Chapter (220) Arc 3
အရှက်မရှိကြသူများ
ပြိုင်ပွဲစင်မြင့်၏ အဝေးတစ်နေရာ၌ ဟန်ရောင်၊ မုယန်ဖုန်းနှင့် အခြားသူများသည် စင်မြင့်ပေါ်က အဖြစ်အပျက်တွေကို ကြည့်ဖို့ ထောင့်တစ်နေရာတွင် ရပ်နေကြ၏။
"သွားပြီ... သခင်လေး မှန်းထားတဲ့ အတိုင်း သူတို့က တကယ်လှုပ်ရှားချင်နေတာပဲ!"
ချူဝမ့်ရှန်း နှင့် အခြားသူများ ရုတ်တရက် ပေါ်လာတာကို မြင်လိုက်ရသောအခါ မုယန်ဖုန်းရဲ့ မျက်နှာမှာ ရုပ်ဆိုးလာတော့သည်။
အစပိုင်းမှာတော့ သခင်လေးက တစ်ဖက်လူတွေက ဒီအခွင့်အရေးကို လက်လွှတ်မခံဘူးလို့ ပြောခဲ့ပေမယ့် သူမယုံသေးဘူး။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ တစ်ဖက်လူက အဆင်သင့်ဖြစ်ရုံ မကဘဲ ကူညီပေးသူကိုလည်း ရှာတွေ့သွားပုံရလေ၏။
"ဘာလုပ်မလဲ? အဲဒီလူတွေက ခွန်အား မနည်းဘူး... သခင်လေး အန္တရာယ်ဖြစ်မှာကို ကြောက်ရတယ်"
ကြည့်ရှုပြီးနောက် မုယန်ဖုန်းမှ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
သူသည် လုံလုံလောက်လောက် မကျင့်ကြံထားနိုင်လို့ ရှောင်းယွမ်ထျန်းနဲ့ ကျောင်းအုပ်ကြီး ဟောင်ယန်တို့ရဲ့ ကျင့်ကြံမှု ခွန်အားကို မမြင်နိုင်သော်လည်း ချူဝမ့်ရှန်းနဲ့ ဘုရင်မင်းမြတ် ချန်ရှုံတို့ပါ ရှိနေမှတော့ ဘယ်လိုလုပ် ရိုးရှင်းပါတော့မလဲ။
"သူတို့ထဲက အတော်များများက သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၈ ပြီးပြည့်စုံခြင်း ကာလက လူတွေ... တချို့ဆို အင်ပါယာရဲ့ အင်အားကြီးစာရင်းမှာပါ အဆင့်သတ်မှတ် ခံထားရသူတွေပဲ"
တစ်ဖက်မှ မော့ကောင်းရွှမ်းကလည်း ပြောသည်။
မုယန်ဖုန်း မမြင်နိုင်သော်လည်း အဆင့်၉ နယ်ပယ်က လူတစ်ယောက် အနေနဲ့ တစ်ဖက်လူရဲ့ ခွန်အားနဲ့ နာမည်ကိုပင် ပြောနိုင်လေ၏။
"အင်အားကြီး ထိပ်သီးစာရင်းထဲက အားကောင်းတဲ့ လူတွေတဲ့လား?"
မုယန်ဖုန်းနှင့် ဟန်ရောင်တို့ တစ်ယောက်ကို တစ်ယောက် တစ်ချက်စီ ကြည့်လိုက်ပြီး သူတို့မျက်လုံးထဲမှာ ထိတ်လန့်မှုများ ပေါ်ထွက်လာတော့သည်။
ကျေးဇူးပြုပြီး အကြီးအကဲ ထွက်လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်!"
"ငါလှုပ်ရှားရမယ်? သခင်လေး မသွားခင်က ပြောခဲ့တာကို မင်းမေ့သွားပြီလား"
မော့ကောင်းရွှမ်းမှာ သက်ပြင်း အသာခါချရင်း ခေါင်းခါယမ်းလိုက်သည်။
သခင်လေးသည် သူတို့အား လုံးဝ ပါဝင်ခွင့် မပြုခဲ့ပေ။ သူတို့သည် စိုးရိမ်သောကများနှင့် တိုက်ပွဲကို စောင့်ကြည့်ရန် လာခဲ့ကြသူများ ဖြစ်သည်။ သူတို့ကိုသာ သခင်လေး တွေ့သွားပါက သေချာပေါက် အရိုက်ခံရမည် ဖြစ်သည်။
"ဒါပေမဲ့..."
မုယန်ဖုန်းနှင့် ဟန်ရောင်တို့မှာ အနည်းငယ် စိုးရိမ်နေမိဆဲပင်။
"စိတ်မပူပါနဲ့... ငါ သခင်လေးနဲ့ တွေ့တာမကြာသေးပေမယ့် သူက မဆင်မခြင် လုပ်တတ်တဲ့ လူမဟုတ်ဘူး ဆိုတာ သိတယ်.... တစ်ဖက်ဖက်က လှုပ်ရှားဖို့ မျှော်လင့်ထားတယ် ဆိုကတည်းက သူ့မှာ ယုံကြည်မှု အပြည့်ရှိရမယ်!"
မော့ကောင်းရွှမ်းသည် လူငယ်၏ တည်ငြိမ်သော မျက်နှာကို မြင်ယောင်ကြည့်ရင်း သူ့နှလုံးသားထဲတွင် နက်နဲသော ခံစားချက်ကို ခံစားလိုက်ရသည်။
ကြီးကျယ်ခမ်းနားတဲ့ အဆင့်၉ ကျင့်ကြံသူဖြစ်တဲ့ သူတောင်မှ ကြောက်လန့်နေရတာ။ သခင်လေးမှာ ဝှက်ဖဲ မရှိဘူးလို့ ပြောရင်တော့ အသေသတ်ရင်တောင် ယုံမှာ မဟုတ်တော့ဘူး။
"သခင်လေးကိုပဲ ယုံကြည်ထားရတော့မယ်!"
