Chapter (197) Arc 3
အားကြီးသော တောင်ဖောက်နဂါး (ပထမပိုင်း)
"ကောင်းပြီ.... အဲဒီလုရွှမ်က ငါ့သား မင်းသားချန်ရှင်းနဲ့ အင်ပါယာစစ်တပ်ရဲ့ လက်ထောက်တပ်မှူး ယန့်ဖုံးကို ရှန့်ခုန်းချိုင့်ဝှမ်းမှာ သတ်ပစ်လိုက်တာ.... သူက ငါ့ရဲ့ ပေရွှီးအင်ပါယာ ဘုန်းအာနုဘော်ကို စိန်ခေါ်နေတာပဲကွ။ သူ့ကို မသတ်လိုက်ရင် ငါ့တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ငါဘယ်လို ထိန်းသိမ်းရတော့မလဲ"
ဘုရင်ကြီး ချန်ရှုံက ကျယ်လောင်စွာ ဟောက်လိုက်သည်။
မင်းသားချန်ရှင်း၊ ယန့်ဖုံးနှင့် အခြားသူများ သေဆုံးသွား သောအခါ လုရွှမ်က ၎င်းတို့ကို သတ်ခဲ့ကြောင်း သိသော်လည်း အတွင်း၌ ဖြစ်ပျက်ခဲ့သည်များကို တိတိကျကျ သူ မသိပေ။
"သူက မင်းသားချန်ရှင်းကို တကယ် သတ်လိုက်တာလား?"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် အိုးယန်ရွှမ်းတို့ တစ်ချိန်တည်းမှာ ထိတ်လန့်သွားပြီး နားလည်သွားကြသည်။ ဘယ်သူပဲဖြစ်ဖြစ် သူ့သားကို သတ်ရင် ဒေါသဖြစ်မှာ သေချာပါသည်။ ဘုရင်မင်းမြတ်လည်း အပါအဝင်ပင်။
မင်းသားတစ်ပါးကို ပြောင်ပြောင်တင်းတင်း သတ်ခဲ့သည်။ နောက်ထပ် အရေးယူမှု မပြုပါက တော်ဝင်မိသားစု တစ်ခုလုံး မည်သို့ရပ်တည် ရတော့မည်နည်း။
ပေရွှီးအင်ပါယာကို ထပ်မံထိန်းချုပ်ရန် အခွင့်အာဏာ မည်သို့ ရှိတော့မည်နည်း။
"ဟုတ်တယ်... အဲဒီလုရွှမ်က ဥပဒေမဲ့တဲ့ သူပဲ။ သူက မင်းသားချန်ရှင်းနဲ့ ဒုတပ်မှူး ယန့်ဖုံးကို သတ်ရုံတင်မကဘူး... ငါ့မြေး ချန်တုံးကလည်း သူ့ဆီက နှိပ်စက်ခံရတယ်။ အခု သူသေတာထက် ပိုဆိုးစေမယ့်ဘဝက ခံစားခိုင်းလိုက်စမ်းပါ...."
စစ်သေနာပတိ ဟူရှောက်ကလည်း ဝင်ပြောလိုက်သည်။
"ဒါဆို ကျောင်းအုပ်ကြီးချူကို မတားတော့ပါဘူး.... ငါတို့ ဒီကလေးကို တရားစီရင်ပြီး တခြားသူတွေကို စံနမူနာပြဖို့ သေသေချာချာ သတ်ပစ်လိုက်ရမယ်!"
"လူကြီးမင်းတို့ နှစ်ယောက် စိတ်ပူနေဖို့ မလိုပါဘူး.... အိုးယန်ရွှမ်းက အခုနက ကျုပ်ပြောခဲ့ပြီးကတည်းက လုရွှမ်ကို သေဒဏ်ပေးဖို့ ရည်ရွယ်ထားပြီးသားပါ.... အားလုံးက သဘောတူတဲ့အတွက် သူ့ကို ဘယ်သူသတ်သတ် အတူတူပါပဲ!"
တစ်ဖက်လူက ဘာကိုဆိုလိုသည်ကို သိလိုက်သဖြင့် ချူဝမ့်ရှန်းက သူဘာကို ဆိုလိုသည်ကို ဖုံးကွယ်မထားဘဲ လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ဒါပေမဲ့ ဒီကလေးက အခု ယင်းယန်ရေကန်ထဲကို ဝင်သွားပြီ... သူ့ကို သတ်ချင်ရင် ကိုယ့်ဘာသာသွားမှ အဆင်ပြေလိမ့်မယ်"
"ဒါက ရိုးရှင်းပါတယ်... ငါတို့ မင်းနဲ့ အတူတူ သွားကြမယ်!"
