Chapter (230) Arc 3
တိမ်တိုက်ငှက်
"ခန်းမသခင်ဖုန်းက ယဉ်ကျေး လွန်းနေပါပြီ ပေရွှီး တော်ဝင်အင်ပါယာကနေ ထွက်သွားပြီးရင် ခင်ဗျားဒီလူအုပ်ကို ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်..."
ထိုစကားများကို ပြောပြီးနောက် လုရွှမ်သည် မင်းသမီးလော့ရုံ၊ လင်ရှောင်းရှောင်းနှင့် လျောက်ချင်းတို့ ရှိရာဘက်သို့ ကြည့်လိုက်သည်။
ဒီလူတွေဟာ ကျန်းဝူကျောင်းတော်မှာ ကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလာခဲ့ကြပြီး သူငယ်ချင်းလို့ ယူဆလို့ ရနေပြီ။ သူထွက်သွားတော့မယ့် အချိန်မှာ ဒီလူတွေကို ကောင်းကောင်း စီစဉ်ပေးချင်ခဲ့သေးသည်။
လျောက်ချင်း နှင့် အခြားသူများသည် အလွန်အေးဆေးတည်ငြိမ်စွာ ပြုမူနေကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင်၏ ကျင့်ကြံမှုမှာ အလွန်နိမ့်နေ၍ လုရွှမ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ကြောင်းလည်း သိရှိခဲ့ကြသည်လေ။
သို့သော် လင်ရှောင်းရှောင်း၊ မင်းသမီးလော့ရုံနဲ့ မိန်းကလေးတွေကတော့ အတော်လေး ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြသည်။
"လုရွှမ်!! နင် ငါတို့ကို ချန်ထားခဲ့လို့ မရဘူး!"
မင်းသမီးလော့ရုံက ပထမဆုံး စကားပြောသည်။
"လုရွှမ်... နင်ငါ့ကိုထိလိုက်တယ်နော်... အခုလိုထားခဲ့ပြီး တာဝန်မဲ့လို့ မရဘူး!"
လူတိုင်းကို သံသယနဲ့ ကြည့်နေတာကို မြင်တော့ မင်းသမီးလော့ရုံ ထပ်၍ ဟစ်အော်လိုက်ပြန်သည်။
သူမ စကားကြားတော့ လျောက်ချင်း နဲ့ တခြားသူတွေ တုန်လှုပ်သွားကြ၏။ ချက်ချင်း ဆိုသလိုပဲ အားလုံးက လုရွှမ်ကို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်လာတော့သည်။
သခင်လေးကတော့ မိုက်ချက်ပဲ!
သို့သော်လည်း စိတ်ခံစားချက်များ မဆုံးခင်မှာ လင်ရှောင်းရှောင်းရဲ့ အသံကိုလည်း ထပ်ကြားလိုက်ရသည်။
"လုရွှမ်... နင်ငါ့ကိုလည်း ထိသွားတယ်... ဘာပဲဖြစ်ဖြစ် အခုလို ပစ်ထားခဲ့ပြီး လူကို အနိုင်မကျင့်ရဘူး!"
လုရွှမ်မှာ ရုတ်တရက် ခေါင်းပါ မူးဝေလာသည်။ ဘာကြောင့်များ သူက ထိရတာလဲ။ မင်းတို့ဘာသာ အတင်းအကြပ် ထိခိုင်းခဲ့တာ မဟုတ်ဘူးလား။
တခြားသူတွေတော့ မသိပေမယ့် ရောက်လာသူ အားလုံးက လုရွှမ်ကို တညီတညွတ်တည်း ကြည့်နေကြပြီး လျောက်ချင်းနဲ့ အခြားသူများကတော့ တုနှိုင်းမရတဲ့ ကြည်ညို လေးစားမှုများကို ပြသနေကြသည်။
ယင်းယန်ကျောင်းတော်မှ အကြီးအကဲများသည် တိုက်ရိုက် မကြည့်ဝံ့ဘဲ လုရွှမ်ကို လျှို့ဝှက်စွာ ရှုထောင့်မျိုးစုံဖြင့် စူးစိုက်ကြည့်နေကြသည်။ တစ်ဖက်တွင်မူ ခန်းမသခင်ဖုန်းသည် လူငယ်လေးရဲ့ ကောင်းကွက်တွေကို ကြည့်ပြီး နည်းနည်း စိတ်မကောင်း ဖြစ်မိသွားသည်။
ဟန်ရွှယ်ကတော့ ညင်ညင်သာသာ အော်ဟစ်လိုက်ပြီး မနာလိုကြောင်း ပြသနေ၏။ လူတိုင်းရဲ့ ခြားနားတဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ လုရွှမ်မှာ လုံးဝ စကားမပြောနိုင်အောင် ဆွံ့အသွားတော့သည်။
ကြီးကျယ်ခမ်းနားသော အရူးဧကရာဇ်သည် အမြဲတမ်း ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးတတ်သူ ဖြစ်သော်လည်း အခုတော့ အနည်းငယ် ရှက်စရာ ကောင်းသွား၏။
"လိုက်လို့ရပေမယ့် ငါ့ကို ဒုက္ခမပေးနဲ့"
"အင်း... လုံးဝ ဒုက္ခမပေးဘူး!"
