Chapter (226) Arc 3
နဂါးရုပ်တု
"ဟုတ် ဟုတ်ကဲ့... ချန် ချန်ယန်နန်းဆောင်ထဲမှာပါ"
မိန်းမစိုးက တုန်တုန်ယင်ယင်နဲ့ ပြန်ဖြေ၏။
သေချာတာကတော့ ဒီမိန်းမစိုးကြီးရဲ့ အဝတ်အစားတွေက အပြင်ဘက်မှာ ရှိတဲ့ မိန်းမစိုးတွေနဲ့ သိသိသာသာ ကွဲပြားလေ၏။ ဒါ့အပြင် သူက အသက်ပိုကြီးတဲ့ အတွက် သူ့မှာ ရာထူး တစ်ခုခုတော့ ရှိလိမ့်မည်။
"ကျုပ်တို့ကို ခေါ်သွားပေး!"
"ဟုတ်ကဲ့...ဟုတ်ကဲ့"
မိန်းမစိုးကြီးက ထပ်ခါတလဲလဲ ခေါင်းညိတ်လျက် ပြန်ဖြေလေ၏။
ဘုရင်မင်းမြတ် ချန်ရှုံ၏ ချန်ယန်နန်းဆောင်သည် များသောအားဖြင့် အစောင့်များစွာရှိပြီး မရေမတွက်နိုင်သော နန်းတွင်းသူများနှင့် မိန်းမစိုးများ ရှိသည်။ ဤအခိုက်အတန့်တွင်တော့ လူသူကင်းမဲ့သွားကာ မည်သူကိုမျှ မမြင်ရတော့ပေ။
ပင်မခန်းမကို ဖြတ်၍ နောက်ဖေး ဥယျာဉ်ကို ဖြတ်လျှောက်လာခဲ့သည်။ ကြီးမားပြီး ဇိမ်ခံအိပ်ခန်းထဲသို့ ဝင်လိုက်ရာ မိန်းမစိုးက တုန်တုန်ယင်ယင်ဖြင့်
"ရတနာခန်းက ဘုရင်မင်းမြတ်ရဲ့ အိပ်ခန်း အောက်ထဲမှာ ရှိပါတယ်... ဒါပေမဲ့ ဘယ်လိုဖွင့်ရမလဲ ဆိုတာ ကျုပ်တကယ် မသိပါဘူး"
"သွားလို့ရပြီ"
လုရွှမ်လည်း ထိုလူအား ထွက်သွားဖို့ အချက်ပြလိုက်သည်။
ထွက်သွားနိုင်ပြီဟု ကြားသောအခါ မိန်းမစိုးသည် မြှားတစ်စင်းလို လမ်းတစ်လျှောက်လုံး ပြေးထွက်သွားပြီး ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်လုံးထဲမှာ လုရွှမ်နဲ့သာ ခဏလောက် ဆက်နေမယ်ဆိုရင် သူသေရမယ့် အချိန်က ပိုနီးကပ်သွားလိမ့်မယ်။
ထိုမိန်းမစိုး လုရွှမ်ကို လှည့်စားရဲမည် မဟုတ်ချေ။ ရတနာအခန်းသည် ဤအိပ်ခန်းထဲတွင် ရှိရမည်ဖြစ်ပြီး ရတနာအခန်းကို ဖွင့်ရန် ယန္တရားဟာလည်း ဤအခန်းတွင်း၌ ရှိရမည်။
သို့သော် ဘုရင်၏အိပ်ခန်း ဖြစ်သောကြောင့် အခန်းသည် သဘာဝအတိုင်း အလွန်ကျယ်ဝန်းပြီး အဆိုပါ ယန္တရားမှာ ဘယ်နေရာတွင် ရှိနေလဲ ဆိုတာကို ရှာဖွေဖို့တော့ အနည်းငယ် ခက်ခဲနိုင်၏။
ထိုအခိုက် လုရွှမ်ရှေ့မှာ စိမ်းမြတဲ့ သစ်သားချောင်း တစ်ချောင်း ရုတ်တရက် ပေါ်လာပြီး ၁၆ ပမာဏရှိတဲ့ စိတ်စွမ်းအားရဲ့ ထိန်းချုပ်မှုအောက်မှာ သစ်သားနှလုံးသားဟာ ကြမ်းပြင်ထဲကို တိုက်ရိုက် ထိုးဆင်းသွားတော့သည်။
စိတ်စွမ်းအား ၁၅ရှိစဥ်က သစ်သားနှလုံးသားကို တစ်ကီလိုမီတာ အကွာအဝေးအတွင်း ရွှေ့လျားစေဖိူ့ ထိန်းချုပ်နိုင်သည်။ အခုတော့ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက ၁၆အထိ ထပ်မံတိုးတာကြောင့် လွယ်ကူစွာ ထိန်းချုပ်နိုင်ပြီး နှစ်ကီလိုမီတာ အကွာအဝေး အတွင်းမှာ ပြဿနာမရှိပေ။
အခြေခံအားဖြင့် နှစ်ကီလိုမီတာ အကွာအဝေးသည် ပေရွှီး နန်းတော် တစ်ခုလုံးကို ခြုံငုံထားနိုင်သည်။ ထို့ကြောင့် အိပ်ခန်းထဲတွင်ရှိ ရတနာအခန်းရှာရန် အလွန်လွယ်ကူလှသည်။
မကြာမီတွင် လုရွှမ်သည် သစ်သားနှလုံးသားကို သုံး၍ မြေဆီလွှာ အထဲကို သိသိသာသာ ထိုးဖောက်ဝင်ရောက် သွားတာကို ခံစားလိုက်ရသည်။ မြေကြီးထဲ လှည့်ပတ်သွားလာရန် ၎င်းကို ထိန်းချုပ်ကာ မြေပြင် အက်ကွဲကြောင်းမှ တစ်ဆင့်ကျောက်စိမ်းသင်္ကေတ တစ်ခုကို တွေ့လိုက်သည်။