ချူဝမ့်ရှန်းက မကန့်ကွက်ဘဲ လုရွှမ်ကို သတ်ချင်နေတာ ကြားတော့ ဘုရင်ကြီး ချန်ရှုံနဲ့ စစ်သေနာပတိ ဟူရှောက်က တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
သူတို့ ဒီကိုမလာခင်မှာ အကြောက်ဆုံး အရာက ယင်းယန်ကျောင်းတော်က အပြင်းအထန် ကာကွယ်နေမှာကိုပဲ။
အကယ်၍ ၎င်းတို့သည် ပေရွှီးအင်ပါယာတွင် သြဇာအရှိဆုံး လူနှစ်ဦး ဖြစ်လျှင်ပင် သူတို့အတွက် အတင်းအကြပ် ဆက်လက် လုပ်ဆောင်ရန် ခက်ခဲနေမည် ဖြစ်သည်။
အမှန်တော့ ဤယင်းယန်ကျောင်းတော်သည် ဌာနခွဲ တစ်ခုသာ ဖြစ်ပြီး ဌာနချုပ်တစ်ခုလုံးသည် မည်သည့် အင်ပါယာအတွက်မဆို ကြီးမားသော နေရာတစ်ခု ဖြစ်သည်။ အဆင့်မြင့်အင်ပါယာ တစ်ခုပင်လျှင် ၎င်းကို အလွယ်တကူ မထိဝံ့ချေ။
"ဘုရင်မင်းမြတ် ချန်ရှုံနဲ့ စစ်သေနာပတိ ဟူရှောက် ကျေးဇူးပြုပြီး ကြွပါ!"
လူပေါင်းများစွာ၏ ဆွေးနွေးမှု အပြီးတွင် သဘောထားများသည် တညီတညွတ်တည်း ဖြစ်ခဲ့ကြသည်။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက ခြံဝင်းထဲမှ ဦးစွာ ထွက်ခွာသွားကာ အကြီးအကဲ အိုးယန်ရွှမ်းက ၎င်းတို့နှစ်ဦးကို ယင်းယန်ရေကန်ဆီသို့ ဦးဆောင် ခေါ်သွားခဲ့သည်။
"တကယ် ကိုယ့်ကိုယ်ကို နှိပ်စက်နေတာပဲ!"
သူတို့ ထွက်သွားတာကို မြင်တော့ ရှောင်းယွင့်ထျန်းနဲ့ တခြားသူတွေက မတ်တပ်ထရပ်ပြီး သူတို့ရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေကြောင့် လင်းလတ်လာခဲ့သည်။
ကျောင်းအုပ်ကြီး တစ်ယောက်နဲ့ ပေရွှီး တော်ဝင်မိသားစုကသာ အလွယ်တကူ သတ်နိုင်တာကြောင့် ဒီလူက သေမှာ သေချာလေပြီ။
"ငါတို့ အခု ဘာလုပ်ကြမလဲ?"
"ဘာလုပ်ရမှာလဲ? အပျော်ကြီး ကြည့်ဖို့ သွားရမှာပေါ့... အဲဒီလုရွှမ် သေတော့မှာ သေချာတယ်.... ငါတို့က သူ့ကို ငါတို့လက်နဲ့ မသတ်နိုင်ပေမယ့် သူ့ရဲ့ နောက်ဆုံးရလဒ်ကို မြင်ရတာလည်း ကောင်းပါတယ်"
ရှောင်းယွင့်ထျန်း၏ မျက်နှာသည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ!"
လူအများအပြားသည် တစ်ချိန်တည်းတွင် ခေါင်းညိတ်ပြကာ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း နောက်သို့ အလျင်အမြန် လိုက်ကာ ယင်းယန်ရေကန်ဆီသို့ လျှောက်သွားကြသည်။
ယင်းယန် ရေကန် အပြင်ဘက်၌။
အကြီးအကဲ လုံယွမ်သည် အပြင်ဘက်တွင် ရပ်နေပြီး ထွက်ပေါက်ကို စိုက်ကြည့်နေ၏။
"ယင်းယန်ရေကန်ကို တစ်ကြိမ်မှာ သုံးရက်ပဲ ဖွင့်တယ်... ခဏနေဆို ထွက်လာသင့်ပြီ!"
လုရွှမ်နှင့် အခြားသူများသည် ယင်းယန်ရေကန်ထဲသို့ ဝင်ရောက်ခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်သည်။
ထိုကာလအတွင်း သူသည် နေ့တိုင်း စောင့်ကြည့်လာခဲ့သည်။ သို့သော် ယင်းယန်ရေကန် တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် အလုံပိတ်ထားပြီး မတော်တဆမှု တစ်ခုမျှ ဖြစ်ပွားခဲ့ခြင်း မရှိပေ။ ယခင်က ထွက်ခွာသွားသော အိုးယန်ရွှမ်သည်လည်း ပျောက်ကွယ်သွားကာ ပြဿနာရှာရန် ဆက်လက် မလုပ်ဆောင်ခဲ့ပေ။
လုရွှမ်၏ ဝိညာဥ်သားရဲကတော့ ယင်းယန်ရေကန် တံခါးဝတွင် လဲလျောင်းနေပြီး တစ်မှေးအိပ်နေကာ အချိန်မရွေး အိပ်ပျော်သွားတော့မလို ဖြစ်သည်။
"အဆင်ပြေပါတယ်... အိုးယန်ရွှမ်းက လက်စားချေတတ်တဲ့ လူတစ်ယောက်ပဲ သူလာပြီး ပြဿနာ ရှာမှာကို ကြောက်နေရတာ... လုရွှမ်ရဲ့ ဝိညာဥ်သားရဲက သူ့ကို ဖိအားတွေ အများကြီး ပေးနေတာမို့ သူ ဒီကို လာမှာ မဟုတ်ဘူး!"
သက်ပြင်းချရင်း စိတ်ခံစားမှုနှင့်အတူ အကြီးအကဲ လုံယွမ် အနည်းငယ် ပြုံး၍ သူ့နေအိမ်သို့ ပြန်ခါနီးတွင် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၊ အိုးယန်ရွှမ်း၊ ဘုရင်မင်းမြတ် ချန်ရှုံနှင့် စစ်သေနာပတိ ဟူရှောက်တို့ အတူတူ ဖြတ်လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဘာလို့ သူတို့က အတူတူ ရှိနေကြတာလဲ?"
