Chapter (186) Arc 3
အရွက်စိမ်းသစ်ပင်ရဲ့နှလုံးသား
"အသက်တစ်ရာ?"
လုရွှမ်၏ အမူအရာမှာ မကောင်းတော့ပေ။
ရှေးဟောင်းသစ်ပင်၏ အကိုင်းအခတ်များက မိုင်ထောင်နှင့်ချီ၍ ဖုံးလွှမ်းနေသည်။ ထိုကဲ့သို့သော အကွာအဝေးမှာ အချိန်တိုအတွင်း မည်သို့လွတ်မြောက်နိုင်မည်နည်း။ အရှိန်က မြန်နေရင်တောင် လွတ်ဖို့ ခက်လိမ့်မည်။
ရှေးဟောင်းသစ်ပင်ရဲ့ နှလုံးသားကို ထုတ်ယူသည့် အချိန်ကို ပေါင်းထည့်လိုက်ပါက ဘာပဲဖြစ်ဖြစ် ပြီးမြောက်ရန် ခက်ခဲသော အလုပ်တစ်ခုလိုပင် ဖြစ်သွားပြီ။
"အရွက်စိမ်းနှလုံးသားက သစ်ပင် ပင်စည်ရဲ့ အလယ်ဗဟို အနီးနားမှာရှိတယ်... သူ့အကိုင်းအခတ်တွေက ကျယ်ဝန်းတဲ့ ဧရိယာကို ဖုံးအုပ်ထားတယ် ဆိုတော့ ငါတို့အပေါ်ကို ပြေးရင် လွတ်မြောက်နိုင်တယ်.... သစ်ပင် ဖုံးလွှမ်းထားတဲ့ ဧရိယာကနေ ထွက်သွားနိုင်သမျှ ကာလပတ်လုံး သူငါတို့ကို ဘာမှ လုပ်မပေးနိုင်ဘူး"
ကျီးကန်းက ပြောသည်။
"အင်း!" လုရွှမ်လည်း တုံ့ပြန်သည်။
ရှေးဟောင်းအရွက်စိမ်း အပင်သည် အလွန်ကျယ်ပြန့်ကာ အလျားလိုက် လွတ်မြောက်ရန် ခက်ခဲသော်လည်း အထက်သို့ ဆန်တက်၍ လွတ်မြောက်လိုပါက အကွာအဝေးသည် အလွန်မကြီးသောကြောင့် အလွယ်တကူ လွတ်မြောက်နိုင်မည် ဖြစ်သည်။
ကျီးကန်းသည် ထူထပ်သော သစ်ပင်ပင်စည်များ တစ်လျှောက် လိုက်ကာ အထက်သို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ တစ်နာရီခန့် ပျံသန်းပြီးနောက် နောက်ဆုံးတွင် ၎င်းတို့သည် ထိပ်ပိုင်းနှင့် အနီးဆုံးနေရာကို ရောက်ရှိလာခဲ့သည်။
"အဲဒါ အရွက်စိမ်းနှလုံးသားပဲ!"
ကျီးကန်း မျက်လုံးများက ရှေ့တည့်တည့်ကို စူးစိုက် ကြည့်နေ၏။
လုရွှမ်သည် နောက်မှလိုက်၍ ရှေးဟောင်း သစ်ပင်ကြီး၏ ကိုယ်ထည်ပေါ်တွင် ငြိမ်သက်စွာရပ်နေသော သစ်သားချောင်း တစ်ချောင်းကို တွေ့လိုက်ရသည်။ ၎င်း၏မျက်နှာပြင်သည် အရွက်တစ်ရွက်မျှ မရှိဘဲ ချောမွေ့နေ၏။
အဝေးကကြည့်လျှင် ကျောက်စိမ်းတုံး တစ်တုံးကို ထွင်းထုထားသကဲ့သို့ အစိမ်းရင့်ရောင် အဆင်း ရှိလေသည်။
လုရွှမ် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ကျီးကန်းသည် သစ်သားနီပင် လုံးဝ တုနှိုင်းမရတဲ့ အကြောင်း ပြောနေစဥ်က လှောင်ပြောင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ချေ။ ၎င်းကိုကြည့်ရုံဖြင့် အမှန်ဖြစ်ကြောင်း သူသိလိုက်ပြီ။
ဝူး!
လူတစ်ယောက်နှင့် ကျီးကန်းတစ်ကောင်းသည် ၎င်း၏ရှေ့သို့ ရောက်လာခဲ့သည်။
"အရွက်စိမ်းနှလုံးသားက ယူဖို့ အရမ်းခက်တယ်.... မင်း ရှေးဟောင်းမြို့က ရတနာတွေ အများကြီး ရခဲ့ရင်တောင် သူ့ကို ဖြတ်ယူဖို့ မဖြစ်နိုင်ဘူး!"
ကျီးကန်းက ဆိုလေသည်။
"ဒါဆို ငါတို့ ဘယ်လိုလုပ်သင့်လဲ"
ရှေးဟောင်းသစ်ပင်ကို စမ်းသပ် ကြည့်ပြီးနောက် ဒါက အမှန်ဖြစ်ကြောင်း သဘောပေါက်ခဲ့ရာ ထိုရတနာနဲ့ ပတ်သက်ပြီး သံသယတွေ ပြည့်နှက်လာခဲ့သည်။
ရှေးဟောင်းမြို့၏ မြို့သခင် စံအိမ်တွင် တန်ခိုးကြီးသော လက်နက်များစွာကို သိမ်းဆည်းရခဲ့ပြီး တချို့မှာ သူတော်စင် ပုံစံများပင် ပါရှိလေသည်။ ထိုပစ္စည်းများကို သုံးလျှင်ပင် ခုတ်ထစ်၍မရဟု ကျီးကန်းက ပြောလာသောကြောင့် အခြားနည်းလမ်း မရှိတော့ပေ။
"ဖီးနစ် အမွေး!"
ကျီးကန်း မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဆိုလာသည်။
"ဖီးနစ်အမွေး?"
