Chapter (223) Arc 3
ပျံသန်းသွားခြင်း
"မင်း မင်း"
ဘုရင်ကြီး ချန်ရှုံကို မဆိုင်းမတွ သတ်ဖြတ်သွားတဲ့ လူငယ်ရဲ့ လုပ်ရပ်ကို မြင်လိုက်ရရင်း နောက်ဆက်တွဲ စကားတွေ ထပ်ပြောနေတာကိုပါ ကြားလိုက်ရသော် ရှောင်းယွမ်ထျန်းနှင့် ကျောင်းအုပ်ကြီး ဟောင်ယန်တို့မှာ အေးစက်စက် ချွေးတွေပင် ထွက်ကျလာတော့သည်။
တစ်ဖက်လူရဲ့ လေသံအရ ဆိုရင် တိုင်းပြည်ကို ဖျက်ဆီးခြင်းသည် ထမင်းစား ရေသောက်ခြင်းကဲ့သို့ ရိုးရှင်းနေသလိုပင်။
"မင်းတို့မှာ နောက်ဆုံးပြောစရာ စကားရှိလား"
သူတို့နှစ်ယောက်ဆီသို့ ခြေလှမ်း လှမ်းရင်း လုရွှမ် လှမ်းကြည့်လိုက်သည်။
"တိုက်ပွဲဆိုတာ အမြဲတမ်း အောင်နိုင်သူနဲ့ အရှုံးသမားပဲ ရှိတယ်... ငါမင်းကို မသတ်ခဲ့မိလို့ အခု ရွေးချယ်စရာ သေခြင်းတရားပဲ ရှိတော့တယ်... ဒါကို အရင်ကတည်းက ငါစဉ်းစားခဲ့ပြီးသား ငါ့မှာ ညည်းညူစရာ မရှိဘူး!"
ကျောင်းအုပ်ကြီး ဟောင်ယန်က အံကြိတ်ပြီး ဆက်ပြောလေ၏။
"ငါ့ရဲ့ နန်ဟိုင် တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်ကို လွှတ်ပေးဖို့ မျှော်လင့်တယ်... ကျောင်းသားတွေနဲ့ ဆရာတွေ အားလုံး အပြစ်ကင်းပါတယ်!"
ပေရွှီး တော်ဝင်အင်ပါယာကို ဖျက်ဆီးလိုသည်ဟု လူငယ် ပြောလိုက်သည်ကို ကြားသောအခါ သူ ထိတ်လန့်သွားခဲ့သည်။
သူစိတ်ဆန္ဒကြောင့် နန်ဟိုင်က ယင်းယန်ကျောင်းတောကို အဆုံးမဲ့ ဘေးဒုက္ခတွေ ယူဆောင်လာမိမှာကို စိုးရိမ်မိသေးသည်။
ကောင်လေးက ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်း အကူအညီဖြင့် ဤနေရာတွင် ၎င်းတို့ကို သတ်လိုက်သလိုမျိုး နန်ဟိုင် တော်ဝင်အင်ပါယာကို ရောက်ရင်လည်း ဒီနည်းလမ်းကို ဆက်မသုံးဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။
ကျောင်းကို ဒေါသထွက်ပြီး တစ်ကျောင်းလုံးကို သတ်ပစ်လိုက်ရင် သမိုင်းမှာ သူဟာ အပြစ်သား ဖြစ်သွားလိမ့်မည်။
"ငါနဲ့ လာမရှုပ်သရွေ့ စိတ်မ၀င်စားဘူး!"
သူသည် စိတ်ရှိတိုင်း သတ်နေသည့် လူသတ်သမား မဟုတ်ချေ။ နန်ဟိုင် တော်ဝင်အင်ပါယာက ယင်းယန်ကျောင်းတော်သာ သူ့ကို အနှောင့်အယှက် မပေးတော့ပါက ထိုနေရာကို သွားရန်ပင် စိတ်ဝင်စားမည် မဟုတ်ချေ။
"ကျေးဇူးတင်ပါတယ်!"
သူ့ထဲမှ ကတိစကားကို ကြားတော့ ဟောင်ယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ မျက်လုံးမှိတ်လျက် သေခြင်းတရားကို စောင့်ဆိုင်းနေလေသည်။
ဗုန်း!
ပူဖောင်းက ပေါက်ကွဲသွားပြီး တခြားသူတွေလိုပဲ အမှုန့်ဖြစ်သွားလေသည်။
အရင်ဘဝက သူသည် ကမ္ဘာ၏ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သောကြောင့် သဘာဝအားဖြင့် စိတ်ပျော့သောလူ မဟုတ်ပေ။ တစ်ဖက်လူသည် သူ့ကိုသတ်ရန် မိုင်ထောင်ချီ ခရီးထွက်လာဖို့အထိ ရွေးချယ်ခဲ့ခြင်းကြောင့် သေဖို့သာ ပြင်ဆင်ပေးရပေမည်။
"လုရွှမ်... ဒါ ငါတို့ ရှောင်းမိသားစုရဲ့ အမှားပါ... ကျေးဇူးပြုပြီး ငါတို့ကို အမှားပြင်ဆင်ဖို့ အခွင့်အရေးပေးပါ"
လူငယ်ကို လှမ်းကြည့်ရင်း ရှောင်းယွမ်ထျန်းက အလန့်တကြားနဲ့ အော်လိုက်သည်။
"အမှား? စိတ်မကောင်းပါဘူး ဒီကမ္ဘာကြီးမှာ အမှားမရှိဘူး... အသက်ရှင်ခြင်းနဲ့ သေခြင်းပဲရှိတယ်။ ငါသာ မပြင်ဆင်ထားဘူး ဆိုရင် အခုဆို ငါမင်းတို့ ရှောင်းမိသားစုရဲ့ တစ္ဆေ ဖြစ်လာမှာတောင် ကြောက်ရတယ်!"
