အပိုင်း ၂၁

54 2 3
                                    

Unicode

စစ်ကိုင်းသို့ အပြန်လမ်းတစ်လျောက်လုံး ဒီအကြောင်းပဲ ခေါင်းထဲတွေးနေမိ၏။ မောင်က ငါ့ကို ချစ်တယ်တဲ့။ ဟိုးကလေးဘဝတုန်းကတော့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ပြောဖူးကြပါလိမ့်မည်။ ဒါပေမယ့် အခုပြောသည့် အဓိပ္ပါယ်နှင့် လုံးဝဆန့်ကျင်ဘက်။ တကယ်ဆို မောင့်ကို စိတ်တိုသည်ထက် ကိုယ့်ကိုယ်ကိုယ် ပို စိတ်တိုနေမိသည်။ မိုးဦးသည် ရည်းစားမထားဖူးသည့်အပြင် ထိုအကြောင်းကို တွေးပင် မတွေးဖူးပေ။ အခုတော့ ဖွင့်ပြောခံရသဖြင့် ရင်တုန်နေသည့် မိန်းကလေးတစ်ဦးကဲ့သို့ဖြစ်နေ၏။

အဆောင်ရောက်တော့လဲ ဘာမှ မလုပ်ဘဲ အခန်းထဲ ထိုးအိပ်နေမိသည်။ သို့သော် အိပ်၍ မပျော်။ မျက်လုံးတွင်ရော နားထဲ၌ပါ မောင့်မျက်နှာနှင့် မောင့်အသံကို ပြန်ကြားနေ၏။ အဆောင်ခန်းထဲသို့ သူငယ်ချင်းများက လာလည်သောအခါ သူ့အခြေအနေကို ရိပ်မိပြီး တစ်ယောက်က မေး၏။

"မိုးဦးသွင် မင်း ဘာဖြစ်နေတာလဲကွ"

"စော်ငြင်းခံရတာရှိမှာပေါ့ ဟားဟား"

"မင်း ဘယ်ကောင်မလေးကြိုက်နေတာလဲကွ၊ ငါတို့ လိုက်ပေးမှာပေါ့"

မိုးဦးက စိတ်ပေါက်ပေါက်နှင့် ဒေါသထွက်ကာ အော်ပစ်လိုက်သည်။

"သွားကြစမ်းပါကွာ၊ ငါ့ဟာငါ အေးအေးဆေးဆေးနေပါရစေ"

"ဘူမနေပါနဲ့ကွာ၊ ငါတို့ ဒီညဝိုင်းမလို့ ၊ ဟိုဘက်ခန်းထဲမှာ"

"မင်း မသောက်ဖူးဘူး မဟုတ်လား၊ စိတ်ပါရင် လာခဲ့ပေါ့ကွာ"

"အဆောင်မှူးသိရင် ဒဏ်ပေးမှာနော်"

"ဟေ့ရောင် မင်းမပြောရင် ဘယ်သူမှ မသိဘူး"

ညရောက်သည်အထိ အတွေးတို့က လေးလံနေ၏။ ထို့ကြောင့် စိတ်ပြေလက်ပျောက်ဖြစ်စေရန် တစ်ဖက်အခန်းသို့ သွားလိုက်သည်။ အခန်းထဲတွင် အခုမှ ဝိုင်းက အစပြုရုံရှိသေးသည်။

"လာလာ ဟေ့ကောင်" သူငယ်ချင်းများကလည်း ဝမ်းသာအားရဖိတ်ခေါ်ကြပြီး မိုးဦးလက်ထဲသို့ ဘီယာတစ်ခွက်ထည့်ပေးလိုက်သည်။

"သောက်လိုက်ကွာ၊ မင်း အဲ့ကောင်မလေးကို မေ့သွားလိမ့်မယ်"

ခါးသက်သော အရသာက လည်ချောင်းတစ်လျောက် စီးဆင်းသွားပြီး လူကလဲ တက်ကြွလာသလို ခံစားရ၏။ သုံးလေးခွက်ခန့်သောက်လိုက်ပြီးနောက် ရိပ်တိတ်တိတ်ဖြစ်လာသည်။

မောင့်ငယ်ဖော်Where stories live. Discover now