"ဟုတ်တယ်... ဖီးနစ်အမွေးက ရှားပါး ရတနာစာရင်းမှာ အဆင့်မမြင့်ပေမယ့် အဆင့်၁၈ရှိတဲ့ တကယ့်ရှားပါး ရတနာတစ်ခုပဲ... ဒါက မင်းရဲ့ခန္ဓာကိုယ်မှာ လက်ရှိ အဖိုးတန်ဆုံး အရာဆိုတော့... သစ်ရွက်စိမ်း နှလုံးသားကို ဖြတ်ပစ်ဖို့က သူနဲ့ပဲ ဖြစ်နိုင်တယ်"
ကျီးကန်းက ပြော၏။
"ငါဘယ်လိုလုပ်ရမလဲ"
တစ်ဖက်လူ ပြောသည့် စကားက မှန်ကြောင်းသိ လိုက်ရသဖြင့် လုရွှမ် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
"ခဏနေ မင်းကို နန်းတော်ပင်လယ်ထဲက ဖီးနစ်အမွေးတွေကို ဘယ်လိုထုတ်ရမလဲ သင်ပေးမယ်... ပြီးတော့ အရွက်စိမ်းနှလုံးသားကို တိုက်ရိုက် ဖြတ်ပစ်လိုက်.... မင်း ရပြီဆိုတာနဲ့ သန့်စင်ဖို့ အလျင်စလို မလုပ်နဲ့ အရင်ဆုံး ကျောက်စိမ်းပြားထဲမှာ သိမ်းထားလိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံးသာ ပြေးတော့!"
ကျီးကန်းက နည်းလမ်းကို ထပ်ရှင်းပြသည်။
"ကောင်းပြီ!"
လုရွှမ်လည်း သူ့ကို သစ်ပင်ဝိညာဥ်က ရှာတွေ့ပြီးတာနဲ့ လွတ်မြောက်ဖို့ ခက်ခဲမယ်ဆိုတာ သိလိုက်တဲ့အတွက် ခေါင်းညိတ်လိုက်သည်။
သူ့အသက်ရှုသွင်းမှုနှင့် အာရုံစူးစိုက်မှုတို့ကို ချိန်ညှိလိုက်ရာ နန်းတော်ပင်လယ်ထဲတွင် လွင့်မျောနေသော ဖီးနစ်စွမ်းအင်၏ အမှုန်အမွှားများသည် မကြာမီတွင် လောင်မြိုက်နေသော မီးလုံး တစ်လုံးကဲ့သို့ တဖြည်းဖြည်း လွင့်ထွက်သွားသည်။
"ပြတ်စေ!"
ငှက်မွှေးကို သူ၏လက်ချောင်းများဖြင့် ကိုင်လျက် ရှေးဟောငိး အရွက်စိမ်း နှလုံးသားဆီသို့ လျှောက်သွားကာ ခုတ်ထစ်ပစ်လိုက်သည်။
ဇိဇိဇိဇိဇိ။
မီးတောက်များသည် ဖီးနစ်အမွေး၏ မျက်နှာပြင်ပေါ်တွင် စီးဆင်းသွားပြီး ကျောက်စိမ်းနှင့်တူသော သစ်သားချောင်းနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း ဆိုသလိုပင် သံမဏိနှင့် ဓားနှင့် ပုဆိန်တို့ ထိမိသံများလို ထွက်ပေါ်လာခဲ့သည်။
"အရမ်းကြမ်းတယ်!"
ဒီအသံကိုကြားတော့ လုရွှမ် မျက်ခုံးပင့်လိုက်သည်။
ဖီးနစ်အမွေးသည် ကမ္ဘာပေါ်တွင် ဆယ့်ရှစ်ခုမြောက် အရှားပါးဆုံး ရတနာဖြစ်သည်။ သူတော်စင် ပုံစံပါသော လက်နက်တစ်ခုသည် ၎င်းနှင့် ထိလိုက်လျှင်ပင် သံသွန်းပြီးသလို ချက်ချင်းပင် ပြောင်းလဲသွားမည် ဖြစ်သည်။
၎င်းကို သစ်သား အပိုင်းအစအား ခုတ်ထစ်ရန် အသုံးပြုသော်လည်း အလွန်ကြောက်စရာ ကောင်းသော အသံမျိုး ထွက်ပေါ်လာခဲ့၏။
"အမ်... အရာလေးပဲ ထင်တယ်?? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အချိန်အတော် ကြာပြီးနောက် ဖီးနစ်အမွေးကို ပြန်ရုတ်လိုက်တဲ့အခါ ၎င်းကို တစ်ချက်ကြည့်လိုက်ရာ သူ့သူအိမ်ငယ်များ တုန်ယင်လာသည်။
အပေါက်တစ်ခုကို ဖြတ်သွားမယ် ဒါမှမဟုတ် အပိုင်းအစတစ်ခု ဖြတ်သွားမယ်လို့ တွေးထားသော်လည်း အဖြူရောင် အမှတ်အသားလေးပဲ ကျန်ခဲ့သည်။
ဒါက ကြောက်စရာ ကောင်းလွန်းပေ၏။
ကံကောင်းထောက်မစွာနဲ့ ဖီးနစ်အမွေးကို အသုံးပြုခဲ့သည်။ အခြားအရာများကို အသုံးပြုခဲ့မည်ဆိုလျှင် အဖြူရောင် အမှတ်အသားကိုပင် ချန်ထားခဲ့နိုင်မည် မဟုတ်ပေ။
“မြန်မြန်!” ကျီးကန်းက တိုက်တွန်းလာသည်။
"အင်း!"
ဖြတ်ရခက်လေ ဤအရွက်စိမ်း သစ်သားနှလုံးသားသည် ပို၍ အဖိုးတန်လေ ဖြစ်ကြောင်း သိလိုက်သဖြင့် လုရွှမ်သည် ဖီးနစ်အမွေးကို ထပ်မံထုတ်ကာ အရွက်စိမ်းနှလုံးသားကို ဖြတ်ပစ်ရန် မတွန့်ဆုတ်တော့ပေ။
ဝုန်း ဝုန်း!
