စန်းရန်ထံမှ ဤဝါကျစကားထွက်ကျလာပြီးပြီးချင်းပင် ကျောင်းတက်ခေါင်းလောင်းမြည်သွားခဲ့သည်။
ခေါင်းလောင်းသံက သက်သာရာရအောင်လုပ်ပေးနိုင်ခြင်းနှင့်အလားတူစွာ မျက်မှန်နှင့်ကောင်လေးသည်လည်း သက်ပြင်းကြီးကြီးချမိပြီး တောင်းပန်စကားဆိုလိုက်တော့သည်။စန်းရန်က မည်သည်ကိုမှဂရုမစိုက်သည့်ဟန်မျိုးဖြင့် ထိုကောင်လေးကိုသာ တစ်ချက်လှမ်းကြည့်ပြီးနောက် သူ့ထိုင်ခုံနေရာသို့ ပြန်လျှောက်သွားခဲ့သည်။
သူ့ဘေးနားပတ်ပတ်လည်ဝိုင်းကြည့်နေကြသည့်သူများမှာလည်း တစ်စစနှင့် လမ်းဖယ်ပေးကုန်ကြ၏။
ဆရာမ မဝင်လာခင် အတန်းထဲ၌ ယခုလိုတိတ်ဆိတ်နေသည့်အချိန်မျိုးမှာ ရှားကိုရှားလှပေတော့သည်။
ဝိန်းရိဖန်က စားပွဲခုံအောက်မှဖတ်စာအုပ်ကိုထုတ်ပြီး သင်စာခန်းမာတိကာသို့လှန်လှောကြည့်လိုက်၏။သို့သော်လည်း စိတ်အစဥ်က ယခုလေးတင်ဖြစ်သွားခဲ့သည့်ကိစ္စပေါ်၌သာ ရောက်နေဆဲ။ မနေ့က စန်းရန်သူငယ်ချင်းအပေါင်းအပါများနှင့် ထမင်းစားခန်းထဲ၌ ဆုံဖြစ်ကြသည့်အကြောင်းအား တွေးမိလိုက်သည့်အချိန်တွင်တော့ ပြဿနာအား ချောချောမွေ့မွေ့အစဖော်ကြည့်လိုက်နိုင်၏။
ထို့ကြောင့် အခြားသူများ၏အမြင်တွင် သူမက စန်းရန်ကိုသစ္စာဖောက်ပြီး ရှန့်လန်နှင့်အတူရှိလိုက်ခြင်းပင် ဖြစ်မည်။
ဝိန်းရိဖန်က ဘောပင်အား ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားမိလိုက်၏။
အခြားသူများက သူမအား ရွံစရာကောင်းသည်ဟူ၍ သမုတ်နေကြသည်ကို မထူးဆန်းတော့။
ခေါင်းမော့ပြီး စန်းရန်ရှိရာဆီသို့ လှမ်းကြည့်လိုက်၏။
သူ့အရပ်ကမြင့်သောကြောင့် သူ့ထိုင်ခုံနေရာအား ပထမလိုင်း၏နောက်ဆုံးအတန်းတွင် စီစဥ်ပေးလိုက်ကာ သူမနေရာနှင့်ယှဥ်လျှင် နှစ်ယောက်ကြားရှိအကွာအဝေးမှာ တော်တော်လေးလှမ်းသည်။ စန်းရန်က အောက်သို့စိုက်ကြည့်နေပြီး မည်သည့်အကြောင်းအရာကိုဖတ်ကြည့်နေမှန်းမသိ။
သူ့ဘေးနားတွင်ထိုင်နေသည့်ကောင်လေးက သူ့အား အဆက်မပြတ်စကားပြောနေသော်လည်း တစ်ချက်မှမတုန့်ပြန်သည့်အပြင် သူ့မျက်နှာပေါ်ရှိအမူအရာမှာလည်း မည်သည့်ခံစားချက်ဟူ၍ ဖော်ပြထားခြင်းမရှိပေ။
ဝိန်းရိဖန် အကြည့်လွှဲလိုက်ပြီးနောက် အခွင့်အရေးတစ်ခုရှာပြီး သူ့အား ကျေးဇူးတင်စကားဆိုရန် တွေးထားလိုက်တော့သည်။
-----
ဤအတွေးမှာ ဝိန်းရိဖန်၏စိတ်ကူးသက်သက်ဖြစ်သော်ငြား...
သူမ လုံးဝမထင်မှတ်ထားမိသည်က စန်းရန်နှင့်စကားပြောရန် အခွင့်အရေးတစ်ခုလေးပင် ရှာမတွေ့ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် စန်းရန်၏ဘေး၌ မည်သူမှရှိမနေတတ်သည့်အချိန်မျိုး မရှိသောကြောင့်ပင်။ သူ့ပုံစံက မသိလျှင် မမှီမခိုပဲလမ်းမလျှောက်တတ်သည့်အလား ရေသန့်ဘူးရေဖြည့်ခြင်းမှသည် သန့်စင်ခန်းဝင်သည်အထိ သွားလေရာတိုင်း အုပ်စုလိုက်ကြီးသာဖြစ်၏။
ဝိန်းရိဖန်လည်း အလောတလျင်မလုပ်တော့ဘဲ အခွင့်အရေးရလာမည့်အချိန်ကိုသာ စောင့်နေလိုက်သည်။
ဤစောင့်ဆိုင်းမှုက နောက်တစ်ပတ် သောကြာနေ့ကျောင်းဆင်းချိန်ထိပင် ရောက်သွားခဲ့သည်။
အတန်းထဲရှိ တာဝန်ကျအချိန်ဇယားမှာ အပတ်စဥ်အလိုက်စီစဥ်ထားခြင်းမျိုးဖြစ်ပြီး စန်းရန်သည် နှစ်ပတ်ခြားတစ်ခါ သောကြာနေ့တိုင်းတွင် သန့်ရှင်းရေးတာဝန်ကျသည်။ သူ့တာဝန်ကျရက်ဖြစ်သောကြောင့် အခြားကျောင်းသားများထက်နောက်ကျမှ ပြန်ရမည်ဖြစ်ပြီး သူ့အား ညီအစ်ကိုဟုခေါ်လေ့ရှိသည့်လူတစ်စုမှာ ယနေ့လိုနေ့မျိုးတွင် သူ့အား ထားခဲ့ပြီးဘတ်စကတ်ဘောကစားနှင့်ကြသည်ဖြစ်၏။
စန်းရန်က စာသင်ခုံမြင့်ထက်တွင်မတ်တပ်ရပ်နေပြီး ကျောက်သင်ပုန်းဖျက်နေလျက်ရှိကာ ဝိန်းရိဖန်က သူမ၏ပစ္စည်းများကိုသိမ်း ၊ လွယ်အိတ်ထဲထည့်၍ သူ့အနားသို့လျှောက်သွားပြီး လှမ်းခေါ်လိုက်၏။
"စန်းရန်"
စန်းရန်က သူမအား တစ်ချက်လှမ်းကြည့်လာရင်း ကျောက်သင်ပုန်းကိုလည်းဖျက်နေဆဲပင်။
"ပြော"
ဝိန်းရိဖန် ;
"အရင်ကကိစ္စအတွက် နင့်ကိုကျေးဇူးတင်ပါတယ်"
သူ ရုတ်ချည်းရပ်တန့်သွားပြန်ကာ သူမအား ထပ်၍လှမ်းကြည့်လာ၏။
"ဘာကိုလဲ"
"အတန်းထဲကလူတွေပြောနေတဲ့ ဟိုစကားတွေအတွက်..."
ဝိန်းရိဖန်က ပြန်ရှင်းပြရင်း ထပ်၍ကျေးဇူးတင်လိုက်၏။
"နင် ငါ့ကိုကူညီပြီး စကားကိုရှင်းအောင်ပြောခဲ့ပေးအတွက်ကျေးဇူးတင်ပါတယ်"
စန်းရန်က 'အို့' ဟူ၍ အသံတစ်ချက်ပြုပြီး
"မင်း ကျေးဇူးလာတင်တဲ့အချိန်ကလည်း တော်တော်လေးကိုအချိန်ရွေးမှန်တာပဲ"
ဝိန်းရိဖန် ;
"ဟမ်?"
"ငါတောင် အဲ့ကိစ္စကို မေ့နေပြီ..မင်းပြောမှ ပြန်ပြီးမှတ်မိတာ"
"...."
သူမကိုယ်တိုင်လည်း အချိန်အတော်ကြာသွားပြီဖြစ်မှန်း သိနေခဲ့သဖြင့် ဝိန်းရိဖန်က အနည်းငယ်ရှက်ကိုးရှက်ကန်းနိုင်သွားရသော်ငြား မျက်နှာထက်တွင်တော့ဖော်ပြခြင်းမရှိ။
"စကားပြောဖို့အခွင့်အရေး မရလို့ပါ"
"မလိုတော့ဘူး"
စန်းရန်က ဤကိစ္စအား စိတ်ထဲ လုံးဝမထည့်သည့်ပုံစံမျိုးဖြင့် ကျောက်သင်ပုန်းပေါ်မှ နောက်ဆုံးကျန်နေသည့်နေရာအား သန့်ရှင်းနေရင်း
"ငါနဲ့သာမဆိုင်ရင် ငါလည်း ဒီလိုအစုတ်ပလုတ်ကိစ္စတွေမှာ လိုက်ပါနေမှာမဟုတ်ဘူး"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၍
"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"
စန်းရန်က မည်သည့်တုန်ပြန်ချက်ကိုမှ ပြန်မပြုလာတော့ပေ။
ဝိန်းရိဖန်လည်း စကားထပ်မဆိုနေတော့ဘဲ အခန်းတံခါးဝဆီသို့လျှောက်လာခဲ့လိုက်၏။ လမ်းလျှောက်နေရင်းဖြင့် မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိ စန်းရန်အား ပြန်လှည့်ကြည့်မိလိုက်၏။ သူက ကျောက်သင်ပုန်းဖျက်ပြီးသွားပြီဖြစ်၍ သန့်စင်ခန်းထဲသို့သွားပြီး သင်ပုန်းဖျက်အား ဆေးကြောတော့မည့်ပုံပင်။
ထိုအခိုက်အတန့်လေးတွင် စန်းရန်က မျက်လုံးပင့်ကြည့်လာသည့်အတွက်ကြောင့် ငေးကြည့်နေသည့် သူမ၏မျက်ဝန်းများနှင့် ဆုံဆည်းသွားပါလေရော့၏။
စန်းရန်က အံ့သြသွားသည့်ပုံစံမျိုးလုံးဝမရှိပါဘဲ မျက်ခုံးပင့်မြှောက်ပြ၍
"ဘာလဲ"
"အာ?"
