မောင့်ငယ်ဖော်

By Tigressk

2.9K 133 36

Unicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင်... More

Into
အပိုင်း၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
Author's confessions
အပိုင်း ၂၇
ဇာတ်သိမ်းပိုင်း

အပိုင်း ၂၆

66 3 3
By Tigressk

Unicode

၂၀၀၇ခုနှစ်.....
စက်တင်ဘာမိုးရေစက်တို့သည် မန္တလေးမြို့ လမ်းမပေါ်သို့ အတားအဆီးမဲ့စွာ ကျဆင်းလျက်ရှိသည်။ လမ်းမတစ်ဆုံး မျှော်ကြည့်လိုက်လျှင် ရွှေဝါရောင်တို့က လွှမ်းနေသည်။ မိုးရေထဲတွင် အဝါရောင်သင်္ကန်းတို့က တလွင့်လွင့်။ လမ်းဘေးပလတ်ဖောင်းပေါ်ရပ်နေသော မောင်သည် ထိုမြင်ကွင်းကိုတွေ့လိုက်ရချိန်တွင် တစ်စုံတခုသောခံစားချက်တို့က သူ့စိတ်ဝိဉာဉ်ကို လွှမ်းခြုံသွား၏။ နောက်တော့ မောင်လည်း ထို ရွှေဝါရောင်တို့၏ တစ်စိတ်တဒေသဖြစ်၍ သွားလေသည်။
.......
.......

မောင့်ဘဝအတွင် အမှောင်မိုက်ဆုံးနေ့ရက်တို့သည် တဖန်ပြန်လည်၍ ရောက်ရှိလာလေသည်။ ဆယ်လှမ်းမပြည့်သည့် အခန်းကျဉ်းလေးထဲတွင် မောင့်နေ့စဉ်ဘဝကို တစ်ဦးထည်း ရှင်သန်ဖြတ်သန်းနေခဲ့ရသည်မှာ ယခုဆိုလျှင် ၃နှစ်ပြည့်ပြီဖြစ်သည်။ မောင်ဝတ်ဆင်ထားသည့် အပြာရောင်အင်္ကျီလေး၏ ရင်ဘတ်အိပ်ကပ်ထဲတွင် ခေါက်ရိုးကျိုးလျက်ရှိသည့် ဟောင်းနွမ်းသော စာတစ်စောင်ရှိလေသည်။

မောင်သည် စာထဲ၌ပါသည့်စကားလုံးများနှင့် လက်ရေးလက်သားကိုပင် စိတ်တွင် တစ်လုံးမကျန်မှတ်မိနေပေပြီ။ ထိုစာကို မောင်အချိန်တိုင်း ဖွင့်ဖတ်နေမိခဲ့သည် မဟုတ်ပါလား။ ထိုစာရရှိသောနေ့က မောင်တစ်ယောက် ထိုအခန်းကျဉ်းလေးထဲတွင် သည်းထန်စွာ ငိုကြွေးခဲ့ရပါသည်။ နေ့စဉ်နှင့်အမျှ ထိုဝေဒနာသည် မောင့်စိတ်အား နှိပ်စက်၍ နေသည်။

စာက မိုးဦးဆီမှ ရရှိသော စာဖြစ်သည်။ မောင်အထဲသို့ရောက်ရှိပြီး ၁နှစ်ကျော်ခန့်ကြာသောအခါမှ ရရှိခြင်းဖြစ်သည်။ သို့....မောင် ဟု စတင်ထားသည့်စာသည် ယခုပင် မိုးဦး၏ သူ့အားခေါ်နေကျအသံကို နားထဲ ကြားယောင်နေမိသည်။ မောင့်ကို ကျန်းမာရေးဂရုစိုက်ဖို့ အားပေးထားပြီး သတင်းဆိုးတစ်ခုကိုပါ ထည့်သွင်းထားသည်။ မိုးဦး၏ဖေဖေ၊ မောင့်ဆရာလေး ဦးမိုးမြင့် ကွယ်လွန်သွားပြီဖြစ်သည့်အကြောင်း။ ထိုသတင်းသည် မောင့်အသည်းကို ချေမွသကဲ့သို့ ခံစားလိုက်ရသည်။ ဆရာလေးသည် မောင့်အတွက် မဟာတံတိုင်းကြီးဖြစ်သည်။ ပညာဟူသောအလင်းရောင်ကို မောင့်အား ပေးခဲ့သူ၊ အကောင်းနှင့်အဆိုးတို့၏ သဘာဝကို လမ်းပြပေးခဲ့သူဖြစ်သည်။ မောင့်ဆရာလေး၊ မောင့်ကို အမြဲကာကွယ်ပေးတတ်သော၊ မောင့်ကျေးဇူးရှင် ဆရာလေးသည် မောင်တို့အား ချန်ထားရစ်ခဲ့လေပြီ။ ထို့အပြင် ကိုယ့်ချစ်သူ၏ ဆင်းရဲဒုက္ခကို ဝေမျှပေးနိုင်မည့်သူ မဖြစ်ခဲ့ရသည့်အတွက် မောင့်ကို ပို၍ နာကျင်စေသည်။ ထိုကဲ့သို့သော မိုးဦးတစ်ယောက် ဝမ်းနည်းပူဆွေးနေချိန်၌ မိုးဦး၏ နံဘေးတွင် မောင်ရှိမနေနိုင်သည့်အဖြစ်ကို စိတ်ထိခိုက်ဆုံးဖြစ်သည်။
"မိုးဦးရေ... မောင့်ကို ခွင့်လွှတ်ပါကွာ"

