ကျွန်တော်ကလူကောင်းလေးဆိုတာကို...

Da Dora_lucyy

38K 5.2K 158

Author(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters... Altro

Description
Chapter - 1 [Uni+Zawgyi] ⭐Arc - 1
Chapter - 2.1 [Uni+Zawgyi]
Chapter - 2.2 [Uni+Zawgyi]
Chapter - 3.1 [Uni+Zawgyi]
Chapter - 3.2 [Uni+Zawgyi]
Chapter - 4.1 [Uni+Zawgyi]
Chapter - 5.1 [Uni+Zawgyi]
Chapter - 6 [Uni+Zawgyi]
Chapter - 7.1 [Uni+Zawgyi]
Chapter - 7.2 [Uni+Zawgyi]
Chapter - 8.1 [Uni+Zawgyi]
Chapter - 8.2 [Uni+Zawgyi]
Chapter - 9.1 & New Year Discount ⭐⭐
Chapter - 9.2 [Uni+Zawgyi]
Chapter - 10.1 [Uni+Zawgyi]
Chapter - 10.2 [Uni - Zawgyi]
Chapter - 11.1[Uni+Zawgyi]
Chapter - 11.2 [Uni+Zawgyi]
Chapter - 12.1 [Uni+Zawgyi]
Chapter - 12.2 [Uni+Zawgyi]
Chapter - 13.1 [Uni+Zawgyi]
Chapter - 13.2 [Uni+Zawgyi]
Chapter - 14.1 [Uni+Zawgyi]
Chapter - 14.2 [Uni+Zawgyi]
Chapter - 15.1 [Uni+Zawgyi]
Chapter - 15.2 [Uni+Zawgyi]
Chapter - 16.1 [Uni+Zawgyi]
Chapter - 16.2 [Uni+Zawgyi]
Chapter - 17.1 [Uni+Zawgyi]
Chapter - 17.2 [Uni+Zawgyi]
Chapter - 18.1 [Uni+Zawgyi]
Chapter - 18.2 [Uni+Zawgyi]
Chapter - 18.3 [Uni+Zawgyi]
Chapter - 18.4 [Uni+Zawgyi]
Chapter - 19.1 [Uni+Zawgyi]
Chapter - 19.2 [Uni+Zawgyi]
24 hours Discount 🎊📢
Chapter - 20.1 [Uni+Zawgyi}
Chapter - 20.2 [Uni+Zawgyi]
Chapter - 21.1 [Uni+Zawgyi]
Chapter - 21.2 [Uni+Zawgyi]
Chapter - 22.1 [Uni+Zawgyi]
Chapter - 22.2 [Uni+Zawgyi]
Chapter - 22.3 [Uni+Zawgyi]
Chapter - 22.4 & {နှစ်သစ်ကူး promotion ⭐}
Chapter - 23.1 [Uni+Zawgyi] ⭐Arc - 2
Chapter - 23.2 [Uni+Zawgyi]
Chapter - 24.1 [Uni+Zawgyi]
ကြိုတင်ပေးမယ့် Telegram Public GP ⭐
Chapter - 24.2 [Uni+Zawgyi]
Chapter - 24.3 [Uni+Zawgyi]
Chapter - 24.4 [Uni+Zawgyi]
Arc Collection 🔥

Chapter - 4.2 [Uni+Zawgyi]

870 140 1
Da Dora_lucyy

ဒါဟာ ရှီချင်း ၏နယ်မြေဖြစ်ပြီး အခန်းထဲတွင် အရည်အသွေးမြင့် စက်ရုပ်အများအပြားရှိသည်။  ယင်မင်ကျန်းသည် သူ့အပေါ်ရှိ 'လူ' ကြောင့် မည်မျှပင် စိတ်မသက်မသာ ဖြစ်နေပါစေ၊ သူ့အား ဖမ်းထားသူအား ဒေါသမထွက်စေရန် ထားလိုက်ရသည်။

"လူတွေရဲ့**** လုပ်တဲ့လုပ်ထုံးလုပ်နည်းကိုရှင်းပြမယ်လို့ ခင်ဗျားပြောခဲ့တာ မဟုတ်ဘူးလား။ မြန်မြန်လုပ်လေ၊ မြန်မြန်ပြောပါ ဒါမှကျွန်တော်တို့လိုက်လုပ်နိုင်မှာပေါ့။"

ရှီချင်းအား မည်သို့လှည့်စားရမလဲ ဆိုတာ အတော်ကြာအောင် သူစဉ်းစားခဲ့တယ်။

ခိုင်လုံသောရှင်းပြချက်တစ်ခုကို သူတည်ဆောက်နေချိန်တွင် သူ့အပေါ်တွင် နာခံမှုရှိရှိထိုင်နေသော လူငယ်လေးနှင့် ရုတ်တရက် မျက်လုံးချင်းဆုံသွားသည်။

ရှီချင်း၏ မျက်လုံးများသည် ငွေဖြူရောင်ဖြစ်သည်။ ထို့ကြောင့် သူ၏တိတ်ဆိတ်သောအကြည့်သည် အတော်လေး ခြိမ်းခြောက်နိုင်လောက်သည်အထိ လန့်စရာကောင်းသော်လည်း အမြင်နောက်တစ်မျိုးနှင့်ကြည့်လျင် နူးညံ့ငြင်သာသည့်ပုံပေါက်စေသည်။