သခင်လေး၏ အဆုံးမဲ့ လှည့်ကွက်များကို တွေးတောရင်း မုယန်ဖုန်းသည် သူ၏ယုံကြည်မှုကို ပြန်လည်ရရှိသွားခဲ့သည်။
ချိုင့်ဝှမ်းထဲမှာ ပိတ်မိနေတဲ့ အချိန်တုန်းကတောင် သခင်လေးဟာ သေချာပေါက် သေလိမ့်မယ်လို့ လူတိုင်းက ထင်ခဲ့ကြပေမယ့် ဒဏ်ရာလုံးဝမရဘဲ သူ့ကို လိုက်ဖမ်းတဲ့သူတွေသာ သုတ်သင်ရှင်းလင်း ပစ်သွားခဲ့သည်။
တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့၏။
"ကျောင်းအုပ်ချူက ဘယ်လိုလုပ် ဒီကိုရောက်ချလာတာလဲ? ပြီးတော့ ဘုရင်မင်းမြတ် ချန်ရှုံရောပဲ!"
"ဒါတွေက ဘယ်သူတွေလဲ? ကြည့်ရတာ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း မနိမ့်လောက်ဘူး!"
"အဲဒီလူတွေက တခြား တော်ဝင်အင်ပါယာတွေက လာတဲ့လူတွေလို့ ငါကြားတယ်!"
"ဒါ လုရွှမ်နဲ့ စီနီယာ ကျန်းရှောက်ထျန်း တို့ရဲ့ တရားမျှတတဲ့ ပြိုင်ဆိုင်မှု မဟုတ်ဘူးလား? သူတို့ ဘာလုပ်ဖို့ အပြေးအလွှား လာနေကြတာလဲ?"
"တရားမျှတတဲ့ ပြိုင်ဆိုင်မှု? မင်းမသိသေးဘူးလား? လုရွှမ်က သူ့ရဲ့ ဝိညာဥ်သားရဲနဲ့ ကျောင်းအုပ်ချူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားခဲ့တာလို့ ကြားတယ်... သူက လက်စားချေချင်လို့ လုရွှမ်ကို သတ်ဖို့ ကြံနေတာပေါ့ကွ"
"ဘာ? သတ်မယ်? သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က လူလည်းဖြစ် ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်လည်း ဖြစ်တဲ့လူက ကျောင်းသားလေး တစ်ယောက်ကို သတ်မယ်?? ပြီးတော့ တခြားသူတွေနဲ့ပါ ပူးပေါင်းလိုက်တာလား?"
"ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ!"
ပြိုင်ပွဲစင်မြင့် အောက်တွင် စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့ကြသော ကျောင်းသား အများအပြားမှာ ဒေါသတကြီး ဆွေးနွေးလာကြတော့သည်။
တရားမျှတသော ပြိုင်ပွဲဟု ခေါ်တွင်သော တိုက်ပွဲကို ကြည့်ရှုရန်သာ လာခဲ့ကြသည်။ ရလဒ်ကတော့ ကျန်းရှောက်ထျန်းက ဤနေရာတွင် ပြိုင်ဘက်ကို အနိုင်မယူနိုင်ဘဲ ကျောင်းအုပ်ချူပါ ပေါ်လာခဲ့သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က လူတွေကလည်း ကျောင်းသားငယ်ကို ဝိုင်းရံထားကြသေး၏။
ကျင့်ကြံသူများ အနေဖြင့် ၎င်းတို့သည် မျှတသော တိုက်ပွဲကို မကန့်ကွက်ကြသော်လည်း ထိုမျှလောက် အားကြီးသော လူများစွာသည် လူငယ်တစ်ဦးကို သတ်ဖြတ်ရန် ရုတ်ချည်းဆိုသလို ပေါ်လာကြသည်ကို တွေ့ချင်ကြမည် မဟုတ်ပေ။
"ကျိန်ဆဲတာက ဘာအသုံးဝင်မှာလဲ? မင်းတက်ပြီး ကူညီချင်သေးလို့လား..."
"ငါ"
လူအုပ်ထဲက ဘယ်သူက အော်လိုက်ဟစ်မှန်းမသိ ဖြောင့်မတ်တဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေအားလုံး ရှက်ရွံ့သွားကြသည်။
သူတို့အထဲမှာ အသန်မာဆုံးက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ မှာသာ ရှိပါသည်။ စင်မြင့်ပေါ်က လူတိုင်းနဲ့ ယှဉ်ရင် ကွာဟချက်က တကယ့်ကို ကြီးမားလွန်းလှသည်။
တက်သွားပြီး ကူညီဖို့ မပြောနဲ့ စင်မြင့်ပေါ် မရောက်ခင် အသတ်ခံလိုက်ရမှာ သေချာလေ၏။
"စီနီယာ လုရွှမ် ခံနိုင်ရည် ရှိမယ်လို့ မျှော်လင့်ရမှာပဲ!"
လူငယ်တစ်ဦးက စိတ်မကောင်းစွာ သက်ပြင်းချရင်း ပြောလိုက်သည်။
"ခံနိုင်ရည် ဟုတ်လား? ဒီလောက်အဆင့်မြင့်တဲ့ လူတွေ အများကြီး ဝိုင်းရံထားတာကို ဘယ်လိုလုပ် တောင့်ခံနိုင်တော့မှာလဲ?"