အကြီးအကဲ လုံယွမ် မျက်မှောင် ကြုတ်လိုက်သည်။
သူတို့၏ ယင်းယန်ကျောင်းတော် ဌာနခွဲသည် ပေရွှီးအင်ပါယာတွင် တည်ရှိသော်လည်း ၎င်းသည် တော်ဝင်မိသားစုနှင့် ယေဘုယျအားဖြင့် ဆက်ဆံရေး ရှိထားကြသည်။
ယင်ယန်ကျောင်းတော်လို ဧရာမကြီးက ပေရွှီး တော်ဝင်မိသားစုနဲ့ ပြိုင်ဖို့ ရည်ရွယ်ချက် မရှိရင်တောင် အမြဲတမ်း နိုးကြားနေရလိမ့်မည်။
ထို့အတွက်ကြောင့် သူတို့နှစ်ခုကြား ဆက်ဆံရေးကို အလယ်အလတ်ဟုသာ မှတ်ယူနိုင်သည်။ ယခုအခါတွင် ဘုရင်ချန်ရှုံ ကိုယ်တိုင် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် အတူ လျှောက်လာခဲ့ရာ မယုံနိုင်လောက်အောင် အံ့သြနေမိသည်။
"လုံယွမ်... ကျောင်းအုပ်ကြီးနဲ့ ဘုရင်မင်းမြတ် ချန်ရှုံကို ဂါဝရပြုပါတယ်"
သူ့စိတ်ထဲတွင် ထူးဆန်းသော်လည်း ကျင့်ဝတ်သိက္ခာကို ပေါ့ဆမနေဝံ့ဘဲ အရှေ့သို့ အလျင်အမြန် ခြေတစ်လှမ်းတိုးကာ လက်သီးများကို ဆုပ်၍ ဦးညွှတ်လိုက်သည်။
"အင်း! လုံယွမ် မင်းအပြစ်ကို သိလား"
အကြီးအကဲလုံယွမ်သည် ဤနေရာတွင် အမှန်တကယ် စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသဖြင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြီး မိုးကြိုးနှင့် လျှပ်စီးကြောင်းများ ပေါက်ဖွားလာသကဲ့သို့ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ကျုပ်? ကျုပ်မှာ ဘာအပြစ်ရှိလို့လဲ? ကျေးဇူးပြုပြီး ကျောင်းအုပ်ကြီးက ထောက်ပြပေးပါ"
အကြီးအကဲ လုံယွမ်လည်း အံ့အားသင့်သွားသည်။
ကျောင်းအုပ်ကြီးက ဒီမေးခွန်းကို ရုတ်တရက် မေးမယ်ဆို တာကို မသိထားပေမယ့် အိုးယန်ရွှမ်းနဲ့အတူ လမ်းလျှောက် လာနေတာကို မြင်လိုက်တဲ့ အခါကတည်းက အဲဒီထဲက တစ်စိတ်တစ်ပိုင်းကို ခန့်မှန်းနိုင်လေသည်။
လုရွှမ် ယင်းယန်ရေကန်ထဲ ဝင်သွားတာကို မတားနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီကိစ္စကို သူဘယ်လိုလုပ် လွယ်လွယ်နဲ့ သည်းခံနိုင်ပါ့မလဲ။
"သစ္စာဖောက် လုရွှမ်က ယင်းယန်ရေကန်ထဲကို ဖောက်ထွင်း ဝင်ရောက်သွားပြီး ကျောင်းသားတွေကိုလည်း ဒဏ်ရာရစေခဲ့တယ်... အကြီးအကဲ တစ်ယောက်အနေနဲ့ သူ့ကို မတားခဲ့ရုံတင် မကဘူး လူဆိုးတွေလို သူ့ကို မတော်မတရား ပြုကျင့်ဖို့ပါ ကူညီပေးခဲ့တယ်။ အဲဒါက ကြီးကျယ်တဲ့ ပြစ်မှုတစ်ခုပဲ.... အခုကစပြီး မင်းရဲ့အကြီးအကဲ ရာထူးကို ရုတ်သိမ်းလိုက်ပြီ... မင်းအိမ်ကိုပြန်! တံခါးပိတ်ပြီး မင်းရဲ့အမှားတွေကို တွေးတောပြီး ဌာနချုပ်ကနေ ပေးလာမယ့် ပြစ်ဒဏ်ကိုသာ စောင့်နေလိုက်တော့"
ဤကျောင်းတွင် သူ တစ်ဦးတည်းသာ ဘုန်းတန်ခိုးကြီးသောကြောင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကျုပ်က လူဆိုးကို ကူညီပေးတယ်?? ပြစ်မှုတွေ??"