မင်းသမီးလော့ရုံနဲ့ တခြားသူတွေလည်း လုရွှမ် သူ့စကားကို ပြန်ရုတ်သိမ်းသွားမှာကို ကြောက်တာနဲ့ ကမန်းကတန်း ကတိပေးလိုက်ကြသည်။
အကြီးအကဲ လုံယွမ်မှာ ယင်းယန်ကျောင်းရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ထိန်းချုပ်ထားတဲ့ ကျောင်းအုပ်ကြီး ဖြစ်လာပြီး လျောက်ချင်း နဲ့ တခြားသူတွေကလည်း ယင်းယန်ကျောင်းတော်မှာ တစ်နေရာစီ ရသွားတာကြောင့် ဘေးကင်းမှုအတွက် စိုးရိမ်စရာ မလိုတော်ပေ။
ထို့အပြင် ၎င်းတို့တွင် လုရွှမ်မှ သင်ကြားပေးသော ဝိညာဉ်နယ်ပယ် လေ့ကျင့်ရေး နည်းလမ်းများ ရှိပြီး အကြီးအကဲ လုံယွမ်၏ ဂရုစိုက်မှုနှင့် ကျင့်ကြံမှု အရင်းအမြစ်များဖြင့် ၎င်းတို့အနက်မှ တချို့သည် အခြားသူများထက် ကျင့်ကြံမှု ပိုမိုမြန်ဆန်မည်ဟု လုရွှမ် ယုံကြည်ထားသည်။
ယင်းယန်ကျောင်းတော်၊ သားရဲခန်းမနှင့် ဆေးဥယျာဥ်တို့ရဲ့ ပေါင်းစပ်မှုနှင့်အတူ ပေရွှီး တော်ဝင်အင်ပါယာသည် အခြေခံအားဖြင့် သံစည်တစ်ခု ဖြစ်သွားပြီ။
ပေရွှီ ဘုရင်ရာထူးအတွက် မည်သည့်မိသားစုကပင် ကြိုးစားစေကာမူ နောက်ဆုံးတွင် ထီးနန်းကို ဤအာဏာရှင် သုံးပါးက အသိအမှတ်ပြုမှသာလျှင် လုပ်နိုင်လိမ့်သည်။
ဒါပေါ့။ ဒါတွေက ပေရွှီး တော်ဝင်အင်ပါယာရဲ့ အနာဂတ် လမ်းကြောင်းတွေပဲလေ။ လုရွှမ်အတွက် ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ မလိုအပ်ပါဘူး။
လက်ရှိ အချိန်မှာ လုရွှမ်သည် လူတစ်စုကို သားရဲခန်းမသို့ ခေါ်ဆောင်လာခဲ့သည်။ မော့ကောင်းရွှမ်း၊ မုယန်ဖုန်း၊ လင်ရှောင်းရှောင်း၊ မင်းသမီးလော့ရုံနှင့် ဟန်ရွှယ်တို့ ဖြစ်သည်။
ဟန်ရောင်ကိုတော့ သူမခေါ်ခဲ့ချေ။ ဟန်ရောင်ရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ပြီး သူ့အတွက် ကိုယ်ရံတော်အနေနဲ့ မော့ကောင်းရွှမ်း နဲ့ မုယန်ဖုန်းတို့ ပါရင် ရလေပြီ။ နောက်ပြီး ဟန်ရောင်က ဟန်မိသားစုရဲ့ မိသားစုခေါင်းဆောင်လည်း ဖြစ်နေသေးသည်။
တစ္ဆေအဖွဲ့ဝင်လည်း ဖြစ်နေသေးရာ ပေရွှီး တော်ဝင်အင်ပါယာတွင် နေခဲ့ပြီး တစ်ဖက်တွင် ဟန်မိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားနိုင်ပြီး တစ်ဖက်တွင် ၎င်းသည် ပေရွှီး တော်ဝင်အင်ပါယာရှိ သရဲအစောင့်များ၏ မျက်လုံး အဖြစ် လုပ်ဆောင်နိုင်သည်။
မြို့တစ်ထောင်မဟာမိတ်က ပေရွှီး တော်ဝင်အင်ပါယာကနေ အလွန်ဝေးကွာပြီး ကြား၌ နိုင်ငံများစွာအကြားတွင် တည်ရှိနေသေးသည်။ ထိုနေရာတွင် ခြေနှစ်ချောင်းဖြင့် လှမ်းလျှောက်သွားခြင်းက လက်တွေ့ မကျသည်မှာ ထင်ရှားပါသည်။
ယေဘုယျအားဖြင့် ဤအလွန်ဝေးကွာသော ခရီးကို သွားဖို့ သားရဲခန်းမက ပျံသန်းနန်းဆောင် သို့မဟုတ် ပျံသန်းသားရဲတွေကိုသာ အားကိုးရတော့မည်။
ပျံသန်းနန်းဆောင်သည် အမှန်တကယ်တော့ ဧရာမငှက်ကြီးဖြစ်တဲ့ တိမ်ငှက်ရဲ့ ကျောပေါ်မှာ ချိတ်ဆွဲထားခြင်းသာ ဖြစ်သည်။
