Chapter (218) Arc 3
အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)
ဘုရင်ကြီး ချန်ရှုံနှင့် အခြားသူများမှာ ယခုမြင်ကွင်းသည် လုရွှမ်၏ တိုက်ခိုက်ရေးဗီဇကြောင့် ဖြစ်ကြောင်း ယုံကြည်ကြလေသည်။ အမှန်တရားကိုတော့ လုရွှမ်သာလျှင် သိသည်။ သူ့တွင် တိုက်ပွဲဝင် စွမ်းရည်ဗီဇ ရှိသော်လည်း သူ့အသက်ကို ဟာသအဖြစ် ခံယူဝံ့မည် မဟုတ်ပေ။
သစ်သားနှလုံးသား ခုန်ပျံနိုင်ခဲ့တဲ့ အကြောင်းရင်းက တကယ်တော့ သူ့ရဲ့ ဝိညာဉ်သခင် စွမ်းရည်ကြောင့်ပဲ ဖြစ်သည်။
လူတွေရဲ့ မျက်စိနဲ့နားကို လှည့်စားဖို့အတွက် သူ့ခြေဖဝါးအောက်က တမင်တကာ ထွက်သွားကြောင်း စီစဥ်ခဲ့သည်။ အကယ်၍ လေထဲကသာ ခုန်ထွက်သွားပါက သူ သစ်သားချောင်းကို ထိန်းချုပ်နိုင်တယ်ဆိုတာ ဘယ်သူမဆို သိသွားလိမ့်မည်။
သူ့ရဲ့ စိတ်စွမ်းအားက အားကောင်းနေပြီ ဖြစ်ပြီး ဝိညာဉ်သခင်၏ နည်းလမ်းမှာလည်း အလွန်ထူးဆန်းလှသည်။ ကျန်းရှောက်ထျန်းပင်လျှင် ဤလှည့်ကွက်ဖြင့် တိုက်ခိုက်ခံရရန် မမျှော်လင့်ထားဘဲ ရိုက်နှက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
"ဟမ့်... သေသင့်တယ်!"
နှုတ်ခမ်းထောင့်က သွေးများ ထွက်ကျလာပြီး ကျန်းရှောက်ထျန်းသည် ဖျော့တော့သော မျက်နှာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ အတွင်းအင်္ဂါများမှာ ပြုတ်ထွက်နေသလိုပင်။
လုရွှမ်၏ စိတ်စွမ်းအားသည် ၁.၅ ပြည့်သွားသောအခါ စိတ်စွမ်းအား တစ်ခုတည်းဖြင့် စွမ်းအားပေါင်း သန်း ၆၀၀ ၏ ကြီးမားသောစွမ်းအားကို ထုတ်လွှတ်နိုင်နေပြီ။ သစ်သားနှလုံးသား၏ ကိုယ်ပိုင်စွမ်းအားဖြင့် အနီးအနားတွင် ရှိသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ကိုပင် တစ်ချက်တည်းနှင့် သတ်နိုင်၏။
လုရွှမ်ရဲ့ စိတ်ဝိညာဉ်သခင်အဖြစ် သူ့ဝိသေသ လက္ခဏာကို ထုတ်ဖော် ပြသရမှာကို စိုးရိမ်လို့သာ မဟုတ်ရင် ကျန်းရှောက်ထျန်း ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။
"ကျိုးနေတဲ့ သစ်သားချောင်းက ငါ့ကို နာကျင်အောင် လုပ်ရတဲ့ သတ္တိရှိနေတယ်ပေါ့ ဟုတ်လား?? ငါ အခုချက်ချင်း ဖြတ်ပစ်မယ်!"
မတ်တပ်ရပ်ရန် ရုန်းကန်ရင်း တစ်ကိုယ်လုံး အသက်ရှူသံများ တဟုန်းဟုန်း တောက်လာကာ မြေပြင်ပေါ်ရှိ သစ်သားချောင်းကို ကြည့်လိုက်သည်။
လုရွှမ်သည် သစ်သားချောင်းကို လွှတ်လိုက်ရန် သူ၏ တိုက်ခိုက်ရေး ဗီဇကို အခွင့်ကောင်းယူ၍ ပျံသန်းရန် ထိန်းချုပ်ထားသောကြောင့် ကျန်းရှောက်ထျန်းကို ဒဏ်ရာရစေပြီးနောက် သစ်သားချောင်းသည် ပြိုင်ပွဲကွင်း စင်မြင့်ပေါ်တွင် လဲလျောင်းနေခဲ့၏။
သစ်သားတုတ်နဲ့ ပစ်ပေါက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရသွားတဲ့ ကျန်းရှောက်ထျန်းဟာ သစ်သားချောင်းကိုလည်း မလွှတ်ပေးချင်ပေ။ သူက ရှေ့ကို ခြေတစ်လှမ်း တိုးပြီး သစ်သားနှလုံးသားကို ဓားနဲ့ ခုတ်ပိုင်းပစ်လိုက်သည်။
ရွှမ်း!
ဓားတစ်ချောင်းက ဒီသစ်သားချောင်းကို နှစ်ပိုင်း ဖြတ်ပစ်နိုင်မယ်လို့ ထင်ခဲ့ပြီး လုရွှမ်ဟာ ဒီပြတ်သားတဲ့ အသံကို ကြားလိုက်တာနဲ့ ထပ်သုံးနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ထားခဲ့သည်။
တကယ်တမ်းကျတော့ မပျက်စီးနိုင်တဲ့ ရှည်လျားသော ဓားရှည်သည် ကျိုးပဲ့ပြီး မြေပြင်ပေါ်သို့ အပိုင်းပိုင်း ကြွေကျသွားလေ၏။
"ဘာ?"