"ဟူး... အံ့ဖွယ် ပါရမီရှင် မျိုးဆက်တစ်ခုကတော့ ဒီအတိုင်း သေသွားရတော့မယ့်ပုံပဲ!"
လုရွှမ်အတွက်တော့ ဒီကျောင်းသားတွေဟာ ချစ်ခင်ကြင်နာမှု သိပ်မရှိပေမယ့် သူတို့အားလုံးနီးပါးဟာ လုရွှမ်အကြောင်း ပုံပြင်တွေကို ကြားသိခဲ့ကြပြီး သူတို့ရဲ့ နှလုံးသားထဲမှာတော့ လေးစားမှု များစွာရှိနေဆဲ ဖြစ်သည်။
လူတိုင်းအတွက် အထင်ကြီး လေးစားရသော ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ဟာ တစ်လျှောက်လုံး တန်ပြန် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ အတွင်းစည်း တပည့်တွေရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်တဲ့ ကျန်းရှောက်ထျန်းကတောင် မယှဉ်နိုင်ခဲ့ချေ။
ဒီအချက်က ကျောင်းသား အားလုံးရဲ့ နှလုံးသားထဲမှာ နေရာယူထားပြီးလေပြီ။ ဒီအချိန်မှာ သူတို့လေးစားရတဲ့ လူက သေရတော့မှာကို မြင်တော့ စိတ်မသက်မသာ ဖြစ်မနေဘူးလို့ ပြောရင် မုသားစကားသာ ဖြစ်သွားလိမ့်မယ်။
"လုရွှမ်... မင်းရဲ့ ဝိညာဥ်သားရဲကို ထုတ်ပေးလိုက်.... မဟုတ်ရင် မင်းမှာ နောက်ထပ်အခွင့်အရေး ဘယ်တော့မှ ရှိနိုင်မှာ မဟုတ်တော့ဘူး!"
ပြိုင်ပွဲစင်မြင့်ပေါ်၌ ချူဝမ့်ရှန်း ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်က စကားသံများကို ဂရုမစိုက်ဘဲ လုရွှမ်အား စိုက်ကြည့်နေသည်။
"အိုး... ငါ့ကိုသတ်ဖို့အတွက် လုံလောက်တဲ့ လူအင်အားကို ပြင်ဆင်ထားပြီးပြီ မဟုတ်ဘူးလား!"
တစ်ဖက်လူရဲ့ မေးခွန်းကို မဖြေဘဲ လုရွှမ် သူ့မျက်ခွံများကို ပင့်မြှောက်လျက် ရှောင်းယွမ်ထျန်း နှင့် အခြားလူများကို ကြည့်လိုက်သည်။
ဤလူများမှာ နန်ဟိုင် တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်နှင့် ရှောင်းမိသားမှ ထိပ်တန်းသခင်များ ဖြစ်သည်။ ၎င်းတို့ထဲမှာ ရှစ်ယောက်သာ ရှိသော်လည်း ကျင့်ကြံမှုအဆင့်က ချူဝမ့်ရှန်းနှင့် သိပ်မကွာပေ။
ကျောင်းတော်မှ အကြီးအကဲများစွာ၏ ပြီးပြည့်စုံသော စည်းလုံးမှုနှင့်အတူ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈များသည် ပြိုင်ပွဲစင်မြင့် တစ်ခုလုံးရှိ လေသည် လုံးဝအေးခဲသွားစေ၏။
"လုရွှမ်.... မင်းက ငါတို့မိသားစု ခေါင်းဆောင်ကို သတ်ပြီး ငါတို့ ရှောင်းမိသားစုက လူပေါင်းများစွာကို သတ်ပစ်လိုက်တယ်.... ဒီနေ့က မင်းရဲ့ သေနေ့ပဲ!"
ရှောင်းယွမ်ထျန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"ရှောင်းမိသားစု?? ရှောင်းချင်ထျန်းရဲ့ မိသားစုလား?"
လုရွှမ် ဘာမှမထူးခြားသလို ပြန်ကြည့်နေသည်။
"ရှောင်းချင်ထျန်းလည်း အဲဒီတုန်းက ဒီလိုပဲပြောခဲ့တယ်... ဒါပေမဲ့ အဆုံးမှာ သူသေသွားတယ်!"
"မင်း မာနကြီးနေဖို့ မလိုဘူး... ချိုင့်ဝှမ်းထဲက အကြောင်းကို ငါတို့ကြားဖူးပြီးသား... မင်းတည်နေရာရဲ့ အနေအထားကိုပဲ အားကိုးတတ်တာလေ... ဒါက ယင်းယန်ကျောင်းတော်ပဲ.. မင်းဆင်လို့ရတဲ့ ထောင်ချောက်တွေ မရှိဘူး။ အခု မင်းရဲ့ ဝိညာဥ်သားရဲကို ခေါ်ထုတ်လိုက်... မဟုတ်ရင်တော့ သေဖို့ပဲ စောင့်နေလိုက်တော့!"
ကျောင်းအုပ်ကြီး ဟောင်ယန်လည်း အေးစက်စွာ ပြုံးလိုက်သည်။
"မင်းက ဘယ်ကလာတဲ့ လူလဲ!"
လုရွှမ်က သူ့မျက်တောင်တွေကို တစ်ချက်ပင့်၍ ကြည့်လိုက်ပြီး
"ငါ လုရွှမ်က အမည်မသိတဲ့ လူကို မသတ်ဘူး!"