.....
....
၂၀၁၀ခုနှစ်....
အကျဉ်းထောင်ရှေ့ရှိ လမ်းသည် နေအပူကြောင့် တံလျပ်ထနေသည်။ မောင့်အတွက် လွတ်လပ်မှုကို ပြန်လည်ရရှိပြီးနောက် ပထမဦးဆုံးအတွေးထဲ ဝင်ရောက်လာသူ မိုးဦး ဖြစ်သည်။ မောင် ဘယ်လမ်းကို သွားရမည်လည်း မတွေးတတ်တော့ချေ။ သုံးနှစ်ဆိုသည့်ကာလအတွင်း မောင်သည် အရာရာနှင့် ကင်းကွာခဲ့ရသည်။ မောင်တန်ဖိုးထားသည့်အရာတို့ ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် မောင်အချစ်ရဆုံးသော မိုးဦးနဲ့ ဝေးကွာခဲ့ရသည်။

လမ်းအတိုင်းလျှောက်လာရင်း မောင် ရှေ့ဆက်ရမည့်ဘဝအတွက် တွေးတောနေမိသည်။ မိုးဦးရှိရာသို့ သွားရမည်လား။ မောင်သည် ယခု မိုးဦး ဘယ်ရောက်နေလဲဆိုသည်ကို မသိပါ။ သို့သော် သိလျှင်လည်း မိုးဦးရှိရာသို့ သွားရဲပါမည်လား။ မောင် မိုးဦးကို မျက်နှာမပြဝင့်။ မောင့်ဘဝသည် အရင်ကတည်းက ဘာကိုမှ ပိုင်ဆိုင်ထားသည့်သူမဟုတ်ပေ။ ဘဝက အရင်ကတည်းက ဗလာဖြစ်သည်။ ယခုအခြေအနေမှာ ပို၍ပင် ဆိုးဝါးနေသေးသည်။ မျှော်လင့်ချက်မဲ့နေသည့်ဘဝကဲ့သို့ဖြစ်နေသည်။
.....
မန္တလေးမြို့ကြီးသည် အနည်းငယ်စည်ကားလာသည်က လွဲလျှင် ဘာမှ ထူးထူးခြားခြားပြောင်းလဲတော့မရှိဟု ခံစားရသည်။ နန်းမြို့ရိုးရှိရာ ကျုံးပတ်လမ်းပေါ်သို့ လျှောက်သွားရင်း ယခင်က မိုးဦးနှင့် ပျော်ရွှင်ခဲ့ရသည်တို့ကို သတိရမိသည်။ သည်နေရာမှာထိုင်ရင်း မိုးဦး၏ စွဲမက်ဖွယ်နှုတ်ခမ်းတို့အား နမ်းရှိုက်ဖူးသည့်အငွေ့အသက်တို့ကို ပြန်ပြောင်းတွေးတောနေမိသည်။

"မောင့်ပါးချိုင့်လေးနဲ့ ဝေးခဲ့ရတာ ကြာပါပြီကော"
"လွမ်းလိုက်တာ မိုးဦးရာ၊ မင်း ဘယ်များရောက်နေပြီလဲ"
.....

အရာရာကို ရင်မဆိုင်ရဲသူတစ်ယောက်အဖို့ နောက်ဆုံးတော့ ကိုယ့်ဇာတိရွာကိုပင် ပြန်ရန်ဆုံးဖြတ်လိုက်မိသည်။ အဝေးပြေးကားလေးသည် မောင့်ဘဝအစပြုခဲ့သော ယောနယ်သို့ ဦးတည်လာခဲ့သည်။ ကားပေါ်တွင် အမျိုးမျိုးတွေးတောနေမိသည်။ အဘကို မည်သို့မျက်နှာပြရပါမည်နည်း။ မောင့်ကို မုန်းများသွားပြီလား အဘရယ်။ အိမ်ရှေ့ရောက်မှ အဘက မောင့်ကို နှင်လွှတ်ရင် ဘယ်လိုလုပ်မလဲ။ ဒီသားဟာ မမိုက်ပေမယ့် မလိမ္မာခဲ့ဘူးမဟုတ်ပါလား။
......

