(Unicode)
ကိစ္စတွေအကုန်ဖြေရှင်းပြီးသွားတော့ ကျောင်းတော်ကြီးရှိ ကျောင်းသား၊ကျောင်းသူတွေအကုန်လုံး စည်းစည်းလုံးလုံးဖြင့်ကျောင်းတက်နေကြသည်မှာ တစ်ပတ်ခန့်ရှိသွားခဲ့ပြီဖြစ်သည်။
ကျောင်းတက်ရမှာကိုအရင်ကထက်ပိုပြီး ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ကောင်လေးကြောင့် Chanyeol လည်းစိတ်ချမ်းသာရပါသည်။
"ကိုယ့်ကိုကြည့် ကောင်လေး"
ကျောင်းဝင်းရှေ့ရောက်ပြီဆိုပေမယ့်လည်း ကားပေါ်ကမဆင်းသေးဘဲ ကောင်လေးရဲ့မျက်နှာလေးကို မေးစေ့ကနေအသာကိုင်ပြီး Chanyeol သေချာကြည့်ရှုလိုက်သည်။
"အင်း၊ ဒဏ်ရာကအရှင်းပျောက်သွားပြီပဲ"
အခုမှသာ Chanyeol ရဲ့စိတ်ထဲ ရှင်းရှင်းလင်းလင်းအေးချမ်းရတာပါ။ကောင်လေးကို ဒဏ်ရာနှင့်တွေ့လိုက်ရချိန်ကတည်းကစပြီး တစ်လျှောက်လုံး Chanyeol ရဲ့ရင်ထဲအပူလုံးကြီးရှိနေတာဖြစ်သည်။
ကိစ္စတစ်ခုခုရှိလာရင် ဖြေရှင်းနေကြအတိုင်း ရန်ကိုရန်ချင်းမတုန့်ပြန်ဘဲ ကောင်လေးရဲ့ကိစ္စကို Chanyeol ဖြေရှင်းပြီးပေမယ့်လည်း နှုတ်ခမ်းပါးပေါ်ကဒဏ်ရာကိုတွေ့တိုင်း ရင်ထဲတနုံ့နုံ့ဖြစ်နေရစဲပင်။တော်သေးတာပေါ့၊ အခုတော့ ကောင်လေးရဲ့ ဒဏ်ရာအရှင်းပျောက်သွားပြီမို့။
"ကောင်လေးမှာကိစ္စတစ်ခုခုရှိလာတိုင်း ကိုယ့်ကိုချက်ချင်းအသိပေးနော်၊ ကောင်လေး လျှို့ဝှက်ထားချင်တဲ့ကိစ္စတွေကလွဲလို့ပေါ့၊ ဟုတ်ပြီလား"
"ဟုတ်၊ သိပါပြီ ဦး"
ဒါနဲ့ဆို Chanyeol ဒီစကားပြောတာ လက်ငါးချောင်းပြည့်နေပြီဆိုပေမယ့်လည်း ကောင်လေးကတော့ အကြိမ်တိုင်း နာနာခံခံဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်နေတုန်းပင်။
ခေါင်းလုံးလုံးလေးကိုအသာအုပ်ကိုင်လိုက်ပြီးတော့မှ လက်ပြန်ရုတ်ကြီး Chanyeol ကားပေါ်ကအရင်ဆင်းလိုက်သည်။ထို့နောက် ကောင်လေးဘက်ကကားတံခါးကိုသွားဖွင့်ပေးပြီး ကောင်လေးကိုလည်းဆင်းစေလိုက်ပါသည်။
"ဒါဆို ကျောင်းထဲဝင်တော့နော်၊ ကိုယ်သွားတော့မယ်၊ ဒီနေ့လည်း စာကောင်းကောင်းလိုက်သင်နိုင်ပါစေဗျာ"
"ဟုတ်ကဲ့၊ ဦးရောပဲ အလုပ်မှာအဆင်ပြေပါစေဗျ၊ ကောင်းကောင်းသွားပါ ဦး"
"အင်း၊ ကောင်လေးအရင် ကျောင်းထဲဝင်"
"ဟုတ်၊ တာ့တာ ဦး"
Chanyeol ပြုံးလျှက်လက်ဝေ့ရမ်းပြလိုက်တော့ ကောင်လေးကလည်း ပြုံးတုံ့တုံ့ဖြင့်လှည့်ကြည့်လှည့်ကြည့်လုပ်ပြီး ကျောင်းထဲဝင်သွားပါသည်။တဖြည်းဖြည်းဝေးကွာသွားတဲ့ကျောပြင်ငယ်လေးကို Chanyeol တမေ့တမောငေးကြည့်နေမိသည်။
ထိုအချိန်
"မင်္ဂလာပါ ဒေါက်တာဦး"
"မင်္ဂလာပါ ဒေါက်တာ"
ကျောင်းသူအုပ်စုက ကျောင်းဝင်းထဲဝင်ခါနီး Chanyeol ကိုတွေ့ပြီးနှုတ်ဆက်လာတာမို့ ပြန်နှုတ်ဆက်ရပါသည်။
"မင်္ဂလာပါ ကျောင်းသူတို့"
အခုဆိုရင် ကောင်လေးတို့အတန်းထဲက ကျောင်းသား၊ကျောင်းသူတွေတင်မကဘဲ တစ်ကျောင်းလုံးနီးပါးလည်း Chanyeol ကိုသိနေကြပြီဖြစ်သည်။အခုလို တွေ့တိုင်းနှုတ်ဆက်ပြီးမှသာ သူတို့အလိုရှိရာကိုသွားကြပါသည်။မသိရင် Chanyeol ကကျောင်းဆရာကျလို့။
ခေါင်းခါ၍အသာပြုံးပြီးမှသာ Chanyeol ကားပေါ်ပြန်တက်ပြီး အလုပ်သို့ဦးတည်ထွက်ခဲ့လိုက်တော့သည်။
:
"Baekhyun လာပြီ!"
သူဝင်လာတာကိုမြင်တာနဲ့ ပျော်ရွှင်သွားတဲ့ ယူဘင်း ကြောင့် Baekhyun ပြုံးလိုက်မိပြီး နေရာမှာသွားထိုင်လိုက်သည်။
"မင်းကအစောကြီးရောက်နေတာပဲ"
"အိမ်ကနီးတာကိုး၊ ကျောင်းမှာနေရတာပိုပျော်လို့ အိမ်မှာနေရတဲ့အချိန်နည်းရင်ပြီးရော ဟဲ!"
"ဪ.....အင်းပါ"
ယူဘင်း ကနွေးထွေးတဲ့မိသားစုမှာနေရတဲ့ ကလေးဖြစ်ပေမယ့်လည်း ရွယ်တူသူငယ်ချင်းတွေရှိတဲ့ကျောင်းမှာနေရတာကို ပိုပျော်တယ်ထင်ပါသည်။
"မင်းကတော့ အိမ်မှာနေရတာကို ပိုပျော်မှာပေါ့နော် Baekhyun ၊ ဒေါက်တာဦး နဲ့နေရတာဆိုတော့လေ"
"ဟင်....."
Baekhyun မလုံမလဲဖြင့်ကြည့်မိတော့ ယူဘင်း ရဲ့မျက်နှာကပြုံးစိစိဖြစ်နေပြန်ပါပြီ။
"အာ....အဲ့လိုရယ်လည်းမဟုတ်ပါဘူး၊ ကျောင်းတက်ရတာပျော်ပါတယ်၊ အခုနောက်ပိုင်းဆို ပိုတောင်ပျော်သေးတယ်"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ"
ယူဘင်း ဘာမှဆက်မပြောလာတော့မှသာ လွယ်အိတ်ကြိုးကိုလိမ်ကျစ်နေမိတာအား Baekhyun ရပ်လိုက်မိသည်။
ထိုအချိန် အခန်းထဲကို လီဆောင်း တို့အုပ်စုဝင်လာသည်။
"ကဲ ကဲ ငါတို့လီဆောင်းက ဒီနေ့ သူ့မွေးနေ့မို့လို့ တစ်တန်းလုံးကိုမုန့်ဝယ်ကျွေးမယ်တဲ့ဟေ့!"
"ဟေးးးး"
"စားရချည်သေးရဲ့!"
"ကြိုက်တာ စားလို့ရတယ်မလား!"
အကုန်လုံးဆီကနေ တစ်ယောက်တစ်ပေါက်အသံတွေထွက်လာတဲ့အခါ Baekhyun ရဲ့ဘေးနားက ယူဘင်း ကလည်းအသံဆာဆာဖြင့်ထအော်သည်။
"မင်းက တစ်ယောက်ကိုဘယ်လောက်ဖိုးကျွေးမှာလဲ၊ အဲ့ဒါသိရမှ ငါတို့လည်းဘာစားရမလဲစဉ်းစားရမှာပေါ့၊ စျေးပေါပြီးအရသာမကောင်းတာမျိုးတော့ မစားချင်ဘူးနော့်"
ထိုအခါ လီဆောင်း ကခေါင်းတခါခါဖြင့် Baekhyun တို့အနားလျှောက်လာသည်။
"ကင်ယူဘင်း ကကြီးကျယ်လိုက်တာ၊ စားချင်တာသာစားပါ၊ မင်းလောက်ကတော့ ငါတစ်သက်လုံးတောင်တင်ကျွေးထားနိုင်ပါတယ်"
"အဲ့လောက်ကတော့များသွားပြီ ဟေ့ရောင်!"