"မင်း"
ဂုဏ်သိက္ခာရှိသော ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ကြီးမှာ ယခုလို အပြောခံလိုက်ရတဲ့အခါ ဟောင်ယန်၏ မျက်နှာသည် ဒေါသများဖြင့် နီမြန်းလာ၏။
"ငါက နန်ဟိုင် တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်က ကျောင်းအုပ်ကြီး ဟောင်ယန်ပဲ!! မင်းငါတို့ကျောင်းက အကြီးအကဲ လျိုယွင်ထန်းနဲ့ ထူးချွန်တဲ့ ကျောင်းသား ထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့တယ်... ဒီရန်ငြိုးတွေက လုံးဝ မဖြေရှင်းလို့ မဖြစ်ဘူး!"
"နန်ဟိုင်တော်ဝင် အင်ပါယာက ကျောင်းအုပ်ကြီးလား?"
လုရွှမ်က ခေါင်းခါလိုက်ပြီး
"မင်းငါ့ကို ပြဿနာ လာမရှာရင် ငါလည်းမင်းကိုရှာဖို့ စိတ်၀င်စားမှာ မဟုတ်ဘူး.... အနည်းဆုံးတော့ အသက်ပိုရှည် နိုင်သေးတာပေါ့ ကံမကောင်းချင်တော့ မင်းက သေချင်နေတာကိုး... ငါ့ကို အပြစ်မတင်နဲ့တော့!"
"ဒီမှာ ဖြီးဖြန်းတာကို ရပ်လိုက်တော့!! မင်းရဲ့ ပင်ကိုယ်စွမ်းရည်က ကောင်းပါတယ်... မင်းရဲ့ ဝိညာဉ်စွမ်းအားက ကြောက်စရာ ကောင်းတဲ့အတွက် မင်းကို ငါလေးစားမိတာတော့ အမှန်ပဲ... မင်းကို နှစ်အနည်းငယ်လောက် အသက်ရှင်ခွင့် ပေးလိုက်ရင် ငါတို့ တကယ်ကို မယှဉ်နိုင်လောက်တော့ဘူးလေ.... သနားစရာပဲ ငါတို့ မင်းကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး"
ရှောင်းယွမ်ထျန်းက အေးစက်စွာ ပြုံးလိုက်ပြီး
"ကောင်းပြီ.... သူနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ရပ်လိုက်ပြီး သူ့ကို အတူတူ သတ်လိုက်ရအောင်... သူသေသွားသရွေ့ ဝိညာဥ်သားရဲ ရောက်လာရင်တောင် အရမ်းနောက်ကျသွားပြီ!"
"ကောင်းပြီ!"
"စလိုက်တော့!"
ရှောင်းယွမ်ထျန်းရဲ့ စကားကို ကြားတော့ ချူဝမ့်ရှန်း၊ ဘုရင်မင်းမြတ် ချန်ရှုံနှင့် အခြားသူများ သည် တစ်ချိန်တည်းတွင် ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့် (၈) ပြီးပြည့်စုံသော ကာလရှိ ကျင့်ကြံသူများ တစ်ချိန်တည်းတွင် ၎င်းတို့၏ ဝိညာဥ်ချီကို ထုတ်လွှတ်ခဲ့ပြီး ယင်းယန်ကျောင်းတော် တစ်ခုလုံးကို ကြောက်မက်ဖွယ် ကောင်းသော လေထုထဲဖြင့် ဖုံးလွှမ်းပစ်လိုက်သည်။
Chapter (220) Arc 3
အရွက္မရွိၾကသူမ်ား
ၿပိဳင္ပြဲစင္ျမင့္၏ အေဝးတစ္ေနရာ၌ ဟန္ေရာင္၊ မုယန္ဖုန္းႏွင့္ အျခားသူမ်ားသည္ စင္ျမင့္ေပၚက အျဖစ္အပ်က္ေတြကို ၾကည့္ဖို႔ ေထာင့္တစ္ေနရာတြင္ ရပ္ေနၾက၏။
"သြားၿပီ... သခင္ေလး မွန္းထားတဲ့ အတိုင္း သူတို႔က တကယ္လႈပ္ရွားခ်င္ေနတာပဲ!"
