ဒေးပုံမှန်နေ့ရက်တွေလိုပဲ ဖျက်သန်းကာ ဟိုလူဘက်ကလဲသူပုံစံအတိုင်း မနက်၊နေ့လည်၊ညနေ ပုံမှန်သုံးချိန်လုံး ဆိုင်သို့လာမြဲတိုင်းလာသလို ဒေးပြန်ချိန်ထိစောင့်ကာ စကားအနည်းငယ်လာပြောရင်း ဒေးလဲပြန်ပြောမိရာ အရင်လိုအခြေအနေတော့မဟုက်တော့ပဲ နည်းနည်းလေးတော့ နှစ်ယောက်သားဆက်ဆံရေးက ပိုရင်းနှီးလို့လာသည်။ဒီလိုနဲ့အချိန်နှစ်ပက်အတွင်းမှာ သူနဲ့ဒေးပိုပိုရင်းနှီးလာကာ တစ်ခါတစ်လေဒေးကိုလမ်းကြုံတယ်ဆိုပြီး အိမ်ပြန်လိုက်ပို့၍ ဒေးလဲမငြင်းသာပဲလိုက်ခဲ့မိသေးတယ်။
"ကိုယ် ကားပေါ်ကစောင့်နေမယ်နော် "
ရှိန်းထိုသို့ပြောပြီး ဆိုင်ထဲကထွက်လာကာ ကားပေါ်တက်ပြီး စောင့်နေလိုက်တယ်။ ဒီရက်ပိုင်အတွင်း ဒေးနဲ့သူအဆင်ပြေကာပိုရင်းနှီးလာပြီး အရင်လိုအချေကောင်လေးက စကားတွေအများကြီးပြန်ပြောလာသလို အိမ်ပြန်လိုက်ပို့ရင်လဲမငြင်းပဲလက်ခံသည်။ ဒါပင်မဲ့ရှိန်းခံစားချက်တွေကိုတော့မဖွင့်ပြောရသေး ဖွင့်ပြောချင်လွန်းလို့ရူးမတက်ပါပဲ ဒါပင်မဲ့လဲ ဖွင့်ပြောလိုက်ရင်လဲ အငြင်းခံရမှာကြောက်တယ်။ ဒီကောင်လေး ရှိန်းအနားကထွက်သွားမှာလဲသေလောက်အောင်ကြောက်တယ်။
ဒေါက်......ဒေါက်
ရှိန်းတွေးနေ့တုန်း ကားတံခါးခေါက်သံကြောင့် လန့်သွားကာ ဒေးတောင်ရောက်လာပြီပဲ။ ရှိန်းလဲ အမြန်ပဲကားတံခါးလော့ဖွင့်ပေးလိုက်တော့ ဒေကကားပေါ်တက်လာသည်။
"ဦးရှိန်း စောင့်ရတာကြာသွားလား"
"မကြာပါဘူး ဒေးရဲ့ ဒါဆိုကိုယ်တို့သွားကြမလား"
"ဟုက်.... ဒါနဲ့လေ ဦးရှိန်း..."
"ပြောလေဒေး ဘာပြောဖို့လဲ"
ပြောရင်ကောင်းမလားမပြောရင်ကောင်းမလား စဉ်းစားပြီး ဒေးခနတိတ်ဆိပ်သွားတော့၏
"ပြောပါဒေးရဲ့ ကိုယ့်ကိုအားမနာနဲ့"
"ဟို ကန်ဘောင်မှာအကင်သွားစားကြမလားလို့ပါ ဦးရှိန်းမအား...."
"ကိုယ်အားတာပေါ့ သွားစားကြမယ်လေ ကိုယ်လဲဗိုက်စာနေတာ"
"ဟုက်"
ရှိန်းကားကိုကန်ဘောင်ဘက်လမ်းကြောင်းရွေးလိုက်ကာ ဒေးဖြစ်ချင်တာမှန်သမျှသူဘာမဆိုလုပ်ပေးမှာပေ။
ကန်ဘောင်ရောက်တော့ ဒေးကအကင်ကိုကြိုက်တာတွေရွေးပြီးသဘောတွေကျနေလေရဲ့။ ပြီးတော့အဆိုးလေးက အကင်ကဘီယာလေးနဲ့မှလိုက်မှာဆိုပြီး သူသောက်ချင်တဲ့ဘီယာကို ရှိန်းအတွက်ပါဆိုပြီးပိုတောင်ဝယ်ခဲ့သေးတယ်။
"ကောင်းလိုက်တာဦးရှိန်းရယ် ဘီယာလေးနဲ့အကင်လေးရယ် ကန်ရေပြင်အေးအေးလေးရယ် လုံးဝ ပါဖက်ပဲ"
"အင်း အများကြီးမသောက်နဲ့အုံးနော်"
"နှစ်ဘူးလေးပဲပါဦးရှိန်းရဲ့ ဒီလောက်ကတော့အေးဆေးပါ"
နှစ်ဘူးလေးပဲဆိုကာ လက်လေးနှစ်ချောင်းထောင်ပြတဲ့ကောင်လေးက မျက်လုံးလေးတွေမှေးပြီး ရီဝေဝေဖြစ်နေတာတောင် အေးဆေးပါတဲ့ ရှိန်းမှာဖြင့်အသဲယား၍ဆွဲကိုင်ပြစ်ချင်နေသည်။
"ဦးရှိန်း သိလား"
ရှိန်းမှာအသဲယားနေတုန်း ဘေးကပ်ထိုင်နေတဲ့ဒေးက ရှိန်းပခုံးပေါ်ခေါင်းလေးတင်ပြီး ထိုသို့ဆိုလာတော့ ရှိန်းမှာရင်တွေခုန်လာတော့သည်။
"ကျွန်တော်ဖြစ်နိုင်ရင် ငှက်ကလေးတစ်ကောင်ဖြစ်လိုက်ချင်တယ်"
"ဘာဖြစ်လို့လဲ ဒေးရဲ့"
"ကျွန်တော် ဟိုးအဝေးဆုံးကိုပျံသန်းသွားချင်သလို အမြင့်ဆုံးကိုလဲရောက်ချင်လို့"
"အင်း"
ရှိန်းတစ်ယောက် ကောင်လေးစကားတွေကိုနားမလည်နိုင်ပင်မဲ့ ကောင်လေးကထိုစကားတွေကို တွေးတွေးစစပြောနေကာ တစ်ခုခုကိုဝမ်းနည်းနေတယ်ဆိုတာတော့ ရှိန်းခံစားမိတယ်။
"ကျွန်တော်ဘဝက အတောင်မစုံခင်မှာအတောင်ချိုးခံထားရတဲ့ငှက်တစ်ကောင်လိုပဲ ငှက်ဖြစ်ပါရဲ့ ပျံသန်းခွင့်မရခဲ့ဘူး တစ်ခြားငှက်တွေလိုပျော်ရွှင်ခွင့်မရဘူး ပြီးတော့....."
