Chapter (9) Arc 4
ဝိညာဥ်အစားအစာ
လုရွှမ် သူ့နောက်ကျောမှ တောင်ပံများကို ဝေ့ယမ်းလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်သည် မီးတောက်နေသော ဥက္ကာခဲများ အဖြစ်သို့ ပြောင်းလဲသွားပြီး ရှီးမန်ဝေ့နောက်ကို အနီးကပ် လိုက်သွားခဲ့သည်။
ရှီးမန်ဝေ့ရဲ့ အမြန်နှုန်းက အလွန် လျင်မြန်သော်လည်း ဖီးနစ်အတောင်ပံများ၏ အရှိန်တင်ပျံသန်းမှုထက် များစွာ နှေးကွေးနေသေးသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ့နောက်ကို လိုက်၍ လက်ဖဝါးနဲ့ ရိုက်ချလိုက်၏။
ပြင်းထန်သော ရိုက်ခတ်မှု အရှိန်နှင့် အားအပြည့်ဖြင့် ထိုးနှက်ချက်နှင့်အတူ သူသည် ရှီးမန်ဝေ့ရဲ့ နောက်ကျောကို ရိုက်ချလိုက်သော်ငြား သူ့လက်ဖဝါးသည် ပြိုင်ဘက်၏ နောက်ကျောကို ထိလိုက်သောအခါတွင် ၎င်း၏ခန္ဓာကိုယ်မှာ တုန်ခါသွား ဘာမှမရှိသလို ပျောက်ကွယ်သွားသည်။
"မဟုတ်ဘူး... ဒါက အရိပ်ကိုယ်ပွားပဲ!"
လုရွှမ် မျက်မှောင်ကြုတ်သွားသည်။
သေချာတာကတော့ ကျန်တဲ့ ရုပ်ပုံနှစ်ခုက လုံးဝပျောက်ကွယ်သွားပါပြီ။ ကြည့်လိုက်ရင် နေရာတိုင်းမှာ အိမ်တွေ ပိတ်နေတာကြောင့် ရှီးမန်ဝေ့ရဲ့ ရုပ်ပုံကို အလွယ်တကူ ရှာမတွေ့နိုင်ပေ။
အရိပ်ကိုယ်ပွားဟာ မူလ ခန္ဓာကိုယ်ကနေ ခွဲထွက်လာပြီး တိုက်ခိုက်ခံရသည်နှင့် ၎င်းတို့သည် ကွဲအက်သွားလိမ့်မည်။ ဤအရိပ်ကိုယ်ပွား အမျိုးအစားသည် တိုက်ခိုက်နိုင်စွမ်း မရှိသည့်အပြင် ၎င်း၏အကြီးမားဆုံး လုပ်ဆောင်ချက်မှာ ရန်သူကို စိတ်ရှုပ်ထွေးစေရန်သာ ဖြစ်သည်။
လုရွှမ်ဟာ သက်တမ်း နှစ်ခုနဲ့ လူသားတစ်ဦးဖြစ်ကြောင်း အကြောင်းပြချက် ပေးနိုင်သလို သူယခင်ဘဝတွင် တိမ်ပင်လယ် နယ်မြေမှာလည်း အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။
ဤလှည့်ကွက်မျိုးသည် သူ့ကိုလိမ်ရန် ခက်ခဲသော်လည်း ယခုလို ထူးဆန်းသော လှည့်ကွက်ကို သူ မမျှော်လင့်ထားသည်မှာ ထင်ရှားလေသည်။ ဒီနေရာလေးမှာ ရှိနေတာတောင် ခဏတာ သတိမထား မိလိုက်ဘူး။
"သူဌေး... ကျွန်တော်တို့ သူတို့ ဌာနချုပ်ကို သွားကြရအောင်!"
ဖက်တီးက အော်ဟစ်ရင်း ပြေးထွက်လာသည်။
"ဧည့်သည်တို့ နှစ်ယောက်ကို အဲဲဒီကို မသွားဖို့ အကြံပေးချင်ပါတယ်"
ရွှီရှင့်လုံက သူ့မျက်နှာမှာ အပြုံးနဲ့ ထွက်လာခဲ့သည်။ ဒါက အရေးကြီး ဧည့်သည်ပဲ။ လုံးဝ အရေးကြီးတဲ့ ဧည့်သည်ပဲ။
ဖက်တီး၏ နောက်လိုက်လက်ထဲက အခင်းအကျင်း တံဆိပ်ပြားဟာ မြို့ထောင်ချီမဟာမိတ် သို့မဟုတ် အထက် တော်ဝင်အင်ပါယာ သုံးထောင် တစ်ခုလုံးတွင်ပင် လုံးလုံးလျားလျား မပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ပစ္စည်းပင်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေတာ မဟုတ်ရင် အဲဒါထက်မြင့်တဲ့ အဆင့်မှာရှိတာ ၁၀၀% သေချာလေသည်။
"ဘာလို့လဲ?"
