Chapter (199) Arc 3
အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)
တကယ်တော့ ချူဝမ့်ရှန်းသည် သတိလက်လွတ် ဖြစ်သွားတာ မဟုတ်ဘဲ မတိုင်ခင်က တောင်ဖောက်နဂါး၏ အရှိန်သည် မလျင်မြန်ခဲ့သလို သူ့တိုက်ကွက်ကိုလည်း ရှောင်တိမ်းသွားခြင်း မရှိလို့ ဒီသားရဲက တုံးအနေတယ်လို့ ထင်ခဲ့မိသည်။
ဒါက ဝိညာဥ်သားရဲဟာ သူ့ကို လှည့်စားနေတာ ဖြစ်နေမယ်လို့ မထင်ထားမိချေ။ တကယ်တော့ သူ့ရဲ့ အမြန်နှုန်းက ထင်ထားတာထက် အဆပေါင်းများစွာ ပိုမြန်နေ၏။
ထို့အတွက်ကြောင့် အဆုံးတွင် အရှိန်အဟုန်ဖြင့် နောက်ပြန်ဆုတ်၍ ရှောင်ခဲ့သော်လည်း သူ မလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
"သေစမ်း... စိတ်ပျက်စရာပဲ!"
ချူဝမ့်ရှန်း ဒေါသအရမ်း ထွက်လာပြီး ပေါက်ကွဲတော့မတတ် ဖြစ်လာသည်။ သူ့ကို ဒေါသထွက်စေတဲ့ အရာက ဒဏ်ရာမရဘဲ ဝိညာဥ်သားရဲရဲ့ လှည့်စားတာကို ခံလိုက်ရလို့သာ ဖြစ်၏။
သာမာန်အင်အားအရ သူ့ကို ထိခိုက်နိုင်ရင်တောင် အနည်းဆုံးတော့ တိုက်ပွဲတွေ အများကြီး တိုက်ဖို့ လိုပေမယ့် တစ်ဖက်က သူ့တိုက်ကွက်ကို အသာရှောင်၍ အထင်သေးစွာ ပြန်တိုက်ခိုက်ခဲ့သည်။
"မင်းငါ့လက်ထဲမှာ သေလိုက်တော့!"
ဟောက်သံများဖြင့် ချူဝမ့်ရှန်း လေထဲသို့ ပျံတက်သွားပြီး သူ၏လက်ငါးချောင်းကို ဓါးသွားများကဲ့သို့ ဖြန့်ကာ သူ့ရှေ့ရှိ တောင်ဖောက်နဂါးကြီးဆီသို့ တည့်တည့် ပြေးသွားလေသည်။
ဝူး!
သူ၏ တိုက်ခိုက်မှုကို ထပ်မံရင်ဆိုင် ရသောအခါတွင်လည်း တောင်ဖောက်နဂါးသည် ရှောင်ဖို့ မကြိုးစားသေးဘဲ ယခင်အတိုင်းပင် တည့်တည့် ပြေးလာခဲ့ပြန်၏။
"ဒီလှည့်ကွက်ကို သုံးနေတုန်းပဲပေါ့.... မင်းရဲ့ အစွမ်းအစကို ငါသိပြီးပြီ... မင်းမရှောင်ရင် ငါ မင်းကို ဘယ်လို ဖြိုခွဲပစ်မလဲ စောင့်ကြည့်လိုက်!"
မတိုင်ခင်က ချူဝမ့်ရှန်းဟာ ရန်သူကို သူ့လက်ဖဝါးနဲ့ မရိုက်နိုင်ခဲ့ဘူး။ သူ့အမြင်အရတော့ သူဟာ ရန်သူကို လျှော့တွက်မိပြီး ဒီဝိညာဉ်သားရဲရဲ့ ခုခံမှုကိုပါ လျှော့တွက်ထားမိတာကြောင့်ပင်။ အခု သူ့ရဲ့ အစွမ်းရှိသမျှနဲ့ တိုက်ခိုက်နေတာကို ဝိညာဥ်သားရဲတစ်ကောင်က ဘယ်လိုလုပ် တားနိုင်မလဲ။ .
ဗုန်း!
လက်ချောင်းထိပ်များမှ ပစ်လွှတ်လိုက်သော ယွမ်ချီများသည် တောင်ဖောက်နဂါးကြီး၏ ထူထဲသော အကြေးခွံများကို ထိုးဖောက်သွား၏။
ဇိဇိဇိဇိဇိ
မီးပွားများ ပေါက်ကွဲထွက်လာပြီး အလင်းရောင်များ ဖြာထွက်သွားသည်။
"ဘာ?"
အစတွင် သူသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲသို့ သေချာပေါက် ထိုးဖောက် ဝင်ရောက်သွားမည်ဟု သူထင်ခဲ့သည်။ သူဆန့်ထားသော လက်က သွေးတွေ ထွက်လာမည်ဟု မထင်ခဲ့ချေ။ ထိုအချိန်မှပင် ချူဝမ့်ရှန်းသည် သူ့တွက်ချက်မှုက မှားယွင်းသွားကြောင်း သိလိုက်ရသည်။
ပြိုင်ဘက်ရဲ့ ခံစစ်က တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေ၏။ သူ့လက်ချောင်းတွေက ဖောက်ထွက်ဖို့ ဖျက်စီးပစ်ရုံတင် မကဘဲ တုန်လှုပ်ခြောက်ခြားစရာ ကောင်းပေသည်။
ဗုန်း!