ဖီးနစ်အမွေးရဲ့ စွမ်းအင်ကို အမြင့်ဆုံးသို့ တွန်းပို့ခဲ့ပြီး မီးတောက်များသည် ကမ္ဘာကြီးကို ဖျက်ဆီးစေတော့မယ့်နှယ် တဟုန်းဟုန်း တောက်လောင်နေ၏။
ဇိဇိဇိဇိဇိ
တောက်လောင်နေသော မီးတောက်သည် စိမ်းစိုနေသော ရှေးဟောင်းအရွက်စိမ်း နှလုံးသားကို တောက်လောင်စေကာ လောင်ကျွမ်းနေသော အနံ့ကို ထုတ်လွှတ်လိုက်သော်လည်း ရလဒ်မှာ ကျေနပ်စရာ မရှိသေးပေ။ အသက်ရှူချိန် ၃၀ ကျော်ပြီးနောက် ငါးပုံတစ်ပုံပင် ပြတ်တောက်သွားခြင်း မရှိပေ။
"ဒါက အလုပ်မဖြစ်ပါဘူး.... အသက်တစ်ရာ ကျော်သွားပြီလား မသိဘူး!"
လုရွှမ်၏ မျက်နှာပင် ရုပ်ဆိုးလာသည်။
ဒီရှေးဟောင်းအပင် ဘယ်လောက်ကြာကြာ ရှင်သန်နေလဲ အတိအကျ မသိသလို ကျီးကန်းကလည်း တုန်လှုပ်နေသောကြောင့် အရမ်းကြောက်ဖို့ ကောင်းမှာ သေချာ၏။
သူ့အသက်တစ်ရာ ပြည့်တဲ့အထိ အဆက်မပြတ် ဖြတ်လိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ချောင်ပိတ်မိနေတော့မှာ ဖြစ်ပြီး လွတ်မြောက်ဖို့ လမ်းလည်း မရှိနိုင်တော့ချေ။
"ယွမ်ယန်ရဲ့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်ကို ထည့်သွင်းပြီး.... ဖီးနစ်အမွေး ငါ့အတွက် ခုတ်ပိုင်းနိုင်စေ!"
သူ့မျက်နှာမှာ အေးခဲသွားပြီး ခန္ဓာကိုယ်အတွင်းရှိ ယွမ်ယန်ဝိညာဥ်ချီကို မထိန်းချုပ်နိုင်တော့ဘဲ ဖီးနစ်အမွေးထဲသို့ အရူးအမူး လောင်းထည့်လိုက်သည်။
ဗုန်း!
သူ၏ ဝိညာဥ်ချီကို အရူးအမူး ထိုးသွင်းလိုက်သည်နှင့်အမျှ ဖီးနစ်အမွေးပေါ်ရှိ မီးတောက်များက ပိုပူလာပြီး ရှေးဟောင်းအရွက်စိမ်း နှလုံးသားကို ဖြတ်တောက်လိုက်သည့် အရှိန်မှာ ပိုမြန်လာ၏။
ဝုန်း!
နောက်ဆုံးတော့ ရှေးဟောင်းသစ်ပင်၏ အရွက်စိမ်းနှလုံးသားမှာ ပြတ်တောက်သွားလေပြီ။
နန်းတော်ပင်လယ် နှစ်စင်းထဲရှိ လုရွှမ်၏ ဝိညာဥ်ချီများသည် အံ့ဩစရာကောင်းသော်လည်း ယခုအချိန်တွင် ကုန်ခမ်းလုနီးပါး ဖြစ်လာကာ အောက်အထိ ထိုးကျသွားတော့မည့် အတိုင်းပင်။
"ပြေးတော့!"
စိတ်လှုပ်ရှားမှုများဖြင့် သစ်ရွက်စိမ်းသစ်သားနှလုံးသားကို ကျောက်စိမ်းပြား၏ နေရာလွတ်ထဲကို ထည့်လိုက်သည်။ အခြားအရာများကို ဂရုမစိုက်တော့ဘဲ ဖီးနစ်အတောင်ပံများကို ဖြန့်ကာ ဖြောင့်တန်းစွာ ပျံသန်းသွားခဲ့သည်။
ဝုန်း!
သူထွက်သွားသည်နှင့် တပြိုင်နက် ရှေးဟောင်းသစ်ပင် တစ်ပင်လုံး ပြင်းထန်စွာ တုန်လှုပ်သွားကာ အကိုင်းအခက်များ၊ သစ်ရွက်များနှင့် နွယ်ကြီးများသည် လုရွှမ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။
"သွားပြီ.... အချိန်ရေတွက်တာ မှားသွားပြီ ထင်ထားတဲ့ အချိန်ထက် စောနေပြီကွ ထွက်ပြေးတော့!"
ကျီးကန်းသည် အော်ဟစ်ကာ တက်ကြွစွာဖြင့် ကျောက်စိမ်းပြားထဲသို့ ဝင်သွားလေ၏။
"ဒီကောင်!!"
ဒီကျီးကန်းက ဒီလောက် ယုတ်မာမယ်လို့ မမျှော်လင့်ထားချေ။ ထိတ်လန့်တကြားနဲ့ ကျောက်စိမ်းပြားထဲကိုပင် ဝင်သွားလေပြီ။ လုရွှမ်ဟာ စကားမပြောတော့ဘဲ သူ့လက်ကောက်ဝတ်ကို လှည့်၍ သူ့လက်ဖဝါးမှာ ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။
တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် ဓားအလင်းသည် ရှေ့တည့်တည့်သို့ ပြေးထွက်သွားသည်။
ရွှင်း!
ရှေ့မှာ ပိတ်ဆို့ထားတဲ့ မရေမတွက်နိုင်တဲ့ သစ်ကိုင်းတွေကို ဓားတစ်ချောင်းနဲ့ ဖြတ်ပစ်လိုက်သည်။
ရှေးဟောင်း သစ်ရွက်စိမ်းများနှင့် အရွက်နှလုံးသားသည် ဖျက်ဆီးရန် ခက်ခဲသော်လည်း ဤသာမန် အကိုင်းအခက်များနှင့် အရွက်များကတော့ ရိုးရှင်းလှသည်။ လုရွှမ် အထက်သို့ ပျံသန်းလာစဉ်တွင် ရှုပ်ထွေးနေသော အရွက်များကို ရှင်းလင်းပစ်လိုက်သည်။
ဖြောင်း!
မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် သစ်ရွက်များ ပြိုလဲကျသွားသည်။ လုရွှမ် မျက်ခုံးပင့်လျက် လျင်မြန်စွာ လွတ်မြောက်တော့မည့်အရေး တွေးနေမိသည်။
ဝူး!
ရွှေစီးဆင်းမှု အရှိန်က ထပ်တိုးလာပြီး လူတစ်ကိုယ်လုံး အလျားလိုက် ရွေ့လျားသွားသည်။
သူ ရှောင်တိမ်းနေချိန်မှာပဲ သူရပ်နေတဲ့ အရပ်ကိုလာနေတဲ့ ထူထဲတဲ့ သစ်ကိုင်း အခက်အလက်တွေကို မြင်လိုက်ရပြီး သူ့ရှေ့က နေရာဟာ မှန်လို ကွဲအက်သွားလေ၏။
အမှန်မှာ သူရှင်းလင်းခဲ့သော သစ်ကိုင်းများအစား နောက်ထပ် သစ်ကိုင်းတွေ အစားထိုးဝင်လာခြင်းပင်။
"ဒါ...."
လုရွှမ် မျက်မှောင်ကြုတ်သွားသည်။
အကယ်၍ သူသည် နှစ်သက်တာလုံးက မှတ်ဉာဏ်များ ရှိသော လူသားတစ်ဦး မဟုတ်ခဲ့ဘဲ အန္တရာယ်ကို အာရုံမခံမိပါက သူသည် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားပြီး နောက်တစ်ကြိမ် ထပ်မံ သေဆုံးသွားနိုင်သည်။
ဤသစ်ကိုင်း၏ ခြိမ်းခြောက်မှုကို သိလိုက်ရသဖြင့် လုရွှမ်သည် ရပ်တန့်ရန် အလွန်ထိတ်လန့်နေခဲ့ပြီး အထက်သို့ အရှိန်မြှင့်ကာ ပျံသန်းလိုက်သည်။
ဖြောင်း!
ခပ်လှမ်းလှမ်းသို့ ပျံသန်းပြီးနောက်တွင် အခြားသစ်ကိုင်းတစ်ကိုင်းဟာ တစ်ဖက်မှ ထွက်ပေါ်လာ၏။ ယခုတစ်ကြိမ်မှာတော့ ကံမကောင်းခဲ့ပေ။ သူသည် ရှေ့မျက်နှာစာ ရိုက်ခတ်မှုကို ရှောင်ရှားခဲ့သော်လည်း သစ်ကိုင်း၏ ဘေးတိုက် တိုက်ခိုက်ခံရမှု၏ နောက်ဆက်တွဲ အနေဖြင့် သုတ်သင်ခံရဆဲ ဖြစ်သည်။
ဖူး!
ပါးစပ်မှ သွေးများ တဟုန်ထိုး စီးကျကျလာသည်။
"လွတ်မြောက်ရမယ်"
သူ့ခန္ဓာကိုယ်က ပြင်းထန်သော နာကျင်မှုကို မျိုသိပ်ထားရင်း လုရွှမ်သည် သူဒီအထဲမှာ ကြာလေ ပြုတ်ကျနိုင်ခြေ ပိုများလေဖြစ်ကြောင်း သိလိုက်သောကြောင့် ရပ်တန့်မနေရဲဘဲ ရှေ့ကို ဆက်ပြေးသွားခဲ့သည်။
ဝုန်း!
မီတာတစ်ရာကျော် ပျံသန်းပြီးနောက်မှာ သူ့ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေ ထောင်တက်လာတာကိာ ရုတ်တရက် ခံစားလိုက်ရသည်။ လုရွှမ် ခေါင်းကို ကမန်းကတန်း လှည့်လိုက်တော့ သူ့သူအိမ်ငယ်များ ကျုံ့သွားလေသည်။
အရှေ့၊ နောက်၊ ဘယ်၊ ညာ၊ အရှေ့၊ နေရာအနှံ့မှ အကိုင်းများသည် တစ်ချိန်တည်း တိုက်ခိုက်လာ၏။
Chapter (186) Arc 3
အ႐ြက္စိမ္းသစ္ပင္ရဲ႕ႏွလုံးသား
"အသက္တစ္ရာ?"
လု႐ႊမ္၏ အမူအရာမွာ မေကာင္းေတာ့ေပ။
ေရွးေဟာင္းသစ္ပင္၏ အကိုင္းအခတ္မ်ားက မိုင္ေထာင္ႏွင့္ခ်ီ၍ ဖုံးလႊမ္းေနသည္။ ထိုကဲ့သို႔ေသာ အကြာအေဝးမွာ အခ်ိန္တိုအတြင္း မည္သို႔လြတ္ေျမာက္နိုင္မည္နည္း။ အရွိန္က ျမန္ေနရင္ေတာင္ လြတ္ဖို႔ ခက္လိမ့္မည္။
ေရွးေဟာင္းသစ္ပင္ရဲ႕ ႏွလုံးသားကို ထုတ္ယူသည့္ အခ်ိန္ကို ေပါင္းထည့္လိုက္ပါက ဘာပဲျဖစ္ျဖစ္ ၿပီးေျမာက္ရန္ ခက္ခဲေသာ အလုပ္တစ္ခုလိုပင္ ျဖစ္သြားၿပီ။
"အ႐ြက္စိမ္းႏွလုံးသားက သစ္ပင္ ပင္စည္ရဲ႕ အလယ္ဗဟို အနီးနားမွာရွိတယ္... သူ႕အကိုင္းအခတ္ေတြက က်ယ္ဝန္းတဲ့ ဧရိယာကို ဖုံးအုပ္ထားတယ္ ဆိုေတာ့ ငါတို႔အေပၚကို ေျပးရင္ လြတ္ေျမာက္နိုင္တယ္.... သစ္ပင္ ဖုံးလႊမ္းထားတဲ့ ဧရိယာကေန ထြက္သြားနိုင္သမွ် ကာလပတ္လုံး သူငါတို႔ကို ဘာမွ လုပ္မေပးနိုင္ဘူး"
က်ီးကန္းက ေျပာသည္။
"အင္း!" လု႐ႊမ္လည္း တုံ႕ျပန္သည္။
ေရွးေဟာင္းအ႐ြက္စိမ္း အပင္သည္ အလြန္က်ယ္ျပန႔္ကာ အလ်ားလိုက္ လြတ္ေျမာက္ရန္ ခက္ခဲေသာ္လည္း အထက္သို႔ ဆန္တက္၍ လြတ္ေျမာက္လိုပါက အကြာအေဝးသည္ အလြန္မႀကီးေသာေၾကာင့္ အလြယ္တကူ လြတ္ေျမာက္နိုင္မည္ ျဖစ္သည္။
က်ီးကန္းသည္ ထူထပ္ေသာ သစ္ပင္ပင္စည္မ်ား တစ္ေလွ်ာက္ လိုက္ကာ အထက္သို႔ ဆက္လက္ ပ်ံသန္းသြားခဲ့သည္။ တစ္နာရီခန႔္ ပ်ံသန္းၿပီးေနာက္ ေနာက္ဆုံးတြင္ ၎တို႔သည္ ထိပ္ပိုင္းႏွင့္ အနီးဆုံးေနရာကို ေရာက္ရွိလာခဲ့သည္။
"အဲဒါ အ႐ြက္စိမ္းႏွလုံးသားပဲ!"