ပျံသန်းနန်းဆောင် ရှေ့ကို ရောက်တဲ့အခါ ပထမဆုံး မြင်လိုက်ရတာက ပျံသန်းနေတဲ့ နန်းဆောင်တွေ မဟုတ်ဘဲ မီတာ ၃၀ ကျော်မြင့်တဲ့ ငှက်ကြီး တချို့ပဲ ဖြစ်လေသည်။ ငှက်ကြီးများသည် အလွန် အံ့အားသင့်ဖွယ် ကောင်းသော အထပ်မြင့် အိမ်များနှင့်ပင် တူ၏။
သားရဲခန်းမမှ လူများသည် ရာနှင့်ချီသော နွားများကို တွန်းပို့ပြီးနောက် နွားများကို ကိုက်နေသည့် တိမ်တိုက်ငှက် တချို့ကို အစာကျွေးနေလေသည်။ တစ်ကြိမ် ပါးစပ်ဖွင့်လိုက်လျှင် နွားတစ်ကောင်က တစ်ကိုက်တည်းပင်။
တိမ်တိုက်ငှက် တစ်ကောင်စီသည် နွားတစ်ဒါဇင်ကျော်ကို ကိုက်စားနေပြီး ရာနှင့်ချီသော နွားအုပ်စုတစ်စုကို ဧရာမငှက် အနည်းငယ်က အချိန်တိုအတွင်း ကိုက်စားလိုက်ကြသည်။
ဤမြင်ကွင်းမျိုးသည် လုရွှမ်အတွက် သာယာသော်လည်း လင်ရှောင်းရှောင်း နှင့် တခြားသူများအတွက် ပြောရရင် တော်တော်ကို အံ့သြဖို့ကောင်းနေ၏။
"ဘာငှက်ကြီးလဲ!"
ဤသည်မှာ အလှလေး သုံးယောက်ထံမှ တညီတညွတ်တည်း ထွက်ပေါ်လာသော စကားသံ ဖြစ်သည်။
"အိုး... သူဌေး ကျွန်တော် သူဌေးကို လိုက်ရှာနေတာ သူဌေး သွားတော့မလို့လား?"
လူဝကြီး တစ်ယောက်ဟာ လုရွှမ်ကို တွေ့တာနဲ့ အစောင့်အကြပ် အနည်းငယ်နဲ့အတူ ချက်ချင်းပြေးထွက်လာလေ၏။
"ထျန်ကျွမ့်နမ်!"
လုရွှမ်လည်း ကုဖုန်းထျန်မိသားစုက လူဝကောင်လေး ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။
"သူဌေး... ဘယ်သွားမလို့လဲ"
လုရွှမ် ပျံသန်းနန်းဆောင်ဘက်မှာ ပေါ်လာတာကို တွေ့လိုက်ကာ သူနဲ့အတူ လူတစ်စုကိုလည်း ခေါ်လာတာကြောင့် တစ်နေရာရာကို ခရီးထွက်မည့်ပုံပင်။
"မြို့တစ်ထောင် မဟာမိတ်"
လုရွှမ်သည် ဖက်တီးအပေါ် အမြင် မဆိုးချေ။ ဒီလူက နည်းနည်းတော့ ခပ်ညံ့ညံ့ ဖြစ်သော်လည်း ရိုးသားပြီး သူ့နှလုံးသားကလည်း မဆိုးလှပေ။
"အာ?? မြို့တစ်ထောင်မဟာမိတ်?? သူဌေး ကျွန်တော်လည်း သွားချင်တယ် ကျွန်တော့်ကိုပါ ခေါ်သွားပါလား?"
ဖက်တီးက အရှက်မဲ့စွာ ဆိုလာ၏။
နောက်လိုက်များသည် သူတို့ သခင်လေးရဲ့ ပုံစံကို မြင်တဲ့အခါ သူတို့နဖူးကိုအုပ်လျက် မသိသလို ပြုမူနေကြလေသည်။
"ကောင်းပြီလေ!"
လုရွှမ် သဘောတူလိုက်သည်။ ဖက်တီး၏ အစောင့်များ အားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ တွင်ရှိပြီး သူကိုယ်တိုင်ကလည်း အဆင့်၆တွင် ရှိနေသောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် ပြဿနာ မဖြစ်ရှိလောက်ပေ။
အဲဒီလူရဲ့ ရွှေခြေလေးချောင်း ကြေးကြက်ဖကလည်း နဂါးနှလုံးကို ရှာတွေ့ဖို့ အကူအညီ ပေးကောင်းပေးနိုင်လိမ့်မည်။
ပျံသန်းနန်းဆောင် ငှားခက ဈေးကြီးပေမယ့် လုရွှမ်က ဆက်ရှာနိုင်တာမို့ ဒီအခကြေးငွေ အတွက် စိတ်မပူပေ။ ပျံသန်းနန်းဆောင် အနားသို့ သွားခါနီးတွင် အလှမယ် နှစ်ယောက်က ပျံသန်းနန်းဆောင် တံခါးကို ဖွင့်ကာ သူ့ကို ပြုံးပြလာတာကို တွေ့လိုက်ရသည်။
"မော့ချုံ... ချန်စစ်ယန်?"