နောက်အခိုက်အတန့်တွင် တောင်ဖောက်နဂါး၏ ဦးခေါင်းသည် ချူဝမ့်ရှန်း၏ ရင်ဘတ်ကို ဝင်တိုက်ပစ်လေသည်။
ဝုန်း ဝုန်း!
ဒီတစ်ကြိမ်မှာတော့ ပြီးခဲ့တဲ့ အကြိမ်ကလောက် ကံကောင်းခြင်း မရှိတော့ချေ။ အရိုးတွေ ကွဲအက်သံနဲ့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းတစ်ယောက် ပြင်းထန်တဲ့ ဝေဒနာကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ် အတွင်းမှာ နံရိုးတစ်ဒါဇင်ကျော် ကျိုးသွားခဲ့သည်။
သွေးများကို ထိုးအန်ချလိုက်ရင်း လူတစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးကျသွားပြီး အပေါက်ကြီးတစ်ခုပင် ပေါက်သွားလေ၏။
"ကျောင်းအုပ်ကြီး!"
အိုးယန်ရွှမ်းသည် အလျင်အမြန် ပြေးချလာရင်း တောင်ဖောက်နဂါးကို ထိတ်လန့်သော မျက်လုံးများဖြင့် တစ်ဖန် ကြည့်လိုက်သည်။
ဟိုအရင်တုန်းကတော့ တစ်ဖက်က သာမန် သေမျိူးနယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ကာလက ဝိညာဥ်သားရဲပဲလို့ အမြဲတွေးခဲ့မိသည်။ ကျောင်းအုပ်ကြီးရဲ့ ခွန်အားနဲ့ လှုပ်ရှားနေသမျှ အလွယ်တကူ ဖမ်းနိုင်တော့မှာ သေချာသည်။
သို့သော် နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရခဲ့မည်ဟု မတွေးခဲ့မိပေ။ ဒါက ကြောက်စရာ ကောင်းလွန်းလှသည်။
ကြောက်စရာကောင်းတဲ့ ဝိညာဉ်သားရဲ တစ်ကောင်က ယွမ်ချီနယ်ပယ်မှာ ရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ စကားကို ဘယ်လိုလုပ် နားထောင်နိုင်ရတာလဲ?
"ဘုရင်ကြီးချန်ရှုံ... ဒီသားရဲကို အတူတူ သုတ်သင်ဖို့ ကူညီပေးပါ!"
အိုးယန်ရွှမ်း၏ ဆွဲထူပေးနေသော လက်များကို တွန်းထုတ်ရင်း ချူဝမ့်ရှန်းသည် တစ်ဖန် မတ်တတ် ပြန်ထလာကာ သူ့မျက်လုံးများသည် အရူးတစ်ယောက်လို နီရဲလာသည်။
သူက ဘယ်သူလဲ?
ယင်းယန်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာရှိသော ကျောင်းခွဲရဲ့ ကျောင်းအုပ်ကြီးပင်။ ကျောင်းကြီးကို ဦးဆောင်ခဲ့သည့် အလွန်အားကောင်းသော အမျိုးသားသည် ယခုအခါ နံရိုးကျိုးပြီး သွေးအန်တဲ့အထိ ဝိညာဥ်သားရဲဆီက ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
"ကောင်းပြီ!"
ဘုရင်ကြီး ချန်ရှုံသည် ယခုအခိုက်အတန့်တွင် တောင်ဖောက်နဂါး သန်မာသည်ကို မြင်သောကြောင့် တွေဝေမနေဘဲ ခေါင်းညိတ် သဘောတူကာ ခြေတစ်လှမ်းနင်းလျက် ပြေးထွက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ချူဝမ့်ရှန်းကလည်း အနီးကပ် လိုက်လာခဲ့၏။
သူဒဏ်ရာရနေပြီ ဖြစ်သော်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူ တစ်ဦးအနေဖြင့် ကျိုးသွားသောနံရိုး အနည်းငယ်ကို ထိန်းထားနိုင်ပြီး ၎င်းသည် သူ၏တိုက်ခိုက်မှုအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိပေ။
ထို့အပြင် ယင်းယန်ကျောင်းတော်၏ ကျောင်းအုပ်ကြီး အနေဖြင့် သူ့တွင် မရေမတွက်နိုင်သော အရင်းအမြစ်များ ရှိပါသည်။ သူ၏ယခု ဒဏ်ရာများမှာ ပြင်းထန်သော်လည်း သူ့အသက်အန္တရာယ် မကျရောက်သေးသရွေ့ အချိန်တိုအတွင်း ပြန်ကောင်းမွန်လာနိုင်၏။
ဗုန်း!
