Chapter (192) Arc 3
တကယ်ပဲ အရမ်းရက်စက်တာလား?
တစ်နှစ်အတွင်း မြင့်မားသော အဆင့်ကို လေ့ကျင့်နိုင်သော အခြားသူများသည် ရည်မှန်းချက် ပြည့်ဝပြီး ဉာဏ်ကြီးရှင်များဟု လူသိများကြသည်။ သူ၏ သခင်လေးကတော့ ဘီလူးတစ်ကောင်နှင့် တူနေပါ၏။
အဆင့်တက်ခြင်းသည် ထမင်းစား ရေသောက်ကဲ့သို့ပင် လွယ်ကူနေသည်။ တကယ်ကို ဘယ်လို လေ့ကျင့်နည်းတွေကို သုံးနေမှန်း မသိတော့ချေ။
သူနဲ့သိရတာ တစ်နှစ်တောင် မပြည့်သေးပါ။ ဝူအဆင့်ကနေ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ဒုတိယအဆင့်ကို ရောက်တဲ့အထိ လေ့ကျင့်နိုင်သွားပြီတဲ့လေ။
"သူ.... လူရော ဟုတ်သေးရဲ့လား?"
မုယန်ဖုန်းသာမက လင်ရှောင်းရှောင်း၊ မင်းသမီး လော့ရုံ၊ ဟန်ရွှယ်နှင့် အခြားသူများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရှုံ့မဲ့စွာပြုံးလိုက်ကြသည်။
ရှေးဟောင်းမြို့မှာ အခွင့်အလမ်း ကောင်းတွေရခဲ့လို့ သူတို့ရဲ့ ကျင့်ကြံမှုဟာလည်း အလွန်တိုးတက်လာခဲ့ပြီး အားလုံးက အဓိပတိနယ်ပယ် ပြီးပြည့်စုံတဲ့ကာလကို ရောက်ရှိသွားခဲ့သည်။ လုရွှမ်က ပိုမြန်တဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်မယ်လို့ ထင်ပင်မထင်ထားခဲ့ချေ။
"အတင့်ရဲလိုက်တာ!"
လူတိုင်းက အံ့သြသွားနေကြစဥ် အိုးယန်ရွှမ်းကတော့ ရူးတော့မလို ဖြစ်သွားသည်။
သူသည် ကျောင်းတော်၏ အကြီးအကဲ ဆယ်ပါးထဲမှ တစ်ဦးဖြစ်ပြီး ယင်းယန်ရေကန်ကို ဖွင့်လှစ်ရန် တာဝန်ယူနေသူ ဖြစ်သည်။ သူ့ရှေ့တွင် ဤလူငယ်သည် ယင်းယန်အမိန့်ကို လုယူသွားကာ သူ့တပည့်ကိုပင် ဒဏ်ရာရစေခဲ့သည်။
ထိုအချက်က သူ့အား အလွန်အမင်း ဒေါသထွက်သွားစေ၏။
"ငါ့ရှေ့မှာ လူသတ်ရဲတယ်ပေါ့!! ဒါ ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှုပဲ"
ဟောက်သံနှင့်အတူ တုနှိုင်းမရသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ယင်းယန်ရေကန် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
သူ၏ ရောင်ဝါနှင့် ယှဉ်လျှင် ရှောင်းယွင့်ထျန်း၏ အငွေ့အသက်သည် နေနှင့် ယှဉ်နေသော ဖယောင်းတိုင်မီးကဲ့သို့ ရယ်စရာ ကောင်းလှသည်။
"အိုးယန်ရွှမ်း... မင်း ဘာလုပ်မလို့လဲ"
သူ လှုပ်ရှားတော့မယ် ဆိုတာကို မြင်တော့ အကြီးအကဲလုံယွမ်မှ အရှေ့မှာ ကမန်းကတန်း ပြေးရပ်လိုက်သည်။
လုရွှမ်ရဲ့ လုပ်ရပ်တွေက အရမ်းမိုက်လွန်းတယ်လို့ ခံစားမိပေမယ့်လည်း သူ မတုံ့ဆိုင်းဘဲ လုရွှမ်ဘေးနားမှာ ရပ်နေမိဆဲပင်။
သူစိတ်ထဲရှိတာက လွန်ခဲ့တဲ့ သုံးလလောက်ကမှ အဓိပတိနယ်ပယ် ပြီးပြည့်စုံသောကာလမှာ ရှိနေခဲ့သူက အခု သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ ယွမ်ချီနယ်ပယ် ပြီးပြည့်စုံသောကာလကို ရောက်နေသည့်အပြင် ကျိုချင်းနယ်ပယ်က လူကိုလည်း တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တဲ့ အကြောင်းကို ကျောင်းအုပ်ကြီးအား ပြေး၍ ပြောပြခြင်းနေခြင်းပင်။
ဤလုရွှမ်၏ ပင်ကိုယ်စွမ်းရည်သည် ယင်းယန်ရေကန်ထဲသို့ ဝင်ရန် အရည်အချင်း ပြည့်မီလွန်းသည်။
"မင်းကငါ့ကို တားချင်နေတာလား?" အိုးယန်ရွှမ်းက မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးတွေက လူသတ်ချင်စိတ်တွေ အပြည့်နဲ့
"ငါ့ရှေ့က ဖယ်လိုက်.... မဟုတ်ရင် မင်းကိုပါ သင်ခန်းစာ အတူတူ သင်ပေးလိုက်မယ်!"