တစ်ဖက်လူ၏ အသနားခံခြင်းကို လျစ်လျူရှုလိုက်ကာ။
"စိတ်မပူပါနဲ့... မင်းသေပြီးရင် ရှောင်းမိသားစုကို မင်းနဲ့အတူ ဖျက်ဆီးပစ်လိုက်မယ်!"
လက်ဖဝါးကို လှုပ်ယမ်းလိုက်သည်။
ဗုန်း!
ရှောင်းယွမ်ထျန်းလည်း ပေါက်ကွဲသွားသည်။
နန်ဟိုင် တော်ဝင်အင်ပါယာနှင့် ယင်းယန်ကျောင်းတော်ကို သူလွှတ်ပေးနိုင်သည်။ နောက်ဆုံးမှာ သူတို့က ကျောင်းသားတွေ ဖြစ်ပြီး တော်တော်များများက သူ့ကိုမသိကြပေ။
ရှောင်းမိသားစုကိုတော့ သူလွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိချေ။
သူ့ရှေ့ရောက်လာတဲ့ ရှောင်းချင်ထျန်းနဲ့ ရှောင်းယွမ်ထျန်းတို့ နှစ်ယောက်စလုံးက သူ့ကို သတ်ပစ်တော့မလိုချည်း ရောက်လာခဲ့ကြသည်။ ထိုမိသားစု သုတ်သင်ရှင်းလင်းပြီး သူ့အပေါ် အခွင့်ကောင်း ယူချင်သူတိုင်းကို အလွတ်မပေးဘူး ဆိုတာ သတိပေးရမည်။
ဝူး!
ထိုလူအားလုံးကို ခေါင်းဖြတ်သတ်ပြီးနောက် လုရွှမ်သည် သူ့လက်ကို နောက်သို့ ပစ်လျက် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"ငါ့ကိုသတ်ချင်နေတဲ့ လူရှိသေးလား? တက်လာခဲ့... ငါဒါကိုချက်ချင်း ဖြေရှင်းပေးနိုင်တယ်!"
သူ့အသံက ပတ်ဝန်းကျင် တစ်ခုလုံး ပဲ့တင်သံ ထပ်သွားပြီး လူတိုင်းရဲ့နားကို တဝီဝီ မြည်သွားစေသည်။
"မလုပ်ရဲပါဘူး!"
"ချူဝမ့်ရှန်းနဲ့ ချန်ရှုံတို့က သူတို့ရဲ့ သေခြင်းတရားကို မြတ်နိုးကြတာပဲလေ... သူတို့နဲ့ ထိုက်တန်ပါတယ်!"
လူငယ်လေး၏ ရိုးစင်းသော လေသံဖြင့် အကျပ်ကိုင်ခြင်းကို ခံစားရတဲ့အခါ လူတိုင်းသည် ပေါက်ကရ စကားများ မပြောဝံ့ကြဘဲ တစ်ချိန်တည်း တုန်လှုပ်သွားကြသည်။
တစ်ဖက်လူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်တွေကို မျက်စိတစ်မှိတ် အတွင်း သတ်ပစ်လိုက်တဲ့ လူလေ!
"ကောင်းတယ်!"
ဒီတိုက်ခိုက်မှုက လူတိုင်းကို လုံးဝ ထိတ်လန့်သွားမှန်း သိတာကြောင့် လုရွှမ် သူ့လက်ဖဝါးကို ဝေ့ယမ်းကာ သူ့လက်ထဲမှာရှိတဲ့ ဓားရှည်ကြီးနဲ့ ကျောင်းတစ်ဝိုက်က အလင်းရောင်တွေကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေလိုက်သည်။
အလောင်းတွေနဲ့ ခြစ်ချထားသလို အသားစတွေ ကြမ်းပြင်တစ်ခုလုံး ပြန့်ကျဲနေလို့သာ မဟုတ်ရင် အခု မြင်ကွင်းက အစစ်အမှန် ဟုတ်မဟုတ် သံသယ ဖြစ်မိနိုင်သည်။
"မော့ကောင်းရွှမ်း!"
ယင်းယန်ကျောင်းတော်ကြီးကို ဖုံးအုပ်ထားတဲ့ စွမ်းအင် အမြောက်အများကို ရုပ်သိမ်းပြီးနောက် လုရွှမ် တစ်ချက် ရေရွတ်လိုက်၏။ ထိုလူ အနီးအနားတွင် ရှိနေရမည်ကို သူသိသောကြောင့် ပြန်သွားရှာရန် မလိုအပ်တော့ချေ။
"သခင်လေး!"
ဟူး!
စကားတွေ ပြီးသွားတဲ့အခါ ပြိုင်ပွဲစင်မြင့်ပေါ်၌ အသွင်အပြင် တစ်ခု ဖျတ်ကနဲ ပေါ်လာ၏။
"ဒါ..."
"သူဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"ဒီအမြန်နှုန်းက ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနဲ့ တခြားသူတွေထက် အများကြီး ပိုမြန်နေသလိုပဲ!"
"ကျောင်းအုပ်ကြီးထက် ပိုမြန်တယ်ဆိုတော့ ဧကန္တ ပိုအားကောင်းတာများလား?"
မော့ကောင်းရွှမ်းရဲ့ လေထက်မြန်တဲ့ အလျင်ကို တွေ့သောအခါ လူတိုင်း လန့်ဖြတ်သွားသည်။
လူအုပ်ကြီးထဲတွင် ပါရမီရှင် များသာမက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ အကြီးအကဲ များစွာလည်း ရှိသည်။ မော့ကောင်းရွှမ်း၏ တကယ့်အစွမ်းသတ္တိကို မမြင်နိုင်သော်လည်း ၎င်း၏ ကြီးကျယ်ခမ်းနားသော စွမ်းအားဟာ မြစ်ရေကဲ့သို့ စီးဆင်းနေကြောင်း ခံစားရနိုင်ကြသည်။
"ဒီလူရဲ့ ခွန်အားက ဘုရင်မင်းမြတ် ချန်ရှုံနဲ့ တခြားသူတွေထက် အများကြီး အားကောင်းနေရမယ်... ဒီလို အစွမ်းထက်တဲ့လူက လုရွှမ်ကို သခင်လေးလို့ ခေါ်လိုက်တာလား?"
"ဒီလုရွှမ်က ဘယ်လို နောက်ခံများ ရှိနေတာလဲ?"
"ဟိုဝိညာဥ်သားရဲကို ထည့်မပြောဘဲ ဒီလူကြီးကို ခေါ်ထုတ်လိုက်ရင်ကို ကျောင်းအုပ်ကြီးနဲ့ တခြားသူတွေ သူ့ကိုဘာမှ လုပ်ရဲမှာ မဟုတ်တော့ဘူး"
ကျောင်းအုပ်ကြီးချူထက် သန်မာတဲ့ လူတစ်ယောက်က လုရွှမ်ကို သခင်လေးလို့ တိုက်ရိုက် ပြောနေတာကို တွေ့လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲသွားပြီး အားလုံးက ကြောက်ရွံ့မှု အပြည့်နဲ့ လုရွှမ်ကို ပြန်ကြည့်လိုက်ကြသည်။
ယခင်ကဆိုလျှင် လုရွှမ်ဟာ ကျင့်ကြံသူများစွာကို ခေါင်းဖြတ်ရန် ကာကွယ်ရေး အခင်းအကျင်းကို မှီခိုအားထား နေတယ်လို့ ထင်ခဲ့ကြပေမယ့် မော့ကောင်းရွှမ်းကို မြင်ပြီးမှသာ သူနည်းလမ်း များစွာက သာလွန်နေကြောင်း သိသွားခဲ့သည်။
ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို မဖွင့်ဘဲ သူ့ရဲ့လက်အောက် ငယ်သား တစ်ယောက်ကို ခေါ်ထုတ်လိုက်ရင်ကို အားလုံး ပွဲသိမ်းပြီ။
ပြတ်ပြတ်သားသား ပြောရလျှင် ချူဝမ့်ရှန်းနှင့် အခြားသူများ စီစဥ်ထားသော အစီအစဉ်များသည် ထိုလူရှေ့တွင် ရိုးရိုးရှင်းရှင်း ဟာသတစ်ခုသာ ဖြစ်သွားနိုင်၏။
အကြွင်းမဲ့ ခွန်အားနှင့် ပူးပေါင်းကြံစည်မှု အားလုံးကို ချေမှုန်းပစ်လိမ့်မည်။
မော့ကောင်းရွှမ်းသည် သူ့ရဲ့စကားလုံးက လူတိုင်းကို တုန်လှုပ်သွားစေကြောင်း သိသော်လည်း သူ့အဆင့်ကိုလည်း နည်းနည်းလေးမှ ဖုံးကွယ်ထားခြင်း မရှိပေ။
"ပေရွှီး တော်ဝင်မိသားစုကို ဖျက်ဆီးဖို့ ငါနဲ့လိုက်ခဲ့!"
လုရွှမ်လည်း တစ်ဖက်လူရဲ့ သဘောထားကို သိသောကြောင့် စကားသိပ်မပြောဘဲ ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့!"
မော့ကောင်းရွှမ်းလည်း ခေါင်းညိတ်လိုက်သည်။
ပေရွှီး တော်ဝင်မိသားစုတွင် သြဇာအာဏာအရှိဆုံး လူမှာ ဘုရင်မင်းမြတ် ဖြစ်သည်။ ယခုသေဆုံးသွားပြီမို့ သူ့အောက်တွင် ငါးကြီးကြီးနှင့် ငါးသေးသေးလေး ၃ ကောင်ခန့်သာ ကျန်ရှိနိုင်သည်။
"သွားကြရအောင်!"