အဆင့်၈ လူနှစ်ယောက်သည် သူတို့၏ တိုက်ကွက်များကို တစ်ချိန်တည်း ပစ်ခတ်လိုက်ရာ ယင်းယန်ရေကန်ရှေ့ရှိ ရင်ပြင်တွင် လေထုသည် ချက်ချင်း ထူထပ်လာပြီး လူများကို ကြီးမားသော ဖိနှိပ်မှုကြောင့် မသက်မသာ ဖြစ်လာစေသည်။
သေသေချာချာ ပြောရရင်တော့ ဘုရင်မင်းမြတ် ချန်ရှုံရဲ့ အစွမ်းက ချူဝမ့်ရှန်းထက် အဆပေါင်းများစွာ သာလွန်၏။ တောင်ဖောက်နဂါးရဲ့ စွမ်းအားကို သိထားတာမို့ သူက ခွန်အားအားလုံးကို မလျှော့ဘဲ အသုံးပြုထားသည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောင်ဖောက်နဂါးသည် ဘုရင်မင်းမြတ် ချန်ရှုံအား အလွန်သန်မာစွာ ရိုက်ချလာခဲ့သည်။ ဘုရင်မင်းမြတ် ချန်ရှုံလည်း ကမန်းကတမ်း နောက်ပြန် ဆုတ်လိုက်ရသည်။
"ဝူး!"
ဤအခိုက်အတန့်တွင် တောင်ဖောက်နဂါးမှာ အမှန်တကယ်ပင် ဒေါသ ထွက်နေလေပြီ။ ရူးသွပ်သော ဟောက်သံနှင့်အတူ ၎င်း၏ထူထဲသော ခွာများသည် မြေပြင်ပေါ်သို့ နင်းလိုက်ကာ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ချူဝမ့်ရှန်းက အားနည်းပြီး ဒဏ်ရာ အပြင်းအထန် ရသွားတာကိုလည်း သိထားတာကြောင့် တောင်ဖောက်နဂါးသည် ပျော့ပြောင်းသော ပန်းသီးကို အရင်ရွေးချယ်လိုက်၏။
"မင်း"
ချူဝမ့်ရှန်းမှာ တောင်ဖောက်နဂါးက ဒေါသတကြီး ဟိန်းဟောက်ပြီး သူ့ကိုတိုက်ရိုက် ပစ်မှတ်ထားလိုက်မယ်လို့ မမျှော်လင့်ထားပေ။ ဘုရင်မင်းမြတ် ချန်ရှုံအတွက်တော့ သူ့နောက်ကွယ်တွင် တိုက်ခိုက်မှု ရှိမရှိကို ဂရုမစိုက်ဘဲ ကျောချသွားခဲ့သည်။
သို့သော် သူအလျင်အမြန် နောက်ဆုတ်သွားတာထက် တောင်ဖောက်နဂါးက ပိုမြန်နေ၏။ ဒီတစ်ခါမှာ ခေါင်းနဲ့ ဝင်မတိုက်တော့ဘဲ သူ့လက်တွေကို မြှောက်လျက် ဝေ့ယမ်းပစ်လိုက်သည်။
ခြေသည်း အရှိန်မှာ လျင်မြန်လွန်းသဖြင့် ၎င်းကို ကာကွယ်ရန် မဖြစ်နိုင်ပေ။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းမှာ ၎င်းအား ပိတ်ဆို့ရန် သူ၏လက်ဖဝါးများကို လှုပ်ရှားဖို့သာ တတ်နိုင်တော့သည်။
ဝှစ် ဝှစ်!
ဆက်တိုက်ဆိုသလို ပြတ်သားသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၏ လက်နှစ်ဖက်စလုံးသည် တစ်ချိန်တည်းတွင် ကျိုးကြေသွားလေ၏။
အင်အားကြီးသော ခွာများနှင့် ခြေသည်းများက သူ့လက်ဖဝါးကို ကြေမွသွားသော်လည်း တောင်ဖောက်နဂါးက မရပ်တန့်သေးဘဲ ချူဝမ့်ရှန်း ရင်ဘတ်ကို ထပ်မံ ရိုက်ထုတ်ပစ်လိုက်သည်။
ဖူး....!
သွေးရှင်ရှင်များ ဆက်တိုက် စီးကျလာပြီးနောက် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းသည် ယခင်ကဲ့သို့ သတ္တိမရှိတော့ဘဲ ဖုန်မှုန့်များ ဖုံးလွှမ်းနေသော အကြီးအကဲ လုံယွမ်ကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားတော့သည်။
ဝုန်း!
တောင်ဖောက်နဂါး၏ ခွာများနှင့် ခြေသည်းများသည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို တိုက်ခိုက်ပြီးနောက် ၎င်း၏နောက်ကျောတွင် ဘုရင်မင်းမြတ် ချန်ရှုံက ရုတ်တရက် ပေါ်လာ၏။
ဒီလောက်ကောင်းတဲ့ အခွင့်အရေးကောင်းကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်ပါ့မလဲ။
ဝုန်း!
ဤလက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် ထိမှန်ခြင်း ခံရသောအခါ တောင်ဖောက်နဂါးသည် ခံနိုင်ရည်အား ကောင်းသော်လည်း ရုတ်တရက် ရှောင်ချိန်မရလိုက်ပေ။
ဝူး!
ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိပြီးသော်လည်း တောင်ဖောက်နဂါး၏ တိုက်ပွဲစွမ်းအားမှာ အားနည်းမသွားဘဲ ၎င်း၏ အမြီးထူထူကြီးကို ပြင်းထန်စွာ ဝေ့ယမ်းပစ်သည်။
သာမန် သားရဲပဲဖြစ်ဖြစ် ဝိညာဥ်သားရဲပဲဖြစ်ဖြစ် အပြင်းဆုံး တိုက်ခိုက်မှုကတော့ ပါးစပ်ပြီးရင် နောက်မှာ အမြီးပါပဲ။
အမြီးသည် ပေါင်ထက် အချင်းပိုထူကာ ခိုင်ခံ့မှုအား ခန့်မှန်းလို့ မရသော်ငြား ဝေ့ယမ်းလိုက် သောအခါ ကြာပွတ်ကဲ့သို့ပင် ၎င်းသည် အရှိန် ပိုမြန်နေ၏။
ဖြောင်း!
