Chapter (12) Arc 4
ထွက်ခွာခြင်း
ဆေးဖက်ဝင်ပစ္စည်းများ အများအပြားကို အဂ္ဂိရတ်မီးဖိုထဲသို့ ပစ်ချလိုက်ပြီး မကြာမီတွင် ခြံဝင်းအတွင်း ထူးဆန်းသော ဆေးအနံ့တစ်ခု ပျံ့နှံ့သွားသော်လည်း ခြံဝင်းသည် အကာအကွယ် ပုံစံရှိလို့ ထိုအနံ့များသည် အပြင်ဘက်သို့ ပျံ့နှံ့သွားခြင်း မရှိခဲ့ပေ။
စိတ်စွမ်းအား အတိုင်းအတာ ၁၆ ရှိတဲ့ လုရွှမ်ဟာ အဂ္ဂိရတ်မီးဖိုထဲက ဆေးဖက်ဝင် ပစ္စည်းတွေကို လွယ်ကူစွာ ထိန်းချုပ်နိုင်လေသည်။ ရှင်သန်ခြင်းဆေး ကဲ့သို့သော အဂ္ဂိရတ်ဆေးမှာ အဆင့်၆လေးသာ ဖြစ်သည်။
ယခုမှာ အဂ္ဂိရတ်ပညာရှင် အဖွဲ့က လက်ဝါးကြီး အုပ်ထားတာကြောင့် မြို့ထောင်ချီမဟာမိတ်မှာ အလွန်တန်ဖိုး ရှိနေတာ ဖြစ်၏။
ဆေးဖက်ဝင်ပစ္စည်းများ ပထမအသုတ်ကို ဆေးရည်အဖြစ် သန့်စင်ပြီးနောက် ဒုတိယအသုတ်ကို လုရွှမ် ထပ်မံ ပစ်ထည့်လိုက်သည်။ မကြာမီတွင် ဆေးဖက်ဝင် ပစ္စည်းများ၏ မွှေးရနံ့သည် ပိုမို ပြင်းထန်လာသည်။
စုစုပေါင်း ဆေးပစ္စည်း လေးသုတ် ပစ်ထည့်ပြီးနောက် အဂ္ဂိရတ်မီးဖို တစ်ခုလုံး အနည်းငယ် တုန်ခါသွားကာ အဖြူရောင်ဆေးများ ပေါက်ကွဲထွက်လာသည်။
လုရွှမ် သူ့လက်များကို ဆန့်တန်းကာ အဂ္ဂိရတ်မီးဖိုကို ပွတ်သပ်လိုက်သည်။ သန့်စင်သော ဝိညာဉ်စွမ်းအားများ စမ်းရေကဲ့သို့ အဂ္ဂိရတ်မီးဖိုထဲသို့ ဖြတ်သွား စီးဆင်းသွားကာ သန့်စင်ထားသော ဆေးလုံးတွေထဲ အဆက်မပြတ် ဝင်ရောက်ရောယှက်သွားသည်။
၁၈ ကြိမ် ဆက်တိုက် ပြုလုပ်ပြီးနောက် အဂ္ဂိရတ်မီးဖိုသည် မရွေ့လျားတော့သလို လုရွှမ်သည်လည်း မလှုပ်ရှားဘဲ ဘေးတွင်ရပ်နေ၏။
"ကောင်းပြီ ဆေးတွေ သိမ်းလိုက်တော့"
လုရွှမ် တစ်ဖက်က တျယ်လုံကို လှည့်ပြောလိုက်သည်။
"ဒါဆို အဆင်ပြေသွားပြီလား?"
တျယ်လုံ မျက်လုံးများက ဝိုင်းစက်နေ၏။
ဒါက တကယ်ကြီးလား? ဘယ်လောက်များ ကြာသွားလို့လဲ?
အဂ္ဂိရတ် သန့်စင်နည်းကို မသိသော်လည်း အခြားသူများ သန့်စင်တာကိုတော့ မြင်ဖူးပါသည်။ ဆေးလုံး တစ်သုတ်အတွက် အချိန်မယူဘဲ ပြီးမြောက်ရန် မဖြစ်နိုင်ပေ။ လုရွှမ် ဆေးပင်ကို ပေါ့ပေါ့ဆဆ ပစ်ထာ့်လိုက်ပြီး ဆေးမီးဖိုကို ပုတ်လိုက်တာနဲ့ ပါဝင်ပစ္စည်း အားလုံး အဆင်သင့် ဖြစ်သွားပြီတဲ့လား။
တျယ်လုံတစ်ယောက် မယုံနိုင်သေးချေ။
"သွားပါ!"
