Chapter (213) Arc 3
ပြိုင်ပွဲစင်မြင့်
"မင်းကြားလား? အတွင်းစည်းထဲက နံပါတ်တစ်လူဖြစ်တဲ့ ကျန်းရှောက်ထျန်းက လုရွှမ်ကို စိန်ခေါ်တော့မယ်တဲ့"
"လုရွှမ်ကို စိန်ခေါ်မယ်?"
"လုရွှမ်ရဲ့ ဝိညာဥ်သားရဲက တကယ် အစွမ်းထက်တာကွ! သူ့အစွမ်းကတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ စတုတ္ထအဆင့်မှာပဲ ရှိသေးတယ်မလား"
"ဟုတ်တယ် သူ့အစွမ်းက သိပ်မမြင့်ဘူး!"
"ဒါဆို သူသဘောတူပါ့မလား?"
"သူက စိန်ခေါ်တာကို လက်ခံလိုက်ပြီး ဒီနေ့ ယှဉ်ပြိုင်မယ်တဲ့လေ"
"တကယ်ကြီးလား? ကျန်းရှောက်ထျန်းက ကျောင်းမှာ ကျော်ကြားနေတာ ကြာပါပြီ.... ဒီတစ်ခေါက် လေ့ကျင့်မှုပြီးတော့ သေမျိုး အသွင်ကူးပြောင်းခြင်း အဆင့်၇ကို ရောက်နေပြီလို့ ကြားတယ်.... ဒီလို စွမ်းပကားမျိုးက ကျောင်းရဲ့ အကြီးအကဲတွေနဲ့တောင် ယှဥ်နိုင်နေပြီ... ဒါကို လုရွှမ်က သဘောတူလိုက်တယ်ပေါ့ ဟုတ်လား? ဘယ်လိုဖြစ်တာလဲ?"
"အမှန်ပဲ! ကျန်းရှောက်ထျန်းက အစွမ်းထက်တယ်လို့ မင်းပြောပေမယ့် လုရွှမ်လည်း နိုင်မယ်လို့ ထင်နေတယ်.... ဒီကောင်လေးက ကျောင်းကို ရောက်တာ မကြာသေးဘူး ဆိုပေမယ့် သူ့ဂုဏ်သတင်းက အရမ်းကြီးနေပြီ... တချို့ကျောင်းသား ဟောင်းတွေတောင် သူ့ကို မယှဉ်နိုင်ကြဘူးလေ"
ဤဆွေးနွေးမှုများသည် ယင်းယန်ကျောင်းတော် တစ်လျှောက်လုံး ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့ပြီး ကျောင်းသားများ အားလုံး အတင်းအဖျင်း ပြောနေကြသည့် မိန်းမကြီးများ ကဲ့သို့ပင် ၎င်းတို့၏ လေ့ကျင့်မှုကိုပင် ရပ်တန့်လျက် ဆိုနေကြသည်။
ယင်းယန်ကျောင်းတော်တွင် ကာလကြာရှည် ကျော်ကြားခဲ့သော သန်မာသူ ကျန်းရှောက်ထျန်းသည် ယခုအခါ ဖြတ်ကျော်သွားသောကြောင့် အတွင်းစည်းတွင် နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
သူ၏ အမျိုးမျိုးသော ဒဏ္ဍာရီများသည် ကျောင်းဝန်း တစ်ခွင်လုံးတွင် ပေါ်လွင်နေပြီး သူ့တွင် မရေမတွက်နိုင်သော သစ္စာရှိ ပရိသတ်များစွာ ရှိသည်။
လုရွှမ်သည် ယခုနှစ်မှ ရောက်ရှိလာသော လူသစ် ဖြစ်သော်ငြားလည်း သူ့အကြောငိး ဆူညံသံများ ထွက်ပေါ်နေပါပြီ။ ပထမတွင် လုံယိဖျင်၊ ကျန်းရှောက်ချန်နှင့် ပိုင်ရှောင်းစသော အပြင်စည်းက ထိပ်တန်း သုံးဦးကို ခေါင်းဖြတ်သတ်ပစ်ခဲ့သည်။
ယင်းယန်အမိန့်ကို လုယူ၍ ယင်းယန် နန်းတော်၏ စည်းမျဥ်းစည်းကမ်းများကိုလည်း လျစ်လျူရှုထားခဲ့သည်။ သူကတော့ နာမည်ပျက်ဖြင့် ကျော်ကြားနေ၏။
ကျောင်းထဲက အကျော်ကြားဆုံး လူနှစ်ယောက် ထိပ်တိုက်တွေ့ပြီး ရလဒ်က ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ကြချေ။
အထူးလောင်းကစား ကဲ့သို့ အလောင်းအစား လုပ်သူများ ရှိသော်လည်း အများစုမှာ ကျန်းရှောက်ထျန်း အနိုင်ရမည်ဟု လောင်းကြေးထပ်ကြပြီး လုရွှမ်နှင့် ပတ်သက်၍ အကောင်းမြင်သူများမှာ အခြေခံအားဖြင့် အနည်းငယ်မျှ သာဖြစ်ပြီး ၎င်းတို့အားလုံး နီးပါးသည် ချိုင့်ဝှမ်းမှပြန်လာသော ကျောင်းသားများ ဖြစ်လေသည်။
ဤဆွေးနွေးမှုများနှင့် ပတ်သက်၍ လုရွှမ်က သူတို့ကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြကာ သဘောတူထားသည့် နေရာသို့ လျှောက်သွားခဲ့သည်။
ယင်းယန်ကျောင်းတော်၏ ပြိုင်ပွဲကွင်းပြင်သည် ယင်းယန်ရေကန် အနီးတွင် ရှိပြီး ကျယ်ဝန်း၍ ခိုင်မာပြီး ခမ်းနားသည်။
၎င်းကိုမူ ကျောင်း၏ ပြိုင်ပွဲအတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အဖိုးတန် သတ္တုရိုင်းများစွာကို အသုံးပြုထားခဲ့သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ကျင့်ကြံသူမှ စွမ်းအား အကြွင်းမဲ့ဖြင့် တိုက်ခိုက်လျှင်ပင် ၎င်းကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
"ကြည့်စမ်း... အဲဒါ လုရွှမ်ပဲ!"
