"ဘာလုပ်နေတာလဲ Darling"
ဖုန်းကိုသည်းကြီးမည်းကြီးကြည့်လိုက် Computerကိုကြည့်လိုက်နှင့် အလုပ်ရှုပ်နေသော Darlingကိုကြည့်ပြီး သူ့အစား ကိုယ်ကခေါင်းတွေမူးလာရသည်။ မနက်စောစောကို screanအသုံပြုပြီး အလုပ်လုပ်တာကို ဝိုင် မကြိုက်ပေမယ့် မိမိရဲ့ချစ်ရသူကတော့ မနက်မိုးလင်းသည်နှင့် မျက်နှာနှင့် ဖုန်းscreanက မခွာတော့ပေ။
"ကိုယ့် Bossက အလုပ်ခိုင်းလိုက်လို့ အဲ့တာ ကိုယ်လုပ်နေတာ"
"ဘာကိုလဲ"
"လူတစ်ယောက်ကို တွေ့ရမှာ"
"ဘယ်သူလဲ"
"အမ် Bossရဲ့ ပြိုင်ဘက်ဘဲနေမှာပေါ့"
မတိကျတဲ့ Darlingစကားကြောင့် ဝိုင့်ရဲ့ မျက်ခုံးလေးများဟာ တွန့်ချိုးသွားသည်။
"မလိမ်နဲ့နော် Darling"
ခပ်တည်တည်ကြီး ပြောလာတဲ့ ပေါက်စကြောင့် ပြည့်စုံဘာဆက်ပြောရမလဲမသိ။ တစ်ခုခုဆို စိစစ်သေချာတဲ့ ပေါက်စဟာ လိမ်တာကိုလည်း လုံးဝမကြိုက်သူပင်။
"ကိုယ် မလိမ်ပါဘူး ပေါက်စရာ။ တစ်ခုဘဲသိထား ကိုယ်က ပေါက်စဘဲ ချစ်တာ။ ပေါက်စကိုချစ်လို့ ကိုယ့်ခန္ဓာကိုယ်တောင် ပေးဆက်ထားကို အခုထိမယုံသေးဘူးလား"
"အဟက်! မသိရင်တော့ သူဘဲခံရသူကြီး။ သွားပါ ညနေအိမ်ပြန်တော့ နောက်မကျစေနဲ့။ ဝိုင် လည်း ဟေသာနဲ့စျေးဝယ်ထွက်မလို့"
ဝိုင်ဟာ ပြည့်စုံနှင့် စတွဲသည့်နေ့ကတည်း သူ့ကိုယ်သူ "ဝိုင်"ဟုသာ သုံးတော့သည်။
"ပေါက်စနော်။ ဟေသာစီကနေအတတ်ကောင်းတွေတတ်မလာနဲ့။ ဟိုက တကယ့်ကမြင်းစိန်လေး။ ယောင်းမနဲ့ပေါင်းပြီး ကိုယ့်ကို လိမ်မယ်မကြံနဲ့"
"ဟွန်း ဘယ်တုန်းကလိမ်လို့လဲဗျ။ သွားပါ သွားစရာရှိတာသွား"
အက်ျီဝတ်ရင်း မှာတမ်းခြွေလို့ မပြီးနိုင်သော Darlingကို ဝိုင်အော်လိုက်မှ ပါးချိုင့်များပေါ်သည်အထိပြုံးကာ ဝိုင့်ကို နှုတ်ဆတ်ပြီး ထွက်သွားတော့သည်။
မနေ့တစ်နေ့ကမှ တွဲတာဆိုပေမယ့် ပြည့်စုံဟာ ဝိုင့်ကို သူ့မိဘတွေစီအသိပေးပြီး အတိအလင်းတွဲခဲ့သည်။ ပြည့်စုံ၏ မေမေလေးကတော့ ပြည့်စုံMateရသွားသည်ကို ပျော်လို့မဆုံး တပြုံးပြုံးဖြစ်နေတော့သည်။ ဟေသာကလည်း ဝိုင့်ကို သဘောကြတာကြောင့် ၂ယောက်သား အချိန်မကြာဘဲ သူငယ်ချင်းယောင်းမဖြစ်လာခဲ့သည်။ ပြည့်စုံရဲ့ ဖခင်ကတော့ Alpha to Alphaမလို့ သိပ်တော့သဘောမကျလှ။ သို့ပေမယ့် ပြည့်စုံရဲ့ မေမေလေးက ကူပြောပေးတာကြောင့် လက်ခံထားပြီဖြစ်သည်။
