ဤပုံစံအတိုင်းသာ ဆက်သွားနေလျှင် များမကြာခင်အချိန်အတွင်း စန်းရန်၏စကားများကြောင့် ဝိန်းရိဖန်တစ်ယောက် ဦးနှောက်ဆေးခြင်း(Brainwash) ခံရပါတော့မည်။
သူမ ဦးနှောက်ဆေးခံရမည့်ခေါင်းစဥ်မှာ -- သူမက ဟိုးအရင်ကတည်းက ဤစန်းထို့ဖန်( စန်း အဓိကသင်္ကေတ /ခေါင်းကြီး) ၏ဂုဏ်သတင်းများကို ကြားဖူးနားဝရှိခဲ့ရပြီး ထိုသူ၏ တမူထူးခြားလှပါဘိ ဆိုသောခန့်ညားမှုကို ရှုစားရန်အတွက်လည်း မိုင်ပေါင်းသောင်းချီခရီးနှင်လာခဲ့ကာ ၊ ထိုအဓိကသင်္ကေတမှာ တစ်ချိန်က သူမကို ပိုးပမ်းဖူးသည့်အဆက်ဟောင်းမှန်း သိသွားခဲ့ပြန်သည့်အချိန်တွင်လည်း ရင်ခုန်နေဆဲဖြစ်သောကြောင့် သူ့အရှေ့တွင် သူမ၏ဖြစ်တည်မှုကိုသိသာစေနိုင်မည့် နည်းလမ်းအားလုံးကို သုံးပြခဲ့သည်ဟူ၍....
သူ့ရှေ့မှောက်တွင် ပြုမူမိသည့်အရာအားလုံးက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံထားခဲ့သလိုလိုပင် ဖြစ်နေပါတော့၏။
ဝိန်းရိဖန်က မနေနိုင်အောင် ပြန်ပက်လိုက်ချင်သဖြင့် ချက်ချင်းစာပြန်လိုက်၏။
[လက်စသတ်တော့ နင့်ဆီမှာ ကျကျန်နေခဲ့တာကိုး]
ဝိန်းရိဖန် ; [ အားနာလိုက်တာ..နင့်ကိုပဲ ထပ်ပြီးအလုပ်ရှုပ်အောင် လုပ်မိပြန်ပြီ..ဒါမှမဟုတ် နင် အဆင်ပြေမယ့်အချိန်ကိုပြောလေ..ငါ နင့်ဆီလာယူလိုက်မယ် ]
စဥ်းစားရင်း တွေးရင်း ၊ သူတို့နှစ်ဦး နောက်တစ်ကြိမ်ဆုံကြမည့်အခွင့်အရေးကို ကျော်ချပစ်လိုက်ရနိုးနိုးဖြင့်
[ မဟုတ်လည်း သော့ကို နင့်ဘားမှာပဲ ပေးထားခဲ့လိုက်လေ..ငါ့ဘာသာငါ သွားယူလိုက်မယ်..ဒီလိုဆိုရင်ရော အဆင်ပြေမလား ]
တစ်ခဏကြာသွားပြီသည်အထိ။
စန်းရန်ဘက်မှ ပြန်စာ ပို့မလာသေးပေ။
ဝိန်းရိဖန်က လောလည်းမလောသလို သူ့ဆီမှ ပြန်စာကိုလည်း တကူးတကစောင့်နေခြင်းမရှိ ၊ အလုပ်များကိုသာ ဆက်လုပ်နေပြီး ပထမဆုံး စာပိုဒ်အား သေသေချာချာပြန်စစ်ပြီးလျှင် အယ်ဒီတာဆီသို့ လှမ်းပို့ပေးလိုက်သည်။ ဖုန်းမက်ဆေ့သံမြည်သွားသည့်အချိန်မှသာ ဖုန်းကိုကောက်ယူပြီး ဖတ်ကြည့်လိုက်၏။
စန်းရန် ; [ ကိုယ် အခုတလော အားတဲ့အချိန်မရှိဘူး ]
ဝိန်းရိဖန်က စိတ်ရှည်လက်ရှည် စာပြန်ပို့လိုက်၏ ; [ ဒါဆို ခန့်မှန်းချေ ဘယ်အချိန်လောက်အားနိုင်မလဲ ]
နောက်တစ်စက္ကန့်တွင်။
စန်းရန်က အသံမက်ဆေ့တစ်ခုကို ပို့လာခဲ့၏။ သူ့အသံမှာ ပျင်းတိပျင်းရွဲဖြင့်
"စနေနေ့ည"
စနေနေ့ည...
ဝိန်းရိဖန်က တွေးကြည့်လိုက်ပြီးနောက်တွင်..
တနင်္ဂနွေနေ့သည်ကား သူမ၏ပိတ်ရက်ပင်။
စနေနေ့ည၌ စန်းရန်ထံမှ သော့ပြန်ယူပြီး တနင်္ဂနွေနေ့တွင် အရင်အိမ်ခန်းပိုင်ရှင်အား သွားပြန်ပေးလိုက်ခြင်း - အစီအစဥ်က မဆိုးပေ။ အိမ်ခန်းပိုင်ရှင်ထံသို့ ရက်အနည်းငယ်နောက်ကျမည့်အကြောင်း ပြောပြလိုက်ရုံသာရှိပြီး အခြားပြဿနာမရှိ။
ဝိန်းရိဖန် ; [ အိုကေ ]
ဝိန်းရိဖန် ; [ ဒါဆို 'Overtime' ဘားကို လာခဲ့ရမလား နင့်အိမ်နားကို လာခဲ့ရမလား ]
ဝိန်းရိဖန် ; [ နင့်ကို ငါရှိတဲ့နေရာထိ တကူးတက လာပေးခိုင်းရမှာ အားနာလို့ပါ ]
မိနစ်ဝက်ခန့်မျှကြာသွားပြီးနောက်တွင် စန်းရန်က အသံမက်ဆေ့နှစ်ခုကို ထပ်ပြီးပို့လာခဲ့၏။
ဝိန်းရိဖန် ဖွင့်နားထောင်ကြည့်လိုက်၏။
စန်းရန်က တမျိုးတမည်မြည်သောအဓိပ္ပါယ်မျိုးဖြင့် ရယ်နေရင်း စကားလုံးနှစ်လုံးကို ပြောထွက်လာပါတော့၏။
"ကိုယ့်အိမ်?"
"...."
ဝိန်းရိဖန်၏မျက်ခွံများ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ရသည်။
ပထမအသံမက်ဆေ့ အဆုံးတွင် ဒုတိယအသံမက်ဆေ့က အလိုအလျောက် ပွင့်သွားခဲ့၏။
စန်းရန်၏ စကား ၊ လေသံအသိမ်းအယူအရ သူ့စကားလုံးများကြားတွင် ' မင်းရဲ့ဦးတည်ချက်ကြီးက အရမ်းသိသာလွန်းနေပြီ ' ဟူသောဆိုလိုရင်းသဘောက ကပ်ပါနေမှန်း ဝိန်းရိဖန် ရှင်းရှင်းလင်းလင်းခံစားနေမိကာ ထိုသူက ဤသို့တိုက်ရိုက်မပြောရုံတမယ်ဖြင့်
"အမ်?..မလုပ်ပါနဲ့"
စန်းရန် ; " Overtime ကိုပဲ တိုက်ရိုက်လာခဲ့လိုက် "
"...."
နှစ်ဖက်စလုံးသည် ကိုယ်စီတပ်ထားကြသောမျက်နှာဖုံးများကို အသီးသီးခွာချလိုက်ပြီးနောက်တွင် အပြန်အလှန်ဆက်ဆံရေးက ပုံမှန်နေသားကျသွားလိမ့်မည်ဟု ဝိန်းရိဖန် တွေးမိခဲ့သေးသည်။ သို့သော် စန်းရန်မှာတော့ ယခုနှစ်များအတွင်း မကြာခဏ လိုက်ပိုးပမ်းခံနေရခြင်းကြောင့်လားမသိ သူ့ကိုယ်ပေါ်၌ ကိုယ့်ကိုကိုယ်ဂုဏ်ဆာပြနေသည့်အငွေ့အသက်များပင် မွှန်ထူလို့နေပြီ။
ရလဒ်အနေဖြင့် မည်ကဲ့သို့သော သမာရိုးကျကိစ္စမျိုးပင်ဖြစ်နေပါစေ တစ်ဖက်လူက သူ့အားရည်ရွယ်ချက်ရှိရှိဖြင့် ချဥ်းကပ်နေသည်ဟုသာ ထင်နေလေရော့၏။
ဤအခိုက်အတန့်တွင် ဝိန်းရိဖန် တွေးကြည့်မိလိုက်၏ ၊ စန်းရန်ရှေ့၌ စကားပြောရမည့်အချိန်တိုင်း၊စက္ကန့်တိုင်းအတွက် သူမထံ၌ အင်နာဂျီခွန်အားပေါင်း တစ်သိန်းတိတိ ရှိရပေမည်။
မဟုတ်လျှင် သူနှင့်ပတ်သတ်သည့်စကားလေးတစ်ခွန်းလေးကမျှ မှားပြောမိ၍မရ။
ဝိန်းရိဖန်က သက်ပြင်းချလိုက်၍
[ကောင်းပြီ]
ထို့နောက်တွင် ဝိန်းရိဖန်က ဖုန်းအား ဘေးသို့ချထားလိုက်သည်။
အချိန်ကိုက်ဆိုသလို အယ်ဒီတာထံမှ စာမူနှင့်ပတ်သတ်သည့်ထင်မြင်ချက်များကိုပြောပြထားသည့် emailတစ်စောင် ပြန်ပို့ထားကာ ဝိန်းရိဖန်က ဖတ်ကြည့်နေရင်း ကွန်ပြူတာမျက်နှာပြင်၏ ညာဘက်ထောင့်နေရာလေးမှ ရက်စွဲအား လှမ်းကြည့်မိလိုက်သည်။
အတွေးများက ချက်ချင်းပျံ့နှံ့သွားခဲ့၏။
ရုတ်တရက်တွေးလိုက်မိသည်မှာ နောက်ဆုံးတစ်ခေါက် စန်းရန်နှင့်တွေ့ဖြစ်ခဲ့သည့်နေ့မှာ နှစ်သစ်ကူးပြီးနှစ်ရက်မြောက်သည့်နေ့ ၊ အိမ်ခန်းသော့ကလည်း ထိုအချိန်တုန်းက ပြုတ်ကျခဲ့ခြင်းဖြစ်နိုင်ကာ ယနေ့ရက်စွဲနှင့်ဆိုလျှင် တစ်ပတ်နီးပါး ကြာသွားခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့် အခုချိန်ကျမှ သော့ကျန်ခဲ့ကြောင်း လာပြောပြရသနည်း။
