"မဟုက္ဘူး.....မဟုက်ဘူးလို့!"
"ဒေး.....ဒေး....."
ညသန်းခေါင်ကျော်မှ ဒေးရဲ့အော်သံကြောင့် ဂျူးဂျူးမေ လန့်နိုးလာရာ ဒေးကတော့ တစ်ကိုယ်လုံးတုန်ရီနေပြီး ချွေးတွေလဲစိုရွှဲလို့နေတာမို့ အိမ်မက်ဆိုးတွေမက်ပြန်ပြီထင်တယ်။
ဂျူးဂျူးမေ ဒေးကိုယ်လေးကိုလှုပ်ပြီး နှိုးလိုက်ရာ မကြာပါဘူးဒေးမျက်လုံးတွေပွင့်လာပြီး မျက်ရည်တွေလဲကျလို့နေသည်။
"ဟင့် ကြောက်တယ် ကြောက်တယ်"
ဒေးကငိုရှိုက်လာရင်း ဂျူးကိုလှမ်းဖက်ကာ ထိုသို့ပြောရင်းတုန်နေတော့သည်။ ဂျူးလဲဒေးကျောပြင်ကိုပုတ်ရင်း ချော့မြှူလေရာ ဒေးကအမြဲအိမ်မက်ဆိုးတွေမက်တိုင်း အမြဲကလေးတစ်ယောက်လိုပင်ဒါကြောင့်ဒေးကိုသူတစ်ယောက်ထဲမနေခိုင်းချင်တာ။ ဂျူးကဒေးထက်အသက်တစ်နှစ်လေးလောက်သာကြီးပြီး အန်တီနိုဆီမှာအတူအလုပ်လုပ်ရင်း မောင်နှမအရင်တွေလိုပင်ချစ်ကြတဲ့သူငယ်ချင်းဆိုလဲမမှားပေ။
ယောကျာ်းလေးတစ်ယောက်နဲ့တစ်ကုတင်ထဲအိပ်တာဟာလူပြောစရာဆိုပင်မဲ့ ဒေးအကြောင်းသိနေတဲ့သူ့အဖို့ ဒေးကသူ့မောင်အရင်းလေးလိုပဲ ချစ်သလိုအမြဲအရှေ့ကနေပေးချင်တယ် စောင့်ရှောက်ပေးချင်တယ် လိုအပ်ချိန်တိုင်းသူရှိနေပေးချင်တယ်။
"ဘားမှမဖြစ်နော်ဒေး အိမ်မက်မက်တာ ဒါတွေကပြီးသွားပြီ"
ဒေးကိုချော့နေရင်းခနကြာတော့ ဒေးကအငိုတိတ်သွားကာပဲုမှန်အတိုင်းပြန်ဖြစ်သွားပြီး ဂျူးကိုဖက်ထားရာမှလွှတ်ကာ ကိုယ်လေးပြန်မက်သွားတော့ ဂျူးလဲဒေးအတွက် ရေတစ်ခွက်ငှဲ့ထည့်ပေးရင်း ကမ်းပေးလိုက်သည်။ ဒေးရေတစ်ခွက်လုံးကုန်အောင်သောက်ချပြီး ခွက်ပြန်ကမ်းပေးကာ ဂျူးကိုကျေးဇူးတင်လိုက်သည်။
"ကျေးဇူးနော်ဂျူး "
"ရပါတယ်ဒေးရယ် တစ်ယောက်ထဲနေတာအဆင်ယောပြေရဲ့လား ငါအတူလာနေပေးရမလား"
"ငါအဆင်ပြေပါတယ် ဂျူးကိုသက်သက်ဒုက္ခပေးသလိုဖြစ်နေမယ် "
"ဒေးအဲ့လိုမပြောနဲ့ နင့်နားမှာငါအမြဲရှိတယ် ဘာပဲဖြစ်ဖြစ်တစ်ယောက်ထဲမဖြေရှင်းနဲ့မှက်ထားနော် ငါကနင့်အမလဲဟုက်သလိုသူငယ်ချင်းလဲဟုက်တယ်"
