တစ်ချိန်တည်းမှာပင် အိပ်ခန်းကြီးထဲ၌။
ဝိန်းရိဖန်က ဖုန်းမျက်နှာပြင်ပေါ်မှ ဂဏာန်းနံပါတ်ကို စိုက်ကြည့်နေရင်း လုံးလုံးလျားလျားတိတ်ဆိတ်သွားမိတော့သည်။ တွေးမိလိုက်သည်မှာလည်း အကယ်၍ ငွေလွှဲလိုက်သည့်ပမာဏမှာ '250' ဖြစ်နေခဲ့လျှင် ယခုနံပါတ်ကြီးထက် ပိုကောင်းလိမ့်မည်ဟူ၍ပင်။ သို့သော်လည်း သူမအနေဖြင့် စိတ်မသိုးမသန့်ဖြစ်နေခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်
[ဒါက နင် လွှဲထားတဲ့ထဲက ပိုတဲ့ငွေ ၊ ငါ နင့်ကို ပြန်လွှဲပေးလိုက်တယ်နော် ]
--ပေးပို့၍မရပါ။
နှစ်ယောက်သားက Alipay အကောင့်ထဲတွင် friend မဖြစ်သေး။
အကောင့်၏မျက်နှာပြင်ပေါ်၌ ချက်ချင်းပေါ်လာသည့် system မှာ 'Friend ဖြစ်ပြီးသွားမှ စာပေးပို့၍ရပါမည် ၊ Friend request ပေးပို့ရန်'။
တစ်ချိန်တည်းဆိုသလို စန်းရန်က သူမအား Wechat မှတဆင့် စာပို့လာခဲ့သည်။
[ ? ]
"...."
တကယ်ကို အမေးသင်္ကေတကြီးတစ်ခု...
စန်းရန်၏ 520 ဆိုသည့်နံပါတ်အားမြင်လိုက်ရပြီးနောက် ဖြစ်သွားမည့်မျက်နှာပေးကို မြင်ယောင်ကြည့်မိလိုက်၏။
အရမ်းတော့ မဆိုးလောက်ဘူးမလား..
ဝိန်းရိဖန်၏ပြန်စာကို မစောင့်တော့ဘဲ စန်းရန်က ထပ်၍စာပို့လိုက်၏။
[ မင်းမှာ ဘာပြောစရာရှိလို့လဲ ]
ဤကိစ္စက တစ်ဖက်လူအတွက် စိတ်ကူးယဥ်ဆန်သွားနိုင်သည်ပဲဆိုဆို ၊ ဝိန်းရိဖန်အနေဖြင့်တော့ တမင်သက်သက် ဖန်တီးယူလိုက်ခြင်းမဟုတ်ပါပေ။ ဝိန်းရိဖန်က လှဲအိပ်နေရာမှ ထထိုင်လိုက်ပြီး ရှင်းပြရန်ဆုံးဖြတ်လိုက်၏။
[ ဟိုဟာက ငါ နင့်ကို ပိုတဲ့ငွေ ပြန်လွှဲပေးတာ ]
ဝိန်းရိဖန်က အတွက်အချက်စာရင်းကို တစ်ခုချင်းစီချရေး၍
[ အိမ်ခန်းငှားခက ၉၀၀၀ ၊ ကြိုပေးထားတဲ့စရံငွေက ၂၅၀၀ ၊ ရေဖိုးမီတာဖိုးက ၄၀၀ ]
ထို့နောက်တွင် အဝတ်လျှော်စက်ဝယ်ထားသည့်စာရင်းကိုပါ ပို့ပေးလိုက်ပြီး
[ အဝတ်လျှော်စက်က ယွမ် ၁၁၉၀ နဲ့ဝယ်ထားတာ ]
ဝိန်းရိဖန် ; [ ငါက စာရင်းအင်းတွေထိန်းသိမ်းတဲ့နေရာမှာ မတော်ဘူး..ဒါကြောင့်မလို့ နင် ငါ့ကို ပိုက်ဆံတွေကြိုမပေးထားနဲ့..ပစ္စည်းတစ်ခုခုဝယ်ဖြစ်တဲ့အချိန်ကျမှပဲ ထပ်ပြောရအောင် ]
တစ်ခဏအကြာတွင်။
စန်းရန်က အသံမက်ဆေ့တစ်ခု ပို့လာခဲ့သည်။
"မင်း နောက်တစ်ခါပြန်တွက်ကြည့်လိုက်ဦး"
သူ့အသံနေအသံထားတို့က တစ်ချက်လေးမျှ ယိမ်းယိုင်သွားခြင်းမရှိ ၊ နားထောင်ရသူအဖို့ အေးစိမ့်နေသည့်အငွေ့အသက်များကိုပါ ထုတ်လွှတ်ပေးနေသေးသည်။ သို့သော် နောက်ဆုံးစကားလုံးကို ပြောလိုက်သည့်အချိန်တွင်တော့ အနားသတ်စကားသံက သိသိသာသာကို ခလုတ်တိုက်ပြလေပြီး ရန်စလိုသည့်အရိပ်အယောင်များပင် ပါနေလေသည်။
နားထောင်လိုက်ရသူအဖို့ ချက်ချင်းပြေးဆင်းသွားပြီး သူနှင့် တစ်ပွဲတစ်လမ်း နွှဲပစ်ချင်စိတ်များက တဖွားဖွား။
"...."
သို့သော်လည်း ဝိန်းရိဖန်က တစ်စုံတစ်ရာအားမရှင်းမလင်းဖြစ်နေရသေးသဖြင့်...
သူ့စကားက ဘာအဓိပ္ပါယ်လဲ?..
သူမ မှားတွက်ထားတယ်လို့ ပြောချင်တာလား..
ထို့အပြင် သူမ ပို့လိုက်သည့် ငွေပမာဏကိန်းဂဏာန်းများကိုကြည့်နေရင်းလည်း စိတ်ထဲမသေချာမရေရာဖြစ်လာရတော့သည်။
မှားတော့ မတွက်လောက်ပါဘူးမလား..
ဝိန်းရိဖန်က ချက်ချင်းစာမပြန်သေးဘဲ ဂဏာန်းပေါင်းစက်ကိုဖွင့်ပြီး တဖန်ပြန်တွက်ကြည့်လိုက်၏။
တွက်ချက်ပြီးသွားသည့်ရလဒ်မှာ '505'။
( အခန်းခ 3000×3=9000 ၊ စရံငွေ - 2500 ၊ ရေဖိုး - 400 ၊ အဝတ်လျှော်စက်တစ်ဝက် - 595 ၊ total -12495 ... စန်းရန်ပေးတဲ့ 13000-12495 = 505 ကျန် )
ဤရလဒ်မှာ ဝိန်းရိဖန်အတွက်တော့ နွေခေါင်ခေါင်၌မိုးကြိုးပစ်ချလိုက်သည့်အလား။
အဖြေမှန်ရလဒ်ကို ရင်မဆိုင်ချင်သည့်အပြင် ယခုအချိန်တွင် အတွက်အချက်အဖြေတစ်ခုတည်းကသာ သူမ၏ရိုးရိုးသားသားမက်ဆေ့ကို သက်သေလုပ်နိုင်မည့်အခြေအနေ။ထို့ကြောင့် ဂဏာန်းတွက်စက်မှ ကိန်းနံပါတ်များကိုရှင်းလိုက်ကာ နောက်တစ်ကြိမ် အစမှပြန်ပြီးတွက်ချက်လိုက်၏။
အဖြေသည်ကား မပြောင်းမလဲ။
ဝိန်းရိဖန်တစ်ယောက် အေးခဲရပ်တန့်သွားသည့်အလား ငြိမ်သက်နေကာ ဦးနှောက်တစ်ခုလုံး ဘယ်လိုရှင်းပြရမည့်အကြောင်းများဖြင့်လည်ပတ်နေလေပြီ။
သိပ်မကြာလိုက်ခင်ပင် စန်းရန်ထံမှ အသံမက်ဆေ့တစ်ခု ထပ်ရောက်လာခဲ့၏။
သူ့ပုံစံမှာ သူမထက် ခြေတစ်လှမ်းစောအောင်လှမ်းလိုက်သည့်ပုံစံမျိုးဖြစ်ပြီး အသံနေအသံထားက ယောင်ဝါးဝါးရယ်ထားပုံလည်းရကာ သူမအတွက် ကာပြောပေးလိုက်သည့်ဟန်ဖြင့်
"ရတယ်..ကိုယ် နားလည်တယ်..မင်း မှားတွက်မိထားတာနေမှာ"
"...."
ဝိန်းရိဖန်တစ်ယောက် စန်းရန်ကဲ့သို့သောလူမျိုးအား တစ်ခါလေးမှ မတွေ့ခဲ့ဖူး...
စန်းရန်လိုလူမျိုးနှင့် အဆက်အဆံလုပ်ရန်အတွက်တော့ သူမနားလည်ထားသည့်တစ်ခုတည်းသောနည်းလမ်းမှာ သူ့ဆိုလိုရင်း နားမလည်ချင်ယောင်ဆောင်ရုံသာ ဖြစ်တော့၏။
ဝိန်းရိဖန် ; [ ဟုတ်တယ်..သတိပေးတဲ့အတွက် ကျေးဇူး ]
ဟိုသင်္ကေတခေါင်းကြီးက ပြန်စာ မပို့တော့ပေ။
ဆယ်မိနစ်ကျော် ကြာသွားပြီးနောက်တွင်။
ဝိန်းရိဖန်က နောက်ထပ်စာကြောင်းတစ်ကြောင်း ပို့လိုက်၏။
[ ဒါဆို ငါနင့်ကို ပိုလွှဲထားမိတဲ့ ယွမ် ၁၅ ကျပ်....]
ဝိန်းရိဖန် ;
[ ငါ့ wechat အကောင့်ထဲကိုပဲ ပြန်လွှဲပေးလိုက်နော် ]
"...."