ရွှီရှင့်လုံကို လှည့်ကြည့်ရင်း ဖက်တီးက ချက်ချင်း မေးလိုက်သည်။
"ဧည့်သည်တို့ နှစ်ယောက်ကို ကြည့်ရတာ အထက်ပိုင်းကနေ ဆင်းလာပုံရတယ်"
ရွှီရှင့်လုံက ပြုံးပြီး ရှင်းပြလေ၏။
အထက်ပိုင်းက ဆင်းလာသူဟုသည့် စကားမှာ မြို့ထောင်ချီမဟာမိတ်တွင် ပြောနေကျ စကားများဖြစ်သည်။ မြို့ထောင်ချီမဟာမိတ်ထဲက လူများသည် အောက်ပိုင်းမှ လာသူများ အဖြစ် ရည်ညွှန်းလို့ အထက်ပိုင်းက လူတွေဟာ တော်ဝင်အင်ပါယာက လူတွေထက် သာလွန်ကြသည်။
ဧကရာဇ်အင်ပါယာက လာသော သူများကို တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးရှိ အထက်ပိုင်းမှ လာသောသူများဟု တလေးတစား ဆက်ဆံကြသည်။
လုရွှမ် စကားမပြောခင်မှာပဲ ဖက်တီးက တစ်ချက် ပြန်ကြည့်ကာ ရယ်မောလိုက်သည်။
"ဟားဟား.... ခင်ဗျားနားလည်တာ ကောင်းပါတယ်"
ရွှီရှင့်လုံ ဝမ်းသာသွားသည်။ ဒီလူအုပ်စုက အထက်ပိုင်းကနေ တကယ် ဆင်းလာတာဆိုရင်တော့ သူတို့ပေါင်တွေကို တင်းတင်းကြပ်ကြပ် ဖက်ထားရမည်။
"အရေးကြီး ဧည့်သည်တို့ နှစ်ယောက်... ဒီလိုပါ မြို့ထောင်ချီ မဟာမိတ်အဖွဲ့ရဲ့ အရေးကြီးတဲ့ နေရာအားလုံးမှာ သူတော်စင် တစ်ပိုင်းတွေရဲ့ တိုက်ခိုက်မှုတွေကို တားဆီးနိုင်တဲ့ အကာအကွယ် အခင်းအကျင်း ပုံစံကြီး ရှိတယ်... အခင်းအကျင်းကို အသက်သွင်းလိုက်တာနဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူတောင် မခံနိုင်ဘူး.. အဲဒါကြောင့် ဧည့်သည်တို့ လိုက်မသွားတာ ပိုကောင်းလိမ့်မယ်!"
ရွှီရှင့်လုံက စိတ်ရှည်ရှည်နဲ့ ရှင်းပြလေသည်။
"ဒါဆို လောလောဆယ် မသွားနဲ့ဦး"
လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။ ဤကြီးမားသော အကာအကွယ် အခင်းအကျင်း ပုံစံသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူတွေကိုတောင် ဖမ်းဆီးနိုင်တဲ့ ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းနဲ့ သိပ်မကွာနိုင်တာမို့ သူကိုယ်တိုင်လည်း ပြိုင်ဘက်မဟုတ်ချေ။
လုရွှမ်သည် ထိုအချိန်က အခင်းအကျင်းကို အချိန်ကာလ တစ်ခုပေး၍ ဟာကွက်များ ရှာဖွေနိုင်ပြီးမှသာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ဤနယ်ပယ်တွင် သူ၏စွမ်းရည်ကို ထုတ်ဖော်ပြသလိုခြင်း မရှိပေ။
အခင်းအကျင်းမှာ တိုက်ခိုက်ရေး အခြေအနေနှင့် မတူဘဲ အနည်းငယ် ပြန်လည် ပြင်ဆင်ရယူရန် လိုအပ်သည်။ ယခင်ဘဝက အရူးဧကရာဇ်ရဲ့ မှတ်ဉာဏ်ကြောင့် အခင်းအကျင်း ဖွဲ့စည်းခြင်းဆိုင်ရာကို နားလည်နေသေးသည်။
သို့သော် နယ်ပယ်က ကန့်သတ်ထားသဖြင့် အဆင့်မြင့်သော အခင်းအကျင်း ဖွဲ့စည်းမှုကို မတည်ဆောက်နိုင်သေးချေ။
ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ပြည့်စုံအောင် ပြုပြင်ပြီးမှသာ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အရိပ်လူသတ်ခန်းမရဲ့ အခင်းအကျင်းကြီးက နဂိုအတိုင်းဖြစ်ပြီး ထိန်းချုပ်ပိုင်ခွင့်ကို ပြောင်းလဲပေးရန် လိုအပ်သေးသည်။ အဲဒီအခင်းအကျင်းက လုရွှမ်အတွက် ပိုမိုလွယ်ကူလေသည်။
"ညဉ့်သန်းခေါင်ကြီးမှာ ဧည့်သည်တို့ နှစ်ယောက်ကို ထိတ်လန့် သွားစေမိတယ်... ဒါကြောင့် ကျုပ် ရွီရှင့်လုံက ညလယ်စာ စားပွဲကို ပြင်ပေးပါရစေ"
ရွှီရှင့်လုံ နှစ်ကြိမ်ခန့် ရယ်လိုက်ပြီး သူ့အသံကို တမင်တကာ ချဲ့လိုက်သည်။
ရွှီရှင့်လုံရဲ့ အဓိပ္ပာယ်ကတော့ ရိုးရှင်းပါသည်။ သူသည် နေရာတိုင်းတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြည့်ရှုနေခဲ့သူ ဖြစ်သည်။ သူသည် လုရွှမ်နှင့် အခြားသူများကို မျက်နှာသာပေး၍ ဆက်ဆံချင်ရုံသာ ဖြစ်သည်။ အနည်းဆုံးတော့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို အလွန်ကောင်းမွန်သော မိတ်ဆွေအဖြစ် ပြောင်းလဲလိုခြင်း ဖြစ်သည်။
ဒီလိုပေါင်ကို ပွေ့ဖက်ထားရမယ် မဟုတ်လား။
လုရွှမ် အစကတော့ မသွားချင်ပေ။ ကျင့်ကြံမှုက ဒီအဆင့်ကို ရောက်တဲ့အခါ အစားအသောက်က တကယ်ကို ဆွဲဆောင်မှု မရှိတော့ပေမယ့် ဖက်တီးကတော့ တကယ်ကို စိတ်လှုပ်ရှားနေပုံရ၏။
"ကောင်းတယ် ကောင်းတယ်... ဘာအရသာတာတွေ ရှိလဲ? မြန်မြန်လေး ပြင်ဆင်လိုက်စမ်းပါ... ဟေးဟေး ဖက်တီးတို့ ပြောရင် နည်းနည်းတောင် ဗိုက်ဆာလာပြီ!"