ကျန်းရှောက်ထျန်း မျက်လုံးများ ဝိုင်းစက်သွားတော့သည်။ သူ့ဓား ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို တခြားသူတွေ မသိသော်လည်း ဝိညာဥ်နယ်ပယ် တစ်ပိုင်းက လက်နက်ဖြစ်ကြောင်း သူကတော့ ရှင်းရှင်းလင်းလင်း သိထားတယ်လေ။
ဤအဆင့်ရှိ လက်နက်သည် ဓားတစ်ချောင်းတည်းဖြင့် တောင်များကို အလွယ်တကူ ဖြတ်ခုတ်နိုင်ပြီး မာကျောသော ကျောက်တုံးများကို အလွယ်တကူ ပိုင်းဖြတ်ပစ်နိုင်သည်။ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုမှာ တုတ်တစ်ချောင်းကိုပင် မဖြတ်နိုင်ဘဲ ကွဲကြေသွားခဲ့သည်။
အောက်ကို ငုံ့ကြည့်လိုက်တော့ သစ်သားချောင်းက ခပ်ပြားပြား ပုံသဏ္ဌာန် ရှိနေဆဲဖြစ်ပြီး အဖြူရောင် အမှတ်အသား တစ်ခုလေးတောင်မှ မကျန်ခဲ့ချေ။
"ရတနာပဲ... မြဲမြံတဲ့ ဝိညာဉ်နယ်ပယ်က လက်နက်ထက် သာလွန်တဲ့ ရတနာပဲ!"
ကျန်းရှောက်ထျန်း သစ်သားချောင်းရဲ့ သဘောသဘာဝကို ချက်ချင်း နားလည်သွားသည်။
လုရွှမ် အသုံးပြုခဲ့သော သစ်သားတုတ်သည် ထင်ထင်ရှားရှား မပေါ်လွင်သော်လည်း ၎င်းသည် ဝိညာဉ်နယ်ပယ်က လက်နက်များထက် သာလွန်သော ရတနာတစ်ခု ဖြစ်လေသည်။
ဒီလိုမျိုးကသာ သူ့ရဲ့ဓားရှည်ကို ဖြိုခွဲနိုင်ပြီး သူ့ကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်မှာ ဖြစ်သည်။
"ဒါက ငါ့ဟာပဲ!"
ဓားရှည်ကြီး ဖျက်ဆီးခံလိုက်ရတာကို နောင်တ ရနေမယ့်အစား သူ့မျက်လုံးတွေဟာ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ တောက်ပလာခဲ့လေသည်။
လုရွှမ်က ကျင့်ကြံမှုကို ထိုးဖောက်နေလို့ ဒီကိုမလာနိုင်သလို တခြားသူတွေကလည်း ဒီရတနာက ဘယ်လောက် အဖိုးတန်တယ် ဆိုတာကို မသိကြဘူး။ သူ သန့်စင်ထားနိုင် သရွေ့တော့ ရတနာက သူ့အပိုင် ဖြစ်သွားလိမ့်မယ်။
အခုလေးတင် ဓားကို ဆုံးရှုံးသွားပြီးပြီ။ ဒီရတနာလည်း ဆုံးရှုံးလိုက်ရမယ် ဆိုရင် သူ့ရဲ့ ခွန်အားတွေ အရမ်းကျသွားလိမ့်မယ်။
ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော သစ်သားချောင်းကို လှမ်းကိုင်လိုက်သည်။ လက်ချောင်းများ သစ်သားချောင်းကို ထိလိုက်သည်နှင့် ဆတ်ခနဲ မြှောက်ကြည့်လိုက်ကြသည်။
ဖူး!
သစ်သားချောင်းက လုံးဝ မလှုပ်လာဘဲ တစ်ချက်သာ တုန်ခါသွားပြီး မြေပြင်ပေါ် ပြန်လဲကျသွားသည်။ ပြင်းထန်လွန်းတဲ့ အင်အားကြောင့် ကျန်းရှောက်ထျန်းခမျာ ဒဏ်ရာရပြီး သွေးတစ်လုတ်ပါ အန်ထုတ်လိုက်မိ၏။
"ဘာလို့ဒီလောက် လေးနေတာလဲ"
ကျန်းရှောက်ထျန်း အံ့သြသွားသည်။
အခုတလော သူ့ခွန်အားတွေ အကုန်နီးပါး ကုန်ဆုံးသွားပေမယ့် သစ်သားချောင်းလေး တစ်ချောင်းက မြေကြီးပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေတာလေ။ ဒါတောင် သူ့မှာ မယူနိုင်ဘဲ ၎င်းက တောင်တစ်တောင်ထက်ပင် ပိုလေးနေ၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါက ဘယ်လို သစ်သားတုတ်ကြီးလဲ။
"ငါ့အတွက် ထလိုက်စမ်း!"