Darlingဘာကြောင့် ဒီလိုမှာခဲ့တာလဲ ဆိုရင်တော့
Darlingမိဘတွေနဲ့တွေ့ပြီးနောက်တော့ ဟေသာရဲ့မဲစွယ်မှုကြောင့် ဝိုင်ဟာ ဟေသာနဲ့အတူ အပြင်ကိုလျှောက်လည်ခဲ့သည်။ ဟေသာရဲ့ဂျီကျမှုကြောင့် နေ့ခင်းကြောင်တောင် Barထိရောက်သွားပြီး အတော်လေးနောက်ကျမှ အိမ်ပြန်ရောက်ခဲ့သည်။
Darlingကမေးတော့လည်း "ရုပ်ရှင်ဝင်ကြည့်နေလို့"ဆိုပြီး လိမ်လိုက်မိသေးသည်။ သို့ပေမယ့် နေ့မကူးခင်မှာဘဲ Darlingဟာ သိသွားတာကြောင့် Darlingက ဝိုင့်ကို ဒေါသထွက်ကာ စကားလုံးဝမပြောခဲ့။ ဟေသာပြောတော့မှ ဝိုင်လည်း အကြောင်းစုံသိတာကြောင့် Darlingကို မနည်းတောင်းပန်လိုက်ရသည်။ ဒါ့အပြင် ကတိတစ်ခုပါ ပေးလိုက်ရသေးသည်။
ကတိကတော့
"Darlingမပါဘဲ ဘယ်တော့မှ Barကိုမသွားပါဘူး"ဆိုတာပင်။
အကုန်လုံးကိုပြန်တွေးမိပြီး ဝိုင်သူ့ဘာသာသူ ပြုံးလိုက်မိသေးသည်။ ဒီနေ့က ဂျုတီမရှိတာမလို့ ဟေသာနဲ့အတူ စျေးဝယ်ထွက်နိုင်တာပင်။ အိပ်ယာက ကတန်းမယန်းထကာ မျက်နှာသစ်ပြီး အက်ျီလဲကာ ဟေသာစီကို ဖုန်းဆက်လိုက်သည်။
"ဟလို ဟေသာ"
"ဝိုင် ဟေသာထွက်လာနေပီ ရောက်တော့မယ်"
"အင်းအင်း ကိုယ် စောင့်နေမယ်နော်"
"ဟုတ် ဝိုင်"
ဝိုင်ရဲ့ဘဝဟာ အခုတော့ အေးချမ်းနေပါပြီ။ အဖွားနဲ့ အမွှာညီမဖြစ်သူ သဇင်ဝိုင်ကိုလည်း ကောင်းကောင်းထောက်ပံ့နိုင်နေပြီ။ ချစ်ရတဲ့ Mateကိုလည်း ရှာတွေ့ပြီဖြစ်သည်။ ထိုအတိုင်းလေးဘဲ ဝိုင် ငြိမ်းငြိမ်းချမ်းချမ်းနေချင်သည်။ ဘာ်အနှောင့်အယှက်မှကိုလည်း ဝိုင် မလိုလားပေ။
...........................
"ငါ့ကို ဘာကိစ္စခေါ်တော့"
ခွန်းရောင်ခြည် မိမိရှေ့က ကလျာရဲ့ အတွင်းရေးမှုးကိုကြည့်ပြီး မေးလိုက်သည်။ မနက်ကအခြေအနေကြောင့် လူက သိပ်မကြည်။ ထို့ကြောင့် တိုတိုနဲ့လိုရင်းသာ ပြောလိုက်သည်။
"မဒမ် လိုချင်တဲ့ ပမာဏကိုပြောပါ။ ကျနော်တို့ဘက်က မဒမ်တောင်းသလောက် ပေးမှာပါ။ တခါတည်းလည်းပြောလိုက့်ပါ့မယ်။ မဒမ် ကျနော်တို့စီက ပစ္စည်းတွေယူပြီးတာနဲ့ Bossရှေ့ ဘယ်တော့မှ မသွားဖို့ ပြောပါရစေ။ မဟုတ်လို့ကတော့ ကျနော်တို့အဆိုးမဆိုပါနဲ့မဒမ်"
"အဟား!"