ဂျူးစကားက ဒေးကိုမျက်ရည်ဝဲစေကာ သူ့နားတဂယ်မေတ္တာအစစ်နဲ့ရှိပေးတာဆိုလို့ ဂျူးဂျုးမေဆိုတဲ့ ဒီသူငယ်ချင်းမလေးတစ်ယောက်ထဲပဲရှိသည်။
"ငိုမနေနဲ့တော့ ပြန်အိပ်ကြရအောင် မနက်အလုပ်ရှိတယ်မှက်လား အိပ်တော့ " ထိုသို့ပြောပြီး ဂျူးနဲ့ဒေးမှာ ပြန်အိပ်လိုက်တော့သည်။
တစ်နေ့တာမနက်ခင်းအစ နေမင်းကြီးကသူ့အလုပ်အတိုင်းပေါ်ထွက်လာပြီး အလင်းရောင်များဖြန့်လွှတ်တော့ကာ ကျေးငှက်များကလဲ အစာရှာထွက်ရင်း တေးသံသာတို့ဆိုမြည်းရင်း လမ်းပေါ်လှုပ်ရှားနေသူများလဲ နေ့စင်ဘဝစတင်တော့သည်။
အနည်းငယ်ထိုးကိုက်နေသောခေါင်းနဲ့အတူ ရှိန်းတစ်ယောက်မနက်ခင်းကိုစတင်လာတော့၏။ ရှိန်းနားထင်ကိုဖိရင်း အိပ်ယာမှထကာ ကုတင်ဘေးကနာရီကိုကြည့်လိုက်တော့ 7နာရီထိုးပင်။
"ကျစ်.....ခေါင်းတွေကလဲကိုက်လိုက်တာကွာ နည်းနည်းလေးသောက်မိတာကို"
ရှိန်းထိုသို့ညည်းတွားရင်း ဖုန်းကိုလှမ်းယူလိုက်ကာ တစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်သည်။
"hello ရေး ***barမွာ ငါ့ကားကိုသွားယူလိုက် သော့ကမန်နေဂျာဆီမှာ "
ရှိန်းထိုသို့ပြောပြီး မျက်နှာသစ်ရေထက်ချိုးကာ မနက်စာစားရန် အခန်းထဲကထွက်လာတော့ မကြားချင်တဲ့အသံကစကြားရလာ၍ ကိုက်နေတဲ့ခေါင်းဟာ ပိုဆိုးလာတော့သည်။
"ကိုကို နိုးလာပြီလား ဒေစီ မနက်စာပျင်ပေးမယ်လေ"
"ရတယ် မတုတ် lemon teaတစ်ခွက်လောက်ဖျော်ပေးပါ ခေါင်းနောက်နေလို့"
"ဟင် ကိုကိုခေါင်းနောက်နေတာလား ဒေစီနှိတ်ပေးမယ်လေ "
"ရတယ် ရတယ် နည်းနည်းပဲကိုက်တာ ခနနေပျောက်သွားလိမ့်မယ်"
"အားနာနေတာလားကိုကိုက ဒေစီခင်ပွန်းဖြစ်မဲ့သူကို ဒေစီပြုစုပေးချင်လို့ပါ"
"ရပါတယ် ခေါင်းကိုင်တာမကြိုက်လို့ပါ မာမီကိုလာတွေ့တာမှက်လား မာမီအခန်းထဲမှာရှိလိမ့်မယ်"
"ကိုကိုကတဂယ်ပဲ ဒေစီကိုဆို ရှောင်ဖယ်နေတယ် ဟင့် ဒေစီက ကိုကိုနဲ့လက်ထပ်မဲ့သတိုးသမီးပါနော် ဟင့်"
ရှိန်းသူ့ရှေ့က အမူပိုကာ မထွက်တဲ့မျက်ရည်တွေညှစ်ထုတ်နေတဲ့ သူကိုနားမလည်နိုင်အောင် ရပ်ကြည့်လို့နေသည်။ချော့စေချင်နေတာလား သူမှာဒါတွေမလုပ်တက်တာ။
