အပိုင်း ၁၉

47 3 3
                                    

Unicode

"မောင် ထတော့ဟ ထတော့"
"ဟေ့ရောင် ထတော့လို့"

နံနက်အစောကြီး မိုးဦးက အတင်းလှုပ်နှိုးနေသဖြင့် တမင်အိပ်ချင်ဟန်ဆောင်လိုက်၏။

"ဟေ့ရောင် သေနေပြီလား"

"ထပြီ ထပြီ ဘာလဲပြော"

"ဒီနေ့ အင်းဝသွားရအောင်"

မောင်က အမြင်ကတ်ကတ်ဖြင့်
"မင်း တမင်သက်သက်လျှောက်သွားချင်တိုင်း အဖော်မရှိလို့ ငါ့ဆီလာတာမဟုတ်လား"

"ငါက မင်းနဲ့သွားချင်လို့ တကူးတကလာတာလေ"

ထို့နောက် မိုးဦးက အပေါ်မှ ရှပ်အင်္ကျီကို ဆွဲချွတ်လိုက်ပြီး ကုတင်ပေါ်သို့ပစ်တင်လိုက်သည်။

"ပေး မင်းပုဆိုးတစ်ထည်ပေးအုံး"

"ဘာလုပ်မလို့လဲ မင်းက"

"ရေချိုးမလို့လေ ရေလဲလုံချည်ပေးလို့"

မောင်လဲ နေမရတော့ဘဲ သေတ္တာကိုလှပ်ကာ ပုဆိုးတစ်ထည်ထုပ်ပေးလိုက်သည်။ မိုးဦးက မောင့်ဘေးနားကပ်လာပြီး သေတ္တာထဲမှ ထင်းရူးသီးလေးအား ဆွဲထုတ်လိုက်သည်။

"မင်းဆီမှာ ဒါလေးရှိသေးတယ်ပေါ့"

"ပေးပါ... လျှောက်ကိုင်မနေနဲ့"

"အကုန်သိမ်းထားတာပဲ၊ အံမယ် ဒီစာအုပ်က ဘာတုန်း"

မိုးဦးက သေတ္တာထဲတွင် ထည့်သိမ်းထားသော ဒိုင်ယာရီစာအုပ်အား အတင်းဆွဲယူသွား၏။

"ပြန်ပေးလို့"

"မပေးဘူး ဘာတွေရေးထားတာလဲ"

မောင်က ဒေါသထွက်ကာ စာအုပ်ကို ပြန်လု၏။

"မိုးဦး ပြန်ပေးလို့ ပြောနေတယ်"

မိုးဦးက ပြန်မပေးဘဲ စာအုပ်ကို ဖွင့်ကာ ဖတ်ကြည့်ဖို့ ကြိုးစား၏။ မောင်က မိုးဦးကို ကျောဘက်မှ သိုင်း၍ဖက်လိုက်ပြီး မိုးဦးလက်ထဲမှ စာအုပ်အား ဇွတ်ဆွဲယူလိုက်သည်။

"မင်း တော်တော်နှမြောတဲ့ကောင်ကွာ"

မောင်က ရှက်ရွံမှုနှင့် စိုးရိမ်မှုတို့ကြောင့် တရှူးရှူးတရှဲရှဲဖြစ်နေ၏။ စာအုပ်ကို သေတ္တာထဲသို့ ပြန်ထည့်ကာ သေတ္တာကို ပြန်ပိတ်လိုက်၏။

မောင့်ငယ်ဖော်Where stories live. Discover now