"လူသားတွေက လိမ်ရတာ အတော်‌လေးကြိုက်ကြတယ်ဆိုတာ ကျွန်တော့်သိတယ်။ ကျွန်တော့်ကိုမလိမ်ပါနဲ့ ဘာလို့ဆို ကျွန်တော်ရှာတွေ့သွားမှာမို့လို့ပဲ။ "

သူ့ခန္ဓာကိုယ်သည် ယင်မင်ကျန်းအပေါ်သို့ အရိုးမဲ့နေသလို မှီနေခဲ့သည်။ သူ့အဝတ်အစားတွေကနေတဆင့် တခြားတစ်ယောက်ရဲ့ လူတစ်ယောက်၏အပူချိန်နှင့် မတူသည့် နိမ့်ကျတဲ့ အပူချိန်ကို သူခံစားနိုင်လုနီးပါးပါပဲ။ အနည်းငယ်အေးမြသောခံစားမှုနှင့်အတူ ရှီချင်း ၏နှုတ်ခမ်းများသည် ချဉ်းကပ်လာကာ လျှို့ဝှက်ချက်ကို တီးတိုးတီးတိုးပြောသကဲ့သို့ ပြောလာခဲ့သည်။ "စကြဝဠာတစ်ခုလုံးရှိတဲ့ ဘယ်တစ်စုံတစ်ယောက်မျှ စက်ရုပ်မျိုးနွယ်ကို မလိမ်ညာရဲကြဘူးလေ။"

ယင်မင်ကျန်း၏ ခန္ဓာကိုယ်သည် မသိစိတ်က တင်းကျပ်လာခဲ့သည်။ ဒါဟာအန္တရာယ်ရှိသောရန်သူရှိနေခြင်းကြောင့် ဖြစ်ပေါ်လာသော အလိုအလျောက်ကာကွယ်ရေးစိတ်ဓာတ်ပဲဖြစ်သည်။

ထိုမှသာ သူသဘောပေါက်သွားခဲ့သည်။ ရှီချင်းသည် မည်မျှ နူးညံ့သိမ်မွေ့ပုံပေါ်ပြီး အန္တရာယ်ကင်းသည့်ပုံပေါက်နေပါစေ သူသည် လူသားတစ်ယောက်မဟုတ်ပေ။

သူ့ကာကွယ်မှုကို ဘယ်တော့မှ မလျော့ထားသင့်ဘူး။

[ယင်မင်ကျန်း၏ မုန်းတီးမှုတန်ဖိုး 99/100]

လျင်မြန်စွာပြောင်းလဲနေသော ရန်လိုမုန်းတီးမှုတန်ဖိုးကြောင့် System သည် ထိတ်လန့်သွားခဲ့သည်- [ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ Host ။ ထပ်တက်သွားပြီ။ ဘာလို့မဟုတ်တာတွေလျှောက်လုပ်နေတာလဲ Host!]

[ဒါက လျှောက်လုပ်‌‌နေတာမဟုတ်ဘူး။] ရှီချင်းသည် ယင်မင်ကျန်းအား တည်ငြိမ်စွာစိုက်ကြည့်နေလိုက်တယ်။ သူ့၏သတိအနေအထားနဲ့အမူအရာကြောင့် သူအလွန်ကျေနပ်သွားခဲ့သည်။ [ရန်ငြိုးထားမှုတန်ဖိုးကို လျှော့ချဖို့ ငါ နူးနူးညံ့ညံ့လေး ဆက်လက်သရုပ်ဆောင်မယ်လို့ မင်းထင်နေခဲ့လား။ ငါကစကြဝဠာတစ်ခွင်လုံး ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ စက်ရုပ်မျိုးနွယ်ပဲလေ။ ယင်မင်ကျန်း ပြောသမျှကို မျက်စိစုံမှိတ်သဘောတူလိုက်ရင် အင်းဆက်မျိုးနွယ်ကို ငါ့စစ်တပ်ကိုသုံးပြီး မောင်းထုတ်ဖို့ လှည့်စားခံရနိုင်တယ်။ ဒီလိုလုပ်ရင် ရန်ငြိုးထားမှုနှုန်းက နည်းနည်းတော့ လျော့ကျသွားနိုင်ပေမယ့် ဇာတ်လမ်းအဆုံးထိ သူ့ကို ငါဘယ်လိုကာကွယ်နိုင်မလဲ။ ငါကူညီရင်တောင်မှ ငါ့အပေါ် သူ့ရဲ့မုန်းတီးမှုတွေ ကျဆင်းသွားပြီးတဲ့နောက်မှပဲ ကူညီနိုင်မှာလေ။]

အလင်းပြခံရသည့် System သည် စိုးရိမ်နေဆဲဖြစ်သည်- [ဒါပေမယ့် host ကနူးနူးညံ့ညံ့လေး ဟန်မဆောင်ဘူးဆိုရင် မုန်းတီးမှုတန်ဖိုး ဘယ်လိုကျဆင်းမှာလဲ။]