ပြစ်မှုဆိုတဲ့ အသံကို ကြားတဲ့အခါ အကြီးအကဲ လုံယွမ်လည်း မူးဝေသွားပြီး
"ကျောင်းအုပ်ကြီး ဘာကိုဆိုလိုတာလဲ? ကျုပ် သိပ်နားမလည်ဘူး... ပြီးတော့ လုရွှမ်က အဓိပတိနယ်ပယ် မဟုတ်တော့ဘူး... သူအခု သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ ပြီးပြည့်စုံတဲ့ကာလကို ရောက်နေပြီ... ဒါက ယင်းယန်ရေကန်ထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မီနေပြီ မဟုတ်လား? သူ့အပြုအမူက နည်းနည်း လွန်ပေမယ့် အံ့ဖွယ်ပါရမီရှင် တစ်ယောက်အနေနဲ့ မာနကြီးကို သူများတွေကို ငြင်းပယ်တာ ဖြစ်သင့်ပါတယ်"
ဒီကိစ္စ ပြီးသွားတဲ့ အခါမှာတော့ ကျောင်းအုပ်ကြီးကို ရှင်းပြပေးဖို့ တောင်းဆိုချင်ပေမယ့် ကျောင်းအုပ်ကြီးက တံခါးပိတ် ကျင့်ကြံသွားတဲ့ အတွက် မပြောခဲ့ရချေ။
လုရွှမ်သည် အနည်းငယ် လွန်ကဲစွာ လုပ်ဆောင်ခဲ့သော်လည်း သုံးလအတွင်း သူသည် အဓိပတိနယ်ပယ်မှ ယွမ်ချီနယ်ပယ် ပြီးပြည့်စုံမှု ကာလဆီသို့ ရောက်သွားခဲ့သည်။
ဤကဲ့သို့သော ခွန်အားဖြင့် သူသည် အသွင်ပြောင်းခြင်း အဆင့်လေးဆင့်သို့ ရောက်ရှိသွားသော ရှောင်းယွင့်ထျန်းကိုပင် အနိုင်ယူခဲ့သည်။ ဒါက သူ့ရဲ့ ခွန်အားနဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ လုံလောက်ပါ၏။
ထိုသို့သော လူများကို ကောင်းစွာ ပြုစုပျိုးထောင်သင့်ပြီး မနှင်ထုတ်သင့်ချေ။
ကောင်းကင်ကို အန်တုခြင်းဟု ဖော်ပြနိုင်သည့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကြီးနှစ်ခု၏ ထူးချွန်စွာ ခုန်ပျံကျော်လွှားနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သူအမှား လုပ်မိသည်ဟု မခံစားရပေ။
"ကြည့်လိုက်ပါ... ကျောင်းအုပ်ကြီး ... အကြီးအကဲ လုံယွမ်က ဘယ်တုန်းကမှ စိတ်ပြောင်းမသွားဘဲ သစ္စာဖောက် လုရွှမ်အတွက် ပြောနေတုန်းပဲ.... သူ့ကို အရေးယူပြီး နှိမ်နှင်းခွင့်ပေးပါ!"
အိုးယန်ရွှမ်းက လျင်မြန်စွာ အော်ဟစ်လိုက်သည်။
"ကောင်းပြီ....အကြီးအကဲ လုံယွမ်က အမှားအမှန် မသိဘဲ သစ္စာဖောက်ကို ကူညီပေးနေတယ်... ကျေးဇူးပြုပြီး အကြီးအကဲ အိုးယန်ရွှမ်းက လှုပ်ရှားပြီး သူ့ကို ဘယ်အရာက မှန်တယ် ဘာက မှားတယ် ဆိုတာ သိအောင် လုပ်ပေးလိုက်ပါ!"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကလည်း ဆိုလိုက်သည်။
"ဟုတ်ကဲ့!"
ကျောင်းအုပ်ကြီးထံမှ ခွင့်ပြုချက်ကို ရရှိသောအခါ အိုးယန်ရွှမ်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပလာ၏။
"အကြီးအကဲ လုံယွမ်... မင်းလက်ကို နာနာခံခံ ထုတ်ပေးပြီး အဖမ်းခံလိုက်တာ ပိုကောင်းမယ် ထင်တယ်!"
Chapter (197) Arc 3
အားႀကီးေသာ ေတာင္ေဖာက္နဂါး (ပထမပိုင္း)
"ေကာင္းၿပီ.... အဲဒီလု႐ႊမ္က ငါ့သား မင္းသားခ်န္ရွင္းနဲ႕ အင္ပါယာစစ္တပ္ရဲ႕ လက္ေထာက္တပ္မႉး ယန့္ဖုံးကို ရွန့္ခုန္းခ်ိဳင့္ဝွမ္းမွာ သတ္ပစ္လိုက္တာ.... သူက ငါ့ရဲ႕ ေပ႐ႊီးအင္ပါယာ ဘုန္းအာႏုေဘာ္ကို စိန္ေခၚေနတာပဲကြ။ သူ႕ကို မသတ္လိုက္ရင္ ငါ့ေတာ္ဝင္မိသားစုရဲ႕ ဂုဏ္သိကၡာကို ငါဘယ္လို ထိန္းသိမ္းရေတာ့မလဲ"
ဘုရင္ႀကီး ခ်န္ရႈံက က်ယ္ေလာင္စြာ ေဟာက္လိုက္သည္။
မင္းသားခ်န္ရွင္း၊ ယန့္ဖုံးႏွင့္ အျခားသူမ်ား ေသဆုံးသြား ေသာအခါ လု႐ႊမ္က ၎တို႔ကို သတ္ခဲ့ေၾကာင္း သိေသာ္လည္း အတြင္း၌ ျဖစ္ပ်က္ခဲ့သည္မ်ားကို တိတိက်က် သူ မသိေပ။
"သူက မင္းသားခ်န္ရွင္းကို တကယ္ သတ္လိုက္တာလား?"
ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းႏွင့္ အိုးယန္႐ႊမ္းတို႔ တစ္ခ်ိန္တည္းမွာ ထိတ္လန႔္သြားၿပီး နားလည္သြားၾကသည္။ ဘယ္သူပဲျဖစ္ျဖစ္ သူ႕သားကို သတ္ရင္ ေဒါသျဖစ္မွာ ေသခ်ာပါသည္။ ဘုရင္မင္းျမတ္လည္း အပါအဝင္ပင္။
မင္းသားတစ္ပါးကို ေျပာင္ေျပာင္တင္းတင္း သတ္ခဲ့သည္။ ေနာက္ထပ္ အေရးယူမႈ မျပဳပါက ေတာ္ဝင္မိသားစု တစ္ခုလုံး မည္သို႔ရပ္တည္ ရေတာ့မည္နည္း။
ေပ႐ႊီးအင္ပါယာကို ထပ္မံထိန္းခ်ဳပ္ရန္ အခြင့္အာဏာ မည္သို႔ ရွိေတာ့မည္နည္း။
"ဟုတ္တယ္... အဲဒီလု႐ႊမ္က ဥပေဒမဲ့တဲ့ သူပဲ။ သူက မင္းသားခ်န္ရွင္းနဲ႕ ဒုတပ္မႉး ယန့္ဖုံးကို သတ္႐ုံတင္မကဘူး... ငါ့ေျမး ခ်န္တုံးကလည္း သူ႕ဆီက ႏွိပ္စက္ခံရတယ္။ အခု သူေသတာထက္ ပိုဆိုးေစမယ့္ဘဝက ခံစားခိုင္းလိုက္စမ္းပါ...."
စစ္ေသနာပတိ ဟူေရွာက္ကလည္း ဝင္ေျပာလိုက္သည္။
"ဒါဆို ေက်ာင္းအုပ္ႀကီးခ်ဴကို မတားေတာ့ပါဘူး.... ငါတို႔ ဒီကေလးကို တရားစီရင္ၿပီး တျခားသူေတြကို စံနမူနာျပဖို႔ ေသေသခ်ာခ်ာ သတ္ပစ္လိုက္ရမယ္!"
"လူႀကီးမင္းတို႔ ႏွစ္ေယာက္ စိတ္ပူေနဖို႔ မလိုပါဘူး.... အိုးယန္႐ႊမ္းက အခုနက က်ဳပ္ေျပာခဲ့ၿပီးကတည္းက လု႐ႊမ္ကို ေသဒဏ္ေပးဖို႔ ရည္႐ြယ္ထားၿပီးသားပါ.... အားလုံးက သေဘာတူတဲ့အတြက္ သူ႕ကို ဘယ္သူသတ္သတ္ အတူတူပါပဲ!"
တစ္ဖက္လူက ဘာကိုဆိုလိုသည္ကို သိလိုက္သျဖင့္ ခ်ဴဝမ့္ရွန္းက သူဘာကို ဆိုလိုသည္ကို ဖုံးကြယ္မထားဘဲ လက္ကို ေဝွ႕ယမ္းလိုက္ၿပီး
"ဒါေပမဲ့ ဒီကေလးက အခု ယင္းယန္ေရကန္ထဲကို ဝင္သြားၿပီ... သူ႕ကို သတ္ခ်င္ရင္ ကိုယ့္ဘာသာသြားမွ အဆင္ေျပလိမ့္မယ္"
"ဒါက ရိုးရွင္းပါတယ္... ငါတို႔ မင္းနဲ႕ အတူတူ သြားၾကမယ္!"
ခ်ဴဝမ့္ရွန္းက မကန႔္ကြက္ဘဲ လု႐ႊမ္ကို သတ္ခ်င္ေနတာ ၾကားေတာ့ ဘုရင္ႀကီး ခ်န္ရႈံနဲ႕ စစ္ေသနာပတိ ဟူေရွာက္က တၿပိဳင္နက္တည္း ေခါင္းညိတ္လိုက္ၾကသည္။
သူတို႔ ဒီကိုမလာခင္မွာ အေၾကာက္ဆုံး အရာက ယင္းယန္ေက်ာင္းေတာ္က အျပင္းအထန္ ကာကြယ္ေနမွာကိုပဲ။
အကယ္၍ ၎တို႔သည္ ေပ႐ႊီးအင္ပါယာတြင္ ၾသဇာအရွိဆုံး လူႏွစ္ဦး ျဖစ္လွ်င္ပင္ သူတို႔အတြက္ အတင္းအၾကပ္ ဆက္လက္ လုပ္ေဆာင္ရန္ ခက္ခဲေနမည္ ျဖစ္သည္။
အမွန္ေတာ့ ဤယင္းယန္ေက်ာင္းေတာ္သည္ ဌာနခြဲ တစ္ခုသာ ျဖစ္ၿပီး ဌာနခ်ဳပ္တစ္ခုလုံးသည္ မည္သည့္ အင္ပါယာအတြက္မဆို ႀကီးမားေသာ ေနရာတစ္ခု ျဖစ္သည္။ အဆင့္ျမင့္အင္ပါယာ တစ္ခုပင္လွ်င္ ၎ကို အလြယ္တကူ မထိဝံ့ေခ်။
"ဘုရင္မင္းျမတ္ ခ်န္ရႈံနဲ႕ စစ္ေသနာပတိ ဟူေရွာက္ ေက်းဇူးျပဳၿပီး ႂကြပါ!"
