တိုက်ရိုက်ထုတ်လွှင့်မှုပြီးသည့်နောက်တွင် ကျန့်ယွီက မီးရှုးမီးပန်းပွဲတော်သို့လာရောက်လည်ပတ်ကြသည့်မြို့သူမြို့သားများအား အင်တာဗျူးမေးမြန်းနေခဲ့သည်။
ထို့နောက်တွင်တော့ တစ်အုပ်စုလုံး ပါလာသည့်ပစ္စည်းများကို ထုတ်ပိုးပြီး ပြန်လာကြတော့သည်။
အခုလေးတင်ဖြစ်သွားခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ ဝိန်းရိဖန်၏စိတ်ထဲ မတင်မကျဖြစ်နေရကာ ကားနောက်ခန်းရှိ သူမ၏ဘေးတွင်ထိုင်နေသည့် ဖုကျွမ့်အား ခေါ်လိုက်၏။
"သာ့ကျွမ့် "
ဖုကျွမ့်က တုန့်ပြန်သံပြုလိုက်၏။
"အေ့"
ဝိန်းရိဖန်၏ Mask က ဝတ်ထားဆဲဖြစ်ကာ
"တကယ်လို့ မင်းက အစ်မကို လမ်းပေါ်မှာတွေ့လိုက်တယ်ပဲထား..အစ်မက အခုလိုမျိုး Mask တပ်ထားမယ်...မင်းမတွေ့ဖူးသေးတဲ့ အဝတ်အစားမျိုးကိုလည်း ဝတ်ထားမယ်ဆိုရင်.."
ဝိန်းရိဖန် စကားကိုခဏရပ်လိုက်ပြီးနောက် အလေးအနက်မေးလာခဲ့၏။
"မင်း မှတ်မိနိုင်လောက်မလား"
" Mask ပဲတပ်ထားတာလား"
ဖုကျွမ့်က တစ်ခဏမျှစဥ်းစားနေပုံရပြီးနောက် အလွန်အမင်းတွေးထားသည့်ပုံစံမျိုးဖြင့်
"တခြားဖုံးထားမျိုးတွေ မပါဘူးလား? ဥပမာ နေကာမျက်မှန်တပ်ထားတာတို့ ဦးထုပ်ဆောင်းထားတာတို့..တစ်ခုခုပေါ့ဗျာ"
"အခုလိုပုံစံမျိုးအတိုင်းပဲ"
ဖုကျွမ့်က လုံးဝသေချာသည့်ဟန်ပန်ဖြင့်
"သေချာပေါက် မှတ်မိနိုင်တာပေါ့ဗျ!"
"...."
"ရိဖန်ကျဲ..မှန်သောစကားကိုပြောရမယ်ဆိုရင် ကျွန်တော်လေ အစ်မလောက်လှတဲ့လူမျိုးကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး"
ဖုကျွမ့်က အနည်းငယ်ရှက်သွားသည့်အလား ခေါင်းကိုကုတ်ရင်း
"ကျွန်တော် ပထမဆုံးအလုပ်ဝင်တဲ့နေ့တုန်းက အစ်မကိုတွေ့လိုက်တဲ့အချိန် ဘယ်က ရုပ်ရှင်မင်းသမီးရောက်နေတာလဲတို့တောင် ထင်မိသွားတာ"
အရှေ့ဘေးခုံတွင်ထိုင်နေသည့် ကျန့်ယွီကလည်း ပြုံးပြ၍
"ရှောင်ဖန်က တကယ်ကိုလှတာ"
"ဒီအချက်ကတော့ အမှန်ပဲဟေ့"
ချန်ဝေ့ဟွာက အလုပ်ချိန်မဟုတ်သည့်အခါမျိုးတွင် အမြဲတမ်း ပျော်ပျော်နေပြီးစနောက်တတ်သည့်သူမျိုးဖြစ်ကာ
"ရှောင်ဖန်..ချစ်သူကောင်လေး ရှိနေပြီလား..လောင်ရှစ်က တစ်ရက်ရက်ကျရင် လောင်ရှစ်သားနဲ့ မိတ်ဆက်ပေးမလို့ပါဆို"
ကျန့်ယွီက သဘောတကျရယ်လိုက်ရင်း
"တော်ပါတော့ကွာ..နင့်သားကဖြင့် မူလတန်းတောင်မပြီးသေးဘဲနဲ့"
ဖုကျွမ့်သည်လည်း ပြုံးနေခဲ့ပြီး
"ဒါမှမဟုတ် ကျွန်တော့်ကို စဥ်းစားပေးရင်ရော"
သူတို့၏စနောက်နေသည့်စကားများအတွက်တော့ စိတ်ညစ်ညူးသွားရခြင်းမျိုးမရှိ ၊ ဝိန်းရိဖန်က ပြုံး၍သာနေပြီး
"မင်းရဲ့ နှစ်သစ်ကူးဆုတောင်းလေးပြည့်သွားမှ ဆက်ပြောကြတာပေါ့"
ဖုကျွမ့်က အသံကိုမြင့်လိုက်၍
"ရိဖန်ကျဲ!..အစ်မကကွာ လုပ်ပြန်ပြီ!"
နောက်စကားတစ်ခွန်းတွင် ဖုကျွမ့်က အနောက်သို့မှီချလိုက်ပြီးမှ
"ဒါပေမယ့်.."
ဝိန်းရိဖန် ; "အင်း?"
"ကျဲ..ဒီနေ့ အစ်မက ကျွန်တော့်ကို အနွေးအိတ်ပေးလိုက်တဲ့ကိစ္စကြောင့် ကျွန်တော်အရမ်းခံစားသွားရတာနော်"
ဖုကျွမ့်၏မျက်လုံးများကပြူးကျယ်လာပြီး ချီးကျူးမှုတစ်စုံတစ်ရာကို တောင်းခံနေသည့်ပုံစံမျိုးဖြင့်
"အဲ့ဒါကြောင့် ကျွန်တော်ဆုတောင်းနေတဲ့အချိန်တုန်းက အစ်မအတွက်ပါ ဆုတောင်းပေးခဲ့သေးတယ်"
"ဘာဆုတောင်းပေးခဲ့တာလဲ"
"အစ်မအပေါ် စူပါအဆင့်လောက်ထိကောင်းပေးတဲ့ချစ်သူကောင်လေးတစ်ယောက် အမြန်ရပါစေဆိုပြီး ဆုတောင်းပေးထားတာ"
ဖုကျွမ့်က လက်သီးဆုတ်လေပြီး
"အခြေအနေကလည်း စူပါအဆင့်လောက်ထိကောင်းပြီး ရုပ်ရည်ကလည်း ဒီနေ့ ကျွန်တော်တို့တွေ့ခဲ့တဲ့ကောင်လေးနီးပါး ခန့်ညားရမယ်ကွာ"
"...."
ဝိန်းရိဖန် အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ မနက် နှစ်နာရီထိုးလုပြီဖြစ်သည်။
အိပ်ရာဝင်နောက်ကျလွန်းသည့်အဖြစ်မျိုးက မကြာခဏကြုံနေရသည်ဖြစ်၍လည်း ယခုအချိန်၌ ငိုက်မျည်းနေခြင်းမျိုးမရှိ ၊ ပင်ပန်းလွန်း၍ လှုပ်လှုပ်ရှားရှားမလှုပ်ချင်တော့ရုံသာ။ အိမ်နေရင်းဖိနပ်အပါးကို လဲစီးပြီးနောက် အိပ်ရာဘေးရှိ ကော်ဇောထက်သို့ ချက်ချင်းထိုင်ချလိုက်ကာ ဖုန်းမျက်နှာပြင်အား နှေးတိနှေးကွေးဖြင့် ပွတ်ကြည့်လိုက်၏။
သူမပို့ထားသည့် Groupလိုက်မက်ဆေ့ကြောင့် Missed call များစွာ နှင့် မဖတ်ရသေးသည့်မက်ဆေ့များစွာက အသင့်စောင့်ကြိုနေခဲ့သည်။
တစ်ခုချင်းစီ ပြန်စာပို့နေရင်းဖြင့် ဝိန်းရိဖန်က အောက်သို့ဆက်၍ဆွဲချပြီးဖတ်နေလေသည်။
မက်ဆေ့ဘောက်၏ အောက်ပိုင်းနားသို့ ရောက်လာသည့်တိုင် စန်းရန်ထံမှ ပြန်စာကိုတော့ လက်ခံမရသေးပေ။
စန်းရန်၏မက်ဆေ့ဘောက်ထဲ ဝင်ကြည့်လိုက်၏။
'မပျော်ရွှင်ချင်လည်းနေလေ' ဆိုသည့်စကားလုံးများကို ကြည့်နေရင်း ဝိန်းရိဖန်၏ဦးရေပြာတစ်ခုလုံး တင်းခနဲဖြစ်သွားရတော့၏။
"...."
ထိုအချိန်တုန်းကတော့ တင်းမာနေသည့်နှစ်ယောက်ကြားက လေထုကို သက်သာစေခြင်းအလို့ငှာ ဟာသ သဘောဆောင်ပြီး ပို့လိုက်ခြင်းဖြစ်သောကြောင့် မူမမှန်သည်ဟူ၍ မခံစားခဲ့ရ။
သို့သော် ယခုပြန်ဖတ်ကြည့်လိုက်သည့်အခါတွင်တော့ ခံစားချက်များက တစ်မျိုးပြောင်းသွားပြန်လေပြီ။
ဒေါသထွက်ရန်လိုပြီး ပို့ပစ်လိုက်ခြင်းနှင့် မတူပေရော့လား။
တစ်ဖက်လူက သူမကို အာရုံမစိုက်ချင်မှန်း သိသာနေသည့်အတွက် ဝိန်းရိဖန်လည်း ထိုအကြောင်းအရာနှင့်ပတ်သတ်ပြီးမစဥ်းစားချင်ပါတော့ပေ။ ထိုအခါ တဖြည်းဖြည်းစိတ်လွတ်ကိုယ်လွတ်ဖြစ်လာရပြီး မဆီမဆိုင် စန်းရန်နှင့် သူ့ညီမလေးစန်းကျီ တို့ပြောခဲ့သည့်စကားများကို ပြန်တွေးမိလိုက်သည်။
နောက်တွင်တော့ အထက်တန်း ပထမနှစ်၏အချိန်ကာလများဆီသို့ ပြန်တွေးတောကြည့်မိလေသည်။
ထိုအချိန်တုန်းက သူတို့နှစ်ဦးစလုံးသည် အမှတ်များလည်း မကောင်း ၊ ကျောင်းအဆင့်များကလည်း ကံကောင်းလျှင် အလယ်အလတ်လောက်ရတတ်ပြီး တစ်ခါတစ်ရံ အတန်း၏နောက်ဆုံးဘိတ်နေရာ၌ ရှိတတ်ကြသည်။
အက,ပညာအထူးပြုဖြင့် နန်းဝူအမှတ်(၁) အထက်တန်းကျောင်းသို့ ဝင်လာသည့်ကျောင်းသူ ဝိန်းရိဖန်က သဒ္ဒါဘာသာရပ်များ၌ ကျောင်းစာအားနည်းခဲ့သည်။စာလုပ်မည့်ဘာသာရပ်ကိုပင် ရွေးလွန်းသည့်စန်းရန်မှာတော့ သင်္ချာ ၊ ဓါတုဗေဒ ၊ ရူပဗေဒ ဘာသာရပ်များမှလွဲ၍ အခြားဘာသာရပ်ကို လုံးဝမလေ့လာ စာမကြည့်လေဘဲ သူ၏လစဥ်ရီပို့ကဒ်များမှာ ခွေးကိုက်ခံသည့်အလား ဆိုးဆိုးရွားရွားပင်။
သင်္ချာ ၊ ဓါတုဗေဒ ၊ ရူပဗေဒများတွင် အမှတ်ပြည့်နီးပါးရထားသော်ငြား အခြားဘာသာရပ်များက အမှတ် ၃၀/၄၀ ပင် မကျော်။
စာမေးပွဲရလဒ်များထွက်လာသည့်အခါတိုင်းတွင် စန်းရန်က သူမ၏ သိပ္ပံဘာသာရပ်ဆိုင်ရာအဖြေလွှာစာရွက်များကို ဆွဲဆွဲယူကြည့်ကာ ကြည့်နေရင်းဖြင့်လည်း မျက်ခုံးများပင့်မြှောက်သည်အထိ အော်ရယ်တတ်သေးသည်။
အကြိမ်တိုင်းနီးပါး ထိုသို့လုပ်နေခြင်းကြောင့် အနေအေးပြီးသဘောထားကောင်းသည့် ဝိန်းရိဖန်ပင် စန်းရန်ကို သည်းညည်းမခံပေးနိုင်တော့ဘဲ
"စန်းရန်..နင် ငါ့အဖြေလွှာစာရွက်ကို ကြည့်နေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး..နင့်ဘာသာနင် မေးခွန်းကို ဘယ်နေရာတွေမှားဖြေထားတာလဲဆိုပြီး ရှာနေသင့်တာ"
"ဟမ်?..မင်းဘက်က ငါ့ကို ဘာလုပ်နေတယ်ထင်ပြီး အထင်တွေလွှဲနေတာတုန်း"
စန်းရန်က မျက်လွှာပင့်ကြည့်လာခဲ့ပြီး သူ့လက်ချောင်းထိပ်က သူမ၏အဖြေလွှာစာရွက်ပေါ်မှ အနီရောင်အမှားခြစ်ကို ဝိုင်းပြရင်း ဂုဏ်ပြိုင်နေသည့်မျက်နှာပေးဖြင့်
"ငါ့အဖြေလွှာစာရွက်ပေါ်မှာကျတော့ ဒီလိုဟာမျိုးတွေမရှိဘူးရော"
"...."