သွားများကို ကြိတ်လိုက်သည်ရင်း တစ်ကိုယ်လုံး ခွန်အားများ ပွက်ပွက်ဆူလာပြီး ကြွက်သားများပါ ဖောင်းကားလာခဲ့သည်။
သစ်သားချောင်းကို ပထမတစ်ခေါက် ကောက်ကိုင်လိုက်တုန်းက လေးလံလွန်းလို့ တစ်ကိုယ်လုံး လှုပ်ရမ်းပြီး တိုက်ခိုက်ရန် မဆိုထားနှင့် မနိုင်မလားဟုပင် မေးခွန်းထုတ်စရာ ဖြစ်လာပြီ။
"အရမ်းလေးတယ်...ဒါကိုသူက ပေါ့ပေါ့ပါးပါး ကောက်ကိုင်ပြီး လက်နက်အဖြစ် သုံးသွားတယ်ပေါ့?"
စိတ်ထဲ အတွေးတစ်ခုနဲ့ ထိတ်လန့်တုန်လှုပ်တော့သည်။
ဒီလုရွှမ်က ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ?
သူ့လို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇က လူတောင် မကောက်နိုင်တဲ့ သစ်သားချောင်း၊ ဝိညာဥ်နယ်ပယ် တစ်ပိုင်း လက်နက်ကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်တဲ့ ဒီသစ်သားချောင်းကို ဘယ်လိုများ ပေါ့ပေါ့ပါးပါး ကိုင်နိုင်ခဲ့တာလဲ?
"စီနီယာ ကျန်းရှောက်ထျန်းက ဘာလုပ်နေတာလဲ? တုတ်ကို ကိုင်တာကလည်း တောင်ကို ပင့်ကိုင်ထားသလိုပဲ!"
"မသိဘူး.... ဒဏ်ရာရပြီး ခွန်အား မရှိတော့လို့ ဖြစ်မယ်!"
"လုရွှမ်ကို သွားမသတ်ဘဲ တခြားလူရဲ့ လက်နက်ကို လေ့လာပြီး ဘာလုပ်နေတာလဲ?"
ကျန်းရှောက်ထျန်း ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် သစ်သားချောင်း တစ်ချောင်းကို ကိုင်ဆောင်ကာ လဲကျလိုက် သွေးအန်လိုက် လုပ်နေသည်ကို မြင်တွေ့လိုက်ရာ ပရိသတ်အားလုံးသည် သူဘာဆက်လုပ်နေမှန်း ဝေခွဲမရဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေလိုက်ကြသည်။
မင်းက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇က ကျင့်ကြံသူ။ ပြိုင်ဘက်က အဆင့်၄ပဲ ရှိသေးတယ်။ ဒါကို တစ်ဖက်က ဘာမှမဖြစ်သေးဘဲ မင်းက သွေးအန်နေပြီ။
ပြိုင်ဘက်ကို အလျင်စလို သွားသတ်ရမယ့်အစား တုတ်တစ်ချောင်းကို စူးစမ်းလေ့လာ နေတယ်တဲ့လား။
"သာမန်သစ်သားတုတ်တော့ လုံးဝ မဟုတ်ဘူး!"
ဘုရင်ကြီး ချန်ရှုံနဲ့ တခြားသူတွေက ကျောင်းသားတွေထက် အမြင်အာရုံ ပိုကောင်းတာမို့ ပြဿနာကို ချက်ချင်း မြင်လိုက်ကြသည်။
ကျန်းရှောက်ထျန်း၏ ဓားရှည်သည် မည်သည့်အဆင့် ဖြစ်သည်ကို မသိကြချေ။ မထင်ရှားလှသော တုတ်သည် မလှုပ်မယှက်ပင် လဲလျောင်းနေသော်လည်း ခုတ်ထစ်ရန် ကြိုးစားခဲ့တဲ့ ဓားကသာ ကျိုးပဲ့သွားလို့ ရတနာတစ်ခု ဖြစ်နိုင်သည်ဟု သူတို့အားလုံး ခန့်မှန်းနိုင်ကြသည်။
ရတနာတစ်ပါး ဖြစ်ကြောင်း သိရသော်လည်း သွေးဆောင်ခြင်း မခံရသေးချေ။
ဤလူတစ်ဦးစီတိုင်းသည် အင်ပါယာတစ်ခု၏ အုပ်စိုးရှင်များ ဖြစ်ပြီး မရေမတွက်နိုင်သော ရတနာများ ရှိသဖြင့် သူတို့ကို သာမန်တုတ်တစ်ချောင်းက ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ။
"စူးစမ်းမနေနဲ့... သူ့ကို မြန်မြန် သတ်ပစ်လိုက်တော့!"
ဘုရင်မင်းမြတ် ချန်ရှုံသည် စင်မြင့်ပေါ်မှ ကျန်းရှောက်ထျန်းထံသို့ အလျင်အမြန် လှမ်းအော်လိုက်သည်။
ထိုလူမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကျင့်ကြံသူ၊ ယင်းယန်ကျောင်းတော်ရဲ့ အတွင်းစည်းမှာလည်း နံပါတ်တစ် ကျောင်းသား ဖြစ်သည်။
အစကတော့ လုရွှမ်တစ်ယောက် တစ်ချက် အရိုက်ခံလိုက်ရတာနဲ့ လုံးဝ ရှုံးသွားလိမ့်မယ်လို့ ထင်ထားခဲ့တာ။ အခုတော့ တစ်ဖက်က သေလည်းမသေ ဒဏ်ရာလည်းမရဘဲ ကျန်းရှောက်ထျန်းရဲ့ ဖိအားကို သုံးပြီးတော့တောင် ထိုးဖောက်ဖို့ ကြိုးစားနေပြီ။
အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို ဖြတ်ကျော်သွားတာက သူတို့အတွက် ဘာမှမဟုတ်ပေမယ့် သူတို့တကယ် ကြောက်တာက ပြိုင်ဘက်ရဲ့ ဝိညာဥ်သားရဲသာ ဖြစ်သည်။
အခုအချိန်တော်တော် ကြာနေပေမယ့် ဝိညာဥ်သားရဲရဲ့ အရိပ်ကိုတောင် မတွေ့ရသေးဘူး။
"ကောင်းပြီ!"
