မောင့်ငယ်ဖော်

By Tigressk

3K 134 36

Unicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင်... More

Into
အပိုင်း၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၅
အပိုင်း ၂၆
Author's confessions
အပိုင်း ၂၇
ဇာတ်သိမ်းပိုင်း

အပိုင်း ၂၄

64 4 2
By Tigressk

Unicode

"မောင် ကုတင်ပေါ်တက်မလာနဲ့၊ အောက်ဆင်းအိပ်"

ဒီည မိုးဦးက စစ်ကိုင်းသို့မပြန်ဘဲ မောင့်အဆောင်တွင် အိပ်ဖြစ်သည်။ မောင့်မှာ အိပ်ရမည်ဆိုကတည်းက စိတ်လှုပ်ရှားကာ မျက်နှာသေချာသစ်၍ ကိုယ်လက်တို့ပင် ဆေးကြောလာခဲ့သေးသည်။ သို့သော် ညအိပ်ရန် ကုတင်ပေါ်သို့တက်လာသည့် မောင့်အား မိုးဦးက ကုတင်အောက်သို့ တွန်းချလိုက်သည်။

"မင်းဘဲ ဟိုးအရင်တုန်းကတော့ အပေါ်မှာအိပ်ဖို့ ဇွတ်ခေါ်ပြီးတော့"

"မရဘူး အောက်မှာပဲအိပ် ကုတင်က ကျဉ်းကျဉ်းလေးရယ်"

"မကျဉ်းပါဘူး၊ ကုတင်က နှစ်ယောက်ဆံ့ပါတယ်၊ မောင်က ငြိမ်ငြိမ်လေး အိပ်မှာပေါ့"

"အိုက်တယ်ကွ၊ မန္တလေးက မတအားအိုက်တာ ကြည့်ပါ့လား ချွေးတွေချည်းပဲ"

မောင်က ကုတင်ပေါ်တွင် လှဲနေသော မိုးဦးပေါ်သို့ အုပ်မိုးလိုက်သည်။

"ဘာလုပ်တာလဲ မောင်"

မိုးဦးက အလန့်တကြား ထထိုင်လိုက်၏။

"ဘာမှ မလုပ်ပါဘူး၊ ဒီမှာ စောင်ယူတာ ခေါင်းအုံးအပိုမရှိလို့"

မိုးဦးက သူ့ဘေးတွင်ရှိသော စောင်အား ဆွဲယူလိုက်ပြီး မောင့်ဆီသို့ ပစ်ပေါက်လိုက်၏။
"ရော့ နောက်မလာခဲ့နဲ့" ဟုဆိုကာ ခြင်ထောင်ကို ချလိုက်သည်။ မောင်က ကြမ်းပြင်တွင် ငုတ်တုပ်ထိုင်လျက် အလျော့မပေးသေးဘဲ မိုးဦးအား လှမ်းပြောနေ၏။

"ခြင်ကိုက်တယ်ကွ၊ အောက်မှာက"

"မိုးဦးရာ.... မိုးဦးလို့"

မိုးဦးဆီမှ အသံထွက်မလာတော့။ မိုးဦးက ကုတင်ပေါ်တွင် နံရံဘက်သို့ မျက်နှာမူလျက် ဘေးတစောင်းလှဲနေ၏။ ညသည် တိတ်ဆိတ်ငြိမ်သက်လျက် ပုစဉ်းရင်ကွဲတစ်ယောက်၏ တစ်ချက်တစ်ချက် အော်မြည်သံကိုသာ ကြားရသည်။  မိုးဦး ရင်ခုန်လွန်းလှသဖြင့် ရင်ဘက်ကို ဖိထားရသည်။ တကယ်တော့ သူလည်း မောင့်ကို ချစ်ပါ၏။ မောင့်အထိအတွေ့တို့ကို သာယာတတ်ပါသည်။ သို့သော် ကြောက်ရွံ့သည့်စိတ်က ပို၍ စီးမိုးထားသည်။

"မောင်....အိပ်ပြီလား"

"ဟင်"

"မောင်... ငါ့ကို အချိန်ပေးပါလား"
"ငါ အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပေးလို့ရမလား"