လူေပါင္းမ်ားစြာ၏ ေဆြးႏြေးမႈ အၿပီးတြင္ သေဘာထားမ်ားသည္ တညီတၫြတ္တည္း ျဖစ္ခဲ့ၾကသည္။ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းက ၿခံဝင္းထဲမွ ဦးစြာ ထြက္ခြာသြားကာ အႀကီးအကဲ အိုးယန္႐ႊမ္းက ၎တို႔ႏွစ္ဦးကို ယင္းယန္ေရကန္ဆီသို႔ ဦးေဆာင္ ေခၚသြားခဲ့သည္။
"တကယ္ ကိုယ့္ကိုယ္ကို ႏွိပ္စက္ေနတာပဲ!"
သူတို႔ ထြက္သြားတာကို ျမင္ေတာ့ ေရွာင္းယြင့္ထ်န္းနဲ႕ တျခားသူေတြက မတ္တပ္ထရပ္ၿပီး သူတို႔ရဲ႕မ်က္လုံးေတြက စိတ္လႈပ္ရွားမႈေတြေၾကာင့္ လင္းလတ္လာခဲ့သည္။
ေက်ာင္းအုပ္ႀကီး တစ္ေယာက္နဲ႕ ေပ႐ႊီး ေတာ္ဝင္မိသားစုကသာ အလြယ္တကူ သတ္နိုင္တာေၾကာင့္ ဒီလူက ေသမွာ ေသခ်ာေလၿပီ။
"ငါတို႔ အခု ဘာလုပ္ၾကမလဲ?"
"ဘာလုပ္ရမွာလဲ? အေပ်ာ္ႀကီး ၾကည့္ဖို႔ သြားရမွာေပါ့... အဲဒီလု႐ႊမ္ ေသေတာ့မွာ ေသခ်ာတယ္.... ငါတို႔က သူ႕ကို ငါတို႔လက္နဲ႕ မသတ္နိုင္ေပမယ့္ သူ႕ရဲ႕ ေနာက္ဆုံးရလဒ္ကို ျမင္ရတာလည္း ေကာင္းပါတယ္"
ေရွာင္းယြင့္ထ်န္း၏ မ်က္ႏွာသည္ စိတ္လႈပ္ရွားမႈ အျပည့္ျဖင့္ ေျပာလိုက္သည္။
"ေကာင္းၿပီ!"
လူအမ်ားအျပားသည္ တစ္ခ်ိန္တည္းတြင္ ေခါင္းညိတ္ျပကာ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္း ေနာက္သို႔ အလ်င္အျမန္ လိုက္ကာ ယင္းယန္ေရကန္ဆီသို႔ ေလွ်ာက္သြားၾကသည္။
ယင္းယန္ ေရကန္ အျပင္ဘက္၌။
အႀကီးအကဲ လုံယြမ္သည္ အျပင္ဘက္တြင္ ရပ္ေနၿပီး ထြက္ေပါက္ကို စိုက္ၾကည့္ေန၏။
"ယင္းယန္ေရကန္ကို တစ္ႀကိမ္မွာ သုံးရက္ပဲ ဖြင့္တယ္... ခဏေနဆို ထြက္လာသင့္ၿပီ!"
လု႐ႊမ္ႏွင့္ အျခားသူမ်ားသည္ ယင္းယန္ေရကန္ထဲသို႔ ဝင္ေရာက္ခဲ့သည္မွာ သုံးရက္ရွိၿပီျဖစ္သည္။
ထိုကာလအတြင္း သူသည္ ေန႕တိုင္း ေစာင့္ၾကည့္လာခဲ့သည္။ သို႔ေသာ္ ယင္းယန္ေရကန္ တစ္ခုလုံးကို တင္းတင္းၾကပ္ၾကပ္ အလုံပိတ္ထားၿပီး မေတာ္တဆမႈ တစ္ခုမွ် ျဖစ္ပြားခဲ့ျခင္း မရွိေပ။ ယခင္က ထြက္ခြာသြားေသာ အိုးယန္႐ႊမ္သည္လည္း ေပ်ာက္ကြယ္သြားကာ ျပႆနာရွာရန္ ဆက္လက္ မလုပ္ေဆာင္ခဲ့ေပ။
လု႐ႊမ္၏ ဝိညာဥ္သားရဲကေတာ့ ယင္းယန္ေရကန္ တံခါးဝတြင္ လဲေလ်ာင္းေနၿပီး တစ္ေမွးအိပ္ေနကာ အခ်ိန္မေ႐ြး အိပ္ေပ်ာ္သြားေတာ့မလို ျဖစ္သည္။
"အဆင္ေျပပါတယ္... အိုးယန္႐ႊမ္းက လက္စားေခ်တတ္တဲ့ လူတစ္ေယာက္ပဲ သူလာၿပီး ျပႆနာ ရွာမွာကို ေၾကာက္ေနရတာ... လု႐ႊမ္ရဲ႕ ဝိညာဥ္သားရဲက သူ႕ကို ဖိအားေတြ အမ်ားႀကီး ေပးေနတာမို႔ သူ ဒီကို လာမွာ မဟုတ္ဘူး!"
သက္ျပင္းခ်ရင္း စိတ္ခံစားမႈႏွင့္အတူ အႀကီးအကဲ လုံယြမ္ အနည္းငယ္ ၿပဳံး၍ သူ႕ေနအိမ္သို႔ ျပန္ခါနီးတြင္ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္း၊ အိုးယန္႐ႊမ္း၊ ဘုရင္မင္းျမတ္ ခ်န္ရႈံႏွင့္ စစ္ေသနာပတိ ဟူေရွာက္တို႔ အတူတူ ျဖတ္ေလွ်ာက္လာသည္ကို ေတြ႕လိုက္ရသည္။
"ဘာလို႔ သူတို႔က အတူတူ ရွိေနၾကတာလဲ?"