ပစ္စည်းများ နေရာတကျထားပြီးနောက်တွင် ကြမ်းပြင်တစ်ခုလုံးက ဖုန်မှုန့်များပေပွနေသဖြင့် ဝိန်းရိဖန် အိပ်ခန်းတံခါးကိုတစ်ခဏဖွင့်ထားလိုက်၏။အပြင်ဘက်တွင် ဧည့်ခန်းမီးများ မှိတ်ထားပြီး စင်္ကြံလမ်းမီးကိုသာ ဖွင့်ထား၏။ ဝိန်းရိဖန်က ဝရံတာထိလျှောက်သွားပြီး သန့်ရှင်းရေးပစ္စည်းများကို ယူလာလိုက်၏။
သန့်ရှင်းပြီးနောက်တွင် ကြမ်းတိုက်အဝတ်တုတ်အား ပြန်လည်ဆေးကြောပြီး ဝရံတာတွင်နေရာတကျပြန်ထားလိုက်၏။
သူမ၏အိပ်ခန်းဆီသို့ အပြန် ၊ စန်းရန်၏အိပ်ခန်းတံခါးရှေ့သို့ ဖြတ်ရသည့်အခိုက်တွင် ရုတ်တရက်ဆိုသလို စန်းရန်၏အိပ်ခန်းတံခါးကပွင့်လာလေတော့သည်။
ဝိန်းရိဖန်၏ခြေလှမ်းများ တုံ့ခနဲရက်တန့်သွားကာ နှစ်ဦးသား အကြည့်ချင်းဆုံသွားခဲ့၏။
စန်းရန်၏ဆံပင်များက ရေစက်လက်ဖြစ်ပြီး အနက်ရောင်ဆံပင်တို့က နဖူးထက်၌ ဟိုတစ်စုဒီတစ်စု ဝဲကျနေ၍ ၊ သူမသည်လည်း သာမန်ညအိပ်ဝတ်စုံတစ်ထည်ဝတ်ထားခြင်းဖြစ်ရာ ပုံမှန်ထက်ပိုပြီး ငယ်ရွယ်ပုံပေါက်နေခဲ့သည်။
သူက သူမအား တစ်ချက်သာလှမ်းကြည့်ပြီး စကားပြောလာခြင်းမရှိ။
ဝိန်းရိဖန်လည်း စကားတစ်ခွန်းမဆို ၊ အကြည့်လွှဲလိုက်ပြီးနောက် အိပ်ခန်းထဲသို့ ပြန်ဝင်လာကာ တစ်ပါတည်း တံခါးလော့ပါချလိုက်သည်။
အချိန်မှာကား ည ဆယ့်တစ်နာရီထိုးပြီးဖြစ်သော်လည်း အိပ်မပျော်သည့်ဝိန်းရိဖန်က စားပွဲရှေ့သို့သွားကာ ကွန်ပျူတာကိုဖွင့်ပြီး စာမူများရေးနေလိုက်၏။ တစ်ခဏအကြာတွင် ငိုက်မျည်းလာသော်လည်း အခန်းပြောင်းသွားသောကြောင့် ကျင့်သားမရဖြစ်နေကာ ချက်ချင်းလည်းအိပ်မပျော်။
တစ်ဖက်ခန်းရှိစန်းရန်သည်လည်း တိတ်ဆိတ်နေလျက်သား။
နောက်တွင်တော့ ဝိန်းရိဖန်တစ်ယောက် အတွေးကမ္ဘာထဲမျောပါသွားရင်း ထူးဆန်းသောခံစားချက်များအား တွေးကြည့်မိတော့၏။
နောက်ဆုံးအကြိမ် ပြန်တွေ့ဆုံကြသည့်အချိန်တုန်းက ဝိန်းရိဖန်တွေးခဲ့ဖူးသည်မှာ သူတို့နှစ်ဦးကြားတွင် ပတ်သတ်စရာဆက်ဆံရေးမျိုး တစ်စိုးတစ်စိလေးမျှရှိလာလိမ့်မည်မဟုတ် ဟူ၍ပင်။
အကြောင်းပြချက်မှာ ထိုအထက်တန်းကျောင်းပြီးသွားခဲ့ပြီးနောက် ဖြတ်ပစ်ခဲ့ကြသည့် ဆက်ဆံရေးကြောင့်လည်းဖြစ်နိုင်သလို တွေ့ကြသည့်အချိန်မျိုးတွင် ခေါင်းတစ်ချက်မငုံ့ပြခဲ့သည့်ဆက်ဆံရေးကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးနှစ်ယောက်လုံး၏ အကျင့်စရိုက်များမှာ လုံးဝမတူညီသည့်အပြင် ၊ ထပ်ပေါင်းပြောရလျှင် နှစ်ဦးစလုံးသည် စကားကို တတွတ်တွတ်ပြောတတ်သည့်သူမျိုးများ မဟုတ်။ ထို့ကြောင့် ကျောင်းစတက်သည့်နေ့၌ နောက်ကျခဲ့ကြသည့် ဝိန်းရိဖန် နှင့် စန်းရန်သည် စားပွဲခုံတစ်ခုတည်း၌ထိုင်နေကြသော်လည်း စကားစမြည်ပြောခဲ့ခြင်းမျိုးမရှိ၏။
ထို့အပြင် တစ်ခုံတည်းထိုင်ခဲ့ကြသည့်အချိန်များမှာလည်း သိပ်မကြာလိုက်၏။
နောက်ပိုင်းတွင် အတန်းထဲရှိသူငယ်ချင်းများကြားထဲတွင် ပျံ့နေသောကောလဟလများကြောင့်သာ နှစ်ယောက်သားက အဆက်အဆံရှိနေကြခြင်းဟု ဆိုရမည်။
ကောလဟလမှာလည်း အခြားမဟုတ်။
ပထမဆုံးကျောင်းတက်သည့်နေ့တွင် သူတို့နှစ်ဦးက အတူတူနောက်ကျခဲ့ကြပြီး နှစ်ယောက်စလုံးမှာ ထူးထူးခြားခြားကိုကြည့်ကောင်းကြသူများ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အခြားသူများ၏အမြင်တွင် သူတို့နှစ်ဦးမှာ အတင်းပေးစားခံရသည့် အတွဲတစ်တွဲ ဖြစ်လာခဲ့တော့၏။
ဤကောလဟလနှင့်ပတ်သတ်ပြီး ပုံစံကွဲမျိုးစုံရှိပါသေးသည်။
နှစ်ယောက်သားက အလယ်တန်းကျောင်းကတည်းက အတူတူရှိခဲ့ကြသည့်သူငယ်ချင်းများဖြစ်ကြပြီး အထက်တန်းကျောင်းကိုလည်း အတူတူတက်ရန် ကတိပြုထားကြသည် ဟူ၍လည်းကောင်း...
သူတို့နှစ်ယောက်မှာ အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် အချင်းပွားမှုများဖြစ်ခဲ့ကြသော်လည်း စစ်ကျေအေးပြီးနောက်တွင်တော့ ခင်မင်ရင်းနှီးရာမှစ၍ အခြားသောစိတ်ခံစားချက်များပါ ပေါက်ဖွားလာကာ ယခုအချိန်တွင် တိတ်တခိုးဆက်ဆံရေးမျိုးရှိလာပြီ ဟူ၍လည်းကောင်း...
နှစ်ယောက်သားက ကျောင်းလာသည့်လမ်းတွင် အကြည့်ချင်းဆုံရာမှ မြင်မြင်ချင်းချစ်မိသွားကြပြီး မျက်နှာသာပေးနေသည့်ကံကြမ္မာကို မလွဲချော်လိုခြင်းအလို့ငှာ သူတို့နှစ်ဦးက တစ်ယောက်ခံစားများကို တစ်ယောက်ဖွင့်ဟဝန်ခံကြပြီးနောက်တွင်တော့ လက်ချင်းတွဲသွားကြပြီ ဟူ၍လည်းကောင်း...
စစချင်းတွင် ဝိန်းရိဖန်က ဤကောလဟလပုံစံကွဲများကို လုံးဝမသိခဲ့ပါချေ။
တန်းခွဲများမှာ အလယ်တန်းစာမေးပွဲ၏ရလဒ်အပေါ် မူတည်ပြီးခွဲပေးထားခြင်းဖြစ်၍ သူမက ကျုံးစစ်ချောင် ၊ ရှန့်လန် တို့နှင့် တန်းခွဲတစ်ခုတည်း မကျခဲ့။ထို့အပြင် ကောလဟလများကလည်း သူတို့၏တန်းခွဲ (၁၇) ထဲ၌သာ အုပ်စုလိုက်ပြောနေကြခြင်းဖြစ်ရာ အတန်းထဲ၌ အထူးတလည်ခင်မင်သည့်သူငယ်ချင်းမရှိသည့်အတွက် သူမအား ဤပေါက်ကရလေးဆယ်ကောလဟလများကို လာပြောပြမည့်သူ မရှိ၏။
စုဟောက်အန်းကြောင့်သာ ကောလဟလများအား ဝိန်းရိဖန်သိခဲ့ရခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် စန်းရန်၏နားရွက်ဖျားဆီသို့ ဤသတင်းများကို နေ့တိုင်းနေ့တိုင်း ပို့ပေးနေသည့်သူမှာ စုဟောက်အန်းပင်။
မှတ်မိသလောက်ဆိုရလျှင် တစ်ခါက အားကစားကွင်းမှ စာသင်ခန်းဆီသို့ပြန်လာသည့်အချိန်။
ဝိန်းရိဖန်က ကော်ရစ်တာနားရှိ ကျောင်းရေသန့်စက်မှ ရေသွားထည့်ရာ တန်းစီနေသည့်လိုင်းများကြားမှ ရုတ်တရက်ဆိုသလို အရှေ့နားတွင်ရပ်နေသည့် စုဟောက်အန်း၏အသံကို ကြားလိုက်ရသည်။
စုဟောက်အန်းက အတန်းထဲ၌ တော်တော်လေးနာမည်ရှိပြီး စကားများနိုင်လွန်းသည့်အတွက်ကြောင့် ကျောင်းဖွင့်ပြီးရက်အနည်းငယ်အတွင်းပင် အတန်းတစ်ဝက်စာနီးပါးနှင့် ခင်မင်ရင်းနှီးသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် စုဟောက်အန်းက တဟားဟားအော်ရယ်နေပြီး ကျောပေးရပ်နေသည့်သူ၏ရင်ဘတ်အား တဘုန်းဘုန်းထုကာ စကားဆိုနေလေသည်။
"ဒီနေ့လည်း သတင်းအသစ်ရှိပြန်ပြီ..နာမည်ကြီးနေတဲ့ကောင်လေး..နားထောင်ဦးမလား?"
ဝိန်းရိဖန် အလိုလိုမော့ကြည့်မိလိုက်၏။
သူမ၏အရှေ့တွင်ရပ်နေသည့်သူက စန်းရန် ဖြစ်နေမှန်း တွေ့မြင်လိုက်ရကာ သူ့ကျောပြင်က ပိန်ပိန်ပါးပါးနှင့် အရပ်ခပ်မြင့်မြင့်။ သူ့စကားပြောသံတို့က စိတ်မရှည်သည့်ဟန်မျိုးသာ ဖြစ်ပြီး
"မင်းရဲ့ ပေါက်ကရတွေတော်လောက်ပြီ"
"ဘာလဲကွာ..ဂရုမစိုက်ချင်ယောင်ဆောင်မနေနဲ့"
စုဟောက်အန်းက ဆက်၍
"ဟိုအက,ကတဲ့ကျောင်းသူက ဘယ်လောက်တောင်များ လှလိုက်သလဲ..ဒီလိုအလှလေးနဲ့ သတင်းထွက်ရလို့ မင်း ကျိတ်ပြီးခိုးပျော်နေတာမလား..သူ ဟိုနေ့က ငါ့အနောက်မှာလာထိုင်တဲ့အချိန်တုန်းကဆို ငါ့မှာ သူနဲ့စကားတောင်သွားမပြောရဲဘူး"
စန်းရန် ;
"မင်း အရူးထပြန်ပြီလား"
စုဟောက်အန်း ;
"ငါ့ကိုပြောပြစမ်းပါ!..မင်း မဟုတ်မှလွဲ သူ့ကို တိတ်တိတ်လေး...."
