မောင့်ငယ်ဖော်

By Tigressk

3K 134 36

Unicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင်... More

Into
အပိုင်း၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
Author's confessions
အပိုင်း ၂၇
ဇာတ်သိမ်းပိုင်း

အပိုင်း ၁၇

63 4 0
By Tigressk

Unicode

အလုပ်က ရမည့်ရတော့ မန္တလေးတွင် အလုပ်ရသည်။ လေးလေး၏ ဆိုင်လာနေကျမိတ်ဆွေမှ သူပိုင်သည့် ဝိုင်နှင့် အရက်ချက်စက်ရုံတွင် မောင့်အား အလုပ်သွင်းပေး၏။ ပြင်ဦးလွင်မှ ဆင်းမလာခင် မောင်က ဆရာလေးနှင့် အန်တီလေးကို ထိုင်ကာ ကန့်တော့ခဲ့၏။ ဆရာလေးက မောင့်အား လိမ်လိမ်မာမာနေရန်၊ ရသမျှလခအား ကျစ်ကျစ်ပါအောင်စုရန်နှင့် အားလပ်ချိန်တို့တွင် စာများများဖတ်ရန် မှာ၏။ အန်တီလေးကတော့ မောင့်အတွက် ပုဆိုးနှင့်အင်္ကျီတစ်စုံချုပ်ပေးလိုက်သည့်အပြင် စတော်ဘယ်ရီသီးများလည်း ဝယ်ထည့်ပေးလိုက်၏။ ကျန်းမာရေးဂရုစိုက်ရန်နှင့် မေမြို့သို့ မကြာမကြာလာလည်ရန်လည်း တွင်တွင်မှာလိုက်သည်။ မိုးဦးကတော့ "ငါ result out ပြီးရင် လိုက်လာမယ်"တဲ့။

ဝိုင်နှင့် အရက်ချက်စက်ရုံမှာ မန္တလေးစက်မှုဇုန်တွင်ရှိပြီး ပြင်ဦးလွင်ရှိ ကုမ္ပဏီပိုင် ခြံတွင် စပျစ်၊ နဂါးမောက်၊ မက်မန်းစသည့် ကုန်ကြမ်းတို့ကို စိုက်ပျိုးပြီး မန္တလေးရှိ စက်ရုံသို့ တင်ပို့ကာ ကုန်ချောထုတ်လုပ်ခြင်းဖြစ်သည်။

မောင်တို့စက်ရုံက Red Wine, White Wine သာမက နဂါးမောက်ဝိုင်၊ နာနတ်ဝိုင်၊ မက်မန်းဝိုင် စသည့် ဝိုင်အမျိုးမျိုးသာမက ဘီယာနှင့် အရက်များလည်းထုတ်လုပ်ကာ အရက်ချက်လုပ်ခြင်း၊ အရက်ပုလင်းသွင်းခြင်းလုပ်ငန်းဖြစ်၏။ တင်ပို့ခြင်းကိုတော့ ရန်ကုန်၊ မန္တလေး နှင့် ပြင်ဦးလွင်မြို့တွင်းအဓိက အိတ်စပိုစ့်လုပ်သည်။ ထို့အပြင် နိုင်ငံခြားသို့လည်း တင်ပို့၏။

စက်ရုံတွင် မောင်ပထမဆုံးလုပ်ရသည့် အလုပ်က (fermentation) ကစော်ဖောက်သည့်နေရာတွင်လုပ်ရ၏။ ၁၀၀လီတာခန့်ဆန့်သည် ကစော်ဖောက်သည့် စတီးတန့်(stainless steel tank)ထဲတွင် ကြိတ်ချေထားသည့် စပျစ်သီးရည်များကိုထည့်ကာ တစေး ဖြင့်ရောစပ်ပြီး အပူချိန် (၂၀မှ ၃၀)ဒီဂရီစင်တီဂရိတ်တွင် ထားကာ ကစော်ဖောက်ရသည်။ ထိုတစေး(yeast)နှင့် စပျစ်သီးကြိတ်ခြေရည်ထဲမှပါသည့် သကြားတ်ို့ ဓာတ်ပြုကာ အယ်လ်ကိုဟောဓာတ်ထွက်ပေါ်လာခြင်းဖြစ်သည်။