အႀကီးအကဲ လုံယြမ္ မ်က္ေမွာင္ ၾကဳတ္လိုက္သည္။
သူတို႔၏ ယင္းယန္ေက်ာင္းေတာ္ ဌာနခြဲသည္ ေပ႐ႊီးအင္ပါယာတြင္ တည္ရွိေသာ္လည္း ၎သည္ ေတာ္ဝင္မိသားစုႏွင့္ ေယဘုယ်အားျဖင့္ ဆက္ဆံေရး ရွိထားၾကသည္။
ယင္ယန္ေက်ာင္းေတာ္လို ဧရာမႀကီးက ေပ႐ႊီး ေတာ္ဝင္မိသားစုနဲ႕ ၿပိဳင္ဖို႔ ရည္႐ြယ္ခ်က္ မရွိရင္ေတာင္ အၿမဲတမ္း နိုးၾကားေနရလိမ့္မည္။
ထို႔အတြက္ေၾကာင့္ သူတို႔ႏွစ္ခုၾကား ဆက္ဆံေရးကို အလယ္အလတ္ဟုသာ မွတ္ယူနိုင္သည္။ ယခုအခါတြင္ ဘုရင္ခ်န္ရႈံ ကိုယ္တိုင္ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းႏွင့္ အတူ ေလွ်ာက္လာခဲ့ရာ မယုံနိုင္ေလာက္ေအာင္ အံ့ၾသေနမိသည္။
"လုံယြမ္... ေက်ာင္းအုပ္ႀကီးနဲ႕ ဘုရင္မင္းျမတ္ ခ်န္ရႈံကို ဂါဝရျပဳပါတယ္"
သူ႕စိတ္ထဲတြင္ ထူးဆန္းေသာ္လည္း က်င့္ဝတ္သိကၡာကို ေပါ့ဆမေနဝံ့ဘဲ အေရွ႕သို႔ အလ်င္အျမန္ ေျခတစ္လွမ္းတိုးကာ လက္သီးမ်ားကို ဆုပ္၍ ဦးၫႊတ္လိုက္သည္။
"အင္း! လုံယြမ္ မင္းအျပစ္ကို သိလား"
အႀကီးအကဲလုံယြမ္သည္ ဤေနရာတြင္ အမွန္တကယ္ ေစာင့္ၾကပ္ေနသည္ကို ေတြ႕လိုက္ရသျဖင့္ ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္း၏ မ်က္ႏွာသည္ ႐ုတ္တရက္ မည္းေမွာင္သြားၿပီး မိုးႀကိဳးႏွင့္ လွ်ပ္စီးေၾကာင္းမ်ား ေပါက္ဖြားလာသကဲ့သို႔ သူ႕မ်က္လုံးမ်ား က်ဥ္းေျမာင္းသြားသည္။
"က်ဳပ္? က်ဳပ္မွာ ဘာအျပစ္ရွိလို႔လဲ? ေက်းဇူးျပဳၿပီး ေက်ာင္းအုပ္ႀကီးက ေထာက္ျပေပးပါ"
အႀကီးအကဲ လုံယြမ္လည္း အံ့အားသင့္သြားသည္။
ေက်ာင္းအုပ္ႀကီးက ဒီေမးခြန္းကို ႐ုတ္တရက္ ေမးမယ္ဆို တာကို မသိထားေပမယ့္ အိုးယန္႐ႊမ္းနဲ႕အတူ လမ္းေလွ်ာက္ လာေနတာကို ျမင္လိုက္တဲ့ အခါကတည္းက အဲဒီထဲက တစ္စိတ္တစ္ပိုင္းကို ခန႔္မွန္းနိုင္ေလသည္။
လု႐ႊမ္ ယင္းယန္ေရကန္ထဲ ဝင္သြားတာကို မတားနိုင္ခဲ့ဘူး။ ဒါေပမဲ့ ဒီကိစၥကို သူဘယ္လိုလုပ္ လြယ္လြယ္နဲ႕ သည္းခံနိုင္ပါ့မလဲ။
"သစၥာေဖာက္ လု႐ႊမ္က ယင္းယန္ေရကန္ထဲကို ေဖာက္ထြင္း ဝင္ေရာက္သြားၿပီး ေက်ာင္းသားေတြကိုလည္း ဒဏ္ရာရေစခဲ့တယ္... အႀကီးအကဲ တစ္ေယာက္အေနနဲ႕ သူ႕ကို မတားခဲ့႐ုံတင္ မကဘူး လူဆိုးေတြလို သူ႕ကို မေတာ္မတရား ျပဳက်င့္ဖို႔ပါ ကူညီေပးခဲ့တယ္။ အဲဒါက ႀကီးက်ယ္တဲ့ ျပစ္မႈတစ္ခုပဲ.... အခုကစၿပီး မင္းရဲ႕အႀကီးအကဲ ရာထူးကို ႐ုတ္သိမ္းလိုက္ၿပီ... မင္းအိမ္ကိုျပန္! တံခါးပိတ္ၿပီး မင္းရဲ႕အမွားေတြကို ေတြးေတာၿပီး ဌာနခ်ဳပ္ကေန ေပးလာမယ့္ ျပစ္ဒဏ္ကိုသာ ေစာင့္ေနလိုက္ေတာ့"
ဤေက်ာင္းတြင္ သူ တစ္ဦးတည္းသာ ဘုန္းတန္ခိုးႀကီးေသာေၾကာင့္ လက္ကို ေဝွ႕ယမ္းလိုက္သည္။
"က်ဳပ္က လူဆိုးကို ကူညီေပးတယ္?? ျပစ္မႈေတြ??"