စကားမဆုံးခင် စုဟောက်အန်းက စန်းရန်၏အနောက်ဘက် မလှမ်းမကမ်းတွင်ရပ်နေသည့်ဝိန်းရိဖန်အား ရုတ်တရက်သတိထားမိလိုက်ကာ ချက်ချင်းအသံတိတ်လိုက်တော့၏။ သိပ်မကြာလိုက်ပါဘဲ လက်ရမ်းပြပြီး ဝိန်းရိဖန်အား လှမ်းနှုတ်ဆက်လိုက်၏။
"ဟိုင်း..."
စန်းရန်သည်လည်း လှမ်းကြည့်လာခဲ့သည်။
ဝိန်းရိဖန်က ဘာမှမကြားလိုက်သည့်အလား ခေါင်းငြိမ့်ပြုံးပြရင်း ဖတ်စာအုပ်ကိုကြည့်နေဟန်ဖြင့် ခေါင်းငုံ့ပစ်လိုက်၏။
စက္ကန့်ပိုင်းကြာပြီးနောက်တွင်။
စန်းရန်ဘက်မှ လှမ်းခေါ်လာခဲ့၏။
"ဂျူနီယာညီမလေး"
ဝိန်းရိဖန် ထပ်ပြီး ခေါင်းမော့ကြည့်လိုက်သည်။
"မင်း ကြားလိုက်တယ်မလား"
စန်းရန်က နှုတ်ခမ်းပါးကို လှစ်ခနဲကွေးလိုက်၍
"မကြားချင်ယောင်ဆောင်လိုက်သေးတယ်ပေါ့"
ဝိန်းရိဖန် ;
"နင်တို့ ဘာတွေပြောနေမှန်း ငါ တကယ်မသိတာ"
စန်းရန်က မျက်လုံးအောက်စိုက်ကြည့်လိုက်ရင်း အနည်းငယ်တွန့်ဆုတ်သွားသည့်အသံတို့ဖြင့်
"သူတို့ပြောနေကြတာက ငါနဲ့ မင်းနဲ့တွဲနေကြတယ်တဲ့"
"...."
ဝိန်းရိဖန်က ကြောင်အမ်း၍ကြည့်နေရင်း
"ငါနဲ့နင်နဲ့လား"
"အင်း"
"ငါ မသိထားဘူး..သူများတွေလည်း ငါ့ကို လာမပြောပြပါဘူး"
ဝိန်းရိဖန်က ဤကိစ္စများအား စိတ်ထဲပင်မထည့်ဘဲ
"နင် စိတ်ထဲသိပ်ထည့်မနေပါနဲ့..သူတို့လည်း ဘယ်လောက်မှကြာကြာမပြောနိုင်ပါဘူး"
ကိစ္စတိုင်းတွင် ဖြစ်ပေါ်လာသည့်သဲလွန်စဟူ၍ ရှိစမြဲ ၊ အကယ်၍ သဲလွန်စသာမရှိလျှင် ဤကောလဟလများက ဖြေရှင်းစရာမလိုဘဲ အလိုလိုမှေးမှိန်သွားမည်သာ။
စန်းရန်က မျက်ခုံးများပင့်လိုက်၍ ပုံမှန်အတိုင်းဆိုလာခဲ့၏။
"ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲ"
ထိုအချိန်တုန်းက သူတို့နှစ်ဦးမှာ အလွန်ကိုမှ သမရိုးကျသာမန် အတန်းဖော်သူငယ်ချင်းများသာ ဖြစ်ခဲ့ကြသည်။
တစ်ယောက်အကြောင်း တစ်ယောက်မသိကြသည့်အပြင် စကားအပြောအဆိုမှာလည်း သိပ်မရှိ။
ထို့ကြောင့် ယခုလက်ရှိအချိန်တွင် ဝိန်းရိဖန် လက်ခံထားသည့် - စန်းရန်မှ သူမအား သဘောမကျဖြစ်နေရခြင်း၏အကြောင်းအရင်းမှာ သူမကိုယ်တိုင်က ချစ်ခင်စရာကောင်းအောင်မနေပြတတ်ရုံသာမက စန်းရန်၏အမူအရာမှာလည်း သူတို့နှစ်ဦး စတွေ့တုန်းကအချိန်နှင့်ပင် မခြားမနားဖြစ်နေမှန်း ဝိန်းရိဖန် ခံစားနေမိခဲ့သေးသည်။
သို့သည့်တိုင် စန်းရန်၏ သူသဘောကျသည့်သူအပေါ်ထားရှိသည့် သဘောထား နှင့် သဘောမကျသည့်သူအပေါ်ထားသည့် သဘောထားတို့မှာတော့...
မိုးလောက်ကြီးပင် ကွာခြား ခြားနားလေသည်။
စန်းရန်၏အကျင့်စရိုက်မှာ အလွန်တရာမာနကြီးပြီး အကြောမာသည့်သူမျိုး..
သူသာ တစ်စုံတစ်ယောက်အား သဘောကျနေလျှင်...
အကယ်၍ တစ်ဖက်သတ်သဘောကျခြင်းမျိုး ဖြစ်နေလျှင်တောင်...တစ်လောကလုံး သိသွားလည်း ဂရုမစိုက်မည့်ပုံစံမျိုးပင်ဖြစ်၏။
နောက်တစ်နေ့တွင်။
မနက်ဆယ်နာရီထိုးပြီးမှ ဝိန်းရိဖန် အိပ်ရာနိုးလာခဲ့၏။ ကိုယ့်ကိုကိုယ်ပြင်ဆင်ပြီးနောက်တွင် ဝိန်းရိဖန်က အပေါ်ထပ်ကုတ်အင်္ကျီကိုယူပြီး အိပ်ခန်းထဲမှထွက်လာခဲ့သည်။ ဧည့်ခန်းနားသို့ရောက်သည်နှင့် ဆိုဖာပေါ်တွင်ထိုင်ပြီး ဖုန်းကစားနေသည့် စန်းရန်အား မြင်လိုက်ရသည်။
လှုပ်လှုပ်ရှားရှားအသံများကို ကြားလိုက်သည့်သူကလည်း မျက်လုံးတစ်ချက်ပင့်ကြည့်လာရုံကလွဲ ၊ သူမအား လျစ်လျူရှုထား၏။
ဝိန်းရိဖန်က ယဥ်ကျေးမှုအရ နှုတ်ဆက်လိုက်ချင်သော်လည်း သူပြောဖူးသည့် 'အနားမကပ်လာနဲ့' ဆိုသည့်ဝေါဟာရကြောင့် လက်လျော့ပစ်လိုက်တော့သည်။
တီဗွီတင်ထားသည့် ဘီဒိုပေါ်မှ ကော်ဖီထုပ်ကိုယူကာ ရေနွေးအိုးတည်လိုက်ရင်း ဆိုဖာပေါ်ထိုင်နေလိုက်၏။ဘီစကစ်မုန့်တစ်ထုပ်ကိုဖောက် ၊ ကော်ဖီမှုန့်အား ခွက်ထဲထည့်ပြီးနောက် ဝိန်းရိဖန်က ဖုန်းဖွင့်ပြီး မက်ဆေ့များစစ်ကြည့်လိုက်သည်။
တော်တော်များများမှာ ကျုံးစစ်ချောင်ထံမှ မက်ဆေ့များပင်။
ကျုံးစစ်ချောင် ; [ သူ! ငယ်! ချင်း! ရေ! ]
ကျုံးစစ်ချောင် ; [ ငါနင့်အတွက်! အိမ်ခန်းဖော်! ရှာတွေ့ပြီလို့! ]
ဝိန်းရိဖန် မျက်တောင်တဖျက်ဖျက်ခတ်ရင်း
[ ငါ နင့်ကိုပြောဖို့မေ့နေတာ ]
ဝိန်းရိဖန် ; [ ငါ အိမ်ခန်းဖော်ရသွားပြီးပြီ ]
ရှင်းပြတော့မည့်ဆဲဆဲ ၊ ရေနွေးအိုးဆူသွားခဲ့သဖြင့် ဝိန်းရိဖန်က ဖုန်းကိုချထားလိုက်ပြီးနောက် ရေနွေးအိုးကိုယူကာ ခွက်ထဲလောင်းထည့်လိုက်၏။ ရေနွေးအိုးပြန်ချချပင် ကျုံးစစ်ချောင်မှ ဖုန်းခေါ်ဆိုလာခဲ့၏။
ဝိန်းရိဖန်က ကော်ဖီခွက်အား ဇွန်းဖြင့်မွှေရင်း ဖုန်းလက်ခံဖြေဆိုလိုက်ရာ...
ကျုံးစစ်ချောင် ;
"နင် အိမ်ခန်းဖော်ရှာတွေ့သွားပြီလား..ဘယ်သူလဲ"
ဝိန်းရိဖန်က စန်းရန်ရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဤမေးခွန်းအား ကျော်ချသွားရန်သာ ဆုံးဖြတ်လိုက်၍
"အင်း..ရှာတွေ့ထားပြီ..ဒါပေမယ့် ကြာကြာမနေဘူး..သုံးလပဲ"
ဝိန်းရိဖန် ;
"ငါ နင့်ကို ပြောပြဖို့မေ့သွားလို့..နင် ငါ့အစား နင့်မိတ်ဆွေကို တောင်းပန်ပေးဦးနော်"
"ဘယ်ကသာ ငါ့ရဲ့မိတ်ဆွေလဲ!..တော်ပြီကွာ ငါမအောင့်နိုင်တော့ဘူး"
ကျုံးစစ်ချောင်က တဟားဟားအော်ရယ်ကာ ဘေးနားမှတစ်ယောက်ယောက်အား စကားပြောနေပုံရ၍
"တော်ပြီ ရှန့်လန်..ဒီတိုင်းငြိမ်ပြီးနားထောင်မနေနဲ့တော့..နင် နေနိုင်တာလဲမဟုတ်ဘဲနဲ့ "
ဝိန်းရိဖန် တအံ့တသြဖြစ်သွားပြီး
"ရှန့်လန်က နင့်ဘေးမှာလား"
ဤစကားကိုကြားလျှင်ကြားလိုက်ချင်း စန်းရန်က ဝိန်းရိဖန်ရှိရာဘက်သို့ မသိမသာခေါင်းစောင်းကြည့်လာခဲ့၏။
နောက်တစ်စက္ကန့်တွင် ဖုန်း၏အခြားတစ်ဖက်မှ ယောက်ျားသံတစ်ခုပီပီသသထွက်လာကာ စကားသံတို့ထဲတွင် ရယ်သံပါစွက်နေသေး၏။
"ဟုတ်တယ်..ငါ.."