------
ဝိန်းရိဖန်က အတွေးများကိုပြန်ရုတ်သိမ်းလိုက်ပြီး အဝတ်အစားလဲကာ ရေချိုးရန်ပြင်လိုက်၏။
စန်းရန်ဘက်မှ သူမအား မသိချင်ယောင်ဆောင်နေခြင်းအပေါ်၌လည်း အမှန်တွင် နားလည်ပေးနိုင်ပါခဲ့သည်။
ဖြစ်နိုင်သည်မှာ စန်းရန်မှ သူမအား ပြန်တွေ့လိုက်ရသည့်ထိုအချိန်ကလေးအတွင်းတွင် ဆယ်ကျော်သက်အရွယ်တုန်းက မထိုက်တန်သည့်သူတစ်ယောက်အပေါ် ရူးရူးနှမ်းနှမ်းလုပ်ပေးခဲ့ဖူးသည့်ကိစ္စများကို ပြန်အမှတ်ရမိလိုက်ပြီး ဘဝသက်တမ်းတစ်လျှောက်လုံးရှိ စွန်းထင်းနေသောတစ်ခုတည်းသောသမိုင်းကို ပြန်လှန်လှောမိလိုက်ခြင်းကြောင့်လား။ထို့ကြောင့် သူမနှင့်ထပ်၍ မပတ်သတ်ချင်တော့သည့်အတွက်ကြောင့်လား။
ထိုအခါ မမှတ်မိချင်ယောင်ဆောင်လိုက်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတော့မည်။
ဤသို့ဤနှယ်တွေးမိနေရင်းက...
ဝိန်းရိဖန်သည် စန်းရန်ဘက်မှသဘောထားကိုလည်း တွေးကြည့်မိလိုက်သည်။
မေ့ပျောက်လုနီးနီးဖြစ်နေသည့် ငယ်ချစ်ကလေးက ရုတ်တရက် သူ့ဘားထဲ၌ပြန်ပေါ်လာသည့်အပြင် သူ့ကိုပါ ပျော်တော်ဆက်ကောင်လေးအဖြစ်ထင်မှတ်ပြီး ခေါ်လိုက်ခြင်း ;
လက်ကောက်ကို တမင်သက်သက်ချချန်ထားခဲ့ပြီး ဒုတိယအကြိမ်တွေ့ဆုံရန် အကြောင်းဖန်ထားခြင်း ;
နီးစပ်စေရန်ကြံဖန်ပြီး ဆုတောင်းစကားကို တမင်သက်သက် မက်ဆေ့ပို့လိုက်ခြင်း ;
နောက်ဆုံးတစ်ခုအနေဖြင့် တစ််စုံတစ်ယောက်နှင့်တိုက်မိချင်ဟန်ဆောင်ပြီး သူနှင့်အသားချင်းထိရန် ကြံစည်ခြင်း ;
"...."
စန်းရန်ဘက်မှ မည်သည့်အတိုင်းအတာထိတွေးနေပြီမှန်း မသိနိုင်ပါတော့ပေ။
နှစ်သစ်တစ်နှစ်က ပုံမှန်အတိုင်းရောက်ရှိလာပါတော့၏။
နှစ်သစ်ကူးပြီးနေ့တွင် ကျုံးစစ်ချောင်က wechat မှတဆင့် အိမ်ခြံမြေလုပ်ငန်း၌အကျိုးဆောင်လုပ်နေသည့်မိတ်ဆွေတစ်ဦးနှင့် အဆက်အသွယ်လုပ်ပေးလာခဲ့သည်။
ဝိန်းရိဖန်ဘက်မှ သုံးမည့်ငွေပမာဖြင့်ဆိုလျှင် ငှားရမ်းနိုင်မည့်အိမ်ခန်းအခြေအနေများမှာ နဂိုကငှားရမ်းထားသည့်အုပ်စုလိုက်အိမ်ခန်းမျိုးများမှ မဟုတ်လျှင် ဆင်ခြေဖုံးရပ်ကွက်မျိုးမှ တစ်ယောက်နေအိမ်ခန်းများသာ ရနိုင်ခဲ့၏။
ထို့ကြောင့် ကျုံးစစ်ချောင်က သူမအား အကြံဥာဏ်ပေးလာခဲ့၏။
အတူနေမည့်အခန်းဖော်ရှာရန်ဖြစ်၏...
အကယ်၍ အတူနေမည့်အခန်းဖော် နှစ်ယောက် သုံးယောက်ရှိလျှင် အခန်းငှားခက မျှခံကြမည်ဖြစ်သောကြောင့် အတော်လေးသက်သာလိမ့်မည်။
ဝိန်းရိဖန်က အကြံပေးချက်ကိုလက်ခံလိုက်သော်ငြား အတူနေမည့်အခန်းဖော်အား မည်သည့်နေရာမှ သွားရှာရမည်မှန်းမသိ။ ဘေးခန်းအိမ်နီးချင်းမှပေးထားသည့်အရိပ်ဆိုးကြီးကြောင့် သူစိမ်းတစ်ယောက်နှင့် တစ်အိမ်တည်းနေပြီးမျှသုံးဖို့ရန် မရဲပါချေ။
သူမနှင့်လည်းရင်းနှီးပြီး မိန်းကလေးချင်းဖြစ်မည့်သူတစ်ယောက်ကိုသာ ရှာလို၏။
ကြာသပတေးနေ့ နေ့လည်ခင်းတစ်ခုတွင် ဝိန်းရိဖန် အယ်ဒီတာအခန်းထဲမှထွက်လာပြီးနောက် သန့်စင်ခန်းဆီသို့လာခဲ့သည်။အသုံးပြုပြီး ပြန်အတွက်တွင် တစ်ဖွဲ့တည်းသားချင်းဖြစ်သည့် 'ဝမ်လင်လင်' နှင့် ဆုံရန်အကြောင်းဖန်လာခဲ့၏။
ဝမ်လင်လင်သည် 'ချွမ်တ' သတင်းဌာန၌ အလုပ်လုပ်နေသည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်ပြီး သူမထက်လည်း အသက်အနည်းငယ်ကြီးကာ ရုပ်ရည်အမူအရာ အသံနေအသံထားအားလုံးက ချိုမြမြလေးဖြစ်သည်။ နှစ်သစ်ကူးနေ့လည်း ခွင့်ယူထားခဲ့ပြီး အမြဲတမ်းလိုလို ရုံးလာနောက်ကျပြီး စောစောပြန်သွားတတ်သည့်သူကြောင့် ဝိန်းရိဖန်မှာ ဝမ်လင်လင်အား မတွေ့ရကြာသူတစ်ဦးလိုပင် ခံစားနေမိတော့သည်။
ဝိန်းရိဖန်ဘက်မှ စပြီး ဝမ်လင်လင်အား နှုတ်ဆတ်လိုက်၏။
ဝမ်လင်လင်က မှန်ထဲမှတဆင့် သူမအား လှမ်းကြည့်လာခဲ့၍
"အေ့..ရှောင်ဖန်..နင့်နှုတ်ခမ်းနီက ဘာအရောင်လဲဟင်..တော်တော်လေး ကြည့်လို့ကောင်းတယ်"
ဝိန်းရိဖန်က မေးသည့်အမေးကို အလိုလိုဖြေမိလိုက်၏။
"ဒီနေ့တော့ ဘာမှမဆိုးခဲ့ရဘူး..ဒါပေမယ့် ပုံမှန်သုံးနေကျအရောင်က...."
"အိုက်ယား!"
စကားဆုံးအောင်နားမထောင်လေဘဲ ဝမ်လင်လင်ကစကားကိုဖြတ်ပြောလာ၍
"ဘာကို မဆိုးခဲ့ရဘူးလဲ..မိန်းကလေးအချင်းချင်းပဲဟာ..ရိုးရိုးသားသားပေါ့..မင်းဘက်က အစ်မကို ဘာတံဆိပ်သုံးလဲမေးလာခဲ့ရင်လည်း အစ်မပြောပြမှာပဲဟာ"
စကားပြောပြီးသည်နှင့် ဝမ်လင်လင်က တစ်ဖက်လူ၏အဖြေကိုမစောင့်ဘဲ ဒေါက်ဖိနပ်သံတစ်ချက်ချက်မြည်ကာ သန့်စင်ခန်းထဲမှ ထွက်သွားတော့၏။
ဝိန်းရိဖန်က ကြောင်အအဖြင့်ရပ်ကျန်နေခဲ့ပြီး မှန်ကို စိုက်ကြည့်နေရင်းဖြင့် နှုတ်ခမ်းအား လက်ခုံဖြင့်အတွေတွေအဝေဝေဖိသုတ်ပစ်မိလိုက်သည်။
အမှန်တကယ် မဆိုးထားခဲ့ခြင်း...