ထိပ်တန်း အကြီးအကဲ ၁၀ယောက်မှာ အားမနည်းကြသော်လည်း အကြီးအကဲလုံယွမ်သည် အိုးယန်ရွှမ်းနဲ့ ယှဥ်ရင်တော့ သိသိသာသာ အားနည်းနေဆဲပင်။
"အကြီးအကဲလုံယွမ် ခင်ဗျား ဝင်စွက်ဖက်ဖို့ မလိုပါဘူး!"
လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းပြီး သူ့ရှေ့တည့်တည့်က အိုးယန်ရွှမ်းကို ကြည့်လိုက်ပြီး
"မင်း ငါ့ကို သတ်ချင်နေတာလား?"
"ကျောင်းတော်က ကျောင်းသားတစ်ယောက် အနေနဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး အတန်းဖော်တွေကို ဒဏ်ရာအနာတရ ဖြစ်စေတဲ့အပြင် ယင်းယန်အမိန့်ကို လုယူတာကလည်း ခွင့်မလွှတ်နိုင်တဲ့ အပြစ်တစ်ခုပဲ.... မင်းကို ဒီနေ့မသတ်ရရင် တခြားကျောင်းသားတွေ အေးအေးချမ်းချမ်း ဖြစ်မှာ မဟုတ်တော့ဘူး"
အိုးယန်ရွှမ်းက ကျယ်လောင်စွာ အော်ဟစ်လေသည်။
"ကောင်းပြီ!"
တစ်ဖက်လူရဲ့ ဟောက်သံကို ကြားတဲ့အခါ လုရွှမ် အသာအယာ ခေါင်းခါပြီး လက်ညှိုးကို ဆွဲလိုက်သည်။
"သူငါ့ကိုသတ်ချင်နေတာ ဆိုတော့ သူ့ကို သတ်ပစ်လိုက်တော့!"
ဝူး!
စကားအဆုံးတွင် ကြောက်စရာကောင်းသော ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာပြီးနောက် တောင်ဖောက်နဂါးကြီးသည် လျှပ်စီးကဲ့သို့ အဝေးမှ ဖြတ်ပြေးလာလေသည်။
လုရွှမ်သည် ပေရွှီးအင်ပါယာသို့ ပြန်လာပြီးနောက် မော့ချုံနှင့်အတူ သားရဲခန်းမသို့ မသွားသေးတာကြောင့် တောင်ဖောက်နဂါးက သူနှင့်အတူ လိုက်လာခဲ့သည်။ ယခုအချိန်တွင် အမိန့်ကို ကြားသောအခါ ချီတုံချတုံ ဖြစ်မနေဘဲ အိုးယန်ရွှမ်းထံသို့ တစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည်။
ခွာများနှင့် ခြေသည်းများကို မြှောက်လျက် လေချွန်သံ တစ်ချက်အတွင်း ရိုက်ချပစ်တော့သည်။
"အဆင့်ရှစ် ပြီးပြည့်စုံတဲ့ကာလက ဝိညာဥ်သားရဲလား?"
ဒီစွမ်းအားကို ခံစားလိုက်ရတော့ အိုးယန်ရွှမ်း ရဲ့ အမူအရာက ပြောင်းလဲသွားပြီး အထိတ်တလန့်ဖြင့် ကြောက်လန့်သွားသည်။
အဆင့်၈ ဝိညာဉ်သားရဲသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူနှင့် ညီမျှသည်။ ပြီးပြည့်စုံသောကာသို့ ရောက်ပါက ကျောင်းအုပ်ကြီးပင်လျှင် ပြိုင်ဘက်ဖြစ်နိုင်မည် မဟုတ်ပေ။ ဤလုရွှမ်သည် ဤမျှလောက် အစွမ်းထက်သော ဝိညာဥ်သားရဲကို ဘယ်မှာ ရှာတွေ့လာခဲ့သနည်း။
စိတ်ထဲမှာ ထိတ်လန့်သွားပြီး ချက်ချင်း လက်နှစ်ဖက်နဲ့ ပြန်ခုခံထားလိုက်သည်။
ဝှစ်! ဝှစ်!
ခွာများနှင့် ခြေသည်းများက သူ့လက်ဖဝါးကို ထိလိုက်သည်နှင့် သူ မတုံ့ပြန်နိုင်မီတွင် ပြတ်သားသော အသံများ ဆက်တိုက်ကြားရပြီး သူ့လက်နှင့် လက်ဖျံရိုးများ ကွဲကြေသွားကာ ခွန်အားက ရင်ဘတ်အထိ တိုက်ရိုက် ပြေးဝင်လာခဲ့သည်။
ဖူး!
နှုတ်ခမ်းမှ သွေးတွေ တဟုန်ထိုး ထွက်ကျသည်။
သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူတစ်ယောက် ဖြစ်သော်ငြားလည်း အလယ်အလတ် ကာလတွင်သာ ရှိသေးသည်။
ဝူး!
