ပြန်လည်မွေးဖွားလာသောဧကရာဇ် (b...

By hinnthawethadar

34.4K 3.7K 36

Arc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ More

Arc 3🗡161🗡တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်
Arc 3🗡162🗡လုရွှမ်ပါးစပ်ဖွင့်ပြီ
Arc 3🗡163🗡အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)
Arc 3🗡164🗡အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)
Arc 3🗡165🗡ရှေးဟောင်းမြို့ထဲဝင်ပြီ
Arc 3🗡166🗡ရတနာမှန်သမျှ ငါ့လက်ထဲမှာ စုစည်းစေ (ပထမပိုင်း)
Arc 3🗡167🗡ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)
Arc 3🗡168🗡ရှောင်းချင်ထျန်း မျက်နှာပျက်သွားပြီ
Arc 3🗡169🗡လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)
Arc 3🗡170🗡လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)
Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)
Arc 3🗡172🗡ရတနာထွက်လာပြီ (ဒုတိယပိုင်း)
Arc 3🗡173🗡နတ်ဘုရားလက်ဝါး
Arc 3🗡174🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)
Arc 3🗡175🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)
Arc 3🗡176🗡ရှန့်ခုန်းမြေပုံ
Arc 3🗡177🗡ဝူအဆင့်၁၀ (ပထမပိုင်း)
Arc 3🗡178🗡ဝူအဆင့်၁၀ (ဒုတိယပိုင်း)
Arc 3🗡179🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်
Arc 3🗡180🗡စောင့်ဆိုင်းခြင်း (ပထမပိုင်း)
Arc 3🗡181🗡စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡182🗡အဆိပ်ခတ်ထားတာလား?
Arc 3🗡183🗡ဧရာမအလှည့်အပြောင်း (ပထမပိုင်း)
Arc 3🗡184🗡ဧရာမအလှည့်အပြောင်း (ဒုတိယပိုင်း)
Arc 3🗡185🗡ရှေးဟောင်းသစ်ရွက်စိမ်း
Arc 3🗡186🗡အရွက်စိမ်းသစ်ပင်ရဲ့ နှလုံးသား
Arc 3🗡187🗡သန့်စင်ခြင်း
Arc 3🗡188🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)
Arc 3🗡189🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡190🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (တတိယပိုင်း)
Arc 3🗡191🗡ယင်းယန်အမိန့်
Arc 3🗡192🗡တကယ်ပဲ အရမ်းရက်စက်တာလား?
Arc 3🗡193🗡ယင်းယန်ရေကန်ထဲဝင်ခြင်း
Arc 3🗡194🗡 ဧရိယာ၃
Arc 3🗡195🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင်၄ ကျိုချင်းနယ်ပယ်
Arc 3🗡196🗡ငါလည်း သူ့ကို သတ်ချင်တယ်!
Arc 3🗡197🗡အားကြီးသော တောင်​ဖောက်နဂါး (ပထမပိုင်း)
Arc 3🗡198🗡အားကြီးသောတောင်ဖောက်နဂါး (ဒုတိယပိုင်း)
Arc 3🗡199🗡အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)
Arc 3🗡200🗡အားလုံးကို သတ်ပစ်လိုက်တာ!
Arc 3🗡201🗡စိတ်စွမ်းအား ၁၅
Arc 3🗡202🗡 ကျောင်းအုပ်ကြီးကိုကန်ကျောက်ခြင်း
Arc 3🗡203🗡အိုးယန်ရွှမ်းကို သတ်လိုက်
Arc 3🗡204🗡စစ်သေနာပတိဟူရှောက်ကို သတ်ပစ်ပြီ
Arc 3🗡205🗡မင်းသမီးလော့ရုံရဲ့ ခန့်မှန်းချက်
Arc 3🗡206🗡ကျန်းရှောက်ချန်ပြန်လာပြီ
Arc 3🗡207🗡အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား
Arc 3🗡208🗡ရှောင်းမိသားစုကလူများ
Arc 3🗡209🗡ဟန်ရောင်ရဲ့ဆရာ
Arc 3🗡210🗡စိန်ခေါ်စာ
Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ
Arc 3🗡212🗡ဝှက်ဖဲကဘာလဲ?
Arc 3🗡213🗡ပြိုင်ပွဲစင်မြင့်
Arc 3🗡214🗡လှောင်အိမ် စွမ်းအင်လမ်းကြောင်း
Arc 3🗡215🗡တောင့်တင်းမှုမှ ပျော့ပျောင်းမှုသို့
Arc 3🗡216🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ပထမပိုင်း)
Arc 3🗡217🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ဒုတိယပိုင်း)
Arc 3🗡218🗡အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)
Arc 3🗡219🗡စိတ်စွမ်းအား ၁၆
Arc 3🗡220🗡အရှက်မရှိကြသူများ
Arc 3🗡221🗡ကာကွယ်မှု အခင်းအကျင်းကြီး
Arc 3🗡222🗡ထပ်ခါထပ်ခါ သတ်ပြီ
Arc 3🗡223🗡ပျံသန်းသွားခြင်း
Arc 3🗡224🗡ဘိုးဘေးများကိုအံ့သြစေသူ
Arc 3🗡225🗡ရတနာအခန်း
Arc 3🗡226🗡နဂါးရုပ်တု
Arc 3🗡227🗡စစ်သူရဲများ
Arc 3🗡228🗡ကျောင်းအုပ်အသစ်
Arc 3🗡229🗡ထွက်ခွာရန်ပြင်ဆင်ခြင်း
Arc 3🗡230🗡တိမ်တိုက်ငှက်
Arc 4🗡1🗡တြိဂံဧရိယာ
Arc 4🗡2🗡မှော်တစ်ထောင်စံအိမ်
Arc 4🗡3🗡ဓားအပိုင်းအစ
Arc 4🗡4🗡ရှီးမန်ကျွင့်
Arc 4🗡5🗡သတ်ဖြတ်ပြီ
Arc 4🗡7🗡တံခါးဝကို ရောက်ရှိခြင်း
Arc 4🗡8🗡အစိမ်းရောင်ဓားအလင်း
Arc 4🗡9🗡ဝိညာဥ်အစားအစာ
Arc 4🗡10🗡ခူးရုန်မြက်
Arc 4🗡11🗡သန့်စင်ဖို့စတင်ခြင်း
Arc 4🗡12🗡ထွက်ခွာခြင်း
Arc 4🗡13🗡လမ်းညွှန်တံဆိပ်ပြား
Arc 4🗡14🗡ထိုက်ကျိရဲ့ရှေ့ပြေးပုံစံ
Arc 4🗡15🗡သတ်ဖြတ်လေပြီ
Arc 4🗡16🗡တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်
Arc 4🗡17🗡ပြေးပြီ
Arc 4🗡18🗡စိတ်စွမ်းအား ထိုးဖောက်သွားပြီ
Arc 4🗡19🗡စက္ကန့်အပိုင်းအတွင်းသတ်ခြင်း