လုရွှမ်သည် တစ်နေရာသို့ လျှောက်သွားကာ အရှေ့ကို ညွှန်ပြပြီး
"အကျယ်က သုံးမီတာ... အနက်က နှစ်ဆယ့်ငါးမီတာ"
"ဟုတ်ကဲ့ပါ သခင်လေး"
မော့ကောင်းရွှမ်း နားလည်ဟန် ခေါင်းညိတ်ပြ၍ လုရွှမ်ညွှန်ပြတဲ့ နေရာကို သွားလိုက်သည်။
"ဗုန်း!"ကနဲ အသံတိုးတိုးလေး ထွက်လာပြီး မော့ကောင်းရွှမ်းသည် သုံးမီတာ ကျယ်၍ နှစ်ဆယ့်ငါးပေ နက်သော မြေကြီးထဲသို့ အပေါက်တစ်ခုကို တိုက်ရိုက် ဖိချလိုက်သည်။ အတိုင်းအတာသည် အလွန်တိကျသောကြောင့် ၎င်းကိုတိုင်းတာရန် ကိရိယာကိုပင် မလိုတော့ချေ။
ကျယ်ဝန်းသော ခန်းမကြီးကို ထိုတွင်းကြီးအတိုင်း အောက်တွင် မြင်နိုင်၏။
"ဆင်းရအောင်!"
နှစ်ယောက်သား မြေအောက်ထဲသို့ ခုန်ဆင်းလိုက်သည်။
ဆင်းပြီးနောက် ဤရတနာခန်းကြီးသည် အလွန် ကြီးမားသော အခန်းဖြစ်ကြောင်း ထင်ရှားစွာ တွေ့လိုက်ရသည်။ အပေါ်ယံ အပါအဝင် ဘေးဘက် အရပ်ရပ်၌ ညလင်းပုလဲများ ထည့်ထားသော မီးအိမ်များစွာရှိပြီး ရတနာအခန်း တစ်ခုလုံးကို နေ့ကဲ့သို့ တောက်ပစေသည်။
"ဝိညာဉ်ကျောက်တုံးတွေ!”
ရတနာအခန်း အလယ်ရှိ စားပွဲဝိုင်းကြီး အများအပြားမှာ ဝိညာဉ်ကျောက်တုံးများနှင့် ပြည့်နေသည်။ ၎င်းတို့သည် ရှန့်ခုန်းမြို့ဟောင်းလို မဟုတ်ပေမယ့် နှစ်သန်းမှ သုံးသန်းအထိ ရှိသေးသည်။
"တစ္ဆေနယ်ပယ် အလယ်အလယ်အဆင့် လက်နက်တွေ!"
ရတနာခန်းတစ်ဝိုက်တွင် ချိတ်ဆွဲထားသော လက်နက်များစွာလည်း ရှိသည်။ ဤလက်နက်များသည် အဆင့်နိမ့် မဟုတ်ဘဲ တစ္ဆေနယ်ပယ် အနိမ့်ဆုံးအဆင့်မှ အလယ်အလတ် အဆင့်ထိ ရှိတဲ့ လက်နက်တွေ ဖြစ်ကြောင်း ထင်ရှားလေသည်။ အဆင့်နိမ့် ဝိညာဉ်နယ်ပယ် လက်နက်များလည်း ရှိသေး၏။
သစ်သားဘောင်၏ တစ်ဖက်တွင် တစ္ဆေနယ်ပယ် အဆင့်နိမ့်မှ အထွတ်အထိပ် အဆင့်ထိ ရေးသားထားသော လေ့ကျင့်ရေး နည်းလမ်း အားလုံး၏ အမည်များဖြင့် လက်ရာမြောက်သော သေတ္တာများစွာထဲ ထည့်သိမ်းထားသည်။
သူ၏လက် ဝှေ့ယမ်းမှုနှင့်အတူ ပေရွှီး တော်ဝင်မိသားစုမှ စုဆောင်းထားခဲ့သော မိသားစုပိုင် ပစ္စည်းများ အားလုံးကို လုရွှမ်ဟာ သူ့အပိုင်အဖြစ် သိမ်းဆည်းခဲ့သည်။
ရှန့်ခုန်း ရှေးဟောင်းမြို့တော်ရဲ့ ရိတ်သိမ်းခြင်းနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပေမယ့်လည်း တန်ဖိုးတော့ ရှိပါသေးသည်။
"သိမ်းစေ"
ဘေးတွင်ရှိနေသည့် မော့ကောင်းရွှမ်းသည် လုရွှမ်၏ အမှတ်တမဲ့ လက်ဝေ့ယမ်းတာကို တွေ့လိုက်ရပြီး အခန်းတွင်းရှိ အရာများသည် ချက်ချင်း ပျောက်ကွယ်သွားရာ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်လှုပ်သွားသည်။
အာကာသ မှော်လက်နက် ဆိုတာ တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးမှာ ဘယ်သူမှ မကြားဖူးသလို မော့ကောင်းရွှမ်းလည်း မသိရာ ဒီသခင်လေးမှာ ဘယ်လို နောက်ခံများ ရှိနေတာလဲ ဆိုတာကို တွေးရင် ပိုလို့တောင် ကြောက်လာမိ၏။