ရုံးခန်းထဲသို့ပြန်ရောက်သည့်အချိန်တွင်။
ဝိန်းရိဖန်က အလုပ်စားပွဲဆီသို့လျှောက်လာခဲ့၏။ ဝမ်လင်လင်၏အလုပ်စားပွဲက သူမ၏အနောက်ထောင့်နေရာတွင်ဖြစ်ပြီး လက်ရှိအချိန်၌ ဝမ်လင်လင်သည် အလုပ်စားပွဲပေါ်၌ ခပ်လျော့လျော့မှီထိုင်ထားရင်း ဝိန်းရိဖန်၏ ဘေးခုံမှ 'စုထျန်း' နှင့် စကားပြောနေခြင်းဖြစ်သည်။
စုထျန်းနှင့်ဝိန်းရိဖန်က အလုပ်ထဲသို့ဝင်လာချိန်လည်းတူပြီး သက်တူရွယ်တူလည်းဖြစ်ကာ နှစ်ယောက်သား၏ဆက်ဆံရေးကလည်း အတော်လေးကောင်းမွန်ကြသည်ဟုဆိုရမည်။
ဝိန်းရိဖန် ပြုံးပြလိုက်၍
"ဘာတွေပြောနေကြတာလဲ"
စုထျန်း ;
"လင်ကျဲ နဲ့ သူ့ချစ်သူကောင်လေးရဲ့ နှစ်သစ်ကူးညကိုဘယ်လိုကုန်ဆုံးကြတဲ့အကြောင်း ပြောနေကြတာ"
"ဒီတိုင်း စကားမရှိ စကားရှာပြောနေကြတာပါ"
ဝမ်လင်လင်က လက်ရမ်းပြရင်း
"ငါကလည်း ကံလေးကောင်းနေလို့ပါ..နှစ်သစ်ကူးပြီးနောက်တစ်နေ့က အားရက်လည်းဖြစ်နေတော့ ကောင်လေးနဲ့အတူ 'ဟွိုက်ဇူ' အပန်းဖြေဧရိယာဘက်မှာ နှစ်သစ်ကူးညကိုဖြတ်သန်းဖြစ်သွားတာ..ဖယောင်းတိုင်မီးထွန်းထားတဲ့ညစာလေးကိုစား ၊ ရေပူစမ်းလေးစိမ် ၊ ပြီးတော့ ငါ့ကို 5200 နဲ့ 1314 ဆိုပြီးလည်း လွှဲပေးသေးတယ်..ဘာမှထူးထူးခြားခြားမလုပ်ဖြစ်ကြပါဘူး..ဒီတိုင်း ပျင်းစရာကြီး"
(5200 က တရုတ်အသံထွက်အရ အသံထွက်ချင်းဆင်တူတဲ့ ဝေါ်အိုက်နီ 我爱你 ငါနင့်ကိုချစ်တယ် / 1314 က တရုတ်အသံထွက်ချင်းဆင်တူဖြစ်တဲ့ ရိရှန်ရိရှစ် 一生一世 အမြဲတမ်းထာဝရ ကိုဆိုလိုတာပါ )
"အရမ်းအားကျတာပဲ..လင်ကျဲ.."
စုထျန်းက အောက်နှုတ်ခမ်းကိုတွန့်ကွေးပြပြီး စကားလမ်းကြောင်းပြောင်းရန် ကြိုးစားနေတော့၏။
"ဒါနဲ့ ရိဖန်..နင် အိမ်ပြောင်းမလို့ဆို..အိမ်ခန်းအသစ်ရော ရှာလို့တွေ့ပြီလား"
ဝမ်လင်လင်က တအံ့တသြဖြစ်သွားသည့်ပုံစံမျိုးဖြင့် ချက်ချင်းမေးလာခဲ့သည်။
"အေ့..ရှောင်ဖန်..နင် အိမ်ပြောင်းမလို့လား"
ဝိန်းရိဖန် ; "အင်း"
"ဒါဆိုရင်တော့ တိုက်ဆိုင်တာပဲ"
ဝမ်လင်လင်က ထခုန်လေပြီး
"အစ်မလည်း အခုတလောအရမ်းစိတ်ရှုပ်နေရတာ..အစ်မရဲ့အရင်အိမ်ခန်းဖော်ဟောင်းက အလုပ်ထွက်ပြီးဇာတိမြို့ကို ပြန်သွားခဲ့တာနဲ့ အခန်းကလွတ်နေတာ..အခုချိန်ထိ အဆင်ပြေမယ့် အခန်းဖော်ကို ရှာမတွေ့သေးဘူး"
ဝိန်းရိဖန်လည်း အံ့သြသွားပါသော်လည်း တုန့်ပြန်ချက်တစ်ခုမပြုပေ။
ဝမ်လင်လင် ;
"အစ်မနေနေတဲ့အိမ်ခန်းမှာ လာနေဖို့ မစဥ်းစားကြည့်ချင်ဖူးလား"
စုထျန်း ;
"လင်ကျဲ..အစ်မက ဘယ်နားမှာနေတာလဲ..ရိဖန်က ကုမ္ပဏီနဲ့နီးတဲ့နေရာမျိုးကို ရှာနေတာ"
ဝမ်လင်လင် ;
" 'ရှန့်တုဟွားချန်' မှာပဲနေတာ..အရမ်းနီးတယ်"
ဝိန်းရိဖန်က သူမလက်ရှိနေနေသည့်နေရာနှင့် ထိုရပ်ကွက်က အိမ်နီးချင်းများသဖွယ်နီးနီးလေးဖြစ်မှန်း တန်းသိလိုက်ကာ ခါတိုင်း သူမအလုပ်ဆင်းသည့်အချိန်တိုင်း၌လည်း ထိုရပ်ကွက်ကိုဖြတ်လျှောက်သွားရသေးသည်။ထို့အပြင် လွန်ခဲ့သောနှစ်အနည်းငယ်ကမှ အသစ်တည်ထားသည့်အိမ်ရာများလည်းရှိကာ အဆင့်အတန်းနည်းနည်းမြင့်သည့်အိမ်ရာမျိုးဟုလည်း သတ်မှတ်ထားကြသည်။
စုထျန်းက ဝိန်းရိဖန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆက်၍
"ဒါဆို အစ်မအပြင် တခြားအခန်းဖော်တွေရောရှိသေးလား"
"မရှိဘူး မရှိဘူး..အစ်မတစ်ယောက်တည်းနေနေတာ"
ဝမ်လင်လင်က ဝိန်းရိဖန်၏ပုခုံးကို ပုတ်လိုက်ရင်း ချစ်စရာကောင်းသည့်ဟန်မျိုးပြုံးပြ၍
"စိတ်မပူပါနဲ့..အစ်မက တွေ့ကရာလူတိုင်းကို အိမ်ထဲ လျှောက်ခေါ်လာတတ်တဲ့သူမျိုးမဟုတ်ပါဘူး..အစ်မတို့သာ အတူနေဖြစ်ကြမယ်ဆိုရင် ဆောင်ရရှောင်ရမယ့်အချက်လေးတွေကိုလည်း ကြိုပြီးဆွေးနွေးလို့ရပါတယ်..တကယ်လို့သာ စဥ်းစားထားတယ်ဆိုရင် ဒီနေ့အလုပ်ဆင်းတဲ့အချိန် အရင်ဆုံး အိမ်ခန်းကို လိုက်ကြည့်ကြည့်..."
ဤအထိစကားဆိုနေပြီးမှ ဝမ်လင်လင်က ရုတ်တရက်ရပ်တန့်လိုက်မိကာ စကားကိုပြန်ပြောင်းဆိုလိုက်၏။
"အိုက်ယား..မရသေးဘူး..မနက်ဖြန်မှပဲ လိုက်ကြည့်တော့နော်..အစ်မ ဒီနေ့ ကောင်လေးနဲ့ ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားသေးလို့"
ဝိန်းရိဖန် ;
"ရပါတယ်..ဒါဆိုလည်း မနက်ဖြန်ပေါ့"
------
ဝမ်လင်လင် လက်ဖက်ရည်ခန်းထဲသို့ ဝင်သွားပြီးနောက်တွင်။
စုထျန်းက စိုးရိမ်နေသည့်ပုံစံမျိုးဖြင့် အနားသို့ကပ်လာပြီး
"နင် တကယ်ပဲ သူနဲ့အတူနေမလို့လား..ငါစိတ်ထင်တော့ သူက အရမ်းစိတ်ရှုပ်စရာကောင်းသလားလို့..တစ်နေ့လုံး သူ့ရဲ့ ဟိုဒုတိယမျိုးဆက်ချမ်းသာတဲ့ရည်းစားအကြောင်းပဲ လိုက်ပြောနေတာ..ပြီးတော့ ငါပဲခံစားနေမိတာလားတော့မသိဘူး..နင်က ရုပ်ချောတော့လေ သူ နင်နဲ့စကားပြောတဲ့အချိန်တိုင်း ယင်နဲ့ယန်လိုပဲ"
ဝိန်းရိဖန်လည်း ဝမ်လင်လင်၏အကျင့်ပုံစံကို နားလည်သင့်သလောက်နားလည်ထားပါသည်။
မကောင်းသည့်စိတ်ထားမျိုးမရှိဘဲ ကလူ၏မြှူ၏အကျင့်စရိုက်လေးနှင့်ပါးစပ်ဆိုးရုံသာ။ ထိုအချက်နှစ်ချက်က သူမအတွက်တော့ ပြဿနာကြီးကြီးမားမားဟု မထင်မှတ်ဘဲ ၊ များသောအားဖြင့်လည်း ဝမ်လင်လင်နှင့်ဆက်ဆံရေးအဆင်ပြေခဲ့သည်သာ။
ဝိန်းရိဖန် မျက်လုံးများပြတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း
"ငါ အိမ်ခန်းကိုအရင်ကြည့်ကြည့်လိုက်ပါဦးမယ်"
နောက်တစ်နေ့ အလုပ်ဆင်းသည့်အချိန်တွင်။
ဝိန်းရိဖန်နှင့်ဝမ်လင်လင်တို့က မြေအောက်ရထားဖြင့် 'ရှန့်တုဟွားချန်' သို့ထွက်လာခဲ့လိုက်၏။
ဝမ်လင်လင်က လက်ရှိနေနေသည့်အိမ်ခန်းထဲတွင် အိပ်ခန်း သုံးခန်းပါပြီး တစ်ခန်းမှာ အိမ်ပိုင်ရှင်၏ပစ္စည်းများထည့်သိမ်းထားသည့်အတွက် ကျန်သည့်အခန်းနှစ်ခန်းကိုသာ ငှားရမ်းထားသည်။ ရေချိုးခန်းနှင့်အိမ်သာတွဲပါသည့် အိပ်ခန်းကြီးတစ်ခုနှင့် ရိုးရိုးအိပ်ခန်းငယ်တို့ဖြစ်သည်။
ထို့ကြောင့် ငှားရမ်းခအား အနည်းငယ်လျော့ပေါ့ပေးထားသေးသည်။
အိမ်ခန်းတစ်ခုလုံးက အတော်လေးအဆင်ပြေပြီး မီးဖိုချောင် ၊ ထမင်းစားခန်းနှင့် ဝရံတာတို့အပြင် အခြားလိုအပ်သည့်ပစ္စည်းမျိုးစုံလည်း ရှိထားသည်။
အိပ်ခန်းကြီးက ဝမ်လင်လင်အသုံးပြုနေသည့်အတွက် ဝိန်းရိဖန်က အိပ်ခန်းငယ်ထဲသို့သာ တစ်ချက်ဝင်ကြည့်လိုက်၏။
အခန်းက သပ်သပ်ရပ်ရပ်ရှိလှပြီး စားပွဲခုံပေါ်၌လည်း ဖုန်မှုန့်ဟူ၍မရှိပါချေ။
ဝမ်လင်လင် ;