ထိုးနှက်ချက် တစ်ချက်ကြောင့် အိုးယန်ရွှမ်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ တောင်ဖောက်နဂါးက တဖန်လှုပ်ရှား၍ ခွာနှင့်ခြေသည်းများကို မြှောက်၍ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ပြန်သည်။
ဒီအချိန်မှာ သူဖမ်းမိသွားရင် သူ့ဦးနှောက်တွေ ပေါက်ကွဲထွက်ပြီး အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်းကို ခန့်မှန်းလို့ရသည်။
"အကြီးအကဲလုံယွမ်... ကျုပ်ကို ကူညီပါဦး"
အိုးယန်ရွှမ်းသည် တကယ်ကို ထိတ်လန့်သွားပြီး ကြောက်လန့်တကြား အော်ဟစ်ကာ အလျင်စလို အကူအညီ တောင်းလိုက်၏။
ယခု သူ့ကို ကယ်တင်နိုင်သူမှာ အကြီးအကဲ လုံယွမ်သာ ဖြစ်သည်ကို သူသိသည်။ လူငယ်လေး၏ ဘာမှမထူးခြားသော အမူအရာကြောင့် သူ့ကိုသတ်ခြင်းသည် အလွန်ရိုးရှင်းသော ကိစ္စဖြစ်လိမ့်မည်။
"လုရွှမ်..."
အော်ဟစ်သံကို ကြားတော့ အကြီးအကဲ လုံယွမ်လည်း တကယ်ကို စိုးရိမ်တကြီးဖြင့် လုရွှမ်ကို ကြည့်နေခဲ့သည်။
ကျောင်းတော်၏ အကြီးအကဲ တစ်ဦးအနေဖြင့် သူသည် အကြီးအကဲဖြစ်သည့် အိုးယန်ရွှမ်း သတ်ဖြတ် ခံရခြင်းကို သဘာဝအတိုင်း မမြင်ချင်ပေ။
"ကောင်းပြီ အရင် နောက်ဆုတ်လိုက်!"
သူဘာကိုဆိုလိုသည်ကို သိလိုက်သဖြင့် လုရွှမ် တောင်ဖောက်နဂါးကို အချက်ပြလိုက်သည်။ ဤအိုးယန်ရွှမ်ယသည် သူ့မျက်လုံးထဲတွင် ဖော်ပြရန်ပင် မထိုက်တန်ချေ။ သူ့ကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ အရေးမကြီးပါ။
"ဝူး!"
အမိန့်ကို ကြားပြီးနောက် တောင်ဖောက်နဂါးသည် လုရွှမ်၏ နောက်သို့ ပြန်ရောက်လာခဲ့သည်။
အိုးယန်ရွှမ်းကတော့ မတ်တပ် ရပ်နိုင်ရန်ပင် အသည်းအသန် ရုန်းကန်ခဲ့ရပြီး ထိုမှပင် သူ၏ နောက်ကျောသည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေသည်ကို ခံစားလိုက်ရသည်။
သူသည် နှစ်ရာနှင့်ချီ၍ နေထိုင်ခဲ့ပြီး ယင်းယန်ကျောင်းတော် တွင်လည်း ကျော်ကြားခဲ့သည်။ ကျောင်းသားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးလုနီးပါး ဖြစ်သွားမည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
"စိတ်ပျက်ဖို့ ကောင်းတယ်!"
သူ့မျက်နှာက မှုန်ကုပ်ကုပ်နဲ့ သူ့လက်သီးတွေကို ဆုပ်ထားသော်လည်း သူဘာမှ ပြန်မလုပ်နိုင်တာတော့ သိသာလေသည်။
"ကောင်းပြီ မင်းတို့က ငါ့ကို ကောင်းကောင်းကြီး ကြိမ်းမောင်းနေခဲ့တာ မဟုတ်လား? ယင်းယန်အမိန့်ကို လွှဲပေးလိုက်... ဒါဆို ငါလည်း ဘာမှလှုပ်ရှားစရာ မလိုဘူး!"
ဒဏ်ရာ အပြင်းအထန် ရနေပြီဖြစ်သော အိုးယန်ရွှမ်းကို လျစ်လျူရှုရင်း လုရွှမ်သည် သူ့အား ရယ်မောနေခဲ့သော လူငယ်တချို့ကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။
"အစ်ကိုထျန်း" နှင့် "အစ်ကိုရှောင်း" ဟုခေါ်၍ ၎င်းတို့သည် မတိုင်ခင်က အလွန်ပျော်ရွှင် နေခဲ့ကြပြီး ရှောင်းယွင့်ထျန်းနှင့် အိုးယန်ရွှမ်းတို့ကို ကိုင်တွယ် ဖြေရှင်းပြီးနောက် ယင်းယန်အမိန့်ကို တောင်းယူခြင်းသည် သူ့အတွက်ဆော့ သဘာဝကျပါ၏။
နောက်ဆုံးတော့ မုယန်ဖုန်း နှင့် အခြားသူများ ဤအရာကို လိုအပ်နေသေးသည်လေ။
"မင်း"
"လုရွှမ်.... မင်း လူတွေကို အရမ်းကြီး အနိုင်ကျင့်မနေနဲ့!"
"ယင်းယန်အမိန့်ကို ကျောင်းကပေးတာ.. ငါတို့မှာ ခွဲတမ်း ရှိထားပြီးသား... မင်း အခုလို လုယူတာက စည်းကမ်းတွေကို ဖောက်ဖျက်တာပဲ... မင်း အမှားကြီးကို လုပ်ချင်နေတာလား?"