လုရွှမ်သည် သူ၏အမူအရာကို မြင်ပြီး လျှို့ဝှက်စွာ ခေါင်းညိတ်ပြလိုက်သည်။ အာကာသ မှော်လက်နက်ကို တမင်တကာ ပြသနေသည်မှာ တစ်ဖက်လူကို စမ်းသပ်နေခြင်းသာ ဖြစ်ပေသည်။
သူသည် အခြားစိတ်ကူးများနှင့် မိမိအား အမှန်တကယ် အသုံးချဝံ့ပါက နောင်တွင် ချက်ချင်း သတ်ပစ်လိုက်မည် ဖြစ်သည်။ အခု ဒီမော့ကောင်းရွှမ်းကတော့ အလွန်ယုံကြည် စိတ်ချရပုံ ပေါ်သည်။
တစ်ဖက်လူကို လျစ်လျူရှုပြီး လုရွှမ်သည် ရှေ့သို့ ဆက်လျှောက်သွားကာ စင်ပေါ်ရှိ ဆေးပုလင်းများကို ကြည့်လိုက်သည်။
"အဆင့်၇ ဟွေယွမ်ဆေးလုံး...အဆင့်၈ စိတ်ဝိညာဉ်အားဖြည့်ဆေးနဲ့ အဆင့်၉ ဖော့ရွှမ်ဆေးလုံး"
လုရွှမ်သည် ပုလင်းများပေါ်ရှိ စာများကို ဖတ်ရင်း သူ့လက်ကို ဝှေ့ယမ်း၍ ကျောက်စိမ်းပြားထဲ ထည့်သိမ်းလိုက်၏။
"စိမ်းပြာသတ္တုရိုင်း၊ ကြယ်တာရာငွေအမြုတေ၊ ကောင်းကင်မီးတောက်သံ!"
ရှေ့ကို ဆက်သွားကြည့်တဲ့အခါ ရှားပါးသတ္တုရိုင်းများနှင့် သတ္တု အပိုင်းအစများသည် လုရွှမ်ရဲ့ အာရုံကို ဖမ်းစားသွား၏။ ဤရှားပါးသတ္တုရိုင်းများနှင့် သတ္တုများစွာတို့သည် ရှာတွေ့ရန်ပင် အင်မတန် ခဲယဉ်းလှသည်။
ပေရွှီး တော်ဝင်မိသားစု၏ မရေမတွက်နိုင်သော နှစ်များအတွင်း သူတို့သည် ဥစ္စာပစ္စည်း အမြောက်အများကို စုဆောင်းထားခဲ့ကြသည်။
"၇ရွက်ပန်း၊ နဂါးအရိုးမြက်၊ မြေအူတိုင်အသီး!"
တချို့သော ဆေးဖက်ဝင် ပစ္စည်းများသည်လည်း သူ့အာရုံကို စွဲဆောင်လာခဲ့သည်။ တော်ဝင်မိသားစုသည် ဤအရာများနှင့် ရတနာများကို ရောင်းဝယ် ဖောက်ကားခြင်း မပြုခဲ့ရာ သူ့အတွက် အသုံးဝင်လာခဲ့မယ်လို့ ဘယ်သူက သိပါ့မလဲ။
"အဲဒါ!"
ထိုခဏတွင် လုရွှမ်၏ အကြည့်သည် အရောင်မျိုးစုံရှိသော အရည်များဖြင့် ပြည့်နေသော ပုလင်းများပေါ်တွင် ငြိမ်သက်သွားသည်။
"ရွှေမျောက်ဝံသွေး... ဖုန်းကျင် ကျားသစ်သွေး! မြေဝက်ဝံသွေး!"
ဝိညာဥ်သားရဲကောင်များ၏ သွေးအနှစ်သာရ ပုလင်းများက လုရွှမ် အာရုံကို စွဲဆောင်သွားပြန်၏။ ဆယ်စင်တီမီတာ မြင့်ပြီး အချင်းတစ် စင်တီမီတာရှိသည့် ပုလင်းတစ်လုံးကို တွေ့လိုက်ရတော့ လုရွှမ် ချက်ချင်း ရပ်သွားသည်။
"စိမ်းပြာသံချပ် နဂါးရဲ့သွေး!"
စိမ်းပြာသံချပ် နဂါးသည် နဂါးမျိုးရိုး၏ သွေးများပါ၀င်သည့် ဝိညာဉ်သားရဲ ဖြစ်ပြီး အလွန်သန့်စင်သည်။ တောင်ဖောက်နဂါး၏ နဂါးသွေးနှင့် နှိုင်းယှဉ်ပါက သွေးသန့်စင်မှုနှုန်း ပိုမိုမြင့်မားလေသည်။
ပို၍အရေးကြီးသည်မှာ ဤပုလင်းသည် စိမ်းပြာသံချပ်နဂါးရဲ့ သွေးဖြစ်သည်။
ဝိညာဉ်သားရဲသည် သွေးများစွာကို ထုတ်လွှတ်နိုင်သော်လည်း သွေး၏အနှစ်သာရသည် အလွန်မြင့်မားပြီး အစက်မည်မျှ အသုံးပြုသည်နှင့် ဘယ်လောက် အသုံးဝင်မလဲ လုံးဝ တွက်ချက်ထားရသည်။
လက်ချောင်း အရွယ်ထက်မပိုသော ဤပုလင်းငယ်သည် စိမ်းပြာသံချပ်နဂါး၏ အနှစ်သာရနှင့် သွေး ဖြစ်နိုင်သည်။ စိမ်းပြာသံချပ်နဂါးရဲ့ သွေးကို ကောက်ယူလိုက်တာနဲ့ တပြိုင်နက် ကျီးကန်းသည် ငိုယိုကာ ထွက်လာလေသည်။
"ဝူး....ဝူး... အမြန်... အမြန်လုပ်... နဂါးရုပ်တု ကမ္ဗည်းပြား နဂါးရုပ်တု ကမ္ဗည်းပြားကွ!"