"အစ်မက အိပ်ခန်းကြီးကိုသုံးနေတာမလို့ အိမ်ခန်းလခကို မင်းထက် အစ်မပိုပေးမှာပါ..မင်းဘက်က တစ်လကို ယွမ်၂၀၀၀ ပဲပေးရမှာ..အခြား ရေဖိုးမီးဖိုးတွေကတော့ တစ်ယောက်တစ်ဝက်ကျခံမယ်လေ..အဆင်ပြေတယ်မလား"
ဤစျေးနှုန်းက သူမ အရင်ကနေခဲ့သည့် အုပ်စုလိုက်အိမ်ခန်းငှားခများထက် နည်းနည်းတော့စျေးများသည်ဟု ဆိုနိုင်သော်လည်း သူမတတ်နိုင်သည့် ပမာဏထဲတော့ပါနေသေးသည်။
အခြေအနေအရပ်ရပ်တိုင်းဆီကလည်း ကောင်းတာထက်ကို ပိုနေပြီမဟုတ်လား။
ဝိန်းရိဖန်က စကားတစ်ခွန်းမဆိုဘဲ စဥ်းစား၍သာနေနေခဲ့၏။
"မင်း ထပ်ပြီးစဥ်းစားကြည့်ပေါ့"
ဘယ်လိုပင်ဖြစ်စေ အိမ်ပြောင်းသည့်ကိစ္စက သေးသေးမွှားမွှားမဟုတ်သည့်အတွက် ဝမ်လင်လင်လည်း အတင်းအကြပ်တိုက်တွန်းနေခြင်းမျိုးမလုပ်တော့ဘဲ အချိန်ကို တစ်ချက်ကြည့်လိုက်၍
"ဒီအချိန်တောင်ရောက်နေပြီလား..အစ်မတို့ အရင်ဆုံးတစ်ခုခုသွားစားရအောင်လေ..အစ်မ ဗိုက်ဆာနေပြီ"
ဝိန်းရိဖန်က ညစာစားလေ့စားထမရှိသည့်အတွက် ငြင်းလိုက်မည်အပြု ၊ သူတို့နှစ်ဦးကြားတွင် အိမ်ခန်းအတူငှားကြမည့်ပတ်သတ်မှုမျိုးက ရှိကောင်းရှိလာနိုင်သည်ကိုတွေးမိပြီး ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ထားခြင်းအလို့ငှာ ဖိတ်ခေါ်မှုကိုလက်ခံလိုက်၏။
နှစ်ယောက်သားက အိမ်ရာဝန်းအတွင်းမှ ထွက်လာသည့်အချိန်ကိုက်နီးနီးတွင် ဝမ်လင်လင်၏ဖုန်းသံမြည်လာခဲ့၏။ ဖုန်းမဖြေခင် ချောင်းသံ သုံးလေးချက်ပြုလိုက်ပြီးမှ
"ဟယ်လို..အချစ်ကလေး..ဘာဖြစ်လို့လဲဟင်"
ဝိန်းရိဖန်က ဘေးမှနေပြီး တိတ်တိတ်ဆိတ်ဆိတ်လျှောက်လိုက်လာခဲ့သည်။
"အခုလား..သူငယ်ချင်းတစ်ယောက်နဲ့အပြင်မှာ..ထမင်းသွားစားဖို့လုပ်နေတာ"
ဝမ်လင်လင်က အလိုလိုက်ခံထားသည့်ကလေးတစ်ယောက်လို ပြုမူရင်း
"ရတာပေါ့..အချစ်က ဘယ်နားလေးမှာလဲ..တို့က အိမ်ရာရဲ့ဂိတ်ပေါက်ဝနားလေးမှာ ရပ်နေကြတာ..လမ်းလျှောက်ရမှာ အရမ်းပင်ပန်းတာပဲ..အင့်..အခု ကားကိုမောင်းလာခဲ့မှာလား..ရောက်တော့မှာလား..ဒါဆိုကောင်းတာပေါ့..အချစ် ကားမောင်းနေတာကို မနှောက်ယှက်တော့ဘူးနော်..ဂိတ်ပေါက်နားမှာ လိမ်လိမ်မာမာလေးစောင့်နေမယ်..မြန်မြန်လာကြိုနော်"
ဝမ်လင်လင် ဖုန်းချလိုက်ပြီးနောက်တွင် ဝိန်းရိဖန်က
"ဒါဆို အရင်ပြန်နှင့်တော့မယ်လေ..မနက်ဖြန်မှ..."
"ဘာလို့ ရုတ်တရက်ကြီး ပြန်မှာလဲ..အစ်မတို့ အတူတူထမင်းစားမယ်လို့ပြောထားတယ်လေ"
ဝမ်လင်လင်က မျက်မှောင်ကျုံ့လိုက်ပြီး ဆက်၍
"အို့..ခနိုးခနှောင့်ဖြစ်နေစရာမလိုပါဘူးနော်..မင်းက နောက်မီးလုံးလေးဖြစ်နေမှာမဟုတ်ဘူး..အစ်မကောင်လေးကလည်း သူ့သူငယ်ချင်းကိုခေါ်လာတာ..အပျင်းပြေ အပြင်ထွက်တယ်လို့ပဲ သဘောထားလိုက်ပါ"
ဝိန်းရိဖန် နောက်တစ်ကြိမ်ငြင်းဖို့ပင် အချိန်မရတော့ဘဲ အနက်ရောင်ကားတစ်စင်းက ရှေ့တည့်တည့်တွင် ထိုးရပ်သွားတော့သည်။
ယာဥ်မောင်းသူဘေးခုံဘက်မှ ပြတင်းမှန်ကျလာပြီးနောက်တွင် ယာဥ်မောင်းနေရာတွင်ထိုင်နေသည့်ယောက်ျားတစ်ဦးက ခေါင်းလှည့်ကြည့်ကာပြုံးပြ၍
"အချစ်ကလေး..ကားပေါ်မြန်မြန်တက်.."
နောက်တစ်စက္ကန့်တွင် ဝမ်လင်လင်ဘေး၌ရပ်နေသည့် ဝိန်းရိဖန်ကို သတိထားမိသွားခဲ့တော့၏။
"အေ..ဝိန်းရိဖန်?"
ဝိန်းရိဖန်လည်း လှမ်းကြည့်ရင်း ဆွံ့အသွားလျက်။
သူမ မတွေးထင်ထားခဲ့သည့်အတိုင်း...
ဝမ်လင်လင်၏ ဒုတိယမျိုးဆက်သူဌေးသားချစ်သူကောင်လေးက စုဟောက်အန်း ဖြစ်နေမည်ဟူ၍။
"ငါ-ူး..မတွေ့ဖြစ်တာ ဘယ်နှနှစ်တောင်ရှိပြီလဲ..."
သူ့စကားမဆုံးခင် အနောက်ဘက်မှ ဝီစီမှုတ်သံကိုကြားလိုက်ရ၍
"ငါ-ူး..မြန်မြန်..မင်းတို့နှစ်ယောက် ကားပေါ်အမြန်တက်..ဒီနေရာမှာ ကားရပ်လို့မရဘူး"
ဝိန်းရိဖန် ;
"မ...."
စုဟောက်အန်းက အလောတကြီးဖြင့်
"မြန်မြန်!"
"...."
မတတ်နိုင်တော့သည့်အဆုံး ကားအနောက်ဘက်ခုံဆီသို့သာ ဝင်ထိုင်လိုက်ရတော့သည်။
နေရာတွင်ထိုင်ပြီးသွားသည့်အခါတွင်မှ အနောက်ခုံတွင်အခြားသူတစ်ယောက်ရှိနေသေးမှန်း ဝိန်းရိဖန် သိလိုက်ရ၏။
သူမ၏မျက်ဝန်းက တစ်နေရာထဲတွင် အာရုံစူးစိုက်လျက်။
ကားအတွင်းရှိအလင်းရောက်က အပြင်ကထက် သိသိသာသာပို၍မှောင်နေခဲ့ကာ ထိုယောက်ျားလေးက အသံတစ်ချက်မပြု ၊ အသက်ရှုနှုန်းများက နှေးကွေးနေပါသည့်တိုင် သူ့တည်ရှိမှုအငွေ့အသက်များမှာတော့ ပြင်းပြလွန်းလှသည်။ လက်ရှိအချိန်တွင် ထိုသူက အရိုးလုံးဝမရှိသည့်လူအလား ကားထိုင်ခုံကိုမှီထားကာ မျက်လုံးများကို မှိတ်ပြီး ပျင်းတိပျင်းရွဲပုံစံဖြင့် မှေးနေခဲ့သည်။
သူ့ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည့်အရာအားလုံးကို လုံးဝဂရုမပြုသည့်အလားသဏ္ဍာန်မျိုးပင်။
ကား စက်နှိုးလိုက်၏။
စုဟောက်အန်းက နောက်ကြည့်မှန်မှတဆင့် လှမ်းကြည့်လာရင်း
"ဝေ့..စန်းရန်..မအိပ်နဲ့တော့..မင်းရဲ့အချစ်ဦးလေးကို ထကြည့်ဦး!"
ဝိန်းရိဖန် ;
"...."
**********
~~Zawgyi~~
တိုက္ရိုက္ထုတ္လႊင့္မႈၿပီးသည့္ေနာက္တြင္ က်န့္ယြီက မီးရႈးမီးပန္းပြဲေတာ္သို႔လာေရာက္လည္ပတ္ၾကသည့္ၿမိဳ႕သူၿမိဳ႕သားမ်ားအား အင္တာဗ်ဴးေမးျမန္းေနခဲ့သည္။
ထို႔ေနာက္တြင္ေတာ့ တစ္အုပ္စုလုံး ပါလာသည့္ပစၥည္းမ်ားကို ထုတ္ပိုးၿပီး ျပန္လာၾကေတာ့သည္။
အခုေလးတင္ျဖစ္သြားခဲ့သည့္ကိစၥႏွင့္ပတ္သတ္၍ ဝိန္းရိဖန္၏စိတ္ထဲ မတင္မက်ျဖစ္ေနရကာ ကားေနာက္ခန္းရွိ သူမ၏ေဘးတြင္ထိုင္ေနသည့္ ဖုကြၽမ့္အား ေခၚလိုက္၏။
"သာ့ကြၽမ့္ "
ဖုကြၽမ့္က တုန့္ျပန္သံျပဳလိုက္၏။
"ေအ့"
ဝိန္းရိဖန္၏ Mask က ဝတ္ထားဆဲျဖစ္ကာ
"တကယ္လို႔ မင္းက အစ္မကို လမ္းေပၚမွာေတြ႕လိုက္တယ္ပဲထား..အစ္မက အခုလိုမ်ိဳး Mask တပ္ထားမယ္...မင္းမေတြ႕ဖူးေသးတဲ့ အဝတ္အစားမ်ိဳးကိုလည္း ဝတ္ထားမယ္ဆိုရင္.."
ဝိန္းရိဖန္ စကားကိုခဏရပ္လိုက္ၿပီးေနာက္ အေလးအနက္ေမးလာခဲ့၏။
"မင္း မွတ္မိနိုင္ေလာက္မလား"
" Mask ပဲတပ္ထားတာလား"
ဖုကြၽမ့္က တစ္ခဏမွ်စဥ္းစားေနပုံရၿပီးေနာက္ အလြန္အမင္းေတြးထားသည့္ပုံစံမ်ိဳးျဖင့္
"တျခားဖုံးထားမ်ိဳးေတြ မပါဘူးလား? ဥပမာ ေနကာမ်က္မွန္တပ္ထားတာတို႔ ဦးထုပ္ေဆာင္းထားတာတို႔..တစ္ခုခုေပါ့ဗ်ာ"
"အခုလိုပုံစံမ်ိဳးအတိုင္းပဲ"
ဖုကြၽမ့္က လုံးဝေသခ်ာသည့္ဟန္ပန္ျဖင့္
"ေသခ်ာေပါက္ မွတ္မိနိုင္တာေပါ့ဗ်!"