အသံလွှင့်သံကို ကြားတော့ ကျန်းရှောက်ထျန်းလည်း အခုက ဒီရတနာကို လေ့လာနေရမယ့် အချိန်မဟုတ်မှန်း သိလိုက်သည်။ သစ်သားချောင်းဆီက အကြည့်ကို ချက်ချင်းလွှဲ၍ လုရွှမ်ဆီကို ပြေးဝင်သွားလေ၏။
သူ၏ ဓားရှည်သည် ကျိုးပဲ့သွားပြီမို့ လက်ရှိအချိန်တွင် သင့်တော်သော လက်နက်ကို ရှာမတွေ့သောကြောင့် လက်ဗလာဖြင့်သာ တိုက်ခိုက်ရတော့မည်။
ဗုန်း!
နက်နဲ ကြီးမားသော လက်ဖဝါး အသံကြီးနှင့်အတူ လက်ဝါးပုံကြီးသည် ကောင်းကင်၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ဆယ်မီတာကျော် အရှည်ရှိသော လက်ဝါးပုံရိပ်သည် လုရွှမ်အား ပြေးရိုက်လေ၏။
ယွမ်ချီလက်ဝါး!
ပြိုင်ဘက်၏ ခန္ဓာကိုယ် ခွန်အားက အလွန်အမင်း သန်မာကြောင်း သိသဖြင့် အနီးကပ် မတိုက်ခိုက်ဝံ့ဘဲ အဝေးမှနေ၍ ပြိုင်ဘက်ကို ချေမှုန်းရန် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇၏ အားသာချက်ကို အားကိုးလိုက်သည်။
ကြီးမားသော လက်ဖဝါးကြီးသည် ရှေ့သို့မရောက်မီတွင် တစ်ဖက်လူအပေါ် တောင်ကြီးတစ်လုံးကို ပစ်ချလိုက်သကဲ့သို့ မြေပြင်သည် တုန်လှုပ်သွား၏။ လက်ဝါးစွမ်းအင်သည် ကြီးမားသော ဖိအားကို ပေးနိုင်၍ ပြိုင်ဘက်သည် အချိန်မရွေး ပြိုလဲကျသွားနိုင်လေသည်။
လုရွှမ်သည် ခုခံနိုင်စွမ်း မရှိတော့ဘဲ အချိန်မရွေး အရိုက်ခံရတော့မည်ဟု လူတိုင်း တွေးလိုက်သောအခါတွင် လူငယ်သည် လှောင်အိမ် စွမ်းအင်လမ်းကြောင်းကို တွန်းလှန်ရင်း ရုတ်တရက် မျက်လုံးဖွင့်လာခံ့သည်။
"အဟက်... မင်းရဲ့ လှောင်အိမ် စွမ်းအင်လမ်းကြောင်းကြီးကို ကျေးဇူးတင်ရတော့မယ်!"
ရယ်မောသံနှင့်အတူ လူငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် ပေါက်ကွဲထွက်သွားပြီး မီးတောက်ကဲ့သို့ ကောင်းကင်ကို တခဏချင်း ထိုးတက်သွား၏။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ကို ထိုးဖောက်သွားလေပြီ။
Chapter (218) Arc 3
အဆင့္၅ကို ထိုးေဖာက္ျခင္း (တတိယပိုင္း)
ဘုရင္ႀကီး ခ်န္ရႈံႏွင့္ အျခားသူမ်ားမွာ ယခုျမင္ကြင္းသည္ လု႐ႊမ္၏ တိုက္ခိုက္ေရးဗီဇေၾကာင့္ ျဖစ္ေၾကာင္း ယုံၾကည္ၾကေလသည္။ အမွန္တရားကိုေတာ့ လု႐ႊမ္သာလွ်င္ သိသည္။ သူ႕တြင္ တိုက္ပြဲဝင္ စြမ္းရည္ဗီဇ ရွိေသာ္လည္း သူ႕အသက္ကို ဟာသအျဖစ္ ခံယူဝံ့မည္ မဟုတ္ေပ။
သစ္သားႏွလုံးသား ခုန္ပ်ံနိုင္ခဲ့တဲ့ အေၾကာင္းရင္းက တကယ္ေတာ့ သူ႕ရဲ႕ ဝိညာဥ္သခင္ စြမ္းရည္ေၾကာင့္ပဲ ျဖစ္သည္။
လူေတြရဲ႕ မ်က္စိနဲ႕နားကို လွည့္စားဖို႔အတြက္ သူ႕ေျခဖဝါးေအာက္က တမင္တကာ ထြက္သြားေၾကာင္း စီစဥ္ခဲ့သည္။ အကယ္၍ ေလထဲကသာ ခုန္ထြက္သြားပါက သူ သစ္သားေခ်ာင္းကို ထိန္းခ်ဳပ္နိုင္တယ္ဆိုတာ ဘယ္သူမဆို သိသြားလိမ့္မည္။
သူ႕ရဲ႕ စိတ္စြမ္းအားက အားေကာင္းေနၿပီ ျဖစ္ၿပီး ဝိညာဥ္သခင္၏ နည္းလမ္းမွာလည္း အလြန္ထူးဆန္းလွသည္။ က်န္းေရွာက္ထ်န္းပင္လွ်င္ ဤလွည့္ကြက္ျဖင့္ တိုက္ခိုက္ခံရရန္ မေမွ်ာ္လင့္ထားဘဲ ရိုက္ႏွက္ခံရၿပီး ျပင္းထန္စြာ ဒဏ္ရာရသြားခဲ့သည္။
"ဟမ့္... ေသသင့္တယ္!"