ဖက်တီး ကိုယ်တိုင်ကလည်း ဒီအချက်ကို ယုံကြည်ထားသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ရောက်တဲ့အခါ အသက်ကို ထောက်ပံ့ဖို့ အစာ မလိုအပ်တော့ပါ။
ကမ္ဘာကြီးရဲ့ အဆုံးမဲ့ ဝိညာဉ်စွမ်းအင်တွေဟာ အသွင်ပြောင်းခြင်း နယ်ပယ်မှာ ရှိတဲ့ ကျင့်ကြံသူရဲ့ ယွမ်ချီကို သဘာဝအတိုင်း ထိန်းသိမ်းထားနိုင်သည်။ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ ပင်ပန်းနွမ်းနယ် နေရင်တောင် ဗိုက်ဆာဖို့ လုံးဝ မဖြစ်နိုင်ဘူး။
"ဟာဟား... စိတ်မပူပါနဲ့ ကျုပ်တို့ရဲ့ မှော်တစ်ထောင်စံအိမ်ရဲ့ ဝိညာဉ်အစာက မြို့ထောင်ချီမဟာမိတ်မှာ တော်တော်လေး နာမည်ကြီးတယ်"
ရွှီရှင့်လုံက ရယ်လျက် ဆိုလေသည်။
ဝိညာဥ်အစာ?
လုရွှမ် နှလုံးတစ်ချက် ခုန်သွားသည်။ အဲ့ဒီလိုအစားအစာမျိုးက ဝိညာဥ်သားရဲရဲ့ အသားနဲ့ ဝိညာဥ်မြက်ကဲ့သို့ အထူး အစားအစာများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အရသာအလွန် ထူးခြားရုံသာမက လေ့ကျင့်သူ၏ ကျင့်ကြံမှုကိုလည်း တိုးမြင့်စေနိုင်သည်။
"ခင်ဗျားဆီမှာ ဝိညာဉ်အစာ ရနိုင်သေးတယ်ပေါ့!"
ဖက်တီးရဲ့ တံတွေးတွေဟာ ချက်ချင်းပင် ဖိတ်စင်လုမတတ် ဖြစ်သွားတော့သည်။
"အစ်ကိုကောင်းလေး.... မြန်မြန်သွား... ကျုပ်ကို မြန်မြန် ခေါ်သွားပေးစမ်းပါ!"
ဖက်တီးက သူ့ကို အစ်ကိုကောင်းလို့ ခေါ်တာကို ကြားတော့ ရွှီရှင့်လုံကလည်း ချက်ချင်းပဲ တုံ့ပြန်လိုက်သည်။
"ကျုပ်နဲ့ လိုက်ခဲ့လိုက်တော့!"
မှော်တစ်ထောင်စံအိမ်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် အိမ်နှင့်ပိုတူသည့် ကြီးမားသော ဝင်းကြီးတစ်ခု ရှိသည်။ ရွှီရှင့်လုံက လုရွှမ်နဲ့ ဖက်တီးကို ထိုနေရာ၌ စားပွဲဖြင့် တည်ခင်းဧည့်ခံလေသည်။
ခမ်းနားထည်ဝါသော နန်းဆောင်တစ်ခုတွင် ရေကန်ကို မျက်နှာမူကာ စားပွဲတစ်လုံးကို ခင်းကျင်းထားသည်။ ကြာပန်း ကြာရွက်များသည် စိမ်းလန်းလျက် ပန်းရနံ့ကလည်း သင်းပျံ့လျက် ရှိသည်။
အစားအသောက်နှင့် သေရည်ကို မတည်ခင်းမီ အတွင်းပိုင်းရှုခင်းကို ယောင်ဝါးဝါး မြင်နေရသော အင်္ကျီပါးပါး ဝတ်ထားသော အစေခံတချို့သည် လက်ဖက်ရည်ကို ဦးစွာ လာချပေးကြသည်။
လက်ဖက်ရည်ကို ခွက်ထဲသို့ လောင်းချပြီးနောက် လေပူတစ်ချက်သည် လေထဲသို့ မြင့်တက်လာ၏။ ခွက်မျက်နှာပြင်ပေါ်၌ စိမ့်ထွက်ကာ မပျံ့လွင့်သွားဘဲ ပိုထူးဆန်းသည်မှာ ဤလေပူများသည် တစ်ခုနှင့်တစ်ခု ရောယှက်ကာ ရောယှက်ကာ နောက်ဆုံးတွင် အရွက်ပုံစံ အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
အငွေ့များ ပို၍ စုပုံလာသည်နှင့်အမျှ အငွေ့ကြောင့် ဖြစ်ပေါ်လာသော အရွက်များ၏ အရောင်သည်လည်း ပြောင်းလဲသွားကာ အဆုံးတွင် မျက်စိအေးစေသော စိမ်းလန်းစိုပြေသည့် အရွက်များ ဖြစ်သွားသည်။
"ဟား ဟား... ဧည့်သည်တို့ သုံးယောက် လက်ဖက်ရည် သုံးဆောင်လို့ ရပါပြီ!"