ကျီးကန်းက ကျယ်လောင်စွာ အော်လိုက်သည်။
လုံလောက်သော နဂါးသွေးကို လိမ်းလိုက်စဥ်က နဂါးကမ္ဗည်းဟာ နဂါးနှလုံးသားရဲ့ တည်နေရာကို ညွှန်ပြနိုင်သည်။ ရှားပါးသော ရတနာ အဆင့်၁၃ ရှိသော စစ်မှန်တဲ့ နဂါးနှလုံးပင်။
ဖီးနစ်အမွေးသည် စစ်မှန်တဲ့ နဂါးနှလုံးထက် နိမ့်သော အဆင့်၁၈ သာ ရှိသည်။ စစ်မှန်တဲ့ နဂါးနှလုံးကို သန့်စင်ပေးနိုင်ပါက သူဘယ်လောက်တောင် တိုးတက်လာလိမ့်မလဲ ဆိုတာကို တွေးပြီး လုရွှမ် စိတ်လှုပ်ရှားလာသည်။
နဂါးကမ္ဗည်းပြား ထုတ်လိုက်ပြီး လုရွှမ်သည် သူ့လက်ထဲရှိ စိမ်းပြာသံချပ်နဂါး၏ သွေးကို ယူကာ နဂါးရုပ်တုပေါ်သို့ တစ်စက်ချင်း ချလိုက်သည်။
မကြာမီတွင် နဂါးကမ္ဗည်းပြားပေါ်ရှိ နဂါးရုပ်တုသည် ပြောင်းလဲလာပြီး အရောင် ပိုတောက်လာ၍ ကွက်ကွက်ကွင်းကွင်း ဖြစ်လာကာ ရုပ်ထုတစ်ခုလုံးသည် ပို၍အသက် ဝင်လာခဲ့သည်။
လုရွှမ် လက်ထဲရှိ စိမ်းပြာသံချပ်နဂါး၏ နောက်ဆုံး သွေးတစ်စက်ကို ချပြီးနောက် နဂါးရုပ်တုသည် ရုတ်တရက် လှုပ်ရှားလာ၏။
"ဘာဖြစ်တာလဲ?"
လုရွှမ် နည်းနည်း လန့်သွားသည်။ ဒီနဂါးကမ္ဗည်းပြားက နဂါးရုပ်တုကို တံဆိပ်ခတ်ထားလို့ အသက်ဝင်ဖို့အတွက် နဂါးသွေး အလုံအလောက် လိုအပ်နေတာ ဖြစ်နိုင်လား။
တကယ့် နဂါးကြီး တစ်ကောင်သာ ဆိုရင်တော့ သူနဲ့ မော့ကောင်းရွှမ်း ပူးပေါင်းလျှင်ပင် လုံးဝ မယှဉ်နိုင်ပေ။
"စိတ်မပူပါနဲ့... လှုပ်ရှားလာရင် ရပြီ!"
ကျီးကန်းက လုံးဝ စိတ်မပူရန်နှင့် တိတ်တိတ်လေး စောင့်ကြည့်ဖို့ အချက်ပြလိုက်သည်။
များမကြာမီတွင် နဂါးရုပ်တု၏ ကိုယ်ခန္ဓာ တစ်ခုလုံးသည် ရွေ့လျား ပြိုကွဲစပြုလာသည်။ ထို့နောက် သူတို့နှစ်ဦးရှေ့တွင် သုံးဖက်မြင် မြေပုံတစ်ခု ပေါ်ထွက်လာခဲ့သည်။
မြေပုံကို မြင်တော့ မော့ကောင်းရွှမ်းက အထိတ်တလန့်ဖြင့်။
"ဒါက မြို့ပေါင်းတစ်ထောင် မဟာမိတ်ပဲ!"
Chapter (226) Arc 3
နဂါး႐ုပ္တု
"ဟုတ္ ဟုတ္ကဲ့... ခ်န္ ခ်န္ယန္နန္းေဆာင္ထဲမွာပါ"
မိန္းမစိုးက တုန္တုန္ယင္ယင္နဲ႕ ျပန္ေျဖ၏။
ေသခ်ာတာကေတာ့ ဒီမိန္းမစိုးႀကီးရဲ႕ အဝတ္အစားေတြက အျပင္ဘက္မွာ ရွိတဲ့ မိန္းမစိုးေတြနဲ႕ သိသိသာသာ ကြဲျပားေလ၏။ ဒါ့အျပင္ သူက အသက္ပိုႀကီးတဲ့ အတြက္ သူ႕မွာ ရာထူး တစ္ခုခုေတာ့ ရွိလိမ့္မည္။
"က်ဳပ္တို႔ကို ေခၚသြားေပး!"