Arc 4🗡20🗡မြို့ကိုပြန်ခြင်း
Arc 4🗡21🗡ဖောက်ခွဲသတ်ဖြတ်ခြင်း အခင်းအကျင်း
Arc 4🗡22🗡စိတ်ဝိညာဥ်ဆေး
Arc 4🗡23🗡စုပေါင်းအောင်မြင်မှု
Arc 4🗡24🗡ယွမ်စံအိမ်၏စံအိမ်သခင်
Arc 4🗡25🗡လက်ဝါးတစ်ချက်တည်း
Arc 4🗡26🗡စစ်မှန်တဲ့ နဂါးနှလုံး
Arc 4🗡27🗡ယွမ်စံအိမ်အား ညအချိန်တွင် ဝင်ရောက်စီးနင်းခြင်း
Arc 4🗡28🗡နဂါးဦးခေါင်း ရေကန်
Arc 4🗡29🗡နဂါးသွေးသံ
Arc 4🗡30🗡အရှိန်တင်မယ်
Arc 4🗡31🗡လူသတ်သမားကို ဆွဲဆောင်ခြင်း
Arc 4🗡32🗡ကျွန်ဈေးကွက်
Arc 4🗡33🗡ပြိုကျသွားပြီ
Arc 4🗡34🗡အဆိပ်မိခြင်း
Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်
Arc 4🗡36🗡သွေးကြောများ တိုးမြှင့်လာပြီ
Arc 4🗡37🗡တတိယနန်းတော်ပင်လယ်
Arc 4🗡38🗡နှစ်လ
Arc 4🗡39🗡 မျှော်စင်ကိုးထပ်
Arc 4🗡40🗡နောက်ထပ်နှစ်လုံးလောက်
Arc 4🗡41🗡သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆
Arc 4🗡42🗡သူတော်စင်တစ်ပိုင်း
Arc 4🗡43🗡ချိလော့တောင်
Arc 4🗡44🗡ချိုင့်ဝှမ်းအတွင်းသို့
Arc 4🗡45🗡ချိုင့်ဝှမ်းထဲကတိုက်ပွဲ
Arc 4🗡46🗡စစ်ကူတွေ ရောက်လာပြီ
Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ
Arc 4🗡48🗡အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီ
Arc 4🗡49🗡ဆေးဥယျာဉ်
Arc 4🗡50🗡ပန်းနီမိန်းကလေး
Arc 4🗡51🗡ဝိညာဥ်ချီပေါင်းစည်းမှု
Arc 4🗡52🗡မိမိဘာသာသေလမ်းရှာခြင်း
Arc 4🗡53🗡ဖရိုဖရဲဖြစ်လာပြီ
Arc 4🗡54🗡ကောင်းကင်ကံကြမ္မာဓမ္မခန္ဓာကိုယ်
Arc 4🗡55🗡မ​ရှိတော့ဘူး
Arc 4🗡56🗡အခွင့်အလမ်း
Arc 4🗡57🗡လူအုပ်ကြီးရှေ့မှာ
Arc 4🗡58🗡သွေးပိုးကောင်
Arc 4🗡59🗡လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်ခြင်း
Arc 4🗡60🗡ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်
Arc 4🗡61🗡မြန့်ရှန်ပန်း
Arc 4🗡62🗡လူထောင်ပေါင်းများစွာ စုဝေးကြရာ
Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ
Arc 4🗡64🗡မောက်မာသော ထျန်မိသားစု
Arc 4🗡65🗡လက်ဝါးစွမ်းအင်
Arc 4🗡66🗡ဆရာတူဦးလေးလို့ခေါ်
Arc 4🗡67🗡 လူလိမ်
Arc 4🗡68🗡မျက်နှာဖြူ ပညာရှင်
Arc 4🗡69🗡အခင်းအကျင်းထဲ ပိတ်မိနေပြီ
Arc 4🗡70🗡စီစဉ်ရခြင်းအကြောင်းရင်း
Arc 4🗡71🗡 နိယာမနတ်သူငယ်
Arc 4🗡72🗡ယွမ်စံအိမ်နဲ့ဆက်ဆံရေး
Arc 4🗡73🗡ထူးဆန်းသောအဘွားကြီး
Arc 4🗡74🗡တောက်ပနေသောတိမ်တိုက်
Arc 4🗡75🗡အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ
Arc 4🗡76🗡မိုးကြိုးလျှပ်စီးကြောင်း
Arc 4🗡77🗡နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်
Arc 4🗡78🗡မိမိကိုယ်ကို နှိပ်စက်ခြင်း
Arc 4🗡79🗡လိမ်လည်လှည့်စားမှု
Arc 4🗡80🗡ဘယ်သူက ပိုပါးနပ်မလဲ
Arc 4🗡81🗡အသက်ရှင်ရာလမ်း
Arc 4🗡82🗡 ထွက်ခွာခြင်းနှင့် နေရစ်ခြင်း
Arc 4🗡83🗡အားလုံးသေကုန်ပြီ
Arc 4🗡84🗡လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ
Arc 4🗡85🗡နတ်ဆေးလုံးမြို့
Arc 4🗡86🗡ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်
Arc 4🗡87🗡မြို့သခင်ကျောင်းကျန့်
Arc 4🗡88🗡မြို့သခင်ရဲ့သရုပ်ဆောင်မှု
Arc 4🗡89🗡ရွှီချင့်ရဲ့သူတော်စင်တစ်ပိုင်း အသွင်အပြင်
Arc 4🗡90🗡လုရွှမ်ရဲ့ကျိန်ဆိုချက်
Arc 4🗡91🗡အံ့ဖွယ်လူသား
Arc 4🗡92🗡ကျောင်းကျန့် လက်နက်ချလိုက်ပြီ
Arc 4🗡93🗡ယဲ့ကူ
Arc 4🗡94🗡အသက်ရှင်လျက်သေရခြင်း
Arc 4🗡95🗡ဆွဲဆောင်ခြင်း
Arc 4🗡96🗡တစ်ဖက်သတ် လူသတ်ပွဲ
Arc 4🗡97🗡ပွေရှုပ်တဲ့ မြို့သခင်
Arc 4🗡98🗡တစ်ယောက်သေ တစ်ယောက်လက်ခံ
Arc 4🗡99🗡တစ်နှစ်
Arc 4🗡100🗡ကျောင်းတော်ကြီးလေးခု
Arc 4🗡101🗡နဂါးဝိညာဉ်မြက်
Arc 4🗡102🗡ကြောက်စရာကောင်းသောလူ
Arc 4🗡103🗡စုပ်ယူပြီးပြီ
Arc 4🗡104🗡လက်ဝါးတစ်ချက်၏စွမ်းအား
Arc 4🗡105🗡သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်
Arc 4🗡106🗡ယွိလင်းလုံ
Arc 4🗡107🗡လေပြင်းလက်ဝါး
Arc 4🗡108🗡လူသတ်ဓားရဲ့အစွမ်း
Arc 4🗡109🗡သတ်လိုက်
Arc 4🗡110🗡အခင်းအကျင်းထဲကျ​ရောက်ခြင်း
Arc 4🗡111🗡​သာလွန်သောဖြစ်တည်မှု
Arc 4🗡112🗡ခိုးဝင်တိုက်ခိုက်မှု
Arc 4🗡113🗡သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိခြင်း
Arc 4🗡114🗡ခေါ်ယူခြင်း
Arc 4🗡115🗡ရှန်းလင်တည်းခိုခန်း
Arc 4🗡116🗡အနီရောင်ဝတ်စုံနဲ့ မိန်းကလေး
Arc 4🗡117🗡ပိုင်ရှင်အမျိုးသမီး
Arc 4🗡118🗡ပိုက်ဆံဆုံးရှုံးရပြီ
Arc 4🗡119🗡လွမ့်ထျန်းသစ်တော
Arc 4🗡120🗡အသက်သခင် ကျေးဇူးရှင်
Arc 4🗡121🗡သားရဲကင်ရနံ့
Arc 4🗡122🗡သားရဲဒီရေ
Arc 4🗡123🗡လျှိုဝှက်မှော်အခင်းအကျင်း
Arc 4🗡124🗡ဒြပ်စင်ငါးခုသမင်
Arc 4🗡125🗡အနက်ရောင်လမ်းကျဉ်း
Arc 4🗡126🗡ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ
Arc 4🗡127🗡အဒေါ်နဲ့တူမ
Arc 4🗡128🗡ကံဆိုးမှု
Arc 4🗡129🗡နဂါးအရိုးကြီး
Arc 4🗡130🗡ကြီးနိုင်ငယ်ညှင်း