ရွှီရှင့်လုံ ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာ မြူစိမ်းမြရွက်ပုံကို နှာခေါင်းထဲ ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ရာ အရွက်တစ်ခုလုံးသည် စိမ်းမြမြ အခိုးအငွေ့ အဖြစ်သို့ ပြောင်းလဲကာ စုပ်ယူခံလိုက်ရသည်။
ထို့နောက် သူသည် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း ပျော်ရွှင်မှု အပြည့်ဖြင့် သောက်ပြလိုက်သည်။
"ဝိညာဥ်နှင်းမြူလက်ဖက်ရည်... ဒါကို မြို့ထောင်ချီမဟာမိတ်မှာ သောက်နိုင်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး"
လုရွှမ်သည် ဖက်တီးတစ်ယောက် ရွှီရှင့်လုံကို စိတ်အားထက်သန်စွာ အတုယူ၍ ဝိညာဥ်နှင်းမြူလက်ဖက်ရည် တစ်ခွက်ကို သောက်လိုက်တာကို ကြည့်ပြီး သူလည်း ခေါင်းငုံ့ကာ ရှူရှိုက်လိုက်သည်။
နှင်းမြူအရွက်များသည် စိမ်းလန်းသော ချည်မျှင်အဖြစ်သို့ ပြောင်းသွားကာ နှာခေါင်းပေါက်ထဲသို့ ဝင်ရောက်ပြီးနောက် အဆုတ်ထဲသို့ ရှူသွင်းလိုက်ရာ အခိုးအငွေ့များ သွားလေရာ လမ်းကြောင်း၌ အေးမြ လန်းဆန်းသွားကာ တစ်ကိုယ်လုံးရှိ ချွေးပေါက်များကို ပွင့်သွားစေလေသည်။
လက်ဖက်ရည် သောက်ပြီးနောက် စိမ်းလန်းသော မြူခိုးငွေ့များနှင့် ရောနှောထားသော လေပူသည် ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ အေးမြ ပျံ့နှံ့သွားခဲ့သည်။ အေးမြသော လေသည် ပင်ပန်းနွမ်းနယ်မှုနှင့် ခန္ဓာကိုယ်အတွင်း ဆုံးရှုံးသွားသည့် ခံစားချက်များစွာကို ဖယ်ရှားသွားသလို အပန်းပြေသွားစေ၏။
Chapter (9) Arc 4
ဝိညာဥ္အစားအစာ
လု႐ႊမ္ သူ႕ေနာက္ေက်ာမွ ေတာင္ပံမ်ားကို ေဝ့ယမ္းလိုက္တဲ့အခါ သူ႕ခႏၶာကိုယ္သည္ မီးေတာက္ေနေသာ ဥကၠာခဲမ်ား အျဖစ္သို႔ ေျပာင္းလဲသြားၿပီး ရွီးမန္ေဝ့ေနာက္ကို အနီးကပ္ လိုက္သြားခဲ့သည္။
ရွီးမန္ေဝ့ရဲ႕ အျမန္ႏႈန္းက အလြန္ လ်င္ျမန္ေသာ္လည္း ဖီးနစ္အေတာင္ပံမ်ား၏ အရွိန္တင္ပ်ံသန္းမႈထက္ မ်ားစြာ ႏွေးေကြးေနေသးသည္။ မ်က္စိတစ္မွိတ္ အတြင္းမွာပဲ သူ႕ေနာက္ကို လိုက္၍ လက္ဖဝါးနဲ႕ ရိုက္ခ်လိဳက္၏။
ျပင္းထန္ေသာ ရိုက္ခတ္မႈ အရွိန္ႏွင့္ အားအျပည့္ျဖင့္ ထိုးႏွက္ခ်က္ႏွင့္အတူ သူသည္ ရွီးမန္ေဝ့ရဲ႕ ေနာက္ေက်ာကို ရိုက္ခ်လိဳက္ေသာ္ျငား သူ႕လက္ဖဝါးသည္ ၿပိဳင္ဘက္၏ ေနာက္ေက်ာကို ထိလိုက္ေသာအခါတြင္ ၎၏ခႏၶာကိုယ္မွာ တုန္ခါသြား ဘာမွမရွိသလို ေပ်ာက္ကြယ္သြားသည္။
"မဟုတ္ဘူး... ဒါက အရိပ္ကိုယ္ပြားပဲ!"
