ပြန်လည်မွေးဖွားလာသောဧကရာဇ် (b...

By hinnthawethadar

34.6K 3.7K 36

Arc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ More

Arc 3🗡161🗡တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်
Arc 3🗡162🗡လုရွှမ်ပါးစပ်ဖွင့်ပြီ
Arc 3🗡163🗡အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)
Arc 3🗡164🗡အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)
Arc 3🗡165🗡ရှေးဟောင်းမြို့ထဲဝင်ပြီ
Arc 3🗡166🗡ရတနာမှန်သမျှ ငါ့လက်ထဲမှာ စုစည်းစေ (ပထမပိုင်း)
Arc 3🗡167🗡ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)
Arc 3🗡168🗡ရှောင်းချင်ထျန်း မျက်နှာပျက်သွားပြီ
Arc 3🗡169🗡လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)
Arc 3🗡170🗡လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)
Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)
Arc 3🗡172🗡ရတနာထွက်လာပြီ (ဒုတိယပိုင်း)
Arc 3🗡173🗡နတ်ဘုရားလက်ဝါး
Arc 3🗡174🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)
Arc 3🗡175🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)
Arc 3🗡176🗡ရှန့်ခုန်းမြေပုံ
Arc 3🗡177🗡ဝူအဆင့်၁၀ (ပထမပိုင်း)
Arc 3🗡178🗡ဝူအဆင့်၁၀ (ဒုတိယပိုင်း)
Arc 3🗡179🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်
Arc 3🗡180🗡စောင့်ဆိုင်းခြင်း (ပထမပိုင်း)
Arc 3🗡181🗡စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡182🗡အဆိပ်ခတ်ထားတာလား?
Arc 3🗡183🗡ဧရာမအလှည့်အပြောင်း (ပထမပိုင်း)
Arc 3🗡184🗡ဧရာမအလှည့်အပြောင်း (ဒုတိယပိုင်း)
Arc 3🗡185🗡ရှေးဟောင်းသစ်ရွက်စိမ်း
Arc 3🗡186🗡အရွက်စိမ်းသစ်ပင်ရဲ့ နှလုံးသား
Arc 3🗡188🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)
Arc 3🗡189🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡190🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (တတိယပိုင်း)
Arc 3🗡191🗡ယင်းယန်အမိန့်
Arc 3🗡192🗡တကယ်ပဲ အရမ်းရက်စက်တာလား?
Arc 3🗡193🗡ယင်းယန်ရေကန်ထဲဝင်ခြင်း
Arc 3🗡194🗡 ဧရိယာ၃
Arc 3🗡195🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင်၄ ကျိုချင်းနယ်ပယ်
Arc 3🗡196🗡ငါလည်း သူ့ကို သတ်ချင်တယ်!
Arc 3🗡197🗡အားကြီးသော တောင်​ဖောက်နဂါး (ပထမပိုင်း)
Arc 3🗡198🗡အားကြီးသောတောင်ဖောက်နဂါး (ဒုတိယပိုင်း)
Arc 3🗡199🗡အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)
Arc 3🗡200🗡အားလုံးကို သတ်ပစ်လိုက်တာ!
Arc 3🗡201🗡စိတ်စွမ်းအား ၁၅
Arc 3🗡202🗡 ကျောင်းအုပ်ကြီးကိုကန်ကျောက်ခြင်း
Arc 3🗡203🗡အိုးယန်ရွှမ်းကို သတ်လိုက်
Arc 3🗡204🗡စစ်သေနာပတိဟူရှောက်ကို သတ်ပစ်ပြီ
Arc 3🗡205🗡မင်းသမီးလော့ရုံရဲ့ ခန့်မှန်းချက်
Arc 3🗡206🗡ကျန်းရှောက်ချန်ပြန်လာပြီ
Arc 3🗡207🗡အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား
Arc 3🗡208🗡ရှောင်းမိသားစုကလူများ
Arc 3🗡209🗡ဟန်ရောင်ရဲ့ဆရာ
Arc 3🗡210🗡စိန်ခေါ်စာ
Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ
Arc 3🗡212🗡ဝှက်ဖဲကဘာလဲ?
Arc 3🗡213🗡ပြိုင်ပွဲစင်မြင့်
Arc 3🗡214🗡လှောင်အိမ် စွမ်းအင်လမ်းကြောင်း
Arc 3🗡215🗡တောင့်တင်းမှုမှ ပျော့ပျောင်းမှုသို့
Arc 3🗡216🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ပထမပိုင်း)
Arc 3🗡217🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ဒုတိယပိုင်း)
Arc 3🗡218🗡အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)
Arc 3🗡219🗡စိတ်စွမ်းအား ၁၆
Arc 3🗡220🗡အရှက်မရှိကြသူများ
Arc 3🗡221🗡ကာကွယ်မှု အခင်းအကျင်းကြီး
Arc 3🗡222🗡ထပ်ခါထပ်ခါ သတ်ပြီ
Arc 3🗡223🗡ပျံသန်းသွားခြင်း
Arc 3🗡224🗡ဘိုးဘေးများကိုအံ့သြစေသူ
Arc 3🗡225🗡ရတနာအခန်း
Arc 3🗡226🗡နဂါးရုပ်တု
Arc 3🗡227🗡စစ်သူရဲများ
Arc 3🗡228🗡ကျောင်းအုပ်အသစ်
Arc 3🗡229🗡ထွက်ခွာရန်ပြင်ဆင်ခြင်း
Arc 3🗡230🗡တိမ်တိုက်ငှက်
Arc 4🗡1🗡တြိဂံဧရိယာ
Arc 4🗡2🗡မှော်တစ်ထောင်စံအိမ်
Arc 4🗡3🗡ဓားအပိုင်းအစ
Arc 4🗡4🗡ရှီးမန်ကျွင့်
Arc 4🗡5🗡သတ်ဖြတ်ပြီ
Arc 4🗡6🗡အရိပ်လူသတ်ခန်းမ
Arc 4🗡7🗡တံခါးဝကို ရောက်ရှိခြင်း
Arc 4🗡8🗡အစိမ်းရောင်ဓားအလင်း
Arc 4🗡9🗡ဝိညာဥ်အစားအစာ
Arc 4🗡10🗡ခူးရုန်မြက်
Arc 4🗡11🗡သန့်စင်ဖို့စတင်ခြင်း
Arc 4🗡12🗡ထွက်ခွာခြင်း
Arc 4🗡13🗡လမ်းညွှန်တံဆိပ်ပြား
Arc 4🗡14🗡ထိုက်ကျိရဲ့ရှေ့ပြေးပုံစံ
Arc 4🗡15🗡သတ်ဖြတ်လေပြီ
Arc 4🗡16🗡တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်
Arc 4🗡17🗡ပြေးပြီ
Arc 4🗡18🗡စိတ်စွမ်းအား ထိုးဖောက်သွားပြီ
Arc 4🗡19🗡စက္ကန့်အပိုင်းအတွင်းသတ်ခြင်း
Arc 4🗡20🗡မြို့ကိုပြန်ခြင်း
Arc 4🗡21🗡ဖောက်ခွဲသတ်ဖြတ်ခြင်း အခင်းအကျင်း