ျပစ္မႈဆိုတဲ့ အသံကို ၾကားတဲ့အခါ အႀကီးအကဲ လုံယြမ္လည္း မူးေဝသြားၿပီး
"ေက်ာင္းအုပ္ႀကီး ဘာကိုဆိုလိုတာလဲ? က်ဳပ္ သိပ္နားမလည္ဘူး... ၿပီးေတာ့ လု႐ႊမ္က အဓိပတိနယ္ပယ္ မဟုတ္ေတာ့ဘူး... သူအခု ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၂ ၿပီးျပည့္စုံတဲ့ကာလကို ေရာက္ေနၿပီ... ဒါက ယင္းယန္ေရကန္ထဲကို ဝင္ဖို႔ အရည္အခ်င္း ျပည့္မီေနၿပီ မဟုတ္လား? သူ႕အျပဳအမူက နည္းနည္း လြန္ေပမယ့္ အံ့ဖြယ္ပါရမီရွင္ တစ္ေယာက္အေနနဲ႕ မာနႀကီးကို သူမ်ားေတြကို ျငင္းပယ္တာ ျဖစ္သင့္ပါတယ္"
ဒီကိစၥ ၿပီးသြားတဲ့ အခါမွာေတာ့ ေက်ာင္းအုပ္ႀကီးကို ရွင္းျပေပးဖို႔ ေတာင္းဆိုခ်င္ေပမယ့္ ေက်ာင္းအုပ္ႀကီးက တံခါးပိတ္ က်င့္ႀကံသြားတဲ့ အတြက္ မေျပာခဲ့ရေခ်။
လု႐ႊမ္သည္ အနည္းငယ္ လြန္ကဲစြာ လုပ္ေဆာင္ခဲ့ေသာ္လည္း သုံးလအတြင္း သူသည္ အဓိပတိနယ္ပယ္မွ ယြမ္ခ်ီနယ္ပယ္ ၿပီးျပည့္စုံမႈ ကာလဆီသို႔ ေရာက္သြားခဲ့သည္။
ဤကဲ့သို႔ေသာ ခြန္အားျဖင့္ သူသည္ အသြင္ေျပာင္းျခင္း အဆင့္ေလးဆင့္သို႔ ေရာက္ရွိသြားေသာ ေရွာင္းယြင့္ထ်န္းကိုပင္ အနိုင္ယူခဲ့သည္။ ဒါက သူ႕ရဲ႕ ခြန္အားနဲ႕ စြမ္းေဆာင္ရည္ကို ျပသဖို႔ လုံေလာက္ပါ၏။
ထိုသို႔ေသာ လူမ်ားကို ေကာင္းစြာ ျပဳစုပ်ိဳးေထာင္သင့္ၿပီး မႏွင္ထုတ္သင့္ေခ်။
ေကာင္းကင္ကို အန္တုျခင္းဟု ေဖာ္ျပနိုင္သည့္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ႀကီးႏွစ္ခု၏ ထူးခြၽန္စြာ ခုန္ပ်ံေက်ာ္လႊားနိုင္ခဲ့သည္။ ထို႔အတြက္ေၾကာင့္ သူအမွား လုပ္မိသည္ဟု မခံစားရေပ။
"ၾကည့္လိုက္ပါ... ေက်ာင္းအုပ္ႀကီး ... အႀကီးအကဲ လုံယြမ္က ဘယ္တုန္းကမွ စိတ္ေျပာင္းမသြားဘဲ သစၥာေဖာက္ လု႐ႊမ္အတြက္ ေျပာေနတုန္းပဲ.... သူ႕ကို အေရးယူၿပီး ႏွိမ္ႏွင္းခြင့္ေပးပါ!"
အိုးယန္႐ႊမ္းက လ်င္ျမန္စြာ ေအာ္ဟစ္လိုက္သည္။
"ေကာင္းၿပီ....အႀကီးအကဲ လုံယြမ္က အမွားအမွန္ မသိဘဲ သစၥာေဖာက္ကို ကူညီေပးေနတယ္... ေက်းဇူးျပဳၿပီး အႀကီးအကဲ အိုးယန္႐ႊမ္းက လႈပ္ရွားၿပီး သူ႕ကို ဘယ္အရာက မွန္တယ္ ဘာက မွားတယ္ ဆိုတာ သိေအာင္ လုပ္ေပးလိုက္ပါ!"
ေက်ာင္းအုပ္ႀကီး ခ်ဴဝမ့္ရွန္းကလည္း ဆိုလိုက္သည္။
"ဟုတ္ကဲ့!"
ေက်ာင္းအုပ္ႀကီးထံမွ ခြင့္ျပဳခ်က္ကို ရရွိေသာအခါ အိုးယန္႐ႊမ္း၏ မ်က္လုံးမ်ားသည္ စိတ္လႈပ္ရွားစြာ ေတာက္ပလာ၏။
"အႀကီးအကဲ လုံယြမ္... မင္းလက္ကို နာနာခံခံ ထုတ္ေပးၿပီး အဖမ္းခံလိုက္တာ ပိုေကာင္းမယ္ ထင္တယ္!"