"အားကောင်းမောင်းသန် ဝိညာဥ်သားရဲ တစ်ကောင်ရှိတာနဲ့ မင်းကိုယ်မင်း အရမ်းဟုတ်နေပြီလို့ မထင်လိုက်နဲ့.... မင်းကောင်းလွန်းရင် ကျောင်းရဲ့ ပြစ်ဒဏ်ကိုပဲ သတိထားနေလိုက်"
ကောင်လေးက ယင်းယန်အမိန့်ကို တောင်းလိမ့်မယ်လို့ လူငယ် အနည်းငယ်မှာ မမျှော်လင့်ထားဘဲ အားလုံးရဲ့ အမူအရာက ပြောင်းသွားပြီး သွားတွေ ကြိတ်လိုက်ကြသည်။
လုရွှမ်၏ ဝိညာဥ်သားရဲ၏ အစွမ်းသတ္တိကို သူတို့ ရှင်းရှင်းလင်းလင်း မြင်ထားပြီးပြီ။ အကြီးအကဲ အိုးယန်ရွှမ်းပင် မယှဉ်နိုင်ရာ သူတို့က မည်သို့ ခုခံနိုင်မည်နည်း။
"စကားများလွန်းတယ်!"
သူ့ခေါင်းကို ခါယမ်းလိုက်ပြီး လုရွှမ်သည် လက်ဖဝါးများကို အထပ်ထပ် ဝေ့ယမ်းလိုက်လေ၏။
ဖြောင်း ဖြောင်း ဖြောင်း!
စူးရှသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ယခုလေးတင် သူ့ကို ကြိမ်းမောင်းနေသူများ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ဖက်ထုပ်တွေလို ပျံတကိသွားကာ ရှောင်းယွင့်ထျန်းကဲ့သို့ ခေါင်းစောင်းကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ဒါ မင်းတို့ရဲ့ ယင်းယန်အမိန့်ပဲ!"
လက်ဖဝါးကို ဝေ့ယမ်း၍ သူတို့၏ ယင်းယန်အမိန့်ကို မုယန်ဖုနိးနှင့် အခြားသူများထံ ပစ်ပေးလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး!"
ယင်းယန်အမိန့်ကို လက်ခံပြီးနောက် မုယန်ဖုန်းနှင့် လျောက်ချင်းတို့ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ ဤလူငယ်ကို သူတို့သခင်ဖြစ်ကြောင်း ယုံကြည်ထားပြီး တစ်ဖက်လူ၏ လုပ်ဆောင်မှုကို နာခံရန်သာ လိုအပ်သည်။
ဟွာချောင်၊ ဟန်ရွှယ်နဲ့ တခြားသူတွေကတော့ ပါးစပ်ပိတ်ဖို့ ခဲယဉ်းပါ၏။ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တစ်ချိန်တည်းမှာပဲ ပြုံးရွှင်သွားကြသည်။
ဤသည်မှာ ယင်းယန်ကျောင်းတော်ရဲ့ တည်ထောင်ပြီးကတည်းက အရိုင်းစိုင်းဆုံးနှင့် အရူးအမူးဆုံး လှုပ်ရှားမှု ဖြစ်နိုင်သည်။
ယင်းယန်ရေကန်ကို ဖွင့်ဖို့ တာဝန်ယူနေတဲ့ လူကြီးကို ဒဏ်ရာရစေပြီး ကျောင်းသားတွေရဲ့ ယင်းယန်အမိန့်ကို လုယူခဲ့သည်။ တစ်ဖွဲ့လုံး ယင်းယန်ရေကန်ထဲကို ရင်တုန်တုန်ယင်ယင်နဲ့ လျှောက်သွားခဲ့သည်။
လုရွှမ် တကယ်ပဲ ဒီလောက်တောင် ရက်စက်တာလား?
Chapter (192) Arc 3
တကယ္ပဲ အရမ္းရက္စက္တာလား?
တစ္ႏွစ္အတြင္း ျမင့္မားေသာ အဆင့္ကို ေလ့က်င့္နိုင္ေသာ အျခားသူမ်ားသည္ ရည္မွန္းခ်က္ ျပည့္ဝၿပီး ဉာဏ္ႀကီးရွင္မ်ားဟု လူသိမ်ားၾကသည္။ သူ၏ သခင္ေလးကေတာ့ ဘီလူးတစ္ေကာင္ႏွင့္ တူေနပါ၏။
အဆင့္တက္ျခင္းသည္ ထမင္းစား ေရေသာက္ကဲ့သို႔ပင္ လြယ္ကူေနသည္။ တကယ္ကို ဘယ္လို ေလ့က်င့္နည္းေတြကို သုံးေနမွန္း မသိေတာ့ေခ်။
သူနဲ႕သိရတာ တစ္ႏွစ္ေတာင္ မျပည့္ေသးပါ။ ဝူအဆင့္ကေန ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ ဒုတိယအဆင့္ကို ေရာက္တဲ့အထိ ေလ့က်င့္နိုင္သြားၿပီတဲ့ေလ။
"သူ.... လူေရာ ဟုတ္ေသးရဲ႕လား?"
မုယန္ဖုန္းသာမက လင္ေရွာင္းေရွာင္း၊ မင္းသမီး ေလာ့႐ုံ၊ ဟန္႐ႊယ္ႏွင့္ အျခားသူမ်ားကလည္း တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ကာ ရႈံ႕မဲ့စြာၿပဳံးလိုက္ၾကသည္။
ေရွးေဟာင္းၿမိဳ႕မွာ အခြင့္အလမ္း ေကာင္းေတြရခဲ့လို႔ သူတို႔ရဲ႕ က်င့္ႀကံမႈဟာလည္း အလြန္တိုးတက္လာခဲ့ၿပီး အားလုံးက အဓိပတိနယ္ပယ္ ၿပီးျပည့္စုံတဲ့ကာလကို ေရာက္ရွိသြားခဲ့သည္။ လု႐ႊမ္က ပိုျမန္တဲ့ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ကို ျဖတ္ေက်ာ္သြားနိုင္မယ္လို႔ ထင္ပင္မထင္ထားခဲ့ေခ်။
"အတင့္ရဲလိုက္တာ!"