"ဘယ်အချိန်တည်းက ပြန်ရောက်နေတာလဲ..ငါလည်း ချောင်ချောင်ဆီက ဘာမှမကြားထားရပါလား"
"ငါ ဘယ်တုန်းကများ အသိမပေးခဲ့လို့လဲ"
ကျုံးစစ်ချောင်က လှမ်းအော်ရင်း ရှင်းပြလာ၏။
"ငါ အရင်က ဒီကောင်စုတ် နောက်လဆိုရင်ပြန်လာတော့မယ့်အကြောင်း နင့်ကို ပြောထားတယ်လေ..နင့်ဘာသာနင် မေ့နေတာ"
ပြောရလျှင် ဝိန်းရိဖန်နှင့် ရှန့်လန် မတွေ့ဖြစ်ခဲ့ကြသည်မှာ အတော်ကြီးပင်ကြာသွားခဲ့ပြီဖြစ်သည်။
သူမက 'ပေယွီ'မြို့သို့ ပြောင်းသွားခဲ့ပြီးနောက်တွင် နန်းဝူမြို့သို့ တစ်ခါမှပြန်မလာဖြစ်ခဲ့သလို ရှန့်လန်ကလည်း အထက်တန်းအောင်ပြီးသည်နှင့် နိုင်ငံခြားထွက်သွားခဲ့ရာ ထိုအချိန်မှစရေတွက်လျှင် ခုနှစ်နှစ်ပင်ကြာသွားခဲ့ပြီ။ ကြားထဲ၌လည်း အဆက်အသွယ်က ပြတ်တစ်လှည့် ရတစ်လှည့်မျိုးဖြစ်ပြီး ဆက်သွယ်ကြသည့်အရေအတွက်လည်း နည်းသွားခဲ့သည်။
သူ့လတ်တလောအခြေအနေများကိုတော့ ကျုံးစစ်ချောင်ထံမှ ကြားဖူးနားဝရှိထားခဲ့၏။
"ဒီနေ့က တနင်္လာနေ့လေ..ချောင်ချောင် နင် အလုပ်မသွားဘူးလား..နင်တို့နှစ်ယောက်ကရော ဘယ်လိုဖြစ်ပြီးအတူတူရှိနေကြတာလဲ"
"ငါတို့ကုမ္ပဏီက ရုံးပိတ်ရက် စပေးနေပြီလေ..ငါတို့နှစ်ယောက်က အခုလေးတင်ပဲတွေ့ကြတာ..ဒါကြောင့်မလို့လည်း နင်နဲ့ပါအတူတူတွေ့ရအောင်လို့ ငါ နင့်ကို အစောကြီးမက်ဆေ့ပို့ထားတာပေါ့..နင်က အခုမှစာပြန်တာကိုး"
ဝိန်းရိဖန် ;
"ငါ အခုမှနိုးလို့"
ရှန့်လန်က ခပ်ပြုံးပြုံးဖြင့်
"ငါ ခန့်မှန်းမိပါတယ်"
ကျုံးစစ်ချောင် ;
"ဒါဆိုလည်း ပြီးရောလေ..နင် မနက်စာမြန်မြန်စားပြီး ရုံးသွားတက်တော့..နင် ဒီနေ့မအားမှန်းသိသွားပြီမလို့ ငါတို့ ထပ်ပြီးချိန်းမယ်လေ..နင် ဘယ်အချိန် ပိတ်ရက်ရမှာလဲ..ငါတို့ သုံးယောက် အတူတူစကားပြောကြရအောင်လို့"
"နောက်ထပ်နှစ်ရက်နေရင် ရပြီ..ငါ ဗုဒ္ဓဟူးနေ့ကျရင် ရုံးမတက်ဘူး"
ကျုံးစစ်ချောင်က ထပ်၍
"နင် နှစ်သစ်ကူးပိတ်ရက် ဘယ်နှရက်ရတာလဲ"
ဝိန်းရိဖန် ;
"သုံးရက်"
"ငါလခွမ်း..အိုင်း...ဝူး ဝူး ဝူး ငါတို့ရဲ့ရိဖန်လေးက အရမ်းသနားစရာကောင်းတာပဲရော်..တော်ပါပြီ ငါ နင့်ကို မနှောက်ယှက်တော့ပါဘူး..ဒါဆို နောက်ထပ်နှစ်ရက်နေမှတွေ့မယ််နော်..ငါ့ရဲ့ ဟိုလက်ကောက်ကိုရော ယူလာပေးဖို့ မမေ့နဲ့ဦး"
ရှန့်လန်က ဆက်၍
"ငါတို့ ချိန်းထားတာကိုလည်း မမေ့နဲ့ဦး"
ဝိန်းရိဖန်က ရယ်လိုက်ရင်း
"မမေ့ပါဘူးဟာ"
ဖုန်းချပြီးနောက် ဝိန်းရိဖန်က ခေါင်းအသာအယာငုံ့ရင်း ကော်ဖီတစ်ငုံသောက်လိုက်ကာ ပြန်မော့လာသည့်အချိန် စန်းရန်၏မျက်ဝန်းများနှင့် ဆုံလေတော့၏။ ရုတ်တရက်တိုက်ဆိုင်သွားမှန်း သိသောကြောင့် ဝိန်းရိဖန်က အကြည့်လွှဲလိုက်သော်ငြား မျက်ဝန်းထောင့်တစ်နေရာမှနေ၍ စန်းရန်က သူမအား ဆက်ကြည့်နေသေးကြောင်း မြင်နေရ၏။
တစ်ခုခုပြောစရာရှိ၍လား ဟူ၍ မေးမြန်းမည်အပြုတွင် စန်းရန်ဘက်မှနေပြီး သူမအား စကားဆိုလာခဲ့၏။
"မင်း ဗုဒ္ဓဟူးနေ့ပိတ်ရက်?"
ဝိန်းရိဖန်က သူ့အားလှမ်းကြည့်ရင်း
"အင်း"
စန်းရန်က လက်ထဲမှဖုန်းကိုချထားလိုက်ပြီး
"အပြင်ထွက်လည်မလို့လား"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြရင်း
"ရှန့်လန် ပြည်ပကပြန်ရောက်လို့..ဆုံကြမလိို့"
မေးသမျှကိုဖြေနေရင်း ဝိန်းရိဖန်က စန်းရန်အား လှမ်းကြည့်နေဆဲဖြစ်ကာ
"နင်တို့နှစ်ယောက်လည်း သိလောက်ကြမယ်ထင်တယ်..အထက်တန်း တတိယနှစ်တုန်းက နင်တို့နှစ်ယောက်က တန်းခွဲတစ်ခုတည်းလို့ ရှန့်လန် ပြောပြဖူးသလားလို့"
စန်းရန် ;
"အို့..မမှတ်မိဘူး"
"...."
ဝိန်းရိဖန်က စန်းရန်ဘက်မှ ဘယ်လိုအခြေအနေမျိုးဖြစ်ချင်နေမှန်း မသိသည့်အတွက် မည်သည့်မှတ်ချက်မျိုးမှပြန်မပေးဘဲ ငြိမ်နေလိုက်၏။
တစ်ခဏအကြာတွင်။
စန်းရန် ;
"တွေ့ကြမယ့်နေရာကို ရွေးပြီးပြီလား"
ဝိန်းရိဖန် ;
"မရွေးရသေးဘူး"
"ဒါဆို ကိုယ့်ဘားမှာ တွေ့ကြရင်ရော"
စန်းရန်က ဆိုဖာပေါ်၌ ခြေထောက်ချိတ်ထိုင်နေရင်း ဖြေးဖြေးချင်းဖြင့်
"ကိုယ်တို့က အိမ်ခန်းဖော်တွေဖြစ်နေပြီဆိုမှတော့ အိမ်ခန်းဖော်ရဲ့စီးပွားရေးကို အားပေးသင့်တာပေါ့..ဟုတ်တယ်မလား"
***********
~~Zawgyi~~
တစ္ခ်ိန္တည္းမွာပင္ အိပ္ခန္းႀကီးထဲ၌။
ဝိန္းရိဖန္က ဖုန္းမ်က္ႏွာျပင္ေပၚမွ ဂဏာန္းနံပါတ္ကို စိုက္ၾကည့္ေနရင္း လုံးလုံးလ်ားလ်ားတိတ္ဆိတ္သြားမိေတာ့သည္။ ေတြးမိလိုက္သည္မွာလည္း အကယ္၍ ေငြလႊဲလိုက္သည့္ပမာဏမွာ '250' ျဖစ္ေနခဲ့လွ်င္ ယခုနံပါတ္ႀကီးထက္ ပိုေကာင္းလိမ့္မည္ဟူ၍ပင္။ သို႔ေသာ္လည္း သူမအေနျဖင့္ စိတ္မသိုးမသန့္ျဖစ္ေနျခင္းမရွိဘဲ တည္တည္ၿငိမ္ၿငိမ္ျဖင့္
[ဒါက နင္ လႊဲထားတဲ့ထဲက ပိုတဲ့ေငြ ၊ ငါ နင့္ကို ျပန္လႊဲေပးလိုက္တယ္ေနာ္ ]
--ေပးပို႔၍မရပါ။
ႏွစ္ေယာက္သားက Alipay အေကာင့္ထဲတြင္ friend မျဖစ္ေသး။
အေကာင့္၏မ်က္ႏွာျပင္ေပၚ၌ ခ်က္ခ်င္းေပၚလာသည့္ system မွာ 'Friend ျဖစ္ၿပီးသြားမွ စာေပးပို႔၍ရပါမည္ ၊ Friend request ေပးပို႔ရန္'။
တစ္ခ်ိန္တည္းဆိုသလို စန္းရန္က သူမအား Wechat မွတဆင့္ စာပို႔လာခဲ့သည္။
[ ? ]
"...."
တကယ္ကို အေမးသေကၤတႀကီးတစ္ခု...
စန္းရန္၏ 520 ဆိုသည့္နံပါတ္အားျမင္လိုက္ရၿပီးေနာက္ ျဖစ္သြားမည့္မ်က္ႏွာေပးကို ျမင္ေယာင္ၾကည့္မိလိုက္၏။
အရမ္းေတာ့ မဆိုးေလာက္ဘူးမလား..