လုရွှမ်လည်း ရှင်းပြမနေချေ။
သူစိတ်ပိုင်း ဖြတ်ထားတာကို မြင်တော့ တျယ်လုံ အဂ္ဂိရတ်မီးဖိုပေါ်သို့ ခုန်တက်ကာ အဖုံးကို ဖွင့်၍ အတွင်းဘက်သို့ ငုံ့ကြည့်လိုက်ရာ လန့်ဖျတ့သွားတော့သည်။ အဂ္ဂိရတ်မီးဖို အတွင်း၌ ထူထပ်စွာ ထုပ်ပိုးထားသလို ပြည့်လျှံနေသော ဆေးလုံးများကို တွေ့လိုက်ရသည်။
ငါးမျှားပိုက်ကွန် တစ်ခုလုပ်၍ စိတ်လှုပ်ရှားစွာ ငါးတွေ ဖမ်းမိလိုက်သလိုပင်။ ဆေးလုံးတစ်သုတ်မှာ ဆေးလုံး ၂၀၀၀ ကျော်ကို သန့်စင်နိုင်ခဲ့သည်။
ဒီမြင်ကွင်းကို မြင်သူတိုင်း အံ့အားသင့်သွားကြ၏။ ဆေးလုံးကို ပဲစေ့ လှော်သလို လှော်သွားတာလား။ အပြန်ပြန် အလှန်လှန် တွက်ကြည့်ရရင် ဆယ်မိနစ်ကျော်ပဲ ကြာတယ်လေ။
ရှင်သန်ခြင်းဆေး၏ လက်ရှိ ပေါက်ဈေးအရ ဤမီးဖို၏ တန်ဖိုးမှာလည်း ဝိညာဉ်ကျောက်တုံး နှစ်သန်းကျော်ရှိမည် ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင် အားလုံး ချမ်းသာကြသည်မှာ အံ့သြစရာ မရှိတော့ပေ။
"ဆက်လုပ်လို့ ရပြီ!"
တျယ်လုံသည် ဆေးမီးဖိုထဲရှိ ဆေးလုံး အားလုံးကို ထုတ်ပြီးနောက် လုရွှမ်သည် မီးဖိုကို မီးပြန်ညှိကာ အဂ္ဂိရတ်သန့်စင်ခြင်းကို အသစ်တစ်ဖန် စတင်ခဲ့သည်။
နောက်ထပ် ဆေးလုံးတွေကို ဒုတိယအကြိမ် ထပ်မံ ထုတ်လိုက်ပြန်သည်။
တတိယအကြိမ်ပြီးနောက် စုစုပေါင်း အလုံး ၁၀၀၀၀ ထုတ်နိုင်ခဲ့ပြီး အချိန် နာရီဝက်ထက်မနည်းသာ ကြာလေသည်။
"ငါအရင် သွားရောင်းလိုက်မယ်!"
ရှင်သန်ခြင်းဆေး ၁၀၀၀၀ကို အိတ်ကြီးတစ်လုံးထဲ အပြည့်ထည့်လိုက်ပြီး တျယ်လုံ စိတ်လှုပ်ရှားစွာနဲ့ ချက်ချင်း ပြေးထွက်သွားဖို့ ပြင်လေသည်။
"တစ်ယောက်ယောက်က မေးရင် မှတ်မိတယ်မလား? ရှီးမန်ကျွင့်ကိုသတ်တဲ့ အပြင်လူက ပေးတာလို့ ပြောလိုက်!"
လုရွှမ်က ဆက်လက် တိုက်တွန်းသည်။
"စိတ်မပူပါနဲ့"
တျယ်လုံ ကျယ်လောင်စွာ ရယ်မောပြီး ပြေးထွက်သွား၏။ ဒီဆေးလုံး တစ်ထုပ်ကို ရောင်းပြီးတဲ့ နောက်မှာတော့ ဝိညာဥ်ကျောက်တုံး နှစ်သန်းကနေ သုံးသန်းအထိ ရရှိလာခဲ့သည်။
တစ်နေ့လျှင် ဝိညာဉ်ကျောက်တုံး နှစ်သန်းကျော် ရရှိခြင်းဖြင့် ဤစွမ်းရည်ဖြင့် သံကြေးစားအဖွဲ့တွင် သူ့ရာထူးသည် အနာဂတ်တွင် ပိုမိုတည်ငြိမ်လာမည် ဖြစ်သည်။
လုရွှမ်ဟာ သုံးရက်ဆက်တိုက် ဆေးလုံးများကို သန့်စင်ရင်း ဆင်သံချပ်ရွှေကိုယ်ထည်၊ ယွမ်ယန်ကျင့်စဥ်နှင့် အခြားသော လေ့ကျင့်ခန်းများကို ဆက်လက် တောက်လျှောက် ပြုလုပ်နေခဲ့သည်။ အဆိုပါ လေ့ကျင့်ခန်းများသည် ယခင် စတင်လေ့ကျင့်နေသလို မလွယ်ကူတော့ဘဲ နောက်တစ်ဆင့်ကို တက်ဖို့ ပိုခက်လာပြီ။
ဒီအဆင့်မှာ အဆင့်တစ်ခုကို အဆင့်မြှင့်လိုက်တိုင်း အခွင့်အလမ်းကြီး တစ်ခု ရှိလာလိမ့်မည်။ ဒါကြောင့် အမှားအယွင်းတွေ မရှိအောင် ဖြည်းဖြည်းချင်း နေ့တိုင်း နေ့တိုင်း ကြိုးစားလုပ်ဆောင်ရလိမ့်မည်။
သုံးရက်တာ လျင်မြန်စွာ ကုန်လွန်သွားပြီး စတုတ္ထနေ့ နံနက်စောစောတွင် တျယ်လုံသည် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။
"ညီလေးလုရွှမ် သွားဖို့ ပြင်ရအောင်!"