"...."
"ရိဖန္က်ဲ..မွန္ေသာစကားကိုေျပာရမယ္ဆိုရင္ ကြၽန္ေတာ္ေလ အစ္မေလာက္လွတဲ့လူမ်ိဳးကို တစ္ခါမွမေတြ႕ခဲ့ဖူးဘူး"
ဖုကြၽမ့္က အနည္းငယ္ရွက္သြားသည့္အလား ေခါင္းကိုကုတ္ရင္း
"ကြၽန္ေတာ္ ပထမဆုံးအလုပ္ဝင္တဲ့ေန႕တုန္းက အစ္မကိုေတြ႕လိုက္တဲ့အခ်ိန္ ဘယ္က ႐ုပ္ရွင္မင္းသမီးေရာက္ေနတာလဲတို႔ေတာင္ ထင္မိသြားတာ"
အေရွ႕ေဘးခုံတြင္ထိုင္ေနသည့္ က်န့္ယြီကလည္း ၿပဳံးျပ၍
"ေရွာင္ဖန္က တကယ္ကိုလွတာ"
"ဒီအခ်က္ကေတာ့ အမွန္ပဲေဟ့"
ခ်န္ေဝ့ဟြာက အလုပ္ခ်ိန္မဟုတ္သည့္အခါမ်ိဳးတြင္ အၿမဲတမ္း ေပ်ာ္ေပ်ာ္ေနၿပီးစေနာက္တတ္သည့္သူမ်ိဳးျဖစ္ကာ
"ေရွာင္ဖန္..ခ်စ္သူေကာင္ေလး ရွိေနၿပီလား..ေလာင္ရွစ္က တစ္ရက္ရက္က်ရင္ ေလာင္ရွစ္သားနဲ႕ မိတ္ဆက္ေပးမလို႔ပါဆို"
က်န့္ယြီက သေဘာတက်ရယ္လိုက္ရင္း
"ေတာ္ပါေတာ့ကြာ..နင့္သားကျဖင့္ မူလတန္းေတာင္မၿပီးေသးဘဲနဲ႕"
ဖုကြၽမ့္သည္လည္း ၿပဳံးေနခဲ့ၿပီး
"ဒါမွမဟုတ္ ကြၽန္ေတာ့္ကို စဥ္းစားေပးရင္ေရာ"
သူတို႔၏စေနာက္ေနသည့္စကားမ်ားအတြက္ေတာ့ စိတ္ညစ္ၫူးသြားရျခင္းမ်ိဳးမရွိ ၊ ဝိန္းရိဖန္က ၿပဳံး၍သာေနၿပီး
"မင္းရဲ႕ ႏွစ္သစ္ကူးဆုေတာင္းေလးျပည့္သြားမွ ဆက္ေျပာၾကတာေပါ့"
ဖုကြၽမ့္က အသံကိုျမင့္လိုက္၍
"ရိဖန္က်ဲ!..အစ္မကကြာ လုပ္ျပန္ၿပီ!"
ေနာက္စကားတစ္ခြန္းတြင္ ဖုကြၽမ့္က အေနာက္သို႔မွီခ်လိဳက္ၿပီးမွ
"ဒါေပမယ့္.."
ဝိန္းရိဖန္ ; "အင္း?"
"က်ဲ..ဒီေန႕ အစ္မက ကြၽန္ေတာ့္ကို အႏြေးအိတ္ေပးလိုက္တဲ့ကိစၥေၾကာင့္ ကြၽန္ေတာ္အရမ္းခံစားသြားရတာေနာ္"
ဖုကြၽမ့္၏မ်က္လုံးမ်ားကျပဴးက်ယ္လာၿပီး ခ်ီးက်ဴးမႈတစ္စုံတစ္ရာကို ေတာင္းခံေနသည့္ပုံစံမ်ိဳးျဖင့္
"အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ဆုေတာင္းေနတဲ့အခ်ိန္တုန္းက အစ္မအတြက္ပါ ဆုေတာင္းေပးခဲ့ေသးတယ္"
"ဘာဆုေတာင္းေပးခဲ့တာလဲ"
"အစ္မအေပၚ စူပါအဆင့္ေလာက္ထိေကာင္းေပးတဲ့ခ်စ္သူေကာင္ေလးတစ္ေယာက္ အျမန္ရပါေစဆိုၿပီး ဆုေတာင္းေပးထားတာ"
ဖုကြၽမ့္က လက္သီးဆုတ္ေလၿပီး
"အေျခအေနကလည္း စူပါအဆင့္ေလာက္ထိေကာင္းၿပီး ႐ုပ္ရည္ကလည္း ဒီေန႕ ကြၽန္ေတာ္တို႔ေတြ႕ခဲ့တဲ့ေကာင္ေလးနီးပါး ခန့္ညားရမယ္ကြာ"
"...."
ဝိန္းရိဖန္ အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ေတာ့ မနက္ ႏွစ္နာရီထိုးလုၿပီျဖစ္သည္။
အိပ္ရာဝင္ေနာက္က်လြန္းသည့္အျဖစ္မ်ိဳးက မၾကာခဏႀကဳံေနရသည္ျဖစ္၍လည္း ယခုအခ်ိန္၌ ငိုက္မ်ည္းေနျခင္းမ်ိဳးမရွိ ၊ ပင္ပန္းလြန္း၍ လႈပ္လႈပ္ရွားရွားမလႈပ္ခ်င္ေတာ့႐ုံသာ။ အိမ္ေနရင္းဖိနပ္အပါးကို လဲစီးၿပီးေနာက္ အိပ္ရာေဘးရွိ ေကာ္ေဇာထက္သို႔ ခ်က္ခ်င္းထိုင္ခ်လိဳက္ကာ ဖုန္းမ်က္ႏွာျပင္အား ႏွေးတိႏွေးေကြးျဖင့္ ပြတ္ၾကည့္လိုက္၏။
သူမပို႔ထားသည့္ Groupလိုက္မက္ေဆ့ေၾကာင့္ Missed call မ်ားစြာ ႏွင့္ မဖတ္ရေသးသည့္မက္ေဆ့မ်ားစြာက အသင့္ေစာင့္ႀကိဳေနခဲ့သည္။
တစ္ခုခ်င္းစီ ျပန္စာပို႔ေနရင္းျဖင့္ ဝိန္းရိဖန္က ေအာက္သို႔ဆက္၍ဆြဲခ်ၿပီးဖတ္ေနေလသည္။
မက္ေဆ့ေဘာက္၏ ေအာက္ပိုင္းနားသို႔ ေရာက္လာသည့္တိုင္ စန္းရန္ထံမွ ျပန္စာကိုေတာ့ လက္ခံမရေသးေပ။
စန္းရန္၏မက္ေဆ့ေဘာက္ထဲ ဝင္ၾကည့္လိုက္၏။
'မေပ်ာ္႐ႊင္ခ်င္လည္းေနေလ' ဆိုသည့္စကားလုံးမ်ားကို ၾကည့္ေနရင္း ဝိန္းရိဖန္၏ဦးေရျပာတစ္ခုလုံး တင္းခနဲျဖစ္သြားရေတာ့၏။
"...."
ထိုအခ်ိန္တုန္းကေတာ့ တင္းမာေနသည့္ႏွစ္ေယာက္ၾကားက ေလထုကို သက္သာေစျခင္းအလို႔ငွာ ဟာသ သေဘာေဆာင္ၿပီး ပို႔လိုက္ျခင္းျဖစ္ေသာေၾကာင့္ မူမမွန္သည္ဟူ၍ မခံစားခဲ့ရ။
သို႔ေသာ္ ယခုျပန္ဖတ္ၾကည့္လိုက္သည့္အခါတြင္ေတာ့ ခံစားခ်က္မ်ားက တစ္မ်ိဳးေျပာင္းသြားျပန္ေလၿပီ။
ေဒါသထြက္ရန္လိုၿပီး ပို႔ပစ္လိုက္ျခင္းႏွင့္ မတူေပေရာ့လား။
တစ္ဖက္လူက သူမကို အာ႐ုံမစိုက္ခ်င္မွန္း သိသာေနသည့္အတြက္ ဝိန္းရိဖန္လည္း ထိုအေၾကာင္းအရာႏွင့္ပတ္သတ္ၿပီးမစဥ္းစားခ်င္ပါေတာ့ေပ။ ထိုအခါ တျဖည္းျဖည္းစိတ္လြတ္ကိုယ္လြတ္ျဖစ္လာရၿပီး မဆီမဆိုင္ စန္းရန္ႏွင့္ သူ႕ညီမေလးစန္းက်ီ တို႔ေျပာခဲ့သည့္စကားမ်ားကို ျပန္ေတြးမိလိုက္သည္။
ေနာက္တြင္ေတာ့ အထက္တန္း ပထမႏွစ္၏အခ်ိန္ကာလမ်ားဆီသို႔ ျပန္ေတြးေတာၾကည့္မိေလသည္။
ထိုအခ်ိန္တုန္းက သူတို႔ႏွစ္ဦးစလုံးသည္ အမွတ္မ်ားလည္း မေကာင္း ၊ ေက်ာင္းအဆင့္မ်ားကလည္း ကံေကာင္းလွ်င္ အလယ္အလတ္ေလာက္ရတတ္ၿပီး တစ္ခါတစ္ရံ အတန္း၏ေနာက္ဆုံးဘိတ္ေနရာ၌ ရွိတတ္ၾကသည္။
အက,ပညာအထူးျပဳျဖင့္ နန္းဝူအမွတ္(၁) အထက္တန္းေက်ာင္းသို႔ ဝင္လာသည့္ေက်ာင္းသူ ဝိန္းရိဖန္က သဒ္ဒါဘာသာရပ်များ၌ ေက်ာင္းစာအားနည္းခဲ့သည္။စာလုပ္မည့္ဘာသာရပ္ကိုပင္ ေ႐ြးလြန္းသည့္စန္းရန္မွာေတာ့ သခၤ်ာ ၊ ဓါတုေဗဒ ၊ ႐ူပေဗဒ ဘာသာရပ္မ်ားမွလြဲ၍ အျခားဘာသာရပ္ကို လုံးဝမေလ့လာ စာမၾကည့္ေလဘဲ သူ၏လစဥ္ရီပို႔ကဒ္မ်ားမွာ ေခြးကိုက္ခံသည့္အလား ဆိုးဆိုး႐ြား႐ြားပင္။
သခၤ်ာ ၊ ဓါတုေဗဒ ၊ ႐ူပေဗဒမ်ားတြင္ အမွတ္ျပည့္နီးပါးရထားေသာ္ျငား အျခားဘာသာရပ္မ်ားက အမွတ္ ၃၀/၄၀ ပင္ မေက်ာ္။
စာေမးပြဲရလဒ္မ်ားထြက္လာသည့္အခါတိုင္းတြင္ စန္းရန္က သူမ၏ သိပၸံဘာသာရပ္ဆိုင္ရာအေျဖလႊာစာ႐ြက္မ်ားကို ဆြဲဆြဲယူၾကည့္ကာ ၾကည့္ေနရင္းျဖင့္လည္း မ်က္ခုံးမ်ားပင့္ျမႇောက္သည္အထိ ေအာ္ရယ္တတ္ေသးသည္။
အႀကိမ္တိုင္းနီးပါး ထိုသို႔လုပ္ေနျခင္းေၾကာင့္ အေနေအးၿပီးသေဘာထားေကာင္းသည့္ ဝိန္းရိဖန္ပင္ စန္းရန္ကို သည္းညည္းမခံေပးနိုင္ေတာ့ဘဲ
"စန္းရန္..နင္ ငါ့အေျဖလႊာစာ႐ြက္ကို ၾကည့္ေနလို႔လည္း ဘာမွထူးလာမွာမဟုတ္ဘူး..နင့္ဘာသာနင္ ေမးခြန္းကို ဘယ္ေနရာေတြမွားေျဖထားတာလဲဆိုၿပီး ရွာေနသင့္တာ"
"ဟမ္?..မင္းဘက္က ငါ့ကို ဘာလုပ္ေနတယ္ထင္ၿပီး အထင္ေတြလႊဲေနတာတုန္း"
စန္းရန္က မ်က္လႊာပင့္ၾကည့္လာခဲ့ၿပီး သူ႕လက္ေခ်ာင္းထိပ္က သူမ၏အေျဖလႊာစာ႐ြက္ေပၚမွ အနီေရာင္အမွားျခစ္ကို ဝိုင္းျပရင္း ဂုဏ္ၿပိဳင္ေနသည့္မ်က္ႏွာေပးျဖင့္
"ငါ့အေျဖလႊာစာ႐ြက္ေပၚမွာက်ေတာ့ ဒီလိုဟာမ်ိဳးေတြမရွိဘူးေရာ"
"...."