"ဟုတ္ကဲ့...ဟုတ္ကဲ့"
မိန္းမစိုးႀကီးက ထပ္ခါတလဲလဲ ေခါင္းညိတ္လ်က္ ျပန္ေျဖေလ၏။
ဘုရင္မင္းျမတ္ ခ်န္ရႈံ၏ ခ်န္ယန္နန္းေဆာင္သည္ မ်ားေသာအားျဖင့္ အေစာင့္မ်ားစြာရွိၿပီး မေရမတြက္နိုင္ေသာ နန္းတြင္းသူမ်ားႏွင့္ မိန္းမစိုးမ်ား ရွိသည္။ ဤအခိုက္အတန႔္တြင္ေတာ့ လူသူကင္းမဲ့သြားကာ မည္သူကိုမွ် မျမင္ရေတာ့ေပ။
ပင္မခန္းမကို ျဖတ္၍ ေနာက္ေဖး ဥယ်ာဥ္ကို ျဖတ္ေလွ်ာက္လာခဲ့သည္။ ႀကီးမားၿပီး ဇိမ္ခံအိပ္ခန္းထဲသို႔ ဝင္လိုက္ရာ မိန္းမစိုးက တုန္တုန္ယင္ယင္ျဖင့္
"ရတနာခန္းက ဘုရင္မင္းျမတ္ရဲ႕ အိပ္ခန္း ေအာက္ထဲမွာ ရွိပါတယ္... ဒါေပမဲ့ ဘယ္လိုဖြင့္ရမလဲ ဆိုတာ က်ဳပ္တကယ္ မသိပါဘူး"
"သြားလို႔ရၿပီ"
လု႐ႊမ္လည္း ထိုလူအား ထြက္သြားဖို႔ အခ်က္ျပလိုက္သည္။
ထြက္သြားနိုင္ၿပီဟု ၾကားေသာအခါ မိန္းမစိုးသည္ ျမႇားတစ္စင္းလို လမ္းတစ္ေလွ်ာက္လုံး ေျပးထြက္သြားၿပီး ခဏအတြင္း ေပ်ာက္ကြယ္သြားခဲ့သည္။ သူ႕မ်က္လုံးထဲမွာ လု႐ႊမ္နဲ႕သာ ခဏေလာက္ ဆက္ေနမယ္ဆိုရင္ သူေသရမယ့္ အခ်ိန္က ပိုနီးကပ္သြားလိမ့္မယ္။
ထိုမိန္းမစိုး လု႐ႊမ္ကို လွည့္စားရဲမည္ မဟုတ္ေခ်။ ရတနာအခန္းသည္ ဤအိပ္ခန္းထဲတြင္ ရွိရမည္ျဖစ္ၿပီး ရတနာအခန္းကို ဖြင့္ရန္ ယႏၱရားဟာလည္း ဤအခန္းတြင္း၌ ရွိရမည္။
သို႔ေသာ္ ဘုရင္၏အိပ္ခန္း ျဖစ္ေသာေၾကာင့္ အခန္းသည္ သဘာဝအတိုင္း အလြန္က်ယ္ဝန္းၿပီး အဆိုပါ ယႏၱရားမွာ ဘယ္ေနရာတြင္ ရွိေနလဲ ဆိုတာကို ရွာေဖြဖို႔ေတာ့ အနည္းငယ္ ခက္ခဲနိုင္၏။
ထိုအခိုက္ လု႐ႊမ္ေရွ႕မွာ စိမ္းျမတဲ့ သစ္သားေခ်ာင္း တစ္ေခ်ာင္း ႐ုတ္တရက္ ေပၚလာၿပီး ၁၆ ပမာဏရွိတဲ့ စိတ္စြမ္းအားရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ သစ္သားႏွလုံးသားဟာ ၾကမ္းျပင္ထဲကို တိုက္ရိုက္ ထိုးဆင္းသြားေတာ့သည္။
စိတ္စြမ္းအား ၁၅ရွိစဥ္က သစ္သားႏွလုံးသားကို တစ္ကီလိုမီတာ အကြာအေဝးအတြင္း ေ႐ႊ႕လ်ားေစဖိူ႕ ထိန္းခ်ဳပ္နိုင္သည္။ အခုေတာ့ စိတ္ဝိညာဥ္စြမ္းအား အတိုင္းအတာက ၁၆အထိ ထပ္မံတိုးတာေၾကာင့္ လြယ္ကူစြာ ထိန္းခ်ဳပ္နိုင္ၿပီး ႏွစ္ကီလိုမီတာ အကြာအေဝး အတြင္းမွာ ျပႆနာမရွိေပ။
အေျခခံအားျဖင့္ ႏွစ္ကီလိုမီတာ အကြာအေဝးသည္ ေပ႐ႊီး နန္းေတာ္ တစ္ခုလုံးကို ၿခဳံငုံထားနိုင္သည္။ ထို႔ေၾကာင့္ အိပ္ခန္းထဲတြင္ရွိ ရတနာအခန္းရွာရန္ အလြန္လြယ္ကူလွသည္။
မၾကာမီတြင္ လု႐ႊမ္သည္ သစ္သားႏွလုံးသားကို သုံး၍ ေျမဆီလႊာ အထဲကို သိသိသာသာ ထိုးေဖာက္ဝင္ေရာက္ သြားတာကို ခံစားလိုက္ရသည္။ ေျမႀကီးထဲ လွည့္ပတ္သြားလာရန္ ၎ကို ထိန္းခ်ဳပ္ကာ ေျမျပင္ အက္ကြဲေၾကာင္းမွ တစ္ဆင့္ေက်ာက္စိမ္းသေကၤတ တစ္ခုကို ေတြ႕လိုက္သည္။
လု႐ႊမ္သည္ တစ္ေနရာသို႔ ေလွ်ာက္သြားကာ အေရွ႕ကို ၫႊန္ျပၿပီး
"အက်ယ္က သုံးမီတာ... အနက္က ႏွစ္ဆယ့္ငါးမီတာ"
"ဟုတ္ကဲ့ပါ သခင္ေလး"
ေမာ့ေကာင္း႐ႊမ္း နားလည္ဟန္ ေခါင္းညိတ္ျပ၍ လု႐ႊမ္ၫႊန္ျပတဲ့ ေနရာကို သြားလိုက္သည္။
"ဗုန္း!"ကနဲ အသံတိုးတိုးေလး ထြက္လာၿပီး ေမာ့ေကာင္း႐ႊမ္းသည္ သုံးမီတာ က်ယ္၍ ႏွစ္ဆယ့္ငါးေပ နက္ေသာ ေျမႀကီးထဲသို႔ အေပါက္တစ္ခုကို တိုက္ရိုက္ ဖိခ်လိဳက္သည္။ အတိုင္းအတာသည္ အလြန္တိက်ေသာေၾကာင့္ ၎ကိုတိုင္းတာရန္ ကိရိယာကိုပင္ မလိုေတာ့ေခ်။
က်ယ္ဝန္းေသာ ခန္းမႀကီးကို ထိုတြင္းႀကီးအတိုင္း ေအာက္တြင္ ျမင္နိုင္၏။
"ဆင္းရေအာင္!"