က်ီးကန္း မ်က္လုံးမ်ားက ေရွ႕တည့္တည့္ကို စူးစိုက္ ၾကည့္ေန၏။
လု႐ႊမ္သည္ ေနာက္မွလိုက္၍ ေရွးေဟာင္း သစ္ပင္ႀကီး၏ ကိုယ္ထည္ေပၚတြင္ ၿငိမ္သက္စြာရပ္ေနေသာ သစ္သားေခ်ာင္း တစ္ေခ်ာင္းကို ေတြ႕လိုက္ရသည္။ ၎၏မ်က္ႏွာျပင္သည္ အ႐ြက္တစ္႐ြက္မွ် မရွိဘဲ ေခ်ာေမြ႕ေန၏။
အေဝးကၾကည့္လွ်င္ ေက်ာက္စိမ္းတုံး တစ္တုံးကို ထြင္းထုထားသကဲ့သို႔ အစိမ္းရင့္ေရာင္ အဆင္း ရွိေလသည္။
လု႐ႊမ္ တစ္ကိုယ္လုံး တုန္လႈပ္သြားသည္။
က်ီးကန္းသည္ သစ္သားနီပင္ လုံးဝ တုႏွိုင္းမရတဲ့ အေၾကာင္း ေျပာေနစဥ္က ေလွာင္ေျပာင္ခဲ့တာ အံ့ၾသစရာ မဟုတ္ေတာ့ေခ်။ ၎ကိုၾကည့္႐ုံျဖင့္ အမွန္ျဖစ္ေၾကာင္း သူသိလိုက္ၿပီ။
ဝူး!
လူတစ္ေယာက္ႏွင့္ က်ီးကန္းတစ္ေကာင္းသည္ ၎၏ေရွ႕သို႔ ေရာက္လာခဲ့သည္။
"အ႐ြက္စိမ္းႏွလုံးသားက ယူဖို႔ အရမ္းခက္တယ္.... မင္း ေရွးေဟာင္းၿမိဳ႕က ရတနာေတြ အမ်ားႀကီး ရခဲ့ရင္ေတာင္ သူ႕ကို ျဖတ္ယူဖို႔ မျဖစ္နိုင္ဘူး!"
က်ီးကန္းက ဆိုေလသည္။
"ဒါဆို ငါတို႔ ဘယ္လိုလုပ္သင့္လဲ"
ေရွးေဟာင္းသစ္ပင္ကို စမ္းသပ္ ၾကည့္ၿပီးေနာက္ ဒါက အမွန္ျဖစ္ေၾကာင္း သေဘာေပါက္ခဲ့ရာ ထိုရတနာနဲ႕ ပတ္သက္ၿပီး သံသယေတြ ျပည့္ႏွက္လာခဲ့သည္။
ေရွးေဟာင္းၿမိဳ႕၏ ၿမိဳ႕သခင္ စံအိမ္တြင္ တန္ခိုးႀကီးေသာ လက္နက္မ်ားစြာကို သိမ္းဆည္းရခဲ့ၿပီး တခ်ိဳ႕မွာ သူေတာ္စင္ ပုံစံမ်ားပင္ ပါရွိေလသည္။ ထိုပစၥည္းမ်ားကို သုံးလွ်င္ပင္ ခုတ္ထစ္၍မရဟု က်ီးကန္းက ေျပာလာေသာေၾကာင့္ အျခားနည္းလမ္း မရွိေတာ့ေပ။
"ဖီးနစ္ အေမြး!"
က်ီးကန္း မ်က္လုံးမ်ား မွိတ္တုတ္မွိတ္တုတ္ျဖင့္ ဆိုလာသည္။
"ဖီးနစ္အေမြး?"
"ဟုတ္တယ္... ဖီးနစ္အေမြးက ရွားပါး ရတနာစာရင္းမွာ အဆင့္မျမင့္ေပမယ့္ အဆင့္၁၈ရွိတဲ့ တကယ့္ရွားပါး ရတနာတစ္ခုပဲ... ဒါက မင္းရဲ႕ခႏၶာကိုယ္မွာ လက္ရွိ အဖိုးတန္ဆုံး အရာဆိုေတာ့... သစ္႐ြက္စိမ္း ႏွလုံးသားကို ျဖတ္ပစ္ဖို႔က သူနဲ႕ပဲ ျဖစ္နိုင္တယ္"
က်ီးကန္းက ေျပာ၏။
"ငါဘယ္လိုလုပ္ရမလဲ"
တစ္ဖက္လူ ေျပာသည့္ စကားက မွန္ေၾကာင္းသိ လိုက္ရသျဖင့္ လု႐ႊမ္ မဆိုင္းမတြ ေခါင္းညိတ္လိုက္သည္။
"ခဏေန မင္းကို နန္းေတာ္ပင္လယ္ထဲက ဖီးနစ္အေမြးေတြကို ဘယ္လိုထုတ္ရမလဲ သင္ေပးမယ္... ၿပီးေတာ့ အ႐ြက္စိမ္းႏွလုံးသားကို တိုက္ရိုက္ ျဖတ္ပစ္လိုက္.... မင္း ရၿပီဆိုတာနဲ႕ သန႔္စင္ဖို႔ အလ်င္စလို မလုပ္နဲ႕ အရင္ဆုံး ေက်ာက္စိမ္းျပားထဲမွာ သိမ္းထားလိုက္ၿပီး တတ္နိုင္သမွ် အျမန္ဆုံးသာ ေျပးေတာ့!"