တျယ်လုံ စိတ်လှုပ်ရှားစွာ ပြောရင်း သူက ဝိညာဥ်ကျောက်တုံးကတ် တစ်ကတ်ကို ထုတ်ပေးလာသည်။
"ဒီမှာ ဝိညာဥ်ကျောက်တုံး ၁၂ သန်းရှိတယ်... နံပါတ်ကို စစ်ဆေးကြည့်လို့ ရတယ်”
"စစ်ဆေးစရာ မလိုပါဘူး"
လုရွှမ်ကတ်ကို တိတ်တဆိတ် သိမ်းဆည်းလိုက်ပြီး
"ငါတို့ ဂူတစ်သောင်းဂူကို စထွက်လို့ ရပြီလား?"
"ငါလည်း သွားမယ်!"
"ငါ့ကိုထားခဲ့လို့ မရဘူးနော်!"
လုရွှမ် ဂူတစ်သောင်းဂူကို သွားမယ့်အကြောင်း ကြားလိုက်တဲ့အခါ ဟန်ရွှယ်နဲ့ တခြားသူတွေဟာ ချက်ချင်းဆိုသလို ပြေးထွက်လာကြလေသည်။
"မဖြစ်ဘူး... အဲဒီမှာက အရမ်းအန္တရာယ် များတယ်!"
လုရွှမ် ခေါင်းခါလိုက်သည်။
မြို့ထောင်ချီမဟာမိတ်ဟာ ပေရွှီး တော်ဝင်အင်ပါယာနှင့် မတူချေ။ နေရာတိုင်းမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ နဲ့ အထက် ကျင့်ကြံသူတွေ အင်မတန် များပြားလွန်းလှသည်။
တော်ဝင်အင်ပါယာ သုံးထောင်ရှိ တန်ခိုးကြီးသူများ စုစည်းရာနေရာ ဖြစ်သောကြောင့် ချန်စစ်ယန်၊ ဟန်ရွှယ်နှင့် တခြား သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ တွင်ရှိသော အခြားလေးယောက်တို့သည် ကိုယ့်ကိုကိုယ် သေလမ်းရှာသလို ဖြစ်နေလိမ့်မည်။
ဂူတစ်သောင်းဂူထဲတွင် လူတစ်ဦးက ဂရုမစိုက်မိရင် ဤလူအနည်းငယ် သေကျေပျက်စီးနိုင်သည်။
ထို့အပြင် ရှီးမန်ဝေ့က အခုထိ မသေသေးချေ။ ရှီးမန်ဝေ့ဟာ အရိပ်လူသတ်ခန်းမရဲ့ အကြီးအကဲဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်လို့ ဂူတစ်သောင်းဂူက သူ့အတွက် ရေထဲ ငါးလွှတ်လိုက်သလိုပင် ဖြစ်လိမ့်မည်။
"သခင်!"
"သခင်လေး!"
မုယန်းရွှင် နှင့် မော့ကောင်းရွှမ်း တို့မှလည်း ပြောဆိုလာခဲ့ကြသည်။
"ကောင်းပြီ.... မင်းတို့နဲ့ ဖက်တီးက ဒီမှာနေခဲ့... သူတို့ကို ကာကွယ်ထား... ဂူတစ်သောင်းဂူကို ငါတစ်ယောက်တည်း သွားရင် ရပြီ"
လုရွှမ် လုံးဝ ဆုံးဖြတ်ချက် ချလိုက်သည့်နှယ် အမိန့်ပေးလိုက်သည်။
"အစ်ကိုကြီး! ဒါဆို သတိထားဦး!"