"သူ့မှာ အလွန်အစွမ်းထက်တဲ့ ဝိညာဥ်သားရဲ ရှိတယ်လို့ အမြဲပြောနေ ကြသလားလို့ပါ... ဘာလို့ဒီနေ့ ခေါ်မလာတာလဲ"
"ဟုတ်တယ်လေ.... သူရဲ့အကြီးဆုံး အားကိုးရာက ဝိညာဥ်သားရဲပဲ ဆိုတာ ကြားမိသားပဲ... သူ ဒီကိုမခေါ်လာဘူး ဆိုတော့ စီနီယာ ကျန်းရှောက်ထျန်းကို တိုက်ခိုက်ဖို့ သူ့ကိုယ်ပိုင် ခွန်အားကို အားကိုးချင်နေတာ ဖြစ်နိုင်ပါ့မလား"
"မင်း ငါ့ကို လာနောက်နေတာလား? သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄က အဆင့်၇ကို ခွန်အားနဲ့ ယှဥ်ပြိုင်ရအောင် ရူးနေတာလား?"
လုရွှမ်တစ်ယောက် ပြိုင်ပွဲ ကွင်းအနီးတွင် ပေါ်လာသည်နှင့် ချက်ချင်း ဆိုသလိုပင် မရေမတွက်နိုင်သော ကျောင်းသားများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး အားလုံးက မယုံကြည်နိုင်သော မျက်လုံးများကို ပြူးကျယ်လိုက်ကြသည်။
လုရွှမ်မှာ အလွန်အစွမ်းထက်တဲ့ ဝိညာဥ်သားရဲ တစ်ကောင်ရှိတယ် ဆိုတာ လူတိုင်း သိထားသည်။ သူဟာ နေရာတကာမှာ လူတွေကို သတ်ရဲရတဲ့ အကြောင်းရင်းက သူ့ရဲ့သားရဲကို အားကိုးနေလို့သာ ဖြစ်၏။
အခုဟာက တကယ်ကြီးလား?
"သူက ဝိညာဥ်သားရဲကို မယူလာဘူးလား?"
"သူ ဘာလုပ်ချင်နေတယ်လို့ မင်းထင်လဲ? ဝိညာဉ်သားရဲသာ မရှိရင် သူက သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် အဆင့် (၄) ရှိတဲ့ လူကလေးပဲ ဖြစ်နေမှာ... အကြီးအကဲ တစ်ယောက်ဆီက သေတဲ့အထိ နှိပ်စက်ခံရနိုင်တယ်... ဧကန္တ သူသေမှာကို မကြောက်ဘူးလား"
"ငါတို့တိုက်ခိုက်မယ် ဆိုတာကို သူ မမှန်းဆနိုင်ရင်တောင် သူက မာနကြီးနေမှာ မဟုတ်ဘူး... သူတစ်ယောက်တည်း ကျန်းရှောက်ထျန်းကို အနိုင်ယူနိုင်မယ်လို့ ထင်နေလိမ့်မယ်"
"ပူးပေါင်းကြံစည်မှု တစ်ခုခု ရှိနေတာများလား?"
"ဖြစ်နိုင်တယ်... အားလုံး သတိထားကြ... သားရဲက လှုပ်ရှားဖို့ အခွင့်အရေးကို စောင့်နေတာလည်း ဖြစ်နိုင်တယ်"
တစ်ဖက်မှ ပုန်းနေတဲ့သူ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၊ ဘုရင်မင်းမြတ် ချန်ရှုံ၊ ကျောင်းအုပ်ကြီး ဟောင်ယန်၊ ရှောင်းယွမ်ထျန်း နဲ့ တခြားသူတွေက တစ်ဖက်က လုရွှမ်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေကြသည်။
လုရွှမ်က တောင်ဖောက်နဂါးကို ခေါ်ခဲ့မယ်ဆိုရင် သူတို့ကတိုက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ အခုက တစ်ယောက်တည်း လာတာဆိုတော့ ကြောက်စရာ မလိုတော့တာ သေချာသွားပြီ။ သို့သော် တစ်ယောက်တည်း ထွက်လာတာက နည်းနည်းတော့ ပဟေဠိ ဖြစ်သွားစေ၏။
ဒီကောင်က ဘာလုပ်ချင်နေတာလဲ?