လုရွှမ် သူတို့ နှစ်ယောက်ကို မြင်လိုက်တာနဲ့ သူတို့ ဘာကိုဆိုလိုချင်မှန်း မေးစရာမလိုဘဲ သိလိုက်သည်။
"ခန်းမသခင်က လူကြီးမင်းကို တလမ်းလုံး အစေခံခိုင်းလိုက်ပါတယ်... လူကြီးမင်း ကျွန်မကို မလိုက်စေချင်တာတော့ မဟုတ်ပါဘူးနော်"
မော့ချုံ သနားစရာ ကောင်းနေ၏။ သာမန်လူတစ်ယောက်တောင်မှ ဒီလို ထိတ်လန့်စရာကောင်းတဲ့ သဘောထားကို မငြင်းနိုင်ရှာဘူးလေ။
"သခင်လေးလု....သခင်မချန်က မြို့တစ်ထောင်မဟာမိတ်ဘက်မှာ သခင်လေး မရင်းနှီးမှာ စိုးလို့ အဖော် လိုက်ခိုင်းလိုက်ပါတယ်... အဲ့မှာ ဆေးဥယျာဥ်ခွဲ တစ်ခုရှိတယ် အကူအညီ လိုအပ်ရင် အဆင်ပြေနိုင်ပါတယ်"
ဒါက ခန်းမသခင်ဖုန်းနဲ့ ဆေးဝါးသခင်မချန်တို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချည်း မဟုတ်ကြောင်း လုရွှမ်လည်း ရှင်းရှင်းလင်းလင်း သိလေသည်။
မုယန်ဖုန်းနှင့် ဆေးဝါးသခင်မချန်တို့၏ အမြင်တွင် လုရွှမ် နောက်ကွယ်မှ စွမ်းအားသည် လုံးဝနားမလည်နိုင်ပေ။ ဤအချိန်တွင် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါက ၎င်းသည် အနာဂတ်တွင် ကြီးမားသောအကူအညီ ဖြစ်လာနိုင်သည်။
မော့ချုံ၊ ချန်စစ်ယန်တို့က လုရွှမ်နဲ့ ရင်းနှီးတဲ့ လူတွေဖြစ်ပြီး လုရွှမ်နောက် လိုက်နိုင်ဖို့ မျှော်လင့်နေကြသလို လုရွှမ်သာ လက်ခံမယ်ဆိုရင် သူမတို့ဟာ အစေခံတွေအဖြစ် နေရရင်တောင် အဆုံးမဲ့ အနာဂတ်တွေ ရှိနေမှာ သေချာလေသည်။
ဘာသာပြန် = Arc 3 က ဒီအပိုင်း ၂၃၀မှာ ဆုံးပါပြီ။ နောက်ပိုင်း Chapter (1) Arc 4 စပါမယ်
Chapter (230) Arc 3
တိမ္တိုက္ငွက္
"ခန္းမသခင္ဖုန္းက ယဥ္ေက်း လြန္းေနပါၿပီ ေပ႐ႊီး ေတာ္ဝင္အင္ပါယာကေန ထြက္သြားၿပီးရင္ ခင္ဗ်ားဒီလူအုပ္ကို ဂ႐ုစိုက္ဖို႔ေတာ့ လိုလိမ့္မယ္..."
ထိုစကားမ်ားကို ေျပာၿပီးေနာက္ လု႐ႊမ္သည္ မင္းသမီးေလာ့႐ုံ၊ လင္ေရွာင္းေရွာင္းႏွင့္ ေလ်ာက္ခ်င္းတို႔ ရွိရာဘက္သို႔ ၾကည့္လိုက္သည္။
ဒီလူေတြဟာ က်န္းဝူေက်ာင္းေတာ္မွာ ကတည္းက တစ္ေယာက္နဲ႕ တစ္ေယာက္ သိကြၽမ္းလာခဲ့ၾကၿပီး သူငယ္ခ်င္းလို႔ ယူဆလို႔ ရေနၿပီ။ သူထြက္သြားေတာ့မယ့္ အခ်ိန္မွာ ဒီလူေတြကို ေကာင္းေကာင္း စီစဥ္ေပးခ်င္ခဲ့ေသးသည္။
ေလ်ာက္ခ်င္း ႏွင့္ အျခားသူမ်ားသည္ အလြန္ေအးေဆးတည္ၿငိမ္စြာ ျပဳမူေနၾကသည္။ ေနာက္ဆုံးတြင္ ၎တို႔ကိုယ္တိုင္၏ က်င့္ႀကံမႈမွာ အလြန္နိမ့္ေန၍ လု႐ႊမ္အတြက္ ဝန္ထုပ္ဝန္ပိုးတစ္ခု ျဖစ္ေၾကာင္းလည္း သိရွိခဲ့ၾကသည္ေလ။
သို႔ေသာ္ လင္ေရွာင္းေရွာင္း၊ မင္းသမီးေလာ့႐ုံနဲ႕ မိန္းကေလးေတြကေတာ့ အေတာ္ေလး ျပင္းထန္စြာ တုံ႕ျပန္ခဲ့ၾကသည္။
"လု႐ႊမ္!! နင္ ငါတို႔ကို ခ်န္ထားခဲ့လို႔ မရဘူး!"