လုရွှမ် ခန္ဓာကိုယ်ကို လှည့်လိုက်သည်နှင့် ဖီးနစ် အတောင်များ သူ့နောက်ကျောမှ ဖြန့်ထွက်လာကာ နန်းတော်ဆီသို့ ချက်ချင်း ပျံတက်သွားတော့သည်။
သူ၏ လက်ရှိခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅သို့ ရောက်ရှိသွားပြီး သူ၏ စိတ်စွမ်းအားသည် ၁၆ သို့ ရောက်ရှိသွားခဲ့သည်။ ဖီးနစ်အတောင်ပံ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
လိုချင်တပ်မက်သူ မည်သူမဆို အဆိုးဆုံးကိုတော့ ကြိုတွေးထားရလိမ့်မည်။
လုရွှမ် တိုက်ရိုက်ပြေးသွားသဖြင့် မော့ကောင်းရွှမ်းသည် တုံ့ဆိုင်းမနေဘဲ မြေပြင်ပေါ်သို့ ခြေဖဝါးဖြင့် နင်းကာ ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို ထုတ်လွှတ်၍ လေထဲတွင် ဖြောင့်တန်းစွာ ပြေးထွက်သွားခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အထွတ်အထိပ် ကာလသည် သူတော်စင် တစ်ပိုင်းနှင့် တစ်လှမ်းသာ ဝေးတော့သည်။ သူ မပျံသန်းနိုင် သေးသော်လည်း လေကို ခဏတာ ထိန်းချုပ်ရန် သို့မဟုတ် အချိန်ကာလတစ်ခုအထိ လေထဲတွင် ရှိနေရန် အလွန်လွယ်ကူပေသည်။
"ဘာ?"
"ပျံသွားတာလား? လုရွှမ်က ပျံနိုင်တယ်?"
"သူ့ရဲ့လက်အောက် ငယ်သားကို ကြည့်လိုက်.... သူလည်း ပျံသန်းနိုင်တယ် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများလား?"
"သူတော်စင်တစ်ပိုင်း မဟုတ်ဘူး.... သေမျိုး အသွင်ကူးပြောင်းခြင်း အဆင့်၉ အထွတ်အထိပ်ပဲ။ အခုမှပဲ သူက အရှိန်အဟုန်နဲ့ ထွက်လာတော့ ငါခံစားလိုက်ရတာ... ငါ့ခွန်အားက သူ့ရှေ့မှာဆို ပုရွက်ဆိတ် တစ်ကောင်နဲ့တော့ မကွာလောက်တော့ဘူး"
"သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အထွတ်အထိပ်?? တော်ဝင်အင်ပါယာ တစ်ခုလုံးမှာ ဒီလောက် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ် မရှိဘူး မဟုတ်လား?"
"ဟုတ်တယ်... အဲဒီလို လက်အောက် ငယ်သားနဲ့ဆို ဒီလုရွှမ်ရဲ့ နောက်ခံက သေချာပေါက် မရိုးရှင်းဘူး... သူ့မှာ စွမ်းအင် ဘယ်လောက်တောင်များ ရှိနေပါလိမ့်"
နှစ်ယောက်သား ပျံသန်းသွားကာ ကောင်းကင်ထက်၌ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရတော့ အားလုံး၏ ပါးစပ်ထောင့်များ တုန်လှုပ်သွားလေသည်။
ပျံသန်းနိုင်တဲ့ မှော်လက်နက်၊ အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၉ အထွတ်အထိပ် စွမ်းအားကို သူတို့ကိုယ်တိုင် မျက်စိနဲ့ မမြင်ခဲ့ရရင်တော့ လုံးဝ ယုံနိုင်စရာ မရှိချေ။
လုရွှမ်သည် အရင်းအနှီး ရှိသောကြောင့် ယခုအချိန်အထိ မာနထောင်လွှားနေကြောင်း သဘောပေါက်လာခဲ့သည်။
Chapter (223) Arc 3
ပ်ံသန္းသြားျခင္း
"မင္း မင္း"
ဘုရင္ႀကီး ခ်န္ရႈံကို မဆိုင္းမတြ သတ္ျဖတ္သြားတဲ့ လူငယ္ရဲ႕ လုပ္ရပ္ကို ျမင္လိုက္ရရင္း ေနာက္ဆက္တြဲ စကားေတြ ထပ္ေျပာေနတာကိုပါ ၾကားလိုက္ရေသာ္ ေရွာင္းယြမ္ထ်န္းႏွင့္ ေက်ာင္းအုပ္ႀကီး ေဟာင္ယန္တို႔မွာ ေအးစက္စက္ ေခြၽးေတြပင္ ထြက္က်လာေတာ့သည္။
တစ္ဖက္လူရဲ႕ ေလသံအရ ဆိုရင္ တိုင္းျပည္ကို ဖ်က္ဆီးျခင္းသည္ ထမင္းစား ေရေသာက္ျခင္းကဲ့သို႔ ရိုးရွင္းေနသလိုပင္။
"မင္းတို႔မွာ ေနာက္ဆုံးေျပာစရာ စကားရွိလား"
သူတို႔ႏွစ္ေယာက္ဆီသို႔ ေျခလွမ္း လွမ္းရင္း လု႐ႊမ္ လွမ္းၾကည့္လိုက္သည္။
"တိုက္ပြဲဆိုတာ အၿမဲတမ္း ေအာင္နိုင္သူနဲ႕ အရႈံးသမားပဲ ရွိတယ္... ငါမင္းကို မသတ္ခဲ့မိလို႔ အခု ေ႐ြးခ်ယ္စရာ ေသျခင္းတရားပဲ ရွိေတာ့တယ္... ဒါကို အရင္ကတည္းက ငါစဥ္းစားခဲ့ၿပီးသား ငါ့မွာ ညည္းၫူစရာ မရွိဘူး!"