ဝိန္းရိဖန္၏ျပန္စာကို မေစာင့္ေတာ့ဘဲ စန္းရန္က ထပ္၍စာပို႔လိုက္၏။
[ မင္းမွာ ဘာေျပာစရာရွိလို႔လဲ ]
ဤကိစၥက တစ္ဖက္လူအတြက္ စိတ္ကူးယဥ္ဆန္သြားနိုင္သည္ပဲဆိုဆို ၊ ဝိန္းရိဖန္အေနျဖင့္ေတာ့ တမင္သက္သက္ ဖန္တီးယူလိုက္ျခင္းမဟုတ္ပါေပ။ ဝိန္းရိဖန္က လွဲအိပ္ေနရာမွ ထထိုင္လိုက္ၿပီး ရွင္းျပရန္ဆုံးျဖတ္လိုက္၏။
[ ဟိုဟာက ငါ နင့္ကို ပိုတဲ့ေငြ ျပန္လႊဲေပးတာ ]
ဝိန္းရိဖန္က အတြက္အခ်က္စာရင္းကို တစ္ခုခ်င္းစီခ်ေရး၍
[ အိမ္ခန္းငွားခက ၉၀၀၀ ၊ ႀကိဳေပးထားတဲ့စရံေငြက ၂၅၀၀ ၊ ေရဖိုးမီတာဖိုးက ၄၀၀ ]
ထို႔ေနာက္တြင္ အဝတ္ေလွ်ာ္စက္ဝယ္ထားသည့္စာရင္းကိုပါ ပို႔ေပးလိုက္ၿပီး
[ အဝတ္ေလွ်ာ္စက္က ယြမ္ ၁၁၉၀ နဲ႕ဝယ္ထားတာ ]
ဝိန္းရိဖန္ ; [ ငါက စာရင္းအင္းေတြထိန္းသိမ္းတဲ့ေနရာမွာ မေတာ္ဘူး..ဒါေၾကာင့္မလို႔ နင္ ငါ့ကို ပိုက္ဆံေတြႀကိဳမေပးထားနဲ႕..ပစၥည္းတစ္ခုခုဝယ္ျဖစ္တဲ့အခ်ိန္က်မွပဲ ထပ္ေျပာရေအာင္ ]
တစ္ခဏအၾကာတြင္။
စန္းရန္က အသံမက္ေဆ့တစ္ခု ပို႔လာခဲ့သည္။
"မင္း ေနာက္တစ္ခါျပန္တြက္ၾကည့္လိုက္ဦး"
သူ႕အသံေနအသံထားတို႔က တစ္ခ်က္ေလးမွ် ယိမ္းယိုင္သြားျခင္းမရွိ ၊ နားေထာင္ရသူအဖို႔ ေအးစိမ့္ေနသည့္အေငြ႕အသက္မ်ားကိုပါ ထုတ္လႊတ္ေပးေနေသးသည္။ သို႔ေသာ္ ေနာက္ဆုံးစကားလုံးကို ေျပာလိုက္သည့္အခ်ိန္တြင္ေတာ့ အနားသတ္စကားသံက သိသိသာသာကို ခလုတ္တိုက္ျပေလၿပီး ရန္စလိုသည့္အရိပ္အေယာင္မ်ားပင္ ပါေနေလသည္။
နားေထာင္လိုက္ရသူအဖို႔ ခ်က္ခ်င္းေျပးဆင္းသြားၿပီး သူႏွင့္ တစ္ပြဲတစ္လမ္း ႏႊဲပစ္ခ်င္စိတ္မ်ားက တဖြားဖြား။
"...."
သို႔ေသာ္လည္း ဝိန္းရိဖန္က တစ္စုံတစ္ရာအားမရွင္းမလင္းျဖစ္ေနရေသးသျဖင့္...
သူ႕စကားက ဘာအဓိပ္ပါယ်လဲ?..
သူမ မွားတြက္ထားတယ္လို႔ ေျပာခ်င္တာလား..
ထို႔အျပင္ သူမ ပို႔လိုက္သည့္ ေငြပမာဏကိန္းဂဏာန္းမ်ားကိုၾကည့္ေနရင္းလည္း စိတ္ထဲမေသခ်ာမေရရာျဖစ္လာရေတာ့သည္။
မွားေတာ့ မတြက္ေလာက္ပါဘူးမလား..
ဝိန္းရိဖန္က ခ်က္ခ်င္းစာမျပန္ေသးဘဲ ဂဏာန္းေပါင္းစက္ကိုဖြင့္ၿပီး တဖန္ျပန္တြက္ၾကည့္လိုက္၏။
တြက္ခ်က္ၿပီးသြားသည့္ရလဒ္မွာ '505'။
( အခန္းခ 30003=9000 ၊ စရံေငြ - 2500 ၊ ေရဖိုး - 400 ၊ အဝတ္ေလွ်ာ္စက္တစ္ဝက္ - 595 ၊ total -12495 ... စန္းရန္ေပးတဲ့ 13000-12495 = 505 က်န္ )
ဤရလဒ္မွာ ဝိန္းရိဖန္အတြက္ေတာ့ ႏြေေခါင္ေခါင္၌မိုးႀကိဳးပစ္ခ်လိဳက္သည့္အလား။
အေျဖမွန္ရလဒ္ကို ရင္မဆိုင္ခ်င္သည့္အျပင္ ယခုအခ်ိန္တြင္ အတြက္အခ်က္အေျဖတစ္ခုတည္းကသာ သူမ၏ရိုးရိုးသားသားမက္ေဆ့ကို သက္ေသလုပ္နိုင္မည့္အေျခအေန။ထို႔ေၾကာင့္ ဂဏာန္းတြက္စက္မွ ကိန္းနံပါတ္မ်ားကိုရွင္းလိုက္ကာ ေနာက္တစ္ႀကိမ္ အစမွျပန္ၿပီးတြက္ခ်က္လိုက္၏။
အေျဖသည္ကား မေျပာင္းမလဲ။
ဝိန္းရိဖန္တစ္ေယာက္ ေအးခဲရပ္တန့္သြားသည့္အလား ၿငိမ္သက္ေနကာ ဦးႏွောက္တစ္ခုလုံး ဘယ္လိုရွင္းျပရမည့္အေၾကာင္းမ်ားျဖင့္လည္ပတ္ေနေလၿပီ။
သိပ္မၾကာလိုက္ခင္ပင္ စန္းရန္ထံမွ အသံမက္ေဆ့တစ္ခု ထပ္ေရာက္လာခဲ့၏။
သူ႕ပုံစံမွာ သူမထက္ ေျခတစ္လွမ္းေစာေအာင္လွမ္းလိုက္သည့္ပုံစံမ်ိဳးျဖစ္ၿပီး အသံေနအသံထားက ေယာင္ဝါးဝါးရယ္ထားပုံလည္းရကာ သူမအတြက္ ကာေျပာေပးလိုက္သည့္ဟန္ျဖင့္
"ရတယ္..ကိုယ္ နားလည္တယ္..မင္း မွားတြက္မိထားတာေနမွာ"
"...."
ဝိန္းရိဖန္တစ္ေယာက္ စန္းရန္ကဲ့သို႔ေသာလူမ်ိဳးအား တစ္ခါေလးမွ မေတြ႕ခဲ့ဖူး...
စန္းရန္လိုလူမ်ိဳးႏွင့္ အဆက္အဆံလုပ္ရန္အတြက္ေတာ့ သူမနားလည္ထားသည့္တစ္ခုတည္းေသာနည္းလမ္းမွာ သူ႕ဆိုလိုရင္း နားမလည္ခ်င္ေယာင္ေဆာင္႐ုံသာ ျဖစ္ေတာ့၏။
ဝိန္းရိဖန္ ; [ ဟုတ္တယ္..သတိေပးတဲ့အတြက္ ေက်းဇူး ]
ဟိုသေကၤတေခါင္းႀကီးက ျပန္စာ မပို႔ေတာ့ေပ။
ဆယ္မိနစ္ေက်ာ္ ၾကာသြားၿပီးေနာက္တြင္။
ဝိန္းရိဖန္က ေနာက္ထပ္စာေၾကာင္းတစ္ေၾကာင္း ပို႔လိုက္၏။
[ ဒါဆို ငါနင့္ကို ပိုလႊဲထားမိတဲ့ ယြမ္ ၁၅ က်ပ္....]
ဝိန္းရိဖန္ ;
[ ငါ့ wechat အေကာင့္ထဲကိုပဲ ျပန္လႊဲေပးလိုက္ေနာ္ ]
"...."