အမြီး၏ အရှိန်သည် လျှပ်တစ်ပြက်ကဲ့သို့ မြန်လွန်းလှသည်။ ဘုရင်ကြီးချန်ရှုံ ကြိုတင်ကာကွယ် ထားသော်လည်း မရှောင်တိမ်းရသေးခင် တစ်ချက်တည်းဖြင့် ရင်ဘတ်ကို ထိမှန်သွားသည်။
ဝုန်း!
လွန်စွာ ကျယ်လောင်သော အသံက ဘုရင်ကြီး ချန်ရှုံ မခုခံလိုက်နိုင်ဘဲ အမြောက်ကျည်ဆန်များကဲ့သို့ ပျံထွက်သွားကာ နံရံကို နောက်ပြန် ဝင်တိုက်မိရင်း အခန်းပေါင်း တစ်ဒါဇင်ကျော် ဆက်တိုက် ပြိုကျသွားခြင်း ဖြစ်သည်။
"ဖူး!"
သူ့ရင်ဘတ်ရှိ နံရိုးသည် ချူဝမ့်ရှန်းကဲ့သို့ အနည်းဆုံး ခုနစ်ချောင်း သို့မဟုတ် ရှစ်ချောင်း ကျိုးသွားသည်ကို ခံစားလိုက်ရပြီး သူ၏အတွင်းအင်္ဂါများလည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
"ဘာ?"
"ဘုရင်မင်းမြတ်နဲ့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းတို့ အတူတူ ပေါင်းတိုက်တာတောင် ရှုံးသွားတာလား"
ဤမြင်ကွင်းကို သူတို့မျက်လုံးထဲ မြင်လိုက်ရတော့ အိုးယန်ရွှမ်း နှင့် စစ်သူကြီး စစ်သေနာပတိ ဟူရှောက်တို့မှာ တို့သည် အလွန်ထိတ်လန့်သွားပြီး ချော်လဲလုမတတ် ဖြစ်သွားကြသည်။
ဒီလူနှစ်ယောက်ဟာ ပေရွှီးမြို့ရဲ့ တိုက်ခိုက်ရေး စွမ်းအား အမြင့်ဆုံးကို ကိုယ်စားပြုသည့် လူများဖြစ်သော်ငြား ဝိညာဥ်သားရဲ တစ်ကောင်ကိုတောင် အနိုင်မယူနိုင်ခဲ့ကြချေ။
"ဝူး!"
တိုက်ပွဲ တစ်ခုတည်းနဲ့ သခင်နှစ်ယောက်ကို ဒဏ်ရာရစေခဲ့သော တောင်ဖောက်နဂါးကြီးသည် လျှပ်စီးကဲ့သို့ ဒေါသတကြီး တောက်လောင်နေသော မျက်လုံးများဖြင့် အလန့်တကြား အော်ဟစ်လာတဲ့ လူနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
Chapter (199) Arc 3
အားႀကီးေသာေတာင္ေဖာက္နဂါး (တတိယပိုင္း)
တကယ္ေတာ့ ခ်ဴဝမ့္ရွန္းသည္ သတိလက္လြတ္ ျဖစ္သြားတာ မဟုတ္ဘဲ မတိုင္ခင္က ေတာင္ေဖာက္နဂါး၏ အရွိန္သည္ မလ်င္ျမန္ခဲ့သလို သူ႕တိုက္ကြက္ကိုလည္း ေရွာင္တိမ္းသြားျခင္း မရွိလို႔ ဒီသားရဲက တုံးအေနတယ္လို႔ ထင္ခဲ့မိသည္။
ဒါက ဝိညာဥ္သားရဲဟာ သူ႕ကို လွည့္စားေနတာ ျဖစ္ေနမယ္လို႔ မထင္ထားမိေခ်။ တကယ္ေတာ့ သူ႕ရဲ႕ အျမန္ႏႈန္းက ထင္ထားတာထက္ အဆေပါင္းမ်ားစြာ ပိုျမန္ေန၏။
ထို႔အတြက္ေၾကာင့္ အဆုံးတြင္ အရွိန္အဟုန္ျဖင့္ ေနာက္ျပန္ဆုတ္၍ ေရွာင္ခဲ့ေသာ္လည္း သူ မလြတ္ေျမာက္နိုင္ခဲ့ျခင္း ျဖစ္သည္။
"ေသစမ္း... စိတ္ပ်က္စရာပဲ!"
ခ်ဴဝမ့္ရွန္း ေဒါသအရမ္း ထြက္လာၿပီး ေပါက္ကြဲေတာ့မတတ္ ျဖစ္လာသည္။ သူ႕ကို ေဒါသထြက္ေစတဲ့ အရာက ဒဏ္ရာမရဘဲ ဝိညာဥ္သားရဲရဲ႕ လွည့္စားတာကို ခံလိုက္ရလို႔သာ ျဖစ္၏။
သာမာန္အင္အားအရ သူ႕ကို ထိခိုက္နိုင္ရင္ေတာင္ အနည္းဆုံးေတာ့ တိုက္ပြဲေတြ အမ်ားႀကီး တိုက္ဖို႔ လိုေပမယ့္ တစ္ဖက္က သူ႕တိုက္ကြက္ကို အသာေရွာင္၍ အထင္ေသးစြာ ျပန္တိုက္ခိုက္ခဲ့သည္။
"မင္းငါ့လက္ထဲမွာ ေသလိုက္ေတာ့!"