Arc 4🗡6🗡အရိပ်လူသတ်ခန်းမ

188 23 0
By hinnthawethadar

Chapter (6) Arc 4
အရိပ်လူသတ်ခန်းမ

ရှီးမန်ကျွင့်ရဲ့ အပေါင်းအဖော်တွေဟာ လုရွှမ် လက်လွန်ပြီး မသတ်မိအောင် ဒါမှမဟုတ် မသတ်ရဲအောင် ရွှီရှင့်လုံ၏ စွမ်းအားနဲ့ အဆင့်အတန်း အကြောင်းကို လျင်မြန်စွာ ရှင်းပြလိုက်သည်။

လုရွှမ်က ဘယ်သူလဲ?

ကြီးကျယ် ခမ်းနားတဲ့ အရူးဧကရာဇ်လေ။ ဘယ်တုန်းက တခြားသူဆီက ခြိမ်းခြောက်ခံခဲ့ရဖူးလို့လဲ။

ဒါ့အပြင် ရှီးမန်ကျွင့်က သူ့ကို တိုက်ခိုက်လာတာ ဆိုတော့ တားမြစ်ချက် တစ်ခုကို ချိုးဖျက်လိုက်ပြီပဲ။

သူ့ဘာသာ ဘယ်သူပဲ ဖြစ်​နေပါစေ!

အင်ပါယာရဲ့ အင်အားကြီး ထိပ်သီးစာရင်းမှာ အဆင့်၃ ဆိုရင်လည်း သူ ဂရုမစိုက်ပါဘူး။ ရုတ်တရက် ပေါ်လာတဲ့ အင်အားကြီး ထိပ်သီးစာရင်းထဲက လူကြောင့်နဲ့ သူက ဘယ်လိုလုပ် ခြိမ်းခြောက်ခံနေမှာလဲ။

အေးစက်သော မျက်နှာနဲ့ လုရွှမ်ဟာ မဆိုင်းမတွ သူ့လက်ကို တင်းတင်းကျပ်ကျပ် ညှစ်ထားလိုက်သည်။

"ခရက်!"ဟူသော အသံနှင့်အတူ ရှီးမန်ကျွင့်၏ မျက်လုံးများ ဖြူဖတ်လာကာ ယက်ကန်ယက်ကန် ဖြစ်နေသော ခြေတစ်စုံသည် ရုတ်တရက် အစွမ်းမဲ့ ရပ်တန့်သွားကာ လုရွှမ်၏ လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ လက်ဟာလည်း ​ပြုတ်ကျသွားခဲ့သည်။

ရှီးမန်မိသားစုက ဒုတိယ သခင်လေးဟာ မတိုင်ခင်က အလွန်မာန ထောင်လွှားနေသော်ငြား လုရွှမ်ထံက ကြက်တစ်ကောင်ကို အသေသတ်လိုက်သလို အသက်ရှူ လမ်းကြောင်းတို့ တိုက်ရိုက် ဖြတ်တောက် ခံလိုက်ရလေပြီ။

“ထွက်သွား!”

လုရွှမ် လှည့်ပင် မကြည့်ဘဲ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ရှိ နောက်လိုက်ထံ အလောင်းကို ပေါ့ပေါ့တန်တန် ပစ်ပေး၍ သူ့ထိုင်ခုံသို့ သွားထိုင်နေလိုက်သည်။

"ဟုတ်ကဲ့!"

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ လူဟာ ဒါကိုမမြင်ခင်က ဘာမဆို လုပ်ဝံ့ပေမယ့် အခုတော့ သူ ဆက်နေဖို့ သတ္တိမရှိတော့တာကြောင့် အလောင်းကို ကောက်ယူပြီး လှည့်ထွက်ပြေးတော့သည်။

"ရှီးမန်ကျွင့်..."

ရှီးမန်ကျွင့်တစ်ယောက် လုရွှမ်ဆီက အရိုက်ခံလိုက်ရတာကို မြင်လိုက်ရတော့ ရွှိရှင့်လုံမှာ အရမ်း ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်သွားသည်။

သို့သော် ဒေါသကို အလျင်အမြန်ပဲ ပြန်ထိန်းလိုက်၏။ ဒီလိုအရွယ်နဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို လေ့ကျင့်ထားနိုင်ကာ သူ့ဘေးက အစောင့်တွေနဲ့ အလှလေးတွေ ဝိုင်းရံထားတာကလည်း သေချာသလောက် မဆင်မခြင် သွားထိသင့်တဲ့လူ မဟုတ်နိုင်ပေ။

ရှီးမန်ကျွင့်ရဲ့ အစ်ကိုဖြစ်သူက တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ အဆင့်၃ သြဇာအရှိဆုံး လူဖြစ်ကြောင်း သိထားသော်လည်း သူသည် ကြောက်ရွံ့မှုမရှိ လူသတ်နေဆဲ ဖြစ်သည်။

တော်ဝင်အင်ပါယာ အင်အားကြီး ထိပ်သီးစာရင်းမှာ တတိယအဆင့် ရှိတဲ့ ရှီးမန်ဝေ့ကိုတောင် ဂရုမစိုက်ဘူး ဆိုတော့ သူဟာ ခရီးထွက်တာ ဒါမှမဟုတ် တာဝန်တစ်ခု လုပ်ဆောင်ရန် မြို့တစ်ထောင်မဟာမိတ်ကို လာရောက် နယ်ချဲ့တဲ့ မိသားစုကြီး တစ်ခုက သားဖြစ်လောက်သည်။