ေက်ာင္းအုပ္ႀကီး ေဟာင္ယန္က အံႀကိတ္ၿပီး ဆက္ေျပာေလ၏။
"ငါ့ရဲ႕ နန္ဟိုင္ ေတာ္ဝင္အင္ပါယာ ယင္းယန္ေက်ာင္းေတာ္ကို လႊတ္ေပးဖို႔ ေမွ်ာ္လင့္တယ္... ေက်ာင္းသားေတြနဲ႕ ဆရာေတြ အားလုံး အျပစ္ကင္းပါတယ္!"
ေပ႐ႊီး ေတာ္ဝင္အင္ပါယာကို ဖ်က္ဆီးလိုသည္ဟု လူငယ္ ေျပာလိုက္သည္ကို ၾကားေသာအခါ သူ ထိတ္လန႔္သြားခဲ့သည္။
သူစိတ္ဆႏၵေၾကာင့္ နန္ဟိုင္က ယင္းယန္ေက်ာင္းေတာကို အဆုံးမဲ့ ေဘးဒုကၡေတြ ယူေဆာင္လာမိမွာကို စိုးရိမ္မိေသးသည္။
ေကာင္ေလးက ယင္းယန္ေက်ာင္းေတာ္ရဲ႕ ကာကြယ္ေရး အခင္းအက်င္း အကူအညီျဖင့္ ဤေနရာတြင္ ၎တို႔ကို သတ္လိုက္သလိုမ်ိဳး နန္ဟိုင္ ေတာ္ဝင္အင္ပါယာကို ေရာက္ရင္လည္း ဒီနည္းလမ္းကို ဆက္မသုံးဘူးလို႔ ဘယ္သူေျပာနိုင္မွာလဲ။
ေက်ာင္းကို ေဒါသထြက္ၿပီး တစ္ေက်ာင္းလုံးကို သတ္ပစ္လိုက္ရင္ သမိုင္းမွာ သူဟာ အျပစ္သား ျဖစ္သြားလိမ့္မည္။
"ငါနဲ႕ လာမရႈပ္သေ႐ြ႕ စိတ္မ၀င္စားဘူး!"
သူသည္ စိတ္ရွိတိုင္း သတ္ေနသည့္ လူသတ္သမား မဟုတ္ေခ်။ နန္ဟိုင္ ေတာ္ဝင္အင္ပါယာက ယင္းယန္ေက်ာင္းေတာ္သာ သူ႕ကို အႏွောင့္အယွက္ မေပးေတာ့ပါက ထိုေနရာကို သြားရန္ပင္ စိတ္ဝင္စားမည္ မဟုတ္ေခ်။
"ေက်းဇူးတင္ပါတယ္!"
သူ႕ထဲမွ ကတိစကားကို ၾကားေတာ့ ေဟာင္ယန္ ေက်နပ္စြာ ေခါင္းညိတ္လိုက္ကာ မ်က္လုံးမွိတ္လ်က္ ေသျခင္းတရားကို ေစာင့္ဆိုင္းေနေလသည္။
ဗုန္း!
ပူေဖာင္းက ေပါက္ကြဲသြားၿပီး တျခားသူေတြလိုပဲ အမႈန႔္ျဖစ္သြားေလသည္။
အရင္ဘဝက သူသည္ ကမၻာ၏ ထိပ္ဆုံးသို႔ တက္လွမ္းနိုင္ခဲ့ေသာေၾကာင့္ သဘာဝအားျဖင့္ စိတ္ေပ်ာ့ေသာလူ မဟုတ္ေပ။ တစ္ဖက္လူသည္ သူ႕ကိုသတ္ရန္ မိုင္ေထာင္ခ်ီ ခရီးထြက္လာဖို႔အထိ ေ႐ြးခ်ယ္ခဲ့ျခင္းေၾကာင့္ ေသဖို႔သာ ျပင္ဆင္ေပးရေပမည္။
"လု႐ႊမ္... ဒါ ငါတို႔ ေရွာင္းမိသားစုရဲ႕ အမွားပါ... ေက်းဇူးျပဳၿပီး ငါတို႔ကို အမွားျပင္ဆင္ဖို႔ အခြင့္အေရးေပးပါ"
လူငယ္ကို လွမ္းၾကည့္ရင္း ေရွာင္းယြမ္ထ်န္းက အလန႔္တၾကားနဲ႕ ေအာ္လိုက္သည္။
"အမွား? စိတ္မေကာင္းပါဘူး ဒီကမၻာႀကီးမွာ အမွားမရွိဘူး... အသက္ရွင္ျခင္းနဲ႕ ေသျခင္းပဲရွိတယ္။ ငါသာ မျပင္ဆင္ထားဘူး ဆိုရင္ အခုဆို ငါမင္းတို႔ ေရွာင္းမိသားစုရဲ႕ တစ္ေဆ ျဖစ္လာမွာေတာင္ ေၾကာက္ရတယ္!"
တစ္ဖက္လူ၏ အသနားခံျခင္းကို လ်စ္လ်ဴရႈလိုက္ကာ။
"စိတ္မပူပါနဲ႕... မင္းေသၿပီးရင္ ေရွာင္းမိသားစုကို မင္းနဲ႕အတူ ဖ်က္ဆီးပစ္လိုက္မယ္!"