သူမနှင့် အဆက်အသွယ်မလုပ်ချင်၍များ..သူမဘက်က စ၍ ဆက်သွယ်လာမည့်အချိန်ကို စောင့်နေခြင်းလား။
ဤသို့ဖြစ်နိုင်ချေက ပို၍များနေပေသည်။
ဝိန်းရိဖန်က ဤအကြောင်းကိစ္စပေါ် ထပ်၍အာရုံစိုက်မတွေးချင်တော့သဖြင့် အလုပ်ဆင်းသည်နှင့် အိမ်သို့သာ တန်းပြန်လာခဲ့လိုက်၏။
အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲမှ ဆိုဖာထက်တွင်လှဲအိပ်နေသော ဝမ်လင်လင်အား လှမ်းမြင်လိုက်ရ၏။ လက်ရှိအချိန်တွင် ဝမ်လင်လင်က မျက်နှာပေါင်းတင်ရင်း တီဗွီကြည့်နေကာ ဘေးနားတွင်လည်း အရွက်သုပ်တစ်ပန်းကန်ချထားသေးသည်။ သူမပုံစံက စိတ်ပျော်နေပုံရပြီး သီချင်းလေးပါ ညည်းနေသေး၏။
ဝိန်းရိဖန်ဘက်က ဦးစွာ လှမ်းခေါ်လိုက်၏။
"လင်ကျဲ"
ဝမ်လင်လင်က မပီမသအသံဖြင့်
"ပြန်လာပြီလား..ဒီနေ့ စောတယ်နော်"
"အင်း..ဒီနေ့ လုပ်စရာအလုပ်လည်းနည်းလို့"
"ဒီအလုပ်က အရမ်းပင်ပန်းတယ်မလား"
ဝမ်လင်လင်က တွေးတွေးဆဆဖြင့်
"အစ်မ 'ချွမ်တ' မှာအလုပ်လုပ်နေခဲ့တဲ့နှစ်တွေအတွင်း ဝန်ထမ်း ဘယ်နှလောက်တောင်အလုပ်ထွက်ကုန်ကြလဲသိလား..အချိန်ပိုတွေအရမ်းဆင်းရပြီး လစာကျတော့ မတိုးလာရင် ဘယ်သူမှခံနိုင်ရည်ရှိမှာမဟုတ်ဘူး..အစ်မတို့ဌာနထဲကလူတွေကို ကြည့်ကြည့်ပါလား..နေမကောင်းလို့ ဆေးရုံတစ်ခေါက်ရောက်ရင် လစာအားလုံးပြောင်တာပဲ"
ဝိန်းရိဖန်က ပြုံးရုံသာပြုံးနေပြီး
"အဆင်တော့ ပြေပါသေးတယ်"
"ဒါနဲ့ ရှောင်ဖန် "
ဝမ်လင်လင်က ထထိုင်လိုက်ပြီး မေးခွန်းတစ်ခုမေးလာခဲ့၏။
"မင်းမနေ့ညတုန်းက တရေးနိုးပြီးထသေးလား"
ဝိန်းရိဖန်က ကြောင်အသွားရင်း
"မထပါဘူး"
ဝမ်လင်လင်၏ပုံစံက စကားအဖြစ်ပြောသည့်ပုံစံမျိုးသာဖြစ်ပြီး
"ဒါဆို အစ်မ အိပ်မက်မက်တာပဲနေမှာပါ..အစ်မ မနေ့ညတုန်းက ဧည့်ခန်းထဲကနေ လှုပ်လှုပ်ရှားရှားအသံတွေကိုကြားလိုက်ရလို့..နာရီကိုတောင် လှမ်းကြည့်လိုက်သေးတယ်..မနက်ခင်း သုံးနာရီကျော်လောက်ဖြစ်မယ်ထင်တယ်"
"...."
ဤစကားကိုကြားလျှင်ကြားလိုက်ရခြင်း ဝိန်းရိဖန်က အတိတ်တွင်ရှိခဲ့ဖူးသောရောဂါတစ်ခုအကြောင်းကို သတိရမိလိုက်၏။သို့သော်လည်း လက္ခဏာများပျောက်သွားခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး ဝမ်လင်လင်ကလည်း မသေချာမရေရာဖြင့်မေးမြန်းနေသောအမေးတစ်ခုသာ ဖြစ်သည့်အတွက် သူမအနေဖြင့် တွေးကြည့်ရုံသာတွေးလိုက်ပြီး ရှင်းတော့ရှင်းမပြဖြစ်ပေ။
"အင်း"
ဝိန်းရိဖန်က နာရီကိုတစ်ချက်လှမ်းကြည့်လိုက်၍
"လင်ကျဲ..ကျွန်မ ရေသွားချိုးလိုက်တော့မယ်"
"ခဏလေး..ခဏလေးနေမှ ချိုး "
ဝမ်လင်လင်က သူမ၏ဘေးခုံအား လက်ဖြင့်ပုတ်ပြပြီး
"ရှောင်ဖန်..အစ်မတို့ စကားပြောရအောင်..ဒီမှာ လာထိုင်ဦး..အစ်မမှာ မင်းကို ပြောစရာလေးတွေရှိလို့"
ဝိန်းရိဖန်က အနားသို့လျှောက်သွားလိုက်၏။
"ဘာဖြစ်လို့လဲ"
"မင်း အရင်ဆုံး အစ်မကို ကတိပေးရမယ်"
ဝမ်လင်လင်က မျက်နှာပေါင်းတင် mask ကို ဖယ်လိုက်ပြီး အမှိုက်ပုံးထဲထည့်ကာ အနည်းငယ်ချစ်စဖွယ်ကောင်းသည့်အမူအရာမျိုးဖြင့်
"အစ်မပြောမှာတွေကို နားထောင်ပြီးရင် စိတ်မဆိုးပါဘူးလို့ ကတိပေး"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၏။
"ကောင်းပြီ"
"အစ်မ အခုလေးတင် ပြောလိုက်ပါသေးတယ်..အလုပ်က အရမ်းပင်ပန်းတယ်လို့..တစ်လစာလုပ်အားခကလည်း အစ်မကောင်လေး ဝယ်ပေးနေတဲ့အိတ်တစ်လုံးဖိုးတောင် မရှိဘူး..အစ်မအနေနဲ့လည်း ဒီလောက်အချိန်တွေအကြာကြီး ဒီအလုပ်လုပ်လာရတာ အတိုင်းအတာတစ်ခုထက်ကိုကျော်နေခဲ့ပြီ"
ဝမ်လင်လင်က ဆက်၍
"လွန်ခဲ့တဲ့သုံးလေးရက်က အစ်မရဲ့နှုတ်ထွက်စာကို ဒါရိုက်တာဆီ တင်ထားခဲ့ပြီးပြီ..ပြီးတော့ ဒီအလုပ်ဆက်မလုပ်ဖို့ပါ ဆုံးဖြတ်ထားတာ..အစ်မရဲ့ ဝမ်းကွဲအစ်ကိုကလည်း အစ်မကို အလုပ်တစ်ခု မိတ်ဆက်ပေးထားသေးတာ..နေရာက 'ကောင်းဇီခုန်' ဘက်မှာ..."
ဒီအထိ စကားဆိုလာပြီးချိန်တွင် ဝမ်လင်လင်က တစ်ခဏရပ်သွားခဲ့သလို အသံကိုလည်း နိမ့်ချတိုးဖျလိုက်၏။
"အလုပ်ရှိတဲ့နေရာနဲ့ ဒီနေရာနဲ့က အရမ်းဝေးတယ်လေ ဟုတ်တယ်မလား"
ဝိန်းရိဖန်က တစ်ဖက်လူ၏ဆိုလိုရင်းကို နားလည်သွားခဲ့ပြီး
"အစ်မက ဒီနေရာမှာ ဆက်မနေတော့ဖို့စဥ်းစားထားတာလား"
ဝမ်လင်လင် ချက်ချင်းရှင်းပြလာခဲ့၏။
"မင်း ကျေးဇူးပြုပြီး လုံးဝစိတ်မဆိုးပါနဲ့နော်..အစ်မလည်း အစ်မရဲ့နောက်ထပ်အလုပ်အသစ်က ဒီနေရာနဲ့ အရမ်းဝေးနေမယ်မှန်း မထင်ထားခဲ့လို့ပါ..အစ်မက မင်းနဲ့ အိမ်ခန်းကိုအတူတူမျှနေဖို့တောင် တွေးထားပြီးသား.."
"...."
အမှန်တကယ်အားနာပြီး စိတ်မသိုးမသန့်ဖြစ်နေခြင်းကြောင့်လားမသိ ဝမ်လင်လင်၏အပြုအမူတို့က ပုံမှန်ထက်ပင် ပျော့ပျောင်းသွားခဲ့ပြီး
"အစ်မ နောက်ထပ်ရက်နည်းနည်းကြာလောက်မှပြောင်းဖြစ်မှာပါ..မပြောင်းခင် အစ်မဘက်က မင်းအတွက် အဆင်ပြေမယ့်အိမ်ခန်းငှားဖော်တစ်ယောက် ရှာခဲ့ပေးမယ်လေ..ဒီလိုဆိုရင်ရော အဆင်ပြေမလားဟင်"
ဤကိစ္စနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်၏စိတ်ထဲ ထွေထွေထူးထူးလှုပ်ခတ်သွားခြင်းမျိုးမရှိ။
စုထျန်းထံမှ ဝမ်လင်လင်အလုပ်ထွက်တော့မည့်အကြောင်း ကြားလိုက်ရသည့်အချိန်ကတည်းက ယခုလိုဖြေနိုင်ချေများကိုတွေးထားခဲ့ပြီးဖြစ်ရာ လက်ရှိအချိန်တွင်တော့ စိတ်ဆိုးဖို့ကိုမဆိုထားနှင့် သိပ်၍ပင်မအံ့သြမိပေ။
ဝိန်းရိဖန်က နွေးနွေးထွေးထွေးဖြင့်
"ဘာမှမဖြစ်ပါဘူး..ကျွန်မ နားလည်ပေးနိုင်ပါတယ်..အစ်မက အစ်မနဲ့အဆင်ပြေမယ့်အလုပ်တစ်ခုကို ရှာတွေ့သွားတဲ့အတွက် အစ်မနဲ့ထပ်တူ ဝမ်းလည်းဝမ်းသာပါတယ်..အိမ်ခန်းငှားအသစ်အတွက်ကတော့ အစ်မ အရမ်းစိတ်ရှုပ်ခံနေဖို့မလိုပါဘူး..ကျွန်မဘာသာ ဖြေရှင်းလို့လည်းရပါတယ်"
"အိုင်း..ရှောင်ဖန်..မင်း အရမ်းသဘောကောင်းလွန်းတာပဲကွာ!"