ခ်ဴဝမ့္ရွန္း ႏွင့္ အျခားသူမ်ား ႐ုတ္တရက္ ေပၚလာတာကို ျမင္လိုက္ရေသာအခါ မုယန္ဖုန္းရဲ႕ မ်က္ႏွာမွာ ႐ုပ္ဆိုးလာေတာ့သည္။
အစပိုင္းမွာေတာ့ သခင္ေလးက တစ္ဖက္လူေတြက ဒီအခြင့္အေရးကို လက္လႊတ္မခံဘူးလို႔ ေျပာခဲ့ေပမယ့္ သူမယုံေသးဘူး။ ဒီျမင္ကြင္းကို ျမင္လိုက္ရေတာ့ တစ္ဖက္လူက အဆင္သင့္ျဖစ္႐ုံ မကဘဲ ကူညီေပးသူကိုလည္း ရွာေတြ႕သြားပုံရေလ၏။
"ဘာလုပ္မလဲ? အဲဒီလူေတြက ခြန္အား မနည္းဘူး... သခင္ေလး အႏၱရာယ္ျဖစ္မွာကို ေၾကာက္ရတယ္"
ၾကည့္ရႈၿပီးေနာက္ မုယန္ဖုန္းမွ ကူကယ္ရာမဲ့စြာ ေျပာလိုက္သည္။
သူသည္ လုံလုံေလာက္ေလာက္ မက်င့္ႀကံထားနိုင္လို႔ ေရွာင္းယြမ္ထ်န္းနဲ႕ ေက်ာင္းအုပ္ႀကီး ေဟာင္ယန္တို႔ရဲ႕ က်င့္ႀကံမႈ ခြန္အားကို မျမင္နိုင္ေသာ္လည္း ခ်ဴဝမ့္ရွန္းနဲ႕ ဘုရင္မင္းျမတ္ ခ်န္ရႈံတို႔ပါ ရွိေနမွေတာ့ ဘယ္လိုလုပ္ ရိုးရွင္းပါေတာ့မလဲ။
"သူတို႔ထဲက အေတာ္မ်ားမ်ားက ေသမ်ိဳး အသြင္ေျပာင္းျခင္း နယ္ပယ္ရဲ႕ အဆင့္၈ ၿပီးျပည့္စုံျခင္း ကာလက လူေတြ... တခ်ိဳ႕ဆို အင္ပါယာရဲ႕ အင္အားႀကီးစာရင္းမွာပါ အဆင့္သတ္မွတ္ ခံထားရသူေတြပဲ"
တစ္ဖက္မွ ေမာ့ေကာင္း႐ႊမ္းကလည္း ေျပာသည္။
မုယန္ဖုန္း မျမင္နိုင္ေသာ္လည္း အဆင့္၉ နယ္ပယ္က လူတစ္ေယာက္ အေနနဲ႕ တစ္ဖက္လူရဲ႕ ခြန္အားနဲ႕ နာမည္ကိုပင္ ေျပာနိုင္ေလ၏။
"အင္အားႀကီး ထိပ္သီးစာရင္းထဲက အားေကာင္းတဲ့ လူေတြတဲ့လား?"
မုယန္ဖုန္းႏွင့္ ဟန္ေရာင္တို႔ တစ္ေယာက္ကို တစ္ေယာက္ တစ္ခ်က္စီ ၾကည့္လိုက္ၿပီး သူတို႔မ်က္လုံးထဲမွာ ထိတ္လန႔္မႈမ်ား ေပၚထြက္လာေတာ့သည္။
ေက်းဇူးျပဳၿပီး အႀကီးအကဲ ထြက္လႈပ္ရွားေပးဖို႔ ေတာင္းဆိုပါတယ္!"
"ငါလႈပ္ရွားရမယ္? သခင္ေလး မသြားခင္က ေျပာခဲ့တာကို မင္းေမ့သြားၿပီလား"
ေမာ့ေကာင္း႐ႊမ္းမွာ သက္ျပင္း အသာခါခ်ရင္း ေခါင္းခါယမ္းလိုက္သည္။
သခင္ေလးသည္ သူတို႔အား လုံးဝ ပါဝင္ခြင့္ မျပဳခဲ့ေပ။ သူတို႔သည္ စိုးရိမ္ေသာကမ်ားႏွင့္ တိုက္ပြဲကို ေစာင့္ၾကည့္ရန္ လာခဲ့ၾကသူမ်ား ျဖစ္သည္။ သူတို႔ကိုသာ သခင္ေလး ေတြ႕သြားပါက ေသခ်ာေပါက္ အရိုက္ခံရမည္ ျဖစ္သည္။
"ဒါေပမဲ့..."
မုယန္ဖုန္းႏွင့္ ဟန္ေရာင္တို႔မွာ အနည္းငယ္ စိုးရိမ္ေနမိဆဲပင္။
"စိတ္မပူပါနဲ႕... ငါ သခင္ေလးနဲ႕ ေတြ႕တာမၾကာေသးေပမယ့္ သူက မဆင္မျခင္ လုပ္တတ္တဲ့ လူမဟုတ္ဘူး ဆိုတာ သိတယ္.... တစ္ဖက္ဖက္က လႈပ္ရွားဖို႔ ေမွ်ာ္လင့္ထားတယ္ ဆိုကတည္းက သူ႕မွာ ယုံၾကည္မႈ အျပည့္ရွိရမယ္!"
ေမာ့ေကာင္း႐ႊမ္းသည္ လူငယ္၏ တည္ၿငိမ္ေသာ မ်က္ႏွာကို ျမင္ေယာင္ၾကည့္ရင္း သူ႕ႏွလုံးသားထဲတြင္ နက္နဲေသာ ခံစားခ်က္ကို ခံစားလိုက္ရသည္။
ႀကီးက်ယ္ခမ္းနားတဲ့ အဆင့္၉ က်င့္ႀကံသူျဖစ္တဲ့ သူေတာင္မွ ေၾကာက္လန႔္ေနရတာ။ သခင္ေလးမွာ ဝွက္ဖဲ မရွိဘူးလို႔ ေျပာရင္ေတာ့ အေသသတ္ရင္ေတာင္ ယုံမွာ မဟုတ္ေတာ့ဘူး။
"သခင္ေလးကိုပဲ ယုံၾကည္ထားရေတာ့မယ္!"
သခင္ေလး၏ အဆုံးမဲ့ လွည့္ကြက္မ်ားကို ေတြးေတာရင္း မုယန္ဖုန္းသည္ သူ၏ယုံၾကည္မႈကို ျပန္လည္ရရွိသြားခဲ့သည္။
ခ်ိဳင့္ဝွမ္းထဲမွာ ပိတ္မိေနတဲ့ အခ်ိန္တုန္းကေတာင္ သခင္ေလးဟာ ေသခ်ာေပါက္ ေသလိမ့္မယ္လို႔ လူတိုင္းက ထင္ခဲ့ၾကေပမယ့္ ဒဏ္ရာလုံးဝမရဘဲ သူ႕ကို လိုက္ဖမ္းတဲ့သူေတြသာ သုတ္သင္ရွင္းလင္း ပစ္သြားခဲ့သည္။
တကယ့္ကို စိတ္လႈပ္ရွားစရာ ေကာင္းခဲ့၏။
"ေက်ာင္းအုပ္ခ်ဴက ဘယ္လိုလုပ္ ဒီကိုေရာက္ခ်လာတာလဲ? ၿပီးေတာ့ ဘုရင္မင္းျမတ္ ခ်န္ရႈံေရာပဲ!"