ႏႈတ္ခမ္းေထာင့္က ေသြးမ်ား ထြက္က်လာၿပီး က်န္းေရွာက္ထ်န္းသည္ ေဖ်ာ့ေတာ့ေသာ မ်က္ႏွာျဖင့္ ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနၿပီး သူ၏ အတြင္းအဂၤါမ်ားမွာ ျပဳတ္ထြက္ေနသလိုပင္။
လု႐ႊမ္၏ စိတ္စြမ္းအားသည္ ၁.၅ ျပည့္သြားေသာအခါ စိတ္စြမ္းအား တစ္ခုတည္းျဖင့္ စြမ္းအားေပါင္း သန္း ၆၀၀ ၏ ႀကီးမားေသာစြမ္းအားကို ထုတ္လႊတ္နိုင္ေနၿပီ။ သစ္သားႏွလုံးသား၏ ကိုယ္ပိုင္စြမ္းအားျဖင့္ အနီးအနားတြင္ ရွိေသာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၆ကိုပင္ တစ္ခ်က္တည္းႏွင့္ သတ္နိုင္၏။
လု႐ႊမ္ရဲ႕ စိတ္ဝိညာဥ္သခင္အျဖစ္ သူ႕ဝိေသသ လကၡဏာကို ထုတ္ေဖာ္ ျပသရမွာကို စိုးရိမ္လို႔သာ မဟုတ္ရင္ က်န္းေရွာက္ထ်န္း ပြဲခ်င္းၿပီး ေသဆုံးသြားနိုင္သည္။
"က်ိဳးေနတဲ့ သစ္သားေခ်ာင္းက ငါ့ကို နာက်င္ေအာင္ လုပ္ရတဲ့ သတၱိရွိေနတယ္ေပါ့ ဟုတ္လား?? ငါ အခုခ်က္ခ်င္း ျဖတ္ပစ္မယ္!"
မတ္တပ္ရပ္ရန္ ႐ုန္းကန္ရင္း တစ္ကိုယ္လုံး အသက္ရႉသံမ်ား တဟုန္းဟုန္း ေတာက္လာကာ ေျမျပင္ေပၚရွိ သစ္သားေခ်ာင္းကို ၾကည့္လိုက္သည္။
လု႐ႊမ္သည္ သစ္သားေခ်ာင္းကို လႊတ္လိုက္ရန္ သူ၏ တိုက္ခိုက္ေရး ဗီဇကို အခြင့္ေကာင္းယူ၍ ပ်ံသန္းရန္ ထိန္းခ်ဳပ္ထားေသာေၾကာင့္ က်န္းေရွာက္ထ်န္းကို ဒဏ္ရာရေစၿပီးေနာက္ သစ္သားေခ်ာင္းသည္ ၿပိဳင္ပြဲကြင္း စင္ျမင့္ေပၚတြင္ လဲေလ်ာင္းေနခဲ့၏။
သစ္သားတုတ္နဲ႕ ပစ္ေပါက္ခံရၿပီး ဒဏ္ရာအျပင္းအထန္ ရသြားတဲ့ က်န္းေရွာက္ထ်န္းဟာ သစ္သားေခ်ာင္းကိုလည္း မလႊတ္ေပးခ်င္ေပ။ သူက ေရွ႕ကို ေျခတစ္လွမ္း တိုးၿပီး သစ္သားႏွလုံးသားကို ဓားနဲ႕ ခုတ္ပိုင္းပစ္လိုက္သည္။
႐ႊမ္း!
ဓားတစ္ေခ်ာင္းက ဒီသစ္သားေခ်ာင္းကို ႏွစ္ပိုင္း ျဖတ္ပစ္နိုင္မယ္လို႔ ထင္ခဲ့ၿပီး လု႐ႊမ္ဟာ ဒီျပတ္သားတဲ့ အသံကို ၾကားလိုက္တာနဲ႕ ထပ္သုံးနိုင္မွာ မဟုတ္ေတာ့ဘူးလို႔ ထင္ထားခဲ့သည္။
တကယ္တမ္းက်ေတာ့ မပ်က္စီးနိုင္တဲ့ ရွည္လ်ားေသာ ဓားရွည္သည္ က်ိဳးပဲ့ၿပီး ေျမျပင္ေပၚသို႔ အပိုင္းပိုင္း ေႂကြက်သြားေလ၏။
"ဘာ?"