ဝမ်လင်လင်က သက်ပြင်းချကာ ဝိန်းရိဖန်၏လက်မောင်းကို ကလူသလိုလိုတွဲဖက်ထား၍
"အစ်မက မင်းဘက်ကနေ အစ်မကိုများ ရန်တွေ့လာမလားဆိုပြီး စိတ်ပူနေခဲ့တာ..အစ်မရဲ့ အရင်အခန်းဖော်ကလည်း ဒီကိစ္စကြောင့်နဲ့ပဲ စကားများပြီးထွက်သွားခဲ့တာလေ"
"...."
ပြဿနာကို ဖြေရှင်းပြီးသွားပြီဟု ယူဆလိုက်သည့် ဝမ်လင်လင် မကျေမချမ်းစကားများကို စတင်ပြီးဆိုလာပါတော့၏။
"အဲ့တုန်းကဆို အစ်မ တကယ်ကိုဘာပြောလို့ပြောရမှန်းမသိတော့တာ..အစ်မက ဘယ်နေရာများအမှားလုပ်မိလိုက်လို့လဲပေါ့..ကိုယ့်ဘာသာကိုယ် အိမ်ပြောင်းချင်တာတောင် ပြောင်းလို့မရတော့ဘူးလား?..အစ်မဘက်ကလည်း သူနဲ့အတူတူ အိမ်ခန်းငှားနေဖို့ စပ်တဲ့အချိန်တုန်းက ဒီလိုမျိုး မြန်မြန်ပြောင်းထွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့လုပ်ခဲ့တာမှမဟုတ်တာ.."
ဝိန်းရိဖန်က ပြုံး၍သာနေပြီး စကားတစ်ခွန်းမဆို။
"ဒါပေမယ့်လေ ရှောင်ဖန်..မင်းကတော့ အရမ်းကိုစကားပြောလို့ဆိုလို့ကောင်းပြီး နားလည်ပေးတတ်တယ်..အစ်မဘက်က သေချာပေါက် အချင်းချင်းရိုင်းပင်းပြီးနေထိုင်တတ်မယ့် အခန်းဖော်ကောင်းကို ရှာခဲ့ပေးပါ့မယ်"
"မလိုပါဘူး..တကယ် အဆင်ပြေတယ်"
"အိုက်ယား အစ်မကို ပြန်အားနာမနေနဲ့..ပြီးတော့ စိတ်လည်းမပူနဲ့..အစ်မက အခန်းဖော်ကိုရှာလာပေးရင်တောင် မင်းရဲ့အမြင်ကိုလည်း အရင်မေးမှာပါ..မင်း မကြိုက်ဘူးဆိုရင် အစ်မ မိတ်ဆက်ပေးတဲ့အခန်းဖော်နဲ့လည်း အတင်းနေခိုင်းတာမျိုးတွေ မလုပ်ပါဘူး"
ဤစကားကြောင့် ဝိန်းရိဖန်က တုန့်ပြန်မှုတစ်ခုသာ ပြုလိုက်တော့၏။
"ဒါဆို အစ်မကိုအလုပ်များစေမိပါပြီ"
ဝမ်လင်လင် ဆိုလိုချင်ခဲ့သည်မှာ သူမက အလုပ်မှတရားဝင်နှုတ်ထွက်လိုက်ပြီဖြစ်ပြီး 'ကောင်းဇစ်ခုန်' ရပ်ကွက်ဘက်တွင် နေအိမ်တစ်ခုရှာထားပြီးဖြစ်သောကြောင့် ပြောင်းရွေ့နေထိုင်တော့မည်။နောက်အပတ်ပိတ်ရက်မတိုင်မီ နောက်ဆုံးထား၍ ပြောင်းရွေ့မည်လည်းဖြစ်သည်။
ဝိန်းရိဖန်ကလည်း အလွန်အမင်းစိုးရိမ်နေခြင်းမျိုးမဟုတ် ၊ ဘယ်လိုပင်ဖြစ်စေ ဝမ်လင်လင်က တစ်လစာအခန်းငှားခအား ပေးချေထားပြီးသောကြောင့် အခန်းဖော်အသစ်တစ်ဦးရှာရန် အချိန်မီသေး၏။
သို့သော်လည်း ဝိန်းရိဖန်အနေဖြင့် နန်းဝူမြို့ထဲ၌အပေါင်းအသင်းမိတ်ဆွေမှာ များများစားစားမရှိ ၊ အရင်က အတန်းဖော်သူငယ်ချင်းများနှင့်လည်း အဆက်အသွယ်မလုပ်ဖြစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ QQ အကောင့်ထဲ၌ အထက်တန်းကျောင်းမှသူငယ်ချင်းများကို Friend အဖြစ်ထားထားသေးသော်လည်း ပုံမှန်အားဖြင့် ဆက်သွယ်နေခြင်းမျိုးမရှိသည့်အတွက် မရင်းနှီးတော့သည့်အပြင် ၊ သူစိမ်းများနှင့်ပင် မခြားမနားတော့ပေ။
ထို့ကြောင့် ကျုံးစစ်ချောင်ထံသို့ မဖြစ်မနေ အကူအညီတောင်းမှ ရတော့မည်။ ကျုံးစစ်ချောင်က ဤမြို့၌သာကြီးပြင်းလာပြီး နန်းဝူတက္ကသိုလ်၌သာ ကျောင်းတက်ခဲ့သည့်အတွက် သူမထက်စာလျှင် ကျုံးစစ်ချောင်က မိတ်ဆွေအပေါင်းအသင်းပိုများပါလိမ့်မည်။ ထို့အပြင် ကျုံးစစ်ချောင် မိတ်ဆက်ပေးမည့်သူဆိုလျှင် သူမအနေဖြင့် များများစားစားစိုးရိမ်နေစရာမလိုဘဲ စိတ်အေးရမည်လည်းဖြစ်သည်။
မသိလိုက်ပါဘဲ အချိန်မှာကား စနေနေ့ညသို့ ရောက်လာခဲ့သည်။
စန်းရန်ဘက်မှ သူမဆီသို့ အရင်ဆက်သွယ်လာမည်မဟုတ်မှန်း သိနေသဖြင့် အလုပ်ဆင်းခါနီးအချိန်တွင် ဝိန်းရိဖန်က Wechat မှတဆင့် စန်းရန်ထံ စာတစ်စောင်ပို့လိုက်၏။
ည ၈ နာရီထိုးခါနီးတွင်မှ စန်းရန်က စာပြန်လာခဲ့၏။
[လာခဲ့တော့]
ဝိန်းရိဖန် အချောသတ်ရေးနေသည့်စာမူများမပြီးသေးသော်လည်း စန်းရန်အား စောင့်ခိုင်းထားရန် မဖြစ်သည့်အတွက် ပစ္စည်းများကို အလျင်အမြန်သိမ်းပြီး အိမ်ရောက်မှဆက်ရေးရန် ပြင်လိုက်သည်။အခြားလုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ပြီးသည်နှင့် ကုမ္ပဏီထဲမှ ထွက်လာခဲ့လိုက်သည်။
လမ်းသရဲလမ်းမကြီးနားသို့ ရောက်ခါနီးတွင်။
ဝိန်းရိဖန်က ဖုန်းကိုထုတ်ပြီး စန်းရန်ထံသို့ စာပြန်လိုက်၏။
[ငါ ရောက်တော့မယ်]
တစ်လမ်းကျော်မျှ လျှောက်လာအပြီးတွင် လမ်းသရဲလမ်းမကြီး၏အချိုးအကွေ့ဆီသို့ ရောက်လာခဲ့သည်။ လမ်းထဲသို့ လျှောက်မဝင်ခင် အခိုက်အတန့်လေးတွင် အပြင်ဘက်၌ထွက်ရပ်နေသည့် စန်းရန်အား လှမ်းမြင်လိုက်ရ၏။
သူက အနက်ရောင်လမ်းမီးတိုင်အား မှီရပ်နေပြီး သူ့အသားအရည်က မီးရောင်ကြောင့် ဖြူဖွေးနုဖတ်နေကာ မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှမရှိ ၊ ခပ်မှောင်မှောင် အင်္ကျီအရောင်မျိုးကို ဝတ်ထားပြီး အေးစက်နေသည့်အငွေ့အသက်များကိုတော့ မိုင်ပေါင်းများစွာမှပင် ခံစားလို့ရမိနေသည်။
စန်းရန်ကိုယ်တိုင် လာပေးလိမ့်မည်ဟူ၍ ဝိန်းရိဖန် ဘယ်တုန်းကမှ မထင်ထားခဲ့ ၊ ဘားကောင်တာပေါ် တင်လျှင်တင် ဒါမှမဟုတ် စားပွဲထိုးတစ်ယောက်ကို မှာထားပြီး ပေးခိုင်းလိမ့်မည်ဟုသာ တွေးထားခဲ့၏။
ဝိန်းရိဖန်က စန်းရန်၏အချိန်ကို မဖြုန်းလိုတော့သဖြင့် အတွေးများကိုအမြန်ရုတ်သိမ်းကာ စန်းရန်အား လှမ်းခေါ်လိုက်မည်အပြုတွင် တစ်ဖက်လူက သူမရောက်ရှိနေကြောင်းအား သတိထားနှင့်ပြီးဖြစ်နေခဲ့၏။ သူ့မေးဖျားက မသိမသာမော့လာရင်း ပျင်းတိပျင်းရွဲပုံစံဖြင့် စကားတစ်ခွန်းမဆို ၊ သော့တွဲကိုသာ လှမ်းပစ်ပေးလာခဲ့သည်။
ဝိန်းရိဖန် လှမ်းဖမ်းယူလိုက်၍
"ကျေးဇူး"
စန်းရန်က ပေါ့ပေါ့ပါးပါးခေါင်းငြိမ့်ပြ၏။
ဝိန်းရိဖန်က သော့တွဲအား အိတ်ကပ်ထဲသို့ထည့်ပြီး စာမူပြန်ရေးရန်သာ တွေးလိုက်၏။ သူမအနေဖြင့် စန်းရန်နှင့် ပလဲပနှံသင့်သင့်စကားပြောနိုင်မည်လည်း မဟုတ်သည့်အတွက်ကြောင့်
"ဒါဆို ငါ နင့်ကိုမနှောက်ယှက်တော့ဘူးနော်..အရင်ပြန်နှင့်တော့မယ်"
သူ့ဘက်က ပြန်ဖြေလာခြင်းမရှိ။
"ဒီအချိန်တွေအတွင်း နင့်ကို ခဏခဏအလုပ်ရှုပ်စေမိခဲ့ပါပြီ"
တစ်ဖက်လူက ဘယ်လိုပင်ဖြစ်စေ သဘောတူမည်မဟုတ်မှန်း သိနေသည့်အတွက် ဝိန်းရိဖန်က အပေါ်ယံအဖြစ်သာ ကြည့်ပျော်ရှု့ပျော်စကားဆိုလိုက်၏။
"နင် ဘယ်အချိန်လောက် အဆင်ပြေမလဲဆိုတာ ကြည့်ထားပေးပါဦး..ငါ နင့်ကို တစ်ခုခုလိုက်ကျွေးချင်လို့..ငါ့ဘက်ကတော့ အချိန်မရွေးအားတယ်"
စန်းရန်က ပြုံးလိုက်၍
"ဒီစကားကို မင်း ဘယ်နှခေါက်လောက် ပြောနေဦးမှာလဲ"
သူမဘက်မှ မည်သည့်အဖြေမျိုးမှပြန်မပေးရသေးခင် စန်းရန်က လက်ရှိအချိန်တွင်သူမတွေးနေသည့်အတွေးများကို နားလည်သည့်အလား စိုက်ကြည့်နေလေပြီး သူ့နှုတ်ခမ်းပါးများက ခပ်ရေးရေးကွေးတက်သွားခဲ့၍
"ကိုယ့်ဆီကနေ လက်ခံပါတယ်ဆိုတဲ့စကားကို မကြားရမချင်း မင်းဘက်က လက်မလျော့တော့မှာများလား"
"...."