ပြောနေရင်း စကားကိုရပ်လိုက်တဲ့ကောင်လေးက စကားနဲ့အတူ ရှိန်းပခုံးပေါ်ကခေါင်လေးဟာလဲပြန်မက်လို့သွားသည်။
"sorry ဦရှိန်း ကျွန်တော်ကြောင့်..."
"ငိုချင်လား......ကိုယ်ရှိတာမို့ ငိုချင်ရင်ငိုလို့ရတယ် ပြီးတော့မှက်ထားပါဒေး မင်းကအတောင်ကြိုးတဲ့ငှက်ဆိုရင်တောင် အားမလျော့ပါနဲ့ အတောင်ရှိမှပျံသန်းနိုင်မယ်လို့ မသက်မှက်ထားပါဘူး"
"ပြန်ကြရအောင်ဦးရှိန်း ကျွန်တော်ပြန်ချင်နေပြီ"
ရှိန်းတို့ပြန်တဲ့လမ်းတစ်လျှောက် ဒေးကအသွားတုန်းကလိုမဟုက်ပဲသိသိသာသာငြိမ်လို့နေကာ ဘာစကားမှမပြောပဲကားမှန်မှတစ်ဆင့်အပြင်ဘက်ကိုပဲငေးလို့နေသည်။ ရှိန်းလဲ ဒေးဘာတွေဖြစ်နေမှန်းမသိတော့ သူလဲတိတ်ဆိပ်စွာပဲဒေးကိုအိမ်ပြန်ပို့ပေးလိုက်ကာ သူ့အိမ်သို့သူပြန်လာတော့သည်။
"သားရှိန်း ဒီရက်ပိုင်းအိမ်ပြန်တာနာက်ကျနေပါလား"
ရှိန်းအိမ်ထဲဝင်ဝင်ချင်းမာမီသံကြားလိုက်ရကာ မာမီမအိပ်သေးဘူးလား ဒါမှမဟုက်သူ့ကိုတမင်စောင့်နေတာလား။
"ဟုက်မာမီ ရုံးမှာproject အသစ်ကြောင့်အလုပ်နည်းနည်းရှုပ်နေလို့ပါ"
"အော် အေးပါ သမီးဒေစီတောင်သားကိုစောင့်နေသေးတယ် နောက်ကျနေပြီမို့ပြန်သွားတာ"
"ဟုက် မာမီမအိပ်သေးဘူးလား"
"အိပ်တော့မှာ မနက်ကျသမီးဒေစီအိမ်သွားပြီးချော့လိုက်အုံး မင်းညမဒီရက်ပိုင်း သူ့ကိုပြစ်ထားလို့စိတ်ကောက်နေတယ်"
"ဟုက်မာမီ သားသွာလိုက်ပါမယ် ပင်ပန်းလာလို့သားသွားနားတော့မယ်"
မာမီကိုနှုတ်ဆက်ပြီး ရှိန်းအခန်းထဲဝင်လာကာ နောက်နေ့တွေတွက်ရှေ့ဆက်ကြုံတွေ့ရမဲ့အရာတွေကို သူစိတ်ကသိနေသယောင် နှစ်ကလဲမကြာခင်ကုန်တော့မှာမို့ သူနဲ့ဒေစီရဲ့မင်္ဂလာဆောင်ကလဲနီးလို့လာပြီလေ။
"နင်ဒီလိုပဲနေနေတော့မှာလား ဒေစီဝင့်လွှာ "
"သမီးဘာလုပ်နေလို့လဲမေမေကလဲ"
"လက်ထပ်ဖို့ကိုလောခိုင်းထားတာ ပြီးတော့ မဟာရှိန်းမာန်ကိုနင့်ဘက်ပါလာအောင်လုပ်ခိုင်းထားတာယော ဘာလို့အခုထိဘားမှမဖြစ်လာရသေးတာလဲ"
"သမီးလဲအစွမ်းကုန်ကြိုးစားထားတာပဲ မာမီကဒီနှစ်ကုန်ရင်လက်ထက်ပွဲစီစဉ်ပေးမယ်လိုပြောထားပြီးပြီလေ ကိုကိုကိစ္စကတော့ မေမေလဲသိတဲ့အတိုင်း သမီးလဲကြိုးစားတာပဲသူကိုကအနားကပ်ရင်ရှောင်ရှောင်ပြေးနေတာ "
"အဲ့ဒါနင်အသုံးမကျလို့ပေါ့ ယောကျာ်းတစ်ယောက်ကိုဒါလေးတောင်ပိုင်အောင်မလုပ်တက်ဘူး အားနေဖဲရိုက်လိုက် clubတက်လိုက်နဲ့ အိမ်စီပွားရေးကပါးပါးလေးပဲကျန်တော့တာ ဟန်ပဲရှိတာအစံမရှိတော့ဘူးဟဲ့"
"သမီးကိုပဲအပြစ်ပြောမနေနဲ့လေ မေမေလဲဖဲတွေကြီးစွတ်ရိုက်မနေနဲ့ ဖေဖေကိုလဲထိန်းအုံး "