ယူဘင်း ရဲ့မျက်စောင်းက လီဆောင်း ဆီဒိုင်းခနဲ။ဘယ်သူတွေဘယ်လိုတည့်တည့် ယူဘင်း နှင့် လီဆောင်း တို့ကတော့တစ်ယောက်နှင့်တစ်ယောက်စောင်းချိတ်နေကြစဲပင်။
"ငါကသဘောပြောပြတာပါ၊ ကဲ မင်းရော Baekhyun ရောဘာစားမှာလဲပြော၊ ကျန်တဲ့လူတွေလည်းမြန်မြန်ပြော၊ ငါတို့သွားဝယ်ရဦးမှာ"
"အေးပါ အေးပါ"
ထိုသို့ဖြင့် လီဆောင်း တို့သူငယ်ချင်းတစ်စုက အတန်းထဲကလူတွေ ဘယ်သူဘာစားမလဲမှတ်ပြီး အခန်းထဲကထွက်သွားတော့သည်။
"အတန်းထဲကလူတွေမွေးနေ့ တစ်လမှာ နှစ်ယောက်လောက်ရှိရင် ကောင်းမယ်နော် ဟဲဟဲ!"
"မင်းကတော့လေ"
တစ်ဦးတည်းသော သူဌေးသားလေးဖြစ်ပေမယ့်လည်း တစ်ခုခုများအလကားရရင်ပျော်နေတတ်တဲ့ ယူဘင်း ကိုတော့ Baekhyun လက်လန်ပါသည်။
"အို့! ဒါနဲ့ ငါဟိုတစ်ခါကယူလာတဲ့ကြက်သားမုန့်လေ အခုထပ်ပါလာတယ်"
ယူဘင်း ကပြောပြောဆိုဆိုဖြင့် သူ့လွယ်အိတ်ထဲက မုန့်ထုပ်ကိုထုတ်ယူလိုက်သည်။
"အဲ့ဒီနေ့က မင်းမစားလိုက်ရဘူးလေ၊ အရသာက အရမ်းကောင်းတာနော်၊ အိမ်မှာရှိတဲ့မုန့်တွေထဲမှာငါအကြိုက်ဆုံးပဲ၊ ရော့"
"ကောင်းကောင်းစားပါ့မယ်"
ယူဘင်း ကမ်းပေးလာတဲ့မုန့်ထုပ်လေးကို Baekhyun ယူလိုက်သည်။ဒီမုန့်ရဲ့အနံ့လေးကအစ မှတ်မိပါသေးသည်။ထို့နောက် မုန့်ထုပ်ကိုဖောက်လိုက်တယ်ဆိုရင်ပဲ
"အွန်! ဝေါ့!"
လှိုင်တက်လာတဲ့ကြက်သားအနံ့ကြောင့် Baekhyun ပျို့တက်သွားရသည်။ဒီတစ်ခါ မုန့်အနံ့ကတစ်မျိုးဖြစ်နေပါလား။
"ဟင် ဘာဖြစ်လို့လဲ Baekhyun ၊ သိုးနေလို့လား"
"အ..အနံ့ကတစ်မျိုးဖြစ်နေတယ်"
"ဟုတ်လား ပြကြည့်"
Baekhyun ရဲ့လက်ထဲကမုန့်ထုပ်ကိုယူပြီး ယူဘင်း ကနမ်းရှုံ့ကြည့်လိုက်သည်။
"အင်! အနံ့ကပုံမှန်ပါပဲ၊ မွှေးနေတာပဲလေ၊ ရော့ ပြန်နမ်းကြည့်"
"ငါ...ဝေါ့!"
"အေးပါ အေးပါ မနမ်းနဲ့တော့"
မုန့်အနံ့ကိုမခံနိုင်ဖြစ်နေတဲ့ Baekhyun ကြောင့် ယူဘင်း မုန့်ထုပ်ကိုဝေးဝေးမှာသာထားလိုက်တော့သည်။
"ဘယ်လိုဖြစ်တာလဲ မင်းဟာက၊ ကိုယ်ဝန်သည်ကြီးကျနေရောပဲ"
"ဟာ မင်းကလည်း၊ ငါ မနက်ကတည်းကခေါင်းထဲနည်းနည်းမူးနောက်နောက်ဖြစ်နေတာပါ၊ ဦးကိုတော့မပြောဖြစ်ဘူး စိတ်ပူနေမှာစိုးလို့"
"အားနည်းနေတာများအား၊ သွေးအားတွေဘာတွေလေ"
"မသိပါဘူးကွာ၊ ဦးကိုမပြောပေမယ့် ငါမနက်ကမနက်စာစားပြီးတော့ ဦးမသိအောင် ဆေးတစ်လုံးသောက်လာပါတယ်"
"ဟုတ်လား ဘာဆေးလဲ"
"အားဆေးလေ၊ စတော်ဘယ်ရီအရသာလေး"
"ဪ...အေးပါကွာ"
ဆေးသောက်ရမှာကြောက်ကြောင်း Baekhyun ပြောပြထား၍ ယူဘင်း သိနေတာမို့ ဘာမှမပြောလိုတော့ပါ။
"အခုရော မူးသေးလား၊ ကျောင်းဆေးပေးခန်းသွားမလား"
"အာ...မသွားပါဘူး၊ မမူးတော့ဘူး၊ ခုနက မုန့်အနံ့ရပြီးအီသလိုဖြစ်သွားတာ"
"မင်း အဲ့ဒါကြောင့် လီဆောင်းကို တော့ပိုကီအစပ်မှာလိုက်တာကိုး"
"အွန်း၊ စားချင်လို့"
"အေးပါ၊ ဪ! ဒါနဲ့ မေ့နေတာ! မင်းကို ငါအကြီးကြီးပြောစရာရှိတယ်၊ ဝမ်းသာစရာကိစ္စပါကွာ၊ ငါ့အတွက်ဝမ်းသာစရာပေါ့"
"ဟုတ်လား၊ ဘာများလဲ"
ယူဘင်း ကပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်ဖြင့် လွယ်အိတ်ထဲကဖုန်းအားအပြင်ထုတ်လိုက်သည်။
"အဟဲ! ဆရာမ မလာခင်လေး မင်းကိုပြမယ်"
တော်တော်လေးစိတ်လှုပ်ရှားနေပုံရတဲ့ ယူဘင်း ကြောင့် Baekhyun လည်းထိုကိစ္စကိုစိတ်ဝင်စားလာသည်။ယူဘင်း ကဖုန်းဖွင့်ပြီး ပုံတစ်ပုံအား Baekhyun ကိုပြလာပါသည်။
ပုံထဲမှာ ယောက်ျားလေးနှစ်ယောက်ကို Baekhyun တွေ့လိုက်ရသည်။ချောမောသပ်ရပ်နေကြပုံအရ မင်းသားတွေဖြစ်ပါလိမ့်မည်။သို့ပေမယ့် ထူးဆန်းနေတာက
"သူတို့က ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အဲ့လောက် စိုက်ကြည့်နေရတာလဲ၊ ဟို...ဟို မျက်နှာချင်းတောင်ထိတော့မလိုပဲ"
"အဟဲ! ငါကြိုက်တဲ့မင်းသားနှစ်ယောက်ရဲ့ဇာတ်ကားအသစ်ထွက်လာတာလေ"
ထို့နောက်မှာတော့ ယူဘင်း ကသူ့ဖုန်းထဲက ပုံတစ်ပုံချင်းစီကိုပြပြီး Baekhyun ကိုရှင်းပြလာပါတော့သည်။
"ဒါက ဒီလိုရှိတယ် သူငယ်ချင်းရဲ့.........."
ယူဘင်း ရဲ့ရှင်းပြချက်တွေကို နားထောင်နေတဲ့တစ်လျှောက်လုံး Baekhyun ရဲ့မျက်နှာမှာအရိပ်မျိုးစုံဖြတ်ပြေးသွားပြီး နောက်ဆုံးမှာတော့ အချိန်တစ်ခုအထိ မျက်လုံးလေးဝိုင်းပြီးပါးစပ်အဟောင်းသားဖြစ်သွားပါသည်။
"ယော..ယောက်ျားလေးနှစ်ယောက်က အချစ်ကားရိုက်တယ်!!"
"အော....ဒီဘက်ခေတ်မှာ ဒါတွေက မထူးဆန်းတော့ပါဘူး"
"မ..မထူးဆန်းတော့ဘူး!"