က်ီးကန္းက နည္းလမ္းကို ထပ္ရွင္းျပသည္။
"ေကာင္းၿပီ!"
လု႐ႊမ္လည္း သူ႕ကို သစ္ပင္ဝိညာဥ္က ရွာေတြ႕ၿပီးတာနဲ႕ လြတ္ေျမာက္ဖို႔ ခက္ခဲမယ္ဆိုတာ သိလိုက္တဲ့အတြက္ ေခါင္းညိတ္လိုက္သည္။
သူ႕အသက္ရႈသြင္းမႈႏွင့္ အာ႐ုံစူးစိုက္မႈတို႔ကို ခ်ိန္ညွိလိုက္ရာ နန္းေတာ္ပင္လယ္ထဲတြင္ လြင့္ေမ်ာေနေသာ ဖီးနစ္စြမ္းအင္၏ အမႈန္အမႊားမ်ားသည္ မၾကာမီတြင္ ေလာင္ၿမိဳက္ေနေသာ မီးလုံး တစ္လုံးကဲ့သို႔ တျဖည္းျဖည္း လြင့္ထြက္သြားသည္။
"ျပတ္ေစ!"
ငွက္ေမႊးကို သူ၏လက္ေခ်ာင္းမ်ားျဖင့္ ကိုင္လ်က္ ေရွးေဟာငိး အ႐ြက္စိမ္း ႏွလုံးသားဆီသို႔ ေလွ်ာက္သြားကာ ခုတ္ထစ္ပစ္လိုက္သည္။
ဇိဇိဇိဇိဇိ။
မီးေတာက္မ်ားသည္ ဖီးနစ္အေမြး၏ မ်က္ႏွာျပင္ေပၚတြင္ စီးဆင္းသြားၿပီး ေက်ာက္စိမ္းႏွင့္တူေသာ သစ္သားေခ်ာင္းႏွင့္ ထိေတြ႕လိုက္သည္ႏွင့္ ခ်က္ခ်င္း ဆိုသလိုပင္ သံမဏိႏွင့္ ဓားႏွင့္ ပုဆိန္တို႔ ထိမိသံမ်ားလို ထြက္ေပၚလာခဲ့သည္။
"အရမ္းၾကမ္းတယ္!"
ဒီအသံကိုၾကားေတာ့ လု႐ႊမ္ မ်က္ခုံးပင့္လိုက္သည္။
ဖီးနစ္အေမြးသည္ ကမၻာေပၚတြင္ ဆယ့္ရွစ္ခုေျမာက္ အရွားပါးဆုံး ရတနာျဖစ္သည္။ သူေတာ္စင္ ပုံစံပါေသာ လက္နက္တစ္ခုသည္ ၎ႏွင့္ ထိလိုက္လွ်င္ပင္ သံသြန္းၿပီးသလို ခ်က္ခ်င္းပင္ ေျပာင္းလဲသြားမည္ ျဖစ္သည္။
၎ကို သစ္သား အပိုင္းအစအား ခုတ္ထစ္ရန္ အသုံးျပဳေသာ္လည္း အလြန္ေၾကာက္စရာ ေကာင္းေသာ အသံမ်ိဳး ထြက္ေပၚလာခဲ့၏။
"အမ္... အရာေလးပဲ ထင္တယ္?? ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ"
အခ်ိန္အေတာ္ ၾကာၿပီးေနာက္ ဖီးနစ္အေမြးကို ျပန္႐ုတ္လိုက္တဲ့အခါ ၎ကို တစ္ခ်က္ၾကည့္လိုက္ရာ သူ႕သူအိမ္ငယ္မ်ား တုန္ယင္လာသည္။
အေပါက္တစ္ခုကို ျဖတ္သြားမယ္ ဒါမွမဟုတ္ အပိုင္းအစတစ္ခု ျဖတ္သြားမယ္လို႔ ေတြးထားေသာ္လည္း အျဖဴေရာင္ အမွတ္အသားေလးပဲ က်န္ခဲ့သည္။
ဒါက ေၾကာက္စရာ ေကာင္းလြန္းေပ၏။
ကံေကာင္းေထာက္မစြာနဲ႕ ဖီးနစ္အေမြးကို အသုံးျပဳခဲ့သည္။ အျခားအရာမ်ားကို အသုံးျပဳခဲ့မည္ဆိုလွ်င္ အျဖဴေရာင္ အမွတ္အသားကိုပင္ ခ်န္ထားခဲ့နိုင္မည္ မဟုတ္ေပ။
ျမန္ျမန္! က်ီးကန္းက တိုက္တြန္းလာသည္။
"အင္း!"
ျဖတ္ရခက္ေလ ဤအ႐ြက္စိမ္း သစ္သားႏွလုံးသားသည္ ပို၍ အဖိုးတန္ေလ ျဖစ္ေၾကာင္း သိလိုက္သျဖင့္ လု႐ႊမ္သည္ ဖီးနစ္အေမြးကို ထပ္မံထုတ္ကာ အ႐ြက္စိမ္းႏွလုံးသားကို ျဖတ္ပစ္ရန္ မတြန႔္ဆုတ္ေတာ့ေပ။
ဝုန္း ဝုန္း!