မောင်လည်း ကုတင်အောက်တွင် တိတ်ဆိတ်လျက်။ မောင်က ကုတင်ခြေရင်းသို့ ကပ်လိုက်ပြီး ခြင်ထောင်အောက်မှ ခေါင်းအုံးရန်ယူထားသော စောင်အား မိုးဦး ခြေထောက်ပေါ်သို့ တင်ပေးလိုက်သည်။

"စောင်ခြုံထား၊ ညမှာသာ အိုက်တာ လင်းအားကြီးကျ ချမ်းတယ်"

မောင်က ကြိုးတန်းပေါ်တွင် တင်ထားသောအနွေးထည်ကိုယူကာ ခေါင်းအုံးလိုက်ပြီး တစ်ဘက်သို့စောင်းကာ မှေးလိုက်သည်။ ညဉ့်သည် တစထက်တစ ပို၍ နက်လာ၏။ လရောင်သည် ပြတင်းပေါက်မှ တဆင့် အခန်းလေးအတွင်းသို့ ဖြာကျလျက်ရှိလေသည်။
.......

အဆောင်နှင့်နီးသော စျေးတွင် နှစ်ဦးသား နံနက်စာ ဝယ်စားကြပြီး စျေးထဲသို့ဝင်ကာ စျေးဝယ်ကြသည်။
"နေ့လည်စာ ချက်စားမယ်ဆိုတော့ မင်းက ချက်တတ်လို့လား"

"အေးငြိမ်းသွင်ရဲ့သားပါ... ဒီလောက်က မခက်ပါဘူး"

ဟုတ်လောက်ပါသည်။ မိုးဦး၏မေမေ အန်တီလေးကတော့ ဟင်းချက်အလွန်ကောင်းသည့်အမျိုးသမီးတစ်ဦးဖြစ်သည်။

"အင်း အန်တီလေးကတော့ တကယ် ဟင်းချက်ကောင်းတာ ပြောရင်းနဲ့တောင် သတိရလာပြီ"

"မင်းအန်တီလေးလက်ရာအတိုင်း ဖြစ်စေရမယ်"
"ဟုတ်ပါပြီ ယုံပါတယ်"
.....
စျေးဝယ်ပြီး အဆောင်ပြန်ရောက်တော့ ထမင်းဟင်း ချက်သည့် လုပ်ငန်းကို စတင်ကြသည်။ မောင်ကအဆောင်ရှင်ဆီမှ လက်ဆွဲမီးဖိုတစ်လုံးငှါးလိုက်သည်။
"မောင် ထမင်းရော ချက်လို့ရလား"

"ထမင်းက ပေါင်းအိုးနဲ့ ချက်လို့ရတယ်၊ အဆောင်က ထမင်းတော့ ချက်ခွင့်ပြုပါတယ်၊ ဟင်းကတော့ အဆောင်လူများလို့ မချက်ခိုင်းဘူး"

မောင်က စျေးမှ ဝယ်လာသော မီးသွေးတို့အား မီးဖိုထဲထည့်လိုက်သည်။ ထို့နောက် အပေါ်မှ သစ်ကိုင်းခြောက်အသေး လေးငါးချောင်းခန့်အား တင်လိုက်ပြီး ထင်းရူးဆီတစ်ချောင်းကို မီးရှို့ကာ  မီးမွှေးလိုက်၏။
"မောင်က မီးမွှေးတတ်သားပဲ"

"လက်ဖက်ရည်ဆိုင်မှာတုန်းက မီးမွှေးနေကျလေ၊ မနက်ဆို ဦးတီး မအားရင် တီးခန်းထဲမှာ မီးသွေးနဲ့ ဘွိုင်လာမီးအရင်မွှေးပေးရတာ"

မီးခိုးတို့အူလာသောအခါ ဘေးမှ ယပ်ခပ်ပေးနေသည်။ ထိုအချိန် မိုးဦးက စျေးမှ ဝယ်လာသော တုံးတစ်ပြီးသား ကြက်သားတို့အား ရေဆေးပြီး ဆား၊ ကြက်သွန်ဖြူ၊ ဂျင်း တို့ထည့်ကာ နှပ်ထားလိုက်သည်။ ထို့နောက် မောင် သင်ပေးထားသောချဉ်ပေါင်ရွက်တို့အား ရေဆေးထားလိုက်သည်။ မောင်က
"ဘာအရင်ချက်မှာလဲ"