"အင်းဟုတ်တယ်၊ မင်းတို့ဘက်က နည်းနည်းခေါင်လို့ မင်းမသိတာနေမယ်"
"ဟုတ်တယ်၊ ငါ အဲ့လိုတွေရှိတာမသိဘူး"
"အခု သိသွားပြီမလား၊ အခုခေတ် ကမ္ဘာအနှံ့မှာလိင်တူအချစ်တွေကပေါများနေတာပဲ၊ တော်တော်များများလည်းလက်ထပ်ယူနေကြတာ၊ အချစ်မှာ ယောက်ျား၊မိန်းမပဲရှိတာမဟုတ်ဘဲ ယောက်ျားလေးချင်းရော မိန်းကလေးချင်းရောရဲ့ အချစ်ကလည်းအချစ်ပဲလေ"
Baekhyun ဟာအံ့ဩတကြီးအသံဖြင့်
"ဒါ..ဒါဆို အဲ့လိုမျိုးချစ်တဲ့လူတွေရဲ့ဂုဏ်သိက္ခာကမထိခိုက်တော့ဘူးလားဟင်"
"အင်း.....အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင်တော့၊ မလိုသူတွေဆီမှာတော့ ဂုဏ်သိက္ခာထိခိုက်မယ်၊ လိုသူတွေဆီမှာတော့ ရှိရင်းစွဲဂုဏ်သိက္ခာက ဒီတိုင်းပဲရှိနေမှာပါ"
"................"
"မင်းနဲ့ဥပမာပြပြီးပြောရရင်၊ မင်းကိုမလိုတဲ့လူတွေက မင်းဘာလုပ်လုပ်မကောင်းပဲမြင်မှာပဲ၊ မင်းကိုလိုတဲ့လူတွေကျတော့ မင်းရဲ့အကောင်းနဲ့အဆိုးကိုခွဲခြားပြီးမြင်ပေးလိမ့်မယ်၊ ဒါပါပဲ၊ နောက်ပြီး လူတစ်ယောက်ကိုချစ်တာက မကောင်းတာလုပ်နေတာမှ မဟုတ်တာလေ၊ ဟုတ်တယ်မလား"
Baekhyun တွေတွေငေးငေးဖြင့် ခေါင်းညိမ့်ပြလိုက်မိသည်။
"ငါကတော့ အချစ်နဲ့ပတ်သတ်ရင် ဒီလိုတွေးထားတယ်၊ ငါကချစ်ပြီးငါ့ကိုလည်းချစ်ပေးမယ့်လူက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ချစ်လိုက်မှာပဲ၊ ဘယ်လိုလူတွေရဲ့ ပြောစကားကြောင့်နဲ့မှ ငါချစ်တဲ့လူကိုအဆုံးရှုံးမခံနိုင်ဘူး၊ တိုတောင်းတဲ့လူ့ဘဝမှာ ရှင်သန်ရတဲ့အချိန်ခဏလေးတော့ ကိုယ့်ချစ်တဲ့လူရဲ့အနားမှာပဲနေချင်တာပေါ့၊ မဟုတ်ဘူးလား၊ တော်ကြာ အနားမှာမရှိတော့မှ နောင်တတွေရပြီးလွမ်းနေရရင် အကြီးမားဆုံးဒုက္ခပဲ"
"တကယ်လို့ မင်းရဲ့အချစ်က မင်းချစ်တဲ့လူကို တစ်ခုခုထိခိုက်စေမယ်ဆိုရင်ရော"
"ငါကကာကွယ်ပေးမှာပေါ့"
"ဟို...မင်းမှာ ကာကွယ်ဖို့အင်အားလည်းမရှိဘူးဆိုရင်ရော"
"အဲ! အဲ့ဒီအခါကျရင်တော့ သူ့ဆီကအင်အားကိုယူပြီး နှစ်ယောက်အတူတူရင်ဆိုင်မှာပေါ့ကွာ၊ လက်လျော့လိုက်ဖို့မတွေးဘဲ ကြိုးစားမယ်လေ၊ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်ကွ၊ နှစ်ယောက်အတူတူကြိုးစားရင် ပိုတောင်ဖြစ်နိုင်သေးတယ် နော့်"
နှစ်ယောက်အတူတူကြိုးစားရင်တဲ့လား။ယူဘင်း ကိုမျက်နှာလွှဲလိုက်ပြီး ခေါင်းငိုက်စိုက်ကျလျှက် Baekhyun အတွေးများသွားရသည်။
"ဘာမှ အတွေးများမနေပါနဲ့ကွာ၊ မင်းရဲ့ ဒေါက်တာဦးက အင်အားကြီးတဲ့လူတစ်ယောက်ပါ"
"ဟမ်!!"
"ဟဲဟဲ! ဒီလောက် ထိတ်လန့်သွားပုံအရ ငါ့မှန်းချက်ကမှန်သွားပြီထင်တယ်နော်"
"ဟင်! မဟုတ်....ငါ!"
"မငြင်းပါနဲ့ ငါဒီလောကမှာ ရှင်သန်လာတဲ့သက်တမ်းကမနည်းတော့ပါဘူး"
"ဟင်!"
"ကဲပါ ကဲပါ၊ နောက်ဆုံးအနေနဲ့ပြောချင်တာတစ်ခုကတော့ ဘေးလူဖြစ်တဲ့ငါတောင် မင်းရဲ့ ဒေါက်တာဦး ကိုယုံပါတယ်လို့!"
Baekhyun ပါးစပ်တပြင်ပြင်ဖြစ်နေပါသော်လည်း ပြုံးစိစိဖြင့်အသေအချာကြီးပြောနေပါသော ယူဘင်း ကြောင့်ဘာပြန်ပြောရမှန်းမသိဖြစ်သွားရပါသည်။
ထိုအချိန်မှာပဲ
"ကဲ မုန့်တွေရပါပြီ!"
"ဟေးး Happy Birthday လီဆောင်း"
"မုန့်ဝယ်ကျွေးလို့ မွေးနေ့မှာပျော်ရွှင်ပါစေနော်"
"ဪ! ဝယ်မကျွေးရင် ငါကမပျော်ရွှင်ရဘူးပေါ့"
"ဟားဟားဟား!"
"လာကြ! ကိုယ်မှာလိုက်တဲ့မုန့် ကိုယ့်ဘာသာလာယူကြ"
မုန့်ထုပ်တွေဖြင့် လီဆောင်း တို့အုပ်စုအခန်းထဲပြန်ရောက်လာကြသောအခါ တစ်ခန်းလုံးဆူညံသွားပါတော့သည်။
.................................................................................
"တာ့တာ Baekhyun! ဒေါက်တာဦး ရောပဲကျွန်တော်သွားပြီဗျ"
အော်ကြီးဟစ်ကျယ်ဖြင့် လက်ပြနှုတ်ဆက်သွားတဲ့ ယူဘင်း ကိုပြန်နှုတ်ဆက်ပြီးသွားမှသာ Baekhyun တို့တွေကားပေါ်တက်ပြီး အိမ်ပြန်လမ်းကိုဦးတည်လိုက်တော့သည်။
ဒီနေ့ရဲ့ အိမ်ပြန်လမ်းမှာတော့ ဦးကိုတောင်မငေးမောနိုင်ဘဲ Baekhyun အတွေးများနေခဲ့ရသည်။ကျောင်းမှာတုန်းက ယူဘင်း ပြောခဲ့တဲ့စကားတွေဟာ Baekhyun ရဲ့နားထဲမှာ တဝဲလည်လည်ဖြစ်နေပါသည်။
ယူဘင်း ပြောလိုက်သမျှတွေက Baekhyun ကိုအတော်လေးအံ့အားသင့်စေပါသည်။ယောက်ျားလေးချင်းကြိုက်တယ်ဆိုတဲ့ကိစ္စကိုမဟုတ်ဘဲ ထိုကိစ္စကိုလူတွေလက်ခံကြတယ်ဆိုတာအား အံ့အားသင့်တာဖြစ်သည်။ထို့အပြင် ကမ္ဘာအနှံ့မှာ လိင်တူချင်းကြိုက်တဲ့လူတွေအများကြီးရှိတယ်တဲ့လေ။ကမ္ဘာကြီးက Baekhyun လိုက်မမှီနိုင်အောင်ကို တိုးတက်ပြောင်းလဲနေပါရောပါလား။
ဘေးနားမှာ ကားကိုအာရုံစိုက်ပြီးမောင်းနေသူအား Baekhyun ကြည့်လိုက်မိသည်။Baekhyun ကြည့်တာကိုရိပ်မိသွားပုံရတဲ့ ဦးက Baekhyun ကိုလှည့်ကြည့်ကာပြုံးပြပြီးမှ အရှေ့ကိုပြန်လှည့်သွားပါသည်။
["နောက်ဆုံးအနေနဲ့ပြောချင်တာတစ်ခုကတော့ ဘေးလူဖြစ်တဲ့ငါတောင် မင်းရဲ့ ဒေါက်တာဦး ကိုယုံပါတယ်လို့!"]
ယူဘင်း ပြောခဲ့တဲ့စကားကိုပြန်ကြားယောင်မိတော့ Baekhyun ခေါင်းတဆတ်ဆတ်ညိမ့်မိသည်။ယုံတာပေါ့၊ Baekhyun ဦးကိုအများကြီးယုံပါသည်။ပြောခဲ့ဖူးသလိုပဲ တခြားလူတွေထက်ပိုပြီး ဦးကို အများကြီးယုံပါသည်။
သို့ပေမယ့်လည်း Baekhyun ကကြောက်နေမိတာပါ။ဒီတိုင်း ဦးကို နည်းနည်းလေးထိခိုက်မှာကိုတောင် Baekhyun ကအများကြီးကြောက်နေခဲ့တာပါ။တခြား ဘာဆိုဘာကြောင့်မှမဟုတ်ဘဲ ကိစ္စတွေဖြစ်လာခဲ့ရင် ဦးထိခိုက်မှာကို ကြောက်နေမိရုံလေးပါ။
"ကားပေါ်မှာ ခဏစောင့်နေနော် ကောင်လေး"
"ဟင်..."
