ထိုင်နေတဲ့ ဧည့်တွေ့ခုံမှာ မျက်နှာချင်းဆိုင်သွားထိုင်လိုက်သည်။

"ပြောပါဦး၊ ယောက်ျားလေးအနားပဲ တစ်ပတ်လောက်ကပ်နေပြီးတော့မှ အလုပ်ပြန်ဝင်ရတာ စိတ်ကျေနပ်မှုရှိရဲ့လား"

"မရှိပါဘူး"

"ဟေ"

"ဖြစ်နိုင်ရင် ငါကအမြဲတမ်းကပ်နေချင်တာလေ"

Chanyeol ရဲ့စကားကြောင့် Hanwool တစ်ယောက်စိတ်လေတဲ့ပုံဖြစ်သွားသည်။Chanyeol တစ်ချက်ရယ်လိုက်ပြီးမှ

"ငါဒီနေ့ နိုင်ငံခြားက ပါရဂူတစ်ယောက်နဲ့ video call ပြောဖို့ချိန်းထားတာရှိတယ်"

"ကိစ္စရှိလို့လား"

"အင်း၊ ကောင်လေးရဲ့ကိုယ်ဝန်ကိစ္စလေ၊ အဲ့ဒါ ငါမသိသေးတဲ့ကိစ္စတွေရှိသေးရင် ဆွေးနွေးရအောင်လို့"

"Baekhyun ရဲ့ဗိုက်ထဲက မင်းတို့ရဲ့ကလေးကို မင်းမွေးမှာလား"

Hanwool ကိုတစ်ချက်ကြည့်ပြီးတော့မှ Chanyeol ခေါင်းခါပြလိုက်သည်။

"အခု ငါဆွေးနွေးမယ်ဆိုတဲ့ပါရဂူက အမျိုးသားကိုယ်ဝန်ဆောင် တော်တော်များများကိုမီးဖွားပေးဖူးတယ်၊ အကြိမ်တိုင်းအောင်မြင်တာချည်းပဲ၊ ကောင်လေးရဲ့ဗိုက်ကို သူ့ဆီအပ်ဖို့ငါဆုံးဖြတ်ထားတယ်"

"ငါက မင်းလုပ်မယ်ထင်ထားတာ"

"ကောင်လေးနဲ့ပတ်သတ်ရင် အမှားအယွင်းသေးသေးလေးတောင်မခံနိုင်ဘူးကွာ၊ အမျိုးသားကိုယ်ဝန်ဆောင်ကိုတစ်ခါမှမီးမဖွားဖူးတဲ့ ငါ့ထက်စာရင် အဲ့ဒီ ပါရဂူကြီးက ပိုကောင်းတာပေါ့"

Chanyeol ရဲ့စကားကသင့်တင့်တာမို့ Hanwool ခေါင်းတညိမ့်ညိမ့်သာလုပ်လိုက်ပါသည်။

"အခု Baekhyun ရော အဆင်ပြေတယ်မလား"

"အင်း ပြေတယ်၊ အခုအချိန်လောက်ဆိုရင်တော့ စာသင်နေလောက်ပြီ"

:

အရှေ့မှာဆရာကစာရှင်းပြနေပေမယ့် Baekhyun ရဲ့စိတ်တွေကတော့ တောင်ရောက်မြောက်ရောက်။တစ်ယောက်တည်းစာသင်ရတာက Baekhyun နဲ့အကျွမ်းမဝင်သေးတာကြောင့် စိတ်ထဲတစ်မျိုးကြီးတော့ဖြစ်စေသည်။သုံးရက်မြောက်ရှိပြီဖြစ်ပေမယ့် အခုအချိန်ထိအသားမကျနိုင်သေး။

Baekhyun အိမ်မှာပဲ ဆရာခေါ်သင်တော့မယ်ဆိုတော့ ယူဘင်း ကလက်မခံချင်ဘဲ Baekhyun ရော ဗိုက်ထဲကကလေးလေးကိုပါ သူစောင့်ရှောက်မှာမို့ ကျောင်းတက်မြဲအတိုင်းတက်ဖို့ပြောလာသည်။

ဦးက စိတ်မချဟန်အပြည့်ရှိပေမယ့်လည်း Baekhyun ကိုငဲ့ပြီး ကိုယ်ဝန်လနုသေးတာမို့ ကျောင်းသွားတက်ချင်ရင်တက်လို့ရကြောင်းပြောသေးသည်။သို့သော် Baekhyun ကိုယ်တိုင်ကိုက ကျောင်းသွားမတက်ချင်တော့တာဖြစ်သည်။တခြားဘာအကြောင်းကြောင့်မှမဟုတ်ဘဲ ကျောင်းမှာလူအရမ်းများတော့ မတော်တဆတစ်ခုခုဖြစ်လာခဲ့ရင် ဗိုက်ထဲကကလေးလေးထိခိုက်သွားမှာကို စိုးရိမ်တာကြောင့်ဖြစ်ပါသည်။

အကြမ်းပတမ်းပြုမူမိတာတို့၊ အလေးအပင်မတာတို့၊ ချော်လဲတာတို့ဖြစ်ရင် ကလေးလေးထိခိုက်နိုင်သည်တဲ့လေ။အဲ့လိုသိထားပြီးကတည်းက Baekhyun လက်လွတ်စပယ်မနေရဲတော့တာဖြစ်သည်။Baekhyun တို့ရဲ့ကလေးလေးကို ဦးမရှိချိန်မှာ Baekhyun ကပဲအများကြီးစောင့်ရှောက်ပေးရမှာပေါ့။

"ဒီနားလေးကနည်းနည်းရှုပ်လို့၊ နားလည်လား ကျောင်းသား Baekhyun"

"ဗျာ..."

"ဒီနားလေးလေ"

"အာ....ဟုတ်၊ နားလည်ပါတယ်"

နားလည်သလိုလိုမလည်သလိုလိုရှိပေမယ့်လည်း လိုက်မကြည့်မိတဲ့ကိုယ့်အမှားမို့ ဆရာ့ကိုပြန်ရှင်းပြမခိုင်းတော့ဘဲ ညကျမှပဲ ဦးကိုမေးလိုက်တော့မည်။

"ကဲ ဒါဆို ဒီနေ့တော့ဒီလောက်ပဲနော်၊ အိမ်စာနည်းနည်းပေးခဲ့မယ်"

"ဟုတ်ကဲ့ပါ ဆရာ"

နည်းနည်းဆိုပေမယ့်လည်း သင်ခန်းစာမှာပါတဲ့ အပုဒ်တိုင်းနီးပါးကို ဆရာကမှတ်ပေးသွားတာမို့ Baekhyun အီလည်လည်လေးပြုံးလိုက်မိပါသည်။ဆရာကတော့ အိမ်စာပေးပြီးတာနဲ့ပြန်သွားလေပြီ။

နောက်ဆရာမလာခင် အချိန်ရှိသေးတာမို့ Baekhyun အပေါ်ထပ်ကိုတက်သွားလိုက်သည်။စာက အောက်ထပ်ကအခန်းလွတ်ထဲမှာသင်တာဖြစ်သည်။

အိမ်ကိုစရောက်ရောက်ချင်း Baekhyun နေတဲ့အခန်းက အခုတော့ဟာလာဟင်းလင်းပင်။လက်ထပ်ပြီးသွားတော့ Baekhyun ကဦးရဲ့အခန်းထဲမှာ အတူတူသွားနေရတာလေ။

နှစ်ယောက်အတူနေတဲ့အခန်းထဲကိုဝင်လိုက်တော့ ဦးရဲ့ကိုယ်သင်းရနံ့ကိုခပ်သင်းသင်းလေးရလိုက်သသည်။ဦးအကြာကြီးနေလာခဲ့တဲ့အခန်းမို့ ဦးရဲ့ကိုယ်ပိုင်အနံ့လေးစွဲနေတာဖြစ်ရမည်။