က်န္းေရွာက္ထ်န္း မ်က္လုံးမ်ား ဝိုင္းစက္သြားေတာ့သည္။ သူ႕ဓား ဘယ္ေလာက္ အစြမ္းထက္တယ္ ဆိုတာကို တျခားသူေတြ မသိေသာ္လည္း ဝိညာဥ္နယ္ပယ္ တစ္ပိုင္းက လက္နက္ျဖစ္ေၾကာင္း သူကေတာ့ ရွင္းရွင္းလင္းလင္း သိထားတယ္ေလ။
ဤအဆင့္ရွိ လက္နက္သည္ ဓားတစ္ေခ်ာင္းတည္းျဖင့္ ေတာင္မ်ားကို အလြယ္တကူ ျဖတ္ခုတ္နိုင္ၿပီး မာေက်ာေသာ ေက်ာက္တုံးမ်ားကို အလြယ္တကူ ပိုင္းျဖတ္ပစ္နိုင္သည္။ အဖိုးမျဖတ္နိုင္ေသာ ရတနာတစ္ခုမွာ တုတ္တစ္ေခ်ာင္းကိုပင္ မျဖတ္နိုင္ဘဲ ကြဲေၾကသြားခဲ့သည္။
ေအာက္ကို ငုံ႕ၾကည့္လိုက္ေတာ့ သစ္သားေခ်ာင္းက ခပ္ျပားျပား ပုံသဏၭာန္ ရွိေနဆဲျဖစ္ၿပီး အျဖဴေရာင္ အမွတ္အသား တစ္ခုေလးေတာင္မွ မက်န္ခဲ့ေခ်။
"ရတနာပဲ... ၿမဲၿမံတဲ့ ဝိညာဥ္နယ္ပယ္က လက္နက္ထက္ သာလြန္တဲ့ ရတနာပဲ!"
က်န္းေရွာက္ထ်န္း သစ္သားေခ်ာင္းရဲ႕ သေဘာသဘာဝကို ခ်က္ခ်င္း နားလည္သြားသည္။
လု႐ႊမ္ အသုံးျပဳခဲ့ေသာ သစ္သားတုတ္သည္ ထင္ထင္ရွားရွား မေပၚလြင္ေသာ္လည္း ၎သည္ ဝိညာဥ္နယ္ပယ္က လက္နက္မ်ားထက္ သာလြန္ေသာ ရတနာတစ္ခု ျဖစ္ေလသည္။
ဒီလိုမ်ိဳးကသာ သူ႕ရဲ႕ဓားရွည္ကို ၿဖိဳခြဲနိုင္ၿပီး သူ႕ကိုလည္း ျပင္းျပင္းထန္ထန္ ဒဏ္ရာရေစနိုင္မွာ ျဖစ္သည္။
"ဒါက ငါ့ဟာပဲ!"
ဓားရွည္ႀကီး ဖ်က္ဆီးခံလိုက္ရတာကို ေနာင္တ ရေနမယ့္အစား သူ႕မ်က္လုံးေတြဟာ စိတ္လႈပ္ရွားမႈေတြ အျပည့္နဲ႕ ေတာက္ပလာခဲ့ေလသည္။
လု႐ႊမ္က က်င့္ႀကံမႈကို ထိုးေဖာက္ေနလို႔ ဒီကိုမလာနိုင္သလို တျခားသူေတြကလည္း ဒီရတနာက ဘယ္ေလာက္ အဖိုးတန္တယ္ ဆိုတာကို မသိၾကဘူး။ သူ သန႔္စင္ထားနိုင္ သေ႐ြ႕ေတာ့ ရတနာက သူ႕အပိုင္ ျဖစ္သြားလိမ့္မယ္။
အခုေလးတင္ ဓားကို ဆုံးရႈံးသြားၿပီးၿပီ။ ဒီရတနာလည္း ဆုံးရႈံးလိုက္ရမယ္ ဆိုရင္ သူ႕ရဲ႕ ခြန္အားေတြ အရမ္းက်သြားလိမ့္မယ္။
ရင္ခုန္ စိတ္လႈပ္ရွားစြာျဖင့္ ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနေသာ သစ္သားေခ်ာင္းကို လွမ္းကိုင္လိုက္သည္။ လက္ေခ်ာင္းမ်ား သစ္သားေခ်ာင္းကို ထိလိုက္သည္ႏွင့္ ဆတ္ခနဲ ျမႇောက္ၾကည့္လိုက္ၾကသည္။
ဖူး!
သစ္သားေခ်ာင္းက လုံးဝ မလႈပ္လာဘဲ တစ္ခ်က္သာ တုန္ခါသြားၿပီး ေျမျပင္ေပၚ ျပန္လဲက်သြားသည္။ ျပင္းထန္လြန္းတဲ့ အင္အားေၾကာင့္ က်န္းေရွာက္ထ်န္းခမ်ာ ဒဏ္ရာရၿပီး ေသြးတစ္လုတ္ပါ အန္ထုတ္လိုက္မိ၏။
"ဘာလို႔ဒီေလာက္ ေလးေနတာလဲ"
က်န္းေရွာက္ထ်န္း အံ့ၾသသြားသည္။
အခုတေလာ သူ႕ခြန္အားေတြ အကုန္နီးပါး ကုန္ဆုံးသြားေပမယ့္ သစ္သားေခ်ာင္းေလး တစ္ေခ်ာင္းက ေျမႀကီးေပၚမွာ မလႈပ္မယွက္ လဲေလ်ာင္းေနတာေလ။ ဒါေတာင္ သူ႕မွာ မယူနိုင္ဘဲ ၎က ေတာင္တစ္ေတာင္ထက္ပင္ ပိုေလးေန၏။
ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ။
ဒါက ဘယ္လို သစ္သားတုတ္ႀကီးလဲ။
"ငါ့အတြက္ ထလိုက္စမ္း!"