ခွန်းရောင်ခြည် ဟားကနဲရယ်ချလိုက်သည်။
"ကျနော့်မှာ အချိန်မရှိပါဘူး မဒမ်။ လိုရင်းကိုသာပြောပါ"
"ငါက ငြင်းရင်ရော"
"ဒါဆို ကျနော်တို့ကို အဆိုးမဆိုပါနဲ့"
"သိပ်ရယ်စရာကောင်းတာဘဲ! ကောင်းပြီလေ ငါ့ကို Black Card 8ခုနဲ့ ငါ့နာမည်ပိုင် ကုမ္ပဏီတစ်ခုနဲ့ အိမ်တစ်လုံးပေး"
"ဘယ်လို"
ပြည့်စုံ အံ့သြစွာပြောလိုက်မိသည်။ Bossစီမှာ ပြောတုန်းကကျတမျိုး။ အခုကျတမျိုး ဖြစ်သွားတဲ့ ခွန်းရောင်ခြည်ကြောင့် ပြည့်စုံ လက်ဖျားခါမိသည်။ Bossနဲ့စကားပြောတုန်းက. Black card 5ခုနဲ့ ကုမ္ပဏီတစ်ခုသာ တောင်းသာဖြစ်ပြီး အခုကျမှ တိုးမြင့်သွားတဲ့ ပမာဏကြောင့် ပြည့်စုံကြောင်မိသည်။ ဒီလောက်က Bossအတွက် တစ်လစာတောင်မရှိတာကြောင့် သိပ်မစိုးရိမ်ပေမယ့် ပြည့်စုံစိုးရိမ်သည်မှာ ထိုမိန်းမရဲ့ အတ္တကြီးသည့် အကြည့်တွေကိုဖြစ်သည်။ ဒါကိုယူပြီး Bossကို ထပ်မနှောက်ယှက်ဘူးဆိုတာ ယုံဖွယ်လည်း သိပ်မရှိ။
"ဘာလဲ များလို့လား။ ဒီလောက်ကတော့ နင့်Bossရဲ့ တစ်လစာသုံးတောင် မရှိဘူးမလား"
(A/N: အံ့ကလျာနွယ်တို့လို တကယ့် Hight Bossတွေအတွက် တစ်လစာသုံးတောင် မရှိဘူးဆိုပေမယ့် ကိုယ်တို့လို သာမာန်ဘဝသမားတွေအတွက်ကတော့ တစ်သက်စားမကုန်ရယ်ပါ)
"အဟမ်း! မဟုတ်ပါဘူး။ ဒီမှာပါ ခများတောင်းဆိုသလောက်ပါတယ်။ အိမ်ဂရံရော ကုမ္ပဏီပိုင်ဆိုင်တဲ့ စာချုပ်စာတန်းတွေပါ အကုန်ပါတယ်။"
"တကယ်ကို တိကျတဲ့သူပါလား"
"ထပ်ပြီး သတိပေးပါမယ်။ Bossရှေ့မှာ ထပ်ပေါ်မလာပါနဲ့ ဒီတစ်ခေါက်ပြောတာက Bossရဲ့အတွင်းရေးမှုးအနေနဲ့မဟုတ်ဘဲ။ သူ့သူငယ်ချင်းအနေနဲ့ အသိပေးတာပါ။ ကလျာနဲ့ အနောင့်ကို ထိမယ်မကြံနဲ့မဒမ် မဟုတ်ရင် ကျနော့်ကို အဆိုးမဆိုပါနဲ့"
ပြည့်စုံရဲ့စကားကြောင့် ခွန်းရောင်ခြည်မျက်မှောင်ကျုံ့လိုက်သည်။ ခွန်းရောင်ခြည် ခုံမှမက်တပ်ရပ်ပြီး ပြည့်စုံရဲ့ ခေါင်းပေါ်ကို အချိုရည်တွေလောင်းချရင်း ပြောလိုက်သည်။
"အဟက်! ကိုယ့်အဆင့်ကိုယ်သိစမ်းပါ Alphaပေါက်လေးရယ်။ မင်းလို လက်တောက်လောက်လေးကို ငါကကြောက်ရမယ်တဲ့လား။ အဟားဟား သွားခွင့်ပြုပါအုံး"
"တောက်စ်!"
ခွန်းရောင်ခြည် ထွက်သွားသည်နှင့် ပြည့်စုံတောက်တစ်ချက်ခေါက်လိုက်သည်။ သူတို့ဘေးက ဝိုင်းကလူကလည်း သူတို့ပြောနေတာကို မသိမသာ ခိုးနားထောင်နေတာကို ပြည့်စုံတို့မသိလိုက်။
ပြည့်စုံတစ်ရှူးစအချိုနဲ့ မျက်နှာတွေသုတ်လိုက်ပြီး ခုံမှထကာ ပိုက်စံရှင်းပြီး ကုမ္ပဏီသွားလိုက်သည်။
ပြည့်စုံထွက်သွားသည်နှင့် ဉီးထုပ်ကို ခေါင်းစိုက်စောင်းထားတဲ့ လူက မော့ကြည့်လာသည်။
"မနွယ်တို့မှာ တန်ကြေးရှိတဲ့ မိတ်ဆွေတွေရှိတာဘဲ"
ထိုကောင်လေးဟာလည်း ခုံမှထပြီး ဉီးထုပ်ကို သေချာပြန်စောင်းကာ နေရာတစ်ခုကို ဉီးတည်လိုက်သည်။
.........,.....,....................
1 week later🕊
....................................