ဖက်တီးကတော့ ဂူတစ်သောင်းဂူကို လျစ်လျူရှုထားဟန် တူသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သူသည် ရွှီရှင့်လုံ နံဘေးတွင် ရှိနေကာ နေ့တိုင်းနီးပါး အလွန်ပျော်နေ၏။ သူ့တွင် စားစရာ သောက်စရာများရှိပြီး လှပသောအမျိုးသမီးများကလည်း ပြုစု ကျွေးမွေးခဲ့သည်။
ဖက်တီးသည် ရက်ရောစွာဖြင့် ထိုမိန်းကလေးများ သူ့ကို သက်တောင့်သက်သာ ခစားနေသမျှ ကာလပတ်လုံး မှော်တစ်ထောင်စံအိမ်၌ ဂုဏ်သတင်း ခုန်တက်သွားစေသည့် ရာနှင့်ချီသော ဝိညာဉ်ကျောက်များဖြင့် သူတို့ကို ဆုချလေ့ရှိသည်။
သူတို့အတွက် ဒီဖက်တီးနဲ့သာ နီးစပ်နိုင်ပါက မှော်တစ်ထောင်စံအိမ်တွင် နှစ်အတော်ကြာ အလုပ်လုပ်နိုင်ရန် လုံလောက်လေပြီ။
ဖက်တီးနဲ့ မော့ကောင်းရွှမ်းတို့ ဒီနေရာမှာ ရှိနေရင်တော့ တခြားလူတွေရဲ့ လုံခြုံရေးအတွက် ပြဿနာမရှိပေ။
လူတစ်စုသည် လင်းယုန်နီကို စီးပြီး နှစ်နာရီခန့် ပျံသန်းခဲ့ကြရာ ၎င်းတို့ရှေ့ မီတာ ၃၀၀ ကျော် အချင်းရှိသော တွင်းကြီးတစ်ခုအား လှမ်းတွေ့လိုက်ရလေသည်။
တွင်းကြီး၏ မျက်နှာပြင်တွင် အပြာရောင်အလင်းတန်း အလွှာတစ်ခု တုန်ခါသွားကာ ကျင့်ကြံသူများဟာ အပြာရောင် အလင်းရောင်ဖျော့ဖျော့၏ အပြင်ဘက်တွင် သတိရှိစွာ ပုန်းနေကြသည်။
လင်းယုန်နီ သားရဲကို မောင်းနှင်ရင်း လူတစ်စု ဖြည်းညှင်းစွာ ဆင်းသက်လာပြီး အပြာရောင် မီးရောင် အပြင်ဘက်တွင် ရပ်လိုက်သည်။
အပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ ဂူတစ်သောင်းဂူရဲ့ တွင်းဝက အတော်လေး ကျယ်တာကို တွေ့ရသည်။ လူတွေက တွင်းကြီးကို ဝန်းရံထားပြီး ထောင်သောင်းချီတဲ့ လူအရေအတွက်က သိပ်မသိသာပေမယ့် ဆင်းပြီးတာနဲ့ လူအုပ်ထဲမှာ မတ်တပ်ရပ်နေတဲ့ လူတွေ ထပ်ရှိနေသေးတာကို တွေ့ရလိမ့်မည်။
"လူငယ် အဖွဲ့ခေါင်းဆောင်!"
တျယ်လုံ လင်းယုန်နီ သားရဲပေါ်မှ ဆင်းလာသည်ကို မြင်တော့ လူတချို့က ချက်ချင်းပင် သူတို့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ရန် ရောက်လာကြသည်။ ခူးရုန် မြက်ပင်များကို စုဆောင်းရန် ဂူတစ်သောင်းဂူသို့ လာရောက်သူအများစုမှာ မြို့ထောင်ချီမဟာမိတ်မှ ဖြစ်သည်။
မြို့ထောင်ချီမဟာမိတ်၌ သံကြေးစားအဖွဲ့ ဌာနချုပ်ရှိကာ တျယ်လုံသည် လူငယ်အဖွဲ့၏ ခေါင်းဆောင် သခင်လေးနေရာတွင် ရပ်တည်နေ၏။ မြို့ထောင်ချီမဟာမိတ်မှာတော့ တျယ်လုံကို ရန်စဝံ့သူ သိပ်မရှိနိုင်ပေ။
သူတို့အတွက် တကယ့်ကြီးမားတဲ့ ရိုက်ချက်တွေကို တွေ့ဖို့ ခဲယဉ်းပြီး သူတို့ကို သိဖို့တောင် အခွင့်အလမ်း လုံးဝ မရှိတော့တတ်ကြချေ။ ဆန့်ကျင်ဘက်အနေနဲ့ တျယ်လုံနဲ့ ရှီးမန်ကျွင်းတို့လို ဒုတိယမျိုးဆက် သခင်လေးတွေကိုတော့ ပေါင်းသင်းချင်ကြသေးသည်။
"လျိုကြီး... ဝမ်ကြီး မင်းတို့ဘယ်လိုလုပ် ဒီကို ရောက်လာကြတာလဲ "
တျယ်လုံနဲ့ ရင်းနှီးတဲ့ နှစ်ယောက်စလုံးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ မှာ ရှိကြပြီး နှစ်ယောက်စလုံးဟာ မြို့ထောင်ချီမဟာမိတ်မှာ အတော်အသင့် နာမည်ကြီးတဲ့ ကျင့်ကြံသူတွေပဲ ဖြစ်လေသည်။
Chapter (12) Arc 4
ထြက္ခြာျခင္း