"ကောင်းပြီလေ"
စန်းရန်၏ပုံစံက အနည်းငယ်လေးမျှစိတ်မရှည်သလိုဖြစ်နေသည့်ပုံစံဖြင့်
"ဒါဆိုလည်း ဒီနေ့ပဲလုပ်ကြတာပေါ့"
"...."
ယခုလိုတုန့်ပြန်ချက်မျိုးကို မမျှော်လင့်ထားသည့် ဝိန်းရိဖန်၏အမူအရာမှာ တောင့်တောင့်တင်းတင်း။
သူမ၏အမူအရာကို သတိထားမိသည့်စန်းရန်က ခေါင်းသဲ့သဲ့စောင်းကာ အနည်းငယ်ကစားချင်သည့်အမူအရာမျိုးဖြင့်
"ဘာဖြစ်လို့?"
ဝိန်းရိဖန်က မတတ်နိုင်သည့်အဆုံးတွင်
"ဘာမှမဖြစ်ပါဘူး..နင် ဘာစားချင်လဲ?"
စန်းရန်က အရှေ့သို့လျှောက်ထွက်လာရင်း
"ဘာပဲဖြစ်ဖြစ်"
ဝိန်းရိဖန်က သူ့အနောက်သို့ အလျင်အမြန်လိုက်၍
"နင်က ဘယ်လိုအစားအသောက်မျိုးကို ခံတွင်းတွေ့တာလဲ"
"အများကြီးပဲ"
"...."
ဝိန်းရိဖန် ; "ဒါဆို ဟော့ပေါ့ သွားစားမလား?"
စန်းရန် ; "မစားဘူး"
ဝိန်းရိဖန် ; "အသားကင်ရော?"
စန်းရန် ; "အနံ့ပြင်းတယ်"
ဝိန်းရိဖန် ; "စီချွမ်းဟင်းရည်?"
စန်းရန် ; "အရမ်းစပ်တယ်"
ဝိန်းရိဖန် ; "ဒါဆို အသားဆန်ပြုတ် ဆိုရင်ရော"
စန်းရန် ; "မစားဘူး"
"....."
ဝိန်းရိဖန်တစ်ယောက် ဤလူလောက်ခစားရခက်သည့်သူမျိုးအား တစ်ခါမှမတွေ့ဖူးသေးချေ။
သူမအနေဖြင့် အမြဲတမ်း အပြင်စာများ မှာစားလျှင်စား မဟုတ်လျှင် ကိုယ်တိုင်ချက်စားခြင်းဖြစ်ကာ အပြင်သို့ထွက်လည်စားသောက်ခြင်းမှာ မရှိသလောက်ရှားလွန်းခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အခြားနေရာ အစားအသောက်များကို လုံးဝမစဥ်းစားတတ်တော့သည့်အတွက် ဝိန်းရိဖန်က သက်ပြင်းချကာ ငြင်ငြင်သာသာဖြင့်သာ မေးလိုက်၏။
"ဒါဆို နင်စားချင်တဲ့ဟာကို အရင်ရွေးလိုက်ပါ..ငါက ဘာမဆိုအဆင်ပြေတယ်..အထူးတလည်အစားရွေးတာမျိုးမရှိဘူး"
စန်းရန် စကားပြောလုနီးနီးတွင် သူ့လက်ကိုင်ဖုန်းသံ မြည်လာ၏။
သူ လက်ခံဖြေလိုက်၏။
နှစ်ယောက်သားမှာ အနီးကပ်လေးရှိနေကြခြင်းဖြစ်ပြီး ဖုန်းတစ်ဖက်မှထွက်လာသည့်အော်သံကြီးအား ဝိန်းရိဖန်ပင် ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
"စန်းရန်!..မင်းအိမ်ကြီး ပေါက်ကွဲနေပြီ!"
"..."
စန်းရန်က မျက်မှောင်ကျုံ့လိုက်၍
"လူစကား ပြောစမ်းပါ"
"ငါ-ူး..မဟုတ်သေးဘူး..မင်းအိမ်ရဲ့ အောက်ထပ်က ပေါက်ကွဲနေတာ"
ဖုန်းတစ်ဖက်ရှိလူ၏အသံမှာ ပို၍ပင် စိတ်လှုပ်တရှားဖြစ်လာရင်း စူးစူးဝါးဝါးပင် အော်ဟစ်၍
"မင်းအိမ်ကိုပါ မီးစွဲနေပြီ!..မင်းကြီးတော်ကြီးက အကုန်ပါတော့မှာ!..မြန်မြန် ပြန်လာဟ! !"
ပတ်ဝန်းကျင်တစ်ခွင်က ရုတ်တရက်ဆိတ်ဆိတ်သွားခဲ့ရာ ဝိန်းရိဖန်က အလိုလိုခေါင်းမော့ပြီး စန်းရန်၏ဖုန်းအား လှမ်းကြည့်မိလိုက်၏။
"...."
နားငြီးလွန်း၍လားမသိ စန်းရန်က ဖုန်းအား အဝေးတစ်ဖက်သို့ လွှဲထားရင်း တစ်ဖက်လူ၏အော်သံများ ရပ်သွားသည့်အခါတွင်မှ နား,နားသို့ပြန်ကပ်လိုက်ကာ အေးအေးလူလူစကားဆိုလိုက်၏။
"အို့..ဒါဆို မင်း ငါ့အစား 119 ကိုဖုန်းခေါ်လိုက်"
စကားပြောပြီးသည်နှင့် ဖုန်းချလိုက်၏။
ထို့နောက် ဘာမှမဖြစ်သွားသည့်အလား ဝိန်းရိဖန်ကို လှမ်းကြည့်လာပြီး
"သွားမယ်လေ"
ဝိန်းရိဖန် ;
"နင့်အိမ် မီးလောင်နေတာကို နင် အိမ်မပြန်ဘူးလား?"
စန်းရန် တဖန်ပြန်ပြီး မေးခွန်းထုတ်လာခဲ့၏။
"ကိုယ်က မီးသတ်သမားလား?"
"...."
သုံးဘေးစက္ကန့်ကြာပြီးနောက်တွင်။
ဝိန်းရိဖန်က ရုတ်တရက်မေးလာခဲ့၏။
"ငါ တစ်ခုလောက်မေးလို့ရမလား..နင့်အိမ်က ဘယ်နားလေးမှာလဲ"
စန်းရန်က တစ်ချက်လှမ်းကြည့်လာပြီး
"ဘာလုပ်မလို့လဲ"
ဝိန်းရိဖန်က အိတ်ကပ်ထဲမှဖုန်းကိုထုတ်နေရင်း အရိုးသားဆုံးဖြေဆိုလိုက်တော့၏။
"ငါ အမြန်ပြေးသွားပြီး သတင်းယူချင်လို့"
"...."
************
~~Zawgyi~~
ဤပုံစံအတိုင္းသာ ဆက္သြားေနလွ်င္ မ်ားမၾကာခင္အခ်ိန္အတြင္း စန္းရန္၏စကားမ်ားေၾကာင့္ ဝိန္းရိဖန္တစ္ေယာက္ ဦးႏွောက္ေဆးျခင္း(Brainwash) ခံရပါေတာ့မည္။
သူမ ဦးႏွောက္ေဆးခံရမည့္ေခါင္းစဥ္မွာ -- သူမက ဟိုးအရင္ကတည္းက ဤစန္းထို႔ဖန္( စန္း အဓိကသေကၤတ /ေခါင္းႀကီး) ၏ဂုဏ္သတင္းမ်ားကို ၾကားဖူးနားဝရွိခဲ့ရၿပီး ထိုသူ၏ တမူထူးျခားလွပါဘိ ဆိုေသာခန့္ညားမႈကို ရႈစားရန္အတြက္လည္း မိုင္ေပါင္းေသာင္းခ်ီခရီးႏွင္လာခဲ့ကာ ၊ ထိုအဓိကသေကၤတမွာ တစ္ခ်ိန္က သူမကို ပိုးပမ္းဖူးသည့္အဆက္ေဟာင္းမွန္း သိသြားခဲ့ျပန္သည့္အခ်ိန္တြင္လည္း ရင္ခုန္ေနဆဲျဖစ္ေသာေၾကာင့္ သူ႕အေရွ႕တြင္ သူမ၏ျဖစ္တည္မႈကိုသိသာေစနိုင္မည့္ နည္းလမ္းအားလုံးကို သုံးျပခဲ့သည္ဟူ၍....