"ကျုပ်သိပြီ!"
ရုတ်တရက် ဘုရင်ကြီး ချန်ရှုံက တိုးညှင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ဘာသိတာလဲ?"
အားလုံးကလည်း တချက် ကြည့်လာကြသည်။
"လုရွှမ်က တကယ်ကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ... သူ့ကို တိုက်ခိုက်ဖို့ ပိုက်ကွန်တွေ ထောင်ထားမယ်ဆိုတာ ခန့်မှန်းမိသွားလို့ သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဖြစ်ရမယ်!"
ဘုရင်မင်းမြတ် ချန်ရှုံက လေးနက်စွာ စဥ်းစားကြည့်လာသည်။
"ရည်ရွယ်ချက် ရှိရှိလား?"
"ဝိညာဥ်သားရဲကို ရည်ရွယ်ချက် ရှိရှိနဲ့ မယူခဲ့တာ ဟုတ်လား?"
"မှန်တယ်! ဒီဝိညာဥ်သားရဲက အစွမ်းထက်တယ်ဆိုတာ ကျုပ်တို့အားလုံး သိတာပဲလေ... မျက်စိရှေ့မှာ ရှိနေရင် နှိမ်နင်းဖို့ နည်းလမ်းကို ကျုပ်တို့သေချာပေါက် ရှာတွေ့သွားမယ်မလား ဒါပေမဲ့ အမှောင်ထဲမှာ ပုန်းအောင်းနေရင်တော့ ကျုပ်တို့ အစီအစဥ်ကို အကောင်အထည် ဖော်ဖို့ ခက်သွားမှာပဲ!"
ဘုရင်ကြီး ချန်ရှုံက ရှင်းပြလေ၏။
"လတ်စသတ်တော့ အဲ့လိုကိုး!"
"သူ့သားရဲက အရမ်းအစွမ်းထက်တယ်... အမှောင်ထဲမှာ ပုန်းနေရင် တကယ်ကို ကြောက်စရာ ကောင်းနေပြီ မင်းပြောခဲ့တာတွေသာ မှန်တယ်ဆိုရင် ဒီလုရွှမ်က အစွမ်းထက်လွန်းနေပြီလေ!"
"ဟုတ်တယ်!! ဝိညာဥ်သားရဲက ထွက်မလာဘူးဆိုရင် သူ့ကို သေတဲ့အထိ ခြောက်လန့်ဖို့ မလုံလောက်ဘူး.... အဲဒီသားရဲကိုပါ မသတ်နိုင်ရင် သူက ကျုပ်တို့ကို သတ်ပစ်လိမ့်မယ်။ အနိုင်ယူဖို့ နည်းလမ်း မရှိဘူး!"
ဘုရင်မင်းမြတ် ချန်ရှုံရဲ့ ရှင်းပြချက်ကို ကြားတော့ အားလုံးက ထိတ်လန့်ပြီး တိတ်ဆိတ်သွားကြတော့သည်။
"ဒါဆို ကျုပ်တို့ အခု ဘာလုပ်သင့်လဲ?"
အခြေအနေက အရမ်း ခက်ခဲလာတာကို မြင်တော့ တစ်ဖက်လူမှာ တန်ပြန် အစီအစဥ် တစ်ခုရှိနေပြီ ဖြစ်လို့ လူတိုင်းရဲ့ မျက်လုံးတွေက ဘုရင်မင်းမြတ် ချန်ရှုံဆီ စုစည်းလာကြသည်။
ဘာပဲဖြစ်ဖြစ် သူဟာ တော်ဝင်အင်ပါယာ တစ်ခုရဲ့ ဘုရင်ဖြစ်သည်။
"ကျုပ်အမြင်ကတော့ အပြောင်းအလဲ အားလုံးကို အတူတူ လိုက်လုပ်ဖို့ပဲ... အရင်ဆုံး အဲဒါကို အလျင်စလို မလုပ်သေးနဲ့.. ကျန်းရှောက်ထျန်းနဲ့ အရင်ပြိုင်ပါစေ... ကျန်းရှောက်ထျန်း သူ့ကို စင်ပေါ်မှာ သတ်နိုင်ရင် ကျုပ်တို့ ဝင်နှောက်ယှက်စရာ မလိုဘူး... သူ့ကိုမသတ်နိုင်ရင် ဒါမှမဟုတ် တစ်ခုခုဖြစ်ရင် ကျုပ်တို့ အစီအစဉ်ကို စကြမယ်!"
ဘုရင်ကြီး ချန်ရှုံ ခဏလောက် စဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်၏။
"ကောင်းပြီ... ကျုပ်တို့ ဘုရင်မင်းမြတ် ချန်ရှုံရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ကြမယ်!"