မင္းသမီးေလာ့႐ုံက ပထမဆုံး စကားေျပာသည္။
"လု႐ႊမ္... နင္ငါ့ကိုထိလိုက္တယ္ေနာ္... အခုလိုထားခဲ့ၿပီး တာဝန္မဲ့လို႔ မရဘူး!"
လူတိုင္းကို သံသယနဲ႕ ၾကည့္ေနတာကို ျမင္ေတာ့ မင္းသမီးေလာ့႐ုံ ထပ္၍ ဟစ္ေအာ္လိုက္ျပန္သည္။
သူမ စကားၾကားေတာ့ ေလ်ာက္ခ်င္း နဲ႕ တျခားသူေတြ တုန္လႈပ္သြားၾက၏။ ခ်က္ခ်င္း ဆိုသလိုပဲ အားလုံးက လု႐ႊမ္ကို ထူးဆန္းတဲ့ မ်က္လုံးေတြနဲ႕ ၾကည့္လာေတာ့သည္။
သခင္ေလးကေတာ့ မိုက္ခ်က္ပဲ!
သို႔ေသာ္လည္း စိတ္ခံစားခ်က္မ်ား မဆုံးခင္မွာ လင္ေရွာင္းေရွာင္းရဲ႕ အသံကိုလည္း ထပ္ၾကားလိုက္ရသည္။
"လု႐ႊမ္... နင္ငါ့ကိုလည္း ထိသြားတယ္... ဘာပဲျဖစ္ျဖစ္ အခုလို ပစ္ထားခဲ့ၿပီး လူကို အနိုင္မက်င့္ရဘူး!"
လု႐ႊမ္မွာ ႐ုတ္တရက္ ေခါင္းပါ မူးေဝလာသည္။ ဘာေၾကာင့္မ်ား သူက ထိရတာလဲ။ မင္းတို႔ဘာသာ အတင္းအၾကပ္ ထိခိုင္းခဲ့တာ မဟုတ္ဘူးလား။
တျခားသူေတြေတာ့ မသိေပမယ့္ ေရာက္လာသူ အားလုံးက လု႐ႊမ္ကို တညီတၫြတ္တည္း ၾကည့္ေနၾကၿပီး ေလ်ာက္ခ်င္းနဲ႕ အျခားသူမ်ားကေတာ့ တုႏွိုင္းမရတဲ့ ၾကည္ညို ေလးစားမႈမ်ားကို ျပသေနၾကသည္။
ယင္းယန္ေက်ာင္းေတာ္မွ အႀကီးအကဲမ်ားသည္ တိုက္ရိုက္ မၾကည့္ဝံ့ဘဲ လု႐ႊမ္ကို လွ်ို႔ဝွက္စြာ ရႈေထာင့္မ်ိဳးစုံျဖင့္ စူးစိုက္ၾကည့္ေနၾကသည္။ တစ္ဖက္တြင္မူ ခန္းမသခင္ဖုန္းသည္ လူငယ္ေလးရဲ႕ ေကာင္းကြက္ေတြကို ၾကည့္ၿပီး နည္းနည္း စိတ္မေကာင္း ျဖစ္မိသြားသည္။
ဟန္႐ႊယ္ကေတာ့ ညင္ညင္သာသာ ေအာ္ဟစ္လိုက္ၿပီး မနာလိုေၾကာင္း ျပသေန၏။ လူတိုင္းရဲ႕ ျခားနားတဲ့ မ်က္လုံးေတြကို ၾကည့္လိုက္ေတာ့ လု႐ႊမ္မွာ လုံးဝ စကားမေျပာနိုင္ေအာင္ ဆြံ႕အသြားေတာ့သည္။
ႀကီးက်ယ္ခမ္းနားေသာ အ႐ူးဧကရာဇ္သည္ အၿမဲတမ္း ျပတ္ျပတ္သားသား အဆုံးအျဖတ္ ေပးတတ္သူ ျဖစ္ေသာ္လည္း အခုေတာ့ အနည္းငယ္ ရွက္စရာ ေကာင္းသြား၏။
"လိုက္လို႔ရေပမယ့္ ငါ့ကို ဒုကၡမေပးနဲ႕"
"အင္း... လုံးဝ ဒုကၡမေပးဘူး!"