သူ႕ေရွ႕ေမွာက္တြင္ ျပဳမူမိသည့္အရာအားလုံးက ရည္႐ြယ္ခ်က္ရွိရွိျဖင့္ လုပ္ႀကံထားခဲ့သလိုလိုပင္ ျဖစ္ေနပါေတာ့၏။
ဝိန္းရိဖန္က မေနနိုင္ေအာင္ ျပန္ပက္လိုက္ခ်င္သျဖင့္ ခ်က္ခ်င္းစာျပန္လိုက္၏။
[လက္စသတ္ေတာ့ နင့္ဆီမွာ က်က်န္ေနခဲ့တာကိုး]
ဝိန္းရိဖန္ ; [ အားနာလိုက္တာ..နင့္ကိုပဲ ထပ္ၿပီးအလုပ္ရႈပ္ေအာင္ လုပ္မိျပန္ၿပီ..ဒါမွမဟုတ္ နင္ အဆင္ေျပမယ့္အခ်ိန္ကိုေျပာေလ..ငါ နင့္ဆီလာယူလိုက္မယ္ ]
စဥ္းစားရင္း ေတြးရင္း ၊ သူတို႔ႏွစ္ဦး ေနာက္တစ္ႀကိမ္ဆုံၾကမည့္အခြင့္အေရးကို ေက်ာ္ခ်ပစ္လိုက္ရနိုးနိုးျဖင့္
[ မဟုတ္လည္း ေသာ့ကို နင့္ဘားမွာပဲ ေပးထားခဲ့လိုက္ေလ..ငါ့ဘာသာငါ သြားယူလိုက္မယ္..ဒီလိုဆိုရင္ေရာ အဆင္ေျပမလား ]
တစ္ခဏၾကာသြားၿပီသည္အထိ။
စန္းရန္ဘက္မွ ျပန္စာ ပို႔မလာေသးေပ။
ဝိန္းရိဖန္က ေလာလည္းမေလာသလို သူ႕ဆီမွ ျပန္စာကိုလည္း တကူးတကေစာင့္ေနျခင္းမရွိ ၊ အလုပ္မ်ားကိုသာ ဆက္လုပ္ေနၿပီး ပထမဆုံး စာပိုဒ္အား ေသေသခ်ာခ်ာျပန္စစ္ၿပီးလွ်င္ အယ္ဒီတာဆီသို႔ လွမ္းပို႔ေပးလိုက္သည္။ ဖုန္းမက္ေဆ့သံျမည္သြားသည့္အခ်ိန္မွသာ ဖုန္းကိုေကာက္ယူၿပီး ဖတ္ၾကည့္လိုက္၏။
စန္းရန္ ; [ ကိုယ္ အခုတေလာ အားတဲ့အခ်ိန္မရွိဘူး ]
ဝိန္းရိဖန္က စိတ္ရွည္လက္ရွည္ စာျပန္ပို႔လိုက္၏ ; [ ဒါဆို ခန့္မွန္းေခ် ဘယ္အခ်ိန္ေလာက္အားနိုင္မလဲ ]
ေနာက္တစ္စကၠန့္တြင္။
စန္းရန္က အသံမက္ေဆ့တစ္ခုကို ပို႔လာခဲ့၏။ သူ႕အသံမွာ ပ်င္းတိပ်င္း႐ြဲျဖင့္
"စေနေန႕ည"
စေနေန႕ည...
ဝိန္းရိဖန္က ေတြးၾကည့္လိုက္ၿပီးေနာက္တြင္..
တနဂၤႏြေေန႕သည္ကား သူမ၏ပိတ္ရက္ပင္။
စေနေန႕ည၌ စန္းရန္ထံမွ ေသာ့ျပန္ယူၿပီး တနဂၤႏြေေန႕တြင္ အရင္အိမ္ခန္းပိုင္ရွင္အား သြားျပန္ေပးလိုက္ျခင္း - အစီအစဥ္က မဆိုးေပ။ အိမ္ခန္းပိုင္ရွင္ထံသို႔ ရက္အနည္းငယ္ေနာက္က်မည့္အေၾကာင္း ေျပာျပလိုက္႐ုံသာရွိၿပီး အျခားျပႆနာမရွိ။
ဝိန္းရိဖန္ ; [ အိုေက ]
ဝိန္းရိဖန္ ; [ ဒါဆို 'Overtime' ဘားကို လာခဲ့ရမလား နင့္အိမ္နားကို လာခဲ့ရမလား ]
ဝိန္းရိဖန္ ; [ နင့္ကို ငါရွိတဲ့ေနရာထိ တကူးတက လာေပးခိုင္းရမွာ အားနာလို႔ပါ ]
မိနစ္ဝက္ခန့္မွ်ၾကာသြားၿပီးေနာက္တြင္ စန္းရန္က အသံမက္ေဆ့ႏွစ္ခုကို ထပ္ၿပီးပို႔လာခဲ့၏။
ဝိန္းရိဖန္ ဖြင့္နားေထာင္ၾကည့္လိုက္၏။
စန္းရန္က တမ်ိဳးတမည္ျမည္သောအဓိပ္ပါယ်မျိုးဖြင့် ရယ္ေနရင္း စကားလုံးႏွစ္လုံးကို ေျပာထြက္လာပါေတာ့၏။
"ကိုယ့္အိမ္?"
"...."
ဝိန္းရိဖန္၏မ်က္ခြံမ်ား လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားခဲ့ရသည္။
ပထမအသံမက္ေဆ့ အဆုံးတြင္ ဒုတိယအသံမက္ေဆ့က အလိုအေလ်ာက္ ပြင့္သြားခဲ့၏။
စန္းရန္၏ စကား ၊ ေလသံအသိမ္းအယူအရ သူ႕စကားလုံးမ်ားၾကားတြင္ ' မင္းရဲ႕ဦးတည္ခ်က္ႀကီးက အရမ္းသိသာလြန္းေနၿပီ ' ဟူေသာဆိုလိုရင္းသေဘာက ကပ္ပါေနမွန္း ဝိန္းရိဖန္ ရွင္းရွင္းလင္းလင္းခံစားေနမိကာ ထိုသူက ဤသို႔တိုက္ရိုက္မေျပာ႐ုံတမယ္ျဖင့္
"အမ္?..မလုပ္ပါနဲ႕"
စန္းရန္ ; " Overtime ကိုပဲ တိုက္ရိုက္လာခဲ့လိုက္ "
"...."
ႏွစ္ဖက္စလုံးသည္ ကိုယ္စီတပ္ထားၾကေသာမ်က္ႏွာဖုံးမ်ားကို အသီးသီးခြာခ်လိဳက္ၿပီးေနာက္တြင္ အျပန္အလွန္ဆက္ဆံေရးက ပုံမွန္ေနသားက်သြားလိမ့္မည္ဟု ဝိန္းရိဖန္ ေတြးမိခဲ့ေသးသည္။ သို႔ေသာ္ စန္းရန္မွာေတာ့ ယခုႏွစ္မ်ားအတြင္း မၾကာခဏ လိုက္ပိုးပမ္းခံေနရျခင္းေၾကာင့္လားမသိ သူ႕ကိုယ္ေပၚ၌ ကိုယ့္ကိုကိုယ္ဂုဏ္ဆာျပေနသည့္အေငြ႕အသက္မ်ားပင္ မႊန္ထူလို႔ေနၿပီ။
ရလဒ္အေနျဖင့္ မည္ကဲ့သို႔ေသာ သမာရိုးက်ကိစၥမ်ိဳးပင္ျဖစ္ေနပါေစ တစ္ဖက္လူက သူ႕အားရည္႐ြယ္ခ်က္ရွိရွိျဖင့္ ခ်ဥ္းကပ္ေနသည္ဟုသာ ထင္ေနေလေရာ့၏။
ဤအခိုက္အတန့္တြင္ ဝိန္းရိဖန္ ေတြးၾကည့္မိလိုက္၏ ၊ စန္းရန္ေရွ႕၌ စကားေျပာရမည့္အခ်ိန္တိုင္း၊စကၠန့္တိုင္းအတြက္ သူမထံ၌ အင္နာဂ်ီခြန္အားေပါင္း တစ္သိန္းတိတိ ရွိရေပမည္။
မဟုတ္လွ်င္ သူႏွင့္ပတ္သတ္သည့္စကားေလးတစ္ခြန္းေလးကမွ် မွားေျပာမိ၍မရ။
ဝိန္းရိဖန္က သက္ျပင္းခ်လိဳက္၍
[ေကာင္းၿပီ]
ထို႔ေနာက္တြင္ ဝိန္းရိဖန္က ဖုန္းအား ေဘးသို႔ခ်ထားလိုက္သည္။
အခ်ိန္ကိုက္ဆိုသလို အယ္ဒီတာထံမွ စာမူႏွင့္ပတ္သတ္သည့္ထင္ျမင္ခ်က္မ်ားကိုေျပာျပထားသည့္ emailတစ္ေစာင္ ျပန္ပို႔ထားကာ ဝိန္းရိဖန္က ဖတ္ၾကည့္ေနရင္း ကြန္ျပဴတာမ်က္ႏွာျပင္၏ ညာဘက္ေထာင့္ေနရာေလးမွ ရက္စြဲအား လွမ္းၾကည့္မိလိုက္သည္။
အေတြးမ်ားက ခ်က္ခ်င္းပ်ံ့ႏွံ႕သြားခဲ့၏။
႐ုတ္တရက္ေတြးလိုက္မိသည္မွာ ေနာက္ဆုံးတစ္ေခါက္ စန္းရန္ႏွင့္ေတြ႕ျဖစ္ခဲ့သည့္ေန႕မွာ ႏွစ္သစ္ကူးၿပီးႏွစ္ရက္ေျမာက္သည့္ေန႕ ၊ အိမ္ခန္းေသာ့ကလည္း ထိုအခ်ိန္တုန္းက ျပဳတ္က်ခဲ့ျခင္းျဖစ္နိုင္ကာ ယေန႕ရက္စြဲႏွင့္ဆိုလွ်င္ တစ္ပတ္နီးပါး ၾကာသြားခဲ့ၿပီျဖစ္သည္။
အဘယ္ေၾကာင့္ အခုခ်ိန္က်မွ ေသာ့က်န္ခဲ့ေၾကာင္း လာေျပာျပရသနည္း။
သူမႏွင့္ အဆက္အသြယ္မလုပ္ခ်င္၍မ်ား..သူမဘက္က စ၍ ဆက္သြယ္လာမည့္အခ်ိန္ကို ေစာင့္ေနျခင္းလား။
ဤသို႔ျဖစ္နိုင္ေခ်က ပို၍မ်ားေနေပသည္။
ဝိန္းရိဖန္က ဤအေၾကာင္းကိစၥေပၚ ထပ္၍အာ႐ုံစိုက္မေတြးခ်င္ေတာ့သျဖင့္ အလုပ္ဆင္းသည္ႏွင့္ အိမ္သို႔သာ တန္းျပန္လာခဲ့လိုက္၏။
အိမ္ထဲသို႔ဝင္လိုက္သည္ႏွင့္ ဧည့္ခန္းထဲမွ ဆိုဖာထက္တြင္လွဲအိပ္ေနေသာ ဝမ္လင္လင္အား လွမ္းျမင္လိုက္ရ၏။ လက္ရွိအခ်ိန္တြင္ ဝမ္လင္လင္က မ်က္ႏွာေပါင္းတင္ရင္း တီဗြီၾကည့္ေနကာ ေဘးနားတြင္လည္း အ႐ြက္သုပ္တစ္ပန္းကန္ခ်ထားေသးသည္။ သူမပုံစံက စိတ္ေပ်ာ္ေနပုံရၿပီး သီခ်င္းေလးပါ ညည္းေနေသး၏။
ဝိန္းရိဖန္ဘက္က ဦးစြာ လွမ္းေခၚလိုက္၏။
"လင္က်ဲ"
ဝမ္လင္လင္က မပီမသအသံျဖင့္
"ျပန္လာၿပီလား..ဒီေန႕ ေစာတယ္ေနာ္"
"အင္း..ဒီေန႕ လုပ္စရာအလုပ္လည္းနည္းလို႔"
"ဒီအလုပ္က အရမ္းပင္ပန္းတယ္မလား"
ဝမ္လင္လင္က ေတြးေတြးဆဆျဖင့္
"အစ္မ 'ခြၽမ္တ' မွာအလုပ္လုပ္ေနခဲ့တဲ့ႏွစ္ေတြအတြင္း ဝန္ထမ္း ဘယ္ႏွေလာက္ေတာင္အလုပ္ထြက္ကုန္ၾကလဲသိလား..အခ်ိန္ပိုေတြအရမ္းဆင္းရၿပီး လစာက်ေတာ့ မတိုးလာရင္ ဘယ္သူမွခံနိုင္ရည္ရွိမွာမဟုတ္ဘူး..အစ္မတို႔ဌာနထဲကလူေတြကို ၾကည့္ၾကည့္ပါလား..ေနမေကာင္းလို႔ ေဆး႐ုံတစ္ေခါက္ေရာက္ရင္ လစာအားလုံးေျပာင္တာပဲ"
ဝိန္းရိဖန္က ၿပဳံး႐ုံသာၿပဳံးေနၿပီး
"အဆင္ေတာ့ ေျပပါေသးတယ္"
"ဒါနဲ႕ ေရွာင္ဖန္ "
ဝမ္လင္လင္က ထထိုင္လိုက္ၿပီး ေမးခြန္းတစ္ခုေမးလာခဲ့၏။
"မင္းမေန႕ညတုန္းက တေရးနိုးၿပီးထေသးလား"
ဝိန္းရိဖန္က ေၾကာင္အသြားရင္း
"မထပါဘူး"
ဝမ္လင္လင္၏ပုံစံက စကားအျဖစ္ေျပာသည့္ပုံစံမ်ိဳးသာျဖစ္ၿပီး
"ဒါဆို အစ္မ အိပ္မက္မက္တာပဲေနမွာပါ..အစ္မ မေန႕ညတုန္းက ဧည့္ခန္းထဲကေန လႈပ္လႈပ္ရွားရွားအသံေတြကိုၾကားလိုက္ရလို႔..နာရီကိုေတာင္ လွမ္းၾကည့္လိုက္ေသးတယ္..မနက္ခင္း သုံးနာရီေက်ာ္ေလာက္ျဖစ္မယ္ထင္တယ္"
"...."