"နင်ငါ့ကိုခြေရာလာတိုင်းမနေနဲ့ မဟာရှိန်းမာန်ကိုသာအပိုင်ချုပ်ထား ဒါမှမဟာအိမ်တော်ရဲ့ပိုက်ဆံတွေကငါတို့အိတ်ထဲရောက်လာပြီး စိတ်ကြိုက်သုံးလို့ရမှာ"
"သမီးကိုယုံလိုက်ပါ အဖွားကြီးကသမီးဘက်မှာ အဖွားကြီးပြီးရင်အကုန်ပြီးတယ်"
"အေးပါ အေးပါ"
ဒေစီဝင့်လွှာတို့သားမိဟာ ညစ်ညစ်ကျယ်ကျယ်ပြုံးလိုက်ကြပြီး သူတို့ရဲ့ကောက်ကျစ်တဲ့စိတ်က မျက်နှာတွေပေါ်မှာအထင်းသားပေါ်လို့နေသည်။ သူမတို့မိသားစုက လောင်းကစားဝါသနာပါကြသလို အိမ်ထောင်မှုမထိန်းသိမ်းပဲလောင်းကစားမက်တဲ့မိန်းမနဲ့ အိမ်ထောင်ရေးဖောက်ပြန်အပျော်မက်တဲ့ယောကျာ်းတို့ရဲ့ စီးပွားရေးက ဘယ်လောက်ကြီးပဲချမ်းသာနေပါစေ ကြာရှည်မခံကာ မွေးဖွားလာတဲ့သမီးကိုလဲ အလွယ်လမ်းလိုက်ခိုင်းပြီး မထိန်းသိမ်းနိုင်တဲ့အပြင် လမ်းမှားကိုသာတွန်းပို့နေကြသည်။
ရှိန်းမိုးလင်းလို့အိပ်ယာနိုးထဲက မာမီရဲ့ဖုန်းနဲ့တစ်ကွ ဒေစီဝင့်လွာအိမ်ကိုသွားဖို့တစ်တွတ်တွတ်ပြောနေသလို မနက်စာဝိုင်းမှာလဲ လူကိုယ်တိုင်တစ်တွတ်တွတ်ပြောနေသောကြောင့် ရှိန်းစိတ်တွေတဂယ်ရှုပ်လို့လာသည်။
"သားအခုပဲသွားလိုက်ပါမယ် မာမီရယ် "
"နေအုန်းသားရှိန်း မာမီသမီးဒေစီတွက်လက်ဆောင်ထည့်ပေးလိုက်အုံးမယ် သားကိုယ်တိုင်ပေးတယ်ပြောနော် မာမီပေးတယ်မပြောနဲ့ ဒါမှသမီးဒေစီက စိတ်ကောက်ပြေမှာ"
မာမီကိုရှိန်းလဲမနိုင်တော့သလိုဘယ်သူမှလဲမနိုင်တော့ပါ။ မာမီကေတာ့ ဘာတွေထွင်နေပြန်လဲမသိပါဘူး။ ရှိန်းလဲမာမီပေးတဲ့လက်ဆောင်ဘူးကိုအမြန်ပဲယူလိုက်ကာ ကားမောင်းပြီး ဒေစီဝင်လွှာအိမ်ကိုရောက်ခဲ့တော့သည်။
"ဟယ် သားရှိန်းပဲစောစောစီးစီးကွယ် မင်းညမဆီလာတာလား"
"ဟုက်ကဲ့ အန်ကယ်နဲ့အန်တီ နေကောင်းတယ်မှက်လား"
ရှိန်းမပြုံးချင်ပဲပြုံးကာ ဝတ်တရားအရမေးလိုက်တော့၏ ဒေစီဝင့်လွှာအမေက သူ့ကိုမြင်တာနဲ့ပြာပြာသလဲဂရုစိုက်နေတော့ကာ ရှိန်းတဂယ်စိတ်မွန်းကျပ်တယ်။
"သားအန်ကယ်နဲ့စကားပြောနှင့်အုန်းနော် သားညမကိုအန်တီသွားနှိုးပေးမယ် ညကသူ့အဖေအလုပ်တွေဝိုင်းကူရင်းအိပ်ယာဝင်နောက်ကျသွားတာ ဟဲဟဲ"
"ဟုက်ကဲ့အန်တီ"
"ဒါနဲ့မောင်မဟာရှိန်းမာန်ရဲ့ ပရောဂျက်အသစ်အကြောင်း ဦးကြားထားတယ် အဆင်ယောပြေရဲ့လားကွဲ့"
"ဟုက်ပြေပါတယ်အန်ကယ် Hotelကလဲစောက်လို့ပြီးတော့မှာပါ"
"အေးကွယ် မောင်ရင်ကတော့ စီးပွားရေးလောကရဲ့နက်ဘုရားလို့တောင်ခေါ်နေကြတာမမှားဘူးကွဲ့ အရာရာကိုကြိုမြင်တက်တယ် ဒီလိုလူကိုသမက်တော်ရတာ ဦးသိပ်ဂုဏ်ယူတာပဲ ဟား....ဟား..."