လု႐ႊမ္ မ်က္ေမွာင္ၾကဳတ္သြားသည္။
ေသခ်ာတာကေတာ့ က်န္တဲ့ ႐ုပ္ပုံႏွစ္ခုက လုံးဝေပ်ာက္ကြယ္သြားပါၿပီ။ ၾကည့္လိုက္ရင္ ေနရာတိုင္းမွာ အိမ္ေတြ ပိတ္ေနတာေၾကာင့္ ရွီးမန္ေဝ့ရဲ႕ ႐ုပ္ပုံကို အလြယ္တကူ ရွာမေတြ႕နိုင္ေပ။
အရိပ္ကိုယ္ပြားဟာ မူလ ခႏၶာကိုယ္ကေန ခြဲထြက္လာၿပီး တိုက္ခိုက္ခံရသည္ႏွင့္ ၎တို႔သည္ ကြဲအက္သြားလိမ့္မည္။ ဤအရိပ္ကိုယ္ပြား အမ်ိဳးအစားသည္ တိုက္ခိုက္နိုင္စြမ္း မရွိသည့္အျပင္ ၎၏အႀကီးမားဆုံး လုပ္ေဆာင္ခ်က္မွာ ရန္သူကို စိတ္ရႈပ္ေထြးေစရန္သာ ျဖစ္သည္။
လု႐ႊမ္ဟာ သက္တမ္း ႏွစ္ခုနဲ႕ လူသားတစ္ဦးျဖစ္ေၾကာင္း အေၾကာင္းျပခ်က္ ေပးနိုင္သလို သူယခင္ဘဝတြင္ တိမ္ပင္လယ္ နယ္ေျမမွာလည္း အထြတ္အထိပ္ကို ေရာက္ရွိခဲ့သည္။
ဤလွည့္ကြက္မ်ိဳးသည္ သူ႕ကိုလိမ္ရန္ ခက္ခဲေသာ္လည္း ယခုလို ထူးဆန္းေသာ လွည့္ကြက္ကို သူ မေမွ်ာ္လင့္ထားသည္မွာ ထင္ရွားေလသည္။ ဒီေနရာေလးမွာ ရွိေနတာေတာင္ ခဏတာ သတိမထား မိလိုက္ဘူး။
"သူေဌး... ကြၽန္ေတာ္တို႔ သူတို႔ ဌာနခ်ဳပ္ကို သြားၾကရေအာင္!"
ဖက္တီးက ေအာ္ဟစ္ရင္း ေျပးထြက္လာသည္။
"ဧည့္သည္တို႔ ႏွစ္ေယာက္ကို အဲဲဒီကို မသြားဖို႔ အႀကံေပးခ်င္ပါတယ္"
႐ႊီရွင့္လုံက သူ႕မ်က္ႏွာမွာ အၿပဳံးနဲ႕ ထြက္လာခဲ့သည္။ ဒါက အေရးႀကီး ဧည့္သည္ပဲ။ လုံးဝ အေရးႀကီးတဲ့ ဧည့္သည္ပဲ။
ဖက္တီး၏ ေနာက္လိုက္လက္ထဲက အခင္းအက်င္း တံဆိပ္ျပားဟာ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ သို႔မဟုတ္ အထက္ ေတာ္ဝင္အင္ပါယာ သုံးေထာင္ တစ္ခုလုံးတြင္ပင္ လုံးလုံးလ်ားလ်ား မေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနတဲ့ ပစၥည္းပင္။
ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၉ကို ေရာက္ေနတာ မဟုတ္ရင္ အဲဒါထက္ျမင့္တဲ့ အဆင့္မွာရွိတာ ၁၀၀% ေသခ်ာေလသည္။
"ဘာလို႔လဲ?"
႐ႊီရွင့္လုံကို လွည့္ၾကည့္ရင္း ဖက္တီးက ခ်က္ခ်င္း ေမးလိုက္သည္။
"ဧည့္သည္တို႔ ႏွစ္ေယာက္ကို ၾကည့္ရတာ အထက္ပိုင္းကေန ဆင္းလာပုံရတယ္"
႐ႊီရွင့္လုံက ၿပဳံးၿပီး ရွင္းျပေလ၏။
အထက္ပိုင္းက ဆင္းလာသူဟုသည့္ စကားမွာ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္တြင္ ေျပာေနက် စကားမ်ားျဖစ္သည္။ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ထဲက လူမ်ားသည္ ေအာက္ပိုင္းမွ လာသူမ်ား အျဖစ္ ရည္ၫႊန္းလို႔ အထက္ပိုင္းက လူေတြဟာ ေတာ္ဝင္အင္ပါယာက လူေတြထက္ သာလြန္ၾကသည္။
ဧကရာဇ္အင္ပါယာက လာေသာ သူမ်ားကို တိမ္ပင္လယ္နယ္ေျမ တစ္ခုလုံးရွိ အထက္ပိုင္းမွ လာေသာသူမ်ားဟု တေလးတစား ဆက္ဆံၾကသည္။
လု႐ႊမ္ စကားမေျပာခင္မွာပဲ ဖက္တီးက တစ္ခ်က္ ျပန္ၾကည့္ကာ ရယ္ေမာလိုက္သည္။
"ဟားဟား.... ခင္ဗ်ားနားလည္တာ ေကာင္းပါတယ္"
႐ႊီရွင့္လုံ ဝမ္းသာသြားသည္။ ဒီလူအုပ္စုက အထက္ပိုင္းကေန တကယ္ ဆင္းလာတာဆိုရင္ေတာ့ သူတို႔ေပါင္ေတြကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားရမည္။
"အေရးႀကီး ဧည့္သည္တို႔ ႏွစ္ေယာက္... ဒီလိုပါ ၿမိဳ႕ေထာင္ခ်ီ မဟာမိတ္အဖြဲ႕ရဲ႕ အေရးႀကီးတဲ့ ေနရာအားလုံးမွာ သူေတာ္စင္ တစ္ပိုင္းေတြရဲ႕ တိုက္ခိုက္မႈေတြကို တားဆီးနိုင္တဲ့ အကာအကြယ္ အခင္းအက်င္း ပုံစံႀကီး ရွိတယ္... အခင္းအက်င္းကို အသက္သြင္းလိုက္တာနဲ႕ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၉ က်င့္ႀကံသူေတာင္ မခံနိုင္ဘူး.. အဲဒါေၾကာင့္ ဧည့္သည္တို႔ လိုက္မသြားတာ ပိုေကာင္းလိမ့္မယ္!"