ေဟာက္သံမ်ားျဖင့္ ခ်ဴဝမ့္ရွန္း ေလထဲသို႔ ပ်ံတက္သြားၿပီး သူ၏လက္ငါးေခ်ာင္းကို ဓါးသြားမ်ားကဲ့သို႔ ျဖန႔္ကာ သူ႕ေရွ႕ရွိ ေတာင္ေဖာက္နဂါးႀကီးဆီသို႔ တည့္တည့္ ေျပးသြားေလသည္။
ဝူး!
သူ၏ တိုက္ခိုက္မႈကို ထပ္မံရင္ဆိုင္ ရေသာအခါတြင္လည္း ေတာင္ေဖာက္နဂါးသည္ ေရွာင္ဖို႔ မႀကိဳးစားေသးဘဲ ယခင္အတိုင္းပင္ တည့္တည့္ ေျပးလာခဲ့ျပန္၏။
"ဒီလွည့္ကြက္ကို သုံးေနတုန္းပဲေပါ့.... မင္းရဲ႕ အစြမ္းအစကို ငါသိၿပီးၿပီ... မင္းမေရွာင္ရင္ ငါ မင္းကို ဘယ္လို ၿဖိဳခြဲပစ္မလဲ ေစာင့္ၾကည့္လိုက္!"
မတိုင္ခင္က ခ်ဴဝမ့္ရွန္းဟာ ရန္သူကို သူ႕လက္ဖဝါးနဲ႕ မရိုက္နိုင္ခဲ့ဘူး။ သူ႕အျမင္အရေတာ့ သူဟာ ရန္သူကို ေလွ်ာ့တြက္မိၿပီး ဒီဝိညာဥ္သားရဲရဲ႕ ခုခံမႈကိုပါ ေလွ်ာ့တြက္ထားမိတာေၾကာင့္ပင္။ အခု သူ႕ရဲ႕ အစြမ္းရွိသမွ်နဲ႕ တိုက္ခိုက္ေနတာကို ဝိညာဥ္သားရဲတစ္ေကာင္က ဘယ္လိုလုပ္ တားနိုင္မလဲ။ .
ဗုန္း!
လက္ေခ်ာင္းထိပ္မ်ားမွ ပစ္လႊတ္လိုက္ေသာ ယြမ္ခ်ီမ်ားသည္ ေတာင္ေဖာက္နဂါးႀကီး၏ ထူထဲေသာ အေၾကးခြံမ်ားကို ထိုးေဖာက္သြား၏။
ဇိဇိဇိဇိဇိ
မီးပြားမ်ား ေပါက္ကြဲထြက္လာၿပီး အလင္းေရာင္မ်ား ျဖာထြက္သြားသည္။
"ဘာ?"
အစတြင္ သူသည္ ၿပိဳင္ဘက္၏ ခႏၶာကိုယ္ထဲသို႔ ေသခ်ာေပါက္ ထိုးေဖာက္ ဝင္ေရာက္သြားမည္ဟု သူထင္ခဲ့သည္။ သူဆန့္ထားေသာ လက္က ေသြးေတြ ထြက္လာမည္ဟု မထင္ခဲ့ေခ်။ ထိုအခ်ိန္မွပင္ ခ်ဴဝမ့္ရွန္းသည္ သူ႕တြက္ခ်က္မႈက မွားယြင္းသြားေၾကာင္း သိလိုက္ရသည္။
ၿပိဳင္ဘက္ရဲ႕ ခံစစ္က တကယ့္ကို ေၾကာက္စရာေကာင္းေလာက္ေအာင္ ျပင္းထန္ေန၏။ သူ႕လက္ေခ်ာင္းေတြက ေဖာက္ထြက္ဖို႔ ဖ်က္စီးပစ္႐ုံတင္ မကဘဲ တုန္လႈပ္ေျခာက္ျခားစရာ ေကာင္းေပသည္။
ဗုန္း!
ေနာက္အခိုက္အတန႔္တြင္ ေတာင္ေဖာက္နဂါး၏ ဦးေခါင္းသည္ ခ်ဴဝမ့္ရွန္း၏ ရင္ဘတ္ကို ဝင္တိုက္ပစ္ေလသည္။
ဝုန္း ဝုန္း!
ဒီတစ္ႀကိမ္မွာေတာ့ ၿပီးခဲ့တဲ့ အႀကိမ္ကေလာက္ ကံေကာင္းျခင္း မရွိေတာ့ေခ်။ အရိုးေတြ ကြဲအက္သံနဲ႕ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းတစ္ေယာက္ ျပင္းထန္တဲ့ ေဝဒနာကို ခံစားလိုက္ရၿပီး မ်က္စိတစ္မွိတ္ အတြင္းမွာ နံရိုးတစ္ဒါဇင္ေက်ာ္ က်ိဳးသြားခဲ့သည္။
ေသြးမ်ားကို ထိုးအန္ခ်လိဳက္ရင္း လူတစ္ကိုယ္လုံး ေျမျပင္ေပၚသို႔ ျပင္းထန္စြာ ထိုးက်သြားၿပီး အေပါက္ႀကီးတစ္ခုပင္ ေပါက္သြားေလ၏။
"ေက်ာင္းအုပ္ႀကီး!"
