မောင့်ငယ်ဖော်

By Tigressk

3K 134 36

Unicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင်... More

Into
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
Author's confessions
အပိုင်း ၂၇
ဇာတ်သိမ်းပိုင်း

အပိုင်း၁

288 10 0
By Tigressk

Unicode

ချွေးတို့ဖြင့် ရွှဲရွှဲနစ်နေသော ကျောပြင်တစ်ခု.....
ခါးတွင် ပုဆိုးအနွမ်းတစ်ထည်ကို ဒူးအထက်နားထိရောက်အောင် ခပ်တိုတိုဝတ်ထားသည်။ ဦးခေါင်းထက်တွင် အနီရောင် ဖျင်သဘတ်ကြမ်းတစ်ထည်ကို လိပ်ကာ ခေါင်းပေါင်းပေါင်းထား၏။ ထိုလူကြီးသည် လက်နှစ်ဖက်က ပေါက်တူးကို မြှောက်ကိုင်လိုက်ပြီး မြေကြီးအတွင်းသို့ အားဖြင့် တစ်ချက် ပေါက်လိုက်၏။

"အဘများလား..."
ခေါင်းပေါင်းသည် အဖေပေါင်းနေကျ ဖျင်သဘတ်ဖြစ်၏။ သို့သော် လူပုံမှာ အဖေနှင့်မတူ။

သူသည် မီးရထားသံလမ်းအနီး ရပ်နေသည်။ လက်ထဲတွင် မြေစိုင်မြေခဲများကို သံဒယ်ထဲတွင် ထည့်ကာ သယ်ထား၏။ သူဝတ်ထားသော အင်္ကျီဖြူဖြူသည် ဖုန်များသဲများပေရေကာ ညစ်ပေဟောင်းနွမ်းနေပြီး ဂျိုင်းမှာလဲ ပြဲနေသည်။ အစိမ်းရောင် ဘောင်းဘီတိုလေးမှာ အရောင်လွင့်ပြီး မြေတို့ ပေကျံနေသောကြောင့် မှောင်မှိုင်းနေလေသည်။ သူ့တစ်ကိုယ်လုံးလည်း ဖုတ်လူးကာ ဂျေးအထပ်ထပ်ဖြင့် ညစ်တူးနေ၏။

လိုဏ်ခေါင်းတစ်လျောက်တွင် မြေတူးသူများ၊ မြေသယ်သူများ၊ သံလမ်းခင်းသူများနှင့် ပြည့်ကြပ်နေကြသည်။ မီးရထားသံလမ်းအပိုင်းအစများ၊ ကျိုးပဲ့နေသော သစ်သားစများ၊ ဇလီဖားတုံးများသည် မြေပြင်အနှံ့ ပြန့်ကျဲနေကြ၏။ သံရိုက်သံများ၊ မြေတူးသံများ၊ မြေသယ်ကားစက်နှိုးသံများ၊ အော်ဟစ်ဆဲဆိုသံများသည် သူ့နားထဲတွင် နီးကပ်လာလိုက်၊ တဖန် ဝေးကွာ၍ တိုးတိတ်သွားလေသည်။

လူအုပ်ကြီးထဲသို့ လှမ်းကြည့်လိုက်သောအခါ အမေ့ကို မြင်သည်။ အမေသည် ခေါင်းပေါ်တွင် အုတ်ခဲများကို ရွက်ကာ သူရှိရာသို့ တစ်ရွေ့ရွေ့ လျှောက်လာနေသည်။ အမေ့ပါးပေါ်ရှိ သနပ်ခါးတို့သည် ချွေးတို့ဖြင့် ကွက်နေပြီး ဆံစများသည် ချွေးစို့နေသော နှဖူးထက်တွင် ဝဲကျနေကြသည်။ အမေ့မျက်လုံးများသည် ပင်ပန်းနွမ်းနယ်လျက် သူ့ကို ဝမ်းနည်းကြေကွဲစွာ လှမ်းကြည့်နေသလို ထင်မိသည်။

"အမ...."