အတွေးများနေတဲ့ Baekhyun ကသူ့ဦးရဲ့အသံကိုကြားမှပဲ အသိဝင်ပြီး အခြေအနေကိုကြည့်လိုက်တော့ ကားက လမ်းဘေးတစ်နေရာမှာရပ်နေတာဖြစ်သည်။
"ဦးက ဘယ်သွားမလို့လဲဟင်"
"ကိုယ် ဟိုးကစတိုးဆိုင်ကိုခဏဝင်မလို့၊ ခဏလေးပဲ"
"ဟုတ်ကဲ့"
ဦးက ကားပေါ်ကအမြန်ဆင်းသွားပြီး ကားလမ်းကူးကာ တစ်ဖက်ခြမ်းမှာရှိတဲ့ စတိုးဆိုင်ထဲဝင်သွားပါသည်။
ကားပေါ်မှာတစ်ယောက်တည်း တိတ်တဆိတ်ကျန်ခဲ့တော့မှပဲ Baekhyun အတွေးတစ်ခုဝင်လာပြန်သည်။
["တိုတောင်းတဲ့လူ့ဘဝမှာ ရှင်သန်ရတဲ့အချိန်ခဏလေးတော့ ကိုယ့်ချစ်တဲ့လူရဲ့အနားမှာပဲနေချင်တာပေါ့၊ မဟုတ်ဘူးလား"]
ယူဘင်း ပြောတဲ့စကားတွေက မှန်နေပါရောလား။အတူရှိနေတဲ့ ဦးက အခု Baekhyun ကိုတစ်ယောက်တည်းထားခဲ့ပြီး ခဏလေးသွားတာတောင် တမျှော်မျှော်ဖြစ်နေရသည်။အချိန်တိုင်းလိုလို ဦးရဲ့အနားမှာ ဦးနှင့်အတူ ရှိချင်မိတာက Baekhyun ရဲ့စိတ်ရင်းအမှန်ဖြစ်ပါသည်။
ဒါဆို တကယ်ပဲ၊ ဦးကို Baekhyun...။
အတွေးမဆုံးသေးခင် ဆိုင်ထဲကနေပြန်ထွက်လာတဲ့ ဦးကြောင့် Baekhyun ရဲ့စိတ်ထဲသိသိသာသာပျော်ရွှင်သွားရသည်။ဦး ပြန်လာပြီ။ကားလမ်းကူးလာတဲ့ ဦးက တဖြည်းဖြည်း Baekhyun ဆီရောက်လာတော့မှာပါ။
ဦးကို မျက်စိဒေါက်ထောက်ကြည့်နေမိတဲ့ ထိုအချိန်မှာပဲ အရှိန်ဖြင့်မောင်းလာတဲ့ကားတစ်စီးဟာ ဦးရဲ့အနားနီးကပ်သွားပြီး
ကျွီ!!!
"အားးး!"
Baekhyun နားနှစ်ဖက်ကိုစုံပိတ်ပြီး အသံကုန်အော်လိုက်မိတော့သည်။
ဘာဖြစ်သွားပြီလဲ! ဦး ဘာဖြစ်သွားပြီလဲ!
ဟင့်အင်း ဘာမှမဖြစ်ပါဘူး! ဦးက ဘာဖြစ်ရမှာလဲ! ဘာမှမဖြစ်ဘူး! တကယ် ဘာမှမဖြစ်ဘူး!
["တိုတောင်းတဲ့လူ့ဘဝမှာ ရှင်သန်ရတဲ့အချိန်ခဏလေးတော့ ကိုယ့်ချစ်တဲ့လူရဲ့အနားမှာပဲနေချင်တာပေါ့၊ မဟုတ်ဘူးလား၊ တော်ကြာ အနားမှာမရှိတော့မှ နောင်တတွေရပြီးလွမ်းနေရရင် အကြီးမားဆုံးဒုက္ခပဲ"]
ဟင့်အင်း! ဒီတစ်ခါ ယူဘင်း ရဲ့စကားတွေမမှန်ဘူး! ဘာလို့ နောင်တရရမှာလဲ! မရဘူး! ဘယ်တော့မှမရဘူး!
"ကောင်လေး! ကောင်လေး! ဘာဖြစ်လို့လဲ"
"ဟင်......"
"ငိုနေတယ်! ဘာဖြစ်လို့လဲ ခေါင်းမူးလို့လား!"
နားနှစ်ဖက်ကို စုံပိတ်ထားရာကနေ Baekhyun ဖြည်းဖြည်းချင်းမော့ကြည့်လိုက်တော့ ဦးကို ဝေဝေဝါးဝါးမြင်လိုက်ရသည်။ဒီတစ်ခါမှာလည်း ဝေဝါးနေတဲ့မြင်ကွင်းထဲမှာတောင် ဦးရဲ့ ဝိုင်းစက်စက်မျက်ဝန်းတွေထဲက စိုးရိမ်ပူပန်မှုတွေကို သေချာလေးမြင်နေရပါသည်။
"ကောင်လေး၊ ကိုယ်စိတ်ပူလိုက်တာကွာ ဘာဖြစ်လို့လဲ! ကိုယ်မရှိတဲ့အချိန်ခဏအတွင်း ဘာဖြစ်လို့လဲဟင်"
ဦးက Baekhyun ရဲ့ပုံစံကိုကြည့်ပြီးပြာယာခတ်နေတဲ့အချိန် Baekhyun ရဲ့ရင်ထဲလည်း ဦးကြောင့်ပြာယာခတ်နေရပါသည်။
နားကိုပိတ်ထားတဲ့လက်နှစ်ဖက်အားဖယ်ခွါပြီး လက်နှစ်ဖက်ကိုတဖြည်းဖြည်းဆန့်တန်း၍ ဦးရဲ့ ပါးပြင်နှစ်ဖက်မှာ Baekhyun ဖိအုပ်ထားလိုက်သည်။ထိုအခါမှ ဦး အနည်းငယ်တည်ငြိမ်သွားသည်။
"ကောင်လေး..."
အကြည့်ချင်းစုံနေတဲ့ ဦးရဲ့မျက်ဝန်းတွေထဲမှာ အံ့အားသင့်မှုတွေလွှမ်းခြုံနေတဲ့အချိန် Baekhyun ပီပီသသပြောလိုက်မိသည်က
"ဦးကို ချစ်တယ်"
".................."
"ဦးကို ကျွန်တော် ချစ်တယ်ဗျ"
ပြူးကျယ်သွားတဲ့ ဦးရဲ့မျက်ဝန်းတွေကိုတွေ့ကာမှ Baekhyun သက်ပြင်းအသာချပြီး သဘောတကျရယ်လိုက်မိပါတော့သည်။
.................................................................................