"အဲ့လောက်လဲမဟုက်ပါဘူး အန်ကယ်ရယ် ကျွန်တော်ကြိုးစားဆဲပါ"
ဦးမောင်မြင့်လွင်ရဲ့အကြောင်းတွေရှိန်းနားနဲမဆန့်အောင်ကြားပင်မဲ့ ဒါတွေကရှိန်းနဲ့မဆိုင်ပါဘူးလေ။ ဦးမောင်မြင့်လွင်က စီးပွားရေးလောကမှာနာမည်ဆိုးနဲ့ကျော်ကြားပြီး မိန်းမလဲရှုတ်ကာ သူcompany ဆိုလဲ ရဲ့ရဲ့သာကျန်တော့တယ်လို့လဲ သတင်းတွေထွက်နေတယ်။
"ကိုကို ဒေစီဆီလာတယ် ဝမ်းသာလိုက်တာကိုကိုရယ်"
ရှိန်း ဦးမောင်မြင့်လွင်နဲ့စကားပြောနေတုန်း ဒေစီဝင့်လွှာကပြေးလာပြီး ရှိန်းကိုဖက်တွယ်တော့သည်။
"ဟို ကိုယ်ဒီရက်ပိုင်းအလုပ်တွေရှုတ်နေလို့ ညမဒေစီကိုပြစ်ထားသလိုဖြစ်သွားရင်တောင်းပန်ပါတယ်"
ရှိန်းမာမီပြောခိုင်းလိုက်တဲ့အတိုင်း ပြောလိုက်ကာ သူစိတ်ထဲတော့မပါခဲ့။ သူတောင်းပန်ကာမှဒေစီဝင့်လွှာက အမူပိုကာ ပိုစိတ်ကောက်ပြတော့သည်။
"သွားပါခုမှလာချော့မနေနဲ့ ကိုကိုကလက်ထပ်ခံနည်းမှဒေစီကို ပြစ်ထားပြီး ဘယ်ကောင်မလေးဆီရောက်နေတာလဲ"
"အော် ဟဲ့သမီး ဘယ်လိုတွေပြောနေတာလဲ သားရှိန်းကိုအားနာစရာကွယ်"
"ရပါတယ်အန်တီ ဒီမှာဒေစီဖို့လက်ဆောင်ပါ မာမီပေး......မာမီရွေးပေးလိုက်တာပါ"
ရှိန်းပါးစပ်ကထွက်တော့မလိုဖြစ်သွားပြီးမှအမြန်ပြန်ထိန်းလိုက်ကာ ဘူးကိုထိုးပေးလိုက်တော့ ဒေစီကပြုံးရွှင်ကာချက်ချင်းဖွင့်လိုက်သည်။
"ဟယ် လွလိုက္တာ စိန်ဆွဲကြိုးလေးပဲ "
တစ်ဖျက်ဖျက်လက်နေတဲ့ကြိုးလေးနဲ့အတူ စိန်လော့ကပ်လေးကတစ်လက်လက်မို့ ဒေစီဝင့်လွှာနဲ့အတူ သူမမိခင်မှာလဲပြုံးပျော်လို့နေသည်။
ရှိန်းဘူးကိုသာဒီတိုင်းယူလာတာ အထဲမွာဘာပါလဲမသိခဲ့ အခုတော့ဆွဲကြိုးတဲ့လားမာမီတစ်ယောက်နဲ့တော့လေ။ ဘူးကမာမီစိန်တိုက်နာမည်နဲ့မို့ ရှိန်းသိသလောက် ဒီလောက်လေးက သိန်း300 လောက်ရှိမှာ သူ့ဟာသူဘယ်လောက်ဖြစ်ဖြစ်ရှိန်းစိတ်မဝင်စားပါ မာမီသဒ္ဒါလို့မာမီပိုက်ဆံနဲ့ပေးတာ ရှိန်းနဲ့အနေသာကြီးပဲ။
###########################
zawgyi
ေဒးပံုမွန္ေန႔ရက္ေတြလိုပဲ ဖ်က္သန္းကာ ဟုိလူဘက္ကလဲသူပံုစံအတိုင္း မနက္၊ေန႔လည္၊ညေန ပံုမွန္သံုးခ်ိန္လံုး ဆိုင္သို႔လာျမဲတိုင္းလာသလို ေဒးျပန္ခ်ိန္ထိေစာင့္ကာ စကားအနည္းငယ္လာေျပာရင္း ေဒးလဲျပန္ေျပာမိရာ အရင္လိုအေျခအေနေတာ့မဟုက္ေတာ့ပဲ နည္းနည္းေလးေတာ့ ႏွစ္ေယာက္သားဆက္ဆံေရးက ပိုရင္းႏွီးလို႔လာသည္။ဒီလိုနဲ႔အခ်ိန္ႏွစ္ပက္အတြင္းမွာ သူနဲ႔ေဒးပိုပိုရင္းႏွီးလာကာ တစ္ခါတစ္ေလေဒးကိုလမ္းၾကံဳတယ္ဆိုၿပီး အိမ္ျပန္လိုက္ပို႔၍ ေဒးလဲမျငင္းသာပဲလိုက္ခဲ့မိေသးတယ္။
"ကိုယ္ ကားေပၚကေစာင့္ေနမယ္ေနာ္ "