ပစၥည္းမ်ား ေနရာတက်ထားၿပီးေနာက္တြင္ ၾကမ္းျပင္တစ္ခုလုံးက ဖုန္မႈန့္မ်ားေပပြေနသျဖင့္ ဝိန္းရိဖန္ အိပ္ခန္းတံခါးကိုတစ္ခဏဖြင့္ထားလိုက္၏။အျပင္ဘက္တြင္ ဧည့္ခန္းမီးမ်ား မွိတ္ထားၿပီး စၾကၤံလမ္းမီးကိုသာ ဖြင့္ထား၏။ ဝိန္းရိဖန္က ဝရံတာထိေလွ်ာက္သြားၿပီး သန့္ရွင္းေရးပစၥည္းမ်ားကို ယူလာလိုက္၏။
သန့္ရွင္းၿပီးေနာက္တြင္ ၾကမ္းတိုက္အဝတ္တုတ္အား ျပန္လည္ေဆးေၾကာၿပီး ဝရံတာတြင္ေနရာတက်ျပန္ထားလိုက္၏။
သူမ၏အိပ္ခန္းဆီသို႔ အျပန္ ၊ စန္းရန္၏အိပ္ခန္းတံခါးေရွ႕သို႔ ျဖတ္ရသည့္အခိုက္တြင္ ႐ုတ္တရက္ဆိုသလို စန္းရန္၏အိပ္ခန္းတံခါးကပြင့္လာေလေတာ့သည္။
ဝိန္းရိဖန္၏ေျခလွမ္းမ်ား တုံ႕ခနဲရက္တန့္သြားကာ ႏွစ္ဦးသား အၾကည့္ခ်င္းဆုံသြားခဲ့၏။
စန္းရန္၏ဆံပင္မ်ားက ေရစက္လက္ျဖစ္ၿပီး အနက္ေရာင္ဆံပင္တို႔က နဖူးထက္၌ ဟိုတစ္စုဒီတစ္စု ဝဲက်ေန၍ ၊ သူမသည္လည္း သာမန္ညအိပ္ဝတ္စုံတစ္ထည္ဝတ္ထားျခင္းျဖစ္ရာ ပုံမွန္ထက္ပိုၿပီး ငယ္႐ြယ္ပုံေပါက္ေနခဲ့သည္။
သူက သူမအား တစ္ခ်က္သာလွမ္းၾကည့္ၿပီး စကားေျပာလာျခင္းမရွိ။
ဝိန္းရိဖန္လည္း စကားတစ္ခြန္းမဆို ၊ အၾကည့္လႊဲလိုက္ၿပီးေနာက္ အိပ္ခန္းထဲသို႔ ျပန္ဝင္လာကာ တစ္ပါတည္း တံခါးေလာ့ပါခ်လိဳက္သည္။
အခ်ိန္မွာကား ည ဆယ့္တစ္နာရီထိုးၿပီးျဖစ္ေသာ္လည္း အိပ္မေပ်ာ္သည့္ဝိန္းရိဖန္က စားပြဲေရွ႕သို႔သြားကာ ကြန္ပ်ဴတာကိုဖြင့္ၿပီး စာမူမ်ားေရးေနလိုက္၏။ တစ္ခဏအၾကာတြင္ ငိုက္မ်ည္းလာေသာ္လည္း အခန္းေျပာင္းသြားေသာေၾကာင့္ က်င့္သားမရျဖစ္ေနကာ ခ်က္ခ်င္းလည္းအိပ္မေပ်ာ္။
တစ္ဖက္ခန္းရွိစန္းရန္သည္လည္း တိတ္ဆိတ္ေနလ်က္သား။
ေနာက္တြင္ေတာ့ ဝိန္းရိဖန္တစ္ေယာက္ အေတြးကမၻာထဲေမ်ာပါသြားရင္း ထူးဆန္းေသာခံစားခ်က္မ်ားအား ေတြးၾကည့္မိေတာ့၏။
ေနာက္ဆုံးအႀကိမ္ ျပန္ေတြ႕ဆုံၾကသည့္အခ်ိန္တုန္းက ဝိန္းရိဖန္ေတြးခဲ့ဖူးသည္မွာ သူတို႔ႏွစ္ဦးၾကားတြင္ ပတ္သတ္စရာဆက္ဆံေရးမ်ိဳး တစ္စိုးတစ္စိေလးမွ်ရွိလာလိမ့္မည္မဟုတ္ ဟူ၍ပင္။
အေၾကာင္းျပခ်က္မွာ ထိုအထက္တန္းေက်ာင္းၿပီးသြားခဲ့ၿပီးေနာက္ ျဖတ္ပစ္ခဲ့ၾကသည့္ ဆက္ဆံေရးေၾကာင့္လည္းျဖစ္နိုင္သလို ေတြ႕ၾကသည့္အခ်ိန္မ်ိဳးတြင္ ေခါင္းတစ္ခ်က္မငုံ႕ျပခဲ့သည့္ဆက္ဆံေရးေၾကာင့္လည္း ျဖစ္နိုင္ပါလိမ့္မည္။
အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔ႏွစ္ဦးႏွစ္ေယာက္လုံး၏ အက်င့္စရိုက္မ်ားမွာ လုံးဝမတူညီသည့္အျပင္ ၊ ထပ္ေပါင္းေျပာရလွ်င္ ႏွစ္ဦးစလုံးသည္ စကားကို တတြတ္တြတ္ေျပာတတ္သည့္သူမ်ိဳးမ်ား မဟုတ္။ ထို႔ေၾကာင့္ ေက်ာင္းစတက္သည့္ေန႕၌ ေနာက္က်ခဲ့ၾကသည့္ ဝိန္းရိဖန္ ႏွင့္ စန္းရန္သည္ စားပြဲခုံတစ္ခုတည္း၌ထိုင္ေနၾကေသာ္လည္း စကားစျမည္ေျပာခဲ့ျခင္းမ်ိဳးမရွိ၏။
ထို႔အျပင္ တစ္ခုံတည္းထိုင္ခဲ့ၾကသည့္အခ်ိန္မ်ားမွာလည္း သိပ္မၾကာလိုက္၏။
ေနာက္ပိုင္းတြင္ အတန္းထဲရွိသူငယ္ခ်င္းမ်ားၾကားထဲတြင္ ပ်ံ့ေနေသာေကာလဟလမ်ားေၾကာင့္သာ ႏွစ္ေယာက္သားက အဆက္အဆံရွိေနၾကျခင္းဟု ဆိုရမည္။
ေကာလဟလမွာလည္း အျခားမဟုတ္။
ပထမဆုံးေက်ာင္းတက္သည့္ေန႕တြင္ သူတို႔ႏွစ္ဦးက အတူတူေနာက္က်ခဲ့ၾကၿပီး ႏွစ္ေယာက္စလုံးမွာ ထူးထူးျခားျခားကိုၾကည့္ေကာင္းၾကသူမ်ား ျဖစ္ေသာေၾကာင့္ပင္။
ထို႔ေၾကာင့္ အျခားသူမ်ား၏အျမင္တြင္ သူတို႔ႏွစ္ဦးမွာ အတင္းေပးစားခံရသည့္ အတြဲတစ္တြဲ ျဖစ္လာခဲ့ေတာ့၏။
ဤေကာလဟလႏွင့္ပတ္သတ္ၿပီး ပုံစံကြဲမ်ိဳးစုံရွိပါေသးသည္။
ႏွစ္ေယာက္သားက အလယ္တန္းေက်ာင္းကတည္းက အတူတူရွိခဲ့ၾကသည့္သူငယ္ခ်င္းမ်ားျဖစ္ၾကၿပီး အထက္တန္းေက်ာင္းကိုလည္း အတူတူတက္ရန္ ကတိျပဳထားၾကသည္ ဟူ၍လည္းေကာင္း...
သူတို႔ႏွစ္ေယာက္မွာ အစပိုင္းတြင္ တစ္ေယာက္ႏွင့္တစ္ေယာက္ အခ်င္းပြားမႈမ်ားျဖစ္ခဲ့ၾကေသာ္လည္း စစ္ေက်ေအးၿပီးေနာက္တြင္ေတာ့ ခင္မင္ရင္းႏွီးရာမွစ၍ အျခားေသာစိတ္ခံစားခ်က္မ်ားပါ ေပါက္ဖြားလာကာ ယခုအခ်ိန္တြင္ တိတ္တခိုးဆက္ဆံေရးမ်ိဳးရွိလာၿပီ ဟူ၍လည္းေကာင္း...
ႏွစ္ေယာက္သားက ေက်ာင္းလာသည့္လမ္းတြင္ အၾကည့္ခ်င္းဆုံရာမွ ျမင္ျမင္ခ်င္းခ်စ္မိသြားၾကၿပီး မ်က္ႏွာသာေပးေနသည့္ကံၾကမၼာကို မလြဲေခ်ာ္လိုျခင္းအလို႔ငွာ သူတို႔ႏွစ္ဦးက တစ္ေယာက္ခံစားမ်ားကို တစ္ေယာက္ဖြင့္ဟဝန္ခံၾကၿပီးေနာက္တြင္ေတာ့ လက္ခ်င္းတြဲသြားၾကၿပီ ဟူ၍လည္းေကာင္း...
စစခ်င္းတြင္ ဝိန္းရိဖန္က ဤေကာလဟလပုံစံကြဲမ်ားကို လုံးဝမသိခဲ့ပါေခ်။
တန္းခြဲမ်ားမွာ အလယ္တန္းစာေမးပြဲ၏ရလဒ္အေပၚ မူတည္ၿပီးခြဲေပးထားျခင္းျဖစ္၍ သူမက က်ဳံးစစ္ေခ်ာင္ ၊ ရွန့္လန္ တို႔ႏွင့္ တန္းခြဲတစ္ခုတည္း မက်ခဲ့။ထို႔အျပင္ ေကာလဟလမ်ားကလည္း သူတို႔၏တန္းခြဲ (၁၇) ထဲ၌သာ အုပ္စုလိုက္ေျပာေနၾကျခင္းျဖစ္ရာ အတန္းထဲ၌ အထူးတလည္ခင္မင္သည့္သူငယ္ခ်င္းမရွိသည့္အတြက္ သူမအား ဤေပါက္ကရေလးဆယ္ေကာလဟလမ်ားကို လာေျပာျပမည့္သူ မရွိ၏။
စုေဟာက္အန္းေၾကာင့္သာ ေကာလဟလမ်ားအား ဝိန္းရိဖန္သိခဲ့ရျခင္းျဖစ္၏။
အဘယ္ေၾကာင့္ဆိုေသာ္ စန္းရန္၏နား႐ြက္ဖ်ားဆီသို႔ ဤသတင္းမ်ားကို ေန႕တိုင္းေန႕တိုင္း ပို႔ေပးေနသည့္သူမွာ စုေဟာက္အန္းပင္။
မွတ္မိသေလာက္ဆိုရလွ်င္ တစ္ခါက အားကစားကြင္းမွ စာသင္ခန္းဆီသို႔ျပန္လာသည့္အခ်ိန္။
ဝိန္းရိဖန္က ေကာ္ရစ္တာနားရွိ ေက်ာင္းေရသန့္စက္မွ ေရသြားထည့္ရာ တန္းစီေနသည့္လိုင္းမ်ားၾကားမွ ႐ုတ္တရက္ဆိုသလို အေရွ႕နားတြင္ရပ္ေနသည့္ စုေဟာက္အန္း၏အသံကို ၾကားလိုက္ရသည္။
စုေဟာက္အန္းက အတန္းထဲ၌ ေတာ္ေတာ္ေလးနာမည္ရွိၿပီး စကားမ်ားနိုင္လြန္းသည့္အတြက္ေၾကာင့္ ေက်ာင္းဖြင့္ၿပီးရက္အနည္းငယ္အတြင္းပင္ အတန္းတစ္ဝက္စာနီးပါးႏွင့္ ခင္မင္ရင္းႏွီးသြားခဲ့ၿပီျဖစ္သည္။ ထိုအခ်ိန္တြင္ စုေဟာက္အန္းက တဟားဟားေအာ္ရယ္ေနၿပီး ေက်ာေပးရပ္ေနသည့္သူ၏ရင္ဘတ္အား တဘုန္းဘုန္းထုကာ စကားဆိုေနေလသည္။
"ဒီေန႕လည္း သတင္းအသစ္ရွိျပန္ၿပီ..နာမည္ႀကီးေနတဲ့ေကာင္ေလး..နားေထာင္ဦးမလား?"