ေဆးဖက္ဝင္ပစၥည္းမ်ား အမ်ားအျပားကို အဂၢိရတ္မီးဖိုထဲသို႔ ပစ္ခ်လိဳက္ၿပီး မၾကာမီတြင္ ၿခံဝင္းအတြင္း ထူးဆန္းေသာ ေဆးအနံ႕တစ္ခု ပ်ံ့ႏွံ႕သြားေသာ္လည္း ၿခံဝင္းသည္ အကာအကြယ္ ပုံစံရွိလို႔ ထိုအနံ႕မ်ားသည္ အျပင္ဘက္သို႔ ပ်ံ့ႏွံ႕သြားျခင္း မရွိခဲ့ေပ။
စိတ္စြမ္းအား အတိုင္းအတာ ၁၆ ရွိတဲ့ လု႐ႊမ္ဟာ အဂၢိရတ္မီးဖိုထဲက ေဆးဖက္ဝင္ ပစၥည္းေတြကို လြယ္ကူစြာ ထိန္းခ်ဳပ္နိုင္ေလသည္။ ရွင္သန္ျခင္းေဆး ကဲ့သို႔ေသာ အဂၢိရတ္ေဆးမွာ အဆင့္၆ေလးသာ ျဖစ္သည္။
ယခုမွာ အဂၢိရတ္ပညာရွင္ အဖြဲ႕က လက္ဝါးႀကီး အုပ္ထားတာေၾကာင့္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ အလြန္တန္ဖိုး ရွိေနတာ ျဖစ္၏။
ေဆးဖက္ဝင္ပစၥည္းမ်ား ပထမအသုတ္ကို ေဆးရည္အျဖစ္ သန႔္စင္ၿပီးေနာက္ ဒုတိယအသုတ္ကို လု႐ႊမ္ ထပ္မံ ပစ္ထည့္လိုက္သည္။ မၾကာမီတြင္ ေဆးဖက္ဝင္ ပစၥည္းမ်ား၏ ေမႊးရနံ႕သည္ ပိုမို ျပင္းထန္လာသည္။
စုစုေပါင္း ေဆးပစၥည္း ေလးသုတ္ ပစ္ထည့္ၿပီးေနာက္ အဂၢိရတ္မီးဖို တစ္ခုလုံး အနည္းငယ္ တုန္ခါသြားကာ အျဖဴေရာင္ေဆးမ်ား ေပါက္ကြဲထြက္လာသည္။
လု႐ႊမ္ သူ႕လက္မ်ားကို ဆန႔္တန္းကာ အဂၢိရတ္မီးဖိုကို ပြတ္သပ္လိုက္သည္။ သန႔္စင္ေသာ ဝိညာဥ္စြမ္းအားမ်ား စမ္းေရကဲ့သို႔ အဂၢိရတ္မီးဖိုထဲသို႔ ျဖတ္သြား စီးဆင္းသြားကာ သန့္စင္ထားေသာ ေဆးလုံးေတြထဲ အဆက္မျပတ္ ဝင္ေရာက္ေရာယွက္သြားသည္။
၁၈ ႀကိမ္ ဆက္တိုက္ ျပဳလုပ္ၿပီးေနာက္ အဂၢိရတ္မီးဖိုသည္ မေ႐ြ႕လ်ားေတာ့သလို လု႐ႊမ္သည္လည္း မလႈပ္ရွားဘဲ ေဘးတြင္ရပ္ေန၏။
"ေကာင္းၿပီ ေဆးေတြ သိမ္းလိုက္ေတာ့"
လု႐ႊမ္ တစ္ဖက္က တ်ယ္လုံကို လွည့္ေျပာလိုက္သည္။
"ဒါဆို အဆင္ေျပသြားၿပီလား?"
တ်ယ္လုံ မ်က္လုံးမ်ားက ဝိုင္းစက္ေန၏။
ဒါက တကယ္ႀကီးလား? ဘယ္ေလာက္မ်ား ၾကာသြားလို႔လဲ?
အဂၢိရတ္ သန့္စင္နည္းကို မသိေသာ္လည္း အျခားသူမ်ား သန့္စင္တာကိုေတာ့ ျမင္ဖူးပါသည္။ ေဆးလုံး တစ္သုတ္အတြက္ အခ်ိန္မယူဘဲ ၿပီးေျမာက္ရန္ မျဖစ္နိုင္ေပ။ လု႐ႊမ္ ေဆးပင္ကို ေပါ့ေပါ့ဆဆ ပစ္ထာ့္လိုက္ၿပီး ေဆးမီးဖိုကို ပုတ္လိုက္တာနဲ႕ ပါဝင္ပစၥည္း အားလုံး အဆင္သင့္ ျဖစ္သြားၿပီတဲ့လား။
တ်ယ္လုံတစ္ေယာက္ မယုံနိုင္ေသးေခ်။
"သြားပါ!"
လု႐ႊမ္လည္း ရွင္းျပမေနေခ်။
သူစိတ္ပိုင္း ျဖတ္ထားတာကို ျမင္ေတာ့ တ်ယ္လုံ အဂၢိရတ္မီးဖိုေပၚသို႔ ခုန္တက္ကာ အဖုံးကို ဖြင့္၍ အတြင္းဘက္သို႔ ငုံ႕ၾကည့္လိုက္ရာ လန႔္ဖ်တ့သြားေတာ့သည္။ အဂၢိရတ္မီးဖို အတြင္း၌ ထူထပ္စြာ ထုပ္ပိုးထားသလို ျပည့္လွ်ံေနေသာ ေဆးလုံးမ်ားကို ေတြ႕လိုက္ရသည္။
ငါးမွ်ားပိုက္ကြန္ တစ္ခုလုပ္၍ စိတ္လႈပ္ရွားစြာ ငါးေတြ ဖမ္းမိလိုက္သလိုပင္။ ေဆးလုံးတစ္သုတ္မွာ ေဆးလုံး ၂၀၀၀ ေက်ာ္ကို သန႔္စင္နိုင္ခဲ့သည္။
ဒီျမင္ကြင္းကို ျမင္သူတိုင္း အံ့အားသင့္သြားၾက၏။ ေဆးလုံးကို ပဲေစ့ ေလွာ္သလို ေလွာ္သြားတာလား။ အျပန္ျပန္ အလွန္လွန္ တြက္ၾကည့္ရရင္ ဆယ္မိနစ္ေက်ာ္ပဲ ၾကာတယ္ေလ။
ရွင္သန္ျခင္းေဆး၏ လက္ရွိ ေပါက္ေဈးအရ ဤမီးဖို၏ တန္ဖိုးမွာလည္း ဝိညာဥ္ေက်ာက္တုံး ႏွစ္သန္းေက်ာ္ရွိမည္ ျဖစ္သည္။ အဂၢိရတ္ပညာရွင္ အားလုံး ခ်မ္းသာၾကသည္မွာ အံ့ၾသစရာ မရွိေတာ့ေပ။
"ဆက္လုပ္လို႔ ရၿပီ!"