စက်ရုံအလုပ်မှာ မောင့်အတွက် အဆင်ပြေပြီး အစိုးရရုံးပိတ်ရက်များအတိုင်း ပိတ်ရက်လည်း ရ၏။ အစကတော့ ပတ်ဝန်းကျင်အသစ်အဆန်းဖြစ်ကာ တစ်ယောက်ထဲ ယောင်လည်လည်နှင့်မို့ ဘယ်မှ မရောက်ဖြစ်။ စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များနှင့် ပိတ်ရက်လိုက်သွားရာမှ မန္တလေးစျေးချိုကိုသာ ရောက်ဖြစ်သည်။ စျေးချိုနာရီစင်ကြီးကိုမြင်တော့ ပြင်ဦးလွင်နာရီစင်ကြီးအား အောက်မေ့ကာ ဆရာလေးတို့ကို သတိရမိသည်။ နောက်တော့ မိုးဦးတို့ အောင်စာရင်းထွက်ပြီး မိုးဦးက လေးဘာသာဂုဏ်ထူးဖြင့် သူ့ရည်မှန်းချက်ဖြစ်သော စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် တက်ခွင့်ရ၏။ အမွှာနှစ်ယောက်လည်းအောင်ပြီး ရန်ကုန်မှ သူတို့ဆွေမျိုးများထံသွားကာ ရန်ကုန်တက္ကသိုလ် တက်ကြ၏။ ဖိုးလပြည့်ကတော့ မအောင်သဖြင့် သူ့မိဘများက နောက်နှစ်ပြန်ဖြေရန်တိုက်တွန်းသော်လည်း လက်မခံဘဲ စီးပွါးရေးလုပ်မည်ဆိုကာ လားရှိုးရှိ သူ့ဦးလေး၏ ဆိုင်ကယ်အရောင်းပြခန်းတွင် အလုပ်သင်ဝင်လုပ်နေ၏။

မောင်ကတော့ အလုပ်လုပ်ရင်း မိုးဦး တက္ကသိုလ်တက်မည့်ရက်များကို လက်ချိုးကာရေတွက်နေမိသည်။
______
ယနေ့ အလုပ်နားရက်ဖြစ်သဖြင့် နံနက်စာထွက် စားပြီးကတည်းက အဆောင်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် ပြန်ခွေနေ၏။

"မောင် အခုထိ မထသေးဘူးလား"

"ဟာ...မိုးဦး ဘယ်လိုရောက်လာတာလဲ"

မိုးဦးက ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး
"ခြေလျင်လျှောက်လာတာလေ၊ စစ်ကိုင်းကနေ ဒီအထိ"

"ဟား ဟား ပေါက်ကရတွေ မိုးဦးရာ"

"ဆိုင်ကယ်နဲ့ပေါ့၊ ကျောင်းက ရွှေမင်းဝံမှာဆိုတော့ မြို့ထဲနဲ့အဝေးကြီးကွ၊ ဆိုင်ကယ်ရှိမှ အဆင်ပြေတာ"

"စစ်ကိုင်းကနေ ဒီအထိ ဆိုင်ကယ်နဲ့လာတာပေါ့"

"လာချင်ရင် အနီးလေးပါ မောင်ရာ၊ မင်းသာ ငါကျောင်းတက်ကတည်းက ငါ့ဆီ တစ်ခါမှ မလာတာ"

"မဟုတ်ပါဘူး၊ ငါ အလုပ်မအားလို့ပါ"

မိုးဦးက မျက်စောင်းထိုးကာ
"ဆင်ခြေတွေ ပေးနေလိုက်၊ ထတော့ သွားမယ်"

"ဟင် ဘယ်သွားမှာလဲ"

"ဟော်... ငါက မင်းဆီ တကူးတကလာမှတော့ ဒီတိုင်းပြန်ရမှာလား၊ ထ အဝတ်အစားလဲ၊ တစ်နေရာရာ ဒိုးရအောင်"