လူတိုင္းက အံ့ၾသသြားေနၾကစဥ္ အိုးယန္႐ႊမ္းကေတာ့ ႐ူးေတာ့မလို ျဖစ္သြားသည္။
သူသည္ ေက်ာင္းေတာ္၏ အႀကီးအကဲ ဆယ္ပါးထဲမွ တစ္ဦးျဖစ္ၿပီး ယင္းယန္ေရကန္ကို ဖြင့္လွစ္ရန္ တာဝန္ယူေနသူ ျဖစ္သည္။ သူ႕ေရွ႕တြင္ ဤလူငယ္သည္ ယင္းယန္အမိန႔္ကို လုယူသြားကာ သူ႕တပည့္ကိုပင္ ဒဏ္ရာရေစခဲ့သည္။
ထိုအခ်က္က သူ႕အား အလြန္အမင္း ေဒါသထြက္သြားေစ၏။
"ငါ့ေရွ႕မွာ လူသတ္ရဲတယ္ေပါ့!! ဒါ ခြင့္မလႊတ္နိုင္တဲ့ ရာဇ၀တ္မႈပဲ"
ေဟာက္သံႏွင့္အတူ တုႏွိုင္းမရေသာ ေရာင္ဝါတစ္ခု ထြက္ေပၚလာၿပီး ယင္းယန္ေရကန္ တစ္ခုလုံးကို လႊမ္းၿခဳံသြားေတာ့သည္။
သူ၏ ေရာင္ဝါႏွင့္ ယွဥ္လွ်င္ ေရွာင္းယြင့္ထ်န္း၏ အေငြ႕အသက္သည္ ေနႏွင့္ ယွဥ္ေနေသာ ဖေယာင္းတိုင္မီးကဲ့သို႔ ရယ္စရာ ေကာင္းလွသည္။
"အိုးယန္႐ႊမ္း... မင္း ဘာလုပ္မလို႔လဲ"
သူ လႈပ္ရွားေတာ့မယ္ ဆိုတာကို ျမင္ေတာ့ အႀကီးအကဲလုံယြမ္မွ အေရွ႕မွာ ကမန္းကတန္း ေျပးရပ္လိုက္သည္။
လု႐ႊမ္ရဲ႕ လုပ္ရပ္ေတြက အရမ္းမိုက္လြန္းတယ္လို႔ ခံစားမိေပမယ့္လည္း သူ မတုံ႕ဆိုင္းဘဲ လု႐ႊမ္ေဘးနားမွာ ရပ္ေနမိဆဲပင္။
သူစိတ္ထဲရွိတာက လြန္ခဲ့တဲ့ သုံးလေလာက္ကမွ အဓိပတိနယ္ပယ္ ၿပီးျပည့္စုံေသာကာလမွာ ရွိေနခဲ့သူက အခု ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၂ ယြမ္ခ်ီနယ္ပယ္ ၿပီးျပည့္စုံေသာကာလကို ေရာက္ေနသည့္အျပင္ က်ိဳခ်င္းနယ္ပယ္က လူကိုလည္း တစ္ခ်က္တည္းနဲ႕ အနိုင္ယူလိုက္တဲ့ အေၾကာင္းကို ေက်ာင္းအုပ္ႀကီးအား ေျပး၍ ေျပာျပျခင္းေနျခင္းပင္။
ဤလု႐ႊမ္၏ ပင္ကိုယ္စြမ္းရည္သည္ ယင္းယန္ေရကန္ထဲသို႔ ဝင္ရန္ အရည္အခ်င္း ျပည့္မီလြန္းသည္။
"မင္းကငါ့ကို တားခ်င္ေနတာလား?" အိုးယန္႐ႊမ္းက မ်က္ခုံးပင့္လိုက္ၿပီး သူ႕မ်က္လုံးေတြက လူသတ္ခ်င္စိတ္ေတြ အျပည့္နဲ႕
"ငါ့ေရွ႕က ဖယ္လိုက္.... မဟုတ္ရင္ မင္းကိုပါ သင္ခန္းစာ အတူတူ သင္ေပးလိုက္မယ္!"
ထိပ္တန္း အႀကီးအကဲ ၁၀ေယာက္မွာ အားမနည္းၾကေသာ္လည္း အႀကီးအကဲလုံယြမ္သည္ အိုးယန္႐ႊမ္းနဲ႕ ယွဥ္ရင္ေတာ့ သိသိသာသာ အားနည္းေနဆဲပင္။
"အႀကီးအကဲလုံယြမ္ ခင္ဗ်ား ဝင္စြက္ဖက္ဖို႔ မလိုပါဘူး!"
လု႐ႊမ္လည္း သူ႕လက္ကို ေဝွ႕ယမ္းၿပီး သူ႕ေရွ႕တည့္တည့္က အိုးယန္႐ႊမ္းကို ၾကည့္လိုက္ၿပီး
"မင္း ငါ့ကို သတ္ခ်င္ေနတာလား?"