------
ဝိန္းရိဖန္က အေတြးမ်ားကိုျပန္႐ုတ္သိမ္းလိုက္ၿပီး အဝတ္အစားလဲကာ ေရခ်ိဳးရန္ျပင္လိုက္၏။
စန္းရန္ဘက္မွ သူမအား မသိခ်င္ေယာင္ေဆာင္ေနျခင္းအေပၚ၌လည္း အမွန္တြင္ နားလည္ေပးနိုင္ပါခဲ့သည္။
ျဖစ္နိုင္သည္မွာ စန္းရန္မွ သူမအား ျပန္ေတြ႕လိုက္ရသည့္ထိုအခ်ိန္ကေလးအတြင္းတြင္ ဆယ္ေက်ာ္သက္အ႐ြယ္တုန္းက မထိုက္တန္သည့္သူတစ္ေယာက္အေပၚ ႐ူး႐ူးႏွမ္းႏွမ္းလုပ္ေပးခဲ့ဖူးသည့္ကိစၥမ်ားကို ျပန္အမွတ္ရမိလိုက္ၿပီး ဘဝသက္တမ္းတစ္ေလွ်ာက္လုံးရွိ စြန္းထင္းေနေသာတစ္ခုတည္းေသာသမိုင္းကို ျပန္လွန္ေလွာမိလိုက္ျခင္းေၾကာင့္လား။ထို႔ေၾကာင့္ သူမႏွင့္ထပ္၍ မပတ္သတ္ခ်င္ေတာ့သည့္အတြက္ေၾကာင့္လား။
ထိုအခါ မမွတ္မိခ်င္ေယာင္ေဆာင္လိုက္ျခင္းကသာ အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္ပါေတာ့မည္။
ဤသို႔ဤႏွယ္ေတြးမိေနရင္းက...
ဝိန္းရိဖန္သည္ စန္းရန္ဘက္မွသေဘာထားကိုလည္း ေတြးၾကည့္မိလိုက္သည္။
ေမ့ေပ်ာက္လုနီးနီးျဖစ္ေနသည့္ ငယ္ခ်စ္ကေလးက ႐ုတ္တရက္ သူ႕ဘားထဲ၌ျပန္ေပၚလာသည့္အျပင္ သူ႕ကိုပါ ေပ်ာ္ေတာ္ဆက္ေကာင္ေလးအျဖစ္ထင္မွတ္ၿပီး ေခၚလိုက္ျခင္း ;
လက္ေကာက္ကို တမင္သက္သက္ခ်ခ်န္ထားခဲ့ၿပီး ဒုတိယအႀကိမ္ေတြ႕ဆုံရန္ အေၾကာင္းဖန္ထားျခင္း ;
နီးစပ္ေစရန္ႀကံဖန္ၿပီး ဆုေတာင္းစကားကို တမင္သက္သက္ မက္ေဆ့ပို႔လိုက္ျခင္း ;
ေနာက္ဆုံးတစ္ခုအေနျဖင့္ တစ္္စုံတစ္ေယာက္ႏွင့္တိုက္မိခ်င္ဟန္ေဆာင္ၿပီး သူႏွင့္အသားခ်င္းထိရန္ ႀကံစည္ျခင္း ;
"...."
စန္းရန္ဘက္မွ မည္သည့္အတိုင္းအတာထိေတြးေနၿပီမွန္း မသိနိုင္ပါေတာ့ေပ။
ႏွစ္သစ္တစ္ႏွစ္က ပုံမွန္အတိုင္းေရာက္ရွိလာပါေတာ့၏။
ႏွစ္သစ္ကူးၿပီးေန႕တြင္ က်ဳံးစစ္ေခ်ာင္က wechat မွတဆင့္ အိမ္ၿခံေျမလုပ္ငန္း၌အက်ိဳးေဆာင္လုပ္ေနသည့္မိတ္ေဆြတစ္ဦးႏွင့္ အဆက္အသြယ္လုပ္ေပးလာခဲ့သည္။
ဝိန္းရိဖန္ဘက္မွ သုံးမည့္ေငြပမာျဖင့္ဆိုလွ်င္ ငွားရမ္းနိုင္မည့္အိမ္ခန္းအေျခအေနမ်ားမွာ နဂိုကငွားရမ္းထားသည့္အုပ္စုလိုက္အိမ္ခန္းမ်ိဳးမ်ားမွ မဟုတ္လွ်င္ ဆင္ေျခဖုံးရပ္ကြက္မ်ိဳးမွ တစ္ေယာက္ေနအိမ္ခန္းမ်ားသာ ရနိုင္ခဲ့၏။
ထို႔ေၾကာင့္ က်ဳံးစစ္ေခ်ာင္က သူမအား အႀကံဥာဏ္ေပးလာခဲ့၏။
အတူေနမည့္အခန္းေဖာ္ရွာရန္ျဖစ္၏...
အကယ္၍ အတူေနမည့္အခန္းေဖာ္ ႏွစ္ေယာက္ သုံးေယာက္ရွိလွ်င္ အခန္းငွားခက မွ်ခံၾကမည္ျဖစ္ေသာေၾကာင့္ အေတာ္ေလးသက္သာလိမ့္မည္။
ဝိန္းရိဖန္က အႀကံေပးခ်က္ကိုလက္ခံလိုက္ေသာ္ျငား အတူေနမည့္အခန္းေဖာ္အား မည္သည့္ေနရာမွ သြားရွာရမည္မွန္းမသိ။ ေဘးခန္းအိမ္နီးခ်င္းမွေပးထားသည့္အရိပ္ဆိုးႀကီးေၾကာင့္ သူစိမ္းတစ္ေယာက္ႏွင့္ တစ္အိမ္တည္းေနၿပီးမွ်သုံးဖို႔ရန္ မရဲပါေခ်။
သူမႏွင့္လည္းရင္းႏွီးၿပီး မိန္းကေလးခ်င္းျဖစ္မည့္သူတစ္ေယာက္ကိုသာ ရွာလို၏။
ၾကာသပေတးေန႕ ေန႕လည္ခင္းတစ္ခုတြင္ ဝိန္းရိဖန္ အယ္ဒီတာအခန္းထဲမွထြက္လာၿပီးေနာက္ သန့္စင္ခန္းဆီသို႔လာခဲ့သည္။အသုံးျပဳၿပီး ျပန္အတြက္တြင္ တစ္ဖြဲ႕တည္းသားခ်င္းျဖစ္သည့္ 'ဝမ္လင္လင္' ႏွင့္ ဆုံရန္အေၾကာင္းဖန္လာခဲ့၏။
ဝမ္လင္လင္သည္ 'ခြၽမ္တ' သတင္းဌာန၌ အလုပ္လုပ္ေနသည္မွာ သုံးႏွစ္နီးပါးရွိၿပီျဖစ္ၿပီး သူမထက္လည္း အသက္အနည္းငယ္ႀကီးကာ ႐ုပ္ရည္အမူအရာ အသံေနအသံထားအားလုံးက ခ်ိဳျမျမေလးျဖစ္သည္။ ႏွစ္သစ္ကူးေန႕လည္း ခြင့္ယူထားခဲ့ၿပီး အၿမဲတမ္းလိုလို ႐ုံးလာေနာက္က်ၿပီး ေစာေစာျပန္သြားတတ္သည့္သူေၾကာင့္ ဝိန္းရိဖန္မွာ ဝမ္လင္လင္အား မေတြ႕ရၾကာသူတစ္ဦးလိုပင္ ခံစားေနမိေတာ့သည္။
ဝိန္းရိဖန္ဘက္မွ စၿပီး ဝမ္လင္လင္အား ႏႈတ္ဆတ္လိုက္၏။
ဝမ္လင္လင္က မွန္ထဲမွတဆင့္ သူမအား လွမ္းၾကည့္လာခဲ့၍
"ေအ့..ေရွာင္ဖန္..နင့္ႏႈတ္ခမ္းနီက ဘာအေရာင္လဲဟင္..ေတာ္ေတာ္ေလး ၾကည့္လို႔ေကာင္းတယ္"
ဝိန္းရိဖန္က ေမးသည့္အေမးကို အလိုလိုေျဖမိလိုက္၏။
"ဒီေန႕ေတာ့ ဘာမွမဆိုးခဲ့ရဘူး..ဒါေပမယ့္ ပုံမွန္သုံးေနက်အေရာင္က...."
"အိုက္ယား!"
စကားဆုံးေအာင္နားမေထာင္ေလဘဲ ဝမ္လင္လင္ကစကားကိုျဖတ္ေျပာလာ၍
"ဘာကို မဆိုးခဲ့ရဘူးလဲ..မိန္းကေလးအခ်င္းခ်င္းပဲဟာ..ရိုးရိုးသားသားေပါ့..မင္းဘက္က အစ္မကို ဘာတံဆိပ္သုံးလဲေမးလာခဲ့ရင္လည္း အစ္မေျပာျပမွာပဲဟာ"
စကားေျပာၿပီးသည္ႏွင့္ ဝမ္လင္လင္က တစ္ဖက္လူ၏အေျဖကိုမေစာင့္ဘဲ ေဒါက္ဖိနပ္သံတစ္ခ်က္ခ်က္ျမည္ကာ သန့္စင္ခန္းထဲမွ ထြက္သြားေတာ့၏။
ဝိန္းရိဖန္က ေၾကာင္အအျဖင့္ရပ္က်န္ေနခဲ့ၿပီး မွန္ကို စိုက္ၾကည့္ေနရင္းျဖင့္ ႏႈတ္ခမ္းအား လက္ခုံျဖင့္အေတြေတြအေဝေဝဖိသုတ္ပစ္မိလိုက္သည္။
အမွန္တကယ္ မဆိုးထားခဲ့ျခင္း...