နှစ်ယောက်အိပ်ခုတင်ပေါ်မှာ အသာလေးထိုင်ချလိုက်ပြီးတော့မှ Baekhyun ဖြည်းဖြည်းချင်းလှဲလိုက်သည်။အခုတလော ညဘက်အိပ်ရေးလည်းဝပါလျှက်နဲ့ နေ့လယ်ခင်းတွေဆို ပြန်အိပ်ချင်တာကအမြဲလိုလိုပင်။စာသင်ဖို့နောက်ဆုံးတစ်ချိန်ကျန်သေးတာကို ထမင်းစားပြီးတာနဲ့ မျက်လုံးကမှေးချင်နေလေပြီ။ကျောင်းတက်ရတုန်းက နေ့လယ်ဘက်အိပ်ငိုက်ပုံနှင့်တစ်ပုံစံတည်း။

"ခဏလောက်အိပ်လိုက်ရမလား၊ ဆရာလာရင် ဒေါ်လေးမီက လာနှိုးမှာပေါ့"

ကိုယ့်ဘာသာဆုံးဖြတ်ချက်ချပြီးတာနှင့်တစ်ပြိုင်နက် Baekhyun ရဲ့မျက်လုံးတွေဖြည်းဖြည်းချင်းမှေးစင်းသွားပြီး အိပ်မက်ကမ္ဘာထဲတိုးဝင်သွားတော့သည်။Baekhyun အိပ်မပျော်ခင် သတိတရဖြင့် သူ့ဗိုက်လေးသူ သေသေချာချာအုပ်ကိုင်ထားပါသေးသည်။

.................................................................................

ဘုတ်!

"အင့်!"

လမ်းထောင့်ချိုးအကွေ့မှာလူတစ်ယောက်ကိုတိုက်မိလိုက်တာမို့ သတိကပ်တတ်တဲ့အကျင့်ကြောင့် တစ်ဖက်လူကို Chanyeol အလျင်အမြန်ပဲဖမ်းဆွဲထားလိုက်သည်။

တစ်ဖက်လူက အတော်လေးလန့်သွားတယ်ထင်ပါသည်။Chanyeol ရဲ့လက်မောင်းကို ခပ်တင်းတင်းဖက်ထားတာအား တော်ရုံနဲ့မလွှတ်တော့။

"ဒီမှာ...အဆင်ပြေရဲ့လား"

Chanyeol ရဲ့အသံကြားမှ တစ်ဖက်ကလူရဲ့မှေးမှိတ်ထားတဲ့မျက်လုံးတွေ ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။

"အာ..တောင်း..တောင်းပန်ပါတယ်ဗျ၊ လူလာနေတာမမြင်လိုက်မိလို့ပါ"

"ကိုယ်လည်းအတူတူပဲမို့ တောင်းပန်ပါတယ်"

ထိုကောင်လေး သေချာအတည်တကျရပ်နိုင်ပြီဆိုမှ Chanyeol လည်းဖမ်းဆွဲထားတာအားလွှတ်ပေးလိုက်သည်။

"မင်္ဂလာပါဗျ၊ ကျွန်တော်က ဒီဆေးရုံမှာ intern လာဆင်းတာပါ၊ နှစ်ရက်လောက်ပဲရှိပါသေးတယ်"

"ဪ...မင်္ဂလာပါ၊ ဒါဆို ကြိုးစားလိုက်ပါဦး"

"ဟို...အစ်ကိုက ဒီဆေးရုံကဆရာဝန်လားဟင်၊ ဂျူတီကုတ်နဲ့ဆိုတော့လေ"

Chanyeol ထွက်သွားဖို့ပြင်လိုက်ကာမှ ထိုကောင်လေးက ထပ်မေးလာတာမို့ နေရာမှာပြန်ရပ်လိုက်ရသည်။လောလောနဲ့မို့ အလုပ်ဆင်းတာတောင် Chanyeol ဂျူတီကုတ်မချွတ်ရသေး။

"ဟုတ်ပါတယ်"

"ဘယ်ဌာနကလဲဗျ"

"သားဖွားမီးယပ်ဌာနက ဒေါက်တာ Park Chanyeol ပါ"

"အာ! ဒေါက်တာ Park"

ထိုကောင်လေးက Chanyeol ကိုသိပုံရပြီး ကပြာကယာဦးညွှတ်ပြလာသည်။

"ဒေါက်တာ Park၊ ကျွန်တော်က နှလုံးအထူးကုဌာနမှာ intern ဆင်းနေတဲ့ ရှီဝမ် ပါဗျ"

"အင်း တွေ့ရတာဝမ်းသာပါတယ်"

"ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်"

"ကောင်းပါပြီ၊ တာဝန်ကျေလိုက်ပါဦး"

ထိုကောင်လေးကို နှုတ်ဆက်ပြီးတာနဲ့ Chanyeol သွက်သွက်လေးထွက်လာခဲ့လိုက်တော့သည်။အိမ်အမြန်ပြန်ရောက်ဖို့ကို မိနစ်ပိုင်းလောက်တောင်နောက်ကျမခံနိုင်ဘူးလေ။

:

ဒေါက်တာ Park Chanyeol ကပါရဂူတစ်ယောက်ဖြစ်ပြီး ဒုဆေးရုံအုပ်လည်းဖြစ်ကြောင်း ရှီဝမ် သိထားသည်။အခုလို လူချင်းတွေ့လိုက်ရတော့လည်း ကြားထားရတဲ့ဂုဏ်ပုဒ်တွေနှင့် ဒေါက်တာ Park ဟာထိုက်တန်ကြောင်း ရှီဝမ် သေချာလေးသိလိုက်ရပါသည်။

"အင်း၊ ငါလည်း တော်တဲ့ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရမယ်"

ထိုသို့ဆုံးဖြတ်ချက်ကြီးကြီးချလိုက်ပြီး ရှီဝမ် ကိုယ့်နေရာကိုယ်ပြန်သွားရန်ပြင်လိုက်သည်။တချို့လူတွေအလုပ်ဆင်းကုန်ပြီဖြစ်ပေမယ့်လည်း အဲ့ထဲမှာတော့ ရှီဝမ် မပါသေးပါ။ဒီနေ့တော့ မိုးချုပ်တော့မှာသေချာသလောက်ဖြစ်သည်။

ထိုအချိန်

"ရှီဝမ်!"

"အာ့!"

လက်ကောက်ဝတ်ကိုတစ်စုံတစ်ယောက်က ခပ်တင်းတင်းဆုပ်ကိုင်လာပြီး ရှီဝမ့် ရဲ့ကိုယ်ကိုဆွဲလှည့်လိုက်သည်။အသံကြားရရုံနဲ့ ထိုတစ်ယောက်ဟာ ဘယ်သူလဲဆိုတာကို ရှီဝမ် ကောင်းကောင်းကြီးသိပါသည်။

"ငါ့ကိုလွှတ် ဝူဂျင်း"

လူပြတ်တဲ့လျှောက်လမ်းဖြစ်ပေမယ့်လည်း ဆေးရုံဆိုသောအသိကြောင့် ရှီဝမ် လေသံကိုလျော့ပြီးပြောလိုက်သည်။

"မင်းဘာအချိုးချိုးနေတာလဲ! ငါ့ကိုဘာလို့အဆက်အသွယ်ဖြတ်ထားတာလဲ!"