ဒီလိုလူကို သွားမရှုပ်တာက အကောင်းဆုံးပင်။

ဧကရာဇ်အင်ပါယာ နောက်ခံရှိ၍ အင်အား ကြီးမားသော မိသားစုကြီးများသည် ၎င်းတို့ လုံး၀ စော်ကားနိုင်သော အရာမဟုတ်ချေ။ နယ်ချဲ့မိသားစုကြီး သို့မဟုတ် ဘိုးဘေးအဆင့် သခင်မိသားစုများသည် အခြေခံအားဖြင့် အထက်အင်ပါယာကိုတောင် သိမ်းပိုက်နိုင်သည်။

"လူတိုင်း မြင်တဲ့အတိုင်း မြင်ကွင်းက နည်းနည်း ရှုပ်ထွေးသွားပြီ... ဒါကြောင့် ဒီနေ့ လေလံပွဲကျင်းပဖို့ မသင့်တော်​တော့ဘူး.... အားလုံးကို ကျုပ်ဒီကနေပဲ တောင်းပန်လိုက်ပါတယ်"

ရွှီရှင့်လုံက ခေါင်းကို လှည့်ပြီး ခန်းမထဲ ဝင်လာသူတိုင်းကို ပြောလိုက်သည်။

"ဘာလုပ်တာလဲ? ဝိညာဉ်ကျောက်တုံးတွေ အများကြီးကို ပြင်ထားတာကို!"

ကျင့်​ကြံသူ တစ်ဦးက ကျယ်လောင်စွာ အော်လိုက်သည်။

စကားပြီးသည်နှင့် မရေမတွက်နိုင်သော ဒေါသ တောက်လောင်နေသည့် မျက်လုံးများက သူ့ကို ချက်ချင်း စိုက်ကြည့်လာသည်။

"ဟာဟား... နောက်တာပါ နောက်တာပါ အားလုံးပဲ ဒါကို အလေးအနက် မထားပါနဲ့!"

ထိုလူက လျင်မြန်စွာ မြှောက်လိုက်ပြီး ထပ်ခါထပ်ခါ ခါယမ်းလိုက်သည်။

ရွှီရှင့်လုံက အထင်ကြီးလောက်စရာ အပြုံးမျိုးကို ဖန်တီးလျက်။

"ဒီလိုဆိုရင်ရော? လူတိုင်းကို ဘာမှ မလုပ်ပေးနိုင်တဲ့ အတွက် အားလုံးကို တောင်းပန်တဲ့ အနေနဲ့ အဆင့်မြင့်ကတ် ရှိသူတိုင်းကို ယွမ်လိဆေးလုံး နဲ့ ပြန်ပေးချေပါ့မယ်"

စီးပွားရေးသမား တစ်ယောက်အနေဖြင့် ရွှီရှင့်လုံဟာ လူတိုင်းရဲ့ စိတ်ကို ထိုးထွင်းသိမြင်ပြီး အရမ်း လက်တွေ့ကျကျ လုပ်တတ်လေသည်။

"သွားကြစို့... သွားကြစို့ ရှီးမန်ဝေ့ ရောက်လာလို့ ငါတို့ကိုပါ လိုက်သတ်နေရင် ဒုက္ခရောက်လိမ့်မယ်!"

တစ်စုံတစ်ယောက်က ထိုစကားကို ကြားသောအခါ ချက်ချင်းဆိုသလို အသာစီးရရန် အပြေးအလွှား သွားယူ​ကြကာ ထွက်ခွာသွားကြသည်။

အခြွေအရံများက ရှီးမန်ကျွင့်ရဲ့ ခန္ဓာကိုယ်ကို သယ်သွားခဲ့ပြီး ဖြစ်သည်။ ခန့်မှန်းချက်သာ မှန်ကန်ပါက ရှီးမန်ဝေ့ဟာ မကြာမီ တံခါးဝသို့ ရောက်ရှိလာနိုင်၏။

"ငါတို့လည်း သွားကြရအောင်!"

လုရွှမ် အစကတော့ မှော်တစ်ထောင်စံအိမ်ရဲ့ လေလံပွဲမှာ ဘယ်လို ရတနာမျိုး ပေါ်လာမယ် ဆိုတာကို သိလိုခဲ့သော်လည်း ဒီလိုကိစ္စနဲ့ အဆုံးသတ်ခဲ့သည်။

"ညီအစ်ကိုလု... မင်းဘာလို့ ငါတို့ သံကြေးစားအဖွဲ့ ဌာနချုပ်ကို မလိုက်ခဲ့တာလဲ?"

တျယ်လုံပ စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။

တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ တတိယနေရာ ရထားသူကို သူ့အဖေတောင် အနိုင်မယူနိုင်ပေ။ သို့သော် သံကြေးစား အဖွဲ့တွင် သိုင်းသမားကောင်း များစွာရှိပြီး တစ်ဖက်လူကို ရပ်တန့်​စေရန် လူတိုင်း ပူးပေါင်းပါဝင်နိုင်သည်။

"ကိစ္စမရှိဘူး!"

လုရွှမ်က ခေါင်းခါလိုက်သည်။ သူသည် သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၈က သခင်တချို့ကို သတ်ခဲ့ပြီး ဖြစ်သည်။ ရှီးမန်ဝေ့သာ သူ့ကို လာပြီး မနှောင့်ယှက်ရင် အကောင်းဆုံး ဖြစ်လေသည်။

သူ့အတွက်က ဘာမှကို မဟုတ်ဘူး!

တစ်ဖက်တွင်ရှိ ဖက်တီးက မထီမဲ့မြင်ပြု၍ ဆိုလိုက်ပုံမှာ။

"တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ အဆင့်၃ ဆိုတော့ရော ဘာဖြစ်လဲ? အိမ်မှာ ကစားနေတဲ့ ကလေးသာသာပဲ ရှိတယ် ဘာကြောက်စရာ လိုလို့လဲ?"

ဖက်တီးက ပြေးထွက်လာကာ ဆိုလေ၏။ သူ့ဘေးက အစောင့်တွေက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ လူတွေဖြစ်လို့ တော်ဝင်အင်ပါယာက အဆင့်မြင့်သူတွေထက် ပိုမြင့်သည်။

တျယ်လုံလည်း လုရွှမ်ဘေးက သန်မာတဲ့ လူတစ်ယောက်ရဲ့ မျက်နှာမှာ အန္တရာယ်ကို အေးအေးဆေးဆေး ချေမှုန်းနိုင်တဲ့ အကြည့်တွေကို မြင်တော့ ခေါင်းညိတ်လျက်။

"ကောင်းပြီ... ငါတို့ သံကြေးစားအဖွဲ့ရဲ့ ဌာနချုပ်က တြိဂံဧရိယာ ပေါ်လန်လမ်းမှာ ရှိတယ်...  ညီအစ်ကိုလု အဲဒီကို ရောက်ရင် နည်းနည်း စုံစမ်းလိုက်တာနဲ့ သိလိမ့်မယ်။ မင်း တစ်ခုခု လိုအပ်ရင် မင်းငါ့ဆီ လာခဲ့!"