(ဆက်ရန်)
(၁၈.၁၁.၂၀၂၃)
ဒီအတောအတွင်း update မှန်နိုင်မည်မဟုတ်ပါကြောင်း တောင်းပန်ပြောကြားလိုပါသည် 🥺 ၁၂လပိုင်းလောက်မှသာ မှန်နိုင်ပါမည်နော်၊ ဇာတ်လမ်းကတစ်ဝက်လောက်ရောက်နေပြီမို့ နောက်ပိုင်းမှာဇာတ်ကောင်အသစ်လေးတွေပါလာပါတော့မယ်၊ မကြာမီလာမည် မျှော်🫶🏻
(Zawgyi)
ကိစၥေတြအကုန္ေျဖရွင္းၿပီးသြားေတာ့ ေက်ာင္းေတာ္ႀကီးရွိ ေက်ာင္းသား၊ေက်ာင္းသူေတြအကုန္လုံး စည္းစည္းလုံးလုံးျဖင့္ေက်ာင္းတက္ေနၾကသည္မွာ တစ္ပတ္ခန့္ရွိသြားခဲ့ၿပီျဖစ္သည္။
ေက်ာင္းတက္ရမွာကိုအရင္ကထက္ပိုၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွိေနတဲ့ေကာင္ေလးေၾကာင့္ Chanyeol လည္းစိတ္ခ်မ္းသာရပါသည္။
"ကိုယ့္ကိုၾကည့္ ေကာင္ေလး"
ေက်ာင္းဝင္းေရွ႕ေရာက္ၿပီဆိုေပမယ့္လည္း ကားေပၚကမဆင္းေသးဘဲ ေကာင္ေလးရဲ့မ်က္ႏွာေလးကို ေမးေစ့ကေနအသာကိုင္ၿပီး Chanyeol ေသခ်ာၾကည့္ရွုလိုက္သည္။
"အင္း၊ ဒဏ္ရာကအရွင္းေပ်ာက္သြားၿပီပဲ"
အခုမွသာ Chanyeol ရဲ့စိတ္ထဲ ရွင္းရွင္းလင္းလင္းေအးခ်မ္းရတာပါ။ေကာင္ေလးကို ဒဏ္ရာႏွင့္ေတြ႕လိုက္ရခ်ိန္ကတည္းကစၿပီး တစ္ေလၽွာက္လုံး Chanyeol ရဲ့ရင္ထဲအပူလုံးႀကီးရွိေနတာျဖစ္သည္။
ကိစၥတစ္ခုခုရွိလာရင္ ေျဖရွင္းေနၾကအတိုင္း ရန္ကိုရန္ခ်င္းမတုန့္ျပန္ဘဲ ေကာင္ေလးရဲ့ကိစၥကို Chanyeol ေျဖရွင္းၿပီးေပမယ့္လည္း ႏွုတ္ခမ္းပါးေပၚကဒဏ္ရာကိုေတြ႕တိုင္း ရင္ထဲတႏုံ႔ႏုံ႔ျဖစ္ေနရစဲပင္။ေတာ္ေသးတာေပါ့၊ အခုေတာ့ ေကာင္ေလးရဲ့ ဒဏ္ရာအရွင္းေပ်ာက္သြားၿပီမို႔။
"ေကာင္ေလးမွာကိစၥတစ္ခုခုရွိလာတိုင္း ကိုယ့္ကိုခ်က္ခ်င္းအသိေပးေနာ္၊ ေကာင္ေလး လၽွို႔ဝွက္ထားခ်င္တဲ့ကိစၥေတြကလြဲလို႔ေပါ့၊ ဟုတ္ၿပီလား"
"ဟုတ္၊ သိပါၿပီ ဦး"
ဒါနဲ႔ဆို Chanyeol ဒီစကားေျပာတာ လက္ငါးေခ်ာင္းျပည့္ေနၿပီဆိုေပမယ့္လည္း ေကာင္ေလးကေတာ့ အႀကိမ္တိုင္း နာနာခံခံျဖင့္ ေခါင္းတဆတ္ဆတ္ညိမ့္ေနတုန္းပင္။
ေခါင္းလုံးလုံးေလးကိုအသာအုပ္ကိုင္လိုက္ၿပီးေတာ့မွ လက္ျပန္႐ုတ္ႀကီး Chanyeol ကားေပၚကအရင္ဆင္းလိုက္သည္။ထို႔ေနာက္ ေကာင္ေလးဘက္ကကားတံခါးကိုသြားဖြင့္ေပးၿပီး ေကာင္ေလးကိုလည္းဆင္းေစလိုက္ပါသည္။
"ဒါဆို ေက်ာင္းထဲဝင္ေတာ့ေနာ္၊ ကိုယ္သြားေတာ့မယ္၊ ဒီေန႔လည္း စာေကာင္းေကာင္းလိုက္သင္နိုင္ပါေစဗ်ာ"
"ဟုတ္ကဲ့၊ ဦးေရာပဲ အလုပ္မွာအဆင္ေျပပါေစဗ်၊ ေကာင္းေကာင္းသြားပါ ဦး"
"အင္း၊ ေကာင္ေလးအရင္ ေက်ာင္းထဲဝင္"
"ဟုတ္၊ တာ့တာ ဦး"
Chanyeol ျပဳံးလၽွက္လက္ေဝ့ရမ္းျပလိုက္ေတာ့ ေကာင္ေလးကလည္း ျပဳံးတုံ႔တုံ႔ျဖင့္လွည့္ၾကည့္လွည့္ၾကည့္လုပ္ၿပီး ေက်ာင္းထဲဝင္သြားပါသည္။တျဖည္းျဖည္းေဝးကြာသြားတဲ့ေက်ာျပင္ငယ္ေလးကို Chanyeol တေမ့တေမာေငးၾကည့္ေနမိသည္။
ထိုအခ်ိန္
"မဂၤလာပါ ေဒါက္တာဦး"
"မဂၤလာပါ ေဒါက္တာ"
ေက်ာင္းသူအုပ္စုက ေက်ာင္းဝင္းထဲဝင္ခါနီး Chanyeol ကိုေတြ႕ၿပီးႏွုတ္ဆက္လာတာမို႔ ျပန္ႏွုတ္ဆက္ရပါသည္။
"မဂၤလာပါ ေက်ာင္းသူတို႔"
အခုဆိုရင္ ေကာင္ေလးတို႔အတန္းထဲက ေက်ာင္းသား၊ေက်ာင္းသူေတြတင္မကဘဲ တစ္ေက်ာင္းလုံးနီးပါးလည္း Chanyeol ကိုသိေနၾကၿပီျဖစ္သည္။အခုလို ေတြ႕တိုင္းႏွုတ္ဆက္ၿပီးမွသာ သူတို႔အလိုရွိရာကိုသြားၾကပါသည္။မသိရင္ Chanyeol ကေက်ာင္းဆရာက်လို႔။
ေခါင္းခါ၍အသာျပဳံးၿပီးမွသာ Chanyeol ကားေပၚျပန္တက္ၿပီး အလုပ္သို႔ဦးတည္ထြက္ခဲ့လိုက္ေတာ့သည္။
:
"Baekhyun လာၿပီ!"
သူဝင္လာတာကိုျမင္တာနဲ႔ ေပ်ာ္ရႊင္သြားတဲ့ ယူဘင္း ေၾကာင့္ Baekhyun ျပဳံးလိုက္မိၿပီး ေနရာမွာသြားထိုင္လိုက္သည္။
"မင္းကအေစာႀကီးေရာက္ေနတာပဲ"
"အိမ္ကနီးတာကိုး၊ ေက်ာင္းမွာေနရတာပိုေပ်ာ္လို႔ အိမ္မွာေနရတဲ့အခ်ိန္နည္းရင္ၿပီးေရာ ဟဲ!"
"ဪ.....အင္းပါ"
ယူဘင္း ကေႏြးေထြးတဲ့မိသားစုမွာေနရတဲ့ ကေလးျဖစ္ေပမယ့္လည္း ရြယ္တူသူငယ္ခ်င္းေတြရွိတဲ့ေက်ာင္းမွာေနရတာကို ပိုေပ်ာ္တယ္ထင္ပါသည္။
"မင္းကေတာ့ အိမ္မွာေနရတာကို ပိုေပ်ာ္မွာေပါ့ေနာ္ Baekhyun ၊ ေဒါက္တာဦး နဲ႔ေနရတာဆိုေတာ့ေလ"
"ဟင္....."
Baekhyun မလုံမလဲျဖင့္ၾကည့္မိေတာ့ ယူဘင္း ရဲ့မ်က္ႏွာကျပဳံးစိစိျဖစ္ေနျပန္ပါၿပီ။
"အာ....အဲ့လိုရယ္လည္းမဟုတ္ပါဘူး၊ ေက်ာင္းတက္ရတာေပ်ာ္ပါတယ္၊ အခုေနာက္ပိုင္းဆို ပိုေတာင္ေပ်ာ္ေသးတယ္"
"ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ"
ယူဘင္း ဘာမွဆက္မေျပာလာေတာ့မွသာ လြယ္အိတ္ႀကိဳးကိုလိမ္က်စ္ေနမိတာအား Baekhyun ရပ္လိုက္မိသည္။
ထိုအခ်ိန္ အခန္းထဲကို လီေဆာင္း တို႔အုပ္စုဝင္လာသည္။
"ကဲ ကဲ ငါတို႔လီေဆာင္းက ဒီေန႔ သူ႔ေမြးေန႔မို႔လို႔ တစ္တန္းလုံးကိုမုန့္ဝယ္ေကၽြးမယ္တဲ့ေဟ့!"
"ေဟးးးး"
"စားရခ်ည္ေသးရဲ့!"
"ႀကိဳက္တာ စားလို႔ရတယ္မလား!"
အကုန္လုံးဆီကေန တစ္ေယာက္တစ္ေပါက္အသံေတြထြက္လာတဲ့အခါ Baekhyun ရဲ့ေဘးနားက ယူဘင္း ကလည္းအသံဆာဆာျဖင့္ထေအာ္သည္။
"မင္းက တစ္ေယာက္ကိုဘယ္ေလာက္ဖိုးေကၽြးမွာလဲ၊ အဲ့ဒါသိရမွ ငါတို႔လည္းဘာစားရမလဲစဥ္းစားရမွာေပါ့၊ ေစ်းေပါၿပီးအရသာမေကာင္းတာမ်ိဳးေတာ့ မစားခ်င္ဘူးေနာ့္"
ထိုအခါ လီေဆာင္း ကေခါင္းတခါခါျဖင့္ Baekhyun တို႔အနားေလၽွာက္လာသည္။
"ကင္ယူဘင္း ကႀကီးက်ယ္လိုက္တာ၊ စားခ်င္တာသာစားပါ၊ မင္းေလာက္ကေတာ့ ငါတစ္သက္လုံးေတာင္တင္ေကၽြးထားနိုင္ပါတယ္"
"အဲ့ေလာက္ကေတာ့မ်ားသြားၿပီ ေဟ့ေရာင္!"