"မင်းရဲ့အသံကိုလျှော့စမ်းပါ"

ပြောလည်းပြော ဆုပ်ကိုင်ခံထားရတဲ့လက်ကိုလည်း ရှီဝမ် ရုန်းလိုက်ပါသည်။ဝူဂျင်း ရဲ့မျက်နှာထားကတော့ ဒေါသတွေကြောင့်ပျက်ယွင်းစွာ။

"မင်းကဘာမှန်တာရှိလို့ ငါ့ကိုလာအော်နေရတာလဲ၊ ငါ့ကွယ်ရာမှာဖောက်ပြန်နေတဲ့မင်းလိုကောင်ကို ငါကငုံမထားရုံတမယ်ဆက်ဆံနေရဦးမှာလား"

"ဖောက်ပြန်တာမဟုတ်ဘူးလို့ပြောတယ်မလား! ငါ..ငါ"

"အဟက်! ဘာလဲ စိတ်ကစားမိတာလို့ပြောဦးမလို့လား၊ ငါလည်းမင်းနဲ့ရွယ်တူပါပဲ၊ ဒါပေမယ့် အချစ်ရေးကို မင်းလိုတော့ပေါပေါပဲပဲလုပ်မနေဘူး"

"..............."

"မင်းနဲ့ငါ...."

ရှီဝမ် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးတော့မှ

"ပြတ်ပြီ"

"ဘာ!"

ရှီဝမ် လှည့်ထွက်သွားဖို့ပြင်လိုက်ပေမယ့် ဝူဂျင်း ကအသွားမခံဘဲဆွဲထားသည်။ရှီဝမ် လှည့်မကြည့်ဖြစ်သလို ရုန်းလည်းမရုန်းဘဲ ကျောက်ရုပ်အတိုင်းသာနေနေမိသည်။မုန်းတယ်၊ တစ်ဖက်လူရဲ့မျက်လုံးတွေကိုမြင်လိုက်တာနဲ့ ပြန်ပျော့ညံ့သွားမယ့်သူ့စိတ်ကိုယ်သူမုန်းသည်။ဒီတစ်ခေါက်တော့ ဝူဂျင်း နောင်ကျဉ်သွားအောင်လုပ်ချင်ပါသည်။

"မပြတ်ဘူး! ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ! ငါလုံးဝပြတ်မပေးနိုင်ဘူး!"

"ငါကတော့ပြတ်တယ်! ဖယ်စမ်းပါ"

အားကုန်သုန်းကာရုန်းပြီးတာနဲ့ ရှီဝမ် ထိုနေရာကနေအမြန်ဆုံးပြေးထွက်လာခဲ့လိုက်သည်။ဝူဂျင်း ရဲ့ဆောက်တည်ရာမရတဲ့စကားသံတွေကိုမကြားလိုတော့ပါ။

ရှီဝမ် မရှိရင်မဖြစ်မှန်းသိလျှက်နဲ့ ဝူဂျင်း ကဆိုးလွန်းပါသည်။

.................................................................................

အခုနောက်ပိုင်း Chanyeol ကဆေးရုံကနေ အိမ်ကိုအချိန်သတ်မှတ်ပြီးပြန်တာဖြစ်သည်။မနက်ပိုင်း ကိုးနာရီဆိုဆေးရုံသွားပြီး ညနေလေးနာရီဆိုတာနဲ့အိမ်ပြန်ပါသည်။ဆေးရုံအုပ်ဖြစ်တဲ့ အဖေကိုယ်တိုင်ကလည်း Chanyeol ကိုထိုသို့လုပ်စေတာဖြစ်သည်။ဆေးရုံမှာကိစ္စတစ်ခုခုရှိလာခဲ့ရင် ဆရာဝန်တွေအများကြီးရှိတယ်ဆိုပေမယ့် အိမ်က ကလေးအဖေလေးအတွက်တော့ Chanyeol ရှိနေမှပိုအဆင်ပြေနိုင်မှာလေ။

"Chanyeollie"

Chanyeol အိမ်ထဲဝင်သွားတာနဲ့ ဒေါ်လေးမီကဆီးကြိုနှုတ်ဆက်သည်။

"ကောင်လေး အပေါ်ထပ်မှာလား"

"အေးကွဲ့၊ ပြောပြရဦးမယ်၊ Hyuneeလေးကလေ နောက်ဆုံးစာသင်ချိန်ကိုမတက်ဖြစ်လိုက်ဘူးသိလား၊ ဆရာလာတဲ့အချိန် Hyuneeလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမို့ ဒေါ်လေးလည်းမနှိုးဖြစ်တော့ဘဲ ဆရာ့ကိုပဲအကျိုးအကြောင်းပြောပြပြီးပြန်လွှတ်လိုက်ရတယ်"

"အင်း ဒေါ်လေးမီ လုပ်တာကောင်းတယ်"

"အခုရက်ပိုင်း Hyuneeလေးက နေ့လယ်ဘက်တွေဆို အိပ်ငိုက်တတ်နေတာကွဲ့၊ စာသင်ချိန်တွေအကုန်ပြီးပြီဆို အပေါ်ထပ်ကိုတက်သွားပြီးအိပ်တာ၊ Chanyeollie ပြန်လာခါနီးမှသာနိုးတယ်၊ ဒီနေ့ကတော့ နောက်ဆုံးချိန်တောင်မတက်နိုင်တော့ဘူးပဲ၊ ဒေါ်လေးထင်တာတော့ ကိုယ်ဝန်ဆိပ်ကြောင့်ပဲနေမယ်"

Chanyeol ခေါင်းတဆတ်ဆတ်ညိမ့်လိုက်ပြီးတော့မှ

"ဟုတ်ကဲ့ ဒေါ်လေးမီ၊ ဒါဆို ကျွန်တော်အပေါ်တက်တော့မယ်နော်"

"အေးအေး ဒေါ်လေးလည်းလုပ်စရာတွေရှိသေးတယ်"

အပေါ်ထပ်ကိုတက်သွားပြီး Chanyeol တို့နှစ်ယောက်ရဲ့ကမ္ဘာငယ်လေးထဲ တံခါးဖွင့်ဝင်လိုက်တော့ ကလေးအဖေလေးက အိပ်ရာနိုးနေပြီဖြစ်သည်။

"ဦး...ပြန်လာပြီ"

Chanyeol ကိုတွေ့တာနဲ့ မို့တက်သွားတဲ့ပါးဖောင်းဖောင်းလေးတွေ။ပါးလေးတွေတစ်နေ့တခြားပြည့်ဖောင်းလာတာကိုကြည့်ပြီး Chanyeol စိတ်ချမ်းသာရပါသည်။

"နိုးနေတာကြာပြီလား ကောင်လေး"

"ခုနကမှပါ၊ ဦး ပြန်လာချိန်မို့ သူ့ဘာသာသူနိုးသွားတာဗျ"

အတတ်ကလေးကြောင့် Chanyeol ကြည်ကြည်နူးနူးပြုံးရင်း ကောင်လေးရဲ့ဘေးနားမှာသွားထိုင်လိုက်သည်။

"ခေါင်းထဲညီးစီစီဖြစ်တာမျိုးရှိလား"

"ဟင့်အင်း နေလို့ကောင်းပါတယ်၊ ကျွန်တော် ဒီနေ့ နောက်ဆုံးစာသင်ချိန်ပျက်သွားတယ် ဦး"

"အိပ်ချင်ရင်အိပ်ရမှာပေါ့၊ အိပ်ငိုက်ရင်းစာသင်ရင် ဘယ်လိုလုပ်ဖြစ်မှာလဲ၊ ဟုတ်တယ်မလား"

"အွန်း ဟုတ်တယ်နော်"

ကောင်လေးရဲ့ပေါင်ပေါ်တင်ထားတဲ့စောင်အား Chanyeol ဘေးနားချလိုက်ပြီး ခန္ဓာကိုယ်လေးကို ချိုင်းကနေမကာ ပေါင်ပေါ်ဘေးတစောင်းထိုင်စေလိုက်သည်။နီးနီးကပ်ကပ်မရှိရတာ ရှစ်နာရီနီးပါးတောင်ရှိနေပြီမလား။

"ရွှတ်!"

"ဦး..."