အချိန်အားဖြင့် ၁ပတ်ကျော်လွန်လာပြီ။ သို့ပေမယ့် ပြောင်းလဲမှုမရှိ။ လွန်ခဲ့တဲ့၁ပတ်တုန်းကနေ အခုချိန်အထိ အကိုဟာတချက်လေးတောင် နိုးထမလာခဲ့။ မင်းခ အကို့ရဲ့ လက်သည်းကြည်ကြည်လေးကို ညှပ်ပေးနေသည်။ အကိုဟာ လက်သည်းအရှည်မြန်တဲ့သူဆိုလည်း မမှားပေ။ အကိုတို့အမွှာ၂ယောက်မှာ ကွာခြားမှုဟာ အကိုဟာ ဘယ်သန်ဖြစ်ပြီး ကလျာက ညာသန်ဖြစ်သည်။
"အကို အကို့ရဲ့ ဘယ်ဘက်လက်ကလေးက သေနတ်ကိုင်တဲ့အချိန်မှာ သိပ်ကိုရှုမဝဖြစ်တာဘဲသိလား"
"........."
"အခုလေ အနောင်နဲ့ကလျာလည်း ပြန်ပြီးအဆင်ပြေနေပြီ။ အကိုလိုချင်တဲ့အရာဘဲလေ ဟုတ်တယ်မလား"
အကိုအား လက်သည်းညှပ်ပေးရင်း မင်းခ ဖြစ်ပျက်နေသောအရာအားလုံးကို အကို့အားပြန်ပြောမိသည်။ တနေ့တနေ့ ထိုအကြောင်းအရာလေးတွေကို တဖန်ပြန်ပြောပြရတာကိုပင် မင်းခဝါသနာ ဖြစ်လာသည်။
"ဘုရားသခင်က သူတို့ရဲ့ ဆုတောင်းတွေကိုဖြည့်ပေးနေတာ အကိုရဲ့"
"........"
မင်းခ ဝဲတက်လာသောမျက်ရည်တွေကို လျစ်လျူရှုကာ အကို့ကို ကားဆပ်ပြောနေမိသည်။
"ဒါပေမယ့် ဘုရားသခင်က ကျနော့်ရဲ့ ဆုတောင်းတွေကိုတော့ လျစ်လျူရှုထားတုန်းဘဲဗျ"
"........."
"ကျနော် အနေ့နေ့အညည ဆုတောင်းပေမယ့် လုံးဝပြည့်မလာဘူး အကိုရယ်"
မင်းခရဲ့ မျက်ဝန်းအိမ်ထဲမှ မျက်ရည်စက်ကလေး မင်းခနှလုံးခုန်သံနှင့် အကို့ရဲ့လက်ပေါ်သို့ ပေါက်ကနဲ လိမ့်ဆင်းသွားတော့သည့်။
"အမိန့်ဆန်တဲ့ အကို့ရဲ့ စကားသံလေးတွေကို အရမ်းလွမ်းတာဘဲဗျာ~"
မထိန်းနိုင်သည့်နောက်ဆုံး အကို့ရဲ့လက်ကလေးကိုစုပ်ကိုင်ရင်း ခေါင်းမှောက်ကာ အသံတိတ်ငိုမိပြန်သည်။ လွမ်းသည်ထက်ကို ပိုလွန်းသည်။ သူ့လွမ်းတာကို သိတာကြောင့် သက်သက်များ အကိုဟာ နိုးထမလာတာလားလို့ မင်းခ အော်မေးလိုက်ချင်သည်။
"ပိန်သွားလိုက်တာ ခလေးရယ်"
နွေးထွေးလှသည့် ခပ်ရှရှအသံကြောင့် မင်းခရဲ့ ကျဆင်းနေဆဲမျက်ရည်များ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ နွေးထွေးတဲ့ လက်ဖဝါးဟာ မင်းခရဲ့ ခေါင်းပေါ်ကျရောက်လာပြီး ပွတ်သပ်ပေးနေသည်။
"အ အကို"
မင်းခ မျက်ရည်များဖြင့်သာ မော့ကြည့်လိုက်တော့ အညိုရောင် မျက်ဝန်းများနှင့်အတူ မပြောင်းလဲဘဲ သူ့အားစိုက်ကြည့်နေသော အကို့ကို မြင်လိုက်ရတာကြောင့် မင်းခရင်ထဲ လှပ်ခနဲဖြစ်သွားရသည်။
"အကို ဟင့် အကို...အင့်...အကို နိုးလာပြီ အီးဟီး....အကို....ဟင့်အင့်"
မင်းခ အကို့အားဖက်ကာ မျက်ရည်များခမ်းသည်အထိ အော်နေမိသည်။ အကိုကလည်း မင်းခအားပွေ့ဖက်ထားရင်း နှစ်သိမ့်ပေးနေတော့သည်။ ဒီတစ်ခေါက် မျက်ရည်ကျသည်မှာ ပျော်လို့ကျခြင်းဖြစ်သည်။ ဘုရားသခင်က မင်းခရဲ့ ဆုတောင်းလေးကို ဖြည့်စည်းပေးလိုက်ပါပြီ။