မောင် အဝတ်အစားလဲနေစဉ် မိုးဦးက  အခန်းကို သေချာစွာကြည့်နေ၏။ အဆောင်မှာ စက်ရုံထဲတွင် ဝန်ထမ်းလိုင်းခန်း မရှိသဖြင့် အပြင်ဆောင်တွင် ငှါးနေရ၏။ အခန်းကတော့ တစ်ယောက်ခန်းရသည်။ အခန်းမှာ အလွန်ကျဉ်း၏။ တစ်ယောက်အိပ် သစ်သားကုတင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံသာ ဆံ့၏။ နှစ်ယောက်ခန်းကတော့ အနည်းငယ်ကျယ်ဝန်း၏။ သို့သော် မောင်က သူစိမ်းနဲ့လဲ အတူတူမနေချင်၊ နှစ်ယောက်ခန်းကို တစ်ယောက်တည်း ငှါးနေရန်မှာလည်း အဆောင်ခပိုပေးရသဖြင့် စရိတ်တက်ပြီးစိုး၍ တစ်ယောက်ခန်းသာ ငှါးလိုက်ခြင်းဖြစ်သည်။

"မောင် မင်းအခန်းက ကျဉ်းကျဉ်းလေးရယ်"

"အေး ဒါပေမယ့် ရေ၊မီးတော့ အပြည့်အစုံရပါတယ်"

"ငါက ဒီနေ့ည မင်းဆီအိပ်ရမလားလို့၊ ပိတ်ရက်က စနေ၊တနင်္ဂနွေဆိုတော့ မနက်ဖြန်ပါ ထပ်လည်လို့ရတယ်လေ"

မောင်မှာ မျက်ခုံးလှုပ်သွားပြီး
"ရပါတယ်၊ အခန်းကကျဉ်းတော့ မင်းအိပ်တတ်ရင် ဘာမှမဖြစ်ပါဘူး"

"မောင်ရာ... ငါလဲ အဆောင်နေကျောင်းသားပါကွာ၊ မင်းကမှ တစ်ယောက်အခန်းကွ၊ ငါက နှစ်ယောက်နေရတာ၊ ကျောင်းတွင်းအဆောင်ပေါ့"

မောင်က မျက်မှောင်ကြုတ်လျက်
"အဲ့ဒီတော့ မင်းနေရာတာ အဆင်ရောပြေရဲ့လား"

"ပြေပါတယ်၊ ငါ့အခန်းဖော်က သဘောကောင်းတယ်ကွ၊ အဲ ညအိပ်ရင်တော့ ဟောက်တယ်"

မိုးဦးက ရယ်လျက်
"မောင်...မင်းလဲ အိပ်ရင် ဟောက်တာပဲ မဟုတ်လား"

မောင်က မလုံမလဲဖြင့်
"မဟောက်ပါဘူး"

"အယ် ငြင်းမနေနဲ့ ငါသိတယ်၊ မင်း မနှစ်က သင်္ကြန်မှာလေ၊ လိမ္မော်ခြံမှာ အိပ်တုန်းက မင်းဟောက်တာ အသံအကျယ်ကြီးပဲ"

"မဟုတ်တာ၊ အဲ့ဒါ ဖိုးလပြည့်ပါ"

"မဟုတ်ဘူး၊ မင်း မင်း ငါသိတယ်"

မောင်က မိုးဦးကို ငြင်းလို့ မနိုင်တော့။ ထိုအခါ မောင်က ရယ်လျက်
"သွားရအောင် သွားရအောင် "

"မင်း ငါ့မနိုင်တိုင်း စကားမလွှဲနဲ့ ဟေ့ကောင်"

"အေးပါ အေးပါ ငါ ဟောက်တာပါ"

"အေး အဲ့လိုမှပေါ့"

မိုးဦးက ကျေနပ်သွားကာ ပါးချိုင့်များပင် ပေါ်အောင် ပြုံးလိုက်သည်။
🌸🌸🌸🌸🌸🌸🌸

ZawGyi






______





























🌸🌸🌸🌸🌸🌸🌸

Continue Reading

You'll Also Like

30.1K 1.3K 47
မျိုးတူလူသားနှစ်ယောက်ရဲ့ရိုးရှင်းတဲ့အချစ်တွေကိုတွေ့ရမဲ့ Romance ficလေးပါ💕 Start date-24.7.2021✨ End date-2.9.2021
3.6M 151K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
8K 73 16
You have liked Tari for a while now,as long as you can remember to be honest. Your first memory of you and Tari was when you walked into the castle a...
30K 1.1K 22
ကျွန်တော့်မှာ ရှိခဲ့တာဆိုလို့ ခင်ဗျားမရှိတဲ့ နေ့ရက်တွေချည်းပါပဲ