ဘေးတစောင်းမြင်နေရတဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို ငုံ့နမ်းလိုက်တော့ အသံသဲ့သဲ့လေးထွက်လာသည်။ခေါင်းလုံးလုံးလေးကို ရင်ဘက်မှာမှီစေရင်း ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲအပြည့်အဝထည့်ပြီး Chanyeol ဖက်ထားလိုက်ပါသည်။

"နေ့လယ်စာစားကောင်းရဲ့လား ကောင်လေး"

"ဟုတ်၊ ဒေါ်လေးမီက ကျွန်တော်စားချင်တဲ့ ထမင်းသုပ်လုပ်ကျွေးတယ်ဗျ၊ အရမ်းမစပ်ဘူးနော် ဦး"

"ကလေးလေးကထမင်းသုပ်စားချင်တာပေါ့လေ"

မပူတပူဗိုက်လေးကို Chanyeol ပွတ်သပ်ပေးရင်းမေးလိုက်တော့ ရင်ခွင်ထဲကကောင်လေးက ရယ်သံလေးတွေဖြင့်ခေါင်းညိမ့်ပြသည်။

ကလေးအဖေလေးက အရမ်းလိမ္မာပါသည်။အဖွားဖြစ်သူမှာသွားတဲ့အတိုင်း ဗိုက်ထဲကကလေးကိုထိခိုက်စေမယ့်အရာမှန်သမျှ သတိပေးစရာမလိုအောင်ရှောင်ရှားသည်။ငယ်သေးတဲ့အရွယ်လေးနှင့်မလိုက်အောင် အရမ်းကိုလိမ္မာသိတတ်လွန်းတဲ့လူသားလေးကို Chanyeol ဘယ်လိုလုပ်ရမလဲ။ငုံထားလိုက်ရမလား။

"အာ့! ဦး..."

အတွေးနှင့်အတူ နားရွက်ဖျားလေးကို ခေါင်းငုံ့ကာငုံထားလိုက်တော့ ကောင်လေးကအသည်းယားသွားဟန်ဖြင့် ကိုယ်လေးတွန့်သွားသည်။

"ရွှတ်!"

"ရွှတ်!"

"အာ..ဦး.."

နားရွက်ဖျားလေးပြီးတော့ ပါးမို့မို့နှစ်ဖက်ကိုလည်း အလှည့်ကျအနမ်းခြွေမိပြန်သည်။ကောင်လေးကိုချစ်ရလွန်းလို့ Chanyeol ရူးတော့မှာပဲ။

"ပြောပါဦး၊ ညစာရောဘာစားချင်လဲ"

"ဟင် ညစာလား"

"အင်း"

"အင်းး...ညစာက..."

ကောင်လေးကအသည်းအသန်စဉ်းစားနေတဲ့အချိန် Chanyeol ကတော့ကောင်လေးရဲ့နားသယ်စပ်လေးအား နားခေါင်းချွန်ချွန်ဖြင့်လိုက်လံတို့ထိနေမိသည်။

"ဦးရော ဘာစားချင်လဲဟင် အင့်!"

"ပြွတ်စ်!"

"အာ...ဦးကလည်းဗျာ..."

တထော်ထော်ဖြင့်စကားပြောလာတဲ့နှုတ်ခမ်းလေးကို Chanyeol အနမ်းခြွေပစ်လိုက်တော့ ကောင်လေးဟာ Chanyeol ကိုတင်းတင်းကြပ်ကြပ်ဖက်ပြီး ရင်ခွင်ထဲတိုးဝင်လာပါတော့သည်။ကလေးအဖေလေးရှက်သွားပြီ။

"ကိုယ်ကတော့ ဝက်သားချိုချဉ်လေးစားရင်ကောင်းမလားလို့"

"ကောင်းသားပဲ! ကျွန်တော်လည်းကြိုက်တယ်"

"ဟုတ်တယ်နော်၊ ချိုချဉ်ဆိုတော့ အရမ်းလည်းမအီ..."

"ပြွတ်စ်!"

Chanyeol ရဲ့စကားတွေတစ်ဝက်တစ်ပျက်ဖြစ်သွားရသည်။အကြောင်းအရင်းကတော့ လည်ဇလုပ်အားမော့နမ်းလိုက်တဲ့ကောင်လေးကြောင့်။

"ဟို..ဟို...ဦးကျတော့ နမ်းပြီးတော့..."

"ဟားး ရူးတော့မှာပဲကွာ"

"အင့်! ဦး..."

ညစာကိစ္စကထားလိုက်တော့။အခု အရင်ဆုံး မျက်စိရှေ့မှာရှိနေတဲ့ အချိုပွဲလေးကိုပဲ တတိတိစားလိုက်ပါဦးမည်။

ထိုသို့ဖြင့် Chanyeol ရဲ့မထိန်းနိုင်မသိမ်းနိုင်အနမ်းမိုးတွေဟာ Baekhyun ရဲ့ခန္ဓာကိုယ်နေရာအနှံ့မှာဖြန့်ကျက်လို့။တခြားနေရာတွေထက်စာရင် ဗိုက်ကလေးမှာတော့ အနမ်းရာတွေအထပ်ထပ်ပင်။

ညနေကတည်းကရွာချလိုက်တဲ့အနမ်းမိုးတွေဟာ မှောင်စပျိုးချိန်ရောက်မှသာ Baekhyun ရေချိုးနောက်ကျမယ်ဆိုသောအသိကြောင့် Chanyeol ရပ်လိုက်ခြင်းဖြစ်ပါသည်။

.................................................................................

(ဆက်ရန်)
(၁၁.၁၂.၂၀၂၃)

💊တိုက်ဖို့ အရှိန်ယူနေပါပြီ👀

(Zawgyi)

"ေပ်ာက္ေတာ္မူႀကီး ေပၚလာပါၿပီဗ်ာ"

႐ုံးခန္းထဲထိဝင္လာၿပီး အသံဆာဆာျဖင့္ Hanwool က Chanyeol ကိုစေနာက္လာသည္။

Chanyeol ခပ္ျပဳံးျပဳံးျဖင့္ အလုပ္ခုံမွထလိုက္ၿပီး Hanwool ထိုင္ေနတဲ့ ဧည့္ေတြ႕ခုံမွာ မ်က္ႏွာခ်င္းဆိုင္သြားထိုင္လိုက္သည္။

"ေျပာပါဦး၊ ေယာက္်ားေလးအနားပဲ တစ္ပတ္ေလာက္ကပ္ေနၿပီးေတာ့မွ အလုပ္ျပန္ဝင္ရတာ စိတ္ေက်နပ္မွုရွိရဲ့လား"

"မရွိပါဘူး"

"ေဟ"

"ျဖစ္နိုင္ရင္ ငါကအျမဲတမ္းကပ္ေနခ်င္တာေလ"

Chanyeol ရဲ့စကားေၾကာင့္ Hanwool တစ္ေယာက္စိတ္ေလတဲ့ပုံျဖစ္သြားသည္။Chanyeol တစ္ခ်က္ရယ္လိုက္ၿပီးမွ

"ငါဒီေန႔ နိုင္ငံျခားက ပါရဂူတစ္ေယာက္နဲ႔ video call ေျပာဖို႔ခ်ိန္းထားတာရွိတယ္"

"ကိစၥရွိလို႔လား"

"အင္း၊ ေကာင္ေလးရဲ့ကိုယ္ဝန္ကိစၥေလ၊ အဲ့ဒါ ငါမသိေသးတဲ့ကိစၥေတြရွိေသးရင္ ေဆြးေႏြးရေအာင္လို႔"

"Baekhyun ရဲ့ဗိုက္ထဲက မင္းတို႔ရဲ့ကေလးကို မင္းေမြးမွာလား"