"သမီးဒေစီ ဘာလို့ငိုနေတာလဲကွယ်"
"ဟင့် အန်တီမြ ကိုကိုပေါ့ ဒေစီကိုဆိုအမြဲရှောင်ဖယ်နေတယ်"
မာမီစကားသံကြားတော့ ချက်ချင်းဆိုသလိုဒေစီဝင့်လွှာက မာမီရင်ခွင်ထဲတိုးကာ အပိုတွေလုပ်နေပြန်တယ်။
"အေးကွယ် မငိုနဲ့တော့တိတ်တိတ် သားရှိန်းကို မာမီဆုံးမလိုက်ပါမယ် "
"ဟင့် ဟုက်ကဲ့ အန်တိီမြ"
"အန်တီမြလို့ခေါ်နေတုန်းပဲလားသမီးရယ် လက်ထပ်တော့မဲ့ဟာကို မာမီလို့ပြောင်းခေါ် ကြားလား"
"ဟီး ဟုက်ကဲ့မာမီ"
ရှိန်းလဲသက်ပျင်းချကာ မတုတ် လာချပေးတဲ့lemon teaခြက္ကိုသာ စာပွဲပေါ်ထိုင်သောက်နေလိုက်သည်။ မာမီကိုလဲသူနားမလည်နိုင်တော့ပေ။
"သားရှိန်း စွတ်ပြုတ်လေးပူတုန်းသောက်လိုက်"
ဒေါ်ထားက အလိုက္သိစြာ ရှိန်းရှေ့စွတ်ပြုတ်ပူပူလေးလာချပေးကာ ထိုအချိန်ဒေစီဝင့်လွှာက လျှာထရှည်သေး၏။
"ကိုကို နေမကောင်းဘူးလားဟင် ဒေစီဘာလုပ်ပေးရမလဲ"
"နေကောင်းတာမို့ ညမေဒစီ အပင်ပန်းမခံပါနဲ့"
"သမီးကိုကိုကနေကောင်းတယ်သမီးရဲ့ အရက်နာကျနေတာ"
မာမီစကားကြောင့် ရှိန်းကိုယ်လေးမက်သွားကာ မျက်လုံးအစုံကဒေါ်ထားဆီရောက်သွားလေသည်။ဒေါ်ထားကလဲ ရှိန်းကိုခေါင်းလေးတစ်ချက်ငြိမ့်ကာ မာမီအနားရောက်သွားတော့တယ်။
"သားရှိန်း မာမီတစ်ခါတစ်လေမို့နားလည်ပေးလိုက်မယ် နောက်ခါဂရုစိုက်ပါ"
"ဟုက်ကဲ့မာမီ သူရိန်နဲ့မတွေ့တာကြာလို့နည်းနည်းသောက်မိသွားတာပါ"
"အေးအေး စားစား သမီးဒေစီလဲစားနော်"
ရှိန်းကတော့အပြစ်ရှိသူအလားမနက်စာကိုတိတ်ဆိပ်စွာစားရင်း မာမီနဲ့ဒေစီဝင့်လွှာကတော့စကားတွေဖောင်ဖွဲ့လို့ရယ်။
"မာမီ သက်သာသွားပြီလားဟင် သမီးဖြင့်ကြားကြားချင်းပြေးလာချင်တာ အလုပ်တွေမအားလို့"
"သက်သာပါတယ်ကွယ် မာမီအကောင်းကြီးပါ မာမီကဟော့ဒီကသမီးနဲ့သားမွေးမဲ့မြေးလေးတွေထိန်းအုံးမှာ"
"ဟင် မာမီကလဲ ရှက်စရာကြီး ဘာတွေပြောနေလဲမသိဘူး"
ဒေစီဝင့်လွှာက ရှက်ဟန်ပြုတော့ဒေါ်မြမဟာမေ ကသဘောတကျရယ်လေသည်။