[နည်းလမ်းတွေအများကြီးရှိပါတယ်ကွာ။ ငါသူ့ကိုအတင်းအကြပ်တာဝန်ယူခိုင်းဖို့မရည်ရွယ်ပါဘူး ငါတို့ကြားမှာဘယ်သူကတာဝန်ရှိတယ်ဆိုတာသိဖို့ပဲလိုတာ။]

ရှီချင်း၏လက်သည် ယင်မင်ကျန်း၏နှလုံးသားနေရာအားဖိလိုက်ရာ လျင်မြန်စွာခုန်နေကြောင်း တွေ့ရှိရသည်။ သူသည် ရင်းနှီးသော အပြုံးလေးအား ပို့လွှတ်လိုက်သည်။ " ကျွန်တော့ကို ခင်ဗျားကလိမ်မှာမဟုတ်ဘူးလေ ဟုတ်တယ်မဟုတ်လား။ "

ယင်မင်ကျန်းသည် သူ၏တွန့်ကွေးနေသောမျက်ခုံးများအား အတင်းဖြေလျှော့လိုက်ရသည်။ သူသည်လည်းလိုက်ပါပြုံးလိုက်သည်။ " ဟုတ်တာပေါ့။ ကိုယ်ကမင်းရဲ့ကြင်ဖော်ပဲလေ။ ဒါကြောင့် ကိုယ်မင်းကို လိမ်ပြောစရာ အကြောင်းမရှိဘူး"

ဖြစ်စဉ်တစ်ခုလုံးအား ကြည့်နေသော System - သိပ်ကိုကြီးတဲ့ ဝက်ခြေထောက်ကြီးနှစ်ချောင်း ဟမ့်

*(ဝက်ခြေထောက်ဆိုတဲ့အဓိပ္ပါယ်က ဖောက်ပြန်တာတို့သစ္စာမရှိတဲ့ယောကျာ်းတွေကိုပြောချင်တာပါတဲ့)*

ယင်မင်ကျန်း၏ အတွေးရထားသည် မအောင်မြင်မှုကြောင့် နောက်တစ်ကြိမ် လမ်းချော်သွားခဲ့သည်။ လူငယ်လေးသည် သူထင်ထားသလောက် သူ့အားမယုံကြည်တော့ကြောင်း သူသိလိုက်သည်။ ထိုအကြောင်းကနေ သူ့အားမည်သို့လှည့်စားရမလဲဆိုတဲ့ မေးခွန်းကို ပြန်ပြောင်းလာခဲ့သည်။ အခန်းထဲက တီဗီကို ရုတ်တရက်ကြည့်လိုက်ရင်း သူ့မျက်လုံးတွေ တောက်ပလာခဲ့သည်။

"ရှီချင်း မင်းကြည့်ဖို့ အချစ်ဒရာမာဇာတ်လမ်းတစ်ခုကို ကိုယ်ရှာလိုက်မယ်။ အဲဒါက လူသားတွေ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းနဲ့ အရမ်းဆင်တူတယ်။"

အတွေ့အကြုံမရှိသော ယင်မင်ကျန်းသည် ခေတ်သစ်အချစ်ဇာတ်လမ်းတစ်ခုအကြောင်း သတိရမိပြီး ဒရာမာတစ်ခုကို ယုံကြည်စိတ်ချစွာရွေးချယ်ခဲ့သည်။

ရှီချင်းတစ်ယောက် မလုပ်သင့်သည့်တစ်ခုခုအား သင်ယူမိမည်ကို သူနည်းနည်းလေးမှ စိတ်မပူ‌ပေ။

ဒါတွေအားလုံးက ပြည်တွင်းက ဒရာမာတွေမို့ နိုင်ငံခြားကဇာတ်လမ်းတွေလို ရင်းနှီးတဲ့ ဇာတ်ဝင်ခန်းတွေ မပါရှိဘူး။

သူက အခွေအားထည့်လိုက်ပြီး လူငယ်လေးကို ထပ်မံပြုံးပြလိုက်သည် - " မင်းဒါကိုကြည့်ပြီးတဲ့နောက် မင်းလူတွေရဲ့ **** လုပ်ထုံးလုပ်နည်းတွေကို နားလည်သွားမှာပါ။ "

သူက အပိုင်းအရေအတွက်ကို တစ်ချက်ကြည့်လိုက်သည်။ "ဒီစီးရီးမှာ အပိုင်း ၈၈ ပိုင်းပါရှိတယ်။ မင်းစကြည့်လိုက်ပါ ကိုယ်ကသင်္ဘောပတ်ပတ်လည်ကို လိုက်ကြည့်နေလိုက်မယ်လေ။ ကိုယ်တို့နှစ်ယောက် ဒီလိုနည်းနဲ့ တစ်ယောက်အကြောင်းတစ်ယောက် သိခွင့်ရမှာပေါ့။"

"ကောင်းပြီ။"

ရှီချင်း၏ခွင့်ပြုချက်က သူ့အား စိတ်အေးလက်အေး ဖြစ်သွားစေသည်။

အချိန်အလုံအလောက်ရလျှင် သူ့စွမ်းအားဖြင့် လွတ်မြောက်နိုင်မည်ကို သူယုံကြည်သည်။

တစ်ပိုင်းတွင်မိနစ် ၄၀ အပိုင်း ၈၈ ပိုင်းသည် ရှီချင်းကို အနည်းဆုံး မနက်ဖြန် နံနက်အထိ ရွှေ့ဆိုင်းရန် လုံလောက်ပါသည်။ သူ့မှာ အချိန်အများကြီးရခဲ့တာပဲ...