"ကြက်ကုလားချက် အရင်ချက်ရအောင်"

"ကြက်ကုလားချက်က ဘယ်လိုချက်တာလဲ"

"နောက်တော့ သိရမှာပေါ့ အခု အဲ့ကြက်သွန်နီတွေကိုသာ အခွံနွာပြီး တစ်ဖက်ချင်းခွါထားလိုက်"

"ဟုတ်ပါပြီဗျ"

"မီးဖိုချောင်အကူက လိမ္မာသားပဲ"

မီးတောက်လာတော့ မိုးဦးက ပထမဦးစွာ ကြက်သွန်နီအား ဆီသတ်ပြီး အနည်းငယ်နွမ်းလာသောအခါ ငရုတ်သီးမှုန့်နှင့် ကြက်သားထည့်၍ လုံးလိုက်သည်။ ထို့နောက် ရေထည့်ပြီး မီးဖိုပေါ်တည်ထားလိုက်သည်။

"မဆလာနံ့လေး မွှေးလိုက်တာ၊ ဗိုက်တောင်ဆာလာပြီ"

"ရပြီ... ထမင်းကျက်ပြီလားကြည့်လိုက်အုံး၊ ချဉ်ပေါင်ဟင်းချက်လိုက်အုံးမယ်"

မောင်က ထမင်းအိုးအား ခလုတ်တက်၊ မတက် သွားကြည့်လိုက်သည်။ ထမင်း ကျက်ပြီဖြစ်သဖြင့် ပေါင်းအိုးအား ယူလာလိုက်ပြီး မိုးဦး ဟင်းချက်သည်ကို ထိုင်ကြည့်နေလိုက်သည်။

"မောင်... ကျက်ပြီကွ၊ သွားပန်းကန်တွေဆေးတော့"
...
စားပွဲခုံလေးပေါ်တွင် အငွေ့တထောင်းထောင်းထနေသော ထမင်းဟင်းတို့က အဆင်သင့်နေရာယူလျက်ရှိသည်။

"စားရအောင်"

မိုးဦးက မောင့်ထမင်းပန်းကန်ထဲသို့ ကြက်သားတစ်တုံး ထည့်ပေးလိုက်သည်။ မောင်က ပြုံးလိုက်ပြီးနောက် ထမင်းကို အားရပါးရ စားလိုက်သည်။

"ဘယ်လိုလဲ မောင်"

"ကောင်းလိုက်တာ၊ နည်းနည်းစပ်တယ် မောင်က အစပ်ကြိုက်တော့ အကိုက်ပဲ"

မိုးဦးက ဒီလိုပဲ ဖြစ်ရမှာပေါ့ဟုသော မျက်နှာထားဖြင့် မောင့်ကိုကြည့်လိုက်ပြီးနောက် နှစ်ဦးသား ထမင်းလက်ဆုံစားကြလေသည်။
...

ထမင်းစားပြီးနောက် မောင်က ပန်းကန်ဆေးပြီး အခန်းထဲသို့ ပြန်ဝင်လာသည်။ မိုးဦးက မောင့်နားကပ်လိုက်ပြီး
"မောင်..."

"ဟင်...ပြော"

"ဟိုသေတ္တာထဲက ဒိုင်ယာရီစာအုပ်လေ အဲ့ဒါ ဖတ်လို့ရလား"

"မဖတ်ပါနဲ့လား မိုးဦးရာ"

"ဘာလို့လဲ"

"ဟို... ရှက်စရာကြီး"

"ဟင်... ဘာရှက်စရာရှိလဲ.. လုပ်ပါလို့ ဖတ်ချင်လို့ပါ"

မိုးဦးက မျက်လုံးလေးပေကလပ်ဖြင့် ချစ်စရာကောင်းအောင် ပြုမူနေသည်။ မောင်လည်း မနေနိုင်သည့်အဆုံး စာအုပ်ကို ထုတ်ပေးလိုက်ရသည်။ မိုးဦးက စာအုပ်ကို လှပ်လိုက်ပြီး
"မိုးဦးသွင်...တဲ့ ဟီးဟီး"