စန်းရန် ;
"တကယ်ကြီး ငါ ဆွဲဆောင်တာကို ခံလိုက်ရလို့လား"
"...."
သူ့မတိုင်ခင်ထိ ဝိန်းရိဖန်၏ဘဝတွင် သူ့လိုလူမျိုးအား တစ်ခါမှ မတွေ့ဖူးပါပေ။
သူ့ခန္ဓာကိုယ်ထက်ရှိ မွေးလာကတည်းကပါလာသည့် မာနကြီးမှု ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလွန်းသည့်အပြင် အရိုးတစ်ချောင်းချင်းစီတိုင်းတွင် အပြည့်ရှိနေသောခက်ထန်ထန်မောက်မာမှုများက တစ်စက်ကလေးမျှ လူကိုအနှောက်အယှက်မဖြစ်စေပါဘဲ သူ၏မွေးရာပါကိုယ်ပိုင်ပုံစံဟူ၍သာ တွေးမြင်စေနိုင်ခဲ့သည်။
သူ့ဖြစ်တည်မှုဟာ ကြယ်များဝန်းရံခံထားရသည့်အလယ်မှ လမင်းတစ်ကြီးတစ်စင်းနှင့် တူလေပြီး...
သူရှိရာအရပ်မျက်နှာတိုင်းတွင် အလင်းရောင်ရှိနေခြင်းမျိုး---
------
ဒုတိယထပ် သီးသန့်နေရာမှဆင်းလာပြီးနောက်တွင် စန်းရန်က အောက်ထပ်ရှိ ဝန်ထမ်းများနားနေခန်းထဲသို့ ဝင်လာခဲ့သည်။
ဆိုဖာပေါ်ထိုင်လိုက်ပြီးနောက် ဖုန်းကိုထုတ်၍ဖွင့်ကြည့်ကာ တစ်ခဏအကြာ၌ တဖန်ပြန်ချထားလိုက်၏။ သူ့ အရက်သောက်နိုင်သည့်အားက မသေး ၊ ထို့အပြင် ယနေ့ည၌လည်း များများစားစားမသောက်လိုက်ပါသည့်တိုင် နားလည်ရခက်လောက်အောင် ခေါင်းတဆစ်ဆစ်ထိုးကိုက်နေတော့သည်။
စန်းရန်က အိတ်ကပ်ထဲမှစီးကရက်ဘူးကိုထုတ်ပြီး ဘူးထဲမှတစ်လိပ်ထုတ်ယူလိုက်ကာ အပေါ်ထပ်မှယူလာခဲ့သည့်မီးခြစ်နှင့် မီးညှိလိုက်၏။အချိန်တော်တော်ကြာကြာ တစ်ယောက်တည်း စီးကရက်ရှိုက်နေပြီးနောက်တွင်တော့ စုဟောက်အန်းပါ ရောက်လာခဲ့သည်။
"မင်း မပြန်သေးဘူးလား..အိပ်ချင်နေပြီဆို"
စုဟောက်အန်းက စန်းရန်ကို အသေအချာကြည့်နေရင်း ဆက်၍
"နတ်ဘုရားမလေးဝိန်းနဲ့ အတူတူပြန်ဖို့ စောင့်နေတာလား"
စန်းရန်က ခြေထောက်နှစ်ဖက်အား စားပွဲခုံပေါ်သို့တင်ထားကာ စုဟောက်အန်းအား အရေးမလုပ်။
စုဟောက်အန်းက စန်းရန်၏ဘေး၌ ဝင်ထိုင်လိုက်ကာ စီးကရက်ဘူးထဲမှတစ်လိပ်ထုတ်လိုက်၏။သူ့ပုံစံမှာလည်း စိတ်ကြည်နေပုံမရ၏။
"အေ့..ငါ-ူး ငါ အေးအေးဆေးဆေးဖြစ်တော့မယ့်အချိန်ကျမှ ဒီနေ့ ဟိုမိန်းကလေးအကြောင်းကို ပြန်ကြားလိုက်တော့ နေလို့ထိုင်လို့မကောင်းတော့ဘူး"
"...."
"လောင်ဇစ် ရည်းစားထားပြီး အသဲတွေလိုက်ခွဲခဲ့တာ ဘယ်နှနှစ်လောက်တောင်ရှိနေပြီလဲ"
စုဟောက်အန်းက စီးကရက်မီးညှိလိုက်ပြီးသည့်တိုင် စီးကရက်သောက်ဖို့ရာပင်မအားဘဲ စကားဆက်ပြောနေ၏။
"ငါ-ူး ဒါ ငါပထမဆုံးဦးထုပ်စိမ်းဆောင်းခံရတာပဲ..မင်း ယုံနိုင်လား ဟမ်..ငါ့ရုပ်က..."
စုဟောက်အန်းက တစ်ခဏရပ်ပစ်လိုက်ပြီး သူ့မျက်နှာသူ လက်ညှိုးထိုးပြ၍
"ဒီလိုရုပ်ရည်မျိုး! ပိုက်ဆံကလည်းချမ်းသာသေးတယ်ကွာ!"
"...."
"အဲ့ဒါကို ဦးထုပ်စိမ်းဆောင်းခံရတာ!"
"မင်းရဲ့ ဒီ IQ နဲ့ "
စန်းရန်က နှာတစ်ချက်မှုတ်လိုက်၍
"အသဲကလိုက်ခွဲချင်သေးတယ်"
"သွားစမ်းကွာ..မင်း လူရောဟုတ်သေးရဲ့လား"
စုဟောက်အန်းက မကျေမနပ်ဖြင့်
"မင်းဆီကနေ ငါ့ကိုနှစ်သိမ့်ပေးတဲ့စကားမျိုးကို တစ်ခါလေးတောင် မကြားဖူးဘူး!"
"ဘာကို နှစ်သိမ့်ပေးရဦးမှာလဲ"
စန်းရန်၏ပုံစံက အနည်းငယ်အိပ်ချင်နေပုံရကာ မျက်လွှာများ အောက်သို့စိုက်ချထားပြီး စကားကိုလည်းနှေးနှေးကွေးကွေးသာဆိုနေ၏။
"ယောက်ျားရင့်မာကြီးတွေက ဒီလိုစကားတွေကိုလျှောက်ပြောနေတတ်လို့လား"
"အဓိကကကွာ..အဲ့ဒီဝမ်လင်လင်က ဟိုတစ်ယောက်ကသူ့အစ်ကိုဝမ်းကွဲပါဆိုပြီး တစ်ချိန်လုံးပြောထားခဲ့တာ..ငါဆိုတဲ့ကောင်ကလည်း ယုံပြီး သုံးလေးကြိမ်တောင်တွေ့ဖူးသေးတယ်..တွေ့တဲ့အချိန်တိုင်းလည်း ကောင်းကောင်းမွန်မွန်နဲ့ အစ်ကိုဝမ်းကွဲလို့ပဲခေါ်ပြနေတာကွာ..နောက်ဆုံးတစ်ခေါက် ငါ သူ့ဆီသွားတဲ့အချိန်တုန်းက အဲ့နှစ်ယောက် သည်းကြီးမည်းကြီးကိုနမ်းနေကြတာ"
"...."
"ငါ တစ်ညလုံးစားထားသမျှတွေတောင် အန်ထုတ်ပစ်ချင်စိတ်ပေါက်တယ်!..ငါ-ိုးပဲ!"
"တော်ပြီကွာ..ငါ-ူး လမ်းတောင်ခွဲပြီးပြီမလား"
စုဟောက်အန်းက မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး
"အဲ့လိုဆိုရင်တောင် ငါ ခဏလေးဖြစ်ဖြစ်ပေါက်ကွဲလို့မရဘူးလား!..မင်း ဒီနေ့ည ဘယ်လိုဖြစ်နေတာတုန်း..မင်းရဲ့ညီအစ်ကိုလိုသူငယ်ချင်း ငါက ဦးထုပ်စိမ်းဆောင်းခံလိုက်ရတာ! လမ်းခွဲလိုက်ပြီ! ရည်းစားမရှိတော့ဘူး! မင်းငါ့ကို အခုထိ စိတ်မရှည်သလိုဆက်ဆံနေတုန်းလား!"
စန်းရန်က ဆက်၍နားမထောင်ချင်တော့သဖြင့် ရုတ်တရက်မတ်တပ်ထရပ်ကာ စီးကရက်မီးအားငြိမ်းသတ်လိုက်၏။
"ငါ သွားပြီ"
စုဟောက်အန်းက ချက်ချင်းဆိုသလို ငြိမ်သက်သွားခဲ့၏။ သူ မည်မျှပင်စကားများပေါက်ကွဲနေပါစေ စန်းရန်၏စိတ်အခြေအနေကိုတော့ သူ ခန့်မှန်းနိုင်ပါသေးသည်။
"မင်း ဘာဖြစ်နေတာလဲ"
"...."
"မင်း ကားမယူလာဘူးလေ..ပြီးတော့ အရက်လည်းသောက်ထားသေးတယ်..ဘယ်လိုပြန်မှာလဲ?"
စုဟောက်အန်းက စန်းရန်အား လှမ်းတားလိုက်၍
"ခဏနေရင် ချန်ဖေး လာလိမ့်မယ်..အဲ့ကျမှ သူ့ကို လိုက်ပို့ခိုင်းလိုက်..မင်း ပြန်သွားပြီးလည်း လုပ်စရာမှမရှိတာ"
သူ ပြောလိုက်သည့်စကားက ကျိုးသင့်ကြောင်းသင့်ရှိသောကြောင့်လား မသိ ၊ စန်းရန်က ဆက်မသွားတော့ဘဲ ဆိုဖာပေါ် ပစ်မှီချလိုက်တော့၏။
စုဟောက်အန်းက သူ့အား စိုက်ကြည့်နေရင်း
"မင်း သောက်တာများသွားလို့လား?"
"...."