ႏွစ္ေယာက္သား ေျမေအာက္ထဲသို႔ ခုန္ဆင္းလိုက္သည္။
ဆင္းၿပီးေနာက္ ဤရတနာခန္းႀကီးသည္ အလြန္ ႀကီးမားေသာ အခန္းျဖစ္ေၾကာင္း ထင္ရွားစြာ ေတြ႕လိုက္ရသည္။ အေပၚယံ အပါအဝင္ ေဘးဘက္ အရပ္ရပ္၌ ညလင္းပုလဲမ်ား ထည့္ထားေသာ မီးအိမ္မ်ားစြာရွိၿပီး ရတနာအခန္း တစ္ခုလုံးကို ေန႕ကဲ့သို႔ ေတာက္ပေစသည္။
"ဝိညာဥ္ေက်ာက္တုံးေတြ!
ရတနာအခန္း အလယ္ရွိ စားပြဲဝိုင္းႀကီး အမ်ားအျပားမွာ ဝိညာဥ္ေက်ာက္တုံးမ်ားႏွင့္ ျပည့္ေနသည္။ ၎တို႔သည္ ရွန့္ခုန္းၿမိဳ႕ေဟာင္းလို မဟုတ္ေပမယ့္ ႏွစ္သန္းမွ သုံးသန္းအထိ ရွိေသးသည္။
"တစ္ေဆနယ္ပယ္ အလယ္အလယ္အဆင့္ လက္နက္ေတြ!"
ရတနာခန္းတစ္ဝိုက္တြင္ ခ်ိတ္ဆြဲထားေသာ လက္နက္မ်ားစြာလည္း ရွိသည္။ ဤလက္နက္မ်ားသည္ အဆင့္နိမ့္ မဟုတ္ဘဲ တစ္ေဆနယ္ပယ္ အနိမ့္ဆုံးအဆင့္မွ အလယ္အလတ္ အဆင့္ထိ ရွိတဲ့ လက္နက္ေတြ ျဖစ္ေၾကာင္း ထင္ရွားေလသည္။ အဆင့္နိမ့္ ဝိညာဥ္နယ္ပယ္ လက္နက္မ်ားလည္း ရွိေသး၏။
သစ္သားေဘာင္၏ တစ္ဖက္တြင္ တစ္ေဆနယ္ပယ္ အဆင့္နိမ့္မွ အထြတ္အထိပ္ အဆင့္ထိ ေရးသားထားေသာ ေလ့က်င့္ေရး နည္းလမ္း အားလုံး၏ အမည္မ်ားျဖင့္ လက္ရာေျမာက္ေသာ ေသတၱာမ်ားစြာထဲ ထည့္သိမ္းထားသည္။
သူ၏လက္ ေဝွ႕ယမ္းမႈႏွင့္အတူ ေပ႐ႊီး ေတာ္ဝင္မိသားစုမွ စုေဆာင္းထားခဲ့ေသာ မိသားစုပိုင္ ပစၥည္းမ်ား အားလုံးကို လု႐ႊမ္ဟာ သူ႕အပိုင္အျဖစ္ သိမ္းဆည္းခဲ့သည္။
ရွန့္ခုန္း ေရွးေဟာင္းၿမိဳ႕ေတာ္ရဲ႕ ရိတ္သိမ္းျခင္းနဲ႕ ယွဥ္ရင္ ဘာမွမဟုတ္ေပမယ့္လည္း တန္ဖိုးေတာ့ ရွိပါေသးသည္။
"သိမ္းေစ"
ေဘးတြင္ရွိေနသည့္ ေမာ့ေကာင္း႐ႊမ္းသည္ လု႐ႊမ္၏ အမွတ္တမဲ့ လက္ေဝ့ယမ္းတာကို ေတြ႕လိုက္ရၿပီး အခန္းတြင္းရွိ အရာမ်ားသည္ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားရာ သူ႕ခႏၶာကိုယ္က အလိုအေလ်ာက္ တုန္လႈပ္သြားသည္။
အာကာသ ေမွာ္လက္နက္ ဆိုတာ တိမ္ပင္လယ္ နယ္ေျမႀကီး တစ္ခုလုံးမွာ ဘယ္သူမွ မၾကားဖူးသလို ေမာ့ေကာင္း႐ႊမ္းလည္း မသိရာ ဒီသခင္ေလးမွာ ဘယ္လို ေနာက္ခံမ်ား ရွိေနတာလဲ ဆိုတာကို ေတြးရင္ ပိုလို႔ေတာင္ ေၾကာက္လာမိ၏။