ဖီးနစ္အေမြးရဲ႕ စြမ္းအင္ကို အျမင့္ဆုံးသို႔ တြန္းပို႔ခဲ့ၿပီး မီးေတာက္မ်ားသည္ ကမၻာႀကီးကို ဖ်က္ဆီးေစေတာ့မယ့္ႏွယ္ တဟုန္းဟုန္း ေတာက္ေလာင္ေန၏။
ဇိဇိဇိဇိဇိ
ေတာက္ေလာင္ေနေသာ မီးေတာက္သည္ စိမ္းစိုေနေသာ ေရွးေဟာင္းအ႐ြက္စိမ္း ႏွလုံးသားကို ေတာက္ေလာင္ေစကာ ေလာင္ကြၽမ္းေနေသာ အနံ႕ကို ထုတ္လႊတ္လိုက္ေသာ္လည္း ရလဒ္မွာ ေက်နပ္စရာ မရွိေသးေပ။ အသက္ရႉခ်ိန္ ၃၀ ေက်ာ္ၿပီးေနာက္ ငါးပုံတစ္ပုံပင္ ျပတ္ေတာက္သြားျခင္း မရွိေပ။
"ဒါက အလုပ္မျဖစ္ပါဘူး.... အသက္တစ္ရာ ေက်ာ္သြားၿပီလား မသိဘူး!"
လု႐ႊမ္၏ မ်က္ႏွာပင္ ႐ုပ္ဆိုးလာသည္။
ဒီေရွးေဟာင္းအပင္ ဘယ္ေလာက္ၾကာၾကာ ရွင္သန္ေနလဲ အတိအက် မသိသလို က်ီးကန္းကလည္း တုန္လႈပ္ေနေသာေၾကာင့္ အရမ္းေၾကာက္ဖို႔ ေကာင္းမွာ ေသခ်ာ၏။
သူ႕အသက္တစ္ရာ ျပည့္တဲ့အထိ အဆက္မျပတ္ ျဖတ္လိုက္မယ္ဆိုရင္ ေနာင္အနာဂတ္မွာ ေခ်ာင္ပိတ္မိေနေတာ့မွာ ျဖစ္ၿပီး လြတ္ေျမာက္ဖို႔ လမ္းလည္း မရွိနိုင္ေတာ့ေခ်။
"ယြမ္ယန္ရဲ႕ စစ္မွန္တဲ့ ဝိညာဥ္စြမ္းအင္ကို ထည့္သြင္းၿပီး.... ဖီးနစ္အေမြး ငါ့အတြက္ ခုတ္ပိုင္းနိုင္ေစ!"
သူ႕မ်က္ႏွာမွာ ေအးခဲသြားၿပီး ခႏၶာကိုယ္အတြင္းရွိ ယြမ္ယန္ဝိညာဥ္ခ်ီကို မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ဖီးနစ္အေမြးထဲသို႔ အ႐ူးအမူး ေလာင္းထည့္လိုက္သည္။
ဗုန္း!
သူ၏ ဝိညာဥ္ခ်ီကို အ႐ူးအမူး ထိုးသြင္းလိုက္သည္ႏွင့္အမွ် ဖီးနစ္အေမြးေပၚရွိ မီးေတာက္မ်ားက ပိုပူလာၿပီး ေရွးေဟာင္းအ႐ြက္စိမ္း ႏွလုံးသားကို ျဖတ္ေတာက္လိုက္သည့္ အရွိန္မွာ ပိုျမန္လာ၏။
ဝုန္း!
ေနာက္ဆုံးေတာ့ ေရွးေဟာင္းသစ္ပင္၏ အ႐ြက္စိမ္းႏွလုံးသားမွာ ျပတ္ေတာက္သြားေလၿပီ။
နန္းေတာ္ပင္လယ္ ႏွစ္စင္းထဲရွိ လု႐ႊမ္၏ ဝိညာဥ္ခ်ီမ်ားသည္ အံ့ဩစရာေကာင္းေသာ္လည္း ယခုအခ်ိန္တြင္ ကုန္ခမ္းလုနီးပါး ျဖစ္လာကာ ေအာက္အထိ ထိုးက်သြားေတာ့မည့္ အတိုင္းပင္။
"ေျပးေတာ့!"
စိတ္လႈပ္ရွားမႈမ်ားျဖင့္ သစ္႐ြက္စိမ္းသစ္သားႏွလုံးသားကို ေက်ာက္စိမ္းျပား၏ ေနရာလြတ္ထဲကို ထည့္လိုက္သည္။ အျခားအရာမ်ားကို ဂ႐ုမစိုက္ေတာ့ဘဲ ဖီးနစ္အေတာင္ပံမ်ားကို ျဖန႔္ကာ ေျဖာင့္တန္းစြာ ပ်ံသန္းသြားခဲ့သည္။
ဝုန္း!
သူထြက္သြားသည္ႏွင့္ တၿပိဳင္နက္ ေရွးေဟာင္းသစ္ပင္ တစ္ပင္လုံး ျပင္းထန္စြာ တုန္လႈပ္သြားကာ အကိုင္းအခက္မ်ား၊ သစ္႐ြက္မ်ားႏွင့္ ႏြယ္ႀကီးမ်ားသည္ လု႐ႊမ္ဆီသို႔ ျပင္းထန္စြာ ရိုက္ခတ္လာေတာ့သည္။
"သြားၿပီ.... အခ်ိန္ေရတြက္တာ မွားသြားၿပီ ထင္ထားတဲ့ အခ်ိန္ထက္ ေစာေနၿပီကြ ထြက္ေျပးေတာ့!"
က်ီးကန္းသည္ ေအာ္ဟစ္ကာ တက္ႂကြစြာျဖင့္ ေက်ာက္စိမ္းျပားထဲသို႔ ဝင္သြားေလ၏။
"ဒီေကာင္!!"
ဒီက်ီးကန္းက ဒီေလာက္ ယုတ္မာမယ္လို႔ မေမွ်ာ္လင့္ထားေခ်။ ထိတ္လန႔္တၾကားနဲ႕ ေက်ာက္စိမ္းျပားထဲကိုပင္ ဝင္သြားေလၿပီ။ လု႐ႊမ္ဟာ စကားမေျပာေတာ့ဘဲ သူ႕လက္ေကာက္ဝတ္ကို လွည့္၍ သူ႕လက္ဖဝါးမွာ ဓားရွည္တစ္လက္ကို ထုတ္ယူလိုက္သည္။
တစ္ခ်က္ ေဝ့ယမ္းလိုက္သည္ႏွင့္ ဓားအလင္းသည္ ေရွ႕တည့္တည့္သို႔ ေျပးထြက္သြားသည္။
႐ႊင္း!