သြားမ်ားကို ႀကိတ္လိုက္သည္ရင္း တစ္ကိုယ္လုံး ခြန္အားမ်ား ပြက္ပြက္ဆူလာၿပီး ႂကြက္သားမ်ားပါ ေဖာင္းကားလာခဲ့သည္။
သစ္သားေခ်ာင္းကို ပထမတစ္ေခါက္ ေကာက္ကိုင္လိုက္တုန္းက ေလးလံလြန္းလို႔ တစ္ကိုယ္လုံး လႈပ္ရမ္းၿပီး တိုက္ခိုက္ရန္ မဆိုထားႏွင့္ မနိုင္မလားဟုပင္ ေမးခြန္းထုတ္စရာ ျဖစ္လာၿပီ။
"အရမ္းေလးတယ္...ဒါကိုသူက ေပါ့ေပါ့ပါးပါး ေကာက္ကိုင္ၿပီး လက္နက္အျဖစ္ သုံးသြားတယ္ေပါ့?"
စိတ္ထဲ အေတြးတစ္ခုနဲ႕ ထိတ္လန႔္တုန္လႈပ္ေတာ့သည္။
ဒီလု႐ႊမ္က ဘယ္ေလာက္ေတာင္ အစြမ္းထက္ေနတာလဲ?
သူ႕လို ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇က လူေတာင္ မေကာက္နိုင္တဲ့ သစ္သားေခ်ာင္း၊ ဝိညာဥ္နယ္ပယ္ တစ္ပိုင္း လက္နက္ကို အပိုင္းပိုင္း ျဖတ္ပစ္လိုက္တဲ့ ဒီသစ္သားေခ်ာင္းကို ဘယ္လိုမ်ား ေပါ့ေပါ့ပါးပါး ကိုင္နိုင္ခဲ့တာလဲ?
"စီနီယာ က်န္းေရွာက္ထ်န္းက ဘာလုပ္ေနတာလဲ? တုတ္ကို ကိုင္တာကလည္း ေတာင္ကို ပင့္ကိုင္ထားသလိုပဲ!"
"မသိဘူး.... ဒဏ္ရာရၿပီး ခြန္အား မရွိေတာ့လို႔ ျဖစ္မယ္!"
"လု႐ႊမ္ကို သြားမသတ္ဘဲ တျခားလူရဲ႕ လက္နက္ကို ေလ့လာၿပီး ဘာလုပ္ေနတာလဲ?"
က်န္းေရွာက္ထ်န္း ရက္စက္ၾကမ္းၾကဳတ္ေသာ မ်က္ႏွာျဖင့္ သစ္သားေခ်ာင္း တစ္ေခ်ာင္းကို ကိုင္ေဆာင္ကာ လဲက်လိဳက္ ေသြးအန္လိုက္ လုပ္ေနသည္ကို ျမင္ေတြ႕လိုက္ရာ ပရိသတ္အားလုံးသည္ သူဘာဆက္လုပ္ေနမွန္း ေဝခြဲမရျဖစ္ၿပီး တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ေနလိုက္ၾကသည္။
မင္းက ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇က က်င့္ႀကံသူ။ ၿပိဳင္ဘက္က အဆင့္၄ပဲ ရွိေသးတယ္။ ဒါကို တစ္ဖက္က ဘာမွမျဖစ္ေသးဘဲ မင္းက ေသြးအန္ေနၿပီ။
ၿပိဳင္ဘက္ကို အလ်င္စလို သြားသတ္ရမယ့္အစား တုတ္တစ္ေခ်ာင္းကို စူးစမ္းေလ့လာ ေနတယ္တဲ့လား။
"သာမန္သစ္သားတုတ္ေတာ့ လုံးဝ မဟုတ္ဘူး!"
ဘုရင္ႀကီး ခ်န္ရႈံနဲ႕ တျခားသူေတြက ေက်ာင္းသားေတြထက္ အျမင္အာ႐ုံ ပိုေကာင္းတာမို႔ ျပႆနာကို ခ်က္ခ်င္း ျမင္လိုက္ၾကသည္။
က်န္းေရွာက္ထ်န္း၏ ဓားရွည္သည္ မည္သည့္အဆင့္ ျဖစ္သည္ကို မသိၾကေခ်။ မထင္ရွားလွေသာ တုတ္သည္ မလႈပ္မယွက္ပင္ လဲေလ်ာင္းေနေသာ္လည္း ခုတ္ထစ္ရန္ ႀကိဳးစားခဲ့တဲ့ ဓားကသာ က်ိဳးပဲ့သြားလို႔ ရတနာတစ္ခု ျဖစ္နိုင္သည္ဟု သူတို႔အားလုံး ခန႔္မွန္းနိုင္ၾကသည္။
ရတနာတစ္ပါး ျဖစ္ေၾကာင္း သိရေသာ္လည္း ေသြးေဆာင္ျခင္း မခံရေသးေခ်။
ဤလူတစ္ဦးစီတိုင္းသည္ အင္ပါယာတစ္ခု၏ အုပ္စိုးရွင္မ်ား ျဖစ္ၿပီး မေရမတြက္နိုင္ေသာ ရတနာမ်ား ရွိသျဖင့္ သူတို႔ကို သာမန္တုတ္တစ္ေခ်ာင္းက ဘယ္လိုလုပ္ၿပီး ဆြဲေဆာင္နိုင္မွာလဲ။
"စူးစမ္းမေနနဲ႕... သူ႕ကို ျမန္ျမန္ သတ္ပစ္လိုက္ေတာ့!"