Hanwool ကိုတစ္ခ်က္ၾကည့္ၿပီးေတာ့မွ Chanyeol ေခါင္းခါျပလိုက္သည္။

"အခု ငါေဆြးေႏြးမယ္ဆိုတဲ့ပါရဂူက အမ်ိဳးသားကိုယ္ဝန္ေဆာင္ ေတာ္ေတာ္မ်ားမ်ားကိုမီးဖြားေပးဖူးတယ္၊ အႀကိမ္တိုင္းေအာင္ျမင္တာခ်ည္းပဲ၊ ေကာင္ေလးရဲ့ဗိုက္ကို သူ႔ဆီအပ္ဖို႔ငါဆုံးျဖတ္ထားတယ္"

"ငါက မင္းလုပ္မယ္ထင္ထားတာ"

"ေကာင္ေလးနဲ႔ပတ္သတ္ရင္ အမွားအယြင္းေသးေသးေလးေတာင္မခံနိုင္ဘူးကြာ၊ အမ်ိဳးသားကိုယ္ဝန္ေဆာင္ကိုတစ္ခါမွမီးမဖြားဖူးတဲ့ ငါ့ထက္စာရင္ အဲ့ဒီ ပါရဂူႀကီးက ပိုေကာင္းတာေပါ့"

Chanyeol ရဲ့စကားကသင့္တင့္တာမို႔ Hanwool ေခါင္းတညိမ့္ညိမ့္သာလုပ္လိုက္ပါသည္။

"အခု Baekhyun ေရာ အဆင္ေျပတယ္မလား"

"အင္း ေျပတယ္၊ အခုအခ်ိန္ေလာက္ဆိုရင္ေတာ့ စာသင္ေနေလာက္ၿပီ"

:

အေရွ႕မွာဆရာကစာရွင္းျပေနေပမယ့္ Baekhyun ရဲ့စိတ္ေတြကေတာ့ ေတာင္ေရာက္ေျမာက္ေရာက္။တစ္ေယာက္တည္းစာသင္ရတာက Baekhyun နဲ႔အကၽြမ္းမဝင္ေသးတာေၾကာင့္ စိတ္ထဲတစ္မ်ိဳးႀကီးေတာ့ျဖစ္ေစသည္။သုံးရက္ေျမာက္ရွိၿပီျဖစ္ေပမယ့္ အခုအခ်ိန္ထိအသားမက်နိုင္ေသး။

Baekhyun အိမ္မွာပဲ ဆရာေခၚသင္ေတာ့မယ္ဆိုေတာ့ ယူဘင္း ကလက္မခံခ်င္ဘဲ Baekhyun ေရာ ဗိုက္ထဲကကေလးေလးကိုပါ သူေစာင့္ေရွာက္မွာမို႔ ေက်ာင္းတက္ျမဲအတိုင္းတက္ဖို႔ေျပာလာသည္။

ဦးက စိတ္မခ်ဟန္အျပည့္ရွိေပမယ့္လည္း Baekhyun ကိုငဲ့ၿပီး ကိုယ္ဝန္လႏုေသးတာမို႔ ေက်ာင္းသြားတက္ခ်င္ရင္တက္လို႔ရေၾကာင္းေျပာေသးသည္။သို႔ေသာ္ Baekhyun ကိုယ္တိုင္ကိုက ေက်ာင္းသြားမတက္ခ်င္ေတာ့တာျဖစ္သည္။တျခားဘာအေၾကာင္းေၾကာင့္မွမဟုတ္ဘဲ ေက်ာင္းမွာလူအရမ္းမ်ားေတာ့ မေတာ္တဆတစ္ခုခုျဖစ္လာခဲ့ရင္ ဗိုက္ထဲကကေလးေလးထိခိုက္သြားမွာကို စိုးရိမ္တာေၾကာင့္ျဖစ္ပါသည္။

အၾကမ္းပတမ္းျပဳမူမိတာတို႔၊ အေလးအပင္မတာတို႔၊ ေခ်ာ္လဲတာတို႔ျဖစ္ရင္ ကေလးေလးထိခိုက္နိုင္သည္တဲ့ေလ။အဲ့လိုသိထားၿပီးကတည္းက Baekhyun လက္လြတ္စပယ္မေနရဲေတာ့တာျဖစ္သည္။Baekhyun တို႔ရဲ့ကေလးေလးကို ဦးမရွိခ်ိန္မွာ Baekhyun ကပဲအမ်ားႀကီးေစာင့္ေရွာက္ေပးရမွာေပါ့။

"ဒီနားေလးကနည္းနည္းရွုပ္လို႔၊ နားလည္လား ေက်ာင္းသား Baekhyun"

"ဗ်ာ..."

"ဒီနားေလးေလ"

"အာ....ဟုတ္၊ နားလည္ပါတယ္"

နားလည္သလိုလိုမလည္သလိုလိုရွိေပမယ့္လည္း လိုက္မၾကည့္မိတဲ့ကိုယ့္အမွားမို႔ ဆရာ့ကိုျပန္ရွင္းျပမခိုင္းေတာ့ဘဲ ညက်မွပဲ ဦးကိုေမးလိုက္ေတာ့မည္။

"ကဲ ဒါဆို ဒီေန႔ေတာ့ဒီေလာက္ပဲေနာ္၊ အိမ္စာနည္းနည္းေပးခဲ့မယ္"

"ဟုတ္ကဲ့ပါ ဆရာ"

နည္းနည္းဆိုေပမယ့္လည္း သင္ခန္းစာမွာပါတဲ့ အပုဒ္တိုင္းနီးပါးကို ဆရာကမွတ္ေပးသြားတာမို႔ Baekhyun အီလည္လည္ေလးျပဳံးလိုက္မိပါသည္။ဆရာကေတာ့ အိမ္စာေပးၿပီးတာနဲ႔ျပန္သြားေလၿပီ။

ေနာက္ဆရာမလာခင္ အခ်ိန္ရွိေသးတာမို႔ Baekhyun အေပၚထပ္ကိုတက္သြားလိုက္သည္။စာက ေအာက္ထပ္ကအခန္းလြတ္ထဲမွာသင္တာျဖစ္သည္။

အိမ္ကိုစေရာက္ေရာက္ခ်င္း Baekhyun ေနတဲ့အခန္းက အခုေတာ့ဟာလာဟင္းလင္းပင္။လက္ထပ္ၿပီးသြားေတာ့ Baekhyun ကဦးရဲ့အခန္းထဲမွာ အတူတူသြားေနရတာေလ။

ႏွစ္ေယာက္အတူေနတဲ့အခန္းထဲကိုဝင္လိုက္ေတာ့ ဦးရဲ့ကိုယ္သင္းရနံ႔ကိုခပ္သင္းသင္းေလးရလိုက္သသည္။ဦးအၾကာႀကီးေနလာခဲ့တဲ့အခန္းမို႔ ဦးရဲ့ကိုယ္ပိုင္အနံ႔ေလးစြဲေနတာျဖစ္ရမည္။

ႏွစ္ေယာက္အိပ္ခုတင္ေပၚမွာ အသာေလးထိုင္ခ်လိုက္ၿပီးေတာ့မွ Baekhyun ျဖည္းျဖည္းခ်င္းလွဲလိုက္သည္။အခုတေလာ ညဘက္အိပ္ေရးလည္းဝပါလၽွက္နဲ႔ ေန႔လယ္ခင္းေတြဆို ျပန္အိပ္ခ်င္တာကအျမဲလိုလိုပင္။စာသင္ဖို႔ေနာက္ဆုံးတစ္ခ်ိန္က်န္ေသးတာကို ထမင္းစားၿပီးတာနဲ႔ မ်က္လုံးကေမွးခ်င္ေနေလၿပီ။ေက်ာင္းတက္ရတုန္းက ေန႔လယ္ဘက္အိပ္ငိုက္ပုံႏွင့္တစ္ပုံစံတည္း။

"ခဏေလာက္အိပ္လိုက္ရမလား၊ ဆရာလာရင္ ေဒၚေလးမီက လာႏွိုးမွာေပါ့"

ကိုယ့္ဘာသာဆုံးျဖတ္ခ်က္ခ်ၿပီးတာႏွင့္တစ္ၿပိဳင္နက္ Baekhyun ရဲ့မ်က္လုံးေတြျဖည္းျဖည္းခ်င္းေမွးစင္းသြားၿပီး အိပ္မက္ကမၻာထဲတိုးဝင္သြားေတာ့သည္။Baekhyun အိပ္မေပ်ာ္ခင္ သတိတရျဖင့္ သူ႔ဗိုက္ေလးသူ ေသေသခ်ာခ်ာအုပ္ကိုင္ထားပါေသးသည္။

.................................................................................