"ဒါေတြက ဘယ္သူေတြလဲ? ၾကည့္ရတာ သူတို႔ရဲ႕ က်င့္ႀကံမႈ အဆင့္ကလည္း မနိမ့္ေလာက္ဘူး!"
"အဲဒီလူေတြက တျခား ေတာ္ဝင္အင္ပါယာေတြက လာတဲ့လူေတြလို႔ ငါၾကားတယ္!"
"ဒါ လု႐ႊမ္နဲ႕ စီနီယာ က်န္းေရွာက္ထ်န္း တို႔ရဲ႕ တရားမွ်တတဲ့ ၿပိဳင္ဆိုင္မႈ မဟုတ္ဘူးလား? သူတို႔ ဘာလုပ္ဖို႔ အေျပးအလႊား လာေနၾကတာလဲ?"
"တရားမွ်တတဲ့ ၿပိဳင္ဆိုင္မႈ? မင္းမသိေသးဘူးလား? လု႐ႊမ္က သူ႕ရဲ႕ ဝိညာဥ္သားရဲနဲ႕ ေက်ာင္းအုပ္ခ်ဴကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္သြားခဲ့တာလို႔ ၾကားတယ္... သူက လက္စားေခ်ခ်င္လို႔ လု႐ႊမ္ကို သတ္ဖို႔ ႀကံေနတာေပါ့ကြ"
"ဘာ? သတ္မယ္? ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈က လူလည္းျဖစ္ ယင္းယန္ေက်ာင္းေတာ္ရဲ႕ ေက်ာင္းအုပ္လည္း ျဖစ္တဲ့လူက ေက်ာင္းသားေလး တစ္ေယာက္ကို သတ္မယ္?? ၿပီးေတာ့ တျခားသူေတြနဲ႕ပါ ပူးေပါင္းလိုက္တာလား?"
"ဘယ္ေလာက္ေတာင္ အရွက္မဲ့လိုက္လဲ!"
ၿပိဳင္ပြဲစင္ျမင့္ ေအာက္တြင္ စိတ္လႈပ္ရွားစြာ ၾကည့္ရႈခဲ့ၾကေသာ ေက်ာင္းသား အမ်ားအျပားမွာ ေဒါသတႀကီး ေဆြးႏြေးလာၾကေတာ့သည္။
တရားမွ်တေသာ ၿပိဳင္ပြဲဟု ေခၚတြင္ေသာ တိုက္ပြဲကို ၾကည့္ရႈရန္သာ လာခဲ့ၾကသည္။ ရလဒ္ကေတာ့ က်န္းေရွာက္ထ်န္းက ဤေနရာတြင္ ၿပိဳင္ဘက္ကို အနိုင္မယူနိုင္ဘဲ ေက်ာင္းအုပ္ခ်ဴပါ ေပၚလာခဲ့သည္။ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈က လူေတြကလည္း ေက်ာင္းသားငယ္ကို ဝိုင္းရံထားၾကေသး၏။
က်င့္ႀကံသူမ်ား အေနျဖင့္ ၎တို႔သည္ မွ်တေသာ တိုက္ပြဲကို မကန႔္ကြက္ၾကေသာ္လည္း ထိုမွ်ေလာက္ အားႀကီးေသာ လူမ်ားစြာသည္ လူငယ္တစ္ဦးကို သတ္ျဖတ္ရန္ ႐ုတ္ခ်ည္းဆိုသလို ေပၚလာၾကသည္ကို ေတြ႕ခ်င္ၾကမည္ မဟုတ္ေပ။
"က်ိန္ဆဲတာက ဘာအသုံးဝင္မွာလဲ? မင္းတက္ၿပီး ကူညီခ်င္ေသးလို႔လား..."
"ငါ"
လူအုပ္ထဲက ဘယ္သူက ေအာ္လိုက္ဟစ္မွန္းမသိ ေျဖာင့္မတ္တဲ့ ေဒါသေတြနဲ႕ ျပည့္ႏွက္ေနတဲ့ လူေတြအားလုံး ရွက္႐ြံ႕သြားၾကသည္။
သူတို႔အထဲမွာ အသန္မာဆုံးက ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၆ မွာသာ ရွိပါသည္။ စင္ျမင့္ေပၚက လူတိုင္းနဲ႕ ယွဥ္ရင္ ကြာဟခ်က္က တကယ့္ကို ႀကီးမားလြန္းလွသည္။
တက္သြားၿပီး ကူညီဖို႔ မေျပာနဲ႕ စင္ျမင့္ေပၚ မေရာက္ခင္ အသတ္ခံလိုက္ရမွာ ေသခ်ာေလ၏။
"စီနီယာ လု႐ႊမ္ ခံနိုင္ရည္ ရွိမယ္လို႔ ေမွ်ာ္လင့္ရမွာပဲ!"
လူငယ္တစ္ဦးက စိတ္မေကာင္းစြာ သက္ျပင္းခ်ရင္း ေျပာလိုက္သည္။
"ခံနိုင္ရည္ ဟုတ္လား? ဒီေလာက္အဆင့္ျမင့္တဲ့ လူေတြ အမ်ားႀကီး ဝိုင္းရံထားတာကို ဘယ္လိုလုပ္ ေတာင့္ခံနိုင္ေတာ့မွာလဲ?"