႐ွိန္းထိုသို႔ေျပာၿပီး ဆိုင္ထဲကထြက္လာကာ ကားေပၚတက္ၿပီး ေစာင့္ေနလိုက္တယ္။ ဒီရက္ပိုင္အတြင္း ေဒးနဲ႔သူအဆင္ေျပကာပိုရင္းႏွီးလာၿပီး အရင္လိုအေခ်ေကာင္ေလးက စကားေတြအမ်ားႀကီးျပန္ေျပာလာသလို အိမ္ျပန္လိုက္ပို႔ရင္လဲမျငင္းပဲလက္ခံသည္။ ဒါပင္မဲ့႐ွိန္းခံစားခ်က္ေတြကိုေတာ့မဖြင့္ေျပာရေသး ဖြင့္ေျပာခ်င္လြန္းလို႔႐ူးမတက္ပါပဲ ဒါပင္မဲ့လဲ ဖြင့္ေျပာလိုက္ရင္လဲ အျငင္းခံရမွာေၾကာက္တယ္။ ဒီေကာင္ေလး ႐ွိန္းအနားကထြက္သြားမွာလဲေသေလာက္ေအာင္ေၾကာက္တယ္။
ေဒါက္......ေဒါက္
႐ွိန္းေတြးေန႔တုန္း ကားတံခါးေခါက္သံေၾကာင့္ လန္႔သြားကာ ေဒးေတာင္ေရာက္လာၿပီပဲ။ ႐ွိန္းလဲ အျမန္ပဲကားတံခါးေလာ့ဖြင့္ေပးလိုက္ေတာ့ ေဒကကားေပၚတက္လာသည္။
"ဦး႐ွိန္း ေစာင့္ရတာၾကာသြားလား"
"မၾကာပါဘူး ေဒးရဲ႕ ဒါဆိုကိုယ္တို႔သြားၾကမလား"
"ဟုက္.... ဒါနဲ႔ေလ ဦး႐ွိန္း..."
"ေျပာေလေဒး ဘာေျပာဖို႔လဲ"
ေျပာရင္ေကာင္းမလားမေျပာရင္ေကာင္းမလား စဥ္းစားၿပီး ေဒးခနတိတ္ဆိပ္သြားေတာ့၏
"ေျပာပါေဒးရဲ႕ ကိုယ့္ကိုအားမနာနဲ႔"
"ဟို ကန္ေဘာင္မွာအကင္သြားစားၾကမလားလို႔ပါ ဦး႐ွိန္းမအား...."
"ကိုယ္အားတာေပါ့ သြားစားၾကမယ္ေလ ကိုယ္လဲဗိုက္စာေနတာ"
"ဟုက္"
႐ွိန္းကားကိုကန္ေဘာင္ဘက္လမ္းေၾကာင္းေရြးလိုက္ကာ ေဒးျဖစ္ခ်င္တာမွန္သမွ်သူဘာမဆိုလုပ္ေပးမွာေပ။
ကန္ေဘာင္ေရာက္ေတာ့ ေဒးကအကင္ကိုႀကိဳက္တာေတြေရြးၿပီးသေဘာေတြက်ေနေလရဲ႕။ ျပီးေတာ့အဆိုးေလးက အကင္ကဘီယာေလးနဲ႔မွလိုက္မွာဆိုၿပီး သူေသာက္ခ်င္တဲ့ဘီယာကို ႐ွိန္းအတြက္ပါဆိုၿပီးပိုေတာင္ဝယ္ခဲ့ေသးတယ္။
"ေကာင္းလိုက္တာဦး႐ွိန္းရယ္ ဘီယာေလးနဲ႔အကင္ေလးရယ္ ကန္ေရျပင္ေအးေအးေလးရယ္ လံုးဝ ပါဖက္ပဲ"
"အင္း အမ်ားႀကီးမေသာက္နဲ႔အံုးေနာ္"
"ႏွစ္ဘူးေလးပဲပါဦး႐ွိန္းရဲ႕ ဒီေလာက္ကေတာ့ေအးေဆးပါ"
ႏွစ္ဘူးေလးပဲဆိုကာ လက္ေလးႏွစ္ေခ်ာင္းေထာင္ျပတဲ့ေကာင္ေလးက မ်က္လံုးေလးေတြေမွးၿပီး ရီေဝေဝျဖစ္ေနတာေတာင္ ေအးေဆးပါတဲ့ ႐ွိန္းမွာျဖင့္အသဲယား၍ဆြဲကိုင္ျပစ္ခ်င္ေနသည္။
"ဦး႐ွိန္း သိလား"
႐ွိန္းမွာအသဲယားေနတုန္း ေဘးကပ္ထိုင္ေနတဲ့ေဒးက ႐ွိန္းပခံုးေပၚေခါင္းေလးတင္ၿပီး ထိုသို႔ဆိုလာေတာ့ ႐ွိန္းမွာရင္ေတြခုန္လာေတာ့သည္။
"ကြၽန္ေတာ္ျဖစ္ႏိုင္ရင္ ငွက္ကေလးတစ္ေကာင္ျဖစ္လိုက္ခ်င္တယ္"
"ဘာျဖစ္လို႔လဲ ေဒးရဲ႕"
"ကြၽန္ေတာ္ ဟိုးအေဝးဆံုးကိုပ်ံသန္းသြားခ်င္သလို အျမင့္ဆံုးကိုလဲေရာက္ခ်င္လို႔"
"အင္း"
႐ွိန္းတစ္ေယာက္ ေကာင္ေလးစကားေတြကိုနားမလည္ႏိုင္ပင္မဲ့ ေကာင္ေလးကထိုစကားေတြကို ေတြးေတြးစစေျပာေနကာ တစ္ခုခုကိုဝမ္းနည္းေနတယ္ဆိုတာေတာ့ ႐ွိန္းခံစားမိတယ္။
"ကြၽန္ေတာ္ဘဝက အေတာင္မစံုခင္မွာအေတာင္ခ်ိဳးခံထားရတဲ့ငွက္တစ္ေကာင္လိုပဲ ငွက္ျဖစ္ပါရဲ႕ ပ်ံသန္းခြင့္မရခဲ့ဘူး တစ္ျခားငွက္ေတြလိုေပ်ာ္ရႊင္ခြင္႔မရဘူး ၿပီးေတာ့....."