လက္ဖဝါးကို လႈပ္ယမ္းလိုက္သည္။
ဗုန္း!
ေရွာင္းယြမ္ထ်န္းလည္း ေပါက္ကြဲသြားသည္။
နန္ဟိုင္ ေတာ္ဝင္အင္ပါယာႏွင့္ ယင္းယန္ေက်ာင္းေတာ္ကို သူလႊတ္ေပးနိုင္သည္။ ေနာက္ဆုံးမွာ သူတို႔က ေက်ာင္းသားေတြ ျဖစ္ၿပီး ေတာ္ေတာ္မ်ားမ်ားက သူ႕ကိုမသိၾကေပ။
ေရွာင္းမိသားစုကိုေတာ့ သူလႊတ္ေပးဖို႔ ရည္႐ြယ္ခ်က္ မရွိေခ်။
သူ႕ေရွ႕ေရာက္လာတဲ့ ေရွာင္းခ်င္ထ်န္းနဲ႕ ေရွာင္းယြမ္ထ်န္းတို႔ ႏွစ္ေယာက္စလုံးက သူ႕ကို သတ္ပစ္ေတာ့မလိုခ်ည္း ေရာက္လာခဲ့ၾကသည္။ ထိုမိသားစု သုတ္သင္ရွင္းလင္းၿပီး သူ႕အေပၚ အခြင့္ေကာင္း ယူခ်င္သူတိုင္းကို အလြတ္မေပးဘူး ဆိုတာ သတိေပးရမည္။
ဝူး!
ထိုလူအားလုံးကို ေခါင္းျဖတ္သတ္ၿပီးေနာက္ လု႐ႊမ္သည္ သူ႕လက္ကို ေနာက္သို႔ ပစ္လ်က္ ပတ္ပတ္လည္ကို ၾကည့္လိုက္သည္။
"ငါ့ကိုသတ္ခ်င္ေနတဲ့ လူရွိေသးလား? တက္လာခဲ့... ငါဒါကိုခ်က္ခ်င္း ေျဖရွင္းေပးနိုင္တယ္!"
သူ႕အသံက ပတ္ဝန္းက်င္ တစ္ခုလုံး ပဲ့တင္သံ ထပ္သြားၿပီး လူတိုင္းရဲ႕နားကို တဝီဝီ ျမည္သြားေစသည္။
"မလုပ္ရဲပါဘူး!"
"ခ်ဴဝမ့္ရွန္းနဲ႕ ခ်န္ရႈံတို႔က သူတို႔ရဲ႕ ေသျခင္းတရားကို ျမတ္နိုးၾကတာပဲေလ... သူတို႔နဲ႕ ထိုက္တန္ပါတယ္!"
လူငယ္ေလး၏ ရိုးစင္းေသာ ေလသံျဖင့္ အက်ပ္ကိုင္ျခင္းကို ခံစားရတဲ့အခါ လူတိုင္းသည္ ေပါက္ကရ စကားမ်ား မေျပာဝံ့ၾကဘဲ တစ္ခ်ိန္တည္း တုန္လႈပ္သြားၾကသည္။
တစ္ဖက္လူက ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္ေတြကို မ်က္စိတစ္မွိတ္ အတြင္း သတ္ပစ္လိုက္တဲ့ လူေလ!
"ေကာင္းတယ္!"
ဒီတိုက္ခိုက္မႈက လူတိုင္းကို လုံးဝ ထိတ္လန႔္သြားမွန္း သိတာေၾကာင့္ လု႐ႊမ္ သူ႕လက္ဖဝါးကို ေဝ့ယမ္းကာ သူ႕လက္ထဲမွာရွိတဲ့ ဓားရွည္ႀကီးနဲ႕ ေက်ာင္းတစ္ဝိုက္က အလင္းေရာင္ေတြကို တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေစလိုက္သည္။
အေလာင္းေတြနဲ႕ ျခစ္ခ်ထားသလို အသားစေတြ ၾကမ္းျပင္တစ္ခုလုံး ျပန့္က်ဲေနလို႔သာ မဟုတ္ရင္ အခု ျမင္ကြင္းက အစစ္အမွန္ ဟုတ္မဟုတ္ သံသယ ျဖစ္မိနိုင္သည္။
"ေမာ့ေကာင္း႐ႊမ္း!"
ယင္းယန္ေက်ာင္းေတာ္ႀကီးကို ဖုံးအုပ္ထားတဲ့ စြမ္းအင္ အေျမာက္အမ်ားကို ႐ုပ္သိမ္းၿပီးေနာက္ လု႐ႊမ္ တစ္ခ်က္ ေရ႐ြတ္လိုက္၏။ ထိုလူ အနီးအနားတြင္ ရွိေနရမည္ကို သူသိေသာေၾကာင့္ ျပန္သြားရွာရန္ မလိုအပ္ေတာ့ေခ်။
"သခင္ေလး!"
ဟူး!
စကားေတြ ၿပီးသြားတဲ့အခါ ၿပိဳင္ပြဲစင္ျမင့္ေပၚ၌ အသြင္အျပင္ တစ္ခု ဖ်တ္ကနဲ ေပၚလာ၏။
"ဒါ..."
"သူဒီကို ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ"
"ဒီအျမန္ႏႈန္းက ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းနဲ႕ တျခားသူေတြထက္ အမ်ားႀကီး ပိုျမန္ေနသလိုပဲ!"