"ဟူး... အံ့ဖြယ္ ပါရမီရွင္ မ်ိဳးဆက္တစ္ခုကေတာ့ ဒီအတိုင္း ေသသြားရေတာ့မယ့္ပုံပဲ!"
လု႐ႊမ္အတြက္ေတာ့ ဒီေက်ာင္းသားေတြဟာ ခ်စ္ခင္ၾကင္နာမႈ သိပ္မရွိေပမယ့္ သူတို႔အားလုံးနီးပါးဟာ လု႐ႊမ္အေၾကာင္း ပုံျပင္ေတြကို ၾကားသိခဲ့ၾကၿပီး သူတို႔ရဲ႕ ႏွလုံးသားထဲမွာေတာ့ ေလးစားမႈ မ်ားစြာရွိေနဆဲ ျဖစ္သည္။
လူတိုင္းအတြက္ အထင္ႀကီး ေလးစားရေသာ ဆယ္ေက်ာ္သက္ ေကာင္ေလး တစ္ေယာက္ဟာ တစ္ေလွ်ာက္လုံး တန္ျပန္ တိုက္ခိုက္ခဲ့ၿပီး ေနာက္ဆုံးမွာ အတြင္းစည္း တပည့္ေတြရဲ႕ နံပါတ္တစ္ပုဂၢိုလ္ ျဖစ္တဲ့ က်န္းေရွာက္ထ်န္းကေတာင္ မယွဥ္နိုင္ခဲ့ေခ်။
ဒီအခ်က္က ေက်ာင္းသား အားလုံးရဲ႕ ႏွလုံးသားထဲမွာ ေနရာယူထားၿပီးေလၿပီ။ ဒီအခ်ိန္မွာ သူတို႔ေလးစားရတဲ့ လူက ေသရေတာ့မွာကို ျမင္ေတာ့ စိတ္မသက္မသာ ျဖစ္မေနဘူးလို႔ ေျပာရင္ မုသားစကားသာ ျဖစ္သြားလိမ့္မယ္။
"လု႐ႊမ္... မင္းရဲ႕ ဝိညာဥ္သားရဲကို ထုတ္ေပးလိုက္.... မဟုတ္ရင္ မင္းမွာ ေနာက္ထပ္အခြင့္အေရး ဘယ္ေတာ့မွ ရွိနိုင္မွာ မဟုတ္ေတာ့ဘူး!"
ၿပိဳင္ပြဲစင္ျမင့္ေပၚ၌ ခ်ဴဝမ့္ရွန္း ေပၚလာသည္ႏွင့္ တၿပိဳင္နက္ ပတ္ဝန္းက်င္က စကားသံမ်ားကို ဂ႐ုမစိုက္ဘဲ လု႐ႊမ္အား စိုက္ၾကည့္ေနသည္။
"အိုး... ငါ့ကိုသတ္ဖို႔အတြက္ လုံေလာက္တဲ့ လူအင္အားကို ျပင္ဆင္ထားၿပီးၿပီ မဟုတ္ဘူးလား!"
တစ္ဖက္လူရဲ႕ ေမးခြန္းကို မေျဖဘဲ လု႐ႊမ္ သူ႕မ်က္ခြံမ်ားကို ပင့္ျမႇောက္လ်က္ ေရွာင္းယြမ္ထ်န္း ႏွင့္ အျခားလူမ်ားကို ၾကည့္လိုက္သည္။
ဤလူမ်ားမွာ နန္ဟိုင္ ေတာ္ဝင္အင္ပါယာ ယင္းယန္ေက်ာင္းေတာ္ႏွင့္ ေရွာင္းမိသားမွ ထိပ္တန္းသခင္မ်ား ျဖစ္သည္။ ၎တို႔ထဲမွာ ရွစ္ေယာက္သာ ရွိေသာ္လည္း က်င့္ႀကံမႈအဆင့္က ခ်ဴဝမ့္ရွန္းႏွင့္ သိပ္မကြာေပ။
ေက်ာင္းေတာ္မွ အႀကီးအကဲမ်ားစြာ၏ ၿပီးျပည့္စုံေသာ စည္းလုံးမႈႏွင့္အတူ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈မ်ားသည္ ၿပိဳင္ပြဲစင္ျမင့္ တစ္ခုလုံးရွိ ေလသည္ လုံးဝေအးခဲသြားေစ၏။
"လု႐ႊမ္.... မင္းက ငါတို႔မိသားစု ေခါင္းေဆာင္ကို သတ္ၿပီး ငါတို႔ ေရွာင္းမိသားစုက လူေပါင္းမ်ားစြာကို သတ္ပစ္လိုက္တယ္.... ဒီေန႕က မင္းရဲ႕ ေသေန႕ပဲ!"
ေရွာင္းယြမ္ထ်န္းက ေရွ႕သို႔ ေျခတစ္လွမ္း တိုးလိုက္သည္။
"ေရွာင္းမိသားစု?? ေရွာင္းခ်င္ထ်န္းရဲ႕ မိသားစုလား?"
လု႐ႊမ္ ဘာမွမထူးျခားသလို ျပန္ၾကည့္ေနသည္။
"ေရွာင္းခ်င္ထ်န္းလည္း အဲဒီတုန္းက ဒီလိုပဲေျပာခဲ့တယ္... ဒါေပမဲ့ အဆုံးမွာ သူေသသြားတယ္!"