"သမီးမေ့နေတာမာမီ ဖေဖေနဲ့မေမေက မာမီနဲ့ကိုကို့ကိုထမင်းစားဖိတ်ခိုင်းလိုက်တာ ဖေဖေကလဲကိုကိုနဲ့မတွေ့တာကြာပြီမို့အိမ်လာခဲ့ပါအုံးတဲ့"
"ဟုက္သားပဲ သားရှိန်း မာမီတို့ဒီနေ့ပဲသွားရအောင် မာမီလဲဝင့်လွှာနဲ့မတွေ့ရတာကြာပြီ သားအားလား"
"ဟို......ဒီမနက်ပိုင်းတော့အားပါတယ်"
ရှိန်းစကငြင်းချင်ပင်မဲ့ မာမီကစိတ်အားထက်သန်နေတာမို့ မနက်ပိုင်းလေးတစ်ပိုင်းလောက့်ချိန်ပေးလိုက်လဲရတာမို့ ရှိန်းလက်ခံလိုက်သည်။
ရှိန်းမာမီကားနဲ့ပဲ ဒေစီတို့အိမ်သွားကာ ဒေစီအဖေနဲ့စကားတွေပြော ထမင်းလက်ဆုံစားကြကာ ရှိန်းစိတ်ထဲတော့တစ်ခုမှမပါခဲ့။သူ့စိတ်ထဲ မတွေ့ရသေးတဲ့မျက်နှာလေးကိုသာတွေ့ချင်နေကာ ဖင်တစ်ကြွကြွဖြစ်နေရင်း မာမီကေတာ့ သူ့သူငယ်ချင်းတွေနဲ့တွေ့ကာ ရှေးဟောင်းနောက်ပြစ်တွေပြောရင်း သဘောတွေကျနေကာ အနားကပ်လွန်းတဲ့ဒေစီကြောင့်ရှိန်းမှာထပြေးချင်နေပြီ။
"ဒေး.......ဒေး........ဒေး!"
"ဟင်.....ဗ်ာ မမကြူ"
"ဒေးဘာဖြစ်နေတာလဲ တစ်မနက်လုံးစိတ်နဲ့ကိုယ်နဲ့မကပ်ပါလား ဟိုမွာcastanmarရောက်နေတယ်"
"ဟုက်မမကြူ ဒေးမတွေ့လိုက်လို့ပါ"
ဒေးမတွေ့လိုက်ဘူးဆိုတာထက် အတွေးလွန်နေတာပင် ဟုက်တယ် ဒေးတစ်မနက်လုံးတွေ့နေ့ကျလူကိုမတွေ့ရတာမို့ တစ်ခုခုလိုနေသလိုပင်။ ဘာလို့မလာတာလဲဟုတွေးနေတာကာ မနက်တိုင်းနေ့စဉ်လာနေသူကဒီနေ့မှဘာလို့မလာတာပါလိမ့်ဟု ဒေးတွေးနေမိကာ ဘာလို့တွေးနေမိလဲ ဒေးကိုဒေးမသိ ဒေးစိတ်ထဲတစ်ခုခုလိုနေသလိုပဲ။ မနက်ဆိုင်ဖွင့်ထဲကမျှော်နေသူက အခုနေ့လည်တောင်ရောက်ပြီအရိပ်ရောင်တောင်မတွေ့ရ။
ဒေးတစ်ယောက်ထဲတွေးလိုက် အလုပ်လုပ်လိုက် ဆိုင်တံခါးဖွင့်သံခေါင်းလောင်းလေးကြားတိုင်းခေါင်းထောင်ကြည့်ရတာအမောနဲ့ နောက်ဆုံးဒေးလက်လျှော့လိုက်ကာ ထိုချိန်ဆိုင်တံခါးဖွင့်သံခေါင်းလောင်းကမြည်လာပြီး ဒီတစ်ခါတော့ဒေးမကြည့်မိ သူကြည့်လိုက်လို့မျှော်နေသူမဟုက်ရင် သူပဲပင်ပန်းရအုံးမှာလေ။
"americano hot တစ်ခွက်လောက်"
"ဟင်......"