"ေက်ာင္းအုပ္ႀကီးထက္ ပိုျမန္တယ္ဆိုေတာ့ ဧကႏၱ ပိုအားေကာင္းတာမ်ားလား?"
ေမာ့ေကာင္း႐ႊမ္းရဲ႕ ေလထက္ျမန္တဲ့ အလ်င္ကို ေတြ႕ေသာအခါ လူတိုင္း လန႔္ျဖတ္သြားသည္။
လူအုပ္ႀကီးထဲတြင္ ပါရမီရွင္ မ်ားသာမက ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈ အႀကီးအကဲ မ်ားစြာလည္း ရွိသည္။ ေမာ့ေကာင္း႐ႊမ္း၏ တကယ့္အစြမ္းသတၱိကို မျမင္နိုင္ေသာ္လည္း ၎၏ ႀကီးက်ယ္ခမ္းနားေသာ စြမ္းအားဟာ ျမစ္ေရကဲ့သို႔ စီးဆင္းေနေၾကာင္း ခံစားရနိုင္ၾကသည္။
"ဒီလူရဲ႕ ခြန္အားက ဘုရင္မင္းျမတ္ ခ်န္ရႈံနဲ႕ တျခားသူေတြထက္ အမ်ားႀကီး အားေကာင္းေနရမယ္... ဒီလို အစြမ္းထက္တဲ့လူက လု႐ႊမ္ကို သခင္ေလးလို႔ ေခၚလိုက္တာလား?"
"ဒီလု႐ႊမ္က ဘယ္လို ေနာက္ခံမ်ား ရွိေနတာလဲ?"
"ဟိုဝိညာဥ္သားရဲကို ထည့္မေျပာဘဲ ဒီလူႀကီးကို ေခၚထုတ္လိုက္ရင္ကို ေက်ာင္းအုပ္ႀကီးနဲ႕ တျခားသူေတြ သူ႕ကိုဘာမွ လုပ္ရဲမွာ မဟုတ္ေတာ့ဘူး"
ေက်ာင္းအုပ္ႀကီးခ်ဴထက္ သန္မာတဲ့ လူတစ္ေယာက္က လု႐ႊမ္ကို သခင္ေလးလို႔ တိုက္ရိုက္ ေျပာေနတာကို ေတြ႕လိုက္ရေတာ့ ပတ္ဝန္းက်င္က လူေတြ ေပါက္ကြဲသြားၿပီး အားလုံးက ေၾကာက္႐ြံ႕မႈ အျပည့္နဲ႕ လု႐ႊမ္ကို ျပန္ၾကည့္လိုက္ၾကသည္။
ယခင္ကဆိုလွ်င္ လု႐ႊမ္ဟာ က်င့္ႀကံသူမ်ားစြာကို ေခါင္းျဖတ္ရန္ ကာကြယ္ေရး အခင္းအက်င္းကို မွီခိုအားထား ေနတယ္လို႔ ထင္ခဲ့ၾကေပမယ့္ ေမာ့ေကာင္း႐ႊမ္းကို ျမင္ၿပီးမွသာ သူနည္းလမ္း မ်ားစြာက သာလြန္ေနေၾကာင္း သိသြားခဲ့သည္။
ယင္းယန္ေက်ာင္းေတာ္ရဲ႕ ကာကြယ္ေရး အခင္းအက်င္းကို မဖြင့္ဘဲ သူ႕ရဲ႕လက္ေအာက္ ငယ္သား တစ္ေယာက္ကို ေခၚထုတ္လိုက္ရင္ကို အားလုံး ပြဲသိမ္းၿပီ။
ျပတ္ျပတ္သားသား ေျပာရလွ်င္ ခ်ဴဝမ့္ရွန္းႏွင့္ အျခားသူမ်ား စီစဥ္ထားေသာ အစီအစဥ္မ်ားသည္ ထိုလူေရွ႕တြင္ ရိုးရိုးရွင္းရွင္း ဟာသတစ္ခုသာ ျဖစ္သြားနိုင္၏။
အႂကြင္းမဲ့ ခြန္အားႏွင့္ ပူးေပါင္းႀကံစည္မႈ အားလုံးကို ေခ်မႈန္းပစ္လိမ့္မည္။
ေမာ့ေကာင္း႐ႊမ္းသည္ သူ႕ရဲ႕စကားလုံးက လူတိုင္းကို တုန္လႈပ္သြားေစေၾကာင္း သိေသာ္လည္း သူ႕အဆင့္ကိုလည္း နည္းနည္းေလးမွ ဖုံးကြယ္ထားျခင္း မရွိေပ။
"ေပ႐ႊီး ေတာ္ဝင္မိသားစုကို ဖ်က္ဆီးဖို႔ ငါနဲ႕လိုက္ခဲ့!"
လု႐ႊမ္လည္း တစ္ဖက္လူရဲ႕ သေဘာထားကို သိေသာေၾကာင့္ စကားသိပ္မေျပာဘဲ ေပါ့ေပါ့ပါးပါး အမိန့္ေပးလိုက္၏။
"ဟုတ္ကဲ့!"