သူ လှမ်းခေါ်လိုက်သည်။ သို့သော် သူ့လည်ချောင်းမှာ ခြောက်သွေ့ကွဲအက်နေပြီး အသံတို့ တစ်စို့နေလေ၏။
ဥမင်လှိုဏ်ခေါင်းထဲမှ လူတို့ ထိတ်လန့်စွာ အော်ဟစ်ရင်း ပြေးထွက်လာကြသည်။ ပိန်းပိတ်အောင် မှောင်သည့် အမှောင်ထုကြီးသည် လူအုပ်ကြီးနောက်မှနေ၍ ထိုသူတို့ကို ဝါးမျိုပစ်လိုက်သည်။

တစ်စုံတခုသည် သူ့အပေါ်သို့ ဖိချုပ်ထားသကဲ့သို့ ခံစားရ၏။

"အမ... အမ... အမ"

သူသည် လည်ချောင်းကွဲမတတ်အော်ဟစ်ကာ ငိုကြွေးလိုက်မိလေသည်။
........................
"ဟေ့ ကောင်လေး ထ ထ ၊ ငပျင်းလေး"
တစ်ကိုယ်လုံးကို မ' ကာ ဆွဲထူခံလိုက်ရပြီးနောက် မျက်နှာချင်းဆိုင်တွင် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
"အမလေး.... နဂါးလေး ငါက သေနေပြီမှတ်တာ၊ မနည်းနှိုးယူရတယ်"
ကိုဘပု.....
"ထတော့ ဟေ့ကောင်၊ မင်း နောက်နေ့တွေ ဒီလို စောက်ပျင်းကြီးနေလို့ကတော့ ဆောင်းတွင်းကြီး သင်္ကြန် ကျသွားမယ်မှတ်"
ထိုအခါမှ သူ အိပ်ရာမှ ပြာပြာသလဲထလိုက်ပြီး ကိုဘပုနောက်သို့ လိုက်လာလိုက်၏။
.........
မေမြို့ဆောင်း နံနက်ခင်းသည် မြူနှင်းတို့ဖြင့် ရစ်ဆိုင်းလွှမ်းခြုံနေ၏။ ဆိုင်၏ သွပ်အမိုးပေါ်သို့ နှင်းရည်စက်တို့ ကျနေသံမှာ စိတ်တည်ငြိမ်အေးချမ်းဖွယ်ဂီတသံစဉ်တစ်မျိုးနှယ်။ အအေးဓာတ်သည် နီညိုရောင် သိုးမွှေးအင်္ကျီအတွင်းသို့ တိုးဝှေ့ဝင်ရောက်ကာ အသည်းခိုက်သည်အထိ စိမ့်သွားလေသည်။ သူ ကြက်သီးမွှေးညှင်းတစ်ချက် ထသွားသည်။ ချမ်းလွန်းသဖြင့် သွားချင်းရိုက်နေကြသည်။

တီးခန်းထဲမှ ဘွိုင်လာအိုးသည် အပူနှင့်လေဖိအားတို့ ထိတိုက်မိကာ တစ်ချက်တစ်ချက် ထမြည်နေ၏။ ဒန်ရေကရားထဲတွင် ဆားအနည်းငယ်ထည့်ပြီး ရေနွေးဖြင့် နှပ်ထားသောလက်ဖက်အချိုခြောက်၏ မွှေးရနံ့သည် နှာခေါင်းဝသို့ တိုးဝင်လာတတ်သည်။ အကြော်ဖိုရှိ ဒယ်အိုးထဲတွင် ဆီပူစပြုနေပြီဖြစ်သဖြင့် မုန့်ဆရာက အီကြာကွေးတစ်ချောင်းကို ဆီပူထဲသို့ ထည့်ကာ စမ်း၍ ကြော်ကြည့်နေသည်။