ဝိန္းရိဖန္ အလိုလိုေမာ့ၾကည့္မိလိုက္၏။
သူမ၏အေရွ႕တြင္ရပ္ေနသည့္သူက စန္းရန္ ျဖစ္ေနမွန္း ေတြ႕ျမင္လိုက္ရကာ သူ႕ေက်ာျပင္က ပိန္ပိန္ပါးပါးႏွင့္ အရပ္ခပ္ျမင့္ျမင့္။ သူ႕စကားေျပာသံတို႔က စိတ္မရွည္သည့္ဟန္မ်ိဳးသာ ျဖစ္ၿပီး
"မင္းရဲ႕ ေပါက္ကရေတြေတာ္ေလာက္ၿပီ"
"ဘာလဲကြာ..ဂ႐ုမစိုက္ခ်င္ေယာင္ေဆာင္မေနနဲ႕"
စုေဟာက္အန္းက ဆက္၍
"ဟိုအက,ကတဲ့ေက်ာင္းသူက ဘယ္ေလာက္ေတာင္မ်ား လွလိုက္သလဲ..ဒီလိုအလွေလးနဲ႕ သတင္းထြက္ရလို႔ မင္း က်ိတ္ၿပီးခိုးေပ်ာ္ေနတာမလား..သူ ဟိုေန႕က ငါ့အေနာက္မွာလာထိုင္တဲ့အခ်ိန္တုန္းကဆို ငါ့မွာ သူနဲ႕စကားေတာင္သြားမေျပာရဲဘူး"
စန္းရန္ ;
"မင္း အ႐ူးထျပန္ၿပီလား"
စုေဟာက္အန္း ;
"ငါ့ကိုေျပာျပစမ္းပါ!..မင္း မဟုတ္မွလြဲ သူ႕ကို တိတ္တိတ္ေလး...."
စကားမဆုံးခင္ စုေဟာက္အန္းက စန္းရန္၏အေနာက္ဘက္ မလွမ္းမကမ္းတြင္ရပ္ေနသည့္ဝိန္းရိဖန္အား ႐ုတ္တရက္သတိထားမိလိုက္ကာ ခ်က္ခ်င္းအသံတိတ္လိုက္ေတာ့၏။ သိပ္မၾကာလိုက္ပါဘဲ လက္ရမ္းျပၿပီး ဝိန္းရိဖန္အား လွမ္းႏႈတ္ဆက္လိုက္၏။
"ဟိုင္း..."
စန္းရန္သည္လည္း လွမ္းၾကည့္လာခဲ့သည္။
ဝိန္းရိဖန္က ဘာမွမၾကားလိုက္သည့္အလား ေခါင္းၿငိမ့္ၿပဳံးျပရင္း ဖတ္စာအုပ္ကိုၾကည့္ေနဟန္ျဖင့္ ေခါင္းငုံ႕ပစ္လိုက္၏။
စကၠန့္ပိုင္းၾကာၿပီးေနာက္တြင္။
စန္းရန္ဘက္မွ လွမ္းေခၚလာခဲ့၏။
"ဂ်ဴနီယာညီမေလး"
ဝိန္းရိဖန္ ထပ္ၿပီး ေခါင္းေမာ့ၾကည့္လိုက္သည္။
"မင္း ၾကားလိုက္တယ္မလား"
စန္းရန္က ႏႈတ္ခမ္းပါးကို လွစ္ခနဲေကြးလိုက္၍
"မၾကားခ်င္ေယာင္ေဆာင္လိုက္ေသးတယ္ေပါ့"
ဝိန္းရိဖန္ ;
"နင္တို႔ ဘာေတြေျပာေနမွန္း ငါ တကယ္မသိတာ"
စန္းရန္က မ်က္လုံးေအာက္စိုက္ၾကည့္လိုက္ရင္း အနည္းငယ္တြန့္ဆုတ္သြားသည့္အသံတို႔ျဖင့္
"သူတို႔ေျပာေနၾကတာက ငါနဲ႕ မင္းနဲ႕တြဲေနၾကတယ္တဲ့"
"...."
ဝိန္းရိဖန္က ေၾကာင္အမ္း၍ၾကည့္ေနရင္း
"ငါနဲ႕နင္နဲ႕လား"
"အင္း"
"ငါ မသိထားဘူး..သူမ်ားေတြလည္း ငါ့ကို လာမေျပာျပပါဘူး"
ဝိန္းရိဖန္က ဤကိစၥမ်ားအား စိတ္ထဲပင္မထည့္ဘဲ
"နင္ စိတ္ထဲသိပ္ထည့္မေနပါနဲ႕..သူတို႔လည္း ဘယ္ေလာက္မွၾကာၾကာမေျပာနိုင္ပါဘူး"
ကိစၥတိုင္းတြင္ ျဖစ္ေပၚလာသည့္သဲလြန္စဟူ၍ ရွိစၿမဲ ၊ အကယ္၍ သဲလြန္စသာမရွိလွ်င္ ဤေကာလဟလမ်ားက ေျဖရွင္းစရာမလိုဘဲ အလိုလိုေမွးမွိန္သြားမည္သာ။
စန္းရန္က မ်က္ခုံးမ်ားပင့္လိုက္၍ ပုံမွန္အတိုင္းဆိုလာခဲ့၏။
"ဒီလိုဆိုရင္ေတာ့ အေကာင္းဆုံးပဲ"
ထိုအခ်ိန္တုန္းက သူတို႔ႏွစ္ဦးမွာ အလြန္ကိုမွ သမရိုးက်သာမန္ အတန္းေဖာ္သူငယ္ခ်င္းမ်ားသာ ျဖစ္ခဲ့ၾကသည္။
တစ္ေယာက္အေၾကာင္း တစ္ေယာက္မသိၾကသည့္အျပင္ စကားအေျပာအဆိုမွာလည္း သိပ္မရွိ။
ထို႔ေၾကာင့္ ယခုလက္ရွိအခ်ိန္တြင္ ဝိန္းရိဖန္ လက္ခံထားသည့္ - စန္းရန္မွ သူမအား သေဘာမက်ျဖစ္ေနရျခင္း၏အေၾကာင္းအရင္းမွာ သူမကိုယ္တိုင္က ခ်စ္ခင္စရာေကာင္းေအာင္မေနျပတတ္႐ုံသာမက စန္းရန္၏အမူအရာမွာလည္း သူတို႔ႏွစ္ဦး စေတြ႕တုန္းကအခ်ိန္ႏွင့္ပင္ မျခားမနားျဖစ္ေနမွန္း ဝိန္းရိဖန္ ခံစားေနမိခဲ့ေသးသည္။
သို႔သည့္တိုင္ စန္းရန္၏ သူသေဘာက်သည့္သူအေပၚထားရွိသည့္ သေဘာထား ႏွင့္ သေဘာမက်သည့္သူအေပၚထားသည့္ သေဘာထားတို႔မွာေတာ့...
မိုးေလာက္ႀကီးပင္ ကြာျခား ျခားနားေလသည္။
စန္းရန္၏အက်င့္စရိုက္မွာ အလြန္တရာမာနႀကီးၿပီး အေၾကာမာသည့္သူမ်ိဳး..
သူသာ တစ္စုံတစ္ေယာက္အား သေဘာက်ေနလွ်င္...
အကယ္၍ တစ္ဖက္သတ္သေဘာက်ျခင္းမ်ိဳး ျဖစ္ေနလွ်င္ေတာင္...တစ္ေလာကလုံး သိသြားလည္း ဂ႐ုမစိုက္မည့္ပုံစံမ်ိဳးပင္ျဖစ္၏။
ေနာက္တစ္ေန႕တြင္။
မနက္ဆယ္နာရီထိုးၿပီးမွ ဝိန္းရိဖန္ အိပ္ရာနိုးလာခဲ့၏။ ကိုယ့္ကိုကိုယ္ျပင္ဆင္ၿပီးေနာက္တြင္ ဝိန္းရိဖန္က အေပၚထပ္ကုတ္အကၤ်ီကိုယူၿပီး အိပ္ခန္းထဲမွထြက္လာခဲ့သည္။ ဧည့္ခန္းနားသို႔ေရာက္သည္ႏွင့္ ဆိုဖာေပၚတြင္ထိုင္ၿပီး ဖုန္းကစားေနသည့္ စန္းရန္အား ျမင္လိုက္ရသည္။
လႈပ္လႈပ္ရွားရွားအသံမ်ားကို ၾကားလိုက္သည့္သူကလည္း မ်က္လုံးတစ္ခ်က္ပင့္ၾကည့္လာ႐ုံကလြဲ ၊ သူမအား လ်စ္လ်ဴရႈထား၏။
ဝိန္းရိဖန္က ယဥ္ေက်းမႈအရ ႏႈတ္ဆက္လိုက္ခ်င္ေသာ္လည္း သူေျပာဖူးသည့္ 'အနားမကပ္လာနဲ႕' ဆိုသည့္ေဝါဟာရေၾကာင့္ လက္ေလ်ာ့ပစ္လိုက္ေတာ့သည္။
တီဗြီတင္ထားသည့္ ဘီဒိုေပၚမွ ေကာ္ဖီထုပ္ကိုယူကာ ေရႏြေးအိုးတည္လိုက္ရင္း ဆိုဖာေပၚထိုင္ေနလိုက္၏။ဘီစကစ္မုန့္တစ္ထုပ္ကိုေဖာက္ ၊ ေကာ္ဖီမႈန့္အား ခြက္ထဲထည့္ၿပီးေနာက္ ဝိန္းရိဖန္က ဖုန္းဖြင့္ၿပီး မက္ေဆ့မ်ားစစ္ၾကည့္လိုက္သည္။
ေတာ္ေတာ္မ်ားမ်ားမွာ က်ဳံးစစ္ေခ်ာင္ထံမွ မက္ေဆ့မ်ားပင္။
က်ဳံးစစ္ေခ်ာင္ ; [ သူ! ငယ္! ခ်င္း! ေရ! ]
က်ဳံးစစ္ေခ်ာင္ ; [ ငါနင့္အတြက္! အိမ္ခန္းေဖာ္! ရွာေတြ႕ၿပီလို႔! ]
ဝိန္းရိဖန္ မ်က္ေတာင္တဖ်က္ဖ်က္ခတ္ရင္း
[ ငါ နင့္ကိုေျပာဖို႔ေမ့ေနတာ ]
ဝိန္းရိဖန္ ; [ ငါ အိမ္ခန္းေဖာ္ရသြားၿပီးၿပီ ]
ရွင္းျပေတာ့မည့္ဆဲဆဲ ၊ ေရႏြေးအိုးဆူသြားခဲ့သျဖင့္ ဝိန္းရိဖန္က ဖုန္းကိုခ်ထားလိုက္ၿပီးေနာက္ ေရႏြေးအိုးကိုယူကာ ခြက္ထဲေလာင္းထည့္လိုက္၏။ ေရႏြေးအိုးျပန္ခ်ခ်ပင္ က်ဳံးစစ္ေခ်ာင္မွ ဖုန္းေခၚဆိုလာခဲ့၏။
ဝိန္းရိဖန္က ေကာ္ဖီခြက္အား ဇြန္းျဖင့္ေမႊရင္း ဖုန္းလက္ခံေျဖဆိုလိုက္ရာ...