ဤစကားကိုၾကားလွ်င္ၾကားလိုက္ရျခင္း ဝိန္းရိဖန္က အတိတ္တြင္ရွိခဲ့ဖူးေသာေရာဂါတစ္ခုအေၾကာင္းကို သတိရမိလိုက္၏။သို႔ေသာ္လည္း လကၡဏာမ်ားေပ်ာက္သြားခဲ့သည္မွာ ၾကာလွၿပီျဖစ္ၿပီး ဝမ္လင္လင္ကလည္း မေသခ်ာမေရရာျဖင့္ေမးျမန္းေနေသာအေမးတစ္ခုသာ ျဖစ္သည့္အတြက္ သူမအေနျဖင့္ ေတြးၾကည့္႐ုံသာေတြးလိုက္ၿပီး ရွင္းေတာ့ရွင္းမျပျဖစ္ေပ။
"အင္း"
ဝိန္းရိဖန္က နာရီကိုတစ္ခ်က္လွမ္းၾကည့္လိုက္၍
"လင္က်ဲ..ကြၽန္မ ေရသြားခ်ိဳးလိုက္ေတာ့မယ္"
"ခဏေလး..ခဏေလးေနမွ ခ်ိဳး "
ဝမ္လင္လင္က သူမ၏ေဘးခုံအား လက္ျဖင့္ပုတ္ျပၿပီး
"ေရွာင္ဖန္..အစ္မတို႔ စကားေျပာရေအာင္..ဒီမွာ လာထိုင္ဦး..အစ္မမွာ မင္းကို ေျပာစရာေလးေတြရွိလို႔"
ဝိန္းရိဖန္က အနားသို႔ေလွ်ာက္သြားလိုက္၏။
"ဘာျဖစ္လို႔လဲ"
"မင္း အရင္ဆုံး အစ္မကို ကတိေပးရမယ္"
ဝမ္လင္လင္က မ်က္ႏွာေပါင္းတင္ mask ကို ဖယ္လိုက္ၿပီး အမွိုက္ပုံးထဲထည့္ကာ အနည္းငယ္ခ်စ္စဖြယ္ေကာင္းသည့္အမူအရာမ်ိဳးျဖင့္
"အစ္မေျပာမွာေတြကို နားေထာင္ၿပီးရင္ စိတ္မဆိုးပါဘူးလို႔ ကတိေပး"
ဝိန္းရိဖန္က ေခါင္းၿငိမ့္ျပ၏။
"ေကာင္းၿပီ"
"အစ္မ အခုေလးတင္ ေျပာလိုက္ပါေသးတယ္..အလုပ္က အရမ္းပင္ပန္းတယ္လို႔..တစ္လစာလုပ္အားခကလည္း အစ္မေကာင္ေလး ဝယ္ေပးေနတဲ့အိတ္တစ္လုံးဖိုးေတာင္ မရွိဘူး..အစ္မအေနနဲ႕လည္း ဒီေလာက္အခ်ိန္ေတြအၾကာႀကီး ဒီအလုပ္လုပ္လာရတာ အတိုင္းအတာတစ္ခုထက္ကိုေက်ာ္ေနခဲ့ၿပီ"
ဝမ္လင္လင္က ဆက္၍
"လြန္ခဲ့တဲ့သုံးေလးရက္က အစ္မရဲ႕ႏႈတ္ထြက္စာကို ဒါရိုက္တာဆီ တင္ထားခဲ့ၿပီးၿပီ..ၿပီးေတာ့ ဒီအလုပ္ဆက္မလုပ္ဖို႔ပါ ဆုံးျဖတ္ထားတာ..အစ္မရဲ႕ ဝမ္းကြဲအစ္ကိုကလည္း အစ္မကို အလုပ္တစ္ခု မိတ္ဆက္ေပးထားေသးတာ..ေနရာက 'ေကာင္းဇီခုန္' ဘက္မွာ..."
ဒီအထိ စကားဆိုလာၿပီးခ်ိန္တြင္ ဝမ္လင္လင္က တစ္ခဏရပ္သြားခဲ့သလို အသံကိုလည္း နိမ့္ခ်တိဳးဖ်လိဳက္၏။
"အလုပ္ရွိတဲ့ေနရာနဲ႕ ဒီေနရာနဲ႕က အရမ္းေဝးတယ္ေလ ဟုတ္တယ္မလား"
ဝိန္းရိဖန္က တစ္ဖက္လူ၏ဆိုလိုရင္းကို နားလည္သြားခဲ့ၿပီး
"အစ္မက ဒီေနရာမွာ ဆက္မေနေတာ့ဖို႔စဥ္းစားထားတာလား"
ဝမ္လင္လင္ ခ်က္ခ်င္းရွင္းျပလာခဲ့၏။
"မင္း ေက်းဇူးျပဳၿပီး လုံးဝစိတ္မဆိုးပါနဲ႕ေနာ္..အစ္မလည္း အစ္မရဲ႕ေနာက္ထပ္အလုပ္အသစ္က ဒီေနရာနဲ႕ အရမ္းေဝးေနမယ္မွန္း မထင္ထားခဲ့လို႔ပါ..အစ္မက မင္းနဲ႕ အိမ္ခန္းကိုအတူတူမွ်ေနဖို႔ေတာင္ ေတြးထားၿပီးသား.."
"...."
အမွန္တကယ္အားနာၿပီး စိတ္မသိုးမသန့္ျဖစ္ေနျခင္းေၾကာင့္လားမသိ ဝမ္လင္လင္၏အျပဳအမူတို႔က ပုံမွန္ထက္ပင္ ေပ်ာ့ေပ်ာင္းသြားခဲ့ၿပီး
"အစ္မ ေနာက္ထပ္ရက္နည္းနည္းၾကာေလာက္မွေျပာင္းျဖစ္မွာပါ..မေျပာင္းခင္ အစ္မဘက္က မင္းအတြက္ အဆင္ေျပမယ့္အိမ္ခန္းငွားေဖာ္တစ္ေယာက္ ရွာခဲ့ေပးမယ္ေလ..ဒီလိုဆိုရင္ေရာ အဆင္ေျပမလားဟင္"
ဤကိစၥႏွင့္ပတ္သတ္ၿပီး ဝိန္းရိဖန္၏စိတ္ထဲ ေထြေထြထူးထူးလႈပ္ခတ္သြားျခင္းမ်ိဳးမရွိ။
စုထ်န္းထံမွ ဝမ္လင္လင္အလုပ္ထြက္ေတာ့မည့္အေၾကာင္း ၾကားလိုက္ရသည့္အခ်ိန္ကတည္းက ယခုလိုေျဖနိုင္ေခ်မ်ားကိုေတြးထားခဲ့ၿပီးျဖစ္ရာ လက္ရွိအခ်ိန္တြင္ေတာ့ စိတ္ဆိုးဖို႔ကိုမဆိုထားႏွင့္ သိပ္၍ပင္မအံ့ၾသမိေပ။
ဝိန္းရိဖန္က ႏြေးႏြေးေထြးေထြးျဖင့္
"ဘာမွမျဖစ္ပါဘူး..ကြၽန္မ နားလည္ေပးနိုင္ပါတယ္..အစ္မက အစ္မနဲ႕အဆင္ေျပမယ့္အလုပ္တစ္ခုကို ရွာေတြ႕သြားတဲ့အတြက္ အစ္မနဲ႕ထပ္တူ ဝမ္းလည္းဝမ္းသာပါတယ္..အိမ္ခန္းငွားအသစ္အတြက္ကေတာ့ အစ္မ အရမ္းစိတ္ရႈပ္ခံေနဖို႔မလိုပါဘူး..ကြၽန္မဘာသာ ေျဖရွင္းလို႔လည္းရပါတယ္"
"အိုင္း..ေရွာင္ဖန္..မင္း အရမ္းသေဘာေကာင္းလြန္းတာပဲကြာ!"