ေရွ႕မွာ ပိတ္ဆို႔ထားတဲ့ မေရမတြက္နိုင္တဲ့ သစ္ကိုင္းေတြကို ဓားတစ္ေခ်ာင္းနဲ႕ ျဖတ္ပစ္လိုက္သည္။
ေရွးေဟာင္း သစ္႐ြက္စိမ္းမ်ားႏွင့္ အ႐ြက္ႏွလုံးသားသည္ ဖ်က္ဆီးရန္ ခက္ခဲေသာ္လည္း ဤသာမန္ အကိုင္းအခက္မ်ားႏွင့္ အ႐ြက္မ်ားကေတာ့ ရိုးရွင္းလွသည္။ လု႐ႊမ္ အထက္သို႔ ပ်ံသန္းလာစဥ္တြင္ ရႈပ္ေထြးေနေသာ အ႐ြက္မ်ားကို ရွင္းလင္းပစ္လိုက္သည္။
ေျဖာင္း!
မေရမတြက္နိုင္ေသာ သစ္ကိုင္းမ်ားႏွင့္ သစ္႐ြက္မ်ား ၿပိဳလဲက်သြားသည္။ လု႐ႊမ္ မ်က္ခုံးပင့္လ်က္ လ်င္ျမန္စြာ လြတ္ေျမာက္ေတာ့မည့္အေရး ေတြးေနမိသည္။
ဝူး!
ေ႐ႊစီးဆင္းမႈ အရွိန္က ထပ္တိုးလာၿပီး လူတစ္ကိုယ္လုံး အလ်ားလိုက္ ေ႐ြ႕လ်ားသြားသည္။
သူ ေရွာင္တိမ္းေနခ်ိန္မွာပဲ သူရပ္ေနတဲ့ အရပ္ကိုလာေနတဲ့ ထူထဲတဲ့ သစ္ကိုင္း အခက္အလက္ေတြကို ျမင္လိုက္ရၿပီး သူ႕ေရွ႕က ေနရာဟာ မွန္လို ကြဲအက္သြားေလ၏။
အမွန္မွာ သူရွင္းလင္းခဲ့ေသာ သစ္ကိုင္းမ်ားအစား ေနာက္ထပ္ သစ္ကိုင္းေတြ အစားထိုးဝင္လာျခင္းပင္။
"ဒါ...."
လု႐ႊမ္ မ်က္ေမွာင္ၾကဳတ္သြားသည္။
အကယ္၍ သူသည္ ႏွစ္သက္တာလုံးက မွတ္ဉာဏ္မ်ား ရွိေသာ လူသားတစ္ဦး မဟုတ္ခဲ့ဘဲ အႏၱရာယ္ကို အာ႐ုံမခံမိပါက သူသည္ ျပာမႈန္အျဖစ္သို႔ ေျပာင္းလဲသြားၿပီး ေနာက္တစ္ႀကိမ္ ထပ္မံ ေသဆုံးသြားနိုင္သည္။
ဤသစ္ကိုင္း၏ ၿခိမ္းေျခာက္မႈကို သိလိုက္ရသျဖင့္ လု႐ႊမ္သည္ ရပ္တန႔္ရန္ အလြန္ထိတ္လန႔္ေနခဲ့ၿပီး အထက္သို႔ အရွိန္ျမႇင့္ကာ ပ်ံသန္းလိုက္သည္။
ေျဖာင္း!
ခပ္လွမ္းလွမ္းသို႔ ပ်ံသန္းၿပီးေနာက္တြင္ အျခားသစ္ကိုင္းတစ္ကိုင္းဟာ တစ္ဖက္မွ ထြက္ေပၚလာ၏။ ယခုတစ္ႀကိမ္မွာေတာ့ ကံမေကာင္းခဲ့ေပ။ သူသည္ ေရွ႕မ်က္ႏွာစာ ရိုက္ခတ္မႈကို ေရွာင္ရွားခဲ့ေသာ္လည္း သစ္ကိုင္း၏ ေဘးတိုက္ တိုက္ခိုက္ခံရမႈ၏ ေနာက္ဆက္တြဲ အေနျဖင့္ သုတ္သင္ခံရဆဲ ျဖစ္သည္။
ဖူး!
ပါးစပ္မွ ေသြးမ်ား တဟုန္ထိုး စီးက်က်လာသည္။
"လြတ္ေျမာက္ရမယ္"
သူ႕ခႏၶာကိုယ္က ျပင္းထန္ေသာ နာက်င္မႈကို မ်ိဳသိပ္ထားရင္း လု႐ႊမ္သည္ သူဒီအထဲမွာ ၾကာေလ ျပဳတ္က်နိဳင္ေျခ ပိုမ်ားေလျဖစ္ေၾကာင္း သိလိုက္ေသာေၾကာင့္ ရပ္တန႔္မေနရဲဘဲ ေရွ႕ကို ဆက္ေျပးသြားခဲ့သည္။
ဝုန္း!
မီတာတစ္ရာေက်ာ္ ပ်ံသန္းၿပီးေနာက္မွာ သူ႕ခႏၶာကိုယ္ေပၚက အေမႊးအမွ်င္ေတြ ေထာင္တက္လာတာကိာ ႐ုတ္တရက္ ခံစားလိုက္ရသည္။ လု႐ႊမ္ ေခါင္းကို ကမန္းကတန္း လွည့္လိုက္ေတာ့ သူ႕သူအိမ္ငယ္မ်ား က်ဳံ႕သြားေလသည္။
အေရွ႕၊ ေနာက္၊ ဘယ္၊ ညာ၊ အေရွ႕၊ ေနရာအႏွံ႕မွ အကိုင္းမ်ားသည္ တစ္ခ်ိန္တည္း တိုက္ခိုက္လာ၏။