႐ုံးခန္းထဲသို႔ျပန္ေရာက္သည့္အခ်ိန္တြင္။
ဝိန္းရိဖန္က အလုပ္စားပြဲဆီသို႔ေလွ်ာက္လာခဲ့၏။ ဝမ္လင္လင္၏အလုပ္စားပြဲက သူမ၏အေနာက္ေထာင့္ေနရာတြင္ျဖစ္ၿပီး လက္ရွိအခ်ိန္၌ ဝမ္လင္လင္သည္ အလုပ္စားပြဲေပၚ၌ ခပ္ေလ်ာ့ေလ်ာ့မွီထိုင္ထားရင္း ဝိန္းရိဖန္၏ ေဘးခုံမွ 'စုထ်န္း' ႏွင့္ စကားေျပာေနျခင္းျဖစ္သည္။
စုထ်န္းႏွင့္ဝိန္းရိဖန္က အလုပ္ထဲသို႔ဝင္လာခ်ိန္လည္းတူၿပီး သက္တူ႐ြယ္တူလည္းျဖစ္ကာ ႏွစ္ေယာက္သား၏ဆက္ဆံေရးကလည္း အေတာ္ေလးေကာင္းမြန္ၾကသည္ဟုဆိုရမည္။
ဝိန္းရိဖန္ ၿပဳံးျပလိုက္၍
"ဘာေတြေျပာေနၾကတာလဲ"
စုထ်န္း ;
"လင္က်ဲ နဲ႕ သူ႕ခ်စ္သူေကာင္ေလးရဲ႕ ႏွစ္သစ္ကူးညကိုဘယ္လိုကုန္ဆုံးၾကတဲ့အေၾကာင္း ေျပာေနၾကတာ"
"ဒီတိုင္း စကားမရွိ စကားရွာေျပာေနၾကတာပါ"
ဝမ္လင္လင္က လက္ရမ္းျပရင္း
"ငါကလည္း ကံေလးေကာင္းေနလို႔ပါ..ႏွစ္သစ္ကူးၿပီးေနာက္တစ္ေန႕က အားရက္လည္းျဖစ္ေနေတာ့ ေကာင္ေလးနဲ႕အတူ 'ဟြိုက္ဇူ' အပန္းေျဖဧရိယာဘက္မွာ ႏွစ္သစ္ကူးညကိုျဖတ္သန္းျဖစ္သြားတာ..ဖေယာင္းတိုင္မီးထြန္းထားတဲ့ညစာေလးကိုစား ၊ ေရပူစမ္းေလးစိမ္ ၊ ၿပီးေတာ့ ငါ့ကို 5200 နဲ႕ 1314 ဆိုၿပီးလည္း လႊဲေပးေသးတယ္..ဘာမွထူးထူးျခားျခားမလုပ္ျဖစ္ၾကပါဘူး..ဒီတိုင္း ပ်င္းစရာႀကီး"
(5200 က တ႐ုတ္အသံထြက္အရ အသံထြက္ခ်င္းဆင္တူတဲ့ ေဝၚအိုက္နီ ငါနင့္ကိုခ်စ္တယ္ / 1314 က တ႐ုတ္အသံထြက္ခ်င္းဆင္တူျဖစ္တဲ့ ရိရွန္ရိရွစ္ အၿမဲတမ္းထာဝရ ကိုဆိုလိုတာပါ )
"အရမ္းအားက်တာပဲ..လင္က်ဲ.."
စုထ်န္းက ေအာက္ႏႈတ္ခမ္းကိုတြန့္ေကြးျပၿပီး စကားလမ္းေၾကာင္းေျပာင္းရန္ ႀကိဳးစားေနေတာ့၏။
"ဒါနဲ႕ ရိဖန္..နင္ အိမ္ေျပာင္းမလို႔ဆို..အိမ္ခန္းအသစ္ေရာ ရွာလို႔ေတြ႕ၿပီလား"
ဝမ္လင္လင္က တအံ့တၾသျဖစ္သြားသည့္ပုံစံမ်ိဳးျဖင့္ ခ်က္ခ်င္းေမးလာခဲ့သည္။
"ေအ့..ေရွာင္ဖန္..နင္ အိမ္ေျပာင္းမလို႔လား"
ဝိန္းရိဖန္ ; "အင္း"
"ဒါဆိုရင္ေတာ့ တိုက္ဆိုင္တာပဲ"
ဝမ္လင္လင္က ထခုန္ေလၿပီး
"အစ္မလည္း အခုတေလာအရမ္းစိတ္ရႈပ္ေနရတာ..အစ္မရဲ႕အရင္အိမ္ခန္းေဖာ္ေဟာင္းက အလုပ္ထြက္ၿပီးဇာတိၿမိဳ႕ကို ျပန္သြားခဲ့တာနဲ႕ အခန္းကလြတ္ေနတာ..အခုခ်ိန္ထိ အဆင္ေျပမယ့္ အခန္းေဖာ္ကို ရွာမေတြ႕ေသးဘူး"
ဝိန္းရိဖန္လည္း အံ့ၾသသြားပါေသာ္လည္း တုန့္ျပန္ခ်က္တစ္ခုမျပဳေပ။
ဝမ္လင္လင္ ;
"အစ္မေနေနတဲ့အိမ္ခန္းမွာ လာေနဖို႔ မစဥ္းစားၾကည့္ခ်င္ဖူးလား"
စုထ်န္း ;
"လင္က်ဲ..အစ္မက ဘယ္နားမွာေနတာလဲ..ရိဖန္က ကုမၸဏီနဲ႕နီးတဲ့ေနရာမ်ိဳးကို ရွာေနတာ"
ဝမ္လင္လင္ ;
" 'ရွန့္တုဟြားခ်န္' မွာပဲေနတာ..အရမ္းနီးတယ္"
ဝိန္းရိဖန္က သူမလက္ရွိေနေနသည့္ေနရာႏွင့္ ထိုရပ္ကြက္က အိမ္နီးခ်င္းမ်ားသဖြယ္နီးနီးေလးျဖစ္မွန္း တန္းသိလိုက္ကာ ခါတိုင္း သူမအလုပ္ဆင္းသည့္အခ်ိန္တိုင္း၌လည္း ထိုရပ္ကြက္ကိုျဖတ္ေလွ်ာက္သြားရေသးသည္။ထို႔အျပင္ လြန္ခဲ့ေသာႏွစ္အနည္းငယ္ကမွ အသစ္တည္ထားသည့္အိမ္ရာမ်ားလည္းရွိကာ အဆင့္အတန္းနည္းနည္းျမင့္သည့္အိမ္ရာမ်ိဳးဟုလည္း သတ္မွတ္ထားၾကသည္။
စုထ်န္းက ဝိန္းရိဖန္အား တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ဆက္၍
"ဒါဆို အစ္မအျပင္ တျခားအခန္းေဖာ္ေတြေရာရွိေသးလား"
"မရွိဘူး မရွိဘူး..အစ္မတစ္ေယာက္တည္းေနေနတာ"
ဝမ္လင္လင္က ဝိန္းရိဖန္၏ပုခုံးကို ပုတ္လိုက္ရင္း ခ်စ္စရာေကာင္းသည့္ဟန္မ်ိဳးၿပဳံးျပ၍
"စိတ္မပူပါနဲ႕..အစ္မက ေတြ႕ကရာလူတိုင္းကို အိမ္ထဲ ေလွ်ာက္ေခၚလာတတ္တဲ့သူမ်ိဳးမဟုတ္ပါဘူး..အစ္မတို႔သာ အတူေနျဖစ္ၾကမယ္ဆိုရင္ ေဆာင္ရေရွာင္ရမယ့္အခ်က္ေလးေတြကိုလည္း ႀကိဳၿပီးေဆြးႏြေးလို႔ရပါတယ္..တကယ္လို႔သာ စဥ္းစားထားတယ္ဆိုရင္ ဒီေန႕အလုပ္ဆင္းတဲ့အခ်ိန္ အရင္ဆုံး အိမ္ခန္းကို လိုက္ၾကည့္ၾကည့္..."
ဤအထိစကားဆိုေနၿပီးမွ ဝမ္လင္လင္က ႐ုတ္တရက္ရပ္တန့္လိုက္မိကာ စကားကိုျပန္ေျပာင္းဆိုလိုက္၏။
"အိုက္ယား..မရေသးဘူး..မနက္ျဖန္မွပဲ လိုက္ၾကည့္ေတာ့ေနာ္..အစ္မ ဒီေန႕ ေကာင္ေလးနဲ႕ ႐ုပ္ရွင္သြားၾကည့္ဖို႔ခ်ိန္းထားေသးလို႔"
ဝိန္းရိဖန္ ;
"ရပါတယ္..ဒါဆိုလည္း မနက္ျဖန္ေပါ့"
------
ဝမ္လင္လင္ လက္ဖက္ရည္ခန္းထဲသို႔ ဝင္သြားၿပီးေနာက္တြင္။
စုထ်န္းက စိုးရိမ္ေနသည့္ပုံစံမ်ိဳးျဖင့္ အနားသို႔ကပ္လာၿပီး
"နင္ တကယ္ပဲ သူနဲ႕အတူေနမလို႔လား..ငါစိတ္ထင္ေတာ့ သူက အရမ္းစိတ္ရႈပ္စရာေကာင္းသလားလို႔..တစ္ေန႕လုံး သူ႕ရဲ႕ ဟိုဒုတိယမ်ိဳးဆက္ခ်မ္းသာတဲ့ရည္းစားအေၾကာင္းပဲ လိုက္ေျပာေနတာ..ၿပီးေတာ့ ငါပဲခံစားေနမိတာလားေတာ့မသိဘူး..နင္က ႐ုပ္ေခ်ာေတာ့ေလ သူ နင္နဲ႕စကားေျပာတဲ့အခ်ိန္တိုင္း ယင္နဲ႕ယန္လိုပဲ"
ဝိန္းရိဖန္လည္း ဝမ္လင္လင္၏အက်င့္ပုံစံကို နားလည္သင့္သေလာက္နားလည္ထားပါသည္။
မေကာင္းသည့္စိတ္ထားမ်ိဳးမရွိဘဲ ကလူ၏ျမႇူ၏အက်င့္စရိုက္ေလးႏွင့္ပါးစပ္ဆိုး႐ုံသာ။ ထိုအခ်က္ႏွစ္ခ်က္က သူမအတြက္ေတာ့ ျပႆနာႀကီးႀကီးမားမားဟု မထင္မွတ္ဘဲ ၊ မ်ားေသာအားျဖင့္လည္း ဝမ္လင္လင္ႏွင့္ဆက္ဆံေရးအဆင္ေျပခဲ့သည္သာ။
ဝိန္းရိဖန္ မ်က္လုံးမ်ားျပတ္ခတ္ပုတ္ခတ္လုပ္လိုက္ရင္း
"ငါ အိမ္ခန္းကိုအရင္ၾကည့္ၾကည့္လိုက္ပါဦးမယ္"
ေနာက္တစ္ေန႕ အလုပ္ဆင္းသည့္အခ်ိန္တြင္။
ဝိန္းရိဖန္ႏွင့္ဝမ္လင္လင္တို႔က ေျမေအာက္ရထားျဖင့္ 'ရွန့္တုဟြားခ်န္' သို႔ထြက္လာခဲ့လိုက္၏။
ဝမ္လင္လင္က လက္ရွိေနေနသည့္အိမ္ခန္းထဲတြင္ အိပ္ခန္း သုံးခန္းပါၿပီး တစ္ခန္းမွာ အိမ္ပိုင္ရွင္၏ပစၥည္းမ်ားထည့္သိမ္းထားသည့္အတြက္ က်န္သည့္အခန္းႏွစ္ခန္းကိုသာ ငွားရမ္းထားသည္။ ေရခ်ိဳးခန္းႏွင့္အိမ္သာတြဲပါသည့္ အိပ္ခန္းႀကီးတစ္ခုႏွင့္ ရိုးရိုးအိပ္ခန္းငယ္တို႔ျဖစ္သည္။