Arc 4🗡22🗡စိတ်ဝိညာဥ်ဆေး
Arc 4🗡23🗡စုပေါင်းအောင်မြင်မှု
Arc 4🗡24🗡ယွမ်စံအိမ်၏စံအိမ်သခင်
Arc 4🗡25🗡လက်ဝါးတစ်ချက်တည်း
Arc 4🗡26🗡စစ်မှန်တဲ့ နဂါးနှလုံး
Arc 4🗡27🗡ယွမ်စံအိမ်အား ညအချိန်တွင် ဝင်ရောက်စီးနင်းခြင်း
Arc 4🗡28🗡နဂါးဦးခေါင်း ရေကန်
Arc 4🗡29🗡နဂါးသွေးသံ
Arc 4🗡30🗡အရှိန်တင်မယ်
Arc 4🗡31🗡လူသတ်သမားကို ဆွဲဆောင်ခြင်း
Arc 4🗡32🗡ကျွန်ဈေးကွက်
Arc 4🗡33🗡ပြိုကျသွားပြီ
Arc 4🗡34🗡အဆိပ်မိခြင်း
Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်
Arc 4🗡36🗡သွေးကြောများ တိုးမြှင့်လာပြီ
Arc 4🗡37🗡တတိယနန်းတော်ပင်လယ်
Arc 4🗡38🗡နှစ်လ
Arc 4🗡39🗡 မျှော်စင်ကိုးထပ်
Arc 4🗡40🗡နောက်ထပ်နှစ်လုံးလောက်
Arc 4🗡41🗡သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆
Arc 4🗡42🗡သူတော်စင်တစ်ပိုင်း
Arc 4🗡43🗡ချိလော့တောင်
Arc 4🗡44🗡ချိုင့်ဝှမ်းအတွင်းသို့
Arc 4🗡45🗡ချိုင့်ဝှမ်းထဲကတိုက်ပွဲ
Arc 4🗡46🗡စစ်ကူတွေ ရောက်လာပြီ
Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ
Arc 4🗡48🗡အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီ
Arc 4🗡49🗡ဆေးဥယျာဉ်
Arc 4🗡50🗡ပန်းနီမိန်းကလေး
Arc 4🗡51🗡ဝိညာဥ်ချီပေါင်းစည်းမှု
Arc 4🗡52🗡မိမိဘာသာသေလမ်းရှာခြင်း
Arc 4🗡53🗡ဖရိုဖရဲဖြစ်လာပြီ
Arc 4🗡54🗡ကောင်းကင်ကံကြမ္မာဓမ္မခန္ဓာကိုယ်
Arc 4🗡55🗡မ​ရှိတော့ဘူး
Arc 4🗡56🗡အခွင့်အလမ်း
Arc 4🗡57🗡လူအုပ်ကြီးရှေ့မှာ
Arc 4🗡58🗡သွေးပိုးကောင်
Arc 4🗡59🗡လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်ခြင်း
Arc 4🗡60🗡ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်
Arc 4🗡61🗡မြန့်ရှန်ပန်း
Arc 4🗡62🗡လူထောင်ပေါင်းများစွာ စုဝေးကြရာ
Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ
Arc 4🗡64🗡မောက်မာသော ထျန်မိသားစု
Arc 4🗡65🗡လက်ဝါးစွမ်းအင်
Arc 4🗡66🗡ဆရာတူဦးလေးလို့ခေါ်
Arc 4🗡67🗡 လူလိမ်
Arc 4🗡68🗡မျက်နှာဖြူ ပညာရှင်
Arc 4🗡69🗡အခင်းအကျင်းထဲ ပိတ်မိနေပြီ
Arc 4🗡70🗡စီစဉ်ရခြင်းအကြောင်းရင်း
Arc 4🗡71🗡 နိယာမနတ်သူငယ်
Arc 4🗡72🗡ယွမ်စံအိမ်နဲ့ဆက်ဆံရေး
Arc 4🗡73🗡ထူးဆန်းသောအဘွားကြီး
Arc 4🗡74🗡တောက်ပနေသောတိမ်တိုက်
Arc 4🗡75🗡အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ
Arc 4🗡76🗡မိုးကြိုးလျှပ်စီးကြောင်း
Arc 4🗡77🗡နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်
Arc 4🗡78🗡မိမိကိုယ်ကို နှိပ်စက်ခြင်း
Arc 4🗡79🗡လိမ်လည်လှည့်စားမှု
Arc 4🗡80🗡ဘယ်သူက ပိုပါးနပ်မလဲ
Arc 4🗡81🗡အသက်ရှင်ရာလမ်း
Arc 4🗡82🗡 ထွက်ခွာခြင်းနှင့် နေရစ်ခြင်း
Arc 4🗡83🗡အားလုံးသေကုန်ပြီ
Arc 4🗡84🗡လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ
Arc 4🗡85🗡နတ်ဆေးလုံးမြို့
Arc 4🗡86🗡ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်
Arc 4🗡87🗡မြို့သခင်ကျောင်းကျန့်
Arc 4🗡88🗡မြို့သခင်ရဲ့သရုပ်ဆောင်မှု
Arc 4🗡89🗡ရွှီချင့်ရဲ့သူတော်စင်တစ်ပိုင်း အသွင်အပြင်
Arc 4🗡90🗡လုရွှမ်ရဲ့ကျိန်ဆိုချက်
Arc 4🗡91🗡အံ့ဖွယ်လူသား
Arc 4🗡92🗡ကျောင်းကျန့် လက်နက်ချလိုက်ပြီ
Arc 4🗡93🗡ယဲ့ကူ
Arc 4🗡94🗡အသက်ရှင်လျက်သေရခြင်း
Arc 4🗡95🗡ဆွဲဆောင်ခြင်း
Arc 4🗡96🗡တစ်ဖက်သတ် လူသတ်ပွဲ
Arc 4🗡97🗡ပွေရှုပ်တဲ့ မြို့သခင်
Arc 4🗡98🗡တစ်ယောက်သေ တစ်ယောက်လက်ခံ
Arc 4🗡99🗡တစ်နှစ်
Arc 4🗡100🗡ကျောင်းတော်ကြီးလေးခု
Arc 4🗡101🗡နဂါးဝိညာဉ်မြက်
Arc 4🗡102🗡ကြောက်စရာကောင်းသောလူ
Arc 4🗡103🗡စုပ်ယူပြီးပြီ
Arc 4🗡104🗡လက်ဝါးတစ်ချက်၏စွမ်းအား
Arc 4🗡105🗡သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်
Arc 4🗡106🗡ယွိလင်းလုံ
Arc 4🗡107🗡လေပြင်းလက်ဝါး
Arc 4🗡108🗡လူသတ်ဓားရဲ့အစွမ်း
Arc 4🗡109🗡သတ်လိုက်
Arc 4🗡110🗡အခင်းအကျင်းထဲကျ​ရောက်ခြင်း
Arc 4🗡111🗡​သာလွန်သောဖြစ်တည်မှု
Arc 4🗡112🗡ခိုးဝင်တိုက်ခိုက်မှု
Arc 4🗡113🗡သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိခြင်း
Arc 4🗡114🗡ခေါ်ယူခြင်း
Arc 4🗡115🗡ရှန်းလင်တည်းခိုခန်း
Arc 4🗡116🗡အနီရောင်ဝတ်စုံနဲ့ မိန်းကလေး
Arc 4🗡117🗡ပိုင်ရှင်အမျိုးသမီး
Arc 4🗡118🗡ပိုက်ဆံဆုံးရှုံးရပြီ
Arc 4🗡119🗡လွမ့်ထျန်းသစ်တော
Arc 4🗡120🗡အသက်သခင် ကျေးဇူးရှင်
Arc 4🗡121🗡သားရဲကင်ရနံ့
Arc 4🗡122🗡သားရဲဒီရေ
Arc 4🗡123🗡လျှိုဝှက်မှော်အခင်းအကျင်း
Arc 4🗡124🗡ဒြပ်စင်ငါးခုသမင်
Arc 4🗡125🗡အနက်ရောင်လမ်းကျဉ်း
Arc 4🗡126🗡ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ
Arc 4🗡127🗡အဒေါ်နဲ့တူမ
Arc 4🗡128🗡ကံဆိုးမှု
Arc 4🗡129🗡နဂါးအရိုးကြီး
Arc 4🗡130🗡ကြီးနိုင်ငယ်ညှင်း

Arc 3🗡187🗡သန့်စင်ခြင်း

198 21 0
By hinnthawethadar

Chapter (187) Arc 3
သန့်စင်ခြင်း

"သွားပြီ!"