"အချိန်ရောက်ရင် လုပ်ကြမယ်"
အားလုံးက ခေါင်းညိတ် သဘောတူလိုက်ကြသည်။
လုရွှမ်သာ သူတို့ စကားလုံးတွေကို ကြားရင် ကျယ်လောင်စွာ ရယ်မောမိမှာ သေချာလေ၏။ လူတိုင်း သူ့ကိုငတုံးလို့ ထင်ရအောင် တောင်ဖောက်နဂါးကို မခေါ်လာတာကြောင့် ဒီပညာရှင်တွေက သူ့ကို တကယ် သတ်ပစ်နိုင်ပြီလို့ ထင်နေပုံရသည်။
ဘုရင်ကြီး ချန်ရှုံနဲ့ တခြားသူတွေက ဒါအတွေးဟာ ရိုင်းစိုင်းပြီး တုံးအတယ်ဆိုတာ သိထားလိမ့်မည်။ တောင်ဖောက်နဂါးကို လုံးဝ မထွက်စေဘဲနဲ့ သူဟာပွဲချင်းပြီး သေသွားနိုင်တယ်လို့ အမှန်တကယ် တွေးနေနိုင်၏။
လူအုပ်ကို ဖြတ်သန်းပြီးနောက် လုရွှမ်သည် ပြိုင်ပွဲကွင်းပြင်ထဲသို့ ရောက်လာခဲ့သည်။ ၎င်းသည် အချင်း မီတာရာနှင့်ချီ ရှိသော စက်ဝိုင်းပုံ မြင့်သော စင်မြင့်တစ်ခု ဖြစ်သည်။
သူ့ခန္ဓာကိုယ်ကို ပေါ့ပါးစွာ လှုပ်ရှားလိုက်သည်နှင့် သူသည် မြင့်မားသော စင်မြင့်ပေါ်သို့ ခုန်တက်သွားစဥ် စင်မြင့်ပေါ်တွင် ရပ်နေသူတစ်ဦး ရှိနေပြီ ဖြစ်သည်။
သူသည် အသက်၂၇ သို့မဟုတ် ၂၈ နှစ်ခန့် ရှိပုံရပြီး သူသည် ကျန်းရှောက်ချန်နှင့် ခပ်ဆင်ဆင် တူ၏။ ယခုအချိန်တွင် လင်းယုန်ငှက်၏ အကြည့်စူးစူး ကဲ့သို့ စူးရှသော အလင်းတန်းသည် သူ့မျက်လုံးနက်မှ ထိုးထွက်လျက် ရှိသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် မှေးမိန်နေသဖြင့် ၎င်း၏ ကျင့်ကြံမှုအဆင့်မှာ တစ်ချက်ကြည့်ရုံဖြင့် ကြိုတင်မှန်းဆ၍ မရနိုင်ချေ။
ထိုသူမှာ ပေရွှီး တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်ရဲ့ နံပါတ်တစ် ကျန်းရှောက်ထျန်းပဲ ဖြစ်သည်။
"မင်း မလာရဲဘူးလို့ ငါကထင်နေတာ... မင်းက လာခဲ့ရုံတင် မဟုတ်ပဲ မင်းတစ်ယောက်တည်းလည်း လာခဲ့တယ်ပေါ့... တကယ်ကို အထင်ကြီးစရာပဲ"
လုရွှမ် ပြိုင်ပွဲ စင်မြင့်ဆီသို့ လျှောက်လာတာကို မြင်တော့ ကျန်းရှောက်ထျန်း အေးစက်စွာ ပြုံးလိုက်ပြီး သူ့အသံမှာ ရေခဲကဲ့သို့ အေးစက်စွာ ထွက်ပေါ်လာ၏။
Chapter (213) Arc 3
ၿပိဳင္ပြဲစင္ျမင့္
"မင္းၾကားလား? အတြင္းစည္းထဲက နံပါတ္တစ္လူျဖစ္တဲ့ က်န္းေရွာက္ထ်န္းက လု႐ႊမ္ကို စိန္ေခၚေတာ့မယ္တဲ့"
"လု႐ႊမ္ကို စိန္ေခၚမယ္?"
"လု႐ႊမ္ရဲ႕ ဝိညာဥ္သားရဲက တကယ္ အစြမ္းထက္တာကြ! သူ႕အစြမ္းကေတာ့ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ရဲ႕ စတုတၳအဆင့္မွာပဲ ရွိေသးတယ္မလား"
"ဟုတ္တယ္ သူ႕အစြမ္းက သိပ္မျမင့္ဘူး!"
"ဒါဆို သူသေဘာတူပါ့မလား?"
"သူက စိန္ေခၚတာကို လက္ခံလိုက္ၿပီး ဒီေန႕ ယွဥ္ၿပိဳင္မယ္တဲ့ေလ"
"တကယ္ႀကီးလား? က်န္းေရွာက္ထ်န္းက ေက်ာင္းမွာ ေက်ာ္ၾကားေနတာ ၾကာပါၿပီ.... ဒီတစ္ေခါက္ ေလ့က်င့္မႈၿပီးေတာ့ ေသမ်ိဳး အသြင္ကူးေျပာင္းျခင္း အဆင့္၇ကို ေရာက္ေနၿပီလို႔ ၾကားတယ္.... ဒီလို စြမ္းပကားမ်ိဳးက ေက်ာင္းရဲ႕ အႀကီးအကဲေတြနဲ႕ေတာင္ ယွဥ္နိုင္ေနၿပီ... ဒါကို လု႐ႊမ္က သေဘာတူလိုက္တယ္ေပါ့ ဟုတ္လား? ဘယ္လိုျဖစ္တာလဲ?"