-ကလစ်

အီလက်ထရွန်းနစ်ပစ္စည်းများကို တွဲနှိပ်လိုက်သော အသံသည် ယင်မင်ကျန်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူနောက်ပြန်လှည့်ကြည့်ပြီးနောက် အေးခဲသွားခဲ့သည်။

ရှီချင်းသူ့လက်ကို တီဗီဖန်သားပြင်မှာ ထည့်ထားပြီးသားဖြစ်နေသည်။ တစ်ခုခုကို ခံစားသလို သူ့မျက်လုံးတွေ မှိတ်ထားလိုက်တယ်။ သုံးစက္ကန့်အကြာတွင် သူက သူ့လက်ကို ရုတ်လိုက်ပြီး ယင်မင်ကျန်းကို ကြည့်ကာပြုံးပြလိုက်သည်။ "ကျွန်တော်ပြီးသွားပြီ"

ယင်မင်ကျန်း : "

ရှီချင်းသည် စက်ရုပ်ဖြစ်သည်ကို သူ မေ့သွားခဲ့သည်။

သူစကားတောင် မပြောနိုင်ခင်မှာပင် ဂြိုဟ်သားလူငယ်လေးက သူ့အား မြေပြင်ပေါ်သို့ တွန်းချပြီးနှင့်နေပြီဖြစ်သည်။

ထို့နောက် သူ၏ဘယ်ဘက်ခြေထောက်ကို ကွေးလိုက်ပြီး  ယင်မင်ကျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရင်းနှီးသော အနေအထားကို ပြန်လည်ရောက်ရှိခဲ့သည်။ မဆိုင်းမတွပင် သူ့နှုတ်ခမ်းများ အောက်သို့ငုံ့ကိုင်းလာခဲ့သည်။

"ခဏ-"

ယင်မင်ကျန်း၏အသံတွင် ထိတ်လန့်တုန်လှုပ်နေသည်ကိုကြားလိုက်ရာ၊ နုနယ်သော်လည်း အမှန်တကယ်အလေးချိန်တန်သည့်လူငယ်လေးသည် နာခံမှုရှိစွာရပ်တန့်သွားခဲ့သည်။ စိတ်ရှုပ်သွားသလိုမျိုး သူ့မျက်လုံးလေးတွေကို ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်သည်။

"ကျွန်တော့်ကိုယ်ဟန်အနေအထား မမှန်လို့လား" သူ့နှုတ်ခမ်းနီနီလေးတွေကို ယင်မင်ကျန်းဆီသို့ ဆူထုတ်လိုက်ပြန်တယ်- "ဒါကို ဒရာမာထဲမှာ လူသားတွေလုပ်ရမယ့်အရာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော့်အပိုင်းကို ခင်ဗျားရဲ့အစိတ်အပိုင်းနဲ့ ပေါင်းလိုက်တာက **** ဖို့ ခင်ဗျားလိုအပ်တဲ့ လုပ်ထုံးလုပ်နည်းအဆင့် မဟုတ်ဘူးလား။"

ယင်မင်ကျန်းမှာ သူပြောသမျှကို မြန်မြန်ဆန်ဆန် ပြန်မငြင်းနိုင်တော့ပေ။ လူငယ်လေးသည် သူ့ပါးစပ်ကိုဟကာ အနီရောင်နှင့် ပျော့ပျောင်းသော လျှာ၏ အစိတ်အပိုင်းသေးသေးလေး ထုပ်ပြသည်ကိုသူ မြင်လိုက်ရသည်။ သူကလက်နဲ့ ထိုအရာလေးကို ညွှန်ပြနေလေသည်။

"ဒါမှမဟုတ် ကျွန်တော့်ရဲ့အစိတ်အပိုင်းက ခင်ဗျားအတွက် မလုံလောက်ဘူးလို့ပြောချင်တာလား။"

သူ၏ သေးငယ်သော အစိတ်အပိုင်းကို ပြသပြီးနောက် ယင်မင်ကျန်းအား မတရားခံရသည့် အမူအရာလေးဖြင့် ကြည့်လိုက်သည်။

"ခင်ဗျားက အရမ်းဂျီးများတာပဲ။"

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

About Paid GP
----------------------

GP ကတော့ 4 ခုရှိပါတယ်

GP 1 ကတော့ 61 ပိုင်းပါဝင်မှာဖြစ်ပြီး ဝင်ကြေးကတော့ 3000 ကျပ်ပါရှင့်

Arc - 1 တစ်ခုတည်းအတွက်ဝယ်ချင်တယ်ဆိုလည်းရပါတယ် Arc 1 မှာ 25 ပိုင်းပါဝင်မှာဖြစ်ပြီး ဝင်ကြေးကတော့ 1500 ကျပ်ပါ။

Update ကတော့ Sunday မှအပကျန်တဲ့ရက်တွေမှာတစ်နေ့တစ်ပိုင်းနှုန်းတင်ပေးသွားမှာပါရှင့်။