တျယ်လုံသည် ဖက်တီးကို လျစ်လျူရှု၍ လုရွှမ်ကိုသာကြည့်၍ အတင်းအကြပ် ဆက်မပြောခဲ့ပေ။

အရိပ်လူသတ်ခန်းမသည် အမျိုးမျိုးသော လုပ်ကြံ သတ်ဖြတ်ခြင်း တာဝန်များကို လက်ခံရန် အထူးတည်​ထောင်ထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ဆွေမျိုး မိတ်သင်္ဂဟတွေ သတ်ဖြတ်ခံရတာ သိပေမယ့် လက်စားချေဖို့ မဝံ့ရဲကြဘူး။ ဒီလိုဖြစ်တာကလည်း အကြောင်းရင်း နှစ်ရပ်ကြောင့် ဖြစ်၏။

အရိပ်လူသတ်ခန်းမဟာ ပထမအချက် အထောက်အထား မကျန်တော့တဲ့အထိ လက်စဖြတ်တတ်သည်။ ဒုတိယ အရိပ်လူသတ်ခန်းမရဲ့ သခင်က တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ အဆင့်၃ရှိတဲ့ ရှီးမန်ဝေ့ ဖြစ်သည်။

ညနက် သန်းခေါင်ယံ အချိန်၌။

အရိပ်လူသတ်ခန်းမ နောက်က ရင်ပြင်မှာ ရှီးမန်ဝေ့ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေ၏။ ရုတ်တရက် ရှီးမန်ဝေ့ နောက်တစ်ယောက် ပေါ်လာသည်။ ထပ်၍ နောက်ထပ် သုံးယောက် ထပ်ပေါ်လာပြန်သည်။

ကိုယ်ခွဲ သိုင်းပညာသည် အလွန်ထူးခြားသော လေ့ကျင့်ရေး နည်းလမ်းတစ်ခု ဖြစ်ပြီး လေ့ကျင့်သူသည် သူ့ကိုယ်သူ ကိုယ်ပွားအဖြစ် ပြောင်းလဲနိုင်သည်။

ကိုယ်ပွားဟာ တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း ရန်သူကို စိတ်ရှုပ်ထွေးအောင် ပြုလုပ်ရာတွင် အလွန်ကောင်းမွန်လှသည်။ ရှီးမန်ဝေ့ဟာ အင်အားကြီး ထိပ်စာရင်းတွင် တတိယနေရာကို သိမ်းပိုက်နိုင်တာက ဒီကိုယ်ပွား သိုင်းစွမ်းရည်ကြောင့်လည်း ပါသေးသည်။

ရှီးမန်ဝေ့၏ ရုပ်ပုံများသည် တဖျပ်ဖျပ် ခတ်သွားကာ နောက်အခိုက်အတန့်တွင် ရင်ပြင်တွင် လူတစ်ယောက်သာ ကျန်တော့သည်။ ထို့နောက်တွင် အနည်းငယ် မှိုင်းညို့နေသော ရောင်ဝါနှင့် လင်းယုန် မျက်လုံးများရှိသည့် လူငယ်သည် အသက်ရှူထုတ်ကာ ပေါ့ပါးစွာ ရေရွတ်လိုက်လေ၏။

"သရဲခန္ဓာကိုယ် သိုင်းပညာက တတိယအဆင့်ကို ဖြတ်ကျော်သွားပြီ....အခု ကိုယ်ပွား၂ခုတောင် ထုတ်နိုင်နေပြီ ဆိုတော့ အင်အားကြီး စာရင်းက အဆင့်၃ နေရာကို ပြောင်းလဲသင့်ပြီ ထင်တယ်"

ထိုအခိုက်အတန့်တွင် အရိပ်တစ်ခု ရုတ်တရက် ဆင်းလာပြီး ရှီးမန်ဝေ့ ရှေ့မှာ ရပ်လိုက်သည်။

"ရှီးမန်ဝေ့... မင်းတကယ် သည်းခံနိုင်တာပဲ... ညီတစ်ယောက်လုံး သေသွားတာတောင် မင်းက ဒီမှာ လေ့ကျင့်နေတုန်းပဲ"

"ဘာပြောလိုက်တယ်?"

ရှီးမန်ဝေ့ရဲ့ မျက်နှာ ရုတ်တရက် အေးစက်သွားသည်။

"လွန်ခဲ့တဲ့ နှစ်နာရီက မင်းညီလေး မှော်တစ်ထောင်စံအိမ်ရဲ့ လေလံတင်တဲ့ နေရာမှာ အသတ်ခံလိုက်ရတာ... မင်း ဒီအကြောင်းတောင် မသိဘူးလား?"

ထိုလူက အလွန်ထူးဆန်းစွာ မေးလိုက်သည်။

"ဘာ??"

ရှီးမန်ဝေ့၏ ခန္ဓာကိုယ်မှ အေးစက်သော အသက်ရှုသံက ဆောင်းရာသီတွင် လေအေးများ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသလို  အေးစက်လာသည်။ သာမန်လူသာဆို အနီး မရောက်ခင်မှာပဲ အေးခဲသွားပေလိမ့်မည်။

လေအေးက ရှီးမန်ဝေ့ရဲ့ အနက်ရောင် ဆံပင်တွေကို လွင့်ပျံသွားစေပြီး အရူးတစ်ယောက်လို တိတ်ဆိတ်သွားစေ၏။

သူနဲ့သူ့ညီလေးဟာ ငယ်စဉ်ကတည်းက မိဘတွေ မရှိခဲ့ကြလို့ ရှီးမန့်ဝေ့ကသာ မိဘနေရာကနေ သူ့ညီလေးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ အမြဲလိုလို အလိုလိုက်ခဲ့လို့ ရှီးမန်ကျွင့်ဟာ မာနကြီးပြီး ကြီးစိုးချင်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့၏။

အင်အားကြီး ထိပ်စာရင်းမှာ ထိပ်ဆုံး (၃)နေရာက သူ့အနေအထားကို အားကိုးပြီး သူ့ညီလေးကို ဘယ်သူကမှ တိုက်ခိုက်ဝံ့မှာ မဟုတ်ဘူးလို့ အမြဲ ခံစားခဲ့ရတာမို့ သူသေတဲ့ သတင်းကိုလည်း နားမစွင့်မိခဲ့ဘူး။




Chapter (6) Arc 4
အရိပ္လူသတ္ခန္းမ

ရွီးမန္ကြၽင့္ရဲ႕ အေပါင္းအေဖာ္ေတြဟာ လု႐ႊမ္ လက္လြန္ၿပီး မသတ္မိေအာင္ ဒါမွမဟုတ္ မသတ္ရဲေအာင္ ႐ႊီရွင့္လုံ၏ စြမ္းအားနဲ႕ အဆင့္အတန္း အေၾကာင္းကို လ်င္ျမန္စြာ ရွင္းျပလိုက္သည္။

လု႐ႊမ္က ဘယ္သူလဲ?