"အမွန္ပဲ! က်န္းေရွာက္ထ်န္းက အစြမ္းထက္တယ္လို႔ မင္းေျပာေပမယ့္ လု႐ႊမ္လည္း နိုင္မယ္လို႔ ထင္ေနတယ္.... ဒီေကာင္ေလးက ေက်ာင္းကို ေရာက္တာ မၾကာေသးဘူး ဆိုေပမယ့္ သူ႕ဂုဏ္သတင္းက အရမ္းႀကီးေနၿပီ... တခ်ိဳ႕ေက်ာင္းသား ေဟာင္းေတြေတာင္ သူ႕ကို မယွဥ္နိုင္ၾကဘူးေလ"
ဤေဆြးႏြေးမႈမ်ားသည္ ယင္းယန္ေက်ာင္းေတာ္ တစ္ေလွ်ာက္လုံး က်ယ္ျပန့္စြာ ပ်ံ့ႏွံ႕လာခဲ့ၿပီး ေက်ာင္းသားမ်ား အားလုံး အတင္းအဖ်င္း ေျပာေနၾကသည့္ မိန္းမႀကီးမ်ား ကဲ့သို႔ပင္ ၎တို႔၏ ေလ့က်င့္မႈကိုပင္ ရပ္တန႔္လ်က္ ဆိုေနၾကသည္။
ယင္းယန္ေက်ာင္းေတာ္တြင္ ကာလၾကာရွည္ ေက်ာ္ၾကားခဲ့ေသာ သန္မာသူ က်န္းေရွာက္ထ်န္းသည္ ယခုအခါ ျဖတ္ေက်ာ္သြားေသာေၾကာင့္ အတြင္းစည္းတြင္ နံပါတ္တစ္ ပုဂၢိုလ္ ျဖစ္လာခဲ့သည္။
သူ၏ အမ်ိဳးမ်ိဳးေသာ ဒ႑ာရီမ်ားသည္ ေက်ာင္းဝန္း တစ္ခြင္လုံးတြင္ ေပၚလြင္ေနၿပီး သူ႕တြင္ မေရမတြက္နိုင္ေသာ သစၥာရွိ ပရိသတ္မ်ားစြာ ရွိသည္။
လု႐ႊမ္သည္ ယခုႏွစ္မွ ေရာက္ရွိလာေသာ လူသစ္ ျဖစ္ေသာ္ျငားလည္း သူ႕အေၾကာငိး ဆူညံသံမ်ား ထြက္ေပၚေနပါၿပီ။ ပထမတြင္ လုံယိဖ်င္၊ က်န္းေရွာက္ခ်န္ႏွင့္ ပိုင္ေရွာင္းစေသာ အျပင္စည္းက ထိပ္တန္း သုံးဦးကို ေခါင္းျဖတ္သတ္ပစ္ခဲ့သည္။
ယင္းယန္အမိန႔္ကို လုယူ၍ ယင္းယန္ နန္းေတာ္၏ စည္းမ်ဥ္းစည္းကမ္းမ်ားကိုလည္း လ်စ္လ်ဴရႈထားခဲ့သည္။ သူကေတာ့ နာမည္ပ်က္ျဖင့္ ေက်ာ္ၾကားေန၏။
ေက်ာင္းထဲက အေက်ာ္ၾကားဆုံး လူႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ၿပီး ရလဒ္က ဘာျဖစ္မယ္ ဆိုတာ ဘယ္သူမွ မခန့္မွန္းနိုင္ၾကေခ်။
အထူးေလာင္းကစား ကဲ့သို႔ အေလာင္းအစား လုပ္သူမ်ား ရွိေသာ္လည္း အမ်ားစုမွာ က်န္းေရွာက္ထ်န္း အနိုင္ရမည္ဟု ေလာင္းေၾကးထပ္ၾကၿပီး လု႐ႊမ္ႏွင့္ ပတ္သက္၍ အေကာင္းျမင္သူမ်ားမွာ အေျခခံအားျဖင့္ အနည္းငယ္မွ် သာျဖစ္ၿပီး ၎တို႔အားလုံး နီးပါးသည္ ခ်ိဳင့္ဝွမ္းမွျပန္လာေသာ ေက်ာင္းသားမ်ား ျဖစ္ေလသည္။
ဤေဆြးႏြေးမႈမ်ားႏွင့္ ပတ္သက္၍ လု႐ႊမ္က သူတို႔ကို ဂ႐ုမစိုက္ဘဲ ေပါ့ေပါ့ပါးပါး ၿပဳံးျပကာ သေဘာတူထားသည့္ ေနရာသို႔ ေလွ်ာက္သြားခဲ့သည္။
ယင္းယန္ေက်ာင္းေတာ္၏ ၿပိဳင္ပြဲကြင္းျပင္သည္ ယင္းယန္ေရကန္ အနီးတြင္ ရွိၿပီး က်ယ္ဝန္း၍ ခိုင္မာၿပီး ခမ္းနားသည္။
၎ကိုမူ ေက်ာင္း၏ ၿပိဳင္ပြဲအတြက္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ အဖိုးတန္ သတၱဳရိုင္းမ်ားစြာကို အသုံးျပဳထားခဲ့သည္။ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၅ က်င့္ႀကံသူမွ စြမ္းအား အႂကြင္းမဲ့ျဖင့္ တိုက္ခိုက္လွ်င္ပင္ ၎ကို ဖ်က္ဆီးနိုင္မည္ မဟုတ္ေခ်။
"ၾကည့္စမ္း... အဲဒါ လု႐ႊမ္ပဲ!"