အသေးစိတ်သိရှိလိုသူများ Private massage box မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင့် (⁠ ⁠˘⁠ ⁠³⁠˘⁠)⁠♥

ဒါဟာ ရွီခ်င္း ၏နယ္ေျမျဖစ္ၿပီး အခန္းထဲတြင္ အရည္အေသြးျမင့္ စက္႐ုပ္အမ်ားအျပားရွိသည္။  ယင္မင္က်န္းသည္ သူ႕အေပၚရွိ 'လူ' ေၾကာင့္ မည္မွ်ပင္ စိတ္မသက္မသာ ျဖစ္ေနပါေစ၊ သူ႕အား ဖမ္းထားသူအား ေဒါသမထြက္ေစရန္ ထားလိုက္ရသည္။

"လူေတြရဲ႕**** လုပ္တဲ့လုပ္ထုံးလုပ္နည္းကိုရွင္းျပမယ္လို႔ ခင္ဗ်ားေျပာခဲ့တာ မဟုတ္ဘူးလား။ ျမန္ျမန္လုပ္ေလ၊ ျမန္ျမန္ေျပာပါ ဒါမွကြၽန္ေတာ္တို႔လိုက္လုပ္နိုင္မွာေပါ့။"

ရွီခ်င္းအား မည္သို႔လွည့္စားရမလဲ ဆိုတာ အေတာ္ၾကာေအာင္ သူစဥ္းစားခဲ့တယ္။

ခိုင္လုံေသာရွင္းျပခ်က္တစ္ခုကို သူတည္ေဆာက္ေနခ်ိန္တြင္ သူ႕အေပၚတြင္ နာခံမႈရွိရွိထိုင္ေနေသာ လူငယ္ေလးႏွင့္ ႐ုတ္တရက္ မ်က္လုံးခ်င္းဆုံသြားသည္။

ရွီခ်င္း၏ မ်က္လုံးမ်ားသည္ ေငြျဖဴေရာင္ျဖစ္သည္။ ထို႔ေၾကာင့္ သူ၏တိတ္ဆိတ္ေသာအၾကည့္သည္ အေတာ္ေလး ၿခိမ္းေျခာက္နိုင္ေလာက္သည္အထိ လန႔္စရာေကာင္းေသာ္လည္း အျမင္ေနာက္တစ္မ်ိဳးႏွင့္ၾကည့္လ်င္ ႏူးညံ့ျငင္သာသည့္ပုံေပါက္ေစသည္။

"လူသားေတြက လိမ္ရတာ အေတာ္‌ေလးႀကိဳက္ၾကတယ္ဆိုတာ ကြၽန္ေတာ့္သိတယ္။ ကြၽန္ေတာ့္ကိုမလိမ္ပါနဲ႕ ဘာလို႔ဆို ကြၽန္ေတာ္ရွာေတြ႕သြားမွာမို႔လို႔ပဲ။ "

သူ႕ခႏၶာကိုယ္သည္ ယင္မင္က်န္းအေပၚသို႔ အရိုးမဲ့ေနသလို မွီေနခဲ့သည္။ သူ႕အဝတ္အစားေတြကေနတဆင့္ တျခားတစ္ေယာက္ရဲ႕ လူတစ္ေယာက္၏အပူခ်ိန္ႏွင့္ မတူသည့္ နိမ့္က်တဲ့ အပူခ်ိန္ကို သူခံစားနိုင္လုနီးပါးပါပဲ။ အနည္းငယ္ေအးျမေသာခံစားမႈႏွင့္အတူ ရွီခ်င္း ၏ႏႈတ္ခမ္းမ်ားသည္ ခ်ဥ္းကပ္လာကာ လွ်ို႔ဝွက္ခ်က္ကို တီးတိုးတီးတိုးေျပာသကဲ့သို႔ ေျပာလာခဲ့သည္။ "စၾကဝဠာတစ္ခုလုံးရွိတဲ့ ဘယ္တစ္စုံတစ္ေယာက္မွ် စက္႐ုပ္မ်ိဳးႏြယ္ကို မလိမ္ညာရဲၾကဘူးေလ။"

ယင္မင္က်န္း၏ ခႏၶာကိုယ္သည္ မသိစိတ္က တင္းက်ပ္လာခဲ့သည္။ ဒါဟာအႏၲရာယ္ရွိေသာရန္သူရွိေနျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ အလိုအေလ်ာက္ကာကြယ္ေရးစိတ္ဓာတ္ပဲျဖစ္သည္။

ထိုမွသာ သူသေဘာေပါက္သြားခဲ့သည္။ ရွီခ်င္းသည္ မည္မွ် ႏူးညံ့သိမ္ေမြ႕ပုံေပၚၿပီး အႏၲရာယ္ကင္းသည့္ပုံေပါက္ေနပါေစ သူသည္ လူသားတစ္ေယာက္မဟုတ္ေပ။

သူ႕ကာကြယ္မႈကို ဘယ္ေတာ့မွ မေလ်ာ့ထားသင့္ဘူး။

[ယင္မင္က်န္း၏ မုန္းတီးမႈတန္ဖိုး 99/100]

လ်င္ျမန္စြာေျပာင္းလဲေနေသာ ရန္လိုမုန္းတီးမႈတန္ဖိုးေၾကာင့္ System သည္ ထိတ္လန႔္သြားခဲ့သည္- [ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကမလဲ Host ။ ထပ္တက္သြားၿပီ။ ဘာလို႔မဟုတ္တာေတြေလွ်ာက္လုပ္ေနတာလဲ Host!]