လု႐ႊမ္သည္ သူ၏အမူအရာကို ျမင္ၿပီး လွ်ို႔ဝွက္စြာ ေခါင္းညိတ္ျပလိုက္သည္။ အာကာသ ေမွာ္လက္နက္ကို တမင္တကာ ျပသေနသည္မွာ တစ္ဖက္လူကို စမ္းသပ္ေနျခင္းသာ ျဖစ္ေပသည္။
သူသည္ အျခားစိတ္ကူးမ်ားႏွင့္ မိမိအား အမွန္တကယ္ အသုံးခ်ဝံ့ပါက ေနာင္တြင္ ခ်က္ခ်င္း သတ္ပစ္လိုက္မည္ ျဖစ္သည္။ အခု ဒီေမာ့ေကာင္း႐ႊမ္းကေတာ့ အလြန္ယုံၾကည္ စိတ္ခ်ရပုံ ေပၚသည္။
တစ္ဖက္လူကို လ်စ္လ်ဴရႈၿပီး လု႐ႊမ္သည္ ေရွ႕သို႔ ဆက္ေလွ်ာက္သြားကာ စင္ေပၚရွိ ေဆးပုလင္းမ်ားကို ၾကည့္လိုက္သည္။
"အဆင့္၇ ေဟြယြမ္ေဆးလုံး...အဆင့္၈ စိတ္ဝိညာဥ္အားျဖည့္ေဆးနဲ႕ အဆင့္၉ ေဖာ့႐ႊမ္ေဆးလုံး"
လု႐ႊမ္သည္ ပုလင္းမ်ားေပၚရွိ စာမ်ားကို ဖတ္ရင္း သူ႕လက္ကို ေဝွ႕ယမ္း၍ ေက်ာက္စိမ္းျပားထဲ ထည့္သိမ္းလိုက္၏။
"စိမ္းျပာသတၱဳရိုင္း၊ ၾကယ္တာရာေငြအျမဳေတ၊ ေကာင္းကင္မီးေတာက္သံ!"
ေရွ႕ကို ဆက္သြားၾကည့္တဲ့အခါ ရွားပါးသတၱဳရိုင္းမ်ားႏွင့္ သတၱဳ အပိုင္းအစမ်ားသည္ လု႐ႊမ္ရဲ႕ အာ႐ုံကို ဖမ္းစားသြား၏။ ဤရွားပါးသတၱဳရိုင္းမ်ားႏွင့္ သတၱဳမ်ားစြာတို႔သည္ ရွာေတြ႕ရန္ပင္ အင္မတန္ ခဲယဥ္းလွသည္။
ေပ႐ႊီး ေတာ္ဝင္မိသားစု၏ မေရမတြက္နိုင္ေသာ ႏွစ္မ်ားအတြင္း သူတို႔သည္ ဥစၥာပစၥည္း အေျမာက္အမ်ားကို စုေဆာင္းထားခဲ့ၾကသည္။
"၇ရွက်ပန်း၊ နဂါးအရိုးျမက္၊ ေျမအူတိုင္အသီး!"
တခ်ိဳ႕ေသာ ေဆးဖက္ဝင္ ပစၥည္းမ်ားသည္လည္း သူ႕အာ႐ုံကို စြဲေဆာင္လာခဲ့သည္။ ေတာ္ဝင္မိသားစုသည္ ဤအရာမ်ားႏွင့္ ရတနာမ်ားကို ေရာင္းဝယ္ ေဖာက္ကားျခင္း မျပဳခဲ့ရာ သူ႕အတြက္ အသုံးဝင္လာခဲ့မယ္လို႔ ဘယ္သူက သိပါ့မလဲ။
"အဲဒါ!"
ထိုခဏတြင္ လု႐ႊမ္၏ အၾကည့္သည္ အေရာင္မ်ိဳးစုံရွိေသာ အရည္မ်ားျဖင့္ ျပည့္ေနေသာ ပုလင္းမ်ားေပၚတြင္ ၿငိမ္သက္သြားသည္။
"ေ႐ႊေမ်ာက္ဝံေသြး... ဖုန္းက်င္ က်ားသစ္ေသြး! ေျမဝက္ဝံေသြး!"
ဝိညာဥ္သားရဲေကာင္မ်ား၏ ေသြးအႏွစ္သာရ ပုလင္းမ်ားက လု႐ႊမ္ အာ႐ုံကို စြဲေဆာင္သြားျပန္၏။ ဆယ္စင္တီမီတာ ျမင့္ၿပီး အခ်င္းတစ္ စင္တီမီတာရွိသည့္ ပုလင္းတစ္လုံးကို ေတြ႕လိုက္ရေတာ့ လု႐ႊမ္ ခ်က္ခ်င္း ရပ္သြားသည္။
"စိမ္းျပာသံခ်ပ္ နဂါးရဲ႕ေသြး!"