သစ်ကိုင်းခြောက်များသည် အနီးနား ပတ်ဝန်းကျင်ကို ပိတ်ထားလိုက်ပြီ။ တစ်နေရာမှ မခိုအောင်းနိုင်ဘဲ ဘယ်သွားသွား သူ့ခန္ဓာကိုယ်မှာ အခြားအကိုင်းအခက် တစ်ခုခုက အမြဲ ဖမ်းမိနေမှာကို တွေ့လိုက်ရတော့ လုရွှမ်ရဲ့နှလုံးသားက အေးခဲသွားတော့သည်။

တခြားသူသာဆိုရင် သေတဲ့အချိန်ကိုသာ စောင့်​နေရလိမ့်မည်။ သို့သော် လုရွှမ်ကတော့ မတူချေ။ သူဟာ ဘဝနှစ်ခုမှာ လူသားတစ်ယောက်ဖြစ်ခဲ့ပြီး သေဆုံးသွားခဲ့ရင်တောင် သူ့အရင်ဘဝက အတွေ့အကြုံတွေ အရမ်းများခဲ့သည်။

ပိုအန္တရာယ်များလေ သူ၏စွမ်းရည်ကို လှုံ့ဆော်နိုင်လေ သာမန်လူများထက် စီရင်ဆုံးဖြတ်နိုင်လေ ဖြစ်သည်။

"အကိုင်းခြောက်ခုက နေရာအားလုံးကို မပိတ်ထားဘူး... ဒါက တစ်ပေစတုရန်း အကွာအဝေးပဲ!"

စိတ်အလိုအတိုင်း အရှိန်ပြင်းပြင်းနဲ့ ပြေးသွားပြီး လုရွှမ် အလျင်အမြန် ဆုံးဖြတ်လိုက်သည်။

သစ်ကိုင်းခြောက်ခုသည် လမ်းအားလုံးကို ပိတ်ဆို့ မထားပေဖယ တစ်ပေခန့် စတုရန်းအကွာအဝေး ရှိပါသေးသည်။ သို့သော် ထိုသေးငယ်သော နေရာလေးသည် ဖီးနစ်အ​​တောင်နှင့် အရွယ်ရောက်ပြီးတဲ့ သူ့အတွက် ဖြတ်သန်း၍မရပေ။

"ကျောက်စိမ်းပြား!"

ခဏကြာတော့ သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့သည်။

ဝူး!

နောက်အခိုက်အတန့်တွင် လူသည် အာကာသ မှော်လက်နက်ထဲသို့ ဝင်သွားခဲ့ပြီး အကိုင်းအခတ်များ ပိတ်ထားရာ၌ ကျောက်စိမ်းပြားလေး တစ်ချပ်သာ ရှိတော့သည်။

ဝုန်း!

ကျောက်စိမ်းပြားသည် တစ်ပေခန့်ရှိသော လမ်းကြောင်းကို ဖြတ်သွားကာ ၎င်းပတ်ပတ်လည်တွင် နေရာလွတ်များလည်း အက်ကြောင်းများစွာ ပွင့်သွားခဲ့သည်။

အုန်း!

နောက်အခိုက်အတန့်တွင် လုရွှမ်သည် တစ်ဖန်ပြန်ပေါ်လာပြီး အရှိန်မြှင့်ကာ အထက်သို့ ဆက်လက် ထွက်ပြေးသွားခဲ့သည်။

ကျောက်စိမ်းပြား၏ အကူအညီဖြင့် သူသည် သူ့အသက်ကို ခြိမ်းခြောက်နေသည့် အခြေအနေမှ လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ခဲ့သည်။ ကျောက်စိမ်းပြားသည် လက်ဖဝါး အရွယ်သာရှိပြီး တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် ပိုမိုလွယ်ကူသည်။

ကျန်တာတွေက အန္တရာယ်ရှိပုံ ပေါက်ပေမယ့် အတွေ့အကြုံကြောင့် ပိုလွယ်သွားလေပြီ။ သိပ်မကြာလိုက် ရှေးဟောင်းသစ်ပင်၏ လွှမ်းမိုးမှုအောက်မှာ လွတ်မြောက်လာခဲ့သည်။

"ချိုင့်ဝှမ်းပိတ်ချိန် နီးနေပြီ... အပြင်ထွက်ချိန် ရောက်ပြီ!"

ရှေးဟောင်းသစ်ပင်၏ အကွာအဝေးကို ချန်ထားခဲ့ကာ နှစ်ရက်ဆက်တိုက် ပျံသန်းရင်း အတွေးတစ်ခု ဝင်လာခဲ့သည်။

ရှန့်ခုန်းချိုင့်ဝှမ်းက ဆယ်ရက်အတွင်း ပိတ်တော့မှာ ဖြစ်သည်။

ချိုင့်ဝှမ်းထဲမှာ ဝိညာဥ်တစ်ကောင် ရှိနေသရွေ့ ဒီသတင်းကို ချက်ချင်း သိသွားလိမ့်မည်။ ဒီအချိန်အတွင်းမှာ မထွက်ဘူး ဆိုရင်တော့ ဒီနေရာကို ပိတ်ဆို့ထားမှာ ဖြစ်ပြီး မထွက်ခွာနိုင်ခင် အထိ နှစ်တစ်ရာ ကျော်ကြာသွားမှာ ဖြစ်သည်။

နှစ်တစ်ရာကြာအောင် အသက်ရှင် နိုင်မလား ဆိုတာ မသေချာချေ။

လုရွှမ်အတွက် ဤချိုင့်ဝှမ်းသို့ သွားသောခရီးသည် ရိတ်သိမ်းကြီး တစ်ခု ဖြစ်လာခဲ့သည်။

အကျော်ကြားဆုံးသော ရတနာနှစ်ပါး ဖြစ်သည့် ရှေးသစ်ရွက်စိမ်း သစ်သားနှင့် ရွှေအရှိန်ကို ထည့်မပြောသေးဘဲ ရွှေငါးဝိညာဉ်၊ ဝူအဆင့်၁၀နှင့် မြို့သခင်စံအိမ် ရတနာတို့ကို တွက်ချက်လိုက်လျှင်ပင် အတော်များနေပြီ။

စည်းစိမ်တွေ အများကြီး ရလာပြီဆိုတော့ ဒီမှာဆက်နေဖို့ ဘာအကြောင်းမှ မရှိတော့ပေ။ အမြန်ဆုံး ထွက်သွားတာက ပိုကောင်းလေသည်။