႐ႊီရွင့္လုံက စိတ္ရွည္ရွည္နဲ႕ ရွင္းျပေလသည္။
"ဒါဆို ေလာေလာဆယ္ မသြားနဲ႕ဦး"
လု႐ႊမ္လည္း ေခါင္းညိတ္လိုက္သည္။ ဤႀကီးမားေသာ အကာအကြယ္ အခင္းအက်င္း ပုံစံသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉ က်င့္ႀကံသူေတြကိုေတာင္ ဖမ္းဆီးနိုင္တဲ့ ယင္းယန္ေက်ာင္းေတာ္ရဲ႕ ကာကြယ္ေရး အခင္းအက်င္းနဲ႕ သိပ္မကြာနိုင္တာမို႔ သူကိုယ္တိုင္လည္း ၿပိဳင္ဘက္မဟုတ္ေခ်။
လု႐ႊမ္သည္ ထိုအခ်ိန္က အခင္းအက်င္းကို အခ်ိန္ကာလ တစ္ခုေပး၍ ဟာကြက္မ်ား ရွာေဖြနိုင္ၿပီးမွသာ ထိန္းခ်ဳပ္နိုင္ခဲ့သည္။ သို႔ေသာ္ ဤနယ္ပယ္တြင္ သူ၏စြမ္းရည္ကို ထုတ္ေဖာ္ျပသလိုျခင္း မရွိေပ။
အခင္းအက်င္းမွာ တိုက္ခိုက္ေရး အေျခအေနႏွင့္ မတူဘဲ အနည္းငယ္ ျပန္လည္ ျပင္ဆင္ရယူရန္ လိုအပ္သည္။ ယခင္ဘဝက အ႐ူးဧကရာဇ္ရဲ႕ မွတ္ဉာဏ္ေၾကာင့္ အခင္းအက်င္း ဖြဲ႕စည္းျခင္းဆိုင္ရာကို နားလည္ေနေသးသည္။
သို႔ေသာ္ နယ္ပယ္က ကန႔္သတ္ထားသျဖင့္ အဆင့္ျမင့္ေသာ အခင္းအက်င္း ဖြဲ႕စည္းမႈကို မတည္ေဆာက္နိုင္ေသးေခ်။
ယင္းယန္ေက်ာင္းေတာ္ရဲ႕ ကာကြယ္ေရး အခင္းအက်င္းကို ျပည့္စုံေအာင္ ျပဳျပင္ၿပီးမွသာ ထိန္းခ်ဳပ္နိုင္ခဲ့ျခင္း ျဖစ္သည္။ အရိပ္လူသတ္ခန္းမရဲ႕ အခင္းအက်င္းႀကီးက နဂိုအတိုင္းျဖစ္ၿပီး ထိန္းခ်ဳပ္ပိုင္ခြင့္ကို ေျပာင္းလဲေပးရန္ လိုအပ္ေသးသည္။ အဲဒီအခင္းအက်င္းက လု႐ႊမ္အတြက္ ပိုမိုလြယ္ကူေလသည္။
"ညဉ့္သန္းေခါင္ႀကီးမွာ ဧည့္သည္တို႔ ႏွစ္ေယာက္ကို ထိတ္လန႔္ သြားေစမိတယ္... ဒါေၾကာင့္ က်ဳပ္ ႐ြီရွင့္လုံက ညလယ္စာ စားပြဲကို ျပင္ေပးပါရေစ"
႐ႊီရွင့္လုံ ႏွစ္ႀကိမ္ခန့္ ရယ္လိုက္ၿပီး သူ႕အသံကို တမင္တကာ ခ်ဲ့လိုက္သည္။
႐ႊီရွင့္လုံရဲ႕ အဓိပၸာယ္ကေတာ့ ရိုးရွင္းပါသည္။ သူသည္ ေနရာတိုင္းတြင္ မေရမတြက္နိုင္ေသာ က်င့္ႀကံသူမ်ားကို ၾကည့္ရႈေနခဲ့သူ ျဖစ္သည္။ သူသည္ လု႐ႊမ္ႏွင့္ အျခားသူမ်ားကို မ်က္ႏွာသာေပး၍ ဆက္ဆံခ်င္႐ုံသာ ျဖစ္သည္။ အနည္းဆုံးေတာ့ သူတို႔ႏွစ္ဦးၾကားက ဆက္ဆံေရးကို အလြန္ေကာင္းမြန္ေသာ မိတ္ေဆြအျဖစ္ ေျပာင္းလဲလိုျခင္း ျဖစ္သည္။
