အပိုင်း ၂၄

52 4 2
                                    

Unicode

"မောင် ကုတင်ပေါ်တက်မလာနဲ့၊ အောက်ဆင်းအိပ်"

ဒီည မိုးဦးက စစ်ကိုင်းသို့မပြန်ဘဲ မောင့်အဆောင်တွင် အိပ်ဖြစ်သည်။ မောင့်မှာ အိပ်ရမည်ဆိုကတည်းက စိတ်လှုပ်ရှားကာ မျက်နှာသေချာသစ်၍ ကိုယ်လက်တို့ပင် ဆေးကြောလာခဲ့သေးသည်။ သို့သော် ညအိပ်ရန် ကုတင်ပေါ်သို့တက်လာသည့် မောင့်အား မိုးဦးက ကုတင်အောက်သို့ တွန်းချလိုက်သည်။

"မင်းဘဲ ဟိုးအရင်တုန်းကတော့ အပေါ်မှာအိပ်ဖို့ ဇွတ်ခေါ်ပြီးတော့"

"မရဘူး အောက်မှာပဲအိပ် ကုတင်က ကျဉ်းကျဉ်းလေးရယ်"

"မကျဉ်းပါဘူး၊ ကုတင်က နှစ်ယောက်ဆံ့ပါတယ်၊ မောင်က ငြိမ်ငြိမ်လေး အိပ်မှာပေါ့"

"အိုက်တယ်ကွ၊ မန္တလေးက မတအားအိုက်တာ ကြည့်ပါ့လား ချွေးတွေချည်းပဲ"

မောင်က ကုတင်ပေါ်တွင် လှဲနေသော မိုးဦးပေါ်သို့ အုပ်မိုးလိုက်သည်။

"ဘာလုပ်တာလဲ မောင်"

မိုးဦးက အလန့်တကြား ထထိုင်လိုက်၏။

"ဘာမှ မလုပ်ပါဘူး၊ ဒီမှာ စောင်ယူတာ ခေါင်းအုံးအပိုမရှိလို့"

မိုးဦးက သူ့ဘေးတွင်ရှိသော စောင်အား ဆွဲယူလိုက်ပြီး မောင့်ဆီသို့ ပစ်ပေါက်လိုက်၏။
"ရော့ နောက်မလာခဲ့နဲ့" ဟုဆိုကာ ခြင်ထောင်ကို ချလိုက်သည်။ မောင်က ကြမ်းပြင်တွင် ငုတ်တုပ်ထိုင်လျက် အလျော့မပေးသေးဘဲ မိုးဦးအား လှမ်းပြောနေ၏။

"ခြင်ကိုက်တယ်ကွ၊ အောက်မှာက"

"မိုးဦးရာ.... မိုးဦးလို့"

မိုးဦးဆီမှ အသံထွက်မလာတော့။ မိုးဦးက ကုတင်ပေါ်တွင် နံရံဘက်သို့ မျက်နှာမူလျက် ဘေးတစောင်းလှဲနေ၏။ ညသည် တိတ်ဆိတ်ငြိမ်သက်လျက် ပုစဉ်းရင်ကွဲတစ်ယောက်၏ တစ်ချက်တစ်ချက် အော်မြည်သံကိုသာ ကြားရသည်။  မိုးဦး ရင်ခုန်လွန်းလှသဖြင့် ရင်ဘက်ကို ဖိထားရသည်။ တကယ်တော့ သူလည်း မောင့်ကို ချစ်ပါ၏။ မောင့်အထိအတွေ့တို့ကို သာယာတတ်ပါသည်။ သို့သော် ကြောက်ရွံ့သည့်စိတ်က ပို၍ စီးမိုးထားသည်။

မောင့်ငယ်ဖော်Where stories live. Discover now