"ဟိတ် မိုးဦး မရယ်နဲ့လို့ ရယ်မှာဆိုပြန်ပေး"

"အင်းအင်း မရယ်တော့ဘူး" မိုးဦးက မျက်နှာပိုးကိုသပ်လိုက်ပြီး စာရွက်နောက်တစ်ရွက်ကို လှန်လိုက်သည်။

"အချစ်က မျက်လုံးလေးတွေက စတာပဲ၊ မိုးဦးမျက်လုံးလေးတွေက တကယ်လှတယ်၊ ဒီနေ့ စာကြည့်တိုက်မှာ သူရှာနေတဲ့ စာအုပ်ကိုတွေ့တော့ မျက်လုံးလေးတွေက အရောင်လဲ့နေတာပဲ၊ ရယ်လိုက်တော့လဲ လျို့ဝှက်ထားတဲ့ ပါးချိုင့်လေးက ပေါ်လာပြန်ရော။ စာအုပ်ဖတ်တဲ့အချိန် ဘေးတိုက်ကြည့်ရတဲ့ မျက်နှာလေးက လမင်းလေးလိုပဲ၊ ကြည်လင်ဝင်းပနေတာ"

"ဟားဟား အဲ့လောက်တောင်ပဲလား မောင်ရဲ့"

မောင်က မိုးဦးအနားသို့ ကပ်လိုက်ပြီး
"အဲ့ဒါထက် ပိုတာပေါ့၊ မောင်က မဖွဲ့နွဲ့တတ်လို့သာ"

မောင်က မိုးဦးမျက်နှာကို လက်ချောင်းလေးများဖြင့် တို့ထိလိုက်ပြီး
"ကြည့်ပါအုံး မောင်ဘယ်လောက် ကံကောင်းလိုက်လဲ ဒီလောက်ချောတဲ့လှတဲ့လူကို ပိုင်ဆိုင်ရတာ"
မိုးဦး၏ပါးနှစ်ဖက်မှာ ရှက်သွေးများဖြာကာ နီမြန်းလျက် ရှိသည်။ မိုးဦးကို မောင့်လက်ချောင်းတို့အား ဆုပ်ကိုင်လိုက်ပြီး မောင့်မျက်ဝန်းဆီသို့ စိုက်ကြည့်လိုက်သည်။ နှစ်ဦးသား အကြည့်ချင်းဖလှယ်ကာ မောင့်မျက်နှာသည် မိုးဦး၏မျက်နှာနှင့်ထိလုနီးပါး နီးကပ်လာသည်။ မိုးဦးက မျက်လွှာချလျက် မောင်က မိုးဦး၏ နှုတ်ခမ်းဖူးလေးအား သူ့နှုတ်ခမ်းတို့ဖြင့် ထိကပ်လိုက်လေသည်။ တစ်ဦး၏ရင်ခုန်သံကို တစ်ဦးက ကြားနေရသည်။ ထို့နောက် မိုးဦးသည် မောင့်ရင်ခွင်တွင်းသို့ မျက်နှာအပ်ကာ ရှက်ပြုံးလေးပြုံးနေပါတော့သည်။
🌺🌺🌺🌺🌺🌺
Author Note 📝 first kiss လေး လာပါပြီ 😁🥰🥰

Zawgyi






"အိုကျတယျကှ၊ မန်တလေးက မတအားအိုကျတာ ကွညျ့ပါ့လား ခြှေးတှခေညြျးပဲ"














.......





.....








"ဟုတျပါပွီဗြ"

"မီးဖိုခြောငျအကူက လိမ်မာသားပဲ"





...





...



"ဟိုသတေ်တာထဲက ဒိုငျယာရီစာအုပျလေ အဲ့ဒါ ဖတျလို့ရလား"

"မဖတျပါနဲ့လား မိုးဦးရာ"

"ဘာလို့လဲ"

"ဟို... ရှကျစရာကွီး"








🌺🌺🌺🌺🌺🌺

Continue Reading

You'll Also Like

1.8M 110K 41
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
16.9K 2.9K 6
The day you came into my life I became The Luckiest Boy Every time I look into your eyes It's like looking at the blue sky
9.7M 635K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
3.2M 265K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...