တ်ယ္လုံသည္ ေဆးမီးဖိုထဲရွိ ေဆးလုံး အားလုံးကို ထုတ္ၿပီးေနာက္ လု႐ႊမ္သည္ မီးဖိုကို မီးျပန္ညွိကာ အဂၢိရတ္သန့္စင္ျခင္းကို အသစ္တစ္ဖန္ စတင္ခဲ့သည္။
ေနာက္ထပ္ ေဆးလုံးေတြကို ဒုတိယအႀကိမ္ ထပ္မံ ထုတ္လိုက္ျပန္သည္။
တတိယအႀကိမ္ၿပီးေနာက္ စုစုေပါင္း အလုံး ၁၀၀၀၀ ထုတ္နိုင္ခဲ့ၿပီး အခ်ိန္ နာရီဝက္ထက္မနည္းသာ ၾကာေလသည္။
"ငါအရင္ သြားေရာင္းလိုက္မယ္!"
ရွင္သန္ျခင္းေဆး ၁၀၀၀၀ကို အိတ္ႀကီးတစ္လုံးထဲ အျပည့္ထည့္လိုက္ၿပီး တ်ယ္လုံ စိတ္လႈပ္ရွားစြာနဲ႕ ခ်က္ခ်င္း ေျပးထြက္သြားဖို႔ ျပင္ေလသည္။
"တစ္ေယာက္ေယာက္က ေမးရင္ မွတ္မိတယ္မလား? ရွီးမန္ကြၽင့္ကိုသတ္တဲ့ အျပင္လူက ေပးတာလို႔ ေျပာလိုက္!"
လု႐ႊမ္က ဆက္လက္ တိုက္တြန္းသည္။
"စိတ္မပူပါနဲ႕"
တ်ယ္လုံ က်ယ္ေလာင္စြာ ရယ္ေမာၿပီး ေျပးထြက္သြား၏။ ဒီေဆးလုံး တစ္ထုပ္ကို ေရာင္းၿပီးတဲ့ ေနာက္မွာေတာ့ ဝိညာဥ္ေက်ာက္တုံး ႏွစ္သန္းကေန သုံးသန္းအထိ ရရွိလာခဲ့သည္။
တစ္ေန႕လွ်င္ ဝိညာဥ္ေက်ာက္တုံး ႏွစ္သန္းေက်ာ္ ရရွိျခင္းျဖင့္ ဤစြမ္းရည္ျဖင့္ သံေၾကးစားအဖြဲ႕တြင္ သူ႕ရာထူးသည္ အနာဂတ္တြင္ ပိုမိုတည္ၿငိမ္လာမည္ ျဖစ္သည္။
လု႐ႊမ္ဟာ သုံးရက္ဆက္တိုက္ ေဆးလုံးမ်ားကို သန့္စင္ရင္း ဆင္သံခ်ပ္ေ႐ႊကိုယ္ထည္၊ ယြမ္ယန္က်င့္စဥ္ႏွင့္ အျခားေသာ ေလ့က်င့္ခန္းမ်ားကို ဆက္လက္ ေတာက္ေလွ်ာက္ ျပဳလုပ္ေနခဲ့သည္။ အဆိုပါ ေလ့က်င့္ခန္းမ်ားသည္ ယခင္ စတင္ေလ့က်င့္ေနသလို မလြယ္ကူေတာ့ဘဲ ေနာက္တစ္ဆင့္ကို တက္ဖို႔ ပိုခက္လာၿပီ။
ဒီအဆင့္မွာ အဆင့္တစ္ခုကို အဆင့္ျမႇင့္လိုက္တိုင္း အခြင့္အလမ္းႀကီး တစ္ခု ရွိလာလိမ့္မည္။ ဒါေၾကာင့္ အမွားအယြင္းေတြ မရွိေအာင္ ျဖည္းျဖည္းခ်င္း ေန႕တိုင္း ေန႕တိုင္း ႀကိဳးစားလုပ္ေဆာင္ရလိမ့္မည္။
သုံးရက္တာ လ်င္ျမန္စြာ ကုန္လြန္သြားၿပီး စတုတၳေန႕ နံနက္ေစာေစာတြင္ တ်ယ္လုံသည္ လူခုနစ္ဦး သို႔မဟုတ္ ရွစ္ဦးကို ေခၚေဆာင္လာခဲ့သည္။
"ညီေလးလု႐ႊမ္ သြားဖို႔ ျပင္ရေအာင္!"