"သူ႕မွာ အလြန္အစြမ္းထက္တဲ့ ဝိညာဥ္သားရဲ ရွိတယ္လို႔ အၿမဲေျပာေန ၾကသလားလို႔ပါ... ဘာလို႔ဒီေန႕ ေခၚမလာတာလဲ"
"ဟုတ္တယ္ေလ.... သူရဲ႕အႀကီးဆုံး အားကိုးရာက ဝိညာဥ္သားရဲပဲ ဆိုတာ ၾကားမိသားပဲ... သူ ဒီကိုမေခၚလာဘူး ဆိုေတာ့ စီနီယာ က်န္းေရွာက္ထ်န္းကို တိုက္ခိုက္ဖို႔ သူ႕ကိုယ္ပိုင္ ခြန္အားကို အားကိုးခ်င္ေနတာ ျဖစ္နိုင္ပါ့မလား"
"မင္း ငါ့ကို လာေနာက္ေနတာလား? ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၄က အဆင့္၇ကို ခြန္အားနဲ႕ ယွဥ္ၿပိဳင္ရေအာင္ ႐ူးေနတာလား?"
လု႐ႊမ္တစ္ေယာက္ ၿပိဳင္ပြဲ ကြင္းအနီးတြင္ ေပၚလာသည္ႏွင့္ ခ်က္ခ်င္း ဆိုသလိုပင္ မေရမတြက္နိုင္ေသာ ေက်ာင္းသားမ်ား၏ အာ႐ုံစိုက္မႈကို ခံခဲ့ရၿပီး အားလုံးက မယုံၾကည္နိုင္ေသာ မ်က္လုံးမ်ားကို ျပဴးက်ယ္လိုက္ၾကသည္။
လု႐ႊမ္မွာ အလြန္အစြမ္းထက္တဲ့ ဝိညာဥ္သားရဲ တစ္ေကာင္ရွိတယ္ ဆိုတာ လူတိုင္း သိထားသည္။ သူဟာ ေနရာတကာမွာ လူေတြကို သတ္ရဲရတဲ့ အေၾကာင္းရင္းက သူ႕ရဲ႕သားရဲကို အားကိုးေနလို႔သာ ျဖစ္၏။
အခုဟာက တကယ္ႀကီးလား?
"သူက ဝိညာဥ္သားရဲကို မယူလာဘူးလား?"
"သူ ဘာလုပ္ခ်င္ေနတယ္လို႔ မင္းထင္လဲ? ဝိညာဥ္သားရဲသာ မရွိရင္ သူက ေသမ်ိဳး အသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္ (၄) ရွိတဲ့ လူကေလးပဲ ျဖစ္ေနမွာ... အႀကီးအကဲ တစ္ေယာက္ဆီက ေသတဲ့အထိ ႏွိပ္စက္ခံရနိုင္တယ္... ဧကႏၱ သူေသမွာကို မေၾကာက္ဘူးလား"
"ငါတို႔တိုက္ခိုက္မယ္ ဆိုတာကို သူ မမွန္းဆနိုင္ရင္ေတာင္ သူက မာနႀကီးေနမွာ မဟုတ္ဘူး... သူတစ္ေယာက္တည္း က်န္းေရွာက္ထ်န္းကို အနိုင္ယူနိုင္မယ္လို႔ ထင္ေနလိမ့္မယ္"
"ပူးေပါင္းႀကံစည္မႈ တစ္ခုခု ရွိေနတာမ်ားလား?"
"ျဖစ္နိုင္တယ္... အားလုံး သတိထားၾက... သားရဲက လႈပ္ရွားဖို႔ အခြင့္အေရးကို ေစာင့္ေနတာလည္း ျဖစ္နိုင္တယ္"
တစ္ဖက္မွ ပုန္းေနတဲ့သူ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္း၊ ဘုရင္မင္းျမတ္ ခ်န္ရႈံ၊ ေက်ာင္းအုပ္ႀကီး ေဟာင္ယန္၊ ေရွာင္းယြမ္ထ်န္း နဲ႕ တျခားသူေတြက တစ္ဖက္က လု႐ႊမ္ကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနၾကသည္။
လု႐ႊမ္က ေတာင္ေဖာက္နဂါးကို ေခၚခဲ့မယ္ဆိုရင္ သူတို႔ကတိုက္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီ။ အခုက တစ္ေယာက္တည္း လာတာဆိုေတာ့ ေၾကာက္စရာ မလိုေတာ့တာ ေသခ်ာသြားၿပီ။ သို႔ေသာ္ တစ္ေယာက္တည္း ထြက္လာတာက နည္းနည္းေတာ့ ပေဟဠိ ျဖစ္သြားေစ၏။
ဒီေကာင္က ဘာလုပ္ခ်င္ေနတာလဲ?