ဒီလိုေပါင္ကို ေပြ႕ဖက္ထားရမယ္ မဟုတ္လား။
လု႐ႊမ္ အစကေတာ့ မသြားခ်င္ေပ။ က်င့္ႀကံမႈက ဒီအဆင့္ကို ေရာက္တဲ့အခါ အစားအေသာက္က တကယ္ကို ဆြဲေဆာင္မႈ မရွိေတာ့ေပမယ့္ ဖက္တီးကေတာ့ တကယ္ကို စိတ္လႈပ္ရွားေနပုံရ၏။
"ေကာင္းတယ္ ေကာင္းတယ္... ဘာအရသာတာေတြ ရွိလဲ? ျမန္ျမန္ေလး ျပင္ဆင္လိုက္စမ္းပါ... ေဟးေဟး ဖက္တီးတို႔ ေျပာရင္ နည္းနည္းေတာင္ ဗိုက္ဆာလာၿပီ!"
ဖက္တီး ကိုယ္တိုင္ကလည္း ဒီအခ်က္ကို ယုံၾကည္ထားသည္။ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ ေရာက္တဲ့အခါ အသက္ကို ေထာက္ပံ့ဖို႔ အစာ မလိုအပ္ေတာ့ပါ။
ကမၻာႀကီးရဲ႕ အဆုံးမဲ့ ဝိညာဥ္စြမ္းအင္ေတြဟာ အသြင္ေျပာင္းျခင္း နယ္ပယ္မွာ ရွိတဲ့ က်င့္ႀကံသူရဲ႕ ယြမ္ခ်ီကို သဘာဝအတိုင္း ထိန္းသိမ္းထားနိုင္သည္။ ခႏၶာကိုယ္ လုပ္ေဆာင္ခ်က္ေတြ ပင္ပန္းႏြမ္းနယ္ ေနရင္ေတာင္ ဗိုက္ဆာဖို႔ လုံးဝ မျဖစ္နိုင္ဘူး။
"ဟာဟား... စိတ္မပူပါနဲ႕ က်ဳပ္တို႔ရဲ႕ ေမွာ္တစ္ေထာင္စံအိမ္ရဲ႕ ဝိညာဥ္အစာက ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ ေတာ္ေတာ္ေလး နာမည္ႀကီးတယ္"
႐ႊီရွင့္လုံက ရယ္လ်က္ ဆိုေလသည္။
ဝိညာဥ္အစာ?
လု႐ႊမ္ ႏွလုံးတစ္ခ်က္ ခုန္သြားသည္။ အဲ့ဒီလိုအစားအစာမ်ိဳးက ဝိညာဥ္သားရဲရဲ႕ အသားနဲ႕ ဝိညာဥ္ျမက္ကဲ့သို႔ အထူး အစားအစာမ်ားျဖင့္ ျပဳလုပ္ထားျခင္း ျဖစ္သည္။ အရသာအလြန္ ထူးျခား႐ုံသာမက ေလ့က်င့္သူ၏ က်င့္ႀကံမႈကိုလည္း တိုးျမင့္ေစနိုင္သည္။
"ခင္ဗ်ားဆီမွာ ဝိညာဥ္အစာ ရနိုင္ေသးတယ္ေပါ့!"
ဖက္တီးရဲ႕ တံေတြးေတြဟာ ခ်က္ခ်င္းပင္ ဖိတ္စင္လုမတတ္ ျဖစ္သြားေတာ့သည္။
"အစ္ကိုေကာင္းေလး.... ျမန္ျမန္သြား... က်ဳပ္ကို ျမန္ျမန္ ေခၚသြားေပးစမ္းပါ!"
ဖက္တီးက သူ႕ကို အစ္ကိုေကာင္းလို႔ ေခၚတာကို ၾကားေတာ့ ႐ႊီရွင့္လုံကလည္း ခ်က္ခ်င္းပဲ တုံ႕ျပန္လိုက္သည္။
"က်ဳပ္နဲ႕ လိုက္ခဲ့လိုက္ေတာ့!"