"အကို့ကို ကျနော် တအားစိတ်ပူနေတာ ဟင့်....ကျနော်ကြောင့် ဖြစ်သွားတာဆိုတော့ အင့် ပိုလိုတောင် စိတ်မကောင်းဖြစ်မိတယ် အကိုရာ။ အကိုသာ နိုးမလာခဲ့ရင် ဆိုတဲ့အတွေးက အဟင့် ကျနော့်ကို အကြိမ်ကြိမ် ထိုးနှက်နေတာ အကိုရာ အီးဟီး"
အကို့အား မလွတ်တမ်းဖက်တွယ်ထားပြီး မင်းခငိုရင်းနဲ့ အကို့ကို မနားတမ်းစကားခြွေနေမိသည်။
"ကိုယ့်ကို ခွင့်လွှတ်ပါ ခလေးရယ်"
မင်းနွယ် တရှုံ့ရှံ့ငိုနေသော ခလေးငယ်ကို မိမိနဲ့မျက်နှာခြင်း ဆိုင်စေပြီးမင်းနွယ် တောင်းပန်မိသည်။ အရင်ကထက် ပိုပိန်သွားတဲ့ ခလေးကြောင့် မင်းနွယ် စိတ်မကောင်းဖြစ်မိသည်။
"အဟင့် အကိုက လူဆိုးဘဲ!"
"ဟုတ်တယ် ကိုယ်ကလူဆိုးပါ"
ရင်ဘက်ကိုထုရိုက်ကာ ငိုနေသောခလေးရဲ့ လက်ကလေးကို မင်းနွယ် အုပ်ကိုင်လိုက်ပြီး
"ကိုယ် မင်းကိုပြောစရာရှိတယ် ခလေး"
သူရဲ့လေးနက်သော စကားသံကြောင့် မင်းခငိုနေတာရပ်သွားပြီး မင်းနွယ်ကို အူလည်လည်ဖြင့် စိုက်ကြည့်လာသည်။
"ဘာပြောမို့လဲ"
"အဟင်း! ကိုယ့်စကားက နည်းနည်းရယ်ချင်စရာ ကောင်းလိမ့်မယ် ခလေး။ Omegaတွေကို သဘောမကျတဲ့ကိုယ်က စစ်မင်းခဆိုတဲ့ Omegaလေးကိုတော့ ကိုယ်သောက်နေကျ စီးကရတ်လို စွဲလမ်းနေပြီ။ ဒါကြောင့် ကိုယ်လေ မင်းရဲ့ချစ်ရသူလေး ဖြစ်လို့ရမလား"
မျက်နှာငယ်လေးဖြင့် ချစ်ရေးဆိုလာတဲ့အကိုကြောင့် မင်းခရင်ထဲ အဆမတန်ပျော်ရွှင်ရသည်။
"မရပါဘူး"
ရုတ်တရက်ပြောလာတဲ့ ခလေးရဲ့စကားကြောင့် မင်းနွယ်ရဲ့ မျက်နှာဟာ ညှိုးကြသွားသည်။
"ဘာလို့လဲ"
အကိုဟာ တိုးလျတဲ့အသံဖြင့် မင်းခရဲ့ လက်ကိုတင်းကြပ်စွာ စုပ်ကိုင်ထားရင်း ပြောလာသည်။
"ဘာလို့ဆို ကျနော်က အကို့ရဲ့ ချစ်မဝMateလေးဖြစ်ချင်တာဗျ"
"အဟားဟား ခလေးကတော့ကွာ။"
မင်းနွယ် အသံထွက်အောင် ရယ်ကာ မင်းခရဲ့ ခေါင်းလေးကို ဖွလိုက်သည်။
"ဒီတော့ ခလေးက ကိုယ့်ကို ချစ်လား"
"ဟွန့် ပြောစရာလိုသေးလား"
"ကြားချင်လို့ပါ"
"အင်း အရမ်းချစ်တယ် ကိုကို"
"ဘယ်လိုခေါ်လိုက်တယ်"
"ကိုကိုလို့လေ"
"ဘယ်လို"
"ကိုကို ပါဆိုမှဘဲ"
"ဟာ ချစ်လိုက်တာ ခလေးရာ ရွှတ်!"
မင်းခရဲ့ ပါးဖြူဖြူလေးကို မင်းနွယ် နမ်းကာ တင်းကြပ်စွာဖက်ထားလိုက်သည်။
"ကိုကို လွှတ်ပေးအုံး ဒေါက်တာခေါ်ရအုံးမယ်လေ။ ဒါမှ လိုအပ်တာတွေသိရမှာပေါ့ ပြီးတော့ ကလျာကို ဖုန်းဆက်ရအုံးမယ်ဗျ။ ကလျာက ကိုကို့ကို အရမ်းသတိရနေတာဗျ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
မင်းနွယ် ခလေးရဲ့ခန္ဓာကိုယ်လေးကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရသည်။ ခလေးကတော့ ကုတင်ပေါ်က ကလျာကို ဖုန်းဆက်လိုက်သည်။ ဒါ့အပြင် ဒေါက်တာ့ကိုပါ လှမ်းခေါ်လိုက်သည်။
.......................