ယူဘင္း ရဲ့မ်က္ေစာင္းက လီေဆာင္း ဆီဒိုင္းခနဲ။ဘယ္သူေတြဘယ္လိုတည့္တည့္ ယူဘင္း ႏွင့္ လီေဆာင္း တို႔ကေတာ့တစ္ေယာက္ႏွင့္တစ္ေယာက္ေစာင္းခ်ိတ္ေနၾကစဲပင္။
"ငါကသေဘာေျပာျပတာပါ၊ ကဲ မင္းေရာ Baekhyun ေရာဘာစားမွာလဲေျပာ၊ က်န္တဲ့လူေတြလည္းျမန္ျမန္ေျပာ၊ ငါတို႔သြားဝယ္ရဦးမွာ"
"ေအးပါ ေအးပါ"
ထိုသို႔ျဖင့္ လီေဆာင္း တို႔သူငယ္ခ်င္းတစ္စုက အတန္းထဲကလူေတြ ဘယ္သူဘာစားမလဲမွတ္ၿပီး အခန္းထဲကထြက္သြားေတာ့သည္။
"အတန္းထဲကလူေတြေမြးေန႔ တစ္လမွာ ႏွစ္ေယာက္ေလာက္ရွိရင္ ေကာင္းမယ္ေနာ္ ဟဲဟဲ!"
"မင္းကေတာ့ေလ"
တစ္ဦးတည္းေသာ သူေဌးသားေလးျဖစ္ေပမယ့္လည္း တစ္ခုခုမ်ားအလကားရရင္ေပ်ာ္ေနတတ္တဲ့ ယူဘင္း ကိုေတာ့ Baekhyun လက္လန္ပါသည္။
"အို႔! ဒါနဲ႔ ငါဟိုတစ္ခါကယူလာတဲ့ၾကက္သားမုန့္ေလ အခုထပ္ပါလာတယ္"
ယူဘင္း ကေျပာေျပာဆိုဆိုျဖင့္ သူ႔လြယ္အိတ္ထဲက မုန့္ထုပ္ကိုထုတ္ယူလိုက္သည္။
"အဲ့ဒီေန႔က မင္းမစားလိုက္ရဘူးေလ၊ အရသာက အရမ္းေကာင္းတာေနာ္၊ အိမ္မွာရွိတဲ့မုန့္ေတြထဲမွာငါအႀကိဳက္ဆုံးပဲ၊ ေရာ့"
"ေကာင္းေကာင္းစားပါ့မယ္"
ယူဘင္း ကမ္းေပးလာတဲ့မုန့္ထုပ္ေလးကို Baekhyun ယူလိုက္သည္။ဒီမုန့္ရဲ့အနံ႔ေလးကအစ မွတ္မိပါေသးသည္။ထို႔ေနာက္ မုန့္ထုပ္ကိုေဖာက္လိုက္တယ္ဆိုရင္ပဲ
"အြန္! ေဝါ့!"
လွိုင္တက္လာတဲ့ၾကက္သားအနံ႔ေၾကာင့္ Baekhyun ပ်ိဳ႕တက္သြားရသည္။ဒီတစ္ခါ မုန့္အနံ႔ကတစ္မ်ိဳးျဖစ္ေနပါလား။
"ဟင္ ဘာျဖစ္လို႔လဲ Baekhyun ၊ သိုးေနလို႔လား"
"အ..အနံ႔ကတစ္မ်ိဳးျဖစ္ေနတယ္"
"ဟုတ္လား ျပၾကည့္"
Baekhyun ရဲ့လက္ထဲကမုန့္ထုပ္ကိုယူၿပီး ယူဘင္း ကနမ္းရွုံ႔ၾကည့္လိုက္သည္။
"အင္! အနံ႔ကပုံမွန္ပါပဲ၊ ေမႊးေနတာပဲေလ၊ ေရာ့ ျပန္နမ္းၾကည့္"
"ငါ...ေဝါ့!"
"ေအးပါ ေအးပါ မနမ္းနဲ႔ေတာ့"
မုန့္အနံ႔ကိုမခံနိုင္ျဖစ္ေနတဲ့ Baekhyun ေၾကာင့္ ယူဘင္း မုန့္ထုပ္ကိုေဝးေဝးမွာသာထားလိုက္ေတာ့သည္။
"ဘယ္လိုျဖစ္တာလဲ မင္းဟာက၊ ကိုယ္ဝန္သည္ႀကီးက်ေနေရာပဲ"
"ဟာ မင္းကလည္း၊ ငါ မနက္ကတည္းကေခါင္းထဲနည္းနည္းမူးေနာက္ေနာက္ျဖစ္ေနတာပါ၊ ဦးကိုေတာ့မေျပာျဖစ္ဘူး စိတ္ပူေနမွာစိုးလို႔"
"အားနည္းေနတာမ်ားအား၊ ေသြးအားေတြဘာေတြေလ"
"မသိပါဘူးကြာ၊ ဦးကိုမေျပာေပမယ့္ ငါမနက္ကမနက္စာစားၿပီးေတာ့ ဦးမသိေအာင္ ေဆးတစ္လုံးေသာက္လာပါတယ္"
"ဟုတ္လား ဘာေဆးလဲ"
"အားေဆးေလ၊ စေတာ္ဘယ္ရီအရသာေလး"
"ဪ...ေအးပါကြာ"
ေဆးေသာက္ရမွာေၾကာက္ေၾကာင္း Baekhyun ေျပာျပထား၍ ယူဘင္း သိေနတာမို႔ ဘာမွမေျပာလိုေတာ့ပါ။
"အခုေရာ မူးေသးလား၊ ေက်ာင္းေဆးေပးခန္းသြားမလား"
"အာ...မသြားပါဘူး၊ မမူးေတာ့ဘူး၊ ခုနက မုန့္အနံ႔ရၿပီးအီသလိုျဖစ္သြားတာ"
"မင္း အဲ့ဒါေၾကာင့္ လီေဆာင္းကို ေတာ့ပိုကီအစပ္မွာလိုက္တာကိုး"
"အြန္း၊ စားခ်င္လို႔"
"ေအးပါ၊ ဪ! ဒါနဲ႔ ေမ့ေနတာ! မင္းကို ငါအႀကီးႀကီးေျပာစရာရွိတယ္၊ ဝမ္းသာစရာကိစၥပါကြာ၊ ငါ့အတြက္ဝမ္းသာစရာေပါ့"
"ဟုတ္လား၊ ဘာမ်ားလဲ"
ယူဘင္း ကပတ္ဝန္းက်င္ကို ဟိုၾကည့္ဒီၾကည့္ျဖင့္ လြယ္အိတ္ထဲကဖုန္းအားအျပင္ထုတ္လိုက္သည္။
"အဟဲ! ဆရာမ မလာခင္ေလး မင္းကိုျပမယ္"
ေတာ္ေတာ္ေလးစိတ္လွုပ္ရွားေနပုံရတဲ့ ယူဘင္း ေၾကာင့္ Baekhyun လည္းထိုကိစၥကိုစိတ္ဝင္စားလာသည္။ယူဘင္း ကဖုန္းဖြင့္ၿပီး ပုံတစ္ပုံအား Baekhyun ကိုျပလာပါသည္။
ပုံထဲမွာ ေယာက္်ားေလးႏွစ္ေယာက္ကို Baekhyun ေတြ႕လိုက္ရသည္။ေခ်ာေမာသပ္ရပ္ေနၾကပုံအရ မင္းသားေတြျဖစ္ပါလိမ့္မည္။သို႔ေပမယ့္ ထူးဆန္းေနတာက
"သူတို႔က ဘာလို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အဲ့ေလာက္ စိုက္ၾကည့္ေနရတာလဲ၊ ဟို...ဟို မ်က္ႏွာခ်င္းေတာင္ထိေတာ့မလိုပဲ"
"အဟဲ! ငါႀကိဳက္တဲ့မင္းသားႏွစ္ေယာက္ရဲ့ဇာတ္ကားအသစ္ထြက္လာတာေလ"
ထို႔ေနာက္မွာေတာ့ ယူဘင္း ကသူ႔ဖုန္းထဲက ပုံတစ္ပုံခ်င္းစီကိုျပၿပီး Baekhyun ကိုရွင္းျပလာပါေတာ့သည္။
"ဒါက ဒီလိုရွိတယ္ သူငယ္ခ်င္းရဲ့.........."
ယူဘင္း ရဲ့ရွင္းျပခ်က္ေတြကို နားေထာင္ေနတဲ့တစ္ေလၽွာက္လုံး Baekhyun ရဲ့မ်က္ႏွာမွာအရိပ္မ်ိဳးစုံျဖတ္ေျပးသြားၿပီး ေနာက္ဆုံးမွာေတာ့ အခ်ိန္တစ္ခုအထိ မ်က္လုံးေလးဝိုင္းၿပီးပါးစပ္အေဟာင္းသားျဖစ္သြားပါသည္။
"ေယာ..ေယာက္်ားေလးႏွစ္ေယာက္က အခ်စ္ကားရိုက္တယ္!!"
"ေအာ....ဒီဘက္ေခတ္မွာ ဒါေတြက မထူးဆန္းေတာ့ပါဘူး"
"မ..မထူးဆန္းေတာ့ဘူး!"