"ဒါမှမဟုတ် ရှန့်လန်ကြောင့် စိတ်မကြည်တော့တာလား"
စန်းရန်က ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်ငြိမ်နေလေသည်။
"မင်း ဒီလိုဖြစ်သွားစရာလိုလို့လားကွာ..သူတို့နှစ်ယောက်ကဖြင့် ရင်းနှီးနေတာ ကြာလှပြီ..တကယ်လို့သာ တွဲချင်ကြမယ်ဆိုရင် ငါ-ူး ဟိုးအစောကတည်းက တွဲကြမှာပေါ့..."
ဤအထိစကားဆိုလာရင်း စုဟောက်အန်းက သူပြောနေသည့်စကားများသည် စန်းရန်၏ပုံစံနှင့် အလွန်တရာကိုလိုက်ဖက်ညီနေခြင်းကြောင့် ဆက်၍
"ပြောရရင်..မင်း ဝိန်းရိဖန်ကို သဘောကျနေတုန်းလား?..အစကတော့ မင်း သူ့အပေါ် အဲ့လိုအဓိပ္ပါယ်မျိုးသက်ရောက်နေတုန်းပဲလို့ထင်လိုက်ပြီး မင်းအတွက်အခွင့်အရေးရှာပေးချင်တာနဲ့ မင်းတို့နှစ်ယောက်ကို အိမ်ခန်းမျှနေဖြစ်အောင်လုပ်ပေးလိုက်တာ..ဒါပေမယ့် ဒီနေ့ မင်း သူ့အပေါ် ဆက်ဆံနေတဲ့ပုံစံကိုကြည့်ပြီး ငါ ခန့်မှန်းလိုက်တာတွေမှားနေသလားလို့"
"...."
စုဟောက်အန်းက သူ့လက်မောင်းကိုပုတ်လိုက်၍
"လာ..ငါ့ကို ရင်ဖွင့်စမ်းပါ..မင်းလိုမျိုး ပါးစပ်ကနေ လုံးဝလျှောက်မပြောဘူးလို့ ငါ အာမခံတယ်..လူတစ်ယောက်က ဝမ်းနည်းစရာကောင်းတဲ့စကားပြောနေတဲ့အချိန်မှာလည်း မင်းလိုမျိုး ဟိုနေရာကို ဓါးနဲ့မထိုးဘူး"
"မင်းကို ရင်ဖွင့်ရအောင် ငါက ရူးနေတာမလို့လား"
စန်းရန်က ရယ်လိုက်ရင်း
"မင်းပြောကြည့်စမ်းပါ..မင်းနဲ့ လော်စပီကာနဲ့ ဘာကွာလို့လဲ"
"...."
စုဟောက်အန်း နင့်ခနဲဖြစ်သွားပြီး စန်းရန်နှင့် ငြင်းခုန်တော့မည့်အခိုက်။
"လောင်ဇစ်က အိပ်ချင်နေရုံပဲ"
စန်းရန်က မျက်လွှာကိုအောက်သို့စိုက်ချထားရင်း ခပ်တိုးတိုးအသံဖြင့်သာ စကားဆိုလာခဲ့၏။
"မင်းက တော်တော်လေးကိုဦးနှောက်ဆေးတတ်တဲ့ကောင်"
စုဟောက်အန်း မတ်တပ်ထရပ်၍
"သွားစမ်းပါ..ငါကပဲ ငါ့ခံစားချက်တွေကို ဖြုန်းတီးပစ်နေတယ်လို့မှတ်လိုက်ပြီ"
စုဟောက်အန်းက ကြာကြာငြိမ်ငြိမ်နေတတ်သည့်သူမျိုးမဟုတ်သဖြင့် ထိုင်နေပြီးသိပ်မကြာခင်ပင် အပြင်ထွက်ရန်ပြင်တော့၏။ စန်းရန်၏စကားလုံးများကို နားထောင်လိုက်ရပြီးနောက်တွင်တော့ သူကိုယ်တိုင်က ယနေ့တွင် တော်တော်လေးစကားများလိုက်ပြီမှန်း နားလည်လိုက်ကာ ဘယ်အရာကိုမှမျက်လုံးထဲမထည့်တတ်သည့်အနှီအကြီးဆုံးသခင်လေးက သူ့ကြောင့်ဖြင့် စိတ်ခံစားချက်များရှုပ်ထွေးခံလိုက်ရမည်မှန်းလည်း အမှန်တကယ်ခံစားမိလိုက်သည်။
အနားယူခန်းထဲမှထွက်မသွားခင် စုဟောက်အန်းက ဆိုဖာပေါ်၌လှဲနေသည့် စန်းရန်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလို စန်းရန်၏လက်ရှိအမူအရာတို့ဟာ ရင်းနှီးနေသယောင်ယောင် ခံစားမိလိုက်ရပြီး သူတို့၏တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်လာသည့်နေ့အား အမှတ်ရမိလိုက်၏။
စုဟောက်အန်း၏အဆင့်များဟာ အတော်လေးကိုဆိုးချာပြီး အထက်တန်း တတိယနှစ်သို့ရောက်လာခြင်းသည်ပင် အလယ်တန်းကျောင်းအုပ် သူ့ဦးလေးတစ်ဦးရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုအချိန်တုန်းက စနစ်မှာ အထက်တန်းစာမေးပွဲဖြေပြီးနောက်တွင် ရနိုင်မည့်အမှတ်များကို ခန့်မှန့်ချေတွက်ပြီး တာဝန်ကျသူများအား ပြောပြပြီးမှသာ အပြင်ထွက်ခွင့်ရခြင်းဖြစ်သည်။
စာမေးပွဲခန်းထဲမှ ထွက်လာပြီး နောက်တစ်စက္ကန့်တွင် စုဟောက်အန်းက ဤတစ်ကြိမ်တွင် သူလုံးဝသွားပြီ ဖြစ်ကြောင်း တန်းသိလိုက်၏။
သို့သော်လည်း အဖေဖြစ်သူက သူ့အား တက္ကသိုလ်ဝင်တန်းစာမေးပွဲသာ အောင်လာပြီး မည်သည့်တက္ကသိုလ်ရောက်သည်ဖြစ်စေ ကွန်ပျူတာအသစ်တစ်လုံး ဝယ်ပေးမည့်အကြောင်း ပြောထားခဲ့ဖူးသည်။ ထို့ကြောင့် စုဟောက်အန်းက စိတ်လှုပ်တရှားဖြင့် စာမေးပွဲပြီးသွားသည့်နေ့၌ပင် သူ့အဖေအား သူသည် ပထမအသုတ်ဖြင့် အောင်မည်ဖြစ်ကြောင်း ၊ နန်းဝူတက္ကသိုလ်ကိုပင် အလွယ်လေးရောက်မည်ဖြစ်ကြောင်း ရုပ်တည်တည်ဖြင့်ပြောဆိုခဲ့သည်။
အဖေဖြစ်သူက သူ့လေလုံးထွားမှုကိုနားထောင်ပြီး နောက်တစ်နေ့၌ စုဟောက်အန်းအား ကွန်ပျူတာအသစ်တစ်လုံး ဝယ်ပေးခဲ့တော့သည်။
အချိန်များ ဖြတ်သန်းကုန်ဆုံးသွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်သည့်နေ့တွင် စုဟောက်အန်းက တစ်နေ့လုံး အိမ်မပြန်ရဲတော့ဘဲ အင်တာနက်ဆိုင်ထဲသာ နေနေခဲ့သည်။နောက်တွင်တော့ ထုံးစံအတိုင်း စန်းရန်အိမ်သို့ ခြေဦးလှည့်လာခဲ့၏။
အချိန်ကား ည ၈နာရီဝန်းကျင်ရောက်နေပြီဖြစ်ပြီး စန်းရန်နှင့် စန်းရန်၏အဖေ 'စန်းရုံ' တို့မှာ အိမ်ထဲတွင်မရှိကြ ၊ စန်းရန်၏အမေ 'လီဖင်' က အိမ်စာလုပ်နေသည့် စန်းကျီကို စာပြနေရင်း သူ့အား နွေးနွေးထွေးထွေးကြိုဆိုကာ စန်းရန်၏အိပ်ခန်းထဲ၌သာ စောင့်ခိုင်းထားလိုက်၏။ စုဟောက်အန်းက စန်းရန်၏အိမ်သို့ လာနေကျဖြစ်သဖြင့် အားနာစိတ်တို့မဖြစ်ပါဘဲ စန်းရန်၏အိပ်ခန်းထဲသို့သာ တန်းဝင်သွားလိုက်၏။
စန်းရန်အိပ်ခန်းထဲမှ ဂိမ်းစက်ကိုဖွင့်လိုက်ပြီး တစ်ကိုယ်တည်းကစားနေခဲ့ကာ တစ်နေ့လုံး လျှပ်စစ်ဖန်သားပြင်ကိုကြည့်လာခဲ့ကြောင့် အချိန်ကြာကြာကစားသည်နှင့်အမျှ ငိုက်မျည်းလာပြီး စန်းရန်၏အိပ်ရာပေါ် ဝင်လိုက်တော့သည်။
တံခါးအဖွင့်အပိတ်လုပ်သံတစ်ခုကြောင့် နိုးနိုးကြားကြားဖြစ်သွားခဲ့သည့်စုဟောက်အန်းက မျက်လုံးဖွင့်ကြည့်လိုက်လျှင် စန်းရန်အား မြင်လိုက်ရ၏။
တံခါးပိတ်နေသည့် ဆယ်ကျော်သက်ကောင်လေးက အနက်ရောင်ရှပ်အင်္ကျီလက်တိုအား ခဲရောင်ဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ခန္ဓာကိုယ်အပေါ်ပိုင်းက မသိသာသော်ငြား ဘောင််းဘီအရောင်က သိသိသာသာကိုနက်မှောင်နေကာ ဆံပင်များကလည်း အနည်းငယ်ရေစိုနေလေသည်။စုဟောက်အန်းက
"အပြင်မှာ မိုးရွာနေတာလား..ငါလာတုန်းကတောင် ရာသီဥတုက အကောင်းကြီးပါ"
စန်းရန် သူ့အား တစ်ချက်လှမ်းကြည့်၍
"မင်း ဘာလို့ရောက်နေတာလဲ"
"အောင်စာရင်းထွက်ပြီလေကွာ..အိမ်မပြန်ရဲတော့ဘူး..ငါ့အဖေက ငါ့ခြေထောက်ကို ရိုက်ချိုးမှာကြောက်တယ်"
"ခံသင့်တဲ့ကောင်..လေကျယ်နေတုန်းကကျတော့ ခြေထောက်ရိုက်ချိုးခံရမှာကို မကြောက်ခဲ့ဘူးလား"
ယနေ့ညတွင် စန်းရန်က သူ့အားခေါ်ထားပေးမည့်ကျေးဇူးရှင်ဖြစ်သည့်အတွက် စုဟောက်အန်းက ပြန်ငြင်းခုန်ခြင်းမလုပ်ဘဲ
"မင်း ဘယ်တွေသွားနေတာလဲ..ငါ မင်းကို ဂိမ်းဆော့ရင်းစောင့်နေတာ အကြာကြီးပဲ.."