ခုနစ်ရက်ကြာသော်။

၇ရက်ကြာသော် လုရွှမ် ရှန့်ခုန်းမြို့က ယင်းယန်ကျောင်းတော်၏ ဌာနခွဲသို့ ပြန်ရောက်လာခဲ့၏။ ဖန့်ဝူဆွေ့နှင့် အခြားသူများကတော့ ပြန်မရောက်ကြသေးချေ။

"အရွက်စိမ်း သစ်သားနှလုံးသားကို အရင်ဆုံး သန့်စင်လိုက်ရအောင်"

အခန်းထဲသို့ ပြန်ရောက်ပြီးနောက် စိတ်လှုပ်ရှားမှုများဖြင့် ကျောက်စိမ်း အတွင်းသို့ လျစ်ကနဲ ဝင်ရောက်လာခဲ့သည်။ အရွက်စိမ်းနှလုံးသားကို ရပြီးနောက် တောက်လျှောက်ပင် ပတ်ပြေးလာခဲ့ရတယ် မဟုတ်ခါး။

အရှည်သုံးပေ ခန့်သာရှိပြီး ဓားရှည် အရွယ်အစားခန့်သာ ရှိသော အရွက်စိမ်းနှလုံးသားသည် သူ့ထံသို့ ပျံလာပြီး သူ့လက်ကို ဆန့်၍ ဖမ်းထားလိုက်သည်။

"လေးလိုက်တာ"

ဤအကိုင်းအခက်သည် ကြီးမားပုံ မပေါ်သော်လည်း အလွန်လေးလံလှသည်။ ခန္ဓာကိုယ် ခွန်အား သန်း ၂၀ ၏ စွမ်းအားဖြင့်ပင် ၎င်းကို ကောက်ယူရန် အလွန်ခက်ခဲ​ပေသည်။

ခွန်အားသန်း ၂၀ ဆိုသည်မှာ တောင်ကြီးတစ်ခုကို အလွယ်တကူ ဆွဲယူနိုင်သော်လည်း ထိုကဲ့သို့ အကိုင်းအခက်ကို ကောက်ယူရန် ခက်ခဲနေ၏။ သူကိုယ်တိုင်သာ မျက်စိဖြင့် မမြင်ရပါက မယုံနိုင်စရာပင်။

အင်အား မသုံးထားဘဲ ပေါ့ပေါ့တန်တန် ပစ်ချလိုက်ရင် တောင်ကြီးကို အလွယ်တကူ ဖျက်ဆီးနိုင်ပြီး မြေကြီးပေါ်မှာ နက်နဲတဲ့ လျှိုမြောင်တစ်ခု ဖန်တီးနိုင်မယ်လို့ပင် ထင်ရသည်။

"စိတ်စွမ်းအားနဲ့ စမ်းကြည့်ရအောင်!"

ဤရတနာသည် အလွန်လေးလံနေမှန်း သိပြီးနောက် လုရွှမ် သူ၏စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

စိတ်စွမ်းအား ၁.၃ သို့ ရောက်သောအခါ ၎င်းသည် ခန္ဓာကိုယ်တွင်းမှ ထွက်ခွာ၍ တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။ အကွာအဝေးသည် မဝေးလှသော်လည်း ယခင်ကထက် ပိုမိုအားကောင်းလာ၏။

ဝှစ်!

စွမ်းအားကြီးသော စိတ်စွမ်းအားသည် ရေစီးကဲ့သို့ အရွက်စိမ်း သစ်သားနှလုံးသားကို ဖြတ်ကျော်သွားသည်။ သူ့ရှေ့ရှိ သစ်သားချောင်းထဲသို့ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို အပြည့်အဝ ပေါင်းစပ်လိုက်တော့ နွေးထွေး နှစ်သိမ့်သော ခံစားမှုကို ပေးစွမ်းနိုင်သည့်နှယ် ခံစားလိုက်ရသည်။

"စိတ်စွမ်းအားကို အပြည့်အ၀ ပါဝင်နိုင်ရုံသာမက ဝိညာဉ်စွမ်းအားကိုလည်း ကာကွယ်ပေးနိုင်တယ်.... သစ်သားနီနဲ့ တကယ့်ကို နှိုင်းယှဥ်လို့ မရဘူးပဲ"

သစ်သားနှလုံးသား၏ စွမ်းအင်ကို ခံစားလိုက်ရသဖြင့် လုရွှမ် အံ့အားသင့်သွားသည်။

သစ်သားနှလုံးသားသည် စိတ်စွမ်းအားများ ပါ၀င်ပြီး ဝိညာဉ်စွမ်းအားတွင် တွယ်ကပ်နိုင်သည်။ ခံနိုင်ရည် အတိုင်းအတာ မြင့်မားလေ ဝိညာဉ်သခင်အတွက် အကူအညီ ပိုကြီးလေ ဖြစ်သည်။

လုံ့လဝီရိယများဖြင့် သန့်စင်ထားသော မှော်လက်နက်နှင့် အတူတူပင် ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားသည် မှော်လက်နက်ဖြင့် ပေါင်းစပ်ထားရပြီး အခြားလက်နက်များနှင့် တိုက်ခိုက်သောအခါ ပေးပို့သော စွမ်းအားသည် စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည်။

မှော်လက်နက် ဖျက်ဆီးခံရပါက ဝိညာဉ်စွမ်းအား အလွန်ပျက်စီးသွားပြီး ပြန်လည်ရယူရန် ခက်ခဲလိမ့်မည်။

ထို့ကြောင့် မှော်လက်နက် ရွေးချယ်မှုမှာလည်း အလွန်အရေးကြီးပြီး မှော်လက်နက် ပို၍ ခံနိုင်ရည်ရှိလေ ၎င်းတို့သည် ပို၍ အဖိုးတန်လေ ဖြစ်သည်။

ခံနိုင်ရည်ဟူသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုက မိမိထက် ကျော်သွားလျှင်ပင် စိတ်စွမ်းအားသည် အတွင်း၌ ဖုံးကွယ်ထားသည်ဟု အဓိပ္ပာယ် ရသည်။

ခံနိုင်ရည် ညံ့ဖျင်းသော မှော်လက်နက်များသည် သာမန် သံချပ်ဝတ်တန်ဆာနှင့် တူ​လေသည်။ ၎င်းသည် ပြိုင်ဘက်၏ဓားကို ခံနိုင်ရည်ရှိသော်လည်း ၎င်းတွင်ပါရှိသော စွမ်းအင်ကြောင့် ဒဏ်ရာရရှိနိုင်၏။

ခံနိုင်ရည် မြင့်မားသော မှော်လက်နက်သည် စစ်သင်္ဘောနှင့် တူ​ပေသည်။ ရန်သူ၏ တိုက်ခိုက်မှုသည် မည်မျှပြင်းထန်နေပါစေ အတွင်း၌ ပုန်းအောင်းနေသမျှ စစ်သင်္ဘော လုံးဝပျက်စီးသွားသည် အထိ သူ့ကို ထိခိုက်နိုင်မည် မဟုတ်ပေ။

ဤရှေးဟောင်းအရွက်စိမ်း သစ်သားနှလုံးသားသည် စစ်သင်္ဘောနှင့် တူပြီး ၎င်းထဲသို့ ဝင်သော ဝိညာဉ်စွမ်းအားပါရှိကာ ပိုမိုပြင်းထန်သောစွမ်းအားကို အသုံးချနိုင် ရုံသာမက အခြား အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်သည်။

"သန့်စင်ရအောင်!"