ဘုတ္!

"အင့္!"

လမ္းေထာင့္ခ်ိဳးအေကြ႕မွာလူတစ္ေယာက္ကိုတိုက္မိလိုက္တာမို႔ သတိကပ္တတ္တဲ့အက်င့္ေၾကာင့္ တစ္ဖက္လူကို Chanyeol အလ်င္အျမန္ပဲဖမ္းဆြဲထားလိုက္သည္။

တစ္ဖက္လူက အေတာ္ေလးလန့္သြားတယ္ထင္ပါသည္။Chanyeol ရဲ့လက္ေမာင္းကို ခပ္တင္းတင္းဖက္ထားတာအား ေတာ္႐ုံနဲ႔မလႊတ္ေတာ့။

"ဒီမွာ...အဆင္ေျပရဲ့လား"

Chanyeol ရဲ့အသံၾကားမွ တစ္ဖက္ကလူရဲ့ေမွးမွိတ္ထားတဲ့မ်က္လုံးေတြ ျဖည္းျဖည္းခ်င္းပြင့္လာခဲ့သည္။

"အာ..ေတာင္း..ေတာင္းပန္ပါတယ္ဗ်၊ လူလာေနတာမျမင္လိုက္မိလို႔ပါ"

"ကိုယ္လည္းအတူတူပဲမို႔ ေတာင္းပန္ပါတယ္"

ထိုေကာင္ေလး ေသခ်ာအတည္တက်ရပ္နိုင္ၿပီဆိုမွ Chanyeol လည္းဖမ္းဆြဲထားတာအားလႊတ္ေပးလိုက္သည္။

"မဂၤလာပါဗ်၊ ကၽြန္ေတာ္က ဒီေဆး႐ုံမွာ intern လာဆင္းတာပါ၊ ႏွစ္ရက္ေလာက္ပဲရွိပါေသးတယ္"

"ဪ...မဂၤလာပါ၊ ဒါဆို ႀကိဳးစားလိုက္ပါဦး"

"ဟို...အစ္ကိုက ဒီေဆး႐ုံကဆရာဝန္လားဟင္၊ ဂ်ဴတီကုတ္နဲ႔ဆိုေတာ့ေလ"

Chanyeol ထြက္သြားဖို႔ျပင္လိုက္ကာမွ ထိုေကာင္ေလးက ထပ္ေမးလာတာမို႔ ေနရာမွာျပန္ရပ္လိုက္ရသည္။ေလာေလာနဲ႔မို႔ အလုပ္ဆင္းတာေတာင္ Chanyeol ဂ်ဴတီကုတ္မခၽြတ္ရေသး။

"ဟုတ္ပါတယ္"

"ဘယ္ဌာနကလဲဗ်"

"သားဖြားမီးယပ္ဌာနက ေဒါက္တာ Park Chanyeol ပါ"

"အာ! ေဒါက္တာ Park"

ထိုေကာင္ေလးက Chanyeol ကိုသိပုံရၿပီး ကျပာကယာဦးညႊတ္ျပလာသည္။

"ေဒါက္တာ Park၊ ကၽြန္ေတာ္က ႏွလုံးအထူးကုဌာနမွာ intern ဆင္းေနတဲ့ ရွီဝမ္ ပါဗ်"

"အင္း ေတြ႕ရတာဝမ္းသာပါတယ္"

"ကၽြန္ေတာ္လည္းေတြ႕ရတာဝမ္းသာပါတယ္"

"ေကာင္းပါၿပီ၊ တာဝန္ေက်လိုက္ပါဦး"

ထိုေကာင္ေလးကို ႏွုတ္ဆက္ၿပီးတာနဲ႔ Chanyeol သြက္သြက္ေလးထြက္လာခဲ့လိုက္ေတာ့သည္။အိမ္အျမန္ျပန္ေရာက္ဖို႔ကို မိနစ္ပိုင္းေလာက္ေတာင္ေနာက္က်မခံနိုင္ဘူးေလ။

:

ေဒါက္တာ Park Chanyeol ကပါရဂူတစ္ေယာက္ျဖစ္ၿပီး ဒုေဆး႐ုံအုပ္လည္းျဖစ္ေၾကာင္း ရွီဝမ္ သိထားသည္။အခုလို လူခ်င္းေတြ႕လိုက္ရေတာ့လည္း ၾကားထားရတဲ့ဂုဏ္ပုဒ္ေတြႏွင့္ ေဒါက္တာ Park ဟာထိုက္တန္ေၾကာင္း ရွီဝမ္ ေသခ်ာေလးသိလိုက္ရပါသည္။

"အင္း၊ ငါလည္း ေတာ္တဲ့ဆရာဝန္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားရမယ္"

ထိုသို႔ဆုံးျဖတ္ခ်က္ႀကီးႀကီးခ်လိုက္ၿပီး ရွီဝမ္ ကိုယ့္ေနရာကိုယ္ျပန္သြားရန္ျပင္လိုက္သည္။တခ်ိဳ႕လူေတြအလုပ္ဆင္းကုန္ၿပီျဖစ္ေပမယ့္လည္း အဲ့ထဲမွာေတာ့ ရွီဝမ္ မပါေသးပါ။ဒီေန႔ေတာ့ မိုးခ်ဳပ္ေတာ့မွာေသခ်ာသေလာက္ျဖစ္သည္။

ထိုအခ်ိန္

"ရွီဝမ္!"

"အာ့!"

လက္ေကာက္ဝတ္ကိုတစ္စုံတစ္ေယာက္က ခပ္တင္းတင္းဆုပ္ကိုင္လာၿပီး ရွီဝမ့္ ရဲ့ကိုယ္ကိုဆြဲလွည့္လိုက္သည္။အသံၾကားရ႐ုံနဲ႔ ထိုတစ္ေယာက္ဟာ ဘယ္သူလဲဆိုတာကို ရွီဝမ္ ေကာင္းေကာင္းႀကီးသိပါသည္။

"ငါ့ကိုလႊတ္ ဝူဂ်င္း"

လူျပတ္တဲ့ေလၽွာက္လမ္းျဖစ္ေပမယ့္လည္း ေဆး႐ုံဆိုေသာအသိေၾကာင့္ ရွီဝမ္ ေလသံကိုေလ်ာ့ၿပီးေျပာလိုက္သည္။

"မင္းဘာအခ်ိဳးခ်ိဳးေနတာလဲ! ငါ့ကိုဘာလို႔အဆက္အသြယ္ျဖတ္ထားတာလဲ!"

"မင္းရဲ့အသံကိုေလၽွာ့စမ္းပါ"

ေျပာလည္းေျပာ ဆုပ္ကိုင္ခံထားရတဲ့လက္ကိုလည္း ရွီဝမ္ ႐ုန္းလိုက္ပါသည္။ဝူဂ်င္း ရဲ့မ်က္ႏွာထားကေတာ့ ေဒါသေတြေၾကာင့္ပ်က္ယြင္းစြာ။

"မင္းကဘာမွန္တာရွိလို႔ ငါ့ကိုလာေအာ္ေနရတာလဲ၊ ငါ့ကြယ္ရာမွာေဖာက္ျပန္ေနတဲ့မင္းလိုေကာင္ကို ငါကငုံမထား႐ုံတမယ္ဆက္ဆံေနရဦးမွာလား"

"ေဖာက္ျပန္တာမဟုတ္ဘူးလို႔ေျပာတယ္မလား! ငါ..ငါ"

"အဟက္! ဘာလဲ စိတ္ကစားမိတာလို႔ေျပာဦးမလို႔လား၊ ငါလည္းမင္းနဲ႔ရြယ္တူပါပဲ၊ ဒါေပမယ့္ အခ်စ္ေရးကို မင္းလိုေတာ့ေပါေပါပဲပဲလုပ္မေနဘူး"

"..............."