ပြောနေရင်း စုဟောက်အန်းက အချိန်တစ်ချက်လှမ်းကြည့်လိုက်၍
"ငါ-ူး..၁၁နာရီတောင် ထိုးနေပြီလား"
"ဘယ်မှမသွားဘူး..ဒီအတိုင်း ပြန်မလာတာ"
စန်းရန်က ရေမချိုးတော့ဘဲ ဂိမ်းစက်အရှေ့ရှိ ကော်ဇောခင်းပေါ်ထိုင်ချလိုက်ကာ စုဟောက်အန်းထံသို့ ဂိမ်းခလုတ်တစ်ခုပစ်ပေးလိုက်၍
"ကစားမှာလား မကစားဘူးလား"
စုဟောက်အန်းက ချက်ချင်းလှမ်းယူပြီး
"ချကွာ"
နှစ်ယောက်သားက အချိန်တစ်ခဏကြာအောင် ကစားနေကြရင်း စုဟောက်အန်းက
"မင်း ဒီလောက်နောက်ကျမှပြန်လာတာ..ဦးလေးနဲ့အန်တီတို့က မဆူဘူးလား"
စန်းရန် ;
"ဖြစ်နိုင်လား?"
စုဟောက်အန်းက ပြောစရာမဲ့သွားရင်း
"အဲ့တော့ မင်းက အခွင့်အရေးအပြည့်အဝယူပြီပေါ့"
သူက ဆက်၍
"မင်း ဘယ်သွားနေခဲ့တာလဲ..နန်းဝူတက္ကသိုလ်ကို ဝင်ခွင့်ရထားတာမလား..ဒီလောက်တောင် မိုက်လဲ..ငါသာ အဲ့အမှတ်ထိရောက်ခဲ့ရင် ငါ့အိမ်မှာ ငါက ကောင်းကင်မင်းကြီးလုပ်နေရုံပဲ"
စန်းရန် ;
"မင်း စကားတအားများတာပဲ"
"အေ့"
စုဟောက်အန်းက စန်းရန်၏အကျင့်နှင့် နေသားကျနေသူဖြစ်ကာ ဆက်၍
"ငါတော့ ဘယ်တက္ကသိုလ်ကိုရောက်မယ်မှန်းမသိသေးဘူး..ခုဏလေးတုန်းကတော့ 'ချန်ချန်' ပို့စ်တင်ထားတာတွေ့တယ်..သူ(မ) A တက္ကသိုလ်ကို ရောက်တယ်တဲ့..ဒါပေမယ့် ငါက A မြို့က တက္ကသိုလ်ကိုမလျှောက်ထားဘူး"
စန်းရန်က စကားတစ်ခွန်းမဆို။
စုဟောက်အန်းက တစိမ့်စိမ့်ဖြင့် ဆက်လက်တွေးနေဆဲ။
အချိန်မည်မျှကြာသွားခဲ့မှန်းမသိ ၊ ရုတ်တရက်ဆိုသလို စုဟောက်အန်းက ဂိမ်းဖန်သားပြင်ထက်ရှိ စန်းရန်ကိုင်ထားသည့်သူရဲကောင်းက မလှုပ်မယှက်ရပ်နေပြီး သူရိုက်သမျှငြိမ်ပြီးခံနေသည်အား တွေ့လိုက်ရ၏။ ဂိမ်းကစားလာသမျှပွဲတိုင်းတွင် စန်းရန်အား တစ်ခါလေးမှ မနိုင်ခဲ့ဖူးသည့်အတွက် စုဟောက်အန်းက ဤအခွင့်အရေးကိုအပြည့်အဝယူကာ အရူးမီးဝိုင်းရိုက်ပါလေတော့၏။
သူရဲကောင်းအား သေသည်အထိ နိုင်အောင်ချပြီးသွားသည့်အချိန်တွင်တော့ စုဟောက်အန်းက စန်းရန်ဘက်သို့လှည့်ကာ ဟန်ပန်အပြည့်ဖြင့်
"မင်းဟာက ကြောင်နေတာလား ဘာလား....ဘာလို့ ဒီလောက်လွယ်....."
စကားဆုံးအောင်မပြောလိုက်ရပါဘဲ စကားလုံးများက လည်ချောင်းဝ၌ ဖြစ်ညှစ်ခံလိုက်ရသလို ပိတ်ဆို့သွားခဲ့တော့၏။ အဘယ်ကြောင့်ဆိုသည့်အကြောင်းပြချက်မျိုးမရှိသည့်တိုင် ထိုအခိုက်အတန့်စာလေးတွင်တော့ စုဟောက်အန်း အမှန်တကယ်ကိုစကားပြောမထွက်လာတော့၏။
သူမြင်လိုက်ရသည့် စန်းရန်မှာ လက်ထဲတွင်ကိုင်ထားသည့်ဂိမ်းခလုတ်အား ငြိမ်သက်တိတ်ဆိတ်၍ကြည့်နေပုံရသော်လည်း သူ့ပုံစံက ထိုအရာကို ငေးကြည့်နေခြင်းမျိုးမဟုတ်။ စိတ်ဝိဥာဥ်က ခန္ဓာကိုယ်ထဲတွင် မရှိတော့သည့်အလား ခန္ဓာကိုယ်ကို ခပ်လျော့လျော့ကိုင်းချထားပြီး ထပ်ကြည့်လိုက်လျှင်လည်း တင်းထားသယောင်ယောင်။
သူဟာ မလှုပ်မယှက်ငြိမ်နေသည့် ပန်းချီပြရုပ်တစ်ခုသဖွယ်...
ထပ်ပြီး နောက်ဆုံးကန့်သတ်ချက်ရောက်အောင်တင်းရင်းနေသော လေးကြိုးတစ်ခု ပြတ်ထွက်တော့မည့်အလားပင်...
စုဟောက်အန်းမှာ သူ့အား အလယ်တန်းကျောင်းသားအရွယ်ကတည်းက ရင်းနှီးခဲ့ခြင်းဖြစ်ရာ ပထမဆုံးစတင်ရင်းနှီးသွားကြသည့်အချိန်မှစ စန်းရန်သည် အမြဲတမ်း မာနကြီးပြီး မထီမဲ့မြင်ပြုတတ်သည့်ပုံစံမျိုးသာ ဖြစ်ခဲ့သည်။ သူ့မျက်ဝန်းများဟာ အမြဲတမ်း အမြင့်ဆုံး၌သာ ရှိပြီး မည်သူ့ကိုမှ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်ပုံစံဖြင့် နေခဲ့သည့်သူမျိုး။
အမြင့်ဆုံးတွင် နေထိုင်ရာဖို့အတွက် မွေးဖွားလာသလိုမျိုးပင်...
သို့သော် ထိုစက္ကန့်အခိုက်အတန့်လေးတွင်တော့...
စုဟောက်အန်း နားမလည်နိုင်စွာ ခံစားမိလိုက်သည့်ထင်ယောင်ထင်မှားတစ်ခုမှာ...
သူ့ တစ်ကိုယ်လုံးပေါ်လွှမ်းခြုံထားသည့် မာနများဟာ...
ချိုးချေခံထားရသကဲ့သို့နှယ်...