[ဒါက ေလွ်ာက္လုပ္‌‌ေနတာမဟုတ္ဘူး။] ရွီခ်င္းသည္ ယင္မင္က်န္းအား တည္ၿငိမ္စြာစိုက္ၾကည့္ေနလိုက္တယ္။ သူ႕၏သတိအေနအထားနဲ႕အမူအရာေၾကာင့္ သူအလြန္ေက်နပ္သြားခဲ့သည္။ [ရန္ၿငိဳးထားမႈတန္ဖိုးကို ေလွ်ာ့ခ်ဖိဳ႕ ငါ ႏူးႏူးညံ့ညံ့ေလး ဆက္လက္သ႐ုပ္ေဆာင္မယ္လို႔ မင္းထင္ေနခဲ့လား။ ငါကစၾကဝဠာတစ္ခြင္လုံး ဖိန႔္ဖိန႔္တုန္ေအာင္ေၾကာက္ရတဲ့ စက္႐ုပ္မ်ိဳးႏြယ္ပဲေလ။ ယင္မင္က်န္း ေျပာသမွ်ကို မ်က္စိစုံမွိတ္သေဘာတူလိုက္ရင္ အင္းဆက္မ်ိဳးႏြယ္ကို ငါ့စစ္တပ္ကိုသုံးၿပီး ေမာင္းထုတ္ဖို႔ လွည့္စားခံရနိုင္တယ္။ ဒီလိုလုပ္ရင္ ရန္ၿငိဳးထားမႈႏႈန္းက နည္းနည္းေတာ့ ေလ်ာ့က်သြားနိုင္ေပမယ့္ ဇာတ္လမ္းအဆုံးထိ သူ႕ကို ငါဘယ္လိုကာကြယ္နိုင္မလဲ။ ငါကူညီရင္ေတာင္မွ ငါ့အေပၚ သူ႕ရဲ႕မုန္းတီးမႈေတြ က်ဆင္းသြားၿပီးတဲ့ေနာက္မွပဲ ကူညီနိုင္မွာေလ။]

အလင္းျပခံရသည့္ System သည္ စိုးရိမ္ေနဆဲျဖစ္သည္- [ဒါေပမယ့္ host ကႏူးႏူးညံ့ညံ့ေလး ဟန္မေဆာင္ဘူးဆိုရင္ မုန္းတီးမႈတန္ဖိုး ဘယ္လိုက်ဆင္းမွာလဲ။]

[နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္ကြာ။ ငါသူ႕ကိုအတင္းအၾကပ္တာဝန္ယူခိုင္းဖို႔မရည္႐ြယ္ပါဘူး ငါတို႔ၾကားမွာဘယ္သူကတာဝန္ရွိတယ္ဆိုတာသိဖို႔ပဲလိုတာ။]

ရွီခ်င္း၏လက္သည္ ယင္မင္က်န္း၏ႏွလုံးသားေနရာအားဖိလိုက္ရာ လ်င္ျမန္စြာခုန္ေနေၾကာင္း ေတြ႕ရွိရသည္။ သူသည္ ရင္းႏွီးေသာ အၿပဳံးေလးအား ပို႔လႊတ္လိုက္သည္။ " ကြၽန္ေတာ့ကို ခင္ဗ်ားကလိမ္မွာမဟုတ္ဘူးေလ ဟုတ္တယ္မဟုတ္လား။ "

ယင္မင္က်န္းသည္ သူ၏တြန့္ေကြးေနေသာမ်က္ခုံးမ်ားအား အတင္းေျဖေလွ်ာ့လိုက္ရသည္။ သူသည္လည္းလိုက္ပါၿပဳံးလိုက္သည္။ " ဟုတ္တာေပါ့။ ကိုယ္ကမင္းရဲ႕ၾကင္ေဖာ္ပဲေလ။ ဒါေၾကာင့္ ကိုယ္မင္းကို လိမ္ေျပာစရာ အေၾကာင္းမရွိဘူး"

ျဖစ္စဥ္တစ္ခုလုံးအား ၾကည့္ေနေသာ System - သိပ္ကိုႀကီးတဲ့ ဝက္ေျခေထာက္ႀကီးႏွစ္ေခ်ာင္း ဟမ့္

*(ဝက္ေျခေထာက္ဆိုတဲ့အဓိပၸါယ္က ေဖာက္ျပန္တာတို႔သစၥာမရွိတဲ့ေယာက်ာ္းေတြကိုေျပာခ်င္တာပါတဲ့)*