"မင္းနဲ႔ငါ...."

ရွီဝမ္ အသက္ျပင္းျပင္းတစ္ခ်က္ရွူလိုက္ၿပီးေတာ့မွ

"ျပတ္ၿပီ"

"ဘာ!"

ရွီဝမ္ လွည့္ထြက္သြားဖို႔ျပင္လိုက္ေပမယ့္ ဝူဂ်င္း ကအသြားမခံဘဲဆြဲထားသည္။ရွီဝမ္ လွည့္မၾကည့္ျဖစ္သလို ႐ုန္းလည္းမ႐ုန္းဘဲ ေက်ာက္႐ုပ္အတိုင္းသာေနေနမိသည္။မုန္းတယ္၊ တစ္ဖက္လူရဲ့မ်က္လုံးေတြကိုျမင္လိုက္တာနဲ႔ ျပန္ေပ်ာ့ညံ့သြားမယ့္သူ႔စိတ္ကိုယ္သူမုန္းသည္။ဒီတစ္ေခါက္ေတာ့ ဝူဂ်င္း ေနာင္က်ဥ္သြားေအာင္လုပ္ခ်င္ပါသည္။

"မျပတ္ဘူး! ဘာအဓိပၸာယ္မရွိတာေတြေျပာေနတာလဲ! ငါလုံးဝျပတ္မေပးနိုင္ဘူး!"

"ငါကေတာ့ျပတ္တယ္! ဖယ္စမ္းပါ"

အားကုန္သုန္းကာ႐ုန္းၿပီးတာနဲ႔ ရွီဝမ္ ထိုေနရာကေနအျမန္ဆုံးေျပးထြက္လာခဲ့လိုက္သည္။ဝူဂ်င္း ရဲ့ေဆာက္တည္ရာမရတဲ့စကားသံေတြကိုမၾကားလိုေတာ့ပါ။

ရွီဝမ္ မရွိရင္မျဖစ္မွန္းသိလၽွက္နဲ႔ ဝူဂ်င္း ကဆိုးလြန္းပါသည္။

.................................................................................

အခုေနာက္ပိုင္း Chanyeol ကေဆး႐ုံကေန အိမ္ကိုအခ်ိန္သတ္မွတ္ၿပီးျပန္တာျဖစ္သည္။မနက္ပိုင္း ကိုးနာရီဆိုေဆး႐ုံသြားၿပီး ညေနေလးနာရီဆိုတာနဲ႔အိမ္ျပန္ပါသည္။ေဆး႐ုံအုပ္ျဖစ္တဲ့ အေဖကိုယ္တိုင္ကလည္း Chanyeol ကိုထိုသို႔လုပ္ေစတာျဖစ္သည္။ေဆး႐ုံမွာကိစၥတစ္ခုခုရွိလာခဲ့ရင္ ဆရာဝန္ေတြအမ်ားႀကီးရွိတယ္ဆိုေပမယ့္ အိမ္က ကေလးအေဖေလးအတြက္ေတာ့ Chanyeol ရွိေနမွပိုအဆင္ေျပနိုင္မွာေလ။

"Chanyeollie"

Chanyeol အိမ္ထဲဝင္သြားတာနဲ႔ ေဒၚေလးမီကဆီးႀကိဳႏွုတ္ဆက္သည္။

"ေကာင္ေလး အေပၚထပ္မွာလား"

"ေအးကြဲ႕၊ ေျပာျပရဦးမယ္၊ Hyuneeေလးကေလ ေနာက္ဆုံးစာသင္ခ်ိန္ကိုမတက္ျဖစ္လိုက္ဘူးသိလား၊ ဆရာလာတဲ့အခ်ိန္ Hyuneeေလး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာမို႔ ေဒၚေလးလည္းမႏွိုးျဖစ္ေတာ့ဘဲ ဆရာ့ကိုပဲအက်ိဳးအေၾကာင္းေျပာျပၿပီးျပန္လႊတ္လိုက္ရတယ္"

"အင္း ေဒၚေလးမီ လုပ္တာေကာင္းတယ္"

"အခုရက္ပိုင္း Hyuneeေလးက ေန႔လယ္ဘက္ေတြဆို အိပ္ငိုက္တတ္ေနတာကြဲ႕၊ စာသင္ခ်ိန္ေတြအကုန္ၿပီးၿပီဆို အေပၚထပ္ကိုတက္သြားၿပီးအိပ္တာ၊ Chanyeollie ျပန္လာခါနီးမွသာနိုးတယ္၊ ဒီေန႔ကေတာ့ ေနာက္ဆုံးခ်ိန္ေတာင္မတက္နိုင္ေတာ့ဘူးပဲ၊ ေဒၚေလးထင္တာေတာ့ ကိုယ္ဝန္ဆိပ္ေၾကာင့္ပဲေနမယ္"

Chanyeol ေခါင္းတဆတ္ဆတ္ညိမ့္လိုက္ၿပီးေတာ့မွ

"ဟုတ္ကဲ့ ေဒၚေလးမီ၊ ဒါဆို ကၽြန္ေတာ္အေပၚတက္ေတာ့မယ္ေနာ္"

"ေအးေအး ေဒၚေလးလည္းလုပ္စရာေတြရွိေသးတယ္"

အေပၚထပ္ကိုတက္သြားၿပီး Chanyeol တို႔ႏွစ္ေယာက္ရဲ့ကမၻာငယ္ေလးထဲ တံခါးဖြင့္ဝင္လိုက္ေတာ့ ကေလးအေဖေလးက အိပ္ရာနိုးေနၿပီျဖစ္သည္။

"ဦး...ျပန္လာၿပီ"

Chanyeol ကိုေတြ႕တာနဲ႔ မို႔တက္သြားတဲ့ပါးေဖာင္းေဖာင္းေလးေတြ။ပါးေလးေတြတစ္ေန႔တျခားျပည့္ေဖာင္းလာတာကိုၾကည့္ၿပီး Chanyeol စိတ္ခ်မ္းသာရပါသည္။

"နိုးေနတာၾကာၿပီလား ေကာင္ေလး"

"ခုနကမွပါ၊ ဦး ျပန္လာခ်ိန္မို႔ သူ႔ဘာသာသူနိုးသြားတာဗ်"

အတတ္ကေလးေၾကာင့္ Chanyeol ၾကည္ၾကည္ႏူးႏူးျပဳံးရင္း ေကာင္ေလးရဲ့ေဘးနားမွာသြားထိုင္လိုက္သည္။

"ေခါင္းထဲညီးစီစီျဖစ္တာမ်ိဳးရွိလား"

"ဟင့္အင္း ေနလို႔ေကာင္းပါတယ္၊ ကၽြန္ေတာ္ ဒီေန႔ ေနာက္ဆုံးစာသင္ခ်ိန္ပ်က္သြားတယ္ ဦး"

"အိပ္ခ်င္ရင္အိပ္ရမွာေပါ့၊ အိပ္ငိုက္ရင္းစာသင္ရင္ ဘယ္လိုလုပ္ျဖစ္မွာလဲ၊ ဟုတ္တယ္မလား"

"အြန္း ဟုတ္တယ္ေနာ္"

ေကာင္ေလးရဲ့ေပါင္ေပၚတင္ထားတဲ့ေစာင္အား Chanyeol ေဘးနားခ်လိုက္ၿပီး ခႏၶာကိုယ္ေလးကို ခ်ိဳင္းကေနမကာ ေပါင္ေပၚေဘးတေစာင္းထိုင္ေစလိုက္သည္။နီးနီးကပ္ကပ္မရွိရတာ ရွစ္နာရီနီးပါးေတာင္ရွိေနၿပီမလား။

"ရႊတ္!"