မင္းသမီးေလာ့႐ုံနဲ႕ တျခားသူေတြလည္း လု႐ႊမ္ သူ႕စကားကို ျပန္႐ုတ္သိမ္းသြားမွာကို ေၾကာက္တာနဲ႕ ကမန္းကတန္း ကတိေပးလိုက္ၾကသည္။
အႀကီးအကဲ လုံယြမ္မွာ ယင္းယန္ေက်ာင္းရဲ႕ ကာကြယ္ေရး အခင္းအက်င္းကို ထိန္းခ်ဳပ္ထားတဲ့ ေက်ာင္းအုပ္ႀကီး ျဖစ္လာၿပီး ေလ်ာက္ခ်င္း နဲ႕ တျခားသူေတြကလည္း ယင္းယန္ေက်ာင္းေတာ္မွာ တစ္ေနရာစီ ရသြားတာေၾကာင့္ ေဘးကင္းမႈအတြက္ စိုးရိမ္စရာ မလိုေတာ္ေပ။
ထို႔အျပင္ ၎တို႔တြင္ လု႐ႊမ္မွ သင္ၾကားေပးေသာ ဝိညာဥ္နယ္ပယ္ ေလ့က်င့္ေရး နည္းလမ္းမ်ား ရွိၿပီး အႀကီးအကဲ လုံယြမ္၏ ဂ႐ုစိုက္မႈႏွင့္ က်င့္ႀကံမႈ အရင္းအျမစ္မ်ားျဖင့္ ၎တို႔အနက္မွ တခ်ိဳ႕သည္ အျခားသူမ်ားထက္ က်င့္ႀကံမႈ ပိုမိုျမန္ဆန္မည္ဟု လု႐ႊမ္ ယုံၾကည္ထားသည္။
ယင္းယန္ေက်ာင္းေတာ္၊ သားရဲခန္းမႏွင့္ ေဆးဥယ်ာဥ္တို႔ရဲ႕ ေပါင္းစပ္မႈႏွင့္အတူ ေပ႐ႊီး ေတာ္ဝင္အင္ပါယာသည္ အေျခခံအားျဖင့္ သံစည္တစ္ခု ျဖစ္သြားၿပီ။
ေပ႐ႊီ ဘုရင္ရာထူးအတြက္ မည္သည့္မိသားစုကပင္ ႀကိဳးစားေစကာမူ ေနာက္ဆုံးတြင္ ထီးနန္းကို ဤအာဏာရွင္ သုံးပါးက အသိအမွတ္ျပဳမွသာလွ်င္ လုပ္နိုင္လိမ့္သည္။
ဒါေပါ့။ ဒါေတြက ေပ႐ႊီး ေတာ္ဝင္အင္ပါယာရဲ႕ အနာဂတ္ လမ္းေၾကာင္းေတြပဲေလ။ လု႐ႊမ္အတြက္ ဒါေတြကို ထည့္သြင္းစဥ္းစားဖို႔ မလိုအပ္ပါဘူး။
လက္ရွိ အခ်ိန္မွာ လု႐ႊမ္သည္ လူတစ္စုကို သားရဲခန္းမသို႔ ေခၚေဆာင္လာခဲ့သည္။ ေမာ့ေကာင္း႐ႊမ္း၊ မုယန္ဖုန္း၊ လင္ေရွာင္းေရွာင္း၊ မင္းသမီးေလာ့႐ုံႏွင့္ ဟန္႐ႊယ္တို႔ ျဖစ္သည္။
ဟန္ေရာင္ကိုေတာ့ သူမေခၚခဲ့ေခ်။ ဟန္ေရာင္ရဲ႕ က်င့္ႀကံမႈနယ္ပယ္က နိမ့္ၿပီး သူ႕အတြက္ ကိုယ္ရံေတာ္အေနနဲ႕ ေမာ့ေကာင္း႐ႊမ္း နဲ႕ မုယန္ဖုန္းတို႔ ပါရင္ ရေလၿပီ။ ေနာက္ၿပီး ဟန္ေရာင္က ဟန္မိသားစုရဲ႕ မိသားစုေခါင္းေဆာင္လည္း ျဖစ္ေနေသးသည္။
တစ္ေဆအဖြဲ႕ဝင္လည္း ျဖစ္ေနေသးရာ ေပ႐ႊီး ေတာ္ဝင္အင္ပါယာတြင္ ေနခဲ့ၿပီး တစ္ဖက္တြင္ ဟန္မိသားစု၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို ထိန္းထားနိုင္ၿပီး တစ္ဖက္တြင္ ၎သည္ ေပ႐ႊီး ေတာ္ဝင္အင္ပါယာရွိ သရဲအေစာင့္မ်ား၏ မ်က္လုံး အျဖစ္ လုပ္ေဆာင္နိုင္သည္။
ၿမိဳ႕တစ္ေထာင္မဟာမိတ္က ေပ႐ႊီး ေတာ္ဝင္အင္ပါယာကေန အလြန္ေဝးကြာၿပီး ၾကား၌ နိုင္ငံမ်ားစြာအၾကားတြင္ တည္ရွိေနေသးသည္။ ထိုေနရာတြင္ ေျခႏွစ္ေခ်ာင္းျဖင့္ လွမ္းေလွ်ာက္သြားျခင္းက လက္ေတြ႕ မက်သည္မွာ ထင္ရွားပါသည္။