"ဘာ! ကိုကိုသတိရလာပြီ ဟုတ်လား!"
"......."
"အေးအေး Babyကို့ခေါ်ပြီး လာခဲ့မယ်"
ကလျာဖုန်းကို ချပြီးသည်နှင့် ဆိုဖာမှထကာ Babyစီကိုပြေးသွားလိုက်သည်။
"Baby!"
"အမလေး!"
မီးဖိုချောင်ထဲ တစ်ကုတ်ကုတ်နဲ့ မုန့်လုပ်နေသော အနောင့်ကို ကလျာဟာ အရှိန်နဲ့ပြေးလာပြီး ဖက်လိုက်တာကြောင့် အနောင့်ခမျာ လန့်သွားရသည်အထိပင်။
"လန့်လိုက်တာ မာမီရယ်။ ဘာလို့ပြေးလာတာလဲ ခလုပ်တိုက်မိမယ်လေ"
အားနှင့်ဖက်ထားတာကြောင့် အနောင်ကျောပေးထားရာမှ အခုထိ လှည့်ကြည့်လို့မရ။
"ကို ကိုကိုလေ သတိရလာပြီတဲ့!"
မျက်ဝန်းအိမ်၌ မျက်ရည်များ ခိုတွဲကာ ဝမ်းပန်းတသာပြောလာတဲ့ မာမီစကားကြောင့် အနောင်လဲ အံ့သြသွားရသည်။
"တကယ်လား မာမီ"
"တကယ် Babyရ။ မင်းခ မင်းခက ဖုန်းဆက်တာ။ ဟား နောက်ဆုံးတော့ နောက်ဆုံးတော့"
"မငိုနဲ့လေဗျာ။ လာလာ သွားရအောင်"
မျက်ရည်များကျလုလုဖြစ်နေသော မာမီကို ဖျောင်းဖျကာ ဆေးရုံသွားဖို့ အနောင် ပြင်လိုက်သည်။ နောက်ဆုံးတော့ ကိုကြီးက ပြန်နိုးထလာခဲ့ပြီ။
...........................
"ဘာမှစိုးရိမ်စရာမရှိတော့ပါဘူးဗျ။ ဆေးရုံဆင်းချင်ရင် မနက်ဖြန်ဆင်းလို့ရပါပြီ"
^ဒုန်း!!^
"ကိုကို့!!!"×2
ဒေါက်တာရဲ့ မှာကြားချက်မဆုံးခင် အခန်းတံခါးကို ခြေထောက်နဲ့ကန်ကာ ဇွတ်ဝင်လာကြသော ဖူးနဲ့ကလျာကို အားလုံးက ကြောင်ပြီးတော့သာ ကြည့်နေမိသည်။ ဝင့်ထည်နဲ့ အနောင်မှာတော့ ကလျာနဲ့ဖူးရဲ့ အနောက်ကနေ အသာလေးဝင်လာကြသည်။
"အဟင့် ကိုကို!!"