ေမာ့ေကာင္း႐ႊမ္းလည္း ေခါင္းညိတ္လိုက္သည္။
ေပ႐ႊီး ေတာ္ဝင္မိသားစုတြင္ ၾသဇာအာဏာအရွိဆုံး လူမွာ ဘုရင္မင္းျမတ္ ျဖစ္သည္။ ယခုေသဆုံးသြားၿပီမို႔ သူ႕ေအာက္တြင္ ငါးႀကီးႀကီးႏွင့္ ငါးေသးေသးေလး ၃ ေကာင္ခန႔္သာ က်န္ရွိနိုင္သည္။
"သြားၾကရေအာင္!"
လု႐ႊမ္ ခႏၶာကိုယ္ကို လွည့္လိုက္သည္ႏွင့္ ဖီးနစ္ အေတာင္မ်ား သူ႕ေနာက္ေက်ာမွ ျဖန႔္ထြက္လာကာ နန္းေတာ္ဆီသို႔ ခ်က္ခ်င္း ပ်ံတက္သြားေတာ့သည္။
သူ၏ လက္ရွိခြန္အားသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၅သို႔ ေရာက္ရွိသြားၿပီး သူ၏ စိတ္စြမ္းအားသည္ ၁၆ သို႔ ေရာက္ရွိသြားခဲ့သည္။ ဖီးနစ္အေတာင္ပံ၏ လွ်ို႔ဝွက္ခ်က္ကို ဖုံးကြယ္ထားရန္ မလိုအပ္ေတာ့ေခ်။
လိုခ်င္တပ္မက္သူ မည္သူမဆို အဆိုးဆုံးကိုေတာ့ ႀကိဳေတြးထားရလိမ့္မည္။
လု႐ႊမ္ တိုက္ရိုက္ေျပးသြားသျဖင့္ ေမာ့ေကာင္း႐ႊမ္းသည္ တုံ႕ဆိုင္းမေနဘဲ ေျမျပင္ေပၚသို႔ ေျခဖဝါးျဖင့္ နင္းကာ ခႏၶာကိုယ္ရွိ ခြန္အားအားလုံးကို ထုတ္လႊတ္၍ ေလထဲတြင္ ေျဖာင့္တန္းစြာ ေျပးထြက္သြားခဲ့သည္။
ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉ အထြတ္အထိပ္ ကာလသည္ သူေတာ္စင္ တစ္ပိုင္းႏွင့္ တစ္လွမ္းသာ ေဝးေတာ့သည္။ သူ မပ်ံသန္းနိုင္ ေသးေသာ္လည္း ေလကို ခဏတာ ထိန္းခ်ဳပ္ရန္ သို႔မဟုတ္ အခ်ိန္ကာလတစ္ခုအထိ ေလထဲတြင္ ရွိေနရန္ အလြန္လြယ္ကူေပသည္။
"ဘာ?"
"ပ်ံသြားတာလား? လု႐ႊမ္က ပ်ံနိုင္တယ္?"
"သူ႕ရဲ႕လက္ေအာက္ ငယ္သားကို ၾကည့္လိုက္.... သူလည္း ပ်ံသန္းနိုင္တယ္ သူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူမ်ားလား?"
"သူေတာ္စင္တစ္ပိုင္း မဟုတ္ဘူး.... ေသမ်ိဳး အသြင္ကူးေျပာင္းျခင္း အဆင့္၉ အထြတ္အထိပ္ပဲ။ အခုမွပဲ သူက အရွိန္အဟုန္နဲ႕ ထြက္လာေတာ့ ငါခံစားလိုက္ရတာ... ငါ့ခြန္အားက သူ႕ေရွ႕မွာဆို ပု႐ြက္ဆိတ္ တစ္ေကာင္နဲ႕ေတာ့ မကြာေလာက္ေတာ့ဘူး"
"ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉ အထြတ္အထိပ္?? ေတာ္ဝင္အင္ပါယာ တစ္ခုလုံးမွာ ဒီေလာက္ တန္ခိုးႀကီးတဲ့ ပုဂၢိုလ္ မရွိဘူး မဟုတ္လား?"
"ဟုတ္တယ္... အဲဒီလို လက္ေအာက္ ငယ္သားနဲ႕ဆို ဒီလု႐ႊမ္ရဲ႕ ေနာက္ခံက ေသခ်ာေပါက္ မရိုးရွင္းဘူး... သူ႕မွာ စြမ္းအင္ ဘယ္ေလာက္ေတာင္မ်ား ရွိေနပါလိမ့္"
ႏွစ္ေယာက္သား ပ်ံသန္းသြားကာ ေကာင္းကင္ထက္၌ ေပ်ာက္ကြယ္သြားသည္ကို ျမင္လိုက္ရေတာ့ အားလုံး၏ ပါးစပ္ေထာင့္မ်ား တုန္လႈပ္သြားေလသည္။
ပ်ံသန္းနိုင္တဲ့ ေမွာ္လက္နက္၊ အသြင္ကူးေျပာင္းျခင္း နယ္ပယ္ အဆင့္၉ အထြတ္အထိပ္ စြမ္းအားကို သူတို႔ကိုယ္တိုင္ မ်က္စိနဲ႕ မျမင္ခဲ့ရရင္ေတာ့ လုံးဝ ယုံနိုင္စရာ မရွိေခ်။
လု႐ႊမ္သည္ အရင္းအႏွီး ရွိေသာေၾကာင့္ ယခုအခ်ိန္အထိ မာနေထာင္လႊားေနေၾကာင္း သေဘာေပါက္လာခဲ့သည္။