***********
~~Zawgyi~~
စန္းရန္ထံမွ ဤဝါက်စကားထြက္က်လာၿပီးၿပီးခ်င္းပင္ ေက်ာင္းတက္ေခါင္းေလာင္းျမည္သြားခဲ့သည္။
ေခါင္းေလာင္းသံက သက္သာရာရေအာင္လုပ္ေပးနိုင္ျခင္းႏွင့္အလားတူစြာ မ်က္မွန္ႏွင့္ေကာင္ေလးသည္လည္း သက္ျပင္းႀကီးႀကီးခ်မိၿပီး ေတာင္းပန္စကားဆိုလိုက္ေတာ့သည္။စန္းရန္က မည္သည္ကိုမွဂ႐ုမစိုက္သည့္ဟန္မ်ိဳးျဖင့္ ထိုေကာင္ေလးကိုသာ တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ သူ႕ထိုင္ခုံေနရာသို႔ ျပန္ေလွ်ာက္သြားခဲ့သည္။
သူ႕ေဘးနားပတ္ပတ္လည္ဝိုင္းၾကည့္ေနၾကသည့္သူမ်ားမွာလည္း တစ္စစႏွင့္ လမ္းဖယ္ေပးကုန္ၾက၏။
ဆရာမ မဝင္လာခင္ အတန္းထဲ၌ ယခုလိုတိတ္ဆိတ္ေနသည့္အခ်ိန္မ်ိဳးမွာ ရွားကိုရွားလွေပေတာ့သည္။
ဝိန္းရိဖန္က စားပြဲခုံေအာက္မွဖတ္စာအုပ္ကိုထုတ္ၿပီး သင္စာခန္းမာတိကာသို႔လွန္ေလွာၾကည့္လိုက္၏။သို႔ေသာ္လည္း စိတ္အစဥ္က ယခုေလးတင္ျဖစ္သြားခဲ့သည့္ကိစၥေပၚ၌သာ ေရာက္ေနဆဲ။ မေန႕က စန္းရန္သူငယ္ခ်င္းအေပါင္းအပါမ်ားႏွင့္ ထမင္းစားခန္းထဲ၌ ဆုံျဖစ္ၾကသည့္အေၾကာင္းအား ေတြးမိလိုက္သည့္အခ်ိန္တြင္ေတာ့ ျပႆနာအား ေခ်ာေခ်ာေမြ႕ေမြ႕အစေဖာ္ၾကည့္လိုက္နိုင္၏။
ထို႔ေၾကာင့္ အျခားသူမ်ား၏အျမင္တြင္ သူမက စန္းရန္ကိုသစၥာေဖာက္ၿပီး ရွန့္လန္ႏွင့္အတူရွိလိုက္ျခင္းပင္ ျဖစ္မည္။
ဝိန္းရိဖန္က ေဘာပင္အား က်စ္က်စ္ပါေအာင္ဆုတ္ကိုင္ထားမိလိုက္၏။
အျခားသူမ်ားက သူမအား ႐ြံစရာေကာင္းသည္ဟူ၍ သမုတ္ေနၾကသည္ကို မထူးဆန္းေတာ့။
ေခါင္းေမာ့ၿပီး စန္းရန္ရွိရာဆီသို႔ လွမ္းၾကည့္လိုက္၏။
သူ႕အရပ္ကျမင့္ေသာေၾကာင့္ သူ႕ထိုင္ခုံေနရာအား ပထမလိုင္း၏ေနာက္ဆုံးအတန္းတြင္ စီစဥ္ေပးလိုက္ကာ သူမေနရာႏွင့္ယွဥ္လွ်င္ ႏွစ္ေယာက္ၾကားရွိအကြာအေဝးမွာ ေတာ္ေတာ္ေလးလွမ္းသည္။ စန္းရန္က ေအာက္သို႔စိုက္ၾကည့္ေနၿပီး မည္သည့္အေၾကာင္းအရာကိုဖတ္ၾကည့္ေနမွန္းမသိ။
သူ႕ေဘးနားတြင္ထိုင္ေနသည့္ေကာင္ေလးက သူ႕အား အဆက္မျပတ္စကားေျပာေနေသာ္လည္း တစ္ခ်က္မွမတုန့္ျပန္သည့္အျပင္ သူ႕မ်က္ႏွာေပၚရွိအမူအရာမွာလည္း မည္သည့္ခံစားခ်က္ဟူ၍ ေဖာ္ျပထားျခင္းမရွိေပ။
ဝိန္းရိဖန္ အၾကည့္လႊဲလိုက္ၿပီးေနာက္ အခြင့္အေရးတစ္ခုရွာၿပီး သူ႕အား ေက်းဇူးတင္စကားဆိုရန္ ေတြးထားလိုက္ေတာ့သည္။
-----
ဤအေတြးမွာ ဝိန္းရိဖန္၏စိတ္ကူးသက္သက္ျဖစ္ေသာ္ျငား...
သူမ လုံးဝမထင္မွတ္ထားမိသည္က စန္းရန္ႏွင့္စကားေျပာရန္ အခြင့္အေရးတစ္ခုေလးပင္ ရွာမေတြ႕ခဲ့ေခ်။
အဘယ္ေၾကာင့္ဆိုေသာ္ စန္းရန္၏ေဘး၌ မည္သူမွရွိမေနတတ္သည့္အခ်ိန္မ်ိဳး မရွိေသာေၾကာင့္ပင္။ သူ႕ပုံစံက မသိလွ်င္ မမွီမခိုပဲလမ္းမေလွ်ာက္တတ္သည့္အလား ေရသန့္ဘူးေရျဖည့္ျခင္းမွသည္ သန့္စင္ခန္းဝင္သည္အထိ သြားေလရာတိုင္း အုပ္စုလိုက္ႀကီးသာျဖစ္၏။
ဝိန္းရိဖန္လည္း အေလာတလ်င္မလုပ္ေတာ့ဘဲ အခြင့္အေရးရလာမည့္အခ်ိန္ကိုသာ ေစာင့္ေနလိုက္သည္။
ဤေစာင့္ဆိုင္းမႈက ေနာက္တစ္ပတ္ ေသာၾကာေန႕ေက်ာင္းဆင္းခ်ိန္ထိပင္ ေရာက္သြားခဲ့သည္။
အတန္းထဲရွိ တာဝန္က်အခ်ိန္ဇယားမွာ အပတ္စဥ္အလိုက္စီစဥ္ထားျခင္းမ်ိဳးျဖစ္ၿပီး စန္းရန္သည္ ႏွစ္ပတ္ျခားတစ္ခါ ေသာၾကာေန႕တိုင္းတြင္ သန့္ရွင္းေရးတာဝန္က်သည္။ သူ႕တာဝန္က်ရက္ျဖစ္ေသာေၾကာင့္ အျခားေက်ာင္းသားမ်ားထက္ေနာက္က်မွ ျပန္ရမည္ျဖစ္ၿပီး သူ႕အား ညီအစ္ကိုဟုေခၚေလ့ရွိသည့္လူတစ္စုမွာ ယေန႕လိုေန႕မ်ိဳးတြင္ သူ႕အား ထားခဲ့ၿပီးဘတ္စကတ္ေဘာကစားႏွင့္ၾကသည္ျဖစ္၏။
စန္းရန္က စာသင္ခုံျမင့္ထက္တြင္မတ္တပ္ရပ္ေနၿပီး ေက်ာက္သင္ပုန္းဖ်က္ေနလ်က္ရွိကာ ဝိန္းရိဖန္က သူမ၏ပစၥည္းမ်ားကိုသိမ္း ၊ လြယ္အိတ္ထဲထည့္၍ သူ႕အနားသို႔ေလွ်ာက္သြားၿပီး လွမ္းေခၚလိုက္၏။
"စန္းရန္"
စန္းရန္က သူမအား တစ္ခ်က္လွမ္းၾကည့္လာရင္း ေက်ာက္သင္ပုန္းကိုလည္းဖ်က္ေနဆဲပင္။
"ေျပာ"
ဝိန္းရိဖန္ ;
"အရင္ကကိစၥအတြက္ နင့္ကိုေက်းဇူးတင္ပါတယ္"
သူ ႐ုတ္ခ်ည္းရပ္တန့္သြားျပန္ကာ သူမအား ထပ္၍လွမ္းၾကည့္လာ၏။
"ဘာကိုလဲ"
"အတန္းထဲကလူေတြေျပာေနတဲ့ ဟိုစကားေတြအတြက္..."
ဝိန္းရိဖန္က ျပန္ရွင္းျပရင္း ထပ္၍ေက်းဇူးတင္လိုက္၏။
"နင္ ငါ့ကိုကူညီၿပီး စကားကိုရွင္းေအာင္ေျပာခဲ့ေပးအတြက္ေက်းဇူးတင္ပါတယ္"
စန္းရန္က 'အို႔' ဟူ၍ အသံတစ္ခ်က္ျပဳၿပီး
"မင္း ေက်းဇူးလာတင္တဲ့အခ်ိန္ကလည္း ေတာ္ေတာ္ေလးကိုအခ်ိန္ေ႐ြးမွန္တာပဲ"
ဝိန္းရိဖန္ ;
"ဟမ္?"
"ငါေတာင္ အဲ့ကိစၥကို ေမ့ေနၿပီ..မင္းေျပာမွ ျပန္ၿပီးမွတ္မိတာ"
"...."
သူမကိုယ္တိုင္လည္း အခ်ိန္အေတာ္ၾကာသြားၿပီျဖစ္မွန္း သိေနခဲ့သျဖင့္ ဝိန္းရိဖန္က အနည္းငယ္ရွက္ကိုးရွက္ကန္းနိုင္သြားရေသာ္ျငား မ်က္ႏွာထက္တြင္ေတာ့ေဖာ္ျပျခင္းမရွိ။
"စကားေျပာဖို႔အခြင့္အေရး မရလို႔ပါ"
"မလိုေတာ့ဘူး"
စန္းရန္က ဤကိစၥအား စိတ္ထဲ လုံးဝမထည့္သည့္ပုံစံမ်ိဳးျဖင့္ ေက်ာက္သင္ပုန္းေပၚမွ ေနာက္ဆုံးက်န္ေနသည့္ေနရာအား သန့္ရွင္းေနရင္း
"ငါနဲ႕သာမဆိုင္ရင္ ငါလည္း ဒီလိုအစုတ္ပလုတ္ကိစၥေတြမွာ လိုက္ပါေနမွာမဟုတ္ဘူး"
ဝိန္းရိဖန္က ေခါင္းၿငိမ့္ျပ၍
"ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္"
စန္းရန္က မည္သည့္တုန္ျပန္ခ်က္ကိုမွ ျပန္မျပဳလာေတာ့ေပ။
ဝိန္းရိဖန္လည္း စကားထပ္မဆိုေနေတာ့ဘဲ အခန္းတံခါးဝဆီသို႔ေလွ်ာက္လာခဲ့လိုက္၏။ လမ္းေလွ်ာက္ေနရင္းျဖင့္ မည္သည့္အေၾကာင္းျပခ်က္ေၾကာင့္မွန္းမသိ စန္းရန္အား ျပန္လွည့္ၾကည့္မိလိုက္၏။ သူက ေက်ာက္သင္ပုန္းဖ်က္ၿပီးသြားၿပီျဖစ္၍ သန့္စင္ခန္းထဲသို႔သြားၿပီး သင္ပုန္းဖ်က္အား ေဆးေၾကာေတာ့မည့္ပုံပင္။
ထိုအခိုက္အတန့္ေလးတြင္ စန္းရန္က မ်က္လုံးပင့္ၾကည့္လာသည့္အတြက္ေၾကာင့္ ေငးၾကည့္ေနသည့္ သူမ၏မ်က္ဝန္းမ်ားႏွင့္ ဆုံဆည္းသြားပါေလေရာ့၏။
စန္းရန္က အံ့ၾသသြားသည့္ပုံစံမ်ိဳးလုံးဝမရွိပါဘဲ မ်က္ခုံးပင့္ျမႇောက္ျပ၍
"ဘာလဲ"
"အာ?"
စန္းရန္ ;
"တကယ္ႀကီး ငါ ဆြဲေဆာင္တာကို ခံလိုက္ရလို႔လား"
"...."