"အင္းဟုတ္တယ္၊ မင္းတို႔ဘက္က နည္းနည္းေခါင္လို႔ မင္းမသိတာေနမယ္"
"ဟုတ္တယ္၊ ငါ အဲ့လိုေတြရွိတာမသိဘူး"
"အခု သိသြားၿပီမလား၊ အခုေခတ္ ကမၻာအႏွံ့မွာလိင္တူအခ်စ္ေတြကေပါမ်ားေနတာပဲ၊ ေတာ္ေတာ္မ်ားမ်ားလည္းလက္ထပ္ယူေနၾကတာ၊ အခ်စ္မွာ ေယာက္်ား၊မိန္းမပဲရွိတာမဟုတ္ဘဲ ေယာက္်ားေလးခ်င္းေရာ မိန္းကေလးခ်င္းေရာရဲ့ အခ်စ္ကလည္းအခ်စ္ပဲေလ"
Baekhyun ဟာအံ့ဩတႀကီးအသံျဖင့္
"ဒါ..ဒါဆို အဲ့လိုမ်ိဳးခ်စ္တဲ့လူေတြရဲ့ဂုဏ္သိကၡာကမထိခိုက္ေတာ့ဘူးလားဟင္"
"အင္း.....အဲ့ဒီကိစၥနဲ႔ပတ္သတ္ၿပီးေျပာရမယ္ဆိုရင္ေတာ့၊ မလိုသူေတြဆီမွာေတာ့ ဂုဏ္သိကၡာထိခိုက္မယ္၊ လိုသူေတြဆီမွာေတာ့ ရွိရင္းစြဲဂုဏ္သိကၡာက ဒီတိုင္းပဲရွိေနမွာပါ"
"................"
"မင္းနဲ႔ဥပမာျပၿပီးေျပာရရင္၊ မင္းကိုမလိုတဲ့လူေတြက မင္းဘာလုပ္လုပ္မေကာင္းပဲျမင္မွာပဲ၊ မင္းကိုလိုတဲ့လူေတြက်ေတာ့ မင္းရဲ့အေကာင္းနဲ႔အဆိုးကိုခြဲျခားၿပီးျမင္ေပးလိမ့္မယ္၊ ဒါပါပဲ၊ ေနာက္ၿပီး လူတစ္ေယာက္ကိုခ်စ္တာက မေကာင္းတာလုပ္ေနတာမွ မဟုတ္တာေလ၊ ဟုတ္တယ္မလား"
Baekhyun ေတြေတြေငးေငးျဖင့္ ေခါင္းညိမ့္ျပလိုက္မိသည္။
"ငါကေတာ့ အခ်စ္နဲ႔ပတ္သတ္ရင္ ဒီလိုေတြးထားတယ္၊ ငါကခ်စ္ၿပီးငါ့ကိုလည္းခ်စ္ေပးမယ့္လူက ေယာက္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ ခ်စ္လိုက္မွာပဲ၊ ဘယ္လိုလူေတြရဲ့ ေျပာစကားေၾကာင့္နဲ႔မွ ငါခ်စ္တဲ့လူကိုအဆုံးရွုံးမခံနိုင္ဘူး၊ တိုေတာင္းတဲ့လူ႔ဘဝမွာ ရွင္သန္ရတဲ့အခ်ိန္ခဏေလးေတာ့ ကိုယ့္ခ်စ္တဲ့လူရဲ့အနားမွာပဲေနခ်င္တာေပါ့၊ မဟုတ္ဘူးလား၊ ေတာ္ၾကာ အနားမွာမရွိေတာ့မွ ေနာင္တေတြရၿပီးလြမ္းေနရရင္ အႀကီးမားဆုံးဒုကၡပဲ"
"တကယ္လို႔ မင္းရဲ့အခ်စ္က မင္းခ်စ္တဲ့လူကို တစ္ခုခုထိခိုက္ေစမယ္ဆိုရင္ေရာ"
"ငါကကာကြယ္ေပးမွာေပါ့"
"ဟို...မင္းမွာ ကာကြယ္ဖို႔အင္အားလည္းမရွိဘူးဆိုရင္ေရာ"
"အဲ! အဲ့ဒီအခါက်ရင္ေတာ့ သူ႔ဆီကအင္အားကိုယူၿပီး ႏွစ္ေယာက္အတူတူရင္ဆိုင္မွာေပါ့ကြာ၊ လက္ေလ်ာ့လိုက္ဖို႔မေတြးဘဲ ႀကိဳးစားမယ္ေလ၊ ႀကိဳးစားရင္ ဘာမဆိုျဖစ္နိုင္ပါတယ္ကြ၊ ႏွစ္ေယာက္အတူတူႀကိဳးစားရင္ ပိုေတာင္ျဖစ္နိုင္ေသးတယ္ ေနာ့္"
ႏွစ္ေယာက္အတူတူႀကိဳးစားရင္တဲ့လား။ယူဘင္း ကိုမ်က္ႏွာလႊဲလိုက္ၿပီး ေခါင္းငိုက္စိုက္က်လၽွက္ Baekhyun အေတြးမ်ားသြားရသည္။
"ဘာမွ အေတြးမ်ားမေနပါနဲ႔ကြာ၊ မင္းရဲ့ ေဒါက္တာဦးက အင္အားႀကီးတဲ့လူတစ္ေယာက္ပါ"
"ဟမ္!!"
"ဟဲဟဲ! ဒီေလာက္ ထိတ္လန့္သြားပုံအရ ငါ့မွန္းခ်က္ကမွန္သြားၿပီထင္တယ္ေနာ္"
"ဟင္! မဟုတ္....ငါ!"
"မျငင္းပါနဲ႔ ငါဒီေလာကမွာ ရွင္သန္လာတဲ့သက္တမ္းကမနည္းေတာ့ပါဘူး"
"ဟင္!"
"ကဲပါ ကဲပါ၊ ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာတစ္ခုကေတာ့ ေဘးလူျဖစ္တဲ့ငါေတာင္ မင္းရဲ့ ေဒါက္တာဦး ကိုယုံပါတယ္လို႔!"
Baekhyun ပါးစပ္တျပင္ျပင္ျဖစ္ေနပါေသာ္လည္း ျပဳံးစိစိျဖင့္အေသအခ်ာႀကီးေျပာေနပါေသာ ယူဘင္း ေၾကာင့္ဘာျပန္ေျပာရမွန္းမသိျဖစ္သြားရပါသည္။
ထိုအခ်ိန္မွာပဲ
"ကဲ မုန့္ေတြရပါၿပီ!"
"ေဟးး Happy Birthday လီေဆာင္း"
"မုန့္ဝယ္ေကၽြးလို႔ ေမြးေန႔မွာေပ်ာ္ရႊင္ပါေစေနာ္"
"ဪ! ဝယ္မေကၽြးရင္ ငါကမေပ်ာ္ရႊင္ရဘူးေပါ့"
"ဟားဟားဟား!"
"လာၾက! ကိုယ္မွာလိုက္တဲ့မုန့္ ကိုယ့္ဘာသာလာယူၾက"
မုန့္ထုပ္ေတြျဖင့္ လီေဆာင္း တို႔အုပ္စုအခန္းထဲျပန္ေရာက္လာၾကေသာအခါ တစ္ခန္းလုံးဆူညံသြားပါေတာ့သည္။
.................................................................................
"တာ့တာ Baekhyun! ေဒါက္တာဦး ေရာပဲကၽြန္ေတာ္သြားၿပီဗ်"
ေအာ္ႀကီးဟစ္က်ယ္ျဖင့္ လက္ျပႏွုတ္ဆက္သြားတဲ့ ယူဘင္း ကိုျပန္ႏွုတ္ဆက္ၿပီးသြားမွသာ Baekhyun တို႔ေတြကားေပၚတက္ၿပီး အိမ္ျပန္လမ္းကိုဦးတည္လိုက္ေတာ့သည္။
ဒီေန႔ရဲ့ အိမ္ျပန္လမ္းမွာေတာ့ ဦးကိုေတာင္မေငးေမာနိုင္ဘဲ Baekhyun အေတြးမ်ားေနခဲ့ရသည္။ေက်ာင္းမွာတုန္းက ယူဘင္း ေျပာခဲ့တဲ့စကားေတြဟာ Baekhyun ရဲ့နားထဲမွာ တဝဲလည္လည္ျဖစ္ေနပါသည္။
ယူဘင္း ေျပာလိုက္သမၽွေတြက Baekhyun ကိုအေတာ္ေလးအံ့အားသင့္ေစပါသည္။ေယာက္်ားေလးခ်င္းႀကိဳက္တယ္ဆိုတဲ့ကိစၥကိုမဟုတ္ဘဲ ထိုကိစၥကိုလူေတြလက္ခံၾကတယ္ဆိုတာအား အံ့အားသင့္တာျဖစ္သည္။ထို႔အျပင္ ကမၻာအႏွံ့မွာ လိင္တူခ်င္းႀကိဳက္တဲ့လူေတြအမ်ားႀကီးရွိတယ္တဲ့ေလ။ကမၻာႀကီးက Baekhyun လိုက္မမွီနိုင္ေအာင္ကို တိုးတက္ေျပာင္းလဲေနပါေရာပါလား။
ေဘးနားမွာ ကားကိုအာ႐ုံစိုက္ၿပီးေမာင္းေနသူအား Baekhyun ၾကည့္လိုက္မိသည္။Baekhyun ၾကည့္တာကိုရိပ္မိသြားပုံရတဲ့ ဦးက Baekhyun ကိုလွည့္ၾကည့္ကာျပဳံးျပၿပီးမွ အေရွ႕ကိုျပန္လွည့္သြားပါသည္။
["ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာတစ္ခုကေတာ့ ေဘးလူျဖစ္တဲ့ငါေတာင္ မင္းရဲ့ ေဒါက္တာဦး ကိုယုံပါတယ္လို႔!"]