ဆိုင်ခင်းပြီးနောက် သူသည် အဝတ်စုတ်တစ်ခုကို ရေစွတ်ကာ စားပွဲခုံများနှင့် ထိုင်ခုံများကို ဖုန်သုတ်လိုက်သည်။
အဖျော်ဆရာ ကိုဝင်းမြင့်က တီးခန်းထဲမှ နေ၍ သူ့ကို လှမ်းအော်နေသံ ကြားရသည်။
"ငကျစ်ရေ.... မင်း အဲ့ဒါပြီးရင် အကြမ်းပန်းကန်တွေ ရေဆေးလိုက်အုံး"
"ဟုတ်ကဲ့ ဦးတီး"
လှမ်းပြောလိုက်ရင်း ဆိုင်နောက်ဖေးဘက်သို့ ထွက်လာခဲ့သည်။ ဘာလီချိုင့်ကို ကိုင်လိုက်ပြီး ရေခွက်တစ်ခုကို ယူကာ ရေစည်ထဲမှ ရေခပ်လိုက်သည်။ ရေစည်ထဲရှိ အပေါ်ယံရေမျက်နှာပြင်သည် အအေးဓာတ်ကြောင့် အပေါ်ရေတင်းနေလေသည်။ သူ၏ လက်ဖဝါးနှစ်ဖက်သည် အေးခဲလှသော ရေကြောင့် ထုံကျင်ကာ နီရဲ သွားလေသည်။ လက်ဖမိုးနှင့် ခြေထောက်တို့သည် ပက်ကြားအက်ကာ အနာများပင် ဖြစ်နေကြ၏။

နံနက်ခင်း နှင်းစက်တို့သည် သေးငယ်လှသည့် သူ့ပုခုံးပေါ်သို့ အညှာအတာမဲ့စွာ ကျရောက်နေကြသည်။ နှင်းစက်တို့ တွဲလဲခိုနေသည့် ထင်းရှူးသစ်ကိုင်းပေါ်တွင် ဆောင်းငှက်တစ်ကောင် လာနားနေသည်ကို တွေ့ရ၏။ သူ၏အသိုက်သည် သူနားခိုရာ ထင်းရှူးပင်ပေါ်တွင် ရှိနေလေမလား။ သို့တည်းမဟုတ် အဝေးတစ်နေရာမှ ရောက်ရှိလာသည့် သင်းကွဲငှက်တစ်ကောင်များလား။ ထိုငှက်ကလေးသည် ကိုယ်ကို တွန့်ကာ သူ့ကိုယ်ပေါ်မှ နှင်းပွင့်များကိုခါလိုက်ပြီးနောက် သူ၏ သေးငယ်သော တောင်ပံတို့အား တစ်ဖျက်ဖျက်ခတ်လျက် အဝေးသို့ ပျံသန်းသွားလေသည်။
🌺🌺🌺🌺🌺🌺
Author Note 📝 အညာမှာ အမေကို အမ၊ အဖေကို အဘလို့ ခေါ်ကြပါတယ်ရှင့်၊ အဲ့ဒါကြောင့် ဒီထဲမှာပါတဲ့ "အမ" ဆိုတာ ဇာတ်လိုက်ရဲ့ အမေကို ဆိုလိုပြီး "အဘ" ဆိုတာ အဖေကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🧡
#ZawGyi









........................
.........



🌺🌺🌺🌺🌺🌺

Continue Reading

You'll Also Like

707K 73.1K 27
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
23.9K 806 37
ချစ်ခြင်းရဲ့ကျော့ကွင်းအောက်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်ရှိခဲ့တဲ့ကျွန်တော့်အတွက် ခံစားချက်ကိုမောင်းတင်လို့ အချစ်ဇုန်ထဲမည်သို့ခိုဝင်နိုင်ပါအံ့နည်း။သို့သော...
1.8M 116K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
7.9K 233 11
Jing y/n is an idol in kpop group, she been have a rumour... just read to find out aisshh. english is not my first language so pls bare with me and...