"ေက်ာင္းေတာ္က ေက်ာင္းသားတစ္ေယာက္ အေနနဲ႕ စည္းကမ္းကို ေဖာက္ဖ်က္ၿပီး အတန္းေဖာ္ေတြကို ဒဏ္ရာအနာတရ ျဖစ္ေစတဲ့အျပင္ ယင္းယန္အမိန႔္ကို လုယူတာကလည္း ခြင့္မလႊတ္နိုင္တဲ့ အျပစ္တစ္ခုပဲ.... မင္းကို ဒီေန႕မသတ္ရရင္ တျခားေက်ာင္းသားေတြ ေအးေအးခ်မ္းခ်မ္း ျဖစ္မွာ မဟုတ္ေတာ့ဘူး"
အိုးယန္႐ႊမ္းက က်ယ္ေလာင္စြာ ေအာ္ဟစ္ေလသည္။
"ေကာင္းၿပီ!"
တစ္ဖက္လူရဲ႕ ေဟာက္သံကို ၾကားတဲ့အခါ လု႐ႊမ္ အသာအယာ ေခါင္းခါၿပီး လက္ညွိုးကို ဆြဲလိုက္သည္။
"သူငါ့ကိုသတ္ခ်င္ေနတာ ဆိုေတာ့ သူ႕ကို သတ္ပစ္လိုက္ေတာ့!"
ဝူး!
စကားအဆုံးတြင္ ေၾကာက္စရာေကာင္းေသာ ဟိန္းေဟာက္သံ တစ္ခု ထြက္ေပၚလာၿပီးေနာက္ ေတာင္ေဖာက္နဂါးႀကီးသည္ လွ်ပ္စီးကဲ့သို႔ အေဝးမွ ျဖတ္ေျပးလာေလသည္။
လု႐ႊမ္သည္ ေပ႐ႊီးအင္ပါယာသို႔ ျပန္လာၿပီးေနာက္ ေမာ့ခ်ဳံႏွင့္အတူ သားရဲခန္းမသို႔ မသြားေသးတာေၾကာင့္ ေတာင္ေဖာက္နဂါးက သူႏွင့္အတူ လိုက္လာခဲ့သည္။ ယခုအခ်ိန္တြင္ အမိန႔္ကို ၾကားေသာအခါ ခ်ီတုံခ်တဳံ ျဖစ္မေနဘဲ အိုးယန္႐ႊမ္းထံသို႔ တစ္မွိတ္အတြင္း ေရာက္ရွိသြားခဲ့သည္။
ခြာမ်ားႏွင့္ ေျခသည္းမ်ားကို ျမႇောက္လ်က္ ေလခြၽန္သံ တစ္ခ်က္အတြင္း ရိုက္ခ်ပစ္ေတာ့သည္။
"အဆင့္ရွစ္ ၿပီးျပည့္စုံတဲ့ကာလက ဝိညာဥ္သားရဲလား?"
ဒီစြမ္းအားကို ခံစားလိုက္ရေတာ့ အိုးယန္႐ႊမ္း ရဲ႕ အမူအရာက ေျပာင္းလဲသြားၿပီး အထိတ္တလန့္ျဖင့္ ေၾကာက္လန႔္သြားသည္။
အဆင့္၈ ဝိညာဥ္သားရဲသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈ က်င့္ႀကံသူႏွင့္ ညီမွ်သည္။ ၿပီးျပည့္စုံေသာကာသို႔ ေရာက္ပါက ေက်ာင္းအုပ္ႀကီးပင္လွ်င္ ၿပိဳင္ဘက္ျဖစ္နိုင္မည္ မဟုတ္ေပ။ ဤလု႐ႊမ္သည္ ဤမွ်ေလာက္ အစြမ္းထက္ေသာ ဝိညာဥ္သားရဲကို ဘယ္မွာ ရွာေတြ႕လာခဲ့သနည္း။
စိတ္ထဲမွာ ထိတ္လန႔္သြားၿပီး ခ်က္ခ်င္း လက္ႏွစ္ဖက္နဲ႕ ျပန္ခုခံထားလိုက္သည္။
ဝွစ္! ဝွစ္!
ခြာမ်ားႏွင့္ ေျခသည္းမ်ားက သူ႕လက္ဖဝါးကို ထိလိုက္သည္ႏွင့္ သူ မတုံ႕ျပန္နိုင္မီတြင္ ျပတ္သားေသာ အသံမ်ား ဆက္တိုက္ၾကားရၿပီး သူ႕လက္ႏွင့္ လက္ဖ်ံရိုးမ်ား ကြဲေၾကသြားကာ ခြန္အားက ရင္ဘတ္အထိ တိုက္ရိုက္ ေျပးဝင္လာခဲ့သည္။
ဖူး!
ႏႈတ္ခမ္းမွ ေသြးေတြ တဟုန္ထိုး ထြက္က်သည္။
သူသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈ က်င့္ႀကံသူတစ္ေယာက္ ျဖစ္ေသာ္ျငားလည္း အလယ္အလတ္ ကာလတြင္သာ ရွိေသးသည္။
ဝူး!