အိုးယန္႐ႊမ္းသည္ အလ်င္အျမန္ ေျပးခ်လာရင္း ေတာင္ေဖာက္နဂါးကို ထိတ္လန႔္ေသာ မ်က္လုံးမ်ားျဖင့္ တစ္ဖန္ ၾကည့္လိုက္သည္။
ဟိုအရင္တုန္းကေတာ့ တစ္ဖက္က သာမန္ ေသမ်ိဴးနယ္ပယ္ အဆင့္၈ ၿပီးျပည့္စုံတဲ့ကာလက ဝိညာဥ္သားရဲပဲလို႔ အၿမဲေတြးခဲ့မိသည္။ ေက်ာင္းအုပ္ႀကီးရဲ႕ ခြန္အားနဲ႕ လႈပ္ရွားေနသမွ် အလြယ္တကူ ဖမ္းနိုင္ေတာ့မွာ ေသခ်ာသည္။
သို႔ေသာ္ ႏွစ္ႀကိမ္ဆက္တိုက္ တိုက္ခိုက္ခံရၿပီး ဒဏ္ရာျပင္းထန္စြာ ရခဲ့မည္ဟု မေတြးခဲ့မိေပ။ ဒါက ေၾကာက္စရာ ေကာင္းလြန္းလွသည္။
ေၾကာက္စရာေကာင္းတဲ့ ဝိညာဥ္သားရဲ တစ္ေကာင္က ယြမ္ခ်ီနယ္ပယ္မွာ ရွိတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ စကားကို ဘယ္လိုလုပ္ နားေထာင္နိုင္ရတာလဲ?
"ဘုရင္ႀကီးခ်န္ရႈံ... ဒီသားရဲကို အတူတူ သုတ္သင္ဖို႔ ကူညီေပးပါ!"
အိုးယန္႐ႊမ္း၏ ဆြဲထူေပးေနေသာ လက္မ်ားကို တြန္းထုတ္ရင္း ခ်ဴဝမ့္ရွန္းသည္ တစ္ဖန္ မတ္တတ္ ျပန္ထလာကာ သူ႕မ်က္လုံးမ်ားသည္ အ႐ူးတစ္ေယာက္လို နီရဲလာသည္။
သူက ဘယ္သူလဲ?
ယင္းယန္ေက်ာင္းေတာ္ရဲ႕ ဂုဏ္သိကၡာရွိေသာ ေက်ာင္းခြဲရဲ႕ ေက်ာင္းအုပ္ႀကီးပင္။ ေက်ာင္းႀကီးကို ဦးေဆာင္ခဲ့သည့္ အလြန္အားေကာင္းေသာ အမ်ိဳးသားသည္ ယခုအခါ နံရိုးက်ိဳးၿပီး ေသြးအန္တဲ့အထိ ဝိညာဥ္သားရဲဆီက ရိုက္ႏွက္ျခင္းကို ခံခဲ့ရသည္။
"ေကာင္းၿပီ!"
ဘုရင္ႀကီး ခ်န္ရႈံသည္ ယခုအခိုက္အတန႔္တြင္ ေတာင္ေဖာက္နဂါး သန္မာသည္ကို ျမင္ေသာေၾကာင့္ ေတြေဝမေနဘဲ ေခါင္းညိတ္ သေဘာတူကာ ေျခတစ္လွမ္းနင္းလ်က္ ေျပးထြက္သြားေလသည္။
တစ္ခ်ိန္တည္းမွာပင္ ခ်ဴဝမ့္ရွန္းကလည္း အနီးကပ္ လိုက္လာခဲ့၏။
သူဒဏ္ရာရေနၿပီ ျဖစ္ေသာ္လည္း ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ က်င့္ႀကံသူ တစ္ဦးအေနျဖင့္ က်ိဳးသြားေသာနံရိုး အနည္းငယ္ကို ထိန္းထားနိုင္ၿပီး ၎သည္ သူ၏တိုက္ခိုက္မႈအေပၚ ႀကီးႀကီးမားမား သက္ေရာက္မႈ မရွိေပ။
ထို႔အျပင္ ယင္းယန္ေက်ာင္းေတာ္၏ ေက်ာင္းအုပ္ႀကီး အေနျဖင့္ သူ႕တြင္ မေရမတြက္နိုင္ေသာ အရင္းအျမစ္မ်ား ရွိပါသည္။ သူ၏ယခု ဒဏ္ရာမ်ားမွာ ျပင္းထန္ေသာ္လည္း သူ႕အသက္အႏၱရာယ္ မက်ေရာက္ေသးသေ႐ြ႕ အခ်ိန္တိုအတြင္း ျပန္ေကာင္းမြန္လာနိုင္၏။
ဗုန္း!