တ်ယ္လုံ စိတ္လႈပ္ရွားစြာ ေျပာရင္း သူက ဝိညာဥ္ေက်ာက္တုံးကတ္ တစ္ကတ္ကို ထုတ္ေပးလာသည္။
"ဒီမွာ ဝိညာဥ္ေက်ာက္တုံး ၁၂ သန္းရွိတယ္... နံပါတ္ကို စစ္ေဆးၾကည့္လို႔ ရတယ္
"စစ္ေဆးစရာ မလိုပါဘူး"
လု႐ႊမ္ကတ္ကို တိတ္တဆိတ္ သိမ္းဆည္းလိုက္ၿပီး
"ငါတို႔ ဂူတစ္ေသာင္းဂူကို စထြက္လို႔ ရၿပီလား?"
"ငါလည္း သြားမယ္!"
"ငါ့ကိုထားခဲ့လို႔ မရဘူးေနာ္!"
လု႐ႊမ္ ဂူတစ္ေသာင္းဂူကို သြားမယ့္အေၾကာင္း ၾကားလိုက္တဲ့အခါ ဟန္႐ႊယ္နဲ႕ တျခားသူေတြဟာ ခ်က္ခ်င္းဆိုသလို ေျပးထြက္လာၾကေလသည္။
"မျဖစ္ဘူး... အဲဒီမွာက အရမ္းအႏၱရာယ္ မ်ားတယ္!"
လု႐ႊမ္ ေခါင္းခါလိုက္သည္။
ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ဟာ ေပ႐ႊီး ေတာ္ဝင္အင္ပါယာႏွင့္ မတူေခ်။ ေနရာတိုင္းမွာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၅ နဲ႕ အထက္ က်င့္ႀကံသူေတြ အင္မတန္ မ်ားျပားလြန္းလွသည္။
ေတာ္ဝင္အင္ပါယာ သုံးေထာင္ရွိ တန္ခိုးႀကီးသူမ်ား စုစည္းရာေနရာ ျဖစ္ေသာေၾကာင့္ ခ်န္စစ္ယန္၊ ဟန္႐ႊယ္ႏွင့္ တျခား ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၂ တြင္ရွိေသာ အျခားေလးေယာက္တို႔သည္ ကိုယ့္ကိုကိုယ္ ေသလမ္းရွာသလို ျဖစ္ေနလိမ့္မည္။
ဂူတစ္ေသာင္းဂူထဲတြင္ လူတစ္ဦးက ဂ႐ုမစိုက္မိရင္ ဤလူအနည္းငယ္ ေသေက်ပ်က္စီးနိုင္သည္။
ထို႔အျပင္ ရွီးမန္ေဝ့က အခုထိ မေသေသးေခ်။ ရွီးမန္ေဝ့ဟာ အရိပ္လူသတ္ခန္းမရဲ႕ အႀကီးအကဲျဖစ္ၿပီး လုပ္ႀကံသတ္ျဖတ္ျခင္း လုပ္ငန္းမ်ားကို ကြၽမ္းက်င္လို႔ ဂူတစ္ေသာင္းဂူက သူ႕အတြက္ ေရထဲ ငါးလႊတ္လိုက္သလိုပင္ ျဖစ္လိမ့္မည္။
"သခင္!"
"သခင္ေလး!"
မုယန္း႐ႊင္ ႏွင့္ ေမာ့ေကာင္း႐ႊမ္း တို႔မွလည္း ေျပာဆိုလာခဲ့ၾကသည္။
"ေကာင္းၿပီ.... မင္းတို႔နဲ႕ ဖက္တီးက ဒီမွာေနခဲ့... သူတို႔ကို ကာကြယ္ထား... ဂူတစ္ေသာင္းဂူကို ငါတစ္ေယာက္တည္း သြားရင္ ရၿပီ"
လု႐ႊမ္ လုံးဝ ဆုံးျဖတ္ခ်က္ ခ်လိဳက္သည့္ႏွယ္ အမိန့္ေပးလိုက္သည္။
"အစ္ကိုႀကီး! ဒါဆို သတိထားဦး!"