က်ဳံးစစ္ေခ်ာင္ ;
"နင္ အိမ္ခန္းေဖာ္ရွာေတြ႕သြားၿပီလား..ဘယ္သူလဲ"
ဝိန္းရိဖန္က စန္းရန္ရွိရာသို႔ တစ္ခ်က္လွမ္းၾကည့္လိုက္ေသာ္လည္း ဤေမးခြန္းအား ေက်ာ္ခ်သြားရန္သာ ဆုံးျဖတ္လိုက္၍
"အင္း..ရွာေတြ႕ထားၿပီ..ဒါေပမယ့္ ၾကာၾကာမေနဘူး..သုံးလပဲ"
ဝိန္းရိဖန္ ;
"ငါ နင့္ကို ေျပာျပဖို႔ေမ့သြားလို႔..နင္ ငါ့အစား နင့္မိတ္ေဆြကို ေတာင္းပန္ေပးဦးေနာ္"
"ဘယ္ကသာ ငါ့ရဲ႕မိတ္ေဆြလဲ!..ေတာ္ၿပီကြာ ငါမေအာင့္နိုင္ေတာ့ဘူး"
က်ဳံးစစ္ေခ်ာင္က တဟားဟားေအာ္ရယ္ကာ ေဘးနားမွတစ္ေယာက္ေယာက္အား စကားေျပာေနပုံရ၍
"ေတာ္ၿပီ ရွန့္လန္..ဒီတိုင္းၿငိမ္ၿပီးနားေထာင္မေနနဲ႕ေတာ့..နင္ ေနနိုင္တာလဲမဟုတ္ဘဲနဲ႕ "
ဝိန္းရိဖန္ တအံ့တၾသျဖစ္သြားၿပီး
"ရွန့္လန္က နင့္ေဘးမွာလား"
ဤစကားကိုၾကားလွ်င္ၾကားလိုက္ခ်င္း စန္းရန္က ဝိန္းရိဖန္ရွိရာဘက္သို႔ မသိမသာေခါင္းေစာင္းၾကည့္လာခဲ့၏။
ေနာက္တစ္စကၠန့္တြင္ ဖုန္း၏အျခားတစ္ဖက္မွ ေယာက္်ားသံတစ္ခုပီပီသသထြက္လာကာ စကားသံတို႔ထဲတြင္ ရယ္သံပါစြက္ေနေသး၏။
"ဟုတ္တယ္..ငါ.."
"ဘယ္အခ်ိန္တည္းက ျပန္ေရာက္ေနတာလဲ..ငါလည္း ေခ်ာင္ေခ်ာင္ဆီက ဘာမွမၾကားထားရပါလား"
"ငါ ဘယ္တုန္းကမ်ား အသိမေပးခဲ့လို႔လဲ"
က်ဳံးစစ္ေခ်ာင္က လွမ္းေအာ္ရင္း ရွင္းျပလာ၏။
"ငါ အရင္က ဒီေကာင္စုတ္ ေနာက္လဆိုရင္ျပန္လာေတာ့မယ့္အေၾကာင္း နင့္ကို ေျပာထားတယ္ေလ..နင့္ဘာသာနင္ ေမ့ေနတာ"
ေျပာရလွ်င္ ဝိန္းရိဖန္ႏွင့္ ရွန့္လန္ မေတြ႕ျဖစ္ခဲ့ၾကသည္မွာ အေတာ္ႀကီးပင္ၾကာသြားခဲ့ၿပီျဖစ္သည္။
သူမက 'ေပယြီ'ၿမိဳ႕သို႔ ေျပာင္းသြားခဲ့ၿပီးေနာက္တြင္ နန္းဝူၿမိဳ႕သို႔ တစ္ခါမွျပန္မလာျဖစ္ခဲ့သလို ရွန့္လန္ကလည္း အထက္တန္းေအာင္ၿပီးသည္ႏွင့္ နိုင္ငံျခားထြက္သြားခဲ့ရာ ထိုအခ်ိန္မွစေရတြက္လွ်င္ ခုႏွစ္ႏွစ္ပင္ၾကာသြားခဲ့ၿပီ။ ၾကားထဲ၌လည္း အဆက္အသြယ္က ျပတ္တစ္လွည့္ ရတစ္လွည့္မ်ိဳးျဖစ္ၿပီး ဆက္သြယ္ၾကသည့္အေရအတြက္လည္း နည္းသြားခဲ့သည္။
သူ႕လတ္တေလာအေျခအေနမ်ားကိုေတာ့ က်ဳံးစစ္ေခ်ာင္ထံမွ ၾကားဖူးနားဝရွိထားခဲ့၏။
"ဒီေန႕က တနလၤာေန႕ေလ..ေခ်ာင္ေခ်ာင္ နင္ အလုပ္မသြားဘူးလား..နင္တို႔ႏွစ္ေယာက္ကေရာ ဘယ္လိုျဖစ္ၿပီးအတူတူရွိေနၾကတာလဲ"
"ငါတို႔ကုမၸဏီက ႐ုံးပိတ္ရက္ စေပးေနၿပီေလ..ငါတို႔ႏွစ္ေယာက္က အခုေလးတင္ပဲေတြ႕ၾကတာ..ဒါေၾကာင့္မလို႔လည္း နင္နဲ႕ပါအတူတူေတြ႕ရေအာင္လို႔ ငါ နင့္ကို အေစာႀကီးမက္ေဆ့ပို႔ထားတာေပါ့..နင္က အခုမွစာျပန္တာကိုး"
ဝိန္းရိဖန္ ;
"ငါ အခုမွနိုးလို႔"
ရွန့္လန္က ခပ္ၿပဳံးၿပဳံးျဖင့္
"ငါ ခန့္မွန္းမိပါတယ္"
က်ဳံးစစ္ေခ်ာင္ ;
"ဒါဆိုလည္း ၿပီးေရာေလ..နင္ မနက္စာျမန္ျမန္စားၿပီး ႐ုံးသြားတက္ေတာ့..နင္ ဒီေန႕မအားမွန္းသိသြားၿပီမလို႔ ငါတို႔ ထပ္ၿပီးခ်ိန္းမယ္ေလ..နင္ ဘယ္အခ်ိန္ ပိတ္ရက္ရမွာလဲ..ငါတို႔ သုံးေယာက္ အတူတူစကားေျပာၾကရေအာင္လို႔"
"ေနာက္ထပ္ႏွစ္ရက္ေနရင္ ရၿပီ..ငါ ဗုဒၶဟူးေန႕က်ရင္ ႐ုံးမတက္ဘူး"
က်ဳံးစစ္ေခ်ာင္က ထပ္၍
"နင္ ႏွစ္သစ္ကူးပိတ္ရက္ ဘယ္ႏွရက္ရတာလဲ"
ဝိန္းရိဖန္ ;
"သုံးရက္"
"ငါလခြမ္း..အိုင္း...ဝူး ဝူး ဝူး ငါတို႔ရဲ႕ရိဖန္ေလးက အရမ္းသနားစရာေကာင္းတာပဲေရာ္..ေတာ္ပါၿပီ ငါ နင့္ကို မႏွောက္ယွက္ေတာ့ပါဘူး..ဒါဆို ေနာက္ထပ္ႏွစ္ရက္ေနမွေတြ႕မယ္္ေနာ္..ငါ့ရဲ႕ ဟိုလက္ေကာက္ကိုေရာ ယူလာေပးဖို႔ မေမ့နဲ႕ဦး"
ရွန့္လန္က ဆက္၍
"ငါတို႔ ခ်ိန္းထားတာကိုလည္း မေမ့နဲ႕ဦး"
ဝိန္းရိဖန္က ရယ္လိုက္ရင္း
"မေမ့ပါဘူးဟာ"
ဖုန္းခ်ၿပီးေနာက္ ဝိန္းရိဖန္က ေခါင္းအသာအယာငုံ႕ရင္း ေကာ္ဖီတစ္ငုံေသာက္လိုက္ကာ ျပန္ေမာ့လာသည့္အခ်ိန္ စန္းရန္၏မ်က္ဝန္းမ်ားႏွင့္ ဆုံေလေတာ့၏။ ႐ုတ္တရက္တိုက္ဆိုင္သြားမွန္း သိေသာေၾကာင့္ ဝိန္းရိဖန္က အၾကည့္လႊဲလိုက္ေသာ္ျငား မ်က္ဝန္းေထာင့္တစ္ေနရာမွေန၍ စန္းရန္က သူမအား ဆက္ၾကည့္ေနေသးေၾကာင္း ျမင္ေနရ၏။
တစ္ခုခုေျပာစရာရွိ၍လား ဟူ၍ ေမးျမန္းမည္အျပဳတြင္ စန္းရန္ဘက္မွေနၿပီး သူမအား စကားဆိုလာခဲ့၏။
"မင္း ဗုဒၶဟူးေန႕ပိတ္ရက္?"
ဝိန္းရိဖန္က သူ႕အားလွမ္းၾကည့္ရင္း
"အင္း"
စန္းရန္က လက္ထဲမွဖုန္းကိုခ်ထားလိုက္ၿပီး
"အျပင္ထြက္လည္မလို႔လား"
ဝိန္းရိဖန္က ေခါင္းၿငိမ့္ျပရင္း
"ရွန့္လန္ ျပည္ပကျပန္ေရာက္လို႔..ဆုံၾကမလိို႔"
ေမးသမွ်ကိုေျဖေနရင္း ဝိန္းရိဖန္က စန္းရန္အား လွမ္းၾကည့္ေနဆဲျဖစ္ကာ
"နင္တို႔ႏွစ္ေယာက္လည္း သိေလာက္ၾကမယ္ထင္တယ္..အထက္တန္း တတိယႏွစ္တုန္းက နင္တို႔ႏွစ္ေယာက္က တန္းခြဲတစ္ခုတည္းလို႔ ရွန့္လန္ ေျပာျပဖူးသလားလို႔"
စန္းရန္ ;
"အို႔..မမွတ္မိဘူး"
"...."
ဝိန္းရိဖန္က စန္းရန္ဘက္မွ ဘယ္လိုအေျခအေနမ်ိဳးျဖစ္ခ်င္ေနမွန္း မသိသည့္အတြက္ မည္သည့္မွတ္ခ်က္မ်ိဳးမွျပန္မေပးဘဲ ၿငိမ္ေနလိုက္၏။
တစ္ခဏအၾကာတြင္။
စန္းရန္ ;
"ေတြ႕ၾကမယ့္ေနရာကို ေ႐ြးၿပီးၿပီလား"
ဝိန္းရိဖန္ ;
"မေ႐ြးရေသးဘူး"
"ဒါဆို ကိုယ့္ဘားမွာ ေတြ႕ၾကရင္ေရာ"
စန္းရန္က ဆိုဖာေပၚ၌ ေျခေထာက္ခ်ိတ္ထိုင္ေနရင္း ေျဖးေျဖးခ်င္းျဖင့္
"ကိုယ္တို႔က အိမ္ခန္းေဖာ္ေတြျဖစ္ေနၿပီဆိုမွေတာ့ အိမ္ခန္းေဖာ္ရဲ႕စီးပြားေရးကို အားေပးသင့္တာေပါ့..ဟုတ္တယ္မလား"
***********