အိမ်အဝင် ခြံစည်းရိုးပေါ်တွင် မောင်အိမ်မှ စတင်ထွက်ခွါလာသည့်အတိုင်း ထားဝယ်မှိုင်းပန်းတို့ လှပစွာပွင့်နေကြသည်။ မောင်က ခြံထဲသို့ ခေါင်းငုံကာ ဝင်လာသည်။ ခြံထဲတွင် ဘယ်သူမှမရှိ။ မောင်က အိမ်ရှေ့ကပြင်တွင်ထိုင်ပြီး ပါလာသည့် လွယ်အိတ်လေးအား ဘေးသို့ ချလိုက်သည်။ အိမ်ကလေးသည် ယခင်ကလောက်တော့ မအိုဟောင်းတော့၊ ဝါးကပ်အသစ်တို့ဖြင့် မြေစိုက်တစ်ထပ်အိမ်လေးဖြစ်နေပေပြီ။ သို့သော် ငယ်စဉ်က အငွေ့အသက်များနှင့်အတူ အိမ်ရှေ့ကပြင်လေးကတော့ ချထားသေးသည်။

ခဏကြာတော့ ခြံနောက်ဘက်မှ ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်မိသည်။ အဘက ထင်းစည်းများကိုသယ်လျက် အိမ်ရှေ့သို့ ထွက်လာသည်။ မောင်က အဘကိုမြင်တော့ ထိုင်နေရာမှ အလိုလိုမတ်တပ်ရပ်မိသွားသည်။ အဘက မောင့်အားကြည့်လိုက်ပြီး ထင်းစည်းတို့အား အိမ်တိုင်အနီးတွင် အသာချထားကာ မောင့်ဆီကို တစ်လှမ်းချင်းလျှောက်လာသည်။

အဘမျက်လုံးများသည် ဇရာကြောင့် အရောင်မှေးမှိန်သွားကြပြီ။ မျက်နှာပေါ်က အရေးအကြောင်းတို့သည် ယခင်ကထက် ပို၍ ထင်ရှားလာကြပြီ။ အဘက မောင်အား "လူကလေး" ဟုခေါ်ပြီး မောင့်မျက်နှာကို လက်နှစ်ဖက်နှင့် ကိုင်ထားပြီး မျက်ရည်ကျလေသည်။ မောင်လည်း အဘကိုကြည့်ရင်း ငိုသည်။ ထို့နောက် နှစ်ဦးသား ကပြင်ပေါ်တွင်ထိုင်လိုက်ကြပြီး မျက်ရည်တို့အား ပုဆိုးကပုံစာဖြင့်သုတ်လိုက်ကြသည်။

"အဘ နေကောင်းလားဟင်"

"အေး ကောင်းပါတယ် လူကလေးရယ်"

အဘက မောင့်အား သေချာစွာ ကြည့်လိုက်ပြီး
"မင်း ပိုချောလာတာပဲကွ"

"အဘနဲ့တူလို့ရှိမှာပေါ့"

"အေး ဟုတ်မှာ ဟုတ်မှာ"

"အခုမှ ထွက်သလားကွ"

"ဟုတ်တယ်အဘ ထွက်လာလာချင်း ပြန်လာခဲ့တာ"

"အေးကွာ မင်း အိမ်မှာပဲ အေးအေးဆေးဆေးနားအုံးပေါ့ကွာ"

ထို့နောက် အဘက မောင့်အား
"ငါ့သား မင်း ဘာမှ စိတ်မဆင်းရဲနဲ့၊ ဘဝဆိုတာ ဒီလိုပါပဲကွာ၊ ကြုံရမှာမို့ ကြုံခဲ့တယ်လို့ပဲ တွေးလိုက်ပါ ဟုတ်လား"

"ဟုတ်ကဲ့ပါ အဘ"

ထိုစဉ် အမျိုးသမီးတစ်ဦးသည် ခြံထဲသို့ဝင်လာသည်။ အဘက ထိုအမျိုးသမီးအား လှမ်းခေါ်လိုက်ပြီး
"သား... ဒါ မင်းအကိုလေး မိန်းမလေ"

"အယ် ညိုမောင် ပြန်ရောက်နေပြီပဲ"

မောင်က ရုတ်တရတ်မို့ မမှတ်မိ။
"ဟဲ့ ညိုမောင် ငါ့ကို မမှတ်မိဘူးလား"

သေချာကြည့်လိုက်မှ
"ဟာ မလုံးတင်ကြီးပါလား"

"ဟဲ့ ဘယ်ကလုံးတင်တုန်း၊ ငယ်တုန်းက နာမည်တွေ မခေါ်နဲ့ဟဲ့၊ လှယဉ်ကျေးပါဟ"