စိမ္းျပာသံခ်ပ္ နဂါးသည္ နဂါးမ်ိဳးရိုး၏ ေသြးမ်ားပါ၀င္သည့္ ဝိညာဥ္သားရဲ ျဖစ္ၿပီး အလြန္သန႔္စင္သည္။ ေတာင္ေဖာက္နဂါး၏ နဂါးေသြးႏွင့္ ႏွိုင္းယွဥ္ပါက ေသြးသန့္စင္မႈႏႈန္း ပိုမိုျမင့္မားေလသည္။
ပို၍အေရးႀကီးသည္မွာ ဤပုလင္းသည္ စိမ္းျပာသံခ်ပ္နဂါးရဲ႕ ေသြးျဖစ္သည္။
ဝိညာဥ္သားရဲသည္ ေသြးမ်ားစြာကို ထုတ္လႊတ္နိုင္ေသာ္လည္း ေသြး၏အႏွစ္သာရသည္ အလြန္ျမင့္မားၿပီး အစက္မည္မွ် အသုံးျပဳသည္ႏွင့္ ဘယ္ေလာက္ အသုံးဝင္မလဲ လုံးဝ တြက္ခ်က္ထားရသည္။
လက္ေခ်ာင္း အ႐ြယ္ထက္မပိုေသာ ဤပုလင္းငယ္သည္ စိမ္းျပာသံခ်ပ္နဂါး၏ အႏွစ္သာရႏွင့္ ေသြး ျဖစ္နိုင္သည္။ စိမ္းျပာသံခ်ပ္နဂါးရဲ႕ ေသြးကို ေကာက္ယူလိုက္တာနဲ႕ တၿပိဳင္နက္ က်ီးကန္းသည္ ငိုယိုကာ ထြက္လာေလသည္။
"ဝူး....ဝူး... အျမန္... အျမန္လုပ္... နဂါး႐ုပ္တု ကမၺည္းျပား နဂါး႐ုပ္တု ကမၺည္းျပားကြ!"
က်ီးကန္းက က်ယ္ေလာင္စြာ ေအာ္လိုက္သည္။
လုံေလာက္ေသာ နဂါးေသြးကို လိမ္းလိုက္စဥ္က နဂါးကမၺည္းဟာ နဂါးႏွလုံးသားရဲ႕ တည္ေနရာကို ၫႊန္ျပနိုင္သည္။ ရွားပါးေသာ ရတနာ အဆင့္၁၃ ရွိေသာ စစ္မွန္တဲ့ နဂါးႏွလုံးပင္။
ဖီးနစ္အေမြးသည္ စစ္မွန္တဲ့ နဂါးႏွလုံးထက္ နိမ့္ေသာ အဆင့္၁၈ သာ ရွိသည္။ စစ္မွန္တဲ့ နဂါးႏွလုံးကို သန႔္စင္ေပးနိုင္ပါက သူဘယ္ေလာက္ေတာင္ တိုးတက္လာလိမ့္မလဲ ဆိုတာကို ေတြးၿပီး လု႐ႊမ္ စိတ္လႈပ္ရွားလာသည္။
နဂါးကမၺည္းျပား ထုတ္လိုက္ၿပီး လု႐ႊမ္သည္ သူ႕လက္ထဲရွိ စိမ္းျပာသံခ်ပ္နဂါး၏ ေသြးကို ယူကာ နဂါး႐ုပ္တုေပၚသို႔ တစ္စက္ခ်င္း ခ်လိဳက္သည္။
မၾကာမီတြင္ နဂါးကမၺည္းျပားေပၚရွိ နဂါး႐ုပ္တုသည္ ေျပာင္းလဲလာၿပီး အေရာင္ ပိုေတာက္လာ၍ ကြက္ကြက္ကြင္းကြင္း ျဖစ္လာကာ ႐ုပ္ထုတစ္ခုလုံးသည္ ပို၍အသက္ ဝင္လာခဲ့သည္။
လု႐ႊမ္ လက္ထဲရွိ စိမ္းျပာသံခ်ပ္နဂါး၏ ေနာက္ဆုံး ေသြးတစ္စက္ကို ခ်ၿပီးေနာက္ နဂါး႐ုပ္တုသည္ ႐ုတ္တရက္ လႈပ္ရွားလာ၏။
"ဘာျဖစ္တာလဲ?"
လု႐ႊမ္ နည္းနည္း လန႔္သြားသည္။ ဒီနဂါးကမၺည္းျပားက နဂါး႐ုပ္တုကို တံဆိပ္ခတ္ထားလို႔ အသက္ဝင္ဖို႔အတြက္ နဂါးေသြး အလုံအေလာက္ လိုအပ္ေနတာ ျဖစ္နိုင္လား။
တကယ့္ နဂါးႀကီး တစ္ေကာင္သာ ဆိုရင္ေတာ့ သူနဲ႕ ေမာ့ေကာင္း႐ႊမ္း ပူးေပါင္းလွ်င္ပင္ လုံးဝ မယွဥ္နိုင္ေပ။
"စိတ္မပူပါနဲ႕... လႈပ္ရွားလာရင္ ရၿပီ!"
က်ီးကန္းက လုံးဝ စိတ္မပူရန္ႏွင့္ တိတ္တိတ္ေလး ေစာင့္ၾကည့္ဖို႔ အခ်က္ျပလိုက္သည္။
မ်ားမၾကာမီတြင္ နဂါး႐ုပ္တု၏ ကိုယ္ခႏၶာ တစ္ခုလုံးသည္ ေ႐ြ႕လ်ား ၿပိဳကြဲစျပဳလာသည္။ ထို႔ေနာက္ သူတို႔ႏွစ္ဦးေရွ႕တြင္ သုံးဖက္ျမင္ ေျမပုံတစ္ခု ေပၚထြက္လာခဲ့သည္။
ေျမပုံကို ျမင္ေတာ့ ေမာ့ေကာင္း႐ႊမ္းက အထိတ္တလန့္ျဖင့္။
"ဒါက ၿမိဳ႕ေပါင္းတစ္ေထာင္ မဟာမိတ္ပဲ!"