ေျပာေနရင္း စကားကိုရပ္လိုက္တဲ့ေကာင္ေလးက စကားနဲ႔အတူ ႐ွိန္းပခံုးေပၚကေခါင္ေလးဟာလဲျပန္မက္လို႔သြားသည္။
"sorry ဦ႐ွိန္း ကြၽန္ေတာ္ေၾကာင့္..."
"ငိုခ်င္လား......ကိုယ္႐ွိတာမို႔ ငိုခ်င္ရင္ငိုလို႔ရတယ္ ၿပီးေတာ့မွက္ထားပါေဒး မင္းကအေတာင္ႀကိဳးတဲ့ငွက္ဆိုရင္ေတာင္ အားမေလ်ာ့ပါနဲ႔ အေတာင္႐ွိမွပ်ံသန္းႏိုင္မယ္လို႔ မသက္မွက္ထားပါဘူး"
"ျပန္ၾကရေအာင္ဦး႐ွိန္း ကြၽန္ေတာ္ျပန္ခ်င္ေနၿပီ"
႐ွိန္းတို႔ျပန္တဲ့လမ္းတစ္ေလ်ွာက္ ေဒးကအသြားတုန္းကလိုမဟုက္ပဲသိသိသာသာၿငိမ္လို႔ေနကာ ဘာစကားမွမေျပာပဲကားမွန္မွတစ္ဆင့္အျပင္ဘက္ကိုပဲေငးလို႔ေနသည္။ ႐ွိန္းလဲ ေဒးဘာေတြျဖစ္ေနမွန္းမသိေတာ့ သူလဲတိတ္ဆိပ္စြာပဲေဒးကိုအိမ္ျပန္ပို႔ေပးလိုက္ကာ သူ႔အိမ္သို႔သူျပန္လာေတာ့သည္။
"သား႐ွိန္း ဒီရက္ပိုင္းအိမ္ျပန္တာနာက္က်ေနပါလား"
႐ွိန္းအိမ္ထဲဝင္ဝင္ခ်င္းမာမီသံၾကားလိုက္ရကာ မာမီမအိပ္ေသးဘူးလား ဒါမွမဟုက္သူ႔ကိုတမင္ေစာင့္ေနတာလား။
"ဟုက္မာမီ ရံုးမွာproject အသစ္ေၾကာင့္အလုပ္နည္းနည္း႐ႈပ္ေနလို႔ပါ"
"ေအာ္ ေအးပါ သမီးေဒစီေတာင္သားကိုေစာင့္ေနေသးတယ္ ေနာက္က်ေနၿပီမို႔ျပန္သြားတာ"
"ဟုက္ မာမီမအိပ္ေသးဘူးလား"
"အိပ္ေတာ့မွာ မနက္က်သမီးေဒစီအိမ္သြားၿပီးေခ်ာ့လိုက္အံုး မင္းညမဒီရက္ပိုင္း သူ႔ကိုျပစ္ထားလို႔စိတ္ေကာက္ေနတယ္"
"ဟုက္မာမီ သားသြာလိုက္ပါမယ္ ပင္ပန္းလာလို႔သားသြားနားေတာ့မယ္"
မာမီကိုႏႈတ္ဆက္ၿပီး ႐ွိန္းအခန္းထဲဝင္လာကာ ေနာက္ေန႔ေတြတြက္ေ႐ွ႕ဆက္ၾကံဳေတြ႔ရမဲ့အရာေတြကို သူစိတ္ကသိေနသေယာင္ ႏွစ္ကလဲမၾကာခင္ကုန္ေတာ့မွာမို႔ သူနဲ႔ေဒစီရဲ႕မဂၤလာေဆာင္ကလဲနီးလို႔လာၿပီေလ။
"နင္ဒီလိုပဲေနေနေတာ့မွာလား ေဒစီဝင့္လႊာ "
"သမီးဘာလုပ္ေနလို႔လဲေမေမကလဲ"
"လက္ထပ္ဖို႔ကိုေလာခိုင္းထားတာ ၿပီးေတာ့ မဟာ႐ွိန္းမာန္ကိုနင့္ဘက္ပါလာေအာင္လုပ္ခိုင္းထားတာေယာ ဘာလို႔အခုထိဘားမွမျဖစ္လာရေသးတာလဲ"
"သမီးလဲအစြမ္းကုန္ႀကိဳးစားထားတာပဲ မာမီကဒီႏွစ္ကုန္ရင္လက္ထက္ပြဲစီစဥ္ေပးမယ္လိုေျပာထားၿပီးၿပီေလ ကိုကိုကိစၥကေတာ့ ေမေမလဲသိတဲ့အတိုင္း သမီးလဲႀကိဳးစားတာပဲသူကိုကအနားကပ္ရင္ေ႐ွာင္ေ႐ွာင္ေျပးေနတာ "
"အဲ့ဒါနင္အသံုးမက်လို႔ေပါ့ ေယာက်ာ္းတစ္ေယာက္ကိုဒါေလးေတာင္ပိုင္ေအာင္မလုပ္တက္ဘူး အားေနဖဲ႐ိုက္လိုက္ clubတက္လိုက္နဲ႔ အိမ္စီပြားေရးကပါးပါးေလးပဲက်န္ေတာ့တာ ဟန္ပဲ႐ွိတာအစံမ႐ွိေတာ့ဘူးဟဲ့"
"သမီးကိုပဲအျပစ္ေျပာမေနနဲ႔ေလ ေမေမလဲဖဲေတြႀကီးစြတ္႐ိုက္မေနနဲ႔ ေဖေဖကိုလဲထိန္းအံုး "