"အော် အဲ့ဒါကြောင့် အကိုလေးပို့လိုက်သော စာထဲမှာ သူ့မိန်းမ လှယဉ်ကျေး ဆိုလို့ မျက်လုံးထဲမမြင်တာကိုး"

တကယ်တော့ လုံးတင်ဆိုသည်မှာ ငယ်စဉ်က ကာလသားများ နောက်ပိုးပိုးရာတွင် ခေါ်သည့် နာမည်ပြောင်ဖြစ်သည်။ ထိုစဉ်က မောင်က ကလေးဆိုတော့ ထိုနာမည်ကို နာမည်အရင်းမှတ်ထားမိတာဖြစ်၏။
"အကိုလေးရော"

"မင့်အကိုလေးက ရွာမြောက်ပိုင်းခဏသွားတယ်၊ မကြာဘူး ပြန်လာတော့မှာပဲ"

အကိုလေးက ကလေးတစ်ယောက်ကို ချီလျက် ပြန်ရောက်လာသည်။ မောင့်ကို မြင်တော့
"ဟာ ညိုမောင်" ဟုဆိုကာ မောင့်ကို ပြေးဖက်၏။

ထို့နောက် ဝမ်းသာအားရဖြင့်
"မြို့ထဲမှာ သတင်းတွေကြားကတည်းက မင်းကိုမျှော်နေတာ၊ ဘယ်နေ့လာမယ် လာမယ်နဲ့"

"ပြန်ရောက်လာတာ ကောင်းတယ်ကွာ" ဟုပြောရင်း သူ့မိန်းမဘက်လှည့်လိုက်ပြီး
"ဒီနေ့တော့ ဟင်းကောင်းစားရအောင်ဟေ့" ဟု အော်လိုက်သည်။

"ဒါက ကျနော့်တူလေးလား"

"ဟုတ်ပါ့ ဒါက အငယ်ကောင်လေ၊ အကြီးကတော့ ကောင်မလေး အခု ရွာထဲမှာ ဆော့တုန်းကစားတုန်း"
"ဟုတ်လား၊ သူတို့ကျောင်းတက်နေပြီလား"

"အေး အကြီးက ငါးတန်းကွ၊ မြို့ကျောင်းမှာ ထားတယ်၊ အငယ်လေးကတော့ သူငယ်တန်း"

မောင့်အကိုလေးက မောင့်ကိုပြောရင်း သူ့ကလေးတွေကို ကြည့်ကာ
"ငါကတော့ စာမတတ်ပေမယ့် ငါ့ကလေးတွေကိုတော့ ကျောင်းပြီးအောင် ထားမယ်ကွာ ၊ ဒါ ငါ့အိပ်မက်ပဲကွ"

မောင်က ပြုံးလိုက်ပြီး အကိုလေးကိုကြည့်ရင်း ဆရာလေးအား အောက်မေ့မိလေသည်။ အကိုလေးသည် အဘငယ်စဉ်ကရုပ်နှင့် တစ်ပုံထည်းတူသည်။ ငယ်စဉ်ကဆိုလျှင် ရွာထဲမှ လူတွေက မောင့်ကို အမနှင့်တူပြီး အကိုလေးကို အဘနှင့်တူကြောင်း မကြာခဏပြောတတ်ကြသည်။ အကိုလေးမျက်နှာကို ကြည့်ရင်း "အင်း အကိုလေးမှာလဲ အမနဲ့တူတဲ့ မျက်လုံးလေးတွေရှိတာပဲ" ဟု တွေးမိသည်။
🍃🍃🍃🍃🍃🍃🍃
Author Note 📝 အပေါ်ဆုံးမှာ ပါတဲ့အပိုဒ်က ၂၀၀၇ခုနှစ်၊ စက်တင်ဘာ "ရွှေဝါရောင်တော်လှန်ရေး" တစ်ပိုင်းတစကို ရေးသားထားတာပါ။ ဖတ်ပြီး နားမလည်လိုက်မှာစိုးလို့😁

ZawGyi

၂၀၀ရခုနှစျ.....
.......
.......




.....
....

.....

.....

......





























🍃🍃🍃🍃🍃🍃🍃

Continue Reading

You'll Also Like

7.9K 233 11
Jing y/n is an idol in kpop group, she been have a rumour... just read to find out aisshh. english is not my first language so pls bare with me and...
1.7M 104K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
8K 73 16
You have liked Tari for a while now,as long as you can remember to be honest. Your first memory of you and Tari was when you walked into the castle a...
1.5K 95 4
စိတ်ကူးပေါက်တိုင်း ရေးရေးတင်ဖြစ်မည့် ဝတ္ထုတိုများ စုစည်းမှုဖြစ်ပါသည်။