ယူဘင္း ေျပာခဲ့တဲ့စကားကိုျပန္ၾကားေယာင္မိေတာ့ Baekhyun ေခါင္းတဆတ္ဆတ္ညိမ့္မိသည္။ယုံတာေပါ့၊ Baekhyun ဦးကိုအမ်ားႀကီးယုံပါသည္။ေျပာခဲ့ဖူးသလိုပဲ တျခားလူေတြထက္ပိုၿပီး ဦးကို အမ်ားႀကီးယုံပါသည္။
သို႔ေပမယ့္လည္း Baekhyun ကေၾကာက္ေနမိတာပါ။ဒီတိုင္း ဦးကို နည္းနည္းေလးထိခိုက္မွာကိုေတာင္ Baekhyun ကအမ်ားႀကီးေၾကာက္ေနခဲ့တာပါ။တျခား ဘာဆိုဘာေၾကာင့္မွမဟုတ္ဘဲ ကိစၥေတြျဖစ္လာခဲ့ရင္ ဦးထိခိုက္မွာကို ေၾကာက္ေနမိ႐ုံေလးပါ။
"ကားေပၚမွာ ခဏေစာင့္ေနေနာ္ ေကာင္ေလး"
"ဟင္..."
အေတြးမ်ားေနတဲ့ Baekhyun ကသူ႔ဦးရဲ့အသံကိုၾကားမွပဲ အသိဝင္ၿပီး အေျခအေနကိုၾကည့္လိုက္ေတာ့ ကားက လမ္းေဘးတစ္ေနရာမွာရပ္ေနတာျဖစ္သည္။
"ဦးက ဘယ္သြားမလို႔လဲဟင္"
"ကိုယ္ ဟိုးကစတိုးဆိုင္ကိုခဏဝင္မလို႔၊ ခဏေလးပဲ"
"ဟုတ္ကဲ့"
ဦးက ကားေပၚကအျမန္ဆင္းသြားၿပီး ကားလမ္းကူးကာ တစ္ဖက္ျခမ္းမွာရွိတဲ့ စတိုးဆိုင္ထဲဝင္သြားပါသည္။
ကားေပၚမွာတစ္ေယာက္တည္း တိတ္တဆိတ္က်န္ခဲ့ေတာ့မွပဲ Baekhyun အေတြးတစ္ခုဝင္လာျပန္သည္။
["တိုေတာင္းတဲ့လူ႔ဘဝမွာ ရွင္သန္ရတဲ့အခ်ိန္ခဏေလးေတာ့ ကိုယ့္ခ်စ္တဲ့လူရဲ့အနားမွာပဲေနခ်င္တာေပါ့၊ မဟုတ္ဘူးလား"]
ယူဘင္း ေျပာတဲ့စကားေတြက မွန္ေနပါေရာလား။အတူရွိေနတဲ့ ဦးက အခု Baekhyun ကိုတစ္ေယာက္တည္းထားခဲ့ၿပီး ခဏေလးသြားတာေတာင္ တေမၽွာ္ေမၽွာ္ျဖစ္ေနရသည္။အခ်ိန္တိုင္းလိုလို ဦးရဲ့အနားမွာ ဦးႏွင့္အတူ ရွိခ်င္မိတာက Baekhyun ရဲ့စိတ္ရင္းအမွန္ျဖစ္ပါသည္။
ဒါဆို တကယ္ပဲ၊ ဦးကို Baekhyun...။
အေတြးမဆုံးေသးခင္ ဆိုင္ထဲကေနျပန္ထြက္လာတဲ့ ဦးေၾကာင့္ Baekhyun ရဲ့စိတ္ထဲသိသိသာသာေပ်ာ္ရႊင္သြားရသည္။ဦး ျပန္လာၿပီ။ကားလမ္းကူးလာတဲ့ ဦးက တျဖည္းျဖည္း Baekhyun ဆီေရာက္လာေတာ့မွာပါ။
ဦးကို မ်က္စိေဒါက္ေထာက္ၾကည့္ေနမိတဲ့ ထိုအခ်ိန္မွာပဲ အရွိန္ျဖင့္ေမာင္းလာတဲ့ကားတစ္စီးဟာ ဦးရဲ့အနားနီးကပ္သြားၿပီး
ကၽြီ!!!
"အားးး!"
Baekhyun နားႏွစ္ဖက္ကိုစုံပိတ္ၿပီး အသံကုန္ေအာ္လိုက္မိေတာ့သည္။
ဘာျဖစ္သြားၿပီလဲ! ဦး ဘာျဖစ္သြားၿပီလဲ!
ဟင့္အင္း ဘာမွမျဖစ္ပါဘူး! ဦးက ဘာျဖစ္ရမွာလဲ! ဘာမွမျဖစ္ဘူး! တကယ္ ဘာမွမျဖစ္ဘူး!
["တိုေတာင္းတဲ့လူ႔ဘဝမွာ ရွင္သန္ရတဲ့အခ်ိန္ခဏေလးေတာ့ ကိုယ့္ခ်စ္တဲ့လူရဲ့အနားမွာပဲေနခ်င္တာေပါ့၊ မဟုတ္ဘူးလား၊ ေတာ္ၾကာ အနားမွာမရွိေတာ့မွ ေနာင္တေတြရၿပီးလြမ္းေနရရင္ အႀကီးမားဆုံးဒုကၡပဲ"]
ဟင့္အင္း! ဒီတစ္ခါ ယူဘင္း ရဲ့စကားေတြမမွန္ဘူး! ဘာလို႔ ေနာင္တရရမွာလဲ! မရဘူး! ဘယ္ေတာ့မွမရဘူး!
"ေကာင္ေလး! ေကာင္ေလး! ဘာျဖစ္လို႔လဲ"
"ဟင္......"
"ငိုေနတယ္! ဘာျဖစ္လို႔လဲ ေခါင္းမူးလို႔လား!"
နားႏွစ္ဖက္ကို စုံပိတ္ထားရာကေန Baekhyun ျဖည္းျဖည္းခ်င္းေမာ့ၾကည့္လိုက္ေတာ့ ဦးကို ေဝေဝဝါးဝါးျမင္လိုက္ရသည္။ဒီတစ္ခါမွာလည္း ေဝဝါးေနတဲ့ျမင္ကြင္းထဲမွာေတာင္ ဦးရဲ့ ဝိုင္းစက္စက္မ်က္ဝန္းေတြထဲက စိုးရိမ္ပူပန္မွုေတြကို ေသခ်ာေလးျမင္ေနရပါသည္။
"ေကာင္ေလး၊ ကိုယ္စိတ္ပူလိုက္တာကြာ ဘာျဖစ္လို႔လဲ! ကိုယ္မရွိတဲ့အခ်ိန္ခဏအတြင္း ဘာျဖစ္လို႔လဲဟင္"
ဦးက Baekhyun ရဲ့ပုံစံကိုၾကည့္ၿပီးျပာယာခတ္ေနတဲ့အခ်ိန္ Baekhyun ရဲ့ရင္ထဲလည္း ဦးေၾကာင့္ျပာယာခတ္ေနရပါသည္။
နားကိုပိတ္ထားတဲ့လက္ႏွစ္ဖက္အားဖယ္ခြါၿပီး လက္ႏွစ္ဖက္ကိုတျဖည္းျဖည္းဆန့္တန္း၍ ဦးရဲ့ ပါးျပင္ႏွစ္ဖက္မွာ Baekhyun ဖိအုပ္ထားလိုက္သည္။ထိုအခါမွ ဦး အနည္းငယ္တည္ၿငိမ္သြားသည္။
"ေကာင္ေလး..."
အၾကည့္ခ်င္းစုံေနတဲ့ ဦးရဲ့မ်က္ဝန္းေတြထဲမွာ အံ့အားသင့္မွုေတြလႊမ္းျခဳံေနတဲ့အခ်ိန္ Baekhyun ပီပီသသေျပာလိုက္မိသည္က
"ဦးကို ခ်စ္တယ္"
".................."
"ဦးကို ကၽြန္ေတာ္ ခ်စ္တယ္ဗ်"
ျပဴးက်ယ္သြားတဲ့ ဦးရဲ့မ်က္ဝန္းေတြကိုေတြ႕ကာမွ Baekhyun သက္ျပင္းအသာခ်ၿပီး သေဘာတက်ရယ္လိုက္မိပါေတာ့သည္။
.................................................................................
(ဆက္ရန္)
(၁၈.၁၁.၂၀၂၃)
ဒီအေတာအတြင္း update မွန္နိုင္မည္မဟုတ္ပါေၾကာင္း ေတာင္းပန္ေျပာၾကားလိုပါသည္ 🥺 ၁၂လပိုင္းေလာက္မွသာ မွန္နိုင္ပါမည္ေနာ္၊ ဇာတ္လမ္းကတစ္ဝက္ေလာက္ေရာက္ေနၿပီမို႔ ေနာက္ပိုင္းမွာဇာတ္ေကာင္အသစ္ေလးေတြပါလာပါေတာ့မယ္၊ မၾကာမီလာမည္ ေမၽွာ္🫶🏻