အပိုင်း ၅

77 6 1
                                    

Unicode

ထိုကောင်လေးသည် သူ့အား ပြုံးကာ မေး၏။

"မောင်..... မင်းက မောင်မို့လား"

"မဟုတ်ဘူး၊ ညိုမောင်"ဟု ပြန်ဖြေလိုက်သည်။

ထိုအခါ ကောင်လေးက
"မောင်၊ ဟုတ်သားပဲ" ဟုပြောပြီး မျက်လုံးလေးများ မှေးသွားအောင် ရယ်လိုက်သည်။

"ငါ့နာမည်က မိုးဦးသွင်၊ မိုးဦးလို့ပဲခေါ်၊ လာ သွားကြစို့" ဟု ပြောကာ သူ့လက်ကို ဆွဲခေါ်သွားလေသည်။

မိုးဦးခေါ်ရာနောက်သို့ မောင်တစ်ယောက် ယက်ကန်ယက်ကန်ဖြင့် ပါသွားသည်။ သူတို့နှစ်ယောက် ကွင်းပြင်ကို ဖြတ်ပြီးနောက် စာသင်ဆောင်နှစ်ဆောင်ကြားရှိ လမ်းကြားထဲသို့ ဝင်လာခဲ့သည်။ စာသင်ဆောင်၏ အနောက်တွင် ဝန်ထမ်းအိမ်ရာတစ်ခု ရှိလေသည်။ ထိုဝန်ထမ်းအိမ်ရာသည် သစ်သားအိမ်လေးများ ၄/ ၅လုံးခန့် တန်းစီကာ ဆောက်လုပ်ထားသည်။ သစ်သားအိမ်လေးများမှာ ခြေတံရှည်အိမ်လေးများဖြစ်ပြီး အိမ်ရှေ့တွင် လှေကားပုလေး တစ်ခုစီ တပ်ထားသည်။ မိုးဦးသည် လိုင်းခန်းထိပ်ဆုံးမှ သစ်သားအိမ်လေးဆီသို့ သူ့ကိုခေါ်သွားပြီး လှေကားပေါ် တက်ရင်းက အိမ်ထဲသို့ လှမ်းအော်လိုက်သည်။

"ဖေဖေရေ.... မောင်လာပြီဗျ"

ဆရာလေးသည် အိမ်ရှေ့ ဧည့်ခန်းတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်ရင်း
"အေး...အေး... အိမ်ထဲခေါ်ခဲ့လေကွာ"ဟု ပြောလေသည်။

မိုးဦးသည် အိမ်ထဲသို့ မဝင်မီ သူ့ဖိနပ်နှစ်ဖက်ကို ချွတ်လိုက်ပြီး လက်ဖြင့် ကောက်ယူကာ ဖိနပ်စင်ပေါ်သို့ သေချာစွာ တင်လိုက်သည်။ မောင်သည်လည်း မိုးဦးလုပ်သည့်အတိုင်း လိုက်ကာ ဖိနပ်ချွတ်ပြီး တင်လိုက်၏။ ထို့နောက် နှစ်ယောက်အတူတူ အိမ်ထဲသို့ ဝင်လိုက်ပြီး မိိုးဦးက ဧည့်ခန်းထဲတွင် ခင်းထာသော သင်ပြူးဖျာပေါ်သို့ လျောတိုက်ကာထိုင်လိုက်၏။

"မောင်... လာ ဒီမှာလာထိုင်"
မောင်လည်း မိုးဦးနံဘေးသို့ ကပ်ကာ တင်ပြင်ခွေတင်လိုက်၏။

"ဒီမှာ ကာတွန်းစာအုပ်တွေ၊ ဒီမှာက ပစ်တိုင်းထောင်ရုပ်၊ ဒါက ဇီးကွက်ရုပ်၊ ဒါလေးက နွားလှည်းလေး"

မောင့်ငယ်ဖော်Nơi câu chuyện tồn tại. Hãy khám phá bây giờ