ဤရတနာ၏ စွမ်းအားကို သိလိုက်သဖြင့် လုရွှမ်သည် လုံးဝမရပ်တန့်ဘဲ သူ၏ စိတ်စွမ်းအားများကို စီးဆင်းသွား​စေပြီး ၎င်းကို အလျင်အမြန် သန့်စင်လိုက်သည်။

ဝူး!

သစ်သားချောင်းသည် သူ့ရှေ့တွင် ပေါ့ပေါ့ပါးပါး ရပ်တန့်နေ၏။

"အားစိုက်ရမယ်!"

လုံးဝ သန့်စင်ထား​ပြီးသော်လည်း ဤရှေးဟောင်းအရွက်စိမ်း သစ်သားနှလုံးသားသည် လေးလံနေဆဲ ဖြစ်သည်။ စိတ်စွမ်းအား ၁.၃ နှင့် ခွန်အား သန်း ၆၀ ရှိသော အင်အားကြီးမားသည့်တိုင် ပျံသန်းရန် အနည်းငယ် ခက်ခဲဆဲပင်။

"သစ်သားနီလို လွယ်လွယ်ကူကူ သုံးချင်ရင် စိတ်စွမ်းအား အတိုင်းအတာကို ထပ်ပြီး မြှင့်တင်ဖို့ လိုတယ်"

စမ်းသပ်ပြီးနောက် သစ်သားနှလုံးသား၏ ပျံသန်းမှု အမြန်နှုန်းသည် စိတ်စွမ်းအား၏ ပံ့ပိုးမှု အောက်တွင်ပင် မမြန်သေးချေ။ အခြားသူများကို ခိုးဝင်တိုက်ခိုက် သတ်ဖြတ်လိုပါက သစ်သားနီ၏ အကျိုးသက်ရောက်မှုလောက်ပင် ကောင်းမွန်မည် မဟုတ်ပေ။

ဒီသစ်သားနှလုံးသားက ကောင်းပေမယ့် လေးလံလွန်းသည်။

စိတ်ဝိညာဉ်စွမ်းအား ၁.၃သည် ပျော့သည်ဟု မထင်ရသော်လည်း ဤအရာသည် လေးလံ၍ တန်ဖိုးကြီးသော ရတနာအတွက် ဝေးကွာနေပါ​သေးသည်။

သစ်သားနီကဲ့သို့ လွယ်ကူသော လက်တံလို မောင်းနှင်လိုပါက စိတ်စွမ်းအားသည် အနည်းဆုံး ၂.၀ သို့မဟုတ် ထို့ထက်မက ရှိရလိမ့်မည်။

"ဒါပေမဲ့ ဒီက ကြည့်လိုက်ရင် အရမ်းရိုးရှင်းတယ်လို့ ထင်ရပေမယ့် သစ်သားနီလောက်တော့ မရိုးရှင်းဘူး.... လူတွေကို တိုက်ခိုက်ဖို့ လက်နက်တစ်ခု အနေနဲ့တော့ သုံးနိုင်တယ်..."

ဝိညာဥ်သခင်များသာလျှင် သစ်သားနီကို အသုံးပြုနိုင်ပြီး ၎င်းတွင် အင်္ဂါရပ် တစ်ခုပါရှိသည်။ ၎င်းကိုဖယ်ရှားလိုက်သရွေ့ ဝိညာဉ်သခင်၏ လျှို့ဝှက်ချက်များကို သိရှိသူမည်သူမဆို မည်သူမည်ဝါ ဖြစ်ကြောင်း ခန့်မှန်းနိုင်သွားပြီ။

သစ်ရွက်စိမ်း နှလုံးသားကတော့ မတူချေ။ ၎င်းသည် အပြင်က ကြည့်လျှင် ကျောက်စိမ်းချောင်းလို အသွင်အပြင်မျိုး ရှိကာ ဤလက်နက်မျိုးသည် လက်တွေ့တွင်မူ အဆန်း မဟုတ်ပေ။ ၎င်းကို လက်ထဲတွင် ကိုင်ဆောင်ကာ သာမန်လက်နက်အဖြစ် အသုံးပြုနိုင်သည်။

ခွန်အား သန်း၂၀ဖြင့် ဤအရာကို ကောက်ယူရန် အနည်းငယ် ခက်ခဲနိုင်သော်လည်း ၎င်းတွင် စိတ်ဝိညာဉ်စွမ်းအားကို တိတ်တဆိတ် ပေါင်းထည့်ပါက ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

နှစ်ခုကို ပေါင်းစပ်ပြီး သူ့ရဲ့ အမြင့်ဆုံး ဓားသိုင်းနဲ့ ပေါင်းစပ်လိုက်တော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ စွမ်းအားရှင်တွေတောင် တိုက်ခိုက်နိုင်လေသည်။ ကံကောင်းလျှင် တိုက်ပွဲမှာတောင် အနိုင်ရသွားနိုင်၏။

ထို့အပြင် အရေးကြီးဆုံး အချက်မှာ သစ်ရွက်စိမ်း သစ်သားနှလုံးသားသည် အလွန်အားကောင်းနေခြင်း ဖြစ်သည်။ ဖီးနစ်အမွေးနဲ့တောင် သူ့ကို ဖြတ်တောက်ဖို့ အချိန်အတော်ကြာ ယူခဲ့ရသည်။

သာမန်လက်နက်ဖြစ်သည့် ထိပ်တန်း ဝိညာဉ်နယ်ပယ်က လက်နက်တစ်ခုပင်လျှင် တိုက်ရိုက် ကွဲကြေသွား​စေမှာ ဖြစ်လို့ တစ်ချက်ထိုးရုံနဲ့ လုံးဝ သည်းမခံနိုင်လောက်ချေ။

"ဒီသစ်သားနှလုံးသားက အခုချိန်ကစပြီး ငါ့ရဲ့ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လာလိမ့်မယ်!"

လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။





Chapter (187) Arc 3
သန႔္စင္ျခင္း

"သြားၿပီ!"

သစ္ကိုင္းေျခာက္မ်ားသည္ အနီးနား ပတ္ဝန္းက်င္ကို ပိတ္ထားလိုက္ၿပီ။ တစ္ေနရာမွ မခိုေအာင္းနိုင္ဘဲ ဘယ္သြားသြား သူ႕ခႏၶာကိုယ္မွာ အျခားအကိုင္းအခက္ တစ္ခုခုက အၿမဲ ဖမ္းမိေနမွာကို ေတြ႕လိုက္ရေတာ့ လု႐ႊမ္ရဲ႕ႏွလုံးသားက ေအးခဲသြားေတာ့သည္။

တျခားသူသာဆိုရင္ ေသတဲ့အခ်ိန္ကိုသာ ေစာင့္ေနရလိမ့္မည္။ သို႔ေသာ္ လု႐ႊမ္ကေတာ့ မတူေခ်။ သူဟာ ဘဝႏွစ္ခုမွာ လူသားတစ္ေယာက္ျဖစ္ခဲ့ၿပီး ေသဆုံးသြားခဲ့ရင္ေတာင္ သူ႕အရင္ဘဝက အေတြ႕အႀကဳံေတြ အရမ္းမ်ားခဲ့သည္။

ပိုအႏၱရာယ္မ်ားေလ သူ၏စြမ္းရည္ကို လႈံ႕ေဆာ္နိုင္ေလ သာမန္လူမ်ားထက္ စီရင္ဆုံးျဖတ္နိုင္ေလ ျဖစ္သည္။

"အကိုင္းေျခာက္ခုက ေနရာအားလုံးကို မပိတ္ထားဘူး... ဒါက တစ္ေပစတုရန္း အကြာအေဝးပဲ!"