"မင္း မာနႀကီးေနဖို႔ မလိုဘူး... ခ်ိဳင့္ဝွမ္းထဲက အေၾကာင္းကို ငါတို႔ၾကားဖူးၿပီးသား... မင္းတည္ေနရာရဲ႕ အေနအထားကိုပဲ အားကိုးတတ္တာေလ... ဒါက ယင္းယန္ေက်ာင္းေတာ္ပဲ.. မင္းဆင္လို႔ရတဲ့ ေထာင္ေခ်ာက္ေတြ မရွိဘူး။ အခု မင္းရဲ႕ ဝိညာဥ္သားရဲကို ေခၚထုတ္လိုက္... မဟုတ္ရင္ေတာ့ ေသဖို႔ပဲ ေစာင့္ေနလိုက္ေတာ့!"
ေက်ာင္းအုပ္ႀကီး ေဟာင္ယန္လည္း ေအးစက္စြာ ၿပဳံးလိုက္သည္။
"မင္းက ဘယ္ကလာတဲ့ လူလဲ!"
လု႐ႊမ္က သူ႕မ်က္ေတာင္ေတြကို တစ္ခ်က္ပင့္၍ ၾကည့္လိုက္ၿပီး
"ငါ လု႐ႊမ္က အမည္မသိတဲ့ လူကို မသတ္ဘူး!"
"မင္း"
ဂုဏ္သိကၡာရွိေသာ ေက်ာင္းတစ္ေက်ာင္း၏ ေက်ာင္းအုပ္ႀကီးမွာ ယခုလို အေျပာခံလိုက္ရတဲ့အခါ ေဟာင္ယန္၏ မ်က္ႏွာသည္ ေဒါသမ်ားျဖင့္ နီျမန္းလာ၏။
"ငါက နန္ဟိုင္ ေတာ္ဝင္အင္ပါယာ ယင္းယန္ေက်ာင္းေတာ္က ေက်ာင္းအုပ္ႀကီး ေဟာင္ယန္ပဲ!! မင္းငါတို႔ေက်ာင္းက အႀကီးအကဲ လ်ိဳယြင္ထန္းနဲ႕ ထူးခြၽန္တဲ့ ေက်ာင္းသား ေထာင္ေပါင္းမ်ားစြာကို သတ္ပစ္ခဲ့တယ္... ဒီရန္ၿငိဳးေတြက လုံးဝ မေျဖရွင္းလို႔ မျဖစ္ဘူး!"
"နန္ဟိုင္ေတာ္ဝင္ အင္ပါယာက ေက်ာင္းအုပ္ႀကီးလား?"
လု႐ႊမ္က ေခါင္းခါလိုက္ၿပီး
"မင္းငါ့ကို ျပႆနာ လာမရွာရင္ ငါလည္းမင္းကိုရွာဖို႔ စိတ္၀င္စားမွာ မဟုတ္ဘူး.... အနည္းဆုံးေတာ့ အသက္ပိုရွည္ နိုင္ေသးတာေပါ့ ကံမေကာင္းခ်င္ေတာ့ မင္းက ေသခ်င္ေနတာကိုး... ငါ့ကို အျပစ္မတင္နဲ႕ေတာ့!"
"ဒီမွာ ၿဖီးျဖန္းတာကို ရပ္လိုက္ေတာ့!! မင္းရဲ႕ ပင္ကိုယ္စြမ္းရည္က ေကာင္းပါတယ္... မင္းရဲ႕ ဝိညာဥ္စြမ္းအားက ေၾကာက္စရာ ေကာင္းတဲ့အတြက္ မင္းကို ငါေလးစားမိတာေတာ့ အမွန္ပဲ... မင္းကို ႏွစ္အနည္းငယ္ေလာက္ အသက္ရွင္ခြင့္ ေပးလိုက္ရင္ ငါတို႔ တကယ္ကို မယွဥ္နိုင္ေလာက္ေတာ့ဘူးေလ.... သနားစရာပဲ ငါတို႔ မင္းကို အသက္ရွင္ခြင့္ မေပးနိုင္ေတာ့ဘူး"
ေရွာင္းယြမ္ထ်န္းက ေအးစက္စြာ ၿပဳံးလိုက္ၿပီး
"ေကာင္းၿပီ.... သူနဲ႕ အဓိပၸာယ္မရွိတဲ့ စကားေတြ ရပ္လိုက္ၿပီး သူ႕ကို အတူတူ သတ္လိုက္ရေအာင္... သူေသသြားသေ႐ြ႕ ဝိညာဥ္သားရဲ ေရာက္လာရင္ေတာင္ အရမ္းေနာက္က်သြားၿပီ!"
"ေကာင္းၿပီ!"
"စလိုက္ေတာ့!"
ေရွာင္းယြမ္ထ်န္းရဲ႕ စကားကို ၾကားေတာ့ ခ်ဴဝမ့္ရွန္း၊ ဘုရင္မင္းျမတ္ ခ်န္ရႈံႏွင့္ အျခားသူမ်ား သည္ တစ္ခ်ိန္တည္းတြင္ ေရွ႕သို႔ ေျခတစ္လွမ္း တိုးလာခဲ့သည္။
ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္ (၈) ၿပီးျပည့္စုံေသာ ကာလရွိ က်င့္ႀကံသူမ်ား တစ္ခ်ိန္တည္းတြင္ ၎တို႔၏ ဝိညာဥ္ခ်ီကို ထုတ္လႊတ္ခဲ့ၿပီး ယင္းယန္ေက်ာင္းေတာ္ တစ္ခုလုံးကို ေၾကာက္မက္ဖြယ္ ေကာင္းေသာ ေလထုထဲျဖင့္ ဖုံးလႊမ္းပစ္လိုက္သည္။