ထို႔ေၾကာင့္ ငွားရမ္းခအား အနည္းငယ္ေလ်ာ့ေပါ့ေပးထားေသးသည္။
အိမ္ခန္းတစ္ခုလုံးက အေတာ္ေလးအဆင္ေျပၿပီး မီးဖိုေခ်ာင္ ၊ ထမင္းစားခန္းႏွင့္ ဝရံတာတို႔အျပင္ အျခားလိုအပ္သည့္ပစၥည္းမ်ိဳးစုံလည္း ရွိထားသည္။
အိပ္ခန္းႀကီးက ဝမ္လင္လင္အသုံးျပဳေနသည့္အတြက္ ဝိန္းရိဖန္က အိပ္ခန္းငယ္ထဲသို႔သာ တစ္ခ်က္ဝင္ၾကည့္လိုက္၏။
အခန္းက သပ္သပ္ရပ္ရပ္ရွိလွၿပီး စားပြဲခုံေပၚ၌လည္း ဖုန္မႈန့္ဟူ၍မရွိပါေခ်။
ဝမ္လင္လင္ ;
"အစ္မက အိပ္ခန္းႀကီးကိုသုံးေနတာမလို႔ အိမ္ခန္းလခကို မင္းထက္ အစ္မပိုေပးမွာပါ..မင္းဘက္က တစ္လကို ယြမ္၂၀၀၀ ပဲေပးရမွာ..အျခား ေရဖိုးမီးဖိုးေတြကေတာ့ တစ္ေယာက္တစ္ဝက္က်ခံမယ္ေလ..အဆင္ေျပတယ္မလား"
ဤေစ်းႏႈန္းက သူမ အရင္ကေနခဲ့သည့္ အုပ္စုလိုက္အိမ္ခန္းငွားခမ်ားထက္ နည္းနည္းေတာ့ေစ်းမ်ားသည္ဟု ဆိုနိုင္ေသာ္လည္း သူမတတ္နိုင္သည့္ ပမာဏထဲေတာ့ပါေနေသးသည္။
အေျခအေနအရပ္ရပ္တိုင္းဆီကလည္း ေကာင္းတာထက္ကို ပိုေနၿပီမဟုတ္လား။
ဝိန္းရိဖန္က စကားတစ္ခြန္းမဆိုဘဲ စဥ္းစား၍သာေနေနခဲ့၏။
"မင္း ထပ္ၿပီးစဥ္းစားၾကည့္ေပါ့"
ဘယ္လိုပင္ျဖစ္ေစ အိမ္ေျပာင္းသည့္ကိစၥက ေသးေသးမႊားမႊားမဟုတ္သည့္အတြက္ ဝမ္လင္လင္လည္း အတင္းအၾကပ္တိုက္တြန္းေနျခင္းမ်ိဳးမလုပ္ေတာ့ဘဲ အခ်ိန္ကို တစ္ခ်က္ၾကည့္လိုက္၍
"ဒီအခ်ိန္ေတာင္ေရာက္ေနၿပီလား..အစ္မတို႔ အရင္ဆုံးတစ္ခုခုသြားစားရေအာင္ေလ..အစ္မ ဗိုက္ဆာေနၿပီ"
ဝိန္းရိဖန္က ညစာစားေလ့စားထမရွိသည့္အတြက္ ျငင္းလိုက္မည္အျပဳ ၊ သူတို႔ႏွစ္ဦးၾကားတြင္ အိမ္ခန္းအတူငွားၾကမည့္ပတ္သတ္မႈမ်ိဳးက ရွိေကာင္းရွိလာနိုင္သည္ကိုေတြးမိၿပီး ေကာင္းမြန္သည့္ဆက္ဆံေရးတစ္ခုတည္ေဆာက္ထားျခင္းအလို႔ငွာ ဖိတ္ေခၚမႈကိုလက္ခံလိုက္၏။
ႏွစ္ေယာက္သားက အိမ္ရာဝန္းအတြင္းမွ ထြက္လာသည့္အခ်ိန္ကိုက္နီးနီးတြင္ ဝမ္လင္လင္၏ဖုန္းသံျမည္လာခဲ့၏။ ဖုန္းမေျဖခင္ ေခ်ာင္းသံ သုံးေလးခ်က္ျပဳလိုက္ၿပီးမွ
"ဟယ္လို..အခ်စ္ကေလး..ဘာျဖစ္လို႔လဲဟင္"
ဝိန္းရိဖန္က ေဘးမွေနၿပီး တိတ္တိတ္ဆိတ္ဆိတ္ေလွ်ာက္လိုက္လာခဲ့သည္။
"အခုလား..သူငယ္ခ်င္းတစ္ေယာက္နဲ႕အျပင္မွာ..ထမင္းသြားစားဖို႔လုပ္ေနတာ"
ဝမ္လင္လင္က အလိုလိုက္ခံထားသည့္ကေလးတစ္ေယာက္လို ျပဳမူရင္း
"ရတာေပါ့..အခ်စ္က ဘယ္နားေလးမွာလဲ..တို႔က အိမ္ရာရဲ႕ဂိတ္ေပါက္ဝနားေလးမွာ ရပ္ေနၾကတာ..လမ္းေလွ်ာက္ရမွာ အရမ္းပင္ပန္းတာပဲ..အင့္..အခု ကားကိုေမာင္းလာခဲ့မွာလား..ေရာက္ေတာ့မွာလား..ဒါဆိုေကာင္းတာေပါ့..အခ်စ္ ကားေမာင္းေနတာကို မႏွောက္ယွက္ေတာ့ဘူးေနာ္..ဂိတ္ေပါက္နားမွာ လိမ္လိမ္မာမာေလးေစာင့္ေနမယ္..ျမန္ျမန္လာႀကိဳေနာ္"
ဝမ္လင္လင္ ဖုန္းခ်လိဳက္ၿပီးေနာက္တြင္ ဝိန္းရိဖန္က
"ဒါဆို အရင္ျပန္ႏွင့္ေတာ့မယ္ေလ..မနက္ျဖန္မွ..."
"ဘာလို႔ ႐ုတ္တရက္ႀကီး ျပန္မွာလဲ..အစ္မတို႔ အတူတူထမင္းစားမယ္လို႔ေျပာထားတယ္ေလ"
ဝမ္လင္လင္က မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး ဆက္၍
"အို႔..ခနိုးခႏွောင့္ျဖစ္ေနစရာမလိုပါဘူးေနာ္..မင္းက ေနာက္မီးလုံးေလးျဖစ္ေနမွာမဟုတ္ဘူး..အစ္မေကာင္ေလးကလည္း သူ႕သူငယ္ခ်င္းကိုေခၚလာတာ..အပ်င္းေျပ အျပင္ထြက္တယ္လို႔ပဲ သေဘာထားလိုက္ပါ"
ဝိန္းရိဖန္ ေနာက္တစ္ႀကိမ္ျငင္းဖို႔ပင္ အခ်ိန္မရေတာ့ဘဲ အနက္ေရာင္ကားတစ္စင္းက ေရွ႕တည့္တည့္တြင္ ထိုးရပ္သြားေတာ့သည္။
ယာဥ္ေမာင္းသူေဘးခုံဘက္မွ ျပတင္းမွန္က်လာၿပီးေနာက္တြင္ ယာဥ္ေမာင္းေနရာတြင္ထိုင္ေနသည့္ေယာက္်ားတစ္ဦးက ေခါင္းလွည့္ၾကည့္ကာၿပဳံးျပ၍
"အခ်စ္ကေလး..ကားေပၚျမန္ျမန္တက္.."
ေနာက္တစ္စကၠန့္တြင္ ဝမ္လင္လင္ေဘး၌ရပ္ေနသည့္ ဝိန္းရိဖန္ကို သတိထားမိသြားခဲ့ေတာ့၏။
"ေအ..ဝိန္းရိဖန္?"
ဝိန္းရိဖန္လည္း လွမ္းၾကည့္ရင္း ဆြံ႕အသြားလ်က္။
သူမ မေတြးထင္ထားခဲ့သည့္အတိုင္း...
ဝမ္လင္လင္၏ ဒုတိယမ်ိဳးဆက္သူေဌးသားခ်စ္သူေကာင္ေလးက စုေဟာက္အန္း ျဖစ္ေနမည္ဟူ၍။
"ငါ-ူး..မေတြ႕ျဖစ္တာ ဘယ္ႏွႏွစ္ေတာင္ရွိၿပီလဲ..."
သူ႕စကားမဆုံးခင္ အေနာက္ဘက္မွ ဝီစီမႈတ္သံကိုၾကားလိုက္ရ၍
"ငါ-ူး..ျမန္ျမန္..မင္းတို႔ႏွစ္ေယာက္ ကားေပၚအျမန္တက္..ဒီေနရာမွာ ကားရပ္လို႔မရဘူး"
ဝိန္းရိဖန္ ;
"မ...."
စုေဟာက္အန္းက အေလာတႀကီးျဖင့္
"ျမန္ျမန္!"
"...."
မတတ္နိုင္ေတာ့သည့္အဆုံး ကားအေနာက္ဘက္ခုံဆီသို႔သာ ဝင္ထိုင္လိုက္ရေတာ့သည္။
ေနရာတြင္ထိုင္ၿပီးသြားသည့္အခါတြင္မွ အေနာက္ခုံတြင္အျခားသူတစ္ေယာက္ရွိေနေသးမွန္း ဝိန္းရိဖန္ သိလိုက္ရ၏။
သူမ၏မ်က္ဝန္းက တစ္ေနရာထဲတြင္ အာ႐ုံစူးစိုက္လ်က္။
ကားအတြင္းရွိအလင္းေရာက္က အျပင္ကထက္ သိသိသာသာပို၍ေမွာင္ေနခဲ့ကာ ထိုေယာက္်ားေလးက အသံတစ္ခ်က္မျပဳ ၊ အသက္ရႈႏႈန္းမ်ားက ႏွေးေကြးေနပါသည့္တိုင္ သူ႕တည္ရွိမႈအေငြ႕အသက္မ်ားမွာေတာ့ ျပင္းျပလြန္းလွသည္။ လက္ရွိအခ်ိန္တြင္ ထိုသူက အရိုးလုံးဝမရွိသည့္လူအလား ကားထိုင္ခုံကိုမွီထားကာ မ်က္လုံးမ်ားကို မွိတ္ၿပီး ပ်င္းတိပ်င္း႐ြဲပုံစံျဖင့္ ေမွးေနခဲ့သည္။
သူ႕ပတ္ဝန္းက်င္တြင္ျဖစ္ပ်က္ေနသည့္အရာအားလုံးကို လုံးဝဂ႐ုမျပဳသည့္အလားသ႑ာန္မ်ိဳးပင္။
ကား စက္ႏွိုးလိုက္၏။
စုေဟာက္အန္းက ေနာက္ၾကည့္မွန္မွတဆင့္ လွမ္းၾကည့္လာရင္း
"ေဝ့..စန္းရန္..မအိပ္နဲ႕ေတာ့..မင္းရဲ႕အခ်စ္ဦးေလးကို ထၾကည့္ဦး"
ဝိန္းရိဖန္ ;
"...."
**********