ေယဘုယ်အားျဖင့္ ဤအလြန္ေဝးကြာေသာ ခရီးကို သြားဖို႔ သားရဲခန္းမက ပ်ံသန္းနန္းေဆာင္ သို႔မဟုတ္ ပ်ံသန္းသားရဲေတြကိုသာ အားကိုးရေတာ့မည္။
ပ်ံသန္းနန္းေဆာင္သည္ အမွန္တကယ္ေတာ့ ဧရာမငွက္ႀကီးျဖစ္တဲ့ တိမ္ငွက္ရဲ႕ ေက်ာေပၚမွာ ခ်ိတ္ဆြဲထားျခင္းသာ ျဖစ္သည္။
ပ်ံသန္းနန္းေဆာင္ ေရွ႕ကို ေရာက္တဲ့အခါ ပထမဆုံး ျမင္လိုက္ရတာက ပ်ံသန္းေနတဲ့ နန္းေဆာင္ေတြ မဟုတ္ဘဲ မီတာ ၃၀ ေက်ာ္ျမင့္တဲ့ ငွက္ႀကီး တခ်ိဳ႕ပဲ ျဖစ္ေလသည္။ ငွက္ႀကီးမ်ားသည္ အလြန္ အံ့အားသင့္ဖြယ္ ေကာင္းေသာ အထပ္ျမင့္ အိမ္မ်ားႏွင့္ပင္ တူ၏။
သားရဲခန္းမမွ လူမ်ားသည္ ရာႏွင့္ခ်ီေသာ ႏြားမ်ားကို တြန္းပို႔ၿပီးေနာက္ ႏြားမ်ားကို ကိုက္ေနသည့္ တိမ္တိုက္ငွက္ တခ်ိဳ႕ကို အစာေကြၽးေနေလသည္။ တစ္ႀကိမ္ ပါးစပ္ဖြင့္လိုက္လွ်င္ ႏြားတစ္ေကာင္က တစ္ကိုက္တည္းပင္။
တိမ္တိုက္ငွက္ တစ္ေကာင္စီသည္ ႏြားတစ္ဒါဇင္ေက်ာ္ကို ကိုက္စားေနၿပီး ရာႏွင့္ခ်ီေသာ ႏြားအုပ္စုတစ္စုကို ဧရာမငွက္ အနည္းငယ္က အခ်ိန္တိုအတြင္း ကိုက္စားလိုက္ၾကသည္။
ဤျမင္ကြင္းမ်ိဳးသည္ လု႐ႊမ္အတြက္ သာယာေသာ္လည္း လင္ေရွာင္းေရွာင္း ႏွင့္ တျခားသူမ်ားအတြက္ ေျပာရရင္ ေတာ္ေတာ္ကို အံ့ၾသဖို႔ေကာင္းေန၏။
"ဘာငွက္ႀကီးလဲ!"
ဤသည္မွာ အလွေလး သုံးေယာက္ထံမွ တညီတၫြတ္တည္း ထြက္ေပၚလာေသာ စကားသံ ျဖစ္သည္။
"အိုး... သူေဌး ကြၽန္ေတာ္ သူေဌးကို လိုက္ရွာေနတာ သူေဌး သြားေတာ့မလို႔လား?"
လူဝႀကီး တစ္ေယာက္ဟာ လု႐ႊမ္ကို ေတြ႕တာနဲ႕ အေစာင့္အၾကပ္ အနည္းငယ္နဲ႕အတူ ခ်က္ခ်င္းေျပးထြက္လာေလ၏။
"ထ်န္ကြၽမ့္နမ္!"
လု႐ႊမ္လည္း ကုဖုန္းထ်န္မိသားစုက လူဝေကာင္ေလး ျဖစ္ေၾကာင္း ခ်က္ခ်င္း မွတ္မိသြားသည္။
"သူေဌး... ဘယ္သြားမလို႔လဲ"
လု႐ႊမ္ ပ်ံသန္းနန္းေဆာင္ဘက္မွာ ေပၚလာတာကို ေတြ႕လိုက္ကာ သူနဲ႕အတူ လူတစ္စုကိုလည္း ေခၚလာတာေၾကာင့္ တစ္ေနရာရာကို ခရီးထြက္မည့္ပုံပင္။
"ၿမိဳ႕တစ္ေထာင္ မဟာမိတ္"
လု႐ႊမ္သည္ ဖက္တီးအေပၚ အျမင္ မဆိုးေခ်။ ဒီလူက နည္းနည္းေတာ့ ခပ္ညံ့ညံ့ ျဖစ္ေသာ္လည္း ရိုးသားၿပီး သူ႕ႏွလုံးသားကလည္း မဆိုးလွေပ။
"အာ?? ၿမိဳ႕တစ္ေထာင္မဟာမိတ္?? သူေဌး ကြၽန္ေတာ္လည္း သြားခ်င္တယ္ ကြၽန္ေတာ့္ကိုပါ ေခၚသြားပါလား?"