ယင္မင္က်န္း၏ အေတြးရထားသည္ မေအာင္ျမင္မႈေၾကာင့္ ေနာက္တစ္ႀကိမ္ လမ္းေခ်ာ္သြားခဲ့သည္။ လူငယ္ေလးသည္ သူထင္ထားသေလာက္ သူ႕အားမယုံၾကည္ေတာ့ေၾကာင္း သူသိလိုက္သည္။ ထိုအေၾကာင္းကေန သူ႕အားမည္သို႔လွည့္စားရမလဲဆိုတဲ့ ေမးခြန္းကို ျပန္ေျပာင္းလာခဲ့သည္။ အခန္းထဲက တီဗီကို ႐ုတ္တရက္ၾကည့္လိုက္ရင္း သူ႕မ်က္လုံးေတြ ေတာက္ပလာခဲ့သည္။

"ရွီခ်င္း မင္းၾကည့္ဖို႔ အခ်စ္ဒရာမာဇာတ္လမ္းတစ္ခုကို ကိုယ္ရွာလိုက္မယ္။ အဲဒါက လူသားေတြ လိုက္နာရမယ့္ လုပ္ထုံးလုပ္နည္းနဲ႕ အရမ္းဆင္တူတယ္။"

အေတြ႕အႀကဳံမရွိေသာ ယင္မင္က်န္းသည္ ေခတ္သစ္အခ်စ္ဇာတ္လမ္းတစ္ခုအေၾကာင္း သတိရမိၿပီး ဒရာမာတစ္ခုကို ယုံၾကည္စိတ္ခ်စြာေ႐ြးခ်ယ္ခဲ့သည္။

ရွီခ်င္းတစ္ေယာက္ မလုပ္သင့္သည့္တစ္ခုခုအား သင္ယူမိမည္ကို သူနည္းနည္းေလးမွ စိတ္မပူ‌ေပ။

ဒါေတြအားလုံးက ျပည္တြင္းက ဒရာမာေတြမို႔ နိုင္ငံျခားကဇာတ္လမ္းေတြလို ရင္းႏွီးတဲ့ ဇာတ္ဝင္ခန္းေတြ မပါရွိဘူး။

သူက အေခြအားထည့္လိုက္ၿပီး လူငယ္ေလးကို ထပ္မံၿပဳံးျပလိုက္သည္ - " မင္းဒါကိုၾကည့္ၿပီးတဲ့ေနာက္ မင္းလူေတြရဲ႕ **** လုပ္ထုံးလုပ္နည္းေတြကို နားလည္သြားမွာပါ။ "

သူက အပိုင္းအေရအတြက္ကို တစ္ခ်က္ၾကည့္လိုက္သည္။ "ဒီစီးရီးမွာ အပိုင္း ၈၈ ပိုင္းပါရွိတယ္။ မင္းစၾကည့္လိုက္ပါ ကိုယ္ကသေဘၤာပတ္ပတ္လည္ကို လိုက္ၾကည့္ေနလိုက္မယ္ေလ။ ကိုယ္တို႔ႏွစ္ေယာက္ ဒီလိုနည္းနဲ႕ တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိခြင့္ရမွာေပါ့။"

"ေကာင္းၿပီ။"

ရွီခ်င္း၏ခြင့္ျပဳခ်က္က သူ႕အား စိတ္ေအးလက္ေအး ျဖစ္သြားေစသည္။

အခ်ိန္အလုံအေလာက္ရလွ်င္ သူ႕စြမ္းအားျဖင့္ လြတ္ေျမာက္နိုင္မည္ကို သူယုံၾကည္သည္။

တစ္ပိုင္းတြင္မိနစ္ ၄၀ အပိုင္း ၈၈ ပိုင္းသည္ ရွီခ်င္းကို အနည္းဆုံး မနက္ျဖန္ နံနက္အထိ ေ႐ႊ႕ဆိုင္းရန္ လုံေလာက္ပါသည္။ သူ႕မွာ အခ်ိန္အမ်ားႀကီးရခဲ့တာပဲ...

-ကလစ္

အီလက္ထ႐ြန္းနစ္ပစၥည္းမ်ားကို တြဲႏွိပ္လိုက္ေသာ အသံသည္ ယင္မင္က်န္း၏အာ႐ုံကို ဆြဲေဆာင္သြားခဲ့သည္။ သူေနာက္ျပန္လွည့္ၾကည့္ၿပီးေနာက္ ေအးခဲသြားခဲ့သည္။

ရွီခ်င္းသူ႕လက္ကို တီဗီဖန္သားျပင္မွာ ထည့္ထားၿပီးသားျဖစ္ေနသည္။ တစ္ခုခုကို ခံစားသလို သူ႕မ်က္လုံးေတြ မွိတ္ထားလိုက္တယ္။ သုံးစကၠန႔္အၾကာတြင္ သူက သူ႕လက္ကို ႐ုတ္လိုက္ၿပီး ယင္မင္က်န္းကို ၾကည့္ကာၿပဳံးျပလိုက္သည္။ "ကြၽန္ေတာ္ၿပီးသြားၿပီ"

ယင္မင္က်န္း : "

ရွီခ်င္းသည္ စက္႐ုပ္ျဖစ္သည္ကို သူ ေမ့သြားခဲ့သည္။

သူစကားေတာင္ မေျပာနိုင္ခင္မွာပင္ ၿဂိဳဟ္သားလူငယ္ေလးက သူ႕အား ေျမျပင္ေပၚသို႔ တြန္းခ်ၿပီးႏွင့္ေနၿပီျဖစ္သည္။