ဝမ္လင္လင္က သက္ျပင္းခ်ကာ ဝိန္းရိဖန္၏လက္ေမာင္းကို ကလူသလိုလိုတြဲဖက္ထား၍
"အစ္မက မင္းဘက္ကေန အစ္မကိုမ်ား ရန္ေတြ႕လာမလားဆိုၿပီး စိတ္ပူေနခဲ့တာ..အစ္မရဲ႕ အရင္အခန္းေဖာ္ကလည္း ဒီကိစၥေၾကာင့္နဲ႕ပဲ စကားမ်ားၿပီးထြက္သြားခဲ့တာေလ"
"...."
ျပႆနာကို ေျဖရွင္းၿပီးသြားၿပီဟု ယူဆလိုက္သည့္ ဝမ္လင္လင္ မေက်မခ်မ္းစကားမ်ားကို စတင္ၿပီးဆိုလာပါေတာ့၏။
"အဲ့တုန္းကဆို အစ္မ တကယ္ကိုဘာေျပာလို႔ေျပာရမွန္းမသိေတာ့တာ..အစ္မက ဘယ္ေနရာမ်ားအမွားလုပ္မိလိုက္လို႔လဲေပါ့..ကိုယ့္ဘာသာကိုယ္ အိမ္ေျပာင္းခ်င္တာေတာင္ ေျပာင္းလို႔မရေတာ့ဘူးလား?..အစ္မဘက္ကလည္း သူနဲ႕အတူတူ အိမ္ခန္းငွားေနဖို႔ စပ္တဲ့အခ်ိန္တုန္းက ဒီလိုမ်ိဳး ျမန္ျမန္ေျပာင္းထြက္သြားမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္မ်ိဳးနဲ႕လုပ္ခဲ့တာမွမဟုတ္တာ.."
ဝိန္းရိဖန္က ၿပဳံး၍သာေနၿပီး စကားတစ္ခြန္းမဆို။
"ဒါေပမယ့္ေလ ေရွာင္ဖန္..မင္းကေတာ့ အရမ္းကိုစကားေျပာလို႔ဆိုလို႔ေကာင္းၿပီး နားလည္ေပးတတ္တယ္..အစ္မဘက္က ေသခ်ာေပါက္ အခ်င္းခ်င္းရိုင္းပင္းၿပီးေနထိုင္တတ္မယ့္ အခန္းေဖာ္ေကာင္းကို ရွာခဲ့ေပးပါ့မယ္"
"မလိုပါဘူး..တကယ္ အဆင္ေျပတယ္"
"အိုက္ယား အစ္မကို ျပန္အားနာမေနနဲ႕..ၿပီးေတာ့ စိတ္လည္းမပူနဲ႕..အစ္မက အခန္းေဖာ္ကိုရွာလာေပးရင္ေတာင္ မင္းရဲ႕အျမင္ကိုလည္း အရင္ေမးမွာပါ..မင္း မႀကိဳက္ဘူးဆိုရင္ အစ္မ မိတ္ဆက္ေပးတဲ့အခန္းေဖာ္နဲ႕လည္း အတင္းေနခိုင္းတာမ်ိဳးေတြ မလုပ္ပါဘူး"
ဤစကားေၾကာင့္ ဝိန္းရိဖန္က တုန့္ျပန္မႈတစ္ခုသာ ျပဳလိုက္ေတာ့၏။
"ဒါဆို အစ္မကိုအလုပ္မ်ားေစမိပါၿပီ"
ဝမ္လင္လင္ ဆိုလိုခ်င္ခဲ့သည္မွာ သူမက အလုပ္မွတရားဝင္ႏႈတ္ထြက္လိုက္ၿပီျဖစ္ၿပီး 'ေကာင္းဇစ္ခုန္' ရပ္ကြက္ဘက္တြင္ ေနအိမ္တစ္ခုရွာထားၿပီးျဖစ္ေသာေၾကာင့္ ေျပာင္းေ႐ြ႕ေနထိုင္ေတာ့မည္။ေနာက္အပတ္ပိတ္ရက္မတိုင္မီ ေနာက္ဆုံးထား၍ ေျပာင္းေ႐ြ႕မည္လည္းျဖစ္သည္။
ဝိန္းရိဖန္ကလည္း အလြန္အမင္းစိုးရိမ္ေနျခင္းမ်ိဳးမဟုတ္ ၊ ဘယ္လိုပင္ျဖစ္ေစ ဝမ္လင္လင္က တစ္လစာအခန္းငွားခအား ေပးေခ်ထားၿပီးေသာေၾကာင့္ အခန္းေဖာ္အသစ္တစ္ဦးရွာရန္ အခ်ိန္မီေသး၏။
သို႔ေသာ္လည္း ဝိန္းရိဖန္အေနျဖင့္ နန္းဝူၿမိဳ႕ထဲ၌အေပါင္းအသင္းမိတ္ေဆြမွာ မ်ားမ်ားစားစားမရွိ ၊ အရင္က အတန္းေဖာ္သူငယ္ခ်င္းမ်ားႏွင့္လည္း အဆက္အသြယ္မလုပ္ျဖစ္ခဲ့သည္မွာ ၾကာလွၿပီျဖစ္သည္။ QQ အေကာင့္ထဲ၌ အထက္တန္းေက်ာင္းမွသူငယ္ခ်င္းမ်ားကို Friend အျဖစ္ထားထားေသးေသာ္လည္း ပုံမွန္အားျဖင့္ ဆက္သြယ္ေနျခင္းမ်ိဳးမရွိသည့္အတြက္ မရင္းႏွီးေတာ့သည့္အျပင္ ၊ သူစိမ္းမ်ားႏွင့္ပင္ မျခားမနားေတာ့ေပ။
ထို႔ေၾကာင့္ က်ဳံးစစ္ေခ်ာင္ထံသို႔ မျဖစ္မေန အကူအညီေတာင္းမွ ရေတာ့မည္။ က်ဳံးစစ္ေခ်ာင္က ဤၿမိဳ႕၌သာႀကီးျပင္းလာၿပီး နန္းဝူတကၠသိုလ္၌သာ ေက်ာင္းတက္ခဲ့သည့္အတြက္ သူမထက္စာလွ်င္ က်ဳံးစစ္ေခ်ာင္က မိတ္ေဆြအေပါင္းအသင္းပိုမ်ားပါလိမ့္မည္။ ထို႔အျပင္ က်ဳံးစစ္ေခ်ာင္ မိတ္ဆက္ေပးမည့္သူဆိုလွ်င္ သူမအေနျဖင့္ မ်ားမ်ားစားစားစိုးရိမ္ေနစရာမလိုဘဲ စိတ္ေအးရမည္လည္းျဖစ္သည္။
မသိလိုက္ပါဘဲ အခ်ိန္မွာကား စေနေန႕ညသို႔ ေရာက္လာခဲ့သည္။
စန္းရန္ဘက္မွ သူမဆီသို႔ အရင္ဆက္သြယ္လာမည္မဟုတ္မွန္း သိေနသျဖင့္ အလုပ္ဆင္းခါနီးအခ်ိန္တြင္ ဝိန္းရိဖန္က Wechat မွတဆင့္ စန္းရန္ထံ စာတစ္ေစာင္ပို႔လိုက္၏။
ည ၈ နာရီထိုးခါနီးတြင္မွ စန္းရန္က စာျပန္လာခဲ့၏။
[လာခဲ့ေတာ့]
ဝိန္းရိဖန္ အေခ်ာသတ္ေရးေနသည့္စာမူမ်ားမၿပီးေသးေသာ္လည္း စန္းရန္အား ေစာင့္ခိုင္းထားရန္ မျဖစ္သည့္အတြက္ ပစၥည္းမ်ားကို အလ်င္အျမန္သိမ္းၿပီး အိမ္ေရာက္မွဆက္ေရးရန္ ျပင္လိုက္သည္။အျခားလုပ္ေဖာ္ကိုင္ဖက္မ်ားကို ႏႈတ္ဆက္ၿပီးသည္ႏွင့္ ကုမၸဏီထဲမွ ထြက္လာခဲ့လိုက္သည္။
လမ္းသရဲလမ္းမႀကီးနားသို႔ ေရာက္ခါနီးတြင္။
ဝိန္းရိဖန္က ဖုန္းကိုထုတ္ၿပီး စန္းရန္ထံသို႔ စာျပန္လိုက္၏။
[ငါ ေရာက္ေတာ့မယ္]
တစ္လမ္းေက်ာ္မွ် ေလွ်ာက္လာအၿပီးတြင္ လမ္းသရဲလမ္းမႀကီး၏အခ်ိဳးအေကြ႕ဆီသို႔ ေရာက္လာခဲ့သည္။ လမ္းထဲသို႔ ေလွ်ာက္မဝင္ခင္ အခိုက္အတန့္ေလးတြင္ အျပင္ဘက္၌ထြက္ရပ္ေနသည့္ စန္းရန္အား လွမ္းျမင္လိုက္ရ၏။
သူက အနက္ေရာင္လမ္းမီးတိုင္အား မွီရပ္ေနၿပီး သူ႕အသားအရည္က မီးေရာင္ေၾကာင့္ ျဖဴေဖြးႏုဖတ္ေနကာ မ်က္ႏွာထက္တြင္ မည္သည့္အမူအရာမ်ိဳးမွမရွိ ၊ ခပ္ေမွာင္ေမွာင္ အကၤ်ီအေရာင္မ်ိဳးကို ဝတ္ထားၿပီး ေအးစက္ေနသည့္အေငြ႕အသက္မ်ားကိုေတာ့ မိုင္ေပါင္းမ်ားစြာမွပင္ ခံစားလို႔ရမိေနသည္။
စန္းရန္ကိုယ္တိုင္ လာေပးလိမ့္မည္ဟူ၍ ဝိန္းရိဖန္ ဘယ္တုန္းကမွ မထင္ထားခဲ့ ၊ ဘားေကာင္တာေပၚ တင္လွ်င္တင္ ဒါမွမဟုတ္ စားပြဲထိုးတစ္ေယာက္ကို မွာထားၿပီး ေပးခိုင္းလိမ့္မည္ဟုသာ ေတြးထားခဲ့၏။
ဝိန္းရိဖန္က စန္းရန္၏အခ်ိန္ကို မျဖဳန္းလိုေတာ့သျဖင့္ အေတြးမ်ားကိုအျမန္႐ုတ္သိမ္းကာ စန္းရန္အား လွမ္းေခၚလိုက္မည္အျပဳတြင္ တစ္ဖက္လူက သူမေရာက္ရွိေနေၾကာင္းအား သတိထားႏွင့္ၿပီးျဖစ္ေနခဲ့၏။ သူ႕ေမးဖ်ားက မသိမသာေမာ့လာရင္း ပ်င္းတိပ်င္း႐ြဲပုံစံျဖင့္ စကားတစ္ခြန္းမဆို ၊ ေသာ့တြဲကိုသာ လွမ္းပစ္ေပးလာခဲ့သည္။