အဆင့္၈ လူႏွစ္ေယာက္သည္ သူတို႔၏ တိုက္ကြက္မ်ားကို တစ္ခ်ိန္တည္း ပစ္ခတ္လိုက္ရာ ယင္းယန္ေရကန္ေရွ႕ရွိ ရင္ျပင္တြင္ ေလထုသည္ ခ်က္ခ်င္း ထူထပ္လာၿပီး လူမ်ားကို ႀကီးမားေသာ ဖိႏွိပ္မႈေၾကာင့္ မသက္မသာ ျဖစ္လာေစသည္။
ေသေသခ်ာခ်ာ ေျပာရရင္ေတာ့ ဘုရင္မင္းျမတ္ ခ်န္ရႈံရဲ႕ အစြမ္းက ခ်ဴဝမ့္ရွန္းထက္ အဆေပါင္းမ်ားစြာ သာလြန္၏။ ေတာင္ေဖာက္နဂါးရဲ႕ စြမ္းအားကို သိထားတာမို႔ သူက ခြန္အားအားလုံးကို မေလွ်ာ့ဘဲ အသုံးျပဳထားသည္။
ေပါက္ကြဲသံႀကီး ထြက္ေပၚလာၿပီး ေတာင္ေဖာက္နဂါးသည္ ဘုရင္မင္းျမတ္ ခ်န္ရႈံအား အလြန္သန္မာစြာ ရိုက္ခ်လာခဲ့သည္။ ဘုရင္မင္းျမတ္ ခ်န္ရႈံလည္း ကမန္းကတမ္း ေနာက္ျပန္ ဆုတ္လိုက္ရသည္။
"ဝူး!"
ဤအခိုက္အတန႔္တြင္ ေတာင္ေဖာက္နဂါးမွာ အမွန္တကယ္ပင္ ေဒါသ ထြက္ေနေလၿပီ။ ႐ူးသြပ္ေသာ ေဟာက္သံႏွင့္အတူ ၎၏ထူထဲေသာ ခြာမ်ားသည္ ေျမျပင္ေပၚသို႔ နင္းလိုက္ကာ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းကို တိုက္ရိုက္ တိုက္ခိုက္လိုက္သည္။
ခ်ဴဝမ့္ရွန္းက အားနည္းၿပီး ဒဏ္ရာ အျပင္းအထန္ ရသြားတာကိုလည္း သိထားတာေၾကာင့္ ေတာင္ေဖာက္နဂါးသည္ ေပ်ာ့ေျပာင္းေသာ ပန္းသီးကို အရင္ေ႐ြးခ်ယ္လိုက္၏။
"မင္း"
ခ်ဴဝမ့္ရွန္းမွာ ေတာင္ေဖာက္နဂါးက ေဒါသတႀကီး ဟိန္းေဟာက္ၿပီး သူ႕ကိုတိုက္ရိုက္ ပစ္မွတ္ထားလိုက္မယ္လို႔ မေမွ်ာ္လင့္ထားေပ။ ဘုရင္မင္းျမတ္ ခ်န္ရႈံအတြက္ေတာ့ သူ႕ေနာက္ကြယ္တြင္ တိုက္ခိုက္မႈ ရွိမရွိကို ဂ႐ုမစိုက္ဘဲ ေက်ာခ်သြားခဲ့သည္။
သို႔ေသာ္ သူအလ်င္အျမန္ ေနာက္ဆုတ္သြားတာထက္ ေတာင္ေဖာက္နဂါးက ပိုျမန္ေန၏။ ဒီတစ္ခါမွာ ေခါင္းနဲ႕ ဝင္မတိုက္ေတာ့ဘဲ သူ႕လက္ေတြကို ျမႇောက္လ်က္ ေဝ့ယမ္းပစ္လိုက္သည္။
ေျခသည္း အရွိန္မွာ လ်င္ျမန္လြန္းသျဖင့္ ၎ကို ကာကြယ္ရန္ မျဖစ္နိုင္ေပ။ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းမွာ ၎အား ပိတ္ဆို႔ရန္ သူ၏လက္ဖဝါးမ်ားကို လႈပ္ရွားဖို႔သာ တတ္နိုင္ေတာ့သည္။
ဝွစ္ ဝွစ္!
ဆက္တိုက္ဆိုသလို ျပတ္သားေသာ အသံမ်ား ဆက္တိုက္ ထြက္ေပၚလာၿပီး ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္း၏ လက္ႏွစ္ဖက္စလုံးသည္ တစ္ခ်ိန္တည္းတြင္ က်ိဳးေၾကသြားေလ၏။
အင္အားႀကီးေသာ ခြာမ်ားႏွင့္ ေျခသည္းမ်ားက သူ႕လက္ဖဝါးကို ေၾကမြသြားေသာ္လည္း ေတာင္ေဖာက္နဂါးက မရပ္တန႔္ေသးဘဲ ခ်ဴဝမ့္ရွန္း ရင္ဘတ္ကို ထပ္မံ ရိုက္ထုတ္ပစ္လိုက္သည္။
ဖူး....!
ေသြးရွင္ရွင္မ်ား ဆက္တိုက္ စီးက်လာၿပီးေနာက္ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းသည္ ယခင္ကဲ့သို႔ သတၱိမရွိေတာ့ဘဲ ဖုန္မႈန႔္မ်ား ဖုံးလႊမ္းေနေသာ အႀကီးအကဲ လုံယြမ္ကဲ့သို႔ ေျမျပင္ေပၚသို႔ ျပင္းျပင္းထန္ထန္ လဲက်သြားေတာ့သည္။
ဝုန္း!