စိတ္အလိုအတိုင္း အရွိန္ျပင္းျပင္းနဲ႕ ေျပးသြားၿပီး လု႐ႊမ္ အလ်င္အျမန္ ဆုံးျဖတ္လိုက္သည္။

သစ္ကိုင္းေျခာက္ခုသည္ လမ္းအားလုံးကို ပိတ္ဆို႔ မထားေပဖယ တစ္ေပခန့္ စတုရန္းအကြာအေဝး ရွိပါေသးသည္။ သို႔ေသာ္ ထိုေသးငယ္ေသာ ေနရာေလးသည္ ဖီးနစ္အေတာင္ႏွင့္ အ႐ြယ္ေရာက္ၿပီးတဲ့ သူ႕အတြက္ ျဖတ္သန္း၍မရေပ။

"ေက်ာက္စိမ္းျပား!"

ခဏၾကာေတာ့ သူ႕စိတ္ထဲ အေတြးတစ္ခု ဝင္လာခဲ့သည္။

ဝူး!

ေနာက္အခိုက္အတန႔္တြင္ လူသည္ အာကာသ ေမွာ္လက္နက္ထဲသို႔ ဝင္သြားခဲ့ၿပီး အကိုင္းအခတ္မ်ား ပိတ္ထားရာ၌ ေက်ာက္စိမ္းျပားေလး တစ္ခ်ပ္သာ ရွိေတာ့သည္။

ဝုန္း!

ေက်ာက္စိမ္းျပားသည္ တစ္ေပခန့္ရွိေသာ လမ္းေၾကာင္းကို ျဖတ္သြားကာ ၎ပတ္ပတ္လည္တြင္ ေနရာလြတ္မ်ားလည္း အက္ေၾကာင္းမ်ားစြာ ပြင့္သြားခဲ့သည္။

အုန္း!

ေနာက္အခိုက္အတန႔္တြင္ လု႐ႊမ္သည္ တစ္ဖန္ျပန္ေပၚလာၿပီး အရွိန္ျမႇင့္ကာ အထက္သို႔ ဆက္လက္ ထြက္ေျပးသြားခဲ့သည္။

ေက်ာက္စိမ္းျပား၏ အကူအညီျဖင့္ သူသည္ သူ႕အသက္ကို ၿခိမ္းေျခာက္ေနသည့္ အေျခအေနမွ လိမၼာပါးနပ္စြာ ေရွာင္ရွားနိုင္ခဲ့သည္။ ေက်ာက္စိမ္းျပားသည္ လက္ဖဝါး အ႐ြယ္သာရွိၿပီး တိုက္ခိုက္ျခင္းကို ေရွာင္ရွားရန္ ပိုမိုလြယ္ကူသည္။

က်န္တာေတြက အႏၱရာယ္ရွိပုံ ေပါက္ေပမယ့္ အေတြ႕အႀကဳံေၾကာင့္ ပိုလြယ္သြားေလၿပီ။ သိပ္မၾကာလိုက္ ေရွးေဟာင္းသစ္ပင္၏ လႊမ္းမိုးမႈေအာက္မွာ လြတ္ေျမာက္လာခဲ့သည္။

"ခ်ိဳင့္ဝွမ္းပိတ္ခ်ိန္ နီးေနၿပီ... အျပင္ထြက္ခ်ိန္ ေရာက္ၿပီ!"

ေရွးေဟာင္းသစ္ပင္၏ အကြာအေဝးကို ခ်န္ထားခဲ့ကာ ႏွစ္ရက္ဆက္တိုက္ ပ်ံသန္းရင္း အေတြးတစ္ခု ဝင္လာခဲ့သည္။

ရွန့္ခုန္းခ်ိဳင့္ဝွမ္းက ဆယ္ရက္အတြင္း ပိတ္ေတာ့မွာ ျဖစ္သည္။

ခ်ိဳင့္ဝွမ္းထဲမွာ ဝိညာဥ္တစ္ေကာင္ ရွိေနသေ႐ြ႕ ဒီသတင္းကို ခ်က္ခ်င္း သိသြားလိမ့္မည္။ ဒီအခ်ိန္အတြင္းမွာ မထြက္ဘူး ဆိုရင္ေတာ့ ဒီေနရာကို ပိတ္ဆို႔ထားမွာ ျဖစ္ၿပီး မထြက္ခြာနိုင္ခင္ အထိ ႏွစ္တစ္ရာ ေက်ာ္ၾကာသြားမွာ ျဖစ္သည္။

ႏွစ္တစ္ရာၾကာေအာင္ အသက္ရွင္ နိုင္မလား ဆိုတာ မေသခ်ာေခ်။

လု႐ႊမ္အတြက္ ဤခ်ိဳင့္ဝွမ္းသို႔ သြားေသာခရီးသည္ ရိတ္သိမ္းႀကီး တစ္ခု ျဖစ္လာခဲ့သည္။

အေက်ာ္ၾကားဆုံးေသာ ရတနာႏွစ္ပါး ျဖစ္သည့္ ေရွးသစ္႐ြက္စိမ္း သစ္သားႏွင့္ ေ႐ႊအရွိန္ကို ထည့္မေျပာေသးဘဲ ေ႐ႊငါးဝိညာဥ္၊ ဝူအဆင့္၁၀ႏွင့္ ၿမိဳ႕သခင္စံအိမ္ ရတနာတို႔ကို တြက္ခ်က္လိုက္လွ်င္ပင္ အေတာ္မ်ားေနၿပီ။

စည္းစိမ္ေတြ အမ်ားႀကီး ရလာၿပီဆိုေတာ့ ဒီမွာဆက္ေနဖို႔ ဘာအေၾကာင္းမွ မရွိေတာ့ေပ။ အျမန္ဆုံး ထြက္သြားတာက ပိုေကာင္းေလသည္။

ခုနစ္ရက္ၾကာေသာ္။

၇ရက်ကြာသော် လု႐ႊမ္ ရွန့္ခုန္းၿမိဳ႕က ယင္းယန္ေက်ာင္းေတာ္၏ ဌာနခြဲသို႔ ျပန္ေရာက္လာခဲ့၏။ ဖန့္ဝူေဆြ႕ႏွင့္ အျခားသူမ်ားကေတာ့ ျပန္မေရာက္ၾကေသးေခ်။

"အ႐ြက္စိမ္း သစ္သားႏွလုံးသားကို အရင္ဆုံး သန႔္စင္လိုက္ရေအာင္"

အခန္းထဲသို႔ ျပန္ေရာက္ၿပီးေနာက္ စိတ္လႈပ္ရွားမႈမ်ားျဖင့္ ေက်ာက္စိမ္း အတြင္းသို႔ လ်စ္ကနဲ ဝင္ေရာက္လာခဲ့သည္။ အ႐ြက္စိမ္းႏွလုံးသားကို ရၿပီးေနာက္ ေတာက္ေလွ်ာက္ပင္ ပတ္ေျပးလာခဲ့ရတယ္ မဟုတ္ခါး။