"ဦး..."

ေဘးတေစာင္းျမင္ေနရတဲ့ ပါးေဖာင္းေဖာင္းေလးတစ္ဖက္ကို ငုံ႔နမ္းလိုက္ေတာ့ အသံသဲ့သဲ့ေလးထြက္လာသည္။ေခါင္းလုံးလုံးေလးကို ရင္ဘက္မွာမွီေစရင္း ခႏၶာကိုယ္ေလးအား ရင္ခြင္ထဲအျပည့္အဝထည့္ၿပီး Chanyeol ဖက္ထားလိုက္ပါသည္။

"ေန႔လယ္စာစားေကာင္းရဲ့လား ေကာင္ေလး"

"ဟုတ္၊ ေဒၚေလးမီက ကၽြန္ေတာ္စားခ်င္တဲ့ ထမင္းသုပ္လုပ္ေကၽြးတယ္ဗ်၊ အရမ္းမစပ္ဘူးေနာ္ ဦး"

"ကေလးေလးကထမင္းသုပ္စားခ်င္တာေပါ့ေလ"

မပူတပူဗိုက္ေလးကို Chanyeol ပြတ္သပ္ေပးရင္းေမးလိုက္ေတာ့ ရင္ခြင္ထဲကေကာင္ေလးက ရယ္သံေလးေတြျဖင့္ေခါင္းညိမ့္ျပသည္။

ကေလးအေဖေလးက အရမ္းလိမၼာပါသည္။အဖြားျဖစ္သူမွာသြားတဲ့အတိုင္း ဗိုက္ထဲကကေလးကိုထိခိုက္ေစမယ့္အရာမွန္သမၽွ သတိေပးစရာမလိုေအာင္ေရွာင္ရွားသည္။ငယ္ေသးတဲ့အရြယ္ေလးႏွင့္မလိုက္ေအာင္ အရမ္းကိုလိမၼာသိတတ္လြန္းတဲ့လူသားေလးကို Chanyeol ဘယ္လိုလုပ္ရမလဲ။ငုံထားလိုက္ရမလား။

"အာ့! ဦး..."

အေတြးႏွင့္အတူ နားရြက္ဖ်ားေလးကို ေခါင္းငုံ႔ကာငုံထားလိုက္ေတာ့ ေကာင္ေလးကအသည္းယားသြားဟန္ျဖင့္ ကိုယ္ေလးတြန့္သြားသည္။

"ရႊတ္!"

"ရႊတ္!"

"အာ..ဦး.."

နားရြက္ဖ်ားေလးၿပီးေတာ့ ပါးမို႔မို႔ႏွစ္ဖက္ကိုလည္း အလွည့္က်အနမ္းေႁခြမိျပန္သည္။ေကာင္ေလးကိုခ်စ္ရလြန္းလို႔ Chanyeol ႐ူးေတာ့မွာပဲ။

"ေျပာပါဦး၊ ညစာေရာဘာစားခ်င္လဲ"

"ဟင္ ညစာလား"

"အင္း"

"အင္းး...ညစာက..."

ေကာင္ေလးကအသည္းအသန္စဥ္းစားေနတဲ့အခ်ိန္ Chanyeol ကေတာ့ေကာင္ေလးရဲ့နားသယ္စပ္ေလးအား နားေခါင္းခၽြန္ခၽြန္ျဖင့္လိုက္လံတို႔ထိေနမိသည္။

"ဦးေရာ ဘာစားခ်င္လဲဟင္ အင့္!"

"ႁပြတ္စ္!"

"အာ...ဦးကလည္းဗ်ာ..."

တေထာ္ေထာ္ျဖင့္စကားေျပာလာတဲ့ႏွုတ္ခမ္းေလးကို Chanyeol အနမ္းေႁခြပစ္လိုက္ေတာ့ ေကာင္ေလးဟာ Chanyeol ကိုတင္းတင္းၾကပ္ၾကပ္ဖက္ၿပီး ရင္ခြင္ထဲတိုးဝင္လာပါေတာ့သည္။ကေလးအေဖေလးရွက္သြားၿပီ။

"ကိုယ္ကေတာ့ ဝက္သားခ်ိဳခ်ဥ္ေလးစားရင္ေကာင္းမလားလို႔"

"ေကာင္းသားပဲ! ကၽြန္ေတာ္လည္းႀကိဳက္တယ္"

"ဟုတ္တယ္ေနာ္၊ ခ်ိဳခ်ဥ္ဆိုေတာ့ အရမ္းလည္းမအီ..."

"ႁပြတ္စ္!"

Chanyeol ရဲ့စကားေတြတစ္ဝက္တစ္ပ်က္ျဖစ္သြားရသည္။အေၾကာင္းအရင္းကေတာ့ လည္ဇလုပ္အားေမာ့နမ္းလိုက္တဲ့ေကာင္ေလးေၾကာင့္။

"ဟို..ဟို...ဦးက်ေတာ့ နမ္းၿပီးေတာ့..."

"ဟားး ႐ူးေတာ့မွာပဲကြာ"

"အင့္! ဦး..."

ညစာကိစၥကထားလိုက္ေတာ့။အခု အရင္ဆုံး မ်က္စိေရွ႕မွာရွိေနတဲ့ အခ်ိဳပြဲေလးကိုပဲ တတိတိစားလိုက္ပါဦးမည္။

ထိုသို႔ျဖင့္ Chanyeol ရဲ့မထိန္းနိုင္မသိမ္းနိုင္အနမ္းမိုးေတြဟာ Baekhyun ရဲ့ခႏၶာကိုယ္ေနရာအႏွံ့မွာျဖန့္က်က္လို႔။တျခားေနရာေတြထက္စာရင္ ဗိုက္ကေလးမွာေတာ့ အနမ္းရာေတြအထပ္ထပ္ပင္။

ညေနကတည္းကရြာခ်လိုက္တဲ့အနမ္းမိုးေတြဟာ ေမွာင္စပ်ိဳးခ်ိန္ေရာက္မွသာ Baekhyun ေရခ်ိဳးေနာက္က်မယ္ဆိုေသာအသိေၾကာင့္ Chanyeol ရပ္လိုက္ျခင္းျဖစ္ပါသည္။

.................................................................................

(ဆက္ရန္)
(၁၁.၁၂.၂၀၂၃)

💊တိုက္ဖို႔ အရွိန္ယူေနပါၿပီ👀

Continue Reading

You'll Also Like

111K 4.4K 32
"မောင်ဘာဆုတောင်းလည်း" "ဘဝဆက်တိုင်းကိုကိုနဲ့ပေါင်းဖက်ရပါစေလို့လေ" "ဘဝဆက်တိုင်းတွေ့ဆုံရပါစေမဟုတ်ဘူးလားမောင်?" "မောင်ကအတ္တကြီးတယ်လေ တွေ့ဆုံရုံနဲ့မကျေနပ်...
2K 76 5
ဒီပန်းချီကားကို ၁၉၂၆က ရေးသားခဲ့တာတဲ့။ ဒီပုံထဲမှာ ပါတဲ့ ကောင်မလေးက ဆံနွယ်နီနီနဲ့ အဖြူရောင်အဝတ်အစားနဲ့ သိပ်ကိုလှတဲ့ ကောင်မလေးမျိုးပဲ။ ပန်းချီပြခန်းမှာ...
29.9K 4.7K 34
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
45.4K 3.5K 18
ၾကင္​ယာ​ေတာ္​ဆိုတဲ့အသိမွာ ကိုယ္​့ရဲ႕ဒ႑ာရီေတြမွား​ေစခဲ့တာ~~🍁🍁 uni&zawgyi