ဘုရင္မင္းျမတ္ ခ်န္ရႈံသည္ စင္ျမင့္ေပၚမွ က်န္းေရွာက္ထ်န္းထံသို႔ အလ်င္အျမန္ လွမ္းေအာ္လိုက္သည္။
ထိုလူမွာ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇ က်င့္ႀကံသူ၊ ယင္းယန္ေက်ာင္းေတာ္ရဲ႕ အတြင္းစည္းမွာလည္း နံပါတ္တစ္ ေက်ာင္းသား ျဖစ္သည္။
အစကေတာ့ လု႐ႊမ္တစ္ေယာက္ တစ္ခ်က္ အရိုက္ခံလိုက္ရတာနဲ႕ လုံးဝ ရႈံးသြားလိမ့္မယ္လို႔ ထင္ထားခဲ့တာ။ အခုေတာ့ တစ္ဖက္က ေသလည္းမေသ ဒဏ္ရာလည္းမရဘဲ က်န္းေရွာက္ထ်န္းရဲ႕ ဖိအားကို သုံးၿပီးေတာ့ေတာင္ ထိုးေဖာက္ဖို႔ ႀကိဳးစားေနၿပီ။
အသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၅ကို ျဖတ္ေက်ာ္သြားတာက သူတို႔အတြက္ ဘာမွမဟုတ္ေပမယ့္ သူတို႔တကယ္ ေၾကာက္တာက ၿပိဳင္ဘက္ရဲ႕ ဝိညာဥ္သားရဲသာ ျဖစ္သည္။
အခုအခ်ိန္ေတာ္ေတာ္ ၾကာေနေပမယ့္ ဝိညာဥ္သားရဲရဲ႕ အရိပ္ကိုေတာင္ မေတြ႕ရေသးဘူး။
"ေကာင္းၿပီ!"
အသံလႊင့္သံကို ၾကားေတာ့ က်န္းေရွာက္ထ်န္းလည္း အခုက ဒီရတနာကို ေလ့လာေနရမယ့္ အခ်ိန္မဟုတ္မွန္း သိလိုက္သည္။ သစ္သားေခ်ာင္းဆီက အၾကည့္ကို ခ်က္ခ်င္းလႊဲ၍ လု႐ႊမ္ဆီကို ေျပးဝင္သြားေလ၏။
သူ၏ ဓားရွည္သည္ က်ိဳးပဲ့သြားၿပီမို႔ လက္ရွိအခ်ိန္တြင္ သင့္ေတာ္ေသာ လက္နက္ကို ရွာမေတြ႕ေသာေၾကာင့္ လက္ဗလာျဖင့္သာ တိုက္ခိုက္ရေတာ့မည္။
ဗုန္း!
နက္နဲ ႀကီးမားေသာ လက္ဖဝါး အသံႀကီးႏွင့္အတူ လက္ဝါးပုံႀကီးသည္ ေကာင္းကင္၌ ခ်က္ခ်င္း ေပၚထြက္လာခဲ့သည္။ ဆယ္မီတာေက်ာ္ အရွည္ရွိေသာ လက္ဝါးပုံရိပ္သည္ လု႐ႊမ္အား ေျပးရိုက္ေလ၏။
ယြမ္ခ်ီလက္ဝါး!
ၿပိဳင္ဘက္၏ ခႏၶာကိုယ္ ခြန္အားက အလြန္အမင္း သန္မာေၾကာင္း သိသျဖင့္ အနီးကပ္ မတိုက္ခိုက္ဝံ့ဘဲ အေဝးမွေန၍ ၿပိဳင္ဘက္ကို ေခ်မႈန္းရန္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၇၏ အားသာခ်က္ကို အားကိုးလိုက္သည္။
ႀကီးမားေသာ လက္ဖဝါးႀကီးသည္ ေရွ႕သို႔မေရာက္မီတြင္ တစ္ဖက္လူအေပၚ ေတာင္ႀကီးတစ္လုံးကို ပစ္ခ်လိဳက္သကဲ့သို႔ ေျမျပင္သည္ တုန္လႈပ္သြား၏။ လက္ဝါးစြမ္းအင္သည္ ႀကီးမားေသာ ဖိအားကို ေပးနိုင္၍ ၿပိဳင္ဘက္သည္ အခ်ိန္မေ႐ြး ၿပိဳလဲက်သြားနိုင္ေလသည္။
လု႐ႊမ္သည္ ခုခံနိုင္စြမ္း မရွိေတာ့ဘဲ အခ်ိန္မေ႐ြး အရိုက္ခံရေတာ့မည္ဟု လူတိုင္း ေတြးလိုက္ေသာအခါတြင္ လူငယ္သည္ ေလွာင္အိမ္ စြမ္းအင္လမ္းေၾကာင္းကို တြန္းလွန္ရင္း ႐ုတ္တရက္ မ်က္လုံးဖြင့္လာခံ့သည္။
"အဟက္... မင္းရဲ႕ ေလွာင္အိမ္ စြမ္းအင္လမ္းေၾကာင္းႀကီးကို ေက်းဇူးတင္ရေတာ့မယ္!"
ရယ္ေမာသံႏွင့္အတူ လူငယ္၏ ခႏၶာကိုယ္ေပၚရွိ ေရာင္ဝါသည္ ေပါက္ကြဲထြက္သြားၿပီး မီးေတာက္ကဲ့သို႔ ေကာင္းကင္ကို တခဏခ်င္း ထိုးတက္သြား၏။
ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၅ကို ထိုးေဖာက္သြားေလၿပီ။