ေမွာ္တစ္ေထာင္စံအိမ္၏ အနက္ရွိုင္းဆုံး တစ္ေနရာတြင္ အိမ္ႏွင့္ပိုတူသည့္ ႀကီးမားေသာ ဝင္းႀကီးတစ္ခု ရွိသည္။ ႐ႊီရွင့္လုံက လု႐ႊမ္နဲ႕ ဖက္တီးကို ထိုေနရာ၌ စားပြဲျဖင့္ တည္ခင္းဧည့္ခံေလသည္။
ခမ္းနားထည္ဝါေသာ နန္းေဆာင္တစ္ခုတြင္ ေရကန္ကို မ်က္ႏွာမူကာ စားပြဲတစ္လုံးကို ခင္းက်င္းထားသည္။ ၾကာပန္း ၾကာ႐ြက္မ်ားသည္ စိမ္းလန္းလ်က္ ပန္းရနံ႕ကလည္း သင္းပ်ံ့လ်က္ ရွိသည္။
အစားအေသာက္ႏွင့္ ေသရည္ကို မတည္ခင္းမီ အတြင္းပိုင္းရႈခင္းကို ေယာင္ဝါးဝါး ျမင္ေနရေသာ အကၤ်ီပါးပါး ဝတ္ထားေသာ အေစခံတခ်ိဳ႕သည္ လက္ဖက္ရည္ကို ဦးစြာ လာခ်ေပးၾကသည္။
လက္ဖက္ရည္ကို ခြက္ထဲသို႔ ေလာင္းခ်ၿပီးေနာက္ ေလပူတစ္ခ်က္သည္ ေလထဲသို႔ ျမင့္တက္လာ၏။ ခြက္မ်က္ႏွာျပင္ေပၚ၌ စိမ့္ထြက္ကာ မပ်ံ့လြင့္သြားဘဲ ပိုထူးဆန္းသည္မွာ ဤေလပူမ်ားသည္ တစ္ခုႏွင့္တစ္ခု ေရာယွက္ကာ ေရာယွက္ကာ ေနာက္ဆုံးတြင္ အ႐ြက္ပုံစံ အျဖစ္သို႔ ေျပာင္းလဲသြားျခင္း ျဖစ္သည္။
အေငြ႕မ်ား ပို၍ စုပုံလာသည္ႏွင့္အမွ် အေငြ႕ေၾကာင့္ ျဖစ္ေပၚလာေသာ အ႐ြက္မ်ား၏ အေရာင္သည္လည္း ေျပာင္းလဲသြားကာ အဆုံးတြင္ မ်က္စိေအးေစေသာ စိမ္းလန္းစိုေျပသည့္ အ႐ြက္မ်ား ျဖစ္သြားသည္။
"ဟား ဟား... ဧည့္သည္တို႔ သုံးေယာက္ လက္ဖက္ရည္ သုံးေဆာင္လို႔ ရပါၿပီ!"
႐ႊီရွင့္လုံ ရယ္ေမာလိုက္ၿပီး ေခါင္းငုံ႕ကာ ျမဴစိမ္းျမ႐ြက္ပုံကို ႏွာေခါင္းထဲ ျပင္းျပင္းထန္ထန္ ရႉသြင္းလိုက္ရာ အ႐ြက္တစ္ခုလုံးသည္ စိမ္းျမျမ အခိုးအေငြ႕ အျဖစ္သို႔ ေျပာင္းလဲကာ စုပ္ယူခံလိုက္ရသည္။
ထို႔ေနာက္ သူသည္ လက္ဖက္ရည္ခြက္ကို ေကာက္ယူကာ တစ္က်ိဳက္တည္း ေပ်ာ္႐ႊင္မႈ အျပည့္ျဖင့္ ေသာက္ျပလိုက္သည္။
"ဝိညာဥ္ႏွင္းျမဴလက္ဖက္ရည္... ဒါကို ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ ေသာက္နိုင္မယ္လို႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ထားဘူး"
လု႐ႊမ္သည္ ဖက္တီးတစ္ေယာက္ ႐ႊီရွင့္လုံကို စိတ္အားထက္သန္စြာ အတုယူ၍ ဝိညာဥ္ႏွင္းျမဴလက္ဖက္ရည္ တစ္ခြက္ကို ေသာက္လိုက္တာကို ၾကည့္ၿပီး သူလည္း ေခါင္းငုံ႕ကာ ရႉရွိုက္လိုက္သည္။
ႏွင္းျမဴအ႐ြက္မ်ားသည္ စိမ္းလန္းေသာ ခ်ည္မွ်င္အျဖစ္သို႔ ေျပာင္းသြားကာ ႏွာေခါင္းေပါက္ထဲသို႔ ဝင္ေရာက္ၿပီးေနာက္ အဆုတ္ထဲသို႔ ရႉသြင္းလိုက္ရာ အခိုးအေငြ႕မ်ား သြားေလရာ လမ္းေၾကာင္း၌ ေအးျမ လန္းဆန္းသြားကာ တစ္ကိုယ္လုံးရွိ ေခြၽးေပါက္မ်ားကို ပြင့္သြားေစေလသည္။
လက္ဖက္ရည္ ေသာက္ၿပီးေနာက္ စိမ္းလန္းေသာ ျမဴခိုးေငြ႕မ်ားႏွင့္ ေရာႏွောထားေသာ ေလပူသည္ ခႏၶာကိုယ္အႏွံ႕ လ်င္ျမန္စြာ ေအးျမ ပ်ံ့ႏွံ႕သြားခဲ့သည္။ ေအးျမေသာ ေလသည္ ပင္ပန္းႏြမ္းနယ္မႈႏွင့္ ခႏၶာကိုယ္အတြင္း ဆုံးရႈံးသြားသည့္ ခံစားခ်က္မ်ားစြာကို ဖယ္ရွားသြားသလို အပန္းေျပသြားေစ၏။