ဒေး ထိုသို့အာမေဒိတ်သံအတူ ခေါင်းမော့ကြည့်လိုက်တော့ တဂယ်ပဲဟိုလူ အရင်တိုင်းအမြဲတည်ကြည်တဲ့မျက်နှာထားနဲ့ ဒေးအရှေ့တည့်တည့်ရပ်ကာ ဒေးကိုစိုက်ကြည့်နေပြန်တယ်။ ထိုအကြည့်တွေကြောင့် ဒေးမှာမျက်နှာလေးရဲတက်လာကာ သူ့ရင်ဘက်တစ်နေရာကလဲသိသိသာသာလှုပ်ရှားလို့လာသည်။
အချိန်ခနမျှဒေးတို့အကြည့်ဆုံနေတုံး ထိုလူနှုတ်ခမ်းများများကသိသိသာသာကွေးတက်သွားပြီး တစ်ဖက်သို့လှည့်ကာ ဒေါင့်ကြကြနေရာလေးမှာသွားထို်င်ကာ ဒေးမှာတော့ကျောက်ရုပ်လိုရပ်မြဲတိုင်းရပ်နေပြီး သေချာပေါက်ထိုလူပြုံးတာကိုမြင်လိုက်ရသည်။
ရှိန်းအလုပ်အကြောင်းပြပြီး မာမီတို့စကားဝိုင်းကိုဖျက်ကာ မာမီကိုအိမ်ပြန်လိုက်ပို့ပြီး ရှိန်းချက်ချင်းထွက်လာခဲ့ရာ ဆိုင်ထဲရောက်တော့ ကောင်လေးကိုတွေ့လိုက်ရ၍သူရောဂါကတစ်ဝက်သက်သာသွားသလို။
ရှိန်းကော်ဖီတစ်ခွက်မှာပြီး ခုံမှာသွားထိုင်နေကာ အသဲယားစရာလူသားလေးကို ငေးကြည့်နေမိတယ်။တစ်မနက်လေးမတွေ့ရတာ ရှိန်းအဖို့ကြည့်မဝဖြစ်နေပြီး ကော်ဖီရတော့ သူကိုယ်တိုင်လာချပေးလေသည်။
"ခဏ....."
ကော်ဖီချပေးပြီး ပြန်လှည့်ထွက်သွားတဲ့ကောင်လေးကို ရှိန်းလက်ကိုအမြန်လှမ်းဆွဲမိသွားတော့ ကိုယ်လုံးလေးပြန်လှည့်လာကာ ရှိန်းနဲ့အကြည့်ချင်းဆုံသွားပြန်တယ်။
"ကိုယ်တို့ စကားနည်းနည်းလောက်ပြောလို့ရမလား"
"အားနာပင်မဲ့ ဒါကျွန်တော်အလုပ်ချိန်ပါ"
ထိုသို့သာပြောပြီး ဒေးသူ့လက်ကရုန်းထွက်လိုက်ပြီး လုပ်စရာများကိုသာသွားလုပ်နေလိုက်သည်။
#########################
zawgyi
"မဟုက်ဘူး.....မဟုက်ဘူးလို့!"
"ဒေး.....ဒေး....."
"ကျေးဇူးနော်ဂျူး "
"hello ရေး ***barမှာ ငါ့ကားကိုသွားယူလိုက် သော့ကမန်နေဂျာဆီမှာ "
"ဟင့် ဟုက်ကဲ့ အန်တီမြ"
"ဟီး ဟုက်ကဲ့မာမီ"
ဒေါ်ထားက အလိုက်သိစွာ ရှိန်းရှေ့စွတ်ပြုတ်ပူပူလေးလာချပေးကာ ထိုအချိန်ဒေစီဝင့်လွှာက လျှာထရှည်သေး၏။
"နေကောင်းတာမို့ ညမဒေစီ အပင်ပန်းမခံပါနဲ့"
"ဟုက်သားပဲ သားရှိန်း မာမီတို့ဒီနေ့ပဲသွားရအောင် မာမီလဲဝင့်လွှာနဲ့မတွေ့ရတာကြာပြီ သားအားလား"
"ဒေး.......ဒေး........ဒေး!"
"ဟင်.....ဗျာ မမကြူ"
"ဒေးဘာဖြစ်နေတာလဲ တစ်မနက်လုံးစိတ်နဲ့ကိုယ်နဲ့မကပ်ပါလား ဟိုမှာcastanmarရောက်နေတယ်"
"ဟင်......"
"ခဏ....."
#########################