ဖက္တီးကေတာ့ ဂူတစ္ေသာင္းဂူကို လ်စ္လ်ဴရႈထားဟန္ တူသည္။ လြန္ခဲ့သည့္ ရက္အနည္းငယ္တြင္ သူသည္ ႐ႊီရွင့္လုံ နံေဘးတြင္ ရွိေနကာ ေန႕တိုင္းနီးပါး အလြန္ေပ်ာ္ေန၏။ သူ႕တြင္ စားစရာ ေသာက္စရာမ်ားရွိၿပီး လွပေသာအမ်ိဳးသမီးမ်ားကလည္း ျပဳစု ေကြၽးေမြးခဲ့သည္။
ဖက္တီးသည္ ရက္ေရာစြာျဖင့္ ထိုမိန္းကေလးမ်ား သူ႕ကို သက္ေတာင့္သက္သာ ခစားေနသမွ် ကာလပတ္လုံး ေမွာ္တစ္ေထာင္စံအိမ္၌ ဂုဏ္သတင္း ခုန္တက္သြားေစသည့္ ရာႏွင့္ခ်ီေသာ ဝိညာဥ္ေက်ာက္မ်ားျဖင့္ သူတို႔ကို ဆုခ်ေလ့ရွိသည္။
သူတို႔အတြက္ ဒီဖက္တီးနဲ႕သာ နီးစပ္နိုင္ပါက ေမွာ္တစ္ေထာင္စံအိမ္တြင္ ႏွစ္အေတာ္ၾကာ အလုပ္လုပ္နိုင္ရန္ လုံေလာက္ေလၿပီ။
ဖက္တီးနဲ႕ ေမာ့ေကာင္း႐ႊမ္းတို႔ ဒီေနရာမွာ ရွိေနရင္ေတာ့ တျခားလူေတြရဲ႕ လုံၿခဳံေရးအတြက္ ျပႆနာမရွိေပ။
လူတစ္စုသည္ လင္းယုန္နီကို စီးၿပီး ႏွစ္နာရီခန႔္ ပ်ံသန္းခဲ့ၾကရာ ၎တို႔ေရွ႕ မီတာ ၃၀၀ ေက်ာ္ အခ်င္းရွိေသာ တြင္းႀကီးတစ္ခုအား လွမ္းေတြ႕လိုက္ရေလသည္။
တြင္းႀကီး၏ မ်က္ႏွာျပင္တြင္ အျပာေရာင္အလင္းတန္း အလႊာတစ္ခု တုန္ခါသြားကာ က်င့္ႀကံသူမ်ားဟာ အျပာေရာင္ အလင္းေရာင္ေဖ်ာ့ေဖ်ာ့၏ အျပင္ဘက္တြင္ သတိရွိစြာ ပုန္းေနၾကသည္။
လင္းယုန္နီ သားရဲကို ေမာင္းႏွင္ရင္း လူတစ္စု ျဖည္းညွင္းစြာ ဆင္းသက္လာၿပီး အျပာေရာင္ မီးေရာင္ အျပင္ဘက္တြင္ ရပ္လိုက္သည္။
အေပၚကေန ေအာက္ကို ငုံ႕ၾကည့္လိုက္ေတာ့ ဂူတစ္ေသာင္းဂူရဲ႕ တြင္းဝက အေတာ္ေလး က်ယ္တာကို ေတြ႕ရသည္။ လူေတြက တြင္းႀကီးကို ဝန္းရံထားၿပီး ေထာင္ေသာင္းခ်ီတဲ့ လူအေရအတြက္က သိပ္မသိသာေပမယ့္ ဆင္းၿပီးတာနဲ႕ လူအုပ္ထဲမွာ မတ္တပ္ရပ္ေနတဲ့ လူေတြ ထပ္ရွိေနေသးတာကို ေတြ႕ရလိမ့္မည္။
"လူငယ္ အဖြဲ႕ေခါင္းေဆာင္!"
တ်ယ္လုံ လင္းယုန္နီ သားရဲေပၚမွ ဆင္းလာသည္ကို ျမင္ေတာ့ လူတခ်ိဳ႕က ခ်က္ခ်င္းပင္ သူတို႔ကို စိတ္အားထက္သန္စြာ ႏႈတ္ဆက္ရန္ ေရာက္လာၾကသည္။ ခူး႐ုန္ ျမက္ပင္မ်ားကို စုေဆာင္းရန္ ဂူတစ္ေသာင္းဂူသို႔ လာေရာက္သူအမ်ားစုမွာ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွ ျဖစ္သည္။
ၿမိဳ႕ေထာင္ခ်ီမဟာမိတ္၌ သံေၾကးစားအဖြဲ႕ ဌာနခ်ဳပ္ရွိကာ တ်ယ္လုံသည္ လူငယ္အဖြဲ႕၏ ေခါင္းေဆာင္ သခင္ေလးေနရာတြင္ ရပ္တည္ေန၏။ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာေတာ့ တ်ယ္လုံကို ရန္စဝံ့သူ သိပ္မရွိနိုင္ေပ။
သူတို႔အတြက္ တကယ့္ႀကီးမားတဲ့ ရိုက္ခ်က္ေတြကို ေတြ႕ဖို႔ ခဲယဥ္းၿပီး သူတို႔ကို သိဖို႔ေတာင္ အခြင့္အလမ္း လုံးဝ မရွိေတာ့တတ္ၾကေခ်။ ဆန႔္က်င္ဘက္အေနနဲ႕ တ်ယ္လုံနဲ႕ ရွီးမန္ကြၽင္းတို႔လို ဒုတိယမ်ိဳးဆက္ သခင္ေလးေတြကိုေတာ့ ေပါင္းသင္းခ်င္ၾကေသးသည္။
"လ်ိဳႀကီး... ဝမ္ႀကီး မင္းတို႔ဘယ္လိုလုပ္ ဒီကို ေရာက္လာၾကတာလဲ "
တ်ယ္လုံနဲ႕ ရင္းႏွီးတဲ့ ႏွစ္ေယာက္စလုံးက ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇ မွာ ရွိၾကၿပီး ႏွစ္ေယာက္စလုံးဟာ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ အေတာ္အသင့္ နာမည္ႀကီးတဲ့ က်င့္ႀကံသူေတြပဲ ျဖစ္ေလသည္။