"နင္ငါ့ကိုေျခရာလာတိုင္းမေနနဲ႔ မဟာ႐ွိန္းမာန္ကိုသာအပိုင္ခ်ဳပ္ထား ဒါမွမဟာအိမ္ေတာ္ရဲ႕ပိုက္ဆံေတြကငါတို႔အိတ္ထဲေရာက္လာၿပီး စိတ္ႀကိဳက္သံုးလို႔ရမွာ"
"သမီးကိုယံုလိုက္ပါ အဖြားႀကီးကသမီးဘက္မွာ အဖြားႀကီးၿပီးရင္အကုန္ၿပီးတယ္"
"ေအးပါ ေအးပါ"
ေဒစီဝင့္လႊာတို႔သားမိဟာ ညစ္ညစ္က်ယ္က်ယ္ျပံဳးလိုက္ၾကၿပီး သူတို႔ရဲ႕ေကာက္က်စ္တဲ့စိတ္က မ်က္ႏွာေတြေပၚမွာအထင္းသားေပၚလို႔ေနသည္။ သူမတို႔မိသားစုက ေလာင္းကစားဝါသနာပါၾကသလို အိမ္ေထာင္မႈမထိန္းသိမ္းပဲေလာင္းကစားမက္တဲ႔မိန္းမနဲ႔ အိမ္ေထာင္ေရးေဖာက္ျပန္အေပ်ာ္မက္တဲ့ေယာက်ာ္းတို႔ရဲ႕ စီးပြားေရးက ဘယ္ေလာက္ႀကီးပဲခ်မ္းသာေနပါေစ ၾကာ႐ွည္မခံကာ ေမြးဖြားလာတဲ့သမီးကိုလဲ အလြယ္လမ္းလိုက္ခိုင္းၿပီး မထိန္းသိမ္းႏိုင္တဲ့အျပင္ လမ္းမွားကိုသာတြန္းပို႔ေနၾကသည္။
႐ွိန္းမိုးလင္းလို႔အိပ္ယာႏိုးထဲက မာမီရဲ႕ဖုန္းနဲ႔တစ္ကြ ေဒစီဝင့္လြာအိမ္ကိုသြားဖို႔တစ္တြတ္တြတ္ေျပာေနသလို မနက္စာဝိုင္းမွာလဲ လူကိုယ္တိုင္တစ္တြတ္တြတ္ေျပာေနေသာေၾကာင့္ ႐ွိန္းစိတ္ေတြတဂယ္႐ႈပ္လို႔လာသည္။
"သားအခုပဲသြားလိုက္ပါမယ္ မာမီရယ္ "
"ေနအုန္းသား႐ွိန္း မာမီသမီးေဒစီတြက္လက္ေဆာင္ထည့္ေပးလိုက္အံုးမယ္ သားကိုယ္တိုင္ေပးတယ္ေျပာေနာ္ မာမီေပးတယ္မေျပာနဲ႔ ဒါမွသမီးေဒစီက စိတ္ေကာက္ေျပမွာ"
မာမီကို႐ွိန္းလဲမႏိုင္ေတာ့သလိုဘယ္သူမွလဲမႏိုင္ေတာ့ပါ။ မာမီကေတာ့ ဘာေတြထြင္ေနျပန္လဲမသိပါဘူး။ ႐ွိန္းလဲမာမီေပးတဲ့လက္ေဆာင္ဘူးကိုအျမန္ပဲယူလိုက္ကာ ကားေမာင္းၿပီး ေဒစီဝင္လႊာအိမ္ကိုေရာက္ခဲ့ေတာ့သည္။
"ဟယ္ သား႐ွိန္းပဲေစာေစာစီးစီးကြယ္ မင္းညမဆီလာတာလား"
"ဟုက္ကဲ့ အန္ကယ္နဲ႔အန္တီ ေနေကာင္းတယ္မွက္လား"
႐ွိန္းမျပံဳးခ်င္ပဲျပံဳးကာ ဝတ္တရားအရေမးလိုက္ေတာ့၏ ေဒစီဝင့္လႊာအေမက သူ႔ကိုျမင္တာနဲ႔ျပာျပာသလဲဂ႐ုစိုက္ေနေတာ့ကာ ႐ွိန္းတဂယ္စိတ္မြန္းက်ပ္တယ္။
"သားအန္ကယ္နဲ႔စကားေျပာႏွင့္အုန္းေနာ္ သားညမကိုအန္တီသြားႏိႈးေပးမယ္ ညကသူ႔အေဖအလုပ္ေတြဝိုင္းကူရင္းအိပ္ယာဝင္ေနာက္က်သြားတာ ဟဲဟဲ"
"ဟုက္ကဲ့အန္တီ"
"ဒါနဲ႔ေမာင္မဟာ႐ွိန္းမာန္ရဲ႕ ပေရာဂ်က္အသစ္အေၾကာင္း ဦးၾကားထားတယ္ အဆင္ေယာေျပရဲ႕လားကြဲ႔"
"ဟုက္ေျပပါတယ္အန္ကယ္ Hotelကလဲေစာက္လို႔ၿပီးေတာ့မွာပါ"
"ေအးကြယ္ ေမာင္ရင္ကေတာ့ စီးပြားေရးေလာကရဲ႕နက္ဘုရားလို႔ေတာင္ေခၚေနၾကတာမမွားဘူးကြဲ႔ အရာရာကိုႀကိဳျမင္တက္တယ္ ဒီလိုလူကိုသမက္ေတာ္ရတာ ဦးသိပ္ဂုဏ္ယူတာပဲ ဟား....ဟား..."