သူ႕မတိုင္ခင္ထိ ဝိန္းရိဖန္၏ဘဝတြင္ သူ႕လိုလူမ်ိဳးအား တစ္ခါမွ မေတြ႕ဖူးပါေပ။
သူ႕ခႏၶာကိုယ္ထက္ရွိ ေမြးလာကတည္းကပါလာသည့္ မာနႀကီးမႈ ၊ ကိုယ့္ကိုကိုယ္ယုံၾကည္မႈရွိလြန္းသည့္အျပင္ အရိုးတစ္ေခ်ာင္းခ်င္းစီတိုင္းတြင္ အျပည့္ရွိေနေသာခက္ထန္ထန္ေမာက္မာမႈမ်ားက တစ္စက္ကေလးမွ် လူကိုအႏွောက္အယွက္မျဖစ္ေစပါဘဲ သူ၏ေမြးရာပါကိုယ္ပိုင္ပုံစံဟူ၍သာ ေတြးျမင္ေစနိုင္ခဲ့သည္။
သူ႕ျဖစ္တည္မႈဟာ ၾကယ္မ်ားဝန္းရံခံထားရသည့္အလယ္မွ လမင္းတစ္ႀကီးတစ္စင္းႏွင့္ တူေလၿပီး...
သူရွိရာအရပ္မ်က္ႏွာတိုင္းတြင္ အလင္းေရာင္ရွိေနျခင္းမ်ိဳး---
------
ဒုတိယထပ္ သီးသန့္ေနရာမွဆင္းလာၿပီးေနာက္တြင္ စန္းရန္က ေအာက္ထပ္ရွိ ဝန္ထမ္းမ်ားနားေနခန္းထဲသို႔ ဝင္လာခဲ့သည္။
ဆိုဖာေပၚထိုင္လိုက္ၿပီးေနာက္ ဖုန္းကိုထုတ္၍ဖြင့္ၾကည့္ကာ တစ္ခဏအၾကာ၌ တဖန္ျပန္ခ်ထားလိုက္၏။ သူ႕ အရက္ေသာက္နိုင္သည့္အားက မေသး ၊ ထို႔အျပင္ ယေန႕ည၌လည္း မ်ားမ်ားစားစားမေသာက္လိုက္ပါသည့္တိုင္ နားလည္ရခက္ေလာက္ေအာင္ ေခါင္းတဆစ္ဆစ္ထိုးကိုက္ေနေတာ့သည္။
စန္းရန္က အိတ္ကပ္ထဲမွစီးကရက္ဘူးကိုထုတ္ၿပီး ဘူးထဲမွတစ္လိပ္ထုတ္ယူလိုက္ကာ အေပၚထပ္မွယူလာခဲ့သည့္မီးျခစ္ႏွင့္ မီးညွိလိုက္၏။အခ်ိန္ေတာ္ေတာ္ၾကာၾကာ တစ္ေယာက္တည္း စီးကရက္ရွိုက္ေနၿပီးေနာက္တြင္ေတာ့ စုေဟာက္အန္းပါ ေရာက္လာခဲ့သည္။
"မင္း မျပန္ေသးဘူးလား..အိပ္ခ်င္ေနၿပီဆို"
စုေဟာက္အန္းက စန္းရန္ကို အေသအခ်ာၾကည့္ေနရင္း ဆက္၍
"နတ္ဘုရားမေလးဝိန္းနဲ႕ အတူတူျပန္ဖို႔ ေစာင့္ေနတာလား"
စန္းရန္က ေျခေထာက္ႏွစ္ဖက္အား စားပြဲခုံေပၚသို႔တင္ထားကာ စုေဟာက္အန္းအား အေရးမလုပ္။
စုေဟာက္အန္းက စန္းရန္၏ေဘး၌ ဝင္ထိုင္လိုက္ကာ စီးကရက္ဘူးထဲမွတစ္လိပ္ထုတ္လိုက္၏။သူ႕ပုံစံမွာလည္း စိတ္ၾကည္ေနပုံမရ၏။
"ေအ့..ငါ-ူး ငါ ေအးေအးေဆးေဆးျဖစ္ေတာ့မယ့္အခ်ိန္က်မွ ဒီေန႕ ဟိုမိန္းကေလးအေၾကာင္းကို ျပန္ၾကားလိုက္ေတာ့ ေနလို႔ထိုင္လို႔မေကာင္းေတာ့ဘူး"
"...."
"ေလာင္ဇစ္ ရည္းစားထားၿပီး အသဲေတြလိုက္ခြဲခဲ့တာ ဘယ္ႏွႏွစ္ေလာက္ေတာင္ရွိေနၿပီလဲ"
စုေဟာက္အန္းက စီးကရက္မီးညွိလိုက္ၿပီးသည့္တိုင္ စီးကရက္ေသာက္ဖို႔ရာပင္မအားဘဲ စကားဆက္ေျပာေန၏။
"ငါ-ူး ဒါ ငါပထမဆုံးဦးထုပ္စိမ္းေဆာင္းခံရတာပဲ..မင္း ယုံနိုင္လား ဟမ္..ငါ့႐ုပ္က..."
စုေဟာက္အန္းက တစ္ခဏရပ္ပစ္လိုက္ၿပီး သူ႕မ်က္ႏွာသူ လက္ညွိုးထိုးျပ၍
"ဒီလို႐ုပ္ရည္မ်ိဳး! ပိုက္ဆံကလည္းခ်မ္းသာေသးတယ္ကြာ!"
"...."
"အဲ့ဒါကို ဦးထုပ္စိမ္းေဆာင္းခံရတာ!"
"မင္းရဲ႕ ဒီ IQ နဲ႕ "
စန္းရန္က ႏွာတစ္ခ်က္မႈတ္လိုက္၍
"အသဲကလိုက္ခြဲခ်င္ေသးတယ္"
"သြားစမ္းကြာ..မင္း လူေရာဟုတ္ေသးရဲ႕လား"
စုေဟာက္အန္းက မေက်မနပ္ျဖင့္
"မင္းဆီကေန ငါ့ကိုႏွစ္သိမ့္ေပးတဲ့စကားမ်ိဳးကို တစ္ခါေလးေတာင္ မၾကားဖူးဘူး!"
"ဘာကို ႏွစ္သိမ့္ေပးရဦးမွာလဲ"
စန္းရန္၏ပုံစံက အနည္းငယ္အိပ္ခ်င္ေနပုံရကာ မ်က္လႊာမ်ား ေအာက္သို႔စိုက္ခ်ထားၿပီး စကားကိုလည္းႏွေးႏွေးေကြးေကြးသာဆိုေန၏။
"ေယာက္်ားရင့္မာႀကီးေတြက ဒီလိုစကားေတြကိုေလွ်ာက္ေျပာေနတတ္လို႔လား"
"အဓိကကကြာ..အဲ့ဒီဝမ္လင္လင္က ဟိုတစ္ေယာက္ကသူ႕အစ္ကိုဝမ္းကြဲပါဆိုၿပီး တစ္ခ်ိန္လုံးေျပာထားခဲ့တာ..ငါဆိုတဲ့ေကာင္ကလည္း ယုံၿပီး သုံးေလးႀကိမ္ေတာင္ေတြ႕ဖူးေသးတယ္..ေတြ႕တဲ့အခ်ိန္တိုင္းလည္း ေကာင္းေကာင္းမြန္မြန္နဲ႕ အစ္ကိုဝမ္းကြဲလို႔ပဲေခၚျပေနတာကြာ..ေနာက္ဆုံးတစ္ေခါက္ ငါ သူ႕ဆီသြားတဲ့အခ်ိန္တုန္းက အဲ့ႏွစ္ေယာက္ သည္းႀကီးမည္းႀကီးကိုနမ္းေနၾကတာ"
"...."
"ငါ တစ္ညလုံးစားထားသမွ်ေတြေတာင္ အန္ထုတ္ပစ္ခ်င္စိတ္ေပါက္တယ္!..ငါ-ိုးပဲ!"
"ေတာ္ၿပီကြာ..ငါ-ူး လမ္းေတာင္ခြဲၿပီးၿပီမလား"
စုေဟာက္အန္းက မေက်မနပ္ျဖစ္ေနဆဲျဖစ္ၿပီး
"အဲ့လိုဆိုရင္ေတာင္ ငါ ခဏေလးျဖစ္ျဖစ္ေပါက္ကြဲလို႔မရဘူးလား!..မင္း ဒီေန႕ည ဘယ္လိုျဖစ္ေနတာတုန္း..မင္းရဲ႕ညီအစ္ကိုလိုသူငယ္ခ်င္း ငါက ဦးထုပ္စိမ္းေဆာင္းခံလိုက္ရတာ! လမ္းခြဲလိုက္ၿပီ! ရည္းစားမရွိေတာ့ဘူး! မင္းငါ့ကို အခုထိ စိတ္မရွည္သလိုဆက္ဆံေနတုန္းလား!"
စန္းရန္က ဆက္၍နားမေထာင္ခ်င္ေတာ့သျဖင့္ ႐ုတ္တရက္မတ္တပ္ထရပ္ကာ စီးကရက္မီးအားၿငိမ္းသတ္လိုက္၏။
"ငါ သြားၿပီ"
စုေဟာက္အန္းက ခ်က္ခ်င္းဆိုသလို ၿငိမ္သက္သြားခဲ့၏။ သူ မည္မွ်ပင္စကားမ်ားေပါက္ကြဲေနပါေစ စန္းရန္၏စိတ္အေျခအေနကိုေတာ့ သူ ခန့္မွန္းနိုင္ပါေသးသည္။
"မင္း ဘာျဖစ္ေနတာလဲ"
"...."
"မင္း ကားမယူလာဘူးေလ..ၿပီးေတာ့ အရက္လည္းေသာက္ထားေသးတယ္..ဘယ္လိုျပန္မွာလဲ?"
စုေဟာက္အန္းက စန္းရန္အား လွမ္းတားလိုက္၍
"ခဏေနရင္ ခ်န္ေဖး လာလိမ့္မယ္..အဲ့က်မွ သူ႕ကို လိုက္ပို႔ခိုင္းလိုက္..မင္း ျပန္သြားၿပီးလည္း လုပ္စရာမွမရွိတာ"
သူ ေျပာလိုက္သည့္စကားက က်ိဳးသင့္ေၾကာင္းသင့္ရွိေသာေၾကာင့္လား မသိ ၊ စန္းရန္က ဆက္မသြားေတာ့ဘဲ ဆိုဖာေပၚ ပစ္မွီခ်လိဳက္ေတာ့၏။
စုေဟာက္အန္းက သူ႕အား စိုက္ၾကည့္ေနရင္း
"မင္း ေသာက္တာမ်ားသြားလို႔လား?"
"...."