ေတာင္ေဖာက္နဂါး၏ ခြာမ်ားႏွင့္ ေျခသည္းမ်ားသည္ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းကို တိုက္ခိုက္ၿပီးေနာက္ ၎၏ေနာက္ေက်ာတြင္ ဘုရင္မင္းျမတ္ ခ်န္ရႈံက ႐ုတ္တရက္ ေပၚလာ၏။
ဒီေလာက္ေကာင္းတဲ့ အခြင့္အေရးေကာင္းကို ဘယ္လိုလုပ္ လက္လႊတ္ခံနိုင္ပါ့မလဲ။
ဝုန္း!
ဤလက္ဖဝါးျဖင့္ ျပင္းျပင္းထန္ထန္ ထိမွန္ျခင္း ခံရေသာအခါ ေတာင္ေဖာက္နဂါးသည္ ခံနိုင္ရည္အား ေကာင္းေသာ္လည္း ႐ုတ္တရက္ ေရွာင္ခ်ိန္မရလိုက္ေပ။
ဝူး!
ခႏၶာကိုယ္တြင္ ဒဏ္ရာရရွိၿပီးေသာ္လည္း ေတာင္ေဖာက္နဂါး၏ တိုက္ပြဲစြမ္းအားမွာ အားနည္းမသြားဘဲ ၎၏ အၿမီးထူထူႀကီးကို ျပင္းထန္စြာ ေဝ့ယမ္းပစ္သည္။
သာမန္ သားရဲပဲျဖစ္ျဖစ္ ဝိညာဥ္သားရဲပဲျဖစ္ျဖစ္ အျပင္းဆုံး တိုက္ခိုက္မႈကေတာ့ ပါးစပ္ၿပီးရင္ ေနာက္မွာ အၿမီးပါပဲ။
အၿမီးသည္ ေပါင္ထက္ အခ်င္းပိုထူကာ ခိုင္ခံ့မႈအား ခန့္မွန္းလို႔ မရေသာ္ျငား ေဝ့ယမ္းလိုက္ ေသာအခါ ၾကာပြတ္ကဲ့သို႔ပင္ ၎သည္ အရွိန္ ပိုျမန္ေန၏။
ေျဖာင္း!
အၿမီး၏ အရွိန္သည္ လွ်ပ္တစ္ျပက္ကဲ့သို႔ ျမန္လြန္းလွသည္။ ဘုရင္ႀကီးခ်န္ရႈံ ႀကိဳတင္ကာကြယ္ ထားေသာ္လည္း မေရွာင္တိမ္းရေသးခင္ တစ္ခ်က္တည္းျဖင့္ ရင္ဘတ္ကို ထိမွန္သြားသည္။
ဝုန္း!
လြန္စြာ က်ယ္ေလာင္ေသာ အသံက ဘုရင္ႀကီး ခ်န္ရႈံ မခုခံလိုက္နိုင္ဘဲ အေျမာက္က်ည္ဆန္မ်ားကဲ့သို႔ ပ်ံထြက္သြားကာ နံရံကို ေနာက္ျပန္ ဝင္တိုက္မိရင္း အခန္းေပါင္း တစ္ဒါဇင္ေက်ာ္ ဆက္တိုက္ ၿပိဳက်သြားျခင္း ျဖစ္သည္။
"ဖူး!"
သူ႕ရင္ဘတ္ရွိ နံရိုးသည္ ခ်ဴဝမ့္ရွန္းကဲ့သို႔ အနည္းဆုံး ခုနစ္ေခ်ာင္း သို႔မဟုတ္ ရွစ္ေခ်ာင္း က်ိဳးသြားသည္ကို ခံစားလိုက္ရၿပီး သူ၏အတြင္းအဂၤါမ်ားလည္း ျပင္းထန္စြာ ဒဏ္ရာရသြားခဲ့သည္။
"ဘာ?"
"ဘုရင္မင္းျမတ္နဲ႕ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းတို႔ အတူတူ ေပါင္းတိုက္တာေတာင္ ရႈံးသြားတာလား"
ဤျမင္ကြင္းကို သူတို႔မ်က္လုံးထဲ ျမင္လိုက္ရေတာ့ အိုးယန္႐ႊမ္း ႏွင့္ စစ္သူႀကီး စစ္ေသနာပတိ ဟူေရွာက္တို႔မွာ တို႔သည္ အလြန္ထိတ္လန႔္သြားၿပီး ေခ်ာ္လဲလုမတတ္ ျဖစ္သြားၾကသည္။
ဒီလူႏွစ္ေယာက္ဟာ ေပ႐ႊီးၿမိဳ႕ရဲ႕ တိုက္ခိုက္ေရး စြမ္းအား အျမင့္ဆုံးကို ကိုယ္စားျပဳသည့္ လူမ်ားျဖစ္ေသာ္ျငား ဝိညာဥ္သားရဲ တစ္ေကာင္ကိုေတာင္ အနိုင္မယူနိုင္ခဲ့ၾကေခ်။
"ဝူး!"
တိုက္ပြဲ တစ္ခုတည္းနဲ႕ သခင္ႏွစ္ေယာက္ကို ဒဏ္ရာရေစခဲ့ေသာ ေတာင္ေဖာက္နဂါးႀကီးသည္ လွ်ပ္စီးကဲ့သို႔ ေဒါသတႀကီး ေတာက္ေလာင္ေနေသာ မ်က္လုံးမ်ားျဖင့္ အလန့္တၾကား ေအာ္ဟစ္လာတဲ့ လူႏွစ္ေယာက္ကို လွည့္ၾကည့္လိုက္သည္။