အရွည္သုံးေပ ခန႔္သာရွိၿပီး ဓားရွည္ အ႐ြယ္အစားခန႔္သာ ရွိေသာ အ႐ြက္စိမ္းႏွလုံးသားသည္ သူ႕ထံသို႔ ပ်ံလာၿပီး သူ႕လက္ကို ဆန႔္၍ ဖမ္းထားလိုက္သည္။

"ေလးလိုက္တာ"

ဤအကိုင္းအခက္သည္ ႀကီးမားပုံ မေပၚေသာ္လည္း အလြန္ေလးလံလွသည္။ ခႏၶာကိုယ္ ခြန္အား သန္း ၂၀ ၏ စြမ္းအားျဖင့္ပင္ ၎ကို ေကာက္ယူရန္ အလြန္ခက္ခဲေပသည္။

ခြန္အားသန္း ၂၀ ဆိုသည္မွာ ေတာင္ႀကီးတစ္ခုကို အလြယ္တကူ ဆြဲယူနိုင္ေသာ္လည္း ထိုကဲ့သို႔ အကိုင္းအခက္ကို ေကာက္ယူရန္ ခက္ခဲေန၏။ သူကိုယ္တိုင္သာ မ်က္စိျဖင့္ မျမင္ရပါက မယုံနိုင္စရာပင္။

အင္အား မသုံးထားဘဲ ေပါ့ေပါ့တန္တန္ ပစ္ခ်လိဳက္ရင္ ေတာင္ႀကီးကို အလြယ္တကူ ဖ်က္ဆီးနိုင္ၿပီး ေျမႀကီးေပၚမွာ နက္နဲတဲ့ လွ်ိုေျမာင္တစ္ခု ဖန္တီးနိုင္မယ္လို႔ပင္ ထင္ရသည္။

"စိတ္စြမ္းအားနဲ႕ စမ္းၾကည့္ရေအာင္!"

ဤရတနာသည္ အလြန္ေလးလံေနမွန္း သိၿပီးေနာက္ လု႐ႊမ္ သူ၏စိတ္ဝိညာဥ္ စြမ္းအားကို ခ်က္ခ်င္း ထုတ္လႊတ္လိုက္သည္။

စိတ္စြမ္းအား ၁.၃ သို႔ ေရာက္ေသာအခါ ၎သည္ ခႏၶာကိုယ္တြင္းမွ ထြက္ခြာ၍ တိုက္ခိုက္နိုင္ေနၿပီ ျဖစ္သည္။ အကြာအေဝးသည္ မေဝးလွေသာ္လည္း ယခင္ကထက္ ပိုမိုအားေကာင္းလာ၏။

ဝွစ္!

စြမ္းအားႀကီးေသာ စိတ္စြမ္းအားသည္ ေရစီးကဲ့သို႔ အ႐ြက္စိမ္း သစ္သားႏွလုံးသားကို ျဖတ္ေက်ာ္သြားသည္။ သူ႕ေရွ႕ရွိ သစ္သားေခ်ာင္းထဲသို႔ သူ၏ စိတ္ဝိညာဥ္ စြမ္းအားကို အျပည့္အဝ ေပါင္းစပ္လိုက္ေတာ့ ႏြေးေထြး ႏွစ္သိမ့္ေသာ ခံစားမႈကို ေပးစြမ္းနိုင္သည့္ႏွယ္ ခံစားလိုက္ရသည္။

"စိတ္စြမ္းအားကို အျပည့္အ၀ ပါဝင္နိုင္႐ုံသာမက ဝိညာဥ္စြမ္းအားကိုလည္း ကာကြယ္ေပးနိုင္တယ္.... သစ္သားနီနဲ႕ တကယ့္ကို ႏွိုင္းယွဥ္လို႔ မရဘူးပဲ"

သစ္သားႏွလုံးသား၏ စြမ္းအင္ကို ခံစားလိုက္ရသျဖင့္ လု႐ႊမ္ အံ့အားသင့္သြားသည္။

သစ္သားႏွလုံးသားသည္ စိတ္စြမ္းအားမ်ား ပါ၀င္ၿပီး ဝိညာဥ္စြမ္းအားတြင္ တြယ္ကပ္နိုင္သည္။ ခံနိုင္ရည္ အတိုင္းအတာ ျမင့္မားေလ ဝိညာဥ္သခင္အတြက္ အကူအညီ ပိုႀကီးေလ ျဖစ္သည္။

လုံ႕လဝီရိယမ်ားျဖင့္ သန႔္စင္ထားေသာ ေမွာ္လက္နက္ႏွင့္ အတူတူပင္ ျဖစ္သည္။ စိတ္ဝိညာဥ္စြမ္းအားသည္ ေမွာ္လက္နက္ျဖင့္ ေပါင္းစပ္ထားရၿပီး အျခားလက္နက္မ်ားႏွင့္ တိုက္ခိုက္ေသာအခါ ေပးပို႔ေသာ စြမ္းအားသည္ စိတ္ဝိညာဥ္ကို ထိခိုက္ေစနိုင္သည္။

ေမွာ္လက္နက္ ဖ်က္ဆီးခံရပါက ဝိညာဥ္စြမ္းအား အလြန္ပ်က္စီးသြားၿပီး ျပန္လည္ရယူရန္ ခက္ခဲလိမ့္မည္။

ထို႔ေၾကာင့္ ေမွာ္လက္နက္ ေ႐ြးခ်ယ္မႈမွာလည္း အလြန္အေရးႀကီးၿပီး ေမွာ္လက္နက္ ပို၍ ခံနိုင္ရည္ရွိေလ ၎တို႔သည္ ပို၍ အဖိုးတန္ေလ ျဖစ္သည္။

ခံနိုင္ရည္ဟူသည္ ၿပိဳင္ဘက္၏ တိုက္ခိုက္မႈက မိမိထက္ ေက်ာ္သြားလွ်င္ပင္ စိတ္စြမ္းအားသည္ အတြင္း၌ ဖုံးကြယ္ထားသည္ဟု အဓိပၸာယ္ ရသည္။

ခံနိုင္ရည္ ညံ့ဖ်င္းေသာ ေမွာ္လက္နက္မ်ားသည္ သာမန္ သံခ်ပ္ဝတ္တန္ဆာႏွင့္ တူေလသည္။ ၎သည္ ၿပိဳင္ဘက္၏ဓားကို ခံနိုင္ရည္ရွိေသာ္လည္း ၎တြင္ပါရွိေသာ စြမ္းအင္ေၾကာင့္ ဒဏ္ရာရရွိနိုင္၏။

ခံနိုင္ရည္ ျမင့္မားေသာ ေမွာ္လက္နက္သည္ စစ္သေဘၤာႏွင့္ တူေပသည္။ ရန္သူ၏ တိုက္ခိုက္မႈသည္ မည္မွ်ျပင္းထန္ေနပါေစ အတြင္း၌ ပုန္းေအာင္းေနသမွ် စစ္သေဘၤာ လုံးဝပ်က္စီးသြားသည္ အထိ သူ႕ကို ထိခိုက္နိုင္မည္ မဟုတ္ေပ။

ဤေရွးေဟာင္းအ႐ြက္စိမ္း သစ္သားႏွလုံးသားသည္ စစ္သေဘၤာႏွင့္ တူၿပီး ၎ထဲသို႔ ဝင္ေသာ ဝိညာဥ္စြမ္းအားပါရွိကာ ပိုမိုျပင္းထန္ေသာစြမ္းအားကို အသုံးခ်နိဳင္ ႐ုံသာမက အျခား အႏၱရာယ္မွလည္း ကာကြယ္ေပးနိုင္သည္။

"သန႔္စင္ရေအာင္!"