"ဒါမွမဟုတ္ ရွန့္လန္ေၾကာင့္ စိတ္မၾကည္ေတာ့တာလား"
စန္းရန္က ဘာမွျပန္မေျပာဘဲ ဆိတ္ဆိတ္ၿငိမ္ေနေလသည္။
"မင္း ဒီလိုျဖစ္သြားစရာလိုလို႔လားကြာ..သူတို႔ႏွစ္ေယာက္ကျဖင့္ ရင္းႏွီးေနတာ ၾကာလွၿပီ..တကယ္လို႔သာ တြဲခ်င္ၾကမယ္ဆိုရင္ ငါ-ူး ဟိုးအေစာကတည္းက တြဲၾကမွာေပါ့..."
ဤအထိစကားဆိုလာရင္း စုေဟာက္အန္းက သူေျပာေနသည့္စကားမ်ားသည္ စန္းရန္၏ပုံစံႏွင့္ အလြန္တရာကိုလိုက္ဖက္ညီေနျခင္းေၾကာင့္ ဆက္၍
"ေျပာရရင္..မင္း ဝိန္းရိဖန္ကို သေဘာက်ေနတုန္းလား?..အစကေတာ့ မင္း သူ႕အေပၚ အဲ့လိုအဓိပ္ပါယ်မျိုးသက်ေရာက္ေနတုန္းပဲလို႔ထင္လိုက္ၿပီး မင္းအတြက္အခြင့္အေရးရွာေပးခ်င္တာနဲ႕ မင္းတို႔ႏွစ္ေယာက္ကို အိမ္ခန္းမွ်ေနျဖစ္ေအာင္လုပ္ေပးလိုက္တာ..ဒါေပမယ့္ ဒီေန႕ မင္း သူ႕အေပၚ ဆက္ဆံေနတဲ့ပုံစံကိုၾကည့္ၿပီး ငါ ခန့္မွန္းလိုက္တာေတြမွားေနသလားလို႔"
"...."
စုေဟာက္အန္းက သူ႕လက္ေမာင္းကိုပုတ္လိုက္၍
"လာ..ငါ့ကို ရင္ဖြင့္စမ္းပါ..မင္းလိုမ်ိဳး ပါးစပ္ကေန လုံးဝေလွ်ာက္မေျပာဘူးလို႔ ငါ အာမခံတယ္..လူတစ္ေယာက္က ဝမ္းနည္းစရာေကာင္းတဲ့စကားေျပာေနတဲ့အခ်ိန္မွာလည္း မင္းလိုမ်ိဳး ဟိုေနရာကို ဓါးနဲ႕မထိုးဘူး"
"မင္းကို ရင္ဖြင့္ရေအာင္ ငါက ႐ူးေနတာမလို႔လား"
စန္းရန္က ရယ္လိုက္ရင္း
"မင္းေျပာၾကည့္စမ္းပါ..မင္းနဲ႕ ေလာ္စပီကာနဲ႕ ဘာကြာလို႔လဲ"
"...."
စုေဟာက္အန္း နင့္ခနဲျဖစ္သြားၿပီး စန္းရန္ႏွင့္ ျငင္းခုန္ေတာ့မည့္အခိုက္။
"ေလာင္ဇစ္က အိပ္ခ်င္ေန႐ုံပဲ"
စန္းရန္က မ်က္လႊာကိုေအာက္သို႔စိုက္ခ်ထားရင္း ခပ္တိုးတိုးအသံျဖင့္သာ စကားဆိုလာခဲ့၏။
"မင္းက ေတာ္ေတာ္ေလးကိုဦးႏွောက္ေဆးတတ္တဲ့ေကာင္"
စုေဟာက္အန္း မတ္တပ္ထရပ္၍
"သြားစမ္းပါ..ငါကပဲ ငါ့ခံစားခ်က္ေတြကို ျဖဳန္းတီးပစ္ေနတယ္လို႔မွတ္လိုက္ၿပီ"
စုေဟာက္အန္းက ၾကာၾကာၿငိမ္ၿငိမ္ေနတတ္သည့္သူမ်ိဳးမဟုတ္သျဖင့္ ထိုင္ေနၿပီးသိပ္မၾကာခင္ပင္ အျပင္ထြက္ရန္ျပင္ေတာ့၏။ စန္းရန္၏စကားလုံးမ်ားကို နားေထာင္လိုက္ရၿပီးေနာက္တြင္ေတာ့ သူကိုယ္တိုင္က ယေန႕တြင္ ေတာ္ေတာ္ေလးစကားမ်ားလိုက္ၿပီမွန္း နားလည္လိုက္ကာ ဘယ္အရာကိုမွမ်က္လုံးထဲမထည့္တတ္သည့္အႏွီအႀကီးဆုံးသခင္ေလးက သူ႕ေၾကာင့္ျဖင့္ စိတ္ခံစားခ်က္မ်ားရႈပ္ေထြးခံလိုက္ရမည္မွန္းလည္း အမွန္တကယ္ခံစားမိလိုက္သည္။
အနားယူခန္းထဲမွထြက္မသြားခင္ စုေဟာက္အန္းက ဆိုဖာေပၚ၌လွဲေနသည့္ စန္းရန္အား တစ္ခ်က္လွမ္းၾကည့္လိုက္သည္။
႐ုတ္တရက္ဆိုသလို စန္းရန္၏လက္ရွိအမူအရာတို႔ဟာ ရင္းႏွီးေနသေယာင္ေယာင္ ခံစားမိလိုက္ရၿပီး သူတို႔၏တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္စာရင္းထြက္လာသည့္ေန႕အား အမွတ္ရမိလိုက္၏။
စုေဟာက္အန္း၏အဆင့္မ်ားဟာ အေတာ္ေလးကိုဆိုးခ်ာၿပီး အထက္တန္း တတိယႏွစ္သို႔ေရာက္လာျခင္းသည္ပင္ အလယ္တန္းေက်ာင္းအုပ္ သူ႕ဦးေလးတစ္ဦးရွိေနျခင္းေၾကာင့္ျဖစ္သည္။ ထိုအခ်ိန္တုန္းက စနစ္မွာ အထက္တန္းစာေမးပြဲေျဖၿပီးေနာက္တြင္ ရနိုင္မည့္အမွတ္မ်ားကို ခန့္မွန့္ေခ်တြက္ၿပီး တာဝန္က်သဴမ်ားအား ေျပာျပၿပီးမွသာ အျပင္ထြက္ခြင့္ရျခင္းျဖစ္သည္။
စာေမးပြဲခန္းထဲမွ ထြက္လာၿပီး ေနာက္တစ္စကၠန့္တြင္ စုေဟာက္အန္းက ဤတစ္ႀကိမ္တြင္ သူလုံးဝသြားၿပီ ျဖစ္ေၾကာင္း တန္းသိလိုက္၏။
သို႔ေသာ္လည္း အေဖျဖစ္သူက သူ႕အား တကၠသိုလ္ဝင္တန္းစာေမးပြဲသာ ေအာင္လာၿပီး မည္သည့္တကၠသိုလ္ေရာက္သည္ျဖစ္ေစ ကြန္ပ်ဴတာအသစ္တစ္လုံး ဝယ္ေပးမည့္အေၾကာင္း ေျပာထားခဲ့ဖူးသည္။ ထို႔ေၾကာင့္ စုေဟာက္အန္းက စိတ္လႈပ္တရွားျဖင့္ စာေမးပြဲၿပီးသြားသည့္ေန႕၌ပင္ သူ႕အေဖအား သူသည္ ပထမအသုတ္ျဖင့္ ေအာင္မည္ျဖစ္ေၾကာင္း ၊ နန္းဝူတကၠသိုလ္ကိုပင္ အလြယ္ေလးေရာက္မည္ျဖစ္ေၾကာင္း ႐ုပ္တည္တည္ျဖင့္ေျပာဆိုခဲ့သည္။
အေဖျဖစ္သူက သူ႕ေလလုံးထြားမႈကိုနားေထာင္ၿပီး ေနာက္တစ္ေန႕၌ စုေဟာက္အန္းအား ကြန္ပ်ဴတာအသစ္တစ္လုံး ဝယ္ေပးခဲ့ေတာ့သည္။
အခ်ိန္မ်ား ျဖတ္သန္းကုန္ဆုံးသြားခဲ့ၿပီး တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္စာရင္းထြက္သည့္ေန႕တြင္ စုေဟာက္အန္းက တစ္ေန႕လုံး အိမ္မျပန္ရဲေတာ့ဘဲ အင္တာနက္ဆိုင္ထဲသာ ေနေနခဲ့သည္။ေနာက္တြင္ေတာ့ ထုံးစံအတိုင္း စန္းရန္အိမ္သို႔ ေျခဦးလွည့္လာခဲ့၏။
အခ်ိန္ကား ည ၈နာရီဝန္းက်င္ေရာက္ေနၿပီျဖစ္ၿပီး စန္းရန္ႏွင့္ စန္းရန္၏အေဖ 'စန္း႐ုံ' တို႔မွာ အိမ္ထဲတြင္မရွိၾက ၊ စန္းရန္၏အေမ 'လီဖင္' က အိမ္စာလုပ္ေနသည့္ စန္းက်ီကို စာျပေနရင္း သူ႕အား ႏြေးႏြေးေထြးေထြးႀကိဳဆိုကာ စန္းရန္၏အိပ္ခန္းထဲ၌သာ ေစာင့္ခိုင္းထားလိုက္၏။ စုေဟာက္အန္းက စန္းရန္၏အိမ္သို႔ လာေနက်ျဖစ္သျဖင့္ အားနာစိတ္တို႔မျဖစ္ပါဘဲ စန္းရန္၏အိပ္ခန္းထဲသို႔သာ တန္းဝင္သြားလိုက္၏။
စန္းရန္အိပ္ခန္းထဲမွ ဂိမ္းစက္ကိုဖြင့္လိုက္ၿပီး တစ္ကိုယ္တည္းကစားေနခဲ့ကာ တစ္ေန႕လုံး လွ်ပ္စစ္ဖန္သားျပင္ကိုၾကည့္လာခဲ့ေၾကာင့္ အခ်ိန္ၾကာၾကာကစားသည္ႏွင့္အမွ် ငိုက္မ်ည္းလာၿပီး စန္းရန္၏အိပ္ရာေပၚ ဝင္လိုက္ေတာ့သည္။
တံခါးအဖြင့္အပိတ္လုပ္သံတစ္ခုေၾကာင့္ နိုးနိုးၾကားၾကားျဖစ္သြားခဲ့သည့္စုေဟာက္အန္းက မ်က္လုံးဖြင့္ၾကည့္လိုက္လွ်င္ စန္းရန္အား ျမင္လိုက္ရ၏။
တံခါးပိတ္ေနသည့္ ဆယ္ေက်ာ္သက္ေကာင္ေလးက အနက္ေရာင္ရွပ္အကၤ်ီလက္တိုအား ခဲေရာင္ေဘာင္းဘီႏွင့္ တြဲဖက္ဝတ္ဆင္ထားသည္။ခႏၶာကိုယ္အေပၚပိုင္းက မသိသာေသာ္ျငား ေဘာင္္းဘီအေရာင္က သိသိသာသာကိုနက္ေမွာင္ေနကာ ဆံပင္မ်ားကလည္း အနည္းငယ္ေရစိုေနေလသည္။စုေဟာက္အန္းက
"အျပင္မွာ မိုး႐ြာေနတာလား..ငါလာတုန္းကေတာင္ ရာသီဥတုက အေကာင္းႀကီးပါ"
စန္းရန္ သူ႕အား တစ္ခ်က္လွမ္းၾကည့္၍
"မင္း ဘာလို႔ေရာက္ေနတာလဲ"
"ေအာင္စာရင္းထြက္ၿပီေလကြာ..အိမ္မျပန္ရဲေတာ့ဘူး..ငါ့အေဖက ငါ့ေျခေထာက္ကို ရိုက္ခ်ိဳးမွာေၾကာက္တယ္"
"ခံသင့္တဲ့ေကာင္..ေလက်ယ္ေနတုန္းကက်ေတာ့ ေျခေထာက္ရိုက္ခ်ိဳးခံရမွာကို မေၾကာက္ခဲ့ဘူးလား"
ယေန႕ညတြင္ စန္းရန္က သူ႕အားေခၚထားေပးမည့္ေက်းဇူးရွင္ျဖစ္သည့္အတြက္ စုေဟာက္အန္းက ျပန္ျငင္းခုန္ျခင္းမလုပ္ဘဲ
"မင္း ဘယ္ေတြသြားေနတာလဲ..ငါ မင္းကို ဂိမ္းေဆာ့ရင္းေစာင့္ေနတာ အၾကာႀကီးပဲ.."