"ကို ကိုကို"
"အ့ ဖြေးဖြေး"
2ယောက်လုံး မျက်ရည်များဝိုင်းကာ မင်းနွယ်ကို ပြေးဖက်တာကြောင့် မင်းနွယ်ခမျာ ဒဏ်ရာတောင် ထိသွားသေးတာကြောင့် အနည်းငယ် ညည်းမိလိုက်သည်။
"အီးဟီး ဖူးလေ ကိုကို့ကို အရမ်းလွမ်းနေတာ ဟင့် ကိုကို့ကို အဟင့် ဆုံးရှုံးရမှာ တအားကြောက်တာ အင့် အတွေးနဲ့တင် အီးဟီး..... "
"ဖူး တအားမငိုနဲ့လေကွယ်"
စိတ်အားငယ်တတ်သည့် ဖူးဟာ ကိုကို့ကိုဖက်ကာ တအားငိုနေတာကြောင့် ဝင့်ထည်က ဝင်တားရတော့သည်။ ကလျာကလည်း အသံထွက်သာမငိုတာ မျက်ရည်များဟာ တိတ်ဆိတ်စွာ စီးဆင်းနေသည်။
"ကိုကို့ရဲ့ ညီမလေးရာ ကိုကိုအဆင်ပြေနေပါပြီကွာ။"
"ဟင့်ဟင့်"
"ကဲ မမရဲ့ဖူးလေး လာလာ မမစီကို"
ဝင့်ထည်က ဖူးအား မင်းနွယ်ရင်ခွင်ထဲက ထုတ်ကာ ခုံမှာဝင်ထိုင်ပြီး ချော့နေလေတော့သည်။
"နွယ်ငယ်"
အပေါက်မှာ ခေါင်းငုံ့ကာ ငြိမ်နေသော ကလျာကို မင်းနွယ်လှမ်းခေါ်လိုက်သည်။ ကလျာ မိမိ၏ နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားပြီး အသံမထွက်အောင် ထိန်းထားလိုက်သည်။ သူ့ရဲ့ အားနဲတဲ့ပုံစံကို ကိုကို့အား မမြင်စေချင်။
"ဒေါက်တာ ကျနော်လမ်းလျှောက်ရတယ်မလား"
"ဟုတ်ကဲ့။ လူနာဆန္ဒရှိရင် ရပါတယ်။ ဒါပေမယ့် ထိန်းလျှောက်ပါဗျ"
မင်းနွယ် ဒေါက်တာ့အား ခေါင်းကိုအသာငြိမ့်ပြပြီး ကုတင်ပေါ်မှ ဖြည်းဖြည်းခြင်း ထိန်းဆင်းလိုက်သည်။ ဆေးပိုက်တိုင် အားပြုကာ ကိုင်ရင်း နွယ်ငယ်ရဲ့ အနားကပ်သွားလိုက်သည်။
"နွယ်ငယ်။ ကိုကို့ကို စကားပြောပါအုံးကွာ။"
"......."
"နွယ်ငယ်က ကိုကို့ကို စိတ်ဆိုးနေတာလားဟင်"
"ငါ ငါသေလောက်အောင် ကြောက်ခဲ့တယ်"
အမေးနဲ့ကွဲလွဲစွာ ဖြေလာတဲ့ နွယ်ငယ်ကြောင့် မင်းနွယ်ငြိမ်သက်သွားသည်။
"မင်း မင်းကိုသာ ဆုံးရှုံးလိုက်ရရင် အင့် ငါ ငါရူးမှာ"
"ကိုကို အဆင်ပြေပါပြီ နွယ်ငယ်ရယ်"
"အဲ့နေ့က ငါရူးချင်စိတ်ကို ပေါက်သွားတာ အဲ့တာ ကိုကိုသိလား။ ဟင့် ကိုကိုသိလားလို့!"
"ခွင့်လွှတ်ပါ နွယ်ငယ်။ ကိုကို့ကို ခွင့်လွှတ်ပါ"
"အရူးကောင် မင်းကိုမုန်းတယ်ဟာ မုန်းတယ်!"
"အင်းပါ နွယ်ငယ်ကြိုက်သလောက် မုန်းပါ။"
မင်းနွယ် ကလျာ့ကိုဖက်ကာ နှစ်သိမ့်ရင်း မိမိကိုယ်တိုင်လည်း မျက်ရည်ကျမိသည်။ ဖူးလေးဟာလည်း သူ့အမနဲ့အကိုကို ကြည့်ပြီး ဘယ်လောက်ချော့ချော့ အငိုဟာ မတိတ်တော့ချေ။
"ဒါဆို ကျနော့်ကို ခွင့်ပြုပါအုံးဗျ"
အခုမှဒေါက်တာလည်း အားလုံးကိုအသိပေးကာ ပြန်ထွက်ဖို့ပြင်ရသည်။ စောနက အခြေအနေမှာ ရုပ်ခြည်းထွက်သွားလို့ အဆင်မပြေလှတာကြောင့် ခဏကြည့်နေမိသည်။
"နေအုံး"
ခပ်ရှရှအသံဟာ အခန်းလေးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အကုန်လုံးလည်း တိတ်ဆိတ်သွားတော့သည်။ ကလျာ သူ့အားဖက်ထားသော မင်းနွယ်စီမှ ထွက်ပြီး မျက်ရည်များကိုသုတ်ကာ ဒေါက်တာစီကို လျှောက်သွားလိုက်သည်။
"ဘာ ဘာများလိုအပ်လို့လဲဗျ"
ခပ်ညိုညိုမျက်ဝန်းများရဲ့ အကြည့်စူးစူးကြောင့် ဒေါက်တာခမျာ စကားတွေ ထစ်ကာ ကြောက်ကြောက်လန့်လန့်နှင့် မေးလိုက်မိသည်။ မကြောက်လို့လည်းမရ။ သူ့အကိုသာမကယ်နိုင်ရင် ခေါင်းဖြတ်မယ်လို့ ကြိမ်းသွားတဲ့သူလေ။ ကံကောင်းထောက်မလို့ ခေါင်းမပြတ်ဘဲ ဒီနေမှာအကောင်းတိုင်း ရှိနေတာ။
"Baby ကိုယ့်အိတ်ပေး"
အနောင်စီကနေ ကလျာဟာ သူ့ရဲ့ ပိုက်ဆံအိတ်အား လှမ်းတောင်းလိုက်သည်။ အိတ်ထဲမှာ ကဒ်တစ်ကဒ်ကို ထုတ်ပြီး ဒေါက်တာအား လှမ်းပေးလိုက်သည်။
"ယူလိုက်"
"ခမျာ?"