"က်ဳပ္သိၿပီ!"
႐ုတ္တရက္ ဘုရင္ႀကီး ခ်န္ရႈံက တိုးညွင္းေသာ အသံျဖင့္ ေအာ္ဟစ္လိုက္သည္။
"ဘာသိတာလဲ?"
အားလုံးကလည္း တခ်က္ ၾကည့္လာၾကသည္။
"လု႐ႊမ္က တကယ္ကို ေၾကာက္စရာေကာင္းတဲ့ လူတစ္ေယာက္ပဲ... သူ႕ကို တိုက္ခိုက္ဖို႔ ပိုက္ကြန္ေတြ ေထာင္ထားမယ္ဆိုတာ ခန႔္မွန္းမိသြားလို႔ သူ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာ ျဖစ္ရမယ္!"
ဘုရင္မင္းျမတ္ ခ်န္ရႈံက ေလးနက္စြာ စဥ္းစားၾကည့္လာသည္။
"ရည္႐ြယ္ခ်က္ ရွိရွိလား?"
"ဝိညာဥ္သားရဲကို ရည္႐ြယ္ခ်က္ ရွိရွိနဲ႕ မယူခဲ့တာ ဟုတ္လား?"
"မွန္တယ္! ဒီဝိညာဥ္သားရဲက အစြမ္းထက္တယ္ဆိုတာ က်ဳပ္တို႔အားလုံး သိတာပဲေလ... မ်က္စိေရွ႕မွာ ရွိေနရင္ ႏွိမ္နင္းဖို႔ နည္းလမ္းကို က်ဳပ္တို႔ေသခ်ာေပါက္ ရွာေတြ႕သြားမယ္မလား ဒါေပမဲ့ အေမွာင္ထဲမွာ ပုန္းေအာင္းေနရင္ေတာ့ က်ဳပ္တို႔ အစီအစဥ္ကို အေကာင္အထည္ ေဖာ္ဖို႔ ခက္သြားမွာပဲ!"
ဘုရင္ႀကီး ခ်န္ရႈံက ရွင္းျပေလ၏။
"လတ္စသတ္ေတာ့ အဲ့လိုကိုး!"
"သူ႕သားရဲက အရမ္းအစြမ္းထက္တယ္... အေမွာင္ထဲမွာ ပုန္းေနရင္ တကယ္ကို ေၾကာက္စရာ ေကာင္းေနၿပီ မင္းေျပာခဲ့တာေတြသာ မွန္တယ္ဆိုရင္ ဒီလု႐ႊမ္က အစြမ္းထက္လြန္းေနၿပီေလ!"
"ဟုတ္တယ္!! ဝိညာဥ္သားရဲက ထြက္မလာဘူးဆိုရင္ သူ႕ကို ေသတဲ့အထိ ေျခာက္လန့္ဖို႔ မလုံေလာက္ဘူး.... အဲဒီသားရဲကိုပါ မသတ္နိုင္ရင္ သူက က်ဳပ္တို႔ကို သတ္ပစ္လိမ့္မယ္။ အနိုင္ယူဖို႔ နည္းလမ္း မရွိဘူး!"
ဘုရင္မင္းျမတ္ ခ်န္ရႈံရဲ႕ ရွင္းျပခ်က္ကို ၾကားေတာ့ အားလုံးက ထိတ္လန႔္ၿပီး တိတ္ဆိတ္သြားၾကေတာ့သည္။
"ဒါဆို က်ဳပ္တို႔ အခု ဘာလုပ္သင့္လဲ?"
အေျခအေနက အရမ္း ခက္ခဲလာတာကို ျမင္ေတာ့ တစ္ဖက္လူမွာ တန္ျပန္ အစီအစဥ္ တစ္ခုရွိေနၿပီ ျဖစ္လို႔ လူတိုင္းရဲ႕ မ်က္လုံးေတြက ဘုရင္မင္းျမတ္ ခ်န္ရႈံဆီ စုစည္းလာၾကသည္။
ဘာပဲျဖစ္ျဖစ္ သူဟာ ေတာ္ဝင္အင္ပါယာ တစ္ခုရဲ႕ ဘုရင္ျဖစ္သည္။
"က်ဳပ္အျမင္ကေတာ့ အေျပာင္းအလဲ အားလုံးကို အတူတူ လိုက္လုပ္ဖို႔ပဲ... အရင္ဆုံး အဲဒါကို အလ်င္စလို မလုပ္ေသးနဲ႕.. က်န္းေရွာက္ထ်န္းနဲ႕ အရင္ၿပိဳင္ပါေစ... က်န္းေရွာက္ထ်န္း သူ႕ကို စင္ေပၚမွာ သတ္နိုင္ရင္ က်ဳပ္တို႔ ဝင္ႏွောက္ယွက္စရာ မလိုဘူး... သူ႕ကိုမသတ္နိုင္ရင္ ဒါမွမဟုတ္ တစ္ခုခုျဖစ္ရင္ က်ဳပ္တို႔ အစီအစဥ္ကို စၾကမယ္!"