ထိုးႏွက္ခ်က္ တစ္ခ်က္ေၾကာင့္ အိုးယန္႐ႊမ္း ဒဏ္ရာအျပင္းအထန္ ရသြားခဲ့သည္။ ေတာင္ေဖာက္နဂါးက တဖန္လႈပ္ရွား၍ ခြာႏွင့္ေျခသည္းမ်ားကို ျမႇောက္၍ ဦးေခါင္းကို ဆုပ္ကိုင္လိုက္ျပန္သည္။
ဒီအခ်ိန္မွာ သူဖမ္းမိသြားရင္ သူ႕ဦးႏွောက္ေတြ ေပါက္ကြဲထြက္ၿပီး အသက္ရွင္ဖို႔ မျဖစ္နိုင္ဘူး ဆိုတာ ရွင္းရွင္းလင္းလင္းကို ခန႔္မွန္းလို႔ရသည္။
"အႀကီးအကဲလုံယြမ္... က်ဳပ္ကို ကူညီပါဦး"
အိုးယန္႐ႊမ္းသည္ တကယ္ကို ထိတ္လန႔္သြားၿပီး ေၾကာက္လန့္တၾကား ေအာ္ဟစ္ကာ အလ်င္စလို အကူအညီ ေတာင္းလိုက္၏။
ယခု သူ႕ကို ကယ္တင္နိုင္သူမွာ အႀကီးအကဲ လုံယြမ္သာ ျဖစ္သည္ကို သူသိသည္။ လူငယ္ေလး၏ ဘာမွမထူးျခားေသာ အမူအရာေၾကာင့္ သူ႕ကိုသတ္ျခင္းသည္ အလြန္ရိုးရွင္းေသာ ကိစၥျဖစ္လိမ့္မည္။
"လု႐ႊမ္..."
ေအာ္ဟစ္သံကို ၾကားေတာ့ အႀကီးအကဲ လုံယြမ္လည္း တကယ္ကို စိုးရိမ္တႀကီးျဖင့္ လု႐ႊမ္ကို ၾကည့္ေနခဲ့သည္။
ေက်ာင္းေတာ္၏ အႀကီးအကဲ တစ္ဦးအေနျဖင့္ သူသည္ အႀကီးအကဲျဖစ္သည့္ အိုးယန္႐ႊမ္း သတ္ျဖတ္ ခံရျခင္းကို သဘာဝအတိုင္း မျမင္ခ်င္ေပ။
"ေကာင္းၿပီ အရင္ ေနာက္ဆုတ္လိုက္!"
သူဘာကိုဆိုလိုသည္ကို သိလိုက္သျဖင့္ လု႐ႊမ္ ေတာင္ေဖာက္နဂါးကို အခ်က္ျပလိုက္သည္။ ဤအိုးယန္႐ႊမ္ယသည္ သူ႕မ်က္လုံးထဲတြင္ ေဖာ္ျပရန္ပင္ မထိုက္တန္ေခ်။ သူ႕ကို သတ္သည္ျဖစ္ေစ မသတ္သည္ျဖစ္ေစ အေရးမႀကီးပါ။
"ဝူး!"
အမိန႔္ကို ၾကားၿပီးေနာက္ ေတာင္ေဖာက္နဂါးသည္ လု႐ႊမ္၏ ေနာက္သို႔ ျပန္ေရာက္လာခဲ့သည္။
အိုးယန္႐ႊမ္းကေတာ့ မတ္တပ္ ရပ္နိုင္ရန္ပင္ အသည္းအသန္ ႐ုန္းကန္ခဲ့ရၿပီး ထိုမွပင္ သူ၏ ေနာက္ေက်ာသည္ ေအးစက္ေသာ ေခြၽးမ်ားျဖင့္ စို႐ႊဲေနသည္ကို ခံစားလိုက္ရသည္။
သူသည္ ႏွစ္ရာႏွင့္ခ်ီ၍ ေနထိုင္ခဲ့ၿပီး ယင္းယန္ေက်ာင္းေတာ္ တြင္လည္း ေက်ာ္ၾကားခဲ့သည္။ ေက်ာင္းသားတစ္ဦး၏ လက္ခ်က္ေၾကာင့္ ေသဆုံးလုနီးပါး ျဖစ္သြားမည္ဟု တစ္ခါမွ စိတ္ကူးမယဥ္ခဲ့ဖူးေပ။
"စိတ္ပ်က္ဖို႔ ေကာင္းတယ္!"
သူ႕မ်က္ႏွာက မႈန္ကုပ္ကုပ္နဲ႕ သူ႕လက္သီးေတြကို ဆုပ္ထားေသာ္လည္း သူဘာမွ ျပန္မလုပ္နိုင္တာေတာ့ သိသာေလသည္။
"ေကာင္းၿပီ မင္းတို႔က ငါ့ကို ေကာင္းေကာင္းႀကီး ႀကိမ္းေမာင္းေနခဲ့တာ မဟုတ္လား? ယင္းယန္အမိန႔္ကို လႊဲေပးလိုက္... ဒါဆို ငါလည္း ဘာမွလႈပ္ရွားစရာ မလိုဘူး!"
ဒဏ္ရာ အျပင္းအထန္ ရေနၿပီျဖစ္ေသာ အိုးယန္႐ႊမ္းကို လ်စ္လ်ဴရႈရင္း လု႐ႊမ္သည္ သူ႕အား ရယ္ေမာေနခဲ့ေသာ လူငယ္တခ်ိဳ႕ကို ၾကည့္ရန္ ေခါင္းလွည့္လိုက္သည္။
"အစ္ကိုထ်န္း" ႏွင့္ "အစ္ကိုေရွာင္း" ဟုေခၚ၍ ၎တို႔သည္ မတိုင္ခင္က အလြန္ေပ်ာ္႐ႊင္ ေနခဲ့ၾကၿပီး ေရွာင္းယြင့္ထ်န္းႏွင့္ အိုးယန္႐ႊမ္းတို႔ကို ကိုင္တြယ္ ေျဖရွင္းၿပီးေနာက္ ယင္းယန္အမိန႔္ကို ေတာင္းယူျခင္းသည္ သူ႕အတြက္ေဆာ့ သဘာဝက်ပါ၏။
ေနာက္ဆုံးေတာ့ မုယန္ဖုန္း ႏွင့္ အျခားသူမ်ား ဤအရာကို လိုအပ္ေနေသးသည္ေလ။
"မင္း"
"လု႐ႊမ္.... မင္း လူေတြကို အရမ္းႀကီး အနိုင္က်င့္မေနနဲ႕!"