ထို႔ေနာက္ သူ၏ဘယ္ဘက္ေျခေထာက္ကို ေကြးလိုက္ၿပီး  ယင္မင္က်န္း၏ ခႏၶာကိုယ္ေပၚတြင္ ရင္းႏွီးေသာ အေနအထားကို ျပန္လည္ေရာက္ရွိခဲ့သည္။ မဆိုင္းမတြပင္ သူ႕ႏႈတ္ခမ္းမ်ား ေအာက္သို႔ငုံ႕ကိုင္းလာခဲ့သည္။

"ခဏ-"

ယင္မင္က်န္း၏အသံတြင္ ထိတ္လန႔္တုန္လႈပ္ေနသည္ကိုၾကားလိုက္ရာ၊ ႏုနယ္ေသာ္လည္း အမွန္တကယ္အေလးခ်ိန္တန္သည့္လူငယ္ေလးသည္ နာခံမႈရွိစြာရပ္တန့္သြားခဲ့သည္။ စိတ္ရႈပ္သြားသလိုမ်ိဳး သူ႕မ်က္လုံးေလးေတြကို ပုတ္ခပ္ပုတ္ခပ္လုပ္လိုက္သည္။

"ကြၽန္ေတာ့္ကိုယ္ဟန္အေနအထား မမွန္လို႔လား" သူ႕ႏႈတ္ခမ္းနီနီေလးေတြကို ယင္မင္က်န္းဆီသို႔ ဆူထုတ္လိုက္ျပန္တယ္- "ဒါကို ဒရာမာထဲမွာ လူသားေတြလုပ္ရမယ့္အရာလို႔ ကြၽန္ေတာ္ျမင္တယ္။ ကြၽန္ေတာ့္အပိုင္းကို ခင္ဗ်ားရဲ႕အစိတ္အပိုင္းနဲ႕ ေပါင္းလိုက္တာက **** ဖို႔ ခင္ဗ်ားလိုအပ္တဲ့ လုပ္ထုံးလုပ္နည္းအဆင့္ မဟုတ္ဘူးလား။"

ယင္မင္က်န္းမွာ သူေျပာသမွ်ကို ျမန္ျမန္ဆန္ဆန္ ျပန္မျငင္းနိုင္ေတာ့ေပ။ လူငယ္ေလးသည္ သူ႕ပါးစပ္ကိုဟကာ အနီေရာင္ႏွင့္ ေပ်ာ့ေပ်ာင္းေသာ လွ်ာ၏ အစိတ္အပိုင္းေသးေသးေလး ထုပ္ျပသည္ကိုသူ ျမင္လိုက္ရသည္။ သူကလက္နဲ႕ ထိုအရာေလးကို ၫႊန္ျပေနေလသည္။

"ဒါမွမဟုတ္ ကြၽန္ေတာ့္ရဲ႕အစိတ္အပိုင္းက ခင္ဗ်ားအတြက္ မလုံေလာက္ဘူးလို႔ေျပာခ်င္တာလား။"

သူ၏ ေသးငယ္ေသာ အစိတ္အပိုင္းကို ျပသၿပီးေနာက္ ယင္မင္က်န္းအား မတရားခံရသည့္ အမူအရာေလးျဖင့္ ၾကည့္လိုက္သည္။

"ခင္ဗ်ားက အရမ္းဂ်ီးမ်ားတာပဲ။"

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

About Paid GP
----------------------

GP ကေတာ့ 4 ခုရွိပါတယ္

GP 1 ကေတာ့ 61 ပိုင္းပါဝင္မွာျဖစ္ၿပီး ဝင္ေၾကးကေတာ့ 3000 က်ပ္ပါရွင့္

Arc - 1 တစ္ခုတည္းအတြက္ဝယ္ခ်င္တယ္ဆိုလည္းရပါတယ္ Arc 1 မွာ 25 ပိုင္းပါဝင္မွာျဖစ္ၿပီး ဝင္ေၾကးကေတာ့ 1500 က်ပ္ပါ။

Update ကေတာ့ Sunday မွအပက်န္တဲ့ရက္ေတြမွာတစ္ေန႕တစ္ပိုင္းႏႈန္းတင္ေပးသြားမွာပါရွင့္။

အေသးစိတ္သိရွိလိုသူမ်ား Private massage box မွာလာေရာက္ေမးျမန္းနိုင္ပါတယ္ရွင့္ (⁠ ⁠˘⁠ ⁠³⁠˘⁠)⁠♥

Continua a leggere

Ti piacerà anche

50.2K 7.1K 28
Eng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင...
69.1K 1.1K 190
Author:Peach blossoms for wine 13 Category: Danmei Zombies are rampant, and Ye Qingrang relies on a broken jade sachet and wood powers to move fo...
75.8K 7.9K 144
Back by popular request! The 2017 rough draft of The Virus Within! (Caution: Contains massive plotholes that were fixed in the polished The Virus Wi...
38.4K 290 5
ye ik aise saitan ki kahani h jise chut s bahut pyar h.....roj use ik nayi chut chahiye warna vo jinda nahi rahega🥵🔥 (it's a story about a demon wh...