ဒေါက်တာခမျာ ကမ်းပေးနေသော Black cardငြီးကိုကြည့်၍ အူလည်လည်လေး ဖြစ်နေတော့သည်။
"ယူလိုက်လို့။ ကျုပ်ပြောခဲ့တယ်မလား ကျုပ်အကိုကို မကယ်နိုင်ရင် ခေါင်းဖြတ်ပြစ်မယ်လို့"
"ဟုတ် ဟုတ်ပါတယ်"
"အခုတော့ ကျုပ်အကိုက အကောင်းပကတိဖြစ်သွားပြီလေ။ အဲ့အတွက် ကျုပ်က ကျေးဇူးဆပ်တဲ့အနေနဲ့ပါ"
ကလျာစကားကြောင့် အားလုံး အံ့သြသွားရသည်မှာ မလွှဲအေကန်ပင်။
"မ မယူပါရစေနဲ့ဗျာ။ ဒါက ကျနော်တို့ တာဝန်အရ ကျနော်တို့က လုပ်တာပါ။"
"ဟင်း....ခများစီမှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်ဆိုပြီး သိထားတယ်။ အငယ်မလေးက အခုထိ ကျောင်းမတက်နိုင်သေးဘူးမလား။ ကျုပ်ပေးတာကို လက်ခံပေးပါ။ ခများတို့ လိုသလောက် ထုတ်သုံးနိုင်တယ်"
"ကျေးဇူးပါဗျာ။ တကယ်ကျေးဇူးပါ။ ကျနော် လုံးဝဒီကျေးဇူးကိုမမေ့ပါဘူးဗျာ"
အရှေ့က ဒေါက်တာမှာတော့ ဝမ်းသာလွန်း၍ မျက်ရည်များကျကာ ကျေးဇူးတင်ကြောင်း တဖွဖွပြောနေမိတော့သည်။ ကလျာကတော့ သူ့ရှေ့ကလူအား သူမရဲ့ မူရင်းပုံစံအတိုင်း နေမြဲနေနေသည်။ သို့ပေမယ် မျက်ဝန်းအိမ်၌ ဝမ်းသာပီတိဖြစ်မှုတွေကို အတိုင်းသားမြင်နေရသည်။
"ကျနော့်ကို ခွင့်ပြုကြပါဉီး။ ကျေးဇူးပါ သူဌေးခမျ။
ဒေါက်တာလဲ နောက်ဆုံးကျေးဇူးတင်စကားပြောကာ အခန်းထဲမှ ထွက်သွားတော့သည်။ ကလျာကတော့ သက်ပြင်းရှည်ကြီးသာ ချလိုက်ပြီး ငုတ်တုတ်ထိုင်ချလိုက်သည်။
"မာမီ ခေါင်းမူးပြန်ပြီလား"
အနောင်က ကလျာအနားရောက်လာကာ မေးလိုက်သည်။ အခုတလော မာမီဟာ အတွေးလွန်တတ်သည်။ တခါတလေဆို တစ်ညလုံးမအိပ်ဘဲ ဝရံတာမှာ ဆေးလိပ်သောက်ရင်း တွေးနေတတ်သည်။ အဲ့ဟာတွေအကြိုးဆက်ကတော့ မာမီရဲ့ ကျန်းမာရေးကို ထိခိုက်လာတဲ့အရာပင်။ ခေါင်းတွေခဏခဏမူးတတ်သည်။ အစားလည်းသိပ်မဝင်တာကြောင့် အရင်ကထက်ပိုပြီး ပိန်သွားမှန်းသိသာလွန်းသည်။
"ဟင့်အင်း ကိုယ်အဆင်ပြေပါတယ်"
ကလျာပြုံး၍သာ Babyရဲ့အမေးကို ဖြေလိုက်သည်။
ဘယ်လောက်ဘဲ နာကျင်နေပါစေ။ ဘယ်လောက်ဘဲ ဒုက္ခတွေကြုံတွေ့နေပါစေ။ အံ့ကလျာနွယ်ကတော့ သူထိုသို့ခံစားနေရကြောင်း သူချစ်တဲ့လူတွေကို ဖွင့်မပြောဘဲ အမြဲတမ်း လျှို့ဝှက်ထားနေတုန်းပင်။
.................................
TBC
A/N: Vote & Feedback ဒုန်း ဒုန်း ဒုန်း🙌
#Royal