"အဲ့ေလာက္လဲမဟုက္ပါဘူး အန္ကယ္ရယ္ ကြၽန္ေတာ္ႀကိဳးစားဆဲပါ"
ဦးေမာင္ျမင့္လြင္ရဲ႕အေၾကာင္းေတြ႐ွိန္းနားနဲမဆန္႔ေအာင္ၾကားပင္မဲ့ ဒါေတြက႐ွိန္းနဲ႔မဆိုင္ပါဘူးေလ။ ဦးေမာင္ျမင့္လြင္က စီးပြားေရးေလာကမွာနာမည္ဆိုးနဲ႔ေက်ာ္ၾကားၿပီး မိန္းမလဲ႐ႈတ္ကာ သူcompany ဆိုလဲ ရဲ႕ရဲ႕သာက်န္ေတာ့တယ္လို႔လဲ သတင္းေတြထြက္ေနတယ္။
"ကိုကို ေဒစီဆီလာတယ္ ဝမ္းသာလိုက္တာကိုကိုရယ္"
႐ွိန္း ဦးေမာင္ျမင့္လြင္နဲ႔စကားေျပာေနတုန္း ေဒစီဝင့္လႊာကေျပးလာၿပီး ႐ွိန္းကိုဖက္တြယ္ေတာ့သည္။
"ဟို ကိုယ္ဒီရက္ပိုင္းအလုပ္ေတြ႐ႈတ္ေနလို႔ ညမေဒစီကိုျပစ္ထားသလိုျဖစ္သြားရင္ေတာင္းပန္ပါတယ္"
႐ွိန္းမာမီေျပာခိုင္းလိုက္တဲ့အတိုင္း ေျပာလိုက္ကာ သူစိတ္ထဲေတာ့မပါခဲ့။ သူေတာင္းပန္ကာမွေဒစီဝင့္လႊာက အမူပိုကာ ပိုစိတ္ေကာက္ျပေတာ့သည္။
"သြားပါခုမွလာေခ်ာ့မေနနဲ႔ ကိုကိုကလက္ထပ္ခံနည္းမွေဒစီကို ျပစ္ထားၿပီး ဘယ္ေကာင္မေလးဆီေရာက္ေနတာလဲ"
"ေအာ္ ဟဲ့သမီး ဘယ္လိုေတြေျပာေနတာလဲ သား႐ွိန္းကိုအားနာစရာကြယ္"
"ရပါတယ္အန္တီ ဒီမွာေဒစီဖို႔လက္ေဆာင္ပါ မာမီေပး......မာမီေရြးေပးလိုက္တာပါ"
႐ွိန္းပါးစပ္ကထြက္ေတာ့မလိုျဖစ္သြားၿပီးမွအျမန္ျပန္ထိန္းလိုက္ကာ ဘူးကိုထိုးေပးလိုက္ေတာ့ ေဒစီကျပံဳးရႊင္ကာခ်က္ခ်င္းဖြင့္လိုက္သည္။
"ဟယ္ လွလိုက္တာ စိန္ဆြဲႀကိဳးေလးပဲ "
တစ္ဖ်က္ဖ်က္လက္ေနတဲ့ႀကိဳးေလးနဲ႔အတူ စိန္ေလာ့ကပ္ေလးကတစ္လက္လက္မို႔ ေဒစီဝင့္လႊာနဲ႔အတူ သူမမိခင္မွာလဲျပံဳးေပ်ာ္လို႔ေနသည္။
႐ွိန္းဘူးကိုသာဒီတိုင္းယူလာတာ အထဲမွာဘာပါလဲမသိခဲ့ အခုေတာ့ဆြဲႀကိဳးတဲ့လားမာမီတစ္ေယာက္နဲ႔ေတာ့ေလ။ ဘူးကမာမီစိန္တိုက္နာမည္နဲ႔မို႔ ႐ွိန္းသိသေလာက္ ဒီေလာက္ေလးက သိန္း300 ေလာက္႐ွိမွာ သူ႔ဟာသူဘယ္ေလာက္ျဖစ္ျဖစ္႐ွိန္းစိတ္မဝင္စားပါ မာမီသဒၵါလို႔မာမီပိုက္ဆံနဲ႔ေပးတာ ႐ွိန္းနဲ႔အေနသာႀကီးပဲ။
###########################