ဝိန္းရိဖန္ လွမ္းဖမ္းယူလိုက္၍
"ေက်းဇူး"
စန္းရန္က ေပါ့ေပါ့ပါးပါးေခါင္းၿငိမ့္ျပ၏။
ဝိန္းရိဖန္က ေသာ့တြဲအား အိတ္ကပ္ထဲသို႔ထည့္ၿပီး စာမူျပန္ေရးရန္သာ ေတြးလိုက္၏။ သူမအေနျဖင့္ စန္းရန္ႏွင့္ ပလဲပႏွံသင့္သင့္စကားေျပာနိုင္မည္လည္း မဟုတ္သည့္အတြက္ေၾကာင့္
"ဒါဆို ငါ နင့္ကိုမႏွောက္ယွက္ေတာ့ဘူးေနာ္..အရင္ျပန္ႏွင့္ေတာ့မယ္"
သူ႕ဘက္က ျပန္ေျဖလာျခင္းမရွိ။
"ဒီအခ်ိန္ေတြအတြင္း နင့္ကို ခဏခဏအလုပ္ရႈပ္ေစမိခဲ့ပါၿပီ"
တစ္ဖက္လူက ဘယ္လိုပင္ျဖစ္ေစ သေဘာတူမည္မဟုတ္မွန္း သိေနသည့္အတြက္ ဝိန္းရိဖန္က အေပၚယံအျဖစ္သာ ၾကည့္ေပ်ာ္ရႈ႕ေပ်ာ္စကားဆိုလိုက္၏။
"နင္ ဘယ္အခ်ိန္ေလာက္ အဆင္ေျပမလဲဆိုတာ ၾကည့္ထားေပးပါဦး..ငါ နင့္ကို တစ္ခုခုလိုက္ေကြၽးခ်င္လို႔..ငါ့ဘက္ကေတာ့ အခ်ိန္မေ႐ြးအားတယ္"
စန္းရန္က ၿပဳံးလိုက္၍
"ဒီစကားကို မင္း ဘယ္ႏွေခါက္ေလာက္ ေျပာေနဦးမွာလဲ"
သူမဘက္မွ မည္သည့္အေျဖမ်ိဳးမွျပန္မေပးရေသးခင္ စန္းရန္က လက္ရွိအခ်ိန္တြင္သူမေတြးေနသည့္အေတြးမ်ားကို နားလည္သည့္အလား စိုက္ၾကည့္ေနေလၿပီး သူ႕ႏႈတ္ခမ္းပါးမ်ားက ခပ္ေရးေရးေကြးတက္သြားခဲ့၍
"ကိုယ့္ဆီကေန လက္ခံပါတယ္ဆိုတဲ့စကားကို မၾကားရမခ်င္း မင္းဘက္က လက္မေလ်ာ့ေတာ့မွာမ်ားလား"
"...."
"ေကာင္းၿပီေလ"
စန္းရန္၏ပုံစံက အနည္းငယ္ေလးမွ်စိတ္မရွည္သလိုျဖစ္ေနသည့္ပုံစံျဖင့္
"ဒါဆိုလည္း ဒီေန႕ပဲလုပ္ၾကတာေပါ့"
"...."
ယခုလိုတုန့္ျပန္ခ်က္မ်ိဳးကို မေမွ်ာ္လင့္ထားသည့္ ဝိန္းရိဖန္၏အမူအရာမွာ ေတာင့္ေတာင့္တင္းတင္း။
သူမ၏အမူအရာကို သတိထားမိသည့္စန္းရန္က ေခါင္းသဲ့သဲ့ေစာင္းကာ အနည္းငယ္ကစားခ်င္သည့္အမူအရာမ်ိဳးျဖင့္
"ဘာျဖစ္လို႔?"
ဝိန္းရိဖန္က မတတ္နိုင္သည့္အဆုံးတြင္
"ဘာမွမျဖစ္ပါဘူး..နင္ ဘာစားခ်င္လဲ?"
စန္းရန္က အေရွ႕သို႔ေလွ်ာက္ထြက္လာရင္း
"ဘာပဲျဖစ္ျဖစ္"
ဝိန္းရိဖန္က သူ႕အေနာက္သို႔ အလ်င္အျမန္လိုက္၍
"နင္က ဘယ္လိုအစားအေသာက္မ်ိဳးကို ခံတြင္းေတြ႕တာလဲ"
"အမ်ားႀကီးပဲ"
"...."
ဝိန္းရိဖန္ ; "ဒါဆို ေဟာ့ေပါ့ သြားစားမလား?"
စန္းရန္ ; "မစားဘူး"
ဝိန္းရိဖန္ ; "အသားကင္ေရာ?"
စန္းရန္ ; "အနံ႕ျပင္းတယ္"
ဝိန္းရိဖန္ ; "စီခြၽမ္းဟင္းရည္?"
စန္းရန္ ; "အရမ္းစပ္တယ္"
ဝိန္းရိဖန္ ; "ဒါဆို အသားဆန္ျပဳတ္ ဆိုရင္ေရာ"
စန္းရန္ ; "မစားဘူး"
"....."
ဝိန္းရိဖန္တစ္ေယာက္ ဤလူေလာက္ခစားရခက္သည့္သူမ်ိဳးအား တစ္ခါမွမေတြ႕ဖူးေသးေခ်။
သူမအေနျဖင့္ အၿမဲတမ္း အျပင္စာမ်ား မွာစားလွ်င္စား မဟုတ္လွ်င္ ကိုယ္တိုင္ခ်က္စားျခင္းျဖစ္ကာ အျပင္သို႔ထြက္လည္စားေသာက္ျခင္းမွာ မရွိသေလာက္ရွားလြန္းခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္တြင္ အျခားေနရာ အစားအေသာက္မ်ားကို လုံးဝမစဥ္းစားတတ္ေတာ့သည့္အတြက္ ဝိန္းရိဖန္က သက္ျပင္းခ်ကာ ျငင္ျငင္သာသာျဖင့္သာ ေမးလိုက္၏။
"ဒါဆို နင္စားခ်င္တဲ့ဟာကို အရင္ေ႐ြးလိုက္ပါ..ငါက ဘာမဆိုအဆင္ေျပတယ္..အထူးတလည္အစားေ႐ြးတာမ်ိဳးမရွိဘူး"
စန္းရန္ စကားေျပာလုနီးနီးတြင္ သူ႕လက္ကိုင္ဖုန္းသံ ျမည္လာ၏။
သူ လက္ခံေျဖလိုက္၏။
ႏွစ္ေယာက္သားမွာ အနီးကပ္ေလးရွိေနၾကျခင္းျဖစ္ၿပီး ဖုန္းတစ္ဖက္မွထြက္လာသည့္ေအာ္သံႀကီးအား ဝိန္းရိဖန္ပင္ ရွင္းရွင္းလင္းလင္းၾကားလိုက္ရသည္။
"စန္းရန္!..မင္းအိမ္ႀကီး ေပါက္ကြဲေနၿပီ!"
"..."
စန္းရန္က မ်က္ေမွာင္က်ဳံ႕လိုက္၍
"လူစကား ေျပာစမ္းပါ"
"ငါ-ူး..မဟုတ္ေသးဘူး..မင္းအိမ္ရဲ႕ ေအာက္ထပ္က ေပါက္ကြဲေနတာ"
ဖုန္းတစ္ဖက္ရွိလူ၏အသံမွာ ပို၍ပင္ စိတ္လႈပ္တရွားျဖစ္လာရင္း စူးစူးဝါးဝါးပင္ ေအာ္ဟစ္၍
"မင္းအိမ္ကိုပါ မီးစြဲေနၿပီ!..မင္းႀကီးေတာ္ႀကီးက အကုန္ပါေတာ့မွာ!..ျမန္ျမန္ ျပန္လာဟ! !"
ပတ္ဝန္းက်င္တစ္ခြင္က ႐ုတ္တရက္ဆိတ္ဆိတ္သြားခဲ့ရာ ဝိန္းရိဖန္က အလိုလိုေခါင္းေမာ့ၿပီး စန္းရန္၏ဖုန္းအား လွမ္းၾကည့္မိလိုက္၏။
"...."
နားၿငီးလြန္း၍လားမသိ စန္းရန္က ဖုန္းအား အေဝးတစ္ဖက္သို႔ လႊဲထားရင္း တစ္ဖက္လူ၏ေအာ္သံမ်ား ရပ္သြားသည့္အခါတြင္မွ နား,နားသို႔ျပန္ကပ္လိုက္ကာ ေအးေအးလူလူစကားဆိုလိုက္၏။
"အို႔..ဒါဆို မင္း ငါ့အစား 119 ကိုဖုန္းေခၚလိုက္"
စကားေျပာၿပီးသည္ႏွင့္ ဖုန္းခ်လိဳက္၏။
ထို႔ေနာက္ ဘာမွမျဖစ္သြားသည့္အလား ဝိန္းရိဖန္ကို လွမ္းၾကည့္လာၿပီး
"သြားမယ္ေလ"
ဝိန္းရိဖန္ ;
"နင့္အိမ္ မီးေလာင္ေနတာကို နင္ အိမ္မျပန္ဘူးလား?"
စန္းရန္ တဖန္ျပန္ၿပီး ေမးခြန္းထုတ္လာခဲ့၏။
"ကိုယ္က မီးသတ္သမားလား?"
"...."
သုံးေဘးစကၠန့္ၾကာၿပီးေနာက္တြင္။
ဝိန္းရိဖန္က ႐ုတ္တရက္ေမးလာခဲ့၏။
"ငါ တစ္ခုေလာက္ေမးလို႔ရမလား..နင့္အိမ္က ဘယ္နားေလးမွာလဲ"
စန္းရန္က တစ္ခ်က္လွမ္းၾကည့္လာၿပီး
"ဘာလုပ္မလို႔လဲ"
ဝိန္းရိဖန္က အိတ္ကပ္ထဲမွဖုန္းကိုထုတ္ေနရင္း အရိုးသားဆုံးေျဖဆိုလိုက္ေတာ့၏။
"ငါ အျမန္ေျပးသြားၿပီး သတင္းယူခ်င္လို႔"
"...."
************