ဖက္တီးက အရွက္မဲ့စြာ ဆိုလာ၏။
ေနာက္လိုက္မ်ားသည္ သူတို႔ သခင္ေလးရဲ႕ ပုံစံကို ျမင္တဲ့အခါ သူတို႔နဖူးကိုအုပ္လ်က္ မသိသလို ျပဳမူေနၾကေလသည္။
"ေကာင္းၿပီေလ!"
လု႐ႊမ္ သေဘာတူလိုက္သည္။ ဖက္တီး၏ အေစာင့္မ်ား အားလုံးသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇ တြင္ရွိၿပီး သူကိုယ္တိုင္ကလည္း အဆင့္၆တြင္ ရွိေနေသာေၾကာင့္ သူ႕ကိုယ္သူ ကာကြယ္ရန္ ျပႆနာ မျဖစ္ရွိေလာက္ေပ။
အဲဒီလူရဲ႕ ေ႐ႊေျခေလးေခ်ာင္း ေၾကးၾကက္ဖကလည္း နဂါးႏွလုံးကို ရွာေတြ႕ဖို႔ အကူအညီ ေပးေကာင္းေပးနိုင္လိမ့္မည္။
ပ်ံသန္းနန္းေဆာင္ ငွားခက ေဈးႀကီးေပမယ့္ လု႐ႊမ္က ဆက္ရွာနိုင္တာမို႔ ဒီအခေၾကးေငြ အတြက္ စိတ္မပူေပ။ ပ်ံသန္းနန္းေဆာင္ အနားသို႔ သြားခါနီးတြင္ အလွမယ္ ႏွစ္ေယာက္က ပ်ံသန္းနန္းေဆာင္ တံခါးကို ဖြင့္ကာ သူ႕ကို ၿပဳံးျပလာတာကို ေတြ႕လိုက္ရသည္။
"ေမာ့ခ်ဳံ... ခ်န္စစ္ယန္?"
လု႐ႊမ္ သူတို႔ ႏွစ္ေယာက္ကို ျမင္လိုက္တာနဲ႕ သူတို႔ ဘာကိုဆိုလိုခ်င္မွန္း ေမးစရာမလိုဘဲ သိလိုက္သည္။
"ခန္းမသခင္က လူႀကီးမင္းကို တလမ္းလုံး အေစခံခိုင္းလိုက္ပါတယ္... လူႀကီးမင္း ကြၽန္မကို မလိုက္ေစခ်င္တာေတာ့ မဟုတ္ပါဘူးေနာ္"
ေမာ့ခ်ဳံ သနားစရာ ေကာင္းေန၏။ သာမန္လူတစ္ေယာက္ေတာင္မွ ဒီလို ထိတ္လန႔္စရာေကာင္းတဲ့ သေဘာထားကို မျငင္းနိုင္ရွာဘူးေလ။
"သခင္ေလးလု....သခင္မခ်န္က ၿမိဳ႕တစ္ေထာင္မဟာမိတ္ဘက္မွာ သခင္ေလး မရင္းႏွီးမွာ စိုးလို႔ အေဖာ္ လိုက္ခိုင္းလိုက္ပါတယ္... အဲ့မွာ ေဆးဥယ်ာဥ္ခြဲ တစ္ခုရွိတယ္ အကူအညီ လိုအပ္ရင္ အဆင္ေျပနိုင္ပါတယ္"
ဒါက ခန္းမသခင္ဖုန္းနဲ႕ ေဆးဝါးသခင္မခ်န္တို႔ရဲ႕ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ခ်ည္း မဟုတ္ေၾကာင္း လု႐ႊမ္လည္း ရွင္းရွင္းလင္းလင္း သိေလသည္။
မုယန္ဖုန္းႏွင့္ ေဆးဝါးသခင္မခ်န္တို႔၏ အျမင္တြင္ လု႐ႊမ္ ေနာက္ကြယ္မွ စြမ္းအားသည္ လုံးဝနားမလည္နိုင္ေပ။ ဤအခ်ိန္တြင္ ေကာင္းမြန္ေသာ ဆက္ဆံေရးကို တည္ေဆာက္ခဲ့ပါက ၎သည္ အနာဂတ္တြင္ ႀကီးမားေသာအကူအညီ ျဖစ္လာနိုင္သည္။
ေမာ့ခ်ဳံ၊ ခ်န္စစ္ယန္တို႔က လု႐ႊမ္နဲ႕ ရင္းႏွီးတဲ့ လူေတြျဖစ္ၿပီး လု႐ႊမ္ေနာက္ လိုက္နိုင္ဖို႔ ေမွ်ာ္လင့္ေနၾကသလို လု႐ႊမ္သာ လက္ခံမယ္ဆိုရင္ သူမတို႔ဟာ အေစခံေတြအျဖစ္ ေနရရင္ေတာင္ အဆုံးမဲ့ အနာဂတ္ေတြ ရွိေနမွာ ေသခ်ာေလသည္။
ဘာသာျပန္ = Arc 3 က ဒီအပိုင္း ၂၃၀မွာ ဆုံးပါၿပီ။ ေနာက္ပိုင္း Chapter (1) Arc 4 စပါမယ္