"ယင္းယန္အမိန႔္ကို ေက်ာင္းကေပးတာ.. ငါတို႔မွာ ခြဲတမ္း ရွိထားၿပီးသား... မင္း အခုလို လုယူတာက စည္းကမ္းေတြကို ေဖာက္ဖ်က္တာပဲ... မင္း အမွားႀကီးကို လုပ္ခ်င္ေနတာလား?"
"အားေကာင္းေမာင္းသန္ ဝိညာဥ္သားရဲ တစ္ေကာင္ရွိတာနဲ႕ မင္းကိုယ္မင္း အရမ္းဟုတ္ေနၿပီလို႔ မထင္လိုက္နဲ႕.... မင္းေကာင္းလြန္းရင္ ေက်ာင္းရဲ႕ ျပစ္ဒဏ္ကိုပဲ သတိထားေနလိုက္"
ေကာင္ေလးက ယင္းယန္အမိန႔္ကို ေတာင္းလိမ့္မယ္လို႔ လူငယ္ အနည္းငယ္မွာ မေမွ်ာ္လင့္ထားဘဲ အားလုံးရဲ႕ အမူအရာက ေျပာင္းသြားၿပီး သြားေတြ ႀကိတ္လိုက္ၾကသည္။
လု႐ႊမ္၏ ဝိညာဥ္သားရဲ၏ အစြမ္းသတၱိကို သူတို႔ ရွင္းရွင္းလင္းလင္း ျမင္ထားၿပီးၿပီ။ အႀကီးအကဲ အိုးယန္႐ႊမ္းပင္ မယွဥ္နိုင္ရာ သူတို႔က မည္သို႔ ခုခံနိုင္မည္နည္း။
"စကားမ်ားလြန္းတယ္!"
သူ႕ေခါင္းကို ခါယမ္းလိုက္ၿပီး လု႐ႊမ္သည္ လက္ဖဝါးမ်ားကို အထပ္ထပ္ ေဝ့ယမ္းလိုက္ေလ၏။
ေျဖာင္း ေျဖာင္း ေျဖာင္း!
စူးရွေသာ အသံမ်ား ဆက္တိုက္ ထြက္ေပၚလာၿပီး ယခုေလးတင္ သူ႕ကို ႀကိမ္းေမာင္းေနသူမ်ား တုံ႕ျပန္ခ်ိန္ပင္ မရလိုက္ဘဲ ဖက္ထုပ္ေတြလို ပ်ံတကိသြားကာ ေရွာင္းယြင့္ထ်န္းကဲ့သို႔ ေခါင္းေစာင္းကာ ေျမျပင္ေပၚသို႔ လဲက်သြားသည္။
"ဒါ မင္းတို႔ရဲ႕ ယင္းယန္အမိန႔္ပဲ!"
လက္ဖဝါးကို ေဝ့ယမ္း၍ သူတို႔၏ ယင္းယန္အမိန႔္ကို မုယန္ဖုနိးႏွင့္ အျခားသူမ်ားထံ ပစ္ေပးလိုက္သည္။
"ဟုတ္ကဲ့ သခင္ေလး!"
ယင္းယန္အမိန႔္ကို လက္ခံၿပီးေနာက္ မုယန္ဖုန္းႏွင့္ ေလ်ာက္ခ်င္းတို႔ စိတ္လႈပ္ရွားစြာ ေခါင္းညိတ္လိုက္သည္။ ဤလူငယ္ကို သူတို႔သခင္ျဖစ္ေၾကာင္း ယုံၾကည္ထားၿပီး တစ္ဖက္လူ၏ လုပ္ေဆာင္မႈကို နာခံရန္သာ လိုအပ္သည္။
ဟြာေခ်ာင္၊ ဟန္႐ႊယ္နဲ႕ တျခားသူေတြကေတာ့ ပါးစပ္ပိတ္ဖို႔ ခဲယဥ္းပါ၏။ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ကာ တစ္ခ်ိန္တည္းမွာပဲ ၿပဳံး႐ႊင္သြားၾကသည္။
ဤသည္မွာ ယင္းယန္ေက်ာင္းေတာ္ရဲ႕ တည္ေထာင္ၿပီးကတည္းက အရိုင္းစိုင္းဆုံးႏွင့္ အ႐ူးအမူးဆုံး လႈပ္ရွားမႈ ျဖစ္နိုင္သည္။
ယင္းယန္ေရကန္ကို ဖြင့္ဖို႔ တာဝန္ယူေနတဲ့ လူႀကီးကို ဒဏ္ရာရေစၿပီး ေက်ာင္းသားေတြရဲ႕ ယင္းယန္အမိန႔္ကို လုယူခဲ့သည္။ တစ္ဖြဲ႕လုံး ယင္းယန္ေရကန္ထဲကို ရင္တုန္တုန္ယင္ယင္နဲ႕ ေလွ်ာက္သြားခဲ့သည္။
လု႐ႊမ္ တကယ္ပဲ ဒီေလာက္ေတာင္ ရက္စက္တာလား?