ဤရတနာ၏ စြမ္းအားကို သိလိုက္သျဖင့္ လု႐ႊမ္သည္ လုံးဝမရပ္တန႔္ဘဲ သူ၏ စိတ္စြမ္းအားမ်ားကို စီးဆင္းသြားေစၿပီး ၎ကို အလ်င္အျမန္ သန႔္စင္လိုက္သည္။

ဝူး!

သစ္သားေခ်ာင္းသည္ သူ႕ေရွ႕တြင္ ေပါ့ေပါ့ပါးပါး ရပ္တန့္ေန၏။

"အားစိုက္ရမယ္!"

လုံးဝ သန႔္စင္ထားၿပီးေသာ္လည္း ဤေရွးေဟာင္းအ႐ြက္စိမ္း သစ္သားႏွလုံးသားသည္ ေလးလံေနဆဲ ျဖစ္သည္။ စိတ္စြမ္းအား ၁.၃ ႏွင့္ ခြန္အား သန္း ၆၀ ရွိေသာ အင္အားႀကီးမားသည့္တိုင္ ပ်ံသန္းရန္ အနည္းငယ္ ခက္ခဲဆဲပင္။

"သစ္သားနီလို လြယ္လြယ္ကူကူ သုံးခ်င္ရင္ စိတ္စြမ္းအား အတိုင္းအတာကို ထပ္ၿပီး ျမႇင့္တင္ဖို႔ လိုတယ္"

စမ္းသပ္ၿပီးေနာက္ သစ္သားႏွလုံးသား၏ ပ်ံသန္းမႈ အျမန္ႏႈန္းသည္ စိတ္စြမ္းအား၏ ပံ့ပိုးမႈ ေအာက္တြင္ပင္ မျမန္ေသးေခ်။ အျခားသူမ်ားကို ခိုးဝင္တိုက္ခိုက္ သတ္ျဖတ္လိုပါက သစ္သားနီ၏ အက်ိဳးသက္ေရာက္မႈေလာက္ပင္ ေကာင္းမြန္မည္ မဟုတ္ေပ။

ဒီသစ္သားႏွလုံးသားက ေကာင္းေပမယ့္ ေလးလံလြန္းသည္။

စိတ္ဝိညာဥ္စြမ္းအား ၁.၃သည္ ေပ်ာ့သည္ဟု မထင္ရေသာ္လည္း ဤအရာသည္ ေလးလံ၍ တန္ဖိုးႀကီးေသာ ရတနာအတြက္ ေဝးကြာေနပါေသးသည္။

သစ္သားနီကဲ့သို႔ လြယ္ကူေသာ လက္တံလို ေမာင္းႏွင္လိုပါက စိတ္စြမ္းအားသည္ အနည္းဆုံး ၂.၀ သို႔မဟုတ္ ထို႔ထက္မက ရွိရလိမ့္မည္။

"ဒါေပမဲ့ ဒီက ၾကည့္လိုက္ရင္ အရမ္းရိုးရွင္းတယ္လို႔ ထင္ရေပမယ့္ သစ္သားနီေလာက္ေတာ့ မရိုးရွင္းဘူး.... လူေတြကို တိုက္ခိုက္ဖို႔ လက္နက္တစ္ခု အေနနဲ႕ေတာ့ သုံးနိုင္တယ္..."

ဝိညာဥ္သခင္မ်ားသာလွ်င္ သစ္သားနီကို အသုံးျပဳနိုင္ၿပီး ၎တြင္ အဂၤါရပ္ တစ္ခုပါရွိသည္။ ၎ကိုဖယ္ရွားလိုက္သေ႐ြ႕ ဝိညာဥ္သခင္၏ လွ်ို႔ဝွက္ခ်က္မ်ားကို သိရွိသူမည္သူမဆို မည္သူမည္ဝါ ျဖစ္ေၾကာင္း ခန႔္မွန္းနိုင္သြားၿပီ။

သစ္႐ြက္စိမ္း ႏွလုံးသားကေတာ့ မတူေခ်။ ၎သည္ အျပင္က ၾကည့္လွ်င္ ေက်ာက္စိမ္းေခ်ာင္းလို အသြင္အျပင္မ်ိဳး ရွိကာ ဤလက္နက္မ်ိဳးသည္ လက္ေတြ႕တြင္မူ အဆန္း မဟုတ္ေပ။ ၎ကို လက္ထဲတြင္ ကိုင္ေဆာင္ကာ သာမန္လက္နက္အျဖစ္ အသုံးျပဳနိုင္သည္။

ခြန္အား သန္း၂၀ျဖင့္ ဤအရာကို ေကာက္ယူရန္ အနည္းငယ္ ခက္ခဲနိုင္ေသာ္လည္း ၎တြင္ စိတ္ဝိညာဥ္စြမ္းအားကို တိတ္တဆိတ္ ေပါင္းထည့္ပါက ပိုမိုလြယ္ကူလာမည္ ျဖစ္သည္။

ႏွစ္ခုကို ေပါင္းစပ္ၿပီး သူ႕ရဲ႕ အျမင့္ဆုံး ဓားသိုင္းနဲ႕ ေပါင္းစပ္လိုက္ေတာ့ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၆ စြမ္းအားရွင္ေတြေတာင္ တိုက္ခိုက္နိုင္ေလသည္။ ကံေကာင္းလွ်င္ တိုက္ပြဲမွာေတာင္ အနိုင္ရသြားနိုင္၏။

ထို႔အျပင္ အေရးႀကီးဆုံး အခ်က္မွာ သစ္႐ြက္စိမ္း သစ္သားႏွလုံးသားသည္ အလြန္အားေကာင္းေနျခင္း ျဖစ္သည္။ ဖီးနစ္အေမြးနဲ႕ေတာင္ သူ႕ကို ျဖတ္ေတာက္ဖို႔ အခ်ိန္အေတာ္ၾကာ ယူခဲ့ရသည္။

သာမန္လက္နက္ျဖစ္သည့္ ထိပ္တန္း ဝိညာဥ္နယ္ပယ္က လက္နက္တစ္ခုပင္လွ်င္ တိုက္ရိုက္ ကြဲေၾကသြားေစမွာ ျဖစ္လို႔ တစ္ခ်က္ထိုး႐ုံနဲ႕ လုံးဝ သည္းမခံနိုင္ေလာက္ေခ်။

"ဒီသစ္သားႏွလုံးသာက အခုခ်ိန္ကစၿပီး ငါ့ရဲ႕ အႀကီးမားဆုံး ဝွက္ဖဲ ျဖစ္လာလိမ့္မယ္!"

လု႐ႊမ္ အနည္းငယ္ ၿပဳံးလိုက္သည္။

Continue Reading

You'll Also Like

38.3K 1.1K 59
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
106K 4.2K 42
(This is not machine translated!) (Starts from chapter 241.) A guy in his late twenties one day wakes up in someone else's body and realises he's gon...
551K 17.8K 160
Genre: Space, Doting, Farming, Time travel, Healing Synopsis: Xu Linyue from the 21st century crossing over with the heavenly space soul penetration...