ႀကီးက်ယ္ ခမ္းနားတဲ့ အ႐ူးဧကရာဇ္ေလ။ ဘယ္တုန္းက တျခားသူဆီက ၿခိမ္းေျခာက္ခံခဲ့ရဖူးလို႔လဲ။

ဒါ့အျပင္ ရွီးမန္ကြၽင့္က သူ႕ကို တိုက္ခိုက္လာတာ ဆိုေတာ့ တားျမစ္ခ်က္ တစ္ခုကို ခ်ိဳးဖ်က္လိုက္ၿပီပဲ။

သူ႕ဘာသာ ဘယ္သူပဲ ျဖစ္ေနပါေစ!

အင္ပါယာရဲ႕ အင္အားႀကီး ထိပ္သီးစာရင္းမွာ အဆင့္၃ ဆိုရင္လည္း သူ ဂ႐ုမစိုက္ပါဘူး။ ႐ုတ္တရက္ ေပၚလာတဲ့ အင္အားႀကီး ထိပ္သီးစာရင္းထဲက လူေၾကာင့္နဲ႕ သူက ဘယ္လိုလုပ္ ၿခိမ္းေျခာက္ခံေနမွာလဲ။

ေအးစက္ေသာ မ်က္ႏွာနဲ႕ လု႐ႊမ္ဟာ မဆိုင္းမတြ သူ႕လက္ကို တင္းတင္းက်ပ္က်ပ္ ညွစ္ထားလိုက္သည္။

"ခရက္!"ဟူေသာ အသံႏွင့္အတူ ရွီးမန္ကြၽင့္၏ မ်က္လုံးမ်ား ျဖဴဖတ္လာကာ ယက္ကန္ယက္ကန္ ျဖစ္ေနေသာ ေျခတစ္စုံသည္ ႐ုတ္တရက္ အစြမ္းမဲ့ ရပ္တန႔္သြားကာ လု႐ႊမ္၏ လက္ေမာင္းကို ဆုပ္ကိုင္ထားတဲ့ လက္ဟာလည္း ျပဳတ္က်သြားခဲ့သည္။

ရွီးမန္မိသားစုက ဒုတိယ သခင္ေလးဟာ မတိုင္ခင္က အလြန္မာန ေထာင္လႊားေနေသာ္ျငား လု႐ႊမ္ထံက ၾကက္တစ္ေကာင္ကို အေသသတ္လိုက္သလို အသက္ရႉ လမ္းေၾကာင္းတို႔ တိုက္ရိုက္ ျဖတ္ေတာက္ ခံလိုက္ရေလၿပီ။

ထြက္သြား!

လု႐ႊမ္ လွည့္ပင္ မၾကည့္ဘဲ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၆ရွိ ေနာက္လိုက္ထံ အေလာင္းကို ေပါ့ေပါ့တန္တန္ ပစ္ေပး၍ သူ႕ထိုင္ခုံသို႔ သြားထိုင္ေနလိုက္သည္။

"ဟုတ္ကဲ့!"

ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၆ လူဟာ ဒါကိုမျမင္ခင္က ဘာမဆို လုပ္ဝံ့ေပမယ့္ အခုေတာ့ သူ ဆက္ေနဖို႔ သတၱိမရွိေတာ့တာေၾကာင့္ အေလာင္းကို ေကာက္ယူၿပီး လွည့္ထြက္ေျပးေတာ့သည္။

"ရွီးမန္ကြၽင့္..."

ရွီးမန္ကြၽင့္တစ္ေယာက္ လု႐ႊမ္ဆီက အရိုက္ခံလိုက္ရတာကို ျမင္လိုက္ရေတာ့ ႐ႊိရွင့္လုံမွာ အရမ္း ေဒါသထြက္ကာ ေသြးအန္လုနီးပါး ျဖစ္သြားသည္။

သို႔ေသာ္ ေဒါသကို အလ်င္အျမန္ပဲ ျပန္ထိန္းလိုက္၏။ ဒီလိုအ႐ြယ္နဲ႕ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၅ကို ေလ့က်င့္ထားနိုင္ကာ သူ႕ေဘးက အေစာင့္ေတြနဲ႕ အလွေလးေတြ ဝိုင္းရံထားတာကလည္း ေသခ်ာသေလာက္ မဆင္မျခင္ သြားထိသင့္တဲ့လူ မဟုတ္နိုင္ေပ။

ရွီးမန္ကြၽင့္ရဲ႕ အစ္ကိုျဖစ္သူက ေတာ္ဝင္အင္ပါယာ ထိပ္သီးစာရင္းမွာ အဆင့္၃ ၾသဇာအရွိဆုံး လူျဖစ္ေၾကာင္း သိထားေသာ္လည္း သူသည္ ေၾကာက္႐ြံ႕မႈမရွိ လူသတ္ေနဆဲ ျဖစ္သည္။

ေတာ္ဝင္အင္ပါယာ အင္အားႀကီး ထိပ္သီးစာရင္းမွာ တတိယအဆင့္ ရွိတဲ့ ရွီးမန္ေဝ့ကိုေတာင္ ဂ႐ုမစိုက္ဘူး ဆိုေတာ့ သူဟာ ခရီးထြက္တာ ဒါမွမဟုတ္ တာဝန္တစ္ခု လုပ္ေဆာင္ရန္ ၿမိဳ႕တစ္ေထာင္မဟာမိတ္ကို လာေရာက္ နယ္ခ်ဲ့တဲ့ မိသားစုႀကီး တစ္ခုက သားျဖစ္ေလာက္သည္။

ဒီလိုလူကို သြားမရႈပ္တာက အေကာင္းဆုံးပင္။

ဧကရာဇ္အင္ပါယာ ေနာက္ခံရွိ၍ အင္အား ႀကီးမားေသာ မိသားစုႀကီးမ်ားသည္ ၎တို႔ လုံး၀ ေစာ္ကားနိုင္ေသာ အရာမဟုတ္ေခ်။ နယ္ခ်ဲ့မိသားစုႀကီး သို႔မဟုတ္ ဘိုးေဘးအဆင့္ သခင္မိသားစုမ်ားသည္ အေျခခံအားျဖင့္ အထက္အင္ပါယာကိုေတာင္ သိမ္းပိုက္နိုင္သည္။

"လူတိုင္း ျမင္တဲ့အတိုင္း ျမင္ကြင္းက နည္းနည္း ရႈပ္ေထြးသြားၿပီ... ဒါေၾကာင့္ ဒီေန႕ ေလလံပြဲက်င္းပဖို႔ မသင့္ေတာ္ေတာ့ဘူး.... အားလုံးကို က်ဳပ္ဒီကေနပဲ ေတာင္းပန္လိုက္ပါတယ္"

႐ႊီရွင့္လုံက ေခါင္းကို လွည့္ၿပီး ခန္းမထဲ ဝင္လာသူတိုင္းကို ေျပာလိုက္သည္။

"ဘာလုပ္တာလဲ? ဝိညာဥ္ေက်ာက္တုံးေတြ အမ်ားႀကီးကို ျပင္ထားတာကို!"