ေျပာေနရင္း စုေဟာက္အန္းက အခ်ိန္တစ္ခ်က္လွမ္းၾကည့္လိုက္၍
"ငါ-ူး..၁၁နာရီေတာင္ ထိုးေနၿပီလား"
"ဘယ္မွမသြားဘူး..ဒီအတိုင္း ျပန္မလာတာ"
စန္းရန္က ေရမခ်ိဳးေတာ့ဘဲ ဂိမ္းစက္အေရွ႕ရွိ ေကာ္ေဇာခင္းေပၚထိုင္ခ်လိဳက္ကာ စုေဟာက္အန္းထံသို႔ ဂိမ္းခလုတ္တစ္ခုပစ္ေပးလိုက္၍
"ကစားမွာလား မကစားဘူးလား"
စုေဟာက္အန္းက ခ်က္ခ်င္းလွမ္းယူၿပီး
"ခ်ကြာ"
ႏွစ္ေယာက္သားက အခ်ိန္တစ္ခဏၾကာေအာင္ ကစားေနၾကရင္း စုေဟာက္အန္းက
"မင္း ဒီေလာက္ေနာက္က်မွျပန္လာတာ..ဦးေလးနဲ႕အန္တီတို႔က မဆူဘူးလား"
စန္းရန္ ;
"ျဖစ္နိုင္လား?"
စုေဟာက္အန္းက ေျပာစရာမဲ့သြားရင္း
"အဲ့ေတာ့ မင္းက အခြင့္အေရးအျပည့္အဝယူၿပီေပါ့"
သူက ဆက္၍
"မင္း ဘယ္သြားေနခဲ့တာလဲ..နန္းဝူတကၠသိုလ္ကို ဝင္ခြင့္ရထားတာမလား..ဒီေလာက္ေတာင္ မိုက္လဲ..ငါသာ အဲ့အမွတ္ထိေရာက္ခဲ့ရင္ ငါ့အိမ္မွာ ငါက ေကာင္းကင္မင္းႀကီးလုပ္ေန႐ုံပဲ"
စန္းရန္ ;
"မင္း စကားတအားမ်ားတာပဲ"
"ေအ့"
စုေဟာက္အန္းက စန္းရန္၏အက်င့္ႏွင့္ ေနသားက်ေနသူျဖစ္ကာ ဆက္၍
"ငါေတာ့ ဘယ္တကၠသိုလ္ကိုေရာက္မယ္မွန္းမသိေသးဘူး..ခုဏေလးတုန္းကေတာ့ 'ခ်န္ခ်န္' ပို႔စ္တင္ထားတာေတြ႕တယ္..သူ(မ) A တကၠသိုလ္ကို ေရာက္တယ္တဲ့..ဒါေပမယ့္ ငါက A ၿမိဳ႕က တကၠသိုလ္ကိုမေလွ်ာက္ထားဘူး"
စန္းရန္က စကားတစ္ခြန္းမဆို။
စုေဟာက္အန္းက တစိမ့္စိမ့္ျဖင့္ ဆက္လက္ေတြးေနဆဲ။
အခ်ိန္မည္မွ်ၾကာသြားခဲ့မွန္းမသိ ၊ ႐ုတ္တရက္ဆိုသလို စုေဟာက္အန္းက ဂိမ္းဖန္သားျပင္ထက္ရွိ စန္းရန္ကိုင္ထားသည့္သူရဲေကာင္းက မလႈပ္မယွက္ရပ္ေနၿပီး သူရိုက္သမွ်ၿငိမ္ၿပီးခံေနသည္အား ေတြ႕လိုက္ရ၏။ ဂိမ္းကစားလာသမွ်ပြဲတိုင္းတြင္ စန္းရန္အား တစ္ခါေလးမွ မနိုင္ခဲ့ဖူးသည့္အတြက္ စုေဟာက္အန္းက ဤအခြင့္အေရးကိုအျပည့္အဝယူကာ အ႐ူးမီးဝိုင္းရိုက္ပါေလေတာ့၏။
သူရဲေကာင္းအား ေသသည္အထိ နိုင္ေအာင္ခ်ၿပီးသြားသည့္အခ်ိန္တြင္ေတာ့ စုေဟာက္အန္းက စန္းရန္ဘက္သို႔လွည့္ကာ ဟန္ပန္အျပည့္ျဖင့္
"မင္းဟာက ေၾကာင္ေနတာလား ဘာလား....ဘာလို႔ ဒီေလာက္လြယ္....."
စကားဆုံးေအာင္မေျပာလိုက္ရပါဘဲ စကားလုံးမ်ားက လည္ေခ်ာင္းဝ၌ ျဖစ္ညွစ္ခံလိုက္ရသလို ပိတ္ဆို႔သြားခဲ့ေတာ့၏။ အဘယ္ေၾကာင့္ဆိုသည့္အေၾကာင္းျပခ်က္မ်ိဳးမရွိသည့္တိုင္ ထိုအခိုက္အတန့္စာေလးတြင္ေတာ့ စုေဟာက္အန္း အမွန္တကယ္ကိုစကားေျပာမထြက္လာေတာ့၏။
သူျမင္လိုက္ရသည့္ စန္းရန္မွာ လက္ထဲတြင္ကိုင္ထားသည့္ဂိမ္းခလုတ္အား ၿငိမ္သက္တိတ္ဆိတ္၍ၾကည့္ေနပုံရေသာ္လည္း သူ႕ပုံစံက ထိုအရာကို ေငးၾကည့္ေနျခင္းမ်ိဳးမဟုတ္။ စိတ္ဝိဥာဥ္က ခႏၶာကိုယ္ထဲတြင္ မရွိေတာ့သည့္အလား ခႏၶာကိုယ္ကို ခပ္ေလ်ာ့ေလ်ာ့ကိုင္းခ်ထားၿပီး ထပ္ၾကည့္လိုက္လွ်င္လည္း တင္းထားသေယာင္ေယာင္။
သူဟာ မလႈပ္မယွက္ၿငိမ္ေနသည့္ ပန္းခ်ီျပ႐ုပ္တစ္ခုသဖြယ္...
ထပ္ၿပီး ေနာက္ဆုံးကန့္သတ္ခ်က္ေရာက္ေအာင္တင္းရင္းေနေသာ ေလးႀကိဳးတစ္ခု ျပတ္ထြက္ေတာ့မည့္အလားပင္...
စုေဟာက္အန္းမွာ သူ႕အား အလယ္တန္းေက်ာင္းသားအ႐ြယ္ကတည္းက ရင္းႏွီးခဲ့ျခင္းျဖစ္ရာ ပထမဆုံးစတင္ရင္းႏွီးသြားၾကသည့္အခ်ိန္မွစ စန္းရန္သည္ အၿမဲတမ္း မာနႀကီးၿပီး မထီမဲ့ျမင္ျပဳတတ္သည့္ပုံစံမ်ိဳးသာ ျဖစ္ခဲ့သည္။ သူ႕မ်က္ဝန္းမ်ားဟာ အၿမဲတမ္း အျမင့္ဆုံး၌သာ ရွိၿပီး မည္သူ႕ကိုမွ မည္သည့္အရာကိုမွ ဂ႐ုမစိုက္သည့္ပုံစံျဖင့္ ေနခဲ့သည့္သူမ်ိဳး။
အျမင့္ဆုံးတြင္ ေနထိုင္ရာဖို႔အတြက္ ေမြးဖြားလာသလိုမ်ိဳးပင္...
သို႔ေသာ္ ထိုစကၠန့္အခိုက္အတန့္ေလးတြင္ေတာ့...
စုေဟာက္အန္း နားမလည္နိုင္စြာ ခံစားမိလိုက္သည့္ထင္ေယာင္ထင္မွားတစ္ခုမွာ...
သူ႕ တစ္ကိုယ္လုံးေပၚလႊမ္းၿခဳံထားသည့္ မာနမ်ားဟာ...
ခ်ိဳးေခ်ခံထားရသကဲ့သို႔ႏွယ္...
***********