ဘုရင္ႀကီး ခ်န္ရႈံ ခဏေလာက္ စဥ္းစားၿပီး ဆုံးျဖတ္ခ်က္ ခ်လိဳက္၏။
"ေကာင္းၿပီ... က်ဳပ္တို႔ ဘုရင္မင္းျမတ္ ခ်န္ရႈံရဲ႕ အစီအစဥ္အတိုင္း လိုက္လုပ္ၾကမယ္!"
"အခ်ိန္ေရာက္ရင္ လုပ္ၾကမယ္"
အားလုံးက ေခါင္းညိတ္ သေဘာတူလိုက္ၾကသည္။
လု႐ႊမ္သာ သူတို႔ စကားလုံးေတြကို ၾကားရင္ က်ယ္ေလာင္စြာ ရယ္ေမာမိမွာ ေသခ်ာေလ၏။ လူတိုင္း သူ႕ကိုငတုံးလို႔ ထင္ရေအာင္ ေတာင္ေဖာက္နဂါးကို မေခၚလာတာေၾကာင့္ ဒီပညာရွင္ေတြက သူ႕ကို တကယ္ သတ္ပစ္နိုင္ၿပီလို႔ ထင္ေနပုံရသည္။
ဘုရင္ႀကီး ခ်န္ရႈံနဲ႕ တျခားသူေတြက ဒါအေတြးဟာ ရိုင္းစိုင္းၿပီး တုံးအတယ္ဆိုတာ သိထားလိမ့္မည္။ ေတာင္ေဖာက္နဂါးကို လုံးဝ မထြက္ေစဘဲနဲ႕ သူဟာပြဲခ်င္းၿပီး ေသသြားနိုင္တယ္လို႔ အမွန္တကယ္ ေတြးေနနိုင္၏။
လူအုပ္ကို ျဖတ္သန္းၿပီးေနာက္ လု႐ႊမ္သည္ ၿပိဳင္ပြဲကြင္းျပင္ထဲသို႔ ေရာက္လာခဲ့သည္။ ၎သည္ အခ်င္း မီတာရာႏွင့္ခ်ီ ရွိေသာ စက္ဝိုင္းပုံ ျမင့္ေသာ စင္ျမင့္တစ္ခု ျဖစ္သည္။
သူ႕ခႏၶာကိုယ္ကို ေပါ့ပါးစြာ လႈပ္ရွားလိုက္သည္ႏွင့္ သူသည္ ျမင့္မားေသာ စင္ျမင့္ေပၚသို႔ ခုန္တက္သြားစဥ္ စင္ျမင့္ေပၚတြင္ ရပ္ေနသူတစ္ဦး ရွိေနၿပီ ျဖစ္သည္။
သူသည္ အသက္၂၇ သို႔မဟုတ္ ၂၈ ႏွစ္ခန႔္ ရွိပုံရၿပီး သူသည္ က်န္းေရွာက္ခ်န္ႏွင့္ ခပ္ဆင္ဆင္ တူ၏။ ယခုအခ်ိန္တြင္ လင္းယုန္ငွက္၏ အၾကည့္စူးစူး ကဲ့သို႔ စူးရွေသာ အလင္းတန္းသည္ သူ႕မ်က္လုံးနက္မွ ထိုးထြက္လ်က္ ရွိသည္။
သူ႕ခႏၶာကိုယ္ေပၚရွိ ေရာင္ဝါသည္ ေမွးမိန္ေနသျဖင့္ ၎၏ က်င့္ႀကံမႈအဆင့္မွာ တစ္ခ်က္ၾကည့္႐ုံျဖင့္ ႀကိဳတင္မွန္းဆ၍ မရနိုင္ေခ်။
ထိုသူမွာ ေပ႐ႊီး ေတာ္ဝင္အင္ပါယာ ယင္းယန္ေက်ာင္းေတာ္ရဲ႕ နံပါတ္တစ္ က်န္းေရွာက္ထ်န္းပဲ ျဖစ္သည္။
"မင္း မလာရဲဘူးလို႔ ငါကထင္ေနတာ... မင္းက လာခဲ့႐ုံတင္ မဟုတ္ပဲ မင္းတစ္ေယာက္တည္းလည္း လာခဲ့တယ္ေပါ့... တကယ္ကို အထင္ႀကီးစရာပဲ"
လု႐ႊမ္ ၿပိဳင္ပြဲ စင္ျမင့္ဆီသို႔ ေလွ်ာက္လာတာကို ျမင္ေတာ့ က်န္းေရွာက္ထ်န္း ေအးစက္စြာ ၿပဳံးလိုက္ၿပီး သူ႕အသံမွာ ေရခဲကဲ့သို႔ ေအးစက္စြာ ထြက္ေပၚလာ၏။