က်င့္ႀကံသူ တစ္ဦးက က်ယ္ေလာင္စြာ ေအာ္လိုက္သည္။

စကားၿပီးသည္ႏွင့္ မေရမတြက္နိုင္ေသာ ေဒါသ ေတာက္ေလာင္ေနသည့္ မ်က္လုံးမ်ားက သူ႕ကို ခ်က္ခ်င္း စိုက္ၾကည့္လာသည္။

"ဟာဟား... ေနာက္တာပါ ေနာက္တာပါ အားလုံးပဲ ဒါကို အေလးအနက္ မထားပါနဲ႕!"

ထိုလူက လ်င္ျမန္စြာ ျမႇောက္လိုက္ၿပီး ထပ္ခါထပ္ခါ ခါယမ္းလိုက္သည္။

႐ႊီရွင့္လုံက အထင္ႀကီးေလာက္စရာ အၿပဳံးမ်ိဳးကို ဖန္တီးလ်က္။

"ဒီလိုဆိုရင္ေရာ? လူတိုင္းကို ဘာမွ မလုပ္ေပးနိုင္တဲ့ အတြက္ အားလုံးကို ေတာင္းပန္တဲ့ အေနနဲ႕ အဆင့္ျမင့္ကတ္ ရွိသူတိုင္းကို ယြမ္လိေဆးလုံး နဲ႕ ျပန္ေပးေခ်ပါ့မယ္"

စီးပြားေရးသမား တစ္ေယာက္အေနျဖင့္ ႐ႊီရွင့္လုံဟာ လူတိုင္းရဲ႕ စိတ္ကို ထိုးထြင္းသိျမင္ၿပီး အရမ္း လက္ေတြ႕က်က် လုပ္တတ္ေလသည္။

"သြားၾကစို႔... သြားၾကစို႔ ရွီးမန္ေဝ့ ေရာက္လာလို႔ ငါတို႔ကိုပါ လိုက္သတ္ေနရင္ ဒုကၡေရာက္လိမ့္မယ္!"

တစ္စုံတစ္ေယာက္က ထိုစကားကို ၾကားေသာအခါ ခ်က္ခ်င္းဆိုသလို အသာစီးရရန္ အေျပးအလႊား သြားယူၾကကာ ထြက္ခြာသြားၾကသည္။

အေႁခြအရံမ်ားက ရွီးမန္ကြၽင့္ရဲ႕ ခႏၶာကိုယ္ကို သယ္သြားခဲ့ၿပီး ျဖစ္သည္။ ခန႔္မွန္းခ်က္သာ မွန္ကန္ပါက ရွီးမန္ေဝ့ဟာ မၾကာမီ တံခါးဝသို႔ ေရာက္ရွိလာနိုင္၏။

"ငါတို႔လည္း သြားၾကရေအာင္!"

လု႐ႊမ္ အစကေတာ့ ေမွာ္တစ္ေထာင္စံအိမ္ရဲ႕ ေလလံပြဲမွာ ဘယ္လို ရတနာမ်ိဳး ေပၚလာမယ္ ဆိုတာကို သိလိုခဲ့ေသာ္လည္း ဒီလိုကိစၥနဲ႕ အဆုံးသတ္ခဲ့သည္။

"ညီအစ္ကိုလု... မင္းဘာလို႔ ငါတို႔ သံေၾကးစားအဖြဲ႕ ဌာနခ်ဳပ္ကို မလိုက္ခဲ့တာလဲ?"

တ်ယ္လုံပ စိုးရိမ္တႀကီးနဲ႕ ေျပာလိုက္သည္။

ေတာ္ဝင္အင္ပါယာ ထိပ္သီးစာရင္းမွာ တတိယေနရာ ရထားသူကို သူ႕အေဖေတာင္ အနိုင္မယူနိုင္ေပ။ သို႔ေသာ္ သံေၾကးစား အဖြဲ႕တြင္ သိုင္းသမားေကာင္း မ်ားစြာရွိၿပီး တစ္ဖက္လူကို ရပ္တန႔္ေစရန္ လူတိုင္း ပူးေပါင္းပါဝင္နိုင္သည္။

"ကိစၥမရွိဘူး!"

လု႐ႊမ္က ေခါင္းခါလိုက္သည္။ သူသည္ ေသမ်ိဳး အသြင္ကူးေျပာင္းျခင္း နယ္ပယ္ အဆင့္၈က သခင္တခ်ိဳ႕ကို သတ္ခဲ့ၿပီး ျဖစ္သည္။ ရွီးမန္ေဝ့သာ သူ႕ကို လာၿပီး မႏွောင့္ယွက္ရင္ အေကာင္းဆုံး ျဖစ္ေလသည္။

သူ႕အတြက္က ဘာမွကို မဟုတ္ဘူး!

တစ္ဖက္တြင္ရွိ ဖက္တီးက မထီမဲ့ျမင္ျပဳ၍ ဆိုလိုက္ပုံမွာ။

"ေတာ္ဝင္အင္ပါယာ ထိပ္သီးစာရင္းမွာ အဆင့္၃ ဆိုေတာ့ေရာ ဘာျဖစ္လဲ? အိမ္မွာ ကစားေနတဲ့ ကေလးသာသာပဲ ရွိတယ္ ဘာေၾကာက္စရာ လိုလို႔လဲ?"

ဖက္တီးက ေျပးထြက္လာကာ ဆိုေလ၏။ သူ႕ေဘးက အေစာင့္ေတြက ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၇ လူေတြျဖစ္လို႔ ေတာ္ဝင္အင္ပါယာက အဆင့္ျမင့္သူေတြထက္ ပိုျမင့္သည္။

တ်ယ္လုံလည္း လု႐ႊမ္ေဘးက သန္မာတဲ့ လူတစ္ေယာက္ရဲ႕ မ်က္ႏွာမွာ အႏၱရာယ္ကို ေအးေအးေဆးေဆး ေခ်မႈန္းနိုင္တဲ့ အၾကည့္ေတြကို ျမင္ေတာ့ ေခါင္းညိတ္လ်က္။

"ေကာင္းၿပီ... ငါတို႔ သံေၾကးစားအဖြဲ႕ရဲ႕ ဌာနခ်ဳပ္က ႀတိဂံဧရိယာ ေပၚလန္လမ္းမွာ ရွိတယ္...  ညီအစ္ကိုလု အဲဒီကို ေရာက္ရင္ နည္းနည္း စုံစမ္းလိုက္တာနဲ႕ သိလိမ့္မယ္။ မင္း တစ္ခုခု လိုအပ္ရင္ မင္းငါ့ဆီ လာခဲ့!"

တ်ယ္လုံသည္ ဖက္တီးကို လ်စ္လ်ဴရႈ၍ လု႐ႊမ္ကိုသာၾကည့္၍ အတင္းအၾကပ္ ဆက္မေျပာခဲ့ေပ။

အရိပ္လူသတ္ခန္းမသည္ အမ်ိဳးမ်ိဳးေသာ လုပ္ႀကံ သတ္ျဖတ္ျခင္း တာဝန္မ်ားကို လက္ခံရန္ အထူးတည္ေထာင္ထားေသာ အဖြဲ႕အစည္း တစ္ခုျဖစ္သည္။

ေဆြမ်ိဳး မိတ္သဂၤဟေတြ သတ္ျဖတ္ခံရတာ သိေပမယ့္ လက္စားေခ်ဖိဳ႕ မဝံ့ရဲၾကဘူး။ ဒီလိုျဖစ္တာကလည္း အေၾကာင္းရင္း ႏွစ္ရပ္ေၾကာင့္ ျဖစ္၏။

အရိပ္လူသတ္ခန္းမဟာ ပထမအခ်က္ အေထာက္အထား မက်န္ေတာ့တဲ့အထိ လက္စျဖတ္တတ္သည္။ ဒုတိယ အရိပ္လူသတ္ခန္းမရဲ႕ သခင္က ေတာ္ဝင္အင္ပါယာ ထိပ္သီးစာရင္းမွာ အဆင့္၃ရွိတဲ့ ရွီးမန္ေဝ့ ျဖစ္သည္။

ညနက္ သန္းေခါင္ယံ အခ်ိန္၌။

အရိပ္လူသတ္ခန္းမ ေနာက္က ရင္ျပင္မွာ ရွီးမန္ေဝ့ တိတ္တိတ္ဆိတ္ဆိတ္ ရပ္ေန၏။ ႐ုတ္တရက္ ရွီးမန္ေဝ့ ေနာက္တစ္ေယာက္ ေပၚလာသည္။ ထပ္၍ ေနာက္ထပ္ သုံးေယာက္ ထပ္ေပၚလာျပန္သည္။

ကိုယ္ခြဲ သိုင္းပညာသည္ အလြန္ထူးျခားေသာ ေလ့က်င့္ေရး နည္းလမ္းတစ္ခု ျဖစ္ၿပီး ေလ့က်င့္သူသည္ သူ႕ကိုယ္သူ ကိုယ္ပြားအျဖစ္ ေျပာင္းလဲနိုင္သည္။

ကိုယ္ပြားဟာ တိုက္ခိုက္နိုင္စြမ္း မရွိေသာ္လည္း ရန္သူကို စိတ္ရႈပ္ေထြးေအာင္ ျပဳလုပ္ရာတြင္ အလြန္ေကာင္းမြန္လွသည္။ ရွီးမန္ေဝ့ဟာ အင္အားႀကီး ထိပ္စာရင္းတြင္ တတိယေနရာကို သိမ္းပိုက္နိုင္တာက ဒီကိုယ္ပြား သိုင္းစြမ္းရည္ေၾကာင့္လည္း ပါေသးသည္။

ရွီးမန္ေဝ့၏ ႐ုပ္ပုံမ်ားသည္ တဖ်ပ္ဖ်ပ္ ခတ္သြားကာ ေနာက္အခိုက္အတန႔္တြင္ ရင္ျပင္တြင္ လူတစ္ေယာက္သာ က်န္ေတာ့သည္။ ထို႔ေနာက္တြင္ အနည္းငယ္ မွိုင္းညို႔ေနေသာ ေရာင္ဝါႏွင့္ လင္းယုန္ မ်က္လုံးမ်ားရွိသည့္ လူငယ္သည္ အသက္ရႉထုတ္ကာ ေပါ့ပါးစြာ ေရ႐ြတ္လိုက္ေလ၏။

"သရဲခႏၶာကိုယ္ သိုင္းပညာက တတိယအဆင့္ကို ျဖတ္ေက်ာ္သြားၿပီ....အခု ကိုယ္ပြား၂ခုေတာင္ ထုတ္နိုင္ေနၿပီ ဆိုေတာ့ အင္အားႀကီး စာရင္းက အဆင့္၃ ေနရာကို ေျပာင္းလဲသင့္ၿပီ ထင္တယ္"

ထိုအခိုက္အတန႔္တြင္ အရိပ္တစ္ခု ႐ုတ္တရက္ ဆင္းလာၿပီး ရွီးမန္ေဝ့ ေရွ႕မွာ ရပ္လိုက္သည္။

"ရွီးမန္ေဝ့... မင္းတကယ္ သည္းခံနိုင္တာပဲ... ညီတစ္ေယာက္လုံး ေသသြားတာေတာင္ မင္းက ဒီမွာ ေလ့က်င့္ေနတုန္းပဲ"

"ဘာေျပာလိုက္တယ္?"

ရွီးမန္ေဝ့ရဲ႕ မ်က္ႏွာ ႐ုတ္တရက္ ေအးစက္သြားသည္။

"လြန္ခဲ့တဲ့ ႏွစ္နာရီက မင္းညီေလး ေမွာ္တစ္ေထာင္စံအိမ္ရဲ႕ ေလလံတင္တဲ့ ေနရာမွာ အသတ္ခံလိုက္ရတာ... မင္း ဒီအေၾကာင္းေတာင္ မသိဘူးလား?"

ထိုလူက အလြန္ထူးဆန္းစြာ ေမးလိုက္သည္။

"ဘာ??"

ရွီးမန္ေဝ့၏ ခႏၶာကိုယ္မွ ေအးစက္ေသာ အသက္ရႈသံက ေဆာင္းရာသီတြင္ ေလေအးမ်ား ျပင္းျပင္းထန္ထန္ တိုက္ခိုက္လာသလို  ေအးစက္လာသည္။ သာမန္လူသာဆို အနီး မေရာက္ခင္မွာပဲ ေအးခဲသြားေပလိမ့္မည္။

ေလေအးက ရွီးမန္ေဝ့ရဲ႕ အနက္ေရာင္ ဆံပင္ေတြကို လြင့္ပ်ံသြားေစၿပီး အ႐ူးတစ္ေယာက္လို တိတ္ဆိတ္သြားေစ၏။

သူနဲ႕သူ႕ညီေလးဟာ ငယ္စဥ္ကတည္းက မိဘေတြ မရွိခဲ့ၾကလို႔ ရွီးမန့္ေဝ့ကသာ မိဘေနရာကေန သူ႕ညီေလးကို ျပဳစုပ်ိဳးေထာင္ေပးခဲ့သည္။ အၿမဲလိုလို အလိုလိုက္ခဲ့လို႔ ရွီးမန္ကြၽင့္ဟာ မာနႀကီးၿပီး ႀကီးစိုးခ်င္တဲ့ လူတစ္ေယာက္ ျဖစ္လာခဲ့၏။

အင္အားႀကီး ထိပ္စာရင္းမွာ ထိပ္ဆုံး (၃)ေနရာက သူ႕အေနအထားကို အားကိုးၿပီး သူ႕ညီေလးကို ဘယ္သူကမွ တိုက္ခိုက္ဝံ့မွာ မဟုတ္ဘူးလို႔ အၿမဲ ခံစားခဲ့ရတာမို႔ သူေသတဲ့ သတင္းကိုလည္း နားမစြင့္မိခဲ့ဘူး။

Continue Reading

You'll Also Like

85.9K 766 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။
160K 1.7K 15
2019-2020 Thank you for supporting me♡ I will block you if you read smut of underage characters or if you compare my work to Yagami Yato/srs
183K 9K 51
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
2.5K 137 24
*WARNING THIS IS A JOKE AND SATIRE* *This also includes slander to some characters so beware especially fanon characters* This will have: short or lo...